ဘုရားသခင်၏ အလင်းက ခက်ခဲသည့် အခြေအနေတစ်လျှောက် ကျွန်မကို လမ်းပြသည်

27.10.2019

ကျောက်ရှင်း၊ စီချွမ်စီရင်စု

ကျွန်မ ကလေးဘဝတုန်းက၊ တောင်တန်းများထဲတွင် ကျွန်မ နေထိုင်ခဲ့ပါသည်။ ကမ္ဘာလောကအကြောင်းကို ကျွန်မ လုံးဝ သိပ်မမြင်ခဲ့ရသလို၊ ပို၍ကြီးမားသော ရည်မှန်းချက် တစ်ခုတစ်လေမျှ ကျွန်မ တကယ်ကို မရှိခဲ့ပါ။ ကျွန်မ အိမ်ထောင်ကျခဲ့ပြီး သားသမီးများ ရရှိခဲ့သည်၊ ကျွန်မ၏ သားနှစ်ဦးက သိတတ်ကာ လိမ်လိမ်မာမာ ကြီးပြင်းခဲ့ကြပြီး၊ ကျွန်မ ယောက်ျားမှာ အလုပ်ကြိုးစားသူတစ်ဦး ဖြစ်လေသည်။ ကျွန်မတို့တွင် ဘယ်သောအခါမျှ ငွေများစွာ မရှိခဲ့ကြသော်လည်း၊ မိသားစုတစ်စုအနေဖြင့် စိတ်သဘောထားညီညွှတ်စွာဖြင့် ကျွန်မတို့ နေထိုင်ခဲ့ပြီး ကျွန်မ အလွန်ပျော်ရွှင်ကာ တင်းတိမ်ရောင့်ရဲခဲ့သည်။ ၁၉၉၆ ခုနှစ်တွင်၊ ကျွန်မ ရုတ်တရက် ဆိုးရွားသော နာမကျန်းမှု ဖြစ်ခဲ့ပြီး ယင်းက သခင်ယေရှု၌ ယုံကြည်ခြင်း ရရှိစေဖို့ ကျွန်မကို ဖြစ်စေခဲ့သည်။ ထိုအချိန်မှစ၍၊ ကျွန်မ သမ္မာကျမ်းစာကို မကြာခဏ ဖတ်ရှုပြီး အသင်းတော် ဝတ်ပြုအစည်းအဝေးများကို တက်တက်ကြွကြွ တက်ရောက်ခဲ့သည်။ အံ့အားသင့်ဖွယ်ရာပင်၊ ကျွန်မ၏ နာမကျန်းဖြစ်ခြင်းက တဖြည်းဖြည်း ပိုကောင်းမွန်လာခဲ့ပြီး၊ ထို့ကြောင့် သခင်ယေရှုနောက်လိုက်ဖို့ ကျွန်မ၏ ယုံကြည်ခြင်းက သာ၍ပင် အားကောင်းလာခဲ့သည်။

သို့သော် သခင်ယေရှု၌ ကျွန်မ၏ ယုံကြည်ခြင်းအတွက် ရဲများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရချိန်၊ ၁၉၉၉ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သည့်အရာတစ်ခုကို ကျွန်မ တကယ် ကြိုမမြင်နိုင်ခဲ့ပါ။ တစ်နေ့လုံး ကျွန်မ လှောင်ပိတ်ခံခဲ့ရပြီး ယွမ် ၂၄၀ ဒဏ်ငွေဆောင်ခဲ့ရသည်။ ဤသည်မှာ များပြားသည့် ငွေမဟုတ်ဟု ထင်ရသော်လည်း၊ ဆင်းရဲသည့် တောင်တန်းဒေသများတွင် နေထိုင်နေကြသည့် ကျွန်မတို့ ဆင်းရဲသား လယ်သမားများအတွက်မူ၊ ယင်းမှာ နည်းပါးသည့် ငွေပမာဏ မဟုတ်ပါ။ လုံလောက်သည့် ငွေစုနိုင်ဖို့အလို့ငှာ၊ ကျွန်မ၏ မြေကွက်တွင် ပင်ပန်းစွာ စိုက်ပျိုးထားခဲ့သည့် မြေပဲများအားလုံးကို ကျွန်မ ရောင်းလိုက်ရသည်။ ကျွန်မ တကယ်ကို နားမလည်နိုင်ခဲ့သည့်အရာမှာ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ကျွန်မကို “တန်ပြန်တော်လှန်ရေး အဖွဲ့အစည်းတွင် ပါဝင်ခဲ့သည့်” ရာဇဝတ်သားတစ်ဦးအဖြစ် အမည်တပ်ရသည့် အကြောင်းရင်း ဖြစ်သည်။ ကျွန်မ၏သားများက ကောလိပ်မှ ဘွဲရခဲ့လျှင်ပင်၊ အလုပ်တစ်ခုကို သူတို့ ရနိုင်လိမ့်ဦးမည်မဟုတ်ဟု ပြောရင်း သူတို့က ကျွန်မ၏ မိသားစုတစ်ခုလုံးကိုလည်း ခြိမ်းခြောက်ခဲ့သည်။ ထို့ကြောင့်၊ ကျွန်မ ယောက်ျား၊ ကျွန်မ၏ မိဘများ၊ ကျွန်မ၏ အမျိုးများနှင့် မိတ်ဆွေများက ကျွန်မအပေါ် စတင်ဖိအားပေးခဲ့သည်၊ ကျွန်မ၏ ယုံကြည်ခြင်းလမ်းတွင် သူတို့ ဖိနှိပ်ပြီး တားဆီးဖို့ ကြိုးစားခဲ့ကြသည်။ သူတို့က ခက်ခဲသည့်၊ ခြေကုန်လက်ပန်းကျစေသည့် အလုပ်အားလုံးကို ကျွန်မကို လုပ်စေခဲ့ကြပြီး ကျွန်မက တိတ်တဆိတ်သည်းခံရုံသာ တတ်နိုင်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံရလောက်အောင် ကျွန်မ ကံကောင်းခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတဆင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ကို ကျွန်မ သေချာလာခဲ့သည်။ ကျွန်မ လုံးဝ စိတ်လှုပ်ရှားခဲ့ပြီး ကျွန်မ၏ တစ်သက်တာတွင် ဘုရားသခင်နှင့် ပြန်ပေါင်းစည်းနိုင်ဖို့မှာ အမှန်ပင် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာဖြစ်သည်ဟု ကျွန်မ ခံစားခဲ့ရသည်။ သို့သော်၊ ထိုအချိန်မှစ၍၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရနှင့် ကျွန်မ မိသားစုနှစ်ခုလုံး၏ ကျွန်မအပေါ် ကျရောက်စေသည့် ဖိအားက သာ၍ ကြီးလာခဲ့သည်။ ဤပတ်ဝန်းကျင်မျိုးနှင့် ရင်ဆိုင်ရလျက်၊ ဘုရားသခင်ထံ သန္နိဋ္ဌာန်တစ်ခု ကျွန်မ ချမှတ်ခဲ့သည်- “ဒါက ဘယ်လိုပဲ ခက်ခဲပါစေ၊ ဒါမှမဟုတ် ဘယ်လောက်ပဲ ကျွန်မ ဒုက္ခခံရပါစေ၊ ကိုယ်တော့်ကို ကျွန်မ တကယ့်အဆုံးထိ လိုက်လျှောက်ပါမယ်။” နောက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ရဲများက ကျွန်မအိမ်ကို လာကြပြီး၊ “မင်းရဲ့ ဘုရားသခင်ကို ယုံကြည်တာက တရားမဝင်ဘူး၊ ဒီနိုင်ငံမှာ အဲဒါကို ခွင့်မပြုဘူးဆိုတာ မင်းသိလား။ မင်းရဲ့ ယုံကြည်မှုကို ဆက်ထားရင်း ထောင်ထဲအချိန်ကုန်တာနဲ့ အဆုံးသတ်ရလိမ့်မယ်” ဟု ပြောရင်း ကျွန်မကို ခြိမ်းခြောက်ခဲ့သည်။ ဤအရာကို ကျွန်မ၏ ယောက်ျားက ကြားသည့်အခါ၊ သူက ကျွန်မအပေါ် ဖိအားများကို သာ၍ သာ၍ စုပုံလေတော့သည်။ ကျွန်မကို သူ မကြာခဏ ရိုက်နှက်ပြီး ဆူငေါက်ကာ၊ ကျွန်မကို အိမ်တွင်ပင် နေခွင့်မပေးခဲ့ပါ။ အခြားရွေးစရာမရှိခဲ့ဘဲ၊ ကျွန်မ လုပ်နိုင်သမျှမှာ စိတ်ထဲတွင် ခံစားရသည့် နာကျင်မှုကို ချုပ်တည်းပြီး တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ နှိပ်စက်ညှဉ်းပန်းမှုနှင့် ဖမ်းဆီးခြင်းကို ရှောင်ရှားဖို့ အိမ်ကို စွန့်ခွာဖို့သာ ဖြစ်ခဲ့သည်။ ထိုအချိန်တွင်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ နှိပ်စက်ညှဉ်းပန်းခြင်းဖြင့် ကျွန်မ၏ ဇာတိမြို့မှ ထွက်သွားကာ အခြေမဲ့အနေမဲ့ ဘဝတစ်ခုသို့ အတင်းပို့ခံခဲ့ရသော်လည်း၊ မိသားစု ပြိုကွဲမှုကို ဖြစ်စေခဲ့သည့် နောက်ကွယ်က အန္တရာယ်ပေးမည့် လက္ခဏာရှိသော လက်နှင့်စပ်လျဉ်း၍ ကျွန်မ သိမြင်မှု မရှိသေးပါ။ ထောင်ထဲက ဘဝနှင့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ မထိန်းမသိမ်းနိုင်လောက်အောင် ပြင်းထန်သော တိုက်ခိုက်မှုများနှင့် ကျွန်မကို ဆန့်ကျင်ချမှတ်ခဲ့သည့် မမှန်ကန်သော စွပ်စွဲချက်များကို ကိုယ်တိုင်ကိုယ်ကျ ကျွန်မ ကြုံရသည့်အခါမှသာ၊ ယင်း၏ မလျော်ကန်၊ ဖောက်ပြန်တတ်သော အနှစ်သာရကို မှန်ကန်သည့် နားလည်သဘောပေါက်ခြင်းတစ်ခု ကျွန်မ ရှိလာခဲ့ကာ၊ တရုတ်ကွန်မြူနစ်ပါတီသည် လူတို့၏ ပျော်စရာမိသားစုများကို ဖျက်ဆီးပြီး လူတို့အပေါ် ဆိုးရွားသော ကပ်ဘေးများဖြင့် အကြီးအကျယ်ထိခိုက်စေသည့် အဓိက လက်သည်ဖြစ်သည်ကို ကျွန်မ နားလည်ခဲ့ရသည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်တွင်၊ ညီအစ်ကို မောင်နှမ ငါးဦးနှင့် ကျွန်မက ဧဝံဂေလိဟောကြားနေချိန်တွင် ရုတ်တရက် ရဲလေးဦးသည် ကားတစ်စီးထဲက ကျွန်မတို့ဆီ ပြေးလာကြပြီး ကျွန်မတို့ကို ဖမ်းဆီးလိုက်ကြသည်။ သူတို့က ကျွန်မတို့ကို ရဲစခန်းဆီ ခေါ်သွားခဲ့ကြပြီး၊ ကျွန်မကို လက်ထိပ်ခတ်လိုက်ပြီးနောက်၊ “မင်းတို့ကို ပြောမယ်၊ ပစ္စည်းတွေကို