အခန်း ၇၉

မျက်ကန်း။ ပညာမဲ့။ တန်ဖိုးမဲ့သော အမှိုက်ပုံ။ သင်တို့သည် ငါ၏ စုံလင်သော ဘုရားသဘာဝမှ ငါ၏ပုံမှန် လူ့သဘောသဘာဝကို သီးခြားခွဲကြသည်။ ဤသည်မှာ ငါ့ကိုပြစ်မှားခြင်းဖြစ်ကြောင်း သင်တို့ မသိမြင်ကြသလော။ ထို့အပြင်၊ ယင်းမှာ ခွင့်လွှတ်ဖို့ခက်သော အရာတစ်ခု ဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်သည် သင်တို့အလယ် ယနေ့ကြွလာပြီ ဖြစ်သော်လည်း၊ သင်တို့သည် ငါ၏ ပုံမှန်လူ့သဘာဝဖြစ်သည့် ဘက်ကိုသာ သိရှိကြပြီး ငါ၏လုံးဝ ဘုရားသခင်ကဲ့သို့ဖြစ်သည့် ဘက်ကို သင်တို့ လုံးဝ မမြင်ဖူးကြသေး။ ငါ၏ နောက်ကွယ်တွင် ငါ့ကို လိမ်လည်လှည့်ဖြားရန် ကြိုးပမ်းသည့်သူကို ငါမသိဟု သင်ထင်သလော။ ငါသည် သင့်ကို ဝေဖန်နေခြင်း မဟုတ်။ သင်သည် မည်သည့်အဆင့်အထိ ရောက်နိုင်သည်ကို မြင်ရန်နှင့် နောက်ဆုံးတွင် သင် မည်သို့ အဆုံးသတ်မည်ကို မြင်ရန် ငါသည် စောင့်ကြည်ရုံမျှ စောင့်ကြည့်နေခြင်းသာ ဖြစ်၏။ ငါ၏နှုတ်ကပတ်တော်များကို ရာထောင်ချီ ပြောဆိုပြီး ဖြစ်သော်လည်း၊ သင်တို့သည် ကြီးစွာသော မကောင်းသည့် အရာများစွာတို့ကို ပြုခဲ့ကြလေပြီ။ အဘယ်ကြောင့် ငါ့ကို လိမ်လည်လှည့်ဖြားရန် ထပ်ကာတလဲ ကြိုးစားကြသနည်း။ သင်၏အသက် ဆုံးရှုံးမည်ကို သတိပြုလော့။ ငါ၏အမျက်ဒေါသကို အဆင့်တစ်ခုထိ ရောက်အောင် သင် နှိုးဆွပါက၊ ငါသည် သင့်ကို မည်သည့် သနားကရုဏာမျှ ပြသမည် မဟုတ်ဘဲ၊ သင်သည် နှင်ထုတ်ခံရလိမ့်မည် ဖြစ်သည်။ သင်သည် သစ္စာစောင့်သိခဲ့သည်ဖြစ်စေ၊ စိတ်အားထက်သန်ခဲ့သည်ဖြစ်စေ၊ မည်မျှ အလုပ်များခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ငါ့အတွက် မည်မျှ အသုံးခံခဲ့သည်ဖြစ်စေ သင်သည် ယခင်က မည်သို့ရှိခဲ့သည်ကို ငါ ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။ ငါသည် ဤအရာများကို လုံးဝ ကြည့်လိမ့်မည် မဟုတ်ပေ။ သင်သည် ငါ့ကို ယခု ရန်စလိုက်ရန်သာ လိုအပ်ပြီး၊ ငါသည် သင့်ကို အနက်ဆုံးသောတွင်းထဲသို့ ပစ်ချလိုက်မည်။ မည်သူသည် ငါ့ကို လိမ်လည်လှည့်ဖြားရန် ကြိုးပမ်းဝံ့သေးသနည်း။ ဤအရာကို သတိရလော့။ ယခုအချိန်မှစ၍၊ မည်သူနှင့်ပတ်သက်၍ ငါအမျက်ထွက်သည်ဖြစ်စေ ငါ အမျက်ထွက်သည့် အချိန်တိုင်း နောင်တွင် ပြဿနာ အလျင်းမရှိတော့စေရန်နှင့် သင့်ကို ငါ မမြင်ရတော့ဖို့အလို့ငှာ၊ ငါသည် သင့်ကို ချက်ချင်း သုတ်သင်ပစ်မည် ဖြစ်သည်။ သင်သည် ငါ့ကို အာခံလျှင် ငါသည် သင့်ကို မဆိုင်းမတွ ပြစ်တင်ဆုံးမမည်။ ဤအရာကို သင်တို့ စိတ်ထဲတွင် မှတ်ထားမည်လော။ သင်တို့ထဲမှ အသိဉာဏ်ထက်မြက်သောသူများသည် ချက်ချင်း နောင်တရကြသင့်သည်။

