အခန်း ၇၃

ငါ့စကားတို့သည် ငါပြောဆိုလိုက်သည်နှင့်တပြိုင်နက် ပြည့်စုံခြင်းသို့ ရောက်ရှိပြီး၊ ၎င်းတို့သည် ဘယ်သောအခါမျှ ပြောင်းလဲခြင်းမရှိဘဲ အပြည့်အဝ မှန်ကန်ကြသည်။ ဤအရာကို အောက်မေ့လော့။ သင်သည် ငါ၏နှုတ်မှ ထွက်ဆိုသော စကားလုံးတိုင်း၊ စကားရပ်တိုင်းကို သေချာစွာ ထည့်သွင်းစဉ်းစားရမည်။ သင်သည် ဆုံးရှုံးမှုကို ခံစားရပြီး ငါ၏တရားစီရင်ခြင်း၊ ငါ၏အမျက်ဒေါသ၊ ငါ၏လောင်မြိုက်ခြင်းတို့ကိုသာ ရရှိမည်ကိုစိုး၍ အထူးသတိပြုလော့။ ယခုတွင် ငါ၏ အမှုသည် မည်ကာမတ္တမဟုတ်ဘဲ အလွန်လျင်မြန်သော အဟုန်ဖြင့် ရွေ့လျားလျက်ရှိ၏၊ ၎င်းကို အလွန်သိမ်မွေ့စွာ မွမ်းမံထားသဖြင့် ပကတိမျက်စိဖြင့် မမြင်ရနိုင်သလောက်ဖြစ်ပြီး၊ လူ့လက်ဖြင့် ဖမ်းဆုပ်၍ မရနိုင်ပေ။ ၎င်းသည် အထူးပင် စေ့စပ်တိကျသည်။ ငါသည် အဓိပ္ပာယ်မဲ့သော စကားများကို ဘယ်သောအခါမျှ မမိန့်မြွက်၊ ငါဆိုသမျှအားလုံးက မှန်ကန်သည်။ ငါ၏စကားလုံးတိုင်းသည် စစ်မှန်ပြီး တိကျမှန်ကန်သည်ကို သင်ယုံကြည်သင့်သည်။ အရေးမထားဘဲ မနေနှင့်၊ ဤသည်မှာ အရေးပါသော အခိုက်အတန့်ဖြစ်ပေသည်။ သင် ကောင်းကြီးမင်္ဂလာများ ရရှိမည် သို့မဟုတ် ကံဆိုးခြင်းကို ရရှိမည်ကို ဤအခိုက်အတန့်မှာပင် ဆုံးဖြတ်မည်ဖြစ်ပြီး။ ခြားနားချက်မှာ ကောင်းကင်နှင့် မြေကြီးကြားထဲရှိ ထိုကဲ့သို့ ဖြစ်သည်။ သင်သည် ကောင်းကင်သို့ သွားမည်လော သို့မဟုတ် မရဏာနိုင်ငံသို့ သွားမည်လော ဆိုသည်မှာ ငါ၏ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျားရှိသည်။ မရဏာနိုင်ငံသို့ ဦးတည်နေသူတို့သည် ၎င်းတို့၏ နောက်ဆုံးသေအံ့ဆဲဆဲ ရုန်းကန်ကြိုးပမ်းခြင်းကို ရင်ဆိုင်နေရစဥ် ကောင်းကင်သို့ သွားမည့်သူတို့မှာ ၎င်းတို့၏ နောက်ဆုံးသော ဆင်းရဲဒုက္ခအနည်းငယ်ကို ခံစားရပြီး၊ နောက်ဆုံးအနေဖြင့် ငါ့အတွက် အသုံးခံနေကြသည်။ အနာဂတ်တွင် သူတို့ပြုသမျှအရာအားလုံးသည် လူတို့အား ဒုက္ခပေးသော အရေးမပါသည့် အရာများအားလုံး (အိမ်ထောင်ရေး၊ အလုပ်အကိုင်၊ စိတ်ညစ်ညူးဖွယ် ဓနဥစ္စာ၊ ရာထူးအဆင့်အတန်း စသည်တို့) မပါသော ပျော်ရွှင်ခြင်းနှင့် ချီးမွမ်းခြင်းတို့ ပါဝင်မည်ဖြစ်သည်။ သို့သော်လည်း မရဏာနိုင်ငံသို့ သွားမည့်သူများအတွက်မှာမူ၊ ၎င်းတို့၏ ဆင်းရဲဒုက္ခခံရခြင်းသည် ထာဝရဖြစ်သည် (ဤအရာက ၎င်းတို့၏ ဝိညာဉ်၊ စိတ်နှင့် ခန္ဓာတို့ကို ရည်ညွှန်းသည်။) ၎င်းတို့သည် ငါ၏ အပြစ်ဒဏ်ပေးခြင်းလက်မှ ဘယ်သောအခါမျှ လွတ်မြောက်မည်မဟုတ်ပေ။ ဤအစွန်းနှစ်ဖက်မှာ မီးနှင့်ရေကဲ့သို့ တခြားစီဖြစ်သည်။ ၎င်းတို့မှာ ရောထွေးခြင်း လုံးဝမရှိ- ကံဆိုးခြင်းကို ခံစားရသော သူတို့က ကံဆိုးခြင်းကို ဆက်လက်ခံစားနေရမည်ဖြစ်စဥ် ကောင်းကြီးခံစားရသောသူတို့သည် သူတို၏ စိတ်ရှိသလောက် ပျော်မွေ့ခြင်းနှင့် တွေ့ဆုံရလိမ့်မည် ဖြစ်သည်။

