အခန်း ၇၇

ငါ၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်၍ မသေချာခြင်းသည် ငါ၏ လုပ်ရပ်များအား ငြင်းပယ်ခြင်း သဘောထားကို ကိုင်စွဲထားခြင်းနှင့် သဘောသွားညီမျှ၏။ ဆိုလိုသည်မှာ၊ ငါ၏ နှုတ်ကပတ်တော်တို့သည် ငါ၏ သားအတွင်းမှ စီးထွက်ပြီးဖြစ်သော်လည်း၊ သင်တို့သည် ယင်းတို့အပေါ် အရေးမထားကြပေ။ သင်တို့သည် ပေါ့ပြက်လွန်းလှသည်။ များစွာသော နှုတ်ကပတ်တော်တို့သည် ငါ၏ သားအတွင်းမှ စီးထွက်ပြီးဖြစ်သော်လည်း၊ သင်တို့သည် သံသယရှိမြဲရှိကာ မသေမချာ ဖြစ်ကြသည်။ သင်သည် မျက်ကန်းဖြစ်၏။ ငါလုပ်ဆောင်ပြီးသော အရာတစ်ခုစီတိုင်း နောက်ကွယ်ရှိ ရည်ရွယ်ချက်ကို သင်သည် နားမလည်ပေ။ ငါ၏ သားမှတဆင့် ငါ ဖော်ပြသော နှုတ်ကပတ်တော်များသည် ငါ၏ ကိုယ်ပိုင် နှုတ်ကပတ်တော်များ မဟုတ်သလော။ ငါတိုက်ရိုက်မဖွင့်ဟချင်သည့် အရာအချို့ ရှိ၏။ ထို့ကြောင့် ငါ၏ သားမှတဆင့် ငါပြောဆိုသည်။ သို့သော် သင်တို့သည် ငါနှင့်တိုက်ရိုက်စကားပြောသင့်သည်ဟု မရအရ တောင်းဆိုကာ အဘယ်ကြောင့် ကတ်သီးကတ်သတ် နိုင်လွန်းကြရသနည်း။ သင်သည် ငါ့ကို နားမလည်သကဲ့သို့၊ သင်သည် ငါ၏လုပ်ရပ်များ နှင့် ဆောင်ရွက်ချက်များကို အမြဲ သံသယရှိသည်။ ငါ၏ လှုပ်ရှားမှုတိုင်း၊ ငါ၏ လုပ်ရပ်တိုင်းနှင့် လုပ်ဆောင်ချက်တိုင်း မှန်ကန်းသည်ဟု ယခင်က ငါမပြောလေပြီလော။ လူတို့သည် ယင်းတို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအား ရပ်တန့်ရမည်။ သင်၏ ညစ်ပေသော လက်များကို ပြန်ရုပ်သိမ်းလော့။ သင့်အား တစ်စုံတစ်ရာ ငါပြောပါရစေ - ငါအသုံးပြုသော လူအားလုံးသည် ငါလောကကို မဖန်ဆင်းမီ ကြိုတင်စီမံထားခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် ယနေ့ ငါ၏ အတည်ပြုခြင်းကိုလည်း ခံရပေသည်။ သင်တို့သည် ငါ၏ ဖြစ်ခြင်းဖြစ်သော ဇာတိအဖြစ်တော်ကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးရင်းနှင့် ငါ၏ လုပ်ရပ်များကို လေ့လာရင်း ထိုသို့သော အရာများထဲသို့ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နေကြသည်။ သင်တို့အားလုံးသည် အရောင်းအဝယ် စိတ်နေစိတ်ထားတစ်ခု ရှိကြသည်။ အကယ်၍ ဤအရာ တစ်ဖန် ဖြစ်ပေါ်ပါက၊ သင်တို့သည် သေချာပေါက် ငါ၏ လက်ဖြင့် ဒဏ်ခတ်ခံရကြလိမ့်မည်။ ငါပြောနေသောအရာမှာ ဤသို့ဖြစ်သည်- ငါ့အား သံသယမရှိနှင့်၊ ပြီးလျှင် ငါ လုပ်ဆောင်ပြီးသော အရာများကို မစိစစ်နှင့် သို့မဟုတ် မတွေးဆနှင့်။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ပတ်သက်သည့်အတွက်၊ သင်တို့သည် ထိုသို့သော အရာများကို သာ၍မစွက်ဖက် သင့်ပေ။ ဤသည်မှာ သေးငယ်သော ကိစ္စမဟုတ်ပေ။

ငါညွှန်ကြားပြီးသော အရာအားလုံးကို မည်သည့်အချိန်တွင် သင်တို့ လုပ်ဆောင်ရမည်ကို လက်မလွှတ်တမ်း အသုံးချလော့။ ယင်းတို့ တစ်ဖန် ငါ ပြောပြီး သတိပေးချက်အနေဖြင့်လည်း ပြောပါရစေ - တရုတ်ပြည်သို့ နိုင်ငံခြားသားများ လှိမ့်ဝင်လာတော့မည် ဖြစ်သည်။ ဤသည်မှာ လုံးဝ အမှန်တရား ဖြစ်သည်။ လူအများစုသည် ဤအရာကို သံသယရှိကြပြီး မသေချာကြသည်ကို ငါ သိ၏၊ ထို့ကြောင့် သင်တို့သည် အသက်တာကြီးထွားမှုကို အလျင်အမြန် ရှာဖွေကြပြီး ငါ၏ အလိုကို အဆောတလျင် ဖြည့်ဆည်းနိုင်ကြဖို့အလို့ငှာ သင့်အား အဖန်ဖန် ငါသတိပေး၏။ ယနေ့မှ စ၍၊ နိုင်ငံတကာ အခြေအနေသည် ပိုမိုပင် တင်းမာလာလိမ့်မည်ဖြစ်ပြီး၊ အမျိုးမျိုးသော နိုင်ငံများသည် အတွင်းမှ စတင်ပြိုလဲလာကြလိမ့်မည်။ တရုတ်ပြည်တွင်၊ ပျော်ရွှင်သော နေ့ရက်များ အဆုံးသတ်နေပြီဖြစ်သည်။ ဤသည်မှာ အလုပ်သမားများ ဆက်လက် သပိတ်မှောက်ကြလိမ့်မည်၊ ကျောင်းသားများ ၎င်းတို့၏ အတန်းများနှင့်ပတ်သက်၍ ရုတ်တရက်ထကာ သပိတ်မှောက်ကြလိမ့်မည်၊ စီးပွားရေးသမားများက စီးပွားရေးလုပ်ခြင်းကို ရပ်တန့်ကြလိမ့်မည်ဖြစ်ပြီး၊ စက်ရုံများ ပိတ်သိမ်းကြလိမ့်မည်ဖြစ်ကာ ဆက်လက်မရှင်သန်နိုင် ဖြစ်ကြလိမ့်မည်။ အထူးလေ့ကျင့်သင်ကြားပေးထားသော စစ်သည်များသည် လွတ်မြောက်ရန် ရန်ပုံငွေကို စတင်ပြင်ဆင်ကြလိမ့်မည်ဖြစ်ပြီး (ဤသည်မှာလည်း ငါ၏စီမံခန့်ခွဲမှုအစီအစဉ်ကို အသုံးတော်ခံလိမ့်မည်) အဆင့်တိုင်းရှိ ဗဟိုအစိုးရ ခေါင်းဆောင်များသည် ပြင်ဆင်မှုများကို အားလုံးပြုလုပ်ကြသည်နှင့်အမျှ (ဤအရာသည် နောက်တစ်ဆင့်ကို အသုံးတော်ခံရန် ဖြစ်သည်) အခြားသူများကို ဆုံးရှုံးအနစ်နာခံလျက် အချို့သော အရာများအပေါ် အာရုံစိုက်ရင်း အလွန်အလုပ်များကြလိမ့်မည်။ ကောင်းစွာ ကြည့်လော့။ ငါ၏ အမှုသည် ကမ္ဘာလောကတစ်ခုလုံးသို့ ဇောင်းပေးထားသည့်အတွက်၊ ဤသည်မှာ တရုတ်ပြည်သာမက၊ စကြဝဠာတစ်ခုလုံး ပါဝင်သော အရာတစ်ခု ဖြစ်သည်။ သို့သော်၊ ယင်းမှာ သားဦးများဖြစ်သည့် လူစုမှ ရှင်ဘုရင်များ ဖြစ်စေခြင်း အစေခံမှုတွင်လည်း ပါရှိပေသည်။ ဤအရာကို သင် ရှင်းလင်စွာ မြင်သလော။ အလျင်အမြန်ပြုကာ ရှာဖွေကြလော့။ ငါသည် သင်တို့အား မတရား ဆက်ဆံလိမ့်မည်မဟုတ်။ ငါသည် သင်တို့အား သင်တို့ စိတ်ကျေနပ်သည်အထိ ပျော်ရွှင်မှုကို တွေ့ကြုံခွင့်ပေးမည်။

ငါ၏လုပ်ရပ်များသည် အံ့သြဖွယ်ရာ ဖြစ်သည်။ ကမ္ဘာလောကထဲက ကြီးမားသော ကပ်ဘေးများ ဖြစ်ပေါ်သည်နှင့်အမျှ၊ မကောင်းမှုပြုသူများနှင့် အုပ်ချုပ်သူများသည် အပြစ်ပေးခြင်းကို ရရှိနေကြစဉ်- သို့မဟုတ် ပို၍တိကျစေရန်- ငါ၏နာမ ပြင်ပရှိ မကောင်းမှုပြုသူများအားလုံး ဆင်းရဲဒုက္ခ ခံစားရချိန်တွင်- ငါသည် ငါ၏ ကောင်းချီးမင်္ဂလာများကို သင်တို့အပေါ် စတင် အပ်နှင်းလိမ့်မည်။ ဤသည်မှာ “သင်တို့သည် ကပ်ဘေးများ၏ နာကျင်မှု သို့မဟုတ် အန္တရာယ်ကို မခံစားရ” ဟု အတိတ်က ထပ်သလဲလဲ ငါ ပြောပြီးဖြစ်သည့် နှုတ်ကပတ်တော်များ၏ မူလအဓိပ္ပါယ်ဖြစ်သည်။ ဤအရာကို သင်တို့ နားလည်ပါသလော။ ငါပြောသည့် “ဤအချိန်”သည် ငါ၏ နူတ်မှ နှုတ်ကပတ်တော်များကို ထုတ်ပြန်သည့် အချိန်ကို ရည်ညွှန်းပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် အလွန်မြန်ဆန်သည့် အရှိန်ဖြင့် လုပ်ဆောင်လေသည်။ ငါသည် တစ်မိနစ် သို့မဟုတ် တစ်စက္ကန့်ပင် နှောင့်နှေးမည်မဟုတ်၊ သို့မဟုတ် ဖြုန်းတီး လိမ့်မည် မဟုတ်။ ယင်းထက် ငါသည် ငါ၏ နှုတ်ကပတ်တော်များကို ပြောကြားလိုက်သည့် တကယ့် အခိုက်အတန့်တွင် ထိုနှုတ်ကပတ်တော်များနှင့်အညီ ငါဆောင်ရွက်လိမ့်မည်။ ယနေ့တွင် ငါသည် တစ်စုံတစ်ဦးအား ပယ်ထုတ်နေသည် သို့မဟုတ် ငါသည် တစ်စုံတစ်ဦးအား စက်ဆုပ်သည်ဟု ငါပြောလျှင်၊ ထိုလူအတွက် ချက်ချင်း ပြီးဆုံးသွားလိမ့်မည်။ တစ်နည်းအားဖြင့်၊ ငါ၏သန့်ရှင်းသော ဝိညာဉ်တော်ကို ချက်ချင်း ၎င်းတို့ထံမှ ပြန်သိမ်းယူလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် လုံးဝ အသုံးမကျသည့်၊ လမ်းလျှောက်နေသော အသေကောင်များ ဖြစ်ကြလိမ့်မည်။ ထိုသို့သော လူတို့သည် အသက်ရှူနေဆဲ၊ လမ်းလျှောက်နေဆဲဖြစ်ပြီး စကားပြောနေဆဲဖြစ်ကောင်း ဖြစ်နိုင်ကာ ငါ၏ရှေ့တွင် ဆုတောင်းနေဆဲ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ငါသည် ၎င်း တို့အား စွန့်ခွာသွားပြီဖြစ်သည်ကို ၎င်းတို့ ဘယ်သောအခါမျှ နားလည်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် အနှစ်သာရအားဖြင့် အသုံးမကျသော လူများ ဖြစ်သည်။ ဤ သည်မှာ လုံးဝ မှန်ကန်ပြီး စစ်မှန်သည်။

ငါ၏ နှုတ်ကပတ်တော်များသည် ငါဖြစ်သည့် လူသားကို ကိုယ်စားပြုသည်။ ဤအရာကို သတိရလော့။ သံသယမရှိနှင့်။ သင်သည် လုံးဝ သေချာရမည်။ ဤအရာသည် သေရေး ရှင်ရေး ကိစ္စဖြစ်သည်။ ဤအရာသည် အလွန့်အလွန် ဆိုးရွား၏။ ငါ၏ နှုတ်ကပတ်တော်များကို ပြောဆိုသည့် တကယ့်အခိုက်အတန့်တွင်၊ ငါပြုချင်သော အရာသည် ဖြစ်လာနှင့်ပြီး ဖြစ်သည်။ ဤနှုတ်ကပတ်တော် အားလုံးကို ငါ၏သားမှတဆင့် ပြောဆိုရမည် ဖြစ်သည်။ သင်တို့ထဲမှ မည်သူသည် ဤကိစ္စရပ်ကို လေးနက်သော အရေးထားမှု ပေးပြီနည်း။ ငါသည် ယင်းကို အခြား မည်ကဲ့သို့ ရှင်းပြရမည်နည်း။ တစ်ချိန်လုံး ကြောက်လန့်ပြီး၊ တွန့်ဆုတ်နေခြင်းကို ရပ်လော့။ ငါသည် တကယ်ပင် လူတို့၏ ခံစားချက်များကို စာနာထောက်ထားခြင်း မရှိသလော။ ငါအတည်ပြုထားသော သူတို့ကို ငါသည် သာမန်ကာလျှံကာ အစွန့်ပစ်လိမ့်မည်လော။ ငါလုပ်ဆောင်သမျှတိုင်းသည် မူအရဖြစ်၏။ ငါကိုယ်တိုင် ထူထောင်ထားသော ပဋိညာဉ်ကို ငါ ဖြဲလိမ့်မည်မဟုတ်သကဲ့သို့၊ ငါကိုယ်တိုင်၏ အစီအစဉ်အား ငါ နှောင့်ယှက်လိမ့်မည်မဟုတ်။ ငါသည် သင်တို့ကဲ့သို့ နုံအသောသူမဟုတ်။ ငါ၏ အမှုသည် ကြီးမြတ်သောအရာတစ်ခု ဖြစ်၏။ ယင်းသည် မည်သည့်လူသားမျှ မပြီးမြောက်နိုင်သည့် အရာတစ်စုံတစ်ခု ဖြစ်သည်။ ငါသည် ဖြောင့်မတ်သော သူဖြစ်ကာ ငါ့အား ချစ်သော သူတို့အဖို့ ငါသည် ချစ်ခြင်းမေတ္တာဖြစ်သည်ဟု ငါ ပြောပြီး ဖြစ်သည်။ ဤအရာ မှန်ကန်ကြောင်းကို သင်မယုံကြည်သလော။ သင်သည် ဒွိဟများ ဆက်လက် ရှိနေသည်။ အရာရာနှင့်ပတ်သက်၍ ရှင်းလင်းသော အသိစိတ်တစ်ခု သင် ရှိပါက၊ သင်သည် အဘယ်ကြောင့် အလွန် ကြောက်ရွံ့ဆဲဖြစ်သနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သင်သည် မိမိကိုယ်ကိုယ် ချည်နှောင်ထားပြီး ဖြစ်သောကြောင့်သာ ဖြစ်သည်။ ငါ့သား။ ငါသည် သင့်အား ဝမ်းမနည်းရန် သို့မဟုတ် မျက်ရည်မကျရန်နှင့် သင့်အား ငါ စွန့်ပစ်လိမ့်မည် မဟုတ်သည်ကို