အခန်း ၇၈

အမှုပြုနေသူမှာ မည်သည့်လူသားတစ်ဦးမျှ မဟုတ်၊ ငါဖြစ်သည်ဟု ယခင်က ပြောပြီးဖြစ်သည်။ ငါနှင့်အတူ၊ အရာရာသည် သက်သောင့်သက်သာနှင့် ပျော်ရွှင်ဖွယ်ရှိသော်လည်း၊ သင်တို့နှင့်အတူ၊ အမှုအရာများသည် အလွန်ကွဲပြား၏။ သင်သည် လုပ်ဆောင်သည့် အရာတိုင်းတွင် လွန်ကဲသော အခက်အခဲကို ကြုံရ၏။ ငါအတည်ပြုသော မည်သည့်အရာမဆို၊ ငါသည် သေချာပေါက် ပြီးမြောက်မည်။ ငါအတည်ပြုသော မည်သူကိုမဆို၊ ငါစုံလင်စေမည်။ လူသားတို့- ငါ၏အမှုတွင် မစွက်ဖက်ကြနှင့်။ သင်တို့သည် ငါ နှစ်သက်သောအရာကို လုပ်ဆောင်ရင်း၊ ငါ မုန်းသောအရာအားလုံးကို ငြင်းပယ်ရင်း၊ မိမိတို့ကိုယ်ကိုယ် အပြစ်မှ ကယ်ထုတ်ရင်းနှင့် ငါ၏ ချစ်ခင်သော ပွေ့ဖက်ခြင်းထဲသို့ မိမိတို့ကိုယ်ကိုယ် ပစ်ဝင်ရင်း ငါ၏ ဦးဆောင်မှုနောက် လိုက်နေကြစဉ်တွင် အရေးယူဆောင်ရွက်ဖို့သာ လိုအပ်သည်။ ငါသည် သင်တို့အား ကြွားဝါနေခြင်း မဟုတ်သကဲ့သို့၊ ငါသည် ချဲ့ကားပြောဆိုနေခြင်းလည်းမဟုတ်။ ဤသည်မှာ အမှန်တကယ် အမှန်တရားဖြစ်၏။ အကယ်၍ ငါသည် ကမ္ဘာလောကကို ဖျက်ဆီးမည်ဟုဆိုလျှင်၊ သင်တို့အတွက် မျက်စိများ တစ်မှိတ်ဖြစ်သည့် အချိန်တွင် ကမ္ဘာကြီးသည် ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ သင်တို့သည် မကြာခဏ အလွန် စိုးရိမ်ပူပန်ကြပြီး၊ သင်တို့၏ ကိုယ်ပိုင် ဝန်ထုပ်ဝန်ပိုးများကို တိုးစေကာ၊ ငါ၏ နှုတ်ကပတ်တော်များက အနှစ်သာရမဲ့မည်ကို အလွန်အမင်း စိုးရွံ့ကြ၏။ ထို့ကြောင့်၊ သင်တို့သည် ငါ့အတွက် “ထွက်ပေါက်တစ်ခု ရှာတွေ့ဖို့” ကြိုးစားရင်း အလုပ်များကြသည်။ မျက်ကန်းတို့။ မိုက်မဲသူတို့။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင် တန်ဖိုးကိုပင် မသိဘဲ၊ ငါ၏ အကြံပေးပုဂ္ဂိုလ်ဖြစ်ရန် ကြိုးပမ်း ကြသည်။ သင်သည် ထိုက်တန်ကြပါသလော။ မှန်ထဲသို့ ကောင်းစွာ ကြည့်ကြလော့။

သင့်ကို တစ်စုံတစ်ခု ငါ ပြောပါရစေ။ တွန့်ဆုတ်သောသူတို့သည် ၎င်းတို့၏ တွန့်ဆုတ်ခြင်းအတွက် ပြစ်တင်ဆုံးမခြင်းကို ခံရမည်ဖြစ်သော်လည်း၊ အလွန့်အလွန် သစ္စာရှိသောသူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းအတွက် ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်။ ရှင်းအောင်ပြောရလျှင်၊ ယခု အရေးပါဆုံးသောအချက်မှာ ယုံကြည်ခြင်းဖြစ်၏။ သင်တို့အပေါ်သို့ ကျရောက်လာမည့် ကောင်းချီးမင်္ဂလာများကို