အခန်း ၈၀

အကြင်သူတစ်ဦးသည် အသိဉာဏ်ပွင့်လင်းပြီး အလင်းရရှိရန်အလို့ငှာ အရာခပ်သိမ်းတို့တွင် ငါနှင့် အစစ်အမှန် ပြောဆိုဆွေးနွေးမှု လိုအပ်သည်။ ဤအရာမှ တစ်ဆင့်သာလျှင် ဝိညာဉ်သည် ငြိမ်သက်ခြင်း ရှိနိုင်ပေသည်။ သို့မဟုတ်ပါက ဝိညဥ်သည် ငြိမ်သက်ခြင်းရှိလိမ့်မည်မဟုတ်။ ယခု သင်တို့အကြားရှိ အပြင်းထန်ဆုံးသော နာမကျန်းမှုသည် ငါ၏ သာမန်လူ့သဘာဝကို ငါ၏စုံလင်ပြည့်ဝသော ဘုရားသဘောသဘာဝမှ သီးခြားခွဲထုတ်နေသည်။ ထို့အပြင် သင်တို့သည် ငါ့ထံတွင် စုံလင်ပြည့်ဝသော ဘုရားသဘောသဘာဝလည်း ရှိနေသည်ကို တစ်ခါမျှ မသိဖူးသည့်အလား သင်တို့အများစုက ငါ၏သာမန်လူ့သဘာဝကို အသားပေးကြသည်။ ဤသည်မှာ ငါ့ကို ကျူးလွန်ပြစ်မှားခြင်း ဖြစ်၏။ ၎င်းကို သင်တို့ သိကြသလော။ သင်တို့၏ နာမကျန်းမှုသည် ပြင်းထန်လွန်းလှသဖြင့် အကယ်၍ သင်တို့ အလျင်အမြန် ပြန်မကောင်းလျှင် သင်တို့သည် ငါ့လက်ဖြင့် အဆုံးစီရင်ခြင်း ခံကြရပေလိမ့်မည်။ သင်တို့သည် ငါ့ရှေ့တွင် နည်းလမ်းတစ်မျိုး ပြုမူကြပြီး (နှိမ့်ချပြီး သည်းခံသည့် ဂုဏ်သရေရှိပုဂ္ဂိုလ်တစ်ဦး ပုံပေါ်နေပြီး) ငါ့နောက်ကွယ်တွင်မူ သင်တို့သည် လုံးဝခြားနားစွာ ပြုမူကြသည် (လုံးလုံးလျားလျား ကြောင်သူတော်ဖြစ်ပြီး အသောက်အစား အပျော်အပါး၌ မွေ့လျော်ကာ အထိန်းအကွပ်မရှိသူ၊ လုပ်ချင်သည့် အရာမှန်သမျှကို လုပ်ကာ သင်းကွဲအုပ်စုဖွဲ့ခြင်း၊ သီးခြားနိုင်ငံတော်များ ထူထောင်ခြင်း၊ ငါ့ကိုသစ္စာဖောက်လိုခြင်း) သင်သည် အကန်းပင် ဖြစ်တော့သည်တကား။ စာတန်၏ လှည့်ဖြားခံထားရသော သင်၏မျက်စိတို့ကို ဖွင့်လော့။ ငါသည် အမှန်တကယ် မည်သူဖြစ်သည်ကို ကြည့်ရှုလော့။ သင်တို့၌ အရှက်မရှိကြပါတကား။ ငါ၏လုပ်ဆောင်ချက်တို့သည် အံ့သြဖွယ်ဖြစ်ကြောင်း သင်တို့မသိကြပါတကား။ ငါ၏ အနန္တတန်ခိုးကို သင်တို့မသိကြလေတကား။ ကယ်တင်ခြင်း မခံရသေးလင့်ကစား ခရစ်တော်အတွက် အစေခံသည်ဟု မည်သူ့ကို ဆိုနိုင်သနည်း။ သင်သည် မည်သည့်အခန်းကဏ္ဍ၌ ပါဝင်ကပြနေသည်ကို သင်မသိပါတကား။ သင်သည် သင်၏ ခင်မင်နှစ်လိုဖွယ်ဖြစ်မှုကို ဝါကြွားပြစားလျက် ငါ၏မျက်မှောက်သို့ အယောင်ဆောင်ပြီး အမှန်တကယ် ရောက်လာ၏၊ သင်သည် ဆိုးညစ်စုတ်ပြတ်လှလေစွ။ သင့်ကို ငါ့အိမ်ထဲမှ ငါကန်ထုတ်မည်။ ဤသို့သော လူစားမျိုးကို ငါအသုံးမပြု။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့ကို ကြိုတင်ခွဲခန့်ခြင်း သို့မဟုတ် ရွေးချယ်ခြင်း မပြုခဲ့သောကြောင့်ဖြစ်သည်။

