အခန်း ၆၅

ငါ၏ နှုတ်ကပတ်တော်သည် သင့်ကို အမြဲ အရှိုက်ထိသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် သင်တို့၏ သေလောက်သော အားနည်းချက်များကို ထောက်ပြ ပေသည်။ ထိုသို့မဟုတ်ပါက သင်တို့သည် ယခု မည်သည့် အချိန်ဖြစ်သည်ကို မသိကြဘဲ အချိန်ဆွဲနေကြဦးမည် ဖြစ်သည်။ ဤအရာကို သိကြလော့။ သင်တို့ကို ကယ်တင်ရန် ချစ်ခြင်းနည်းလမ်းကို ငါအသုံးပြု၏။ သင်တို့ မည်သို့ ပြုမူကြပါစေ၊ ငါ လက်ခံပြီးဖြစ်သောအရာများကို ငါ ပြည့်စုံစေမည်ဖြစ်ပြီး မည်သည့် အမှားများကိုမျှ ပြုမည် မဟုတ်။ ဖြောင့်မတ်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည့် ငါသည် အမှားတစ်ခုကို ပြုမိနိုင်သလော။ ယင်းမှာ လူသား၏ အယူအဆတစ်ခု ဖြစ်သည် မဟုတ်လော။ ငါ့ကို ပြောလော့- ငါလုပ်ဆောင်သမျှနှင့် ပြောသမျှတို့သည် သင်တို့အဖို့ ဖြစ်သည် မဟုတ်လော။ လူအချို့တို့က၊ “အို ဘုရားသခင်။ ကိုယ်တော် လုပ်ဆောင်သမျှသည် ကျွန်ုပ်တို့ အတွက် ဖြစ်သော်လည်း၊ ကိုယ်တော်နှင့် မည်ကဲ့သို့ ပူးပေါင်းလုပ်ဆောင်ရမည်ကို ကျွန်ုပ်တို့ မသိကြပါ။” ဟု နှိမ့်ချစွာ ဆိုကြလိမ့်မည်။ အသိမဲ့လိုက်လေစွ။ သင်တို့က ငါနှင့် အဘယ်သို့ ပူးပေါင်းလုပ်ဆောင်ရမည်ကို မသိဟူ၍ပင် ပြောကြသည်။ ဤအရာအားလုံးမှာ ရှက်ဖွယ်သော အလိမ်အညာများသာ ဖြစ်၏။ သင်တို့သည် ထိုသို့သော အရာများ ဖွင့်ဟပြီးဖြစ်သည်ကို ထောက်ဆလျှင်၊ တကယ့် အမှန်တရားတွင်၊ အဘယ်ကြောင့် ဇာတိပကတိ အတွက် အရေးထားမှု အကြိမ်ကြိမ် ပြကြသနည်း။ သင်တို့၏ စကားများသည် ကြားကောင်းသော်လည်း၊ သင်တို့သည် ဖော်ရွေပြီး နှစ်လိုဖွယ်သော ပုံစံဖြင့် မပြုမူကြပေ။ ဤအရာကို သင်တို့ နားလည်ရမည်- ယနေ့ သင်တို့ကို ငါ များစွာ မတောင်းဆိုသကဲ့သို့၊ ငါ၏ သတ်မှတ်ချက်များသည် သင်တို့ လက်လှမ်းမမီသည့် အရာလည်း မဟုတ်ပေ၊ ယင်းထက်၊ ၎င်းတို့သည် လူသားများ စွမ်းဆောင်ရရှိနိုင်သည့် အရာများ ဖြစ်သည်။ ငါသည် သင်တို့ကို ပိုလွန်ခန့်မှန်းခြင်း လုံးဝမပြုပေ။ ငါသည် လူသား၏ လုပ်နိုင်စွမ်း အတိုင်းအတာကို မသိဘဲနေမည်လော။ ထိုအရာနှင့် ပတ်သက်၍ ငါသည် လုံးဝ ရှင်းလင်းသော သိနားလည်ခြင်း ရှိပေသည်။

ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့ကို စဉ်ဆက်မပြတ် အသိဉာဏ်ပွင့်စေသော်ငြားလည်း၊ သင်တို့၏ စိတ်နှလုံးများမှာ မာကြောလွန်းပြီး သင်တို့သည် သင်တို့၏ စိတ်ဝိညာဉ်များအတွင်း၌ ငါ၏အလိုကို သဘောမပေါက် နိုင်ကြချေ။ ငါ့ကို ပြောလော့- အစားအစာ၊ အဝတ်အထည် သို့မဟုတ် သင်တို့၏ ပုံပန်းကို အာရုံမစိုက်ကြဘဲ၊ ယင်းအစား သင်တို့၏ အတွင်းအသက်များကို အာရုံစိုက်ကြရန် အကြိမ် မည်မျှ သင်တို့ကို ငါသတိပေးပြီးပြီနည်း။ သင်တို့သည် တကယ်ကို နားထောင်ကြမည်မဟုတ်။ ပြောဆိုရသည်ကို ငါစိတ်ကုန်ပြီ။ ဤသည်မှာ သင်တို့ ထုံထိုင်းလာကြပုံ ဖြစ်သလော။ သင်တို့သည် လုံးဝ အသိတရားမဲ့ကြသလော။ ငါ၏ နှုတ်ကပတ်တော်များကို အချည်းနှီး ပြောဆိုခဲ့ခြင်း ဖြစ်နိုင်သလော။ မှားယွင်းသောအရာ တစ်ခုတစ်လေကို ငါပြောမိပြီလော။ ငါ့သားတို့။ ငါ၏ လေးနက်သော ရည်ရွယ်ချက်များကို အရေးထားကြလော့။ သင်တို့၏ အသက်တာများ ရင့်ကျက်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်၊ နောက်ထပ်စိုးရိမ်ရန် လိုအပ်တော့မည် မဟုတ်ဘဲ၊ အရာအားလုံးကို ထောက်ပံ့ခြင်းခံရလိမ့်မည်။ ယခု ထိုအရာများကို အာရုံပြုခြင်းမှာ တန်ဖိုးမရှိပေ။ ငါ၏ နိုင်ငံတော်သည် လုံးလုံးလျားလျား အမှန်တကယ် ဖြစ်ပေါ်လာပြီးဖြစ်ကာ၊ ယင်းသည် ကမ္ဘာလောကထဲသို့ လူသိရှင်ကြား ဆင်းသက်လာပြီး ဖြစ်သည်။ ဤအရာက ငါ၏ တရားစီရင်ခြင်းသည် လုံးဝ ရောက်ရှိပြီဖြစ်သည်ကို သာ၍ပင် ညွှန်ပြပေသည်။ ယင်းကို သင်တို့ ကြုံတွေ့ပြီး ပြီလော။ သင်တို့ကို တရားစီရင်ရန် ငါမနှစ်မြို့သော်လည်း၊ သင်တို့သည် ငါ၏ စိတ်နှလုံးကို စာနာထောက်ထားခြင်း ဘာဆိုဘာမျှ မပြကြပေ။ ရက်စက်သော တရားစီရင်ခြင်းထက် ငါ၏ ချစ်ခြင်းမေတ္တာ၏ စောင့်မခြင်း နှင့် ကွယ်ကာခြင်းတို့ကို သင်တို့အား စဉ်ဆက်မပြတ် ပေးဖို့မှာ ငါ၏ ဆန္ဒဖြစ်သည်။ တရားစီရင်ခြင်းကို ခံရန် သင်တို့ လိုလားနေသည်များ ဖြစ်နိုင်သလော။ သို့မဟုတ်ပါက သင်တို့သည် ငါ့ထံ အဘယ်ကြောင့် ထပ်တလဲလဲ တိုးဝင်ချဉ်းကပ်ခြင်း မရှိသနည်း၊ ငါနှင့် မိတ်သဟာယပြုခြင်း မရှိသနည်း၊ ပြီးလျှင် ငါနှင့် ပေါင်းသင်းဆက်ဆံခြင်း မရှိသနည်း။ သင်သည် ငါ့ကို အလွန် အေးတိအေးစက် ဆက်ဆံသော်လည်း၊ စာတန်သည် သင့်အား အကြံဉာဏ်များ ပေးသည့်အခါ ယင်းတို့သည် သင်၏ ကိုယ်ပိုင်အလိုဆန္ဒနှင့် ကိုက်ညီသည်ဟု ထင်လျက် သင်ဘဝင်ခိုက်လေသည်- သို့သော် သင်ပြုသော အရာမည်သည့်အရာမျှ ငါ့အဖို့ မဟုတ်ပေ။ သင်တို့သည် ငါ့ကို အမြဲ အလွန်ရက်စက်စွာ ဆက်ဆံရန် ဆန္ဒရှိကြသလော။

ငါသည် သင့်ကို ပေးရန် ဆန္ဒမရှိသည် မဟုတ်ဘဲ၊ သင်တို့သည် အဖိုးအခကို မပေးလိုခြင်း ဖြစ်သည်။ ထိုသို့ဖြစ်သဖြင့်၊ သင်တို့သည် မည်သည့်အရာကိုမျှ စွဲကိုင်ထားခြင်း မရှိဘဲလျက်၊ လက်ချည်းဗလာ ဖြစ်ကြလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် မည်မျှ လျင်မြန်စွာ တိုးတက်သည်ကို သင်တို့ မမြင်ကြသလော။ ငါ၏ စိတ်နှလုံးသည် ပူပန်ခြင်းဖြင့် တောက်လောင်သည်ကို သင်တို့ မမြင်ကြသလော။ ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် သင်တို့ကို ငါတောင်းဆို သော်လည်း၊ သင်တို့သည် လိုလားခြင်းမရှိမြဲ ဖြစ်ကြသည်။ ဘေးဒုက္ခမျိုးစုံ တစ်ခုပြီး တစ်ခု ကျရောက်လိမ့်မည်။ တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံး ဘေးဒုက္ခများ ကြုံတွေ့ရလိမ့်မည်— ကပ်ဆိုး၊ ငတ်မွတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် အရပ်ရပ်တို့၌ ဖြစ်လေ၏။ ဤကပ်ဘေးဒုက္ခများသည် တစ်နေရာ၊ နှစ်နေရာ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်သကဲ့သို့ တစ်ရက်၊ နှစ်ရက်အတောအတွင်း ပြီးဆုံး သွားလိမ့်မည်လည်း မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် သာ၍ သာ၍ ကြီးမားသော နယ်ပယ်အနှံ့ တိုးချဲ့လိမ့်မည် ဖြစ်ပြီး၊ သာ၍ သာ၍ ပြင်းထန်လာလိမ့်မည် ဖြစ်သည်။ ဤအချိန်ကာလ အတောအတွင်းတွင်၊ အင်းဆက်ကပ်ဆိုး မျိုးစုံ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး၊ ခပ်သိမ်းသော နေရာတို့၌ လူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။ ငါ့သားတို့။ သင်တို့သည် နာကျင်ခြင်းဝေဒနာ သို့မဟုတ် ကပ်ဘေးများ၏ အခက်အခဲများကို မခံစားကြရ။ သင်တို့ မကြာမီ အရွယ်ရောက်ပြီး ဖြစ်နိုင်သမျှမြန်မြန် ငါ၏ပုခုံးများ ပေါ်ရှိသည့် ဝန်ကို လက်ခံကြဖို့ ငါအလိုရှိ၏။ ငါ၏အလိုကို သင်တို့ အဘယ်ကြောင့် နားမလည်ကြသနည်း။ ရှေ့လျှောက် အလုပ်သည် ပို၍ပို၍ ပင်ပန်းလိမ့်မည်။ သင်တို့သည် ငါ့ကို တစ်ကိုယ်တည်း အလွန်ခက်ခဲကြမ်းတမ်းစွာ အလုပ်လုပ် စေလျက်၊ ငါ့ကို လက်မလည်နိုင်အောင် ထားရစ်ဖို့ အကြင်နာတရားမဲ့ ကြသလော။ ပို၍ ရှင်းရှင်း ငါပြောမည်- အသက်တာ ရင့်ကျက်သော သူများသည် ခိုလှုံရာထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး၊ နာကျင်ခြင်းဝေဒနာ သို့မဟုတ် အခက်အခဲကို ခံစား ရလိမ့်မည် မဟုတ်။ အသက်တာ မရင့်ကျက်သော သူများသည် နာကျင်ခြင်း ဝေဒနာနှင့် ဘေးအန္တရာယ်ကို ခံစားကြရလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များသည် အတော်အသင့် ရှင်းသည် မဟုတ်လော။

