အခန်း ၁၇

အသင်းတော်သည် တည်ဆောက်ဆဲဖြစ်ပြီး၊ စာတန်သည် အသင်းတော်ကို ဖြိုချရန် အစွမ်းကုန် ကြိုးစားနေသည်။ ၎င်းသည် ငါ၏ တည်ဆောက်ခြင်းကို ဖြစ်နိုင်သမျှသော မည်သည့် နည်းလမ်းမဆိုဖြင့် ဖြိုချလို၏။ ဤအကြောင်းကြောင့်၊ အသင်းတော်ကို လျင်မြန်စွာ သန့်စင်ရမည်ဖြစ်သည်။ ဆိုးယုတ်မှုနှင့်ဆိုင်သည့် အသုံးမဝင်သည့်အရာ အနည်းငယ်မျှ မကျန်ကြွင်းစေရ။ အသင်းတော်သည် ဆက်လက် စင်ကြယ်လာကာ ယခင်အတိုင်း အပြစ်အနာအဆာ ကင်းမဲ့သည်အထိ သန့်စင်ခြင်းခံရမည်။ သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သတိပြုရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။ ငါ၏ နှုတ်ကပတ်တော်များကိုလည်း သင်တို့ သာ၍ စားသောက်ရမည် ဖြစ်ပြီး၊ ပို၍အရေးကြီးသည်မှာ၊ သင်တို့အနေဖြင့် ထိုနှုတ်ကပတ်တော်များကို မိမိတို့ဘာသာ စားသောက်နိုင်ရမည် ဖြစ်သည်။ သင်တို့၏ ဝိညာဉ်ရေးရာ မျက်စိများကို ငါဖွင့်ပေးနိုင်ဖို့နှင့် စိတ်ဝိညာဉ်အတွင်း တည်ရှိသော နက်နဲမှုများအားလုံးကို သင်တို့အား မြင်တွေ့ခွင့်ပေးနိုင်ဖို့အလို့ငှာ၊ သင်တို့သည် သမ္မာတရားအားလုံးဖြင့် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ထားကြပြီး၊ ငါ၏ ရှေ့မှောက်သို့ လာကြလော့။… အသင်းတော်သည် ၎င်း၏ တည်ဆောက်ခြင်း အဆင့်ထဲသို့ ဝင်ရောက်သည့်အချိန်တွင်၊ သန့်ရှင်းသူများသည် တိုက်ပွဲဆီသို့ ချီတက်ကြသည်။ စာတန်၏ အမျိုးမျိုးသော အကျည်းတန်သည့် မျက်နှာပေါက်တို့ကို သင်တို့ရှေ့တွင် ချပြထား၏။ သင်တို့သည် ရပ်တန့်ကာ နောက်သို့ ပြန်ရွေ့သွားကြသလော၊ သို့မဟုတ် သင်တို့သည် ငါ့ကို အားထားရင်း မတ်တပ်ရပ်ပြီး ရှေ့ဆက်သွားကြသလော။ စာတန်၏ ဖောက်ပြန်ပျက်စီးပြီး အကျည်းတန်သော မျက်နှာပေါက်များကို စေ့စေ့စပ်စပ် ဖော်ထုတ်လော့၊ ၎င်း စိတ်မချမ်းသာဖြစ်မည်ကို လုံးဝ မစိုးရိမ်လေနှင့်၊ ပြီးလျှင် သက်ညှာခြင်းမရှိလေနှင့်။ စာတန်ကို သေသည့်တိုင်အောင် တိုက်ခိုက်လော့။ ငါသည် သင်၏ အထောက်အပံ့ ဖြစ်ပြီး၊ သင်သည် ယောက်ျားသား၏ စိတ်ဓါတ်ရှိရမည်။ စာတန်သည် ၎င်း၏ နောက်ဆုံးသော မချိတင်ကဲ သေဆုံးခြင်း၌ ရုတ်တရက် ဒေါသတကြီး တိုက်ခိုက်နေသော်လည်း၊ ၎င်းသည် ငါ၏ တရားစီရင်ခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်သေးပေ။ စာတန်သည် ငါ၏ ခြေအောက်တွင် ရှိနေပြီး၊ သင်တို့၏ ခြေအောက်တွင်လည်း အနင်းခံရလျက်ရှိသည်- ဤသည်မှာ အမှန်တရားဖြစ်၏။

