အခန်း ၇၄

ငါ၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ထိုနှုတ်ကပတ်တော်များ ပြည့်စုံလာမည်ဟု ယုံကြည်သော သူများသည် မင်္ဂလာရှိကြ၏။ ငါသည် သင့်အား လုံးဝ နှိပ်စက်မည် မဟုတ်ပေ၊ ငါသည် သင်ယုံကြည်သော အရာကို သင်၏အတွင်းတွင် ပြည့်စုံစေမည်။ ဤသည်မှာ သင်တို့အပေါ် ရောက်ရှိလာမည့် ငါ၏ကောင်းချီးမင်္ဂလာ ဖြစ်၏။ ငါ၏ နှုတ်ကပတ်တော်များသည် လူတိုင်း၌ ကွယ်ဝှက်ထားသော လျှို့ဝှက်ချက်များကို အရှိုက်ထိ လေသည်။ လူတိုင်းတွင် သေလောက်သော ဒဏ်ရာများရှိပြီး ငါသည် ၎င်းတို့ကို ကုသပျောက်ကင်းစေသည့် သမားတော်ကောင်း ဖြစ်ပေသည်- ငါ့မျက်မှောက်ထဲသို့သာ လာကြလော့။ အနာဂတ်တွင် နောက်ထပ် ဝမ်းနည်းခြင်းနှင့် မျက်ရည်များ ရှိတော့မည်မဟုတ်ဟု ငါအဘယ်ကြောင့် ဆိုခဲ့သနည်း။ ယင်းမှာ ဤအကြောင်းကြောင့် ဖြစ်သည်။ ငါ၌ အရာရာ ပြီးမြောက်သော်လည်း၊ လူသားများ၌ အရာခပ်သိမ်းသည် ဖောက်ပြန်ပျက်စီး၏၊ အနှစ်သာရမဲ့ပြီး လှည့်ဖြားတတ် ပေသည်။ ငါ၏မျက်မှောက်တွင် သင်သည် အရာခပ်သိမ်းကို ရရှိဖို့သေချာပြီး သင် လုံးဝစိတ်ကူး၍ မရနိုင်ခဲ့သည့် ကောင်းချီးမင်္ဂလာများအားလုံးကို တကယ်ကို မြင်ကာ မွေ့လျော်နိုင်ပေသည်။ ငါ၏ရှေ့မှောက်သို့ မလာသော သူများသည် သေချာပေါက် ပုန်ကန်သောသူများ ဖြစ်ပြီး၊ ငါ့ကို ဆန့်ကျင်သောသူများ လုံးဝ ဖြစ်ပေသည်။ ငါသည် ၎င်းတို့ကို ပေါ့ပေါ့တန်တန် သက်ညှာမည် မဟုတ်။ ထိုသို့သောလူများကို ငါသည် ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမမည်။ ဤအရာကို သတိရလော့။ ယင်းသည် ကျေးဇူးတော်သာ ဖြစ်လိမ့်မည် ဖြစ်သော်လည်း- ငါ၏ ရှေ့မှောက်သို့ လူများ သာ၍လာလေလေ၊ ၎င်းတို့ သာ၍ ရရှိလေလေ ဖြစ်လိမ့်မည်။ နောက်ပိုင်းတွင်၊ ၎င်းတို့သည် သာ၍ပင် ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိကြ လိမ့်မည်။

