အခန်း ၆၂

ငါ၏အလိုတော်ကို နားလည်သဘောပေါက်ခြင်းသည် အလိုတော်ကို သင်သိရှိရုံ သိရှိရန်သက်သက်မဟုတ်ဘဲ ငါ၏ ရည်ရွယ်ချက်များနှင့်အညီ သင်အသက်ရှင်နိုင်ဖို့ဖြစ်သည်။ လူတို့သည် ငါ၏စိတ်နှလုံးသားအား တကယ့်ကိုပင် နားမလည်ကြပေ။ ဦးတည်ရာလမ်းကြောင်းသည် အရှေ့ဘက်ဖြစ်သည်ဟု ငါပြောသည့်အခါ သူတို့သည် မယုံကြည်နိုင်ကြဘဲ “၎င်းသည် အမှန်ပင် အရှေ့ဘက်လော။ ဤသို့မဟုတ်ဘဲ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ၎င်းကို ယုံကြည်ခြင်းသက်သက်ဖြင့် ကျွန်ုပ်လက်မခံနိုင်ပါ။ ကိုယ့်ဘာသာကိုယ် ကြည့်ဖို့ရန်လိုအပ်သည်။” ဟူ၍ တွေးတောလျက် စဥ်းစားချင့်ချိန်ကြ၏။ ဤမျှလောက်အထိ အသင်လူသားတို့သည် ကိုင်တွယ်ဖို့ရန် ခက်ခဲပေ၏။ မည်သည့်အရာသည် စစ်မှန်သည့်နာခံခြင်းဖြစ်သည်ကို သင်တို့မသိကြ။ ငါ၏ရည်ရွယ်ချက်များကို သင်သိသည့်အခါ ၎င်းတို့ကိုဆောင်ရွက်ခြင်း၌သာ အာရုံစိုက်လော့။ တွေးတောခြင်းမပြုလေနှင့်။ သင်သည် ငါပြောသောအရာအား အမြဲပင် သံသယဖြင့်ကြည့်ပြီး ယင်းကို ရယ်ဖွယ်ကောင်းသောနည်းဖြင့် လက်ခံ၏။ ဤသည်မှာ စစ်မှန်သောထိုးထွင်းသိမြင်မှု မည်ကဲ့သို့ဖြစ်ထွန်းစေနိုင်မည်နည်း။ သင်သည် မည်သည့်အခါမျှ ငါ၏နှုတ်ကပတ်တော်များထဲသို့ မဝင်ရောက်ပေ။ ငါယခင်က ပြောဆိုခဲ့ပြီးသည့်အတိုင်း ငါလိုချင်သည့်အရာသည် လူအရေအတွက်များပြားခြင်းထက် လူတို့အထဲ၌ အရည်အသွေးထူးချွန်ခြင်းဖြစ်၏။ ငါ၏နှုတ်ကပတ်တော်အတွင်းသို့ဝင်ရောက်ရန် အလေးမထားသောသူ မည်သူမဆိုသည် ခရစ်တော်၏ ကောင်းသောစစ်သူရဲဖြစ်ဖို့ရန် မထိုက်တန်ပေ။ ယင်းအစား ၎င်းတို့သည် စာတန်၏အစေပါးကဲ့သို့ အသက်ရှင်ကြပြီး ငါ၏အမှုတော်ကို နှောင့်ယှက်ကြသည်။ ဤသည်ကို သေးငယ်သောကိစ္စဟု မထင်လေနှင့်။ ငါ၏အမှုတော်ကို နှောင့်ယှက်သောသူ မည်သူမဆိုသည် ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို ချိုးဖောက်ခြင်းဖြစ်ပြီး ထိုသို့သောသူများကို ငါသည် ဧကန်အမှန် ပြင်းထန်စွာ ဆုံးမပဲ့ပြင်လိမ့်မည်။ ဆိုလိုသည်မှာ ယခုအချိန်မှစ၍ သင်တို့သည် ငါ့ထံမှ ဝေးရာသို့ ခဏတာမျှ လှည့်သွားလျှင်ပင် သင်တို့အပေါ်သို့ တရားစီရင်ခြင်းကျရောက်လိမ့်မည်။ အကယ်၍ သင်သည် ငါ၏နှုတ်ကပတ်တော်များကို မယုံကြည်လျှင် ငါ့မျက်နှာ၏ အလင်းထဲ၌နေထိုင်ခြင်းသည် မည်သည့်အခြေအနေဆိုသည်နှင့် ငါ့ကိုစွန့်ပစ်ခဲ့ခြင်းသည် မည်သည့်အခြေအနေဆိုသည်ကို သင်ကိုယ်တိုင်ကြည့်လော့။

သင်သည် ဝိညာဉ်တော်အထဲ၌ အသက်မရှင်လျှင် ငါမစိုးရိမ်ပေ။ ငါ၏အမှုတော်သည် ယခုလက်ရှိအဆင့်အထိ ရောက်ရှိလာပြီဖြစ်သောကြောင့် သင်သည် ဘာများလုပ်နိုင်သနည်း။ ငါလုပ်ဆောင်သည့်အရာအားလုံး၌ အဆင့်ဆင့်ရှိပြီး ငါ၏အမှုတော်ကို ငါကိုယ်တိုင်ဆောင်ရွက်မည်ဖြစ်သည့်အတွက် စိတ်ပူပန်ခြင်းမရှိနှင့်။ ငါစတင်ဆောင်ရွက်သည်နှင့်တစ်ပြိုင်နက် အားလုံးသောသူတို့သည် အကြွင်းမဲ့ယုံကြည်ကြသည်။ သူတို့မယုံကြည်လျှင် နှစ်ဆသောပြင်းထန်မှုဖြင့် ငါသည် သူတို့ကို ပြစ်တင်ဆုံးမမည်ဖြစ်ကာ ယင်းသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို ဒီထက်ပို၍ ထည့်သွင်းစဥ်းစားပေသည်။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များသည် ဖုန်းကွယ်ထားခြင်းမရှိတော့ဘဲ ဋ္ဌာန်းဖို့ရန်နှင့် အကောင်အထည်ဖော်ဖို့ရန် စတင်ခဲ့ပြီးသည်ကို မြင်တွေ့နိုင်သည်။ ယခု ဤအရာအား သင်တို့ရှင်းလင်းစွာ မြင်တွေ့ကြရမည်။ အရာအားလုံးသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို ထည့်သွင်းစဥ်းစားကြပြီး ၎င်းတို့အား ချိုးဖောက်သူ မည်သူမဆိုသည် ဆုံးရှုံးခြင်းကြုံရကြပေမည်။ ဤအရာသည် သေးငယ်သောကိစ္စမဟုတ်ပေ။ သင်တို့သည် ဤအရာအပေါ် ထိုးထွင်းသိမြင်စွမ်း တစ်စုံတစ်ရာ အမှန်ပင် ရှိကြသလော။ ဤအရာအား သင်တို့ရှင်းလင်းစွာ မြင်ကြသလော။ ငါသည် စ၍ မိသာဟာယဖွဲ့မည်။ တိုင်းနိုင်ငံအားလုံးနှင့် လောက၏လူမျိုးအပေါင်းတို့သည် ငါ့လက်တော်ထဲ၌ အုပ်ချုပ်ခြင်းခံကြရပြီး ၎င်းတို့၏ဘာသာတရားကို ပဓာနမထားဘဲ ၎င်းတို့သည် ငါ၏ပလ္လင်တော်သို့ပြန်လာရကြမည်။ မှန်ပေ၏။ အချို့တို့သည် တရားစီရင်ခြင်း ခံကြရပြီးနောက် အနက်ဆုံးသောတွင်းထဲသို့ ပစ်ချခြင်းခံရမည် (လောင်မြိုက်မီးခြင်းခံရ၍ မကျန်ရစ်တော့ပဲ ပျက်စီးခြင်းသို့ရောက်သောအရာများဖြစ်လျက်။) အချို့သောသူတို့မှာမူ တရားစီရင်ခြင်းခံကြရပြီးနောက် ငါ၏နာမကို လက်ခံကြကာ ငါ၏နိုင်ငံသားများဖြစ်လာကြမည် (ဤသည်ကို ၎င်းတို့သည် နှစ်‌ပေါင်းတထောင်သာ မွေ့လျော်ကြရပေမည်)။ မည်သို့ပင်ဖြစ်စေ သင်တို့သည်ကား ငါနှင့်အတူ ဘုရင့်အရိုက်အရာ စွဲကိုင်မည်ဖြစ်ပြီး သင်တို့သည် ယခင်က ငါ့အတွက် ဒုက္ခဆင်းရဲခံခဲ့ကြသောကြောင့် သင်တို့၏ ဆင်းရဲဒုက္ခများအား ငါသင်တို့အပေါ် အစဥ်မပြတ်ပေးအပ်သော ကောင်းချီးမင်္ဂလာများဖြင့် ပြန်၍အစားထိုးပေးမည်။ ငါ၏လူများဖြစ်ကြသောသူတို့သည် ခရစ်တော်အား ဆက်၍ အစေခံရုံသာ အစေခံကြလိမ့်မည်။ ဤနေရာတွင် မွေ့လျော်ခြင်းဟုခေါ်ဆိုသည့် အရာသည် မွေ့လျော်ခြင်းကိုသာ ဆိုလိုသည်မဟုတ်ဘဲ ထိုသူတို့သည် ကပ်ဘေးများကို ခံစားရခြင်းမှလည်း ကာကွယ်ခြင်းခံကြရမည်ဖြစ်ကြောင်းကိုလည်း ဆိုလို၏။ ဤအရာသည် ယခုအချိန်တွင် သင်တို့အပေါ် ငါ၏တောင်းဆိုချက်များအလွန်တင်းကြပ်ရခြင်းနှင့် ယခုတွင် ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို ထည်သွင်းစဥ်းစားသည့် အရာအားလုံး၏ အဓိပ္ပာယ် အချုပ်အခြာဖြစ်၏။ ယင်း၏အကြောင်းအရင်းမှာ ငါ၏လေ့ကျင့်ပေးမှုအား သင်တို့လက်မခံခဲ့လျှင် သင်တို့အမွေဆက်ခံရန်အဖို့ ရည်ရွယ်ထားသည့် အရာကိုပေးဖို့ ငါ့အတွက်နည်းလမ်းရှိမည်မဟုတ်ပေ။ သို့သော်ငြားလည်း သင်တို့သည် အစဥ်အမြဲပင် ဇာတိပကတိအတွက်စဥ်းစားကာ စဥ်ဆက်မပြတ် သင်တို့အတွက်သာ အစီအမံများနှင့် အစီအစဥ်များပြုလုပ်လျက် ကြောက်ရွံ့နေသေးကာ သင်တို့၏ ဝိညာဉ်များ အနာတရဖြစ်မည်ကိုလည်း ကြောက်ရွံ့နေသည်။ ငါ၏အကြံစည်များသည် သင်တို့အတွက် မသင့်တော်သလော။ ထိုသို့ဖြစ်ပါက သင်သည် အဘယ်ကြောင့် သင့်အတွက် အစီအမံများ ဆက်၍ပြုလုပ်သနည်း။ သင်တို့သည် ငါ့အား သွားပုတ်လေလွင့် ပြောလေတကား။ သင့်အတွက် ငါတစ်စုံတစ်ခုစီမံပေးပြီးနောက် သင်သည် ၎င်းကို လုံးဝငြင်းပယ်ပြီး မိမိဘာသာ အကြံအစည်များပြုလေ၏။

