အခန်း ၆၄

သင်သည် လွဲချော်ပြီး ယုတ္တိအမှားပေါ် အခြေခံသော နည်းလမ်းတစ်ခုအားဖြင့် ငါ၏နှုတ်ကပတ်တော်များကို နားမလည်ရ၊ သင်သည် ၎င်းတို့ကို ရှုထောင့်အလုံးစုံမှ နားလည်ကာ သာ၍ သဘောပေါက်အောင် ကြိုးစားသင့်ပြီး တစ်မနက် သို့မဟုတ် တစ်ညမျှ အတွက်သာမဟုတ်ဘဲ အဖန်တလဲလဲ အလေးအနက် သုံးသပ်ဝေဖန်သင့်သည်။ ငါ့အလိုတော်သည် မည်သည့်နေရာတွင် ရှိသည် သို့မဟုတ် မည်သည့် ရှုထောင့်များအားဖြင့် အပတ်တကုတ် အဖိုးအခတစ်ခုအား ငါပေးပြီးသည်နှင့် စပ်လျဥ်းပြီး သင်မသိပေ။ ငါ့အလိုတော်အတွက် အရေးထားမှုကို သင်တို့ မည်သို့ ပြသနိုင်မည်နည်း။ သင်တို့လူသားများသည် ဤအတိုင်းတည်း၊ အသေးစိတ် နှိုက်နှိုက်ချွတ်ချွတ် ကြိုးစားရှာဖွေရန် လုံးလုံးလျားလျား မတတ်နိုင်ကြ၊ အပေါ်ယံ၌သာ အာရုံစိုက်၍ တုပခြင်းမျှသာ တတ်စွမ်းသည်။ ဤသည်ကို ယုံကြည်သက်ဝင်ခြင်းဟု မည်သို့ဆိုနိုင်မည်နည်း။ ၎င်းသည် လူ၏ စိတ်အားထက်သန်မှုမျှသာ ဖြစ်ပြီး ၎င်းကို ငါမချီးကျူးရုံမက သာ၍ငါရွံရှာသည်။ ငါရွံရှာသောအရာအားလုံးသည် သုတ်သင်ခြင်းခံရ၍ ဘေးဒုက္ခမျိုးမျိုးဖြင့် ဆင်းရဲဒုက္ခခံရကာ ငါ၏ မီးတင်ရှို့ခြင်းနှင့် တရားစီရင်ခြင်းကို မလွန်ဆန်နိုင်ဟု သင်တို့ကို ငါပြောမည်။ သို့မဟုတ်လျှင် “ကြောက်မက်ဖွယ်ကောင်းသော” ဟူသည် အဘယ်အရာကို ဆိုလိုကြောင်း လူတို့ သိလိမ့်မည် မဟုတ်သည့်အပြင် အပျော်အပါးကြူးကြကာ ငါ့ကို လူသားမျက်စိဖြင့် အစဥ်မြင်ကြလိမ့်မည်၊ သူတို့သည် အလွန် မိုက်မဲစွတကား။ သင်ကိုယ်တိုင်ထံမှ စာတန်၏ အတွေးအခေါ်များကို ဖယ်ရှားရန် အကောင်းဆုံး နည်းလမ်းမှာ ငါ့ထံသို့ ချဉ်းကပ်၍ ငါနှင့် မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ တရားစီရင်ခံရခြင်းနှင့် သင်တို့၏ အသက်တာ၌ ဆုံးရှုံးမှုဒဏ်ကို သင်တို့ ရှောင်ရှားနိုင်ရန်အလို့ငှာ သင်တို့အားလုံး ဤစည်းမျဉ်းနှင့်အညီ ပြုမူကြရန် ငါအလိုရှိသည်။

