အခန်း ၆၇

ငါ၏သားများသည် ပွင့်ပွင့်လင်းလင်းနှင့် လူအားလုံးရှေ့တွင် ပေါ်ထွန်းကြ၏။ ၎င်းတို့ကို လူသိရှင်ကြား အာခံဝံ့သူ မည်သူကိုမဆို ငါသည် ပြင်းထန်စွာ ပြစ်တင်ဆုံးမမည်။ ယင်းသည် သေချာ၏။ ယနေ့တွင် ထ၍ အသင်းတော်ကို လမ်းပြနိုင်သောသူ အားလုံးသည် သားဦး အဆင့်အတန်းကို ရရှိကြပြီးဖြစ်ကာ ယခု ငါနှင့်အတူ ဘုန်းဝင်စားကြရ၏- ငါပိုင်သမျှ အားလုံးသည် သင်တို့၏ အပိုင်လည်း ဖြစ်သည်။ သင်တို့အနေဖြင့် အခြားလူများ၏ ခွန်အားကို ကျော်လွန်လျက် အားကြီးလာကြဖို့အလို့ငှာ ငါ့ကို လေးလေးနက်နက် ကျိုးနွံနာခံသူအားလုံးအပေါ် လုံလောက်သော ကျေးဇူးကို ငါအပ်နှင်း၏။ ငါ၏အလိုသည် သားဦးများဖြစ်သည့် သင်တို့ထံ အပြည့်အဝရှိပြီး သင်တို့အနေဖြင့် ဖြစ်နိုင်သမျှမြန်မြန် ရင့်ကျက်ကာ ငါပေးအပ်ထားသော တာဝန်များကို ပြီးပြည့်စုံစေဖို့သာ သင်တို့ကို ငါဆန္ဒရှိသည်။ ဤအရာကို သိလော့။ သင်တို့ကို ငါပေးအပ်သော အရာသည် ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် နောက်ဆုံး စီမံကိန်းဖြစ်သည်။ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် သင်၏အလုံးစုံကို ငါ့ထံ ဆက်ကပ်နိုင်ဖို့နှင့် ငါ့အတွက် အားလုံးအသုံးပြုနိုင်ဖို့သာ သင်တို့ကို ငါမျှော်လင့်သည်။ အချိန်သည် ဧကန်အမှန် လူကိုမစောင့်သကဲ့သို့၊ မည်သည့်လူ၊ မည်သည့်အဖြစ်အပျက် သို့မဟုတ် မည်သည့်အရာကမျှ ငါ၏ အမှုကို မတားဆီးနိုင်။ ဤအရာကို သိလော့။ ငါ့အမှုသည် အဆင့်တိုင်းတွင် အဟန့်အတားမရှိဘဲ၊ ချောမွေ့စွာ တိုးတက်၏။

ငါ၏ခြေလှမ်းများသည် စကြဝဠာအနှံ့နှင့် ကမ္ဘာမြေ အဆုံးထိ နင်းလျှောက်၏၊ ငါ၏မျက်လုံးများသည် လူတစ်ဦးစီတိုင်းကို စဉ်ဆက်မပြတ် ဆန်းစစ်နေကြပြီး ထိုမျှမက စကြဝဠာကို တပေါင်းတစည်းတည်း ငါစောင့်ကြည့်သည်။ ငါ၏နှုတ်ကပတ်တော်များသည် စကြဝဠာ၏ နေရာတိုင်းတွင် အမှန်တကယ် အမှုပြုလျက်ရှိသည်။ ငါ့ကို အစေခံခြင်းအမှု မပေးဘဲနေဝံ့သူ မည်သူမဆို၊ ငါ့အပေါ် သစ္စာမစောင့်သိဘဲ နေဝံ့သူ မည်သူမဆို၊ ငါ့နာမကို အကဲဖြတ်ဝေဖန်ဝံ့သူ မည်သူမဆိုနှင့်၊ ငါ၏သားများကို ပုတ်ခတ်ဝေဖန်ပြီး အသရေဖျက်ဝံ့သူ မည်သူမဆို- ထိုသို့ အမှန်တကယ် လုပ်ဆောင်နိုင်စွမ်း ရှိသူတို့သည် ပြင်းထန်သော တရားစီရင်ခြင်းကို ကြုံကြရမည်။ ငါ၏ တရားစီရင်ခြင်းသည် အလုံးစုံ ကျရောက်လိမ့်မည်၊ ဆိုလိုသည်မှာ ယခုအချိန်သည် တရားစီရင်ခြင်းခေတ် ဖြစ်ကာ ငါ၏တရားစီရင်ခြင်းသည် စကြဝဠာ လောက တစ်လျှောက်လုံး တိုးချဲ့သည်ကို ဂရုတစ်စိုက် စောင့်ကြည့်လေ့လာခြင်းမှတစ်ဆင့် သင် တွေ့ရှိရလိမ့်မည် ဖြစ်သည်။ ဟုတ်ပေ၏၊ ငါ၏ အိမ်သည် ကင်းလွတ်လိမ့်မည် မဟုတ်။ ၎င်းတို့၏ အတွေးများ၊ စကားများနှင့် အပြုအမူများ ငါ၏ အလိုနှင့် မကိုက်ညီသူတို့ထံ တရားစီရင်ခြင်း လာလိမ့်မည်။ ဤအရာကို နားလည်လော့။ ငါ၏ တရားစီရင်ခြင်းသည် လူတစ်စု သို့မဟုတ် အမှုအရာများကိုသာ ဦးတည်သည်မဟုတ်ဘဲ၊ စကြဝဠာ လောက တစ်ခုလုံးကို ဦးတည်ပေသည်။ ဤအရာကို သင် နားလည်လာပြီလော။ ငါနှင့်ပတ်သက်၍ စိတ်ထဲက သင်၏ အတွေးများတွင် ကွဲလွဲမှုရှိပါက၊ သင်သည် အတွင်းကျကျ ချက်ချင်း တရားစီရင်ခံရလိမ့်မည်။

