၂၈၀။ အလင်းရောင်ကို မြင်ဖို့ မြူကို ထိုးဖောက်ထွက်ခြင်း

ရှင်းရှင်၊ တရုတ်ပြည်

ကျွန်တော်က သာမာန်အလုပ်သမားတစ်ယောက် ဖြစ်သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အကုန်တွင်၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကျွန်တော်နှင့် ကျွန်တော်တို့ဇနီးတို့သည် အသေးအမွှားကိစ္စလေးများ အကြောင်း အမြဲတမ်း ငြင်းခုံနေကြပြီး၊ ကျွန်တော်တို့က အမြဲတမ်း စိတ်ပူကာ၊ စိတ်ဆိုးနေသည်ကို မြင်ခဲ့သောကြောင့် သူက ကျွန်တော်တို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို တရားဟောခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ၏ နှုတ်ကပတ်တော်များမှ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံး တို့ကို ဘုရားသခင် ဖန်ဆင်းတော်မူခဲ့ကြောင်းနှင့် လူ့အသက်သည် သူ့ကို ဘုရားသခင် ပေးသနားတော်မူခဲ့ကြောင်း တို့ကို ကျွန်တော် သင်ယူခဲ့ရသည်။ ကျွန်တော်တို့က ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ နက်နဲမှု၊ လူ့ဇာတိခံယူခြင်း၏နက်နဲမှု၊ လူသား မျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏အမှုတော် အဆင့်သုံးဆင့် နှင့် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်၏ အဓိပ္ပါယ် တို့ကဲ့သို့သော သမ္မာတရားများကိုလည်း ကျွန်တော်တို့ နားလည်သဘောပေါက်ခဲ့သည်။ ကျွန်တော်တို့တစ်သက်တာတွင်းတွင် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်က လူ့ဇာတိခံယူခြင်း ဖြစ်ပျက်ခဲ့သည်မှာ ကြီးမားသည့် ကောင်းကြီးမင်္ဂလာတစ်ခုဖြစ်သည်ဟု ကျွန်တော်နှင့် ကျွန်တော့် ဇနီးကခံစားခဲ့ရသည်။ ကျွန်တော်တို့က ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ပျော်ရွှင်စွာ လက်ခံခဲ့ပြီး၊ အသင်းတော်အသက်တာကို စတင် အသက်ရှင် နေထိုင်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်၏ လမ်းပြမှုအောက်တွင် ကျွန်တော်တို့နှစ်ယောက်လုံး သမ္မာတရားကို ရှာဖွေလိုက်စားပြီး၊ မိမိကိုယ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့သည်၊ ထို့အပြင် တစ်စုံတစ်ခု ဖြစ်ပျက်ပြီး၊ ကျွန်တော်တို့ ငြင်းခုံတိုင်း၊ ကျွန်တော်တို့ ယခင်က ဖြစ်ဖူးခဲ့ကဲ့သို့ အချင်းချင်း အမှားနောက်ထပ် ရှာမတွေ့တော့ပါ၊ ထိုအစား ကျွန်တော်တို့က မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ပြီး၊ မိမိတို့ကိုယ်ကို သိဖို့ကြိုးစားကြသည်။ ထို့နောက် ကျွန်တော်တို့ ဇာတိခန္ဓာကို စွန့်ပယ်ပြီး၊ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြုမူခဲ့သည်။ ကျွန်တော်တို့ အိမ်ထောင်မှုဆက်ဆံရေးသည် ပိုပို၍ ကောင်းမွန်လာပြီး၊ ကျွန်တော်တို့နှလုံးသားများက ငြိမ်သက်ပြီး၊ စိတ်အေးသက်သာ ရှိခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမြတ်သည်ဟု ကျွန်တော်တို့ခံစားခဲ့ရသည်။ သို့သော်လည်း ကျွန်တော်တို့က ဘုရားသခင်နောက်ကို ဝမ်းမြောက်စွာနှင့် ပျော်ရွှင်စွာ လိုက်နေပြီး၊ ပျော်ရွှင်မှုဖြင့် အသက်တာတစ်ခုကို ပျော်မွေ့နေခိုက် တွင်ပင်၊ ကျွန်တော်တို့ မိသားစု၏ အရှိန်အဟန်ပြင်းသော သဲကြီးမဲကြီး တိုက်ခိုက်မှုတစ်ခုကို ကျွန်တော်တို့ခံစားခဲ့ရသည်…သို့သော် ကျွန်တော် လမ်းပျောက်ခါစအချိန်တွင်ပင်၊ စာတန်၏ လှည့်စားသော အကြံအစည် များကို ရိပ်စားမိစေဖို့နှင့် မြူကို ထိုးဖောက်ထွက်ဖို့၊ မွန်မြတ်ကောင်းမွန် သော အသက်တာတစ်ခု၏ ဝင်းပသည့် လမ်းကြောင်းပေါ်တွင် စလျှောက်ဖို့ ကျွန်တော့်ကို လမ်းပြခဲ့သည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်ပါသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ကျွန်တော် အငြိမ်းစားယူခါစ အချိန်တွင်၊ ကျွန်တော့် ချွေးမက ကျွန်တော်တို့ မြေးလေးကို စောင့်ရှောက်ဖို့ ဆီရွှမ်းသို့ ခရီးသွားရန် ကျွန်တော်တို့ လူကြီး နှစ်ယောက်ကို တောင်းဆိုခဲ့သည်။ ကျွန်တော်တို့က အလွန်ကမောက် ကမနိုင်သည့် အနေအထားတစ်ခုသို့ အပို့ခံရသည့်အလား ခံစားရ သောကြောင့်၊ ကျွန်တော်က “အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကျွန်တော် ချွေးမက ကျွန်တော်တို့မြေးလေးကို စောင့်ရှောက်ဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော် အဲဒီနေရာမှာ ဘဝကို အလိုက်သင့်ပြုမူနေထိုင်ဖို့ အခက်ကြုံမှာ ဖြစ်ပါတယ်၊ ပြီးတော့ အဲဒီနေရာမှာ ကိုယ်တော့်ကို ယုံကြည်ဖို့နဲ့ ကိုယ်တော့် နှုတ်ကပတ်တော်တွေကို ဖတ်ဖို့လည်း ခက်ပါလိမ့်မယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် ထွက်ပေါက် ဖွင့်ပေးတော်မူပါ...” ဟု ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ ထို့နောက် များမကြာမီ၊ ကျွန်တော့် ချွေးမက ကျွန်တော့် မြေးကို ကျွန်တော်တို့ဆီသို့ ခေါ်လာမည်ဟု ပြောဖို့ ဖုန်းထပ်ဆက်ခဲ့သည်။ ဤသတင်းကို ကြားရသည်မှာ ကျွန်တော် အလွန့်အလွန်းဝမ်းသာပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင် မည်သို့ဖြစ် သည်ကို