၂၅၈ ဘုရားသခင်၏ အသက် အင်အား ပြယုဂ်
၁
ဤလောက၌ ရှိသမျှသည်
အသက်ရှင်ခြင်းနှင့် သေခြင်းကို ကြုံရမည်
သေဆုံးခြင်းနှင့် ပြန်လည်ရှင်သန်ခြင်းသံသရာကို
အများစု ကြုံတွေ့ခဲ့
အသက်ရှင်နေသူအားလုံး မကြာမီ သေရမည်
သေဆုံးသူများ လည်း မကြာမီ ပြန်လာကြလိမ့်မည်
ဤသည်မှာ လောကသို့ လာရောက်သူ သက်ရှိတိုင်းအတွက်
ဘုရား စီစဉ်ပေးထားသော ဘဝလမ်းကြောင်းဖြစ်သည်
ဘုရား သူ့အသက်နှင့် သက်ရှိ၊ သက်မဲ့ အပေါင်းကို ထောက်ပံ့
သူ့စွမ်းအားနှင့် ဩဇာအာဏာကို အရင်းခံ၍
အရာခပ်သိမ်းကို စနစ်တကျ သူ ဖြစ်ပေါ်စေ
ဤသည်မှာ စိတ်ကူး၍မရ၊ နားလည်၍မရနိုင်သည့် အမှန်တရား
ဘုရား၏ အသက်အင်အားကို ထင်ရှားစေခြင်းနှင့် သက်သေပြခြင်း
၂
အသက်လမ်းကြောင်းမှ လူသားကို
ဘုရား အကန့်သတ်မရှိ အသက်ပေးကြောင်း
လူသားကို သူ မြင်စေချင်
လူ့အသက်သည် အာရုံနိုးကြွမှု၊
အချိန်နှင့် နေရာ၏ နှောင်ဖွဲ့ခြင်းမရှိ
ဒါဟာ ဘုရားပေးသော အသက်၏ နက်နဲသောအရာနှင့်
အသက်သည် သူ့ထံမှ လာကြောင်း သက်သေပြ
ဘုရား သူ့အသက်နှင့် သက်ရှိ၊ သက်မဲ့ အပေါင်းကို ထောက်ပံ့
သူ့စွမ်းအားနှင့် ဩဇာအာဏာကို အရင်းခံ၍
အရာခပ်သိမ်းကို စနစ်တကျ သူ ဖြစ်ပေါ်စေ
ဤသည်မှာ စိတ်ကူး၍မရ၊ နားလည်၍မရနိုင်သည့် အမှန်တရား
ဘုရား၏ အသက်အင်အားကို ထင်ရှားစေခြင်းနှင့် သက်သေပြခြင်း
၃
အသက်က ဘုရားထံမှ လာသည်ကို လူအများ ယုံမည်မဟုတ်
ဘုရား၏ တည်ရှိမှုကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ
ဘုရား ပေးသမျှကို လူသား မွေ့လျော်
ဘုရားသခင် စိတ်ပြောင်းကာ ကမ္ဘာကြီးတစ်ခုလုံးနှင့်
သူအပ်နှင်းခဲ့သောအသက်ကို ပြန်သိမ်းလိုလျှင်
အရာအားလုံး တည်ရှိတော့မည်မဟုတ်
ဘုရား သူ့အသက်နှင့် သက်ရှိ၊ သက်မဲ့ အပေါင်းကို ထောက်ပံ့
သူ့စွမ်းအားနှင့် ဩဇာအာဏာကို အရင်းခံ၍
အရာခပ်သိမ်းကို စနစ်တကျ သူ ဖြစ်ပေါ်စေ
ဤသည်မှာ စိတ်ကူး၍မရ၊ နားလည်၍မရနိုင်သည့် အမှန်တရား
ဘုရား၏ အသက်အင်အားကို ထင်ရှားစေခြင်းနှင့် သက်သေပြခြင်း
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်
 
                             
                             
                            