ငါပြောသည့်အတိုင်း ငါလုပ်ဆောင်သည်။ မကောင်းမှုပြုသူများသည် ကြောက်ရွံ့ခြင်းမရှိရ။ ငါသည် အဘယ်သူ တစ်ဦးတစ်ယောက်ကိုမျှ မတရားသဖြင့်မပြု။ ငါ၏ဖြောင့်မတ်ခြင်းနှင့်အညီ အမှုအရာတို့ကို ငါဆောင်ရွက်ပြီး ငါ၏အစီအစဉ်အတိုင်း အစဉ်အမြဲ ငါလုပ်ဆောင်သည်။ မကောင်းမှုပြုသူများသည် ဖန်ဆင်းခြင်းအချိန် ကာလကတည်းကပင် စာတန်၏သားမြေးများ ဖြစ်ကြသောကြောင့် ငါသည်သူတို့ကို မရွေးချယ်ခဲ့ပေ။ “တောင်များနှင့် မြစ်များသည် ရွေ့နိုင်၊ ပြောင်းလဲနိုင်သော်လည်း တစ်စုံတစ်ဦး၏ သဘာဝမှာမူ ပြောင်းလဲရိုးမရှိ” ဟူသော စကားပုံက ၎င်းကို ဆိုလိုသည်။ လူသားတို့ နားမလည်နိုင်သော ကိစ္စရပ်များနှင့်ပတ်သက်ပြီး အရာခပ်သိမ်းတို့ကို ရှင်းလင်းစေခဲ့ပြီးဖြစ်လျက် မည်သည့်အရာကမှ ငါ့အဖို့ ဖုံးကွယ်လျက်မရှိ။ သင်သည် တစ်စုံတစ်ခုကို လူအနည်းငယ်၏ မျက်လုံးများမှ ဖုံးကွယ်ထားကောင်း ဖုံးကွယ်ထားနိုင်ပြီး အတော်နည်းသော လူတို့၏ ယုံကြည်ကိုးစားမှုကိုပင် ရရှိနိုင်သော်လည်း ငါနှင့်ဆိုလျှင် ၎င်းသည် မလွယ်ကူလှ။ နောက်ဆုံးတွင် သင်သည် ငါ၏တရားစီရင်ခြင်းမှ ပြေးမလွတ်နိုင်ပေ။ လူသားမျိုးနွယ်၏ အမြင်သည် အကန့်အသတ်ရှိပြီး လက်ရှိအခြေအနေ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုကို နားလည်နိုင်သော သူများပင်လျှင် အရည်အချင်းအချို့ရှိသူဟူ၍ သတ်မှတ်ခြင်းခံရသည်။ ငါ့အဖို့ အရာခပ်သိမ်းသည် ချောမွေ့စွာ ရှေ့ဆက်ကြပြီး ငါ၏လမ်းကြောင်းတွင် မည်သည့်အရာကမှ ဟန့်တားနှောင့်ယှက်ခြင်း စိုးစဉ်းမရှိ။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးသည် ငါ၏ ထိန်းချုပ်မှုနှင့် အစီအစဥ်အောက်တွင် ရှိနေသောကြောင့်ဖြစ်သည်။ ငါ့ထိန်းချုပ်မှုထံ မကျိုးနွံ၊ မနာခံဘဲ မည်သူ နေဝံ့မည်နည်း။ ငါ့စီမံခန့်ခွဲမှုကို မည်သူ နှောင့်ယှက်ဝံ့မည်နည်း။ ငါ့အပေါ် သစ္စာမစောင့်ဘဲ သို့မဟုတ် သးသမီးဝတ္တရား မကျေဘဲ မည်သူနေဝံ့မည်နည်း။ မမှန်ကန်သောအရာ တစ်စုံတစ်ခုကို ငါ့အားပြောဝံ့သောသူ၊ မုသားစကား တစ်ပုံတစ်ခေါင်းကို ငါ့အားပြောဝံ့သောသူ မည်သူနည်း။ ထိုသူတစ်ဦးတစ်ယောက်မျှ ငါ၏ အမျက်ဒေါသနှင့်ပြည့်သော လက်မှ ပြေးလွတ်လိမ့်မည်မဟုတ်။ အကယ်၍ သင်သည် ယခုအခါ အရှုံးပေးပြီး ပြစ်တင်ဆုံးမခြင်းကို ခံယူရန်နှင့် အနက်ဆုံးသောတွင်းထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိလျှင်ပင် ငါသည်သင့်ကို အလွယ်တကူ လွှတ်ပေးလိမ့်ဦးမည်မဟုတ်။ ငါ၏ အမျက်ဒေါသနှင့်ပြည့်သော အပြစ်ဒဏ်ပေးခြင်း (အဆုံးအစွန် မုန်းတီးခြင်း)ကို သင်တစ်ဖန် ပြန်ခံရစေရန်အလို့ငှာ ငါသည်သင့်ကို အနက်ဆုံးသောတွင်းထဲမှ ပြန်ဆယ်ရမည်။ သင်ထွက်ပြေးနိုင်သော နေရာတစ်စုံတစ်ရာ ရှိသလော။ ငါအမုန်းဆုံးသောအရာမှာ ငါ၏သာမန်လူ့သဘာဝကို ငါ၏ စုံလင်ပြည့်ဝသော ဘုရားသဘောသဘာဝမှ လူများက သီးခြားခွဲထုတ်ပစ်သောအခါတွင် ဖြစ်သည်။

ငါ့ကို သစ္စာစောင့်သိသူတို့သည် ကောင်းချီးပေးခံကြရသူများ ဖြစ်ကြ၏။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား စိတ်နှလုံးကို အနီးကပ် စစ်ဆေးတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်အဖြစ် ငါ့ကိုအမှန်တကယ် အသိအမှတ်ပြုသူတို့သည် ကောင်းချီးပေးခံကြရသူများ ဖြစ်ကြ၏။ ငါ၏နိုင်ငံတော်တွင် ကောင်းသော ကောင်းချီးမင်္ဂလာများကို အစဉ်အမြဲခံစားခွင့်အား သင့်ကိုငါပေးလျက် သင်၏ ကောင်းချီးမင်္ဂလာများကို ဧကန်အမှန် ငါတိုးပွားစေမည်။ ဤသည်မှာ စာတန်ကိုအရှက်ရစေမည့် အထိရောက်ဆုံး နည်းလမ်းလည်းဖြစ်သည်။ သို့ရာတွင် စိတ်မရှည်လွန်းခြင်း သို့မဟုတ် စိတ်ပူပန်လွန်းခြင်း မရှိစေနှင့်။ အရာခပ်သိမ်းအတွက် ငါသတ်မှတ်ထားသော အချိန်ရှိသည်။ ငါကြိုတင်ခွဲခန့် မှတ်သားသောအချိန် မရောက်သေးပါက တစ်စက္ကန့်မျှ စောနေခြင်း ဖြစ်လျှင်ပင် ငါလှုပ်ရှားလိမ့်မည်မဟုတ်။ ငါသည် စည်းချက်တစ်ခုအလိုက် အတိအကျ လှုပ်ရှားဆောင်ရွက်ပြီး အကြောင်းမဲ့ လုပ်ဆောင်ခြင်းမရှိ။ လူသား ရှုထောင့်အမြင်တွင် ငါသည် စိုးရိမ်ပူပန်ခြင်း၏ လိုက်လံနှောင့်ယှက်ခြင်းကို လုံးဝမခံရဘဲ ငါသည် ထိုက်ရှန့်တောင်ကဲ့သို့ မြဲမြံ၏။ သို့သော် ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်ကို သင်မသိသလော။ စိတ်မရှည်လွန်းခြင်း မရှိစေနှင့်။ အရာအားလုံးသည် ငါ၏လက်များထဲတွင်ရှိသည်။ အရာခပ်သိမ်းတို့ကို ရှေးယခင်ကတည်းက ပြင်ဆင်ထားနှင့်ပြီးဖြစ်၍ သူတို့သည် ငါ့အတွက်အစေခံရန် မစောင့်နိုင်တော့ချေ။ ပြင်ပမှကြည့်လျှင် စကြဝဠာတစ်ခုလုံးသည် ကစဥ့်ကလျားဖြစ်နေသည်ဟု ထင်ရသော်လည်း ငါ၏အမြင်ရှုထောင့်တွင်မူ အားလုံးသည် အစီအစဉ်တကျရှိ၏။ သင်တို့အတွက် ငါပြင်ဆင်သောအရာသည် သင်တို့မွေ့လျော်ခံစားဖို့အတွက်သာဖြစ်သည်။ ဤသည်ကို သင်တို့ သဘောမပေါက်သလော။ ငါ၏စီမံခန့်ခွဲမှုတွင် သင်တို့ကိုယ်သင်တို့ ကြားဖြတ်ဝင်ခြင်း မပြုကြနှင့်။ ငါ၏လုပ်ဆောင်ချက်တို့မှတစ်ဆင့် ငါ၏ အနန္တတန်ခိုးနှင့်ပြည့်စုံမှုကို လူမျိုးအားလုံးနှင့် နိုင်ငံအားလုံးတို့က မြင်တွေ့ရန် ငါအခွင့်ပေးမည်။ ငါ၏ အံ့သြဖွယ်အမှုများအတွက် ငါ၏ သန့်ရှင်းသော နာမတော်ကို ကေင်းချီးပေးပြီး ချီးမွမ်းကြရန် သူတို့ကို ငါအခွင့်ပေးမည်။ အကြောင်းမူကား အကြောင်းရင်းမရှိဘဲ အဘယ်အမှုကိုမှ ငါမပြုဟု ဆိုခဲ့သည့်အတိုင်း အရာခပ်သိမ်းတို့သည် ငါ၏ဉာဏ်ပညာနှင့် ငါ၏တန်ခိုး၊ ငါ၏ဖြောင့်မတ်ခြင်း၊ ငါ၏ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသကဲ့သို့ ငါ၏ အမျက်ဒေါသနှင့် ပို၍ပင် ပြည့်ဝသည်။

ငါ့နှုတ်ကပတ်တော်တို့ကို ကြားနာရသည်နှင့် ချက်ချင်းနိုးထသောသူတို့သည် ငါ၏ကောင်းချီးများကို ဧကန်အမှန် လက်ခံရလိမ့်မည်ဖြစ်ကာ ငါ၏အကာအကွယ်နှင့် စောင့်ရှောက်မှုကို ဧကန်အမှန်လက်ခံရလိမ့်မည်။ သူတို့သည် ပြစ်တင်ဆုံးမခြင်း၏ ဝေဒနာကို ခံစားရလိမ့်မည် မဟုတ်ဘဲ ယင်းအစား မိသားစု၏ ပျော်ရွှင်မှုကို သူတို့မွေ့လျော်ရလိမ့်မည်။ ဤသည်ကို သင်သိသလော။ ဒုက္ခဝေဒနာ ခံစားရခြင်းသည် ထာဝရဖြစ်ပြီး ဝမ်းမြောက်ခြင်းက ထိုထက်ပင် ပို၍ထာဝရဖြစ်၏။ ယခုမှစတင်ပြီး နှစ်မျိုးစလုံးကို သူတို့ တွေ့ကြုံခံစားရလိမ့်မည်။ သင်သည် ဝေဒနာခံစားရသလော သို့မဟုတ် ဝမ်းမြောက်သလော ဆိုသည်မှာ သင်၏အပြစ်ကို သင်အသိအမှတ်ပြုသည့်အခါ မည်သည့် စိတ်ထားမျိုး သင်ထားသနည်း ဟူသည့်အပေါ် မူတည်သည်။ သင်သည် ငါ၏ ကြိုတင်ခွဲခန့်မှတ်သားထားသောသူနှင့် ရွေးချယ်ထားသောသူ ဖြစ်သည်၊ မဖြစ်သည်ကို သင်တို့ပြောခဲ့သည့်အပေါ် မူတည်ပြီး သေချာစေရမည်။ သင်သည် လူတို့ကို အရူးလုပ်နိုင်သော်လည်း ငါ့ကို သင်အရူးမလုပ်နိုင်။ ငါက ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးချယ်ခြင်း ခံကြရသူများသည် ယခုမှစပြီး ကြီးမားစွာ ကောင်းချီးပေး ခံရကြလိမ့်မည်။ ငါက ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးချယ်ခြင်း