ကျွန်တော် ခံစားခဲ့ရသည်။ ဘုရားသခင်က ကျွန်တော့် ဆုတောင်းချက်ကို နားညောင်းပြီး၊ ကျွန်တော့်အတွက် ထွက်ပေါက် ဖွင့်ပေးခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက်၊ ကျွန်တော့်ချွေးမ၊ နှင့် သူမ၏ မိဘများတို့သည် ကျွန်တော့်မြေးနှင့်အတူ လာကြသည်။ ထိုအရာဖြစ်ပျက်သည်နှင့်အညီ၊ နောက်တစ်နေ့တွင် ကျွန်တော်က အသင်းတော် ဝတ်ပြုအစည်းအဝေးသို့ သွားမည်ဖြစ်ပြီး၊ သူတို့ကို ကျွန်တော်က အနန္တတန်ခိုးရှင်ဘုရားသခင်၌ ယုံကြည်ကြောင်း ပြောပြခဲ့သည်။ ကျွန်တော့်ချွေးမက “အဖေ၊ အဖေက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဘယ်လိုလုပ်ပြီး ယုံကြည်နိုင်ရတာလဲ။ အစိုးရက လူတွေကို အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ဖို့ ခွင့်မပြုဘူးဆိုတာ အဖေသိမှန်း ကျွန်မ သေချာတယ်၊ ပြီးတော့ လတ်တလောနှစ်တွေမှာ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေကို အမြဲမပြတ် ဖမ်းဆီးနေခဲ့ကြတယ်။ အဖေ သူ့ကို ဆက်ယုံကြည်လို့ မရဘူး။” မပျော်ရွှင်စွာပြောလေသည်။ ကျွန်တော်က “အဖေတို့ ဘုရားသခင်ကို ယုံကြည်တဲ့အချိန်တုန်းက၊ အဖေတို့ နိုင်ငံရေးတွေမှာ မပါဝင်ခဲ့ဘူး။ အဖေတို့ ဝတ်ပြုအစည်းအဝေးတွေပဲ တက်တယ်၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်၊ သမ္မာတရားကို ရှာဖွေလိုက်စား တယ်၊ ပြီးတော့ မှန်ကန်တဲ့ လမ်းကြောင်းနောက်လိုက်တယ်။ သူတို့က အဖေတို့ကို ဘယ်လိုလုပ်ပြီး ယုံကြည်ခွင့်မပေးရတာလဲ။” ဟု ခွန်းတုံ့ပြန် ခဲ့သည်။ ကျွန်တော့်ချွေးမက “အဖေ ဘာပဲပြောပြော၊ ပြီးတော့ ဘုရားသခင်ကို ယုံကြည်တာက မှန်ကန်တဲ့ လမ်းကြောင်း ဖြစ်နေရင် တောင်၊ အစိုးရက အဲဒါကို ဆန့်ကျင်သမျှကာလပတ်လုံး၊ အဖေ ဘုရားသခင်ကို ယုံကြည်လို့မရဘူး။” ဟု ပြောလေသည်။ ကျွန်တော်က “နင်ဘာပဲပြောပြော၊ အဲဒါဟာ ငါယုံကြည်တဲ့ စစ်မှန်တဲ့ ဘုရားသခင် ဖြစ်တယ်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက အဲဒါကို ခွင့်မပြုရင်တောင်၊ ငါ ယုံကြည်နေဦးမှာပဲ။” ဟု မိမိဘာသာတွေးလိုက်သည်။ နောက်ပိုင်း တွင် ကျွန်တော့်ချွေးမက ကျွန်တော့်ဇနီးကို သွားရှာပြီး၊ ဘုရားသခင်ကို နောက်ထပ် မယုံကြည်တော့ဖို့ ကျွန်တော်တို့ကို တိုက်တွန်း ခဲ့သည်၊ ထို့နောက် ဝေးလံသော ဆီရွှမ်းမှ ကျွန်တော့်သားက ကျွန်တော့်ကို ဖုန်းခေါ်ပြီး “အဖေ၊ အဖေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည် တယ်လို့ သားကြားတယ်။ အဲဒါက တရုတ်ကွန်မြူနစ်ပါတီ အစိုးရ ဆန့်ကျင်တဲ့ဟာ တစ်ခုပဲ၊ ဒါ့ကြောင့် အဖေ သူ့ကို နောက်ထပ် ယုံကြည်လို့ မဖြစ်တော့ဘူး။” ဟု ပြောခဲ့သည်။ ဤအရာကို ကျွန်တော့် သားပြောသည်ကို ကျွန်တော် ကြားသည့်အချိန်တွင်၊ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး၊ “ဘုရားသခင်ကို ယုံကြည်တာဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ မပြောင်းလဲနိုင်တဲ့ ဥပဒေသပဲ၊ ဒါ့ကြောင့် နင်တို့အားလုံးက ဘာဖြစ်လို့ ငါ ဘုရားသခင်ကို ယုံကြည်တာကနေ တားဆီးဖို့ ထပ်ထပ်ပြီး ပြောနေကြတာလဲ။ ဘုရားသခင်ကို ယုံကြည်ပြီး မှန်ကန်တဲ့လမ်းကို လိုက်ဖို့ အရမ်းခက်တာပဲ။” ဟု တွေးခဲ့သည်။ ထို့နောက် ကျွန်တော့်ယုံကြည်မှုကို နှောင့်ယှက်ဖို့ ကျွန်တော့်သားနှင့် ချွေးမတို့၏ အားထုတ်ကြိုးပမ်းမှုမှ ကျွန်တော့်ကို ကွယ်ကာပါရန် ဘုရားသခင်ထံသို့ တိတ်ဆိတ်စွာ ကျွန်တော် ဆုတောင်းခဲ့သည်။ ဆုတောင်းပြီးနောက်၊ ကျွန်တော့်စိတ်နှလုံးက တဖြည်းဖြည်းချင်း ငြိမ်သက်အေးချမ်းလာခဲ့သည်။ ကျွန်တော့် သားနှင့် ချွေးမတို့ နားမလည်သော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် စစ်မှန်သည့် လမ်းကြောင်းကို လျှောက်ခြင်းတို့သည် မှန်ကန်သည်ကို ကျွန်တော် တကယ့်ကို ကောင်းစွာ သိရှိလေသည်၊ ပြီးလျှင် မိမိကိုယ်ကို သူတို့၏ သြဇာလွှမ်းမိုးမှုခံဖို့ ခွင့်မပြုရမည်ကိုလည်း ကျွန်တော်သိသည်။ သုံးရက်ကြာပြီးနောက်၊ ကျွန်တော့်ချွေးမ အိမ်သို့ ကမန်းကတန်း ပြန်ပြေးလာခဲ့ပြီး၊ သူမ၏လက်ထဲတွင် ပုံနှိပ်ထားသည့် စာရွက်များ အပုံနှစ်ပုံပါရှိသည်ကို ကျွန်တော်တွေ့လိုက်သည်။ ကျွန်တော့်ကို အမြန်လုပ်ပြီး၊ ထိုစာများကို ကြည့်ဖို့ သူမက တိုက်တွန်းခဲ့ပြီး၊ ထိုစာများ သည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို သွားပုတ်လေလွင့် ပြောကာ၊ ပြစ်တင်ရှုတ်ချပြီး၊ အသရေဖျက်လျက် တရုတ်ကွန်မြူနစ် ပါတီ အစိုးရက ထည့်ထားသည့် ကောလာဟလများနှင့် မုသားများဖြင့် ပြည့်နေသည်ကို ကျွန်တော်တွေ့ရသည်။ ခဏတာ ကျွန်တော် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး “အဲဒါ မဖြစ်နိုင်ဘူး၊ ငါ့မှာ လတစ်ချို့ ဝတ်ပြုအစည်းအဝေးတွေ တက်ရောက်နေခဲ့ပြီး၊ ဘယ်ညီအစ်ကို မောင်နှမ တစ်ယောက်ကမှ လက်တွေခြေထောက်တွေ ပြတ်နေတာလဲ လုံးဝ မတွေ့ဖူးပါဘူး။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဘာဖြစ်လို့ ကောလာဟလတွေ ဖြန့်ဝေပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို သိက္ခာချချင်ရတာလဲ။ ဒီမှာ တကယ့်ကို ဘာတွေ ဖြစ်နေတာလဲ။” ဟု တွေးမိသည်။ ထိုညက ဤအရာက ကျွန်တော့် စိတ်ထဲ မပြတ် ပေါ်ပေါ်လာသောကြောင့် ကျွန်တော် အိပ်လို့မရခဲ့ပါ။ “အို၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဘုရားသခင်ကို ယုံကြည်တဲ့ လူတွေကို အရူးအမူး နှိပ်ကွပ်နေပြီး၊ ငါ့သားနဲ့ ငါ့ချွေးမတို့ကလည်း ငါ ဘုရားသခင်ကို ယုံကြည်တာကနေ တားဆီးဖို့ အရမ်းကြိုးစားနေ ကြတယ်။ ငါဘာလုပ်သင့်လဲ။”

