မကောင်းဆိုးဝါးများ၏ ရက်စက်မှုကို အောင်မြင်ကျော်လွှားဖို့ ဘုရားသခင်က ကျွန်မကို လမ်းပြသည်

01.11.2019

ဝမ်းဟွာ၊ ဟေနန်စီရင်စု

ကျွန်မသမီးနှင့် ကျွန်မတို့ နှစ်ဦးလုံးက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်တွင် ပါဝင်ကြသည့် ခရစ်ယာန်များဖြစ်ကြသည်။ ကျွန်မတို့ ဘုရားသခင်နောက်ကို လိုက်နေစဉ်၊ ကျွန်မ သမီးနှင့် ကျွန်မတို့ နှစ်ဦးလုံးက တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ အဖမ်းခံရပြီး၊ အလုပ်ကြမ်းမှတစ်ဆင့် ပညာပေး ထောင်ဒဏ် ချမှတ်ခံရသည်။ ကျွန်မက ထောင်ဒဏ် သုံးနှစ်ကျခံရပြီး ကျွန်မ သမီးက တစ်နှစ် ကျခံရသည်။ ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ လူမဆန်သော ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ထိခိုက်မှုတို့ကို ခံစားခဲ့ရ သော်လည်း၊ ကျွန်မ မျှော်လင့်ချက်ကုန်ပြီး၊ အန္တရာယ်ထဲ ကျရောက်နေသည်ဟု မိမိကိုယ်ကို တွေ့ရသည့်အချိန်တိုင်း၊ ကျွန်မကို တိတ်တဆိတ် စောင့်ရှောက်ကာ၊ ကွယ်ကာပြီး၊ ကျွန်မ အတွက် ထွက်ပေါက် ဖွင့်ပေးလျက် ဘုရားသခင်က ထောက်ပံ့ပေးခဲ့သည်။ အသက်ဆက်ရှင်နေဖို့ ကျွန်မကို သတ္တိနှင့် လှုံ့ဆော်မှု ပေးခဲ့ကာ၊ ရက်စက်စွာ ညှဉ်းပန်းခံရခြင်း၏ ညှဉ်းဆဲမှုကို အောင်မြင်ကျော်လွှား နိုင်ဖို့ လမ်းပြပြီး၊ ထိုငရဲဆန်သော ထောင်ထဲတွင် သုံးနှစ်တစ်လျှောက်ကို သည်းခံကြိုးပမ်းရန် ကူညီခဲ့သည်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည်။ ဒုက္ခအလယ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် ၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ကို ကျွန်မ မျက်မြင်တွေ့ ခဲ့ရပြီး၊ ဘုရားနှုတ်ကပတ်တော်များ၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ကျွန်မ တွေ့ကြုံခံစားခဲ့ရသည်။ များစွာရရှိသည့်အတွက် အခွင့်အရေးပေးခံရသည်ဟု ခံစားရပြီး၊ ဘုရားသခင်နောက်ကို မဆုတ်မနှစ် လိုက်ပြီး၊ ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ဖို့ ကျွန်မ သန္နိဌာန်ချခဲ့ပါသည်။

ဘုရားသခင်ကို ကျွန်မ မယုံကြည်မီက ကျွန်မ စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ခဲ့သည်။ ကျွန်မက စီးပွားရေးတွင် အတော်လေး အဆင်ပြေကာ၊ ငွေသင့်တင့် လျောက်ပတ်စွာ ရရှိခဲ့သည်။ သို့သော်လည်း ကျွန်မ၏ အသက်မွေးမှု ပြုလုပ်ရန် အတွက် အလုပ်ရှုပ်နေစဉ်၊ ဘဝ၏ အကောင်းအဆိုး ပြောင်းလဲတတ်သော လောကဓံတရားကိုလည်း အပြည့်အဝ တွေ့ကြုံခံစားခဲ့ရပါသည်။ တစ်နေဝင် တစ်နေထွက် မည်သို့ငွေရှာရမည်ကို တွက်ချက်ရင်း ကျွန်မ ဦးနှောက်ခြောက် ခံရရုံသာမက၊ အစိုးရဌာနမျိုးစုံ၏ ပစ္စည်းမျိုးစုံကို နည်းမျိုးစုံဖြင့် စစ်ဆေးခြင်း ကိုလည်း ကိုယ်တွယ်ဖြေရှင်းရသေးသည်။ တစ်နေ့လုံး မရိုးသားသော စကားများ ပြောဆိုရပြီး၊ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံခြင်းများတွင် အပေါ်ယံ ဟန်ဆောင်ရသေးသည်။ ဘဝ၏ ဤနည်းလမ်းက နာကျင်ဖွယ်ကောင်းပြီး၊ ခြေကုန်လက်ပန်းကျ စေသည်ဟု ခံစားခဲ့ရသော်လည်း ကျွန်မမှာ အခြား ရွေးချယ်စရာမရှိခဲ့ပါ။ အလုပ်မှနေပြီး ကျွန်မ၏ စိတ်ခံစားချက်နှင့် ရုပ်ပိုင်း ဆိုင်ရာတို့က လုံးလုံး ခြေကုန်လက်ပန်းကျလာသည်အထိ ဖြစ်လာသည့်အခိုက် တွင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ ဧဝံဂေလိကို ကျွန်မ လက်ခံခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များက အသက်တာ၏ နက်နဲမှုများကို ထုတ်ဖော်ပြီး၊ လူသားမျိုးနွယ်တစ်ခုလုံး၏ နာကျင်မှုအရင်းအမြစ်အပြင်၊ စာတန်အားဖြင့် လူသားမျိုးနွယ်၏ ဖောက်ပြန် ပျက်စီးခြင်းဆိုင်ရာ သမ္မာတရားကိုလည်း ဖော်ထုတ်သည်ကို ကျွန်မ မြင်ခဲ့သည်။ ၎င်းတို့က အသက်တာတစ်လျှောက်တွင် လိုက်လျှောက်ရမည့် အလင်း၏ လမ်းကြောင်းကိုလည်း လူကို ပြသပြီး၊ ကျွန်မ၏ စိတ်နှလုံးသည် ဘုရား နှုတ်ကပတ်တော်များကို ရုတ်ချည်း စွဲငြိသွားခဲ့လေသည်။ ဤသည်မှာ စစ်မှန်သော ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်း နှင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အသက်တာမှတစ်ဆင့် တစ်ခုတည်းသော မှန်ကန်သည့်လမ်းကြောင်း ဖြစ်ကြောင်း တို့ကို ကျွန်မ၏ စိတ်ထဲမှ သေချာလာခဲ့သည်။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံဖို့ ကျွန်မက အလွန် အခွင့်ကောင်းရသည်ဟု ခံစားရပြီး၊ ကမ္ဘာလောကထဲရှိ ကျွန်မကဲ့သို့ပင် အနှစ်သာရမဲ့သည့် အသက်တာများ ကို အသက်ရှင်နေထိုင်နေသူများ၊ ၎င်းတို့အသက်တာများတွင် ဦးတည်ချက် ရှာမတွေ့သူများနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လိုအပ်သည့်လူအားလုံးအကြောင်းကို ကျွန်မ တွေးမိသည်။ ထို့ကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍များပြားသော လူများပင် ရရှိနိုင်ရန် နောက်ဆုံးသောကာလ၏ ဧဝံဂေလိကို ပိုမိုများပြားသော သမ္မာတရား ရှာဖွေသူများထံ ကျွန်မ ဟောကြားလိုခဲ့သည်။ ဘုရားချစ်ခြင်းမေတ္တာ၏ တို့ထိခံရပြီး ဘုရားသခင်၏ အမှုတော် သို့မဟုတ် သူ၏ကယ်တင်ခြင်းအကြောင်း ကျွန်မ ပြောသည့် အချိန်တိုင်း၊ ကျွန်မ မည်သည့်အခါမျှ ပြော၍ မဝနိုင်ဘဲ၊ စစ်မှန်သည့် သမ္မာတရား ရှာဖွေသူအချို့ကို တရားဟောကြားခြင်းအားဖြင့် သူတို့ကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်- ကျွန်မ စိတ်လှုပ်ရှားခဲ့ရပါသည်။ ထိုအချိန်တွင် ကျွန်မ၏ သမီးက အထက်တန်းကျောင်း ပြီးခါစသာ ရှိသေးသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်နောက်ကို စလိုက်ပြီးနောက် ကျွန်မ မည်မျှ ပျော်ရွှင် လာသည်ကို မြင်တွေ့သလို၊ ကျွန်မ၏ နေအိမ်သို့ လာရောက်သည့် ညီအစ်ကို မောင်နှမများက မည်မျှ ဖြူစင်ပြီး ကြင်နာကြောင်း၊ ပွင့်လင်းစွာ စကားပြောဖို့၊ ဓမ္မသီချင်း သီဆိုဖို့နှင့် ကခုန်ဖို့ လူတိုင်း အတူတကွ စုဝေးကြကြောင်း နှင့် အလွန့်အလွန် ကြင်နာပြီး ပျော်ရွှင်ဖွယ် အားအင်များ အမြဲတမ်းရှိကြောင်း တို့ကိုလည်း သူမ မြင်တွေ့ခဲ့သည်။ အကျိုးဆက်အနေဖြင့် သူမက ဤဘဝကို စတင်တောင့်တပြီး၊ ဘုရားသခင်ကို ယုံကြညချင်ခဲ့ပြီး၊ ဘုရားသခင်နောက်ကို အလွန်လိုက်ချင်ခဲ့သည်။ ထိုအချိန်မှစကာ၊ ကျွန်မတို့၏ စီးပွားရေးလုပ်ငန်းများကို နေ့အချိန်တွင် ဆောင်ရွက် ပြီးနောက်၊ အတူတကွ ဆုတောင်းသည်၊ ဘုရား နှုတ်ကပတ်တော်များကို အတူတကွ ဖတ်ရှုသည်၊ ဓမ္မသီချင်းများကို အတူတကွ သင်ယူကြသည်၊ ပြီးလျှင် ညပိုင်း၌ ဘုရားနှုတ်ကပတ်တော်များနှင့် ပတ်သက် သည့် ကျွန်မတို့၏ နားလည်သဘောပေါက်မှုကို ကျွန်မတို့ မိတ်သဟာယပြု ကြသည်။ ကျွန်မတို့၏ အသက်တာများသည် ဝမ်းမြောက်ခြင်းဖြင့် ပြည့်နှက်နေ ခဲ့သည်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတွင် အနစ်မြုပ်ဆုံးနှင့် အနွေးထွေးဆုံး ကျွန်မတို့ ခံစားနေသည့် အချိန်တွင်ပင်၊ မမျှော်လင့်ဘဲ၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ မကောင်းဆိုးဝါးလက်သည်းက ကျွန်မတို့ နှစ်ယောက်ကို ဒေါသတကြီး ရမ်းကာ၊ ကျွန်မတို့အား အိပ်မက် ဆိုးဆန်ပြီး၊ အလွန်ပူဆွေးဝမ်းနည်းသော နာကျင်မှုကို ဖြစ်စေသည်- ယင်းမှာ ကျွန်မ မည်သည့်အခါမျှ မေ့မည်မဟုတ်သည့် အခိုက်အတန့်တစ်ခု ဖြစ်ပါသည်။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၇ရက်နေ့တွင် ကျွန်မ၏ သမီးက အိမ်တွင် အဝတ်လျှော်နေပြီး၊ ကျွန်မက အသင်းတော်အတွက် ကျွန်မ၏ တာဝန်ကို ထမ်းဆောင်ဖို့ အပြင်ထွက်ရန် အဆင်သင့်ပြင်နေချိန်တွင် ရုတ်တရက်ကြီး အရပ်ဝတ် ရဲငါးယောက် ခြောက်ယောက်တို့ ဝုန်းခနဲဝင် ရောက်လာကြသည်။ သူတို့ထဲမှ တစ်ယောက်က “မင်းတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေပဲ။ အဲဒီအပြင် မင်းတို့က တခြားလူတွေကို တရားလျှောက်လှည့်ဟောနေသေးတယ်” ဟု အော်ခဲ့သည်။ ထို့နောက် သူက ကျွန်မ၏ သမီးကို လက်ညှိုးထိုးပြီး အခြားရဲနှစ်ယောက်ကို “သူ့ကို အရင်ခေါ်” ဟု ပြောပြီး၊ ကျွန်မ သမီးကို ရဲနှစ်ယောက်က ချက်ချင်း ခေါ်ဆောင်သွားခဲ့ကြသည်။ ကျန်သည့်ရဲများက ကျွန်မ၏ အိမ်ကို မြေလှန်ရှာပြီး၊ ကျွန်မတို့ အဝတ်များ၏ အိတ်တိုင်းကိုပင် စစ်ဆေးခဲ့ကြလျက် ဗူးများနှင့် သေတ္တာများကို မွှေနှောက် လှန်လှော ခဲ့သည်။ အချိန်ခဏလေးတွင်ပင် အိပ်ရာများနှင့် ကြမ်းပြင်တို့သည် ရှုပ်ပွသွားပြီး၊ သူတို့၏ သားရေဖိနပ်များစီးပြီး အိပ်ရာများပေါ်တွင်ပင် နင်းခြေကြ လေသည်။ အဆုံးသတ်တွင် သူတို့က ဘုရားနှုတ်ကပတ်တော် စာအုပ်များ၊ အခွေအချို့၊ စီဒီစက်နှစ်ခု၊ MP3စက်နှစ်ခု၊ ငွေသား ယွမ် ၂၀၀၀ နှင့် ရွှေနားကပ်တစ်ရံတို့ကို ယူဆောင်သွားခဲ့သည်။ ထို့နောက် သူတို့က ကျွန်မကို အတူတွန်းထိုးခေါ်လာပြီး၊ ရဲကားထဲ ထည့်လိုက်သည်။ ကျွန်မက သူတို့၏ လုပ်ရပ်များအတွက် ဖြေရှင်းခိုင်းလျက် သူတို့ကို “ဘုရားသခင်ကို ယုံကြည်တာနဲ့ ကျွန်မတို့က ဘာဥပဒေကို ချိုးဖောက်နေလို့လဲ။ ရှင်တို့က ဘာဖြစ်လို့ ကျွန်မတို့ကို ဖမ်းရတာလဲ” ဟု မေးမြန်းခဲ့သည်။ အံ့အားသင့်စွာပင် သူတို့က ကြည့်ရှုနေသည့် လူများအားလုံးရှေ့တွင် မျက်နှာပြောင်တိုက်စွာဖြင့် “ဘုရားသခင်ကို ယုံကြည်သူ တွေဖြစ်တဲ့ မင်းတို့ကို ဖမ်းတာက ငါတို့ရဲ့ အထူးလုပ်ငန်းပဲ” ဟု အတိအလင်း ပြောခဲ့သည်။ ကျွန်မ ခံပြင်းဒေါသထွက်ခဲ့သည်။ သူတို့က “ပြည်သူ့ရဲ” မဟုတ်ပါ။ သူတို့က ဖြောင့်မတ်သူများကို ထိထိရောက်ရောက် နှိမ်နင်းခြင်းဖြင့် အထူးတာဝန် ပေးခံရသည့် ဓားပြများ၊ လူရမ်းကားများနှင့် ရာဇဝတ်သား မြေအောက် ကြေးစား လူမိုက်တစ်ဖွဲ့ ဖြစ်လေသည်။