သင်တို့သည် အဟောအပြောကောင်းနိုင်လောက်သော်လည်း အမှန်တွင် သင်တို့သည် ငါ၏အလိုတော်ကို ဘာမျှမလိုက်နာကြပေ။ ငါ့ကို နားထောင်လော့။ သင်တို့အထဲတွင် ငါ၏အလိုတော်ကို စစ်မှန်စွာ အရေးထားမှု ပြသနိုင်သောသူတစ်ဦးရှိသည်ဟု ငါပြောမည်မဟုတ်သည်မှာ ဧကန်မုချဖြစ်သည်။ သင်တို့၏ လုပ်ရပ်သည် ငါ၏အလိုတော်နှင့် ကိုက်ညီကောင်း ကိုက်ညီနိုင်သော်လည်း သင်တို့ကို ငါချီးမွမ်းမည်မဟုတ်ပေ။ ဤသည်မှာ ငါ၏ ကယ်တင်ခြင်း နည်းလမ်းဖြစ်၏။ သို့တိုင် သင်တို့သည် အခြားသူများအားလုံးအား မထီမဲ့မြင်ပြုနေစဥ် မိမိတို့ကိုယ်ကိုယ် အံသြဖွယ်အဖြစ်ထင်မှတ်ကာ တစ်ခါတစ်ရံ မိမိတို့ဘာသာ ကျေနပ်ရောင့်ရဲလျက် ရှိနေသေးသည်။ ဤအရာသည် လူသား၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ လက္ခဏာတစ်ခုပင် ဖြစ်၏။ ငါပြောနေသည့် ဤအရာကို သင်တို့အားလုံးသည် အသိမှတ်ပြုနေခြင်းသည် ပေါ့ပြက်ခြင်းတစ်ခုဖြစ်သည်။ အမှန်တကယ် ပြောင်းလဲနိုင်ဖို့ရန် ငါ့အနီးသို့ သင်လာရမည်။ ငါနှင့် မိသဟာယ ဖွဲ့လော့။ သို့ပြုလျှင် သင့်အပေါ်သို့ ငါ၏ကျေးဇူးတော်ပေးအပ်မည်။ အချို့သောသူတို့သည် အ‌ချောင်ခို ငုတ်တုတ်ထိုင်ကာ အခြားသူများ၏ စိုက်ပျိုးသောအရာများကိုသာ ရိတ်သိမ်းလိုကြ၏။ အဝတ်ဝတ်ဖို့ရန် သူတို့လက်ကိုသာ ဆန့်ထုတ်ရန်သာလိုပြီး သူတစ်ပါးအစာကျွေးဖို့ရန် သူတို့ပါးစပ်ကို ဖွင့်ထားရုံသာ လိုကြ၏။ သူတို့ မမျိုချခင်ပင် သူတို့ဝါးပေးရန်နှင့် သူတစ်ပါး ခွန့်ပေးခြင်းရန် စောင့်နေကြ၏။ ထိုသို့သောသူများသည် အမိုက်မဲဆုံးသောသူများဖြစ်ပြီး သူတစ်ပါးဝါးပြီးသောအရာများကို နှစ်သက်ကြပေသည်။ ဤအရာသည် လူသား၏ အပျင်းရိဆုံးလက္ခဏာ ဖော်ပြခြင်းလည်းဖြစ်၏။ သင်တို့သည် ငါ၏ ဤနှုတ်ကပတ်တော်များကို ကြားပြီးနောက် ကျော်၍မသွားရတော့ပေ။ သင်၏အာရုံစူးစိုက်မှု နှစ်ဆတိုးမှသာလျှင် မှန်ကန်သောအမှု သင်ပြုလိမ့်မည်ဖြစ်ပြီး သို့မှသာလျှင် ငါ၏အလိုတော်ကို သင်ဖြည့်ဆည်းမည်ဖြစ်သည်။ ဤအရာသည် အကောင်းဆုံးသော ကျိုးနွံနာခံခြင်းနှင့် လိုက်နာခြင်းဖြစ်ပေသည်။

အရှေ့သို့- အခန်း ၆၁

နောက်တစ်ခုသို့- အခန်း ၆၃

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။