မင်းတို့ သွားခိုးပြီး ဓါးပြတိုက်လို့ရတယ်၊ လူသတ်မှုနဲ့ မီးရှို့မှုတွေ ကျုးလွန်လို့ရတယ်၊ ပြီးတော့ မင်းတို့ရဲ့ ခန္ဓာကိုယ်ကို သွားရောင်းစားလို့ရတယ်၊ ငါတို့ ဂရုမစိုက်ဘူး။ ဒါပေမယ့် ဘုရားသခင်ကို ယုံကြည်တာက မင်းတို့ လုပ်လို့မရတဲ့ အရာတစ်ခုပဲ။ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့်၊ မင်းတို့က တရုတ်ကွန်မြူနစ်ပါတီကို ကိုယ့်ဘာသာ ဆန့်ကျင်တာဖြစ်ပြီး မင်းတို့ အပြစ်ပေးခံဖို့ လိုတယ်” ဟု သူတို့ထဲမှ တစ်ဦးက အော်ဟစ်လေသည်။ စကားပြောစဉ် သူက ကျွန်မ၏ပါးကို ခပ်ပြင်းပြင်းရိုက်လိုက်ပြီး ရက်စက်စွာ ကန်ကျောက်လေသည်။ ထိုရိုက်နှက်မှုပြီးသည့်နောက် ကျွန်မ သိပ်ခံနိုင်တော့မည်မဟုတ်ဟု ခံစားခဲ့ရသည်၊ ထို့ကြောင့် ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ထပ်ကာ ထပ်ကာ အော်ခေါ်မိခဲ့သည်- “အို ဘုရားသခင်။ ဒီဆိုးယုတ်တဲ့ ရဲတွေက ကျွန်မကို ဘယ်လောက်ကြာကြာ ညှဉ်းပန်းမယ်ဆိုတာ ကျွန်မ မသိပါဘူး၊ ပြီးတော့ ကျွန်မ ကြာကြာ မခံနိုင်ဘူးလို့ ခံစားရပါတယ်။ ဒါပေမယ့် ယုဒတစ်ဦး ဖြစ်လာတာထက် ကျွန်မ သေလိုက်ချင်ပါတယ်- ကိုယ်တော်ကို ကျွန်မ သစ္စာဖောက်မှာမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး၊ ကျွန်မကို စောင့်ရှောက်၊ ကွယ်ကာပြီး လမ်းပြတော်မူပါ။” ကျွန်မ ဆုတောင်းပြီးနောက်၊ စိတ်နှလုံးထဲတွင် တိတ်ဆိတ်စွာ ကျွန်မ သန္နိဋ္ဌာန်ချခဲ့သည်- “ဘုရားသခင်ကို ငါနောက်ဆုံးထွက်သက်အထိ သစ္စာရှိမြဲ ရှိနေမယ်၊ စာတန်ကို အဆုံးထိ တိုက်မယ်၊ ပြီးတော့ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ငါ သက်သေရပ်တည်မယ်။” နောက်ပိုင်းတွင်၊ ရဲများထဲမှ တစ်ဦးက ကျွန်မကို ရှာဖွေခဲ့ပြီး ကျွန်မ ရှိသည့် ငွေသား ယွမ် ၂၃၀ ကို ရှာတွေ့ခဲ့သည်။ ယုတ်မာစွာ ပြုံးရယ်လျက်၊ သူက၊ “ဒီငွေက ခိုးထားတဲ့ ပစ္စည်းတွေဖြစ်ပြီး သိမ်းသင့်တယ်” ဟု ဆိုလေသည်။ စကားပြောနေစဉ်၊ သူက ငွေကို သူ၏ အိတ်ကပ်ထဲ သိပ်ထည့်လိုက်ပြီး သူ့အတွက် သိမ်းထားလိုက်လေသည်။ ထို့နောက် သူတို့က ကျွန်မတို့ကို စတင်စစ်မေးခဲ့ကြသည်။ “မင်တို့က ဘယ်က လူတွေလဲ။ မင်းတို့ရဲ့ နာမည်တွေက ဘာလဲ။ ဒီနေရာကို ဘယ်သူက လွှတ်တာလဲ။” ကျွန်မ၏ နာမည်နှင့် လိပ်စာတို့ကို သူတို့အား ကျွန်မ ပြောပြပြီးသည့်နောက်တွင်၊ ကျွန်မ မိသားစုတစ်ခုလုံး၏ အသေးစိတ်အချက်အလက်များကို ကွန်ပြူတာတွင် သူတို့ အလျင်အမြန် ရှာတွေ့သွားကြသည်။ ကျွန်မက သူတို့ကို ကျွန်မ၏ အခြေခံ ကိုယ်ပိုင် အချက်အလက်ကိုသာ ပေးခဲ့သော်လည်း၊ အသင်းတော်အကြောင်း မေးခွန်းတစ်ခုတစ်လေကို ဖြေဖို့ ကျွန်မ ငြင်းခဲ့သည်။

ထို့နောက် ရဲများက သူတို့၏ လှည့်ကွက်များထဲမှ တစ်ခုကို အသုံးပြုလေသည်။ လမ်းပေါ်က ဘုရားသခင်ကို မယုံကြည်သည့် လူဆယ်ယောက်ကျော်ကို ရှာခဲ့ကြပြီး ကျွန်မက သူတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဧဝံဂေလိတရား ဟောနေခဲ့သည်ဟု သက်သေခံခိုင်းလေသည်။ ထို့နောက် ရဲများက ကျွန်မနှင့်ပတ်သက်သည့် မုသားများနှင့် မှားယွင်းသော စွပ်စွဲချက်တစ်ပြုံတစ်မကို ထိုသူတို့အား ပြောခဲ့ကြသည်။ ထိုလူအားလုံးက ကျွန်မကို လှောင်ပြောင်ကြသည်၊ ကျွန်မကို အသရေဖျက်ခဲ့ကြပြီး စော်ကားပြောဆိုခဲ့ကြလေသည်။ ကျွန်မ တကယ်ကို မတရားလုပ်ခံရသည်ဟု ခံစားခဲ့ရသည်။ ဤအခြေအနေကို မည်သို့ ဖြတ်သန်းရမည်ကို ကျွန်မ မသိခဲ့ပါ၊ ထို့ကြောင့် ကျွန်မကို ယုံကြည်ခြင်းနှင့် ခွန်အားပေးဖို့ ဘုရားသခင်ကိုသာ ကျွန်မ စိတ်နှလုံးထဲတွင် ဆက်လက်အော်ခေါ်မိခဲ့သည်။ ထို့နောက်တွင်ပင်၊ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သော ဓမ္မသီချင်းတစ်ပုဒ်၏ တစ်စိတ်တစ်ပိုင်းက ကျွန်မ စိတ်ထဲ ပေါ်လာခဲ့သည်- “လူ့ဇာတိခံယူသော ဘုရားမှာ ဝေဖန်ရှုတ်ချကာ ပြက်ရယ်ပြုခြင်းခံရ။ နတ်ဆိုးများ၏ လိုက်ဖမ်းခြင်းခံရ။ သူူ့ကို ဘာသာရေးလောကက ငြင်းပယ်။ သူ့စိတ်ဒဏ်ရာကို မည်သူမျှ မဖာထေးပေးနိုင်။ လူတို့၏ ရက်စက်သော ခုခံခြင်း၊ အပြစ်ရှာပုတ်ခတ်ခြင်းနှင့် မှားယွင်းအပြစ်ဖို့ခြင်းများ ဘုရား၏ဇာတိခန္ဓာကို ကြီးစွာသော ဘေးများ ရင်ဆိုင်ရစေ။ သူ့စိတ်ဒဏ်ရာကို အဘယ်သူ နားလည်ကာ သက်သာစေနိုင်သနည်း။ ဖောက်ပြန်လူသားကို သည်းခံခြင်းဖြင့် ဘုရားကယ်တင် ဒဏ်ချက်များနဲ့ လူသားကို ဘုရား ချစ်ခင်။ စိတ်မချမ်းမြေ့ရဆုံး၊ စိတ်မချမ်းမြေ့ရဆုံး အမှုပါပေ။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဒဏ်ချက်များနဲ့ လူသားကို ဘုရားသခင် ချစ်တော်မူ”) ယခင်က၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင် ဒုက္ခခံသည့် နာကျင်မှုကို သဘောတရားဖြင့်သာ ကျွန်မ နားလည်ခဲ့ဖူးပြီး၊ ထို့နောက်တွင်မှ၊ ထိုသို့သော အခြေအနေမျိုးကို ကိုယ်တိုင် ကြုံရသည့်အခါမှသာ၊ ဘုရားသခင်၏ ဆင်းရဲဒုက္ခ မည်မျှကြီးမားမည်ကို နောက်ဆုံးတွင် ကျွန်မ စတင် အသိအမှတ်ပြုခဲ့ရသည်။ ဖြောင့်မတ်ပြီး သန့်ရှင်းသည့် ဘုရားသခင်သည် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသော လူများဖြစ်သည့် ကျွန်မတို့နှင့်အတူတကွ အသက်ရှင်ဖို့အလို့ငှာ လူ့ဇာတိခံလာပြီဖြစ်သည်။ ကျွန်မတို့ကို ကယ်တင်ဖို့အလို့ငှာ လှောင်ပြောင်သရော်မှုနှင့် စော်ကားမှုများ၊ ရှုတ်ချခြင်းနှင့် အသရေဖျက်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် လိုက်လံဖမ်းဆီးခံရခြင်း မျိုးစုံတို့ကို သူ ကြံ့ကြံ့ခံခဲ့ရသည်။ ဘုရားသခင်ကို ယုံကြည်သည့် ကျွန်မတို့ပင်လျှင် သူ့ကို မကြာခဏ နားမလည်ခဲ့သလို၊ သူ့ကို ကျွန်မတို့ နားလည်မှုပင်လွဲကာ အပြစ်တင်ခဲ့ကြသည်။ ဤထိုးနှက်ချက်များအားလုံးက ဘုရားသခင်အတွက် အလွန်နာကျင်စရာ ဖြစ်ခဲ့သော်လည်း၊ သူ၏ အမာရွတ်များကို သူ သယ်ဆောင်ကာ လူသားမျိုးနွယ်ကို ချစ်နေဆဲဖြစ်သည်- သူ၏ စိတ်သဘောထားက အလွန်ကြီးမြတ်သည်၊ အလွန် ဂုဏ်ပြုဖွယ်ရာ ဖြစ်ပါသည်။ ယခင်က ဤအရာကို ကျမ်းစာထဲတွင် ကျွန်မ ဖတ်ခဲ့ပြီးသော်လည်း- “ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ယနေ့တွင်မှ ဤနှုတ်ကပတ်တော်များ အမှန်တကယ်ဖြစ်ပျက်လာခဲ့သည်ကို ကျွန်မ မြင်ခဲ့ရသည်။ ဤအရာက ကျွန်မကို တကယ်ဝမ်းနည်းစေခဲ့ပြီး၊ ယခင်က ဘုရားသခင်၏ အလိုတော်ကို အရေးထားမှု လုံးဝ မပြခဲ့ခြင်းကို ကျွန်မ နောင်တရမိခဲ့သည်။ ကျွန်မ တည်ငြိမ်အေးဆေးမှု ပြန်မရနိုင်မီက၊ ရဲများက “ရှဲကြောက် အဖွဲ့သား” ဟုဆိုသည့် ဆိုင်းဘုတ်တစ်ခုကို ကျွန်မ၏ လည်ပင်းတစ်ဝိုက်တွင် ချိတ်ဆွဲလိုက်ပြီး ကျွန်မကို ဓါတ်ပုံရိုက်လေသည်။ ထို့နောက် သူတို့က ကျွန်မကို ဆောင့်ကြောင့်ထိုင်ပြီး