မိမိကိုယ်ကိုယ် သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်

ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြပြီး တရားဟောပွဲ အများအပြားကိုလည်း တက်ရောက်ပြီးနောက်တွင် ဤအရာများမှ အနည်းငယ်သာ အကျိုးခံစားခဲ့ကြရသည့် လူအချို့ ရှိကြသည်။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု ထင်ရသော စကားများနှင့် အယူဝါဒအချို့ကို ရွတ်ပြနိုင်ကြသည်။ သို့ရာတွင် ၎င်းတို့ထံ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြချေ။ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသော အရာတစ်ခုကိုမျှ မလုပ်ဆောင်နိုင်ကြချေ။ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည့် ဤနှစ်ကာလများအားလုံးတွင် ၎င်းတို့သည် အသင်းတော်၏အလုပ်ကို ကာကွယ်သော အရာတစ်ခု သို့မဟုတ် တရားမျှတသော အမှုတစ်ခုကိုမျှ မလုပ်ခဲ့ကြ ဟူ၍လည်း ဆိုနိုင်သည်။ ဤအဖြစ်ကို မည်သို့ ရှင်းလင်းပြနိုင်မည်နည်း။ ၎င်းတို့သည် အချို့သော စကားများနှင့် အယူဝါဒများကို စကားကြော ရှည်နိုင်ကြသော်လည်း သမ္မာတရားကိုမူ အသေအချာ နားမလည်ကြချေ၊ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြ။ လူအချို့သည် ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုကို မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့နှုတ်မှ ပထမဆုံးပြောသောအရာသည် “ကျွန်တော်က နတ်ဆိုး၊ အသက်ရှင်နေတဲ့ စာတန်ဖြစ်ပါတယ်။ ဘုရားကို အာခံတဲ့သူဖြစ်ပါတယ်။ ဘုရားကို ပုန်ကန်ပြီး သစ္စာဖောက်တယ်။ ကျွန်တော်ဟာ ကျိန်ဆဲခြင်းခံရသင့်တဲ့ မြွေပွေး၊ ဆိုးယုတ်သောသူဖြစ်ပါတယ်။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အမှန်တကယ်မိမိကိုယ်ကို သိမြင်ခြင်း အစစ်အမှန် ဖြစ်သလော။ ၎င်းတို့သည် ယေဘုယျအားဖြင့်သာပြောသည်။ အဘယ်ကြောင့် ဥပမာများ မပေးကြသနည်း။ ၎င်းတို့လုပ်ဆောင်ခဲ့သည့် ရှက်စရာကောင်းသောအရာများကို စိတ်ဖြာလေ့လာဆွေးနွေးရန်အတွက် အဘယ်ကြောင့် လူသိရှင်ကြား ချမပြနိုင်သနည်း။ ပိုင်းခြားသိမြင်ခြင်း မရှိသည့် လူအချို့က ၎င်းတို့ပြောသည်ကိုကြားပြီး စဉ်းစားသည်။ “ကဲ ဒါကမှ ကိုယ့်ကိုယ်ကိုယ် တကယ်သိမြင်တာပဲ။ ကိုယ့်ကိုယ်ကိုယ် နတ်ဆိုးလို့သိပြီး ကိုယ့်ကိုယ်ကိုယ်တောင် ကျိန်ဆဲတယ်ဆိုတော့ တော်တော်မြင့်တဲ့ အဆင့်ကို ရောက်နေပြီ။” ဟူ၍ဖြစ်သည်။ လူများစွာတို့သည်၊ အထူးသဖြင့် ယုံကြည်သူအသစ်များသည် ဤစကားများအားဖြင့် အထင်အမြင်မှားစေခြင်း ခံရနိုင်ခြေရှိသည်။ ပြောဆို သူသည် ဖြူစင်ပြီး ဝိညာဉ်ရေး သိနားလည်မှု ရှိသည်၊ ဤသည်မှာ သမ္မာတရားကို ချစ်သောသူဖြစ်သည်၊ ခေါင်းဆောင်ဖို့အတွက် အရည်အချင်းပြည့်မီသည်ဟု ၎င်းတို့က ထင်ကြသည်။ သို့ရာတွင် ထိုသူတို့နှင့် အချိန်အနည်းငယ် ဆက်ဆံပြီးသည်နှင့် ဤသို့မဟုတ်သည်ကို တွေ့ကြရသည်။ ဤသူသည် ၎င်းတို့ ထင်မြင်သည့်အတိုင်းမဟုတ်ဘဲ ထူးခြားစွာ လိမ်လည်ပြီး လှည့်ဖြားတတ်သည်၊ အယောင်ဆောင်ပြီး အယောင်ဆောင်ခြင်းတွင် ကျွမ်းကျင်သည်ဟု တွေ့ကြရသည်။ ဤအတွက်ကြောင့် အလွန် စိတ်ပျက်ကြရသည်။ လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်သည်ဟု မည်သည့်အရာအပေါ်တွင် အခြေခံ၍ မှတ်ယူနိုင်သနည်း။ ၎င်းတို့ပြောဆိုသည့်အရာကိုသာ ထည့်စဉ်းစား၍ မရပေ။ အဓိကအချက်မှာ ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး လက်ခံနိုင်ခြင်းရှိမရှိကို ဆုံးဖြတ်ရန်ဖြစ်သည်။ သမ္မာတရားကို အမှန်တကယ် နားလည်သောသူတို့အတွက် ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်ရုံမကဘဲ အရေးကြီးဆုံးမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့၏ အမှန်တကယ် နားလည်မှုကိုသာ ပြောဆိုကြရုံမကဘဲ ၎င်းတို့ပြောဆိုသည့်အရာကို အမှန်တကယ် လုပ်ဆောင်နိုင်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ အပြောနှင့် လုပ်ရပ်သည် လုံးဝ ကိုက်ညီသည်။ ၎င်းတို့ပြောသည့်အရာသည် ယုတ္တိရှိပြီး သဘောတူလက်ခံနိုင်သည့်အရာဖြစ်သော်လည်း ယင်းကို မလုပ်ဆောင်လျှင်၊ ယင်းအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိလျှင် ဤအခြင်းအရာတွင် ၎င်းတို့သည် ဖာရိရှဲများဖြစ်လာကြသည်။ ကြောင်သူတော်များဖြစ်သည်။ မိမိတို့ကိုယ်ကို အမှန်တကယ်သိသောသူများ လုံးဝမဟုတ်ပေ။ လူများစွာတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါတွင် ယုတ္တိရှိသည့်ပုံစံပေါ်သည်။ သို့သော် ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားကို ထုတ်ဖော်ပြမှုများ ၎င်းတို့တွင်ရှိသောအခါ သတိမမူမိကြပေ။ ဤလူတို့သည် မိမိတို့ကိုယ်ကိုသိသောသူများဖြစ်သလော။ လူတို့သည် မိမိတို့ကိုယ်ကိုမသိလျှင် ၎င်းတို့သည် သမ္မာတရားကို နားလည်သောသူများဖြစ်သလော။ မိမိကိုယ်ကိုမသိသူများအားလုံးသည် သမ္မာတရားကို နားမလည်သောသူများဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် သိမြင်ခြင်းနှင့်ပတ်သက်ပြီး အနှစ်မဲ့သောစကားများ ပြောသူတို့သည် ဝိညာဉ်ပကတိအတုအယောင်ဖြင့် လူလိမ်များတည်း။ လူအချို့သည် စကားများနှင့် အယူဝါဒများကို ပြောဆိုသည့်အခါတွင် အလွန်ပင် ယုတ္တိရှိသည့်ပုံစံရှိသည်။ သို့သော် ၎င်းတို့၏ ဝိညာဉ်များတွင်ရှိသော အခြေအနေသည် ထုံထိုင်းပြီး နှေးကွေးသည်။ သိမြင်နားလည်ခြင်းမရှိပေ။ မည်သည့်ပြဿနာကိုမျှ တုံ့ပြန်မှုမရှိပေ။ ၎င်းတို့သည် ထုံထိုင်းသည်ဟု ဆိုနိုင်သည်။ သို့သော် တစ်ခါတစ်ရံတွင် ၎င်းတို့ပြောဆိုသည်ကို နားထောင်သောအခါ ၎င်းတို့၏ ဝိညာဉ်သည် ထက်မြက်ပုံရသည်။ ဥပမာ ဖြစ်ရပ်တစ်ခုပြီးပြီးချင်းတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ချက်ချင်းသိနိုင်ကြသည်။ “အခုပဲ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်။ ဒါကိုစဉ်းစားကြည့်ပြီး အဲဒါက လှည့်ဖြားတတ်တယ်ဆိုတာ၊ ဘုရားကို ကျွန်တော်က လှည့်စားနေတာဆိုတာကို သဘောပေါက်သွားတယ်။” ဟူ၍ဖြစ်သည်။ အချို့သော ပိုင်းခြားသိမြင်ခြင်းမရှိသည့်လူများသည် ဤအရာကြားသောအခါ အားကျပြီး “ဒီလူက ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြတဲ့အခါမှာ ချက်ချင်း သတိထားမိတယ်။ ဒါကို ဖွင့်ပြောပြီး မိတ်သဟာယလည်းဖွဲ့နိုင်တယ်။ သူတို့ တုံ့ပြန်တာ အရမ်းမြန်တယ်။ သူတို့ဝိညာဉ်က ထက်မြက်တယ်။ ငါတို့ထက် အများကြီးပိုသာတယ်။ ဒါက တကယ်ကို သမ္မာတရားကို လိုက်စားတဲ့သူပဲ။” ဟူ၍ ပြောသည်။ ဤသည်မှာ လူတို့ကို တိုင်းတာရာတွင် တိကျသောနည်းလမ်းဖြစ်သလော။ (မဖြစ်ပါ။) ဤသို့ဆိုလျှင် လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်ခြင်းရှိမရှိကို အကဲဖြတ်ခြင်းအတွက် မည်သည့်အရာက အခြေခံအချက်ဖြစ်သင့်သနည်း။ ၎င်းတို့၏ နှုတ်မှ ထွက်လာသောအရာသာ မဖြစ်ရပေ။ ၎င်းတို့တွင် မည်သည့်အရာကို အမှန်တကယ် ဖော်ပြ နေသည်ကိုလည်း ကြည့်ရမည်။ အရိုးရှင်းဆုံးနည်းလမ်းမှာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကို ကြည့်ဖို့ရန်ဖြစ်သည်။ ဤသည်မှာ အရေးပါဆုံးဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့၏ အရည်အချင်းသည် ၎င်းတို့ မိမိတို့ကိုယ်ကို အမှန်တကယ်သိသည်ကို သက်သေပြသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်သောသူတို့သည် နောင်တရခြင်းကို ဖော်ပြသည်။ လူတို့က နောင်တရခြင်းကို ဖော်ပြမှသာ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်သည်။ ဥပမာ လူတစ်ဦးက မိမိ လှည့်ဖြားတတ်ကြောင်း၊ မိမိတွင် သိမ်ဖျင်းသော အကြံအစည်နှင့် လှည့်ကွက်များနှင့် ပြည့်ကြောင်း သိကောင်း သိနိုင်ပြီး အခြားသူများက လှည့်ဖြားခြင်းကို ထုတ်ဖော်ပြချိန်တွင်လည်း သတိပြုမိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ၎င်းတို့ အမှန်တကယ် နောင်တရပြီး မိမိတို့၏ လှည့်ဖြားမှုကို စွန့်ပစ်ခြင်း ရှိမရှိဆိုသည်ကို ကြည့်သင့်သည်။ လှည့်ဖြားမှုကို ၎င်းတို့ ထပ်မံ ထုတ်ဖော်ပြလျှင် ထိုသို့လုပ်ဆောင်ခြင်းအတွက် အပြစ်တင်မှုနှင့် အရှက်ရသည့် အသိစိတ် ခံစားရခြင်း ရှိမရှိ၊ ၎င်းတို့ အစစ်အမှန် နောင်တရခြင်း ရှိမရှိဆိုသည်ကို ကြည့်လော့။ နောင်တရဖို့မပြောနှင့် အရှက်ရသည့် အသိစိတ်မရှိပါက ၎င်းတို့၏ မိမိကိုယ်ကိုယ် သိခြင်းသည် သာမန်ကာလျှံကာ၊ ဖြစ်ကတတ်ဆန်း အရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ အသိသည် စစ်မှန်သော အသိမဟုတ်ပေ။ လှည့်ဖြားခြင်းသည် အလွန် မကောင်းသော အရာတစ်ခု ဖြစ်သည် သို့မဟုတ် ဆိုးယုတ်လှသည်ဟု ၎င်းတို့က မခံစားမိကြချေ။ လှည့်ဖြားခြင်းသည် အရှက်ကင်းမဲ့သော၊ ယုတ်မာသော အပြုအမူတစ်ခု ဖြစ်သည်ဟုလည်း အမှန်ပင် မထင်မြင်ကြပေ။ “လူများသည် လှည့်ဖြားတတ်သည်ချည်းသာ ဖြစ်သည်။ မလှည့်ဖြားတတ်သော လူများမှာ လူနုံလူအများ ဖြစ်သည်။ အနည်းငယ်မျှ လှည့်ဖြားခြင်းဖြင့် မကောင်းသော လူတစ်ယောက် မဖြစ်ပါ။ ကျွန်ုပ်သည် မကောင်းမှု မပြုလုပ်ခဲ့ပါ။ အပြင်လောကတွင် ကျွန်ုပ်သည် လှည့်ဖြားတတ်ဆုံးသောလူလည်း မဟုတ်ရပါ” ဟူ၍ ၎င်းတို့က တွေးကြ၏။ ထိုသို့သော လူတစ်ယောက်သည် မိမိကိုယ်မိမိ အမှန်တကယ် သိနိုင်သလော။ မသိနိုင်ဖို့သာ များပေသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် မိမိတို့၏ လှည့်ဖြားတတ်သော စိတ်သဘောထားနှင့်ပတ်သက်၍ မည်သည့်အသိမျှ မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လှည့်ဖြားခြင်းကို မရွံမုန်းကြပေ။ မိမိကိုယ်ကိုယ် သိခြင်းနှင့် ပတ်သက်၍ ၎င်းတို့ ပြောဆိုသမျှ အရာရာတိုင်းသည် ဟန်ဆောင်မှုနှင့် အနှစ်မဲ့သော စကားများသာ ဖြစ်၏။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသိအမှတ်မပြုခြင်းသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိခြင်း မဟုတ်ပေ။ လှည့်ဖြားတတ်သော လူများသည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် မသိနိုင်ကြသည့် အကြောင်းရင်းမှာ သမ္မာတရားကို လက်ခံခြင်းသည် ၎င်းတို့အတွက် လွယ်ကူသောအရာ မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် စကားများနှင့် အယူဝါဒများကို မည်မျှ စကားကြောရှည်နိုင်ကြသည်ဖြစ်စေ ၎င်းတို့ အမှန်တကယ် ပြောင်းလဲလိမ့်ကြမည် မဟုတ်ပေ။

လူတစ်ယောက်သည် သမ္မာတရားကို ချစ်ခြင်းရှိမရှိကို မည်သို့ ခွဲခြားသိမြင်နိုင်သနည်း။ တစ်ဖက်တွင် ဤလူသည် ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး မိမိကိုယ်မိမိ သိလာနိုင်ခြင်းရှိမရှိကို ကြည့်ရမည်။ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ပြီး အမှန်တကယ် နောင်တရနိုင်ခြင်းရှိမရှိကို ကြည့်ရမည်။ အခြားတစ်ဖက်တွင် ၎င်းသည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကို ကြည့်ရမည်။ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်လျှင် ၎င်းသည် သမ္မာတရားကို ချစ်သော ဘုရားသခင်၏အမှုကို ကျိုးနွံနာခံနိုင်သောသူဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အသိအမှတ်ပြုရုံသာရှိပြီး မည်သည့်အခါမျှ လက်မခံလျှင်၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်လျှင် “သမ္မာတရားအားလုံးကို နားလည်သည်။ သို့သော် လက်တွေ့မလုပ်ဆောင်နိုင်။” ဟု လူအချို့က ပြောသည့်အတိုင်းဆိုလျှင်၊ ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမဟုတ်သည်ကို သက်သေပြသည်။ လူအချို့က ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်းနှင့်၊ သူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြောင်း ဝန်ခံကြပြီး ၎င်းတို့သည် နောင်တရပြီး မိမိတို့ကိုယ်ကို အသစ်ဖြစ်ရန် လိုလားလျက်ရှိသည်ဟုလည်း ဆိုသည်။ သို့သော် ထို့နောက်တွင် လုံးဝ ပြောင်းလဲခြင်းမရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် ယခင်ကကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့သည် ကိုယ့်အကြောင်း ပြောသောအခါ ဟာသတစ်ခုကိုပြောသကဲ့သို့၊ သို့မဟုတ် ဆောင်ပုဒ်တစ်ခုကို ရွတ်သကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဆင်ခြင်သုံးသပ်ခြင်း၊ သို့မဟုတ် မိမိတို့ကိုယ်ကို သိမြင်လာခြင်း လုံးဝ မရှိကြပေ။ အဓိကပြဿနာမှာ ၎င်းတို့တွင် နောင်တရသည့် သဘောထားမရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စစ်မှန်စွာ ဆင်ခြင်သုံးသပ်ရန်အတွက် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ထိုထက် ၎င်းတို့သည် ထိုသို့လုပ်ဆောင်ရာတွင် အပေါ်ယံလုပ်ဆောင်ခြင်းအားဖြင့် မိမိတို့ကိုယ်ကို သိဟန်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်သော၊ သို့မဟုတ် သမ္မာတရားကို လက်ခံသောသူများမဟုတ်ပေ။ ဤလူတို့သည် မိမိတို့ကိုယ်ကို သိခြင်းအကြောင်း ပြောကြသောအခါ၊ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြသည်။ ၎င်းတို့သည် အယောင်ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ ဝိညာဉ်ရေးရာပြည့်ဝယောင် ဟန်ဆောင်ခြင်းတို့ကို ပါဝင်လုပ်ဆောင်ကြသည်။ လူအချို့သည် လှည့်စားတတ်ကြသည်။ အခြားလူများက သူတို့၏ မိမိကိုယ်ကို သိမြင်မှုကို မိတ်သဟာယဖွဲ့သည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့က “အခြားလူတိုင်းက ဖွင့်ပြောပြီး သူတို့၏ ကိုယ်ပိုင်လှည့်စားမှုကို စိတ်ဖြာလေ့လာဆွေးနွေးကြသည်။ ငါက တစ်ခုခုမပြောလျှင် ကိုယ့်ကိုယ်ကိုယ်မသိဟု လူတိုင်းက ထင်ကြမည်။ ဤသို့ဆိုလျှင် ဟန်ဆောင်လုပ်ပြရလိမ့်မည်” ဟူ၍ စဉ်းစားကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်လှည့်စားမှုကို ဇာတ်လမ်းဆန်ဆန်ပုံစံဖြင့် ဖော်ပြလျက် အလွန်အမင်း လေးနက်သည့်ပုံစံအဖြစ် ဖွဲ့နွဲ့ပြောဆိုကြသည်။ ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုသည် အထူးလေးနက်သိမ်မွေ့ပုံရသည်။ ကြားရသောသူတိုင်းက ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်သည်ဟု ခံစားရသည်၊ ထို့နောက် ချက်ချင်းပင် ၎င်းတို့ကို အားကျလျက်ကြည့်ရှုကြသောကြောင့်၊ ဂုဏ်ကျက်သရေရှိသကဲ့သို့၊ မိမိတို့ကိုယ်ကို ရောင်ခြည်တော်စက်ဝန်းဖြင့် ဆင်မြန်းပြီးသကဲ့သို့ ၎င်းတို့က ခံစားကြရသည်။ ဟန်ဆောင်လုပ်ပြခြင်းအပြင်၊ ၎င်းတို့၏ အယောင်ဆောင်မှုနှင့် လှည့်စားခြင်းတို့မှ ရရှိသော ဤမိမိကိုယ်ကိုသိသည့် ပုံစံသည် အခြားလူတို့ကို အထင်အမြင်မှားစေသည်။ ၎င်းတို့သည် ဤသို့လုပ်ဆောင်သောအခါ ၎င်းတို့အသိစိတ်က စိတ်သက်သာရာရနိုင်သလော။ ဤသည်မှာ ပြောင်ပြောင်တင်းတင်း လှည့်စားခြင်းမဟုတ်လော။ လူတို့သည် မိမိကိုယ်ကို သိခြင်းအကြောင်းကိုသာ အနှစ်မဲ့စွာ ပြောဆိုလျှင် ထိုအသိပညာက မည်မျှအဆင့်မြင့်နိုင်သည်ဖြစ်စေ သို့မဟုတ် ကောင်းမြတ်သည်ဖြစ်စေ၊ ၎င်းတို့သည် ပြောင်းလဲမှု တစ်ခုတလေ လုံးဝ မရှိဘဲ ယခင်က လုပ်ဆောင်သကဲ့သို့ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဆက်လက် ဖွင့်ပြဆဲဖြစ်လျှင်၊ ယင်းမှာ မိမိကိုယ်ကို အမှန်တကယ် သိမြင်ခြင်းမဟုတ်ပေ။ လူတို့သည် ဤနည်းဖြင့် တမင်သက်သက် ဟန်ဆောင်လှည့်စားနိုင်လျှင် ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံသည်ကို သက်သေပြပြီး ၎င်းတို့သည် ဘာသာမဲ့သူများကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုအကြောင်းကို ဤနည်းဖြင့် ပြောဆိုခြင်းအားဖြင့် ၎င်းတို့သည် ရေပန်းစားမှုနောက်လိုက်ပြီး လူတိုင်း၏ အကြိုက်နှင့်တူသောအရာမှန်သမျှကို ပြောခြင်းသာဖြစ်သည်။ ၎င်းတို့၏ အသိပညာနှင့် မိမိတို့ကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းသည် လှည့်စားမှုမဟုတ်သလော။ ဤသည်မှာ မိမိကိုယ်ကို အမှန်တကယ် သိမြင်ခြင်းလော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စိတ်နှလုံးမှ ဖွင့်ပြခြင်း၊ မိမိတို့ကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် အပေါ်ယံလုပ်ဆောင်ရန်အတွက် မဟုတ်မမှန်သော၊ လှည့်စားသောနည်းဖြင့် မိမိတို့ကိုယ်ကို သိမြင်ခြင်းအကြောင်းကို အနည်းငယ် ပြောဆိုနေခြင်းသာ ဖြစ်သောကြောင့်ဖြစ်သည်။ ပို၍ပင် ဆိုးသည်မှာ ၎င်းတို့ကို အခြားလူများက လေးစားအားကျလာစေဖို့ ပြုလုပ်ရန်အတွက် ၎င်းတို့သည် မိမိကိုယ်ကို သိမြင်မှုအကြောင်းဆွေးနွေးသည့်အခါတွင် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို ရောနှောလျက်၊ ၎င်းတို့၏ ပြဿနာများကို ပို၍လေးနက်သည့်ပုံစံထင်ရစေရန် တမင်သက်သက် ချဲ့ကားပြောဆိုကြသည်။ ၎င်းတို့သည် ဤသို့လုပ်ဆောင်သောအခါ အကြွေးတင်ရှိခြင်းကို မခံစားရပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုဟန်ဆောင်ပြီး လိမ်လည်မှုကို လုပ်ဆောင်ပြီးနောက်တွင် ၎င်းတို့၏ အသိစိတ်သည် အပြစ်တင်ခြင်း မရှိပေ။ ဘုရားသခင်ကို ပုန်ကန်ပြီး လှည့်စားပြီးနောက်တွင် ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရပေ။ ၎င်းတို့၏ အမှားကို ဝန်ခံရန် ဘုရားသခင်ကို ဆုမတောင်းပေ။ ဤသို့သောလူတို့သည် ခေါင်းမာသည်မဟုတ်လော။ ၎င်းတို့သည် အကြွေးတင်ရှိခြင်း မခံစားရပါက၊ ဝမ်းနည်းခြင်းကို တစ်ခါဖူးမျှ ခံစား၍ရနိုင်သလော။ အမှန်တကယ် နောင်တရခြင်းမရှိသောသူသည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ အမှန်တကယ် နောင်တရခြင်းမရှိသောသူသည် အမှန်တကယ် ဝန်ချနိုင်သလော။ သေချာပေါက် မဟုတ်ပေ။ ၎င်းတို့သည် နောင်တရခြင်းပင်မရှိလျှင် မိမိကိုယ်ကို သိမြင်ခြင်းအကြောင်းကို ပြောဆိုရန် အဓိပ္ပာယ် မဲ့သည်မဟုတ်လော။ ဤသည်မှာ အယောင်ဆောင်ပြီး လိမ်လည်ခြင်းသက်သက်မဟုတ်လော။ လူအချို့သည် လိမ်ညာလှည့်စားပြီးသည့်နောက်တွင် ယင်းကို သဘောပေါက်ကာ နောင်တရနိုင်ကြသည်။ ၎င်းတို့တွင် ရှက်စိတ်တစ်ခု ပိုင်ဆိုင်ကြသောကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုအား အခြားသူများထံ ပွင့်ပွင့်လင်းလင်း ဝန်ခံဖို့ရန် အခက်တွေ့ကြ၏။ သို့သော် ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းကာ၊ မိမိကိုယ်ကိုယ် ထုတ်ဖော်ပြနိုင်ကြသည်။ ၎င်းတို့သည် နောင်တရလိုစိတ် ရှိကြပြီး၊ နောက်ပိုင်းတွင် အမှန်တကယ် ပြောင်းလဲကြလေသည်။ ဤသည်မှာလည်း မိမိကိုယ်ကိုယ် သိသည့်အပြင် အမှန်တကယ် နောင်တရသော လူတစ်ယောက် ဖြစ်၏။ မိမိအနေဖြင့် လိမ်ညာလှည့်စားမိခဲ့ကြောင်းကို အခြားသူများထံ ဝန်ခံရဲလောက်အောင် သတ္တိရှိသော လူတစ်ဦးတစ်ယောက်၊ မိမိ၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများကို အသိအမှတ်ပြုကာ ဘုရားသခင်ထံတွင်လည်း ဆုတောင်းနိုင်၍ မိမိကိုယ်ကိုယ် ထုတ်ဖော်ပြနိုင်သော လူတစ်ဦးတစ်ယောက်သည် မိမိကိုယ်ကိုယ် သိနိုင်စွမ်း ရှိပြီး စစ်မှန်စွာ နောင်တရနိုင်စွမ်းရှိသူ ဖြစ်သည်။ အချိန်ကာလ တစ်ခုကြာ ဆုတောင်းကာ သမ္မာတရားကို ရှာဖွေပြီးသည့်နောက်တွင် ထိုသူတို့သည် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို တွေ့ရှိကာ ပြောင်းလဲမှုအချို့ကို ကြုံကြရသည်။ ရှိသမျှ လူတိုင်းတွင် တူညီသော သဘာဝအနှစ်သာရ ရှိကြပြီး၊ အားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြသော်လည်း၊ သမ္မာတရားကို လက်ခံနိုင်သော သူတို့သည် ကယ်တင်ခံရခြင်းဟူသော မျှော်လင့်ချက် ရှိကြ၏။ လူအချို့သည် ဘုရားသခင်ကို ယုံကြည်ပြီးသည့် နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတ်ရှုခြင်းကို ပျော်မွေ့ကာ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်းကို အာရုံစိုက်ကြသည်။ ၎င်းတို့သည် မိမိတို့ ဖောက်ပြန်ပျက်စီးခြင်း၏ ထုတ်ဖော်ပြမှုများကို မြင်ကြသည့်အခါ ဘုရားသခင်ကို ကျေးဇူးကြွေးတင်သည်ဟု ခံစားမိကြသည်။ ၎င်းတို့၏ လိမ်ညာ လှည့်စားမှု ပြဿနာကို ဖြေရှင်းရန်အတွက် ချုပ်ထိန်းခြင်း နည်းလမ်းများကိုလည်း မကြာခဏ ဖန်တီးယူကြသည်။ သို့ရာတွင် ၎င်းတို့သည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ၊ မကြာခဏ လိမ်ညာကာ လှည့်စားမိကြသေး၏။ စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဟူသည့် ပြဿနာမှာ ချုပ်ထိန်းခြင်းဖြင့် ဖြေရှင်းနိုင်သော အရာတစ်ခု မဟုတ်ကြောင်းကို ထိုအချိန်တွင် ၎င်းတို့ သဘောပေါက်လေသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိရန်အလို့ငှာ မိမိတို့၏ အခက်အခဲများကို ဘုရားသခင်ထံ ရှင်းပြခြင်း၊ အပြစ်ရှိသော သဘာဝနှင့် စာတန်၏စွမ်းအား ဟူသော အချုပ်အချယ်မှ ၎င်းတို့ကို ကယ်တင်ရန် ဘုရားသခင်အား တောင်းပန်ခြင်းဖြင့် ဆုတောင်းကြ၏။ အတန်ငယ်ကြာပြီးနောက်တွင် အကျိုးရလဒ်အချို့ ရှိလာမည် ဖြစ်သော်လည်း၊ ၎င်းတို့၏ လိမ်ညာလှည့်စားမှု ပြဿနာအတွက် အခြေခံကျသော ဖြေရှင်းချက်ဟူ၍ ရှိမလာချေ။ ထို့ကြောင့် စာတန်ဆန်သော စိတ်သဘောထားသည် ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်ထိုးဖောက်လျက် မိမိတို့၏ စိတ်နှလုံးတွင် ကာလကြာမြင့်စွာ အမြစ်တွယ်နေခဲ့ပြီ ဖြစ်ကြောင်းကို နောက်ဆုံး၌ ၎င်းတို့ သဘောပေါက်မိကြသည်။ လူသားသဘာဝသည် စာတန်ဆန်သော သဘာဝတစ်ခု ဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိခြင်းအားဖြင့်သာ လူတစ်ယောက်သည် စာတန်ဆန်သော စိတ်သဘောထား၏ အချုပ်အနှောင်နှင့် ကျေးကျွန်ဘဝမှ လွတ်မြောက်နိုင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့ကို အသိဉာဏ် ပွင့်လင်းစေပြီး ဦးဆောင်လမ်းပြသည့်အခါမှသာ၊ ၎င်းတို့သည် ၎င်းတို့ ဖောက်ပြန်ပျက်စီးမှု၏ အတိမ်အနက်ကို မြင်ကြပြီး ဖောက်ပြန်ပျက်စီးသော လူသားများသည် အမှန်ပင် စာတန်၏သားသမီးများ ဖြစ်ကြောင်း၊ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုသာ မရှိလျှင် လူတိုင်းသည် ဖျက်ဆီးခြင်းခံရလိမ့်မည် ဖြစ်ကြောင်းတို့ကိုလည်း အသိအမှတ်ပြုမိကြသည်။ ဘုရားသခင်အနေဖြင့် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့် လူများကို ကယ်တင်ခြင်းမှာ မည်မျှ လက်တွေ့ကျသည်ကို ထိုအချိန်မှသာ ၎င်းတို့ မြင်မိကြ၏။ ဤအရာကို တွေ့ကြုံပြီးသည့်နောက် ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ၎င်းတို့၏ စိတ်နှလုံးများမှ လက်ခံနိုင်ကြပြီး၊ ၎င်းတို့အတွင်း၌ စစ်မှန်သော နောင်တ စတင် ကြီးထွားလာသည်။ ယခုတွင် ၎င်းတို့သည်အမှန်ပင် အသိနိုးကြားခြင်း ရှိကြပြီး၊ မိမိကိုယ်ကိုယ်လည်း စတင် သိနားလည်ကြသည်။ စိတ်နှလုံးအတွင်း၌ အသိနိုးကြားခြင်း ကင်းမဲ့သော သူများမှာမူ ၎င်းတို့သည်လည်း အချို့သော ဝိညာဉ်ရေးရာ စကားများ၊ အချို့သော အသိစိတ်ဆိုင်ရာ စကားများကို ပြောကောင်းပြောဆိုနိုင်ကြပေမည်။ ဘာသာရေးကိုင်းရှိုင်းသည်ဆိုသော လူများ မကြာမကြာ ထပ်တလဲလဲ ပြောတတ်သည့် ပေါ်ပင်စကားလုံးများကို ရွတ်ဆိုပြရာ၌ ၎င်းတို့ အထူး ကျွမ်းကျင်ကြ၏။ ၎င်းတို့သည် အတော်ပင် စစ်မှန်သည်ဟုလည်း ထင်ရကာ၊ နားထောင်သူများအား မျက်ရည်များ ကျလောက်အောင်ပင် လှည့်စားကြသည်။ အကျိုးဆက်အဖြစ် လူတိုင်းက ၎င်းတို့ကို သဘောကျကာ အထင်ကြီးကြ၏။ ဤကဲ့သို့သော လူများ အများအပြား ရှိသလော။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ ဖာရိရှဲတစ်ယောက် မဟုတ်လော။ ထိုသို့သောလူများသည် အလှည့်ဖြားတတ်ဆုံး ဖြစ်၏။ သမ္မာတရားကို နားမလည်သော လူများသည် ဤကဲ့သို့သော လူတစ်ယောက်နှင့် ပထမဆုံး တွေ့ဆုံမိသည့်အခါ ထိုသူအား အလွန် ဝိညာဉ်ရေးရာဆန်သည်ဟု ထင်ကောင်းထင်မိနိုင်၏။ ထို့ကြောင့် ၎င်းတို့က ထိုသူကို ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ကြ၏။ အကျိုးဆက်မှာမူ ထိုသူသည် တစ်နှစ်မပြည့်မီတွင် ဤချင့်ချိန်နိုင်စွမ်း မရှိသော လူများအားလုံးကို သူ့ဘက်သို့ ရောက်ရှိစေပြီး ဖြစ်သည်။ ၎င်းတို့သည် ထိုသူ၏ပတ်လည်တွင် ဝိုင်းအုံကြ၍ ၎င်းတို့၏ ထောက်ခံမှုနှင့် တန်ဖိုးထားမှုကို ပြသကြ၏။ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတိုင်း ထိုသူထံမှ လမ်းညွှန်မှု တောင်းခံကြပြီး၊ ထိုသူ၏ပြောဆိုပုံ လေသံကိုပင် အတုခိုးကြလေသည်။ ထိုသူနောက်သို့ လိုက်ကြသူများသည် စကားများနှင့် အယူဝါဒများအကြောင်း စကားကြောရှည်နည်းကို သင်ယူမိကြ၏၊ လူများနှင့် ဘုရားသခင်ကို လှည့်စားတတ်ရန် သင်ယူကြ၏။ သို့သော် အကျိုးဆက်အနေဖြင့်စမ်းသပ်မှုများ အမှန်တကယ် ရောက်လာသောအခါ ၎င်းတို့အားလုံးသည် အပျက်သဘောဆောင်ကာ အားနည်းသွားကြလေသည်။ ၎င်းတို့သည် စိတ်နှလုံးများထဲတွင် မကျေမနပ် ပြောဆိုကြပြီး ဘုရားသခင်ကို သံသယရှိကြသည်။ ယုံကြည်ခြင်းကိုလည်း အနည်းငယ်မျှ ပြသခြင်း မရှိကြပေ။ ဤသည်မှာ လူပုဂ္ဂိုလ်တစ်ယောက်နောက်သို့ လိုက်ကာ ကိုးကွယ်ခြင်း၏ အကျိုးဆက် ဖြစ်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ဝိညာဉ်ရေးရာ အယူဝါဒများစွာကို ပြောဆိုနိုင်သော်လည်း၊ ၎င်းတို့တွင် မည်သည့် သမ္မာတရားစစ်မှန်မှုမျှ မရှိချေ။ ၎င်းတို့အားလုံးသည် သူတော်ကောင်း အယောင်ဆောင်သည့် ဖာရိရှဲတစ်ယောက်၏ ဆွဲဆောင်ခြင်းကို ခံရကာ အထင်အမြင်မှားခဲ့ကြခြင်း ဖြစ်သည်။ မချင့်ချိန်နိုင်သော သူများအနေဖြင့် လှည့်စားခံရကာ မှားယွင်းသော လမ်းကြောင်းကို လျှောက်မိရန် လွယ်ကူသည် မဟုတ်လော။ မချင့်ချိန်နိုင်သော လူများသည် နားဝေတိမ်တောင်ဖြစ်ကြ၏၊ ၎င်းတို့အားလုံးသည် အလွန် လွယ်ကူစွာ အထင်အမြင်မှားစေခြင်း ခံရကြသည်။

ချင့်ချိန်နိုင်စွမ်းကို သင်ယူရန်အတွက် လူတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင် ပြဿနာများကို ဆင်ခြင်သုံးသပ်ပြီး ခွဲခြားသိမြင်တတ်ရန် ပထမဦးစွာ သင်ယူရပေမည်။ လူတိုင်းတွင် မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှု ရှိကြ၏၊ အာဏာ အနည်းငယ်မျှရှိခြင်းသည်ပင် ထင်ရာမြင်ရာ လုပ်ဆောင်စေနိုင်သည်။ ဤသည်မှာ လူအများ မြင်တွေ့နေကျ မကြာခဏ ဖြစ်ပျက်သည့် အရာတစ်ခု ဖြစ်ပြီး၊ ယင်းကိုလည်း ချက်ချင်း မြင်နိုင်ကြသည်။ သို့သော် သတိပြုမိရန် မလွယ်လွန်းသည့်၊ သို့မဟုတ် လူများအနေဖြင့် အရေးစိုက်မှု နည်းကြသည့်၊ မိမိတွင်ဖြစ်စေ အခြားသူများတွင်ဖြစ်စေ သတိပြုမိရန် ခက်ခဲသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အဘယ်နည်း။ (ကျွန်ုပ်သည် လှည့်ဖြားခြင်းကို စိတ်အနှောင့်အယှက် မဖြစ်ပါ။) လှည့်ဖြားခြင်းကို အမှုမထားခြင်း ဖြစ်၏၊ အခြားမည်သည့်အရာ ရှိသေးသနည်း။ (တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ကောင်းခြင်း ဖြစ်ပါသည်။) တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ကောင်းခြင်းပေတည်း။ ဥပမာအားဖြင့် မိမိဘာသာ တစ်စုံတစ်ခု ပြုလုပ်၍၊ ယင်းကို အခြားသူများအား စာနာထောက်ထားသောကြောင့် ပြုလုပ်နေပါသည်ဟု ပြောဆိုကြသော လူအချို့ ရှိကြသည်။ လူတိုင်း၏ထောက်ခံမှုကို ရရှိရန်အတွက် ဤအဆိုကို ဆင်ခြေတစ်ခုအဖြစ် သုံးနေခြင်းဖြစ်သည်။ သို့သော် အမှန်အားဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဒုက္ခမရောက်စေရန်အတွက် ယင်းကို ပြုလုပ်ခြင်းဖြစ်သည်။ အခြားသူများ သတိမမူမိသော၊ သတိပြုမိရန် ခက်ခဲသော ရည်ရွယ်ချက်တစ်ခု ဖြစ်၏။ သတိပြုမိရန် အခက်ခဲဆုံး ဖြစ်သည့် အခြား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အဘယ်နည်း။ (သူတော်ကောင်းဟန်ဆောင်ခြင်း ဖြစ်ပါသည်။) တစ်နည်းဆိုရသော် အပြင်ပန်းတွင် လူကောင်းတစ်ယောက် ဖြစ်သည်ဟု ထင်ရပြီး၊ ချီးမွမ်းမှုရရန်အတွက် လူသား အယူအဆများနှင့် ကိုက်ညီသော အရာအချို့ကို ပြုလုပ်၏။ သို့သော် စိတ်အတွင်း၌မူ စာတန်ဆန်သော အတွေးအခေါ်တစ်ခုနှင့် လျှို့ဝှက်ထားသော ရည်ရွယ်ချက်များကို ဖုံးကွယ်ထားလေသည်။ ဤသည်မှာ လှည့်ဖြားတတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤအရာသည် ခွဲခြားသိမြင်ရန် လွယ်ကူသလော။ အစွမ်းအစ နည်းပါးသော လူများနှင့် သမ္မာတရားကို နားမလည်သော လူများသည် အမှုအရာများကို မရိပ်စားမိနိုင်ကြပေ။ ၎င်းတို့သည် အထူးသဖြင့် ဤလူစားမျိုးကို မခွဲခြားနိုင်ကြချေ။ ပြဿနာတစ်ခုကို ဖြေရှင်းနေသည့်အခါတွင် ယင်းကိစ္စကို နားလည်သဘောပေါက်ထားပြီးသကဲ့သို့၊ ရှင်းလင်းပြတ်သားစွာ၊ ယုတ္တိရှိစွာဖြင့် ပြောဆိုတတ်ကြသည့် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ ရှိကြသည်။ သို့ရာတွင် ၎င်းတို့ ပြောဆိုမှု ပြီးစီးသည့်အချိန်၌ ပြဿနာမှာ မပြေလည်သေးဘဲ ရှိနေလေသည်။ ပြဿနာမှာ ပြီးပြတ်သွားပြီဟူ၍ သင့်အနေဖြင့် တလွဲ ယုံကြည်အောင်ပင် ၎င်းတို့က ပြုလုပ်ကြသည်။ ဤသည်မှာ လူများကို အထင်အမြင်မှားစေခြင်းနှင့် လှည့်စားခြင်း မဟုတ်လော။ မိမိတာဝန်ကို ထမ်းဆောင်နေသည့် အချိန်တွင် အမှန်တကယ် မလုပ်ဆောင်သော သူများ၊ အနှစ်သာရမဲ့ပြီး ကွန့်လွန်းသော စကားများကို ဒလဟော ပြောဆိုတတ်သည့် သူများမှာ သူတော်ကောင်း အယောင်ဆောင်သူများချည်းသာ ဖြစ်သည်။ ၎င်းတို့သည် လွန်စွာ ကောက်ကျစ် စဉ်းလဲကြ၏။ ဤလူစားမျိုးနှင့် အချိန်ကြာမြင့်စွာ တွေ့ဆုံပေါင်းသင်းပြီးသည့်နောက်တွင် သင်တို့သည် ၎င်းတို့ကို ခွဲခြားသိမြင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးခဲ့သည့်နောက်တွင် အဘယ်ကြောင့် မပြောင်းလဲကြသနည်း။ အရင်းခံ အကြောင်းတရားမှာ အဘယ်နည်း။ အတိအကျဆိုရသော် ၎င်းတို့အားလုံးသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော လူများဖြစ်၏၊ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားကို လက်ခံချင်စိတ် မရှိကြပေ။ ၎င်းတို့သည် စာတန်၏အတွေးအခေါ်ဖြင့် အသက်ရှင်ရန် ပို၍ နှစ်သက်ကြသည်။ ဤသည်မှာ ၎င်းတို့ကို ဆိုးကျိုး မဖြစ်စေရုံမက၊ ၎င်းတို့အား ထူးချွန်ပြောင်မြောက်သည်၊ ဆွဲဆောင်မှုရှိသည်ဟု ထင်ရစေသည်၊ ယင်းကြောင့် အခြားသူများကလည်း ၎င်းတို့ကို လေးစားအားကျကြသည်ဟူ၍ ယူဆကြ၏။ ဤသို့သော လူများသည် မရိုးမသား၊ လှည့်ဖြားတတ်ကြသည် မဟုတ်လော။ ၎င်းတို့သည် သမ္မာတရားအား လက်ခံမည့်အတူတူ အသေခံကြမည်သာ ဖြစ်သည်။ ဤသို့သော လူတစ်ယောက်သည် ကယ်တင်ခြင်း ခံရနိုင်သလော။ လူအချို့သည် ပြုပြင်ခြင်းကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့၏ မကောင်းသောလုပ်ရပ်ကို နှုတ်ဖြင့် ဝန်ခံနိုင်ကြသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများအတွင်းတွင်မူ “သင် ပြောနေသည်များက မှန်ကန်နေသည့်တိုင် ကျွန်ုပ်သည် လက်ခံမည်မဟုတ်။ ကျွန်ုပ်သည် သင့်အား အဆုံးထိ တွန်းလှန်သွားမည်” ဟူ၍ အာခံကြသည်။ ၎င်းတို့သည် မိမိကိုယ်မိမိ အတော်ပီပြင်စွာ ဟန်ဆောင်ဖုံးကွယ်ကြပေသည်၊ လက်ခံသည်ဟု ပြောဆိုသော်လည်း ၎င်းတို့၏စိတ်နှလုံးတွင် လက်မခံကြချေ။ ဤသည်မှာလည်း သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထားတစ်ခု ဖြစ်၏။ သတိပြုမြင်မိရန် ခက်ခဲသည့် အခြားဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အဘယ်နည်း။ စိတ်နှလုံးခိုင်မာခြင်းသည် သတိပြုမိရန် ခက်ခဲသည် မဟုတ်လော။ စိတ်နှလုံးခိုင်မာခြင်းသည်လည်း အတော်ပင် ဖုံးကွယ်နေသည့် စိတ်သဘောထားပုံစံတစ်ခု ဖြစ်သည်။ ယင်းမှာ လူတစ်ယောက်၏ ကိုယ်ပိုင်အမြင်များတွင် မလျှော့တမ်း ခေါင်းမာခြင်းနှင့် သမ္မာတရားအား လက်ခံရာတွင် ခက်ခဲခြင်းတို့အဖြစ် မကြာခဏ ပေါ်လာတတ်၏။ အခြားသူများက သမ္မာတရားနှင့်အညီ မည်သို့ ပြောဆိုသည်ဖြစ်စေ၊ စိတ်နှလုံးခိုင်မာသော ပုဂ္ဂိုလ်မှာ ၎င်း၏ ကိုယ်ပိုင်ပြုမူပုံများကို ဖက်တွယ်နေဆဲ ဖြစ်သည်။ စိတ်နှလုံးခိုင်မာသော စိတ်သဘောထားတစ်ခု ရှိသည့် လူတစ်ယောက်သည် သမ္မာတရားကို လက်ခံနိုင်ခြေအနည်းဆုံး ဖြစ်သည်။ သမ္မာတရားကို လက်မခံသော လူများသည် ဤစိတ်နှလုံးခိုင်မာသော စိတ်သဘောထားမျိုးကို ၎င်းတို့၏အတွင်း၌ မကြာခဏ ဖုံးကွယ်ကြ၏။ လူများသည် ၎င်းတို့၏အတွင်းတွင် တစ်စုံတစ်ခုကို ခေါင်းမာစွာဖြင့် ဖက်တွယ်ကြသည့်အခါ၊ သို့မဟုတ် ၎င်းတို့၏ နှလုံးသွင်းအရဖြစ်သော ဆန္ဒများကို မလျှော့တမ်း လုပ်တတ်သော သဘောထားတစ်ခု ရှိကြသည့်အခါ၊ သတိပြုမိရန် ခက်ခဲပေသည်။ မည်သည်များ ကျန်သေးသနည်း။ သမ္မာတရားကို မချစ်ခင်ခြင်းနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းတို့သည် သတိပြုမိရန် ခက်ခဲ၏။ ရက်စက်ယုတ်မာမှုသည် သတိပြုမိရန် ခက်ခဲ၏။ သတိပြုမိရန် အလွယ်ကူဆုံးမှာ မာနထောင်လွှားမှုနှင့် လှည့်ဖြားတတ်ခြင်းတို့ ဖြစ်သည်။ သို့သော် ကျန်အရာများဖြစ်သည့် စိတ်နှလုံးခိုင်မာခြင်း၊ သမ္မာတရားကို မနှစ်မြို့ခြင်း၊ ရက်စက်ယုတ်မာခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်းတို့မှာ သတိပြုမိရန် ခက်ခဲကြသည်သာ ဖြစ်သည်။ သတိပြုမိရန် အခက်ခဲဆုံးမှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ လူသား၏သဘာဝ ဖြစ်လာခဲ့သည့်အပြင်၊ လူများက ယင်းကို စတင် အမွှမ်းတင်လာကြသောကြောင့် ဖြစ်သည်။ ထို့အပြင် ကောက်ကျစ်ဆိုးယုတ်မှုကို ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်သည်ဟု မြင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား တစ်ခုသည် စိတ်နှလုံးခိုင်မာသော စိတ်သဘောထား တစ်ခုထက် သတိပြုမိရန် ပို၍ပင် ခက်ခဲလေသည်။ “အဘယ်ကြောင့် သတိပြုမိရန် မလွယ်ကူနိုင်ရသနည်း။ လူများတွင် ဆိုးယုတ်သော အလိုဆန္ဒများ ရှိကြသည်သာ ဖြစ်သည်။ ယင်းသည် ကောက်ကျစ်ဆိုးယုတ်မှု မဟုတ်လော” ဟု လူအချို့က ဆိုကြသည်။ ယင်းမှာ အပေါ်ယံသာ ဖြစ်၏။ အမှန်တကယ် ဆိုးယုတ်ခြင်းသည် အဘယ်နည်း။ မည်သည့်အခြေအနေများသည် ထင်ရှားသည့်အခါ ဆိုးယုတ်ခြင်းဖြစ်သနည်း။ လူတို့သည် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင်ရှိသော ဆိုးယုတ်မှုနှင့် ရှက်ဖွယ် ရည်ရွယ်ချက်များကို ဖုံးကွယ်ရန် ကြီးကျယ်သော စကားများကို အသုံးပြုပြီး ထို့နောက်တွင် ဤစကားများသည် အလွန်ကောင်းသည်၊ ရိုးသားသည်၊ သဘာဝကျသည်ဟု အခြားလူများအား ယုံကြည်အောင်ပြုလုပ်ပြီး အဆုံးတွင် ၎င်းတို့၏ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကို ရရှိခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သလော။ ဤအရာကို အဘယ်ကြောင့် ဆိုးယုတ်ခြင်းဟု ခေါ်ဆိုပြီး လှည့်စားခြင်းဟု မခေါ်ဆိုသနည်း။ စိတ်သဘောထား၊ အနှစ်သာရနှင့် ပတ်သက်လျှင် လှည့်စားမှုသည် သိပ်မဆိုးပေ။ ဆိုးယုတ်ခြင်းသည် လှည့်စားခြင်းထက်ပို၍ ဆိုးရွားသည်။ ယင်းသည် လှည့်စားမှုထက် ပို၍ မသိမသာ ထိခိုက်စေတတ်ပြီး ဆိုးရွားသည်။ သာမန်လူအတွက် ယင်းကို ရိပ်စားမိရန် ခက်ခဲသည်။ ဥပမာ ဧဝကို သွေးဆောင်ရန်အတွက် မြွေက မည်သို့သောစကားမျိုးကို အသုံးပြုသနည်း။ မှန်ကန်ပြီး သင့်ကောင်းကျိုးအတွက် ပြောသည့်ပုံစံရှိသော၊ ဟုတ်မှန်သယောင်ရှိသော်လည်း မှားယွင်းနေသော စကားများဖြစ်သည်။ ဤစကားများတွင် တစ်ခုခုမှားနေသည်ကို၊ သို့မဟုတ် ဤစကားများနောက်ကွယ်ရှိ ထိခိုက်စေလိုသော ရည်ရွယ်ချက်တစ်ခုခုကို သင် သတိမထားမိပေ။ တစ်ချိန်တည်းတွင် သင်သည် စာတန်က ပေးသည့် ဤအကြံများကို လက်မလွှတ်နိုင်ပေ။ ဤသည်မှာ စုံစမ်းသွေးဆောင်ခြင်းဖြစ်သည်။ သင်သည် စုံစမ်းသွေးဆောင်ခံရပြီး ဤစကားမျိုးတို့ကို နားထောင်သောအခါ သင်သည် မထိန်းနိုင်ဘဲ ဖြားယောင်းခံရပြီး ထောင်ချောက်ထဲသို့ ကျကာ ဤသို့အားဖြင့် စာတန်၏ ပန်းတိုင် အောင်မြင်ဖို့ ဖြစ်နိုင်ခြေများသည်။ ဤသည်မှာ ဆိုးယုတ်ခြင်းဟု ခေါ်သည်။ မြွေသည် ဧဝကို ဖြားယောင်းရန်အတွက် ဤနည်းကို အသုံးပြုသည်။ ဤသည်မှာ စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သလော။ (ဖြစ်သည်။) ဤ စိတ်သဘောထားအမျိုးအစားက မည်သည့်နေရာမှ လာသနည်း။ မြွေထံမှ၊ စာတန်ထံမှ လာသည်။ ဤဆိုးယုတ်သော စိတ်သဘောထားအမျိုးအစားသည် လူသား၏ သဘာဝအတွင်းတွင် တည်ရှိသည်။ ဤကောက်ကျစ်ဆိုးယုတ်မှုသည် လူများ၏ ဆိုးယုတ်သော တပ်မက်မှုများနှင့် ကွဲပြားသည် မဟုတ်လော။ ဆိုးယုတ်သော တပ်မက်မှုများသည် မည်သို့ ဖြစ်ပေါ်သနည်း။ ယင်းမှာ လူ့ဇာတိနှင့် သက်ဆိုင်လေသည်။ အမှန်တကယ် ကောက်ကျစ်ဆိုးယုတ်မှုသည် နက်ရှိုင်းစွာ ပုန်းကွယ်နေသော စိတ်သဘောထား ပုံစံတစ်ခု ဖြစ်၏၊ သမ္မာတရားကို တွေ့ကြုံခြင်း သို့မဟုတ် နားလည်ခြင်း မရှိသည့် လူများအနေဖြင့် ယင်းကို လုံးလုံး ခွဲခြား မသိမြင်နိုင်ကြပေ။ ထို့ကြောင့် လူသား၏ စိတ်သဘောထားများထဲတွင် ယင်းသည် သတိပြုမိရန် အခက်ခဲဆုံး ဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုသည် မည်သည့် လူစားမျိုးတွင် အပြင်းထန်ဆုံး ဖြစ်သနည်း။ အခြားသူများအပေါ် အမြတ်ထုတ်ရသည်ကို နှစ်သက်သော သူများတွင် ဖြစ်သည်။ ၎င်းတို့သည် ကြိုးကိုင် ညွှန်ကြားခြင်းတွင် အလွန် တော်သည်ဖြစ်ရာ၊ ၎င်းတို့ ကြိုးကိုင် ညွှန်ကြားသော လူများသည် နောက်ပိုင်း၌ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သိပင်မသိကြချေ။ ဤလူစားမျိုးသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိလေသည်။ လှည့်ဖြားတတ်ခြင်းကို အခြေပြုထားသည့် ကောက်ကျစ်ဆိုးယုတ်သူများသည် ၎င်းတို့၏ လှည့်ဖြားခြင်းကို ဖုံးဖိရန်၊ ၎င်းတို့၏အပြစ်များကို ဖုံးကွယ်ရန်၊ ၎င်းတို့၏ လျှို့ဝှက်သော ရည်ရွယ်ချက်များ၊ ပန်းတိုင်များနှင့် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကိုလည်း ကွယ်ဝှက်ရန် အခြားနည်းလမ်းများကို အသုံးပြုကြ၏။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်ပေသည်။ ထို့အပြင် ၎င်းတို့သည် စုံစမ်းသွေးဆောင်ရန်၊ ဆွဲဆောင် ဖြားယောင်းရန်အတွက် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုကြလိမ့်မည်။ ၎င်းတို့၏ ရည်မှန်းချက်များ စွမ်းဆောင်ရရှိရန် သင့်အား ၎င်းတို့၏ ဆန္ဒများနောက် လိုက်စေကာ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းစေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်းများသာ ဖြစ်၏။ ဤသည်မှာ အမှန်တကယ် စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်၏။ သင်တို့ထံတွင် ဤအပြုအမူများ တစ်ခုတလေ ဖြစ်ပေါ်ခဲ့ကြသလော။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု၏ မည်သည့် လက္ခဏာ သွင်ပြင်များမှာ သင်တို့တွင် ပို၍ ဖြစ်ပေါ်ခဲ့သနည်း။ စုံစမ်း သွေးဆောင်ခြင်း၊ ဆွဲဆောင် သိမ်းသွင်းခြင်းလော၊ သို့မဟုတ် အခြားမုသားများကို ဖုံးဖိရန် မုသားများ သုံးခြင်းလော။ (ကျွန်ုပ်သည် ယင်းတို့အားလုံးကို အနည်းငယ် လုပ်ချင်မိပါသည်။) သင်သည် ယင်းတို့ အားလုံးကို အနည်းငယ် လုပ်ချင်မိ၏။ တစ်နည်းဆိုရသော် စိတ်ခံစားမှုဆိုင်ရာ အဆင့်တစ်ခုတွင် သင်သည် ဤ အပြုအမူများကို ပြသမိခြင်း ရှိခဲ့သလို၊ မပြသခြင်းလည်း ရှိခဲ့သည်ဟု စိတ်အထင်ရောက်၏။ သင်သည် မည်သည့် သက်သေ အထောက်အထားကိုမျှ စဉ်းစားမရနိုင်ချေ။ သို့ဖြစ်လျှင် သင်၏ နေ့စဉ်ဘဝ၌ သင်သည် တစ်စုံတစ်ခုကို ရင်ဆိုင်ရသည့်အခါ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုအား ထုတ်ဖော်ခြင်း ရှိမရှိကို သတိပြုမိသလော။ အမှန်တွင် ဤအရာများသည် လူတိုင်း၏ စိတ်သဘောထားအတွင်းတွင် တည်ရှိကြသည်။ ဥပမာအားဖြင့် သင် နားမလည်သော အရာတစ်ခု ရှိသော်လည်း၊ သင်က မိမိ နားမလည်သည်ကို အခြားသူများအား မသိစေချင်ပေ။ ထို့ကြောင့် သင် နားလည်သည်ဟု ၎င်းတို့ အထင်အမြင်မှားစေရန် သင်သည် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြု၏။ ဤသည်မှာ လိမ်လည်မှု ဖြစ်သည်။ ဤလိမ်လည်မှုမျိုးသည် ကောက်ကျစ်ဆိုးယုတ်မှု၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ စုံစမ်းသွေးဆောင်ခြင်းနှင့် ဆွဲဆောင်ဖြားယောင်းခြင်းတို့လည်း ရှိသေးသည်၊ ဤသည်တို့မှာ ကောက်ကျစ်ဆိုးယုတ်မှု၏ သရုပ်သကန်များချည်းသာ ဖြစ်ကြ၏။ သင်တို့သည် အခြားသူများကို မကြာခဏ စုံစမ်းသွေးဆောင်ကြသလော။ သင်သည် မိတ်သဟာယဖွဲ့ချင်လျက် တစ်စုံတစ်ယောက်အား နားလည်ရန် တရားဝင် ကြိုးစားနေပြီး ယင်းမှာ သင်၏အလုပ်အတွက် လိုအပ်ပြီး မှန်ကန်သော အပြန်အလှန် ပြောဆိုမှုတစ်ခုလည်း ဖြစ်သည်ဆိုလျှင်၊ ဤသည်ကို စုံစမ်းသွေးဆောင်ခြင်းအဖြစ် ယူဆ၍မရပေ။ သို့သော် သင့်ထံတွင် ပုဂ္ဂိုလ်ရေး ကြံရွယ်ချက်ရှိပြီး သင်သည် ဤလူပုဂ္ဂိုလ်၏ စိတ်သဘောထား၊ လိုက်စားမှုများနှင့် အသိပညာကို အမှန်တကယ် နားလည်ချင်သည် မဟုတ်ဘဲ၊ ထိုသူ၏ အတွင်းကျကျ အတွေးများနှင့် အစစ်အမှန် ခံစားချက်များကိုသာ နှိုက်ယူချင်သည်ဆိုလျှင်၊ ဤသည်ကို ကောက်ကျစ် ဆိုးယုတ်မှု၊ စုံစမ်းသွေးဆောင်မှုနှင့်ဆွဲဆောင် ဖြားယောင်းမှုဟု ခေါ်ပေသည်။ သင်သည် ဤအတိုင်း လုပ်ဆောင်သည်ဆိုလျှင်၊ သင့်ထံ၌ ကောက်ကျစ် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိ၏။ ဤသည်မှာ ပုန်းကွယ်နေသော အရာတစ်ခု မဟုတ်လော။ ဤစိတ်သဘောထားမျိုးသည် ပြောင်းလဲရန် လွယ်ကူသလော။ သင့်စိတ်သဘောထား၏ သွင်ပြင်လက္ခဏာတစ်ခုစီတွင် မည်သည့် သရုပ်သကန်များ ရှိသည်၊ သွင်ပြင်လက္ခဏာ တစ်ခုချင်းစီက မည်သည့် အခြေအနေများအား မကြာခဏ ဖြစ်ပေါ်စေသည်ဆိုသည်တို့ကို သင်က ခွဲခြားသိမြင်နိုင်ပြီး၊ သင့်ကိုယ်သင် ဤအရာများနှင့် စပ်ဟပ်ကြည့်နိုင်သည်ဆိုလျှင်၊ ဤစိတ်သဘောထားမျိုးမှာ မည်မျှ ဆိုးဝါး၍ ကြောက်စရာကောင်းလှကြောင်း ခံစားမိနေသည်ဆိုလျှင်၊ သင်သည် ဤကိစ္စနှင့်ပတ်သက်၍ ပြောင်းလဲရန် တာဝန်ရှိသည်ဟု ခံစားမိလာလိမ့်မည်။ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငတ်မွတ်ခြင်းဖြစ်လာနိုင်ပြီး၊ သမ္မာတရားကိုလည်း လက်ခံနိုင်လာလိမ့်မည်။ ယင်းမှာ သင့်အနေဖြင့် ပြောင်းလဲနိုင်ပြီး ကယ်တင်ခြင်းကို ရရှိနိုင်သည့်အချိန်ပင် ဖြစ်သည်။ သို့သော် ထိုအရာများကို စပ်ဟပ်ကြည့်ပြီးသည့်နောက် သင်သည် နောင်တရဖို့ရန် ဝေးစွ၊ သမ္မာတရားကိုပင် ငတ်မွတ်ခြင်း မရှိသေးဘဲ၊ အကြွေးတင်ရှိခြင်း သို့မဟုတ် စွပ်စွဲခံရခြင်း မရှိ၊ သမ္မာတရားကို ချစ်ခင်ခြင်းလည်း မရှိလျှင်၊ သင့်အနေဖြင့် ပြောင်းလဲရန် ခက်ခဲပေလိမ့်မည်။ ထို့ပြင် နားလည် သဘောပေါက်ခြင်းမှာ အထောက်အကူ ဖြစ်လိမ့်မည် မဟုတ်၊ အဘယ်ကြောင့်ဆိုသော် သင်တို့ နားလည်ထားခဲ့သမျှ အားလုံးသည် အယူဝါဒမျှသာ ဖြစ်၏။ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာပင် ဖြစ်စေ၊ သင်၏ နားလည်သဘောပေါက်မှုမှာ အယူဝါဒအဆင့်တွင် ရပ်တန့်၍ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း၊ ဝင်ရောက်ခြင်းတို့နှင့် ချိတ်ဆက်ခြင်းမရှိလျှင်၊ သင် နားလည်သော အယူဝါဒသည် မည်သို့မျှ အသုံးဝင်လိမ့်မည် မဟုတ်ပေ။ သင်သည် သမ္မာတရားကို နားမလည်လျှင်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုမည် မဟုတ်ဘဲ၊ ဘုရားသခင်ထံ နောင်တရကာ အပြစ်ဝန်ခံလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို အကြွေးတင်ရှိသည်ဟု ခံစားမိမည် မဟုတ်ဘဲ၊ သင့်ကိုယ်သင်လည်း မုန်းတီးလိမ့်မည် မဟုတ်။ ထို့ကြောင့် သင်သည် ကယ်တင်ခြင်းခံရရန် အခွင့်အလမ်း သုညသာ ရှိလိမ့်မည်။ အကယ်၍ သင်သည် မိမိ၏ ပြဿနာများ မည်မျှ ဆိုးဝါးလွန်းသည်ကို အသိအမှတ်ပြုသော်လည်း၊ စိတ်အတွင်း၌ မထုံတက်သေး၊ မတုန်မလှုပ် ဖြစ်နေသေးခြင်း၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင် ဆုံးမခြင်းကို လက်မခံခြင်း၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် ကိုယ်တော့်အား ဆုမတောင်းခြင်း သို့မဟုတ် အားမကိုးခြင်းတို့ဖြင့် သင်သည် အရေးမစိုက်၊ မိမိကိုယ်မိမိလည်း မမုန်းတီးလျှင်၊ သင်သည် ကြီးစွာ အန္တရာယ်ရှိလေပြီ။ ကယ်တင်ခြင်းကိုလည်း ရရှိလိမ့်မည် မဟုတ်ချေ။

ကယ်တင်ခြင်းခံရရန်အတွက် သတ်မှတ်ချက်များမှာ မည်သို့နည်း။ ပထမဦးစွာ သမ္မာတရားကို နားလည်ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို စိတ်အားထက်သန်စွာ လက်ခံရမည်ဖြစ်သည်။ ထို့ပြင် ပူးပေါင်း လုပ်ဆောင်ရန်အတွက် ပြင်းပြသည့်ဆန္ဒ ရှိရမည်၊ မိမိကိုယ်မိမိ ဆန့်ကျင်တွန်းလှန်နိုင်စွမ်းနှင့် မိမိ၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို စွန့်လွှတ်ချင်စိတ်လည်း ရှိရမည်။ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများတွင် မည်သည်တို့ ပါဝင်သနည်း။ သိက္ခာ၊ အဆင့်အတန်း၊ ပကာသန၊ ကိုယ်ပိုင် အကျိုးစီးပွားများ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများအပြင် လူတစ်ယောက်၏ ကိုယ်ပိုင်အစီအစဉ်များ၊ လိုအင်ဆန္ဒများ၊ အလားအလာများနှင့် ပန်းတိုင်တို့ ဖြစ်သည်။ လတ်တလောအတွက်ဖြစ်စေ၊ အနာဂတ်အတွက်ဖြစ်စေ၊ ယင်းတို့အားလုံးမှာ ဤနေရာတွင် ပါဝင်ကြ၏။ အကယ်၍ သင်သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေနိုင်သည်ဆိုလျှင်၊ ယင်းတို့ကို တစ်ခုပြီးတစ်ခု ထိုးဖောက်ကျော်လွှားမှုများ ရရှိကာ၊ တဖြည်းဖြည်း စွန့်ပစ်နိုင်သည်ဆိုလျှင်၊ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ခြင်းသည် သင့်အတွက် ပို၍ ပို၍ လွယ်ကူလာလိမ့်မည်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း အခြေအနေတစ်ခုသို့ ရောက်ရှိလိမ့်မည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် တဖြည်းဖြည်း ကြီးထွားလာလိမ့်မည်။ သင်သည် သမ္မာတရားကို နားလည်၍ ဤတစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ခွဲခြားမြင်နိုင်ကာ နည်းနည်းချင်း စွန့်လွှတ်သည်နှင့်တစ်ပြိုင်နက်၊ သင်၏စိတ်သဘောထားမှာ ပြောင်းလဲပေလိမ့်မည်။ သင်တို့သည် ယခု မည်သည့် ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီနည်း။ ငါ၏ စောင့်ကြည့်လေ့လာမှုများအရ၊ စိတ်သဘောထား၌ ပြောင်းလဲခြင်းများနှင့်ဆိုင်သည့် ဤသမ္မာတရား စစ်မှန်မှုများနှင့် ပတ်သက်၍ သင်တို့သည် ယင်းတို့အတွင်းသို့ အခြေခံအားဖြင့် ယခုထိ မဝင်ရောက်ကြသေးချေ။ သို့ဖြစ်လျှင် သင်တို့၏ လက်ရှိဝိညာဉ်ရင့်သန်မှုမှာ အဘယ်နည်း၊ မည်သည့် အခြေအနေတွင် နေထိုင်နေကြသနည်း။ သင်တို့အများစုမှာ တာဝန် ထမ်းဆောင်ခြင်းအဆင့်တွင် အချိန်ဆွဲကြ၏။ “ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်သင့်သလော၊ မသင့်သလော။ ကျွန်ုပ်၏တာဝန်ကို မည်သို့ ကောင်းမွန်စွာ ကျွန်ုပ်ထမ်းဆောင်နိုင်သနည်း။ ကျွန်ုပ်၏ တာဝန်ကို ဤပုံစံဖြင့် ထမ်းဆောင်ခြင်းသည် ဝတ်ကျေတမ်းကျေ ဖြစ်သလော” ဟူ၍ ဤအဆင့်တွင် တဝဲလည်လည် ရှိကြသည်။ တစ်ခါတစ်ရံတွင် သင်၏ တာဝန်ထမ်းဆောင်မှုသည် ခါတိုင်းထက်ပို၍ ဝတ်ကျေတမ်းကျေ ဖြစ်သည့်အခါ၊ သင်သည် သင်၏စိတ်နှလုံး၌ ရှက်လှသည်ဟု ခံစားမိလိမ့်မည်။ သင်သည် ဘုရားသခင်ကို အကြွေးတင်ရှိကြောင်း၊ သင်သည် ဘုရားသခင်ကို စိတ်ပျက်စေခဲ့ပြီ ဖြစ်ကြောင်း ခံစားရလိမ့်မည်။ ဘုရားသခင်၏ ချစ်ခြင်းကို ပြန်ပေးဆပ်ရန်အတွက် မိမိတာဝန်များအား ကောင်းမွန်စွာ ထမ်းဆောင်မည်ဟူသော သင်၏ဆန္ဒကို ဘုရားသခင်ထံ ဖော်ပြကာ၊ ငိုကြွေး၍ပင် နေပေမည်။ သို့သော် နှစ်ရက်အကြာတွင် သင်သည် သင်၏တာဝန်များကို မထမ်းဆောင်ချင်တော့ဘဲ၊ ထပ်မံ၍ အပျက်သဘောဆောင်လာပြန်သည်။ သင်သည် ဤအဆင့်ကို လုံးဝ မကျော်ဖြတ်နိုင်ချေ။ ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှု ရှိနေခြင်းလော။ (မဟုတ်ပါ။) မိမိတာဝန်များကို မည်သို့ သစ္စာစောင့်သိစွာ ထမ်းဆောင်ရမည်၊ မိမိတာဝန်များကို မိမိ၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ထမ်းဆောင်ရန် လိုအပ်ချက်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် လိုအပ်ချက် စသည်တို့နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို မလိုအပ်တော့ဆိုလျှင်၊ ထို့ပြင် သင်တို့သည် သင်တို့တာဝန်များကို သင်တို့၏ ကိုယ်ပိုင် အထူးတာဝန်အဖြစ် လက်ခံနိုင်ပြီး၊ တောင်းဆိုချက်များ၊ မကျေမနပ်ဖြစ်ခြင်းများနှင့် မိမိ၏ကိုယ်ပိုင် ရွေးချယ်မှုများ ပြုလုပ်ခြင်းတို့မရှိဘဲ၊ ကောင်းမွန်စွာ ထမ်းဆောင်နေပြီ ဆိုလျှင်၊ သင်တို့သည် အနည်းငယ်သော ဝိညာဉ်ရင့်ကျက်မှုတစ်ခု ရရှိခဲ့ပြီဖြစ်သည်။ ငါတို့သည် လူတစ်ယောက်၏ တာဝန်များကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်ရမည်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် အမြဲ လိုအပ်နေသည်သာ ဖြစ်သည်။ ငါတို့သည် ဤအရာကို အဘယ်ကြောင့် ဆက်၍ မိတ်သဟာယဖွဲ့နေရမည်နည်း။ အဘယ်ကြောင့်ဆိုသော် လူများသည် မိမိတို့၏ တာဝန်များအား မည်သို့ ထမ်းဆောင်ရမည်ကို မသိကြပေ၊ ၎င်းတို့သည် စည်းမျဉ်းများကိုလည်း နားလည်သဘောမပေါက်နိုင်ကြပေ။ ၎င်းတို့သည် တာဝန်များ ထမ်းဆောင်ခြင်းနှင့်ပတ်သက်သည့် အမျိုးမျိုးသော သမ္မာတရားများကို စေ့စေ့စပ်စပ် နားမလည်ကြသေးသကဲ့သို့ ၎င်းတို့သည် သမ္မာတရားကို နားလည်ကာ စစ်မှန်မှုသို့ ဝင်ရောက်ခြင်းလည်း မရှိကြသေးချေ။ လူအချို့သည် အချို့သော အယူဝါဒများကိုသာ နားလည်ကြသော်လည်း ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရန် သို့မဟုတ် ဝင်ရောက်ရန် စိတ်ဆန္ဒမရှိကြ။ ဆင်းရဲဒုက္ခနှင့် ပင်ပန်းမှုကို ကြံ့ကြံ့ခံချင်စိတ်မရှိကြပေ။ သွေးသား သက်သာမှုကို အစဉ်အမြဲ တပ်မက်ကြ၏။ ၎င်းတို့၏ ကိုယ်ပိုင် ရွေးချယ်မှုများမှာ အလွန် များပြားစွာ ရှိနေသေးပြီး မစွန့်လွှတ်နိုင်ကြချေ။ မိမိကိုယ်မိမိ ဘုရားသခင်၏ လက်တော်သို့ အပြည့်အဝ အပ်နှံခြင်းလည်း မရှိကြပေ။ ၎င်းတို့တွင် ကိုယ်ပိုင် အစီအစဉ်များနှင့် တောင်းဆိုချက်များ ရှိနေဆဲဖြစ်သည်။ ၎င်းတို့၏ တစ်ကိုယ်ရေ ဆန္ဒများ၊ အတွေးအခေါ်များနှင့် မျှော်လင့်ချက်များမှာ စိုးမိုးခြယ်လှယ်နေဆဲဖြစ်၍ ၎င်းတို့ကို ထိန်းချုပ်နိုင်ကြ၏။ “ကျွန်ုပ်သည် ဤတာဝန်ကို ထမ်းဆောင်လျှင်၊ ရှေ့၌ ကောင်းသော ရှေ့ရေးတစ်ခု ရှိမည်လော။ ဤတာဝန်မှတစ်ဆင့် ကျွန်ုပ် သင်ယူနိုင်သော ကျွမ်းကျင်မှုများ ရှိသလော။ ကျွန်ုပ်သည် အနာဂတ်တွင် ဘုရားသခင်၏ အိမ်တော်၌ တစ်စုံတစ်ခု ရရှိမည်လော” ဟူ၍ ဖြစ်သည်။ ဤအရာများကို အမြဲတစေ တွေးဆနေခြင်း၊ တာဝန်များ ထမ်းဆောင်ခြင်းသည် အနည်းငယ် ခက်ခဲပင်ပန်းသည့်အခါ အဆင်မပြေဖြစ်ခြင်း၊ သို့မဟုတ် ပျော်ရွှင်စရာများ ကင်းမဲ့ခြင်း၊ တဖြည်းဖြည်း စိတ်မသက်မသာ ဖြစ်မိခြင်း၊ အပျက်သဘောဆောင်လာခြင်း၊ သမ္မာတရား၊ သဘောတရားဆိုင်ရာ လုပ်ဆောင်ချက်တို့နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့မှုကို လိုအပ်နေသေးခြင်းတို့သည် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ခြင်းတစ်ခု ဖြစ်သည်။ ဤအရာတွင် စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုပါဝင်သလော။ ယင်းအတွက်မူ စောလွန်းနေသေး၏။ သင်တို့သည် မိမိတို့တာဝန်များ ထမ်းဆောင်ခြင်းအတွက် နားလည်ထားသင့်သည့် သမ္မာတရား စည်းမျဉ်းများကို နားလည်သဘောပေါက်၍ ဤအခက်အခဲကို ကျော်လွှားမိသောအခါ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုကို ရရှိနိုင်ကြသည်။ ထိုအခါ ရှေ့ဆက်ခြင်းက စိတ်သဘောထားအတွင်း ပြောင်းလဲမှုများ ပါဝင်ပေလိမ့်မည်။

