အခန်း ၆၃

သင်သည် သင်၏ကိုယ်ပိုင်အခြေအနေကို နားလည်ရမည်ဖြစ်ပြီး ထို့အပြင် သင်လျှောက်လှမ်းရန်လိုအပ်သော လမ်းကြောင်းကို ရှင်းလင်းစွာသိရမည်ဖြစ်၏။ သင့်နားရွက်များကို ငါဆွဲမ၍ အရာများကို သင့်ထံညွှန်ပြပေးရန် စောင့်မနေနှင့်တော့။ ငါသည် လူသား၏ နှလုံးသားအတွင်းဆုံးကို ကြည့်ရှုသော ဘုရားသခင်ဖြစ်တော်မူပြီး သင့်အတွေးခပ်သိမ်းနှင့် အကြံဉာဏ်ခပ်သိမ်းကို ငါသိရုံသာမက သင့်လုပ်ရပ်များနှင့် အပြုအမူကို ငါနားလည်သည်။ သို့သော် ၎င်းတို့အားလုံး၌ ငါ၏ကတိ ပါဝင်သလော။ ၎င်းတို့တွင် ငါ၏အလိုတော် ပါဝင်သလော။ ၎င်းတို့ကို ယခင်က သင်အမှန်တကယ် ရှာဖွေခဲ့ဖူးသလော။ ၎င်းအတွက် ဧကန်အမှန်ပင် သင်အချိန်ယူခဲ့ပြီးပြီလော။ ဧကန်ပင် သင်ကြိုးစားအားထုတ်ခဲ့သလော။ သင့်ကို ငါဝေဖန်နေသည်မဟုတ်။ သင်တို့သည် ဤရှုထောင့်ကို ယတိပြတ် လျစ်လျူရှုထားကြသည်။ သင်တို့သည် အမြဲတစေ စိတ်ရှုပ်ထွေးနေပြီး မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မမြင်နိုင်ကြ။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းကို သင်သိသလော။ သင်တို့၏ အတွေးအခေါ်များသည် မကြည်လင်ဘဲ သင်တို့၏ အယူအဆများသည် အလွန်ခိုင်မြဲစွာ အမြစ်တွယ်နေခြင်းကြောင့်ပင် ဖြစ်သည်။ ထို့အပြင် ငါ့အလိုကို သင်တို့ အရေးထားခြင်း လုံးဝမရှိပေ။ “ကိုယ်တော့်အလိုတော်ကို ကျွန်ုပ်တို့ မစဉ်းစား မဆင်ခြင်ဟု ကိုယ်တော် အဘယ်သို့ ပြောနိုင်သနည်း။ ကိုယ်တော့်အလိုတော်ကို နားလည်သဘောပေါက်ရန် ကျွန်ုပ်တို့ အစဉ်တစိုက် ကြိုးစားနေသော်လည်း ကျွန်ုပ်တို့ မည်သည့်အခါမျှ မအောင်မြင်၊ ထို့ကြောင့် ကျွန်ုပ်တို့ အဘယ်သို့ ပြုသင့်သနည်း။ ကျွန်ုပ်တို့သည် လုံ့လစိုက်ထုတ်ခြင်း လုံးဝမရှိဟု ကိုယ်တော်သည် အမှန်ပင် ပြောနိုင်သလော” ဟု အချို့သူများက ပြောဆိုကြလိမ့်မည်။ သင့်ကို ငါမေးမည်၊ သင်သည် ငါ့အပေါ် ဧကန်အမှန် သစ္စာစောင့်သိသည်ဟု အခိုင်အမာ ဆိုဝံ့သလော။ ထို့အပြင် စုံလင်သော သစ္စာစောင့်သိမှုဖြင့် မိမိတို့ကိုယ်မိမိ ငါ့ထံသို့ ဆက်ကပ်သည်ဟု မည်သူပြောဝံ့သနည်း။ သင်တို့ထဲမှ မည်သူကမျှ ယင်းသို့ မပြောနိုင်ကြသည်ကို ငါစိတ်မကောင်း၊ အဘယ်ကြောင့်ဆိုသော် သင်တို့တစ်ဦးချင်းစီတိုင်းတွင် သင်တို့၏ ကိုယ်ပိုင်ရွေးချယ်မှုများ၊ သင်တို့၏ ကိုယ်ပိုင်အကြိုက်များသာမက