ဧဝံဂေလိစာပေအချို့ကို လက်ညှိုးထိုးပြဖို့ အမိန့်ပေးကာ နောက်ထပ် ဓါတ်ပုံအချို့ရိုက်ခဲ့ကြသည်။ ကျွန်မ၏ ခြေထောက်များ အလွန်နာကျင်ပြီး ဆောင့်ကြောင့်ထိုင်ဖို့ အနိုင်နိုင် ဖြစ်ခဲ့ရသည်။ ထိုအခိုက်အတန့်တွင်ပင်၊ ကျွန်မ၏ ဆဲလ်ဖုန်း စတင်မြည်ခဲ့ပြီး ကျွန်မက လန့်ဖြန့်လျက်၊ “အသင်းတော်ကနေ ညီအစ်ကို မောင်နှမ တစ်ယောက်ယောက် ခေါ်တာဖြစ်ရမယ်။ ငါ သူတို့ကို လုံးဝ အမှုပတ်ခိုင်းလို့ မဖြစ်ဘူး” ဟု တွေးခဲ့သည်။ ကျွန်မ၏ ဖုန်းကို အလျင်အမြန် ဖမ်းဆုပ်လိုက်ပြီး ကြမ်းပြင်ပေါ် ပြင်းပြင်းထန်ထန် ပေါက်ခွဲလိုက်ကာ တစ်စစီ ကွဲသွားစေခဲ့သည်။ ဤအရာက ရဲများကို ချက်ချင်း ဒေါသထွက်စေခဲ့သည်။ သူတို့ စိတ်များ လွတ်သွားပြီဟု ထင်ရလေသည်- သူတို့က ကျွန်မကို ကော်လာမှ မလိုက်ပြီးနောက် မျက်နှာကို အကြိမ်များစွာ ပြင်းပြင်းထန်ထန် ဖြတ်ရိုက်ခဲ့ကြသည်။ ကျွန်မ၏ မျက်နှာက ချက်ချင်း မီးကဲ့သို့ စတင်ပူလောင်သွားခဲ့ပြီး ကျွန်မနားများ အလွန်အူသွားခဲ့သည်မှာ ကျွန်မ တစ်ခုမျှမကြားနိုင်တော့ပါ။ထို့နောက် သူတို့က ကျွန်မ၏ ခြေထောက်များကို ခွန်အားရှိသမျှဖြင့် ဆက်လက်ကန်ကျောက်ခဲ့ကြပြီး၊ သူတို့၏ ဒေါသက မငြိမ်းနိုင်သေးဘဲ၊ ထိုဆိုးယုတ်သော ရဲများက ကျွန်မကို မှောင်သော အခန်းတစ်ခုထဲသို့ ဒရွတ်တိုက်ဆွဲသွားကြကာ ကျွန်မ၏ မျက်နှာကို သူတို့ ဖြတ်ရိုက်လျက် ကျွန်မကို နံရံကျောကပ်ကာ မတ်တပ်ရပ်စေခဲ့သည်။ ထို့နောက် သူတို့က နောက်ထပ် ကောင်းကောင်း ရိုက်နှက်ခဲ့ကြသည်။ ဤအရာဖြစ်ပျက်နေစဉ် ကျွန်မ၏ မျက်ရည်များကို ကျွန်မ ထိန်းနိုင်ခဲ့ပြီး ဘုရားသခင်ထံ တိတ်ဆိတ်စွာ ဆုတောင်းခဲ့သည်- “အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ခုချိန်မှာ ကျွန်မဆီ ဖြစ်ပျက်နေတဲ့ အရာအားလုံးနောက်ကွယ်မှာ ကိုယ်တော့်ရဲ့ စေတနာရှိတယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်။ ဒီဆိုးယုတ်တဲ့ ရဲတွေက ကျွန်မကို ဘယ်လိုပဲ ညှဉ်းပန်းကြပါစေ၊ ကိုယ်တော့်အတွက် ကျွန်မ အမြဲ သက်သေရပ်တည်ပြီး၊ စာတန်ကို ကျွန်မ အညံ့ခံမှာ မဟုတ်ပါဘူး။” အံ့အားသင့်ဖွယ်ရာပင်၊ ဤဆုတောင်းချက်ကို ကျွန်မ ပြောဆိုနေချိန်တွင်၊ ကျွန်မနားက ရုတ်တရက် အကြားအာရုံ ပြန်ရခဲ့ပြီး ကျွန်မ ကြားနိုင်သမျှမှာ ဆိုးယုတ်သော ရဲများထဲမှ တစ်ဦးက၊ “ဒီမိန်းမက တကယ် ခေါင်းမာတယ်။ သူ မျက်ရည်တစ်စက် မကျသလို၊ အသံတစ်ချက် မပြုဘူး။ ငါတို့သူ့ကို လုံလုံလောက်လောက် မသမကြသေးလို့ ဖြစ်နိုင်တယ်။ လျှပ်စစ်တုတ်တွေကို ယူလာကြ၊ ပြီးရင် သူ အသံတစ်ချို့ထွက်မလား ကြည့်ကြတာပေါ့” ဟု ပြောသည့် အသံပင်ဖြစ်သည်။ အခြားရဲတစ်ဦးက လျှပ်စစ်တုတ်များကို ဖမ်းဆုပ်လိုက်ပြီး ကျွန်မ၏ ပေါင်ကို ပြင်းပြင်းထန်ထန် ထိုးချလိုက်လေသည်။ ပြင်းထန်သော နာကျင်မှုက ကျွန်မကို ချက်ချင်း ဆွဲဖြတ်သွားသည်၊ အလွန်နာကျင်လွန်းလှသည်မှာ ကျွန်မ ကြမ်းပြင်ပေါ် ချက်ချင်း ပြိုလဲသွားခဲ့လေသည်။ ကျွန်မ၏ ဦးခေါင်းက နံရံကို တိုက်မိပြီး သွေးများ စတင်စီးလာခဲ့သည်။ ရဲက ကျွန်မကို လက်ညိုးထိုးပြီး၊ “ဟန်ဆောင်နေတာ ရပ်စမ်း။ ထစမ်း။ မင်းကို သုံးမိနစ် အချိန်ပေးမယ်။ မင်း မရပ်ရင် ငါတို့ ပြန်ရိုက်မှာ။ သေချင်ယောင်ဆောင်ဖို့တော့ စိတ်တောင် မကူးနဲ့” ဟု အော်ဟစ်လေသည်။ သို့သော် သူတို့ မည်သို့ အော်ကြပါစေ၊ ကျွန်မ တကယ်ကို မလှုပ်ရှားနိုင်ခဲ့ပါ၊ ထို့ကြောင့် နောက်ဆုံးတွင် သူတို့က ကျွန်မကို နောက်ထပ် ရက်စက်စွာ ကန်ခဲ့ကြပြီးနောက် ရပ်လိုက်ကြလေသည်။

ထိုရဲများက ပေးသည့် ရက်စက်ကာ လူမဆန်သော ညှဉ်းပန်းမှုကို ကျွန်မ တကယ် မခံနိုင်တော့ပါ။ ဘုရားသခင်ကို လေးလေးနက်နက် ကျွန်မ ဆုတောင်းခဲ့သည်- “အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်မ မခံနိုင်တော့ပါဘူး။ ကျေးဇူးပြုပြီး ယုံကြည်ခြင်းနဲ့ ခွန်အားပေးတော်မူပါ။” ကျွန်မ၏ ပြင်းထန်သော ဆင်းရဲဒုက္ခအလယ်တွင်၊ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သော ဓမ္မသီချင်းတစ်ပုဒ် စိတ်ထဲရောက်လာခဲ့သည်- “ဘုရားသခင်ကို သင် ယုံကြည်သည့်အတွက်၊ သင်၏နှလုံးသားကို ဘုရားသခင်ထံ သင် လွှဲပြောင်းပေးအပ်ရမည်။ အကယ်၍ သင်သည် သင်၏နှလုံးသားကို ဘုရားသခင် ရှေ့မှောက်တွင် ဆက်ကပ်ပြီး ချခင်းထားပါက၊ စစ်ဆေးခြင်း အတောအတွင်းတွင် ဘုရားသခင်ကို ငြင်းပယ်ရန် သို့မဟုတ် ဘုရားသခင်ကို စွန့်ခွာရန်မှာ သင့်အတွက် မဖြစ်နိုင်ပေ။...ဘုရားသခင်၏ စမ်းသပ်မှုများ သင့်အပေါ် ရုတ်တရက် ကျရောက်သည့် ရက် ရောက်လာသည့်အခါတွင်၊ သင်သည် ဘုရားသခင် ဘက်တွင် ရပ်တည်ပေးနိုင်လိမ့်မည် ဖြစ်ရုံသာမက၊ ဘုရားသခင်ကိုလည်း သက်သေခံနိုင်လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ သင်သည် ယောဘနှင့် ပေတရုကဲ့သို့ ဖြစ်မည်။ ဘုရားသခင်ကို သက်သေခံရင်း၊ သင်သည် သူ့ကို အမှန်တကယ် ချစ်လိမ့်မည်ဖြစ်ပြီး သူ့အတွက် သင့်အသက်ကို ဝမ်းမြောက်စွာ စွန့်လွှတ်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သက်သေဖြစ်ကာ ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်လိမ့်မည်။ စစ်ဆေးခြင်းကို ကြုံတွေ့ခံစားရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာသည် အားနည်းခြင်းမရှိဘဲ၊ သန်မာလေသည်။ ဘုရားသခင်က သင့်ကို သူ၏ စမ်းသပ်မှုများအား မည်သည့်အချိန် သို့မဟုတ် မည်သို့ ခံစားစေသည်ကို ပဓာနမထားဘဲ၊ သင် ရှင်မည်လား သေမည်လားဆိုသည်နှင့်ပတ်သက်၍ သင်၏စိုးရိမ်ပူပန်မှုများကို စွန့်လွှတ်နိုင်သည်၊ ဘုရားသခင်အတွက် အရာရာကို ဝမ်းမြောက်စွာ ဘေးဖယ်ထားနိုင်၍ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို ပျော်ရွှင်စွာ သည်းခံနိုင်လေသည်- ထိုသို့ဖြင့် သင်၏ချစ်ခြင်းမေတ္တာသည် ဖြူစင်ပြီး သင်၏ ယုံကြည်ခြင်းသည် စစ်မှန်လိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အမှန်တကယ် ချစ်ခြင်းခံရသောသူနှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို အမှန်တကယ် ခံရသောသူတစ်ဦး ဖြစ်လိမ့်မည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဘုရားကို သင်ယုံကြည်လျှင် ရှေ့မှောက်တော်၌ သင့်နှလုံးကို ပေးလော့ကျူး”) ဘုရားသခင်၏ ဉာဏ်အလင်းပေးမှုက ကျွန်မကို သူ၏ အလိုတော်ကို နားလည်နိုင်စေခဲ့ပြီး၊ မကုန်မခမ်းနိုင်သော ယုံကြည်ခြင်းနှင့် ခွန်အားတို့ကိုလည်း ပေးခဲ့လေသည်။ ဘုရားသခင်ထံ တစ်ဖန် ကျွန်မ ဆုတောင်းခဲ့ပါသည်- “အို ဘုရားသခင်။ ဒီနေ့ ကျွန်မအပေါ် ဖြစ်နေတဲ့အရာ အားလုံးဟာ ကိုယ်တော့်ရဲ့ သဘောတူညီချက်နဲ့ ဖြစ်နေပြီး အားလုံးနောက်မှာ ကိုယ်တော့်ရဲ့ စေတနာရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဤနတ်ဆိုးတွေ လုပ်တဲ့ လုပ်ဆောင်ချက်ကနေတဆင့်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရအောက်မှာ အလုပ်လုပ်နေတဲ့ တရားဥပဒေ တည်တံ့စေရေး အစိုးရဌာနတွေဟာ အကြမ်းဖက် အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတာကို ကျွန်မ နောက်ဆုံးမှာ မြင်ရပြီး သူတို့ကို ကျွန်မ အညံ့မခံနိုင်ပါဘူး။ ကိုယ်တော့်ကို ကျွန်မရဲ့ နှလုံးသား ပေးအပ်ပြီး ကိုယ်တော့်ဘက်မှာ ရပ်တည်ဖို့ပဲ ကျွန်မ ဆန္ဒရှိပါတယ်။ အို ဘုရားသခင်။ ကိုယ်တော့်အတွက် ကျွန်မရဲ့ ချစ်ခြင်း အားကောင်းနိုင်တာဟာ ဒီလိုစမ်းသပ်မှုတွေနဲ့ စစ်ဆေးမှုတွေကို တွေ့ကြုံခြင်းကနေတဆင့်ပဲ ဖြစ်တယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒီနေ့ စာတန်က ကျွန်မရဲ့ အသက်ကိုယူမယ်ဆိုရင်၊ စောဒကတက်တဲ့စကားတစ်ခွန်း ကျွန်မ ပြောဦးမှာ မဟုတ်ပါဘူး။ ကိုယ်တော့်အတွက် သက်သေခံနိုင်ဖို့က အဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနဲ့ ကျွန်မရဲ့ ဂုဏ်ဖြစ်ပါတယ်။ အရင်က ကျွန်မရဲ့ တာဝန်ကို ကျွန်မ ကောင်းကောင်း မဖြည့်ဆည်းခဲ့သလို၊ ကိုယ်တော့်ကို အများကြီး အကြွေးတင်ခဲ့ပါတယ်။ ဒီနေ့ ကိုယ်တော့်အတွက် အသေခံဖို့ အခွင့်အရေးရတာဟာ အဓိပ္ပါယ်အရှိဆုံး အရာပါ။ ကိုယ်တော့်ကို နာခံဖို့ ကျွန်မ ဆန္ဒရှိပါတယ်။” ဤဆုတောင်းချက်ပြီးနောက်တွင် ကျွန်မ အလွန် တို့ထိခံခဲ့ရပြီး၊ ဘုရားသခင်နောက် လိုက်ခြင်းအတွက် ဤနာကျင်မှုကို ဒုက္ခခံရသည်မှာ အလွန့်အလွန် အဓိပ္ပါယ်ရှိသော အရာဖြစ်ပြီး ကျွန်မ သေရမည်ဆိုလျှင်ပင် ထိုက်တန်သည်ဟု ခံစားခဲ့ရသည်။

၁၀ မိနစ်ခန့်ကြာပြီးနောက် အမျိုးသမီး ရဲအရာရှိတစ်ဦး ရောက်လာပြီး ကျွန်မကို ကူထူပေးကာ ဟန်ဆောင်ထားသည့် ကြင်နာမှုဖြင့်၊ “နင့်ကလေးတွေနှစ်ယောက်လုံးက ကောလိပ်မှာ၊ နင့် အသက်အရွယ်နဲ့ နင့်ကို ကြည့်ပါဦး။ ဒါတွေအားလုံးကို ဒုက္ခခံဖို့က တကယ်တန်လို့လား။ ငါတို့ သိချင်တာကိုသာ ပြောလိုက်ပါ၊ ပြီးရင် နင် ချက်ချင်းသွားလို့ရတယ်” ဟု ပြောလေသည်။ ကျွန်မ ဘာမျှမတုန့်ပြန်သည်ကို မြင်သောကြောင့်၊ သူက၊ “နင်က မိခင်တစ်ယောက်ပဲ၊ ဒီတော့ နင့်သားတွေကို နင်စဉ်းစားသင့်တယ်။ ငါတို့က အခု တရုတ်ကွန်မြူနစ်ပါတီရဲ့ အုပ်စိုးမှုအောက်မှာ နေကြပြီး၊ တရုတ်ကွန်မြူပါတီ အစိုးရက ဘာသာရေး ယုံကြည်မှုအားလုံးကို ဆန့်ကျင်၊ ဖိနှိပ်တယ်လေ။ အထူးသဖြင့် နင်တို့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေကို သူက မုန်းတယ်။ အစိုးရကို နင်က ဆက်ပြီး မရမကဆန့်ကျင်ရင်၊ နင်တို့ တစ်မိသားစုလုံး အပြစ်ကျူးလွန်သူတွေအဖြစ် စွပ်စွဲခံရမှာကို မစိုးရိမ်ဘူးလား၊ တစ်ချိန်ကျရင် နင့် မိဘတွေနဲ့ နင့်ယောက်ျားက အမှုပတ်လာမယ်၊ ပြီးတော့ နင့်သားတွေနဲ့ မြေးတွေက တပ်မတော်ထဲ ဝင်တာ၊ ကေဒါဖြစ်လာတာ၊ ဒါမှမဟုတ် အစိုးရဝန်ထမ်းဖြစ်လာဖို့ဆိုတာတွေကို မေ့ပစ်လိုက်တော့။ သူတို့ကို ဘယ်သူကမှ လုံခြုံရေး အစောင့်အဖြစ် တောင်ဘယ်တော့မှ ငှားမှာမဟုတ်ဘူး။ နင့်သားတွေကို သူတို့ ကြီးလာတဲ့အခါ အလုပ်ကြမ်းသမားတွေပဲ ဖြစ်ပြီး၊ နင့်လို ကျပန်းအလုပ်တွေကိုပဲ လုပ်ပြီးတော့ သူတို့ တစ်သက်လုံး နင်ဆင်းရဲစေချင်လား” ဟု ဆက်ပြောလေသည်။ စာတန်က သူ၏ ကောက်ကျစ်သော အကြံကို ကျွန်မကိုဆန့်ကျင်ပြီး ဆောင်ရွက်နေသကဲ့သို့ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်တွင် လျှပ်တပြက်ပေါ်လာခဲ့သည်- “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။ ငါပြောသည့်အရာအတိုင်းသည် ဆောင်ရွက်ပြီးကြပြီး၊ လူသားများထဲမှ မည်သူသည် ငါ၏ စိတ်ကို ပြောင်းလဲစေနိုင်သနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို စာတန်၏ ကောက်ကျစ်သော အကြံအစည်များအား ထွင်းဖောက်မြင်စေခဲ့ပြီး သူတို့က ကျွန်မ သားသမီးများ၏ အနာဂတ်များကို ကုတ်အားအဖြစ် အသုံးပြုခြင်းအားဖြင့် ကျွန်မကို စကားပြောစေဖို့ အကျပ်ကိုင်ရန် ကြိုးစားနေကြသည်ကို ကျွန်မ နားလည်ခဲ့သည်။ သို့သော်၊ လူသားများအနေဖြင့် ကျွန်မတို့၏ အနာဂတ်များက ကျွန်မတို့၏ လက်ထဲတွင် မရှိသလို၊ ရဲများ၏ လက်ထဲတွင် မရှိဘဲ ဘုရားသခင်၏ လက်ထဲတွင် ထိန်းသိမ်းထားသည်ကို ကျွန်မ သိခဲ့သည်။ အနာဂတ်တွင် ကျွန်မ၏ သားသမီးများက မည်သည့်အလုပ်ကို ရသည်ဖြစ်စေ သူတို့ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အားလုံးက ဘုရားသခင်၏ သဘောဖြစ်သည်။ ဤအရာကို သေချာစဉ်းစားရင်း၊ ကျွန်မသည် ရဲများအားဖြင့် အနည်းငယ်မျှ ကန့်သတ်ခြင်း မခံစားခံရပါ။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုက ဘုရားသခင်သည် ကျွန်မကို ကွယ်ကာပေးရင်း ကျွန်မ၏ နံဘေးတွင် ရှိခဲ့သည်ကို အမှန်တကယ် သတိပြုမိခွင့်ပေးခဲ့ပြီး ဘုရားသခင်ကို သာ၍ပင် တည်ကြည်ခိုင်မာစွာ ကျွန်မ စတင်ကိုးစားခဲ့သည်။ ထို့ကြောင့်၊ ကျွန်မ၏ ခေါင်းကို တစ်ဖက်သို့ ကျွန်မ လှည့်လိုက်ပြီး ဆက်လက် နှုတ်ဆိတ်နေလိုက်သည်။ အရာရှိက ကျွန်မကို ကောင်းကောင်း ဆူငေါက်ပြီးနောက် စိတ်ဆိုးမာန်ဆိုး ထွက်သွားလေသည်။

ညနေစောင်းလာနေပြီဖြစ်သည်။ ကျွန်မ သို့မဟုတ် ကျွန်မ၏ အသင်းတော် ညီအစ်မများထံမှ မည်သည့်အရာမျှ သူတို့ မရနိုင်သည်ကို မြင်သည့်အခါ၊ ကျွန်မတို့ကို ကောင်တီ ထိန်းသိမ်းရေး ဗဟိုဌာနသို့ ပို့ရုံသာ သူတို့ တတ်နိုင်ခဲ့ကြသည်။ သို့သော် ထိုနေရာရှိ ရဲများက ကျွန်မတို့၏ အမှုမှာ အလွန်ဆိုးရွားပြီး ကျွန်မတို့အနေဖြင့် စည်ပင်သာယာ ထိန်းသိမ်းရေး စခန်းသို့ သွားရမည်ဟု ပြောခဲ့ကြသည်။ ထိုနေရာသို့ ကျွန်မတို့ ရောက်သည့်အချိန်တွင်၊ နံနက် ၁ နာရီ ထိုးနှင့်ပြီဖြစ်ပြီး သတ္တုချောင်းများဖြင့် ပြုလုပ်ထားသည့် ဂိတ်တံခါးကြီးများ တစ်တန်းပြီးတစ်တန်းရှိသည်ကိုသာ ကျွန်မ မြင်နိုင်ခဲ့သည်။ ပထမ ဂိတ်တံခါးတွင်၊ ကျွန်မတို့သည် အဝတ်အစားပစ္စည်းအားလုံးကို ဖယ်ရှားပြီး ကျွန်မတို့ ခန္ဓာကိုယ်များကို ရှာဖွေစစ်ဆေးခံကြရသည်။ ထို့နောက် သူတို့က ကျွန်မ၏ ကြယ်သီးများနှင့် ဇစ်များအားလုံးကို ဖြတ်လိုက်ကြပြီး အစုတ်အပြတ် အင်္ကျီများကိုသာ ကျွန်မ ဝတ်ရလေသည်။ ကျွန်မ သူတောင်းစားတစ်ဦးကဲ့သို့ ခံစားခဲ့ရသည်။ ဒုတိယ ဂိတ်တံခါးတွင်၊ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို ကျွန်မတို့ ကြုံရသည်။ ခြေထောက်များပေါ်တွင် ရဲများ၏ အရိုက်နှက်ခံရခြင်းမှ ပွန်းပဲ့ဒဏ်ရာများနှင့် ကျွန်မ လမ်းလျှောက်ရန် အခက်အခဲတွေ့နေသည်ကို သူတို့ မြင်ခဲ့ကြသော်လည်း သူတို့ကစိုက်ကြည့်ကာ၊ “ဒါက