မေးခွန်း (၅) သမ္မာကျမ်းစာမှာပြောထားတယ်။ “အစိုရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း။ ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။” (ရောမသြဝါဒစာ ၁၃:၁-၂) နှစ်ပေါင်းများစွာယုံကြည်ပြီးတဲ့အတွက် ဒါ ဘာကိုဆိုလိုတယ်ဆိုတာ မင်း သိသင့်ပါတယ်။ တကယ်တော့လည်း သမ္မာကျမ်းစာကို ဘုရားသခင်က မှုတ်သွင်းခဲ့တာလေ ကျုပ်တို့ ယုံကြည်သူတွေက အာဏာရှိသူတွေကို နာခံသင့်တယ်လို့ ကျုပ်ယုံကြည်တယ်။ ဒါ ကျုပ်မြင်တဲ့ ပုံစံပဲ။ မင်းက အာဏာပိုင်တွေကို အာခံရင် ဒါ တရုတ်ပြည်မှာ အလုပ်မဖြစ်ဘူး။ ကွန်မြူနစ်ပါတီက တော်လှန်ရေးပါတီတစ်ခုပါ။ မင်း မနာခံရင် မင်းရဲ့ဘဝကို အဆုံးသတ်ပစ်လိုက်လိမ့်မယ်။ ဒီ တရုတ်ပြည်မှာ မင်းက ဘုရားသခင်ကို ယုံကြည်ဖို့အတွက် ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်မှာ ပါဝင်ဖို့ ဆန္ဒရှိရမယ်။ တခြားနည်းလမ်း ရှိကိုမရှိတာပါ။ ကျုပ်တို့ယုံကြည်မှုမှာ ရှာဖွေတဲ့အရာနဲ့ပတ်သက်တဲ့အခါမှာ ကျုပ်တို့အားလုံးက ငြိမ်းချမ်းပြီးကောင်းမွန်တဲ့ဘဝကို လိုချင်ကြတယ်မဟုတ်လား။ ကျုပ်တို့ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်က ချင့်ချိန်စဉ်းစားတတ်တယ်။ ကျုပ်တို့ဟာ ဘုရားသခင်ကို ချီးမြှောက်ပြီး နိုင်ငံချစ်စိတ်ရှိသူတွေဖြစ်ပါတယ်။ အာဏာပိုင်တွေကို မစော်ကားဘူး ဒါမှမဟုတ် သမ္မာကျမ်းစာကို သစ္စာမဖောက်ဘူး။ ကျုပ်တို့က အသင်းတော်မှာ သခင့်ကို ပွင့်ပွင့်လင်းလင်း ကိုးကွယ်တယ်။ တစ်ခါမှ ပုန်းစရာမလိုဘူး ဒါမှမဟုတ် ကြောက်ရွံ့ပြီး မနေရဘူး။ ဒါ နှစ်ဘက်စလုံးအတွက် အကောင်းဆုံးပဲလေ ဟုတ်တယ်မို့လား။

အဖြေ- ရှင်က ပေါလုရဲ့စကားတွေကို ကျွန်မတို့ အနက်ပြန်တာနဲ့ မတူဘဲ ပြန်ထားတယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်နေသရွေ့ ဖိနှိပ်ခံရပြီး “အစိုရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ” ဆိုတာကို ကျွန်မ နားမလည်ဘူး။ ပေါလုရဲ့စကားတွေက သခင်ယေရှုဆိုလိုတဲ့အရာမဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ်။ ဘာကြောင့်လဲဆိုရင် သခင်ယေရှုက အထက်အာဏာတွေကို နာခံဖို့ တစ်ခါမှမပြောခဲ့သလို သန့်ရှင်းသောဝိညာဉ်တော်ကလည်း မပြောခဲ့ဘူး။ ယုံကြည်ခြင်းဆိုတာ သခင့်နှုတ်ကပတ်တော်ကို နာခံခြင်းလို့ အဓိပ္ပါယ်ရသင့်တယ်။ လူသားရဲ့စကားကို ဘုရားရဲ့သမ္မာတရားနဲ့နှုတ်ကပတ်တော်လိုမျိုး မခံယူသင့်ဘူး။ နှစ်တွေအတော်ကြာ ဆုတောင်းခြင်း ရှာဖွေခြင်းပြီး နောက်ဆုံးမှာ တရုတ်ကွန်မြူနစ်ပါတီဟာ ဆိုးဝါးတဲ့အဖွဲ့ဆိုတာ ကျွန်မ သိလာတယ်။ တရုတ်ကွန်မြူနစ်ပါတီကို နာခံတာက ဘုရားသခင်ကို သစ္စာဖောက်တာပဲ။ တရုတ်ကွန်မြူနစ်ပါတီက ဘုရားမဲ့ဝါဒီဖြစ်ပြီး အာဏာရလာကတည်းက ဘုရားသခင်ကို ပြောင်ပြာင်တင်းတင်း ငြင်းဆန် ဆန့်ကျင်လာတယ်ဆိုတာ ကျွန်မတို့ အားလုံးသိတယ်။ ခရစ်ယာန်ဘာသာကို အစွန်းရောက်ဝါဒ၊ သမ္မာကျမ်းစာဟာ အစွန်းရောက်စာအုပ်လို့ တံဆိပ်ကပ်ပြီး ကော်ပီတွေကို မီးရှို့၊ ခရစ်ယာန်တွေကို ဖမ်းဆီးပြီး ဖိနှိပ်တယ်။ ခရစ်ယာန်တွေဟာ ကျိုးပဲ့တဲ့အထိ ဒါမှမဟုတ် သေတဲ့အထိ ရိုက်ခံရပြီး မိသားစုတွေ ပြိုကွဲရတယ်။ သူတို့က နိုင်ငံခြားထိတောင် လိုက်ပြီး တခြားနေရာကို ပြေးသွားတဲ့ ခရစ်ယာန်တွေကို ပြန်ခေါ်ဖို့အတွက် စီးပွားရေး၊ နိုင်ငံရေးနည်းလမ်းတွေကို သုံးတယ်။ တရုတ်ကွန်မြူနစ်ပါတီမှာ ခရစ်ယာန်တွေအပေါ် ကျွန်မတို့ ရေတွက်လို့မရတဲ့ ပြစ်မှုတွေ အများကြီးရှိတယ်။ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း အရွဲ့တိုက်ပြီး ဆန့်ကျင်တဲ့ ဒီလို စော်ကားတဲ့ ဆိုးယုတ်တဲ့အစိုးရကို နာခံဖို့အတွက် ဘုရားသခင်က သူရွေးချယ်ထားတဲ့လူတွေကို ခွင့်ပြုနိုင်မှာလား။ ကျွန်မတို့က တရုတ်ကွန်မြူနစ်ပါတီကို နာခံရင် ကျွန်မတို့က စာတန်ဘက်က ဖြစ်မနေဘူးလား။ ဘုရားသခင်ကို ဆန့်ကျင်ပြီး ဘုရားသခင်ကိုယုံကြည်တာကို ပိတ်ပင်ဖို့ ကြိုးစားတဲ့အတွက် ဘုရားသခင်ရဲ့ ရန်သူပဲ။ တရုတ်ကွန်မြူနစ်ပါတီကို နာခံတာက ဘုရားသခင်ကို သစ္စာဖောက်တာပဲ မဟုတ်ဘူးလား။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ခရစ်ယာန်တွေဟာ သခင့်နောက်ကိုလိုက်တဲ့အတွက် သက်သေခံတဲ့အတွက် ဖိနှိပ်ခံရပြီး ညှင်းဆဲသတ်ဖြတ်ခံရတယ်။ သူတို့က အာဏာရှိသူတွေကို နာခံခဲ့သလား။ သူတို့ ညှင်းဆဲသတ်ဖြတ်ခံရတဲ့ ပြစ်ဒဏ်က အုပ်စိုးတဲ့အာဏာကို ဆန့်ကျင်လို့လား။ သခင့်အတွက် အသေခံသူတွေကို ပေါလုက ရှုတ်ချရဲပါ့မလား။ သူ ဒီလိုလုပ်မယ်လို့ ကျွန်မ မထင်ဘူး။ ပေါလုရဲ့စကားတွေနဲ့ ပတ်သက်ရင် အထောက်အထားက ဘာရှိလဲ။ ပေါလုက အာဏာရှိသူတွေက ဘုရားသခင်ကို ဆန့်ကျင်ခဲ့တာကို မသိလို့များ ဖြစ်နိုင်မလား။ ဒါကြောင့် ပေါလုရဲ့စကားတွေက ကျွန်မကို နည်းနည်း သံသယဖြစ်စေတာပဲ။ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊” လို့ ပေါလုပြောတဲ့အခါ ကျွန်မ သံသယဖြစ်တယ်။ သခင်ယေရှုရော သန့်ရှင်းသောဝိညာဉ်တော်ပါ ဒီလိုမပြောခဲ့ဘူး။ ပေါလုရဲ့စကားတော်တော်များများက လူသားရဲ့ အကြံအစည်တွေဖြစ်တယ်လို့ ကျွန်မ သံသယဖြစ်မိတယ်။ ဒါကြောင့် ဒါတွေကို သမ္မာတရားမဖြစ် ကျွန်မ လက်မခံဘူး။ ကျွန်မက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုသာ နာခံပြီး သူ့နှုတ်ကပတ်တော်နဲ့အညီ လိုက်လျှောက်တာပါ။ တမန်တော်တွေအပါအဝင် လူသားရဲ့ စကားတွေကတော့ အကိုးအကားသက်သက်သာဖြစ်ပါတယ်။ ကျွန်မက သမ္မာတရားနဲ့ ကိုက်ညီတဲ့ စကားတွေနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုပဲ ကျွန်မ လက်ခံပါတယ်။ ဒီလိုမဟုတ်ရင် ကျွန်မ လက်မခံပါဘူး။ ဒါ ကျွန်မ မြင်တဲ့ပုံစံပါပဲ။

တရုတ်ပြည်မှာ ဘုရားသခင်ကို ယုံကြည်ဖို့က႑ခက်ခဲပြီး အန္တရာယ်များပါတယ်။ ဒါပေမဲ့ ပေါလုရဲ့စကားအတိုင်း ကျွန်မတို့ လုပ်ရင် တရုတ်ကွန်မြူနစ်ပါတီကို နာခံပြီး ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်နောက်ကိုလိုက်ရင်၊ ကျွန်မတို့က ဘေးကင်းလုံခြုံမှာပဲ ဒါပေမဲ့ သခင်ရဲ့ ချီးမြှောက်ခြင်းကို ကျွန်မတို့ ရပါ့မလား။ ကောင်းကင်နိုင်ငံတော်ကို ကျွန်မတို့ ဝင်ပါ့မလား။ ဝင်မယ်မထင်ပါဘူး။ သခင်ယေရှုကပြောခဲ့တယ်။ “ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏။(ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၁၃-၁၄)ငါသောက်သောခွက်ကို သင်တို့ သည် သောက်ရကြလိမ့်မည်။ ငါခံသောဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြလိမ့်မည်။(ရှင်မာကုခရစ်ဝင်ကျမ်း ၁၀:၃၉)အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက် မတန်။ မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။(ရှင်မဿဲခရစ်ဝင်ကျမ်း ၁၀:၃၈-၃၉) ကျွန်မတို့ဟာ ထာဝရအသက်ဆီကို ပို့ဆောင်တဲ့ ကျဉ်းမြောင်းတဲ့လမ်းကိုယူသင့်တယ်လို့ ဒီနှုတ်ကပတ်တော်တွေက ရှင်းရှင်းလင်းလင်းပြနေပါတယ်။ သခင်က “အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက် မတန်” လို့လည်း ပြောခဲ့ပါတယ်။ (ရှင်မဿဲခရစ်ဝင်ကျမ်း ၁၀:၃၈) ပေါလုရဲ့စကားအတိုင်းလုပ်ပြီး အာဏာပိုင်တွေကို နာခံတာက ကျဉ်းသောတံခါးလား။ ကျဉ်းမြောင်းသောလမ်းလား။ ဒါက သခင့်နောက်ကိုလိုက်ရင်း ကားတိုင်ကိုထမ်းတာလား။ တရုတ်ကွန်မြူနစ်ပါတီနတ်ဆိုးအောက်မှာ ရှိတဲ့ အာဏာရှိသူတွေကို ကျွန်မတို့အားလုံး နာခံရင် ဘုရားသခင်ကို သစ္စာဖောက်တဲ့သူတွေ ဖြစ်မသွားဘူးလား။ ဒါဆိုရင် ဧဝံဂေလိတရားကိုဖြန့်ပြီး ဘုရားသခင်ရဲ့အလိုတော်နောက်ကိုလိုက်ဖို့ ဘယ်သူကျန်တော့မှာလဲ။ ဒီလိုပုံစံနဲ့ယုံကြည်လို့ သခင့်ရဲ့ချီးမြှောက်မှုကို ဘယ်လိုလက်ခံရရှိနိုင်မှာလဲ။ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်က