အခန်း ၇၅

ငါ၏ နှုတ်ကပတ်တော်တို့အား မြွက်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် စိုးစဥ်းမျှ လမ်းလွဲဖောက်ပြန်ခြင်း မရှိဘဲ အားလုံး ပြည့်ဝစေအံ့။ ဖုံးကွယ်ထားသော လျှို့ဝှက်ဆန်းကြယ်မှုများအားလုံးသည် ယခုမှစ၍ ဖုံးဖိထားခြင်း သို့မဟုတ် ဝှက်ထားခြင်း လုံးဝရှိလိမ့်မည် မဟုတ်ဘဲ သင်တို့ထံ ထုတ်ဖော်အံ့၊ ငါ၏ ချစ်စွာသောသားတို့။ ငါသည် ငါ့အတွင်းရှိ သာ၍ပင်ကြီးစွာသော နိမိတ်လက္ခဏာများ၊ အံ့ချီးဖွယ်ရာများနှင့် သာ၍ပင်ကြီးစွာသော လျှို့ဝှက်နက်နဲမှုများကို သင့်အား မြင်စေအံ့။ ဤအရာများသည် သင်တို့ကို မုချ အံ့အားသင့်စေ မည် ဖြစ်သလို အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သော ငါ့အပေါ် ပိုမိုကောင်းမွန်သော နားလည်မှုတစ်ခုကို သင်တို့အား ပေးမည်ဖြစ်ကာ ယင်းတို့နှင့်ဆက်စပ်သမျှ ငါ၏ ဉာဏ်ပညာကို သင်တို့ သဘောပေါက်နားလည်စေမည် ဖြစ်သည်။ ဖန်ဆင်းခြင်းကာလမှစ၍ လူသားတို့ အဘယ်သောအခါမျှ မမြင်ဖူးခဲ့သည့် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်ကို သင်တို့သည် ယနေ့တွင် မျက်နှာချင်းဆိုင်ဆုံခွင့်ရကြပြီ၊ ထို့ပြင် ငါနှင့်ပတ်သက်၍ အထူးတလည် ဘာမျှမရှိ။ ငါသည် စားသောက်၏၊ နေထိုင်၏၊ စကားပြော၏၊ သင်တို့နှင့်အတူ ရယ်မော၏၊ ငါသည် သင်တို့အတွင်း၌ အမြဲတမ်း နေထိုင်သလို တစ်ချိန်တည်းမှာပင် သင်တို့အကြား၌ လှုပ်ရှားသွားလာနေ၏။ မယုံကြည်သောသူများ သို့မဟုတ် အလွန်ဆိုးရွားသော ကိုယ်ပိုင်အယူအဆ ရှိသူများအတွက်မူ ဤအရာသည် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်သည်။ ဤအရာသည် ငါ၏ ဉာဏ်ပညာ ဖြစ်သည်။ ငါ၏ သာမန်လူ့သဘာဝတွင် မသိသောအရာများ အ‌ပေါ်တွင်လည်း ငါသည် အချို့သောလူများကို ထုတ်ဖော်ပြမည်၊ သို့သော် ငါသည် ဘုရားသခင်ကိုယ်တော်တိုင် မဟုတ်ဟု ၎င်းက မဆိုလိုပေ။ အမှန်တကယ်အားဖြင့် ၎င်းနှင့်ဆန့်ကျင်ဘက်ဖြစ်ပြီး ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်ကြောင်း သက်သေပြရန် ဤအချက်က လုံလောက်၏။ ယုံကြည်သောသူတို့အဖို့ ဤအချက်သည် အဆုံးအဖြတ်ပေးသော အကျိုးသက်ရောက်မှု ရှိပြီး ဤအချက်ကြောင့်ပင်လျှင် သူတို့သည် ငါ့တွင် တစ်ရာ ရာခိုင်နှုန်း သေချာမှု ရှိကြ၏။ လွန်ကဲစွာ စိုးရိမ်ခြင်း မရှိကြနှင့်၊ ငါသည် အကြောင်းအရာများကို သင်တို့ထံ တစ်ခုပြီးတစ်ခု ထုတ်ဖော်သွားအံ့။