မခံရသူတို့ကိုကား ယခုမှစပြီး ငါသည် ပြင်းထန်စွာ ပြစ်တင်ဆုံးမမည်။ ဤသည်မှာ သင်တို့အတွက် ငါ၏ သက်သေအထောက်အထား ဖြစ်လိမ့်မည်။ ယခု ကောင်းချီးမင်္ဂလာ ခံရသောသူတို့သည် ငါ၏ချစ်ရသောသူများ ဖြစ်သည်မှာ ယုံမှားဖွယ်ရာမရှိဘဲ ပြစ်တင်ဆုံးမခြင်း ခံရသူများသည် ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့် ရွေးချယ်ခြင်း မခံရသူများဖြစ်ကြောင်း ပြောနေရန်ပင်မလိုပေ။ ၎င်းကို သင် ရှင်းရှင်းလင်းလင်း သိသင့်သည်။ တစ်နည်းအားဖြင့် အကယ်၍ ယခုတွင် သင်ရရှိသောအရာက ငါ၏ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရရန်ဖြစ်လျှင်၊ အကယ်၍ သင်သည် ငါ၏ပြင်းထန်သော တရားစီရင်ချက် နှုတ်ကပတ်တော်များကို လက်ခံရရှိလျှင် သင်သည် ငါ့နှလုံးသားထဲတွင် မုန်းတီးခြင်းနှင့် စက်ဆုပ်ခြင်းခံရသူဖြစ်ပြီး သင်သည် ငါက ဘေးသို့ဖယ်ပစ်သောသူများအနက် တစ်ဦး ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် ငါ၏အားပေးနှစ်သိမ့်မှုနှင့် အသက်တာအတွက် ငါ၏အထောက်အပံ့ကို လက်ခံရရှိပါက သင်သည် ငါ၏ပိုင်ဆိုင်မှုထဲတွင်ရှိပြီး သင်သည် ငါချစ်ခင်နှစ်သက်ရသူများအနက် တစ်ဦးဖြစ်သည်။ ဤသည်ကို ငါ၏အပြင်ပန်းသဏ္ဌာန်အပေါ် အခြေခံပြီး သင် မဆုံးဖြတ်နိုင်ပါ။ ၎င်းအပေါ် သင်အမျက်ထွက်ခြင်း မရှိနှင့်။

ငါ၏ နှုတ်ကပတ်တော်တို့သည် လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ ပကတိအခြေအနေကို ပြောကြားသည်။ ငါသည် ကြုံရာကျပန်း အကြောင်းအရာများကိုသာ ဆက်ပြောနေသည် သို့မဟုတ် ငါပြောချင်စိတ်ပေါက်သည်များကိုသာ ပြောနေသည်ဟု သင်တို့ ယုံကြည်ကြသလော။ လုံးဝမဟုတ်ပေ။ ငါ၏နှုတ်ကပတ်တော် တစ်ခွန်းစီတိုင်းတွင် ငါ၏ဉာဏ်ပညာကို ဝှက်ထားသည်။ ငါ့နှုတ်ကပတ်တော်တို့ကို သမ္မာတရားဟုသာ သင်တို့ သတ်မှတ်သင့်သည်။ မှန်သောလမ်းခရီးကို ရှာဖွေနေသည့် တစ်ပါးအမျိုးသားတို့သည် တိုတောင်းသော အချိန်ကာလတစ်ခု အတွင်းတွင် ဝင်ရောက်လာကြလိမ့်မည်။ ထိုအရာ ဖြစ်ပေါ်လာသောအခါ သင်တို့သည် အံ့သြဆွံ့အသွားကြမည် ဖြစ်ပြီး အရာခပ်သိမ်းတို့သည် ခဲယဉ်းခြင်းအလျဥ်းမရှိဘဲ ပြီးမြောက်လိမ့်မည်။ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်ကို သင်တို့မသိကြသလော။ ငါ၏ ဤနှုတ်ကပတ်တော်တို့ကို