လူသားများသည် ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲသူများ ဖြစ်ကြပြီး အပြင်လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် သူတို့၏ ကိုယ်ပိုင်အယူအဆများ၏ ထိန်းချုပ်မှုအောက်တွင် အမြဲရှိနေကြ၏။ ရလဒ်အဖြစ် သူတို့သည် ငါ့အတွက် ကောင်းမွန်သော သက်သေခံရန်နှင့် ငါနှင့် အလွန်ကောင်းစွာ ပူးပေါင်းလုပ်ဆောင်ရန် မတတ်နိုင်ကြပေ။ ငါသည် သင်တို့ကို အဆက်မပြတ် ထောက်ပံ့၍ အားပေးမြှင့်တင်သော်လည်း သင်တို့သည် ငါနှင့် ပူးပေါင်းဆောင်ရွက်ရန် အကောင်းဆုံးကြိုးပမ်းခြင်း မပြုနိုင်ကြပေ။ ငါ့ကို သင်တို့နားမလည်ကြကြောင်းကို ဤအကြောင်းအရာအားလုံးက ပြည့်စုံလုံလောက်စွာ ဖော်ပြနေလေသည်။ အချိန်တန်၍ ငါနှင့်ပတ်သက်ပြီး သင်တို့ မည်သည့်သံသယများမှ မရှိတော့သောအခါ စစ်မှန်သော လမ်းကြောင်းပေါ်တွင် သင်တို့လျှောက်လှမ်းခြင်းကို မည်သူမျှ တားဆီးနိုင်ကြလိမ့်မည် မဟုတ်သည့်အပြင် မည်သည့် လူသားအယူအဆများကမှ သင့်အပေါ် အုပ်စိုးမှု ရှိမည်မဟုတ်။ ၎င်းကို အဘယ်ကြောင့် ငါဆိုသနည်း။ ငါ့မိန့်မြွက်ချက်များ၏ အဓိပ္ပာယ်ကို သင် စစ်မှန်စွာ နားလည်သလော။ ဤသို့သော နှုတ်ကပတ်တော်များကို ငါရှင်းပြမှသာ သင်တို့ အနည်းငယ်မျှ နားလည်ကြသည်။ လူတို့သည် လွန်စွာမိုက်မဲညံ့ဖျင်းပြီး စဉ်းစားဉာဏ် နုံနဲ့ကြသည်။ အပ်နှင့် အရိုး ထိုးမိမှသာ အနည်းဆုံးသော နာကျင်မှုကို သူတို့စတင် ခံစားကြရသည်။ ဆိုလိုသည်မှာ သင်၏ ရောဂါဇာစ်မြစ်ကို ငါ့နှုတ်ကပတ်တော်များက ညွှန်ပြသောအခါမှသာ အပြည့်အဝ သင်ယုံကြည်လက်ခံသည်။ သို့ဖြစ်သည့်တိုင် သင်တို့သည် တစ်ခါတစ်ရံတွင် ငါ၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့လိုက်နာ ကျင့်သုံးလိုခြင်းမရှိဆဲ သို့မဟုတ် သင်တို့ကိုယ်သင်တို့ သိလိုစိတ် မရှိဆဲ ဖြစ်ကြ၏။ ဤနေရာတွင် လူသားများကို ကိုင်တွယ်ဖြေရှင်းရန် မည်မျှခက်ခဲသည့်အကြောင်း သင်တို့ အဘယ်ကြောင့် သဘောမပေါက်ကြသေးသနည်း။ ဤသည်မှာ ငါ့နှုတ်ကပတ်တော်များသည် လုံလုံလောက်လောက် မထင်ရှားကြ သို့မဟုတ် မရိုးစင်းကြသောကြောင့်လော။ သင်တို့ ငါနှင့် လေးနက်စွာ၊ ရိုးသားဖြောင့်မတ်စွာ ပူးပေါင်းလုပ်ဆောင်သည်ကို ငါအလိုရှိသည်။ သာယာနာပျော်ဖွယ်သော စကားလုံးတို့ကို သင်ဆိုသည်ဖြစ်စေ၊ မဆိုသည်ဖြစ်စေ ငါနှင့် ပူးပေါင်းလုပ်ဆောင်လိုစိတ်ရှိကာ မှန်ကန်သောနှလုံးသားဖြင့် ငါ့ကို ကိုးကွယ်နိုင်နေသရွေ့ ငါ၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် သင်ရှိလိမ့်မည်။ ဤလူမျိုးသည် လွန်စွာပညာမဲ့လှလျှင်ပင် သူတို့၏ ပညာမဲ့မှုကို သူတို့စွန့်ပစ်စေခြင်းငှာ ငါသည် သူတို့ကို ဉာဏ်အလင်းပွင့်စေမည်။ ဤသည်မှာ ငါ၏ လုပ်ဆောင်မှုများသည် ငါ၏နှုတ်ကပတ်တော်များနှင့် သေချာပေါက် ကိုက်ညီသောကြောင့်ဖြစ်၏။ ငါသည် မိမိမစောင့်စည်းနိုင်သည့် ကတိသစ္စာကို ဘယ်သောအခါမျှ မပြုသော အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။

