အခန်း ၇၆

ငါ၏မိန့်မြွက်ချက်များ အားလုံးသည် ငါ၏အလိုတော်အား ဖော်ပြချက်များ ဖြစ်သည်။ မည်သူသည် ငါ၏ဝန်ထုပ်ဝန်ပိုးကို ထောက်ထားနိုင်သနည်း။ မည်သူသည် ငါ၏ရည်ရွယ်ချက်ကို နားလည်နိုင်သနည်း။ သင်တို့အား ငါ မေးသောမေးခွန်း တစ်ခုတိုင်းစီကို သင်တို့သည် သုံးသပ်ဆင်ခြင်ကြပြီးပြီလော။ အလွန်တရာ သတိ မမူလိုက်လေခြင်း။ ငါ၏အစီအစဉ်များကို နှောင့်ယှက်ဝံ့လိုက်လေခြင်း။ သင်သည် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။ အကယ်၍ နတ်ဆိုးတို့၏ ဤကဲ့သို့သော လုပ်ဆောင်မှုသည် ဆက်လက် ဖြစ်ပွားနေပါက၊ ငါသည် ချက်ချင်းပင် အနက်ဆုံးသောတွင်းထဲသို့ ၎င်းတို့အား သေစေရန် ပစ်ချလိမ့်မည်။ ငါသည် နတ်ဆိုးတို့၏ လုပ်ရပ်အမျိုးမျိုးကို ရှင်းလင်းစွာ တွေ့မြင်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ နတ်ဆိုးများ (မှားယွင်းသော ရည်ရွယ်ချက်များ ရှိသူများ၊ ဇာတိပကတိနှင့် ကြွယ်ဝမှုတို့ကို လိုချင်တပ်မက်မောသူများ၊ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သောသူများ၊ အသင်းတော်ကို ဖျက်လိုဖျက်ဆီး လုပ်သောသူများ၊ အစရှိသည်ဖြင့်) ၏ အသုံးချခြင်းခံရသော လူတစ်ယောက်ချင်းစီကိုလည်း ငါသည် ထိုးထွင်းမြင်တွေ့ခဲ့လေပြီ။ နတ်ဆိုးများကို နှင်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် အရာရာအားလုံးသည် ပြီးဆုံးသွားသည်ဟု မယူဆလေနှင့်။ သင့်အား ငါ ပြောကြားမည်။ ယခုမှစ၍ ငါသည် ထိုလူတို့အား တစ်ယောက်ပြီးတစ်ယောက် ရှင်းထုတ်ပစ်ကာ၊ ထိုသူတို့အား မည်သည့်အခါမျှ အသုံးပြုလိမ့်မည်မဟုတ်။ ဆိုလိုသည်မှာ နတ်ဆိုးများ၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသူ မည်သူမဆို ငါ၏ အသုံးပြုခြင်း ခံရလိမ့်မည် မဟုတ်ဘဲ၊ နှင်ထုတ်ခြင်း ခံရလိမ့်မည်။ ငါ့တွင် ခံစားချက်များ မရှိဟု မထင်လေနှင့်။ ဤအရာကို သိလော့။ ငါသည် သန့်ရှင်းသော ဘုရားသခင် ဖြစ်ပြီး၊ ညစ်ညမ်းသော ဗိမာန်တော်တွင် နေထိုင်လိမ့်မည် မဟုတ်။ ငါသည် ငါ့အပေါ် အပြည့်အဝ သစ္စာရှိပြီး ငါ၏ဝန်ထုပ်ဝန်ပိုးကို ထောက်ထားနိုင်သော လူများဖြစ်သည့် ရိုးသားဖြောင့်မတ်ပြီး ဉာဏ်ပညာရှိသူများကိုသာ အသုံးပြုသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ငါ၏ ကြိုတင်ခွဲခန့် မှတ်သားထားခြင်းကို ခံခဲ့ရသောသူတို့ ဖြစ်သောကြောင့် ဖြစ်ပြီး ၎င်းတို့အပေါ်တွင် နတ်ဆိုးများ၏ အဘယ်လုပ်ဆောင်မှုမျှ လုံးဝမရှိပေ။ အရာတစ်ခုအား ငါရှင်းလင်းအောင်‌ပြောမည်- ယခုမှစ၍ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု မရှိသော သူအားလုံးတို့၌ နတ်ဆိုးများ၏လုပ်ဆောင်မှု ရှိကြသည်။ ငါ ထပ်လောင်း ပြောဆိုမည်- နတ်ဆိုးများ လုပ်ဆောင်မှုရှိသည့် မည်သူ တစ်ဉီးတစ်ယောက်ကိုမျှ ငါမလိုလားပေ။ ၎င်းတို့ အားလုံးသည် မရဏနိုင်ငံသို့ ၎င်းတို့၏ ဇာတိပကတိနှင့်အတူ ပစ်ချခြင်းကို ခံရလိမ့်မည်။

အတိတ်တွင် သင်တို့ထံမှ ငါ၏တောင်းဆိုချက်များမှာ အနည်းငယ် လျော့တိလျော့ရဲ ဖြစ်ပြီး၊ သင်တို့သည် အသွေးအသားနှင့် ပတ်သက်လျှင် အသောက်အစား အပျော်အပါး၌ မွေ့လျော်နေခဲ့ကြသည်။ ယနေ့မှစ၍ ငါသည် သင်တို့အား ဤကဲ့သို့ ဆက်လက် လုပ်ဆောင်ခွင့်ပြုလိမ့်မည် မဟုတ်။ အကယ်၍ သင်တို့၏စကားလုံးများနှင့် အပြုအမူများသည် နည်းအမျိုးမျိုးအဖုံဖုံဖြင့် ငါ့ကို မထင်ရှားစေလျှင် သို့မဟုတ် ၎င်းတို့သည် ငါ၏သဏ္ဌာန်နှင့် အနည်းငယ်မျှပင် ကွဲပြားလျှင်၊ ငါသည် သင့်ကို လွယ်လွယ်နှင့်သက်ညှာမည် မဟုတ်သည်မှာ သေချာ၏။ ထိုသို့မဟုတ်လျှင် သင်တို့သည် ထိန်းချုပ်မှုမရှိဘဲ၊ ခွက်ထိုးခွက်လန် ရယ်မောနေလျက် အစဉ်အမြဲ ရယ်မောနောက်ပြောင်နေကြလိမ့်မည်။ သင်သည် အမှား တစ်စုံတစ်ရာကို ပြုမိသောအခါ၊ ငါသည် သင့်အား စွန့်ခွာသွားပြီ ဖြစ်ကြောင်း သင် မခံစားရသလော။ သင် သိကိုသိနေသဖြင့်၊ အဘယ့်ကြောင့် အသောက်အစား အပျော်အပါး၌ မွေ့လျော်နေဆဲ ဖြစ်သနည်း။ ငါ၏တရားစီရင်သော လက်ဖြင့် တို့ထိခြင်းကို သင်သည် စောင့်ဆိုင်းနေသလော။ ယနေ့မှစ၍ ငါ၏ရည်ရွယ်ချက်နှင့် တစ်ခဏမျှပင် ကိုက်ညီခြင်း မရှိသော သူမည်သူကိုမဆို ငါသည် ချက်ချင်းပင် အပြစ်ဒဏ်ခတ်မည်။ သင်တို့သည် အတူထိုင်ပြီး အတင်းအဖျင်းများ ပြောဆိုနေလျှင်၊ ငါသည် သင့်အား စွန့်ခွာလိမ့်မည်။ သင်သည် ဝိညာဉ်ရေးရာ အထောက်အပံ့ မပေးလျှင် စကားမပြောလေနှင့်။ ငါသည် သင်တို့အား ချုပ်ထိန်းရန် ဤသည်ကို ပြောခြင်း မဟုတ်သော်လည်း၊ ငါ၏အမှုသည် ယခုအဆင့်ထိ တိုးတက်ရောက်ရှိပြီး ဖြစ်ကာ ငါသည် ငါ၏ အစီအစဉ်နှင့်အညီ ဆက်လက် လုပ်ဆောင်လိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သင်တို့သည် အတူတကွ ထိုင်လျက် အသက်တာ၌ ဝိညာဉ်ရေးရာများ အကြောင်းကို ပြောဆိုဆွေးနွေးခြင်း ဖြစ်ပါက၊ ငါသည် သင်တို့နှင့်အတူ ဧကန်အမှန် ရှိနေလိမ့်မည်။ ငါသည် သင်တို့ထဲရှိ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မတရား ဆက်ဆံလိမ့်မည် မဟုတ်။ သင်သည် သင်၏ပါးစပ်ကို ဖွင့်လျှင်၊ ငါသည် သင့်အပေါ်တွင် သင့်တော်သော စကားလုံးများကို အပ်နှင်းပေးမည်။ သင်သည် ငါ၏ နှုတ်ကပတ်တော်များ အတွင်းမှ ငါ၏စိတ်နှလုံးကို နားလည်သဘောပေါက်ရမည်။ ငါသည် သင်တို့အား စွံ့အနေပုံ ဟန်ဆောင်၍နေရန် ပြောနေခြင်းမဟုတ်၊ သင်တို့အား ထွေရာလေးပါး ပြောဆိုရန် ပြောနေခြင်းလည်း မဟုတ်ပေ။

