အခန်း ၈၁

ဤကာလဟောင်းသည် ဆိုးယုတ်၍ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့ လှပေတကား။ ငါသည် သင့်ကို ဝါးမျိုလိမ့်မည်။ ဇိအုန်တောင်။ ငါ့ကို ကြိုဆိုနှုတ်ဆက်ဖို့ရန် ထလော့။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ် ပြီးမြောက်ခြင်းအတွက်၊ ငါ၏ကြီးမြတ်သောအမှုတော် အောင်မြင်စွာ ပြီးမြောက်ခြင်းအတွက်၊ အဘယ်သူသည်ထ၍ ချီးမြှောက်ခြင်း မပြုဝံ့သနည်း။ အဘယ်သူသည် ပျော်ရွှင်မှုဖြင့်ထလျက်၊ အတောမသတ် ခုန်ပေါက်ခြင်းမပြုဘဲ နေဝံ့သနည်း။ ၎င်းတို့သည် ငါ၏လက်တော်၌ ၎င်းတို့၏သေခြင်းကို တွေ့ကြုံရလိမ့်မည်။ သနားကရုဏာ သို့မဟုတ် မေတ္တာကျေးဇူးတော် အနည်းငယ်မျှ မရှိဘဲ၊ ငါ၏ ဖြောင့်မတ်ခြင်းကို လူတိုင်းအပေါ်တွင် လုပ်ဆောင်သည်၊ ထိုသို့လုပ်ဆောင်ရာတွင်လည်း လုံးဝ ဘက်မလိုက်ခြင်းဖြင့် လုပ်ဆောင်သည်။ လူအပေါင်းတို့၊ ငါ့ကို ချီးမွမ်းရန် ထလျက်၊ ငါ၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အလုံးစုံသော မဆုံးမရှိသည့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက် ငါ့ကြောင့် တည်ရှိပြီး၊ ငါ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အဘယ်သူသည် သူ့အတွက်သူ ဘုန်းတော်ကို ယူဝံ့သနည်း။ အဘယ်သူသည် ငါ၏ဘုန်းတော်ကို ရုပ်ဝတ္ထုပစ္စည်းကဲ့သို့ သဘောထားဝံ့သနည်း။ ၎င်းတို့သည် ငါ၏ လက်တော်ဖြင့် ကွပ်မျက်ခြင်းကို ခံရလိမ့်မည်။ အို၊ ရက်စက်ကြမ်းကြုတ်သောလူသားများ၊ ငါသည် သင်တို့ကို ဖန်ဆင်းခဲ့ပြီး၊ သင်တို့အဖို့ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ကာ ငါသည် သင်တို့ကို ယနေ့တိုင်အောင် ဦးဆောင်ခဲ့သော်လည်း၊ သင်တို့သည် ငါ့အကြောင်းကို အနည်းငယ်မျှပင် မသိဘဲ၊ ငါ့ကို လုံးဝ ချစ်မြတ်နိုးခြင်းမရှိ။ ငါသည် သင်တို့အား သနားကရုဏာုကို အဘယ်ကဲ့သို့ ထပ်မံပြနိုင်မည်နည်း။ ငါသည် သင်တို့ကို အဘယ်ကဲ့သို့ ကယ်တင်နိုင်မည်နည်း။ သင်တို့ကို ငါ၏ အမျက်ဒေါသဖြင့်သာ ဆက်ဆံနိုင်သည်။ ငါသည် သင်တို့ကို ဖျက်ဆီးခြင်းနှင့် ထာဝရ ပြစ်တင်ဆုံးမခြင်းဖြင့် ပြန်လည်ပေးဆပ်မည်။ ဤအရာသည် ဖြောင့်မတ်ခြင်းဖြစ်၏။ ဤနည်းလမ်းဖြင့်သာ ဖြစ်နိုင်သည်။

