အခန်း ၆၆

ငါ၏ အလုပ်သည် ဤအဆင့်သို့ ဆက်လက်ရောက်ရှိလာပြီး ၎င်းတို့အားလုံးသည် ငါ့လက်၏ အမြော်အမြင်ရှိသော စီမံမှုများနောက် လိုက်ပြီးဖြစ်ကာ ၎င်းသည် ငါ၏ ကြီးမြတ်သော အောင်မြင်မှုတစ်ခု ဖြစ်၏။ လူသားတို့အနက် မည်သူက ဤသို့သော အရာတစ်ခုကို ပြုလုပ်နိုင်သနည်း။ ယင်းအစား လူတို့သည် ငါ၏ စီမံခန့်ခွဲမှုကို နှောင့်ယှက်ကြသည် မဟုတ်လော။ သို့ဖြစ်စေကာမူ ငါလုပ်ဆောင်၊ ပြောဆိုသည့်အရာများကို ပြောဆိုနိုင်သော သို့မဟုတ် လုပ်ဆောင်နိုင်သောသူ တစ်ဦးတစ်လေမျှ မရှိသည့် အားလျော်စွာ ငါ၏ ကိုယ်စား ငါ၏ အလုပ်ကို မည်သူမျှ မလုပ်ဆောင်နိုင်ဆိုသည်ကို သင်သိရမည်၊ ၎င်းကို တားဆီးဖို့ဆိုသည်မှာ ပို၍ ဝေးစွ။ ဤသို့ဆိုသော်လည်း ဉာဏ်ပညာနှင့် ပြည့်စုံသော အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်သည့် ငါ့ကို လူတို့ မသိကြသေး။ သင်တို့သည် အပြင်ပန်းအားဖြင့် ငါ့ကို ပွင့်လင်းစွာ မဆန့်ကျင်ရဲကြသော်လည်း သင်တို့၏ နှလုံးသားများနှင့် အတွင်းစိတ်များထဲတွင်မူ ငါ့ကို ဆန့်ကျင်ကြသည်။ အမိုက်အမဲတို့၊ ငါသည် လူသား၏ အတွင်းကျဆုံး နှလုံးသားကို စောင့်ကြည့်သည့် ဘုရားသခင်ဖြစ်သည်ကို သင်တို့ မသိရှိသလော။ သင်၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းအား ငါစောင့်ကြည့်သည်ကို သင်မသိလေသလော။ ငါ သင့်ကို ပြောမည်၊ နူးညံ့သိမ်မွေ့သော နှုတ်ကပတ်တော်တို့ကို ငါ၏ နှုတ်ခမ်းများမှ နောက်တစ်ဖန် မည်သည့်အခါမျှ ငါမြွက်ဆိုတော့မည်မဟုတ်။ ယင်းအစား ငါ၏ နှုတ်ကပတ်တော် အားလုံးတို့သည် ခက်ထန်သော တရားစီရင်ခြင်း၏ နှုတ်ကပတ်တော်များသာ ဖြစ်လိမ့်မည်။ ၎င်းတို့ကို သင်ခံနိုင်ရည် ရှိမရှိ ငါစောင့်ကြည့်မည်။ ယခုမှစ၍ မိမိတို့၏ နှလုံးသားများမှာ ငါနှင့် မနီးကပ်သောသူတို့သည်၊ အဓိပ္ပာယ်မှာ ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမရှိသော သူတို့သည် ငါ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူတို့ဖြစ်ကြသည်။