သင်တို့အတွက် ငါသည် ဖွင့်လှစ်ထား၏၊ ဖုံးကွယ်မထား။ သို့သော်လည်း ဖောက်ပြန်သူများ၊ စာတန်ကြောင့် အတိုင်းအတာတစ်ခုအထိ ပျက်စီးနေသူများဖြစ်ကြသည့် မယုံကြည်သူများအတွက်မူ ငါသည် ဆက်လက်ပုန်းကွယ်နေလိမ့်မည်။ သို့သော်လည်း လူမျိုးအပေါင်းတို့ထံ ငါ့ကိုယ်ငါ ထုတ်ဖော်ခြင်း မတိုင်မီ ငါ ပြောဆိုခဲ့သောအချိန်၌ ငါသည် ငါ ၏ဖြောင့်မတ်ခြင်း၊ တရားစီရင်ခြင်းနှင့် ဘုန်းအာနုဘော်တို့ကို ငါရည်ညွှန်းပြနေခဲ့၏။ သို့မှသာလျှင် ငါသည် စကြဝဠာနှင့် အရာခပ်သိမ်းအပေါ် အုပ်စိုးကြောင်းကို သူတို့ ရရှိသော ရလဒ်မှ သိကြစေရန်ဖြစ်သည်။ ရဲရဲဝံ့ဝံ့ ပြုမူကြလော့။ သင်တို့၏ ဦးခေါင်းများကို မော့သာထားလော့။ မကြောက်ရွံ့နှင့်၊ သင်တို့၏ အဖဖြစ်သော ငါသည် သင်တို့အား ထောက်ပံ့ရန် ဤနေရာ၌ ရှိပြီး သင်တို့သည် ဒုက္ခခံစား ရလိမ့်မည်မဟုတ်။ သင်တို့သည် ငါ၏ရှေ့မှောက်တွင် မကြာခဏ ဆုတောင်းလျက် ကျိုးနွံစွာ အသနားခံနေသရွေ့ ငါသည် သင်တို့အပေါ်တွင် ယုံကြည်ခြင်းအားလုံးကို အပ်နှင်းထားလိမ့်မည်။ အာဏာရှိသော သူတို့သည် အပြင်ပန်းအားဖြင့် ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း ကြောက်ရွံ့ခြင်း မရှိနှင့်၊ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တွင် ယုံကြည်မှု အနည်းငယ်သာ ရှိခြင်းကြောင့်ဖြစ်သည်။ သင်တို့၏ယုံကြည်ခြင်း ကြီးထွားသည့် ကာလပတ်လုံး မည်သည့်အရာမျှ အလွန်တရာ ခက်ခဲလိမ့်မည်မဟုတ်။ သင်တို့စိတ်ရှိသရွှေ့ မြူးထူးခုန်ပေါက်ကြလော့။ အရာအားလုံးသည် သင်တို့၏ ခြေထောက်အောက်နှင့် ငါ၏ လက်ထဲတွင် ရှိ၏။ ပြီးမြောက်အောင်မြင်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းတို့ကို ငါ၏စကားတစ်ခွန်းဖြင့် မဆုံးဖြတ်သလော။

ယခု ငါ အသုံးပြုနေသောသူ အားလုံးကို ရှေးမဆွကပင် တစ်ဦးပြီးတစ်ဦး ငါအတည်ပြုခဲ့၏။ ဆိုလိုသည်မှာ သားဦးများအုပ်စုတွင် ပါဝင်သော ထိုသူတို့ကို အဆုံးအဖြတ်ပေးထားပြီးသား ဖြစ်သလို ကမ္ဘာလောကကို ငါက ဖန်ဆင်းခဲ့ချိန်ကတည်းကပင် အဆုံးအဖြတ်ပေးထားပြီးဖြစ်သည်။ ဤအရာကို မည်သူတစ်ဦးတစ်ယောက်ကမှ မပြောင်းလဲနိုင်၊ အားလုံးသည် ငါ၏ အမိန့်တော်အတိုင်း ဖြစ်ရမည်။ မည်သည့်လူသားကမှ ၎င်းကို မလုပ်နိုင်၊ ဤအရာအားလုံးသည် ငါ၏ အစီအစဉ်များ ဖြစ်ကြသည်။ ငါနှင့်ဆိုလျှင် အရာအားလုံးသည် တည်ငြိမ်ကာ လုံခြုံအံ့။ ငါနှင့်ဆိုလျှင် အနည်းဆုံးသော အားထုတ်မှုကို မသုံးရဘဲ အရာအားလုံးသည် သင့်တင့်လျောက်ပတ်စွာ၊ ကောင်းမွန်စွာ ပြီးစီးအံ့။ ငါ ပြောဆိုသည်နှင့် ထိုအရာသည် အခြေခိုင်၏၊ ငါ ပြောဆိုသည်နှင့် ထိုအရာသည် ပြီးမြောက်၏။ နိုင်ငံတကာ အခြေအနေသည် ဝရုန်းသုန်းကားဖြစ်နေလျက်နှင့် သင်တို့သည် သင်တို့၏ လေ့ကျင့်မှုကို စတင်ရန် အဘယ်ကြောင့် အလျင်မလိုကြသနည်း။ မည်သည့်အချိန်အထိ သင်တို့စောင့်စားမည်နည်း။ သင်တို့နှင့် တွေ့ဆုံရန်အတွက် တရုတ်ပြည်သို့ တိုင်းတစ်ပါးသားများ လှိမ့်ဝင်လာသော နေ့ရက်အထိ စောင့်စားမည်လော။ သင်တို့သည် ယခင်က အနည်းငယ် နှေးကွေးနေခဲ့နိုင်သော်လည်း သင်တို့ကိုယ်သင်တို့ ဆက်၍ အလိုလိုက်ရန် မဖြစ်နိုင်တော့။ ငါ့သားတို့၊ ငါ၏ အပတ်တကုတ် လုပ်ရသော ရည်ရွယ်ချက်များကို အရေးထားကြလော့။ ငါနှင့် နီးကပ်သော သူတို့သည် အရာရာအားလုံးကို သာ၍မကြာခဏ ရရှိလိမ့်မည်။ ငါ့ကို သင်တို့ မယုံကြည်သလော။