ငါ၏နိုင်ငံတော်သည် တောင့်တင်းပြီး မြဲမြံ၏၊ ၎င်းသည် အဘယ်သောအခါမှ ပြိုကျလိမ့်မည်မဟုတ်။ ၎င်းသည် ထာဝရကာလတိုင် တည်ရှိလိမ့်မည်။ ငါ့သားများ၊ ငါ၏သားဦးများနှင့် ငါ၏လူများတို့သည် ငါနှင့်အတူ ကောင်းချီးမင်္ဂလာများကို အစဉ်အမြဲ ခံစားကြရလိမ့်မည်။ ဝိညာဉ်ရေးရာကိစ္စများကိုနားမလည်သော သူများနှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဗျာဒိတ်တော်ကို မရရှိသောသူတို့သည် ငါ၏ နိုင်ငံတော်မှ အနှေးနှင့်အမြန် ဖြတ်တောက်ခြင်းကို ခံရလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ဆန္ဒအလျောက် ထွက်ခွာလိမ့်မည်မဟုတ်ဘဲ၊ ငါ၏သံလှံတံ၏အုပ်စိုးခြင်းနှင့် ငါ၏ဘုန်းအာနုဘော်အားဖြင့် အတင်း နှင်ထုတ်ခြင်းခံရမည်၊ ထို့အပြင် ၎င်းတို့သည် ငါ၏ခြေဖြင့် ကန်ထုတ်ခြင်းကို ခံရကြလိမ့်မည်။ နတ်ဆိုးများ၏ (ဆိုလိုသည်မှာ- မွေးစကပင်) အချိန်အတော်ကြာကြာ စွဲကပ်ခြင်းကို ခံရသောသူများသည် ယခုတွင် ဖော်ထုတ်ခြင်းကို ခံရလိမ့်မည်။ ငါသည် သင့်ကို နှင်ထုတ်လိုက်မည်။ ငါ ပြောထားသောအရာကို သင် မှတ်မိသေးသလော။ သန့်ရှင်း၍ အပြစ်ကင်းစင်သော ဘုရားသခင်- ငါသည် နံစော်၍ ညစ်ညမ်းသော ဗိမာန်တွင် မနေထိုင်ပေ။ နတ်ဆိုးများ စွဲကပ်လျက်ရှိသော သူများသည် ဤသည်ကို ၎င်းတို့ကိုယ်တိုင် သိကြပြီး၊ ငါရှင်းပြရန် မလိုပေ။ ငါသည် သင့်ကို ကြိုတင်ခွဲခန့်မှတ်သားထားခဲ့ခြင်း မဟုတ်၊ သင်သည် စာတန်အို ဖြစ်လျက်ပင်၊ ငါ၏နိုင်ငံတော်သို့ ထိုးဖောက်ဝင်ရောက်လိုသေးသည်။ လုံးဝမရပေ၊ သင့်ကို ငါပြောနေသည်။ ယနေ့တွင် သင့်ကို ငါသေချာရှင်းပြမည်- လူသားမျိုးနွယ်ကို ဖန်ဆင်းချိန်တွင် ငါရွေးချယ်ခဲ့သောသူတို့ကို ငါသည် ငါ၏အရည်အသွေးနှင့် ငါ၏ စိတ်သဘောထားတို့ဖြင့် ပြည့်ဝစေခဲ့သည်၊ ထိုကြောင့် ယနေ့တွင် ၎င်းတို့သည် ငါ့တစ်ဦးတည်း အပေါ်၌သာ သစ္စာရှိသည်၊ ၎င်းတို့သည် အသင်းတော်အတွက် ဝန်ထုပ်ကို ထမ်းနိုင်ကြပြီး ငါ့အတွက် ၎င်းတို့ကိုယ်၎င်းတို့ အသုံးခံလိုကြကာ ၎င်းတို့၏ဖြစ်တည်ခြင်းအလုံးစုံကို ငါ့ထံတွင် ဆက်ကပ်လိုကြသည်။ ထိုကြောင့် ငါမရွေးချယ်ခဲ့သော သူတို့သည် အတိုင်းအတာ တစ်ခုအထိ စာတန်၏ ဖျက်ဆီးခြင်းကို ခံကြရပြီးဖြစ်ကာ ငါ၏ အရည်အသွေးနှင့် ငါ၏စိတ်သဘောထားတစ်ခုမျှ ၎င်းတို့၌ မရှိပေ။ ငါ၏နှုတ်ကပတ်တော်များသည် ရှေ့နောက်မညီဟု သင်တို့ ထင်ကြသော်လည်း၊ “သင်တို့ကို ငါ ကြိုတင်ခွဲခန့်မှတ်သားကာ ရွေးချယ်ထားသော်လည်း၊ သင်တို့၏ လုပ်ရပ်များအတွက် သင်တို့သည် အကျိုးဆက်များကို ခံရသည်။” ဟူသည့် နှုတ်ကပတ်တော်များအားလုံးသည် စာတန်ကို ရည်ညွှန်းသည်။ ယခု အချက်တစ်ချက်အား ငါရှင်းပြမည်- ယနေ့ ထ၍ အသင်းတော်အပေါ် သြဇာသက်ရောက်နိုင်သူများ၊ အသင်းတော်ကို ဦးဆောင်လမ်းပြနိုင်သူများ၊ ငါ၏ဝန်ထုပ်ကို ထောက်ထားနိုင်သူများနှင့် အထူးတာဝန်များကို ဖြည့်ဆည်းနိုင်သူများ- မည်သူတစ်ဦးတစ်ယောက်မျှ ခရစ်တော်အား အစေခံမနေကြပေ။ ၎င်းတို့အားလုံးသည် ငါ၏ ကြိုတင်ခွဲခန့်မှတ်သားထားခြင်းနှင့် ရွေးချယ်ခြင်းခံရသူများ ဖြစ်သည်။ ဤအရာကို ငါပြောသည်မှာ သင်တို့သည် အလွန်အမင်း ပူပန်မှု မရှိစေရန်နှင့် သင်၏အသက် တိုးတက်မှုကို မနှောင့်နှေးစေရန်အတွက် ဖြစ်သည်။ အဘယ်မျှလောက်သော သူတို့သည် သားဦး၏အဆင့်အတန်းကို ရယူနိုင်မည်နည်း။ ဤအရာသည် ဒီပလိုမာ ဘွဲ့ပေးနေသကဲ့သို့ လွယ်ကူသည့် အရာတစ်ခု ဖြစ်နိုင်သလော။ မဖြစ်နိုင်ပေ။ သင်တို့အပေါ် ငါ၏စုံလင်စေခြင်းကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် တိကျသော အတိုင်းအတာတစ်ခုအထိ စာတန်၏ဖျက်ဆီးခြင်းကို ခံရမည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ ထို့ကြောင့်ပင် ငါသည် ငါ့အပေါ် သစ္စာရှိသော သူတို့ကို အစဉ်အမြဲ ကြည့်ရှုစောင့်ရှောက်ကာ ၎င်းတို့ကို ဘေးအန္တရာယ်နှင့် ဒုက္ခဒဏ်မှ ကာကွယ်မည်ဟု ငါသည် ထပ်ကာတလဲလဲ အလေးထား ပြောကြားထားခြင်း ဖြစ်သည်။ ငါကြိုတင်ခွဲခန့်မှတ်သားထားခဲ့ခြင်း မရှိသောသူများမှာ နတ်ဆိုးများ စွဲကပ်နေသောသူများပင် ဖြစ်ကြသည်။ ထိုသူတို့သည် ခံစားချက်မရှိသောသူများ၊ ထိုင်းမှိုင်းနေသောသူများနှင့် ဝိညာဉ်ရေးရာ၌ ကြီးထွားခြင်း မရှိသောသူများနှင့် အသင်းတော်များကို ဦးမဆောင်နိုင်သောသူများ (စိတ်အားထက်သန်မှုရှိသော်လည်း၊ ရူပါရုံများနှင့် ပတ်သက်၍ မရှင်းလင်းသောသူများကို ဆိုလိုသည်။) ဖြစ်ကြသည်။ သင်သည် ငါ၏ မြင်ကွင်းမှ လျင်မြန်စွာ ဖယ်ရှားသင့်ပြီး၊ မြန်လေကောင်းလေပင်ဖြစ်ကာ၊ သင့်ကို တွေ့မြင်ရခြင်းဖြင့် ငါသည် စက်ဆုပ်ရွံ့ရှာပြီး ဒေါသထွက်ခြင်းတို့ ဖြစ်မလာရန်အတွက် ဖြစ်သည်။ သင်သည် လျင်မြန်စွာ လွတ်မြောက်သွားမည်ဆိုပါက၊ ပြစ်တင်ဆုံးမခြင်းခံရမှု လျော့နည်းမည် ဖြစ်သော်လည်း၊ သင်အချိန်ကြာလေလေ ပြစ်တင်ဆုံးမခြင်းသည် ပြင်းထန်လေလေ ဖြစ်လိမ့်မည် ဖြစ်သည်။ သင် နားလည်သလော။ အလွန်တရာ အရှက်ကင်းမဲ့စွာ မပြုမူနှင့်။ သင်သည် ကိုယ်ကျင့်တရားပျက်စီးပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်ကာ မစဉ်းစားမဆင်ခြင်နှင့် ပေါ့ပျက်ပျက်နိုင်ပြီး၊ သင်သည် မည်သည့်အမှိုက်မျိုး ဖြစ်သည်ကိုပင် လုံးဝမသိပေ။ သင်သည် မျက်စိကန်းသောသူ ဖြစ်သည်တကား။

ငါ၏နိုင်ငံတော်တွင် တန်ခိုးအာဏာ ကိုင်စွဲထားသော သူအားလုံးကို ငါသေချာစွာ ရွေးချယ်ထားပြီး၊ ၎င်းတို့သည် အထပ်ထပ်အခါခါ စစ်ဆေးမှုများကို တွေ့ကြုံခဲ့သူများ ဖြစ်သည်။ အဘယ်သူ တစ်ဦးတစ်ယောက်မျှ ၎င်းတို့ကို အနိုင်ယူနိုင်ခြင်းမရှိ။ ငါသည် ၎င်းတို့အား ခွန်အားပေးထားသောကြောင့်၊ ၎င်းတို့သည် ဘယ်သောအခါမျှ လဲကျမည် မဟုတ်၊ သို့မဟုတ် လမ်းလွဲသွားလိမ့်မည် မဟုတ်။ ငါ၏ထောက်ခံမှုကို ၎င်းတို့သည် ရရှိခဲ့ပြီးဖြစ်သည်။ ယနေ့မှစ၍ သူတော်ကောင်းယောင်ဆောင် သူများသည် ၎င်းတို့၏ စစ်မှန်သောစရိုက်များကို ပြသလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် အမျိုးမျိုးသော ရှက်ဖွယ်ကောင်းသော အရာများကို တတ်စွမ်းနိုင်ကြသော်လည်း၊ နောက်ဆုံး၌ စာတန်ကို ပြစ်တင်ဆုံးမပြီး မီးရှို့၍သုတ်သင်သော ငါ၏လက်တော်မှ ၎င်းတို့သည် လွတ်မြောက်လိမ့်မည် မဟုတ်။ ငါ၏ဗိမာန်တော်သည် သန့်ရှင်းပြီး၊ အစွန်းအထင်းမရှိ ဖြစ်လိမ့်မည်။ ထိုအရာအားလုံးသည် ငါ့အတွက် သက်သေခံချက်များ ဖြစ်ကာ၊ ငါ၏သရုပ်သကန်ဖြစ်ပြီး၊ ငါ့နာမ၏ ဘုန်းတော် ဖြစ်သည်။ ငါ၏ဗိမာန်တော်သည် ငါ၏ထာဝရနေအိမ် ဖြစ်ပြီး၊ ငါ၏ထာဝရ ချစ်ခြင်းခံရသည့်အရာ ဖြစ်သည်။ ၎င်းသည် နတ်ဆိုးတို့၏ ထောင်ချောက်များအတွင်း ကျရောက်မသွားစေရန် သို့မဟုတ် စာတန်၏ လှည့်စားခြင်းကို မခံရစေရန်အတွက် ၎င်းကို ငါသည် မကြာခဏ ချစ်ခြင်းမေတ္တာလက်ဖြင့် ကြင်နာစွာပွတ်သပ်ကာ၊ ချစ်ခြင်းမေတ္တာ ဘာသာစကားဖြင့် ၎င်းကို နှစ်သိမ့်၍၊ ချစ်မေတ္တာမျက်စိများဖြင့် ၎င်းကို စောင့်ရှောက်ပြီး၊ မေတ္တာရင်ခွင်ဖြင့် ၎င်းကို ပွေ့ဖက်သည်။ ယနေ့တွင် ငါ့အတွက် အစေခံမှုကို ပေးသော်လည်း၊ ကယ်တင်ခြင်း မခံရသော