ထုတ်ဖော်မပြမီ၊ သင်တို့သည် ငါ့အတွက် အသုံးခံရန်အလို့ငှာ-ယခု- အရာရာတိုင်းကို သင်တို့ စတေးဖို့ လိုအပ်သည်။ ဤသည်မှာ “ကောင်းချီးမင်္ဂလာများ ရရှိခြင်း” နှင့် “ဘေးဒုက္ခ ခံစားရခြင်း” တို့က ရည်ညွှန်းသည့် သွင်ပြင်လက္ခဏာ အတိအကျ ဖြစ်သည်။ ငါ့သားတို့။ “ငါ့အတွက် စစ်မှန်စွာ အသုံးခံသောသူတို့ကို၊ ငါသည် ဧကန်မုချ အလွန် ကောင်းချီးပေးမည်” ဟူသော ငါ၏စကားတို့သည် သင်တို့၏ နှလုံးသားများထဲ၌ စွဲကျန်သေးသလော။ ယနေ့တွင်၊ အတွင်း၌ ရှိသည့် အဓိပ္ပါယ်ကို သင်တို့ အမှန်တကယ် နားလည်ကြပါသလော။ ငါသည် အနှစ်မဲ့သော စကားတို့ကို မဆိုပေ။ ယခုမှစ၍၊ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားလိမ့်မည်မဟုတ်။ ဆိုလိုသည်မှာ၊ ငါ၏ နှုတ်ကပတ်တော် များတွင် ကွယ်ဝှက်ထားသော အရာများကို၊ ယခုတွင် သင်တို့အား ဝှက်ထားခြင်း တစ်ခုတစ်လေမျှ မရှိဘဲ တစ်ခုပြီးတစ်ခု ပြောပြလိမ့်မည် ဖြစ်သည်။ ထို့အပြင်၊ နှုတ်ကပတ်တော် အသီးသီးသည် ငါ၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်လိမ့်မည်၊ ငါ၏ရှေ့တွင် ဖုံးကွယ်ထားသော လူအားလုံး၊ အဖြစ်အပျက်များနှင့် အရာအားလုံးတို့အား ထုတ်ဖော်ခြင်းကို အလွယ်တကူ လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး၊ ငါ့အတွက် လုံးဝ ခက်ခဲလိမ့်မည်မဟုတ်သည်ကို ဖေါ်ပြရန် မလိုအပ်ပေ။ ငါပြုသော အရာရာတိုင်းတွင် ငါ၏ သာမန်လူ့သဘာဝ လက္ခဏာသွင်ပြင်တစ်ခုအပြင်၊ ငါ၏ ပြည့်စုံသော ဘုရားသဘောသဘာဝ လက္ခဏာသွင်ပြင်တစ်ခုလည်း ပါရှိ၏။ ဤနှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခုကို သင်တို့ အမှန်တကယ် ရှိကြသလော။ ဤသည်မှာ သင်တို့သည် အလွန်တရာ အလောတကြီး မဖြစ်သင့်ဟု ငါထပ်လောင်းပြောဆိုမြဲ ပြောဆိုနေရသည့် အကြောင်းရင်း ဖြစ်သည်။ လူတစ်ဦး သို့မဟုတ် အမှုအရာတစ်ခုအား ထုတ်ဖော်ပြခြင်းသည် ငါ့အတွက် မခက်သကဲ့သို့၊ ယင်းအတွက် အချိန်တစ်ခု အမြဲရှိ၏။ ထိုသို့ မဟုတ်လော။ များစွာသော လူတို့သည် ငါ့ရှေ့တွင် ၎င်းတို့၏ စစ်မှန်သော ပုံသဏ္ဍာန်များကို ဖော်ထုတ်ခံရကြပြီး ဖြစ်သည်။ ငါ လုပ်ဆောင်သည့်အရာတိုင်းသည် ငါ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့်၊ ၎င်းတို့အားလုံးသည် တိကျသည့် အချိန်တစ်ခုတွင် ၎င်းတို့ မြေခွေးဝိညာဉ်များ၊ သို့မဟုတ်၊ ခွေးများ သို့မဟုတ် ဝံပုလွေများ ဖြစ်သည်ဖြစ်စေ၊ ၄င်းတို့၏ စစ်မှန်သော ပုံသဏ္ဍာန်အား ထုတ်ဖော်ပြကြလေသည်။ ဤအချက်နှင့်ပတ်သက်၍ သင်တို့သည် လုံးဝ ရှင်းလင်းသော သိနားလည်မှုတစ်ခု ရှိရမည်။

“အချိန်သည် အလှမ်းဝေးသည်မဟုတ်၊”ဟု ဆိုခြင်းက အဘယ်အရာ ရည်ရွယ်သည်ကို သင်အမှန်တကယ် နားလည်ပါ၏လော။ အတိတ်တွင်၊ ယင်းသည် ငါ၏နေ့ရက်ကို ရည်ညွှန်းသည်ဟု သင်တို့ အမြဲ ထင်ခဲ့ကြသော်လည်း၊ သင်တို့အားလုံးသည် ငါ၏ နှုတ်ကပတ်တော်များကို သင်တို့၏ အယူအဆများအပေါ်တွင် အခြေခံ၍၊ အဓိပ္ပာယ်ကောက်လွဲကြပြီး ဖြစ်သည်။ ငါသင့်ကိုပြောပါရစေ။ ယခုမှစ၍၊ ငါ၏နှုတ်ကပတ်တော်တို့အား တလွဲအဓိပ္ပါယ်ကောက်သော သူမည်သူမဆို အဓိပ္ပာယ်မရှိသောသူ ဧကန်မုချဖြစ်သည်။ “အချိန်သည် အလှမ်းဝေးသည် မဟုတ်၊” ဟု ငါ မိန့်မြွက်ခဲ့သည့် စကားများသည် သင်တို့၏ ကောင်းချီးမင်္ဂလာများ မွေ့လျော်ခံစားခြင်း နေ့ရက်များကို ရည်ညွှန်းပေသည်။ ဆိုလိုသည်မှာ နတ်ဆိုးများအားလုံး ဖျက်ဆီးခြင်းခံရပြီး၊ ငါ၏ အသင်းတော်မှ မောင်းထုတ်ခြင်းခံရကာ၊ အမှုအရာများကို လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် လူသားနည်းလမ်းအားလုံး ပယ်ချခြင်းခံရမည့် နေ့ရက်များဖြစ်၏။ ထို့အပြင် ဤအသုံးအနှုန်းက ကြီးသောကပ်ဘေးဒုက္ခ အားလုံး ကျရောက်မည့် နေ့ရက်များကို ရည်ညွှန်းသည်။ ဤအရာကို အမှတ်ရလော့။ ယင်းသည် ကြီးမားသော ကပ်ဘေးဒုက္ခများသာ ဖြစ်၏၊ ဤအရာ၌ အဓိပ္ပာယ်မကောက်လွဲတော့နှင့်။ ငါ၏ ကြီးမားသော ကပ်ဘေးများ ကမ္ဘာလောကတစ်ခုလုံးပေါ်သို့ ငါ၏ လက်များမှ တစ်ပြိုင်နက် ကျရောက်မည်ဖြစ်သည်။ ငါ၏ နာမကို ရရှိပြီးသောသူတို့သည် ကောင်းချီခံစားရလိမ့်မည်ဖြစ်ပြီး၊ ထိုသို့သော ဆင်းရဲဒုက္ခကို သေချာပေါက် ခံစားရလိမ့်မည်မဟုတ်။ ယင်းကို သင်တို့ အမှတ်ရသေးသလော။ ငါပြောနေသည့်အရာကို သင်တို့ နားလည်ကြသလော။ ငါပြောသောအချိန်သည် ငါ စတင်အမှုပြုသည့် အချိန် (ကြီးမားသော ကပ်ဘေးများ သက်ဆင်းပြီးချိန်၊ ထိုသို့သော အချိန်တစ်ခုတွင်သာ) အတိအကျ ဖြစ်သည်။ သင်တို့သည် ငါ၏ ရည်ရွယ်ချက်များကို အမှန်တကယ် နားမလည်ကြချေ။ သင်တို့အား မည်သည့် သက်ညှာမှုမျှ လုံးဝ မပြဘဲ၊ ငါသည် အဘယ့်ကြောင့် ထိုသို့သော တင်းကြပ်သည့် တောင်းဆိုမှုများကို သင်တို့အပေါ် ထားရှိသည်ကို သင်တို့ သတိကြသလော။ နိုင်ငံတကာအခြေအနေ တင်းမာသည့်အချိန်နှင့် တရုတ် ပြည်အတွင်း၌ အာဏာရနေသောသူများ(ဟုဆိုသော)က ပြင်ဆင်မှုများ ပြုလုပ်နေကြစဉ်တွင်၊ ဤသည်မှာ ချိန်ကိုက်ဗုံးတစ်လုံး ပေါက်ကွဲတော့မည့် တိကျသော အချိန် ဖြစ်သည်။ တိုင်းနိုင်ငံခုနှစ်နိုင်ငံမှ မှန်ကန်သောလမ်းခရီးကို ရှာဖွေနေကြသောသူများသည် နစ်နာဆုံးရှုံးမှုကို ပဓာနမထားဘဲ၊ ရေတံခါးများကို ဖြတ်စီးသော ရေများကဲ့သို့ တရုတ်ပြည်ထဲသို့ အသည်းအသန် တစ်ဟုန်ထိုးဝင်လာကြလိမ့်မည်။ အချို့တို့ကို ငါ ရွေးချယ်ထားပြီးဖြစ်ကာ အခြားသူများမှာ ငါ့အတွက် အစေခံမှု လုပ်ဆောင်ရန် ရည်ရွယ်၏၊ သို့သော် ၎င်းတို့ထဲတွင် သားဦး မရှိပေ။ ဤအရာသည် ငါ၏ လုပ်ဆောင်မှုဖြစ်၏။ ဤသည်မှာ ကမ္ဘာလောကကို ဖန်ဆင်းခဲ့ချိန်တွင် လုပ်ဆောင်ပြီးသည့် ကိစ္စ ဖြစ်သည်။ သင်တို့၏ လူသားအယူအဆများကို ဖယ်ရှားလော့။ ငါသည် အဓိပ္ပာယ်မရှိသောစကားများ ပြောနေသည်ဟု မထင်မှတ်နှင့်။ ငါ တွေးတောသည့်အရာမှာ ငါ ပြီးမြောက်နှင့်ပြီးဖြစ်သော အရာဖြစ်ပြီး၊ ငါ၏ အစီအစဉ်မှာ ငါပြီးမြောက်နှင့်ပြီးဖြစ်သည့် တစ်စုံတစ်ရာလည်း ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ သင် ရှင်းပါသလော။

အရာရာအားလုံးသည် ငါ၏အတွေးများနှင့် ငါ၏အစီအစဉ်ပေါ်တွင် တည်သည်။ ငါ့သား။ သင်အတွက်အပြင်၊ ငါသည် သင့်ကို ချစ်သောကြောင့် သင့်ကို ငါ ရွေးချယ်၏။ အတွေးဖြင့် မနာခံဝံ့သောသူ သို့မဟုတ် မနာလိုခြင်း ဖြစ်ပေါ်စေသောသူ မည်သူမဆို ငါ၏ ကျိန်ခြင်းနှင့် လောင်မြိုက်ခြင်းဖြင့် သေဆုံးရမည်ဖြစ်သည်။ ဤနေ့၏ နိုင်ငံတော်သည် ဖွဲ့စည်းနှင့်ပြီးဖြစ်သောကြောင့် ဤတွင် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ ပါဝင်သည်။ သို့သော်လည်း၊ ငါ့သား၊ သင်သည် သတိရှိရမည်ဖြစ်ပြီး၊ ဤအရာကို အရင်းအနှီးတစ်ခုအဖြစ် သဘောမထားသင့်ပေ။ သင့်ဖခင်၏ နှလုံးသားကို သင် အရေးထားသင့်ပြီး၊ ဤအရာမှတစ်ဆင့် သင့်ဖခင်၏ အပင်ပန်းခံသော အားထုတ်မှုများကို အသိအမှတ်ပြုသင့်သည်။ ဤအရာမှ၊ မည်သည့်လူစားမျိုးကို ငါအချစ်ဆုံးဖြစ်သည်၊ မည်သည့် လူစားမျိုးကို ငါဒုတိယ ချစ်သည်၊ မည်သည့်လူစားမျိုးကို ငါအမုန်တီးဆုံးဖြစ်ပြီး၊ မည်သည့်လူစားမျိုးကို ငါ စက်ဆုပ်ရွံရှာသည်တို့ကို ငါ၏ သားက နားလည်ရမည်။ မိမိကိုယ်ကိုယ်အပေါ် ဖိအား ပုံပေးမြဲ ပေးမနေနှင့်။ သင် ရှိသည့် မည်သည့် စိတ်သဘောထားမဆိုကို ငါက ကြိုတင်စီစဉ်ထားခဲ့ခြင်း