ဖြစ်ရပ်အားလုံးနှင့်၊ အမှုအရာအားလုံးသည် ငါ၏ ထိန်းချုပ်ခြင်းကို ခံရသည်သာမက သင်တို့ (ငါ၏ သားများ၊ ငါ၏ ချစ်လှစွာသောသူများ) သည် ထို့အတူ ငါနှင့် ပို၍ပင်စပ်ဆိုင်သည်။ သင်တို့သည် ငါ၏ အနှစ်ခြောက်ထောင်စီမံခန့်ခွဲမှုအစီအစဥ်၏ ပုံဆောင်ခဲဖြစ်ကာ၊ သင်တို့သည် ငါ၏ ရတနာများ ဖြစ်ကြသည်။ သူတို့သည် ငါ့အား သိသာထင်ရှားစေသောကြောင့် ငါချစ်သောသူအားလုံးသည် ငါ့အမြင်တွင် နှစ်လိုဖွယ်ရာဖြစ်သည်။ ငါမုန်းတီးသောသူများ သူတို့အား ကြည့်ပင်မကြည့်ဘဲ ငါစက်ဆုပ်ရွံ့ရှာသည်မှာ သူတို့သည် စာတန်မှ ဆင်းသက်လာသူများဖြစ်ပြီး စာတန်နှင့် စပ်ဆိုင်ကြသည်။ ယနေ့တွင် လူတို့အားလုံးသည် မိမိကိုယ်ကိုယ် ပြန်လည်စစ်ဆေးသင့်သည်- အကယ်၍ သင်၏ ရည်ရွယ်ချက်များသည် မှန်ကန်ပြီး သင်သည် ငါ့အား အမှန်တကယ် ချစ်မြတ်နိုးလျှင် သင်သည် ငါ၏ချစ်ခြင်းကို ဧကန်မုချ ခံရမည်ဖြစ်သည်။ သင်သည် ငါ့အား စစ်မှန်စွာ ချစ်မြတ်နိုးရမည်ဖြစ်ပြီး ငါ့အား မလှည့်ဖြားရ။ ငါသည် လူတို့၏ အတွင်းကျဆုံးသော စိတ်နှလုံးများကို စစ်ကြောသော ဘုရားသခင်ဖြစ်သည်။ အကယ်၍ သင်၏ ရည်ရွယ်ချက်များသည် မှားယွင်းပြီး သင်သည် ငါ့အပေါ် အေးစက်ကာ သစ္စာမဲ့လျှင် သင်သည် ငါ၏စက်ဆုပ်ရွံရှာခြင်းကို အသေအချာ ခံရမည်ဖြစ်သည်။ ငါသည် သင့်ကို ရွေးချယ်ခြင်းလည်း မပြုခဲ့သကဲ့သို့ကြိုတင်ပြဋ္ဌာန်းခြင်းလည်း မရှိခဲ့ပေ။ သင်ငရဲသွားရမည့်အချိန်ကိုသာ ဆက်၍စောင့်ဆိုင်းနေလော့။ အခြားသောသူတို့က ဤအရာများကို မြင်ချင်မှမြင်နိုင်လိမ့်မည် ဖြစ်သော်လည်း၊ လူတို့၏ စိတ်နှလုံးအတွင်းကို နက်နက်နဲနဲကြည့်သော ဘုရားသခင်ဖြစ်သည့် ငါနှင့်သင်သာ သိလေသည်။ ယင်းတို့အားလုံးမှာ သေချာသောအချိန်တစ်ခု၌ ထုတ်ဖော်ခြင်းကို ခံရလိမ့်မည်။ ရိုးသားမှန်ကန်သောသူတို့သည် စိုးရိမ်ပူပန်ရန် မလိုအပ်ဘဲ၊ ရိုးသားမှန်ကန်ခြင်း မရှိသောသူတို့သည် ကြောက်ရွံ့စရာ မလိုအပ်ပေ။ ဤအရာအားလုံးမှာ ငါ၏ အမြော်အမြင်ရှိသော အကြံအစည်တို့၏ အစိတ်အပိုင်းပင် ဖြစ်ပေသည်။