အဘယ်ကြောင့် ငါသည် အချိန်များစွာ မကျန်တော့ကြောင်းနှင့် ငါ၏နေ့ရက်သည် မနှောင့်နှေးစေရဟု ထပ်ကာ ပြောကြားနေသနည်း။ သင်တို့သည် ဤအရာအကြောင်းကို သေချာစွာ စဉ်းစားပြီးပြီလော။ ငါ့ နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို သင် စစ်မှန်စွာ နားလည်သလော။ ဆိုလိုသည်မှာ ငါ စတင် စကားပြောသည့် အချိန်ကတည်းက ငါ အလုပ်လုပ် နေခဲ့ခြင်း ဖြစ်သည်။ သင်တို့ တစ်ဦးချင်း တစ်ယောက်ချင်းစီသည် ငါ့အမှု၏ ဦးတည်ရာ ရည်ရွယ်ချက် ဖြစ်ကြသည်။ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အဓိကထား၍ ပြောခြင်း မဟုတ်၊ ထို့အပြင် အခြားသောသူ တစ်စုံတစ်ယောက်အား ပြောခြင်းလည်း မဟုတ်ပေ။ သင်တို့သည် ကောင်းချီးမင်္ဂလာများ မခံစားရကြောင်းကိုသာ စိုးရိမ်ပူပန်သော်လည်း၊ သင်တို့၏အသက်တာများ အပေါ် သင်တို့သည် မစဉ်းစားပေ။ သင်သည် မိုက်မဲလိုက်လေခြင်း။ သင်သည် သနားစဖွယ်ကောင်းလိုက်လေခြင်း။ သင်သည် ငါ၏ဝန်ထုပ်ဝန်ပိုးကို လုံးဝ ထောက်ထားခြင်း မရှိပေ။

ငါ၏ဒုက္ခခံ ကြိုးစားအားထုတ်မှုများ အားလုံးနှင့် ငါပေးခဲ့သော အဖိုးအခတို့သည် သင်တို့အတွက် ဖြစ်သည်။ ငါ၏ဝန်ထုပ်ဝန်ပိုးကို ထောက်ထားခြင်း မရှိပါက၊ သင်တို့သည် ငါ သင်တို့အပေါ် ထားရှိသော မျှော်လင့်ချက်များနှင့် လျော်ညီအောင် အသက်ရှင်နေထိုင်ခဲ့ခြင်း မရှိပေ။ တိုင်းနိုင်ငံများ အားလုံးသည် သင်တို့ အုပ်ချုပ်စိုးစံရန် စောင့်ဆိုင်းနေကြပြီး၊ လူမျိုးအပေါင်းတို့သည် ၎င်းတို့ကို သင်တို့ အုပ်စိုးရန် စောင့်ဆိုင်းနေကြသည်။ ငါသည် အရာရာတိုင်းအား သင်တို့ လက်ထဲသို့ ကမ်းပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါ အာဏာရှိသော လူတို့အားလုံးသည် စတင်၍နုတ်ထွက်ကာ ပြိုလဲကြပြီး ဖြစ်ပြီး၊ ၎င်းတို့သည် ငါ၏ တရားစီရင်ခြင်း ၎င်းတို့အပေါ်သို့ ကျရောက်ရန်ကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ရှင်းလင်းစွာ မြင်လော့။ ငါ၏ နိုင်ငံတော်ကို အောင်မြင်စွာ တည်ဆောက်ပြီးစဉ်တွင် ကမ္ဘာလောကသည် ယခု တစ်စစီပြိုကွဲနေပြီ ဖြစ်သည်။ ငါ့သားတို့သည် ပေါ်ထွက်ခဲ့ပြီး၊ ငါ၏ သားဦးတို့သည်လည်း အမျိုးမျိုးသော တိုင်းနိုင်ငံများနှင့် လူတို့ကို အုပ်ချုပ်နေလျက်၊ ဘုရင်များအဖြစ် ငါနှင့်စိုးစံသည်။ ဤအရာသည် မရေရာသောအရာ ဖြစ်သည်ဟု မထင်လေနှင့်၊ ဤသည်မှာ ရှင်းလင်းသော သမ္မာတရား ဖြစ်သည်။ မဟုတ်သလော။ သင်တို့သည် ငါထံသို့ ဆုတောင်းပြီး အသနားခံသည်နှင့်တစ်ပြိုင်နက်၊ ငါသည် သင်တို့အား ညှဉ်းပန်းနှိပ်စက်သော