သူများသည် နောက်ဆုံးတစ်ကြိမ် ငါ၏အသုံးပြုခြင်းကို ခံရလိမ့်မည်။ ငါသည် ထိုအရာများကို အဘယ်ကြောင့် ငါ၏နိုင်ငံတော်မှ ဖယ်ရှားရန် အလျင်အမြန် ပြုသနည်း။ ငါ၏မြင်ကွင်းမှ ၎င်းတို့ကို ငါသည် အဘယ်ကြောင့် မောင်းထုတ်ရသနည်း။ ငါသည် ၎င်းတို့ကို ငါ၏ ရိုးတွင်းခြင်ဆီအတွင်းအထိ မုန်းတီးသည်။ ငါသည် ၎င်းတို့ကို အဘယ်ကြောင့် မကယ်တင်သနည်း။ ငါသည် ၎င်းတို့ကို အဘယ်ကြောင့် ဤသို့ ရွံမုန်းသနည်း။ ငါသည် အဘယ့်ကြောင့် ၎င်းတို့ကို သေသည်တိုင်အောင် ရိုက်နှက်ရသနည်း။ ငါသည် အဘယ်ကြောင့် ၎င်းတို့ကို ဖျက်ဆီးရမည်နည်း။ (၎င်းတို့၏ ပြာမှုန့်များ အပါအဝင် ၎င်းတို့၏ သေးငယ်သော အစိတ်အပိုင်း တစ်ခုပင် ငါ၏ မြင်ကွင်းတွင် မကျန်ရှိနိုင်။) အဘယ်ကြောင့်နည်း။ အဆင်းနီသော နဂါးကြီး၊ ရှေးကမြွေနှင့် စာတန်အိုသည် ငါ၏နိုင်ငံတော်တွင် မထိုက်တန်သော အစားအသောက်ကို ရှာဖွေနေသည်။ စိတ်ကူးယဉ် မနေတော့နှင့်။ ၎င်းတို့အားလုံးသည် လုံးဝရှုံးနိမ့်လိမ့်မည် ဖြစ်ပြီး ပြာမှုန့်များ အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။

ငါသည် ဤခေတ်ကို ဖျက်ဆီးမည်၊ ယင်းကို ငါ၏နိုင်ငံတော် အဖြစ်သို့ ပြောင်းလဲမည် ဖြစ်ပြီး၊ ထာဝရကာလတိုင် ငါချစ်မြတ်နိုးသည့် လူများနှင့်အတူ နေထိုင်ကာ ပျော်မွေ့မည်။ ထိုမသန့်ရှင်းသောအရာများသည် ငါ၏ နိုင်ငံတော်၌ ဆက်လက် တည်ရှိနိုင်မည်ဟု မယူဆသင့်ပေ။ နောက်ကျိသော ရေ၌ ငါးမျှားနိုင်မည်ဟု သင်ထင်သလော။ ထိုကဲ့သို့သော စိတ်ကူးယဉ်ခြင်းများကို မေ့ပျောက်လိုက်လော့။ ငါ၏မျက်စိများသည် အရာအားလုံးအား မြင်သည်ကို သင်မသိ။ ငါ၏လက်တော်ဖြင့် ခပ်သိမ်းသော အရာအား စီစဉ်ထားသည်ကို သင်မသိ။ သင်သည် လွန်စွာ လေးစားမြတ်နိုး ခံရသည်ဟု မထင်လေနှင့်။ သင်တို့ တစ်ဦးချင်းစီသည် သင်တို့နှင့် သင့်လျော်သည့်နေရာကို ယူရမည်။ နှိမ့်ချယောင် ဟန်မဆောင်နှင့် (ကောင်းချီးမင်္ဂလာ ခံစားရသူများကို ရည်ညွှန်းသည်)၊ သို့မဟုတ် တုန်လှုပ်ကာ ကြောက်ရွံ့ခြင်း မရှိလေနှင့် (ဆင်းရဲဒုက္ခကို ခံစားရသော သူများကို ရည်ညွှန်းသည်)။ ယခုတွင် လူတို့သည် မိမိတို့ နှလုံးသားများထဲ၌ မိမိတို့ကိုယ်မိမိတို့ သိသင့်သည်။ ငါသည် သင့်အား အမည်နာမဖြင့် မဖော်ပြလျှင်ပင် သင်သည် အသေအချာ သိသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏ နှုတ်ကပတ်တော်များသည် တစ်ဦးချင်းစီတိုင်းကို ဦးတည်ထားခြင်းကြောင့် ဖြစ်သည်။ သင်သည် ငါရွေး်ချယ်ထားသောသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့၏ လက်ရှိ အခြေအနေများ အားလုံးကို ဦးတည်ထားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သင်တို့သည် ငါရွေးချယ်ထားသူများထဲက ဖြစ်ကြသည်ဆိုလျှင်၊ သင်တို့ကိုယ်သင်တို့ တင်ပြပုံအပေါ်တွင် အခြေခံကာ ငါရွေးချယ်ထားသူများ၏ အခြေအနေကို ငါပြောဆိုခြင်း ဖြစ်သည်၊ ငါရွေးချယ်ထားသူ မဟုတ်သူများအတွက်မူ၊ ၎င်းတို့၏ အခြေအနေများနှင့်အညီ ငါပြောဆိုခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ငါ၏ နှုတ်ကပတ်တော်များသည် အဆင့်တစ်ခုအထိ ပြောဆိုပြီးဖြစ်သည်။ ထိုအရာကို သင်တို့ တစ်ဦးချင်းစီသည် ကောင်းစွာ နားလည် ခံယူတတ်သင့်သည်။ သင်တို့ကိုယ်သင်တို့ မလှည့်စားလေနှင့်။ မကြောက်ရွံ့လေနှင့်။ လူအရေအတွက်ကို အနည်းငယ်မျှသော ပမာဏအထိသာ ကန့်သတ်ထားသောကြောင့်၊ လှည့်စားမှုသည် အလုပ် ဖြစ်လိမ့်မည် မဟုတ်။ ငါရွေးချယ်ထားသူဟု ပြောခံရသူသည် ရွေးချယ်ခံရပြီး၊ သင်သည် ဟန်ဆောင်ရာ၌ မည်မျှပင် ကောင်းသည်ဖြစ်စေ၊ ငါ၏ အရည်အသွေးမပါလျှင် သင်သည် ကျရှုံးလိမ့်မည်။ ငါသည် ငါ့စကားကို တည်စေသောကြောင့်၊ ငါကိုယ်တိုင်၏ အစီအစဉ်များကို ငါသည် သာမန်ကာလျှံကာ မနှောင့်ယှက်ပေ။ ငါပြုသော အရာမှန်သမျှသည် မှန်ကန်သောကြောင့်၊ ငါပြုလိုသော အရာမှန်သမျှကို ငါပြုသည်။ ငါသည် အထွတ်အထိပ် ဖြစ်ပြီး၊ အတုမရှိသောသူ ဖြစ်သည်။ ဤသည်ကို သင်ရှင်းလင်းစွာ နားလည်သလော။ သင် နားလည်သလော။

ယခုတွင် ငါ၏နှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်၊ ဆိုးယုတ်မှုများကို ပြုသောသူများ၊ ကောက်ကျစ်ပြီး လှည့်စားတတ်သော သူများသည်လည်း တိုးတက်မှုကို ရှာဖွေရန်နှင့် ၎င်းတို့ကိုယ်တိုင်၏ အားထုတ်မှုများကို ပြုရန် ကြိုးစားနေကြသည်။ ၎င်းတို့သည် ငါ၏နိုင်ငံတော်သို့ သွားရန်လမ်းသို့ တိုးဝှေ့ဝင်ရန်အတွက် အဖိုးအခ အနည်းငယ်သာ ပေးလိုကြသည်။ ၎င်းတို့သည် ထိုကဲ့သို့သော အတွေးမျိုးကို ဘေးဖယ်ထားသင့်သည်။ (ငါသည် ၎င်းတို့အား နောင်တရခွင့်ကို မပေးထားသောကြောင့်၊ ဤလူများ၌ မျှော်လင့်ချက် မရှိပေ။) ငါ၏ နိုင်ငံတော် တံခါးဝကို ငါစောင့်ရှောက်သည်။ ငါ၏နိုင်ငံတော်ထဲသို့ လူတို့သည် ၎င်းတို့ဆန္ဒအလျောက် ဝင်နိုင်လိမ့်မည်ဟု သင်ထင်သလော။ ငါ၏နိုင်ငံတော်သည် မည်သည့်အသုံးမဝင်သည့်အရာမျိုးကိုမဆို လက်ခံလိမ့်မည်ဟု သင်ထင်သလော။ တန်ဖိုးမရှိသော မည်သည့်အမှိုက်မျိုးကိုမဆို ငါ၏နိုင်ငံတော်သည် လက်ခံမည်ဟု ထင်သလော။ သင်သည် မှားယွင်းနေသည်။ ယနေ့တွင် နိုင်ငံတော်၌ ရှိသောသူတို့သည် ငါနှင့်အတူ ရှင်ဘုရင်အာဏာကို စွဲကိုင်ထားကြသူများ ဖြစ်သည်၊ ငါသည် ၎င်းတို့ကို ဂရုတစိုက် ပြုစုပျိုးထောင်ထားခြင်း ဖြစ်သည်။ ဤအရာသည် လိုချင်ရုံနှင့် ရယူနိုင်သည့်အရာ တစ်စုံတစ်ရာ မဟုတ်၊ သင်သည် ငါ၏ထောက်ခံမှုကို ရရမည် ဖြစ်သည်။ ထို့အပြင် ဤအရာမှာ တစ်ဦးတစ်ယောက်နှင့် ဆွေးနွေးတိုင်ပင်သော အရာမဟုတ်၊ ဤအရာသည် ငါကိုယ်တိုင် စီစဉ်ထားသောအရာတစ်ခု ဖြစ်သည်။ ငါပြောသမျှကို နာခံရသည်။ ငါ၏နက်နဲရာတို့ကို ငါချစ်သောသူတို့အား ထုတ်ဖော်ပြသည်။ ဆိုးယုတ်မှုကို ပြုသောသူတို့သည်၊ ဆိုလိုသည်မှာ၊ ငါရွေးချယ်ထားခြင်း မရှိသူများသည် ထိုအရာများကို ရရှိရန် အခွင့်မရှိပေ။ ထိုနက်နဲအရာတို့ကို ၎င်းတို့ ကြားရပင်လျှင် ၎င်းတို့သည် နားလည်ကြမည် မဟုတ်ပေ၊ အကြောင်းမှာ စာတန်သည် ၎င်းတို့၏မျက်စိကို ဖုံးထားပြီး၊ ၎င်းတို့၏နှလုံးသားများကို ဖမ်းဆုပ်ထားကာ ၎င်းတို့၏ ဖြစ်တည်မှုတစ်ရပ်လုံးကို ပျက်စီးစေသောကြောင့် ဖြစ်သည်။ ငါ၏လုပ်ဆောင်မှုများသည် အံသြဖွယ်ဖြစ်ပြီး အမြော်အမြင်ရှိကာ ငါသည် ငါ၏အမှုအတွက် အရာအားလုံးကို ဆော်သြစည်းရုံးသည်ဟု အဘယ်ကြောင့် ပြောရသနည်း။ ငါ၏ကြိုတင်ခွဲခန့်မှတ်သားထား‌ခဲ့ခြင်းနှင့် ရွေးချယ်ထားခဲ့ခြင်း မခံရသောသူများကို အပြစ်ဒဏ်ပေးရန်နှင့် ဖျက်ဆီးရန် စာတန်ဆီသို့ ငါလွှဲပြောင်းပေးအပ်မည်။ ၎င်းတို့ကို အပြစ်ပေးခြင်းတွင် ငါသည် ပါဝင်ပတ်သက်မည်မဟုတ်၊ ငါသည် ဤမျှပင် ဉာဏ်ပညာရှိ၏။ မည်သူသည် ဤအရာကို တွေးတောဖူးသနည်း။ မည်သည့်ကြိုးစားအားထုတ်မှုမျှ လုံးဝမရှိဘဲ၊ ငါ၏ကြီးမြတ်သောအမှုသည် ပြီးမြောက်အောင်မြင်ပြီ ဖြစ်သည်၊ မဟုတ်သလော။

အရှေ့သို့- အခန်း ၈၀

နောက်တစ်ခုသို့- အခန်း ၈၂

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။