အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၆၈

ငါ၏စကားကို နိုင်ငံတိုင်း၊ နေရာတိုင်း၊ လူမျိုးတိုင်း၊ ဂိုဏ်းဂဏတိုင်း၌ အကောင်အထည်ဖော်ခဲ့ပြီး အချိန်တိုင်း၊ အရပ်တိုင်း၌ ပြည့်စုံလျက်ရှိ၏။ နေရာတိုင်းတွင် ဖြစ်ပေါ်သော ဘေးအန္တရာယ်များသည် လူများအကြားတွင် ဖြစ်သောတိုက်ပွဲ မဟုတ်။ လက်နက်များ အသုံးပြု၍ ခိုက်ရန်ဖြစ်ခြင်းလည်း မဟုတ်။ နောက်နောင်တွင် စစ်ပွဲများ ရှိတော့မည် မဟုတ်ပေ။ အားလုံးတို့သည် ငါ၏လက်ထဲ၌ ရှိသည်။ အားလုံးတို့သည် ငါ၏တရားစီရင်ခြင်းကို ရင်ဆိုင်၍ ဘေးအန္တရာယ်ကြားတွင် ဆင်းရဲဒုက္ခခံရမည်။ ငါ့ကိုခုခံပြီး ငါနှင့်အတူဆောင်ရွက်ဖို့ အစမပြုသောသူတို့သည် အမျိုးမျိုးသော ဘေးအန္တရာယ်များ၏ နာကျင်မှုကို ခံစားကြစေ။ သူတို့သည် ငိုကြွေး၍ ထာဝရ အံသွားခဲကြိတ်ပြီး အမှောင်ထဲ၌ အမြဲကျန်ရစ်ခဲ့စေ။ သူတို့ အသက်ရှင်မည် မဟုတ်။ ငါသည် ရိုးရိုးရှင်းရှင်းနှင့် လျင်မြန်သွက်လက်စွာ လုပ်ဆောင်၏။ အတိတ်ကာလတွင် သင်သည် ငါ့အပေါ်၌ အဘယ်မျှလောက် သစွာစောင့်လျက် ရှိခဲ့သည်ကို ငါသည် ထည့်သွင်းစဉ်းစားသည် မဟုတ်။ သင်သည် ငါ့ကို ခုခံနေသမျှကာလပတ်လုံး ဂရုဏာ အနည်းငယ်မျှမရှိ၊ တစ်စက္ကန်မျှ မနှောင့်နှေးဘဲ ငါ၏တရားစီရင်ခြင်းလက်သည် အမျက်ဒေါသကို သင့်အပေါ်သို့ လျင်မြန်စွာ လွှတ်လိမ့်မည်။ ငါသည် မိမိစကားအတိုင်း လုပ်ဆောင်သောဘုရားဖြစ်ကြောင်း တစ်လျှောက်လုံး ပြောနေခဲ့သည်။ ငါပြောသမျှ စကားတိုင်းသည် ပြည့်စုံလိမ့်မည်ဖြစ်ပြီး သင်တို့သည် အကုန်အစင် မြင်ရကြလိမ့်မည်။ အမှန်စင်စစ် ဤအရာသည် အရာရာ၌ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်း၏ ဆိုလိုရင်းဖြစ်သည်။

ငါချစ်သော ငါ့သားများအပေါ်တွင် ကြီးမားသော ဘေးအန္တရာယ်များ လုံးဝကျရောက်မည်မဟုတ်ပေ။ ငါ၏သားများကို အချိန်တိုင်း၊ စက္ကန့်တိုင်း ငါကြည့်ရှုစောင့်ရှောက်မည်။ ထိုနာကျင်မှုနှင့်ဒုက္ခကို သင်တို့သည် လုံးဝ သည်းညည်းမခံရ။ တိတိကျကျဆိုရလျှင် ငါ့သားများကို ပြည့်စုံစေခြင်းငှာလည်းကောင်း၊ သူတို့အပေါ် ငါ၏စကား ပြည့်စုံစေခြင်းငှာလည်းကောင်း ရည်ရွယ်ထားခြင်းသာ ဖြစ်သည်။ ဤသို့ဖြင့် သင်တို့သည် ငါ၏ အတိုင်းအဆမဲ့တန်ခိုးကို အသိအမှတ်ပြုလျက် အသက်တာကြီးပွားတိုးတက်၍ ငါ့အတွက် ဝန်ကို ထမ်းပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ငါ၏စီမံခန့်ခွဲမှုအစီစဉ် ပြီးမြောက်ရန်အတွက် သင်တို့သည် မိမိကိုယ်ကို လုံးလုံးလျားလျား ဆက်ကပ်နိုင်မည်ဖြစ်သည်။ ဤအရာအတွက် သင်တို့ ပျော်ရွှင်ဝမ်းမြောက်ပြီး ကျေနပ်ကြလော့။ အကြောင်းမူကား အရာအားလုံးကို သင်တို့ကိုအပ်ပြီး သင်တို့ထိန်းချုပ်ဖို့ ငါခွင့်ပြုသည်။ သင်တို့လက်ထဲ၌ ငါထားမည်။ သားသည် ဖခင်၏ ပိုင်ဆိုင်မှုအလုံးစုံကို အမွေဆက်ခံလျှင် ငါ၏သားဦးများဖြစ်သော သင်တို့သည်လည်း သာ၍ပင် ရဦးမည် မဟုတ်လော။ အမှန်စင်စစ် သင်တို့သည် မင်္ဂလာရှိကြ၏။ ဘေးအန္တရာယ်ကြီးများကို ရင်ဆိုင်ရမည့်အစား ထာဝရတည်မြဲသော ကောင်းကြီးများကို သင်တို့ခံစားရမည်။ အဘယ်သို့သော ဘုန်းစည်းစိမ်နည်း။ အဘယ်သို့သော ဘုန်းစည်းစိမ်နည်း။