သူများကို ချက်ချင်းပင် အရေးယူ၍ အပြစ်ဒဏ်ပေးမည်၊ သင်တို့အား နှောင့်ယှက်သော သူများကို ကိုင်တွယ်ဖြေရှင်းကာ၊ သင်တို့ မုန်းတီးသော သူများကို သုတ်သင်ချေမှုန်းပြီး၊ သင်တို့အတွက် အသုံးတော်ခံသော လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို စီမံခန့်ခွဲမည် ဖြစ်သည်။ ငါ ကြိမ်ဖန်များစွာ ပြောခဲ့ပြီးပြီ- ခရစ်တော်အား အစေခံသောသူ မည်သူမဆို (ဆိုလိုသည်မှာ ငါ၏သားတော်အား အစေခံမှု ပေးသောသူ မည်သူမဆို) ထံကိုမျှ ငါ ကယ်တင်ခြင်း ယူဆောင်လာမည် မဟုတ်။ ငါ၏သားတော်အား အစေခံခြင်းသည် ၎င်းတို့အနေဖြင့် လူကောင်းများ ဖြစ်ကြသည်ဟု မဆိုလိုပေ၊ ၎င်းသည် ငါ၏ကြီးမြတ်သောတန်ခိုးနှင့် အံ့ဖွယ် လုပ်ဆောင်ချက်များ၏ ရလဒ်သက်သက်သာ ဖြစ်သည်။ လူသားမျိုးနွယ်ကို အလွန်အကျွံ အရေးမထားလေနှင့်။ ထိုကဲ့သို့သော သူများ၌ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု ဧကန်မရှိသကဲ့သို့၊ ၎င်းတို့သည် ဝိညာဉ်ရေးရာ အမှုအရာများကို လုံးဝ နားမလည်ကြပေ။ ၎င်းတို့နှင့် ငါကိစ္စပြတ်ပြီးသည့်အခါ၊ ၎င်းတို့သည် အသုံးဝင်ကြလိမ့်မည် မဟုတ်ပေ။ ဤအရာကို မှတ်မိလော့။ ဤသည်မှာ သင်တို့အတွက် ငါ၏အတည်ပြုချက် ဖြစ်သည်။ ဟိုဟိုသည်သည် သွေးရူးသွေးတန်း ဖမ်းဆုပ်ခြင်း မရှိကြနှင့်၊ နားလည်သလော။

လူဉီးရေ ပို၍ပို၍ နည်းပါးလာသော်လည်း၊ အသင်းဝင်များသည် ပိုမို စစ်ဆေးခြင်း ခံကြရသည်။ ဤအရာသည် ငါ၏အမှု၊ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်အပြင် ငါ၏ဉာဏ်ပညာနှင့် ငါ၏အရာခပ်သိမ်း တတ်နိုင်စွမ်းခြင်းတို့ ဖြစ်သည်။ ဤအရာသည် ငါ၏ သာမန်လူ့သဘာဝနှင့် ငါ၏စုံလင်သော ဘုရားသဘာဝတို့၏ ညှိနှိုင်းဆောင်ရွက်မှု ဖြစ်သည်။ ဤအရာကို သင်တို့သည် ရှင်းလင်းစွာ မြင်သလော။ ဤအချက်ကို သင်တို့ စစ်မှန်စွာ နားလည်သဘောပေါက်ကြသလော။ ငါ၏သာမန်လူ့သဘာဝတွင် ပြောခဲ့သော အရာအားလုံးကို ငါ၏ဘုရားသဘာဝအားဖြင့် ငါသည် တစ်ခုပြီးတစ်ခု ပြီးမြောက်စေမည်။ ထို့ကြောင့် ငါ ပြောသောအရာသည် မရေရာခြင်း မရှိဘဲ ဖြစ်လာလိမ့်မည်ဟု ငါ ထပ်ကာ ပြောကြားနေခြင်း ဖြစ်သည်၊ အတိအကျဆိုရပါက ထိုအရာသည် အလွန် ရှင်းလင်းပြီး ထင်သာမြင်သာ ဖြစ်လိမ့်မည်။ ငါ ပြောသောအရာ အားလုံးသည် ပြည့်စုံလိမ့်မည် ဖြစ်ပြီး ပေါ့ပေါ့ဆဆ မဟုတ်သည်မှာ သေချာသည်။ ငါသည် အနှစ်မဲ့သောစကားကို မဆိုသည့်အပြင် ငါသည် အမှားများကို မပြုပေ။ ငါ့အား အကဲဖြတ်ဝံ့သော မည်သူမဆို တရားစီရင်ခြင်းခံရမည် ဖြစ်ပြီး၊ ၎င်းတို့သည် ငါ၏လက်ဖဝါးမှ ဧကန်မုချ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ငါ၏ နှုတ်ကပတ်တော်တို့အား ငါပြောဆိုသည်နှင့်တစ်ပြိုင်နက် မည်သူသည် ဆန့်ကျင်ဝံ့သနည်း။ အဘယ်သူသည် ငါအား ပူဆာခြင်း သို့မဟုတ် ငါ့ထံမှ တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်း ပြုဝံ့သနည်း။ ယခင်က ငါပြောခဲ့သည်မှာ- ငါသည် ဉာဏ်ပညာရှိသော ဘုရား ဖြစ်သည်။ ငါသည် လူအားလုံးနှင့် စာတန်ဆန်သော အပြုအမူတို့ကို ထုတ်ဖော်ရန်၊ ရည်ရွယ်ချက်များ မှားယွင်းနေသောသူများ၊ အခြားသူများရှေ့တွင် တစ်မျိုး၊ ၎င်းတို့၏နောက်ကွယ်တွင် တစ်မျိုး လုပ်ဆောင်သူများ၊ ငါ့အား ခုခံသောသူများ၊ ငါ့အပေါ် သစ္စာမဲ့သောသူများ၊ ငွေကြေးကို တပ်မက်သောသူများ၊ ငါ၏ဝန်ထုပ်ဝန်ပိုးကို မထောက်ထားသောသူများ၊ မိမိတို့၏ ညီအစ်ကိုမောင်နှမများအား လှည့်စား၍ မရိုးမဖြောင့် အကောက်ကြံသူများ၊ လူတို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်စေရန် ကျလောက်အောင် အပြောကောင်းသောသူတို့နှင့် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများနှင့် စိတ်တူကိုယ်တူ တညီတညွတ်တည်း ညှိနှိုင်းဆောင်ရွက်ခြင်း မပြုနိုင်သောသူတို့ကို ဖော်ထုတ်ရန် ငါ၏ သာမန်လူ့သဘာဝကို အသုံးပြုသည်။ လူများစွာတို့သည် ငါ၏ သာမန်လူ့သဘာဝသည် မသိဟု ယူဆလျက်၊ ငါ၏ သာမန်လူ့သဘာဝကြောင့် ငါ့အား တိတ်တခိုး ခုခံပြီး၊ လှည့်စား၍ အကောက်ကြံကြသည်။ ထို့အပြင် လူများစွာသည် ငါ စားသောက်ရန်အတွက် ကောင်းသောအရာများကို ပေးကာ၊ ငါ့အား အစေခံများကဲ့သို့ အစေခံကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ရှိသော အရာများအကြောင်းကို ငါ့အား ပြောကြားလျက် ငါ၏သာမန်လူ့သဘာဝကို အထူး အာရုံစိုက်ကြသော်လည်း၊ တစ်ချိန်လုံး ငါ၏နောက်ကွယ်တွင် လုံးဝ ခြားနားစွာ ပြုမူနေကြသည်။ ကန်းနေသောလူသားများ။ သင်သည် လူသား၏နက်ရှိုင်းသော စိတ်နှလုံးအတွင်းသို့ ကြည့်သောဘုရားသခင် ငါ့ကို သိကျွမ်းမှု နည်းလိုက်လေခြင်း။ သင်သည် ယခုပင်လျှင် ငါ့အား မသိရှိသေးပေ၊ ငါသည် သင် မည်သည်ကို ပြုလုပ်နေသည်ကို မသိဟု သင် ထင်နေဆဲ ဖြစ်သည်။ ပြန်လည်စဉ်းစားလော့- ငါ၏သာမန် လူ့သဘာဝကြောင့် မည်မျှသော လူတို့သည် မိမိတို့ကိုယ်မိမိ ဖျက်ဆီးပြီး ဖြစ်သနည်း။ နိုးထလော့။ ငါအား ဆက်လက်လှည့်စားခြင်း မပြုလေတော့နှင့်။ သင်သည် သင်၏လုပ်ဆောင်ပုံနှင့် အပြုအမူအားလုံး၊ သင်၏စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းကို ငါ့ရှေ့မှောက်တွင်ထားပြီး ထိုအရာအား ငါစစ်ဆေးခြင်းကို လက်ခံရမည်။

အရှေ့သို့- အခန်း ၇၅

နောက်တစ်ခုသို့- အခန်း ၇၇

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။