ပြည်သူ့လုံခြုံရေးဌာနသို့ ကျွန်မတို့ ရောက်သည့်အချိန်တွင်၊ ကျွန်မကို လက်ထိပ်ခတ်ပြီး စစ်မေးခန်းထဲသို့ ဦးဆောင်ခေါ်သွားခဲ့ကြသည်။ သူတို့ မည်မျှကြမ်းကြုတ်သည်ကို မြင်လျက်၊ ကျွန်မက မကြောက်ဘဲ မနေနိုင်ခဲ့ပါ၊ ပြီးလျှင် ကျွန်မက “ငါအခု ဒီနတ်ဆိုးတွေရဲ့လက်ထဲကို ကျရောက်ခဲ့ပြီး၊ သူတို့က ငါ့အိမ်မှာ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ နဲ့ အခွေတွေအများကြီး တွေ့သွား ပြီဆိုမှတော့၊ သူတို့က အခု ငါ့ကို သေချာပေါက်လွှတ်ပေးမှာ မဟုတ်ဘူး။ ငါက သူတို့ နှိပ်စက်တာကို တောင့်မခံနိုင်ဘဲ ယုဒတစ်ယောက်ဖြစ်လာခဲ့ရင်၊ ငါက ဘုရားသခင်ကို သစ္စာမဲ့တဲ့ သစ္စာဖောက်တစ်ယောက်လို့ တစ်ချိန်လုံး သိကြတော့ မှာပဲ” ဟု တွေးမိသည်။ ကျွန်မကို ကွယ်ကာရန်နှင့် လမ်းပြရန် ဘုရားသခင်ကို ​တောင်းလျှောက်လျက်၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းခဲ့ပါသည်။ ထို့နောက်တွင်ပင် ကျွန်မက အောက်ပါ ဘုရား နှုတ်ကပတ်တော်များကို တွေးမိပါသည်။ “သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို...။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော်များက သူ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် ပြစ်မှားစော်ကားမှုကိုမျှ သည်းမခံ ကြောင်းနှင့် ဘုရားသခင်က သူ့ကို သစ္စာမဲ့သူ မည်သူ့ကိုမျှ မချစ်ကြောင်း တို့အား ကျွန်မကို နားလည်သဘောပေါက်စေခဲ့သည်။ ထို့နောက် “အာဏာရှိသော သူတို့သည် အပြင်ပန်းအားဖြင့် ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း ကြောက်ရွံ့ခြင်း မရှိနှင့်၊ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တွင် ယုံကြည်မှု အနည်းငယ်သာ ရှိခြင်းကြောင့်ဖြစ်သည်။ သင်တို့၏ယုံကြည်ခြင်း ကြီးထွားသည့် ကာလပတ်လုံး မည်သည့်အရာမျှ အလွန်တရာ ခက်ခဲလိမ့်မည်မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၅)) ဟု ဆိုသည့် ဘုရားနှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့သည်။ “ဟုတ်တယ်”ဟု ကျွန်မ တွေးမိသည်။ “ငါသူတို့ကို မကြောက်ရဘူး။ ဒီဆိုးယုတ်တဲ့ ရဲတစ်သိုက်က ဘယ်လောက် ရှိန်စရာကောင်းပါစေ၊ သူတို့က ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိနေသေးတယ်၊ ပြီးတော့ သူတို့က ဘယ်လောက် ဆိုးရွားနေပါစေ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ ငါ့ခေါင်းပေါ်က ဆံပင်တစ်ချောင်းကို မထိခိုက်နိုင်ဘူး။” ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်မှုနှင့် သတ္တိတို့ ပေးခဲ့သောကြောင့် ကျွန်မက ဘုရားသခင်ထံ သန္နိဌာန်တစ်ခု ချမှတ်ခဲ့သည်။ “အိုဘုရားသခင်၊ ကျွန်မကို ကိုယ်တော် စစ်ဆေးဖို့ အချိန်ရောက်လာပါပြီ။ ကျွန်မ ကိုယ်တော်အတွက် သက်သေရပ်တည်လိုပြီးတော့၊ ယုဒတစ်ယောက် ဘယ်တော့မှ မဖြစ်လာဖို့ ကျွန်မ အသက်ပေါ်မှာ ကျိန်ဆိုလိုပါတယ်။” ကျွန်မ၏ ဆုတောင်းခြင်း ကို အဆုံးသတ်ပြီးနောက်၊ ကျွန်မ၏ စိတ်နှလုံးသည် တိုး၍ တည်ငြိမ်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် သူတို့ထဲက ခေါင်းဆောင်တစ်ယောက်ဖြစ်ပုံရသည့် ဆိုးယုတ်သော ရဲများထဲမှ တစ်ယောက်က ကျွန်မကို “မင်း မိုက်မဲတဲ့ မိန်းမ။ မင်းလုပ်နိုင်သမျှ အရာတွေအားလုံးရှိရက်နဲ့၊ မင်းက မင်းရဲ့သမီးကိုပါ ဘုရားသခင် ကို ယုံကြည်ဖို့ လုပ်ခဲ့တာပေါ့လေ။ ဟုတ်တယ် မဟုတ်လား။ သူက အလှလေးပဲ၊ အဲဒီ တစ်ယောက်က။ သူက ချမ်းသာတဲ့ လူတွေဆီသူ့ကိုယ်သူ ရောင်းစားတာ နဲ့တင် တစ်နှစ်ကို ယွမ်သောင်းနဲ့ချီရနိုင်တယ်၊ ဒါပေမဲ့ သူက ငနုံတစ်ယောက်လို ဘုရားသခင်ကို ယုံကြည်တယ်လေ။ ငါတို့ကို အခုပြောစမ်း၊ မင်းက ဘုရားသခင် ကို ဘယ်အချိန်က စယုံကြည်ခဲ့တာလဲ။ မင်းကို ဘယ်သူက ဒီလို ယုံကြည်လာ အောင် လုပ်ခဲ့တာလဲ။ အဲဒီစာအုပ်တွေကို မင်း ဘယ်ကရခဲ့တာလဲ” ဟု ပြောလျက် ဆူပူခဲ့သည်။ သူ တောင်စဉ်ရေမရ ပြောနေသည်ကို နားထောင်လျက် ကျွန်မ ဒေါသ အမျက်ခြောင်းခြောင်းထွက်လာခဲ့သည်။ အစိုးရ၏ သိက္ခာရှိအရာရှိ တစ်ယောက် ဟု အဆိုရသည့် လူတစ်ယောက်က ထိုကဲ့သို့ စက်ဆုပ်ဖွယ် ကောင်းပြီး အရှက်ကင်းမဲ့သည့်အရာများကို ပြောနိုင်သည်ကို ကျွန်မ မယုံနိုင်ခဲ့ပါ။ သူတို့၏ အမြင်တွင် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ရောင်းစားခြင်းသည် ကောင်းသည့် အရာတစ်ခုဖြစ်ပြီး၊ သူတို့က လူများကို ထိုသို့သော ဆိုးယုတ်သည့်အရာများ သွားလုပ်ရန်ပင် အားပေးအားမြှောက်ပြုကြသည်။ သို့သော်လည်း ဘုရားသခင်ကို ယုံကြည်ပြီး၊ ကိုးကွယ်ကာ၊ ရိုးသားသည့် လူများဖြစ်ရန် ကြိုးစားသည့် ကျွန်မတို့သည် မှားယွင်းစွာ ပြုမူသော ရာဇဝတ်အသားများအဖြစ် အမည်တပ် ခံရပြီး၊ ကျွန်မတို့သည် ပြင်းထန်သော နှိမ်နှင်းခြင်းများနှင့် ဖမ်းဆီးခြင်းများ၏ ပစ်မှတ်များဖြစ်လာခဲ့သည်။ ဤသို့ ပြုမူခြင်းအားဖြင့် သူတို့က ကောင်းမြတ်ခြင်း ကို ဖိနှိပ်ပြီး၊ တရားမျှတမှုကို ဖုံးအုပ်ထားလျက် မကောင်းမှုကို ထိန်းသိမ်းနေခြင်း မဟုတ်ပါလား။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် အလွန်ကောက်ကျစ်ပြီး၊ ဖောက်ပြန်ပျက်စီးလေသည်။ သူတို့က ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော စကားများကို ပြောရာတွင် အလျှော့မပေးတမ်းလုပ်ပြီး၊ အကျိုးအကြောင်းအားလုံးကို နားမဝင်ပုံ ကို မြင်လျက်၊ သူတို့ကို အမြင်မှန်ရစေဖို့ မဖြစ်နိုင်သည်ကို ကျွန်မသိသောကြောင့် ကျွန်မ ပါးစပ်ကို ပိတ်ထားခဲ့သည်။ ကျွန်မ စကားပြောဖို့ ငြင်းဆန်သည်ကို သူတို့မြင်သည့်အချိန်တွင်၊ သူတို့က ကျွန်မကို ရဲကားတစ်စီးဆီသို့ ပြန်ခေါ်သွားပြီး၊ “မင်းအိမ်မှာ အထောက်အထားတွေ အများကြီး တွေ့တာဆိုတော့ မင်းကသာ မလိမ္မာဘဲ ငါတို့ကို အားလုံး မပြောပြဘူးဆိုရင်၊ ငါတို့က မင်းကို သေနတ်နဲ့ အပစ်ခံရဖို့ အပြင်ကို တရွတ်တိုက်ဆွဲခေါ်သွားမှာ” ဟု ပြောလျက်၊ ခြိမ်းခြောက် ခဲ့သည်။ သူတို့ ဤသို့ပြောသည်ကို ကြားသည့်အခါ၊ ကျွန်မ မကြောက်ဘဲ မနေနိုင်ခဲ့ပါ၊ ပြီးလျှင် ကျွန်မက “ဒီလူတွေက ဘာကိုမဆို လုပ်နိုင်စွမ်းရှိတယ်။ သူတို့က ငါ့ကို တကယ်ပစ်ခဲ့ရင်၊ ငါ့သမီးလေးကို ငါနောက်ထပ် ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး” ဟု တွေးမိသည်။ ကျွန်မ ပို၍ တွေးမိလေ၊ ကျွန်မ စိတ်သောကရောက်လေလေ ဖြစ်ပြီး၊ ကျွန်မ၏ စိတ်နှလုံးကို ကာကွယ်ရန်နှင့် ကျွန်မ၏ အတွင်းရှိ ကြောက်စိတ်နှင့် စိတ်ပူပန်မှုများကို ဖယ်ရှားပေးပါရန် ဘုရားသခင်ကို တောင်းလျှောက်လျက်၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် သူ့ကို အဆက်မပြတ် ခေါ်ခဲ့သည်။ ထို့နောက်တွင်ပင် ဘုရားနှုတ်ကပတ်တော်များက ကျွန်မစိတ်ထဲသို့ ရောက်လာခဲ့သည်။ “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁))ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ထိုအခိုက်အတန့်တွင် အရာအားလုံး က ရှင်းလင်းလာခဲ့သည်။ “ဟုတ်တယ်” ဟု ကျွန်မ တွေးမိသည်။ “ငါ့အသက်နဲ့ ငါ့သမီးလေးရဲ့အသက်က ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိပြီးတော့၊ ငါတို့ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဘုရားသခင်က ဆုံးဖြတ်ခွင့်ရှိတယ်။ စာတန်ရဲ့ ဒီမကောင်းဆိုးဝါးတွေက ငါ့ကံကြမ္မာကို ထိန်းချုပ်မှုမရှိဘူး။ ဘုရားသခင်ရဲ့ ခွင့်ပြုချက် မရှိဘဲနဲ့၊ ဘယ်သူကမှ ငါတို့ရဲ့ အသက်တွေကို ယူဖို့ စဉ်းတောင် စဉ်းစားလို့မရပါဘူး။ ဒီနေ့ စာတန်က ငါ့ကို သူ့ရဲ့စဉ်းလဲတဲ့ အကြံအစည်တွေထဲ ကျရောက်ပြီး၊ အဲဒါကို အရှုံးပေးဖို့ မျှော်လင့်ရင်းနဲ့၊ ငါ့ကို ခြိမ်းခြောက်ပြီး၊ ခြောက်လှန့်ရအောင် ငါ့အားနည်းချက်ကို အသုံးပြုဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ငါ့ကို သူလှည့်စားဖို့ ငါခွင့်မပြုရဘူး။ ငါဟာ ဘုရားသခင်ကို သစ္စာဖောက် တာထက် သေသာသေလိုက်ချင်တဲ့အတွက် ငါသေသေ ရှင်ရှင်၊ နာခံဖို့ ငါဆန္ဒရှိ တယ်။” ဤသို့တွေးလျက်၊ စာတန်ကို တကယ့်အဆုံးထိ တိုက်ခိုက်ရန် စိတ်ပိုင်း ဖြတ်ခြင်းကို ရုတ်ချည်း ကျွန်မ ရှာတွေ့ခဲ့ပြီး၊ ကျွန်မသည် ကြောက်ရွံ့ခြင်း သို့မဟုတ် ထိတ်လန့်ခြင်းတို့ကို နောက်ထပ် မခံစားရတော့ပါ။

ရဲများက ကျွန်မကို ထိန်းသိမ်းရေး စခန်းသို့ ခေါ်သွားကြသည်။ ကျွန်မ ခြံဝင်းထဲရောက်သည်နှင့် တပြိုင်နက် ထောင်စောင့်များက ကျွန်မကို ကြမ်းကြမ်း တမ်းတမ်း စစ်ဆေးကာ၊ ကျွန်မ၏ ဖိနပ်များနှင့် အဝတ်အစား များကို ချွတ်ရန် အမိန့်ပေးခဲ့ကြသည်။ ထို့နောက် သူတို့က ကျွန်မကို နာရီဝက်နီးပါး အလွန် အေးစက်သည့် ခြံဝင်းထဲတွင် မတ်တပ်ရပ်စေခဲ့သည်။ ကျွန်မ အလွန်ချမ်း လှသည်မှာ ဟန်ချက် မထိန်းနိုင်လောက်အောင်ဖြစ်ပြီး၊ ကျွန်မ၏ တစ်ကိုယ်လုံး ကြမ်းတမ်းစွာ တုန်ခါနေကာ ကျွန်မ မရပ်မနား သွားချင်း ရိုက်နေခဲ့သည်။ ကျွန်မကိုယ်ပေါ်တွင် သူတို့ မည်သည့်အရာကိုမျှ ရှာမတွေ့သေးသောကြောင့်၊ ထောင်စောင့်များထဲမှ တစ်ယောက်က ကျွန်မကို အကျဉ်းခန်းဆီသို့ ခေါ်သွားပြီး၊ “ဒါက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်ပဲ...” ဟု ပြောလျက် အကျဉ်းခန်း၏ အကျဉ်းသားခေါင်းဆောင်နှင့် အခြား အကျဉ်းသား တို့ကို လှုံ့ဆော်ခဲ့သည်။ သူ ဤသို့ပြောပြီး မကြာမီမှာ အကျဉ်းသားများက ကျွန်မအနားသို့ စုပြုံလာပြီး၊ ကျွန်မ၏ ဘောင်းဘီကို ခြေချင်းဝတ်အထိ ချွတ်ခိုင်းပြီးနောက်၊ ပြန်ဆွဲတင်ခိုင်းသည်။ သူတို့ အားလုံးက ကျွန်မကို ရယ်မောနေစဉ် ကျွန်မကို ဤသို့ အဖန်တလဲလဲ လုပ်ဆောင်စေလေသည်။ စနောက်ပြီး စော်ကားခံရပြီးနောက်တွင်၊ အကျဉ်းသား ခေါင်းဆောင်က ကျွန်မကို ကြက်တောင်မွှေးမှ အရာဝတ္ထုများ မည်သို့ပြုလုပ်ရသည်ကို သင်ယူစေခဲ့သည်။ သို့သော်လည်း ဤအလုပ်က စွမ်းရည်နှင့် လေ့ကျင့်မှုအချို့ လိုအပ်သည့် အားလျော်စွာ၊ ဒုတိယနေ့ ရောက်သည့်တိုင် ကျွန်မ မကျွမ်းကျင်ခဲ့သေး သောကြောင့် အကျဉ်းသား ခေါင်းဆောင်က ကြိမ်လုံးတစ်ချောင်း ယူပြီး၊ ကျွန်မ၏ လက်များကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့သည်။ ကျွန်မလက်များသည် နာကျင်မှုဖြင့် ထုံလာသည်အထိ ရိုက်နှက်ခံရပြီး၊ ကျွန်မက ကြက်တောင်မွှေး များကို တစ်ပြိုင်တည်း မဖိညှပ်နိုင်ခဲ့ပါ။ ကျွန်မက ကြမ်းပြင်ပေါ်တွင် ကျနေသည့် အမွှေးတောင်များကို ကောက်ရန် လှုပ်လိုက်သည့်အချိန်တွင်၊ အကျဉ်းသား ခေါင်းဆောင်က ကျွန်မ၏ လက်ပေါ်တွင် မတ်တပ်ရပ်ပြီး၊ သူမ၏ ခြေရင်းဖြင့် ဖိချခဲ့သည်မှာ တစ်စစီ ကျိုးသွားကဲ့သို့ ကျွန်မ၏ လက်ချောင်းများတစ်လျှောက် ထိုးကျင့်သောနာကျင်မှုဖြစ်စေခဲ့သည်။ သို့သော် သူမက ကျွန်မနှင့် မပြီးပြတ်သေးဘဲ၊ ကြိမ်လုံးကို နောက်တစ်ကြိမ် ယူလိုက်ပြီး ခေါင်းကိုို့ အကြိမ်တော်တော်များများ ရိုက်နှက်သည်မှာ ကျွန်မ၏ ခေါင်း မူးဝေလာပြီး၊ မျက်လုံးများ ဝေဝါးလာသည်အထိ ဖြစ်သည်။ နောက်ဆုံးတွင် သူမက “နင့် အပြစ်ဒဏ်က ဒီည ညဆိုင်းယူဖို့ပဲ။ နင့်ကို ရဲတွေက မနက်ဖြန် စစ်မေးလိမ့်မယ်။ အဲဒါကြောင့် မနက်ဖြန် အလုပ်ကို နင်ဒီနေ့ လုပရမယ်။ နင်အဲဒါ အားလုံး မပြီးခဲ့ရင်၊ မနက်ဖြန်ညမှာ ငါက နင့်ကို တစ်ညလုံး မတ်တပ်ရပ်ခိုင်းထားမှာ” ဟု ရက်စက်စွာ ပြောခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျွန်မသည် ဖော်မပြနိုင် လောက်အောင် ဝမ်းနည်းပြီး အားငယ်မိခဲ့သည်။ ကျွန်မကို ဤနည်းဖြင့် ထိခိုက် နာကျင်စေဖို့ ဆိုးယုတ်သောရဲများက ထောင်သားများနှင့် ပူးပေါင်းသည်နှင့်အမျှ၊ ကျွန်မက သည်းမခံနိုင်ဖြစ်နှင့်ပုံကို တွေးမိခဲ့သောကြောင့် လာမည့်ရက်များကို ကျွန်မ မည်သို့ ကျော်ဖြတ်ရပါမည်နည်း။ သောက ဖိစီးမှုဖြင့်၊ ၎င်း၏ တရားမမျှတမှုများအားလုံးကို ကျွန်မ ငိုကြွေးခဲ့ကာ၊ မျက်ရည်များ ကျွန်မ၏ မျက်နှာပေါ်မှ စီးကျလာပြီး၊ ဘုရားသခင်ကို ကျွန်မ၏ အခက်အခဲများအားလုံးကို ပြောပြလျက်၊ သူ့ထံ တိတ်ဆိတ်စွာ ယုံယုံကြည်ကြည် ဖွင့်ပြောပြခဲ့သည်။ “အိုဘုရားသခင်၊ ဒီဘီလူးတစ်ဖွဲ့က ကျွန်မကို ပေးတဲ့ ဒီပြက်ရယ်ပြုတာတွေနဲ့ ညှဉ်းပန်းမှုတွေကို ရင်ဆိုင်ရင်းနဲ့၊ ကျွန်မ အရမ်းကို အထီးကျန်၊ ခိုကိုးရာမဲ့ပြီး ကြောက်နေပါတယ်၊ အဲဒါကို ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မကို ကျေးဇူးပြုပြီး လမ်းပြတော်မူပါ၊ ပြီးတော့ ကျွန်မကိုသန်မာစေ တော်မူပါ” ဆုတောင်းပြီးနောက် ဘုရားသခင်က ကျွန်မကို ဉာဏ်အလင်းပေးဖို့ သူ့နှုတ်ကပတ်တော်၏ ကျမ်းပိုဒ်တစ်ခုကို ကျွန်မအား တွေးတောစေခဲ့သည်။ “‘အောင်မြင်သောသူများ’ အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ လွှမ်းမိုးမှုအောက်နှင့် စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကိုယ် တွေ့ရချိန်တွင် သက်သေရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ယုံကြည်စိတ်ချမှုနှင့် ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သက်သေရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က ‘အောင်မြင်သောသူ’ တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်) ဘုရားနှုတ်ကပတ်တော်များထံမှ ကြီးစွာ သောနှစ်သိမ့်မှုကို ကျွန်မ ရရှိခဲ့ပြီး၊ ၎င်းတို့က ကျွန်မကို ဘုရားသခင်၏ အလိုတော်အား နားလည်သဘောပေါက်စေခဲ့သည်။ ဘုရားသခင်က လူကို စုံလင် စေဖို့၊ ဘုရားသခင်အားဖြင့် ကျွန်မတို့ အောင်မြင်သူများအဖြစ် ပြုလုပ်ခံရရန် နှင့် သူ့နိုင်ငံတော်သို့ ဝင်ရောက်နိုင်ရန်အလို့ငှာ၊ လူကို စာတန်၏ စွမ်းအားမှ ရုန်းထွက်လွတ်မြောက်စေဖို့ စာတန်၏ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို အသုံးပြုလေသည်။ တရုတ်ကွန်မြူနစ်ပါတီအားဖြင့် အုပ်စိုးသည့် ဤမှောင်မိုက် ပြီး ဆိုးယုတ်သည့်နိုင်ငံတွင် လူတို့သည် မကောင်းမှု လမ်းကြောင်းကိုသာ လျှောက်ခွင့်ရှိပြီး၊ မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ခွင့်မရှိပါ။ ဤအရာကို ပြုလုပ်ရခြင်း၌ တရုတ်ကွန်မြူနစ်ပါတီ၏ ရည်မှန်းချက်မှာ လူတို့အနေဖြင့် အကောင်းမှ အဆိုးကို လည်းကောင်း၊ အမှားမှ အမှန်ကိုလည်းကောင်း မခွဲခြားနိုင် တော့သည်အထိ အလွန် ဖောက်ပြန်ပျက်စီးစေရန်နှင့် လူတို့သည် ဘုရားသခင်ကို ခုခံခြင်းအတွက် ယင်းနှင့်အတူ နောက်ဆုံးတွင် သေသည်အထိ ကောက်ကျစ်မှုကို ထောက်ခံအားပေးပြီး တရားမျှတမှုကို စွန့်လွှတ်စေရန်တို့အတွက် ဖြစ်သည်။ မှောင်မိုက်သော စွမ်းအားများအားဖြင့် အဖက်ဖက်မှ ဝိုင်းရံခံရချိန်တွင် အရှုံးမပေးခြင်းဖြင့်၊သာလျှင်၊ တစ်ဦးတစ်ယောက်သည် ၎င်း၏ ယုံကြည်မှု၊ ဆက်ကပ်အပ်နှံမှုနှင့် ချစ်ခြင်းတို့ကို ဘုရားသခင်ရှေ့တွင် ဖက်တွယ်ထားမှ သာလျှင်၊ ပြီးလျှင် ဘုရားသခင်အတွက် သက်သေရပ်တည်ခြင်းဖြင့်သာလျှင် စစ်မှန်သည့် အောင်မြင်သူဖြစ်လာနိုင်ပါသည်၊ ဤသို့လုပ်ဆောင်ခြင်းဖြင့် သာလျှင် စာတန်ကို အရှက်ရစေပြီး၊ ဘုရားသခင်ကို ဘုန်းအသရေ ရရှိစေမည် ဖြစ်သည်။ ထို့နောက် ကျွန်မက ဘုရားသခင်ကို ဆုတောင်းချက်တစ်ခု ဆိုခဲ့သည်။ “အိုဘုရားသခင်။ ကိုယ်တော်က ကျွန်မရဲ့ ယုံကြည်မှုကို စမ်းသပ်ဖို့နဲ့ ကိုယ်တော့်အတွက် သက်သေခံခွင့်ကို ပေးဖို့ ကိုယ်တော့် အသုံးတော်ခံတွေဖြစ်တဲ့ စာတန်ရဲ့ ဒီမကောင်းဆိုးဝါးတွေကို ကိုယ်တော် အသုံးပြုနေတာပါ။ ဒီလိုလုပ်ရင်း နဲ့ ကိုယ်တော်က ကျွန်မကို ချီးမြှောက်ပြီး၊ ကျွန်မမှာအခု ဖြစ်နေတဲ့ အရာ အားလုံးကို ကိုယ်တော် စီစဉ်ညွှန်ကြားတာဖြစ်သလို၊ ကိုယ်တော်က အရာ အားလုံးကို တိတ်တဆိတ် စေ့စေ့စပ်စပ် ကြည့်ရှု စစ်ဆေးတယ်ဆိုတာတွေကို ကျွန်မယုံကြည်ပါတယ်။ ဒီစမ်းသပ်မှုမှာ ကျွန်မ ကိုယ်တော့်အတွက် သက်သေ ရပ်တည်ပြီး၊ စိတ်ကျေနပ်စေ လိုပါတယ်။ ကျွန်မ ဘယ်လို ညှဉ်းဆဲမှု တွေကို ရင်ဆိုင်ရပါစေ၊ ကျွန်မ လဲမကျသလို၊ ကျွန်မလမ်းမပျောက်ဖို့အတွက် ဆင်းရဲဒုက္ခ ကို သည်းခံဖို့ ကျွန်မကို ယုံကြည်မှု၊ခွန်အားနဲ့၊ သန္နိဌာန်တို့ကို ပေးဖို့ကိုသာ ကျွန်မ တောင်းလျှောက်ပါတယ်။”

တတိယမြောက်နေ့ နံနက် ၉နာရီတွင် ရဲများက ကျွန်မကို စစ်မေးခန်းသို့ ခေါ်သွားသည်။ ကျွန်မ သမီး၏ လက်ကိုင်ဖုန်းကို ဝှေ့ရမ်းလျက်၊ သူတို့က ကျွန်မကို စတင်မေးမြန်းခဲ့သည်။ “ဒီဖုန်းထဲက စာတိုတွေက မင်းပို့လိုက်တာ။ မင်းက အိမ်တစ်လုံးဝယ်မယ်လို့ မင်းရဲ့ သမီးကို ပြောခဲ့တယ်၊ ဒီတော့မင်းမှာ ငွေပြတ်နေပုံ မပေါက်ဘူး။” ဤဆိုးယုတ်သောရဲများက အမှန်တကယ်ပင် စက်ဆုပ်ဖွယ်ကောင်းသည်- သူတို့က ကျွန်မထံမှ ပိုက်ဆံတစ်ပြားမကျန် ညှစ်ယူဖို့ ကြိုးပမ်းအားထုတ်ရာတွင် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့သည်။ ကျွန်မက “ငါက သူနဲ့ နောက်နေကြတာ” ဟု ပြန်ဖြေခဲ့သည်။ ထိုရဲ၏ မျက်နှာ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး၊ မှတ်စုစာအုပ်တစ်ခုကို ယူလိုက်ကာ၊ ကျွန်မ၏ခေါင်းနှင့် မျက်နှာကို ကြမ်းတမ်းစွာ စတင်ဖြတ်ရိုက်သည်မှာ ကျွန်မ မူးဝေပြီး၊ ကျွန်မ၏ မျက်နှာက နာကျင်မှုဖြင့် ပူထူသည်အထိ ဖြစ်လေသည်။ အံကြိတ်လျက် သူက “ငါတို့ကိုပြောစမ်း။ မင်းပိုက်ဆံတွေ ဘယ်မှာလဲ။ ငါတို့ကို မင်းအားလုံး မပြောပြရင်၊ ငါတို့ မင်းကို တရွတ်တိုက် အပြင်ဆွဲခေါ်သွားပြီး၊ သေနတ်နဲ့ပစ်မယ်။ ဒါမှမဟုတ် ထောင်ဒဏ် ရှစ်နှစ်က ဆယ်နှစ်အထိ မင်းကျခံ ရလိမ့်မယ်” ဟု ပြောခဲ့သည်။ ကျွန်မ ဘာမျှမသိကြောင်း ပြောခဲ့သည်။ အရပ်ရှည် ပြီး အဟန့်ကောင်းသည့် ရဲတစ်ယောက်က ဒေါသထွက်လာပြီး၊ ကျွန်မဆီသို့ လျှောက်လာကာ၊ ကျွန်မ အင်္ကျီနောက်ဖက်ကို ဆုပ်ကိုင်လျက် ကျွန်မကို ကြမ်းပြင်ပေါ်သို့ ကိုက်အနည်းငယ် ကိုင်ပေါက်လိုက်သည်။ ထို့နောက် သူက “ဒါက မင်းဝန်မခံလို့ ရတဲ့ဟာပဲ။ မင်းက ဘာမှမသိဘူးလို့သာ ပြောတာ၊ ငနုံငအ ကပဲ မင်းကိုယုံမယ်။ ငါတို့ သိချင်တာ မင်းမပြောပြရင်၊ ငါမင်းကို ဒီနေ့မှာပဲ သေတဲ့အထိ ရိုက်မယ်” ဟု ပြောလျက် ကျွန်မ၏ခေါင်း၊ ကျော နှင့် ခြေထောက် များကို ရက်ရက် စက်စက် စတင်ကန်ကျောက်ခဲ့သည်။ ဘုရားသခင်ကို ကျွန်မ၏ စိတ်နှလုံးထဲတွင် အဆက်မပြတ် ခေါ်လျက် သွားကြိတ်ကာ နာကျင်မှုကို ကျွန်မ သည်းခံခဲ့သည်။ “အိုဘုရားသခင်။ ဒီနတ်ဆိုးတွေက အရမ်း ကြောက်စရာကောင်း ပါတယ်။ ကျွန်မ ကိုယ်တော်ကို သက်သေရပ်တည်နိုင်ဖို့အတွက် ကျေးဇူးပြုပြီး သူတို့ရဲ့ ရိုက်နှက်တာတွေကို အောင်မြင်ကျော်လွှားဖို့ ကျွန်မကို ခွန်အား ပေးပြီး၊ ကျွန်မကို ကွယ်ကာတော်မူပါ။” ထို့နောက်တွင်ပင် “ခရစ်တော်၏ စစ်သည်ကောင်းများသည် ရဲရင့်ရမည်ဖြစ်ပြီး၊ ဝိညာဉ်ရေးရာ ခွန်အားကြီးရန် ငါ့အပေါ် မှီခိုရမည်ဖြစ်သည်။ ၎င်းတို့သည် စစ်သူရဲများ ဖြစ်လာရန် တိုက်ခိုက်ပြီး စာတန်ကို အသေအကြေ စစ်ထိုးရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၂))သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဟု ဆိုထားသည့် ဘုရား နှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့သည်။ ဘုရားနှုတ်ကပတ်တော် များက ကျွန်မကို ယုံကြည်မှု နှင့် ခွန်အားပေးပြီး၊ ကျွန်မအပေါ် သေခြင်းတရား၏ ချုပ်ကိုင်မှုကို အောင်မြင် ကျော်လွှားဖို့ သတ္တိ ပေးခဲ့သည်။ ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ ချစ်ခြင်း မေတ္တာကို ကျွန်မ ခံစားခဲ့ရပြီး၊ ဘုရားသခင်သည် ကျွန်မ၏ အပါးတွင် အမြဲတမ်း ရှိနေသည်ကို မြင်ခဲ့ရသည်။ ကျွန်မက “နင်က ငါ့ကို ဒီလိုပိုပြီး ရိုက်လေလေ၊ ဘုရားသခင်ရဲ့ ရန်သူတွေ အဖြစ်နဲ့ နင့်ရဲ့ တကယ့် စရိုက်ကို ငါမြင်ရလေလေပဲ။ ငါသေရမယ်ဆိုရင်တောင်၊ နင့်ကို ငါဘယ်တော့မှ အရှုံးမပေးဘူး။ ငါက ဘုရားသခင်ကို သစ္စာဖောက်မယ်လို့ နင်ထင်ရင်၊ နင်မှားသွားပြီ” ဟု တွေးမိသည်။ ဤအရာကို တွေးပြီးနောက် ကျွန်မ၏ တစ်ကိုယ်လုံး သက်သောင့် သက်သာ ဖြစ်သွားသည်ဟု ချက်ချင်း ခံစားခဲ့ရသည်။ သူတို့က ထိုမနက်တွင် ကျွန်မကို ရိုက်နှက်ခြင်းနှင့် မေးမြန်းခြင်းတို့ကို တစ်လှည့်စီလုပ်ခဲ့ပြီး၊ နေ့လည်ပိုင်း တွင် သူတို့က ကျွန်မကို အလွန်အေးစက်မာကျောသော ကြမ်းပြင်ပေါ်တွင် ဒူးထောက်စေခဲ့သည်။ သူတို့က ကျွန်မကို ထိုနေ့တစ်နေ့လုံး နေဝင်ရီတရော အချိန်အထိ ညှဉ်းပန်းခဲ့ပြီး၊ နောက်ဆုံးတွင် ကျွန်မ အလွန်ရိုက်နှက်ခံရသည်မှာ ကျွန်မတစ်ကိုယ်လုံး မခံနိုင်လောက်အောင် ကိုက်ခဲနေပြီး၊ မတ်တပ်ရပ်ဖို့ ကျွန်မမှာ ခွန်အားမရှိတော့ပါ။ ကျွန်မကို မေးမြန်းခြင်းအားဖြင့် သူတို့က ကျွန်မထံမှ မည်သည့်အရာမျှ မရနိုင်သည်ကို တွေ့မြင်သောကြောင့် ကျွန်မကို ထိန်းသိမ်းရေး စခန်းသို့ ပြန်ပို့ခဲ့ကြသည်။

ထိန်းသိမ်းရေးစခန်း ပြန်ရောက်ပြီးသည်တွင်၊ မာရေကျောရေရှိသည့် ထောင်စောင့်တစ်ယောက်က ကျွန်မကို မည်သည့်အခါမျှ အစားအစာ လောက်လောက်ငင စားခွင့်မပေးခဲ့ဘဲ၊ အလုပ်တာဝန်များဖြင့် မနိုင်ဝန်ထမ်း စေခဲ့သည်။ သူမက ကျွန်မကို နေ့တိုင်း ၁၅ နာရီကြာ အလုပ်လုပ်စေခဲ့ပြီး ကျွန်မက အလုပ်အားလုံး မပြီးပါက၊ အကျဉ်းသားခေါင်းဆောင်ကို ကျွန်မအား ညှဉ်းပန်းစေ ခဲ့သည်။ ဤအလုပ်ကို ကျွန်မ စလုပ်ခါစသာ ရှိပြီး အရှိန်တင်ပြီး မလုပ်သော ကြောင့် အကျဉ်းသား ခေါင်းဆောင်က ကျွန်မ အလုပ်တွင် အသုံးပြုသည့် စတီးလ်တူကို သုံးပြီး၊ ကျွန်မခေါင်းကို ရိုက်လိုက်သည်။ ကျွန်မ၏ ဦးခေါင်းတွင် ဘုသီးကြီး ရုတ်ချည်းထွက်လာပြီး၊ ထို့နောက်တွင် သူမက ကျွန်မကို ကန်ကျောက် ပြီး ရိုက်နှက်သည်မှာ ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံး မခံမရပ်နိုင်သည့် နာကျင်မှုများ ဖြစ်ပေါ်လာပြီး၊ ကျွန်မ၏ ပါးစပ်မှ သွေးများ စီးထွက်လာခဲ့သည်အထိ ဖြစ်သည်။ ထိုကဲ့သို့ ရက်စက်သော ညှဉ်းပန်းမှုကို ခံစားရခြင်းဖြင့် ကျွန်မ၏ သမီးလေး အကြောင်း မတွေးဘဲ မနေနိုင်တော့ပါ။ သူမ အဖမ်းခံရပြီးကတည်းက ထောင်ထဲ တွင် သူမ မည်သို့နေမည်ကို သိဖို့ မဆိုထားနှင့်၊ ဆိုးယုတ်သော မကောင်းဆိုးဝါး များက သူမကို မည်သို့သော ညှဉ်းပန်းမှုများ ခံစားစေမည်ကို ကျွန်မ မသိပါ။ ထို့နောက်တွင်ပင် ကျွန်မ၏ အကျဉ်းခန်းဘေးရှိ အမျိုးသားအကျဉ်းခန်းထဲမှ ရုတ်တရက် အော်ဟစ် သံကို ကြားလိုက်သည်၊ ကျွန်မ၏ အကျဉ်းခန်းထဲမှ အမျိုးသမီးတစ်ဦးက “ဒီမှာ တစ်ယောက်ယောက်ကို သတ်တာက ပိုးမွှား တစ်ကောင်ကို သတ်သလိုပဲ။ အမျိုးသား အကျဉ်းသားတွေထဲက တစ်ယောက်က ညှဉ်းပန်းတာကို မခံနိုင်လို့ ထောင်နောက်က တောင်ကုန်းတွေဆီကို ထွက်ပြေး တယ်လေ။ ရဲတွေက သူ့ကို တွေ့တဲ့အခါမှာ သူ့ကို သေတဲ့အထိ ရိုက်နှက်ကြပြီး၊ သူ့ကိုယ်သူ သတ်သေသွားတယ်လို့ သူ့မိသားစုကို ပြောလိုက်တယ်လေ။ အဲဒီလိုနဲ့ပဲ ဖုံးကွယ်ထားတဲ့ ဇတ်လမ်းတစ်ခုနဲ့ အဆုံးသတ်ခဲ့ရတယ်” ဟု ပြောခဲ့သည်။ ဤဇတ်လမ်းက ကျွန်မကို ကြောက်လန့်စေခဲ့ပြီး၊ ကျွန်မ၏ သမီးလေးအတွက် ကျွန်မ ပို၍ပင် စိတ်ပူခဲ့သည်။ သူမက ၁၉ နှစ်ပြည့်ပြီးရုံသာ ရှိသေးပြီး၊ ဤကဲ့သို့ အခက်အခဲမျိုး တစ်ခုတစ်လေကို တွေ့ကြုံခံစားဖို့ မဆိုထားနှင့် သူမ တစ်ဘဝလုံး တစ်ခါမျှ ဒုက္ခမခံခဲ့ရဖူးသေးပါ။ လူတစ်ယောက်ကို မျက်တောင်တစ်ချက် မခတ်ဘဲ သတ်နိုင်သည့် ဤနတ်ဆိုးများသည် လူတစ်ယောက် တွေးနိုင်သည့် စက်ဆုပ်ဖွယ်ကောင်းသော မည်သည့်အပြုအမူကိုမဆို လုပ်ဆောင်နိုင်စွမ်းရှပြီး ကျွန်မ၏ သမီးလေးသည် ဤနတ်ဆိုးများ၏ ညှဉ်းပန်းခြင်းနှင့် ရက်စက်မှုတို့ကို သည်းခံနိုင်စွမ်း ရှိမရှိကို ကျွန်မ မသိခဲ့ပါ။ ကျွန်မ၏ သမီးလေး သေသည် ရှင်သည်ကို မသိရသောကြောင့်၊ ကျွန်မသည် အလွန်အမင်း မချိတင်ကဲဝေဒနာ ခံစားရပြီး၊ ညဖက် ကျွန်မ၏ အိပ်မက်များတွင်ပင်၊ ထိုမကောင်းဆိုးဝါးများ၏ ညှဉ်းပန်းခြင်းကို သူမ ခံနေရသည့် ဆိုးရွားသော မြင်ကွင်းများကို ကျွန်မ မြင်တွေ့ခဲ့သည်။ ဤအိပ်မက်များမှ ကြောက်လန့်တကြား မကြာခဏ ကျွန်မ လန့်နိုးပြီးနောက်၊ တစ်ညလုံး ပြန်အိပ်မရနိုင်သည်ကို ကျွန်မ အလွန် စိတ်ညစ်မိသည်။