ယနေ့- ဆိုလိုသည်မှာ ယခု- ငါသည် အမျက်ထွက်လျက်ရှိသည်။ သင်တို့အားလုံးသည် ငါ့ကို သစ္စာစောင့်သိသင့်ပြီး သင်၏ဖြစ်တည်မှု အလုံးစုံကို ငါ့ထံ ဆက်ကပ်ပူဇော်သင့်သည်။ သင် နောက်ထပ် မနှောင့်နှေးရ။ ငါ၏နှုတ်ကပတ်တော်များကို သင် အရေးမစိုက်ပါက၊ ငါသည် ငါ၏လက်ကိုဆန့်ပြီး သင့်ကို ရိုက်ချမည်။ ဤသို့ လုပ်ဆောင်ရာတွင်၊ ငါ့ကို အားလုံး သိအောင် ငါလုပ်မည်။ ဤနေ့တွင် ငါသည် အယောက်တိုင်းပေါ် အမျက်ထွက်ကာ ဘုန်းအာနုဘော်ပြလျက်ရှိ၏ (ယင်းမှာ ငါ၏ တရားစီရင်မှုထက် သာ၍ပင် ပြင်းထန်သည်)။ ငါသည် မြောက်များလှစွာသော စကားတို့ကို ပြောဆိုပြီး ဖြစ်သော်လည်း၊ သင်တို့သည် လုံးဝတုန့်ပြန်ကြခြင်း မရှိပေ။ သင်တို့သည် အလွန် ထုံထိုင်းကြသလော။ သင်တို့ ထုံထိုင်းသည်ဟု ငါမထင်။ ဒုက္ခပေးနေသည်မှာ သင်တို့အတွင်းက အိုမင်းနေသော မကောင်းဆိုးဝါးကြီးဖြစ်သည်။ ဤအရာကို သင်တို့ရှင်းလင်းစွာ မြင်ကြသလော။ အခြေခံကျသော အပြောင်းအလဲ ပေါ်ပေါက်လာစေဖို့ အလျင်အမြန်ပြုကြလော့။ ယနေ့ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် ဤအဆင့်ထိ တိုးတက် ပြီးဖြစ်သည်။ ယင်းကို သင်တို့ မတွေ့မြင်ကြသလော။ ငါ၏နာမသည် တိုင်းနိုင်ငံအားလုံးနှင့် ဦးတည်ရာ အားလုံး၌ အိမ်တစ်အိမ်မှ တစ်အိမ်သို့ ပျံ့နှံ့လိမ့်မည်ဖြစ်ပြီး စကြဝဠာလောက တစ်ဝှမ်းလုံး လူကြီးများရော ကလေးများပါ ၎င်းတို့၏ နှုတ်များမှ ဟစ်အော်ကြလိမ့်မည်။ ဤသည်မှာ အကြွင်းမဲ့ သမ္မာတရားတစ်ရပ် ဖြစ်သည်။ ငါသည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည့်အပြင်၊ ငါသည် တစ်ဆူတည်းသော ဘုရားသခင်၏ ဇာတိအဖြစ်တော်လည်း ဖြစ်သည်။ ထို့ထက်ပင်ပို၍၊ ဇာတိပကတိ အလုံးစုံဖြစ်သော ငါသည် ဘုရားသခင်၏ စုံလင်သော သရုပ်သကန်ဖြစ်သည်။ ငါ့ကို မကြည်ညိုဘဲ နေဝံ့သူ၊ မိမိတို့၏ မျက်စိများတွင် ခုခံမှုကို ဖော်ပြဝံ့သူနှင့် ငါ့အား အာခံသော စကားများ ပြောဝံ့သောသူ မည်သူမဆိုတို့သည် ငါ၏ကျိန်ခြင်းများနှင့် အမျက်ကြောင့် ဧကန်မုချ သေကြရမည် (ငါ၏အမျက်ကြောင့် ကျိန်ခြင်း ရှိလိမ့်မည်)။ ထို့အပြင် ငါ့ကို သစ္စာမစောင့်သိဝံ့သူ သို့မဟုတ် ရင်းနှီးကျွမ်းဝင်ခြင်း မရှိဘဲ နေဝံ့သောသူ မည်သူမဆိုနှင့် ငါ့ကို လှည့်ဖြားရန် ကြိုးစားဝံ့သောသူ မည်သူမဆိုသည် ငါ၏ အမုန်းတရားကြောင့် ဧကန်အမှန် သေကြရမည်။ ငါ၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့သည် ထာဝရကာလပတ်လုံး တည်တံ့လိမ့်မည်။ ဦးစွာပထမ၊ ငါသည် ချစ်တတ်ပြီး သနားကရုဏာနှင့် ပြည့်သော်ငြားလည်း၊ ဤသည်မှာ ငါ၏ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ၏ စိတ်သဘောထား မဟုတ်ပေ။ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့သည် စုံလင်သော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည့် ငါ၏ စိတ်သဘောထားတွင် ဖွဲ့စည်းပါဝင်ရုံမျှ ဖြစ်သည်။ ကျေးဇူးတော်ခေတ်အတောအတွင်းတွင်၊ ငါသည် ချစ်တတ်ပြီး ကရုဏာတရား ပြည့်ဝသည်။ ငါပြီးစီးရမည့်အမှုကြောင့် ငါသည် မေတ္တာနှင့် သနားကရုဏာတို့ ပိုင်ဆိုင်ခဲ့သည်။ သို့သော်၊ နောက်ပိုင်းတွင် ထိုသို့သော အရာများ မလိုအပ်တော့ပေ (ထို့အပြင် ထိုအချိန်ကတည်းကစပြီး တစ်ခုမှ မရှိတော့ပေ)။ ယင်းသည် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းသာ ဖြစ်ပြီး၊ ဤသည်မှာ ငါ၏ စုံလင်သော ဘုရားသဘာဝနှင့် ယှဉ်တွဲရှိနေသော ငါ၏ ပုံမှန် လူ့သဘာဝ၏ စုံလင်သော စိတ်သဘောထား ဖြစ်သည်။

ငါ့ကို မသိသောသူတို့သည် အနက်ဆုံးသောတွင်းထဲတွင် ပျက်စီးကြရလိမ့်မည် ဖြစ်သော်လည်း၊ ငါ့အကြောင်းကို သေချာစွာ သိသောသူတို့မှာမူ ငါ၏ချစ်ခြင်းမေတ္တာအတွင်းတွင် စောင့်ရှောက်ခံရပြီး အကာအကွယ်ပေးခြင်း ခံရရန် ထာဝရ အသက်ရှင်ကြလိမ့်မည်။ ငါသည် စကားတစ်ခွန်းကို မိန့်မြွက်သည်နှင့်တစ်ပြိုင်နက်၊ ဤစကြဝဠာ တစ်ခုလုံးနှင့် ကမ္ဘာမြေအစွန်းတို့သည် တုန်လှုပ်ကြ၏။ မည်သူသည် ငါ၏နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး ကြောက်ရွံ့ခြင်းဖြင့် မတုန်လှုပ်ဘဲ နေနိုင်သနည်း။ မည်သူသည် ငါ့အပေါ် ကြည်ညိုမှု လျှံထွက်လာခြင်းအား ချုပ်တည်းထားနိုင်သနည်း။ ထို့အပြင် မည်သူသည် ငါ၏ လုပ်ဆောင်ချက်များမှ ငါ၏ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်ကို သိနိုင်စွမ်း မရှိသနည်း။ ပြီးလျှင် မည်သူသည် ငါ၏လုပ်ဆောင်ချက်များ အတွင်းရှိ ငါ၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို မမြင်နိုင်သနည်း။ သတိမမူသောသူ မည်သူမဆို ဧကန်မုချ သေဆုံးကြလိမ့်မည်။ ဤသည်မှာ ထိုသတိမမူသော သူတို့သည် ငါ့ကို ခုခံသောသူတို့နှင့် ငါ့ကို မသိသောသူများ ဖြစ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်းဖြစ်ပြီး အစွန်းရောက်၍ လုံးဝ ဂရုမစိုက်သော သူများဖြစ်သည်။ မိမိကိုယ်ကိုယ် ဆန်းစစ်ကြလော့။ အစွန်းရောက်၍ လုံးဝ ဂရုမစိုက်သောသူ၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသောသူ၊ စိတ်ကြီးဝင်သောသူနှင့် မာနထောင်လွှားသောသူ မည်သူမဆို ငါ၏မုန်းတီးခြင်းကို ဧကန်မုချ ခံရသည့်အရာဖြစ်ပြီး ပျက်စီးဆုံးရှုံးဖို့ သေချာပေသည်။