ကြားနာခြင်းဖြင့် သင်တို့သည် တည်ကြည်မြဲမြံစွာ ယုံကြည်ကြသည် မဟုတ်သလော။ ငါသည် အမှားပြုလုပ်ရန်ဝေးစွ၊ စကားကိုပင် မှားပြောမိခြင်းမရှိသည်ကို သင်တို့သိကြသလော။ ထို့ကြောင့် ထိုသူတို့ကို ဦးဆောင်ရန်နှင့် ထိန်းကျောင်းရန် အလို့ငှာ သင်တို့အနေဖြင့် ငါ၏ လေ့ကျင့်ပေးမှုကို လျင်မြန်စွာ လက်ခံရန် ငါထပ်ခါထပ်ခါ အလေးပေး ပြောဆိုနေခြင်းဖြစ်၏။ ဤသည်ကို သင်တို့သိကြသလော။ သင်တို့မှတစ်ဆင့် ငါသည် သူတို့ကို စုံလင်အောင်ပြုလုပ်မည်။ ပို၍ အရေးကြီးသည်မှာ သင်တို့မှတစ်ဆင့် ငါ၏ ကြီးမားလှသော နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ထင်ရှားပြမည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ်က အထင်မြင်သေးသူတို့ အကြားတွင် ငါ့ကိုထင်ရှားစေရန်၊ ငါ့နာမကိုဘုန်းထင်ရှားစေရန်၊ ငါ့အဖို့ အရာခပ်သိမ်းကို တာဝန်ယူရန်၊ ငါနှင့်အတူ ရှင်ဘုရင်များကဲ့သို့ စိုးစံရန် လူတစ်စုကို ငါရွေးချယ်ထားပြီ။ ထိုကြောင့် သင်တို့ကို ငါ ယခုလေ့ကျင့်ပေးနေခြင်းသည် လောက၏ အကြီးကျယ်ဆုံးသော စီမံခန့်ခွဲမှုဖြစ်သည်။ ဤသည်မှာ လူသားတို့က ထမ်းဆောင်နိုင်ခြင်းမရှိသည့် အံ့သြဖွယ်ရာ အမှုတစ်ခုဖြစ်သည်။ သင်တို့ကို စုံလင်စေခြင်းဟူသော နည်းလမ်းအားဖြင့် ငါသည် စာတန်ကို ကန့်နှင့်ရောနှောသော မီးအိုင်အတွင်းသို့ လည်းကောင်း၊ အနက်ဆုံးသောတွင်းထဲသို့ လည်းကောင်း ပစ်ချပြီး၊ အဆင်းနီသောနဂါးကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှ တစ်ဖန်ပြန်၍ နိုးထခြင်း မရှိနိုင်ရန် ၄င်း၏သေခြင်းသို့ အပြီးအပိုင် ချပစ်မည်။ သို့ဖြစ်၍ အနက်ဆုံးသောတွင်းထဲသို့ ပစ်ချခံရသူများ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ သားမြေးများ ဖြစ်ကြသည်။ ငါသည် သူတို့ကို အဆုံးအစွန်အဆင့်အထိ မုန်းတီးသည်။ ငါပြုခဲ့သည့် ဤအရာကို သင်တို့ မမြင်နိုင်သလော။ သစ္စာမရှိသူများအားလုံး၊ ကောက်ကျစ်မှုနှင့် လှည့်ဖြားမှုတို့ကို သုံးသောသူများ အားလုံးတို့ကို ဖော်ထုတ်လိုက်ပြီးဖြစ်သည်။ မာနထောင်လွှားသူ၊ မောက်မာသူ၊ မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ယူမှတ်သူ၊ ရိုင်းစိုင်းသူတို့သည် ကောင်းကင်တမန်မင်း၏ သားမြေးများဖြစ်ကြပြီး သူတို့သည် စာတန်စင်စစ်များ ဖြစ်ကြသဖြင့် သူတို့အားလုံးသည် ငါ၏ မပြေနိုင်သော ရန်သူများ၊ ငါ၏ ရန်ဘက်များဖြစ်ကြသည်။ ငါ့နှလုံးသားအတွင်းမှ မုန်းတီးမှုကို ငြှိမ်းသတ်ရန်အလို့ငှာ သူတို့ကို တစ်ဦးပြီးတစ်ဦး ငါအပြစ်ပေးရမည်။ ဤသည်ကို ငါသည် တစ်ခုပြီးတစ်ခု အလှည့်ကျ ဖြေရှင်းလျက် အမျိုးအမည် တစ်ခုပြီးတစ်ခု လုပ်ဆောင်မည်။