နောက်တစ်နေ့တွင် အိမ်နီးနားပတ်ဝန်းကျင်တွင် အေးအေးလူလူ လမ်းလျှောက်ဖို့ ကျွန်တော်ထွက်သွားခဲ့ပြီး၊ ကြော်ငြာသင်ပုန်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို အသရေဖျက်ပြီး၊ ပြစ်တင်ရှုတ်ချသည့် ကောလာဟလများ တင်ထားသည်ကို တွေ့လိုက်သည်။ ကျွန်တော်က “ငါယုံကြည်တဲ့အရာဟာ စစ်မှန်တဲ့ ဘုရားသခင်ပဲ၊ ဒါဆို တရုတ် ကွန်မြူနစ်ပါတီ အစိုးရက ငါ့ယုံကြည်မှုကို ဒီနည်းနဲ့ ဘာဖြစ်လို့ ဆန့်ကျင်နေရတာလဲ။ ဘုရားမဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ ထိန်းချုပ်ထားတဲ့ ဒီပြည်မှာ ဘုရားသခင်ကို ယုံကြည်တာက တကယ့်ကို မလွယ်တဲ့ပုံပေါက်တယ်။” ဟု တွေးမိသည်။ ဤအရာကို ကျွန်တော် တွေးမိချိန်တွင်၊ ကျွန်တော်သည် ဝိညာဉ်ရေးဆိုင်ရာ အားနည်းသည်ဟု စတင်ခံစားလာရပြီး၊ ဝမ်းနည်းအားငယ်ပြီး၊ စိတ်ပျက်အားလျော့ကာ အိမ်ပြန်ခဲ့သည်။ ကျွန်တော် အိမ်ရောက်သည်နှင့် တပြိုင်နက် ကျွန်တော့် ချွေးမက ကျွန်တော့်ကို “အဖေရေ၊ အဖေ့ယုံကြည်မှုကို စွန့်လွှတ်ဖို့ သမီး အနူးအညွတ်တောင်းပန်နေပါတယ်။ အစိုးရကသာ အဖေ ဘုရားသခင် ကို ယုံကြည်မှန်း စုံစမ်းသိရှိသွားရင်၊ ကျွန်မ အလုပ်ကို မြဲအောင်လုပ် နိုင်မှာ မဟုတ်ဘူး။ အဖေ့သားလည်း မကြာခင်မှာ သူ့ပါရဂူဘွဲ့ကို ရတော့မယ်၊ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အဖေ့ယုံကြည်မှု ကြောင့် သူက အလုပ်မရှာနိုင်မှာ ကျွန်မ ကြောက်တယ်။ အဖေ့ မြေးလေးတောင် ဒီထဲမှာ ပါလာနိုင်တယ်၊ ပြီးတော့ အနာဂတ်မှာ သူကျောင်းတက်လို့မရမှာမျိုး ဖြစ်လာနိုင်တယ်။” ဟု တစ်ဖန်ပြောပြန် သည်။ ထိုအရာအားလုံးက အလွန် ဆိုးရွားသည့်သဘောရသည်- ဘုရားသခင်ကို ယုံကြည်ခြင်းက လူတစ်ယောက်၏ သားသမီးများ အနာဂတ်ကိုပင် ထိခိုက်စေနိုင်သည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ လူများကို ပြစ်ဒဏ်ပေးသည့် နည်းလမ်းများသည် အလွန်အမင်း ရက်စက်ကာ၊ အလွန် ရက်စက်လှသည်မှာ သူတို့က လူများကို မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်သည်ကို သိသည်နှင့်အညီ ကျွန်တော် ပိုပို၍ ကြောက်လာခဲ့သည်။ ကျွန်တော့်သားကို သူ့ပါရဂူဘွဲ့ ဖြင့် ဘွဲ့ရသည်အထိ သူ့သင်ယူလေ့လာမှုများတစ်လျှောက် ထောက်ပံ့ ရန်မှာ မည်မျှခက်ခဲခဲ့သည့်အကြောင်းကိုလည်း ကျွန်တော် တွေးမိသော ကြောင့် ယခုအခါ ဘုရားသခင်ကို ကျွန်တော့် ယုံကြည်ခြင်းက ကျွန်တော့်သားကို အကျိုးသက်ရောက်မှု ရှိပါက၊ ကျွန်တော် မည်သည့် အရာကို လုပ်ရမည်နည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မှန်ကန် သောလမ်းကို လျှောက်ခြင်းတို့အတွက် ကျွန်တော် ပေးရမည့် အဖိုးအခ က အလွန်ကြီးမားလှသောကြောင့် ၎င်းကို ကျွန်တော် တကယ်ပဲ မေ့လိုက်ပါက၊ အကောင်းဆုံးဖြစ်မည်ဟု ကျွန်တော် တွေးခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျွန်တော့် ချွေးမက “အဖေက ဘုရားသခင်ကို ဆက်ပြီးယုံကြည်နေရင်၊ ကျွန်မအဖေက သူရဲတိုင်မယ်လို့ ပြောတယ်။ ကျွန်မအဖေက ပါတီရဲ့ အတွင်းရေးမှုးတစ်ယောက်ဖြစ်ပြီး၊ သူ့ဘဝရဲ့ နှစ်ပေါင်းသုံးဆယ်ကျော်ကို ကွန်မြူနစ်ပါတီအတွက် ပေးခဲ့တယ်ဆိုတာ အဖေ သိပါတယ်။ သူက တရုတ်ကွန်မြူနစ်ပါတီ ပြောသမျှကို နားထောင်ပြီး နာခံတယ်။ သူက စကားအရမ်းတည်တယ်၊ ဒါ့ကြောင့် ဒါဟာ အဖေ့ကို ခြောက်ဖို့ ကြိုးစားရုံသက်သက်မဟုတ်ဘူးနော်။” ဟု ပြောလျက် ကျွန်တော့်ကို ခြိမ်းခြောက်ခဲ့သည်။ ထိုအချိန်က ကျွန်တော့်စိတ်နှလုံးမှ ချေပချက်များ လုံးလုံး ယိုယွင်းပျက်ပြားပြီး၊ ပြိုလဲသွားသည်၊ ပြီးလျှင် ဘုရားသခင်ကို ယုံကြည်ရန် အလွန် ခက်ခဲ သည်ဟု လည်းကောင်း၊ ဖိအားက အရမ်းများသည်ဟု လည်းကောင်း ကျွန်တော် ခံစားခဲ့ရသည်။ ကျွန်တော့် သားနှင့် ချွေးမတို့က ကျွန်တော့်ကို ဤကဲ့သို့ အလှည့်ကျ တိုက်ခိုက်နေသောကြောင့်၊ သူတို့က တရုတ်ကွန်မြူနစ်ပါတီ ရဲများထံ ကျွန်တော့်ကို အမှန်တကယ် တိုင်ကြားပြီး၊ ကျွန်တော် ဖမ်းဆီး၊ အကျဉ်းချခံရပါက၊ ကျွန်တော့်ကဲ့သို့ လူအိုကြီးတစ်ယောက်က ထိုသို့သောအရာကို တောင့်မခံနိုင်ပါ။ “မေ့လိုက်တော့” ဟု ကျွန်တော်တွေးမိသည်။ “ငါ့ယုံကြည်မှုကို စွန့်လွှတ်လိုက်တာပဲ ကောင်းပါတယ်။” ထို့နောက် ကျွန်တော်က ဝတ်ပြုအစည်းအဝေးများကို နောက်ထပ် မတက်ရောက်တော့ပဲ၊ ညီအစ်မများက ကျွန်တော့်အိမ်သို့ အကြိမ်ပေါင်းများစွာ လာပြီး ကျွန်တော့်ကို ရှာဖွေခဲ့သော်လည်း၊ ကျွန်တော် အမြဲတမ်း ပုန်းကွယ်ပြီး၊ သူတို့ကို ရှောင်ခဲ့သည်။