ကြိမ်ဖန်များစွာ သတိပေးပြီး ဖြစ်သည်။ သင်သည် ငါ့အား မယုံကြည်နိုင်သေးသလော။ ငါသည် သင့်အား ကိုင်ထားမည်ဖြစ်ပြီး သွားခွင့်ပေးမည် မဟုတ်။ ငါသည် ငါ၏ ချစ်ခြင်းမေတ္တာဖြင့် သင့်အား အစဉ်အမြဲ ပွေ့ဖက်မည်။ ငါသည် သင့်အား ကြည့်ရှုစောင့်ရှောက်မည်၊ သင့်အား ကွယ်ကာမည်ဖြစ်ပြီး၊ ငါသည် သင်၏ ဖခင်ဖြစ်ပြီး သင့်ကို ထောက်ပံ့ပေးသူဖြစ်သည်ကို သင် မြင်နိုင်ဖို့အလို့ငှာ အရာရာတွင် ငါသည် ထုတ်ဖော်ပြခြင်းများနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းများကို သင့်အား ပေးမည်။ သင့်ဖခင်၏ ပုခုံးထက်က ဝန်ထုပ်ဝန်ပိုးအား သင်သည် မည်သို့ ပေါ့ပါးစေနိုင်သည်ကို အမြဲစဉ်းစားနေသည်ကို ငါသိသည်။ ဤသည်မှာ သင့်ကို ငါ ပေးပြီးဖြစ်သည့် ဝန်ထုပ်ဝန်ပိုးဖြစ်သည်။ ယင်းကို အရေးမစိုက်ဘဲ ထားရန်မကြိုးစားနှင့်။ ယနေ့တွင် လူမည်မျှသည် ငါ့အား သစ္စာစောင့်သိနိုင်မည်နည်း။ သင်သည် သင်၏ လေ့ကျင့်ခြင်းကို အရှိန်မြင့်နိုင်ကာ အလျင်အမြန် ကြီးထွားပြီး ငါ၏ စိတ်နှလုံးအား ကျေနပ်စေနိုင်မည်ဟု ငါ ငါမျှော်လင့်သည်။ အဖသည် သားအတွက် နေ့ညမပြတ် အားသွန်ခွန်စိုက် အလုပ်လုပ်၏၊ ထို့ကြောင့် သားသည် ဖခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို မိနစ်တိုင်းနှင့် စက္ကန့်တိုင်း စဉ်းစားသင့်သည်။ ဤသည်မှာ ငါပြောလေ့ရှိခဲ့သည့် အခြေအနေကိုဖန်တီးယူ၍ ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

အားလုံးသည် ငါ၏လုပ်ဆောင်မှုဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်အားလုံးသည် ငါ၏ အလိုနှင့် ကိုက်ညီဖို့အလို့ငှာ၊ ငါ၏နိုင်ငံတော် တကယ်ဖြစ်ပေါ်လာဖို့အလို့ငှာနှင့် ကောင်းကင်သစ်နှင့် မြေကြီးသစ်တို့ ပေါ်ထွန်းလာဖို့အလို့ငှာ၊ ယနေ့ငါ အသုံးပြုသော လူတို့အပေါ် ငါသည် ဝန်ထုပ်ဝန်ပိုးတစ်ခု ချထားရမည်ဖြစ်ပြီး၊ ၎င်းတို့အား ဉာဏ်ပညာပေးမည်။ ငါ အသုံးပြုနေခြင်း မရှိသော လူတို့သည် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းတို့သည် အမြဲ မှင်တက်နေကြ၏၊ ၎င်းတို့သည် ဝန်ထုပ်ဝန်ပိုးဆိုသည်မှာ မည်သည့်အရာကို ဆိုလိုမှန်း လုံးဝမသိကြဘဲလျက်၊ စားပြီးနောက် အိပ်ကြကာ၊ အိပ်ပြီးနောက် စားကြ၏။ ထိုသို့သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် ၏ လုပ်ဆောင်မှု ကင်းမဲ့ပြီး၊ ဖြစ်နိုင်သမျှ မြန်မြန် ငါ၏ အသင်းတော်မှ ထုတ်ပယ်သင့်သည်။ ယခုတွင် ငါသည် ရူပါရုံများနှင့် ပတ်သက်သည့် ကိစ္စအချို့ကို ဆွေးနွေးမည် - အသင်းတော်သည် နိုင်ငံတော်၏ မရှိမဖြစ်လိုအပ်ချက် တစ်ခု ဖြစ်သည်။ အတိုင်းအတာ တစ်ခုအထိ အသင်းတော် တည်ဆောက်ပြီးသည်နှင့်တစ်ပြိုင်နက်မှသာ လူတို့သည် နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်သည်။ (အကယ်၍ ငါက ကတိမပြုခဲ့ပါက) မည်သူမျှ နိုင်ငံတော်ထဲသို့ တိုက်ရိုက် ဝင်ရောက်နိုင်ခြင်း မရှိပေ။ အသင်းတော်သည် ပထမခြေလှမ်းဖြစ်သော်လည်း၊ နိုင်ငံတော်သည် ငါ၏စီမံခန့်ခွဲမှုအစီအစဉ်၏ ရည်မှန်းချက် ဖြစ်သည်။ လူတို့သည် နိုင်ငံတော်ထဲသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် အရာရာ ရုပ်လုံးပေါ်လိမ့်မည်ဖြစ်ပြီး စိုးရွံ့စရာ မည်သည့်အရာမျှ ရှိလိမ့်မည် မဟုတ်။ လက်ရှိအချိန်တွင်၊ ငါ၏ သားဦးများ နှင့် ငါသည်သာ နိုင်ငံတော်ထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့ကို စတင် အုပ်ချုပ်ပြီဖြစ်သည်။ ဆိုလိုသည်မှာ၊ ငါ၏ နိုင်ငံတော်သည် စတင်ဖွဲ့စည်းနေပြီဖြစ်ပြီး၊ ဘုရင်များ သို့မဟုတ် ငါ၏ လူများ ဖြစ်လာမည့်သူများကို လူသိရှင်ကြား ကြေညာပြီးဖြစ်သည်။ အနာဂတ် အဖြစ်အပျက်များကို တဆင့်ပြီး တဆင့်နှင့် အစီအစဉ်လိုက် သင်တို့ထံ ပြောပြထားလိမ့်မည်။ အလွန်အမင်း စိတ်သောကရောက်ခြင်း သို့မဟုတ် စိုးရိမ်ခြင်း မရှိနှင့်။ သင့်ကို ငါ ပြောပြီးဖြစ်သည့် နှုတ်ကပတ်တော်တိုင်းကို သင် မှတ်မိသလော။ အကယ်၍ သင်သည် ငါ့အတွက် အမှန်တကယ် ဖြစ်ပါက၊ ငါသည် သင့်အား မှန်မှန်ကန်ကန် ပြောဆိုမည်။ လှည့်စားမှုနှင့် မရိုးဖြောင့်မှုတို့ကို ကျင့်သုံးသောသူတို့အတွက်မူ၊ ငါသည် အပြန်အလှန်အားဖြင့် ၎င်းတို့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံမည်ဖြစ်ပြီး၊ ထိုသို့သော အပြုအမူက ပျက်ဆီးခြင်းသို့ ရောက်စေမည့်သူမှာ အဘယ်သူဖြစ်သည်ကိုသာ ရှင်းလင်းသော အမြင်တစ်ခုကို ၎င်းတို့အား ရှိခွင့်ပေးမည်။

အရှေ့သို့- အခန်း ၇၆

နောက်တစ်ခုသို့- အခန်း ၇၈

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။