ငါသည် ယခု ငါ၏နိုင်ငံတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ကြေညာ၏- အရာခပ်သိမ်းသည် ငါ၏ တရားစီရင်ခြင်းအတွင်းတွင် ရှိသည်၊ အရာခပ်သိမ်းသည် ငါ၏ဖြောင့်မတ်ခြင်းအတွင်းတွင် ရှိသည်၊ အရာခပ်သိမ်းသည် ငါ၏ဘုန်းအာနုဘော်အတွင်းတွင် ရှိပြီး၊ ငါ၏ဖြောင့်မတ်ခြင်းတရားကို အားလုံးအပေါ် ငါလက်တွေ့လုပ်ဆောင်၏။ ငါ့ကိုယုံကြည်သည်ဟု ဆိုကြသော်လည်း၊ စိတ်ထဲတွင် ငါ့ကို ဆန့်ကျင်သောသူများ သို့မဟုတ် စိတ်နှလုံး၌ ငါ့ကိုစွန့်ပစ်သော သူတို့သည် နှင်ထုတ်ခံရလိမ့်မည် ဖြစ်သည်- သို့သော်လည်း ငါ့အတွက်အချိန်ကောင်း ကျရောက်ချိန်မှသာ ဖြစ်လိမ့်မည်။ ငါ့အကြောင်းကို လှောင်ပြောင် ပြောဆိုသူများသည် အခြားသူများ သတိမထားမိသော နည်းလမ်းဖြင့် လှောင်ပြောင်ပြောဆိုခြင်းဖြစ်သော်လည်း၊ ချက်ချင်းသေရလိမ့်မည် (သူတို့သည် စိတ်၊ ခန္ဓာနှင့် ဝိညာဉ်၌ သေဆုံးကြလိမ့်မည်)။ ငါချစ်ခင်သောသူတို့ကို ဖိနှိပ်သောသူ၊ သို့မဟုတ် တမင် အဖက်မလုပ်သော သူတို့သည် ငါ့အမျက်ဖြင့် ချက်ချင်း တရားစီရင်ခြင်းခံရလိမ့်မည်။ ဆိုလိုသည်မှာ ငါချစ်ခင်သောသူတို့ကို မနာလိုဝန်တိုသော လူများနှင့် ငါသည် ဖြောင့်မတ်ခြင်းမရှိဟု ထင်သောလူများသည် ငါချစ်ခင်သောသူတို့၏ တရားစီရင်ခြင်းခံရရန် လွှဲပြောင်းပေးအပ်ခြင်း ခံရလိမ့်မည်။ ကောင်းစွာ ပြုမူနေထိုင်သူ၊ ရိုးဖြောင့်ပြီး၊ ရိုးသားသူ (ဉာဏ်ပညာ ကင်းမဲ့သောသူများ အပါအဝင်) နှင့် ငါ့အား မြဲမြံသော ရိုးသားစစ်မှန်မှုဖြင့် ဆက်ဆံသောသူ အားလုံးသည် ငါ၏နိုင်ငံတော်တွင် ကျန်ရှိကြလိမ့်မည်။ လေ့ကျင့်ပေးခြင်းကို မဖြတ်သန်းရသေးသူများ၊ ဆိုလိုသည်မှာ ဉာဏ်ပညာနှင့် ထိုးထွင်းသိမြင်မှု ကင်းမဲ့သည့် ရိုးသားသူများသည် ငါ၏နိုင်ငံတော်တွင် တန်ခိုးအာဏာ ရှိကြလိမ့်မည်။ သို့ရာတွင်၊ ၎င်းတို့သည်လည်း ကိုင်တွယ်ဖြေရှင်းခြင်းခံရပြီး ကျိုးပဲ့ကြေမွကြရပြီး ဖြစ်သည်။ ၎င်းတို့ လေ့ကျင့်ပေးခြင်းကို မကြုံရသေးသည်မှာ မလွဲဧကန မဟုတ်ပေ။ ထို့ထက်၊ အယောက်တိုင်းကို ငါ၏အနန္တတန်ခိုးနှင့် ငါ၏ဉာဏ်ပညာအား ငါ ပြသမည်မှာ ဤအရာများမှတစ်ဆင့် ဖြစ်သည်။ ငါ့ကို သံသယရှိသေးသော သူအားလုံးကို ငါ မောင်းထုတ်မည်။ ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ငါအလိုမရှိ (ဤသို့သော အချိန်ကာလမျိုးတွင် ငါ့ကိုသံသယဖြစ်ဆဲရှိသော သူတို့ကို ငါမုန်းတီးသည်)။ ဤစကြဝဠာ တစ်ခုလုံးအနှံ့ ငါပြုသော လုပ်ဆောင်ချက်များအားဖြင့် ရိုးသားသောလူတို့ကို ငါ့ဆောင်ရွက်ချက်များ၏ အံ့သြဖွယ်ဖြစ်ခြင်းကို ငါပြသမည် ဖြစ်ပြီး၊ ထို့နောက်ချက်ချင်း ၎င်းတို့၏ ဉာဏ်ပညာ၊ ထိုးထွင်းသိမြင်မှုနှင့် ချင့်ချိန်နိုင်စွမ်းတို့ကို ကြီးထွားစေမည်။ လိမ်လည် လှည့်ဖြားသော လူတို့ကိုလည်း ငါ၏ အံ့သြဖွယ် လုပ်ဆောင်ချက်များ၏ အကျိုးဆက်အဖြစ် တစ်ခဏတွင်းတွင် ဖျက်ဆီး ခံရစေမည်။ ငါ၏နာမကို ရှေးဦးစွာလက်ခံသည့် သားဦးများအားလုံး (ဆိုလိုသည်မှာ သန့်ရှင်းပြီး၊ အပြစ်ကင်းကာ ရိုးသားသောသူများ) သည် နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းကို ဦးစွာပထမ ရရှိသောသူများ ဖြစ်လိမ့်မည်ဖြစ်ပြီး နိုင်ငံတော်ထဲတွင် ရှင်ဘုရင်များကဲ့သို့ စိုးစံကာ တိုင်းနိုင်ငံများအားလုံးနှင့် လူမျိုးများ အားလုံးတို့ကို တရားစီရင်လျက်၊ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံးကို ငါနှင့်အတူ အုပ်စိုးရလိမ့်မည်။ (ဤအရာက နိုင်ငံတော်ထဲက သားဦးများ အားလုံးကို ရည်ညွှန်းပြီး အခြားသူများကို မရည်ညွှန်းပေ)။ တိုင်းနိုင်ငံများအားလုံးနှင့် လူမျိုးများအားလုံး အလယ်ရှိ စီရင်ခြင်းခံရပြီး နောင်တရပြီးသော သူတို့သည် ငါ၏နိုင်ငံတော်ထဲ ဝင်ကြမည်ဖြစ်ပြီး ငါ၏လူမျိုး ဖြစ်လာကြလိမ့်မည် ဖြစ်သော်လည်း၊ ခေါင်းမာပြီး၊ နောင်တမရသောသူတို့သည် (ထာဝရပျက်စီးဆုံးရှုံးရန်) အနက်ဆုံးသော တွင်းထဲသို့ ပစ်ချခြင်းခံရလိမ့်မည်။ နိုင်ငံတော်ထဲက တရားစီရင်ခြင်းသည် နောက်ဆုံးတရားစီရင်ခြင်း ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းသည် လောကကြီးအား ငါ၏ အကုန်အစင် ဆေးကြောခြင်း ဖြစ်လိမ့်မည်။ ထိုနောက်တွင် မတရားမှု၊ ဝမ်းနည်းခြင်း၊ မျက်ရည်များ၊ သို့မဟုတ် သက်ပြင်းချရခြင်းများ ရှိတော့မည် မဟုတ်ဘဲ၊ ထို့ထက်ပင်ပို၍ ကမ္ဘာလောကလည်း ရှိတော့မည်မဟုတ်ပေ။ အရာရာသည် ခရစ်တော်၏ သရုပ်သကန် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အရာခပ်သိမ်းသည် ခရစ်တော်၏နိုင်ငံတော် ဖြစ်လိမ့်မည်။ ဘုန်းအသရေ ရှိလှတကား။ ဘုန်းအသရေ ရှိလှတကား။

အရှေ့သို့- အခန်း ၇၈

နောက်တစ်ခုသို့- အခန်း ၈၀

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။