သို့သော် ကျွန်တော် ဝတ်ပြုအစည်းအဝေးများ မတက်ရောက်သည့် ထိုအချိန်အတွင်းတွင်၊ ကျွန်တော့် ဆင်းရဲဒုက္ခမှ ကယ်တင်ခဲ့သည်မှာ ဘုရားသခင်၏ ကြီးမားသော ချစ်ခြင်းမေတ္တာက မည်သို့ဖြစ်သည့် အကြောင်း နှင့် ညီအစ်ကိုမောင်နှမများနှင့် အတူနေရခြင်း၊ ဓမ္မ သီချင်းများ သီဆိုပြီး၊ ဘုရားသခင်ကို ချီးမွမ်းခြင်းတို့၏ ချိုမြိန်မှု နှင့် ဝမ်းမြောက်ခြင်းတို့အကြောင်း တို့ကို တွေးဖို့သာ ရှိခဲ့ပြီး၊ အသင်းတော် အသက်တာကို ကျွန်တော် အလွန်လွမ်းဆွတ်ကာ၊ တမ်းတခဲ့သည်။ သို့သော်လည်း ကျွန်တော့်ချွေးမ ကျွန်တော့်ကို ရဲတိုင်မည် ကြောက်ဆဲ ဖြစ်ကာ၊ ကျွန်တော့် စိတ်နှလုံးထဲတွင် ဆိုးရွားသော နာကျင်မှုနှင့် နှိပ်စက်မှုတို့ကို ခံစားခဲ့ရသည်။ အမှုအရာများ မည်သို့ ကောင်းမွန်စွာ အဆုံးသတ်မည်ကို ကျွန်တော် မသိခဲ့ပါ။ ထိုအချိန်က အလုပ်မှ လုပ်ဖော် ကိုင်ဖက်တစ်ယောက် ( ဘုရားသခင်ကို ယုံကြည်သည့် အစ်ကို တစ်ယောက်) က လတ်တလောတွင် ကျွန်တော် ဝတ်ပြုအစည်းအဝေး များ မတက်ရောက်ရသည့် အကြောင်းအရင်းကို သိရန် ကျွန်တော့်ဆီ လာလည်ခဲ့သည်။ ကျွန်တော့် ချွေးမက ဘုရားသခင်ကို ယုံကြည်မှုနှင့် ပတ်သက်ပြီး ကျွန်တော့်ကို မည်သို့နှောင့်ယှက်နေသည်ကို သူ့အား ကျွန်တော် ရှင်းပြခဲ့သည်။ ဤအရာကို သူကြားပြီးနောက် သူက ကျွန်တော်နှင့် “ကျွန်တော်တို့က ဒီအရာတွေရဲ့ ဝန်းရံဖိစီးမှုကို ခံရတဲ့ အချိန်မှာ၊ ဝိညာဉ်ရေးရာ နယ်ပယ်မှာ တိုက်ပွဲတစ်ခု အမှန်တကယ် ဖြစ်နေတယ်။ အဲဒါဟာ ယောဘရင်ဆိုင်ရတဲ့ ဘေးဒုက္ခလိုဖြစ်ပြီးတော့၊ အဲဒီဘေးဒုက္ခမှာ အပေါ်ယံမှာက သူခိုးတွေက သူ့ကို လုယက် တာကြောင့် ဖြစ်တဲ့ပုံပေါက်ပေမဲ့လည်း၊ အမှန်ကတော့ အဲဒါရဲ့ နောက်ကွယ်မှာ ရှိတဲ့အရာက စာတန်က လူတွေကို နှိပ်စက်ပြီး၊ လူသားမျိုးအနွယ်အတွက် ဘုရားသခင်နဲ့ တိုက်ခိုက်နေတာ ဖြစ်တယ်။ ယောဘက ဘုရားသခင်ကို ကြောက်တဲ့သူတစ်ယောက် ဖြစ်ပြီး၊ မကောင်းမှုကို ရှောင်ကြဉ်နိုင်တယ်၊ အဆုံးသတ်မှာ ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ခဲ့တယ်၊ ပြီးတော့ စာတန်က ရှုံးနိမ့်မှုမှာ အရှက်ကွဲ ခဲ့တယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ဒီအရာတွေရဲ့ ဝန်းရံဖိစီးခံရတဲ့ အချိန်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ကို စာတန်ရဲ့ ဆိုးယုတ်တဲ့ အနှစ်သာရကို ထိုးထွင်းသိမြင်အောင် လုပ်ဖို့ ဖြစ်တယ်။ ကျွန်တော်တို့ ဘုရားသခင်ကို ယုံကြည်တဲ့အချိန်မှာ ကျွန်တော်တို့က အရာအားလုံးမှာ ဘုရားသခင်ကို အားကိုးဖို့နဲ့ သမ္မာတရားကို ရှာဖွေဖို့သာ လိုတာပါ။ အဲဒီနောက်မှသာ ကျွန်တော်တို့က စာတန်ရဲ့ အကြံအစည်ကို ရိပ်စားမိနိုင်ပြီး၊ သက်သေရပ်တည်နိုင်မှာ ဖြစ်တယ်၊ ပြီးတော့ အဲဒီနောက်မှသာ ကျွန်တော်တို့က စာတန်ရဲ့ ဖမ်းဆီးတာကို ရှောင်နိုင်မှာ ဖြစ်တယ်။ ကျွန်တော်တို့က ဒါကို မလုပ်ရင်၊ ပြည်ဝတဲ့ ကယ်တင်ခြင်း ရဖို့ ကျွန်တော်တို့ အခွင့်အရေးကို ဆုံးရှုံးလိမ့်မယ်။” ဟု မိတ်သဟာယပြုခဲ့သည်။

ထို့နောက်၊ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်က အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်မှ ကျွန်တော့်ကို ဖတ်ပြသည်။ “ဘုရားသခင်သည် သူ၏ အမှုကို ပြုသည်၊ ဘုရားသခင်သည် လူကို ပြုစုစောင့်ရှောက်သည်၊ ဤလူကို အလေးထားပြီး၊ စာတန်သည် တစ်ချိန်လုံး ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာ လိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်သည်လည်း တစ်လျှောက်လုံး နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ ဤလူကို ဘုရားသခင် အလိုရှိပါက၊ စာတန်သည် အားလုံးကို ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို သွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ဖျက်ဆီးရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် လိုချင်သမျှအားလုံးကို ၎င်းက မိမိကိုယ်တိုင်အတွက် လိုချင်သည်၊ ထိုအရာများက ၎င်းကို ကိုးကွယ်ကြဖို့၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းကို ပူးပေါင်းကြဖို့အလို့ငှာ၊ ၎င်းက ထိုအရာများကို သိမ်းပိုက်ချင်သည်၊ ထိန်းချုပ်ချင်သည်၊ ထိုအရာများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော စေ့ဆော်ချက် မဟုတ်လော။ သင်တို့က စာတန်သည် အင်မတန် ဆိုးယုတ်သည်၊ အင်မတန် ဆိုးရွားသည်ဟု မကြာခဏ ဆိုသော်လည်း၊ ယင်းကို သင်တို့ မြင်ဖူးကြပါသလော။ လူက မည်မျှဆိုးရွားသည်ကိုသာ သင် မြင်နိုင်ပေသည်။ စာတန် အမှန်တကယ် မည်မျှဆိုးရွားသည်ကို လက်တွေ့အရှိတရားတွင် သင် မမြင်ဖူးသေးပေ။ သို့သော် ယောဘနှင့် စပ်လျဉ်းသည့် ဤကိစ္စရပ်တွင် စာတန်၏ ဆိုးယုတ်မှုကို သင်တို့ မြင်ပြီးကြပြီလော။ (မြင်ပါပြီ။) ဤကိစ္စသည် စာတန်၏ အကျည်းတန်သည့် မျက်နှာထားနှင့် သူ၏အနှစ်သာရကို