လက်ရှိလုပ်ငန်းတာဝန်သည် အရေးတကြီးနှင့် ခက်ခဲကြီးလေးပြီး၊ ယင်းက သင်တို့အနေဖြင့် ဤနောက်ဆုံးအလုပ်ကို လက်စသတ်ဖို့ရန် ငါ့အတွက် နောက်ဆုံးအကြိမ် အသုံးခံ ရန် အလိုရှိသည်။ ငါ၏ တောင်းဆိုချက်များသည် အမှန်တကယ်တွင် အလွန်မတင်းကျပ်ပေ- ငါသည် သင်တို့ကို ငါနှင့်အတူ ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ငါ့ကို အရာရာ၌ ကျေနပ်အားရစေနိုင်ရန်နှင့် အတွင်းထဲ၌ သင့်အား ငါပေးသော လမ်းညွှန်မှုကို လိုက်လျှောက်နိုင်ရန်သာ လိုအပ်သည်။ မျက်စိမကန်းနှင့်။ ရည်မှန်းချက်ပန်းတုံးတိုင် ရှိပြီး၊ ငါ၏ ရည်ရွယ်ချက်များကို ရှုထောင့်ပေါင်းစုံနှင့် အရာရာတိုင်း၌ ခံစားကြည့်လော့။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ငါသည် သင်တို့အဖို့ ဖုံးကွယ်ထားသော ဘုရားသခင် မဟုတ်တော့သောကြောင့်ဖြစ်ပြီး သင်တို့သည် ငါ၏ရည်ရွယ်ချက်များကို နားလည်ရန်အလို့ငှာ ဤအကြောင်းကို လွန်စွာ ရှင်းလင်းနေရမည် ဖြစ်သည်။ အလွန်တိုတောင်းသော အချိန်ကာလအတွင်း၌၊ သင်တို့သည် မှန်ကန်သောလမ်းကို ရှာဖွေသော တိုင်းတစ်ပါးသားများနှင့် တွေ့ဆုံရမည်သာမက၊ ပို၍အရေးကြီးသည်မှာ သင်တို့၌ ၎င်းတို့အား ဦးဆောင်လမ်းပြရန်အတွက် အရည်အချင်း ရှိသင့်ခြင်းပင်ဖြစ်သည်။ ထိုအရာသည် ငါ၏ အရေးတကြီး ရည်ရွယ်ချက်ဖြစ်သည်။ အကယ်၍ ဤအရာကို သင်မမြင်နိုင်လျှင် အလုပ်ဖြစ်လိမ့်မည်မဟုတ်ပေ။ သို့ရာတွင် သင်သည် ငါ၏အနန္တတန်ခိုးကို ယုံကြည်ရမည်။ လူတို့သည် မှန်ကန်နေသရွေ့ ငါသည် သူတို့ကို စစ်သည်ကောင်းများ ဖြစ်စေရန် သေချာစွာ လေ့ကျင့်ပေးမည်။ အရာရာအားလုံးသည် ငါ၏ သင့်လျော်စွာ စီစဉ်ထားခြင်းခံရသည်။ သင်တို့သည် ငါ့အတွက် ဒုက္ခခံဖို့ရန် ဆန္ဒပြင်းပြနေရမည်။ ဤသည်မှာ အဓိကကျသော အခိုက်အတန့်ဖြစ်သည်။ ယင်းကို လက်မလွတ်စေနှင့်။ ငါသည်အတိတ်က သင်တို့ပြုခဲ့သော အရာများကို အမှတ်ထားမည်မဟုတ်။ သင်သည် ငါ့ရှေ့တွင် မကြာခဏ ဆုတောင်းပြီး အသနားခံရမည်။ ငါသည် သင်၏ ပျော်ရွှင်မှုနှင့် အသုံးပြုမှုတို့အတွက် လုံလောက်သော ကျေးဇူးတော်ကို သင့်အပေါ် နှင်းအပ်လိမ့်မည်။ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများသည် တူညီသည့်အရာ မဟုတ်ချေ။ ယခု သင်တို့မွေ့လျော်နေသော အရာသည် ငါ၏ ကျေးဇူးတော်ဖြစ်ပြီး၊ ငါ၏အမြင်တွင် ဖော်ပြရန် မထိုက်တန်သော်လည်း ကောင်းချီးမင်္ဂလာများမူကား အနာဂတ်တွင် သင်တို့ အဆုံးမရှိ မွေ့လျော်ရသောအရာ ဖြစ်လိမ့်မည်။ ၎င်းတို့သည် လူတို့၌ မဖြစ်ခဲ့ဖူးသည့်အပြင်၊ သူတို့စိတ်ကူး၍ပင် မရနိုင်ခဲ့သော ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။ ဤသည်မှာ သင်တို့ ကောင်းချီးခံစားကြရပြီဟု ငါဆိုရသည့် အကြောင်းရင်းဖြစ်ပြီး၊ ဤကောင်းချီးများကို ဖန်ဆင်းခြင်းကာလကတည်းက လူသားတို့ မခံစားရခဲ့ဖူးပါချေ။