ကမ္ဘာလောကကို ဖန်ဆင်းခြင်းကတည်းက ငါသည် ဤလူစု၊ အတိအကျဆိုရသော် ယနေ့ သင်တို့ကို၊ စတင် ခွဲခန့်မှတ်သားကာ ရွေးကောက်ပြီး ဖြစ်သည်။ သင်တို့၏ ပင်ကိုစရိုက်၊ အစွမ်းအစ၊ သွင်ပြင်နှင့် ဝိညာဉ်အသက်တာ၊ သင်မွေးဖွားခဲ့သော သင်၏မိသားစု၊ သင်၏ အလုပ်နှင့် သင်၏ အိမ်ထောင်- သင်၏ဆံပင်အရောင်နှင့် အသားအရောင်၊ ပြီးလျှင် သင်မွေးဖွားသည့်အချိန်တို့ပင် အပါအဝင် သင်၏ အလုံးစုံထဲက သင်- အားလုံးကို ငါ၏လက်များဖြင့် စီစဉ်ထားခဲ့ပေသည်။ ယနေ့ သင်တို့ကို ငါ့မျက်မှောက်တော် ထဲသို့ ခေါ်ဆောင်လာခြင်းသည် အမှန်တကယ် ငါ၏ အစီအစဉ်အားဖြင့် ဖြစ်သည်ကို မဆိုထားနှင့်ဦး၊ နေ့ရက်စဉ်တိုင်း သင်တို့လုပ်ဆောင်သော အရာများနှင့် သင်တို့ တွေ့ဆုံသောလူများကိုပင် ငါ၏လက်ဖြင့် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ကစဉ့်ကလျားဖြစ်ခြင်းထဲသို့ ခြေစုံပစ်မဝင်နှင့်။ တည်ငြိမ်စွာ သင် ရှေ့ဆက်သင့်သည်။ ယနေ့ သင့်ကို ငါမွေ့လျော်ခွင့်ပေးသည့် အရာသည် သင်နှင့်ထိုက်တန်သည့် ဝေစုတစ်ခု ဖြစ်ပြီး၊ ယင်းကို ကမ္ဘာလောက၏ ဖန်ဆင်းခြင်းကတည်းက ငါ့အားဖြင့် ခွဲခန့်မှတ်သားထားပြီး ဖြစ်ပေသည်။ လူသားအားလုံးသည် အလွန် အစွန်းရောက်ကြသည်- ၎င်းတို့သည် လွန်ကဲစွာ ခေါင်းမာသောသူများ သို့မဟုတ် အရှက်လုံးဝမရှိသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အမှုအရာများနှင့်ပတ်သက်၍ ငါ၏အစီအစဉ်နှင့် စီမံချက်များနှင့်အညီ မလုပ်ဆောင် နိုင်ကြချေ။ ဤအရာကို နောက်ထပ်ကြာရှည်စွာ မလုပ်ကြနှင့်။ ငါ၌ အားလုံးသည် လွတ်မြောက်စေခြင်း ခံရသည်။ သင်၏ အသက်နှင့်ပတ်သက်၍ ဆုံးရှုံးမှုရှိလိမ့်မည် ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် မချည်နှောင်နှင့်။ ဤအရာကို သတိရလော့။