ငါ၏တရားစီရင်ခြင်းသည် ပုံသဏ္ဌာန်အမျိုးမျိုးနှင့် ပုံစံအမျိုးမျိုးဖြင့် လာ၏။ ဤအရာကို သိကြလော့။ ငါသည် စကြဝဠာ လောက၏ အတုမဲ့ဖြစ်ပြီး ဉာဏ်ပညာရှိသော ဘုရားသခင်ဖြစ်သည်။ ငါ၏တန်ခိုး လက်လှမ်းမမီသော အရာဟူ၍ မရှိ။ ငါ၏တရားစီရင်ခြင်း အားလုံးတို့ကို သင်တို့ထံ ထုတ်ဖော်ပြထားသည်။ သင်တို့၏ အတွေးများ ထဲတွင် ငါနှင့်ပတ်သက်၍ သဘောကွဲလွဲမှု ရှိပါက၊ သတိပေးချက်တစ်ခုအဖြစ် သင့်ကို ငါ ဉာဏ်အလင်းပေးမည်။ သင်တို့နားမထောင်လျှင် သင်တို့ကို ချက်ချင်း ငါစွန့်ပစ်မည် (ဤတွင် ငါ၏နာမကို သံသယရှိခြင်းအား ငါ ရည်ညွှန်းနေခြင်း မဟုတ်ဘဲ၊ သွေးသား ကာမဂုဏ်ခံစားမှုများနှင့် ဆက်နွှယ်သည့် အပြင်ပိုင်း အပြုအမူများကို ရည်ညွှန်းနေခြင်းဖြစ်သည်)။ ငါ့အပေါ် သင်တို့၏ အတွေးများသည် အာခံမှုရှိပါက၊ သင်သည် ငါ့ကိုညည်းညူပါက၊ စာတန်၏ စိတ်ကူးများကို ထပ်တလဲလဲ သင် လက်ခံပါက၊ ပြီးလျှင် အသက်၏ ခံစားမှုများနောက် သင် မလိုက်ပါက၊ သင်၏ ဝိညာဉ်သည် အမှောင်ထဲတွင် ရှိလိမ့်မည်ဖြစ်ပြီး သင်၏ ဇာတိပကတိသည် နာကျင်မှုကို ခံစားရလိမ့်မည်။ သင်သည် ငါနှင့် သာ၍နီးကပ်စွာ နေရမည်။ သင်၏ ပုံမှန်အခြေအနေများကို တစ်ရက်၊ နှစ်ရက်မျှဖြင့် ပြန်လည်ရရှိဖို့ မဖြစ်နိုင်သကဲ့သို့ သင်၏အသက်တာသည် သိသိသာသာ အလွန် နောက်ကျကျန်ရစ်လိမ့်မည်။ အပြောအဆို၌ ကိုယ်ကျင့်တရားပျက်သော သူတို့အတွက်မူ၊ သင်တို့၏နှုတ်နှင့် လျှာတို့ကို ငါသည် ပဲ့ပြင်ဆုံးမမည်ဖြစ်ပြီး၊ သင်တို့၏လျှာများကို ကိုင်တွယ်ဖြေရှင်းခြင်း ခံစေမည်။ လုပ်ဆောင်ချက်တွင် ထိန်းမနိုင်သိမ်းမရ အကျင့်ပျက်သောသူများတို့၊ သင်တို့၏ စိတ်ဝိညာဉ်များ၌ သင်တို့ကို ငါသတိပေး၏၊ ပြီးလျှင် နားမထောင်သော သူတို့ကို ငါ ပြင်းထန်စွာ ပြစ်တင်ဆုံးမမည်။ မနာခံမှုကို စကားဖြင့်ဖြစ်စေ လုပ်ဆောင်ချက်ဖြင့်ဖြစ်စေ ပြသသောသူများဖြစ်လျက်၊ ငါ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်အကဲဖြတ်၍ အာခံသူများ၊ ငါသည် ၎င်းတို့ကို ပျက်စီးစေပြီး အမြင့်မားဆုံး ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးစေလျက်၊ ၎င်းတို့ကို လုံးဝ ပယ်ထုတ်ကာ စွန့်ပစ်မည်။ ဤသူတို့သည် ရွေးကောက်ခံရပြီးနောက် ပယ်ထုတ်ခံရမည့် သူများဖြစ်သည်။ မိမိတို့၏ ရူပါရုံများ မရှင်းမလင်းဖြစ်လျက် အသိမဲ့သောသူများ၊ ငါသည် ၎င်းတို့ကို အသိဉာဏ် ပွင့်လင်းစေပြီး ကယ်တင်လိမ့်ဦးမည်။ သို့သော် အမှန်တရားကို နားလည်သော်လည်း လက်တွေ့ မလုပ်ဆောင်သော သူများသည် အသိမဲ့သည်ဖြစ်စေ၊ အသိမမဲ့သည်ဖြစ်စေ အထက်တွင် ဆိုခဲ့ပြီးဖြစ်သော စည်းမျဉ်းများအတိုင်း စီမံခြင်းခံရလိမ့်မည်။ အစကတည်းက လမ်းလွဲသော ရည်ရွယ်ချက်များ ရှိသည့် လူတို့အတွက်မူ၊ ငါသည် ၎င်းတို့ကို စစ်မှန်မှုအား ထာဝရ သဘောမပေါက်နိုင်ဘဲ ဖြစ်စေမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် တဖြည်းဖြည်း တစ်ယောက်ပြီးတစ်ယောက် ပယ်ထုတ် ခံရကြလိမ့်မည်။ (ငါသည် အမှုအရာများကို အလောတကြီး မပြုဘဲ စနစ်ကျသည့် ပုံစံဖြင့် ပြုသည့်အတွက်) ငါ၏ စီမံခန့်ခွဲမှုဖြင့် ယခု ၎င်းတို့ ကျန်ရှိသော်လည်း၊ တစ်ယောက်မျှ ကျန်ရှိလိမ့်မည်မဟုတ်။