ငါ၏အလုံးစုံကို သင်တို့အား ငါထုတ်ဖော်ခဲ့ပြီဖြစ်သည်။ သင်တို့အနေဖြင့် ငါ၏စိတ်နှလုံးကို အရေးထားနိုင်စေရန်၊ သင်တို့ပြုသမျှ အရာရာတိုင်း၌ သင်တို့၏ အကြံအစည်များကို ငါ့အား ပေးအပ်ပြီး အကြောင်းအရာတိုင်း၌ ငါ့ကို အရေးထားနိုင်ရန်နှင့် ငါအစဥ်တွေ့မြင်သည်မှာ သင်တို့၏ အပြုံးမျက်နှာများ ဖြစ်မည်ဟုသာ ငါမျှော်လင့်ပေသည်။ ယခုမှစ၍ သားဦးအရာကို ရရှိသောသူတို့သည် ငါနှင့်အတူ ရှင်ဘုရင်များကဲ့သို့ အုပ်စိုးရမည့်သူများ ဖြစ်ကြသည်။ သူတို့သည် မည်သည့်ညီအစ်ကို၏ အနိုင်ကျင့်ခြင်းကို ခံရလိမ့်မည် မဟုတ်သကဲ့သို့ သူတို့သည် ငါ၏ဆုံးမခြင်း သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရလိမ့်မည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ငါလုပ်ဆောင်ရာ၌ အသုံးပြုသော အခြေခံသဘောတရားမှာ- သားဦးအုပ်စုတွင် ပါဝင်သောလူတို့သည် သူတစ်ပါးတို့၏ အထင်အမြင်သေးခြင်းနှင့် အနိုင်ကျင့်ခြင်းကို ခံခဲ့ရသောသူများဖြစ်ပြီး ဘဝ၏ အကောင်းအဆိုး ပြောင်းလဲတတ်သော လောကဓံတရားအားလုံးကို ခံစားခဲ့ရပြီးသောသူများ ဖြစ်ကြသည်။ (ထိုသူတို့သည် ငါ၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ချိုးဖဲ့ခြင်းကို ကြိုတင်၍ ခံခဲ့ကြရပြီဖြစ်ကာ၊ စုံလင်စေခြင်းကိုလည်း ကြိုတင်၍ ခံခဲ့ကြရပြီးဖြစ်လေသည်။) ဤလူတို့သည် သူတို့ ရရှိထိုက်သော ကောင်းချီးများကို ငါနှင့်အတူ ကြိုတင်၍ မွေ့လျော်ခဲ့ကြပြီးဖြစ်သည်။ ငါသည် ဖြောင့်မတ်သည်ဖြစ်၍၊ မည်သူ့ကိုမျှ ဘက်လိုက်ခြင်း လုံးဝမရှိပေ။

အရှေ့သို့- အခန်း ၇၂

နောက်တစ်ခုသို့- အခန်း ၇၄

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။