ယခုအချိန်ကာလတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် ယခင်နည်းလမ်းကို ဆက်လက်အသုံးမပြုတော့ဘဲ နည်းလမ်းသစ်တစ်ခုကို အထမြောက်စေသည့် အခြေအနေတစ်ခုသို့ ရောက်လာသည်။ ငါနှင့်အတူ တက်ကြွစွာ၊ အပြုသဘောဆန်စွာ အတူတကွ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိသောသူတို့သည် သေမင်းချောက်ဖြစ်သည့် မရဏာနိုင်ငံထဲသို့ ကျရောက်လိမ့်မည် (ဤလူတို့သည် ထာဝရပြစ်ဒဏ်ကို ခံစားရမည်ဖြစ်သည်)။ နည်းလမ်းသစ်သည် အောက်ပါအတိုင်းဖြစ်၏၊ သင်၏ နှလုံးသားနှင့် အတွင်းစိတ်တို့ မမှန်ကန်လျှင် ငါ၏ တရားစီရင်ခြင်းသည် သင့်ထံသို့ ချက်ချင်း ကျရောက်အံ့။ ၎င်းတွင် လောက၊ ကြွယ်ဝချမ်းသာမှု၊ သင်၏ မိသားစု၊ လင်ယောက်ျား၊ ဇနီးမယား၊ သားသမီးများ၊ မိဘများ၊ စားသောက်ခြင်း၊ အဝတ်အစားနှင့် ဝိညာဉ်ရေးရာနယ်ပယ်၏ အစိတ်အပိုင်း မဟုတ်သော အဆိုပါ အရာအားလုံးတို့ကို ဖက်တွယ်ခြင်းတို့ ပါဝင်သည်။ သန့်ရှင်းသူတို့၏ အလင်းဖွင့်ပြခြင်းသည် တိုး၍တိုး၍ မြင်သာလာလိမ့်မည်။ ဆိုလိုသည်မှာ အသက်တာ၏ ခံစားချက်များသည် ပို၍ပင် သိသာထင်ရှားလာကာ စဉ်ဆက်မပြတ် ရွေ့လျားနေလိမ့်မည်။ အနည်းဆုံးသော နှောင့်ယှက်မှု ဖြစ်စေသည့် မည်သူမဆို အသက်တာ၏ ပြိုင်လမ်းကြောင်းပေါ်တွင် နောက်ကျကျန်ရစ်ရင်း ဆိုးဝါးသော ကျွမ်းထိုးမှောက်ခုံကျခြင်းကို ခံစားရလိမ့်မည်။ စိတ်ဝင်စားမှု မရှိသော၊ စိတ်နှစ်မြှုပ်လျက် အားထုတ်ရှာဖွေခြင်း မရှိသော သူတို့ကို ငါသည် လုံးဝ စွန့်ပစ်မည်ဖြစ်ပြီး သူတို့အားလုံးကို ခြွင်းချက်မရှိ လျစ်လျူရှုမည်ဖြစ်သည်။ ဘေးဒုက္ခများထဲတွင် နှစ်တစ်ထောင် ဒုက္ခခံစားကြရစေရန် သူတို့ကို ငါပြုလုပ်မည်။ စိတ်အားထက်သန်စွာ အားထုတ်ရှာဖွေကြသောသူတို့သည်၊ ဆိုလိုသည်မှာ အမြဲတမ်း ကြားဖြတ်ဝင်ရောက်လုပ်ဆောင်ကြသော သူတို့အတွက်မူ ငါသည် သူတို့၏ ပညာမဲ့မှုကို ဖယ်ရှားပြီး သူတို့ငါ့အပေါ် သစ္စာရှိအောင် ပြုလုပ်အံ့။ ထို့အပြင် သူတို့သည် ဉာဏ်ပညာနှင့် ဉာဏ်ရည်ဉာဏ်သွေးတို့ ရှိကြမည်ဖြစ်ပြီး သာ၍ပင် ကြီးမြတ်သည့် ယုံကြည်မှုသဒ္ဓါဖြင့် အားထုတ်ရှာဖွေကြလိမ့်မည်။ ငါ၏ သားဦးများအားလုံးအပေါ် ငါ၏ ကောင်းချီးများကို နှစ်ဆ ငါပေးသနားပြီး ငါ၏ ချစ်ခြင်းသည် သင်တို့အပေါ်သို့ အချိန်တိုင်း သက်ရောက်ပေသည်။ ငါသည် သင်တို့ကို အစဥ် ကြည့်ရှုစောင့်ရှောက်ပြီး ကာကွယ်ပေးနေသည်။ သင်တို့ကို စာတန်၏ ပိုက်ကွန်ထဲသို့ သက်ဆင်းရန် ငါခွင့်ပြုမည် မဟုတ်ပေ။ လူအားလုံးတို့အထဲတွင် ငါ၏ အမှုကို စတင်လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ဆိုလိုသည်မှာ အခြားအမှု စီမံကိန်းတစ်ခုကို ငါထည့်သွင်းခဲ့သည်။ ဤလူများသည် ခရစ်တော်ထံ နှစ်တစ်ထောင် အစေခံကြမည့်သူများ ဖြစ်ကြပြီး များစွာသောလူတို့သည် ငါ၏ နိုင်ငံတော်သို့ ပြုံတိုး၍ဝင်ရောက်ကြလိမ့်မည်။