အားလုံး လုံးဝ ပုံမှန်ပါပဲ။ ဘာမှ စိုးရိမ်စရာ မရှိဘူး” ဟု ပြောရင်း မုသားများ ပြောကြလေသည်။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွင် နာမကျန်းဖြစ်ခြင်း သို့မဟုတ် ဒဏ်ရာဒဏ်ချက်တစ်ခုခု ရှာတွေ့ထားလျှင် ကုသမှုကို ညွှန်ကြားရမည်ဟု ထောင်စည်းကမ်းများတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသော်လည်း၊ အမှန်တွင်မူ အကျဉ်းသားများ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သူတို့ ဂရုမစိုက်ကြပါ။ သူတို့က ကျွန်မကို၊ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့ မင်းတို့က မင်းတို့ကို ကာကွယ်ပေးဖို့ ဘုရားရှိတယ်လေ။ မင်းတို့ ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်” ဟု ငေါ့တော့တော့ ပြောလေသည်။ အကျဉ်းခန်းဆီ ကျွန်မကို ခေါ်သွားကြပြီး၊ အကျဉ်းသားတစ်ယောက်က သူမ၏ စောင်များအောက်မှ ခေါင်းပြူထွက်ပြီး၊ “နင့်ရဲ့ အဝတ်အစားတွေအားလုံးကို ချွတ်စမ်း” ဟု ကျွန်မကို အော်ဟစ်လေသည်။ ကျွန်မ၏ အတွင်းခံကို မချွတ်ဖို့ရန် သူမကို ကျွန်မ အနူးအညွှတ်တောင်းပန်သော်လည်း သူက ကျွန်မကို မလိုမုန်းထားစွာ ပြုံးရယ်လိုက်ပြီး၊ “ဒီနေရာကို မင်းလာရင် စည်းမျဉ်းတွေကို မင်း လိုက်နာရမယ်” ဟု ပြောလေသည်။ အခြားသော အကျဉ်းသားများအားလုံးက သူတို့၏ အိပ်စောင်များအောက်မှ သူတို့၏ ခေါင်းများ ပြူထွက်လာကြပြီး ဆိုးရွားသည့် ဆူညံသံမျိုးစုံတို့ကို စတင်လုပ်ဆောင်ကြလေသည်။ စတုရန်း မီတာ ၂၀ ကျော်သာရှိသည့် ထိုအကျဉ်းခန်းထဲတွင် အကျဉ်းသား ၁၈ ဦး လှောင်ပိတ်ခံရလေသည်။ ၎င်းတို့မှာ မူးယစ်ဆေးရောင်းဝယ်သူများ၊ လူသတ်သမားများ၊ အလွဲသုံးစားလုပ်သူများ နှင့် သူခိုးများ ဖြစ်ကြသည်။ ခေါင်းဆောင်ဖြစ်သူ၊ ထိုနေရာ၏ ဆရာမကြီး အလုပ်မှာ နေ့တိုင်း နည်းလမ်းမျိုးစုံဖြင့် လူတို့ကို ပြစ်ဒဏ်ပေးရန်ဖြစ်သည်- သူမက အပျော်အတွက်သာ လူတို့ကို ညှဉ်းဆဲလေသည်။ မနက်တွင်၊ သူမ၏ လက်ထောက်ခေါင်းဆောင်က ကျွန်မကို စည်းမျဉ်းများ သင်ပေးပြီး နေ့တိုင်း ကြမ်းနှစ်ခါတိုက်ရမည်ဟု ကျွန်မကို ပြောလေသည်။ သူမက ကျွန်မအတွက် လုပ်စရာများ အမြဲရှာတွေ့ပြီး ကျွန်မအနေဖြင့် အလုပ်ခွဲတမ်းကို အမြဲမှီရမည်ဖြစ်ပြီး ကျွန်မ အရှိန်မြင့်ရမည်ဖြစ်ကာ ဤသို့မဟုတ်လျှင်အပြစ်ပေးခံရမည်ဟု ကျွန်မကို ပြောလေသည်။ ထောင်စောင့်များက ရိုင်းစိုင်းသော သားရဲများကဲ့သို့ ပြုမူကြသည့်အပြင် အကျဉ်းသားများကို အကြောင်းမရှိဘဲ မကြာခဏ အပြစ်ပေးတတ်လေသည်။ သူတို့ထဲမှ တစ်ဦးက ကျွန်မကို၊ “ငါပြောရင် ဖြစ်တယ်။ မင်း ငါ့ကို တိုင်လည်း ငါ ဂရုမစိုက်ဘူး။ မင်း တိုင်ချင်ရင် သွားတိုင်လိုက်လေ၊ ပြီးရင် မင်းထင်ထားတာထက် ပိုပြီး မင်းကို ငါပေးမှာကွ...” ဟု ပြောရင်း ခြိမ်းခြောက်လေသည်။ ဤဆိုးယုတ်သော ထောင်စောင့်များသည် လုံးဝ အထိန်းအချုပ်မဲ့ကြပြီး လုံးဝ သောင်းကျန်းကြလေသည်။ ထိုနေရာတွင်၊ ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေပြီး၊ တစ်ဦးတစ်ယောက်က ထောင်အရာရှိများကို ငွေပေးသရွေ့၊ “ဥပဒေ” ကို သူတို့ လိုက်နာစရာ မလိုပါ။ ထောင်သားတစ်ဦးမှာ ငွေအမြောက်အများကို အလွဲသုံးစားလုပ်ခဲ့သည့် အရာရှိတစ်ဦး၏ ဇနီးဖြစ်လေသည်။ သူမက ထောင်စောင့်များကို မကြာခဏ ငွေများပေးပြီး၊ ကြော်ထားသည့် မုန့်ပဲသားရေစာအချို့ကို “ဆရာမကြီး”အား နေ့တိုင်း ဝယ်ပေးလေသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ တစ်နေ့လုံး မည်သည့်အလုပ်မျှ သူမလုပ်စရာ မလိုဘဲ၊ အခြားသူများကို သူမအတွက် ပန်းကန်များ ဆေးကာ အိပ်ရာခင်းများ ခေါက်စေလေသည်။ ဤငရဲဆန်သော အကျဉ်းထောင်ထဲတွင် ငွေမရှိ၊ လုပ်ပိုင်ခွင့်မရှိဘဲ ကျွန်မ နေထိုင်နေခဲ့ရပြီး နေ့တိုင်း အနိုင်ကျင့်မှု နှင့် ညှင်းပန်းမှုမျိုးစုံအား သည်းခံရသော်လည်း ကျွန်မကို နှစ်သိမ့်ခဲ့သည့် တစ်ခုတည်းသောအရာမှာ အသင်းတော် ညီအစ်မနှစ်ဦးက ထိုနေရာတွင် ကျွန်မနှင့်အတူ ရှိနေခဲ့ကြခြင်းဖြစ်သည်။ ကျွန်မတို့က မိသားစုကဲ့သို့ ဖြစ်ခဲ့လေသည်။ ဤခက်ခဲသော အချိန်ကာလတစ်လျှောက် အခွင့်အရေးရသည့်အချိန်တိုင်း ကျွန်မတို့ အချင်းချင်း မိတ်သဟာယပြုကြသည်။ အချင်းချင်း ကျွန်မတို့ အားပေးကြပြီး ကူညီခဲ့ကြလေသည်။ ကျွန်မတို့အပေါ် ယုံကြည်ခြင်းနှင့် ခွန်အားပေးဖို့ ကိုယ်တော့်ထံ တောင်းလျှောက်ရင်း၊ တစ်ချိန်လုံး ဘုရားသခင်အပေါ် ကျွန်မတို့ မှီခိုခဲ့ကြသည်။ ကျွန်မတို့ အသီးသီးက အခြားသူများကို အားပေးပြီး ကူညီခဲ့ကြကာ၊ ဤဆိုးရွားသော အချိန်ကာလကို အတူတကွ ကျွန်မတို့ ကျော်ဖြတ်ခဲ့ကြသည်။

ထိန်းသိမ်းရေး စခန်းတွင် ရှိစဉ် ကျွန်မသည် ရဲများ၏ နောက်ထပ်လေးကြိမ် စစ်မေးမှုကို ခံခဲ့ရသည်။ ထိုအကြိမ်များထဲမှ တစ်ကြိမ်တွင်၊ ကျွန်မကို စစ်မေးဖို့ လာခဲ့ကြသည့် လူများက သူတို့ကိုယ်သူတို့ စည်ပင်သာယာ ပြည်သူ့ လုံခြုံရေး ဌာနနှင့် အမျိုးသား လုံခြုံရေး အဖွဲ့မှဖြစ်ကြောင်း မိတ်ဆက်ခဲ့ကြသည်။ ကျွန်မက၊ “စည်ပင်သာယာ ပြည်သူ့လုံခြုံရေး ဌာနက တစ်ယောက်ယောက်က ငါ့ရဲ့ နယ်ခံရဲစခန်းက ရဲတွေထက် သေချာပေါက် အရည်အချင်း ပိုမြင့်မားပြီး ပိုပညာတတ်မှာပဲ။သူတို့က ဥပဒေကို တရားမျှတတဲ့ နည်းလမ်းနဲ့ အကျိုးသက်ရောက်စေမှာပဲ” ဟု မိမိဘာသာ တွေးမိခဲ့သည်။ သို့သော် အမှန်မှာ ကျွန်မ စိတ်ကူးထားသကဲ့သို့ မဟုတ်ခဲ့ပါ။ စည်ပင်သာယာ ပြည်သူ့လုံခြုံရေး ဌာနမှ လူက အခန်းထဲ ဝင်လျှင်ဝင်ချင်း သူ၏ ခြေထောက်များကို စားပွဲပေါ်ထားပြီး ထိုင်ခုံတစ်ခုပေါ်တွင် ပက်လက် လဲလျောင်းလိုက်လေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မာနတွေပေါ်ထွက်နေခဲ့ပြီး၊ အထင်သေးသည့်အကြည့်ဖြင့် ကျွန်မကို သိမ်းကျုံးကြည့်လိုက်လေသည်။ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး ကျွန်မဆီကို လမ်းလျှောက်လာသည်။ သူ၏ စီးကရက်ကို ပြင်းပြင်းရှိုက်လိုက်ပြီးနောက် မီးခိုးငွေ့ကို ကျွန်မ၏ မျက်နှာဆီ မှုတ်ထုတ်လိုက်လေသည်။ ဤအရာကို မြင်ရင်း၊ တရုတ်ကွန်မြူနစ်ပါတီ ရဲများအားလုံးက အတူတူဖြစ်ကြသည်ကို ကျွန်မ နောက်ဆုံးတွင် နားလည်လိုက်ပြီး၊ ဤလူက တစ်ခုခု မတူကွဲပြားလိမ့်မည်ဟု ထင်ခဲ့ခြင်းအတွက် ကျွန်မ မိမိကိုယ်ကိုယ် မရယ်ဘဲ မနေနိုင်ခဲ့ပါ။ ကျွန်မအပေါ် သူတို့က နောက်ထပ် မည်သည့် ပရိယာယ်များ ကြိုးစားကြ်မည်ကို ကျွန်မ မသိခဲ့သောကြောင့် ဘုရားသခင်ထံ ကျွန်မ တိတ်ဆိတ်စွာ ဆုတောင်းခဲ့သည်- “အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျေးဇူးပြုပြီး စာတန်ကို အနိုင်ယူဖို့ ဉာဏ်ပညာကို ကျွန်မကို ပေးပြီး ကိုယ်တော့်ကို