အယောက်တိုင်းသည် ငါ၏ သန့်ရှင်းသောနာမကို သိကြပြီး ငါ့ကို သိနိုင်ကြဖို့အလို့ငှာ၊ ငါ၏နာမသည် ဦးတည်ရာအားလုံးနှင့် နေရာအားလုံးတွင် တိုးချဲ့ရမည်။ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါ၊ စင်္ကာပူ၊ ဆိုဗီယက်ပြည်ထောင်စု၊ မကာအို၊ ဟောင်ကောင်နှင့် အခြား နိုင်ငံများမှ လူ့အလွှာအားလုံးထဲက လူတို့သည် မှန်သော လမ်းခရီးကို ရှာဖွေရင်း၊ တရုတ်ပြည်ထဲတွင် အတူတကွ စုရုံးကြလိမ့်မည်။ ၎င်းတို့ထံ ငါ၏နာမကို သက်သေခံနှင့်ပြီး ဖြစ်သည်။ ကျန်ရှိသမျှမှာ သင်တို့အနေဖြင့် ၎င်းတို့ကို ထိန်းကျောင်းကာ ဦးဆောင်နိုင်ဖို့အလို့ငှာ ဖြစ်နိုင်သမျှ အမြန်ဆုံး ရင့်ကျက်ကြဖို့ ဖြစ်သည်။ ဤသည်မှာ လုပ်ဆောင်ရမည့် အလုပ် သာ၍ပင် ရှိသည်ဟု ငါပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ကပ်ဘေးများ၏ နောက်ပိုင်းတွင် ငါ၏နာမသည် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လိမ့်မည်ဖြစ်ပြီး၊ သင်တို့ သတိမထားပါက၊ သင်တို့၏ ရထိုက်သော ဝေစုကို သင်တို့ ဆုံးရှုံးကြရလိမ့်မည်။ သင်တို့ မစိုးရွံ့ကြသလော။ ငါ၏နာမသည် ဘာသာတရားအားလုံး၊ လူ့အလွှာအားလုံး၊ တိုင်းနိုင်ငံအားလုံးနှင့် ဂိုဏ်းဂဏအားလုံးထံ တိုးချဲ့၏။ ဤသည်မှာ စနစ်ကျသောနည်းလမ်း၊ နီးကပ်သော အချိတ်အဆက်ဖြင့် လုပ်ဆောင်လျက်ရှိသည့် ငါ၏အမှု ဖြစ်သည်။ အားလုံးသည် ငါ၏ အမြော်အမြင်ရှိသော စီမံခန့်ခွဲမှုအားဖြင့် ဖြစ်ပျက်ပေသည်။ သင်တို့သည် ငါ၏ ခြေလှမ်းများနောက် နီးကပ်စွာ လိုက်လျှောက်ရင်း တစ်ဆင့်ချင်း ရှေ့တိုးနိုင်ဖို့သာ ငါဆန္ဒရှိပေသည်။

အရှေ့သို့- အခန်း ၆၄

နောက်တစ်ခုသို့- အခန်း ၆၆

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။