ပို၍လျင်မြန်စွာ ခြေလှမ်းပြီး ငါ၏ခြေရာများနောက်သို့ အချိန်တိုင်း၊ နေရာတိုင်း၌ လိုက်လျှောက်ကြလော့။ နောက်ကျမကျန်ရစ်စေနှင့်။ သင်၏စိတ်နှလုံးသည် ငါ၏စိတ်နှလုံးနောက်သို့ လိုက်စေ။ သင်၏အတွေးသည် ငါ၏အတွေးနောက်သို့ လိုက်စေ။ ငါနှင့်အတူ တစ်စိတ်တည်း တစ်ဝမ်းတည်း ပူးပေါင်းလုပ်ဆောင်လော့။ ငါနှင့်အတူစား၊ အတူနေ၊ အတူဝမ်းမြောက်ကြလော့။ သင်တို့ ယူဆောင်ဝမ်းမြောက်ရမည့် အံ့ဩဖွယ်သော ကောင်းကြီးများသည် သင်တို့ကို စောင့်ကြိုနေသည်။ ထိုသို့သော အနှိုင်းမဲ့ ဥစ္စာဓနများ ငါ၌ရှိ၏။ အခြားသူတစ်ဦးဦးအဖို့ အနည်းငယ်မျှပင် ငါပြင်ထားမည် မဟုတ်။ အလုံးစုံတို့ကို ငါ့သားများအတွက်သာ ပြင်ဆင်ထားခြင်းဖြစ်သည်။

ယခု ငါတွေးသောအရာသည် ပြည့်စုံလာမည့်အရာ ဖြစ်သည်။ သင်တို့ကို ငါပြောပြီးသောအချိန်တွင် ငါပြောသောအရာများသည် ပြီးပြည်စုံပြီ ဖြစ်သည်။ အမှန်စင်စစ် အလုပ်သည် ထိုမျှမြန်ဆန်၍ အချိန်တိုင်း ပြောင်းလဲလျက်ရှိသည်။ သင်တို့၏အာရုံသည် တစ်ခဏတာလေးအတွက်ပင် ဟိုဟိုသည်သည် ပျံ့လွင့်တတ်လျှင် "ဗဟိုခွာ" ဖြစ်ရပ်မျိုး ပေါ်လာသောအခါ သင်သည် အဝေးသို့ လွင့်ထွက်သွားပြီး ဤစီးကြောင်းမှ ဖဲခွာသွားရလိမ့်မည်။ သင်တို့သည် လေးနက်စွာ လိုက်မရှာလျှင် ငါ၏ကြိုးပမ်းအားထုတ်မှုများကို သင်သည် အချည်နှီ ဖြစ်စေလိမ့်မည်။ နောက်နောင်တွင် အမျိုးမျိုးသော လူမျိုးများမှ လူတို့သည် အချိန်တိုင်း အတင်းတိုးလာလိမ့်မည်။ ယခု သင်တို့၏အဆင့်အရ သင်တို့သည် သူတို့ကို ဦးဆောင်နိုင်မည်လော။ ငါသည် သင်တို့ကို သေချာစွာ လေ့ကျင့်ပေးမည်။ ဤသို့ဖြင့် သင်တို့သည် အချိန်တိုတိုအတွင်း စစ်သားကောင်းများ ဖြစ်လာပြီး ငါ၏စေခိုင်းချက်ကို ပြည့်စုံစေမည်ဖြစ်သည်။ အရာအားလုံး၌ ငါ၏နာမကို ဘုန်းထင်ရှားစေနိုင်ရန်လည်းကောင်း၊ ငါ့အတွက် အံ့ဩဖွယ် သက်သေများ ဖြစ်စေရန်လည်းကောင်း သင်တို့ကို ငါအလိုရှိ၏။ သူတို့ ကဲ့ရဲ့ခဲ့သောသူများသည် ယနေ့ သူတို့အထက်၌ မတ်တပ်ရပ်၍ သူတို့ကို အုပ်ချုပ်ပြီး ဦးဆောင်ကြစေ။ ငါ၏ရည်ရွယ်ချက်များကို သင်တို့ သဘောပေါက်ပါသလော။ ငါ၏ကြိုးပမ်းအားထုတ်မှုကို အသိမှတ်ပြုပြီးပြီလော။ ဤအရာအားလုံးတို့ကို သင်တို့အဖို့အလို့ငှာ ငါပြုလုပ်ခြင်းဖြစ်သည်။ ငါ၏ကောင်းကြီးများအတွက် သင်တို့ဝမ်းမြောက်ခြင်း ရှိမရှိ အပေါ်၌သာ မူတည်သည်။