အရာရာတိုင်းသည် ငါ၏လက်များ၌ ရှိသည်ကို ယုံကြည်လော့။ အတိတ်တွင် သင်တို့အဖို့ နက်နဲမှုများအဖြစ် ယူဆထားခဲ့သည့် အရာများသည် ယနေ့တွင် အားလုံးကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြထားပေသည်။ (အနာဂတ်တွင် မည်သည့်အရာမျှ ကွယ်ဝှက်ထားမည်မဟုတ်ဟု ငါဆိုပြီး ဖြစ်သည့်အတွက်) ၎င်းတို့ကို ဖုံးကွယ်ထားတော့မည် မဟုတ်ပေ။ လူများသည် မကြာခဏ စိတ်မရှည် ဖြစ်ကြ၏။ ၎င်းတို့သည် အမှုအရာများကို ပြည့်စုံစေဖို့ အလွန် စိတ်ပူပန်ကြပြီး ငါ၏စိတ်နှလုံးထဲ၌ မည်သည့်အရာ ရှိသည်ကို မစဉ်းစားကြပေ။ သင်တို့သည် ငါ၏ဝန်ထုပ်ကို မျှဝေနိုင်ဖို့ရန် နှင့် ငါ၏အိမ်ထောင်ကို စီမံခန့်ခွဲနိုင်ရန်အလို့ငှာ ငါသည် သင်တို့ကို လေ့ကျင့်ပေးနေခြင်း ဖြစ်သည်။ သင်တို့ထက် ငယ်ရွယ်သော သင်တို့၏ညီများကို ဦးဆောင်နိုင်ဖို့၊ ပြီးလျှင် ဖခင်နှင့် သားများဖြစ်သည့် ငါတို့သည် မည်သည့်အခါတွင်မျှ တစ်ဖန် မဝေးကွာဘဲ မကြာမီ ပြန်လည် ပေါင်းစည်းနိုင်ဖို့ရန်အလို့ငှာ ငါသည် သင်တို့ကို အလျင်အမြန် အရွယ်ရောက်စေလိုသည်။ ဤအရာက ငါ၏ ရည်ရွယ်ချက်များကို ပြည့်စုံစေလိမ့်မည်။ နက်နဲမှုများကို လူအားလုံးထံ ထုတ်ဖော်ပြနှင့်ပြီးဖြစ်ကာ မည်သည့်အရာမျှ လုံးဝ ဆက်လက် ကွယ်ဝှက်ထားခြင်း မရှိပေ- သာမန် လူ့သဘာဝနှင့် ပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးကို ပိုင်ဆိုင်သော ပြည့်စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည့် ငါသည် ယနေ့ သင်တို့၏ မျက်စိရှေ့တည့်တည့်တွင် ထုတ်ဖော်ပြခံရပြီး ဖြစ်သည်။ ငါ၏ဖြစ်တည်ခြင်း တစ်ခုလုံး (အဝတ်အစား၊ အပြင်ပန်း သွင်ပြင်နှင့် ခန္ဓာကိုယ်ပုံစံ) သည် ဘုရားသခင် ကိုယ်တော်တိုင်၏ စုံလင်သော သရုပ်သကန်ပင်ဖြစ်၏။ ယင်းသည် ကမ္ဘာလောကကို ဖန်ဆင်းခြင်းကတည်းက လူတို့ စိတ်ကူးကြပြီးဖြစ်သော်လည်း၊ မည်သူမျှ မမြင်ဖူးကြလေသည့် ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြယုဂ် ဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်များလောက် ငါ၏ လုပ်ဆောင်ချက်များ ကောင်းမြတ်ရသည့် အကြောင်းရင်းမှာ ငါ၏သာမန် လူ့သဘာဝနှင့် ပြည့်စုံသော ဘုရားသဘာဝတို့သည် အချင်းချင်း ပြည့်စုံစေကြသောကြောင့် ဖြစ်သည်။ ထို့အပြင် ဤအရာက သာမန်လူသားတစ်ယောက်သည် အင်မတန် ကြီးမားသော တန်ခိုးအာဏာ အမှန်တကယ် ကိုင်စွဲသည်ကို လူအားလုံးအား မြင်ခွင့်ပေးလေသည်။ သင်တို့သည် ငါ့ကို ချစ်နိုင်ကြဖို့အလို့ငှာ စစ်မှန်ရိုးသားသော စိတ်နှလုံးတစ်ခုကို သင်တို့အသီးသီးအား ငါပေးခဲ့သောကြောင့်၊ သင်တို့ထဲမှ ငါ့ကို အမှန်တကယ် ယုံကြည်သောသူများသည် ထိုသို့ ယုံကြည်ကြခြင်း ဖြစ်သည်။ သင့်ကို ငါ ကိုင်တွယ်ဖြေရှင်းသည့်အခါ၊ ငါသည် သင်နှင့်ပတ်သက်၍ ဖော်ထုတ်ပေးပြီး သင့်ကို ဉာဏ်အလင်းပေးကာ၊ ငါ့ကို သိခွင့်ပေးသည်မှာ ဤအရာမှတစ်ဆင့် ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ သင့်ကို ငါ မည်သို့ ကိုင်တွယ်ဖြေရှင်းပါစေ၊ သင်ထွက်ပြေးလိမ့်မည် မဟုတ်ပေ။ ထိုအစား သင်သည် ငါနှင့်ပတ်သက်၍ ပိုပိုပြီး သေချာလာလိမ့်မည်။ သင်အားနည်းသောအခါတွင်၊ ဤသည်မှာလည်း ငါ၏ စီမံမှုအားဖြင့် ဖြစ်ကာ၊ ယင်းက ငါ့ကို သင်စွန့်ခွာသွားမည်ဆိုလျှင် သင် သေဆုံးကာ ညှိုးခြောက်လိမ့်မည် ဖြစ်သည်ကို သင့်အား မြင်ခွင့်ပေးသည်။ ငါသည် သင်၏ အသက်ဖြစ်သည်ကို ယင်းမှ သင် သင်ယူနိုင်ပေသည်။ သင်သည် အားနည်းလျက်ရှိပြီးနောက် သန်မာလာသည်နှင့်အမျှ အားနည်းခြင်း သို့မဟုတ် သန်မာခြင်းသည် သင်၏သဘောအတိုင်း မဟုတ်သည်ကို သင့်အား မြင်ခွင့်ပေးမည်။ ယင်းသည် လုံးဝ ငါ၏ သဘောအတိုင်း ဖြစ်ပေသည်။

နက်နဲမှုအားလုံးကို လုံးဝ ထုတ်ဖော်ပြထားပေသည်။ သင်တို့၏ အနာဂတ်လုပ်ဆောင်မှုများတွင် လုပ်ငန်းတာ၀န် တစ်ခုပြီးတစ်ခုအတွက် ငါ၏ညွှန်ကြားမှုများကို သင်တို့အား ငါပေးမည်။ ငါသည် မရေမရာဖြစ်မည် မဟုတ်။ ငါသည် လုံးဝ တိကျပြတ်သားမည်ဖြစ်ကာ သင်တို့ကို တိုက်ရိုက်ပင် ပြောဆိုမည်ဖြစ်သည်။ ဤသည်မှာ သင်တို့အနေဖြင့် ငါ၏စီမံခန့်ခွဲမှုကို နှောင့်ယှက်မည်စိုးသဖြင့်၊ အမှုအရာများ နှင့်ပတ်သက်၍ မိမိတို့ဘာသာ ဆင်ခြင်သုံးသပ်ရန် မလိုအပ်စေဖို့ ဖြစ်သည်။ ယခုချိန်မှစ၍ နောက်ထပ် မည်သည့်အရာမျှ ကွယ်ဝှက်မည်မဟုတ်သည်ကို အဖန်ဖန် ငါ အလေးထားမြဲ ထားနေသည်မှာ ဤအကြောင်းရင်းကြောင့် ဖြစ်ပေသည်။

အရှေ့သို့- အခန်း ၇၃

နောက်တစ်ခုသို့- အခန်း ၇၅

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။