ဖြစ်ပြီး၊ ငါ၏ ဘုရားစိတ်သဘောထား လက္ခဏာသွင်ပြင်တစ်ခုကို ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်သည်။ သင်တို့၏ ဒွိဟများကို စွန့်ပစ်လော့။ ငါသည် သင့်အပေါ် အမုန်းတရား သိုမထားပေ။ ဤအရာကို ငါ အဘယ်သို့ ပြောသင့်သနည်း။ သင်သည် နားမလည်သေးသလော။ သင်တို့သည် သင်၏ ကြောက်ရွံ့ခြင်းများဖြင့် ဘောင်ခတ်ခံရသေးသလော။ ငါသည် သန့်ရှင်းသူတို့၏ အခြေအနေကို ကောင်းကောင်း သိသည်ဟု ယခင်က ငါ ဆိုပြီးဖြစ်သည့်အတိုင်း၊ မည်သူ သစ္စာစောင့်သိသည်၊ မည်သူ စိတ်အားထက်သန်သည်၊ မည်သူ ရိုးသားသည်၊ မည်သူ လှည့်စားတတ်သည်ဆိုသည်ကို- ငါ လုံးဝ သိသည်။

ငါ၏ အမြင်တွင်၊ အရာရာသည် ပြီးမြောက်ကာ ထုတ်ဖော်ပြခံရပြီးဖြစ်သည် ကြာမြင့်ပြီဖြစ်၏ (ငါသည် လူတို့၏ အတွင်းကျကျ နှလုံးသားများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသော ဘုရားသခင်ဖြစ်၏။ ငါ၏ ရည်ရွယ်ချက်မှာ ငါ၏ သာမာန် လူ့သဘာဝ လက္ခဏာသွင်ပြင်အား သင်တို့ကို ပြသရန် သက်သက် ဖြစ်၏။) သို့သော်၊ သင်တို့၏ ရှုထောင့်အမြင်မှ၊ အရာအားလုံးသည် ဖုံးကွယ်ထားဆဲဖြစ်ကာ၊ မည်သည့်အရာမျှ မပြီးမြောက်သေးပေ။ ဤသည်မှာ သင်တို့သည် ငါ့အား မသိကြသည့် အချက်ကြောင့် လုံးဝ ဖြစ်သည်။ အားလုံးသည် ငါ၏လက်များတွင် ရှိ၏၊ အားလုံးသည် ငါ၏ခြေအောက်၌ရှိကာ၊ ငါ၏မျက်လုံးများသည် အရာခပ်သိမ်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေး၏၊ ငါ၏တရားစီရင်ခြင်းကို မည်သူ လွတ်မြောက်နိုင်မည်နည်း။ မသန့်ရှင်းသော သူများအားလုံး၊ ဖုံးကွယ်စရာ အမှုအရာများရှိသောသူများ၊ ငါ၏နောက်ကွယ်တွင် ဝေဖန်သောသူများ၊ ၎င်းတို့၏ နှလုံးသားများထဲတွင် ခုခံမှု သိုထားသောသူများ၊ စသည်ဖြင့်- ငါ၏ အမြင်ဖြင့် တန်ဖိုးမရှိဟု ငါ ယူဆသည့် ဤလူအားလုံးသည် ငါ့ရှေ့တွင် ဒူးထောက်ရမည်ဖြစ်ပြီး၊ မိမိတို့ကိုယ်ကိုယ် ရင်ဖွင့်ရမည်။ ဤအရာကို ကြားပြီးနောက်တွင်၊ အချို့သည် အနည်းငယ် လှုံ့ဆော်ခံရကောင်းလှုံ့ဆော်ခံရမည်ဖြစ်သော်လည်း၊ အခြားသော သူတို့သည် ဤအရာကို လေးနက်သည့် ကိစ္စရပ်တစ်ခုအဖြစ် သဘောထားလိမ့်မည် မဟုတ်ပေ။ သင်တို့အား ငါ သတိပေး၏။ ပညာရှိသော သူတို့သည် အလျင်အမြန် နောင်တရကြစေ။ အကယ်၍ သင်သည် လူမိုက်တစ်ဦးဖြစ်ပါက၊ စောင့်ဆိုင်း၍သာနေလော့။ အချိန်ကျရောက်သောအခါတွင်၊ ကပ်ဘေးခံစားရလိမ့်မည်သူမှာ မည်သူဖြစ်သည်ကိုသာ ကြည့်ပါလေ။