သင်တို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ ကိုယ်စီရှိကြ၍ ဟူသည်မှာ ငါပြောစရာပင် မလို။ မုသား၌ မကျင်လည်ကြနှင့်။ သင်တို့၏ အတွင်းကျကျ အတွေးများအား ငါသည် ယခင်ကတည်းက နှံ့နှံ့စပ်စပ် နားလည်ပြီးဖြစ်၏။ ယင်းကို ငါရှင်းပြရန် လိုသေးသလော။ သင့်အနေဖြင့် ရှုထောင့်တိုင်းမှ (သင်တို့၏ အတွေးများနှင့် စိတ်ကူးများ၊ သင်တို့ပြောဆိုသည့်အရာတိုင်း၊ စကားလုံးတိုင်း၊ ရည်ရွယ်ချက်တိုင်းနှင့် သင်ပြုသည့် လှုပ်ရှားမှုတိုင်း၏ နောက်ကွယ်ရှိ ကြံရွယ်ချက် အရင်းခံအကြောင်းအရင်း) ပို၍ ဆန်းစစ်ရမည်။ ဤနည်းအားဖြင့် သင်သည် ရှုထောင့်တိုင်းသို့ ဝင်ရောက်မှု ရရှိနိုင်လိမ့်မည်ဖြစ်သည့်အပြင် သင်သည် ပြီးပြည့်စုံသောသမ္မာတရားနှင့် သင့်ကိုယ်သင် ပိုမိုလောက်ငပြည့်စုံစေပေလိမ့်မည်။

အကယ်၍ ငါသည် သင်တို့ကို ထိုအရာများ မပြောပြခဲ့လျှင် သင်တို့သည် စိတ်ရှုပ်ထွေးနေခဲ့လိမ့်ဦးမည်ဖြစ်ပြီး ကာမဂုဏ် ပျော်ပါးမှုများကိုသာ တစ်နေကုန် တောင့်တ၍ မည်သို့ပင်ဖြစ်စေ ငါ့အလိုကို အရေးထားရန် ဆန္ဒမရှိ။ သင်တို့ကို ကယ်တင်ရန် ငါ့မေတ္တာလက်ကို အစဉ်အသုံးပြုနေ၏။ ယင်းကို သင်တို့သိသလော။ သင်တို့ နားလည်သဘောပေါက်လာပြီလော။ ငါသည် သင့်ကို ရိုးသားစွာ ချစ်၏။ သင်သည် ငါ့ကို ရိုးသားစွာ ချစ်၏ဟု သင်ဆိုဝံ့သလော။ သင်၏လုပ်ရပ်တိုင်းကို ငါ၏စစ်ဆေးခြင်းထံ ကျိုးနွံနာခံရန်အလို့ငှာ ငါ့ရှေ့တော်မှောက်သို့ သင်အမှန်တကယ် လာရောက်နိုင်မည်လော၊ ယင်းကို သင့်ကိုယ်သင် မကြာခဏ မေးကြည့်လော့။ သင်၏ လုပ်ရပ်တိုင်းကို ဆန်းစစ်ရန် ငါ့ကို ဧကန်ပင် သင်အခွင့်ပေးနိုင်သလော။ သင်သည် ကိုယ်ကျင့်တရား ပျက်ယွင်းပြီး သင့်ကိုယ်သင် အမှန်ထင်သည်ဟု ငါပြောသည်။ ငါ့တရားစီရင်မှု သင့်အပေါ် ကျရောက်ပြီ။ ယခု သမ္မာတရားကို သင်သတိပြုသင့်ပြီ။ ငါမြွက်ဟသမျှသည် သမ္မာတရားဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များသည် သင့်အတွင်းရှိ ပကတိ အခြေအနေကို ထောက်ပြသည်။ ဟေ လူသား၊ သင်တို့ကို ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲလှသည်တကား။ ငါသည် သင်၏ ပကတိ အခြေအနေကို ထောက်ပြမှသာ သင်တို့သည် ငါပြောသည်ကို အသည်းလှိုက်အူလှိုက် ဧကန် လက်ခံကြသည်။ အကယ်၍ ၎င်းကို ငါမလုပ်ခဲ့ပါက သင်တို့သည် ကမ္ဘာကြီးပေါ်တွင် သင်တို့ထက် ချက်ချာပါးနပ်သူ တစ်ယောက်မှမရှိဟု