တာဝန်ထမ်းဆောင်နေသည်ဖြစ်စေ၊ ဘုရားသခင်ကို အစေခံနေသည်ဖြစ်စေ၊ မကြာခဏ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်း လိုအပ်သည်သာ ဖြစ်သည်။ လူတစ်ယောက်သည် မည်သည့် မှားယွင်းသော အမြင်များ သို့မဟုတ် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ထုတ်ဖော်ပြသည်ဖြစ်စေ၊ ယင်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရပေမည်။ ဤနည်းလမ်းအားဖြင့်သာ ၎င်းတို့သည် မိမိတို့တာဝန်ကို စံနှုန်းမီ ဖြည့်ဆည်းနိုင်ကြ၍၊ ဘုရားသခင်၏ ထောက်ခံမှုကိုလည်း ရရှိနိုင်ကြသည်။ လူတစ်ယောက်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ခွဲခြားသိမြင်နိုင်ရမည်၊ မဟုတ်လျှင် ထိုသူသည် ယင်းတို့ကို မဖြေရှင်းနိုင်ချေ။ မည်သည့်အရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့် သက်ဆိုင်ပြီး မည်သည့် အရာက မသက်ဆိုင်သည်ကို လူအချို့က ထိုးထွင်း မမြင်နိုင်ကြပေ။ ဥပမာအားဖြင့် လူတို့ စားသောက် ဝတ်ဆင်လိုသည့် အရာများ၊ ၎င်းတို့တွင် ရှိကြသည့် နေထိုင်ပုံ အလေ့အကျင့်များအပြင် ဘိုးဘေးများကို အမွေဆက်ခံခြင်းနှင့် ရိုးရာအယူအဆများ ဖြစ်သည်။ ဤအရာများထဲမှ အချို့မှာ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၏ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်ကြသည်။ အချို့မှာ ကြီးပြင်းပုံနှင့် မိသားစု အမွေဆက်ခံမှုကြောင့် ဖြစ်ပြီး၊ အချို့မှာ အသိနှင့် ထိုးထွင်းသိမြင်မှု ကင်းမဲ့မှုကြောင့် ဖြစ်သည်။ ဤသည်တို့မှာ အဓိကကျသော ပြဿနာများ မဟုတ်၊ လူတစ်ယောက်၏ လူ့သဘာဝကောင်းခြင်း၊ ဆိုးခြင်းနှင့်လည်း မသက်ဆိုင်ပေ။ သင်ယူခြင်းနှင့် ထိုးထွင်းသိမြင်မှု ပိုမို ရရှိခြင်းတို့မှတစ်ဆင့် အချို့အရာများကို ဖြေရှင်း၍ ရနိုင်၏။ သို့သော် ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ သို့မဟုတ် မှားယွင်းသော အမြင်များ၊ သို့မဟုတ် ဖောက်ပြန် ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ပြဿနာကိုမူ သမ္မာတရားအား ရှာဖွေခြင်းအားဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး လူသား ပညာရေးမှတစ်ဆင့် ပြောင်းလဲ၍ မရနိုင်ပေ။ ထို့အပြင် သင်၏ အယူအဆများနှင့် စိတ်ကူးများမှာ မည်သည့်နေရာမှ လာသည်ဖြစ်စေ၊ ယင်းတို့သည် သမ္မာတရားနှင့် မကိုက်ညီလျှင် သင်သည် ယင်းတို့ကို စွန့်လွှတ်ရမည် ဖြစ်ပြီး၊ ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရား လိုက်စားခြင်းသည် လူတစ်ယောက်၏ ပြဿနာများ အားလုံးကို ဖြေရှင်းပေးနိုင်၏။ သမ္မာတရားနှင့် သက်ဆိုင်သည်ဟု မထင်ရသော အကြောင်းကိစ္စ အများအပြားသည် သမ္မာတရားကို နားလည်ခြင်းအားဖြင့် သွယ်ဝိုက်၍ ပြေလည်နိုင်၏။ ယင်းတို့မှာ သမ္မာတရားကို အသုံးပြု၍ ဖြေရှင်းနိုင်သည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့် သက်ဆိုင်သော ပြဿနာများချည်းသာ မဟုတ်ဘဲ၊ အချို့သော လူသား အပြုအမူများ၊ နည်းလမ်းများ၊ အယူအဆများနှင့် အလေ့အကျင့်များကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုနှင့် မသက်ဆိုင်သည့် ပြဿနာများလည်း ဖြစ်ပေသည်။ ဤအရာများကို သမ္မာတရား အသုံးပြုခြင်းဖြင့်သာ လုံးလုံးလျားလျား ဖြေရှင်းနိုင်၏။ သမ္မာတရားသည် လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပေးနိုင်ရုံမက၊ ဘဝပန်းတိုင်တစ်ခု၊ အသက်တာ၏ အခြေခံအုတ်မြစ်နှင့် ရှင်သန်နေထိုင်ခြင်းအတွက် စည်းမျဉ်းအဖြစ်လည်း ဆောင်ရွက်နိုင်လေသည်။ သမ္မာတရားသည် လူတစ်ယောက်၏ အခက်အခဲများနှင့် ပြဿနာများအားလုံးကို ဖြေရှင်းပေးနိုင်သည်။ ဤသည်မှာ ဧကန်မုချဖြစ်၏။ သို့ဖြစ်ရာ မည်သည်က အဓိကကျသနည်း။ ပြဿနာ အများအပြား၏ ဇာစ်မြစ်သည် သမ္မာတရားကို နားမလည်ခြင်းနှင့် တိုက်ရိုက် သက်ဆိုင်ကြောင်း မြင်ရန်ပင် ဖြစ်သည်။ လူအတော်များများသည် ၎င်းတို့အပေါ် တစ်စုံတစ်ခု ကျရောက်သည့်အခါ မည်သို့ လက်တွေ့ လုပ်ဆောင်ရမည်ကို မသိကြပေ။ ဤသည်မှာ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားမလည်သောကြောင့် ဖြစ်သည်။ လူများသည် အမှုအရာ အများအပြား၏ ဇာစ်မြစ်နှင့် အနှစ်သာရကို ထိုးဖောက်မမြင်နိုင်ကြချေ။ ဤသည်မှာလည်း ၎င်းတို့အနေဖြင့် သမ္မာတရားကို နားမလည်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်းမရှိဘဲ မည်သို့ အလွန် ရှင်းလင်းစွာ ပြောနိုင်ဆိုနိုင်ဆဲရှိကြသနည်း။ (ယင်းတို့အားလုံးမှာ စကားများနှင့် အယူဝါဒများသာ ဖြစ်ပါသည်။) သို့ဖြစ်လျှင် ဤသို့ အယူဝါဒ ပြောဆိုခြင်းပြဿနာကို ဖြေရှင်းရမည်။ အနှစ်သာရ မဲ့သော စကားများ ပြောဆိုခြင်း၊ အယူဝါဒကို ရွတ်ဆိုပြခြင်းနှင့် ဆောင်ပုဒ်များ ဟစ်ကြွေးခြင်းတို့ကို လျော့၍ ပြုလော့။ လက်တွေ့ကျစွာ ပြောဆိုခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ မိမိကိုယ်ကိုယ် သိခြင်းနှင့် မိမိကိုယ်ကိုယ် စိစစ်ခြင်းအကြောင်း ဆွေးနွေးခြင်း၊ အခြားသူများအား စိတ်ဓာတ်မြှင့်တင်ပေးပြီးအကျိုးအမြတ်ရှိစေသည်ဟု ၎င်းတို့ မြင်သော စကားများကို ပို၍ ကြားသိခွင့်ပေးလော့။ ဤအတိုင်း လုပ်ဆောင်သော လူတစ်ယောက်သည်သာ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်လေသည်။ အယူဝါဒအကြောင်း စကားကြောမရှည်နှင့်၊ အနှစ်မဲ့သော စကားများ မပြောဆိုနှင့်။ သူတော်ကောင်းယောင် ဆောင်သော၊ လှည့်ဖြားတတ်သော စကားများကို မပြောဆိုနှင့်။ စိတ်ဓာတ်မြှင့်တင်ရေးကို အထောက်အပံ့ မပေးသော စကားများကိုလည်း မပြောဆိုနှင့်။ သင်သည် ဤအပြောအဆိုမျိုးကို မည်သို့ ရှောင်ရှားနိုင်သနည်း။ သင်သည် ဤအရာများ၏ အကျည်းတန်မှု၊ ဆင်ခြင်ဉာဏ် မရှိမှုနှင့် အဓိပ္ပာယ်မရှိမှုတို့ကို ဦးစွာ အသိအမှတ်ပြုပြီး ရိပ်စားမိရမည်။ ထိုအခါ သင်သည် လူ့ဇာတိကို ဆန့်ကျင်တွန်းလှန်နိုင်လာလိမ့်မည်။ ထို့ပြင် သင်သည် အသိစိတ်လည်း ရှိရပေမည်။ လူတစ်ယောက်တွင် အသိစိတ် ပိုမို ရှိလာသည်နှင့်အမျှ ထိုသူသည် ပို၍ မှန်ကန်တိကျစွာနှင့် သင့်တင့်လျောက်ပတ်စွာ ပြောဆိုလာလိမ့်မည်။ ထိုသူ၏ လူ့သဘာဝသည် ပိုမို ရင့်ကျက်လာလိမ့်မည်။ ထိုသူ၏ စကားများသည် ပို၍ လက်တွေ့ကျလာပေလိမ့်မည်။ အဓိပ္ပာယ်မရှိသောအရာများကို လျော့ပြောလိမ့်မည်။ ထို့အပြင် ထိုသူသည် ထိုသို့သော အနှစ်မဲ့စကားများ၊ ချဲ့ကားခြင်းများနှင့် မုသားများကို ၎င်း၏စိတ်နှလုံးတွင် အလွန် မုန်းတီးလာလိမ့်မည်။ လူအချို့သည် အလွန်တရာ ဝင့်ဝါမှု ရှိကြပြီး၊ မိမိကိုယ်မိမိ ဖုံးကွယ်ရန်အတွက် ကောင်းသောအရာများကို အမြဲတစေ ပြောဆိုချင်ကြ၏။ အခြားသူများ၏ စိတ်နှလုံးများထဲတွင် ၎င်းတို့၏ အဆင့်အတန်းကို ဖော်ဆောင်လိုခြင်း၊ အခြားသူများ၏ အထင်ကြီးမှုကို ရရှိလိုခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ကောင်းမွန်စွာ ယုံကြည်ကြောင်း၊ ၎င်းတို့ လူကောင်းဖြစ်ကြောင်း၊ အထူးတလည် လေးစားခံရထိုက်ကြောင်း အခြားသူများကို ထင်မြင်စေခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိကိုယ်မိမိ ဟန်ဆောင်ဖုံးကွယ်ရန်အတွက် ဤရည်ရွယ်ချက် အမြဲတမ်း ရှိကြသည်။ ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုက ထိန်းချုပ်ထား၏။ လူများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြ၏။ ယင်းမှာ ဘုရားသခင်ကို ဆန့်ကျင်ရန်အတွက် လူများ၏ မကောင်းမှုပြုလုပ်ခြင်း ဇစ်မြစ်ဖြစ်ပြီး၊ ဖြေရှင်းရန် အခက်ခဲဆုံး ပြဿနာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က အမှုပြုပြီး တစ်စုံတစ်ဦးကို ဘုရားသခင် ကိုယ်တော်တိုင်က စုံလင်အောင်မပြုလျှင်၊ ထိုသူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ မသန့်စင်နိုင်ပေ။ စိတ်သဘောထားအတွင်း ပြောင်းလဲခြင်းတစ်ခုကိုလည်း မရရှိနိုင်ချေ။ တစ်နည်းအားဖြင့် လူတစ်ယောက်သည် ယင်းကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက် ဖြစ်သည် ဆိုလျှင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဆင်ခြင်သုံးသပ်၍ နားလည်ရမည်။ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းဟူသော ဘုရားသခင် နှုတ်ကပတ်တော်များ၏ ဝါကျတိုင်းနှင့် မိမိကိုယ်ကိုယ် ချိန်ထိုးကာ အကဲဖြတ်ရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အခြေအနေများ အားလုံးကိုလည်း တဖြည်းဖြည်း တူးဆွ ဖော်ထုတ်ရမည်။ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များ၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို စူးစမ်းလေ့လာခြင်းဖြင့် စတင်လော့။ သင် ပြောဆိုသော စကားတိုင်းကို စိတ်ဖြာလေ့လာကာ ချင့်ချိန်လော့။ သင်၏ စိတ်နှင့် အတွေးများအတွင်း တည်ရှိသော အရာမှန်သမျှကို လျစ်လျူမရှုနှင့်။ ဤနည်းဖြင့် တဖြည်းဖြည်း အချိန်ယူကာ စိစစ်ခြင်း၊ ထိုးထွင်းသိမြင်ခြင်းတို့မှတစ်ဆင့် သင် တွေ့ရှိလာမည်မှာ သင်၏ အကျင့်ပျက် စိတ်သဘောထားသည် အနည်းငယ်မျှ မဟုတ်ဘဲ အလွန်များပြားကြောင်း၊ စာတန်၏ အဆိပ်များသည်လည်း အကန့်အသတ်မရှိ များပြားလှကြောင်းပင် ဖြစ်သည်။ ဤနည်းဖြင့် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သဘာဝ အနှစ်သာရကို တဖြည်းဖြည်း ရှင်းလင်းစွာ မြင်လာလိမ့်မည်။ စာတန်သည် သင့်အား မည်သို့ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခဲ့ပြီဆိုသည်ကိုလည်း သဘောပေါက်မိလိမ့်မည်။ ဘုရားသခင်၏ ဖြစ်ခြင်းအားဖြင့် ဖော်ပြသည့် သမ္မာတရားမှာ မည်မျှ အလွန့်အလွန် အဖိုးတန်သည်ကို သင်သည် ဤအချိန်၌ ခံစားမိလိမ့်မည်။ သမ္မာတရားသည် ဖောက်ပြန်ပျက်စီးသောလူသား၏ သဘာဝနှင့် စိတ်သဘောထား ပြဿနာများကို ဖြေရှင်းပေးနိုင်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန်အလို့ငှာ ဖောက်ပြန်ပျက်စီးသောလူသားများအတွက် ဘုရားသခင် ဖော်စပ်ခဲ့သည့် ဤဆေးဝါးသည် အလွန့်အလွန် ထိရောက်လှ၏။ ရှိရှိသမျှ သက်စောင့်ဆေးတို့ထက်ပင် ပို၍ တန်ဖိုးကြီးလှသည်။ ဤသို့ဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရန်အတွက် သင်သည် သမ္မာတရားကို စိတ်ထက်သန်စွာ လိုက်စားလေသည်။ သမ္မာတရား၏ သွင်ပြင်လက္ခဏာတိုင်းကို ပို၍ပို၍ ချစ်ခင်မြတ်နိုးခြင်း၊ အစဉ်အမြဲ တိုးပွားလာသော အားမာန်ဖြင့် လိုက်စားခြင်းတို့ ဖြစ်သည်။ လူတစ်ယောက်သည် စိတ်နှလုံးအတွင်း၌ ဤခံစားချက်ရှိပြီဆိုလျှင်၊ ထိုသူသည် သမ္မာတရားအချို့ကို နားလည်သဘောပေါက်မှု ရရှိသွားခဲ့လေပြီ။ မှန်သော လမ်းခရီးတွင် မိမိကိုယ်မိမိ အခြေကျစေခဲ့လေပြီ ဟူသော အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ ထိုသူသည် ယင်းအဖြစ်ကို ပို၍ နက်နက်နဲနဲ တွေ့ကြုံနိုင်သည်၊ ဘုရားသခင်ကိုလည်း စိတ်နှလုံးအတွင်းမှ အမှန်တကယ် ချစ်ခင်နိုင်သည်ဆိုလျှင်၊ ထိုသူ၏ အသက် စိတ်သဘောထားမှာ စတင်၍ ပြောင်းလဲလာလိမ့်မည်။

အပြုအမူအား ပြောင်းလဲမှုအချို့ ပြုလုပ်ရန် လွယ်ကူသော်လည်း၊ လူတစ်ယောက်၏ အသက် စိတ်သဘောထားကို ပြောင်းလဲရန်မှာ မလွယ်ကူပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ကိစ္စကို ဖြေရှင်းခြင်းသည် မိမိကိုယ်ကိုယ် သိခြင်းဖြင့် စတင်ရမည်။ ယင်းမှာ ဂရုတစိုက် အာရုံစူးစိုက်ခြင်း လိုအပ်လေသည်။ မိမိ၏ ရည်ရွယ်ချက်များနှင့် အခြေအနေများအား တဖြည်းဖြည်း ဆန်းစစ်ခြင်းကို အာရုံစိုက်ခြင်း၊ စကားပြောဆိုပုံ အလေ့အထများနှင့် ရည်ရွယ်ချက်များကို အမြဲတစေ ဆန်းစစ်ခြင်းတို့ ဖြစ်သည်။ ထို့နောက် တစ်နေ့တွင်၊ “အခြားသူများ၏ စိတ်နှလုံးများအတွင်း၌ ကျွန်ုပ်အား အဆင့်အတန်းရှိစေမည်ဟု မျှော်လင့်လျက်၊ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ဟန်ဆောင်ဖုံးကွယ်ရန် ကောင်းသော အရာများကို အမြဲ ပြောဆိုနေမိသည်။ ဤသည်မှာ ဆိုးညစ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သာမန် လူ့သဘာဝတစ်ခုကို ထုတ်ဖော်ပြခြင်း မဟုတ်သကဲ့သို့ သမ္မာတရားနှင့်လည်း မကိုက်ညီပေ။ ဤဆိုးညစ်သော စကားပြောဆိုပုံနှင့် ရည်ရွယ်ချက်တို့မှာ မှားယွင်းပြီး ယင်းကို ပြောင်းလဲကာ ဖယ်ရှားပစ်ရမည်” ဟူ၍ ရုတ်တရက် သဘောပေါက်ခြင်း ဖြစ်လာလိမ့်မည်။ ဤသဘောပေါက်ခြင်း ရှိလာပြီးသည့်နောက်တွင် သင်သည် မိမိ၏ ဆိုးညစ်သော စိတ်သဘောထား၏ ဆိုးရွားပြင်းထန်မှုကို ပို၍ပို၍ ရှင်းလင်းပြတ်သားစွာ ခံစားမိလိမ့်မည်။ ဆိုးညစ်မှုဟူသည် အမျိုးသားနှင့် အမျိုးသမီးကြား အနည်းငယ် ဆိုးညစ်သော တပ်မက်ခြင်းတစ်ခုရှိခြင်း သဘောမျှသာ ဖြစ်သည်ဟု သင်သည် ထင်ထားမိခဲ့၏။ ဤကိစ္စနှင့်စပ်လျဉ်း၍ သင်သည် ဆိုးညစ်မှုကို ပြသခဲ့သော်လည်း၊ မိမိသည် ဆိုးညစ်သော စိတ်သဘောထားတစ်ခု ရှိသူတစ်ယောက် မဟုတ်ဟု ယူဆထားခဲ့သည်။ ဤသည်မှာ သင်သည် ဆိုးညစ်သော စိတ်သဘောထား တစ်ခုအပေါ် နားလည်သဘောပေါက်မှု ကင်းမဲ့ကြောင်း ညွှန်ပြခြင်း ဖြစ်၏။ သင်သည် “ဆိုးညစ်သည်” ဟူသော စကား၏ အပေါ်ယံ အဓိပ္ပာယ်ကို သိသည်ဟု ထင်ရ၏၊ သို့သော် ဆိုးညစ်သော စိတ်သဘောထားတစ်ခုအား အမှန်တကယ် အသိအမှတ်မပြုနိုင်ပေ၊ သို့မဟုတ် မခွဲခြားနိုင်ပေ။ အမှန်အားဖြင့် “ဆိုးညစ်သည်” ဟူသော စကားမှာ မည်သည့် အရာကိုဆိုလိုကြောင်းသင်သည် နားမလည်သေးပေ။ သင့်ထံတွင် ဤ စိတ်သဘောထားမျိုး ပေါ်ထွက်ခဲ့ပြီဟု သဘောပေါက်မိသည့် အချိန်၌ သင်သည် စတင်၍ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကာ၊ ယင်းကို အသိအမှတ်ပြုမိ၏။ ယင်း၏ အကြောင်းရင်းများကိုလည်း စူးစူးစိုက်စိုက် ရှာဖွေဖော်ထုတ်၏။ ထို့နောက် မိမိတွင် ထိုသို့သော စိတ်သဘောထားတစ်ခု အမှန်ပင် ရှိကြောင်း သင်သည် မြင်လာလိမ့်မည်။ ထိုအခါ သင်သည် မည်သည့်အရာကို ဆက်လုပ်သင့်သနည်း။ ထို စိတ်သဘောထားမျိုးနှင့် အလားတူသော သင်၏ကိုယ်ပိုင် ပြောပုံဆိုပုံများအတွင်းမှ သင်၏ ရည်ရွယ်ချက်များကို ထပ်တလဲလဲ ဆန်းစစ်ရမည်။ ဤထပ်ကာထပ်ကာ ရှာဖွေဖော်ထုတ်ခြင်းမှတစ်ဆင့် သင့်ထံ၌ ဤ စိတ်သဘောထားမျိုးနှင့် အနှစ်သာရမျိုး အမှန်တကယ် ရှိကြောင်းကို ပို၍ပို၍ စစ်မှန်စွာ တိကျစွာ သင် ဖော်ထုတ်မိလိမ့်မည်။ သင်သည် သင့်ထံတွင် ဆိုးညစ်သော စိတ်သဘောထားတစ်ခု တကယ်ပင် ရှိကြောင်းကို အမှန်အတိုင်း ဝန်ခံသည့်နေ့မှသာ၊ သင့်ထံ၌ ယင်းစိတ်သဘောထားအပေါ် အမုန်းတရားနှင့် အလွန်စက်ဆုပ်ခြင်းတို့ စတင် ဖြစ်ပေါ်လိမ့်မည်။ လူတစ်ယောက်က မိမိမှာ လူကောင်းတစ်ယောက် ဖြစ်သည်၊ အပြုအမူအနေအထိုင် တည်ကြည်သည်၊ တရားမျှတစိတ် ရှိသည်၊ ကိုယ်ကျင့်သိက္ခာ တည်ကြည်မှုရှိသူ ဖြစ်သည်၊ ဟန်ဆောင်မှုကင်းသော လူတစ်ဦး ဖြစ်သည်ဟု ထင်မြင်နေရာမှ၊ မိမိထံတွင် မာနထောင်လွှားမှု၊ နှလုံးခိုင်မာခြင်း၊ လှည့်ဖြားတတ်ခြင်း၊ ဆိုးညစ်မှုနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းကဲ့သို့သော သဘာဝ အနှစ်သာရများအား ပိုင်ဆိုင်ကြောင်းကို အသိအမှတ်ပြုခြင်း ဖြစ်ပေမည်။ ထိုအချိန်၌ ထိုသူသည် မိမိကိုယ်မိမိ မှန်မှန်ကန်ကန် အကဲဖြတ်ပြီးသား ဖြစ်ပေလိမ့်မည်။ မိမိသည် အမှန်တကယ်တွင် မည်သို့သောလူသာ ဖြစ်သည် ဆိုသည်ကိုလည်း သိလာလိမ့်မည်။ သင့်ထံတွင် ဤ သရုပ်သကန်များနှင့် အခြေအနေများ ရှိကြောင်း နှုတ်အားဖြင့် ဝန်ခံခြင်း သို့မဟုတ် သာမန်ကာလျှံကာ အသိအမှတ်ပြုခြင်းမျှဖြင့် အမုန်းတရား အစစ်အမှန်ကို ဖြစ်ပေါ်စေလိမ့်မည် မဟုတ်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရမှာ စာတန်၏ ရွံရှာဖွယ်အပြုအမူ ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းအားဖြင့်သာ လူတစ်ယောက်သည် မိမိကိုယ်မိမိ အမှန်တကယ် မုန်းတီးနိုင်လေသည်။ မိမိကိုယ်ကိုယ် မုန်းတီးခြင်း ဖြစ်သည်အထိ မိမိကိုယ်မိမိ အမှန်တကယ် သိရန်အတွက် မည်သည့် လူ့သဘာဝမျိုးကို လိုအပ်သနည်း။ လူတစ်ယောက်သည် အပြုသဘောဆောင်သော အရာများကို ချစ်ရမည်၊ သမ္မာတရားကို ချစ်ရမည်၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို ချစ်ရမည်၊ အသိစိတ်နှင့် အသိတရား ရှိရမည်၊ သနားကြင်နာစိတ် ရှိရမည်၊ သမ္မာတရားကို လက်ခံနိုင်ပြီး၊ လက်တွေ့လုပ်ဆောင်နိုင်ရမည်။ ဤသို့သော လူများအားလုံးသည် မိမိကိုယ်မိမိ အမှန်တကယ် သိနိုင်ကြပြီး၊ မုန်းတီးနိုင်ကြလေသည်။ သမ္မာတရားကို မချစ်သကဲ့သို့ သမ္မာတရားကို လက်ခံရန် အခက်တွေ့ကြသော သူများမှာ မိမိကိုယ်မိမိ ဘယ်သောအခါမျှ သိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် မိမိကိုယ်ကိုယ် သိခြင်းနှင့်ပတ်သက်၍ အချို့သော စကားများကို ပြောဆိုနိုင်ကြသည့်တိုင်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ စစ်မှန်သော ပြောင်းလဲမှုတစ်ခုခုကိုလည်း ကြုံကြရလိမ့်မည် မဟုတ်ပေ။ မိမိကိုယ်ကိုယ် သိခြင်းသည် အခက်ခဲဆုံးအလုပ်ပင် ဖြစ်သည်။ ဥပမာအားဖြင့် “ကျွန်ုပ်၏ အစွမ်းအစမှာ ညံ့ဖျင်းသည်။ ကျွန်ုပ်သည် ပင်ကိုအားဖြင့် ရှက်ကြောက်တတ်ပြီး၊ လူအများနှင့် ပတ်သက်ရမည်ကို ဝန်လေးပါသည်။ ကျွန်ုပ်သည် ကမ္ဘာပေါ်တွင် ဟန်ဆောင်မှုအကင်းဆုံး၊ သတ္တိအနည်းဆုံး လူတစ်ယောက်ပင် ဖြစ်ချင်ဖြစ်မည်။ ယင်းတို့ကြောင့် ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် အထိုက်တန်ဆုံးလူ ဖြစ်သည်” ဟူ၍ စဉ်းစားသော အစွမ်းအစ နည်းပါးသည့် လူတစ်ယောက် ရှိကောင်းရှိနိုင်သည်။ ဤသည်မှာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်း ဖြစ်သလော။ ဤသည်တို့မှာ သမ္မာတရားကို နားမလည်သော လူတစ်ယောက်၏ စကားများ ဖြစ်သည်။ ညံ့ဖျင်းသော အစွမ်းအစ ရှိခြင်းသည် လူတစ်ယောက် အနေဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိခြင်းဖြစ်သည်ဟု အလိုအလျောက် အဓိပ္ပာယ် သက်ရောက်သလော။ သူရဲဘောကြောင်သူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိကြသလော။ ၎င်းတို့သည်လည်း စာတန်ကြောင့် ဖောက်ပြန်ပျက်စီးနေခဲ့ပြီ မဟုတ်လော။ အမှန်အားဖြင့် ထိုသို့သောလူများတွင် ဆိုးညစ်၍ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ရှိကြသည်သာဖြစ်သည်။ ထို့ပြင် ယင်းစိတ်သဘောထားမှာ အတော်ပင် နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေပြီး၊ ပုံမှန်လူတစ်ယောက်၏ စိတ်သဘောထားထက် ပို၍ ခိုင်မာစွာ အမြစ်တွယ်နေ၏။ အလွန်အမင်း ကွယ်ဝှက်နေသည်ဟု ငါ အဘယ်ကြောင့် ဆိုသနည်း။ (၎င်းတို့သည် မိမိတို့မှာ ကောင်းမွန်လိမ္မာသည်ဟု အမြဲ ထင်ကြသောကြောင့် ဖြစ်သည်။) ဟုတ်သည်။ ၎င်းတို့ကိုယ်တိုင်သည် ဤအတွေးမှားကြောင့် လှည့်စားခံရကာ၊ အထင်အမြင် မှားကုန်ကြ၏။ ယင်းကြောင့် ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံရန် မဖြစ်နိုင်ချေ။ ၎င်းတို့က မိမိတို့သည် အတော်ပင် ကောင်းမွန်ပြီးသား