ဘုန်းထင်ရှားစေကာ ကိုယ်တော့်အတွက် သက်သေခံနိုင်စေတော်မူပါ။” ထို့နောက်တွင်ပင်၊ အမျိုးသား လုံခြုံရေး အဖွဲ့မှ လူက၊ “မင်းအကြောင်း ငါတို့ အားလုံး သိထားနှင့်ပြီးပြီ။ ငါတို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ပါ၊ ပြီးရင် မင်းကို ငါတို့ သွားခွင့်ပေးမယ်” ဟု ပြောလေသည်။ သူ့ကို ကျွန်မ ဖျပ်ခနဲ့ကြည့်ပြီး မဲ့ရယ်ရယ်လိုက်သည်။ ကျွန်မ အပေးအယူလုပ်ဖို့ လိုလားနေသည်ဟု ထင်လျက် သူတို့က၊ “အခု မင်း ပူပေါင်းလုပ်ဆောင်ဖို့ လိုလားနေပြီလား” ဟု ပြောလေသည်။ ကျွန်မက၊ “ဟိုးကတည်းက ကျွန်မ ပြောဖို့ လိုအပ်သမျှကို ပြောပြီးပြီပဲ” ဟု ပြန်ဖြေခဲ့သည်။ ဤအရာက ဆိုးယုတ်သော ရဲများကို ချက်ချင်း ထိန်းမနိုင် သိမ်းမရ ဒေါသထွက်စေခဲ့ပြီး၊ ကျွန်မကို မဖွယ်မရာများ စတင်အော်ဟစ်ကြလေတော့သည်။ “မင်းကို ငါတို့က သိက္ခာရှိတဲ့ ထွက်ပေါက်တစ်ခုကို ပေးဖို့ ကြိုးစားခဲ့ပြီး မင်းက ငြင်းတယ်။ ဒီနေ့ မင်း ငါတို့ကို စကားမပြောဘူးဆိုရင်၊ မင်းနဲ့ ဖြုန်းဖို့ ကမ္ဘာကြီးထဲက အချိန်တွေအားလုံး ငါ့မှာရှိတယ်ကွ။ မင်းရဲ့ သားတွေကို ကျောင်းကနေ ငါ ဆွဲထုတ်ပြီး သူတို့ ပညာရေး မပြီးစီးနိုင်ဖို့ သေချာလုပ်မှာ။” ထို့နောက် သူတို့က ကျွန်မ၏ ဆဲလ်ဖုန်းကို ထုတ်ယူလိုက်ပြီး၊ “မင်းရဲ့ ဆင်းမ်ကဒ်ထဲက နံပါတ်တွေက ဘယ်သူ့ဟာတွေလဲ။ ဒီနေ့ မင်း ငါတို့ကို မပြောရင် ထောင်ဒဏ် ခုနှစ်နှစ် ဒါမှမဟုတ် ရှစ်နှစ် ရသွားမယ်။ တခြား အကျဉ်းသားတွေ မင်းကို ခဏခဏ ငါတို့ ညှဉ်းပန်းခိုင်းမှာ၊ ပြီးရင် မင်းသေချင်သွားမယ်” ဟု ပြောရင်း ကျွန်မကို ခြိမ်းခြောက်ကြလေသည်။ အဖြေများအတွက် ကျွန်မကို သူ မည်သို့ ဖိနှိပ်ပါစေ၊ ကျွန်မ မတုန့်ပြန်ခဲ့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ အတွင်းနက်နက်ထဲတွင် ဉာဏ်အလင်းပေးနေခဲ့သည့်အတွက် ကျွန်မ ကြောက်ပင်မကြောက်ခဲ့ပါ- “ကယ်တင်ခံရဖို့နှင့် ရှင်သန်ဖို့အလို့ငှာ ထိုသို့သော ဆင်းရဲဒုက္ခကို သင် ကြံ့ကြံ့ခံရမည်ဖြစ်သောကြောင့် ဖြစ်သည်၊ ထို့အပြင်၊ ဤသည်မှာ ဘုရားသခင်မှ ခွဲခန့်မှတ်သားထားခြင်းဖြစ်သည်။ ဤအကြောင်းကြောင့်၊ သင့်အပေါ် ဤဆင်းရဲဒုက္ခ ကျရောက်ခြင်းသည် သင်၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။...ယင်းနောက်ကွယ်တွင် ရှိသည့် အဓိပ္ပါယ်မှာ အလွန်နက်နဲပြီး အလွန်အမင်း အရေးပါပေသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သန့်ရှင်းသောဝိညာဉ်တော်၏အမှုကို ဆုံးရှုံးသွားသောသူများသည် အန္တရာယ်အရှိဆုံးဖြစ်ကြသည်”) ထိုစစ်ဆေးမေးမြန်းသည့် အခေါက်က နှစ်နာရီခွဲ ကြာမြင့်ခဲ့သည်။ ကျွန်မထံမှ မည်သည့်အရာမျှ သူတို့ မရခဲ့ကြသည်ကို သူတို့ မြင်သည့်အခါ၊ နောက်ထပ် ခြိမ်းခြောက်မှုများကို သူတို့ ကျွန်မကို ဦးတည်ပြောဆိုခဲ့ကြပြီးနောက်၊ စိတ်ပျက်လက်ပျက်ဖြစ်သည့်ပုံစံဖြင့် ထွက်ခွာသွားခဲ့ကြသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင်၊ ရဲများက မတူသော အကွက်ကို ကစားခဲ့ကြပြီး ကျွန်မကို အိမ်သို့ခေါ်သွားမည်ဟု ပြောခဲ့ကြသည်။သူတို့က ထောင်သား ဝတ်စုံနှင့် လက်ထိပ်များ ကျွန်မကို ဝတ်ဆင်စေပြီး ထောင်ကားတစ်စီးဖြင့် ကျွန်မကို ဒေသခံ ရဲစခန်းဆီ ခေါ်သွားခဲ့ကြသည်။ ထိုနေရာသို့ ကျွန်မ ရောက်သွားသည့်အချိန်တွင်၊ ထိုဆိုးယုတ်သော ရဲများက ကျွန်မ၏ သားများနှင့် ယောက္ခမတို့ကို ရှာတွေ့သွားကြပြီဖြစ်ကြောင်း ကျွန်မတို့ အိမ်ကို ရှာကြပြီး အနီးအနားကို မေးမြန်းကာ ပြီးခဲ့သည့် နှစ်အနည်းငယ်တစ်လျှောက် ကျွန်မ မည်သည့်အရာ လုပ်ဆောင်နေခဲ့သည်ကို သူတို့ ကောင်းကောင်း နားလည်ကြပြီးဖြစ်ကြောင်း ကျွန်မကို ပြောကြလေသည်။ ထိုနေရာက ရဲများထဲမှ တစ်ဦးက၊ “ငါတို့ ဒီအမျိုးသမီးကို လိုက်ဖမ်းနေတာ နှစ်တွေကြာပြီ၊ လုံးဝ မမိခဲ့ဘူး။ သူ့ယောက်ျား ဆုံးတော့ အိမ်မှာ တစ်ညပဲ သူနေတယ်။ သူ့အိမ်မှာ သူ့ကို စောင့်ရင်း ငါတို့ ရက်တွေအများကြီး ဖြုန်းခဲ့ရတယ်။ သူ့သားက နှလုံးခွဲစိတ်ကုသမှု လုပ်တဲ့အချိန်မှာ၊ သူ့ကို ဖမ်းဖို့ု ဆေးရုံကို ငါတို့ သွားခဲ့ကြပေမယ့်၊ သူ လုံးဝ ပေါ်မလာခဲ့ဘူး။ ဘုရားသခင်ကို သူ ယုံကြည်တာ အရမ်းအားကောင်းလို့ သူ့ တစ်မိသားစုလုံးကို သူ စွန့်ပစ်ခဲ့တယ်။အခု ငါတို့ သူ့ကို မိပြီ၊ ငါတို့ သူ့ကို အပြီးအပြတ် နှိပ်ကွပ်ရမယ်” ဟု ပြောလေသည်။ သူဤအရာပြောသည်ကို ကျွန်မ ကြားသည့်အခါ၊ ကျွန်မ၏ နှလုံးသားက စတင်အော်ဟစ်ခဲ့သည်- “ငါ ဘယ်တုန်းက အိမ်ကို မပြန်ချင်ခဲ့လို့လဲ။ ငါ့ ယောက်ျားသေတာက ယူကျုံးမရဖြစ်စေခဲ့တယ်၊ ပြီးတော့ ငါ့သားက နှလုံးခွဲစိတ်မှု လုပ်တဲ့အချိန်မှာ ငါ အရမ်းကို ဆိုးဆိုးရွားရွား စိုးရိမ်မိခဲ့တာပါ။ ငါ့သားဘေးမှာ ငါ အရမ်းကို ရှိချင်ခဲ့တယ်။ သူတို့ကို ငါ စွန့်ပစ်တာ မဟုတ်ဘူး၊ ငါ့အတွက် အိမ်ပြန်လို့ မဖြစ်နိုင်အောင် ငါ့ကို မရပ်မနား နှိပ်စက်ညှဉ်းပန်းပြီး လိုက်ဖမ်းတာ တရုတ်ကွန်မြူနစ်ပါတီ အစိုးရပဲ။” မော်တော်ယာဉ်က အဝေးပြေးလမ်းမတစ်လျှောက် ကျွန်မ အိမ်ဆီသို့ ပြေးနေခဲ့ပြီး၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် ကျွန်မ တိတ်ဆိတ်စွာ ငိုကြွေးမိခဲ့သည်။ ဘုရားသခင်ကို ကျွန်မ မရပ်မနား ဆုတောင်းခဲ့သည်- “အို ဘုရားသခင်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် အိမ်နဲ့ ကျွန်မ ဝေးရတာ နှစ်တွေကြာပါပြီ။ မကြာခင် ကျွန်မရဲ့ မိသားစုကို မြင်ရတော့မယ်၊ ပြီးတော့ သူတို့ကို ကျွန်မ မြင်တဲ့အခါ ကျွန်မ အားလျော့သွားပြီး စာတန်ရဲ့ ကောက်ကျစ်တဲ့ အကြံရဲ့ သားကောင်ဖြစ်သွားမှာ ကျွန်မ စိုးရွံ့မိပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ကူညီမစတော်မူပါ၊ ပြီးတော့ စာတန်ကို ရင်ဆိုင်ရာမှာတောင် ဂုဏ်သိက္ခာနဲ့ ဘုရားသခင်အပေါ် သစ္စာရှိသူတစ်ဦးရဲ့ အားမာန်နဲ့ ကျွန်မကို အသက်ရှင်နိုင်စေတော်မူပါ။ သူတို့ရဲ့ အရူးလုပ်တာကို မခံပါရစေနဲ့။ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ သက်သေရပ်တည်ဖို့ပဲ ကျွန်မ တောင်းလျှောက်ပါတယ်။” ကျွန်မ၏ ဆုတောင်းချက် ပြီးဆုံးသွားသည့်အချိန်တွင်၊ ကျွန်မ ပို၍ သက်သောင့်သက်သာဖြစ်ပြီး လွတ်မြောက်သည့် အသိစိတ်တစ်ခု ခံစားခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်က ကျွန်မနှင့်အတူ အဖော်ပြုနေခြင်းနှင့် ကျွန်မကို ခွန်အားပေးနေခြင်းဖြစ်သည်ကို ကျွန်မ သိပါသည်။ ကျွန်မတို့ အိမ်သို့ ရောက်လုနီးချိန်တွင်၊ ရဲများက အဝေးပြေးလမ်းမဘေးတွင် ကားကို ရပ်လိုက်လေသည်။ ကျွန်မ၏ ထောင်ဝတ်စုံနှင့် လက်ထိပ်တို့ကို ဝတ်ဆင်ထားရင်း၊ ကျွန်မက သူတို့ကို ကျွန်မအိမ်ဆီ ခြေကျင် ဦးဆောင်ခေါ်သွားရလေသည်။ ကျွန်မ၏ အိမ်နီးချင်းများအားလုံးက ကျွန်မကို ငေးကြည့်ရင်းနှင့် ကျွန်မဘက်သို့ ဦးတည်ပြီး ခြေဟန်လက်ဟန်ပြရင်း အဝေးတွင် ရပ်နေကြလေသည်။ ကျွန်မ၏ နောက်ကျောဘက်တွင် သူတို့က ကျွန်မကို စော်ကားနေကြပြီး လှောင်ပြောင်နေကြသည်ကို ကျွန်မ ကြားရလေသည်။ ခြံဝင်းထဲသို့သွားရာ တံခါးကို ကျွန်မတို့ ဝင်သည့်အချိန်တွင် ကျွန်မ၏ သားက အဝတ်များလျှော်နေသည်ကို ကျွန်မ ချက်ချင်း မြင်ရလေသည်။ ကျွန်မ ဝင်လာသည်ကို သူ ကြားသော်လည်း ခေါင်း မထောင်ခဲ့ပါ၊ သူ ကျွန်မကို မုန်းသည်ကို ကျွန်မ သိပါသည်။ ကျွန်မ ယောက္ခမများ၏ ဆံပင်များက မီးခိုးရောင်ပြောင်းပြီဖြစ်ပြီး ကျွန်မ ယောက္ခမက အပြင်ထွက်လာပြီး ထိုဆိုးယုတ်သော ရဲများကို နှုတ်ဆက်ပြီးနောက် ဆက်လက်၍ နှုတ်ဆိတ်နေခဲ့သည်။ ဆိုးယုတ်သော ရဲတစ်ဦးက၊ “ဒီအမျိုးသမီးက ခင်ဗျားရဲ့ ချွေးမလား” ဟု မေးလေသည်။ သူမက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ကျွန်မ၏ ယောက္ခမများကို၊ “သူ ကျုပ်တို့နဲ့ ပူးပေါင်းမလုပ်ဆောင်ရင်၊ ကျောင်းကို ကျုပ်တို့ ဖုန်းခေါ်မယ်၊ ပြီးတော့ သိပ်မကြာခင်မှာပဲ သူ့သား အထုတ်ခံရလိမ့်မယ်။ ခင်ဗျားတို့ရဲ့ လူမှုဖူလုံရေး ပေးငွေတွေကိုတောင် တခြား ခင်ဗျားတို့ရတဲ့ အကျိုးအမြတ်တွေနဲ့အတူ ကျုပ်တို့ ပယ်ဖျက်မှာ” ဟု ပြောရင်း ခြိမ်းခြောက်လေသည်။ အသက်ကြီးသော ကျွန်မ၏ ယောက္ခမနှစ်ဦးကို သူ ခြိမ်းခြောက်နေစဉ် ကျွန်မ ယောက္ခမများ၏ မျက်နှာများက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ပြီး သူတို့ စကားပြောစဉ် အသံများက တုန်ယင်နေကြလေသည်။ ကျွန်မက ခြောက်နှစ် ခုနှစ်နှစ်ကြာ အဝေးတွင် ရှိနေခဲ့ပြီး အခြားနေရာတွင် ကျွန်မ၏ ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်နေခဲ့ကြောင်း သူတို့ အလျင်အမြန် ရိပ်မိသွားကြသည်။ ထို့နောက် ရဲများက သူတို့ကို၊ “ဒီနှစ်တွေအားလုံးမှာ ပါတီနဲ့ လူတွေက ခင်ဗျားတို့ကို ကောင်းကောင်း စောင့်ရှောက်ပြီးပြီ။ ကျုပ်တို့ကို ပြောပါဦး၊ ကွန်မြူနစ်ပါတီက ကောင်းလား” ဟု အော်ဟစ်လေသည်။ ကျွန်မ၏ ယောက္ခမက အလွန်ကြောက်လန့် ပြီး“ဟုတ်၊ ကောင်းပါတယ်” ဟု ချက်ချင်း ပြန်ဖြေသည်။ ထို့နောက် ရဲများက၊ “ပြီးတော့ လက်ရှိ မူဝါဒတွေက ကောင်းလား” ဟု မေးလေသည်။ သူမက၊ “ဟုတ်ကဲ့၊ အဲဒါတွေ ကောင်းပါတယ်” ဟု ပြန်ဖြေလေသည်။ “ပြီးတော့ ခင်ဗျားတို့ မိသားစုထဲမှာ ဖြစ်ပျက်ခဲ့တဲ့်ဘေးဒုက္ခတွေအားလုံးနဲ့၊” ရဲက ဆက်ပြောလေသည်၊ “ခင်ဗျားရဲ့ သားသေတာတွေအားလုံးက၊ ခင်ဗျားရဲ့ ချွေးမက ယူလာခဲ့တာ မဟုတ်လား။ သူက ခင်ဗျားတို့ မိသားစုရဲ့ မကောင်းတဲ့ ကံကြမ္မာတွေကို သယ်ပိုးတဲ့သူ မဟုတ်ခဲ့ဘူးလား။” ကျွန်မ၏ ယောက္ခမက သူ၏ ခေါင်းကို အောက်စိုက်ပြီး အနည်းငယ် ညိတ်လိုက်သည်။ သူတို့၏ အကြံ အလုပ်ဖြစ်သည်ကို မြင်သည့်အခါ၊ ရဲများက ကျွန်မကို အထဲသို့ ဆွဲခေါ်ခဲ့ကြပြီး နံရံတွင် တပ်ဆင်ထားသည့် ကျွန်မသား ရခဲ့သည့် ဆုများအားလုံးကို ကြည့်စေလေသည်။ ထို့နောက် သူတို့ထဲမှ တစ်ဦးက ဟန်လုပ်ကာ ကျွန်မကို လက်ညိုးထိုးပြီး၊ “မင်းလောက် လူ့သဘာဝ ကင်းမဲ့တဲ့လူကို ငါ့ဘဝမှာ လုံးဝ မကြုံဖူးဘူး။ ဒီလောက် တော်တဲ့သားဖြစ်ပြီး မင်းက သူ့ကို စွန့်ပစ်လိုက်တယ်၊ ပြီးတော့ ဘုရားသခင်ကို သွားယုံတယ်။ ဒါကို လုပ်ခြင်းအားဖြင့် မင်း ဘာရလဲ” ဟု ဆဲဆိုရင်း ပြောဆိုလေသည်။ နံရံကို ဖုံးလွှမ်းနေသည့် ကျွန်မသားရခဲ့သော ဆုများအားလုံးကို ကြည့်ရင်း၊ ကျွန်မ၏ ယုံကြည်ခြင်းက ယခု သူ၏ ပညာရေးအား မည်သို့ ထိခိုက်နေကြောင်းနှင့် ကျွန်မ၏ ယောက္ခမများက မည်သို့ ခြိမ်းခြောက်ခံရပြီး ခြောက်လှန့်ခံရကြောင်းကို ကျွန်မ တွေးမိခဲ့သည်- ကျွန်မ၏ မိသားစု အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲခဲ့ရလေပြီ။ သို့သော် ဤအရာအားလုံး ဖြစ်ရသည့်အကြောင်းမှာ မည်သူနည်း။ ကျွန်မ၏ ယုံကြည်ခြင်းကြောင့်သာ ဖြစ်ပါသလား။ ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းမှာ သမ္မာတရားကို လိုက်စားခြင်းနှင့် ဘဝတွင် လမ်းမှန်ကို လျှောက်လှမ်းခြင်း ဖြစ်သည်။ ယင်းက ဘာများမှားပါသနည်း။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ကျွန်မကို လိုက်လံဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် မဟုတ်ခဲ့လျှင်၊ ထိုနှစ်များအားလုံးတွင် ကျွန်မ၏ အိမ်မှ အဝေးတွင် နေပြီး သွားပုန်းနေဖို့ ကျွန်မ လိုခဲ့လိမ့်မည်လော။ ပြီးလျှင် ကျွန်မ၏ မိသားစုကို ကျွန်မ ဂရုမစိုက်ကြောင်းနှင့် ကျွန်မ ဘဝကို အသက်မရှင်ကြောင်း သူတို့က ကျွန်မကို မမှန်မကန် စွပ်စွဲနေကြသေးသည်။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့်၊ အချက်အလက်များကို သူတို့ လိုရာဆွဲ မမှန်မကန်ပြောပြီး အမှန်တရားကို ပြောင်းပြန်လှန် နေကြခြင်းမှာ ရှင်းသည် မဟုတ်ပါလား။ ထိုအခိုက်မှာပင်၊ ဤစာတန်၏ မကောင်းဆိုးဝါးများအတွက် ကျွန်မ စိတ်ထဲတွင် ခံစားရသည့် မုန်းတီးမှုက ထကြွလာခဲ့ပြီး ပေါက်ကွဲနေသည့် မီးတောင်ကဲ့သို့ ကျွန်မအထဲမှ ကွဲထွက်တော့မည် ဖြစ်သည်- ကျွန်မ အော်ဟစ်ချင်မိခဲ့သည်- “စာတန်ရဲ့ မကောင်းဆိုးဝါးတွေ။ မင်းတို့ကို ငါ မုန်းတယ်။ ငါ့ရဲ့ ရိုးတွင်းခြင်ဆီအထိ မင်းတို့ကို ငါ မုန်းတယ်ဟေ့။ ဒီနှစ်တွေအားလုံးမှာ ငါ့အိမ်ကနေ ငါ့ကို အဝေးမှာထားတာက တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ နှိပ်စက်ညှဉ်းပန်းမှု မဟုတ်ဘူးလား။ ကျွန်မသားကို မိခင်မေတ္တာနဲ့ နွေးထွေးမှုပေးဖို့ သူ့ဘေးမှာ ကျွန်မ မနေချင်ခဲ့ဘူးလား။ ကျွန်မရဲ့ ကိုယ်ပိုင်မိသားစုနဲ့ အေးအေးချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင် ကျွန်မ မနေချင်ခဲ့ဘူးလား။ ဒါပေမယ့် ရှင်တို့ စာတန်ရဲ့ နတ်ဆိုးတွေက ကျွန်မတို့ကို ကန့်ကွက်ပြီး၊ ကျွန်မတို့ မိသားစု ဖြစ်ခဲ့တဲ့ မကောင်းတဲ့အရာတိုင်းအတွက် အပြစ်ကို ဘုရားသခင်ရဲ့ တံခါးဝမှာ ထားရင်း၊ အဲဒါတွေအားလုံးအတွက် တာဝန်ကို ကျွန်မရဲ့ ပုခုံးပေါ် တွန်းပို့ရင်းနဲ့ အခု ရုတ်တရက် လူကောင်းတွေလို ပြောင်းလဲပြီး ဟန်ဆောင်ကြတယ်။ ရှင်တို့က တကယ်ကို အမှန်တရားကို ပြောင်းပြန်လှန်လိုက်ကြပြီး လုံးဝအဓိပ္ပါယ်မရှိတာတွေကို လေရှည်ကြတာပဲ။ ရှင်တို့ ဝိညာဉ်ဆိုးတွေက အရမ်းကို မလျော်ကန်သလို၊ ရှင်တို့က အဆိုးဆုံး ရာဇဝတ်သားတွေဖြစ်နေတဲ့အချိန်မှာ အပြစ်မဲ့သူကို ကစားကြတာပဲ။ ရှင်တို့အားလုံးက တကယ့်ကို ကံမကောင်းစေတဲ့အဆောင်တွေ၊ နိမိတ်ဆိုးတွေ၊ မကောင်းတဲ့ ကံကြမ္မာကို သယ်ပိုးတဲ့သူတွေပဲ။ ကျွန်မရဲ့ မိသားစုကို ဖျက်ဆီးခြင်းအတွက် တရုတ်ကွန်မြူနစ်ပါတီက တာဝန်ရှိတဲ့ အဓိက လက်သည်ပဲ။ ဒီနိုင်ငံမှာ နေထိုင်တဲ့ လူတွေအတွက် ပျော်ရွှင်စရာအကြောင်းပြောဖို့ ဘာရှိလို့လဲ။” သူတို့၏ ဟန်ဆောင်မှု ပြီးသည်နှင့်တစ်ပြိုင်နက်၊ “သွားစမ်း” ဟု ကျွန်မကို အော်ဟစ်ပြီး အိမ်ပြင်ထွက်ခိုင်းလေသည်။ ကျွန်မကို ကွယ်ကာခြင်းနှင့် စာတန်၏ ကောက်ကျစ်သော အကြံများကို ထွင်းဖောက်မြင်နိုင်စေခဲ့ခြင်း၊ ဆိုးယုတ်သော တရုတ်ကွန်မြူနစ်ပါတီ၏ ဖောက်ပြန်ရေးဝါဒီ ဆိုးယုတ်မှုကို ရှင်းရှင်းလင်းလင်း မြင်ကာ ကျွန်မ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်စေခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ပါသည်။