ယူဆလျှက် သင်တို့၏ အတွေးအခေါ်ဟောင်းများကို ခိုင်မာစွာ အမြဲဆုပ်ကိုင်ထားပြီး သင်တို့၏ တွေးခေါ်ပုံ တွေးခေါ်နည်းများကို အစဥ်ဖက်တွယ် ထားခဲ့လိမ့်မည်။ ဤသည်မှာ သင့်ကိုယ်သင် ဖြောင့်မတ်သည်ဟု ခံယူနေခြင်းပင် မဟုတ်လော။ သင်သည် မိမိဘာသာ ကျေနပ်ခြင်းနှင့် အားရခြင်း၌ မွေ့လျော်နေပြီး မောက်မာထောင်လွှား၍ စိတ်ကြီးဝင်နေသည် မဟုတ်လော။ ၎င်းကို သင် ယခုသိရှိသင့်ပြီ။ သင်သည် ချက်ချာပါးနပ်သည် သို့မဟုတ် သာမန်ထက် ထူးမြတ်သည်ဟု သင့်ကိုယ်သင် မထင်သင့်၊ ယင်းအစား သင်ကိုယ်တိုင်၏ ချို့ယွင်းချက်များနှင့် အားနည်းချက်များကို အစဉ်သတိပြုရမည်။ ဤနည်းအားဖြင့် ငါ့ကိုချစ်ရန်ဟူသော သင်၏စိတ်ပိုင်းဖြတ်မှုမှာ မှေးမှိန်မသွားဘဲ ယင်းအစား ပိုမိုအားကြီးသထက် အားကြီးလာကာ သင့်ကိုယ်ပိုင်အခြေအနေသည် ဆက်လက်တိုးတက်လာလိမ့်မည်။ ပို၍အရေးကြီးသည်မှာ သင့်ဘဝအသက်တာသည် တစ်နေ့ပြီးတစ်နေ့ တိုးတက်လာမည်။

ငါ့အလိုတော်ကို သင်နားလည် သဘောပေါက်လာသောအခါ သင်သည် သင့်ကိုယ်သင် သိလာမည်ဖြစ်ပြီး ထိုသို့ဖြင့် ငါ့အကြောင်း ပိုမိုနားလည်မှု ရရှိကာ ငါနှင့်ပတ်သက်၍ သင်၏ကျိန်းသေမှုတွင် အခြေအနေ ပိုမိုတိုးတက်လာမည်။ လက်ရှိတွင် အကယ်၍ တစ်စုံတစ်ယောက်သည် ငါနှင့်ပတ်သက်ပြီး ကိုးဆယ်ရာခိုင်နှုန်း သေချာခြင်းမရရှိနိုင်ဘဲ တက်လိုက်ကျလိုက်ဖြစ်နေပြီး ပူလိုက်အေးလိုက် ဆက်တိုက်ဖြစ်နေလျှင် ထိုသူသည် ဧကန်အမှန် စွန့်ပစ်ခံရသောသူတစ်ဦး ဖြစ်လိမ့်မည်ဟု ငါပြောမည်။ ကျန်သော တစ်ဆယ်ရာခိုင်နှုန်းမှာမူ ငါ၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့အပေါ် လုံးလုံး မူတည်နေကာ လူတို့သည် ၎င်းတို့အားဖြင့် ငါ့အကြောင်း တစ်ရာရာခိုင်နှုန်း သေချာမှု ရရှိနိုင်ပေမည်။ လက်ရှိတွင်၊ ဆိုလိုသည်မှာ ယနေ့တွင် ဤသို့သော ဝိညာဉ်ရင့်သန်မှုကို ဘယ်နှစ်ယောက် ရရှိနိုင်သနည်း။ ငါသည် သင့်အား ငါ့အလိုတော်ကို အဆက်မပြတ် ဖော်ပြနေပြီး သင့်အတွင်း၌လည်း အသက်တာ၏ ခံစားချက်များ အစဉ်ဝင်ရောက် စီးဆင်းနေ၏။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ဝိညာဉ်တော်နှင့်အညီ မကျင့်ဆောင်သနည်း။ အမှားများ ပြုလုပ်မိမည်ကို သင်ကြောက်ရွံ့သလော။ သို့ဆိုလျှင် လေ့ကျင့်မှုကို အဘယ်ကြောင့် သင်လုံးဝ အာရုံမစိုက်သနည်း။ လူတို့သည် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ကြိုးစားရုံမျှနှင့် ငါ့အလိုတော်ကို သဘောပေါက်နိုင်မည် မဟုတ်ဟု ငါပြောမည်၊ သူတို့သည် ဖြစ်စဉ်တစ်ခုကို ကြုံရပေမည်။ ၎င်းကို ကြိမ်ဖန်များစွာ ငါထောက်ပြပြီး ဖြစ်သော်လည်း သင်အဘယ့်ကြောင့် လက်တွေ့မလုပ်ဆောင်သနည်း။ သင်သည် မနာခံဘဲ ဖြစ်နေသည်ဟု သင်မထင်သလော။ သင်သည် အရာအားလုံးကို ချက်ချင်း ပြီးမြောက်ချင်စိတ်သာရှိပြီး အဘယ်အမှုကိုမျှ လုံ့လစိုက်ထုတ်လိုစိတ် သို့မဟုတ် အချိန်ပေးလိုစိတ်မရှိ။ သင်သည် မိုက်မဲရုံသာမက ပို၍ အသိဉာဏ်ကင်းမဲ့သည်တကား။

ငါသည် အမှုအရာအများ အကြောင်းကို ကဗျာဆန်သော စကားလုံးများ မပါဘဲ အမြဲပြောကြောင်း သင်တို့ သတိမထားမိသလော။ သင်တို့သည် အဘယ်ကြောင့် ဆက်လက်၍ ထူ၊ ထုံထိုင်းကာ တုံးအနေသနည်း။ သင်တို့သည် သင်တို့ကိုယ်သင်တို့ သာ၍စစ်ဆေးသင့်ပြီး သင်တို့ နားမလည်သောအရာ တစ်စုံတစ်ခုရှိပါက ငါ့ရှေ့တော်မှောက်သို့ သင်တို့ ပို၍မကြာခဏ လာရောက်သင့်သည်။ ဤသို့၊ ထိုသို့ ငါပြောရခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့ကို ငါ့ရှေ့တော်မှောက်သို့ ဦးတည်ခေါ်ဆောင်ရန် ဖြစ်၏ဟု ငါပြောမည်။ ဤမျှလောက် ကြာမြင့်သော်လည်း ၎င်းကို သင်တို့ အဘယ်ကြောင့် သဘောမပေါက်သေးသနည်း။ ငါ့နှုတ်ကပတ်တော်များက သင်တို့ကို လုံးလုံးရှုပ်ထွေးစေသောကြောင့်လော။ သို့မဟုတ် ငါ့နှုတ်ကပတ်တော်များ၏ စကားလုံးတစ်လုံးစီတိုင်းကို သင်တို့ အလေးနက်မထားသောကြောင့်လော။ ၎င်းတို့ကို သင်တို့ ဖတ်သောအခါ သင်တို့သည် မိမိကိုယ်ကို ကောင်းမွန်သော သိနားလည်မှုတစ်ခု ရရှိပြီး သင်တို့သည် ငါ့အပေါ် အကြွေးတင်ကြောင်း သို့မဟုတ် ငါ့အလိုကို သဘောမပေါက်၊ နားမလည်နိုင်ကြောင်း ဆက်လက် ပြောကြသည်။ သို့စင်လျှက် ထို့နောက်တွင်ကား အသို့နည်း။ ဤအရာများသည် သင်တို့နှင့် မသက်ဆိုင်သကဲ့သို့၊ သင်တို့သည် ဘုရားသခင်ကို မယုံကြည်ကြသူကဲ့သို့ ဖြစ်ကြသည်။ သင်တို့သည် အချက်အလက်များကို ကြေညက်အောင် သင်တို့ကိုယ်သင်တို့ အချိန်မပေးဘဲ အငမ်းမရ မျိုချကြသည်သာ မဟုတ်လော။ ငါ့နှုတ်ကပတ်တော်များကို သင်တို့မွေ့လျော်ချိန်တွင် ၎င်းသည် မြင်းကျောပေါ်၌ သင်ဒုန်းစိုင်းစီးနေစဉ် ပန်းများကို ဖျတ်ခနဲမျှသာ လှမ်းကြည့်ခြင်းနှင့် အလားတူသည်၊ ငါ့အလိုတော်သည် အဘယ်ဖြစ်သည်ကို ငါ့နှုတ်ကပတ်တော်များမှတစ်ဆင့် အမှန်တကယ် နားလည်သဘောပေါက်ရန် သင်တို့ ဘယ်သောအခါမှ မကြိုးစားကြ။ လူတို့မှာ ဤသို့ပင်ဖြစ်သည်။ သူတို့သည် နှိမ့်ချပုံ အစဥ်ပေါ်နေစေလို၏။ ထိုသို့သော သူတို့သည် မုန်းဖွယ်ရာ အကောင်းဆုံး လူအမျိုးအစား ဖြစ်သည်။ သူတို့သည် အခြားသူများနှင့် မိတ်သဟာယဖွဲ့ရန် တွေ့ဆုံချိန်၌ သူတို့အကြောင်းကို အခြားလူများရှေ့တွင်ပြောရန် အမြဲနှစ်သက်ကြပြီး သူတို့သည် ငါ့ဝန်ကို အရေးထားသောသူများအဖြစ် အခြားသူများ မြင်စေရန် ပြုလုပ်နေကြသော်လည်း စင်စစ်တွင်မူ သူတို့သည် အမိုက်မဲဆုံး သူရူးများ ဖြစ်ကြသည် (ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယဖွဲ့လျှင်လည်း ငါ့အကြောင်း စစ်မှန်သော ထိုးထွင်းအမြင်နှင့် အသိပညာများကို ပြောမည့်အစား အခြားသူများရှေ့၌ သူတို့အကြောင်းကိုသာ ဖော်ထုတ်ကြွားဝါနေသည်။ သူတို့သည် အမနာပပြောပြီး ငါ့ကို မတရားသဖြင့် ချိုးနှိမ်သောကြောင့် ထိုသူများကို ငါအရွံရှာဆုံးဖြစ်သည်။

ငါ၏အကြီးမားဆုံး ပြာဋိဟာများကို သင့်တို့အထဲ၌ ငါမကြာခဏ ထင်ရှားစေနေသည်။ ၎င်းတို့ကို သင်တို့ မမြင်နိုင်သလော။ ငါ့ကို စစ်မှန်စွာ ချစ်သောသူများက လက်တွေ့အရှိတရားဟု ဆိုအပ်သောအရာကို အသက်ရှင်နေထိုင်ကြသည်။ ၎င်းကို သင်တို့ မတွေ့သလော။ သင်တို့ ငါ့ကိုသိကျွမ်းနိုင်ရန် ဤအရာသည် အကောင်းဆုံးသော သက်သေသက္ကာယ မဟုတ်သလော။ ၎င်းသည် ငါ့အတွက် ပိုကောင်းသော သက်သေကို မခံသလော။ သို့စင်လျှက် သင်တို့သည် ၎င်းကို အသိအမှတ်မပြုကြ။ မသန့်ရှင်းလွန်း၊ ညစ်ပတ်ပေရေလွန်းကာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသော၊ လူတကာနှင့် သောင်းပြောင်း လိင်ဆက်ဆံနေသည့် ဤကမ္ဘာပေါ်ဝယ် မည်သူက လက်တွေ့အရှိတရားကို အသက်ရှင် နေထိုင်နိုင်မည်နည်း။ လူသားအားလုံးသည် ဗလာဖြစ်ပြီး ဖောက်ပြန်ပျက်စီးနေသည် မဟုတ်လော။ မည်သို့ဆိုစေ ငါ၏နှုတ်ကပတ်တော်များသည် သူတို့၏ အထွတ်အထိပ်သို့ ရောက်ပြီးဖြစ်သည်။ ဤထက်သာ၍ နားလည်လွယ်မည့် နှုတ်ကပတ်တော်များ မရှိပေ။ လုံးလုံးလျားလျား တုံးအသူတစ်ဦးပင်လျှင် ငါ့နှုတ်ကပတ်တော်များကို ဖတ်ရှုနိုင်ပြီး ၎င်းတို့ကို နားလည်နိုင်သည်။ ထို့ကြောင့် သင်တို့သည် လုံလောက်သော ကြိုးစားအားထုတ်မှု မထည့်ခြင်းသာ မဟုတ်လော။

အရှေ့သို့- အခန်း ၆၂

နောက်တစ်ခုသို့- အခန်း ၆၄

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။