၅၂၅ ဘုရားသခင်ကို စစ်မှန်စွာ ဝတ်ပြုကိုးကွယ်သူတစ်ဦးဖြစ်လာရန် ကြိုးပမ်းလော့

၁ ဘုရားသခင်ကို စိတ်ရင်းအတိုင်း ဝတ်ပြုကိုးကွယ်သည့် လူများဖြစ်လာရန် ကြိုးပမ်းခြင်းမှာ ကျွန်ုပ်တို့ရှိသင့်သည့် သဘောထားအမြင်ဖြစ်သည်။ ဘုရားသခင်ကို မဆန့်ကျင်တော့ခြင်း၊ သူ စက်ဆုပ်ရွံရှာစေရန် မပြုတော့ခြင်း၊ ဘုရားသခင် စိတ်အနှောင့်အယှက်ဖြစ်ရန်နှင့် ကျွန်ုပ်တို့အပေါ် အမြဲ စိတ်ဆိုးနေရန် မလုပ်တော့ခြင်း၊ သူ၏နှလုံးသားကို နှစ်သိမ့်ခြင်း၊ ထို့ပြင် အာဗြဟံကဲ့သို့ ဘုရားသခင်ကို စစ်မှန်စွာ ဝတ်ပြုကိုးကွယ်သည့် လူများဖြစ်လာခြင်း - ဤသည်တို့မှာ ကျွန်ုပ်တို့ရှိသင့်သည့် ဘဝအပေါ် သဘောထားအမြင်၌ ပါဝင်သည်။ သင့်စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် ထိုသို့သော သဘောထားအမြင်နှင့် ဤသို့သော တွေးခေါ်ခြင်းမျိုး ရှိပြီးသကာလ၊ ဤအရာများအတိုင်း သင် ရှာဖွေနေသောအခါ သင်သည် လောကီစည်းစိမ်၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့၏ သွေးဆောင်ခံရခြင်းနှင့် ဖြားယောင်းခံရခြင်းတို့ ပို၍လျော့နည်းလာလိမ့်မည်။

၂ သင်၏ ကြိုးစားလုပ်ဆောင်မှုနှင့် အတွေ့အကြုံတို့ အားလုံးကို ဤသဘောထားအမြင် ရရှိခြင်းအတွက် သင်အသုံးပြုသည့်အခါ၊ သင်သတိမထားမိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ အတွင်းစိတ် ဆောင်ပုဒ်များနှင့် သင့်ရှင်သန်နိုင်ရေးအတွက် အခြေခံအကြောင်းရင်းတို့ ဖြစ်လာပေလိမ့်မည်၊ ထို့အပြင် သူ၏ နှုတ်ကပတ်တော်များသည် သင့်အသက်တာ ဖြစ်လာပြီး၊ သင့်အထဲ၌ ယင်းတို့သည် သင့်ဘဝလမ်းကြောင်း ဖြစ်လာလိမ့်မည်ဖြစ်သည်။ ထိုခဏချင်းတွင် လောကီအရာများအားလုံးမှာ သင့်အတွက် အရေးကြီးမည် မဟုတ်တော့ပေ။ ထို့ကြောင့် လူတစ်ဦးရှိသင့်သည့် အသက်တာအပေါ် သဘောထားအမြင်မှာ သမ္မာတရားနှင့် လူသားဆန်ခြင်းတို့ ပြည့်ဝသည့် လူပုဂ္ဂိုလ်တစ်ဦး၊ သြတပ္ပစိတ်နှင့် ဆင်ခြင်တုံတရားရှိပြီး ဘုရားသခင်ကို ကိုးကွယ်သည့် လူတစ်ဦး ဖြစ်လာဖို့ ကြိုးပမ်းရန်ပင် ဖြစ်ပေသည်၊ တစ်နည်းအားဖြင့် စစ်မှန်သော လူသားတစ်ဦးဖြစ်လာရန်ဖြစ်သည်- ဤသည်မှာ အသင့်တော်ဆုံး ရှာဖွေလိုက်စားမှုပင် ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၂၄ ဘုရားနှုတ်ကပတ်တော်များသည် ဧကန်ပင် သင်၏အသက်တာ ဖြစ်လာပြီလောကျူး

နောက်တစ်ခုသို့- ၅၂၆ သမ္မာတရားရှိလျှင် ခွန်အားရှိ၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။