ကောင်းကင်သည် မူလကောင်းကင်ဖြစ်နေဆဲဖြစ်ကာ၊ ကမ္ဘာမြေသည်လည်း မူလကမ္ဘာမြေ ဖြစ်နေဆဲဖြစ်၏၊ သို့သော် ငါ၏အမြင်တွင်၊ နှစ်ခုလုံးသည် ပြောင်းလဲနှင့်ကြပြီဖြစ်ပြီး၊ တစ်ချိန်က ရှိခဲ့သည့် ကောင်းကင်နှင့် မြေကြီး မဟုတ်တော့ပေ။ ကောင်းကင်သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ သင် သိပါသလော။ ယနေ့၏ကောင်းကင်သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ အတိတ်၏ကောင်းကင်သည် အဘယ်အရာကို ရည်ညွှန်းခဲ့သနည်း။ ဤအရာအား သင်တို့ကို ငါ မိတ်သဟာယပြုပါရစေ- အတိတ်ကာလ၏ ကောင်းကင်သည် သင်တို့ယုံကြည်သော်လည်း မည်သူမျှ မမြင်ဖူးသည့် ဘုရားသခင်ကို ရည်ညွှန်းခဲ့ပြီး၊ သူသည် လူတို့က စစ်မှန်သော ရိုးသားမှုဖြင့် ယုံကြည်ခဲ့ကြသည့် (သူ့ကို ၎င်းတို့ မမြင်နိုင်သောကြောင့်) ဘုရားသခင် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ယနေ့၏ ကောင်းကင်မှာ ငါ၏သာမန် လူ့သဘာဝနှင့် ငါ၏ ပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးကို ရည်ညွှန်း၏။ ဆိုလိုသည်မှာ၊ ယင်းသည် ဤလက်တွေ့ကျသော ဘုရားသခင်ကိုယ်တိုင်ကို ရည်ညွှန်းပေသည်။ နှစ်ဦးလုံးသည် ဘုရားသခင်တစ်ပါးတည်း ဖြစ်၏၊ သို့ဆိုလျှင် ငါသည် အသစ်သော ကောင်းကင်ဖြစ်သည်ဟု အဘယ့်ကြောင့် ငါပြောဆိုသနည်း။ ဤအရာအားလုံးသည် လူသား၏အယူအဆများကို ဦးတည်ထား၏။ ယနေ့၏ ကမ္ဘာမြေသည် သင်တို့ တည်ရှိသောနေရာကို ရည်ညွှန်းသည်။ အတိတ်ကာလ၏ ကမ္ဘာမြေသည် သန့်ရှင်းသောနေရာ တစ်နေရာမျှမရှိခဲ့ပေ၊ ယနေ့ သင်တို့လည်ပတ်သော နေရာများကိုမူ သန့်ရှင်းသောနေရာအဖြစ် သီးခြားထားရှိပြီးဖြစ်သည်။ ဤသည်မှာ ကမ္ဘာသစ်တစ်ခုဖြစ်သည်ဟု ငါပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ဤနေရာရှိ “အသစ်” ဆိုသည်မှာ “သန့်ရှင်းသော”ဟု ဆိုလိုသည်။ အသစ်သော ကောင်းကင်နှင့် အသစ်သော ကမ္ဘာမြေကြီးသည် ယခု လုံးဝ ဖြစ်ပေါ်လာပြီဖြစ်သည်။ သင်တို့ ယခု နားလည်ကြပြီလော။ ငါသည် နက်နဲမှုအားလုံးကို စာမျက်နှာတစ်ခုပြီး နောက်တစ်ခု သင်တို့ထံ ထုတ်ဖော်ပြမည်။ မလောလေနှင့်၊ ပြီးလျှင် သာ၍ပင် ကြီးမားသည့် နက်နဲမှုများ သင်တို့ထံ ထုတ်ဖော်ပြမည် ဖြစ်သည်။

အရှေ့သို့- အခန်း ၇၇

နောက်တစ်ခုသို့- အခန်း ၇၉

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။