ငါ၏တရားစီရင်ခြင်းကို လုံးဝ ထုတ်ဖော်ပြထား၏။ ယင်းသည် မိမိတို့၏ သင့်တော်သည့် နေရာများကို ယူရမည့် လူအမျိုးမျိုးကို ရည်ရွယ်သည်။ ၎င်းတို့ ချိုးဖောက်ထားသော စည်းမျဉ်းများအတိုင်း ငါသည် လူတို့ကို စီမံအုပ်ချုပ်ကာ တရားစီရင်မည်။ ဤအမည်တွင် မပါရှိသကဲ့သို့ နောက်ဆုံးသောကာလ၏ ခရစ်တော်ကို လက်မခံသော သူများအတွက်မူ၊ စည်းမျဉ်းတစ်ခုသာ သက်ဆိုင်သည်- ငါ့ကို အာခံသောသူ မည်သူမဆို၏ စိတ်ဝိညာဉ်များ၊ အသက်ဝိညာဉ်များနှင့် ခန္ဓာတို့ကို ငါသည် ချက်ချင်း ယူပြီး မရဏနိုင်ငံထဲသို့ ပစ်ချမည်။ ငါ့ကို အာမခံသောသူ မည်သူမဆို၊ ငါသည် ဒုတိယတရားစီရင်ခြင်း ဆောင်ရွက်ခြင်းမပြုမီ သင်တို့ ရင့်ကျက်ဖို့ရန်အတွက် စောင့်ဆိုင်းပေးမည်။ ငါ၏နှုတ်ကပတ်တော်များသည် အရာရာကို လုံးဝ ရှင်းလင်းပြတ်သားမှုဖြင့် ရှင်းပြပြီး မည်သည့်အရာမျှ မကွယ်ဝှက်ထားပေ။ သင်တို့သည် ၎င်းတို့ကို စိတ်ထဲ၌ အချိန်တိုင်း ထိန်းသိမ်းနိုင်ဖို့သာ ငါမျှော်လင့်သည်။

အရှေ့သို့- အခန်း ၆၆

နောက်တစ်ခုသို့- အခန်း ၆၈

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။