လူသား၏ စိတ်နှလုံးနှင့် အတွေးကို စူးစမ်းသော ဘုရားသခင်ဖြစ်သည့် ငါသည် ကမ္ဘာဆုံးထိတိုင်အောင် ခရီးနှင်တတ်သည်။ အဘယ်သူသည် ငါ့အတွက် အစေမခံဝံ့သနည်း။ လူမျိုးအားလုံးတို့အကြားတွင် ပူပန်မှုမြင့်တက်၍ ပြင်းထန်စွာ ရုန်းကန်နေသော်လည်း နောက်ဆုံးတွင်မူ ငါ့လက်မှ သူတို့ လွတ်မြောက်ကြမည်မဟုတ်။ ငါသည် အလွယ်တကူ လွတ်ခြင်းအခွင့်ကို ဧကန်ပေးမည်မဟုတ်။ သူတို့၏ လုပ်ဆောင်ချက်များ၊ သူတို့၏ လောကီအဆင့်အတန်းများနှင့် လောကီသာယာမှုများအပေါ် အခြေခံ၍ တစ်ယောက်ပြီးတစ်ယောက် ငါစီရင်ချက်ချမည် ဖြစ်သည်။ အဘယ်သူကိုမျှ ချမ်းသာပေးမည် မဟုတ်။ ငါ၏အမျက်ဒေါသသည် စတင်ထုတ်ဖော်ပြီဖြစ်၍ သူတို့အားလုံးအပေါ် ကျရောက်မည်။ သူတို့ တစ်ဦးတစ်ယောက်ချင်းစီအပေါ် အားလုံး ကျရောက်မည်ဖြစ်ပြီး သူတို့ပြုခဲ့သော အရာများအတိုင်း ဖြစ်လိမ့်မည်။ အတိတ်ကာလတွင် ငါကိုသိကျွမ်းဖို့ ပျက်ကွက်သောသူသည်လည်းကောင်း၊ ငါ့ကို ကဲ့ရဲ့သောသူသည်လည်းကောင်း ငါ၏တရားစီရင်မှုကို ရင်ဆိုင်ကြမည်။ အတိတ်ကာလတွင် ငါ၏သားများကို နှိပ်စက်ခဲ့သောသူများမူကား သူတို့ပြောခဲ့သောအရာ၊ လုပ်ခဲ့သောအရာများအပေါ် အခြေခံ၍ သူတို့အား အထူးပြစ်တင်ဆုံးမမည်။ ကလေးများကိုပင် ငါသည် အလွတ်မပေး။ သူတို့အားလုံးသည် စာတန်ကဲ့သို့သောသူများ ဖြစ်ကြသည်။ အပြောအဆို၊ အပြုအမူများအားဖြင့် မပြစ်မှားခဲ့လျှင်လည်း သူတို့၏စိတ်နှလုံးထဲ၌ ငါ့သားများကို မုန်းတီးခဲ့လျှင် သူတို့ထဲမှ တစ်ယောက်ကိုမျှ ငါသည် ချမ်းသာပေးမည် မဟုတ်ပေ။ ယနေ့အုပ်စိုးနေသော အာဏာရှင်သည် သူတို့လုံးဝမဟုတ်ဘဲ ငါတို့ဤလူစုဖြစ်ကြောင်း သူတို့အားလုံးကို ငါသိစေမည်။ ဤအကြောင်းကြောင့် သင်တို့သည် နေရာတိုင်း၊ ဘာသာတိုင်းနှင့် ဂိုဏ်းဂဏတိုင်းတို့၌ ငါ၏နာမကို သက်သေခံပြီး ဘုန်းတော်ထင်ရှားစေရန်နှင့် စကြဝဠာအဆုံးတိုင်အောင် ပျံ့နှံစေရန်တို့အတွက် ကိုယ်စွမ်းရှိသမျှ ပိုမိုဆက်ကပ်လျက် မိမိကိုယ်ကို ငါ့အတွက် ရိုးသားစွာ အသုံးခံသင့်ကြပေ၏။

ယခင်က:အခန်း ၆၇

နောက်တစ်ခုသို့:အခန်း ၆၉

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စစ်မှန်သော လမ်းခရီးကို စုံစမ်းခြင်းအပေါ် အမေးအဖြေတစ်ရာ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