ဘုရားအပေါ် လူတို့ယုံကြည်ခြင်းအကြောင်း ဝမ်းနည်းဖွယ်အကောင်းဆုံးအရာကျူး
၁ ဘုရားသခင်၏ အမှုအကြားတွင် လူသားသည် မိမိဘာသာစီမံခန့်ခွဲနေပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အလေးမထားခြင်းမှာ ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ ယုံကြည်ခြင်းနှင့်ပတ်သက်၍ ဝမ်းနည်းစရာ အကောင်းဆုံး ဖြစ်သည်။ ဘုရားသခင်ကိုနာခံ၍ ကိုးကွယ်ရန်ဆောင်ရွက်နေစဉ် တစ်ချိန်တည်းတွင် လူသားသည် မိမိအကြိုက်နှစ်သက်ဆုံး ပန်းတိုင်ကို တည်ဆောက်နေကာ အကြီးမားဆုံး ကောင်းချီးမင်္ဂလာ ရရှိအောင်နှင့် အကောင်းဆုံး ပန်းတိုင်သို့ ရောက်ရှိအောင် မည်သို့လုပ်ဆောင်ရမည်ကို တွက်ချက်နေခြင်းသည် လူသား၏အကြီးမားဆုံးသော ကျရှုံးမှုဖြစ်သည်။ လူတို့သည် ၎င်းတို့မည်မျှ သနားဖွယ်ကောင်းကြောင်း၊ မုန်းဖွယ်ကောင်းကြောင်းနှင့် ကရုဏာသက်ဖွယ်ကောင်းကြောင်းကို နားလည်သည်ဆိုလျှင်ပင် ၎င်းတို့အကြိုက်ဆုံးအရာများနှင့် မျှော်လင့်ချက်များကို အလွယ်တကူ စွန့်လွှတ်နိုင်ကြသူ မည်မျှရှိသနည်း။ ထို့အပြင် မည်သူက ၎င်း၏ခြေလှမ်းများကို ရပ်တန့်ကာ မိမိအကြောင်းကိုသာ စဉ်းစားခြင်းကို ရပ်စဲနိုင်သနည်း။
၂ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုကို ပြီးဆုံးအောင် ဆောင်ရွက်ရန် သူနှင့်အနီးကပ် ပူးပေါင်းလုပ်ကိုင်မည့်သူများ လိုအပ်သည်။ သူ့ကို နာခံရေးအတွက် သူ၏စီမံခန့်ခွဲမှု လုပ်ငန်းတွင် စိတ်ရောကိုယ်ပါ အပ်နှံမည့်သူများ လိုအပ်သည်။ နေ့စဉ်လက်ဖြန့်တောင်းသူမည့်များကို သူမလိုအပ်ပါ။ အနည်းငယ်သာပေး၍ ဤကျေးဇူးပြုမှုအတွက် ပြန်လည်ပေးဆပ်မှု ရယူရန် စောင့်နေသူများကို သာ၍ပင် မလိုပါ။ အနည်းငယ်သာ ပါဝင်လုပ်ကိုင်၍ မိမိတို့၏အောင်မြင်မှုများကို ကျေနပ်ကာ ဘာမျှဆက်မလုပ်တော့သည့်သူများကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်။ သူ၏စီမံခန့်ခွဲမှုလုပ်ငန်းအပေါ် မကျေမချမ်းဖြစ်ကာ ကောင်းကင်ဘုံရောက်ရေးနှင့် ကောင်းချီးမင်္ဂလာများ ရရှိရေးအကြောင်းကိုသာ ပြောလိုကြသည့် သွေးအေးသူများကို သူမုန်းတီးသည်။ လူသားတို့ကို ကယ်တင်ရေးအတွက် သူဆောင်ရွက်သည့်အလုပ်အပေါ် အခွင့်ကောင်းယူသူများကို ပို၍ပင် သူရွံမုန်းသည်။
၃ ထိုသူတို့မှာ ဘုရားသခင်က သူ၏စီမံခန့်ခွဲမှုမှတစ်ဆင့် မည်သည့်အရာတို့ကို အောင်မြင်လိုပြီး မည်သည်တို့ကို ရရှိလိုကြောင်းနှင့် ပတ်သက်၍ မည်သည့်အခါကမျှ ဂရုမစိုက်ခဲ့သည့်အတွက် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများရရှိရေးအတွက် ဘုရားသခင်၏အမှုတော်မှ ရရှိသည့်အခွင့်အရေးများကို မည်သို့အသုံးချနိုင်မည်ဆိုသည်ကိုသာ ဂရုစိုက်ကြသည်။ ၎င်းတို့၏အနာဂတ်နှင့် ကံကြမ္မာတို့အပေါ် လုံးဝအာရုံရောက်နေကြသည့်အတွက် ဘုရားသခင်၏စိတ်နှလုံးကို ဂရုမစိုက်ကြပါ။ ဘုရားသခင်၏ စီမံခန့်ခွဲမှုလုပ်ငန်းအပေါ် မကျေမချမ်းဖြစ်ကာ ဘုရားသခင်သည် လူသားမျိုးနွယ်တို့ကို ကယ်တင်ပုံအကြောင်းနှင့် သူ၏အလိုတော်တို့ကို အနည်းငယ်မျှပင် စိတ်မဝင်စားသူတို့သည် ၎င်းတို့နှစ်သက်ရာကိုသာ ဘုရားသခင်၏ စီမံခန့်ခွဲမှုမှ သီးခြားလုပ်ကိုင်နေကြသည်။ ၎င်းတို့၏အပြုအမူကို ဘုရားသခင်က အမှတ်ရခြင်းမရှိ၊ သဘောတူ ခွင့်ပြုခြင်းမရှိ၊ ဘုရားသခင်၏ မျက်နှာသာပေးခံရခြင်း သာ၍ပင်မရှိပါ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။