၅၁၇ တိုးတက်မှုဖြစ်စေဖို့ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေလော့

၁ ဘုရားသခင်သည် သင့်အတွက် ထိုထိုသော ပတ်ဝန်းကျင်များ၊ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများကို စီစဉ်လျှင်၊ သူသည် သင့်ကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းပြီး သင်သည် ဤအရာမှ သင်ခန်းစာများ သင်ယူရရှိလျှင်၊ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ တိုးဝင်တတ်ကာ၊ သမ္မာတရားကို ရှာဖွေတတ်ပြီးနောက် မသိလိုက်ဘဲ ဉာဏ်အလင်းပေးခြင်းနှင့် ဖွင့်ပြခြင်းကို ခံရလျက် သမ္မာတရားကို ရရှိလျှင်၊ သင်သည် ဤပတ်ဝန်းကျင်များထဲတွင် အပြောင်းအလဲကို တွေ့ကြုံရပြီး ဆုလာဘ်များကို ရိတ်သိမ်းရကာ တိုးတက်မှုရရှိလျှင်၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို အနည်းငယ် စတင်နားလည်သဘောပေါက်လာပြီး ညည်းတွားခြင်းကို ရပ်နားလျှင် ဤအရာအားလုံးက သင်သည် ဤပတ်ဝန်းကျင်များ၏ စမ်းသပ်မှုများအလယ်တွင် အခိုင်အမာရပ်တည်ခဲ့ပြီဖြစ်ပြီး စစ်ဆေးမှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီဟု ဆိုလိုခြင်းဖြစ်လိမ့်မည်။ ဤကဲ့သို့ပင် သင်သည် ဤတုန်လှုပ်ဖွယ်အတွေ့အကြုံကို ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်။

၂ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်သူများအား ဘုရားသခင်က မည်သို့ သဘောထားလိမ့်မည်နည်း။ ဘုရားသခင်က ၎င်းတို့၌ စစ်မှန်သော နှလုံးသားတစ်ခုရှိကြောင်း၊ ၎င်းတို့သည် ဤဒုက္ခမျိုးကို ကြံ့ကြံ့ခံနိုင်ကြောင်းနှင့် စိတ်ထဲတွင် ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးပြီး လိုချင်ကြောင်း ပြောလိမ့်မည်။ သင်နှင့်ပတ်သက်၍ ဘုရားသခင်၌ ဤသို့ အကဲဖြတ်မှုမျိုးရှိပါက၊ သင်သည် ဝိညာဉ်ရင့်ကျက်မှုဖြင့် တစ်စုံတစ်ယောက် မဖြစ်သလော။ သို့ဆိုလျှင် သင်၌ အသက်မရှိသလော။ ပြီးလျှင် ဤအသက်ကို မည်သို့ ကြိုးပမ်းရရှိသနည်း။ ယင်းကို ဘုရားသခင်က ပေးအပ်နှင်းခြင်းလော။ ဤသည်မှာ ဘုရားသခင်က အစားအစာဇလုံတစ်လုံးကို သင့်ထံ ကိုယ်တိုင်ကိုယ်ကျ ယူလာပြီး သင့်ကို ကျွေးဖို့ သင့်ပါးစပ် အနီးသို့ ကိုင်ထားခြင်းဖြစ်ပြီး၊ သင်စားပြီးသည်နှင့် တစ်ပြိုင်နက်၊ သင်သည် အာသာဆန္ဒပြေကာ၊ ခိုင်မာစွာ ရပ်နိုင်သည်။ ဤသည်မှာ ဤအရာများကို သင်ရှုမြင်ပြီး နားလည်ရမည့်ပုံစံဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ထံမှ လာသည့်အရာမှန်သမျှကို ကျိုးနွံနာခံရမည့် ပုံစံဖြစ်သည်။

၃ ဤသည်မှာ သင်ပိုင်ဆိုင်ရမည့် စိတ်အခြေအနေနှင့် သဘောထားမျိုး ဖြစ်ပြီး သင်သည် သမ္မာတရားကို ရှာဖွေဖို့ သင်ယူရမည်။ သင်သည် ပြင်ပအကြောင်းရင်းများ အစဉ် ရှာဖွေမနေသင့်သကဲ့သို့၊ သင်၏ပြဿနာများအတွက် အခြားသူများကို အပြစ်မတင်သင့်သည့်အပြင်၊ သင်၌ ဘုရားသခင်၏အလိုတော်နှင့် သက်ဆိုင်သည့် ရှင်းလင်းသည့် နားလည်သဘောပေါက်မှု ရှိရမည်။ အပြင်ပန်း၌ လူအချို့သည် သင်နှင့် သက်ဆိုင်သည့် ထင်မြင်ယူဆချက်များ သို့မဟုတ် သင့်အပေါ် အာဃာတအစွဲအလမ်းများ ရှိကောင်း ရှိနိုင်သည်၊ သို့ရာတွင် သင်သည် အမှုအရာများအား ထိုနည်းဖြင့် မမြင်သင့်ပေ။ သင်သည် မှားယွင်းသော ရှုထောင့်တစ်ခုမှ အမှုအရာများကို ကြည့်ရှုပါက၊ သင်လုပ်မည့် တစ်ခုတည်းသောအရာမှာ ဆင်ခြေများ ပေးခြင်း ဖြစ်ပြီး သင်သည် မည်သည့်အရာကိုမျှ ကြိုးပမ်းရရှိလိမ့်မည် မဟုတ်ပေ။ အမှုအရာများကို သင်သည် ဓမ္မဓိဌာန်ကျကျနှင့် မျှမျှတတ မြင်သင့်သည်။ ထိုနည်းအားဖြင့် သင်သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ရည်ရွယ်ချက်ကို နားလည်လိမ့်မည်။ သင်၏ သဘောထားနှင့် စိတ်အခြေအနေတို့ကို ပြုပြင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ သင်သည် သမ္မာတရားကို ကြိုးပမ်း ရရှိနိုင်လိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၁၆ သာ၍နက်ရှိုင်းသော အတွေ့အကြုံရှိရန် ဘုရားနှုတ်ကပတ်တော်ကို လက်ခံလော့ကျူး

နောက်တစ်ခုသို့- ၅၁၈ သမ္မာတရားကို သိနားလည်ခြင်းသည် ရိုးရှင်းသော ကိစ္စမဟုတ်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။