ငါ့သားတို့ သင်တို့၏ လက်တွေ့လုပ်ဆောင်မှုများကို ပိုပြီးမြှင့်တင်ရမည်။ သင်တို့ ပြီးဆုံးအောင် ပြုလုပ်ရန်အမှု မည်မျှ ရှိနေသနည်း။ သင်တို့ကို ငါတာဝန်ပေး စေခိုင်းထားသည့် အမှုကို အဆုံးသတ်ရန်အလို့ငှာ သင်တို့အနေဖြင့် ခပ်မြန်မြန် ပြုလုပ်ရန်နှင့် ရင့်ကျက်ရန်သာ ငါအလိုရှိသည်။ ဤသည်မှာ သင်တို့၏ မြင့်မြတ်သော ဝတ္တရားဖြစ်ပြီး ငါ၏ သားဦးများဖြစ်ကြသော သင်တို့ ပြုလုပ်သင့်သည့် တာဝန်ဖြစ်သည်။ ခရီးလမ်းကြောင်း အဆုံးသို့ သင်တို့ရောက်သည့်တိုင် သင်တို့ကို ငါကာကွယ်မည်ဖြစ်ပြီး ငါနှင့်အတူ ပျော်ရွှင်ငြိမ်းချမ်းမှုကို သင်တို့ ထာဝရခံစားနိုင်စေရန်အတွက် သင်တို့ကို ငါကာကွယ်မည်။ သင်တို့ကို စုံလင်စေရန်အလို့ငှာ အနစ်နာခံ စွန့်လွှတ်ခြင်းများစွာနှင့် ပတ်ဝန်းကျင်များစွာတို့ကို ငါစီမံခဲ့ပြီး ဖြစ်သည်ဆိုသည့်အချက်ကို ထိုးထွင်းသိမြင်မှု သင်တို့တစ်ဦးချင်းစီတိုင်းတွင် ရှိသင့်သည်။ ဤအရာအားလုံးတို့သည် ငါ၏ ကောင်းချီးတို့ဖြစ်သည်ကို သင်တို့ သိသည်မဟုတ်လော။ သင်တို့အားလုံးသည် ငါ၏ချစ်သားများ ဖြစ်ကြသည်။ သင်တို့သည် ငါ့အား စစ်မှန်စွာ ချစ်မြတ်နိုးသရွေ့ ငါသည် သင်တို့ တစ်ဦးတစ်ယောက်ကိုမျှ စွန့်လွှတ်လိမ့်မည်မဟုတ်။ သို့သော်လည်း ထိုအချက်မှာ သင်တို့သည် ငါနှင့် လိုက်ဖက်ညီစွာ အတူတကွ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။

အရှေ့သို့- အခန်း ၆၅

နောက်တစ်ခုသို့- အခန်း ၆၇

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။