ငါ့အမှုတော်၏ အရှိန်အဟုန်သည် လျှပ်စီးပြက်သကဲ့သို့ ဖြစ်သော်လည်း မိုးခြိမ်းသံ၏ မြည်ဟည်းသံမျိုး မဟုတ်သည်မှာ သေချာ၏။ ဤစကားလုံးတို့၏ အဓိပ္ပါယ်အစစ်အမှန်ကို သင် နားလည်သလော။ သင်တို့သည် ငါနှင့်အတူ ပို၍ ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး ငါ၏ ရည်ရွယ်ချက်များကို အရေးထားရမည်။ သင်သည် ကောင်းချီးမင်္ဂလာများကို လက်ခံရရှိလိုသော်လည်း ဒုက္ခခံရမည်ကိုလည်း ကြောက်ရွံ့ ခြင်းရှိသည်၊ ဤသည်မှာ သင်တို့၏ စိတ်နှစ်ခွဖြစ်ခြင်း မဟုတ်လော။ သင့်အား ငါပြောမည်။ အကယ်၍ လူတစ်ဦးသည် ယနေ့တွင် ကောင်းချီးမင်္ဂလာများကို လက်ခံရရှိရန် ဆန္ဒရှိသော်လည်း၊ ထိုအဆုံးသို့ ရောက်သည်အထိ စွန့်လွှတ်အနစ်နာခံခြင်းများအားလုံးကို မပြုလျှင် သူတို့ ရရှိအံ့သော အရာအားလုံးမှာ အပြစ်ဒဏ်ပေးခြင်းနှင့် ငါ၏ တရားစီရင်ခြင်းပင်ဖြစ်သည်။ သို့သော် အားလုံးသော စွန့်လွှတ်အနစ်နာခံခြင်းများကို ပြုသူတို့သည် အရာခပ်သိမ်း၌ ငြိမ်သက်ခြင်းကို ကြုံတွေ့ခံစားရလိမ့်မည်ဖြစ်ပြီး အရာရာအားလုံးတွင် အလျှံပယ်ရှိကြကာ သူတို့ လက်ခံရရှိသော အရာတိုင်းသည် ငါ၏ ကောင်းချီးမင်္ဂလာများ ဖြစ်လိမ့်မည်။ ယနေ့တွင် အရေးတကြီး လိုအပ်သောအရာမှာ သင်တို့၏ ယုံကြည်မှုသဒ္ဓါတရား ဖြစ်ပြီး သင်တို့ကလည်း အဖိုးအခ ပေးရန်ဖြစ်သည်။ ငါ၏ ရည်ရွယ်ချက်များကို အဓိပ္ပာယ်ကောက်မလွဲနှင့်။ အရာရာတိုင်းသည် ဖြစ်ပျက်လာမည် ဖြစ်ပြီး ၎င်းတို့ကို သင်တို့၏ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်ကာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားရလိမ့်မည်။ ငါနှင့်ဆိုလျှင် မစစ်မှန်သော စကားတစ်ခွန်း သို့မဟုတ် မုသား တစ်ခုမျှ မရှိ၊ ငါပြောသမျှ အရာတိုင်းသည် အလုံးစုံ စစ်မှန်ပြီး ဉာဏ်ပညာ ကင်းမဲ့ခြင်း မရှိပေ။ တစ်ဝက်တစ်ပျက်ယုံခြင်း၊ တစ်ဝက်တစ်ပျက် သံသယရှိခြင်း မဖြစ်နှင့်။ သင်တို့အကြားတွင် အရာခပ်သိမ်းကို ပြီးမြောက်သူမှာ ငါပင် ဖြစ်ပြီး မကောင်းမှုပြုသူတို့ကို တရားစီရင်၍ ရွေးဖယ်သောသူမှာလည်း ငါပင်ဖြစ်သည်။ ငါသည် သင်တို့ကို ချစ်ပြီး ငါသည် သင်တို့ကို စုံလင်စေ၏။ သို့သော်လည်း သူတို့အတွက်မူ ငါသည် လုံးဝဆန့်ကျင်ဘက် ဖြစ်၏၊ လူးသာလွန့်သာခွင့် မပေး၊ သဲလွန်စ မချန်သည့် မုန်းတီးခြင်းနှင့် ဖျက်ဆီးခြင်း ဖြစ်သည်။ ငါ၏ အလျှံပယ်ဖြစ်ခြင်းသည် ငါ ပြောသော၊ လုပ်သော အရာအားလုံး၌ ရှိရင်းစွဲဖြစ်သည်။ သင်တို့သည် ၎င်းတို့ကို အနည်းငယ်စီ ဆန်းစစ်ပြီးသလော။ အချို့သော နှုတ်ကပတ်တော်တို့အား ငါသည် အကြိမ်များစွာ ပြောခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် မည်သည့်အရာကို ငါ ဆိုလိုကြောင်း အဘယ်ကြောင့် သင်တို့ နားမလည်ရသနည်း။ ငါ၏ နှုတ်ကပတ်တော်တို့ကို သင်တို့ဖတ်ပြီးသောအခါ အရာအားလုံးသည် ၎င်းဖြစ်သင့်သည် အတိုင်းသာ ဖြစ်လိမ့်မည်လော။ ယင်းအချိန်တွင် အရာရာတိုင်းသည် ပြီးမြောက်သလော။ သင်သည် ငါ၏ နှလုံးသားကို အရေးထားရန် ရည်ရွယ်ချက် လုံးဝမရှိ။ ငါသည် လုံးလုံးလျားလျား အာဏာသုံးပြီး အရာအားလုံးကို သိကာ လူတို့၏ နှလုံးသားများ အတွင်းအထိ နက်နက်ရှိုင်းရှိုင်းကြည့်တော်မူသည့် တစ်ပါးတည်းသော ဘုရားသခင်အစစ်အမှန် ဖြစ်ကြောင်းကို အဘယ့်ကြောင့် ငါ ပြောသနည်း။ ဤနှုတ်ကပတ်တော်တို့၏ အဓိပ္ပါယ်ကို သင်နားမလည်သေးသလော။ ငါ အလေးပေးပြောထားသော နှုတ်ကပတ်တော် တစ်ခုချင်းစီကို သင်အလွတ်ရပြီးသလော။ ထိုအရာတို့သည် သင် မည်သို့ ပြုမူရမည်ဆိုသည့် အခြေခံသဘောတရားများ အမှန်တကယ် ဖြစ်လာပြီးသလော။