အင်မတန် ရှင်းလင်းသွားစေပေသည်။ ဘုရားသခင်နှင့် စစ်ဖြစ်ရင်းနှင့် ဘုရားသခင်နောက်တစ်လျှောက် နောက်ယောင်ခံလိုက်ရင်း၊ စာတန်၏ရည်မှန်းချက်မှာ ဘုရားသခင် ပြုလိုသည့် အမှုမှန်သမျှကို ဖြိုချရန်၊ ဘုရားသခင် ရရှိလိုသော သူများကို သိမ်းပိုက်ရန်နှင့် ထိန်းချုပ်ရန်၊ ဘုရားသခင် ရရှိလိုသောသူများကို လုံးဝ ကွယ်ပျောက်စေရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့ မကွယ်ပျောက်ပါက၊ စာတန်၏အသုံးပြုခြင်းကို ခံရရန် စာတန်၏ ပိုင်ဆိုင်မှုများ ဖြစ်လာသည်- ဤသည်မှာ ၎င်း၏ ရည်မှန်းချက် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄))သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သတိပြုရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။ ငါ၏ နှုတ်ကပတ်တော်များကိုလည်း သင်တို့ သာ၍ စားသောက်ရမည် ဖြစ်ပြီး၊ ပို၍အရေးကြီးသည်မှာ၊ သင်တို့အနေဖြင့် ထိုနှုတ်ကပတ်တော်များကို မိမိတို့ဘာသာ စားသောက်နိုင်ရမည် ဖြစ်သည်။ သင်တို့၏ ဝိညာဉ်ရေးရာ မျက်စိများကို ငါဖွင့်ပေးနိုင်ဖို့နှင့် စိတ်ဝိညာဉ်အတွင်း တည်ရှိသော နက်နဲမှုများအားလုံးကို သင်တို့အား မြင်တွေ့ခွင့်ပေးနိုင်ဖို့အလို့ငှာ၊ သင်တို့သည် သမ္မာတရားအားလုံးဖြင့် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ထားကြပြီး၊ ငါ၏ ရှေ့မှောက်သို့ လာကြလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၇))

ဘုရားနှုတ်ကပတ်တော်မှ သူဖတ်ပြီးနောက်၊ ကျွန်တော့်လုပ်ဖော် ကိုင်ဖက်က “ကျွန်တော်တို့က ဒီအရာတွေရဲ့ ဝန်းရံဖိစီးခံရတဲ့အချိန်မှာ ပြင်းထန်တဲ့ ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုဖြစ်တယ်။ လက်ရှိမှာ တစ်ကမ္ဘာလုံးက ဆိုးယုတ်တဲ့သူ စာတန်ရဲ့ အုပ်စိုးမှုအောက်မှာ ရှိပြီး၊ စာတန်က လူသားမျိုးနွယ်ကို ဆက်ပြီး ဖောက်ပြန်ပျက်စီးစေပြီး၊ ဘုရားသခင် ဖန်ဆင်းတော်မူခဲ့တဲ့ လူသားမျိုးနွယ်ကို အပြည့်အဝ ပိုင်ဆိုင်မှုရဖို့နဲ့ ဝါးမျိုဖို့ အချည်းနှီး မျှော်လင့်ချက်နဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို နှောင့်ယှက်ပြီး ပြိုကွဲစေတယ်- ဒါက စာတန်ရဲ့ ယုတ်မာတဲ့ ပန်းတိုင်ဖြစ်တယ်။ ဘုရားသခင်ရဲ့ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲခြင်း အစီအစဉ်က လူသားမျိုးနွယ်ကို ဘုရားသခင်ရဲ့ ရယူခြင်းခံရစေဖို့ စာတန်ရဲ့ မှောင်မိုက်တဲ့ အုပ်စိုးမှုအောက်ကနေပြီး ကယ်တင်ဖို့အတွက် ဆောင်ရွက်နေတယ်။ အထူးသဖြင့် နောက်ဆုံးသောကာလမှာ ဘုရားသခင်က သူ့နှုတ်ကပတ်တော်ကို ဖော်ပြနေပြီး၊ လူသားမျိုးနွယ်ကို သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းဖြစ်တဲ့ အမှုတော်ရဲ့ နောက်ဆုံးအဆင့်ကို ဆောင်ရွက်နေတယ်၊ ကျွန်တော်တို့က ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံမှာ၊ ကျွန်တော်တို့ သမ္မာတရားကို နားလည်ပြီး၊ ပြည့်ဝတဲ့ ကယ်တင်ခြင်း ရရှိမှာကို စာတန်က ကြောက်နေတယ်။ ကျွန်တော်တို့က သူ့ဆိုးယုတ်ပြီး ဖောက်ပြန်ရေးဝါဒီ ဖြစ်တဲ့ အနှစ်သာရကို ထိုးထွင်းသိမြင်လာပြီးတော့၊ အဲဒီနောက်မှာ သူ့ကို စွန့်ပယ်ပြီး စွန့်လွှတ်မှာကို သူကကြောက်နေတယ်။ ဒါအတွက်ကြောင့် သူက သူ့နောက်ဆုံး အသည်းအသန်ရုန်းကန်မှုရဲ့ အလွန်အမင်းနာကျင်ခြင်းမှာ ရှိနေတယ်။ ဘုရားသခင် ရွေးချယ်ထားတဲ့ လူတေွအတွက် ဘုရားသခင်နဲ့ တိုက်ခိုက်ပြီး၊ ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ မျက်မှောက်တော်ထဲ ရောက်ခြင်းကနေ တားဆီးဖို့ သူ့ရဲ့ စက်ဆုပ်ဖို့ကောင်းတဲ့ နည်းဗျူဟာ မှန်သမျှကို သုံးနေတယ်။ တရုတ် ကွန်မြူနစ်ပါတီ အစိုးရက ဖြန့်ချီတဲ့ ကောလာဟလတွေနဲ့ အလိမ်အညာ မျိုးစုံ၊ ယုံကြည်သူတွေကို အရူးအမူး ဖိနှိပ်ခြင်း နဲ့ ဖမ်းဆီးခြင်း၊ မိသားစုဝင်တွေရဲ့ နှောင့်ယှက်ခြင်း နဲ့ နှိပ်ကွပ်ခြင်း၊ အဲဒီအပြင်၊ ဘာသာရေးလောကက ဖြန့်ဝေတဲ့ ပြစ်တင်ရှုတ်ချခြင်းနဲ့ အသရေဖျက်ခြင်းတို့လိုမျိုး လှည့်ဖြားတဲ့ အကြံအစည်တွေအားလုံးက ကျွန်တော်တို့ ဘုရားသခင်ဆီ လှည့်သွားတာကို တားဆီးဖို့ စာတန်ရဲ့ လက်တွေ့ အကောင်အထည် ဖော်မှုတွေ ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အမြော်အမြင်က စာတန်ရဲ့ လှည့်စားတဲ့ အကြံအစည် တွေကို အခြေခံပြီး ပြုကျင့်တယ်၊ ပြီးတော့ ဘုရားအမှုတော်အတွက် အသုံးခံမှု ပေးဖို့ ဘုရားသခင် အသုံးပြုတာက စာတန်ရဲ့ အနှောင့်အယှက်ဖြစ်တယ်၊ ဒီနည်းနဲ့ ကျွန်တော်တို့ ယုံကြည်မှု နဲ့ သစ္စာစောင့်သိမှုတို့ကို စုံလင်စေတယ်။ အပြင်ပန်းမှာ၊ တရုတ် ကွန်မြူနစ်ပါတီ အစိုးရနဲ့ ကျွန်တော့် မိသားစုတို့က ကျွန်တော်တို့ကို နှိပ်ကွပ်ဖို့နဲ့ ဘုရားသခင်ကို ယုံကြည်ခြင်းကနေ ကျွန်တော်တို့ကို ဟန့်တားပိတ်ပင်ဖို့ လှည့်ကွက်တွေနဲ့ နည်းလမ်းမျိုးစုံကို အသုံးပြု နေတယ်၊ ဒါပေမဲ့ အမှန်တော့ အဲဒါတွေအားလုံးရဲ့ နောက်ကွယ်က ဟာက စာတန်ရဲ့ လှည့်စားတဲ့ အကြံအစည်တွေ အားလုံးဖြစ်တယ်။ ကျွန်တော်တို့က သမ္မာတရားကို