ဖြစ်သည်ဟု ထင်ကြပြီး၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် သန့်စင်ခြင်းကို မလိုအပ်ကြပေ။ လူများကို တရားစီရင်ခြင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင် မိန့်ဆိုသည့် ထိုနှုတ်ကပတ်တော်များ အားလုံးမှာ အခြားသူများကို ရည်ညွှန်းသည်။ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ရှိကြသည့် အရည်အချင်းရှိသူများ၊ ဆိုးယုတ်သောလူများ၊ အထင်အမြင်မှားစေသော အတုအယောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များမှာ ၎င်းတို့ကဲ့သို့သော လူများကို ရည်ညွှန်းခြင်းမဟုတ်။ ၎င်းတို့သည် ကောင်းမြတ်ပြီးသား ဖြစ်၏။ ၎င်းတို့၏လက်များမှာ သန့်ရှင်းစင်ကြယ်သည်။ ၎င်းတို့ကိုယ်တိုင်သည် အစွန်းအထင်း ကင်းကာ၊ အကျင့်စာရိတ္တ ပြည့်စုံကောင်းမွန်ကြသည်။ ၎င်းတို့သည် မိမိကိုယ်မိမိ ဤပုံစံအတိုင်း သတ်မှတ်သည့်အတွက်၊ ၎င်းတို့အနေဖြင့် မိမိကိုယ်ကိုယ် အမှန်တကယ် သိရန် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ၎င်းတို့သည် မိမိကိုယ်မိမိ မသိနိုင်ကြပေ၊ သမ္မာတရားကိုလည်း တကယ်ပင် နားမလည်ကြပေ။ ဘုရားသခင်သည် လူများကို အဘယ်ကြောင့် တရားစီရင်၍ ပြစ်တင်ဆုံးမသည်၊ လူများကို မည်သို့ ကယ်တင်သည်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအား မည်သို့ သန့်စင်စေသည်စသည့် ထိုထိုသော သမ္မာတရားများအကြောင်းကို ၎င်းတို့ အမှန်တကယ် နားမလည်နိုင်ကြပေ။ မိမိကိုယ်မိမိ အနည်းငယ်မျှ မသိသော လူတစ်ယောက်သည် မည်သည့် သမ္မာတရားကိုမှ အသေအချာ နားမလည်ချေ။ ၎င်းတို့ ထုတ်ဖော်ပြသည့် ဤမှားယွင်းသော အမြင်များမှာ ၎င်းတို့အနေဖြင့် ကြီးကျယ်လွန်းသော၊ ရယ်စရာကောင်းသောလူများ ဖြစ်ကြောင်း ပြသလေသည်။ ၎င်းတို့၏ နားလည် သဘောပေါက်မှုမှာ ရယ်စရာကောင်း၏။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ယုံကြည်မှုများကို ဘုရားသခင်အပေါ် သတ်မှတ်ပြဋ္ဌာန်းကြ၏။ ဤသည်မှာလည်း ဆိုးညစ်သော စိတ်သဘောထားတစ်ခု ဖြစ်ပေသည်။ ဆိုးညစ်မှုသည် အမျိုးသားနှင့် အမျိုးသမီးကြား ပြုမူနေထိုင်ခြင်း ကိစ္စတွင်သာ ပေါ်ထွက်သည့် စိတ်သဘောထားတစ်မျိုး မဟုတ်။ မကောင်းသော တပ်မက်မှု အနည်းငယ်မျှကို စိတ်သဘောထားဆိုင်ရာ ဆိုးညစ်မှုအဖြစ် အမည်မတပ်သင့်ပေ။ သို့သော် လူတစ်ယောက်၏ မကောင်းသော တပ်မက်မှုများမှာ ပြင်းထန်လွန်းပြီး၊ လူတကာနှင့် မကြာခဏ လိင်မှုကိစ္စ ပြုသည်၊ သို့မဟုတ် လိင်တူဆက်ဆံခြင်း ထပ်တလဲလဲ ပြုသည်ဆိုလျှင်၊ ယင်းမှာ ဆိုးညစ်ခြင်း ဖြစ်၏။ အချို့သောလူများသည် ယင်းနှစ်ခုကို မခွဲခြားနိုင်ကြပေ။ မကောင်းသော တပ်မက်မှုများကို ဆိုးညစ်မှုအဖြစ် အမြဲ အမည်တပ်ကြပြီး၊ ဆိုးညစ်မှုကို မကောင်းသော တပ်မက်မှုများနှင့် နှိုင်းကာ ရှင်းချက်ထုတ်ကြသည်။ ၎င်းတို့သည် ခွဲခြားသိမြင်မှု ကင်းမဲ့ကြ၏။ ဆိုးညစ်သော စိတ်သဘောထားတစ်ခုသည် သတိပြုမိဖို့ အခက်ခဲဆုံး ဖြစ်သည်။ လှည့်ဖြားတတ်လွန်းသော၊ ဆိုးယုတ်သော လူတစ်ယောက်၏ လုပ်ရပ်များမှာ ဆိုးညစ်ကြသည်သာ ဖြစ်၏။ ဥပမာအားဖြင့် လူအချို့သည် လိမ်ညာပြီးသည့်နောက်၊ “ကျွန်ုပ်၏ နားလည် သဘောပေါက်မှုကို ဖွင့်မပြောလျှင်၊ အခြားသူများက ကျွန်ုပ်အား မည်သို့ ထင်ကြလိမ့်မည်ဟု ဘယ်သူ သိမည်နည်း။ ကျွန်ုပ်သည် ပွင့်ပွင့်လင်းလင်း ပြောဆို၍ အနည်းငယ် မိတ်သဟာယဖွဲ့ရမည်။ ကျွန်ုပ်၏ နားလည်သဘောပေါက်မှုကို ဖွင့်ပြောပြီးသည့်အခါ အရာအားလုံး ပြေလည်သွားလိမ့်မည်။ ကျွန်ုပ်၏ ရည်ရွယ်ချက် အစစ်အမှန်များကို အခြားသူများအား သိခွင့်မပေးနိုင်ပါ။ ကျွန်ုပ်သည် လှည့်ဖြားတတ်သည်ဟုလည်း ထင်ခွင့်မပေးနိုင်ပါ” ဟူ၍ ၎င်းတို့ဘာသာ တွေးတတ်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ လှည့်ဖြားတတ်သော ပုံစံဖြင့် မိမိကိုယ်မိမိ ဖွင့်လှစ်ပြခြင်း ဖြစ်သည်၊ ဤအရာကို ဆိုးညစ်မှုဟု ခေါ်သည်။ ထို့ပြင် လိမ်ညာပြီးသည့်နောက် “ကျွန်ုပ် လိမ်ညာမိသည်ကို တစ်ယောက်ယောက်က တွေ့ရှိခဲ့သလော။ လူတစ်ဦးတစ်ယောက်သည် ကျွန်ုပ်၏ စရိုက်မှန်များကို မြင်နိုင်ခဲ့သလော” ဟူ၍ ၎င်းတို့က လေ့လာကြလိမ့်မည်။ ၎င်းတို့သည် အခြားသူများထံမှ သတင်းအချက်အလက်ကို စတင်၍ ချော့မော့အရယူကာ၊ ယင်းတို့ကို စူးစမ်းကြည့်ကြ၏။ ဤသည်မှာလည်း ဆိုးညစ်ပေသည်။ ဆိုးညစ်သော စိတ်သဘောထားတစ်ခုကို သတိပြုမိရန် မလွယ်ကူချေ။ အထူးတလည် ဆိုးယုတ်၍ လှည့်ဖြားတတ်သော နည်းလမ်းဖြင့် အမှုကိစ္စများကို လုပ်ဆောင်ပြီး၊ ယင်းတို့ကို အခြားသူများ အလွယ်တကူ မရိပ်စားမိစေရန် ပြုလုပ်သောသူသည် ဆိုးညစ်ပေသည်။ မိမိ၏ ရည်မှန်းချက်များ အောင်မြင်စေရန် လျှို့ဝှက်ကြံစည် လုပ်ဆောင်သော မည်သူမဆိုသည် ဆိုးညစ်၏။ ကောင်းမှုပြုလုပ်သော အသွင်ကို ဆောင်ကာ၊ မကောင်းသော အရာများကို ပြုလုပ်ခြင်းဖြင့် လူများကို လှည့်ဖြားပြီး၊ အခြားသူများအား မိမိအတွက် အစေခံစေသောသူမှာ အဆိုးတကာ့ အဆိုးညစ်ဆုံး ဖြစ်ပေသည်။ အဆင်းနီသော နဂါးကြီးသည် အဆိုးညစ်ဆုံး ဖြစ်၏။ စာတန်သည် အဆိုးညစ်ဆုံး ဖြစ်၏။ နတ်ဆိုးမင်းများသည် အဆိုးညစ်ဆုံး ဖြစ်၏။ နတ်ဆိုးများ အားလုံးမှာ ဆိုးညစ်ကြပေသည်။

စိတ်သဘောထား ပြောင်းလဲမှုကို အားထုတ်ရန်အတွက် လူတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပထမဦးစွာ သတိပြုနိုင်ရမည်။ မိမိကိုယ်ကိုယ် အမှန်တကယ် သိခြင်းတွင် မိမိ၏ ဖောက်ပြန်ပျက်စီးမှု အနှစ်သာရကို ရိပ်စားမိခြင်းနှင့် စေ့စေ့စပ်စပ် စိစစ်ခြင်းတို့အပြင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကြောင့် ဖြစ်ပေါ်သည့် အမျိုးမျိုးသော အခြေအနေများကို သတိပြုခြင်းလည်း ပါဝင်သည်။ လူတစ်ဦး တစ်ယောက်သည် မိမိ၏ကိုယ်ပိုင် အကျင့်ပျက် အခြေအနေများနှင့် အကျင့်ပျက် စိတ်သဘောထားကို ရှင်းရှင်းလင်းလင်း နားလည်သည့် အချိန်မှသာ၊ ထိုသူသည် မိမိ၏ဇာတိကို မုန်းတီးတတ်ပြီး စာတန်ကိုလည်း မုန်းတီးနိုင်လေသည်။ ယင်းအချိန်မှသာ စိတ်သဘောထား ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။ အကယ်၍ ထိုသူသည် ဤအခြေအနေများကို သတိမပြုမိနိုင်သကဲ့သို့ ယင်းတို့ကို ဆက်စပ်ကြည့်ပြီး မိမိကိုယ်မိမိ ချိန်ညှိနိုင်ခြင်း မရှိလျှင်၊ ထိုသူ၏ စိတ်သဘောထားမှာ ပြောင်းလဲနိုင်သလော။ မပြောင်းလဲနိုင်ချေ။ စိတ်သဘောထား ပြောင်းလဲမှုမှာ လူတစ်ယောက်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ထွက်ပေါ်သည့် အမျိုးမျိုးသော အခြေအနေများကို သတိပြုရန် လိုအပ်သည်။ ထိုသူသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ဘောင်ခတ် မခံရခြင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း အဆင့်တစ်ခုကို ရောက်ရှိရမည်။ ထိုအခါမှသာ ထိုသူ၏ စိတ်သဘောထားသည် စတင် ပြောင်းလဲနိုင်၏။ အကယ်၍ ထိုသူသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများ၏ ဇာစ်မြစ်ကို သတိမပြုမိနိုင်ဘဲ၊ မိမိ နားလည်သော စကားများနှင့် အယူဝါဒများအတိုင်း မိမိကိုယ်မိမိ ချုပ်ထိန်းခြင်းသာ ရှိသည်ဆိုလျှင်၊ ထိုသူမှာ ကောင်းသော အပြုအမူအချို့ ရှိပြီး အပြင်ပန်းတွင် အနည်းငယ် ပြောင်းလဲသည့်တိုင်၊ ယင်းကို စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် မယူဆနိုင်ချေ။ ယင်းကို စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် မယူဆနိုင်သည့်အတွက်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့် အချိန်ကာလတစ်လျှောက်လုံး လူအများစု ပါဝင်ကြသည့် အခန်းကဏ္ဍမှာ အဘယ်နည်း။ အလုပ်လုပ်ပေးသူတစ်ယောက်၏ အခန်းကဏ္ဍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ဘာသာ အားထုတ်ကြိုးပမ်းပြီး အလုပ်တာဝန်များနှင့် မအားမလပ် ဖြစ်ရုံမျှသာ ဖြစ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကိုပါ ထမ်းဆောင်နေသော်လည်း၊ အချိန်အများစု၌ အမှုကိစ္စများ ပြီးစီးခြင်းကိုသာ အာရုံစိုက်ကြ၏။ သမ္မာတရားကို ရှာဖွေခြင်း မရှိဘဲ၊ အားထုတ်နေခြင်းသာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့ စိတ်ကောင်း ဝင်နေသည့်အခါ သာမန်ထက်ပို၍ ကြိုးစား အားထုတ်ကြလိမ့်မည်။ တစ်ခါတစ်ရံ ၎င်းတို့ စိတ်ပျက်နေသည့်အခါ အနည်းငယ် တွန့်ဆုတ်ကြလိမ့်မည်။ သို့သော် ယင်းနောက်တွင် ၎င်းတို့သည် မိမိကိုယ်မိမိ ဆန်းစစ်ကြပြီး နောင်တ ရကြလိမ့်မည်။ ထိုသို့ဖြင့် ၎င်းတို့သည် ထပ်မံ၍ ပိုမို ကြိုးစား အားထုတ်ကြမည် ဖြစ်ပြီး၊ ဤသည်ကို နောင်တတရားအဖြစ် ယုံကြည်ကြလေသည်။ အမှန်တကယ်တွင် ဤသည်မှာ စစ်မှန်သော ပြောင်းလဲမှု မဟုတ်၊ စစ်မှန်သော နောင်တလည်း မဟုတ်ပေ။ စစ်မှန်သော နောင်တသည် မိမိကိုယ်ကိုယ် သိခြင်းနှင့် အစပြုလေသည်။ ယင်းသည် အပြုအမူ အပြောင်းအလဲတစ်ခုဖြင့် စတင်၏။ လူတစ်ယောက်၏ အပြုအမူ ပြောင်းလဲပြီး၊ ထိုသူသည် မိမိ၏ဇာတိကို ပုန်ကန်နိုင်လျှင်၊ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ပြီး အပြုအမူအရ စည်းမျဉ်းများနှင့် လျော်ညီသည်ဟု ထင်ရသည်ဆိုလျှင်၊ ဤသည်မှာ စစ်မှန်သော နောင်တရခြင်း ရှိခဲ့ပြီဟူသော အဓိပ္ပာယ် ဖြစ်သည်။ ထို့နောက် တဖြည်းဖြည်းဖြင့် ထိုသူသည် သမ္မာတရားနှင့် လုံးလုံး ကိုက်ညီကာ၊ စည်းမျဉ်းများနှင့်အညီ ပြောဆို လုပ်ဆောင်နိုင်ခြင်း အဆင့်ကို ရောက်ရှိလေသည်။ ဤသည်မှာ အသက် စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု စတင်ချိန် ဖြစ်သည်။ သင်တို့သည် ယခု သင်တို့၏ အတွေ့အကြုံတွင် မည်သည့် အဆင့်ကို ရောက်ရှိခဲ့ကြပြီနည်း။ (ကျွန်ုပ်သည် အပြင်ပန်းအားဖြင့် ကောင်းသော အပြုအမူအချို့ ရှိပါသည်။) ဤသည်မှာ အားထုတ်ခြင်း ကာလအပိုင်းအခြားတွင် ရှိနေသေး၏။ လူအချို့သည် အနည်းငယ် အားထုတ်ကြပြီးနောက်၊ ၎င်းတို့အနေဖြင့် ထည့်ဝင်မှုတစ်ခု ပြုခဲ့ကြပြီ၊ ဘုရားသခင်၏ ကောင်းချီးများနှင့် ၎င်းတို့ ထိုက်တန်သည်ဟု ထင်ကြသည်။ စိတ်အတွင်း၌လည်း ၎င်းတို့က “ဘုရားသခင်သည် ဤအရာကို မည်သို့ ထင်မြင်သနည်း။ ကျွန်ုပ်သည် ကြီးကြီးမားမား ကြိုးစားအားထုတ်ခဲ့ပြီး၊ ဆင်းရဲဒုက္ခများစွာကိုလည်း ကြံ့ကြံ့ခံခဲ့ပြီ။ ကျွန်ုပ်သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သလော” ဟူ၍ အမြဲ တွေးတောကြသည်။ အဓိကအကြောင်းအရာကိုသာ အမြဲ ကြိုးစားနေခြင်း ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ လှည့်ဖြားခြင်း၊ ဆိုးညစ်ခြင်းနှင့် မာနထောင်လွှားခြင်း ဖြစ်သည်။ ထို့အပြင် သမ္မာတရားကို အနည်းငယ်မျှ လက်ခံခြင်း မရှိဘဲ ဘုရားသခင်ကို ယုံကြည်နေပြီး၊ အနည်းငယ် အားထုတ်ခြင်းမှတစ်ဆင့် ကောင်းချီးများ ရရှိရန် မျှော်လင့်နေခြင်း ဖြစ်သည်။ ဤနေရာတွင် နှလုံးခိုင်မာသော စိတ်သဘောထားတစ်ခု ရှိနေသည် မဟုတ်လော။ အဆင့်အတန်း၏ အကျိုးအမြတ်များကိုလည်း လုံးဝ မစွန့်လွှတ်ကြချေ၊ ဤသည်မှာလည်း စိတ်နှလုံးခိုင်မာခြင်း မဟုတ်လော။ “ကျွန်ုပ်သည် ဤတာဝန်ကို ထမ်းဆောင်ရင်း ဆင်းရဲဒုက္ခ ကြုံခဲ့ရသည်ကို ဘုရားသခင်က အမှတ်ရမည်လော။ ကိုယ်တော်သည် ကျွန်ုပ်အား ကောင်းချီးအချို့ ပေးမည်လော” ဟူ၍ ၎င်းတို့သည် အမြဲတစေ ပူပန်နေကြ၏။ ၎င်းတို့၏ စိတ်အတွင်း၌ ဤတွက်ချက်မှုများကို အမြဲတမ်း ပြုလုပ်နေကြ၏။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် အပေးအယူများ ပြုလုပ်နေသည်ဟု ထင်ရလေသည်။ သို့သော် အမှန်တကယ်တွင် ဤနေရာ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား အချို့ ရှိနေခြင်း ဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူတစ်ခု ပြုလုပ်ရန် အမြဲ ဆန္ဒရှိနေခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းထံမှ ကောင်းချီးများကို အမြဲ ရရှိလိုခြင်း၊ အမြဲပင် အသာစီးရလိုကာ ဆုံးရှုံးမှုများကို မခံစားလိုခြင်း၊ ကလိမ်ကကျစ်ကျပြီး လျှို့ဝှက်သော နည်းလမ်းများကို အမြဲတစေ အသုံးပြုခြင်းတို့ ဖြစ်သည်။ ဤသည်မှာ ဆိုးညစ်သော စိတ်သဘောထားတစ်ခု၏ စိုးမိုးခြယ်လှယ်မှုကို ခံနေရခြင်း ဖြစ်သည်။ ထိုသို့သော လူတစ်ယောက်သည် မိမိ၏ တာဝန်များကို ထမ်းဆောင်ရာတွင် အနည်းငယ် ကြိုးစားအားထုတ်မှု ပြုသည့်အခါတိုင်း၊ “ကျွန်ုပ် ပြုလုပ်နေသော ကြိုးစား အားထုတ်မှု အားလုံးအတွက် ကျွန်ုပ်သည် ကောင်းချီးများ ရရှိမည်လော။ ဘုရားသခင်ကို ယုံကြည်ရန်အတွက် များစွာ ဆင်းရဲဒုက္ခခံပြီးသည့်နောက်တွင် ကျွန်ုပ်သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်လော။ ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရန် အရာအားလုံးကို စွန့်လွှတ်ခြင်းအတွက် ဘုရားသခင်သည် ကျွန်ုပ်အား ချီးကျူးမည်လော။ ဘုရားသခင်သည် ကျွန်ုပ်ကို ထောက်ခံသလော၊ မထောက်ခံသလော” ဟူ၍ သိချင်၏။ ထိုသို့သော လူများသည် ဤမေးခွန်းများကို တစ်နေကုန် တွေးတောကြ၏။ တစ်ရက်တာမျှ အဖြေရှာ၍ မရနိုင်ကြလျှင်၊ ၎င်းတို့သည် ထိုတစ်ရက်လုံးလုံး ဘဝင်မကျ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် သို့မဟုတ် အဖိုးအခ ပေးရန် ဆန္ဒမရှိကြဘဲ၊ သမ္မာတရားကို လိုက်စားရန်လည်း ပို၍ပင် စိတ်ဆန္ဒမရှိ ဖြစ်ကြလေသည်။ ဤအရေးကိစ္စများ၏ အမြဲတစေ ဘောင်ခတ် ပိတ်ဆို့ခြင်းကို ခံရသောကြောင့် ၎င်းတို့တွင် စစ်မှန်သော ယုံကြည်မှုဟူသည် မရှိချေ။ ၎င်းတို့သည် ဘုရားသခင်၏ ကတိတော်များ စစ်မှန်ကြောင်းကို မယုံကြည်ကြပေ။ သမ္မာတရား လိုက်စားခြင်းသည် ဘုရားသခင်၏ ကောင်းချီးများအား ဧကန်မုချ ရရှိစေလိမ့်မည် ဆိုသည်ကို ၎င်းတို့ မယုံကြည်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို မနှစ်မြို့ကြပေ။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားချင်သည့်တိုင်၊ ၎င်းတို့ထံ၌ ယင်းအတွက် အင်အား ချို့တဲ့ကြ၏။ ထို့ကြောင့် ၎င်းတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်း မရှိကြပေ။ ၎င်းတို့သည် သမ္မာတရားကိုလည်း နားမလည်နိုင်ကြပေ။ ဤလူပုဂ္ဂိုလ်သည် မိမိတာဝန်ကို ထမ်းဆောင်နေစဉ်တွင် ပြဿနာများကို မကြာခဏ ကြုံရတတ်၏။ ထိုသို့သော လူများသည် အများအားဖြင့် အပျက်သဘောဆောင်ကာ၊ အားနည်းတတ်ကြသည်။ ၎င်းတို့သည် အခက်အခဲနှင့် ကြုံရသည့်အခါတွင် မကျေနပ်ချက်များကို ညည်းညူကြသည်။ ထို့ပြင် ၎င်းတို့အပေါ် ဘေးအန္တရာယ် ကျရောက်သည့်အခါ သို့မဟုတ် ၎င်းတို့ ဖမ်းဆီးခံရသည့် အခါ၌၊ ဘုရားသခင်သည် ၎င်းတို့ကို ကာကွယ်ပေးနေခြင်း မရှိသကဲ့သို့ ၎င်းတို့ကိုလည်း အလိုမရှိခြင်း ဖြစ်သည်ဟု သတ်မှတ်ကြသည်။ ထို့နောက် ၎င်းတို့ဘာသာ စိတ်ပျက်ခြင်း ဖြစ်ကြ၏။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ဤသည်မှာ ဆိုးယုတ်မှု မဟုတ်လော။ ဤလူပုဂ္ဂိုလ်သည် မကျေမချမ်း ဖြစ်သည်နှင့်တစ်ပြိုင်နက် မည်သို့ ပြုမူမည်နည်း။ သေချာပေါက် အပျက်သဘောဆောင်၍ ပျင်းရိလာလိမ့်မည်။ ထိုသို့သော လူများသည် မျှော်လင့်ချက် ကင်းမဲ့မှုဖြင့် လက်လျှော့ အရှုံးပေးကြလိမ့်မည်။ ထို့ပြင် ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်များအဖြစ် မကြာခဏ စွပ်စွဲကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကိုပင် တိုက်ရိုက် မကျေမနပ် ပြောကောင်းပြောကြမည်ဖြစ်ပြီး သူနှင့်ပတ်သက်သည့် ဝေဖန်ချက်များလည်း ပြုလုပ်ကြပေမည်။ ဤအရာများကို ဖြစ်ပေါ်စေသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့သည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်း ဖြစ်သည်။ လောကီအမြင်များနှင့် စာတန်ဆန်သော ဆင်ခြင်တွေးခေါ်မှု စနစ်နှင့်အညီ၊ ရင်းနှီးမြှုပ်နှံမှုတိုင်းအတွက် အမြတ်အစွန်းတစ်ခုရှိရမည်ဟု ၎င်းတို့က ယုံကြည်ကြ၏။ ထိုသို့သော ဆုလာဘ် မရှိလျှင်၊ ၎င်းတို့က နောက်ထပ် ရင်းနှီးမြှုပ်နှံမည် မဟုတ်ပေ။ ၎င်းတို့တွင် လက်တုံ့ပြန်သော စိတ်နေစိတ်ထားတစ်ခု ရှိပြီး၊ ၎င်းတို့၏ ဝတ္တရားများကိုလည်း လက်လျှော့ရန် ကြိုးပမ်းကြသည်။ ၎င်းတို့၏တာဝန်ကို ငြင်းပယ်ကာ၊ ဆုလာဘ်ကို တောင်းဆိုကြသည်။ ဤသည်မှာ ဆိုးယုတ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် အပြုအမူများတွင် ပေါလုနှင့် တူညီနေသနည်း။ (ပေါလုက သူသည် ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးခဲ့ပြီ၊ ကောင်းစွာသော တိုက်လှန်ခြင်းကိုလည်း ပြုခဲ့ပြီဖြစ်၍၊ ဖြောင့်မတ်ခြင်း သရဖူသည် သူ့အတွက် သိုမှီးထားပြီးဖြစ်မည်ဟု ယုံကြည်ခဲ့ပါသည်။) ယင်းမှာ ၎င်းတို့အနေဖြင့် ပေါလုနှင့် အတိအကျ တူညီနေပုံ ဖြစ်သည်။ သင်တို့ကိုယ်တိုင်တွင် ပေါလု၏ ဤသရုပ်သကန်များထဲမှ တစ်ခုတလေသည် ထွက်ပေါ်သလော။ သင်တို့သည် ဤကဲ့သို့သော မိမိဘာသာ နှိုင်းယှဉ်ခြင်းများကို ပြုလုပ်ကြသလော။ သင်တို့ကိုယ်သင်တို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆက်စပ်ကြည့်ခြင်း မပြုလုပ်လျှင်၊ သင်တို့သည် မိမိကိုယ်ကိုယ် သိနိုင်လိမ့်မည် မဟုတ်ပေ။ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရကို အသိအမှတ်ပြုခြင်းအားဖြင့်သာ၊ မိမိကိုယ်ကိုယ် အမှန်တကယ် သိနိုင်လေသည်။ အကယ်၍ သင်သည် အပေါ်ယံဖြစ်သော အမှန်နှင့် အမှားများကိုသာ အသိအမှတ်ပြုသည်၊ သို့မဟုတ် သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန် ဖြစ်ကြောင်း ဝန်ခံရုံမျှသာ ရှိသည်ဆိုလျှင်၊ ဤသည်မှာ ယေဘုယျသဘော ဆန်လွန်းပြီး အနှစ်သာရမဲ့လွန်း၏။ ယင်းမှာ အတုအယောင် လေးနက်မှု ဖြစ်သည်၊ အယောင်ဆောင်ခြင်းတစ်ခု၊ လိမ်လည်ခြင်းတစ်ခု ဖြစ်သည်။ ဤပုံစံဖြင့် မိမိကိုယ်ကိုယ် သိခြင်းအကြောင်း ပြောဆိုခြင်းသည် အယောင်ဆောင် ဝိညာဉ်ရေးရာဆန်ခြင်း ဖြစ်သည်။ ယင်းမှာ အထင်အမြင် မှားစေ၏။