ဘာသာရေးနှောင့်ယှက်သူများနှင့် အသင်းတော်၏ အဆောက်အဦးကို ဖြိုချသူများအားလုံးကို သည်းခံခြင်း အနည်းငယ်မျှ ပြရလိမ့်မည်မဟုတ်ဘဲ၊ ချက်ချင်း တရားစီရင်‌ခြင်းခံရလိမ့်မည်။ စာတန်သည် ဖော်ထုတ်ခံရလိမ့်မည်၊ နင်းခြေခံရလိမ့်မည်၊ လုံးဝ ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ ပုန်းကွယ်စရာ နေရာမရှိဘဲ ကျန်ရစ်လိမ့်မည်။ မကောင်းဆိုးဝါးများနှင့် တစ္ဆေမျိုးစုံတို့သည် ၎င်းတို့၏ ပုံသဏ္ဌာန်အစစ်အမှန်တို့ကို ငါ၏ ရှေ့မှောက် ဧကန်မုချ ထုတ်ဖော်ပြကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့ ဘယ်သောအခါမျှ လွတ်မြောက်လိမ့်မည် မဟုတ်သည့် အနက်ဆုံးသော တွင်းထဲသို့ ၎င်းတို့အားလုံးကို ငါပစ်ချမည်။ ၎င်းတို့အားလုံးသည် ငါတို့၏ ခြေအောက်၌ ရှိကြလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရား အတွက် ကောင်းသော တိုက်ခိုက်ခြင်းကို ပြုလိုပါက၊ ပထမဦးဆုံး အနေဖြင့်၊ စာတန်ကို အလုပ်လုပ်စေရန် မည်သည့် အခွင့်အရေးမျှ မပေးရ- ဤရည်ရွယ်ချက် အထမြောက်ဖို့ရန်၊ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိဖို့နှင့်၊ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံနိုင်ဖို့၊ သင်၏ ကိုယ်ပိုင်အယူအဆများ၊ ထင်မြင်ချက်များ၊ အမြင်များနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများ အားလုံးကို စွန့်လွှတ်နိုင်ဖို့၊ ငါ၏အတွင်းတွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စေနိုင်ဖို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏အသံကို အာရုံစိုက်နိုင်ဖို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု အပေါ် အာရုံစိုက်ပြီး ဘုရားသခင်၏ နူတ်ကပတ်တော်များကို အသေးစိတ် တွေ့ကြုံခံစားနိုင်ဖို့တို့ကိုလိုအပ်လိမ့်မည် ဖြစ်သည်။ သင်တို့တွင် ရည်ရွယ်ချက် တစ်ခုသာ ရှိရမည်ဖြစ်ပြီး၊ ယင်းသည် ငါ၏ အလိုကို ပြည့်စုံစေဖို့ ဖြစ်သည်။ ဤအရာမှလွဲ၍ အခြားရည်ရွယ်ချက် သင်တို့၌ မရှိသင့်ပေ။ သင်၏ စိတ်နှလုံး အကြွင်းမဲ့ဖြင့် ငါ့ကို ကြည့်ရမည်၊ ငါ၏ လုပ်ဆောင်ချက်များနှင့် ငါ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများအား သေချာစွာ ကြည့်ရမည် ဖြစ်ပြီး၊ လုံးဝ မပေါ့ဆရပေ။ သင်၏ စိတ်ဝိညာဉ်သည် ထက်မြက်ရမည်၊ သင်၏ မျက်စိများ ဖွင့်ထားရမည်။ သာမန်အားဖြင့်၊ မိမိတို့၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ မှန်ကန်မှုမရှိသည့် သူများအပြင်၊ အခြားသူများ မြင်သည်ကို နှစ်သက်သောသူများ အမှုအရာများကို လုပ်ဆောင်ရန် စိတ်အားထက်သန်သော သူများ၊ အနှောင့်အယှက်များကို ဖြစ်စေတတ်သူများ၊ ဘာသာရေး အယူဝါဒကို လေကြောရှည်ရာတွင် တော်သောသူများ၊ စာတန်၏ လက်ပါးစေများ စသည်တို့ကဲ့သို့သောသူများနှင့် ပတ်သက်လာသည့်အခါတွင်- ဤလူများ ထရပ်သည့်အခါ၊ ထိုသူတို့သည် အသင်းတော်အတွက် အခက်အခဲများ ဖြစ်လာကြပြီး၊ ဤအရာက ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းကို အချည်းနှီး ဖြစ်သွားစေသည်။ ထိုသို့သော လူများ ဟန်ဆောင်ခြင်းကို သင် ကြုံရချိန်တွင် ချက်ချင်း တားမြစ်လော့။ အဖန်ဖန် သတိပေးခံရသော်လည်း၊ ၎င်းတို့ မပြောင်းလဲပါက၊ ၎င်းတို့ ဆုံးရှုံးခြင်း ခံစားရလိမ့်မည်။ အကယ်၍ မိမိတို့၏ နည်းလမ်းများ အတိုင်း ခေါင်းမာမာနှင့် မရမကလုပ်ဆောင်သူများသည် မိမိတို့ကိုယ်ကိုယ် ကာကွယ်ဖို့ကြိုးပမ်းပြီး မိမိတို့၏အပြစ်များကို ဖုံးကွယ်ရန် ကြိုးစားပါက၊ အသင်းတော်က ၎င်းတို့ကို ချက်ချင်း ဖြတ်တောက်ပစ်သင့်ပြီး၊ ၎င်းတို့ လှုပ်ရှားဆောင်ရွက်ဖို့ အခွင့်အလမ်း မရှိစေသင့်ပေ။ အနည်းငယ်ကို ကယ်တင်ရန် ကြိုးစားခြင်းဖြင့် များစွာ မဆုံးရှုံးစေနှင့်။ အခြေအနေတစ်ရပ်လုံးကို ကြည့်နေလော့။