ရှာဖွေပြီး၊ ဘုရားအလိုတော်ကို နားလည်သဘောပေါက်ဖို့ ပိုလုပ်ပြီး၊ ကျွန်တော်တို့မှာ ဘုရားအမှုတော်နဲ့ ပတ်သက်တဲ့ အသိပညာတစ်ချို့ရှိသမျှကာလပတ်လုံး ကျွန်တော်တို့က စာတန်ရဲ့ လှည့်ကွက်တွေနဲ့ ဥပါယ်တံမျဉ်တွေအားလုံးကို ထိုးထွင်း သိမြင်နိုင်စွမ်းရှိပြီး၊ ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်စွမ်း ရှိတယ်၊ စာတန်က ရှုံးနိမ့်မှုမှာ အရှက်ကွဲမယ်။ ကျွန်တော်တို့က သမ္မာတရားကို နားလည်သဘောပေါက်ဖို့ မကြိုးစားဘူးဆိုရင်၊ ကျွန်တော်တို့က ဒီဝိညာဉ်ရေးရာနယ်ပယ်မှာ ဖြစ်တဲ့တိုက်ပွဲကို နားလည် သဘောပေါက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး၊ ပြီးတော့ စာတန်က ကျွန်တော်တို့အတွက် နှောင့်ယှက်မှုတွေ ဖြစ်စေတဲ့အခါမှာ ကျွန်တော် တို့က လမ်းလွဲပြီး၊ ဘုရားသခင်အကြောင်း သံသယတွေ ပေါ်လာ တတ်တာဟာ ဘုရားသခင်ကို ငြင်းပယ်ခြင်း၊ သစ္စာဖောက်ခြင်း နဲ့ ဘုရားသခင်ကို ကျွန်တော်တို့ ယုံကြည်မှုကို စွန့်လွှတ်ခြင်းတို့ အထိတောင် ဖြစ်သွားနိုင်တယ်။ အဲဒါက စာတန်ရဲ့ လှည့်ကွက်တွေ ထဲမှာ ဒုက္ခသည်အဖြစ် ကျရောက်ပုံ နဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်း ရဖို့ အခွင့်အလမ်းကို ဆုံးရှုံးရပုံ အတိအကျဖြစ်တယ်။ အဆုံးသတ်မှာ ဒါက စာတန်ရဲ့ ဝါးမြိုခံရပုံဖြစ်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ဆုတောင်းပြီး၊ ဘုရားသခင်ဆီကို ပိုတိုးဝင်ချဉ်းကပ်ရမယ်၊ ပြီးတော့ ကျွန်တော်တို့က ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီး၊ ပိုကြီးမားတဲ့ အရေးကြီးမှုနဲ့ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဆာဆင်ရမယ်။ ဒီနည်းနဲ့သာလျှင် ကျွန်တော်တို့က ဘုရားသခင်ရဲ့ အလိုတော်ကို နားလည်နိုင်တယ်၊ စာတန်ရဲ့ လှည့်ကွက်တွေကို ရိပ်စားမိနိုင်တယ်၊ ပြီးတော့ ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်တယ်။” ဟု ပြောလျက် ကျွန်တော်နှင့် မိတ်သဟာယပြုခဲ့သည်။

ဘုရားနှုတ်ကပတ်တော်နှင့် ကျွန်တော့် လုပ်ဖော်ကိုင်ဖက်၏ မိတ်သဟာယပြုခြင်းတို့ကို နားထောင်ခြင်းမှတစ်ဆင့်၊ ကျွန်တော်က “ဒါက တကယ်တော့ ဝိညာဉ်ရေးရာ နယ်ပယ်မှာ တိုက်ပွဲတစ်ခုပဲ။ ငါတို့ကို ကယ်တင်ဖို့ ဘုရားသခင်က နောက်ဆုံးသောကာလမှာ သမ္မာတရားကို ဖော်ပြပေမဲ့၊ စာတန်က ငါ့ကို ဘုရားသခင်ကို ယုံကြည်တာနဲ့ ဘုရားနောက်လိုက်တာကနေ ပိတ်ပင်တားဆီးဖို့ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ပေးတဲ့ ဖိနှိပ်ခြင်းနဲ့ ညှဉ်းပန်း နှိပ်စက်ခြင်းတွေကို အသုံးပြုဖို့ရာ စိတ်ကူးကြံစည်လို့ရသမျှ နည်းလမ်း တွေကို စဉ်းစားတယ်။ ငါက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီး၊ သမ္မာတရားကို နားလည်သဘောပေါက်ပြီး၊ ဒီနည်းနဲ့ သူ့ဆိုးယုတ်၊ အကျည်းတန်၊ နတ်ဆိုးဆန်၊ ဘီလူးသရဲစီးတဲ့ အနှစ်သာရကို ထိုးထွင်းသိမြင်ပြီး၊ သူ့ကို ငြင်းပယ်၊ စွန့်လွှတ်မှာကို၊ ပြီးတော့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းရမှာကို သူကြောက်နေတယ်။ ဒီနေ့တော့ ငါက စာတန်ရဲ့ စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ မလိုတမာစိတ်ကို နောက်ဆုံးမှာ မြင်ဖူးပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင် ထားရှိတဲ့ အပင်ပန်းခံတဲ့ စောင့်ရှောက်မှုနဲ့ အကြံအစည်တို့ကို အခုငါ နားလည်ပြီ။” ဟု ရုတ်တရက် နားလည်သဘောပေါက်ခဲ့သည်။ ထို့နောက်တွင်ပင် ကျွန်တော် အချိန်ကြာမြင့်စွာ ချုပ်တည်းထားခဲ့သည့် စိတ်ခံစားချက်များက နောက်ဆုံးတွင် လွတ်မြောက်သွားပြီး၊ ကျွန်တော် အလွန်ပျော်ရွှင်ခဲ့သည်မှာ နေ့အလင်းကို တစ်ဖန်ပြန်မြင်နေရသည့် အလားပင် ဖြစ်သည်။ “ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါတယ်။” ကျွန်တော်က “အခုအချိန်ကစပြီး၊ စာတန်ရဲ့ လှည့်စားမှုကို ဘယ်တော့မှ ထပ်မခံရဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ငါပိုဖတ်မယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သမ္မာတရားနဲ့ တန်ဆာဆင်မယ်။” ဟု မိမိဘာသာ တွေးမိသည်။

ကျွန်တော့် မယုံကြည်သည့် မိသားစုဝင်များက ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ကျွန်တော့်ကို နှောင့်ယှက်ခြင်းမှာ စာတန်၏ လှည့်ကွက်များထဲမှ တစ်ခုသာ ဖြစ်ကြောင်းနှင့် ကျွန်တော်က စာတန်၏ အရူးလုပ်ခံ၍ မဖြစ်ကြောင်းတို့ကို ကျွန်တော် နားလည်သဘောပေါက် ခဲ့သော်လည်း၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ကျွန်တော့် ယုံကြည်မှု အကြောင်း စုံစမ်းသိရှိသွားပါက၊ ကျွန်တော့် သားနှင့် ချွေးမတို့၏ သက်မွေးမှုလုပ်ငန်းပေါ်တွင် ထိရောက်သည့် အကျိုးသက်ရောက်မှု တစ်ခု ရှိမည်ကို ကျွန်တော် စိုးရိမ်နေသေးသည်။ ကျွန်တော့်မြေးလေး ကျောင်းသွားခြင်း အပေါ် ကျရောက်နိုင်မည့် အကျိုးသက်ရောက်မှုနှင့် ပတ်သက်ပြီး ကျွန်တော် ပိုကြောက်ခဲ့သည်။ ထို့ကြောင့် ကျွန်တော့် စိုးရိမ်ကြောင့်ကြမှုများနှင့် ပတ်သက်ပြီး