လှည့်ဖြားတတ်သော လူတစ်ယောက်သည် မိမိကိုယ်ကိုယ် သိခြင်း ရရှိရန် ကြိုးပမ်းကြပုံကို သင်တို့ မြင်ဖူးကြသလော။ ၎င်းတို့သည် နတ်ဆိုးနှင့် စာတန် မည်သို့ဖြစ်ကြသည်ကို ပြောဆိုကာ မိမိတို့ကိုယ်ကိုပင် ကျိန်ဆဲလျက် တစ်ဆိတ်ကို တစ်အိတ်လုပ်ရန် လုပ်ရန် ကြိုးစားကြ၏။ သို့ရာတွင် ၎င်းတို့ ပြုလုပ်ထားသည့် ဆိုးဝါးပြီး ဆိုးယုတ်သော လုပ်ဆောင်ချက်များကို မပြောဆိုကြသကဲ့သို့၊ ၎င်းတို့၏ စိတ်နှလုံးအတွင်းမှ ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးမှုကိုလည်း မစိစစ်ကြချေ။ ၎င်းတို့သည် နတ်ဆိုးတစ်ကောင်နှင့် စာတန် ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ကာ အာခံကြောင်းကိုသာ ပြောဆိုကြ၏။ မိမိတို့ကိုယ်ကိုယ် ရှုတ်ချရန်အတွက် အနှစ်မဲ့သော စကား အများအပြားနှင့် သိမ်းကျုံးဖော်ပြသော ထွက်ဆိုချက်များကို အသုံးပြုကြသည်ဖြစ်ရာ၊ “ယခု ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိသော လူတစ်ယောက် ဖြစ်ပေသည်။ ထိုသူတွင် အလွန်လေးနက်သော နားလည်သဘောပေါက်မှု ရှိပေ၏” ဟု အခြားသူများအား ခံစားစေသည်။ ၎င်းတို့သည် မည်မျှ ဝိညာဉ်ရေးရာပြည့်ဝကြောင်းကို အခြားသူများအား မြင်တွေ့စေသည်။ အခြားသူများအားလုံးက ၎င်းတို့ကို သမ္မာတရား လိုက်စားသူ တစ်ယောက်အဖြစ် အားကျကြစေရန်အလို့ငှာ ပြုလုပ်ခြင်း ဖြစ်သည်။ သို့သော် နှစ်အနည်းငယ်မျှ ဤပုံစံဖြင့် မိမိကိုယ်ကိုယ် သိပြီးသည့်နောက်တွင် ၎င်းတို့သည် စစ်မှန်စွာ နောင်တ မရကြသေးပေ။ ၎င်းတို့အနေဖြင့် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်သည်၊ သို့မဟုတ် အမှုကိစ္စများကို စည်းမျဉ်းများအတိုင်း လုပ်ဆောင်သည် ဆိုသော အခြေအနေ တစ်ခုခုကိုလည်း မတွေ့ရချေ။ ၎င်းတို့၏ အသက် စိတ်သဘောထားတွင် မည်သည့် ပြောင်းလဲမှုမျှ မရှိပေ။ ထိုသို့ဖြင့် ပြဿနာကို ဖော်ထုတ်ပြနေလေသည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အစစ်အမှန် သိခြင်း မဟုတ်။ အယောင်ဆောင်ခြင်းနှင့် လိမ်လည်ခြင်း ဖြစ်သည်။ ဤလူသည် သူတော်ကောင်းယောင်ဆောင်သူတစ်ယောက် ဖြစ်၏။ လူတစ်ဦးတစ်ယောက်သည် မိမိကိုယ်ကိုယ် သိခြင်းအကြောင်းကို မည်သို့ ပြောဆိုသည်ဖြစ်စေ၊ ထိုသူ၏စကားများ မည်သို့ နားထောင်ကောင်းပုံရသည် သို့မဟုတ် ထိုသူ၏အသိ မည်မျှ လေးနက်သည်ဆိုသည်တို့ကို အာရုံမစိုက်လေနှင့်။ စောင့်ကြည့် လေ့လာရမည့် အဓိကသော့ချက်မှာ အဘယ်နည်း။ သမ္မာတရားမည်မျှ ၎င်းတို့ လက်တွေ့ လုပ်ဆောင်နိုင်သည်ဆိုသည်ကို အာရုံစိုက်လော့။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို ထိန်းသိမ်းရန်အတွက် သမ္မာတရား စည်းမျဉ်းများအား လိုက်နာနိုင်ခြင်း ရှိမရှိကိုလည်း အာရုံစိုက်လော့။ လူတစ်ဦးတစ်ယောက်သည် စစ်မှန်သော ပြောင်းလဲခြင်းအား ကြုံခဲ့ရပြီလော ဆိုသည်ကို ခွဲခြားရန်အတွက် ဤအညွှန်းနှစ်ခုမှာ လုံလောက်၏။ ဤသည်မှာ လူများကို အကဲဖြတ်ခြင်းနှင့် ခွဲခြားသိမြင်ခြင်းအတွက် စည်းမျဉ်း ဖြစ်သည်။ ၎င်းတို့၏နှုတ်မှ ထွက်သည့် ကောင်းမွန်သော အရာများကို နားမထောင်လေနှင့်။ ၎င်းတို့ အမှန်တကယ် လုပ်ဆောင်သောအရာကို စောင့်ကြည့်လေ့လာလော့။ မိမိကိုယ်ကိုယ် သိခြင်းအကြောင်း ဆွေးနွေးသည့် အချိန်၌ အပြင်ပန်းအားဖြင့် ယင်းကို အလေးအနက်ထားနေသည်ဟု ထင်ရသော လူအချို့ ရှိလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဖွင့်ဟကာ ဖွင့်ချပြလျက် အခြားသူများအပေါ် ထားရှိသည့် ၎င်းတို့၏ လွဲမှားသော စိတ်ကူးများ သို့မဟုတ် မှားယွင်းသော အတွေးများ တစ်ခုတလေအကြောင်းကိုပြောဆိုကြ၏။ သို့သော် ၎င်းတို့ ပြောဆိုပြီးသွားသည့်အခါ အမှန်တကယ် နောင်တမရကြသေးပေ။ ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ၊ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ခြင်း မရှိကြသေးသကဲ့သို့စည်းမျဉ်းများကိုလည်း မလိုက်နာကြပေ။ အသင်းတော်၏အလုပ်ကို မထိန်းသိမ်းကြ သို့မဟုတ် မည်သည့် ပြောင်းလဲမှုမျှ မပြကြချေ။ ဤသို့ မိမိကိုယ်ကိုယ် သိခြင်း၊ ဖွင့်ဟခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းမျိုးသည် မည်သည့် အဓိပ္ပာယ်မျှ မရှိချေ။ ဤပုံစံဖြင့် မိမိကိုယ်ကိုယ် သိခြင်းမှာ အမှန်တကယ် နောင်တရခြင်း ဖြစ်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဤလူစားမျိုးက တွေးထင်ခြင်း ဖြစ်နိုင်သည်။ သို့သော် နောက်ဆုံး၌ ဤသို့ နှစ်ပေါင်းများစွာ သိနားလည်ပြီးသည့်နောက်တွင် ပြောင်းလဲမှု ဟူ၍ တစ်ခုတလေမျှ မရှိချေ။ ဤပုံစံဖြင့် မိမိကိုယ်ကိုယ် သိခြင်းမှာ ဟန်ဆောင် လုပ်ပြနေခြင်းသာ မဟုတ်လော၊ လုပ်ငန်းစဉ်အတိုင်း လုပ်နေခြင်း မဟုတ်လော။ စစ်မှန်သော အကျိုးတရား မရှိချေ။ ၎င်းတို့သည် မိမိကိုယ်မိမိ လှည့်စားနေခြင်းသာ မဟုတ်လော။ တစ်ခါက ငါသည် တစ်နေရာသို့ သွားခဲ့ပြီး၊ ငါ ရောက်ရှိသည့်အခါ လူတစ်ယောက်သည် မြက်ဖြတ်စက်တစ်ခုဖြင့် မြက်ရိတ်လျက်ရှိ၏။ မြက်ဖြတ်စက်မှာ ကျယ်ကျယ်လောင်လောင် မြည်နေပြီး ဝုန်းဒိုင်းကြဲ ဆူညံလျက်ရှိသည်။ ထိုနေရာသို့ နှစ်ခါ သုံးခါမျှ သွားရောက်ခဲ့သည့် အကြိမ်တိုင်းတွင် ငါသည် ထိုအခြေအနေကိုသာ ကြုံခဲ့ရ၏။ ထို့ကြောင့် ငါက ထိုသူအား၊ “မြက်ရိတ်ရန်အတွက် သင်တို့တွင် ပုံသေ သတ်မှတ်ချိန်အချို့ မရှိသလော” ဟု မေးမြန်း၏။ ထိုသူက “ကျွန်ုပ်သည် ဘုရားသခင် ရောက်ရှိနေပြီဟု မြင်သည့်အခါမှသာ မြက်ရိတ်ပါသည်။ ယင်းမှာ ကျွန်ုပ်အတွက်လည်း မကောင်းလှပါ” ဟု ပြန်ဖြေလေသည်။ မချင့်ချိန်နိုင်သော လူများမှာ ဤအဖြစ်ကို ကြားပြီး ထိုသူသည် သူ့စိတ်တွင် ရှိသမျှကို ပြောနေခြင်းဖြစ်၍ ရိုးသားခြင်း ဖြစ်သည်ဟု ထင်ချင် ထင်ကြမည်။ ထိုသူသည် သူ၏အမှားများကို ဝန်ခံနေခြင်းဖြစ်ပြီး မိမိကိုယ်ကိုယ် သိခြင်းကို ရရှိနေသည်ဟု ထင်ကောင်း ထင်ကြမည်။ ယင်းသို့ဖြင့် ၎င်းတို့ အထင်အမြင်မှားကုန်ကြ၏။ သို့သော် သမ္မာတရားကို နားလည်သည့် လူတစ်ယောက်သည် ယင်းကို ထိုနည်းအတိုင်း မြင်မည်လော။ ဤအဖြစ်နှင့်ပတ်သက်၍ မှန်ကန်တိကျသော ရှုထောင့်အမြင်မှာ အဘယ်နည်း။ ဤအခြေအနေကို ရိပ်စားမိနိုင်သည့် သူများကမူ၊ “သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင် တာဝန်ယူမှု ရှိမနေပါ။ သင်သည် ဤအရာကို ဟန်ပြအတွက်သာ လုပ်နေသည်မဟုတ်လော” ဟု စဉ်းစားကြလိမ့်မည်။ သို့သော် မြက်ရိတ်သူသည် အခြားသူများက ဤနည်းအတိုင်း စဉ်းစားမည်ကို စိုးရိမ်၏။ ထို့ကြောင့် သူသည် အခြားသူများ နှုတ်ပိတ်စေရန်အတွက် လက်ဦးမှုရယူကာ ထိုနည်းအတိုင်း ပြောဆိုလေသည်။ ဤသည်မှာ အတော် လိမ္မာပါးနပ်သည့် နှုတ်မှုပင် မဟုတ်လော။ (ဟုတ်ပါသည်။) အမှန်တကယ်တွင် သူသည် သင့်အား လက်ဦးမှုရယူ၍ အထင်အမြင်မှားစေရန်၊ သင့်အနေဖြင့် သူ့အား အတော် ဖြောင့်မတ် ရိုးသားသည်၊ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ကာ မိမိ၏ အမှားများကို ဝန်ခံနိုင်သည်ဟု ထင်မြင်စေရန်အလို့ငှာ ဤအခြေအနေအား မည်သို့ ဖြေရှင်းမည်ကို ဟိုယခင်ကတည်းကပင် အဖြေရှာထားခဲ့ပြီးဖြစ်၏။ ထိုသူ စဉ်းစားနေသည်မှာ “ကျွန်ုပ်သည် သမ္မာတရားကို နားလည်သည်။ သင့်အနေဖြင့် ကျွန်ုပ်အား ပြောပြနေရန် မလိုပေ။ ကျွန်ုပ်ကသာ အဦးဆုံး ဝန်ခံလိုက်မည်။ ကျွန်ုပ်၏ ပါးနပ်သော အဆင့်ဆင့်ပြောဆိုမှုအား သင် မည်သို့ ချေပနိုင်မည်ကို ကြည့်ကြစို့။ ကျွန်ုပ် ပြုလုပ်မည်မှာ ဤမျှသာ ဖြစ်သည်။ သင်သည် ကျွန်ုပ်အား မည်သို့များ ပြုလုပ်နိုင်မည်နည်း” ဟူ၍ ဖြစ်သည်။ ဤနေရာတွင် မည်သည့် စိတ်သဘောထားများ ရှိနေသနည်း။ ပထမဦးဆုံး သူသည် အရာအားလုံးကို နားလည်၏။ အမှားတစ်ခုကို ပြုလုပ်သည့်အခါ သူသည် နောင်တရရန် သိလေသည်။ ဤသည်မှာ အခြားသူများအား သူ့အပေါ်တွင် ထားရှိစေသည့် ထင်မြင်ချက် ဖြစ်သည်။ အတွေးမှားတစ်ခုကို ဖန်တီးရန်၊ သူ့အား အခြားသူများက အထင်ကြီး လေးစားရန်အတွက် အယောင်ဆောင်မှုများနှင့် မုသားများကို အသုံးပြုခြင်း ဖြစ်သည်။ သူသည် ပြောင်မြောက်လှစွာ အပိုင်ကြံတတ်၏။ သူ၏ စကားများကအခြားသူများကို မည်မျှအထိ အထင်အမြင်မှားစေလိမ့်မည်၊ ၎င်းတို့၏ တုံ့ပြန်ချက်များမှာ မည်သို့ ရှိလိမ့်မည် ဆိုသည်တို့ကို သူသိလေသည်။ သူသည် ဤအရာအားလုံးကို ကြိုတင်၍ အကဲဖြတ်ထား၏။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထို့အပြင် သူသည် ဤအရာများကို ပြောနိုင်ခြင်းက ဤအကြောင်းကို ယခုအချိန်မှသာ သဘောပေါက်ခြင်း မဟုတ်ဘဲ ဤနည်းအတိုင်း ပြုမူခြင်းသည် ဝတ်ကျေတမ်းကျေ လုပ်ခြင်း ဖြစ်ကြောင်း၊ ယခုတွင် ဤအရာကို သူ လုပ်ဆောင်မနေသင့်ကြောင်း၊ ထိုသို့သော အပြင်ပန်း အသွင်တစ်ခုဖြင့် ဟန်ဆောင်မနေသင့်ကြောင်း၊ မိမိ၏ ကိုယ်ပိုင် ဂုဏ်မာနအတွက် လုပ်ဆောင်မနေသင့်ကြောင်းတို့ကို သူသည် အချိန်ကြာမြင့်စွာကတည်းက သိထားခဲ့ပြီးပြီ ဖြစ်သည်ကို သက်သေပြသည်။ သို့ဖြစ်လျှင် သူသည် အဘယ်ကြောင့် လုပ်ဆောင်နေသေးသနည်း။ ဤသည်မှာ စိတ်နှလုံးခိုင်မာခြင်း မဟုတ်လော။ ဟန်လုပ်ခြင်း၊ စိတ်နှလုံးခိုင်မာခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်မှုလည်း ရှိနေလေသည်။ သင်တို့သည် ယင်းတို့ကို ခွဲခြားသိမြင်နိုင်သလော။ လူအချို့သည် အခြားသူများကိုသာ ခွဲခြားသိမြင်နိုင်ကြပြီး၊ မိမိတို့ကိုယ်ကိုယ် မသိမြင်နိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ လူတစ်ယောက်သည် မိမိကိုယ်မိမိ အမှန်တကယ် သိမြင်နိုင်လျှင်၊ ထိုနည်းတူစွာ အခြားသူများကိုလည်း ခွဲခြားသိမြင်နိုင်သည်။ အခြားသူများကိုသာ ခွဲခြား သိမြင်နိုင်ပြီး မိမိကိုယ်မိမိ မသိမြင်နိုင်လျှင်၊ ယင်းမှာ ၎င်း၏ စိတ်သဘောထားနှင့် စရိုက်လက္ခဏာတွင် ပြဿနာတစ်ခုရှိနေသည့် သဘောဖြစ်သည်။ အခြားသူများအား သမ္မာတရားနှင့် ယှဉ်ကြည့်ခြင်းရှိသော်လည်း၊ မိမိကိုယ်တိုင်ကို မယှဉ်ကြည့်ခြင်းဖြစ်သည်။ ဤသည်ကား သမ္မာတရားကို လက်ခံသူတစ်ယောက် ဖြစ်ဖို့ရန် မဆိုထားနှင့်၊ သမ္မာတရားကို ချစ်သော လူတစ်ယောက်ပင် မဟုတ်သည်မှာ သေချာ၏။

လူတစ်ယောက်သည် မိမိ၏ ဖောက်ပြန်ပျက်စီးမှုက မည်မျှ ဆိုးဝါးသော ပြဿနာတစ်ခု ဖြစ်ကြောင်း ဖော်ထုတ်နိုင်သည် ဆိုလျှင်၊ ယင်းမှာ ကောင်းသော အရာတစ်ခုလော သို့မဟုတ် ဆိုးသော အရာတစ်ခုလော။ ကောင်းသောအရာတစ်ခု ဖြစ်သည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးမှုကို ပို၍ ဖော်ထုတ်နိုင်ပြီး၊ ယင်းကို ပို၍ မှန်ကန်တိကျစွာ နားလည်နိုင်ကာ သင်၏ ကိုယ်ပိုင် အနှစ်သာရကို ပို၍ အသိအမှတ်ပြုနိုင်လေ၊ သင်သည် ပို၍ ကယ်တင်ခံရနိုင်လေဖြစ်လိမ့်မည်ဖြစ်ပြီး၊ ကယ်တင်ခြင်းကို ရရှိခြင်းနှင့်လည်း ပို၍ နီးကပ်လာလေ ဖြစ်လိမ့်မည်။ သင်သည် မိမိမှာ ကောင်းမွန်ပြီး အဆင်ပြေသည်ဟု အမြဲ ယုံကြည်လျက်၊ မိမိ၏ ပြဿနာများကို ဖော်ထုတ်ရန် ပို၍ မစွမ်းဆောင်နိုင်လေ၊ သင်သည် ကယ်တင်ခြင်းလမ်းကြောင်းမှ ပို၍ ဝေးကွာလေ ဖြစ်သည်။ သင်သည် ဘေးအန္တရာယ် များစွာ ရှိနေဆဲဖြစ်၏။ မိမိ၏တာဝန်ကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်ပုံ၊ သမ္မာတရားကို ၎င်းတို့ မိတ်သဟာယဖွဲ့နိုင်စွမ်းနှင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်စွမ်းတို့ကို အစဉ်အမြဲ ကြွားဝါနေသည့် လူတစ်ယောက်အား သင်သည် မြင်လျှင်၊ ဤသည်မှာ ထိုလူ၏ ဝိညာဉ်ရင့်သန်မှု အလွန်နည်းပါးကြောင်း သက်သေပြခြင်း ဖြစ်သည်။ ထိုလူသည် ကလေးဆန်ပြီး သူ၏ အသက်တာသည် ရင့်ကျက်မှု မရှိချေ။ မည်သည့် လူစားမျိုးသည် ကယ်တင်ခြင်းကို ရရှိခြင်းအတွက် ပို၍ မျှော်လင့်ချက် ရှိကာ၊ ကယ်တင်ခံရခြင်း လမ်းကြောင်းကို စတင်နိုင်သနည်း။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ် အသိအမှတ်ပြုသည့် လူစားမျိုးပင် ဖြစ်သည်။ ထိုသူသည် ယင်းစိတ်သဘောထားကို ပို၍ နက်နက်နဲနဲ နားလည်လေ၊ ကယ်တင်ခံရခြင်းနှင့် ပို၍ နီးကပ်လေ ဖြစ်သည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အားလုံးက စာတန်ဆန်သော သဘာဝမှ ပေါ်ပေါက်သည်ကို နားလည်ခြင်း၊ မိမိတို့တွင် အသိတရား သို့မဟုတ် အသိစိတ် လုံးဝ မရှိကြောင်း၊ မည်သည့် သမ္မာတရားကိုမျှ လက်တွေ့ မလုပ်ဆောင်နိုင်ကြောင်း၊ မိမိတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်ခုတည်းဖြင့်သာ ရှင်သန်နေထိုင်ကြပြီး၊ လူ့သဘာဝဟူ၍ လုံးဝ မရှိကြောင်း၊ မိမိတို့သည် အသက်ရှင်နေသော နတ်ဆိုးတစ်ကောင်နှင့် အသက်ရှင်နေသော စာတန်တစ်ယောက် ဖြစ်ကြောင်းတို့ကို မြင်ခြင်းပင်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးမှု အနှစ်သာရကို အမှန်တကယ် သိကျွမ်းခြင်း ဖြစ်သည်။ ဤပုံစံအတိုင်း နားလည်သဘောပေါက်ခြင်းသည် ထိုပြဿနာအား အတော်ပင် ဆိုးရွားသည်ဟု ထင်ရစေ၏၊ သို့သော် ဤသည်မှာ ကောင်းသော အရာတစ်ခုလော၊ သို့မဟုတ် ဆိုးသော အရာတစ်ခုလော။ (ကောင်းသော အရာတစ်ခု ဖြစ်ပါသည်။) ကောင်းသော အရာတစ်ခု ဖြစ်သော်လည်း၊ လူအချို့မှာ ၎င်းတို့၏ နတ်ဆိုးဆန်သော၊ စာတန်ဆန်သော ဘက်ခြမ်းကို မြင်ကြသည့်အခါ အပျက်သဘောဆောင်လာကြသည်။ “ယခုတော့ ငါဇာတ်သိမ်းလေပြီ။ ဘုရားသခင်သည် ငါ့ကိုအလိုမရှိပေ။ ငါ့ကို ငရဲသို့ ဧကန်မုချ ပို့ပေလိမ့်မည်။ ငါသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရဖို့ရန် လုံးဝ မဖြစ်နိုင်ပေ”ဟု စဉ်းစားနေကြလေသည်။ ဤသည်မှာ ဖြစ်ပျက်တတ်သော အရာတစ်ခုလော။ ငါ့ကို ပြောလော့၊ မိမိကိုယ်မိမိ ပို၍ နားလည်လေ ပို၍ အပျက်သဘော ဆောင်လာလေ ဖြစ်ကြသည့် လူများ ရှိကြသလော။ “ငါသည် လုံးလုံး ပျက်ကိန်းဆိုက်လေပြီ။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းတို့မှာ ငါ့အပေါ် ကျရောက်လေပြီ။ ဤသည်မှာ အပြစ်ဒဏ်ပေးခြင်း၊ ဒဏ်ခတ်ခံရခြင်း ဖြစ်သည်။ ဘုရားသခင်သည် ငါ့ကိုအလိုမရှိပေ။ ငါသည် ကယ်တင်ခံရမည့် မျှော်လင့်ချက် မရှိပေ” ဟူ၍ ၎င်းတို့က စဉ်းစားကြ၏။ လူများတွင် ဤသို့ လွဲမှားသည့် အတွေးအမြင်များ ရှိကြသလော။ (ရှိကြပါသည်။) အမှန်အားဖြင့် လူတစ်ယောက်သည် မိမိ၏ မျှော်လင့်ချက်မဲ့ခြင်းကို ပို၍ အသိအမှတ် ပြုလေ၊ ထိုသူအတွက် ပို၍ မျှော်လင့်ချက် ရှိလေ ဖြစ်သည်။ အပျက်သဘော မဆောင်နှင့်၊ လက်မလျှော့လေနှင့်။ မိမိကိုယ်ကိုယ် သိခြင်းသည် ကောင်းသော အရာတစ်ခု ဖြစ်၏။ ယင်းမှာ ကယ်တင်ခြင်းကို ရရှိခြင်းဆီသို့ ဦးတည်သော ပဓာနကျသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ အကယ်၍ လူတစ်ယောက်သည် ကဏ္ဍအမျိုးမျိုးတွင် မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုလည်းကောင်း၊ ဘုရားသခင်အား ၎င်းတို့၏ အာခံခြင်း အနှစ်သာရကိုလည်းကောင်း လုံးလုံး သတိမမူမိလျှင်၊ ပြောင်းလဲခြင်းအတွက်လည်း စီစဉ်ခြင်းပင် မရှိလျှင်၊ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်ပေသည်။ ဤလူစားမျိုးသည် ထုံအ၏၊ ၎င်းတို့သည် လူသေဖြစ်သည်။ လူသေတစ်ဦးအား အသက်ပြန်ရှင်စေရန် လွယ်ကူသလော။ ၎င်းတို့သည် သေဆုံးပြီးသားဖြစ်သောကြောင့်၊ ၎င်းတို့အား အသက်ပြန်ရှင်စေခြင်းမှာ မလွယ်ကူချေ။