ငါ့အလိုကို အသင်းတော်အားလုံးနှင့် သားဦးအားလုံးထံသို့ ငါချက်ချင်းထုတ်ဖော်မည်။ အရာခပ်သိမ်းကို ထုတ်ဖော်ရမည့်နေ့ရက် ရောက်ရှိလာပြီး ဖြစ်သည့်အတိုင်း မည်သည့်အရာမဆို ဖုံးကွယ်ထားခြင်း တဖန်ရှိတော့မည်မဟုတ်ပေ။ ဆိုလိုသည်မှာ “ဖုံးကွယ်ထားခြင်း” ဟူသော စကားရပ်ကို ယခုမှစ၍ တဖန်ပြန်လည် အသုံးပြုတော့မည် မဟုတ်ပေ၊ ဖုံးကွယ်ထားသောအရာ တစ်စုံတစ်ရာ ဆက်လက် တည်ရှိရန်ကား ဝေးစွ။ ဖုံးကွယ်ထားသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားလုံးသည် ကျိန်းသေပေါက် တစ်ခုပြီးတစ်ခု ဖွင့်ပြခြင်းခံရတော့မည် ဖြစ်သည်။ ငါသည် အာဏာအလုံးစုံကို ချုပ်ကိုင်ထားသော အမြော်အမြင်ကြီးသည့် ဘုရားသခင်ဖြစ်သည်။ ဖြစ်ရပ် အားလုံး၊ အမှုအရာအားလုံးနှင့် လူတစ်ဦးစီတိုင်းကို ငါ့လက်များအထဲ၌ ချုပ်ကိုင်ထားသည်။ သူတို့ကို ဖွင့်ပြရန် ငါကိုယ်တိုင် စတင်လုပ်ဆောင်မည်ဖြစ်ပြီး ၎င်းတို့အားလုံးကို အစီအစဉ်တကျ တစ်ခုပြီးတစ်ခု ငါဖွင့်ပြသွားမည်။ ငါ့ကို ပူဆာဝံ့သူ သို့မဟုတ် ငါ့အား တစ်စုံတစ်ရာ ကွယ်ဝှက်ရန် ကြိုးစားဝံ့သူ မည်သူတစ်ဦးတစ်ယောက်မဆို ဘယ်သောအခါမျှ တဖန်ပြန်မထနိုင်စေရန် ငါအသေအချာပြုမည်။ သင်တို့အားလုံး ထင်ရှားမြင်တွေ့စေရန် ဤနည်းဖြင့် ငါအရေးယူမည်။ ရှင်းလင်းစွာ ကြည့်ကြလော့။ ငါပေးခဲ့သော အပတ်တကုတ် အဖိုးအခသည် အလာဟဿမဟုတ်ဘဲ အသီး သီးလိမ့်မည်။ အရေးမထားသူ သို့မဟုတ် မနာခံသူ မည်သူမဆို ငါ၏ တရားစီရင်ခြင်းကို ချက်ချင်းခံရမည်။ ငါ့ကို မည်သူ ဖီဆန်ရဲသေးသလော။ သင်တို့အားလုံး ငါ့ကို ကျိုးနွံနာခံရမည်။ ယနေ့ ငါပြောသမျှ၊ လုပ်သမျှအားလုံး၊ လုပ်ဆောင်ချက်တိုင်း၊ စိတ်ကူးအကြံဉာဏ်တိုင်း၊ အတွေးတိုင်းနှင့် အကြံအစည်တိုင်းသည် အားလုံး လုံးဝဥဿုံမှန်ကန်၍ လူသား ထပ်မံစဉ်းစားသုံးသပ်ရန် လုံးဝမလိုအပ်ဟု သင်တို့ကို ငါပြောမည်။ သင်တို့ ပြုလုပ်ရန်လိုသည့်အရာမှာ လိုက်လျှောက်ရန်သာဖြစ်ပြီး ၎င်းနှင့်ပတ်သက်၍ ထပ်မံ တွေးတောရန် မလိုသည့်အကြောင်း သင်တို့အား အဘယ်ကြောင့် အဖန်တလဲလဲ ငါပြောသနည်း။ ဤအကြောင်းကြောင့်ဖြစ်သည်။ သင်တို့ကို ငါရှင်းပြရန် လိုသေးသလော။