ယခု သင်တို့၏ ဝိညာဉ်မျက်စိများကို ဖွင့်ထားရမည်ဖြစ်ပြီး၊ အသင်းတော်ထဲက လူအမျိုးမျိုးကို သတိပြုနိုင်ရမည်-

အဘယ်ကဲ့သို့သော လူစားမျိုးသည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်ပြီး၊ ဝိညာဉ်ကို သိသနည်း။

အဘယ်ကဲ့သို့သော လူစားမျိုးသည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သနည်း။

အဘယ်ကဲ့သို့သော လူစားမျိုးသည် ဆိုးညစ်သော ဝိညာဉ်ရှိသနည်း။

အဘယ်ကဲ့သို့သော လူစားမျိုးသည် စာတန်၏ လုပ်ဆောင်ချက် မိမိတို့အထဲတွင် ရှိသနည်း။

အဘယ်ကဲ့သို့သော လူစားမျိုးသည် အနှောင့်အယှက်များကို ဖြစ်စေတတ်သနည်း။

အဘယ်ကဲ့သို့သော လူစားမျိုးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် မိမိတို့အထဲတွင် ရှိသနည်း။

အဘယ်ကဲ့သို့သော လူစားမျိုးသည် ဘုရားသခင်၏ ဝန်ထုပ်ကို အရေးထားမှု ပြသနည်း။

အဘယ်ကဲ့သို့သော လူစားမျိုးသည် ငါ့အလိုကို လုပ်ဆောင်နိုင်သနည်း။

ငါ၏ သစ္စာရှိသော သက်သေများမှာ အဘယ်သူများနည်း။

ယနေ့၏ အမြင့်မားဆုံးသော ရူပါရုံမှာ အသင်းတော်များထံ သန့်ရှင်းသော ဝိညာဉ်တော် ယူဆောင်လာသည့် ဉာဏ်အလင်းပေးခြင်း ဖြစ်သည်ကို သိလော့။ ဤအရာများနှင့် ပတ်သက်၍ နားဝေတိမ်တောင် မဖြစ်လေနှင့်၊ ယင်းထက် ၎င်းတို့ကို စေ့စေ့စပ်စပ် သဘောပေါက်နားလည်ဖို့ အချိန်ယူလော့- ဤသည်မှာ သင်တို့၏ အသက်တာတိုးတက်ခြင်းအတွက် အလွန့်အလွန် အရေးပါ၏။ သင်ကိုယ်တိုင်၏ မျက်စိရှေ့တွင် ရှိသော ဤအရာများကို သင် နားမလည်ပါက၊ သင်သည် ရှေ့တွင်ရှိသည့် လမ်းကို လျှောက်လှမ်းနိုင်လိမ့်မည် မဟုတ်။ သင်၌ စုံစမ်းသွေးဆောင်ခြင်းသို့ လဲကျမည့် အန္တရာယ်နှင့် အကျဉ်းချ ခံရမည့် အန္တရာယ် စဉ်ဆက်မပြတ် ရှိလိမ့်မည်ဖြစ်ပြီး သင် ဝါးမျိုခံရကောင်း ခံရနိုင်သည်။ ယခုတွင် အဓိက လုပ်ဆောင်ရမည့်အရာများမှာ သင်၏ နှလုံးသားဖြင့် ငါ့ထံ တိုးဝင်ချဉ်းကပ်နိုင်စွမ်း ရှိလာခြင်းအပေါ် အာရုံစိုက်ဖို့နှင့် ငါနှင့် သာ၍ မိတ်သဟာယပြုဖို့တို့ဖြစ်သည်။ ထိုသို့သော ရင်းနှီးမှုနှင့် မိတ်သဟာယပြုခြင်းတို့ဖြင့် သင် ချို့တဲ့သည့်အရာ သို့မဟုတ် သင် ရှာဖွေသည့်အရာ မည်သည့်အရာမဆို ပြည့်စုံစေခြင်းခံရလိမ့်မည် ဖြစ်သည်။ သင်၏ အသက်တာသည် ဧကန်မုချ ထောက်ပံ့ ပေးခံရမည်ဖြစ်ပြီး၊ သင်သည် အသစ်သော ဉာဏ်အလင်းပေးခြင်း ရရှိလိမ့်မည်။ ယခင်က သင် မည်မျှ မသိနားမလည်သည်ကို ငါသည် လုံးဝ မကြည့်ရှုခဲ့သကဲ့သို့၊ သင်တို့၏ အတိတ်က အပြစ်များနှင့်ပတ်သက်၍ ငါ၏ စိတ်၌ စွဲမကျန်စေပေ။ ငါသည် ငါ့ကို သင် အဘယ်မျှ ချစ်သည်ကို ကြည့်၏- သင်သည် ငါ့ကို အခြား မည်သည့်အရာမဆိုထက် ပိုချစ်နိုင်သလော။ သင့်အနေဖြင့် သင်၏မသိနားမလည်ခြင်းကို စွန့်ပစ်ရန် နောက်ပြန်လှည့်ပြီး ငါ့အပေါ် မှီခိုနိုင်ခြင်း ရှိမရှိဆိုသည်ကို မြင်ရန် ငါကြည့်ရှုသည်။ အချို့သော လူများသည် ငါ့ကို ဆန့်ကျင်ကြသည်၊ ငါ့ကို ပွင့်ပွင့်လင်းလင်း အာခံကြပြီး အခြားသူများကို ဝေဖန်အကဲဖြတ်ကြသည်။ ၎င်းတို့သည် ငါ၏ နူတ်ကပတ်တော်များကို မသိကြသကဲ့သို့၊ ငါ၏မျက်နှာကို ရှာတွေ့ရန် အလားအလာ သာ၍ပင် နည်းပေသည်။ ငါ့ကို ရိုးသားစစ်မှန်စွာ ရှာဖွေသူ၊ ဖြောင့်မတ်ခြင်းတရားကို ဆာလောင်ပြီး ငတ်မွတ်သော စိတ်နှလုံးများရှိသူတို့ ဖြစ်သည့် ငါ၏ရှေ့မှောက်တွင် ရှိသောသူအားလုံး- သင့်ကို ငါသည် အသိဉာဏ်ပွင့်လင်းစေမည်၊ သင့်ထံ ထုတ်ဖော်ပြမည်၊ သင်ကိုယ်တိုင်၏ မျက်စိများဖြင့် ငါ့ကို မြင်ခွင့်ပေးမည်ဖြစ်ပြီး ငါ၏အလိုတော်ကို ကိုယ်တိုင်ကိုယ်ကျ သဘောပေါက်ခွင့်ပေးမည်။ သင် နားလည်နိုင်စေဖို့အလို့ငှာ ငါ၏စိတ်နှလုံးကို သင့်ထံ ဧကန်မုချ ဖော်ထုတ်ပြမည်။ ငါ၏ နူတ်ကပတ်တော်များနှင့်အညီ သင်၏အတွင်းတွင် ငါ ဉာဏ်အလင်း ပေးသည့်အရာကို သင် လက်တွေ့လုပ်ဆောင်ရမည်။ သို့မဟုတ်ပါက၊ သင်သည် တရားစီရင်ခြင်း ခံရလိမ့်မည်။ ငါ၏အလိုကို လိုက်လျှောက်လော့၊ ပြီးလျှင် သင်သည် လမ်းပျောက်လိမ့်မည် မဟုတ်ပေ။