နောက်တစ်နေ့တွင် ထောင်စောင့်က ကျွန်မသည် လုံလောက်စွာ အလုပ်မကြိုးစားသည်ကို ပြောဖို့ ဆင်ခြေအချို့ကို ရှာတွေ့သွားပြီး၊ လုံးဝ အကြောင်းမရှိဘဲ ကျွန်မမျက်နှာကို ဖြတ်ရိုက်လိုက်သည်။ သူမက ကျွန်မကို ပြင်းထန်စွာ ရိုက်နှက်လေသည်မှာ ကျွန်မ၏ မျက်နှာများ ပူထူပြီး၊ ကျွန်မ၏ နားများက အူနေခဲ့သည်။ သို့သော် ၎င်းမှာ သူမအတွက် မလုံလောက် သေးသည့်အလား သူမက “ငါတို့က နင့်ကို ဒီမှာ မပြင်ပေးနိုင်ဘူး ဆိုတာကို ငါတို့ မယုံဘူး၊ ဒီတော့ အရမ်းကြောက်ဖို့ကောင်းတဲ့ ‘သံမဏိအပျိုစင်’ ရဲ့ အရသာကို နင့်ကို ငါတို့ ပေးမြည်းရဦးမယ်” ဟု ကျွန်မကို အော်ပြောခဲ့သည်။ ထို့နောက် သူမက ကျွန်မနှင့် မတူတော့အောင် အခြားလူငါးယောက် ခြောက်ယောက်ကို ကျွန်မ၏ ဆံပင်ကို လာညှပ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့နောက် သူတို့က ကျွန်မကို ကြမ်းပြင်ပေါ်တွင် ဖိချုပ်ထားပြီး၊ “သံမဏိအပျိုစင်” ဆိုသည့် အကျဉ်းထောင် အားလုံးတွင် အဆိုးရွားဆုံး ညှဉ်းပန်းသည့် ကိရိယာ တန်ဆာပလာကို ဝတ်ဆင်ခိုင်းသည်။ သူတို့က သံမဏိကွင်းကို ကျွန်မ၏ ခေါင်းပေါ်တွင် စွပ်ကာ၊ လက်တစ်ဖက်စီတွင် တစ်ကွင်း၊ ပြီးလျှင် တစ်ဖန် ခြေထောက်တစ်ဖက်စီတွင် တစ်ကွင်းစီ ဝတ်ဆင်ခိုင်းသည်၊ ယင်းသံကွင်းများကို သံချောင်းများဖြင့် ချိတ်ဆက်ထားလေသည်။ ဤညှဉ်းပန်းသည့် ကိရိယာတန်ဆာပလာဖြင့် အားလုံး ချုပ်ခံရပြီးသည်နှင့် တပြိုင်နက်၊ ကျွန်မမှာ မတ်တပ်ရပ်ပင် မနေနိုင်ဘဲ၊ နံရံကို မှီနေခဲ့ရသည်။ ထောင်စောင့်က ကျွန်မကို ဤညှဉ်းပန်းသည့် ကိရိယာတန်ဆာ ပလာအား နံနက် ၅နာရီမှ ညသန်းခေါင်အထိ (ကျွန်မသည် ၁၉ နာရီအပြည့် မတ်တပ်ရပ်ခဲ့ရသည်။) ဝတ်ခိုင်းခဲ့ပြီး၊ အကျဉ်းသား ခေါင်းဆောင်ကို “သူ့ကို ငါ့အစား ကြည့်ပေးစမ်း။ သူအိပ်ဖို့ကြိုးစားရင်၊ တစ်ချက်လောက် ကန်ထည့် လိုက်” ဟု ပြောရင်း အမိန့်ပေးခဲ့သည်။ ထို့နောက် အကျဉ်းသားခေါင်းဆောင်က ကျွန်မကို နေ့စဉ် စောင့်ကြည့်ပြီး၊ ကျွန်မ၏ မျက်လုံးကို တစ်စက္ကန့်ပင် မှိတ်ခွင့် မပေးခဲ့ပါ။ ဤကွင်းများသည် သံမဏိများဖြင့် ပြုလုပ်ထားပြီး၊ ကျွန်မ တစ်ကိုယ်လုံးတွင် ရှိသောကြောင့်၊ ၎င်းတို့က ကျွန်မ၏ သွေးလည်ပတ်မှုကို ဖြတ်တောက်နေသည့်အလား ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ မျက်လုံးများကို လုံးလုံး ဆက်မဖွင့်ထားနိုင်ဘဲ အဆုံးသတ်ခဲ့ရ သောကြောင့် အကျဉ်းသား ခေါင်းဆောင်က ကျွန်မကို ကျိန်ဆဲခဲ့ပြီး၊ သူမက ကျွန်မကို တစ်ကြိမ် ကန်လည်း ကန်ကျောက်ခဲ့သေးသည်။ ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံးက စတင် တုန်ခါလာပြီး၊ နာကျင်မှုကိုပင် ကျွန်မ သည်းမခံနိုင်ခဲ့ပေ။ ညဖက်တွင် အိပ်စက်ဖို့အချိန် ရောက်သည့်အခါ နေ့လည်ပိုင်းတွင် ကျွန်မ အလုပ်တင်လုပ်သည့် သစ်သား ပျဉ်ချပ်ကြီးတစ်ခုပေါ်တွင် အကျဉ်းသားလေးယောက်က ကျွန်မကို မတင်ထားပြီး၊ နောက်တစ်နေ့ နံနက်တွင် သူတို့က လာပြီး ပြန်ချပေးသည်။ ထိုရက် အနည်းငယ်အတွင်း၊ အပြင်တွင် ဆိုးရွားသော နှင်းမုန်တိုင်းတစ်ခု ဖြစ်နေပြီး ရာသီဥတုက ထူးထူးခြားခြား အေးစက်နေသည်။ ကျွန်မကို ညှဉ်းပန်းရန် မုန်းဖွယ်ကောင်းသည့် ထောင်စောင့်က ကျွန်မကို သံမဏိကွင်းများ ခုနှစ်ရက် နှင့် ခုနှစ်ည ဝတ်ဆင်ခိုင်းထားခဲ့သည်။ ကျွန်မ မစားမသောက်နိုင်သကဲ့သို့ သန့်စင်ခန်း ကို မိမိဘာသာ မသွားနိုင်ခဲ့ပါ။ ကျွန်မ သန့်စင်ခန်း သွားရသည့်အချိန်တွင် သူတို့အလုပ်များ မပြီးနိုင်ကြသည့် တခြားအကျဉ်းသားများက ကျွန်မကို ကူညီရ သည်။ အကျဉ်းသားများ အားလုံးက နေ့စဉ် အလုပ်ရှုပ်သောကြောင့် သူတို့က ကျွန်မကို အစားအစာကျွေးတိုင်း၊ အလွန်ဂရုမစိုက်စွာ ကျွေးခဲ့ပြီး၊ ကျွန်မသောက်ဖို့ ရေကို သူတို့ အလွန် တိုက်ခဲလှလေသည်။ ဆာလောင်ခြင်းနှင့် ​ချမ်းအေးခြင်းတို့မှ ကျွန်မ အမှန်တကယ် ဒုက္ခခံခဲ့ရပြီး၊ နေ့တိုင်းက တစ်ဘဝစာကြာသည်ဟု ခံစားခဲ့ရသည်။ မနက်စောစောတိုင်း သူတို့က ကျွန်မကို သစ်သားပျဉ်ချပ်ကြီး ပေါ်မှ ချသည့် အချိန်တွင်၊ နောက်တစ်ရက်ကို မည်သို့ သည်းခံနိုင်မည်ကို မသိဘဲလျက်၊ အလွန့်အလွန် မချိတင်ကဲဝေဒနာကို ကျွန်မ ခံစားရသည်။ ညရောက်သည့်အချိန်ကိုသာ ကျွန်မ တောင့်တပြီး၊ ဘယ်သောအခါမျှ နေပြန် မထွက်တော့လျှင် ကျွန်မအတွက် အဆင်ပြေလိမ့်မည်ဖြစ်သည်။ သံကွင်းများက အလွန်လေးလံသောကြောင့် ဒုတိယနေ့တွင် ကျွန်မကို ဝတ်ခိုင်းသည့်အခါ၊ ကျွန်မ၏ လက်များ ရောင်ကိုင်းလာပြီး၊ အညိုအမည်း စွဲကုန်ကာ၊ အရေပြားက ကွဲထွက်တော့မည့် ပုံပေါက်နေသည်။ ကျွန်မ၏ ခန္ဓာကိုယ်သည် ပူဖောင်းကဲ့သို့ ရောင်ကိုင်းနေပြီး၊ ထိုရောင်ကိုင်းခြင်းသည် ဆယ်လကြာပြီးနောက်တွင်ပင် လုံးဝ ပြန်မကျသွားခဲ့ပါ။ ကျွန်မသည် အလွန်ညှဉ်းပန်းခံရသောကြောင့် သေခြင်းတရား က အသက်ရှင်ရခြင်းထက် ပိုပြီး နှစ်သက်ဖွယ်ရာ ဖြစ်လာခဲ့ပြီး၊ ကျွန်မသည် နာကျင်မှုကို သည်းခံနိုင်သည့် အဆုံးစွန်သို့ ရောက်ခဲ့လေသည်။ ထို့ကြောင့် ဘုရားသခင်ကို ဆုတောင်းခြင်းတွင် ကျွန်မ အသနားခံခဲ့သည်။ “အိုဘုရားသခင်။ ဒီညှဉ်းပန်းမှုကို ကျွန်မ တကယ် မခံနိုင်ပါဘူး။ ကျွန်မ အသက်မရှင်ချင်ပေမယ့် သေလည်း မသေနိုင်ပါဘူး။ ကျွန်မ တစ်မိနစ်တောင် အသက်မရှင်ချင်တော့ တဲ့အတွက် ကျွန်မရဲ့ အသက်ရှင်ခြင်း ထွက်သက်ကို ကိုယ်တော် ယူပေးဖို့ကိုသာ တောင်းလျှောက်ပါတယ်။” ကျွန်မက မိမိ၏နာကျင်မှုကို ရုန်းထွက် လွတ်မြောက်ရန် နည်းလမ်းတစ်ခုအနေဖြင့် သေဖို့သာ ဆန္ဒရှိလျက်၊ ဘုရားသခင်ထံ ထိုမလျော်ကန်သော တောင်းဆိုမှုကို တောင်းဆိုပြီးနောက် အောက်ပါအတိုင်း ပြောထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့သည်။ “ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊...အချို့သူများ၏ ဒုက္ခဝေဒနာခံစားရခြင်းမှာ လွန်ကဲပြင်းထန်လာပြီး ၎င်းတို့၏အတွေးများသည် သေခြင်းတရားဘက်သို့ လှည့်သွားကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အစွမ်းမရှိသူများပင် ဖြစ်ကြတော့သည်။...ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်)သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။...သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)) ဘုရားနှုတ်ကပတ်တော်များက ကျွန်မ၏ ခြောက်ကပ်သော နှလုံးသားပေါ်သို့ ချိုမြိန်သော နှင်းပေါက်များ အလားကျရောက်သွားခဲ့သည်။ “ဟုတ်တယ်” ဟု ကျွန်မ တွေးခဲ့သည်။ “ဒါဟာ ဘုရားသခင်အတွက် သက်သေခံဖို့ ငါ့ကို ဘုရားသခင် လိုအပ်တဲ့အချိန်ပဲ။ ငါက နာကျင်မှုကို မခံစားနိုင်လို့ သေခဲ့ရင်၊ အဲဒါက ငါ့ကို သူရဲဘောကြောင်တဲ့သူ မဖြစ်စေဘူးလား။ ငါက အခုအချိန်မှာ ဒီနတ်ဆိုးတွေရဲ့ ရက်စက်မှုနဲ့ ညှဉ်းပန်းမှု တို့ကို ဒုက္ခခံနေရပေမဲ့လည်း၊ ဘုရားသခင်အတွက် သက်သေခံနိုင်ပြီး၊ ဘုရားသခင်က ဖြောင့်မတ်သူလို့ ခေါ်ခံရတာဟာ အဓိပ္ပါယ်အရှိဆုံးနဲ့ တန်ဖိုး အရှိဆုံး မဟုတ်ဘူးလား။ ဒီနှစ်တွေထဲမှာ ငါဟာ ဘုရားသခင်နောက်ကို လိုက်ပြီး ဘုရားသခင်ဆီက ကျေးဇူးတော်နဲ့ ကောင်းကြီးမင်္ဂလာတွေ အများကြီး ကို နှစ်သက်ခံစားခဲ့တာကြောင့် ဒီနေ့ စာတန်ရဲ့ ရှေ့မှာ ဘုရားသခင်အတွက် ငါသက်သေခံသင့်တယ်- အဲဒီလိုလုပ်တာဟာ ငါ့ရဲ့ ဂုဏ်ပဲ။ ငါဘယ်လိုပဲ ဒုက္ခခံစားရပါစေ၊ အဲဒါက ဘယ်လောက်ပဲ ခက်ခဲပါစေ ဘုရားသခင်ရဲ့ စိတ်နှလုံး စိတ်ကျေနပ်စေဖို့ အသက်ကို ငါဖက်တွယ်ထားမယ်။” ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်နှစ်ခုလုံးကို နိုးထစေခဲ့ပြီး၊ ကျွန်မကို သူ့အလိုတော်အား နားလည်သဘောပေါက်စေခဲ့သည်။ ကျွန်မ သေလိုသည့် ဆန္ဒ နောက်ထပ် မရှိတော့ဘဲ၊ ထိုအစား မည်သည့်နာကျင်မှုကို မဆို သည်းခံဖို့နှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို ကျိုးနွံနာခံဖို့ကိုသာ ဆန္ဒရှိခဲ့သည်။ နောက်ဆုံးတွင် ခုနှစ်ရက်နှင့် ခုနှစ်ည ရုပ်ပိုင်းဆိုင်ရာ အပြစ်ဒဏ်ပေးခြင်းက အဆုံးသတ်ခဲ့သည်။ ကျွန်မသည် သေမင်းတံခါးဝ ရောက်လုနီးပါး ညှဉ်းပန်းခံရပြီး၊ ကျွန်မ၏ ခြေဖနောင့်မှ အရေပြားများက ပဲ့ထွက်သွားကာ၊ ကျွန်မ၏ နှုတ်ခမ်းမှ အရေပြား တစ်လွှာပြီးတစ်လွှာ ကွာကျကုန်လေသည်။ နောက်ပိုင်းတွင် ဘေးအကျဉ်းခန်းမှ အမျိုးသား အကျဉ်းသားက “အဲဒီ ညှဉ်းပန်းမှုအောက်မှာ သန်မာပြီး ကြံ့ခိုင်တဲ့ အသက်သုံးဆယ်အရွယ် အမျိုးသား အကျဉ်းသားတစ်ယောက် သေသွား ခဲ့တယ်” ဟု ပြောသည်ကို ကျွန်မ ကြားခဲ့သည်။ ဤအရာကို ကျွန်မ ကြားသည့်အချိန်တွင် ကျွန်မသည် ကံကောင်းသောကြောင့် ရှင်သန်ခဲ့ခြင်း မဟုတ်ဘဲ၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကွယ်ကာမှုတို့ကြောင့် ရှင်သန်ခဲ့ သည်ကို သိသည်နှင့်အညီ ကျွန်မ၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို ကျွန်မ မပြတ်တမ်း ဆုတောင်းခဲ့သည်။ ကျွန်မကို ရှေ့ဆက် စေခဲ့သည်မှာ အသက်အင်အားများဖြင့် ပြည့်ဝသည့် ဘုရားနှုတ်ကပတ်တော်များ ဖြစ်လေသည်၊ သို့မဟုတ်ပါက ကျွန်မ၏ ချည့်နဲ့သည့် အမျိုးသမီး ကြံ့ခိုင်မှုအခြေအနေကို ထောက်ဆလျှင် ကျွန်မသည် ထိုညှဉ်းပန်းမှုမှ ကြာမြင့်စွာကတည်းက သေပြီးဖြစ်ခဲ့လိမ့်မည် ဖြစ်သည်။