သင်တို့၏ အယူအဆများသည် သင်တို့အပေါ် စိုးမိုးမှုရှိသော်လည်း ယင်းသည် သင်တို့ကိုယ်တိုင် လုံလောက်သော အားထုတ်မှု မရှိသောကြောင့် ဖြစ်ပေသည်ဟု မစဉ်စားဘဲ ယင်းအစား ငါက သင့်ကို ဉာဏ်အလင်းမဖွင့်ပေးသောကြောင့်ဖြစ်သည် ဟုဆိုကာ ငါ့အပေါ်တွင် အပြစ်ပုံကြသည်။ ဤသည်မှာ အဘယ်သို့သော စကားနည်း။ သင်တို့သည် မိမိကိုယ်ကို တာဝန်ယူခြင်း မရှိဘဲ ငါ့ကိုသာ အစဉ်အမြဲ ညည်းညူတိုင်ကြားကြသည်။ သင့်ကို ငါသတိပေးနေသည်။ သင်တို့သည် အဖိုးအခပေးဆပ်ခြင်း လုံးဝမရှိဘဲလျှက် ဤနည်းလမ်းအတိုင်း ဆက်လျှောက်ကြလျှင် သင်တို့သည် စွန့်ပစ်ခြင်းကို ခံကြရလိမ့်မည်။ သင်တို့ကို ခြိမ်းခြောက်ရန် ငါတစ်နေကုန် ကြီးကြီးကျယ်ကျယ် ပြောနေခြင်းမဟုတ်။ ဤသည်မှာ စင်စစ်တွင် အမှန်တရားဖြစ်ပြီး ငါပြောသည့်အတိုင်း ငါလုပ်၏။ နှုတ်ကပတ်တော်များသည် ငါ့နှုတ်မှထွက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ချက်ချင်း စတင်ပြည့်စုံလာသည်။ ယခင်ကဆိုလျှင် ငါမြွက်ဟခဲ့သော နှုတ်ကပတ်တော်များသည် ဖြည်းဖြည်းချင်း ပြည့်စုံခဲ့၏။ သို့သော်လည်း ယခုအခါတွင် အမှုအရာများမှာ ကွဲပြားပြီး ဖြည်းညင်းစွာ ဖြစ်တော့လိမ့်မည် မဟုတ်ပေ။ ရှင်းရှင်းပြောရလျှင် တိုက်တွန်းခြင်း သို့မဟုတ် ချော့မော့ခြင်းကို ငါပြုတော့မည် မဟုတ်ဘဲ ထိုအစား သင်တို့ကို မာန်တင်းပေးကာ အတင်းအကျပ်ပြုမည်။ သာ၍ပွင့်လင်းစွာ ပြောရလျှင် လိုက်နိုင်သောသူတို့ လိုက်ကြလိမ့်မည်၊ မလိုက်နိုင်သူများ၊ ရှေ့မဆက်နိုင်တော့သူများသည် ပယ်ထုတ်ခံရလိမ့်မည်။ ငါသည် သင်တို့ကို ဖြစ်နိုင်သမျှ နည်းမျိုးစုံဖြင့် စိတ်ရှည်စွာ ပြောဆိုလေ့ရှိခဲ့သည်။ သို့သော် သင်တို့ လုံးဝ နားမထောင်ခဲ့ပေ။ ယခုတွင် အမှုမှာ ဤအဆင့်ထိ ဆက်လာပြီးဖြစ်ရာ သင်တို့ အဘယ်အရာကို လုပ်ကြမည်နည်း။ သင်တို့သည် ဧကန်ပင် မိမိကိုယ်ကို အလိုလိုက်ဆဲ ရှိဦးမည်လော။ ထိုသို့သောလူများသည် စုံလင်အောင် ပြုခြင်းကို မခံရနိုင်ဘဲ ငါ၏ ပယ်ထုတ်ခြင်းကို ဧကန်မုချ ခံရပေလိမ့်မည်။

အရှေ့သို့- အခန်း ၆၃

နောက်တစ်ခုသို့- အခန်း ၆၅

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။