ယခုတွင် ကန့်နှင့်ရောနှောသော မီးအိုင်နှင့် အနက်ဆုံးသော တွင်းနက်ကြီးမှာ အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်ကူးထဲတွင် ကန့်နှင့်ရောနှောသော မီးအိုင်ဆိုသည်မှာ ရုပ်ဝတ္ထုတစ်ခုဖြစ်၏။ သို့သော် ၄င်းသည် လွန်စွာမှားယွင်းသော ဖွင့်ဆိုချက်တစ်ခု ဖြစ်သည်ကို လူသားတို့မသိရှိကြဘဲ လူသားတို့၏ စိတ်ထဲတွင် ၄င်းက တိကျသော နေရာတစ်ခု ယူထားဆဲဖြစ်သည်။ ကန့်နှင့်ရောနှောသော မီးအိုင်ဆိုသည်မှာ လူသားမျိုးနွယ်အပေါ် ပြစ်တင်ဆုံးမခြင်းကို စီရင်ချမှတ်သည့် ငါ၏လက်ပင်ဖြစ်သည်။ ကန့်နှင့်ရောနှောသော မီးအိုင်အတွင်းသို့ ပစ်ချခံရသူ မည်သူမဆိုသည် ငါ၏လက်ဖြင့် ရှင်းပစ်ခြင်းခံရသူဖြစ်သည်။ ထိုသူတို့၏ ဝိညာဉ်၊ စိတ်နှင့် ခန္ဓာတို့သည် ထာဝရ ဝေဒနာ ခံစားနေကြရမည် ဖြစ်သည်။ အရာခပ်သိမ်းတို့သည် ငါ၏လက်များထဲတွင် ရှိသည်ဟု ငါမိန့်ဆိုချိန်တွင် ငါ့နှုတ်ကပတ်တော်များ၏ မှန်ကန်သောအဓိပ္ပာယ်မှာ ဤအရာဖြစ်သည်။ သို့တပြီးကား အနက်ဆုံးသောတွင်းဟူသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ လူသားတို့သည် ၎င်းကို အဆုံးမရှိသော၊ ဉာဏ်မမီနိုင်အောင် နက်ရှိုင်းသော ကြီးမားသည့် တွင်းနက်ကြီးတစ်ခုအဖြစ် စိတ်ကူးထဲတွင် ရုပ်လုံးဖော်ကြသည်။ အမှန်တကယ် အနက်ဆုံးသောတွင်း ဆိုသည်မှာ စာတန်၏ လွှမ်းမိုးမှုဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် စာတန်၏ လက်များထဲသို့ ကျရောက်သွားပါက ထိုသူသည် အနက်ဆုံးသောတွင်းထဲတွင် ရှိနေခြင်းဖြစ်သည်။ အကယ်၍ သူတို့တွင် အတောင်ပံများ ပေါက်လာသည့်တိုင် ထိုအထဲမှ သူတို့ ပျံသန်းထွက်မလာနိုင်ပါ။ သို့ဖြစ်သောကြောင့် ၄င်းကို အနက်ဆုံးသောတွင်း ဟုခေါ်သည်။ ထိုလူများအားလုံးသည် ထာဝရကာလ ပြစ်တင်ဆုံးမခြင်းကို ခံစားကြရမည်။ ဤသည်မှာ ၎င်းကို ငါစီစဥ်ပြီးသော နည်းလမ်းဖြစ်၏။

အရှေ့သို့- အခန်း ၇၉

နောက်တစ်ခုသို့- အခန်း ၈၁

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။