ငါသည် စကြဝဠာတစ်ခုလုံးအား စောင့်ကြည့်လျက် အရာအားလုံးအပေါ်တွင် ရပ်၏။ ငါ၏ ကြီးစွာသောတန်ခိုးနှင့် ငါ၏ ဉာဏ်ပညာအားလုံးကို တိုင်းနိုင်ငံတိုင်းနှင့်လူမျိုးတိုင်းထံ ငါထင်ရှားစေအံ့။ ယခုအချိန်တွင် ပျော်ရွှင်ချမ်းမြေ့မှုနောက် လိုက်ရန်အတွက် သင်တို့လုပ်နိုင်သမျှ အားလုံးကို အလွယ်တကူ မလုပ်ဆောင်နှင့်။ ကမ္ဘာလောက၏ တိုင်းနိုင်ငံများအားလုံး ပေါင်းစည်းသွားသောအခါ သင့်ဟာမဟုတ်သော အရာ အဘယ်မှာ ရှိလိမ့်မည်နည်း။ သို့ဖြစ်စေကာမူ ငါသည် သင်တို့ကို ယခုအချိန်တွင် ချို့တဲ့စေမည်မဟုတ်သလို သင်တို့ကို ဒုက္ခခံစားစေမည်လည်း မဟုတ်။ ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်သည်ကို ယုံကြည်လော့။ အရာအားလုံးသည် ပြီးမြောက်လိမ့်မည်ဖြစ်ပြီး သာ၍ သာ၍ ကောင်းမွန်လာအံ့။ ငါ၏သားဦးတို့။ အားလုံးသော ကောင်းချီးမင်္ဂလာတို့သည် သင်တို့ထံ ရောက်လာလိမ့်မည်။ ထိုအရာတို့ကား မကုန်ခန်းနိုင်အောင်ရှိကာ ပေါများ၍ အလျှံပယ်ဖြစ်လျှက် ပြည့်စုံလှပြီး သင်တို့သည် ထိုအရာတို့ကို မဆုံးနိုင်အောင် ခံစားကြရလိမ့်မည်။

အရှေ့သို့- အခန်း ၇၄

နောက်တစ်ခုသို့- အခန်း ၇၆

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။