အခန်း ၁၆
လူသားအား သက်သေခံပြီးနောက်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ငါတို့ထံသို့ ဖြောင့်မတ်ခြင်းနေမင်းအဖြစ် ကိုယ်တော်တိုင် လူသိရှင်ကြား ထုတ်ဖော်ပြလေသည်။ ဤသည်မှာ တောင်ပေါ်တွင် ပုံသဏ္ဌာန်ပြောင်းလဲခြင်း ဖြစ်ပေတကား။ ထိုအရာသည် ယခုတွင် ပို၍ပို၍စစ်မှန်လာပြီး စစ်မှန်မှုတစ်ခု ဖြစ်လာနေလေသည်။ ငါတို့သည် သန့်ရှင်းသောဝိညာဉ်တော် အမှုတော်ဆောင်ပုံကို မြင်တွေ့ပြီးဖြစ်ကာ၊ ဘုရားသခင်ကိုယ်တော်တိုင် လူ့ဇာတိမှ ထွက်ပေါ်လာသည်။ ကိုယ်တော်သည် လူသား၏ထိန်းချုပ်မှုအောက်၌လည်း မရှိ၊ အာကာသ၏ထိန်းချုပ်မှုအောက်၌လည်း မရှိ၊ ပထဝီအနေအထား၏ ထိန်းချုပ်မှုအောက်၌လည်း မရှိပေ။ ကိုယ်တော်သည် မြေထုနှင့် ပင်လယ်တို့၏ နယ်နိမိတ်တို့ကို ကျော်လွန်သည်။ ကိုယ်တော်သည် စကြဝဠာတစ်ခုလုံး အနှံ့အပြားနှင့် မြေကြီးစွန်းတိုင်အောင် ရောက်ရှိပြီး၊ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံးသည် သူ၏အသံတော်ကို ငြိမ်သက်စွာနားထောင်နေကြသည်။ ငါတို့သည် ငါတို့၏ဝိညာဉ်မျက်စိများကို ဖွင့်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သူ၏ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာမှ ပေါ်ထွက်လာသည်ကို မြင်လေသည်။ ဤသည်မှာ လူ့ဇာတိခန္ဒာမှ ပေါ်ထွက်နေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်၏။ သူသည် စစ်မှန်၍ ပြီးပြည့်စုံသော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ကိုယ်တော်သည် ငါတို့ကို လူသိရှင်ကြား ပြောဆို၏။ သူသည် ငါတို့နှင့် မျက်နှာချင်းဆိုင်ရှိ၏။ ကိုယ်တော်သည် ငါတို့ကို တိုက်တွန်း ပေးတော်မူ၏။ ကိုယ်တော်သည် ငါတို့အပေါ်၌ သနားခြင်းရှိ၏။ ကိုယ်တော်သည် ငါတို့ကို စောင့်သည်။ ကိုယ်တော်သည် ငါတို့ကို အားပေးနှစ်သိမ့်၏။ ငါတို့ကို ဆုံးမပဲ့ပြင်၍ တရားစီရင်တော်မူ၏။ ကိုယ်တော်သည် ငါတို့ကို လက်ဖြင့် လမ်းပြဦးဆောင်လျက် ငါတို့အပေါ် သူ၏ပူပန်မှုသည် သူ၏အထဲ၌ မီးတောက်ကဲ့သို့ လောင်ကျွမ်းလေသည်။ ကိုယ်တော်သည် ထက်သန်သော စိတ်နှလုံးဖြင့် ငါတို့ကို နိုးကြား၍ သူ့အတွင်းသို့ဝင်ရောက်ရန် နှိုးဆော်၏။ ကိုယ်တော်၏ ထူးကဲသာလွန်သော အသက်တာကို ငါတို့အားလုံးအတွင်း ဖြစ်ပေါ်စေခဲ့ပြီး၊ ကိုယ်တော့်အတွင်းသို့ ဝင်ရောက်သူ မည်သူမဆို ထူးကဲသာလွန်မှုကိုရရှိ၍၊ ကမ္ဘာလောကနှင့် ဆိုးယုတ်သူအားလုံးတို့ကို အောင်နိုင်မည်ဖြစ်ကာ၊ ကိုယ်တော်နှင့်အတူ ဘုရင်များအဖြစ် စိုးစံရမည်ဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဘုရားသခင်၏ဝိညာဉ်ခန္ဓာဖြစ်သည်။ ကိုယ်တော်က ထိုအရာကို စီမံထားလျှင်၊ ထိုအရာသည် ထိုစီမံထားချက်အတိုင်းသာ ဖြစ်လိမ့်မည်။ ကိုယ်တော်က ထိုအရာကို ပြောသည်ဆိုလျှင်၊ ထိုအရာသည် ထိုပြောဆိုချက်အတိုင်းသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ကိုယ်တော်က ထိုအရာကို အမိန့်ပေးသည်ဆိုလျှင်၊ ထိုအရာသည် ထိုအမိန့်တော်အတိုင်းသာ ဖြစ်လိမ့်မည်ဖြစ်သည်။ ကိုယ်တော်သည် စစ်မှန်သော တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်။ စာတန်သည် ကိုယ်တော်၏ ခြေအောက်၌ အဆုံးမရှိသောတွင်းထဲတွင် ရှိနေ၏။ စကြဝဠာနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏လက်ထဲတွင် ရှိသည်။ အချိန်အခါသည် ရောက်ရှိလာပြီဖြစ်ပြီး၊ အရာအားလုံးတို့သည် ဘာမျှမရှိခြင်းသို့ ပြန်လည်ရောက်ရှိကာ အသစ်သော မွေးဖွားခြင်းကို ခံရလိမ့်မည်။