ထိုရက်စက်သော ညှဉ်းပန်းမှုကို ကြုံရခြင်းဖြင့် ဘုရားသခင်၏ အနန္တတန်ခိုးတော်ကို ကျွန်မ အမှန်တကယ် မျက်မြင်တွေ့ရပြီး၊ ကျွန်မသည် မည်မျှ စွမ်းအားမဲ့သည်ကို ပို၍ပင် နားလည် သဘောပေါက်လာခဲ့သည်။ ထိုစမ်းသပ်မှု အတွင်းတွင် ကျွန်မသည် မိမိကိုယ်ကိုပင် မစောင့်ရှောက်နိုင်ခဲ့သော်လည်း၊ ကျွန်မ၏ သမီးလေး ခိုင်မာစွာ ရပ်တည်နိုင်ခြင်း ရှိမရှိကို ကျွန်မစိုးရိမ်ခဲ့သည်- ကျွန်မက မိမိ၏ စိတ်ကူးများဖြင့် အမှုအရာများအတွက် စိုးရိမ်ပူပန်နေခဲ့ခြင်း မဟုတ် ပါလား။ ကျွန်မ သမီးလေး၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်တော် ထဲတွင် ရှိပြီး၊ သူမအတွက် ကျွန်မ၏ စိတ်ပူခြင်းသည် သူမကို တစ်စက်လေးမျှ အထောက်အကူ မပြုနိုင်ပါ။ ကျွန်မလုပ်သမျှသည် ကျွန်မကို စာတန်က စိတ်အနှောင့်အယှက်ပေးဖို့ နှင့် ၎င်း၏ လှည့်စားခြင်း နှင့် ထိခိုက်ခြင်းကို ကျွန်မ ခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်ဖို့ စာတန်ကို အခွင့်အရေးတစ်ခု ပေးခဲ့ခြင်းသာ ဖြစ်သည်။ အရာအားလုံးသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားပြီး စီစဉ်ခြင်းကို ခံရကာ၊ ဘုရားသခင်က ကျွန်မအား ဤဒုက္ခကို ဦးဆောင်ကျော်ဖြတ်ပေးခဲ့သည့် မည်သည့်နည်းနှင့်မဆို၊ ကျွန်မ၏ သမီးလေးကိုလည်း ဤဆိုးရွားသော အချိန်တွင် သူ ဦးဆောင်ဖြတ်ကျော်ပေးလိမ့်မည်ဟု ယုံကြည်လျက် ကျွန်မ၏ သမီးလေးကို ဘုရားသခင်အား ယုံကြည်စွာ အပ်နှံပြီး၊ သူ့ကို မှီခိုသင့်သည်ကို ထို့နောက်တွင် ကျွန်မ သိခဲ့သည်။ ထို့ကြောင့် ကျွန်မသည် ဘုရားသခင်ထံ ဆုတောင်းချက်တစ်ခု ဆိုပြီး၊ အောက်ပါအတိုင်း ပြောထားသည့် ဘုရားနှုတ်ကပတ်တော်များကို တွေးမိခဲ့ ပါသည်။ “၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင်အလုံအလောက် မယုံကြည်သလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။ သင်သည် သင်၏ဇာတိပကတိ မိသားစုကို အဘယ်ကြောင့် အမြဲတစေ စိုးရိမ်ပူပန်သနည်း။ သင်သည် သင်ချစ်ရသူများကို အမြဲအောက်မေ့နေသည်။ ငါသည် သင်၏ နှလုံးသားထဲတွင် ကျိန်းသေနေရာတစ်ခု ရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)) ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မ၏ အခြေအနေကို ကုစားပေးခဲ့သည်။ “မှန်တယ်” ဟု ကျွန်မ တွေးမိသည်။ “လူတွေကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေနဲ့ သူတို့ ခံစားရတဲ့ နာကျင်မှုတွေ အားလုံးက ဘုရားသခင်က ကြိုတင်ပြဌာန်ထားပြီးသား ဖြစ်တယ်။ ကျွန်မ သမီးလေး ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခက ဘုရားသခင်က သူ့ဆီကို ကျရောက်ဖို့ ခွင်ပြုပြီးသား ဖြစ်တယ်။ ကျွန်မက အဲဒါကို နားမလည်နိုင်သလို သူ ဘာတွေ ဖြစ်နေလဲဆိုတာ မသိပေမဲ့၊ ဘုရားသခင်ရဲ့ ချစ်ခြင်း မေတ္တာက အဲဒါတွေ အားလုံးရဲ့ နောက်ကွယ်မှာ ဧကန်မုချရှိပြီး၊ လူသားအတွက် ဘုရားသခင်ထားတဲ့ ချစ်ခြင်းမေတ္တာက အမှန်ကန်ဆုံး၊ အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာဖြစ်တယ်။ ကျွန်မရဲ့ သမီးလေးကို ဘုရားသခင် အုပ်စိုးပြီး၊ သူ့အတွက် အစီအစဉ်တွေ ပြုလုပ်ပေးဖို့ ဘုရားသခင်ဆီမှာ ကျွန်မရဲ့ သမီးလေးကို ယုံကြည်စွာ အပ်နှံလိုပြီး၊ ဘုရားသခင်ဆီက လာတဲ့ အရာအားလုံးကို ကျွန်မ နာခံဖို့ ဆန္ဒရှိပါတယ်။” ကျွန်မ အရာအားလုံးကို လက်လွှတ်လိုက်ပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံဖို့ ဆန္ဒရှိလာသည်အချိန်တွင်ပင်၊ ကျွန်မ၏ သမီးလေးကို တရားရုံးတွင် တွေ့ခဲ့ပါသည်။ ဘုရားသခင်က ဆင်းရဲဒုက္ခများနှင့် ညှဉ်းပန်းမှုအချို့ကို အောင်မြင်ကျော်လွှားနိုင်ဖို့ သူမကို လမ်းပြခဲ့ကြောင်းနှင့် သူမသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို မျက်မြင်တွေ့ခဲ့ရကြောင်းတို့ကို သူမက ကျွန်မအား တိတ်တိတ်လေး ပြောပြခဲ့သည်။ အချို့က သူမကို အဝတ်အစားများ ပေးခြင်း နှင့် အချို့က သူမစားသောက်ဖို့ ဝယ်ပေးခြင်းတို့ဖြင့် ဘုရားသခင်က သူမကို ကူညီဖို့ ချမ်းသာသည့် အကျဉ်းသားအချို့ကို ဆော်သြစည်းရုံးခဲ့သည်။ အကျဉ်းသားခေါင်းဆောင်က ယုတ္တိမတန် မမှန်သော အကြောင်းပြချက်အချို့ဖြင့် သူမကို အနိုင်ကျင့်ဖို့ လာသည့်အချိန်တွင် အချို့က သူမဘက်မှာ ခုခံကာကွယ် ပေးခဲ့သည်။ ဤအရာတို့မှာ အကျဉ်းထောင်ထဲတွင် ကျွန်မ သမီးလေးအပေါ် ဘုရားသခင် အပ်နှင်းခဲ့သည့် ကောင်းကြီးမင်္ဂလာအချို့ ဖြစ်ပါသည်။ ဤအတွေ့ အကြုံများမှတစ်ဆင့် ကျွန်မ၏ သမီးလေးသည် ဘုရားသခင်၏ အံ့သြဖွယ်နှင့် အမြော်အမြင်ရှိသော အမှုတော်ကို နားလည်သဘောပေါက်မှုအချို့ ရရှိပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စကားလုံးများဖြင့် ဖော်ပြ၍မရ နိုင်ကြောင်းကို သူမက အသိအမှတ်ပြုလာခဲ့သည်။ သူမထံမှ ဤအရာများကို ကြားသိရ၍ ကျွန်မ အလွန်ဝမ်းမြောက်ခဲ့ပြီး၊ ကျွန်မ၏ မျက်လုံးများသည် ဘုရားသခင်ကို ကျေးဇူးတင်ရှိခြင်း မျက်ရည်များဖြင့် ပြည့်နေခဲ့သည်။ ကျွန်မ၏ သမီးလေးထံတွင် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ပြည့်စုံသော အချုပ်အခြာ အာဏာ နှင့် အံ့သြဖွယ် လုပ်ဆောင်ချက်များကို နောက်တစ်ကြိမ် တွေ့ခဲ့ပြီး၊ ကျွန်မတို့ ဤဒုက္ခနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ကျော်ဖြတ်နိုင်ဖို့ ဘုရားသခင်က ကျွန်မတို့ကို အမြဲလမ်းပြပြီး ကွယ်ကာနေခဲ့ကြောင်းတို့ကို ကျွန်မ တွေ့ခဲ့ရ ပါသည်။ ထိုသို့ဖြင့် ဘုရားသခင၌ကျွန်မ၏ ယုံကြည်မှုသည် ပို၍ အားကောင်း လာခဲ့သည်။

နောက်နေ့များတစ်လျှောက်တွင် ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံး ရောင်ကိုင်း ပြီး၊ နာကျင်နေသည်ဆိုသည့်အချက်ကို ထောင်စောင့်က ဂရုမပြုဘဲ ကျွန်မကို ဆက်ပြီး အတင်းအကျပ် အလုပ်လုပ်စေခဲ့သည်။ မကြာမီပင် ကျွန်မ အလွန်ခြေကုန်လက်ပမ်းကျလှသည်မှာ ကျွန်မ၏ ရှိပြီးသား ဒဏ်ရာများ၏ အပေါ်တွင် ဒဏ်ရာအသစ်များ တစ်ပြုံတစ်ခေါင်းရှိခြင်းဖြင့် အဆုံးသတ်ခဲ့ရပြီး၊ ကျွန်မ၏ ခါးအောက်ပိုင်း အလွန်နာကျင်လာသည်မှာ ကျွန်မ မတ်မတ်ပင် မရပ်နိုင်ခဲ့ပါ။ ကျွန်မ လှုပ်သည့်၊ လှည့်သည့် အခိုက်အတန့်တွင် ကျွန်မ၏ ခန္ဓာကိုယ်မှ အရိုးနှင့် အဆစ်တိုင်းတွင် ပြင်းထန်စွာ နာကျင်ခဲ့သည်မှာ ၎င်းတို့အားလုံး တစ်စစီပြုတ်ထွက်နေသကဲ့သို့ပင်ဖြစ်သောကြောင့် ညဖက်တွင် အိပ်ပျော်ဖို့ ခက်ခဲလာခဲ့သည်။ ဤသို့ဖြစ်သော်ငြားလည်း၊ ထောင်စောင့်က ကျွန်မအပေါ် လျှော့ပေါ့ခြင်း မရှိသေးဘဲ၊ ထိုအစား အခွင့်အရေးရတိုင်း အကျဉ်းသားခေါင်းဆောင်ကို ကျွန်မအား အနိုင်ကျင့်စေခဲ့သည်။ ကျွန်မမှာ သူတို့ကို စားစရာဝယ်ပေးဖို့ ပိုက်ဆံတစ်ပြားမျှ မရှိသောကြောင့် အကျဉ်းသား ခေါင်းဆောင်က ကျွန်မ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ကြမ်းတမ်းစွာ ကန်ကျောက် ခဲ့ပြီး၊ ကျွန်မ အလိုအလျောက် ငုံ့ရှောင်လိုကကာ ပုန်းဖို့ ကြိုးစားခဲ့သည်။ သူမ၏ ခံပြင်းခြင်းက ဒေါသအဖြစ်ပြောင်းသွားပြီး၊ ကျွန်မကို စိတ်လွတ်လက်လွတ် ကန်ကျောက် ဆောင့်နင်းလေတော့သည်။ ကျွန်မတို့ စားသည့် ဟင်းပွဲများတွင် မည်သည့် ဆီမျှ မသုံးသည့်အားလျော်စွာ ကျွန်မ မကြာခဏ ဝမ်းချုပ်ပြီး၊ အိမ်သာတွင် အချိန်ကြာမြင့်စွာ ဆောင့်ကြောင့်ထိုင်ပါက၊ သူတို့က ကျွန်မကို ဆဲဆိုကာ၊ ဆယ်ရက်ကျော်ကြာအောင် အိမ်သာအိုးများ ရှင်းလင်းစေခြင်းဖြင့် အပြစ်ဒဏ်ပေးခဲ့သည်။ သူတို့က ကျွန်မကို အခြား သူများ၏အဆိုင်းများကို ယူစေပြီး၊ တစ်ညလုံး ကင်းစောင့်စေခြင်းအားဖြင့် အပြစ်ဒဏ်ပေးဖို့ တစ်ဖက်သတ် အကြောင်းပြချက်များ ရှာတွေ့ကြသည်။ ကျွန်မက အလုပ်လုပ်သည့်အခါတွင် ကုန်ကြမ်းပစ္စည်းများစွာကို အသုံးပြုသည်ဟု ဆိုကာ၊ ထို့ကြောင့် ကျွန်မကို ယွမ် ၅၀ ဒဏ်ရိုက်ခဲ့သည်။ ထောင်စောင့်က ကျွန်မကို ရုံးခန်းထဲသို့ခေါ်ဖို့ အခွင့်အလမ်း ကို အသုံးချခဲ့ပြီး၊ “ဘုရားသခင်ကို မင်းနဲ့ အတူတူ ယုံကြည်ကြတဲ့ သူတွေ ဘယ်သူလဲဆိုတာကို ငါ့ကို ပြောပြနိုင်ရင်၊ တရားရုံးဥက္ကဌကို မင်းထောင်ဒဏ် လျှော့ဖို့ ငါပြောပေးမယ်၊ ပြီးတော့ မင်းကို ယွမ် ၅၀ လည်း ဒဏ်မရိုက်တော့ ဘူး” ဟု ပြောလျက် သွေးဆောင်ဖြားယောင်းရန် ကြိုးစားခဲ့သည်။ ဤဆိုးယုတ်သောရဲများသည် ကျွန်မက ဘုရားသခင်ကို သစ္စာဖောက် စေရန် အနုနည်းနှင့် အကြမ်းနည်း နှစ်ခုကြား ပြောင်းပြီး၊ သူတို့ တွေးနိုင်သမျှ နည်းဗျူဟာတိုင်းကို ကြိုးစားလျက် များစွာသော စဉ်းလဲသည့် အကြံအစည်များ ပြင်ဆင်ထားသော်လည်း၊ အားလုံးက အချည်းနှီးဖြစ်ရလေသည်။ သူ၏ ကမ်းလှမ်းချက်ကို ကျွန်မ ငြင်းဆန်ခဲ့သည်။