ကျွန်တော့် အလုပ် လုပ်ဖော် ကိုင်ဖက်ကို ပြောပြပြီး၊ သူက ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်များ၏ နောက်ထပ် ကျမ်းပိုဒ်တစ်ခုကို ဖတ်ပြခဲ့သည်။ “ဘုရားသခင်၏ အခွင့်အာဏာက အခြေအနေများနှင့် မသက်ဆိုင်ပဲ ဖြစ်တည်နေ၏။ အခြေအနေများ အားလုံးတွင်၊ ဘုရားသခင်က လူသားကံကြမ္မာတိုင်းနှင့် အရာအားလုံးကို သူ့၏ အကြံအစည်များနှင့် ဆန္ဒများနှင့်အညီ ပြဋ္ဌာန်းပေးပြီး စီစဉ်လေသည်။ လူသားက ပြောင်းလဲခြင်း အကျိုးဆက်အနေဖြင့် ဤအရာပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ အခွင့်အာဏာသည် သူ့၏ အနှစ်သာရစစ်စစ် ဖြစ်သည့်အတွက် လူသား၏ အလိုဆန္ဒအပေါ် အမှီအခိုလွတ်ကင်းပြီး အချိန်၊ စကြဝဠာနှင့် မြေမျက်နှာသွင်ပြင်တို့ ပြောင်းလဲခြင်းအားဖြင့် မပြောင်းလဲနိုင်ပေ။...အချိန်တိုင်းတွင်၊ ဘုရားသခင်က သူ့၏အခွင့်အာဏာကို စွဲကိုင်သည်၊ သူ့၏ တန်ခိုးအစွမ်းကို ပြသည်၊ သူ လုပ်မြဲလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့၏ စီမံခန့်ခွဲမှုအလုပ်များကို ဆက်လက်လုပ်ဆောင်လေသည်။ အချိန်တိုင်းတွင် သူ လုပ်မြဲလုပ်ဆောင်ခဲ့သည့်အတိုင်း အရာအားလုံးကို အုပ်ချုပ်သည်။ အရာအားလုံးအတွက် ထောက်ပံ့သည်။ အရာအားလုံးကို စီစဉ်ညွှန်ကြားလေသည်။ ဤအရာကို ဘယ်သူမှ မပြောင်းလဲနိုင်။ ၎င်းသည် အမှန်တရား ဖြစ်ပေသည်။ ၎င်း၌ ရှေးကတည်းက မပြောင်းလဲသည့်သမ္မာတရား ရှိလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ကျွန်တော့် လုပ်ဖော်ကိုင်ဖက်က “ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်တယ်၊ ပြီးတော့ သူက ကောင်းကင်၊ မြေကြီးနဲ့ အဲဒီထဲမှာ ရှိသမျှ အရာအားလုံးတို့အပေါ် အချုပ်အခြာအာဏာ ရှိတယ်။ သူက လူတိုင်းရဲ့ ကံကြမ္မာကိုလည်း ချုပ်ကိုင်ထားတယ်၊ ပြီးတော့ ဘုရားသခင်က ကျွန်တော်တို့ တစ်ယောက်ချင်းစီမှာ ရှိတဲ့ ဘယ်လို အလုပ်အကိုင် အမျိုးအစားပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အနာဂတ် ရှေ့ရေးပဲဖြစ်ဖြစ် ဟိုးအရင်ကတည်းက ကြိုတင်ပြဌာန်းပြီး ဖြစ်တယ်။ ဒါဟာ ဘယ်သူမှ မဆုံးဖြတ်နိုင်သလို၊ ဘယ်သူမှလည်း သူ့သာဘာ ပြောင်းလဲနိုင်တဲ့ အရာတစ်ခု မဟုတ်ဘူး။ အစ်ကို့ သားနဲ့ ချွေးမတို့ရဲ့ သက်မွေးမှုလုပ်ငန်းတွေနဲ့ အနာဂတ် ရှေ့ရေးတို့ကိုလည်း ဘုရားသခင် က ထိန်းချုပ်တားတယ်။ သူတို့က ဘုရားသခင်ကို ယုံကြည်တယ် မယုံကြည်ဘူးဆိုတာက အရေးမကြီးဘူး၊ သူတို့ကံကြမ္မာကို ဘုရားက အုပ်စိုးပြီး စီစဉ်တော်မူတယ်။ ဒါအတွက် ဒါမှမဟုတ် ဟိုဟာအတွက် စိတ်ပူတာဟာ ကျွန်တော်တို့အတွက် မလိုအပ်ပါဘူး။ ယောဘက သူ့ရှိသမျှအရာအားလုံးဟာ ဘုရားသခင်က သူ့ကို ပေးထားတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိတာကြောင့် ဒီအရာတွေအတွက် ဘယ်တော့မှ စိတ်မပူဘူး၊ ပြီးတော့ သူ့ကို ပေးတဲ့ဟာ ဒါမှမဟုတ် သူ့ဆီက ယူသွားတဲ့ဟာ ဘာပဲဖြစ်ဖြစ်၊ အဲဒါတွေအားလုံးက ဘုရားလက်တော်ထဲမှာ ရှိတယ်ဆိုတာကို သူက သိတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ဘုရားသခင်ကို ဆုတောင်းခြင်းအတွက်သာ အလေးထားသင့်တယ်၊ ပြီးတော့ အစ်ကို သားနဲ့ ချွေးမတို့ရဲ့ အနာဂတ်ကို ဘုရားလက်တော်ထဲ ယုံကြည်စွာ အပ်နှံပြီး၊ ဘုရားသခင် မှာ သင့်တော်တဲ့ အစီအစဉ် တစ်ခု ရှိတယ်ဆိုတာကို ယုံကြည်မှု ရှိရမယ်။” ဟု ပြောလျက်၊ ကျွန်တော့်ကို မိတ်သဟာယဆက် ပြုပေးခဲ့သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် ပတ်သက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယပြုခြင်းမှ တစ်ဆင့် ဘုရားသခင်၌ ကျွန်တော့် ယုံကြည်မှုကို ရှာတွေ့ခဲ့ပြီး၊ ကျွန်တော့် စိတ်နှလုံးထဲတွင် စိတ်အေးသက်သာရှိပြီး၊ ငြိမ်သက်ခြင်း တို့ကို ခံစားရသည်။ ကျွန်တော်က ကျွန်တော်သား သို့မဟုတ် ချွေးမတို့၏ ရှေ့ရေးနှင့် ပတ်သက်ပြီး နောက်ထပ် စိတ်မပူတော့ပါ။

နောက်ပိုင်းတွင် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းမှတစ်ဆင့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဘုရားသခင်ကို ဆန့်ကျင်သော၊ ဆိုးယုတ်သော အနှစ်သာရကို သိမြင်ရာတွင် တိုးတက်မှုရှိလာခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က- “နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ထုတ်ပစ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) အသက်တာထဲ ဝင်ရောက်ခြင်း အပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ ဟု မိန့်တော်မူခဲ့သည်။ “အဆင်းနီသောနဂါးကြီး၏ နှလုံးသားတွင်၊ ၎င်းနှင့် သက်ဆိုင်သည့် လူများအားလုံးကို ၎င်းထံမှ ယူသွားဖို့ ဘုရားသခင်က ကြွလာခဲ့ပြီး၊ ဘုရားသခင်က ၎င်းအား ရန်သူဖြစ်စေသည်ဟု ၎င်းက ထင်ခဲ့သည်။ ဤအဆင်းနီသော နဂါးကြီးက တစ်ချက်လွှတ်ဆန်ပြီး ယုတ္တိမတန်သည့် အရာတစ်ခုဖြစ်သည်။ လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းတော်မူပြီး၊ ဘုရားသခင်ထံတွင် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အခွင့်အရေးရှိသည်။ နဂိုမူလအားဖြင့် လူသားမျိုးနွယ်သည် ဘုရားသခင် နှင့် သက်ဆိုင်ပြီး၊ ဘုရားသခင်ရွေးချယ်ထားသော သူများကို အဓမ္မသိမ်းယူသွားသူ၊ လူများကို စိတ်ကြိုက် ဖောက်ပြန်ဖျက်ဆီးပြီး၊ နင်းခြေသူ၊ နောက်ဆုံးတွင် သူတို့အားလုံးကို ဝါးမြိုသူမှာ အဆင်းနီသော နဂါးကြီးဖြစ်သည်။ သို့သော် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကြွလာချိန်တွင်၊ ၎င်းက ဘုရားသခင်ကို ဆန့်ကျင်သည်။ အဆင်းနီသောနဂါးကြီး၏ သဘာဝနှင့် အနှစ်သာရတို့သည် ကောင်းကင်ဘုံကို ဆန့်ကျင်နေသည်၊ အစွန်းရောက်သော ဖောက်ပြန်ရေးဝါဒီဖြစ်သည်၊ အကျိုးအကြောင်း မဆီလျော်ဘဲ ရယ်ဖွယ်ကောင်းသည်ကို ဤအရာမှ ငါတို့တွေ့မြင်နိုင်သည်။ ၎င်းက ရိုင်းစိုင်းသော မိစ္ဆာကောင်နှင့် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။” (အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၃) တွင်ပါဝင်သော “ကယ်တင်ခြင်း ရရှိဖို့ အဆင်းနီသော နဂါးကြီးကို စွန့်ပစ်ခြင်း၏ စစ်မှန်သော အဓိပ္ပါယ်”) ဟုလည်း ပြောခဲ့သည်။ ဤဘုရားမဲ့သောနိုင်ငံတွင်၊ တရုတ်ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုသည် စာတန်၏ အုပ်စိုးမှု ဖြစ်ကြောင်း ကျွန်တော် အခု နားလည်သဘောပေါက်ခဲ့သည်။ တရုတ်အစိုးရက ဘုရားသခင်ကို ဤနယ်မြေသို့ လာပြီး၊ လူများကို ကယ်တင်ခြင်း အမှုတော်ကို ဆောင်ရွက်ခွင့်မပြုသကဲ့သို့၊ လူများက ၎င်း၏ မှောင်မိုက်သော အုပ်စိုးမှုမှ ရုန်းထွက်လွတ်မြောက်ပြီး ဘုရားသခင်၏ ရယူခြင်းခံရဖို့၊ လှပသော ပန်းတိုင်တစ်ခုထဲသို့ ဘုရားသခင်၏ ဦးဆောင် လမ်းပြခံရဖို့ တို့ကိုလည်း ခွင့်မပြုပါ။ ထို့ကြောင့် ၎င်းက အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို တတ်နိုင်သမျှ အာခံပြီး ပြစ်တင်ရှုတ်ချ သည်၊ ကျွန်တော်တို့အား အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်ခြင်းမှ နှောင့်ယှက်ပြီး၊ ပိတ်ပင်သည်။ ကျွန်တော်တို့မှာ သမ္မာတရားမရှိဘဲ၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ လှည့်စားသော အကြံအစည်များကို ရိပ်စားမိနိုင်စွမ်းရှိပါက၊ ကျွန်တော်တို့က သူဖြန့်ချီသည့် အလိမ်အညာမျိုးစုံ တို့ဖြင့် အလွယ်တကူ လမ်းလွဲ သွားပြီး၊ သူ၏ ဖိနှိပ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုတို့အားဖြင့် ကြောက်လန့်ကာ ကျိုးနွံနာခံမည် ဖြစ်သည်။ ကျွန်တော်တို့က ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ လာရဲမည် မဟုတ်ဘဲ၊ ဤအရာက ၎င်းက လူများကို ဝါးမြိုခြင်းနှင့် ဘုရားသခင်၏ လူများကို ကယ်တင်ခြင်းအမှုတော်ကို ဖျက်ဆီးခြင်း နှင့် ပတ်သက်သည့် သူ၏ ယုတ်ညံ့သည့် ရည်ရွယ်ချက်ကို အောင်မြင်ရရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့သော် မည်သူကမျှ ဘုရားသခင်၏ အမြော်အမြင်ကို နားမလည်နိုင်ပါ။ ဘုရားရွေးချယ်ထားသော လူများကို စုံလင်စေဖို့၊ ကျွန်တော်တို့ကို သမ္မာတရားအား နားလည်သဘောပေါက်စေဖို့၊ ကျွန်တော်တို့က တရုတ်ကွန်မြူနစ်ပါတီအစိုးရကို လုံးလုံး စွန့်ပယ် နိုင်ပြီး၊ ဘုရားသခင်ထံ အပြည့်အဝ ပြန်လှည့်နိုင်ရန် တရုတ်ကွန်မြူနစ် ပါတီ အစိုးရသည် သမ္မာတရားအတွက် မလိုမုန်းထားစိတ်များ ပြည့်နှက်ကာ၊ ဘုရားသခင်ကို သူ့ရန်သူအဖြစ် မှတ်ယူသည့် ဆိုးယုတ်သော မကောင်းဆိုးဝါးတစ်ကောင်းဖြစ်ကြောင်း လုံးလုံး လျားလျား နားလည်ဖို့ အစေခံမှု ပေးရာတွင် ဘုရားသခင်က တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ညှဉ်းပန်းနှိပ်စက်ခြင်း အတိအကျပင် အသုံးပြုပါသည်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်က ကျွန်တော့်ဆီလာပြီး ကျွန်တော့်ကို အားပေးမှုပေးရန်၊ ကျွန်တော်က အပျက်သဘောဆောင် ပြီး၊ အားနည်းနေချိန်တွင်၊ ကျွန်တော် ပြိုလဲကျပြီး၊ လမ်းပျောက်နေ ချိန်တွင်၊ ထိုအချိန်၌ ကျွန်တော်နှင့် သမ္မာတရားအကြောင်း မိတ်သဟာယပြုရန် စီစဉ်ခြင်းအတွက် ဘုရားသခင်ကို ကျွန်တော် အလွန်ကျေးဇူးတင်သည်၊။ ဘုရားသခင်က ကျွန်တော့်ကို စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းမှ ကယ်တင်ပြီး၊ စာတန်၏ ကွန်ယက်မှ ကျွန်တော် ထိုးဖောက်ထွက်နိုင်ခဲ့ကာ၊ ဘုရားသခင်၏ မျက်မှောက်တော် သို့ ပြန်လာနိုင်ခဲ့သည်။ ယခုကျွန်တော့်မှာ ပြည့်ဝသော ကယ်တင်ခြင်း ရရှိဖို့ အခွင့်အလမ်းရှိလေသည်။ ရှေ့လျှောက်လမ်းတွင် မည်သည့် အခက်အခဲများရှိပါစေ၊ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင် နောက်ကို အဆုံးထိ လိုက်မည်ဟု သန္နိဌာန်ချမှတ်ခဲ့သည်။

အရှေ့သို့- ၂၇။ သခင်နှင့် ပြန်လည်ပေါင်းစည်းခဲ့သည်

နောက်တစ်ခုသို့- ၂၉။ မှောင်မိုက်သော ဥမင်လိုဏ်ခေါင်းတစ်ခုပြီးနောက် နွေးထွေးသော အလင်းတစ်ခု

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၁။ YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။