ငါ၏ နူတ်ကပတ်တော်ထဲသို့ ဝင်ရောက်ရန် ကြိုးစားသူ အားလုံးအဖို့၊ ၎င်းတို့အပေါ် နှစ်ဆသော ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ရှိလိမ့်မည်၊ ၎င်းတို့သည် အသစ်သော ဉာဏ်အလင်းပေးခြင်းနှင့် ထိုးထွင်းသိမြင်မှုတို့ကို နေ့တိုင်း ရရှိလိမ့်မည် ဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များကို နေ့စဉ်နှင့်အမျှ စားသောက်ရာတွင် သာ၍ လန်းဆန်းမှုကို ၎င်းတို့ ခံစားရလိမ့်မည်။ ထိုနှုတ်ကပတ်တော်ကို ၎င်းတို့၏ ကိုယ်ပိုင်နှုတ်ဖြင့် မြည်းစမ်းကြ ရလိမ့်မည်။ ချိုမြိန်လိုက်ပါဘိ။… သင်သည် သတိရှိရမည် ဖြစ်ပြီး၊ ထိုးထွင်းသိမြင်မှုအချို့နှင့် ချိုမြိန်မှု အရသာတစ်ခုကို ရရှိပြီးချိန်တွင် ကျေနပ်အားရနေရမည် မဟုတ်ပေ။ အဓိက သော့ချက်မှာ ရှေ့ဆက် ဆက်လက်ကြိုးစားဖို့ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် အမှန်တကယ် အံသြဖွယ်ဖြစ်ပြီး စစ်မှန်သည်ဟု အချို့သောလူတို့ ထင်ကြသည်- ဤသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဇာတိအဖြစ်တော်ကို ပွင့်လင်းစွာ ထုတ်ဖော်ပြခြင်းဖြစ်ပြီး၊ သာ၍ ကြီးသော နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများသည် ရှေ့တွင် တည်လျက်ရှိသည်။ အချိန်တိုင်း သတိထားပြီး နိုးကြားနေလော့၊ အရင်းအမြစ်အပေါ် စူးစိုက်ကြည့်လော့၊ ငါ၏ရှေ့တွင် ငြိမ်သက်နေလော့၊ အလေးဂရုပြုပြီး သေချာစွာ နားထောင်ကာ ငါ၏ နှုတ်ကပတ်တော်များကို စိတ်ချလော့။ မရေရာခြင်း မရှိရ၊ အကယ်၍ သင် စိုးစဉ်းမျှ သံသယရှိပါက၊ တံခါး ပြင်ပတွင် သင် အစွန့်ပစ်ခံရလိမ့်မည်ကို ငါစိုးရိမ်မိသည်။ ရှင်းလင်းသော ရူပါရုံများ ရှိလော့၊ ခိုင်မာသော ရပ်တည်ချက်ပေါ်တွင် ရပ်လော့၊ ဤအသက်ရေစီးချောင်း နောက်လိုက်လော့၊ ပြီးလျှင် ၎င်းစီးဆင်းရာ မည်သည့်အရပ်ကိုမဆို နီးကပ်စွာ လိုက်လော့။ မည်သည့် လူသား တွန့်ဆုတ်မှုကိုမျှ သင် လုံးဝ နှလုံးမသွင်းရ။ စားသောက်၍သာ ချီးမွမ်းလော့။ ဖြူစင်သော စိတ်နှလုံးဖြင့် ရှာဖွေပြီး၊ လုံးဝ အရှုံးမပေးလေနှင့်။ သင့်အနေဖြင့် ကြီးမားသော ဆုံးရှုံးမှုများ ခံစားရခြင်းကို ရှောင်လွှဲနိုင်ဖို့အလို့ငှာ၊ သင်နားမလည်သည့် မည်သည့်အရာမဆို ငါ၏ ရှေ့သို့ မကြာခဏ ယူဆောင်လာပြီး မည်သည့် သံသယကိုမျှ သိုမထားသည်ကို သေချာစေလော့။ ဆက်ထိန်းထားလော့။ ဆက်ထိန်းထားလော့။ နီးနီးကပ်ကပ် နေလော့။ သင်၏ အဟန့်အတားများကို သင်မှ ဖယ်ရှားပြီး၊ အသောက်အစား အပျော်အပါး၌ မမွေ့လျော်လေနှင့်။ စိတ်ပါလက်ပါ ရှေ့ဆက်သွားပြီး အားထုတ်ကာ မတွန့်ဆုတ်လေနှင့်။ သင်၏ စိတ်နှလုံးကို အချိန်တိုင်း သင် ဆက်ကပ်ရမည်ဖြစ်ပြီး၊ အဘယ်သောအခါမျှ တဒင်္ဂပင် လက်မလွတ်လေနှင့်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လုပ်ဆောင်ဖို့ အမှုသစ် စဉ်ဆက်မပြတ်ရှိသည်၊ အသစ်သော အရာများကို နေ့စဉ်လုပ်ဆောင်ပြီး၊ အသစ်သော ဉာဏ်အလင်းပေးခြင်းများလည်း နေ့ရက်တိုင်း ရှိသည်။ တောင်ပေါ်တွင် ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍ ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်ခန္ဓာသည် ပေါ်ထွန်းခဲ့လေပြီ။ ဖြောင့်မတ်ခြင်း နေမင်းသည် အလင်းကို ထုတ်လွှတ်ပြီး ထွန်းလင်းလေသည်။ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံးတို့သည် သင်၏ ဘုန်းအသရေ ရှိသော မျက်နှာကို မြင်ခဲ့ပြီးဖြစ်သည်။ ငါ၏ အလင်းသည် ငါ၏ ရှေ့မှောက်သို့ လာသော သူအားလုံးအပေါ် ထွန်းလင်းလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များသည် သင့်ကို ရှေ့ဆက်ဦးဆောင်နေသည့် အလင်းဖြစ်၏။ သင်တို့ လျှောက်လှမ်းသည်နှင့်အမျှ လက်ယာဘက် သို့မဟုတ် လက်ဝဲဘက် သွေဖည်ခြင်း ရှိလိမ့်မည် မဟုတ်ဘဲ ငါ၏ အလင်းအတွင်းတွင် လျှောက်လှမ်းကြလိမ့်မည် ဖြစ်ကာ၊ သင်၏ ပြေးလွှားခြင်းသည်လည်း အချည်းနှီး အားထုတ်မှု ဖြစ်လိမ့်မည် မဟုတ်ပေ။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရှင်းလင်းစွာ တွေ့မြင်ရမည်။ ငါ၏ အလိုတော်သည် ထိုအထဲတွင် ရှိ၏။ လျှို့ဝှက်ဆန်းကြယ်မှုအားလုံး ဖုံးကွယ်ခြင်း ခံထားရသော်လည်း၊ ၎င်းတို့ကို တဖြည်းဖြည်း သင့်အား ထုတ်ဖော်ပြလိမ့်မည်။ ငါ၏နူတ်ကပတ်တော်များကို စိတ်တွင် အချိန်တိုင်း ထိန်းသိမ်း ထားလော့၊ ပြီးလျှင် ငါနှင့် ပို၍ မိတ်သဟာယပြုရန် ငါ၏ရှေ့မှောက်သို့ လာလော့။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် တိုးတက်၏။ ငါ၏ခြေလှမ်းများအတိုင်း လျှောက်လော့။ ကြီးမားသော အံသြဖွယ်ရာများသည် ရှေ့တွင်ရှိပြီး၊ ဤအရာများကို သင့်ထံ တစ်ခုချင်းစီ ထုတ်ဖော်ပြလိမ့်မည်။ ဂရုစိုက်သော သူများ၊ စောင့်ဆိုင်းသောသူများနှင့် နိုးနေသောသူများသာ ၎င်းတို့ကို တွေ့မြင်ရလိမ့်မည်။ အားထုတ်မှု မလျော့ဖို့ သေချာစေလော့။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ်သည် ၎င်း၏ နောက်ဆုံးအဆင့်နှင့် နီးကပ်နေလေပြီ။ အသင်းတော် တည်ဆောက်ခြင်း အောင်မြင်လိမ့်မည်၊ အောင်မြင်သောသူ အရေအတွက် သတ်မှတ်ထားနှင့်ပြီး ဖြစ်သည်၊ အောင်မြင်သော သားယောက်ျားလေးကို ဖန်တီးလိမ့်မည်ဖြစ်ပြီး၊ ၎င်းသည် ငါနှင့်အတူ နိုင်ငံတော်ထဲသို့ ဝင်ရောက်လိမ့်မည်၊ ငါနှင့်အတူ ဘုရင့်အရိုက်အရာကို ခံယူလိမ့်မည်၊ တိုင်းနိုင်ငံအားလုံးကို သံလှံတံဖြင့် အုပ်စိုးပြီး အတူတကွ ဘုန်းဝင်စားလိမ့်မည်။

အရှေ့သို့- အခန်း ၁၆

နောက်တစ်ခုသို့- အခန်း ၁၈

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။