၂၀၀၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ကျွန်မကို “ရှဲကျောက် အဖွဲ့အစည်းကို ပူးပေါင်းခြင်း နှင့် တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ခြင်း” တို့ဖြင့် စွဲချက်တင်ခဲ့ပြီး၊ အလုပ်ကြမ်းမှတစ်ဆင့် ပညာပေး ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ သူတို့က ကျွန်မကို စီရင်စု အမျိုးသမီး အလုပ်ကြမ်း စခန်းတွင် အပြစ်ဒဏ်ကျခံဖို့ လိုက်ပို့ခဲ့ကြသည်။ ကျွန်မ၏ သမီးက နယ်ခံထိန်းသိမ်းရေး စခန်းတွင် ထောင်ဒဏ်ကျခံရန် အလုပ်ကြမ်းမှတစ်ဆင့် ပညာပေး ထောင်ဒဏ် တစ်နှစ် ကျခံခဲ့ရသည်။

ထောင်ထဲတွင် သီတင်းနှစ်ပတ်ကြာပြီးနောက်၊ ထောင်စောင့်များက အကျဉ်းသားများကို ကွဲပြားသော အလုပ်လုပ်သည့် အုပ်စုများအဖြစ် ခွဲလိုခဲ့ကြသည်။ သက်ကြီးရွယ်အို ထောင်သားများက ပြီးစီးအောင် လုပ်ရသည့် အလုပ်က အနည်းငယ် ပိုသက်သာသည်ဟု ကျွန်မ ကြားရပြီး၊ ကျွန်မ၏ ခန္ဓာကိုယ်က မည်မျှ ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ကာ၊ ထိန်းသိမ်းရေးစခန်းတွင် ပျက်စီးလုနီးပါးဖြစ်ခဲ့ကြောင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ခက်ခဲကြမ်းတမ်းသော အလုပ်များကို နောက်ထပ်လုပ်ဖို့ ကျွန်မခွန်အားမရှိတောသည့်ပုံကို တို့ကို တွေးမိခဲ့သည်။ ကျွန်မအတွက် ထွက်ပေါက် ဖွင့်ပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်လျက်၊ ဤအကြောင်းကို သူ့ထံဆုတောင်းခဲ့သည်။ ကိုယ်တော်က ထိုကဲ့သို့သော အခြေအနေမျိုးကို ကျွန်မကို ဆက်လက် တွေ့ကြုံခံစားစေဖို့ အမှန်တကယ် လိုအပ်ပါက၊ ကျွန်မ နာခံဖို့ ဆန္ဒရှိပါသည်။ ကျွန်မ ဆုတောင်း သည့်အတိုင်း ကျွန်မကို သက်ကြီးရွယ်အို ထောင်သားများ၏ အလုပ်လုပ်သည့် အဖွဲ့သို့ အပို့ခံခဲ့ရပြီး၊ ကျွန်မ၏ ဆုတောင်းကို နားညောင်းသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဤအရာက မကြုံစဖူးဖြစ်ကြောင်း လူတိုင်းက ပြောသော်လည်း၊ ဤအရာအားလုံးသည် ဘုရားသခင်အားဖြင့် စီစဉ် ညွှန်ကြားခြင်းဖြစ်ကြောင်းနှင့် ဘုရားသခင်က ကျွန်မ၏ အားနည်းခြင်းအတွက် သနားကရုဏာပြသနေခြင်းဖြစ်ကြောင်းတို့ကို ကျွန်မ၏ စိတ်နှလုံးထဲတွင် ကောင်းစွာ သိရှိပါသည်။ သက်ကြီးရွယ်အို ထောင်သားများ အုပ်စုတွင် ထောင်စောင့်များက အလွန်ဖော်ရွေစွာ စကားပြောကြသည်။ “အလုပ်ကြိုးစားပြီး ကောင်းကောင်းအားထုတ်တဲ့ သူတိုင်း ထောင်ဒဏ် အလျှော့ခံရမယ်။ ငါတို့က ဘယ်သူ့ကိုမှ မျက်နှာသာပေးမှာ မဟုတ်ဘူး...။” ၎င်းတို့က ဤသို့ပြောသည့် အချိန်တွင် ဤနေရာက အစောင့်များသည် ထိန်းသိမ်းရေးစခန်းမှ ထောင်စောင့် များထက် အနည်းငယ် ပိုကောင်းသည်ဟု တွေးလျက်၊ ကျွန်မ သူတို့ကို ယုံကြည် ခဲ့သည်။ ထို့ကြောင့် ကျွန်မ အလုပ်ကို ခေါင်းမဖော်ဘဲ လုပ်ပြီး၊ လူ၃၀၀ နီးပါးထဲ တွင် ထုတ်လုပ်နိုင်စွမ်းအရှိဆုံး အလုပ်သမား ဆယ်ယောက်ထဲတွင် ပါဝင်ခဲ့သည်။ သို့သော်လည်း ထောင်ဒဏ် လျှော့ချခံရသည့် လူများစာရင်းကို ကြေငြာဖို့ အချိန်ရောက်လာသည့် အခါတွင်၊ ထောင်စောင့်များက ရန်ဖြစ်ရသည်ကို နှစ်သက်သူများနှင့် သူတို့ကို လက်ဆောင်များဝယ်ပေးသူများကို ထောင်ဒဏ်များ လျှော့ချဖို့ကိုသာ စီစဉ်ခဲ့သည်- ကျွန်မ၏ ထောင်ဒဏ်သည် တစ်ရက်ပင် မလျော့ ခဲ့ပါ။ အကျဉ်းသားတစ်ယောက်က သူမ၏ ထောင်ဒဏ်လျှော့ကျစေရန် အလွန် အလုပ်လုပ်ခဲ့သော်လည်း အံ့အားသင့်စွာပင် ထောင်စောင့်များက “မင်းလို အလုပ်လုပ်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ကို ငါတို့က ဒီမှာ တစ်သက်တစ်ကျွန်း ခေါ်ထားသင့်တယ်” ဟုသာ ပြောခဲ့သည်။ ဤအရာကို ကျွန်မ ကြားသည့် အချိန်တွင်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ရက်စက်ပြီး၊ လူမဆန်သော အနှစ်သာရကို နားမလည်ရခြင်းနှင့် သူတို့၏ မုသားများအားဖြင့် အလွန် မျောခဲ့ရခြင်းများကြောင့် ကျွန်မ၏ မိုက်မဲမှုအတွက် မိမိကိုယ်ကိုယ် မုန်းတီးခဲ့ မိလေသည်။ အမှန်တွင် ကြာမြင့်သောအချိန်ကတည်းက ဘုရားသခင် ပြောခဲ့ပါ သည်- “လူသားမျိုးနွယ်တစ်ရပ်လုံးအထက်က ကောင်းကင်သည် ရှင်းလင်းပြတ်သားမှု အသွင် စိုးစဉ်းမျှမရှိဘဲ၊ နောက်ကျိကာ မှောင်မည်းပြီး၊ လူ့လောကထဲ အသက်ရှင်သောသူတစ်ဦးသည် မိမိမျက်နှာရှေ့ ဆန့်တန်းထားသော မိမိ၏လက်ကိုပင် မမြင်နိုင်ရန် သို့မဟုတ် သူ၏ ခေါင်းကို မော့သည့်အခါ နေကို မမြင်နိုင်ဖို့အလို့ငှာ၊ လူ့လောကသည် ပိန်းပိတ်အောင် မည်းမှောင်သည့် အမှောင်ထုထဲသို့ ထိုးဆင်းလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ) ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြခြင်းများကို လက်တွေ့အရှိတရား၏ အဖြစ်မှန်များနှင့် နှိုင်းယှဉ်ကြည့်လျက်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ထိပ်ဆုံးမှ အောက်ခြေအထိ မှောင်မိုက်မှု နှင့် ညစ်ညမ်းမှုသာ ဖြစ်ပြီး၊ တရားမျှတမှု သို့မဟုတ် တရားဥပဒေ စိုးစဉ်းမျှပင်မရှိကြောင်းတို့ကို နောက်ဆုံးတွင် ကျွန်မ တွေ့ခဲ့သည်။ ထိုဆိုးယုတ်သောရဲများက လူတို့ကို မုသားများဖြင့် လိမ်လည်ကာ အရူးလုပ်နိုင်ရုံသာ လုပ်နိုင်ပြီး ကျွန်မတို့ကို လူသားများအဖြစ် ဆက်ဆံနိုင်စွမ်း တကယ့်ကို မရှိကြပါ။ ၎င်းတို့အတွက် အကျဉ်းသားများသည် ပိုက်ဆံလုပ်သည့် ကိရိယာတန်ဆာပလာများထက် မပိုပါ- ထောင်သားများက ပိုလုပ်နိုင်စွမ်းရှိလေ၊ သူတို့ထောင်ဒဏ်လျှော့ချခံရဖို့နည်းလေ ဖြစ်သည်။ ထောင်စောင့်များက လူတို့ထံမှ ငွေပိုရှာနိုင်ရန် လူတို့ကို အချိန်ပြည့် ဝန်ဆောင်မှုပေးစေလိုပြီး လားများကဲ့သို့ အလုပ်လုပ်စေလိုကြသည်။ ထုတ်လုပ်သည့် ပမာဏ တိုးစေရန် ဆိုးယုတ်သော ရဲများသည် ကျွန်မတို့ကို သန့်စင်ခန်းပင် ပေးမသုံးကြဘဲ၊ တစ်ချို့သော အချိန်များတွင် ကျွန်မ မထိန်းနိုင်တော့ဘဲ ဘောင်းဘီထဲတွင်ပင် ဆီးသွားခဲ့ရသည်။ ကျွန်မ ပြီးအောင်လုပ်နိုင်သည့် အလုပ်ပမာဏအတွက် ကျွန်မက ထင်ပေါ်သော ကြောင့် အဓိကအလုပ်အဖွဲ့က ကျွန်မကို “ဦးဆောင်လမ်းပြ” တစ်ယောက်ဖြစ် လာစေရန် လွှဲပြောင်းစေဖို့ စီစဉ်ခဲ့သည်။ ကျွန်မက သူတို့၏ အကျည်းတန်သည့် စရိုက်များကို သိသာထင်ရှားစွာ မြင်ခဲ့ပြီးဖြစ်ကာ၊ ကျွန်မသာ အပြောင်းခံရပါက၊ ကျွန်မကို ပို၍ အလုပ်လုပ်ရန် သူတို့ ဖိအားပေးကြမည်မှာ ဧကန်မုချဖြစ်သည်ကို ကျွန်မ သိသည်။ ကျွန်မ အပြောင်းခံရမည်ကို ကြောက်သောကြောင့်၊ ဘုရားသခင် ကို အဆက်မပြတ် အော်ခေါ်ခဲ့သည်။ “အိုဘုရားသခင်၊ ဒါဟာ မကောင်းဆိုးဝါး တွေက ကျွန်မအတွက် ချပေးတဲ့ ထောင်ချောက်တစ်ခု ဆိုတာကို ကျွန်မ သိပေမဲ့လည်း ရုန်းထွက်လွတ်မြောက်ဖို့ မဖြစ်နိုင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မအတွက် ထွက်ပေါက်ဖွင့်ပေးပါ။” အံ့အားသင့်စွာပင် ဤဆုတောင်းခြင်းကို ဆိုပြီးနောက်၊ ရာသီဥတုပူသော်ငြားလည်း ကျွန်မ၏လက်များ အေးစက်လာပြီး၊ ကျွန်မ၏ လက်ချောင်းများသည် ခွဲထုတ်မရအောင် တင်းကျပ်စွာ ကပ်လာပြီး ပြာနှမ်းသွားခဲ့သည်။ အဓိကအလုပ်အဖွဲ့၏ ထောင်စောင့်က ကျွန်မ ဟန်ဆောင်နေ သည်ဟု ပြောပြီး၊ အလုပ်လုပ်ရန် အခြားနှစ်ယောက်ကို ကျွန်မအား အပေါ်ထပ်သို့ အတင်းသယ်သွားခိုင်းသည်။ ကျွန်မသည် ဘုရားသခင်ကို အသည်းအသန် ဆုတောင်းရုံသာ တတ်နိုင်ခဲ့သည်၊ အကျိုးဆက်အနေဖြင့် သုံးလွှာမှ နှစ်လွှာသို့ နောက်ဆုံးတွင် ကျွန်မ ပြုတ်ကျခဲ့လေသည်။ ဤအရာကို တွေ့လျက်၊ သူတို့က ကြောက်လာသောကြောင့် ကျွန်မကို သက်ကြီးရွယ်အို အလုပ်အဖွဲ့နှင့် ပူးပေါင်းဖို့ ပြန်ခိုင်းခဲ့သည်။ ထို့နောက် ကျွန်မ ခန္ဓာကိုယ်သည် အမှန်တကယ် ထိခိုက်ဒဏ်ရာ ရခြင်း လုံးဝမရှိသည်ကို ကျွန်မ သဘောပေါက်ခဲ့သည်။ ဘုရားသခင်က ကျွန်မကို ကွယ်ကာနေသည်ကို ကျွန်မ နောက်တစ်ကြိမ် မျက်မြင်တွေ့ခဲ့သည်။