ဘုရားသခင်သည် နောင်တရခြင်းအတွက် အခွင့်အရေးများကို မည်သည့် လူစားမျိုးအား ပေးနေဆဲဖြစ်သနည်း။ မည်သည့် လူစားမျိုးသည် ကယ်တင်ခံရမည့် မျှော်လင့်ချက် ရှိနေသေးသနည်း။ ဤလူများသည် မည်သည့် သရုပ်သကန်များ ပြသသင့်သနည်း။ ပထမဦးစွာ ၎င်းတို့တွင် အသိတရားရှိသော စိတ်တစ်ခု ရှိရမည်။ ၎င်းတို့အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ၊ ၎င်းတို့အား ကယ်တင်ရန် လုပ်ဆောင်နေသူမှာ ဘုရားသခင် ဖြစ်သည်ဟု မိမိတို့ စိတ်နှလုံးများတွင် နားလည်ကာ၊ ထိုအရာကို ဘုရားသခင်ထံမှ ခံယူနိုင်ကြသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သကဲ့သို့ အဘယ်ကြောင့် ကျွန်ုပ်ထံ ဤအမှုအရာမျိုး ဖြစ်ပျက်သည်ကိုလည်း နားမလည်ပါ။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်ကို ကယ်တင်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ကျွန်ုပ်သည် သူ့ကို ပုန်ကန်၍ မဖြစ်ပါ၊ သူ၏စိတ်နှလုံးကို ထိခိုက်စေ၍ မဖြစ်ပါ။ ကျွန်ုပ်သည် မိမိကိုယ်မိမိ ဆန့်ကျင်တွန်းလှန်ပြီး ကျိုးနွံနာခံရပေမည်” ဟု ဆိုကြလိမ့်မည်။ ၎င်းတို့တွင် ဤအသိတရားရှိကြ၏။ ထို့အပြင် အသိစိတ်အရ၊ ၎င်းတို့က၊ “ဘုရားသခင်မှာ ဖန်ဆင်းရှင် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ ဘုရားသခင် ပြုလုပ်သည့် မည်သည့်အရာမဆို မှန်ကန်၏။ ဘုရားသခင်သည် ကျွန်ုပ်၏ အကျင့်ပျက် စိတ်သဘောထားကို သန့်စင်ရန်အတွက် ကျွန်ုပ်အား တရားစီရင်ကာ ပြစ်တင်ဆုံးမသည်။ ဖန်ဆင်းရှင်က သူ၏ ဖန်ဆင်းခံများအား မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ ယင်းမှာ လုံးဝ ကျိုးကြောင်းသင့်ပြီး သင့်လျော်သည်”ဟု စဉ်းစားကြသည်။ ဤသည်မှာ လူများတွင် ရှိသင့်သော အသိစိတ် ဖြစ်သည် မဟုတ်လော။ လူတို့က၊ “ကျွန်ုပ်သည် လူသားတစ်ယောက် ဖြစ်သည်။ ကျွန်ုပ်တွင် ပင်ကို အရည်အသွေးနှင့် ဂုဏ်သိက္ခာ ရှိသည်။ ကျွန်ုပ်အား ဤကဲ့သို့ ဆက်ဆံရန် သင့်ကို ကျွန်ုပ် ခွင့်ပြုမည်မဟုတ်” ဟုဆိုကာ၊ ဘုရားသခင်အပေါ် တောင်းဆိုချက်များ မပြုလုပ်သင့်ပေ။ ဤသည်မှာ လျော်ကန် သင့်မြတ်သလော။ ဤသည်မှာ စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်၏။ ယင်းသည် ပုံမှန် လူသားတစ်ဦး၏အသိစိတ် ကင်းမဲ့ကာ၊ ဘုရားသခင်ကလည်း ဤသို့သော လူများကို ကယ်တင်မည် မဟုတ်ချေ။ ၎င်းတို့ကို ဖန်ဆင်းခံများအဖြစ် အသိအမှတ်မပြုပေ။ သင်က၊ “ကျွန်ုပ်ကို ဘုရားသခင် ဖန်ဆင်းခဲ့သည်။ သူသည် ကျွန်ုပ်အား မည်သို့ ဆက်ဆံချင်သည်ဖြစ်စေ အဆင်ပြေပါသည်။ သူက ကျွန်ုပ်အား မြည်းတစ်ကောင်ကဲ့သို့ဖြစ်စေ၊ မြင်းတစ်ကောင်ကဲ့သို့ဖြစ်စေ၊ အခြားအရာတစ်ခုကဲ့သို့ဖြစ်စေ သဘောထားနိုင်သည်။ ကျွန်ုပ်တွင် ကျွန်ုပ်၏ကိုယ်ပိုင် ရွေးချယ်စရာများ သို့မဟုတ် သတ်မှတ်ချက်များ မရှိပါ” ဟု ပြောခဲ့သည်ဆိုပါစို့။ သင်က ထိုသို့ ပြောခဲ့သည် ဆိုလျှင်၊ မိမိ၏တာဝန် ထမ်းဆောင်ခြင်းသည် အနည်းငယ် ခက်ခဲပင်ပန်းသလောဟူ၍ သင်သည် ကြေးများချင်နေဦးမည်လော။ (ကြေးများချင်မည် မဟုတ်ပါ။) မှန်ပေသည်။ သင်သည် ကျိုးနွံနာခံရမည်။ မည်သို့ ကျိုးနွံနာခံမည်နည်း။ အစပထမ၌ ကျိုးနွံနာခံခြင်းသည် လုပ်ဆောင်ရန် ပင်ပန်း ခက်ခဲ၏။ သင်သည် အမြဲပင် ငြင်းဆိုကာ ရှောင်ရှားချင်လေသည်။ သို့ဖြစ်ရာ မည်သည့်အရာကို သင်ပြုလုပ်သင့်သနည်း။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ လာကာ ဆုတောင်းရမည်။ သမ္မာတရားကို ရှာဖွေရမည်။ ပြဿနာ၏ အနှစ်သာရကို ရှင်းလင်းစွာ မြင်ရမည်။ ထို့နောက် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာဖွေရမည်။ သင်သည် တဖြည်းဖြည်း ကျိုးနွံနာခံရင်းဖြင့် သင်၏စိတ်နှလုံးနှင့် အားထုတ်မှုကို သမ္မာတရားလက်တွေ့ လုပ်ဆောင်ခြင်းတွင် ထားရှိသင့်သည်။ ဤသည်မှာ အသိစိတ် ရှိခြင်း ဖြစ်၏။ သင်သည် ဤအသိစိတ်မျိုးကို ပထမဦးစွာ ပိုင်ဆိုင်ရမည်။ လူတစ်ယောက်တွင် အသိစိတ်နှင့် အသိတရား ရှိသည်နှင့်တစ်ပြိုင်နက်၊ မည်သည့်အရာကို နောက်ထပ် လိုအပ်သနည်း။ ရှက်တတ်သော စိတ်တစ်ခု ဖြစ်သည်။ လူတစ်ယောက်သည် မည်သည့် အခြေအနေများအတွက် ရှက်တတ်သော စိတ်တစ်ခု ရှိရန် လိုအပ်သနည်း။ မှားယွင်းသောအရာတစ်ခုအား ပြုလုပ်သည့်အချိန်၊ မိမိတို့၏ ပုန်ကန်မှု၊ ကလိမ်ကကျစ်ကျခြင်းနှင့် လှည့်ဖြားခြင်းတို့အား ထုတ်ဖော်ပြသည့်အချိန်၊ လိမ်ညာပြီး အယောင်ဆောင်မှု ကျူးလွန်ကြသည့် အချိန်များတွင် ဖြစ်သည်။ ယင်းမှာ လူများအနေဖြင့် ရှက်တတ်သော စိတ်တစ်ခုနှင့် အသိရှိခြင်းကို လိုအပ်သောအချိန်ပင် ဖြစ်သည်။ အမှုကိစ္စများအား ဤပုံစံအတိုင်း လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် မကိုက်ညီကြောင်း၊ သိက္ခာမဲ့ကြောင်းကို ၎င်းတို့အနေဖြင့် သိရမည်။ ၎င်းတို့သည် နောင်တရရန် သိကြရမည်။ ရှက်တတ်သော စိတ်ဟူ၍ မရှိသည့် လူတစ်ယောက်မှာ လူသားဟု ခေါ်ဆိုခံရရန် မထိုက်တန်သည့် အရှက်မရှိ မျက်နှာပြောင်တိုက်သူတစ်ဦး ဖြစ်သည်။ သမ္မာတရားကို လက်မခံသောသူ တစ်ယောက်အတွက် လုံးလုံး အဆုံးသတ်ခြင်း ဖြစ်သည်။ ၎င်းတို့ထံသို့ သမ္မာတရားအား မည်သို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့က မခံယူကြပေ။ မည်သည့်အရာကို ပြောဆိုသည် ဖြစ်စေ၊ ၎င်းတို့က အသိ မရကြသေးချေ။ ဤသည်ကို ရှက်တတ်သော စိတ်တစ်ခု ကင်းမဲ့ခြင်းဟု ခေါ်သည်။ ရှက်တတ်သော စိတ်တစ်ခုမရှိသည့် လူများသည် နောင်တရနိုင်သလော။ ရှက်တတ်သော စိတ်တစ်ခု မရှိလျှင်၊ လူတစ်ယောက်သည် ဂုဏ်သိက္ခာဟူ၍ မရှိပေ။ ဤသို့သော လူတစ်ဦးသည် နောင်တကိုလည်း မသိချေ။ နောင်တကို မသိသော လူများသည် ပြောင်းလဲနိုင်ကြသလော။ (မပြောင်းလဲနိုင်ကြပါ။) မပြောင်းလဲနိုင်သော သူများသည် မိမိတို့၏ လက်ထဲတွင်ရှိသည့် မကောင်းမှုကို စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။ “အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့ လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။” (ယောနဝတ္ထု ၃:၈) လူတစ်ယောက်သည် ဤအရာကို လုပ်ဆောင်နိုင်ရန် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ ရှက်တတ်သော စိတ်တစ်ခု၊ အသိတရားရှိသော စိတ်တစ်ခု ပိုင်ဆိုင်ကြရမည်။ အမှားတစ်ခုကို ပြုလုပ်သည့်အခါ၊ ၎င်းတို့သည် မိမိကိုယ်မိမိ အပြစ်တင်မိကြလိမ့်မည်ဖြစ်ပြီး နောင်တရကြလိမ့်မည်ဖြစ်ကာ၎င်းတို့၏ မှားယွင်းသော နည်းလမ်းများကိုလည်း စွန့်ပစ်ကြလိမ့်မည်။ ဤလူစားမျိုးက ပြောင်းလဲနိုင်သည်။ ဤသည်မှာ လူတစ်ယောက်၏ လူ့သဘာဝတွင် အနိမ့်ဆုံးအားဖြင့် ပိုင်ဆိုင်သင့်သောအရာ ဖြစ်သည်။ အသိတရား၊ အသိစိတ်နှင့် ရှက်တတ်သော စိတ်တစ်ခုတို့အပြင် မည်သည့်အရာကို နောက်ထပ် လိုအပ်သနည်း။ (အပြုသဘောဆောင်သော အရာများကို ခုံမင်ခြင်း ဖြစ်ပါသည်။) မှန်ပေသည်။ အပြုသဘောဆောင်သော အရာများကို ချစ်ခြင်းမှာ သမ္မာတရားကို ချစ်ခြင်းဟု အဓိပ္ပာယ်ရသည်။ သမ္မာတရားကို ချစ်သော သူများသာလျှင် ကြင်နာသနားတတ်သော လူများ ဖြစ်သည်။ ဆိုးယုတ်သော လူများသည် အပြုသဘောဆောင်သော အရာများကို ချစ်ကြသလော။ ဆိုးယုတ်သော လူများသည် ကောက်ကျစ်ဆိုးယုတ်သော၊ ရက်စက်ယုတ်မာပြီး အဆိပ်ရှိသော အရာများကို ချစ်ကြ၏။ ၎င်းတို့သည် အပျက်သဘောဆောင်သော အရာများနှင့် ဆက်နွှယ်သည့် အရာများ အားလုံးကို နှစ်သက်ကြသည်။ သင်က ၎င်းတို့အား အပြုသဘောဆောင်သောအရာများအကြောင်းကို ဖြစ်စေ၊ တစ်စုံတစ်ရာသည် လူများအား အကျိုးရရှိစေပြီး ဘုရားသခင်ထံမှ လာပုံအကြောင်းကို ဖြစ်စေ ပြောပြသည့်အခါ၊ ၎င်းတို့သည် ဝမ်းသာခြင်း မရှိ၊ ယင်းတို့ကို နားထောင်ရန် စိတ်မဝင်စားကြပေ။ ၎င်းတို့တွင် ကယ်တင်ခံရမည့် မျှော်လင့်ချက် မရှိကြချေ။ လူတစ်ယောက်သည် ၎င်းတို့အား သမ္မာတရားကို မည်သို့ ကောင်းမွန်စွာ မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့အား မည်သို့ လက်တွေ့ကျစွာ ပြောဆိုသည်ဖြစ်စေ၊ ၎င်းတို့က စိတ်မဝင်စားခြင်းသာ ဖြစ်သည်။ ရန်လိုမှုနှင့် မုန်းတီးမှုကိုပင် ဖော်ပြကောင်း ဖော်ပြနိုင်ပေသည်။ သို့သော် တစ်စုံတစ်ယောက်က ဇာတိသွေးသား အပျော်အပါးများအကြောင်း ပြောဆိုနေသည်ကို ၎င်းတို့ ကြားရသည့်အခါ၊ ၎င်းတို့၏ မျက်လုံးများသည် ဝင်းလက်ကြကုန်၏။ ၎င်းတို့သည် ခွန်အားအပြည့် ဖြစ်လာကြ၏။ ဤသည်မှာ ကြောက်စရာကောင်းပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် ကြင်နာသနားတတ်ခြင်း မရှိချေ။ ထို့ကြောင့် ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို အမှန်တကယ် မနှစ်သက်နိုင်ကြပေ။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို ၎င်းတို့၏ စိတ်နှလုံးတွင် မည်သို့ သဘောထားကြသနည်း။ ၎င်းတို့သည် ယင်းတို့ကို စက်ဆုပ်ရွံရှာပြီး၊ အထင်အမြင်သေးကြ၏။ ၎င်းတို့သည် ဤအရာများကို ပြက်ရယ်ပြုကြ၏။ ရိုးသားသော လူတစ်ယောက် ဖြစ်ခြင်းနှင် ပတ်သက်လာသည့်အခါ ၎င်းတို့က “ရိုးသားခြင်းသည် သင့်အား ဆိုးကျိုးသာ ဖြစ်စေသည်။ ကျွန်ုပ်သည် ယင်းကို ငြင်းဆိုရလိမ့်မည်။ သင်က ရိုးသားသည်ဆိုလျှင်၊ သင်သည် လူနုံလူအတစ်ယောက်သာ ဖြစ်သည်။ သင့်ကိုယ် ကြည့်လော့၊ မိမိကိုယ်တိုင်၏ အနာဂတ်၊ မိမိ၏ ကျန်းမာရေးကို တစ်ကြိမ်မျှ ထည့်မစဉ်းစားဘဲ၊ မိမိတာဝန်ကို ထမ်းဆောင်ရန် ပင်ပန်းဆင်းရဲခံကာ ကြိုးစားအားထုတ်နေသည်။ သင်သည် ခြေကုန်လက်ပန်းကျသောကြောင့် ပြိုလဲလျှင်၊ မည်သူက ဂရုစိုက်ပေးမည်နည်း။ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ခြေကုန်လက်ပန်းကျစေ၍ မဖြစ်ပါ” ဟု စဉ်းစားကြသည်။ အခြားသူ တစ်ဦးတစ်ယောက်ကလည်း၊ “ကျွန်ုပ်တို့ ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ချန်ကြပါစို့။ ကျွန်ုပ်တို့သည် ငတုံးငအများကဲ့သို့ ခါးကျိုးအောင် လုပ်ဆောင်နေ၍ မဖြစ်ပေ။ ကျွန်ုပ်တို့၏ အရန် အစီအစဉ်ကို ကြိုတင်ပြင်ဆင်ရမည်၊ ထို့နောက်အနည်းငယ်မျှသာ အားထုတ်ကြရမည်” ဟု ပြောကောင်း ပြောပေမည်။ ထိုဆိုးယုတ်သော လူများသည် ဤစကားကို ကြားကြသည့်အခါ ဝမ်းသာကြလိမ့်မည်။ ယင်းမှာ ၎င်းတို့ လိုချင်သောအရာအတိအကျ ဖြစ်သည်။ သို့သော် ဘုရားသခင်ကို အကြွင်းမဲ့ နာခံခြင်းနှင့် မိမိ၏ တာဝန်အတွက် သစ္စာစောင့်သိစွာ မိမိကိုယ်ကိုယ် အသုံးခံခြင်းတို့နှင့် ပတ်သက်လာလျှင်၊ ၎င်းတို့သည် ပစ်ပစ်ခါခါ ငြင်းဆိုကာ အလွန်မုန်းတီးကြပြီး ထိုအရာများကို လက်ခံကြလိမ့်မည် မဟုတ်ပေ။ ဤသို့သော လူတစ်ယောက်သည် ဆိုးသည် မဟုတ်လော။ ဤကဲ့သို့သော လူများအားလုံးတွင် ဆိုးသော စိတ်သဘောထားတစ်ခု ရှိကြသည်။ သင် ပြုလုပ်ရမည်မှာ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး လက်တွေ့ လုပ်ဆောင်ခြင်း စည်းမျဉ်းများအကြောင်းကို ၎င်းတို့နှင့် ဆွေးနွေးခြင်းဖြစ်ပြီး၊ ၎င်းတို့သည် ခါးခါးသီးသီး ငြင်းပယ်ကာ၊ နားထောင်ရန် ဆန္ဒမရှိ ဖြစ်လာကြတော့သည်။ ဤအရာသည် ၎င်းတို့၏ မာနကို ထိခိုက်စေသည်၊ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ၎င်းတို့အနေဖြင့် ယင်းမှတစ်ဆင့် အကျိုး မရရှိနိုင်ကြဟု ၎င်းတို့က တွေးထင်ကြလိမ့်မည်။ စိတ်အတွင်း၌ ၎င်းတို့က “သမ္မာတရားအကြောင်း၊ လက်တွေ့ လုပ်ဆောင်ခြင်း စည်းမျဉ်းများအကြောင်းကို မနားတမ်း ပြောဆိုနေသည်။ ရိုးသားသော လူတစ်ယောက် ဖြစ်ခြင်းအကြောင်းကို အမြဲ ဆွေးနွေးနေသည်။ ရိုးသားခြင်းသည် သင့်ကို ကျွေးမွေးနိုင်သလော။ ရိုးသားစွာ ပြောဆိုခြင်းသည် သင့်ကို ငွေကြေး ရစေနိုင်သလော။ လိမ်ညာခြင်းသည်သာ ကျွန်ုပ် အကျိုးအမြတ်ရရှိမည့် နည်းလမ်းဖြစ်သည်” ဟူ၍ ပြောကြလိမ့်မည်။ ဤသည်မှာ မည်သည့် ဆင်ခြင်တွေးခေါ်မှု ဖြစ်သနည်း။ သူခိုးဓားပြတစ်ယောက်၏ ဆင်ခြင်တွေးခေါ်မှု ဖြစ်ပေသည်။ ဤသည်မှာ ဆိုးသောစိတ်သဘောထားတစ်ခု မဟုတ်လော။ ဤလူပုဂ္ဂိုလ်သည် ကြင်နာသနားတတ်သလော။ (မကြင်နာမသနားတတ်ပါ။) ဤလူပုဂ္ဂိုလ်မျိုးသည် သမ္မာတရားကို မရရှိနိုင်ပေ။ ၎င်းတို့ အမှန်တကယ် ဆက်ကပ်သော၊ အသုံးခံသော၊ စွန့်လွှတ်သော အရာအနည်းငယ်သည် ရည်မှန်းချက်တစ်ခုဆီသို့ ဦးတည်ခြင်းသာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ကြိုတင်၍ ကောင်းစွာ အပိုင်ကြံထားသော အရာတစ်ခု ဖြစ်၏။ အပြန်အလှန်အားဖြင့် ပို၍ ရရှိမှသာ တစ်စုံတစ်ခုအား အပေးအယူ လုပ်ရန် ကောင်းသည်ဟု ၎င်းတို့က ထင်ကြသည်သာ ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ကောက်ကျစ်ဆိုးယုတ်သော၊ ဆိုးသော စိတ်သဘောထား တစ်ခု ဖြစ်ပေသည်။

ဘုရားသခင်ကို ယုံကြည်သောသူအများစုမှာ သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အကြံအစည်များနှင့် အစီအစဉ်များကို အမြဲတမ်း ပြုလုပ်လိုကြ၏။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဤပုံစံအတိုင်း နှစ်အတော်ကြာပြီးသည့်နောက်တွင် များစွာ ရရှိပြီးကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် မည်သည့် သမ္မာတရားကိုမျှ နားလည်မည် မဟုတ်သည့်အပြင်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် တစ်ခုတလေကိုမျှ မဝေမျှနိုင်ကြချေ။ ဤအချိန်၌ ၎င်းတို့သည် နောင်တ ရကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန်နှင့်၊ ဘုရားသခင်အား သူ၏သတ်မှတ်ချက်များနှင့်အညီ ယုံကြည်ရန်သာ အကောင်းဆုံး ဖြစ်မည်ဟုလည်း တွေးမိကြလိမ့်မည်။ ထိုအချိန်၌ ၎င်းတို့သည် ၎င်းတို့ကိုယ်ပိုင် အလိုဆန္ဒအတိုင်း အစီအစဉ်များ ပြုလုပ်လျက်၊ မိမိကိုယ်ကိုယ် တကယ်ပင် တော်သည်ဟု ထင်ခဲ့ကြပြီးဖြစ်သော်လည်း သမ္မာတရားကိုမူ မရရှိခဲ့ကြသေးချေ။ ၎င်းတို့သည် အဆုံးသတ်တွင် အခွင့်အရေး ဆုံးရှုံးခဲ့ကြသော သူများ ဖြစ်ခဲ့ကြသည်။ လူများသည် ဤ ကျရှုံးခြင်းများမှတစ်ဆင့်သာ သမ္မာတရားကို နားလည်လာကြပြီး၊ နိုးကြားလာကြသည်။ ၎င်းတို့၏ အသက်တာတွင် ဆုံးရှုံးမှု ပမာဏ အနည်းငယ်ကို ကြုံရပြီးသည့် နောက်တွင်သာ မှန်ကန်သော လမ်းကြောင်းပေါ်ရောက်ရှိကြပြီး၊ ဖြတ်လမ်းများကို စတင် လျှောက်လှမ်းကြလေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို သူ၏ သတ်မှတ်ချက်များအတိုင်း ယုံကြည်ခဲ့ကြလျှင်၊ လမ်းကြောင်းတစ်လျှောက်ရှိ လမ်းလွှဲ အများအပြားကို ရှောင်ရှားမိကြပေမည်။ လူအချို့မှာ အမှုကိစ္စ အများအပြားကို တွေ့ကြုံရကာ အချို့သော ကျရှုံးခြင်းများနှင့် အနှောင့်အယှက်များကို ရင်ဆိုင်ရပြီးနောက် သမ္မာတရားများအချို့ကို နားလည်လာကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်များကို ရိပ်စားမိကြပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်များကို လိုလိုလားလား ကျိုးနွံနာခံလျက်၊ အရာအားလုံးကို ဘုရားသခင်ထံ အပ်နှံနိုင်ကြသည်။ ထိုအချိန်၌ ၎င်းတို့သည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိကြ၏။ သို့ရာတွင် ကောက်ကျစ်ဆိုးယုတ်သည့်၊ ဆိုးသော စိတ်သဘောထားများ ရှိကြသည့် လူများမှာ မိမိကိုယ်မိမိ ဘုရားသခင်ထံ မပေးအပ်ကြချေ။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အားထုတ်မှုများကို အမြဲ အားကိုးချင်ကြပြီး၊ “ကံကြမ္မာကို ဘုရားသခင်က အမှန်တကယ်ပင် ထိန်းချုပ်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် တကယ်ပင် အချုပ်အခြာအာဏာ ရှိသလော” ဟု အမြဲတမ်း မေးခွန်းထုတ်နေကြသည်။ ဘုရားသခင်၏ အိမ်တော်တွင် တစ်ခုတည်းသော တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများကို ကြားနာနေကြသည့် လူအချို့မှာ နားထောင်လေ၊ ပို ခွန်အားဖြစ်လေဖြစ်သည်။ ၎င်းတို့၏ အခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီး၊ ၎င်းတို့သည် ပို၍ ကြားနာလေ ပြောင်းလဲခြင်းကို ကြုံကြရသည်။ သို့သော် အခြားသော လူအချို့ကမူ ထိုအရာသည် ပိုခက်ခဲရှုပ်ထွေးသည်ထက် ရှုပ်ထွေးပြီး၊ ပို၍ မရရှိနိုင်သောအရာ ထင်ရသည်ဟုသာ တွေးမိကြသည်။ ဤလူများမှာ ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သော လူများ ဖြစ်ကြသည်။ ထို့အပြင် အခြားသူများမှာ တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများကို နားထောင်ကြသော်လည်း၊ မနှစ်မြို့ခြင်းဖြစ်ကာ လုံးလုံး စိတ်မဝင်စားကြချေ။ ဤအရာက လူများ၏ သဘာဝတွင်ရှိသည့် မတူကွဲပြားမှုများကို ထုတ်ဖော်ပြ၏။ သိုးနှင့် ဆိတ်ကိုလည်းကောင်း၊ သမ္မာတရားအား ချစ်သောသူများနှင့် သမ္မာတရားအား မချစ်သော သူများကိုလည်းကောင်း သီးခြားခွဲထုတ်ခြင်း ဖြစ်သည်။ တစ်ခုသောအုပ်စုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသည်၊ သမ္မာတရားကို လက်ခံပြီး၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံကြသည်။ အခြားအုပ်စုကမူ တရားဒေသနာများအား မည်မျှ ကြားနာသည်ဖြစ်စေ၊ သမ္မာတရားကို လက်မခံကြချေ။ ယင်းတို့အားလုံးမှာ ဗန်းစကားများသာ ဖြစ်သည်ဟု ၎င်းတို့က ထင်ကြသည်။ ၎င်းတို့အနေဖြင့် ယင်းကို နားလည်ကြလျှင်ပင်၊ လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိကြချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် အစီအစဉ်များ၊ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများနှင့် အကျိုးအမြတ်များကို မစွန့်လွှတ်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် နှစ်ချီ ယုံကြည်ခဲ့ပြီးသည့်နောက်တွင်ပင် မပြောင်းလဲကြချေ။ အသင်းတော်အတွင်းရှိ ဤအုပ်စုနှစ်ခုကြား ကွဲပြားချက်များမှာ အတော်ပင် ပေါ်လွင်ထင်ရှားသည် မဟုတ်လော။ ဘုရားသခင်ကို အမှန်တကယ် အလိုရှိသောသူများမှာ အခြားသူများက မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ လွှမ်းမိုးခြင်း မခံကြရပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံခြင်းတွင် မဆုတ်မနစ် ရှိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ မှန်ကန်ကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်းလက်တွေ့ လုပ်ဆောင်ခြင်းမှာလည်း အမြင့်ဆုံးသော စည်းမျဉ်း ဖြစ်ကြောင်းကို ယုံကြည်ကြသည်။ ကောက်ကျစ်ဆိုးယုတ်ပြီး သမ္မာတရားကို မချစ်သော သူများမှာမူ ကြံစည်လှုပ်ရှားနေသော အတွေးများ အမြဲတမ်း ရှိကြ၏။ ၎င်းတို့သည် ယနေ့တွင် ကောင်းချီးများ ရရှိခြင်းအတွက် မျှော်လင့်ချက် ခပ်ရေးရေးတစ်ခုကို မြင်ရလျှင်၊ ယင်းအတွက် ၎င်းတို့ အစွမ်းကုန်လုပ်ဆောင်မည်ဖြစ်ပြီး၊ လူတို့ကို သိမ်းသွင်းနိုင်ရန် မျှော်လင့်လျက် ကောင်းမှုများကိုလည်း လူတိုင်းလူတိုင်း မြင်ရန် ပြုလုပ်ကြပေမည်။ သို့သော် အတန်ငယ်ကြာပြီးနောက် ဘုရားသခင်က ၎င်းတို့အား ကောင်းချီး မပေးသေးသည့်အခါ၊ ၎င်းတို့သည် စိတ်မချမ်းမြေ့ ဖြစ်လာကြပြီး ညည်းညူကြကာ ၎င်းတို့ ရရှိသည့် ကောက်ချက်မှာ ဤသို့ဖြစ်သည်။ “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည်။ သူသည် မည်သည့် ဘက်လိုက်မှုကိုမျှ မပြပေ။ ဤစကားများ မှန်ကန်ကြောင်း ကျွန်ုပ်အနေဖြင့် များစွာ မသေချာပါ”ဟူ၍။ ၎င်းတို့သည် ၎င်းတို့၏ လက်ငင်း အကျိုးအမြတ်များကို ကျော်လွန်၍ မမြင်နိုင်ကြချေ။ ၎င်းတို့အား အကျိုးမပြုလျှင်၊ ၎င်းတို့သည် အနည်းငယ်မျှ အားထုတ်ကြမည် မဟုတ်ပေ။ ဤသည်မှာ ဆိုးသည် မဟုတ်လော။ ၎င်းတို့သည် မည်သူနှင့် ပြောဆို လုပ်ကိုင်သည်ဖြစ်စေ၊ ထိုသူနှင့် အပေးအယူများ ပြုလုပ်ရန် ကြိုးစားကြပြီး ဘုရားသခင်နှင့်ပင် အပေးအယူများ ပြုလုပ်ရန် ကြိုးစားဝံ့ကြသည်။ ၎င်းတို့က၊ “ကျွန်ုပ်သည် အကျိုးအမြတ်အချို့ကို ယခုပင် မြင်လိုပါသည်။ ယခုချက်ချင်း ကျွန်ုပ် အကျိုးအမြတ် ရကိုရရှိရမည်” ဟု ၎င်းတို့က စဉ်းစားကြသည်။ အတင်းအဓမ္မ ဖြစ်လွန်းလှ၏။ ၎င်းတို့၌ ဆိုးသော စိတ်သဘောထားတစ်ခု ရှိသည်ဟု ပြောလျှင် လွန်လွန်းမည်လော။ (မလွန်လွန်းပါ) သို့ဖြစ်လျှင် ၎င်းတို့၏ ဆိုးခြင်းကို မည်သို့ သက်သေပြနိုင်သနည်း။ ၎င်းတို့သည် သေးငယ်သော စမ်းသပ်မှုတစ်ခု သို့မဟုတ် ဘေးဒုက္ခတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ ယင်းကို လက်ခံနိုင်မည် မဟုတ်သလို၊ ၎င်းတို့၏ တာဝန်ကိုလည်း ထမ်းဆောင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ဆုံးရှုံးမှုတစ်ခုကို ခံစားရပြီးဖြစ်သည်ဟု ခံစားကြလိမ့်မည်။ “ကျွန်ုပ်သည် အများကြီး ရင်းနှီးမြှုပ်နှံထားခဲ့ပြီး၊ ဘုရားသခင်က ကျွန်ုပ်အား ကောင်းချီး မပေးသေးချေ။ ဘုရားသခင်ဆိုသည်မှာ ရှိပင် ရှိပါ၏လော။ ဤသည်မှာ မှန်ကန်သော လမ်းခရီး ဟုတ်သလော၊ မဟုတ်သလော။” ၎င်းတို့၏ စိတ်နှလုံးသည် သံသယဖြင့် နိုးကြွလာ၏။ ၎င်းတို့က အကျိုးအမြတ်ကို မြင်ချင်ကြပြီး၊ ဤအရာက ၎င်းတို့အနေဖြင့် စွန့်လွှတ်မှုများကို လိုလိုလားလား စိတ်ထက်သန်စွာ မပြုလုပ်ကြောင်း သက်သေပြလေသည်။ ဤနည်းဖြင့် ၎င်းတို့ ထုတ်ဖော်ခံကြရ၏။ ယောဘသည် စမ်းသပ်မှုများကို တွေ့ကြုံနေသည့်အချိန်တွင်၊ ယောဘ၏ဇနီးသည်က မည်သည့်အရာကို ပြောဆိုခဲ့သနည်း။ (“သင်သည် ဖြောင့်မတ်သော တရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့။” (ယောဘဝတ္ထု ၂:၉)) သူမသည် ဘေးဒုက္ခ ဆိုက်ရောက်သည့်အခါ ဘုရားသခင်ကို ငြင်းဆိုကာ ပစ်ပယ်နေသည့် မယုံကြည်သူတစ်ယောက် ဖြစ်ခဲ့သည်။ ဘုရားသခင်က ကောင်းချီးများကို ပေးအပ်သည့်အခါ၊ သူမက “ယေဟောဝါ ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော ကယ်တင်ရှင် ဖြစ်ပေသည်။ ကိုယ်တော်သည် အကျွန်ုပ်အား များစွာသော ပစ္စည်းဥစ္စာကို ပေးအပ်ပြီး ကောင်းချီးပေးခဲ့လေပြီ။ အကျွန်ုပ်သည် ကိုယ်တော့်နောက် လိုက်လျှောက်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်ပေသည်” ဟု ပြောဆိုခဲ့သည်။ ပြီးလျှင် ဘုရားသခင်က သူမ၏ ပစ္စည်းဥစ္စာများကို သိမ်းယူသွားသည့်အခါ၊ သူက “ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် မဟုတ်ပါ” ဟု ဆိုခဲ့သည်။ သူမသည် ယောဘအား၊ “မယုံကြည်နှင့်။ ဘုရားသခင် မရှိပါ။ ရှိသည်ဆိုလျှင်၊ သူသည် အကျွန်ုပ်တို့၏ ပစ္စည်းဥစ္စာအား ဓားပြတို့ လုယူခြင်းကို မည်သို့ ခွင့်ပြုရက်နိုင်သနည်း။ သူသည် အကျွန်ုပ်တို့ကို အဘယ်ကြောင့် မကာကွယ်ခဲ့သနည်း” ဟူ၍ပင် ပြောခဲ့လေသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ဆိုးသော စိတ်သဘောထားတစ်ခု ဖြစ်ပေသည်။ ၎င်းတို့၏ အကျိုးအမြတ်များ ထိခိုက်ခံရကာ၊ ၎င်းတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ မပြည့်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် အကြီးအကျယ် ဒေါသဖြစ်ကြ၏။ ဘုရားသခင်ကို သစ္စာဖောက်ရင်း၊ ပစ်ပယ်ရင်းဖြင့် ပုန်ကန်ကြကာယုဒတစ်ယောက် ဖြစ်လာကြ၏။ ဤသို့သော လူများ အများအပြား ရှိသလော။ ထိုသို့ အတော် သိသာထင်ရှားသည့် ဆိုးယုတ်သော လူများနှင့် မယုံကြည်သူများသည် အသင်းတော်အတွင်း၌ အတိုင်းအတာတစ်ခုထိ ရှိနေနိုင်သေးသည်။ သို့သော် အချို့သော လူများမှာ ဤအခြေအနေမျိုးသာ ရှိကြသည်။ ဆိုလိုသည်မှာ၊ ၎င်းတို့တွင် ဤစိတ်သဘောထား ရှိကြသော်လည်း၊ ၎င်းတို့သည် သေချာပေါက် ဤလူအမျိုးအစား မဟုတ်ကြပေ။ သို့ရာတွင် သင့်ထံ၌ ဤစိတ်သဘောထားမျိုး ရှိလျှင်၊ ယင်းသည် ပြောင်းလဲရန် လိုအပ်သလော။ (လိုအပ်ပါသည်။) သင့်ထံ၌ ဤစိတ်သဘောထားမျိုးရှိလျှင်၊ သင်၏ သဘာဝသည်လည်း ဆိုးသည့် သဘောပင် ဖြစ်သည်။ ဤဆိုးသောစိတ်သဘောထားမျိုးနှင့်အတူ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ သစ္စာဖောက်ခြင်းနှင့် ဘုရားသခင်အပေါ် အချိန်အခါမရွေး ရန်လိုစွာ ပြုမူဆောင်ရွက်နိုင်စွမ်းရှိသည်။ သင့်အနေဖြင့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မပြောင်းလဲသည့် နေ့ရက်တိုင်းသည် ဘုရားသခင်နှင့် သဟဇာတမဖြစ်သော နေ့ရက်ပင် ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သည့်အခါ၊ သူ့ရှေ့မှောက်သို့ မလာနိုင်သကဲ့သို့ သူ၏အမှုတော်ကိုလည်း မတွေ့ကြုံနိုင်သည့်အပြင် သင်သည် ကယ်တင်ခြင်း ရရှိရန်လည်း မဖြစ်နိုင်ချေ။

ယောဘသည် စစ်မှန်သော ယုံကြည်ခြင်းရှိသူတစ်ယောက် ဖြစ်ခဲ့၏။ ဘုရားသခင်က သူ့အား ကောင်းချီးပေးသောအခါ၊ သူသည် ဘုရားသခင်ကို ကျေးဇူးတင်ခဲ့၏။ ဘုရားသခင်က သူ့အား ဆုံးမပဲ့ပြင်ပြီး ခံစားခွင့်ပိတ်ပင်ထားသောအခါတွင်လည်း၊ သူက ဘုရားသခင်ကို ကျေးဇူးတင်ခဲ့သည်။ သူ၏အတွေ့အကြုံ အဆုံးသတ်ချိန်၌ သူသည် အိုမင်းမစွမ်းဖြစ်ပြီး ဘုရားသခင်က သူ့တွင် ရှိသမျှအရာအားလုံးကို သိမ်းယူသောအခါ၊ ယောဘသည် မည်သို့ တုံ့ပြန်ခဲ့သနည်း။ သူသည် မကျေမနပ်ပြောဆိုခြင်း မရှိခဲ့ရုံသာမက၊ ဘုရားသခင်ကို ချီးမွမ်းကာ၊ ကိုယ်တော့်အတွက် သက်သေခံခဲ့လေသည်။ ဤနေရာတွင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိသလော။ ဆိုးသည့် စိတ်သဘောထား တစ်ခုလော။ (မဟုတ်ပါ။) ပစ္စည်းဥစ္စာ အများအပြားကို ဆုံးရှုံးပြီးသည့်နောက် ယောဘသည် ပုန်ကန်ခဲ့သလော။ သူသည် မကျေမနပ် ပြောဆိုခဲ့သလော။ (မပြောဆိုခဲ့ပါ။) သူသည် မကျေမနပ် မပြောဆိုခဲ့ပေ၊ ဘုရားသခင်ကို ချီးမွမ်းခဲ့၏။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ယင်းစိတ်သဘောထားတွင် ပုံမှန်လူ့သဘာဝတစ်ခုက ပိုင်ဆိုင်သင့်သော အရာအချို့ ပါဝင်လေသည်။ အသိတရား၊ အသိစိတ်နှင့် အပြုသဘောဆောင်သော အရာများကို ချစ်ခြင်းတို့ ဖြစ်သည်။ ဦးစွာပထမ၊ ယောဘသည် အသိတရား ရှိခဲ့၏။ သူ့ထံတွင် ရှိသော အရာအားလုံးကို ဘုရားသခင်က ပေးထားခြင်းဖြစ်ကြောင်းကို သူ၏စိတ်နှလုံးတွင် သိခဲ့ပြီး၊ သူသည် ဤအတွက် ဘုရားသခင်ကို ကျေးဇူးတင်ခဲ့သည်။ ထို့ပြင် သူသည် အသိစိတ် ရှိခဲ့၏။ သူ့ထံ၌ အသိစိတ်ရှိခဲ့သည်ကို သူ၏ ပြောဆိုချက်များထဲမှ မည်သည့်အချက်က သက်သေပြသနည်း။ (“ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘဝတ္ထု ၁:၂၁)ဟု သူက ဆိုခဲ့ပါသည်။) ဤ ပြောဆိုချက်က ဘုရားသခင်၏ စမ်းသပ်မှုများအပေါ် ယောဘ၏ စစ်မှန်သော အတွေ့အကြုံနှင့် သိနားလည်မှုကို သက်သေခံပေသည်။ ယင်းသည် သူ၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုနှင့် လူ့သဘာဝကို ဖော်ပြ၏။ ယောဘသည် အခြားမည်သည့်အရာကို ပိုင်ဆိုင်ခဲ့သနည်း။ (သမ္မာတရားကို ချစ်ခြင်း ဖြစ်ပါသည်။) ဤအရာကို မည်သို့ တိုင်းတာသနည်း။ ဘုရားသခင်က သူ့အားခံစားခွင့်ပိတ်ပင်ထားသည့် အရေးကိစ္စတွင် သမ္မာတရားအတွက် သူ၏ချစ်ခြင်းကို ငါတို့သည် မည်သို့ မြင်တွေ့နိုင်သနည်း။ (သူ့အပေါ် တစ်စုံတစ်ရာ ကျရောက်သည့်အခါ၊ သူသည် သမ္မာတရားကို ရှာဖွေနိုင်ခဲ့ပါသည်။) သမ္မာတရား ရှာဖွေခြင်းသည် သမ္မာတရားကို ချစ်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်ပေသည်။ သူ၏ အနီးဝန်းကျင်တွင် ဤအမှုကိစ္စများ ဖြစ်ပျက်နေသည့် အချိန်၌ သူ့အနေဖြင့် မည်မျှ ခံရခက်သည်ဖြစ်စေ၊ မည်မျှ ဝမ်းနည်း နာကျင်သည်ဖြစ်စေ၊ ယောဘက မညည်းညူခဲ့ပေ။ ဤသည်မှာ သမ္မာတရားကို ချစ်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ပြီးလျှင်သမ္မာတရားကို ချစ်ခြင်း၏ နောက်ထပ် အရေးကြီးသော သရုပ်သကန်မှာ အဘယ်နည်း။ (ကျိုးနွံနာခံနိုင်စွမ်း ဖြစ်ပါသည်။) ဤအရာသည် သမ္မာတရားကို ချစ်ခြင်းနှင့်ဆိုင်သည့် လက်တွေ့ကျသော၊ မှန်ကန်တိကျသော သရုပ်သကန်တစ်ခု ဖြစ်ကြောင်းကို ငါတို့သည် မည်သို့ သိရှိကြသနည်း။ “လူများအတွက် ဘုရားသခင် ပြုလုပ်သော အရာအားလုံးသည် အကျိုးရှိပြီး၊ သူ၏ စေတနာသည်လည်း အတူပါရှိသည်” ဟု လူအများက မကြာခဏ ပြောဆိုကြသည်။ ဤသည်မှာ အမှန်ပင်လော။ (အမှန်ပင်ဖြစ်ပါသည်။) သို့သော် သင်သည် ယင်းကို လက်ခံနိုင်သလော။ ဘုရားသခင်က သင့်အား ကောင်းချီးပေးသည့်အခါ၊ သင်သည် ယင်းကို လက်ခံနိုင်သည်။ သို့သော် ဘုရားသခင်က သိမ်းယူသည့်အခါတွင်၊ သင်သည် ယင်းကို လက်ခံနိုင်သလော။ သင် လက်မခံနိုင်သော်လည်း ယောဘက လက်ခံနိုင်ခဲ့၏။ သူသည် ဤပြောဆိုချက်ကို သမ္မာတရားအဖြစ် မှတ်ယူခဲ့လေသည်။ သူသည် သမ္မာတရားကို မချစ်ခဲ့သလော။ ဘုရားသခင်သည် သူ့အား အလွန်ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေလျက်၊ သူ့ထံတွင် ရှိသမျှ အရာအားလုံးကို သိမ်းယူသောအချိန်နှင့် ယောဘသည် အလွန်ပြင်းထန်သော အနာရောဂါကို ခံစားရသည့် အချိန်တွင်၊ “ဘုရားသခင် ပြုလုပ်သော အရာအားလုံးမှာ မှန်ကန်ပြီး၊ ဘုရားသခင်၏ စေတနာက အတူပါရှိသည်” ဟူသော ဤပြောဆိုချက်တစ်ခုကြောင့်လည်းကောင်း။ ဤအရာသည် သမ္မာတရား ဖြစ်သည်ဟု သူ၏ စိတ်နှလုံးတွင် နားလည်ခဲ့ခြင်းတို့ကြောင့်လည်းကောင်း၊ မည်မျှ ကြီးမားစွာ ဆင်းရဲဒုက္ခ ကြုံရသည်ဖြစ်စေ၊ ဤ ပြောဆိုချက်မှာ မှန်ကန်သည်ဟူ၍ သူက အခိုင်အမာ ပြောနိုင်ဆဲဖြစ်သည်။ ယင်းကြောင့် ယောဘသည် သမ္မာတရားကို ချစ်ခဲ့သည်ဟု ငါတို့ ဆိုခြင်း ဖြစ်၏။ ထို့အပြင် ဘုရားသခင်က သူ့အား စမ်းသပ်ရန် မည်သည့် နည်းလမ်းများကို အသုံးပြုသည်ဖြစ်စေ၊ ယောဘက လက်ခံခဲ့သည်။ ပစ္စည်းဥစ္စာများကို သိမ်းယူခြင်းဖြစ်စေ၊ သူခိုးဓားပြတို့အား လုယူစေခြင်းဖြစ်စေ၊ ယောဘကို အနာများဖြင့် နှိပ်စက်ခြင်းပင်ဖြစ်စေ၊ ဤအမှုအရာများအားလုံးသည် လူသား အယူအဆများနှင့် ဆန့်ကျင်နေပေသည်။ သို့သော် ယောဘသည် ဤအရာများကို မည်သို့ သဘောထားခဲ့သနည်း။ သူသည် ဘုရားသခင်ကို မကျေမနပ် ပြောဆိုခဲ့သလော။ သူသည် ဘုရားသခင်အပေါ် အပြစ်တင်ခြင်းစကား တစ်ခွန်းကိုမျှ မပြောခဲ့ချေ။ ဤသည်မှာ သမ္မာတရားကို ချစ်ခြင်း၊ တရားမျှတမှုကို ချစ်ခြင်းနှင့် ဖြောင့်မတ်မှုကို ချစ်ခြင်း ဖြစ်သည်။ သူ၏စိတ်နှလုံးတွင် သူက “ဘုရားသခင်သည် ကျွန်ုပ်တို့လူများအပေါ် အလွန်တရားမျှတပြီး အလွန် ဖြောင့်မတ်ပေစွတကား။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မှန်ကန်ပေ၏” ဟု ဆိုခဲ့သည်။ ထိုသို့ဖြင့် “ဘုရားသခင်က မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ၊ ကျွန်ုပ်သည် မကျေမနပ် ပြောဆိုမည်မဟုတ်။ ဘုရားသခင်၏ အမြင်၌ ဖန်ဆင်းခံများသည် လောက်ကောင်များသာ ဖြစ်ကြသည်။ ဘုရားသခင်က ၎င်းတို့အပေါ် မည်သို့ ပြုမူသည်ဖြစ်စေ၊ ကိစ္စမရှိ၊ လျော်ကန်ပေသည်”ဟု ဆိုကာ၊ သူသည် ဘုရားသခင်ကို ချီးမွမ်းနိုင်ခဲ့၏။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာအားလုံးမှာ မှန်ကန်သည်၊ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သည်ဟု သူ ယုံကြည်ခဲ့သည်။ ပြင်းထန်သော နာကျင်မှုနှင့် မသက်မသာဖြစ်ရသော်လည်း သူ မညည်းညူခဲ့ပေ။ ဤသည်မှာ အားလုံး လေးစားကြရမည့်၊ သမ္မာတရားကို အစစ်အမှန် ချစ်ခြင်းပင် ဖြစ်သည်။ ယင်းကို လက်တွေ့ကျစွာ ထင်ထင်ရှားရှား ပြခဲ့ပေသည်။ သူ့အနေဖြင့် မည်မျှ ဆုံးရှုံးခဲ့သည်ဖြစ်စေ၊ သူ၏ အခြေအနေများမှာ မည်မျှ ခက်ခဲသည်ဖြစ်စေ၊ ယောဘသည် ဘုရားသခင်ကို မကျေမနပ် မပြောဆိုခဲ့ချေ။ သူသည် ကျိုးနွံနာခံခဲ့၏။ ဤသည်မှာ သမ္မာတရားကို ချစ်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သူသည် သူ၏ကိုယ်ပိုင် အခက်အခဲများကို ကျော်လွှားနိုင်ခဲ့သည်။ ယင်းတို့အတွက် ဘုရားသခင်ကို သူမကျေမနပ် မပြောဆိုခဲ့သလို၊ ဘုရားသခင်အပေါ် မည်သည့် တောင်းဆိုချက်မျှ မပြုလုပ်ခဲ့ပေ။ ဤသည်မှာ သမ္မာတရားကို ချစ်ခြင်း ဖြစ်သည်၊ စစ်မှန်သော ကျိုးနွံနာခံခြင်း ဖြစ်သည်။ စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိသူများသာလျှင် သမ္မာတရားကို ချစ်သော လူများဖြစ်ကြ၏။ အချို့သောလူများမှာ သာမန် အချိန်များတွင် အယူဝါဒအကြောင်း စကားကြောရှည်ခြင်း၊ ကြွေးကြော်သံများကို ဟစ်ကြွေးခြင်းတို့၌ ထူးချွန်ကြသည်။ သို့ရာတွင် ၎င်းတို့အပေါ် ဆိုးရွားသော တစ်စုံတစ်ရာ ကျရောက်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အပေါ် တောင်းဆိုချက်များ အမြဲတမ်း ရှိကြပြီး၊ “အို..ဘုရားသခင်၊ ကျွန်ုပ်၏ အနာရောဂါကို ယူဆောင်သွားတော်မူပါ။ ကျွန်ုပ်၏ ကြွယ်ဝချမ်းသာမှုကို နဂိုအတိုင်း ဖြစ်စေတော်မူပါ” ဟူ၍ ဘုရားသခင်ထံ မလျှော့တမ်း တောင်းခံကြသည်။ ဤသည်မှာ ကျိုးနွံနာခံခြင်းလော။ ၎င်းတို့သည် သမ္မာတရားကို ချစ်သောလူများ မဟုတ်ကြပေ။ ၎င်းတို့သည် လိမ်ညာချင်ကြပြီး၊ အခြားသူများကို အထင်အမြင်မှားစေသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင်လည်း ချမ်းသာကြွယ်ဝမှုနှင့် အကျိုးအမြတ်ကို ချစ်ကြသည်။ ယောဘမှာမူ ပစ္စည်းဥစ္စာ အကျိုးခံစားမှုများနှင့် သူ၏ ပိုင်ဆိုင်မှုများအားလုံးကို ပေါ့ပေါ့တန်တန် သဘောထားခဲ့ပြီး၊ ယင်းတို့အားလုံးအပေါ် စစ်မှန်သော သိနားလည်မှုတစ်ခု ရှိလေသည်။ ထို့ကြောင့် သူသည် ကျိုးနွံနာခံနိုင်ခဲ့၏။ သူ၏စိတ်နှလုံးတွင် ယောဘသည် ဤအမှုအရာများကို ရိပ်စားနိုင်ခဲ့သည်။ သူက၊ “လူတစ်ယောက်သည် ဤအသက်တာတွင် မည်မျှ ငွေကြေးရရှိသည် ဖြစ်စေ၊ ယင်းတို့အားလုံးမှာ ဘုရားသခင်ထံမှ လာခြင်းဖြစ်၏။ ဘုရားသခင်က သင့်အား ငွေကြေးရရှိရန် ခွင့်မပြုလျှင်၊ သင်သည် တစ်ပြားတစ်ချပ်မျှ ရရှိလိမ့်မည်မဟုတ်။ ဘုရားသခင်က ခွင့်ပြုလျှင်မူ၊ သင်သည် ဘုရားသခင် သင့်အား ပေးအပ်သမျှကို ရရှိပေလိမ့်မည်”ဟု ဆိုခဲ့သည်။ သူသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အမှန်တရားကို ရှင်းလင်းစွာ မြင်ခဲ့သည်။ ဤသမ္မာတရားက သူ၏စိတ်နှလုံးတွင် အမြစ်တွယ်ခဲ့၏။ “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိပေသည်”၊ ဤဝါကျမှာ ယောဘအတွက် မေးခွန်းတစ်ခုအဖြစ် ဖြစ်လာခဲ့သည်မဟုတ်ဘဲ၊ အံ့ဩစိတ်လှုပ်ရှားခြင်းနှင့်အတူ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဤဝါကျသည် သူ၏အသက် ဖြစ်လာခဲ့ပြီး၊ သူ၏စိတ်နှလုံးတွင် နေသားကျခဲ့လေသည်။ ယောဘ၏ လူ့သဘာဝတွင် ပင်ကိုအားဖြင့် နောက်ထပ်ရှိခဲ့သည်မှာ မည်သည့်အရာနည်း။ သူသည် သူကိုယ်တိုင်၏မွေးနေ့ကို အဘယ်ကြောင့် ကျိန်ဆဲခဲ့သနည်း။ ဘုရားသခင်က သူ့အား ဝေဒနာခံစားရသည်ကို မြင်ကာ၊ သူ့အတွက် ဝမ်းနည်းကြေကွဲသည်ထက်၊ သေဆုံးခြင်းကိုသာ သူလိုလားပေသည်။ ဤသည်မှာ မည်သည့် ကြင်အင်လက္ခဏာ ဖြစ်သနည်း၊ မည်သည့် အနှစ်သာရ ဖြစ်သနည်း။ (ကြင်နာတတ်ခြင်း ဖြစ်ပါသည်။) ယောဘ၏ ကြင်နာတတ်ခြင်းတွင် အဓိက သရုပ်သကန်များမှာ မည်သည့်အရာများဖြစ်သနည်း။ သူသည် ဘုရားသခင်ကို အလေးထားကာ၊ ဘုရားသခင်အပေါ် သိနားလည်မှု ရှိခဲ့သည်။ သူသည် ဘုရားသခင်ကို ချစ်နိုင်ပြီး စိတ်ကျေနပ်စေနိုင်ခဲ့သည်။ လူတစ်ယောက်သည် ဤအရည်အသွေးများကို ပိုင်ဆိုင်လျှင်၊ ထိုသူသည် ထူးခြားသော လက္ခဏာ ရှိလေသည်။ ထူးခြားသော လက္ခဏာသည် မည်သို့ ဖြစ်ပေါ်သနည်း။ သမ္မာတရားကို နားလည်သောသူ၊ ဘုရားသခင်၏ စမ်းသပ်မှုများနှင့် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများအတောအတွင်း မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သောသူ၊ လူသားဖြစ်ခြင်း၏ အဆင့်အတန်းကို အလှမ်းမီလျက် လူသားတစ်ယောက်ကဲ့သို့ ရှင်သန်နေထိုင်နိုင်သောသူနှင့် သမ္မာတရား အတိုင်းအတာတစ်ခုခုပိုင်ဆိုင်သောသူသာလျှင် ထူးခြားသော လက္ခဏာ ရှိပေသည်။ ယောဘသည် သူကိုယ်တိုင်၏မွေးနေ့ကို ကျိန်ဆဲနိုင်ခဲ့ခြင်း၊ သူ ဝေဒနာခံစားရသည်ကို ဘုရားသခင် မြင်ရ၍ ဘုရားသခင်အား စိတ်သောကရောက်စေခြင်း၊ ပူပန်စေခြင်းထက် သေခြင်းကိုသာ လိုလားခဲ့ခြင်းများမှာ သူ့ထံတွင် လူ့သဘာဝ အနှစ်သာရအရ၊ ကြင်နာသောစိတ်နှလုံးတစ်ခု ရှိခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ဤသည်မှာ ယောဘ၏လူ့သဘာဝ ဖြစ်၏။ လူတစ်ဦးတွင် ကြင်နာသော လူ့သဘာဝတစ်ခုနှင့် အနှစ်သာရ ရှိမှသာလျှင်၊ ၎င်းသည် ဘုရားသခင်ကို ချစ်ခင်ကာ အရေးထားလိမ့်မည်ဖြစ်သည်။ ၎င်းတို့ထံ၌ ထိုအရာတစ်ခုမျှ မရှိလျှင်၊ ၎င်းတို့သည် ထုံထိုင်းကာ အကြင်နာတရားမဲ့ကြလိမ့်မည်။ ယောဘနှင့် ဆန့်ကျင်ဘက် လုံးလုံး ဖြစ်ခဲ့သော ပေါလုနှင့် ဤအကြောင်းအရာကို ယှဉ်ကြည့်လော့။ ပေါလုသည် သူ့အတွက်ကိုသာ အမြဲ အလေးထား စဉ်းစားနေခဲ့ပြီး၊ ဘုရားသခင်နှင့်ပင် အပေးအယူများ ပြုလုပ်ချင်ခဲ့သည်။ သူသည် သရဖူတစ်ခုကို ရရှိချင်ခဲ့သည်။ သူသည် ခရစ်တော် ဖြစ်ချင်ခဲ့ပြီး၊ ခရစ်တော်၏နေရာကို ယူချင်ခဲ့သည်။ ထို့နောက် သူ၏သရဖူကို မရနိုင်သည့်အခါ၊ သူသည် ဘုရားသခင်နှင့် စကားများကာ ဘုရားသခင်ကို စွဲချက်တင်ရန် ကြိုးစားခဲ့ပေသည်။ အလွန်ပင် အသိစိတ် ကင်းမဲ့လိုက်လေစွတကား။ ပေါလုတွင် ရှက်တတ်သော စိတ်တစ်ခု မရှိခဲ့ကြောင်းကို ဤအရာက ပြလေသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် လူများသည် ပြောင်းလဲကြရမည်။ အကြင်သူသည် သမ္မာတရားကို နားလည်ပြီး ထိုသမ္မာတရားကို လက်ခံကာ လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်တော့မည် မဟုတ်ဘဲ၊ ဘုရားသခင်နှင့် သဟဇာတ ဖြစ်လာကြလိမ့်မည်။ ထိုသို့သော လူတစ်ယောက်သည် သမ္မာတရားနှင့် အသက်ကို ရရှိသောသူ ဖြစ်ပေသည်။ ဤသည်မှာ ဘုရားသခင် လိုလားသော ဖန်ဆင်းခံအမျိုးအစား ဖြစ်ပေသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်

အရှေ့သို့- သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏

နောက်တစ်ခုသို့- သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။