ကွန်မြူနစ်ပါတီရဲ့ လုပ်ကြံဖန်တီးထားမှုတစ်ခုပဲ။ အစိုးရက အပြည့်အဝ ထိန်းချုပ်ထားတယ်။ သမ္မာကျမ်းစာထဲက သမ္မာတရားအကြောင်းကိုမပြောဘူး ဒါမှမဟုတ် ဘုရားသခင်ကို နာခံခြင်းအကြောင်းကို မပြောဘူး။ ငွေတွေအများကြီးရှာပြီး လူတွေကို အကျိုးအမြတ်ပေးနေတဲ့ နိုင်ငံချစ်ဝါဒပဲ။ ဒီအချက်က ဒီအသင်းတော်ဟာ အတုအယောင်အသင်းတော်၊ အိမ်တွင်းအသင်းတော်တွေကို ဖိနှိပ်ပြီး အိမ်တွင်းအသင်းတော် လှုပ်ရှားမှုတွေကိုစောင့်ကြည့်တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ကြံရာပါဆိုတာ ကျွန်မကို သက်သေပြနေတယ်။ ဘုရားသခင်အတွက် သက်သေခံတဲ့ ညီအစ်ကိုမောင်နှမတွေကို ဖမ်းဆီးတဲ့နေရာမှာ အစိုးရကိုတောင် သူတို့ ကူညီပေးကြသေးတယ်။ ဒါဟာ စာတန်ရဲ့ ပူးပေါင်းခြင်း နည်းလမ်းပဲ။ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်ထဲကလူတွေက အစိုးရကို နာခံတဲ့အခါမှာ သူတို့က ဘုရားသခင်ကို နာခံတာလား စာတန်ကို နာခံနေတာလား။ စာတန်ကိုကူညီ လုပ်ဆောင်ပေးတဲ့ ကြိုးဆွဲရုပ်တွေကို ဘုရားသခင်က ချီးကျူးနိုင်ပါ့မလား။ စာတန်ရဲ့အုပ်စိုးမှုအောက်မှာ နေထိုင်တဲ့ လူကြောက်တွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ပါ့မလား။ အခု သခင်ယေရှု ပြန်ကြွလာခဲ့ပြီ။ သူဟာ လူ့ဇာတိခံယူတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တယ်။ လူတွေကို ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ခေါ်ဆောင်ဖို့ လူတွေကို သန့်စင်ခြင်း၊ကယ်တင်ခြင်းနဲ့ စုံလင်စေခြင်းတို့အတွက် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ပြီး သမ္မာတရားကို မိန့်မြွက်တယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ပေါ်ထွန်းပြီး အလုပ်လုပ်တဲ့အခါမှာ ယုံကြည်သူတွေဟာ ထုတ်ဖော်ခြင်းခံရမယ့် စစ်ဆေးမှုတစ်ခုကို ပြုလုပ်ရလိမ့်မယ်။ သခင်ယေရှု ပရောဖက်ပြုဟောကြားခဲ့သလိုပါပဲ။ “လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ထိုအခါ လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရ လတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။(ရှင်မဿဲ ၂၄:၃၇-၄၁) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုဟာ လူအားလုံးကို ထုတ်ဖော်ပြသတယ်။ တောပင်တွေနဲ့ဂျုံစေ့၊ ကောင်းသောအစေခံများနဲ့ ဆိုးယုတ်သူတွေ သမ္မာတရားကို ချစ်မြတ်နိုးသူတွေ၊ သမ္မာတရားကို မုန်းတီးသူတွေ၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့အမှုတော်အားဖြင့် ထုတ်ဖော်ခံရပြီးဖြစ်ပါတယ်။ အခုအချိန်ဟာ လူသားရဲ့ပန်းတိုင်ကို သတ်မှတ်ရမယ့်အချိန်ဖြစ်တယ်။ လူသားဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံရရှိခြင်းမရှိဘဲ တရုတ်ကွန်မြူနစ်ပါတီရဲ့ အကျပ်ကိုင်မှု ဖိနှိပ်မှုတို့ကို ကြောက်ပြီး ယုတ်ညံ့စွာ အသက်ရှင်နေထိုင်ရင် အကျိုးရလဒ်က ဘာဖြစ်မလဲ။ သူတို့ဟာ သခင့်ချီးမွမ်းမှုကို ရရှိနိုင်ပါ့မလား။

အပြန်အလှန်စကားပြောဆိုခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း- ၄ မင်းတို့ယုံကြည်တာက အနန္တတန်ခိုးရှင်ဘုရားသခင်၊ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မင်းတို့ဖတ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမည်နဲ့ဆုတောင်းတယ်။ ဒါပေမဲ့ ငါတို့သိထားချက်အရ မင်းတို့ရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို လူတစ်ယောက်က တည်ထောင်ခဲ့တယ်။ အကြောင်းကိစ္စအားလုံးမှာ မင်းတို့ သူ့ကို နာခံတယ်။ မင်းတို့ရဲ့ ထွက်ဆိုချက်တွေအရ ဒီလူက ဘုန်းကြီး ဘုရားသခင်အသုံးပြုတဲ့ လူတစ်ယောက်၊ အုပ်ချုပ်ရေးကိစ္စတွေမှာ ခေါင်းဆောင်ဖြစ်တယ်။ ဒါက ငါ့အတွက် ရှုပ်ထွေးနေတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို တည်ထောင်ခဲ့တာက ဘယ်သူလဲ ဘယ်လိုဖြစ်လာတာလဲ။ ကဲ ဒါကို ရှင်းပြနိုင်မလား။

နောက်တစ်ခုသို့- မေးခွန်း (၆) မေ ၂၈ ရက် ရှန်တုန်းမှာ ဖြစ်ခဲ့တဲ့ ကျောင်းယွမ်အမှုကို ရှင်းစမ်းပါဦး။ ဘာပဲဖြစ်ဖြစ် ရုံးတံခါးဖွင့် စစ်ဆေးခဲ့တာပဲလေ။ ကျောင်းယွမ်အမှုပြီးတော့ အိမ်တွင်း အသင်းတော်တွေကို အစိုးရက ဝင်စီးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖြိုခွင်းဖို့ ရဲအင်အားကို သုံးခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းသားတွေကို သဲသဲမဲမဲ ရှာဖွေဖမ်းဆီးတယ်။ ရှန်တုန်းမှာဖြစ်ခဲ့တဲ့အမှုကို လူတွေက မှားတယ်လို့ ယုံကြည်ကြပြီး၊ သံသယဖြစ်ကြတယ်ဆိုပေမဲ့ လူထုထောက်ခံမှုရအောင် လုပ်ဇာတ်ခင်းပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ဖြိုခွဲခဲ့ကြတယ်။ အချက်အလက်တွေက မှားမှားမှန်မှန် တရုတ်မီဒီယာတွေက ဝိုင်းတင်ကြတယ်။ အဲဒါက ကမ္ဘာပေါ်က တခြားနိုင်ငံတွေအပေါ် သက်ရောက်မှုရှိသွားတယ်။ ကျောင်းယွမ်အမှုကို မင်းတို့ ဘယ်လိုပဲ လက်မခံသည်ဖြစ်စေ၊ လူတွေအများကြီးက ကွန်မြူနစ်ပါတီကို ယုံနေကြတုန်းပဲ။ ဒီတော့ ရှန်တုန်းမှာဖြစ်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။