ထောင်ထဲတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူများသည် နိုင်ငံရေးအကျဉ်းသားများအဖြစ် အမည်တပ်ခံရပြီး၊ တရုတ်ကွန်မြူနစ် ပါတီ နတ်ဆိုးများက ကျွန်မတို့ စကားပြောခွင့်ပင် မရှိဆိုသည့် သဘောဖြင့် ကျွန်မတို့ကို တစ်ချိန်လုံး စောင့်ကြည့်ကြလေသည်။ ကျွန်မက တစ်စုံတစ်ယောက်ကို စကား ပြောပါက၊ ထောင်စောင့်များက တွေ့ပြီး နောက်၊ ကျွန်မတို့ မည်သည့်စကားများ ပြောသည်ကို မေးမြန်းကြ လေသည်။ ညဖက်တွင် ကျွန်မက အခြားသူများနှင့် ယုံကြည်မှုနှင့် ပတ်သက်သည့် အရေးကိစ္စကို ဆွေးနွေးနေခြင်း ရှိမရှိကို သူတို့က အကျဉ်းသား ခေါင်းဆောင်ကို စောင့်ကြည့်ခိုင်းသည်။ ကျွန်မမိသားစုထဲမှ တစ်စုံ တစ်ယောက်က ကျွန်မကို ထောင်ဝင်စာလာတွေ့ပါက၊ ထောင်စောင့် များက ဘုရားသခင်ကို အသရေဖျက်သည့် စကားစုတစ်ချို့ကို ပြောဖို့ ကျွန်မကို သင်ယူစေပြီး၊ ၎င်းတို့ကို ကျွန်မ မပြောခဲ့ပါက၊ သူတို့က ကျွန်မ၏ မိသားစုနှင့် စကားပြောခြင်းကို တမင်ရည်ရွယ်၍ နှောင့်ယှက်လေသည်။ (ဆိုလိုသည်မှာ ကျွန်မ သူတို့နှင့် စကားပြောဖို့ အချိန်နည်းပါးစေရန် ဖြစ်သည်။) ထိုသို့သောအရာများကို ပြောခြင်းသည် ဘုရားသခင်ကို ပြစ်မှားစော်ကားမည် ဖြစ်ကြောင်းကို ကျွန်မ သိသောကြောင့်၊ ဤအခြေအနေနှင့် ကြုံရသည့်အချိန်တိုင်း၊ ကျွန်မက “အိုဘုရား သခင်။ ဒါဟာ စာတန်က ကျွန်မကို စုံစမ်းနှောင့်ယှက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ကိုယ်တော့် စိတ်သဘောထားကို ပြစ်မှားစော်ကားနိုင်မဲ့ အရာတစ်ခုခု ပြောမိတာကနေ ကျွန်မကို ကျေးဇူးပြုပြီး ကွယ်ကာပြီး ထိန်းသိမ်းပေးပါ” ဟု ဘုရားသခင်ထံ တိတ်ဆိတ်စွာ ဆုတောင်းခဲ့သည်။ သူတို့ ပြောစေချင်သည့်အရာကို ကျွန်မ မည်သည့်အခါမျှ မပြောသောကြောင့်၊ အဆုံးသတ်တွင် ထိုအရာနှင့် ပတ်သက်ပြီး ထောင်စောင့်များ လုပ်နိုင်သည့်အရာ ဘာတစ်ခုမျှ မရှိခဲ့ပါ။

ထောင်ထဲမှ သုံးနှစ်က ကျွန်မကို တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ စစ်မှန်သည့် စရိုက်ကို သိသာထင်ရှားစွာ မြင်စေခဲ့သည်။ ၎င်းက လူရှေ့တွင် တစ်မျိုး၊ လူကွယ်ရာတွင် နောက်တစ်မျိုး ပြုမူလေသည်။ ၎င်းက ပြင်ပလောကဆီ “ဘာသာရေး လွတ်လပ်ခွင့်” ကို အမွှမ်းတင်ပြောဆိုသော်လည်း ကွယ်ရာတွင် ဘုရားသခင်၏ အမှုတော်ကို တတ်နိုင်သမျှ နည်းလမ်းဖြင့် နှိပ်ကွပ်ပြီး နှောင့်ယှက် ကာ၊ ညှဉ်းပန်းပြီး ရက်စက်စွာ မတရားဖိနှိပ်ခြင်းမှ တစ်ဆင့် ဘုရားသခင်၌ ယုံကြည်သူများထံမှ ခံဝန်ချက်ကို နှိုက်ယူကာ၊ ၎င်းတို့ကို အရူးအမူး ဖမ်းဆီး လေသည်။ ဘုရားသခင်ကို ငြင်းပယ်ရန်၊ သစ္စာဖောက်ရန် နှင့် လူများအား လက်အောက်ခံအဖြစ် အစဉ်အမြဲ သွတ်သွင်းပြီး ထိန်းချုပ်ခြင်းဖြစ်သည့် ၎င်း၏ ဆိုးယုတ်သော ရည်မှန်းချက်ကို အောင်မြင်ရရှိရန်အလို့ငှာ ၎င်း၏အာဏာ ရှင်ဆန်သောတန်ခိုးအာဏာကို အရှုံးပေးရန် ၎င်းက လူများကို အတင်းအကျပ် စေခိုင်းဖို့ စိတ်ကြိုက် စက်ဆုပ်ဖွယ်အကောင်းဆုံး နည်းလမ်းကို အသုံးပြု လေသည်။ လူသားမျိုးနွယ်ကို ဘုရားသခင်က ဖန်ဆင်းထားပြီး၊ ဘုရားသခင်ကို လူသားမျိုးနွယ်က ကိုးကွယ်ရမည်ဖြစ်သည်။ သို့သော်လည်း တရုတ်ကွန်မြူနစ် ပါတီ အစိုးရသည် ဘုရားသခင် ကြွလာခြင်းကို မောင်းထုတ်ဖို့ တတ်နိုင်သမျှကို လုပ်ဆောင်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဧဝံဂေလိတရားဟောကြားခြင်း နှင့် ဘုရားသခင်ကို သက်သေခံခြင်းတို့မှ လူတို့ကို ဟန့်တားနှောင့်ယှက်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် မလျော်ကန်သကဲသို့ ကောင်းကင်ဘုံကို ဆန့်ကျင်သည့် သူ၏ ဆိုးယုတ်သော အနှစ်သာကို လုံးဝ မြင်သာအောင်ပြလေသည်။ ဤညှဉ်းပန်း နှိပ်စက်ခြင်းနှင့် ဒုက္ခတို့ကို တွေ့ကြုံခံစားပြီးနောက်၊ ကျွန်မ၏ ခန္ဓာကိုယ်သည် နာကျင်မှုတစ်ချို့ကို ဒုက္ခခံရသော်လည်း၊ ကျွန်မသည် ဘုရားသခင်ထံမှ များစွာ ရရှိထားပြီး ဖြစ်သောကြောင့် ညည်းညူခြင်းများ နှင့် နောင်တများ မရှိခဲ့ပါ။ ကျွန်မ အားနည်းပြီး၊ အစွမ်းမရှိသည့်အချိန်တွင်၊ စာတန်ကို အဆုံးထိ တိုက်ခိုက်ဖို့ စိတ်ဓါတ်ကြံ့ခိုင်ခြင်းကို ရှာတွေ့စေလျက်၊ ကျွန်မကို မကြာခဏ ယုံကြည်မှု နှင့် ခွန်အားတို့ ပေးခဲ့သူမှာ ဘုရားသခင် ဖြစ်ပါသည်။ ကျွန်မကပူပန်သောက ရောက်ပြီး စိတ်ညှိုးငယ်နေချိန်၊ ဝမ်းနည်းပြီး၊ မျှော်လင့်ချက်ပျက်သုဉ်းချိန်မှာ၊ ကျွန်မကို နှစ်သိမ့်ပြီး၊ အားပေးဖို့ သူ့နှုတ်ကပတ်တော်များကို အသုံးပြုခဲ့သူမှာ ဘုရားသခင် ဖြစ်သည်။ ကျွန်မသည် သေမင်းတံခါးဝ သို့ ရောက်ရှိနေချိန်တွင်၊ ကျွန်မ ရှင်သန်ဖို့ လှုံ့ဆော်မှုနှင့်နှင့် ဆက်ပြီး အသက်ရှင်ဖို့ သတ္တိကို ပေးခဲ့သူမှာ ဘုရားနှုတ်ကပတ်တော်များ ဖြစ်သည်။ ကျွန်မ အန္တရာယ်ထဲကျရောက်သည့် အချိန်တိုင်း ကျွန်မကို အန္တရာယ်ထဲမှ ရုန်းထွက်လွတ်မြောက်ရန် ကွယ်ကာကာ၊ ကူညီပြီး၊ လုံခြုံရာသို့ ပို့ဆောင်ပေးလျက် ဘုရားသခင်က သူ၏ ကယ်တင်ခြင်း လက်ကို အချိန်မီ ဆန့်တန်းခဲ့သည်။ ဤအတွေ့အကြုံအားဖြင့် ကျွန်မသည် စာတန်နတ်ဆိုး၏ ဘုရားသခင်ကို ဆန့်ကျင်သည့် အနှစ်သာရကို ပို၍ သိသာထင်ရှားစွာ မြင်လာပြီး၊ ၎င်းကို ပို၍ နက်ရှိုင်းစွာနှင့် လုံးလုံးပို၍ မုန်းတီးလာခဲ့ရုံသာမက၊ တစ်ချိန်တည်းတွင် ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့နှင့် ပတ်သက်သည့် စစ်မှန်သော နားလည်သဘောပေါက်မှု အချို့ကိုပါ ရရှိလာခဲ့သည်။ ကျွန်မသည် ခရစ်တော်၏ ကောင်းမြတ်ခြင်းနှင့် နှိမ့်ချခြင်း၊ ပြီးလျှင် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူသည်းခံခဲ့သည့် ဆင်းရဲဒုက္ခတို့အတွက် စစ်မှန်သည့် အသိအမှတ်ပြုခြင်း ရှိလာခဲ့ကာ၊ ဘုရားသခင်အတွက် ကျွန်မ၏ ယုံကြည်မှု နှင့် ချစ်ခြင်းမေတ္တာတို့က ပို၍နက်ရှိုင်းလာခဲ့သည်။

ကျွန်မ အကျဉ်းထောင်မှ လွတ်လာပြီးနောက်၊ တရုတ်ကွန်မြူနစ်ပါတီ နတ်ဆိုးများက ကျွန်မတို့အကြား သဘောထားကွဲလွဲမှုများ ဖြစ်စေခဲ့သောကြောင့်၊ ကျွန်မ၏ မိတ်ဆွေများနှင့် မိသားစုများအားလုံးက ကျွန်မကို ငြင်းပယ်ပြီး၊ ကြဉ်ထားကြသည်။ သို့သော်လည်း အသင်းတော်မှ ကျွန်မ၏ ညီအစ်ကို မောင်နှမများအားလုံးသည် ကျွန်မကို ဂရုစိုက်ပြီး စောင့်ရှောက် ကြကာ၊ ကျွန်မ၏ ဘဝကို ပြန်စဖို့ လိုအပ်သည့်အရာအားလုံးကို ပေးခဲ့ကြသည်- ဤသို့ပြုလုပ် ခြင်းဖြင့် အခြားနေရာတွင် ရှာတွေ့ဖို့ မလွယ်သည့် နွေးထွေးမှု ခံစားချက်တစ်ခုကို သူတို့က ကျွန်မကို ပေးခဲ့သည်။ ကျွန်မကို ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ရှေ့လျှောက် လမ်းက မည်မျှ ခက်ခဲပါစေ၊ သူ၏ချစ်ခြင်း မေတ္တာအတွက် ပြန်လည်ပေးဆပ်ဖို့ ဘုရားသခင်နောက်ကို ကျွန်မ အဆုံးထိ လိုက်ပြီး၊ အဓိပ္ပါယ်ရှိသော ဘဝတစ်ခုတွင် အသက်ရှင်နေထိုင်ဖို့ ကြိုးစားပါမည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် လမ်းပြခံရလျက်၊ အမှောင်အင်အားများ၏ ဖိနှိပ်မှုကို ကျွန်ုပ် အောင်မြင်ကျော်လွှားခဲ့သည်

ဝမ်လီ၊ ရှီကျန်းစီရင်စုကျွန်မသည် ငယ်စဉ်ကတည်းက ကျွန်မ အမေနှင့်အတူ သခင်ယေရှုကို ယုံကြည်ခဲ့ပါသည်။ သခင်ယေရှုနောက်လိုက်ခဲ့သည် ကျွန်မ၏...

ညှဉ်းပန်းနှိပ်စက်ခြင်း၏ ခါးသီးမှုကို ကြုံခြင်းအားဖြင့် ချစ်ခြင်းမေတ္တာနှင့် အမုန်းတရားတို့ကို ကျွန်တော် သိသာထင်ရှားစွာ ခွဲခြားသိမြင်လာသည်

ကျောက်ကျီ၊ ဟေဘေးစီရင်စုကျွန်တော့်အမည်မှာ ကျောက်ကျီ ဖြစ်ပြီး၊ ယခုနှစ်တွင် ကျွန်တော် အသက် ၅၂ နှစ်ရပြီဖြစ်သည်။ ကျွန်တော် အနန္တတန်ခိုးရှင်...

ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကျွန်ုပ်အား သက်ရှိငရဲထဲမှ ခေါ်ထုတ်ပေးသည်

ချိုကျန်း တရုတ်နိုင်ငံ ၂၀၀၂ ခုနှစ်၊ ဩဂုတ်လတုန်းကပေါ့၊ ဧဝံဂေလိတရား ဝေငှဖို့ တခြားယုံကြည်သူငါး ယောက်နဲ့အတူ မြို့ထဲမှာ ကျွန်တော် ရောက်နေ တယ်။...

ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများသည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာများဖြစ်သည်

ဝမ်ဂန် တရုတ်နိုင်ငံ၂၀ဝ၈ခုနှစ်၏ ဆောင်းရာသီ နေ့လည်ခင်းတစ်ခုတွင်၊ ကျွန်တော်နှင့် ညီအစ်မနှစ်ယောက်တို့သည် နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုတော်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။