၃၅၃ ဘုရားသခင်နှင့်သင်၏ သဟဇာတဖြစ်မှုသက်သေ အဘယ်မှာနည်းကျူး

သင်တို့ မာနထောင်လွှား၊

လောဘကြီးကာ ဝတ်ကျေတမ်းကျေပြုလွန်းသည်

သင်တို့ ဘုရားကို လှည့်စားသည့် လှည့်ကွက်များ ပါးနပ်လွန်းလှ၏

သင်တို့ရည်ရွယ်ချက်များ၊

နည်းလမ်းများ အလွန်စက်ဆုပ်ဖွယ်ပင်ဖြစ်၏

သင်တို့ သစ္စာစောင့်သိမှု အလွန်နည်းပါးကာ၊

သင်တို့ စိတ်ထက်သန်မှု သေးနုပ်လွန်းပြီး

သင်တို့အသိစိတ် ပို၍ပင် ကင်းမဲ့ကြသည်

သင်တို့စိတ်နှလုံးသားထဲ မလိုမုန်းထားမှုများ များလွန်းနေသည်

သင်တို့မလိုမုန်းထားမှုမှ ဘယ်သူမှ မကင်းလွတ်

ဘုရားပင် မကင်းလွတ်ပါ

သင်တို့သားသမီးများ၊ သင်တို့ခင်ပွန်း

သို့မဟုတ် သင်တို့ကိုယ်တိုင်ရှင်သန်ရေးအတွက်

ကိုယ်တော်ကို ပယ်ထားဖို့ သင်တို့ ရွေးချယ်ကြသည်

ဟုတ်တယ်၊ ကိုယ်တော်ကို ပယ်ထားဖို့ သင်တို့ ရွေးချယ်ကြသည်

ဘုရားကို အလေးထားမည့်အစား

သင်တို့၏ မိသားစုနှင့် သားသမီးများ၊

သင်တို့၏ဂုဏ်သိမ်၊ သင်တို့အနာဂတ်၊

သင်တို့ကိုယ်တိုင် ပျော်ရွှင်မှုအတွက် အလေးထားကြသည်

သင် ဘုရားကို ဘယ်တုန်းက စဉ်းစားမိဖူးလဲ

ကိုယ်တော်နှင့် သူ့အမှုတော်အတွက်

သင် ဘယ်တုန်းက ကိုယ်တိုင် ဆက်ကပ်ခဲ့ဖူးလဲ

သင် ဘုရားနှင့် သဟဇာတရှိလား

ရှိတယ်ဟု ယူဆလျှင် သက်သေ ဘယ်မှာလဲ

ကိုယ်တော့်အပေါ် သင့် သစ္စာစောင့်သိမှု ဘယ်မှာလဲ

လက်တွေ့မှာက ဘယ်မှာလဲ

ထိုနည်းတူ သင်၏ ကိုယ်တော်အား နာခံခြင်း ဘယ်မှာလဲ

နောက်ကွယ်က သင့်၏ရည်ရွယ်ချက်များက

ဘုရား ကောင်းချီးရဖို့ မဟုတ်ခဲ့သလဲ။


စကားပြောရင်း သင်တို့ ဘုရားကို ဘယ်တုန်းက စဉ်းစားမိဖူးသလဲ

လုပ်ကိုင်ဆောင်ရွက်ရင်း သင်တို့ ကိုယ်တော်ကို

ဘယ်တုန်းက သတိရဖူးသလဲ

အေးစက်သော နေ့များ၌လား၊

ပိုပြင်းသော နေ့များ၌လား ဘယ်အချိန်မှာလဲ

သင်တို့အတွေးများက သင်တို့သားသမီးများ

သင်တို့ခင်ပွန်း၊ ဇနီး နှင့် မိဘများထံ ရောက်သည်

ဘုရား သင်တို့အတွေးများတွင် ဘယ်တော့မှ နေရာမရ

သင့်တာဝန်ကို ဆောင်ရွက်သည့်အခါ

သင့်ကိုယ်ပိုင်အကျိုးစီးပွားများ၊

သင့်ကိုယ်ပိုင် လုံခြုံရေး သို့မဟုတ် သင့်မိသားစုကို သင်စဉ်းစားသည်

ဘုရားသခင်အတွက် သင် ဘာလုပ်ခဲ့ဖူးသလဲ

သင် ဘုရားကို ဘယ်တုန်းက စဉ်းစားမိဖူးလဲ

ကိုယ်တော်နှင့် သူ့အမှုတော်အတွက်

သင် ဘယ်တုန်းက ကိုယ်တိုင် ဆက်ကပ်ခဲ့ဖူးလဲ

သင် ဘုရားနှင့် သဟဇာတရှိလား

ရှိတယ်ဟု ယူဆလျှင် သက်သေ ဘယ်မှာလဲ

ကိုယ်တော့်အပေါ် သင့် သစ္စာစောင့်သိမှု ဘယ်မှာလဲ

လက်တွေ့မှာက ဘယ်မှာလဲ

ထိုနည်းတူ သင်၏ ကိုယ်တော်အား နာခံခြင်း ဘယ်မှာလဲ

နောက်ကွယ်က သင်၏ရည်ရွယ်ချက်များက

ဘုရား ကောင်းချီးရဖို့ မဟုတ်ခဲ့သလဲ။


ဘုရားကို လှည့်စား၍ လှည့်ဖြားကာ သမ္မာတရားနှင့် ကစား၏

သမ္မာတရား၏ တည်ရှိမှုကို ဖုံးကွယ်လျက်၊

အနှစ်သာရကိုလည်း သစ္စာဖောက်ကြ၏

ဤလုပ်ရပ်များ သင်တို့ကို ဘာယူဆောင်ပေးမလဲ

မရေရာသော ဘုရားနှင့် သဟဇာတဖြစ်ရေးကို သင်တို့ ကြိုးစား၍

ဝေဝါးသော ယုံကြည်ခြင်းကိုသာ ရှာဖွေကြ၏

သို့သော် သင် ခရစ်တော်နှင့် သဟဇာတမဖြစ်

သင်တို့ဒုစရိုက်သည် ဆိုးယုတ်သူတို့ ထိုက်တန်သည့်

ဒဏ်ခတ်ခြင်း ရရှိမည်မဟုတ်လား


ခရစ်တော်နှင့် သဟဇာတဖြစ်သူတို့အတွက် ထိုသို့ဖြစ်မည်မဟုတ်

သူတို့ များစွာဆုံးရှုံးခဲ့ရပြီး ဆင်းရဲဒုက္ခများစွာ ခံခဲ့ရသော်လည်း

ဘုရားသခင် လူတို့အား ပေးသော အမွေကို သူတို့ ရရှိမည်

အဆုံးတွင် ဘုရားသခင်သာလျှင် ဖြောင့်မတ်ကြောင်းနှင့်

ဘုရားတစ်ပါးတည်းသာ လူကို သူ၏ လှပသောပန်းတိုင်သို့

ခေါ်ဆောင်နိုင်စွမ်းရှိသည်ကို သင်တို့ မြင်ရမည်


“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၅၂ ဘုရားသခင်နှင့် မည်သူသဟဇာတဖြစ်သနည်းကျူး

နောက်တစ်ခုသို့- ၃၅၄ ဘယ်သူမှ ဘုရားကို စိတ်ဝင်တစား နားလည်ဖို့ မကြိုးစားပါ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

ရှာဖွေလိုသည့် အဓိက စကားလုံးများကို ရေးသွင်းပါ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
မာတိကာ
ဆက်တင်
စာအုပ်များ
ရှာဖွေမည်
ဗီဒီယိုများ