ဇန်နဝါရီလ ၁၂ ရက်တွင်၊ ရဲများက ကျွန်မကို နောက်ဆုံးအကြိမ် စစ်မေးကြလေသည်။ ရဲနှစ်ဦးက ကျွန်မ၏ ညီအစ်ကို မောင်နှမများကို အတင်း သစ္စာဖောက်စေဖို့ ကျွန်မကို နောက်တစ်ဖန် ကြိုးစားခဲ့ကြသော်လည်း၊ သူတို့ ကျွန်မကို မည်သို့ ခြိမ်းခြောက်ပြီး ခြောက်လန့်ပါစေ၊ ကျွန်မ မသိဟုသာ ပြောခဲ့သည်။ ကျွန်မ ဘာမျှမသိကြောင်း ပြောသည်ကိုသူတို့ ကြားသည့်အခါ၊ ချက်ချင်း ပိုဒေါသထွက်လာကြပြီး ကျွန်မမျက်နှာကို ပြင်းပြင်းထန်ထန် စတင်ရိုက်ကာ သူတို့ ရူးသွားကြသည့်အလား ကျွန်မ ဆံပင်ကို ဆွဲကြလေသည်။ သူတို့သည် ကျွန်မ၏ ဘေးနှစ်ဖက်တွင် ရပ်လျက် ် ကျွန်မကို ဟိုဟို သည်သည် တွန်းထိုးရင်းနှင့် ကျွန်မ၏ ခြေထောက်များကို ပြင်းနိုင်သမျှ ပြင်းပြင်း ကန်ကျောက်ကြလေသည်။ ထို့နောက် သူတို့က၊ “ငါတို့ မင်းကို ရိုက်မှာမဟုတ်ဘူးလို့ ထင်လား။ ဘာပဲဖြစ်ဖြစ် အဲဒါနဲ့ပတ်သက်ပြီး မင်း ဘာလုပ်မှာလဲ။ မင်း ဘယ်လောက် မာတယ်ဆိုတာ ကြည့်ရအောင်” ဟု အော်ရင်း ကြေးနီပိုက်တစ်ခုဖြင့် ကျွန်မ၏ ခေါင်းကို သူတို့ ရိုက်ကြလေသည်။ ကျွန်မကို ကွယ်ကာခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ထိုသို့သော ညှဉ်းပန်းမှုကို ကျွန်မအား သူတို့ ခံစေခဲ့သော်လည်း၊ ကျွန်မ၏ ခန္ဓာကိုယ် ထုံသွားသည်ကိုသာ ကျွန်မ ခံစားနိုင်ခဲ့သည်။ အလွန်နည်းပါးသော နာကျင်မှုကိုသာ ကျွန်မ ခံစားခဲ့ရသည်။ ထိုဆိုးယုတ်သော ရဲနှစ်ဦးက သူတို့ လုံးဝ အားကုန်ကာ အလွန်အမင်း ချွေးထွက်သည်အထိ လေးနာရီကြာ ကျွန်မကို ညှဉ်းပန်းခဲ့ကြပြီး ထို့နောက်တွင်သာ သူတို့ ရပ်ခဲ့ကြသည်။ သူတို့က အသက်ရှူရင်း “ကောင်းပြီလေ၊ ထောင်ထဲမှာ မင်းရဲ့ ကျန်တဲ့ဘဝကို ကုန်ဆုံးရတဲ့အထိသာ စောင့်။ အဲဒီအချိန်ကျရင် မင်း သေရင်တောင် ဘယ်တော့မှ ပြန်လွတ်မှာမဟုတ်ဘူး” ဟု ပြောရင်း ဆိုဖာထိုင်ခုံတစ်ခုပေါ်ထိုင်လိုက်ကြသည်။ ကျွန်မ၏ စိတ်နှလုံးကို တင်းထားနှင့်ပြီး ကျွန်မ၏ အသက်ဆုံးရှုံးရလျှင်ပင် ဤနတ်ဆိုးများကို ဘယ်တော့မှ အရှုံးမပေးရန် သန္နိဋ္ဌာန်ချနှင့်ပြီးဖြစ်သောကြောင့် ဤအရာ သူပြောသည်ကို ကြားသည့်အချိန်တွင် ဘာမျှမခံစားခဲ့ရပါ။ ဘုရားသခင်ထံ ကျွန်မ တိတ်ဆိတ်စွာ ဆုတောင်းခဲ့သည်- “အို ဘုရားသခင်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကိုယ်တော့်ကို ပေးအပ်ချင်ပါတယ်။ ကျွန်မရဲ့ ကျန်တဲ့ ဘဝတစ်လျှောက်လုံးမှာ ဆိုးယုတ်တဲ့ ရဲတွေက ကျွန်မကို အဝေးမှာ လှောင်ပိတ်ထားရင်တောင်၊ တကယ့်အဆုံးထိ ကိုယ်တော့်နောက် ကျွန်မ လိုက်ဦးမှာပါ။ ငရဲထဲမှာ ကျွန်မ အထားခံရရင်တောင် ကိုယ်တော့်ကို ကျွန်မ ချီးမွမ်းပါမယ်။” ကျွန်မ၏ အကျဉ်းခန်းဆီ ကျွန်မ ပြန်ရောက်သည့်အချိန်တွင်၊ ကျွန်မ၏ ကျန်သည့် ဘဝကို ထောင်ထဲအပို့ခံရဖို့ ကျွန်မ အပြည့်အဝ မျှော်လင့်ခဲ့သည်၊ ထို့ကြောင့် ဘုရားသခင်က ကျွန်မအတွက် ထွက်ပေါက်တစ်ခု ဖွင့်ပေးခဲ့ချိန်တွင် အံ့အားသင့်စရာ ဖြစ်လာခဲ့သည်။ ဇန်နဝါရီလ ၁၆ ရက်နေ့တွင်၊ ရဲများက ကျွန်မကို စွပ်စွဲချက်တစ်ခုတစ်လေမရှိဘဲ မမျှော်လင့်ဘဲ ထွက်သွားခွင့် ပေးခဲ့သည်။

ဤနှလုံးကြေကွဲစရာ အတွေ့အကြုံက ကျွန်မ နောက်ပြန်လှည့်မကြည့်နိုင်သည့် အိပ်မက်ဆိုးတစ်ခုနှင့် တူလေသည်။ ကျွန်မကဲ့သို့သော သာမန် အမျိုးသမီးတစ်ဦးက ဘုရားသခင်ကို ယုံကြည်ခြင်းသက်သက်အတွက် ရဲများ၏ “အာရုံစိုက်ခံရသည့်အရာတစ်ခု” ဖြစ်လာလိမ့်မည် သို့မဟုတ် တရုတ်ကွန်မြူနစ်ပါတီ၏ ရန်သူတစ်ဦးအဖြစ် မှတ်ယူခံရပြီး အင်မတန် သေစေနိုင်သော အန္တရာယ်အဖြစ် ဖော်ထုတ်ခံရလိမ့်မည်ကို ကျွန်မလုံးဝ ယောင်၍ပင်စိတ်မကူးနိုင်ခဲ့ပါ။ တစ်ကြိမ်တွင်၊ စစ်ဆေးမေးမြန်းမှုတစ်ခုအတွင်း၊ သူတို့ကို ကျွန်မက၊ “ကျွန်မ ဘာအမှားလုပ်ခဲ့လို့လဲ။ ဘယ်ဥပဒေကို ကျွန်မ ချိုးဖောက်မိခဲ့လဲ။ ပါတီ ဒါမှမဟုတ် လူတွေကို ကျွန်မ ဘာတွေ ဆန့်ကျင်ပြောခဲ့လို့လဲ။ ဘာကြောင့် ကျွန်မ အဖမ်းခံခဲ့ရတာလဲ” ဟု မေးခဲ့သည်။ ကျွန်မ၏ မေးခွန်းများကို ရဲများက မဖြေနိုင်ခဲ့ကြပါ၊ ထို့ကြောင့် ကျွန်မကို သူတို့က၊ “ပစ္စည်းတွေကို မင်း သွားခိုးပြီး လုယက်နိုင်တယ်၊ လူသတ်မှုနဲ့ မီးရှို့မှုတွေကို မင်း ကျူးလွန်နိုင်တယ်၊ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ကို သွားရောင်းစားနိုင်တယ်၊ ငါတို့ ဂရုမစိုက်ဘူး။ ဘုရားသခင်ကို ယုံကြည်ရင် မင်းကိုယ်မင်း ကွန်မြူနစ်ပါတီကို ဆန့်ကျင်လိုက်တာဖြစ်ပြီး အပြစ်ပေးခံရမယ်” ဟု အော်ဟစ်ကြလေသည်။ ထိုသို့သော အာဏာသုံးသည့်၊ နိုင်လိုမင်းထက်ပြုသည့်၊ အမှန်တရားကို လိုရာဆွဲပြောသည့် စကားများက နတ်ဆိုး၏ နှုတ်မှ တိုက်ရိုက် လာခဲ့လေသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းတို့သည် ပြောင်းလဲမရနိုင်သော အခြေခံသဘောတရားတစ်ခု ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံ၏ အလိုတော်နှင့်ညီပြီး လူတို့၏ စိတ်နှလုံးများနှင့် ကိုက်ညီလေသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဘုရားသခင်ကို ဆန့်ကျင်ပြီး လူတို့ကို လမ်းကြောင်းမှန် လျှောက်လှမ်းခြင်းမှ တားမြစ်လေသည်။ ယင်းအစား၊ အပြစ်ကို ၎င်း၏ ဓါးစာခံများပေါ် ထားပြီး ကျွန်မတို့က ၎င်း၏ ရန်သူများဖြစ်သည်ဟု အရှက်မဲ့စွာ အခိုင်အမာဆိုလေသည်၊ ထိုသို့ဖြင့် ၎င်း၏ ဘီလူးသရဲစီးသော အနှစ်သာရကို လုံးဝ မြင်သာအောင်ပြလေသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဘုရားသခင်၏ အမှုတော်နှင့် ယုံကြည်သူများကို အရူးအမူး ဆန့်ကျင်သည်သာမက၊ လူတိုင်းက ၎င်းတို့၏ အလိမ်အညာများကို ယုံကြည်ပြီး ဘုရားသခင်ကို ငြင်းပယ်ဖို့၊ အာခံဖို့အလို့ငှာ လူတို့ကို လှည့်ဖြားဖို့ ကောလဟလများကိုလည်း လုပ်ကြံဖန်တီးကြလေသည်။ ၎င်းက စစ်မှန်သော ကယ်တင်ခြင်း ရရှိဖို့ လူတို့၏ အခွင့်အရေးများကိုလည်း ဖျက်ဆီးလေသည်။ တရုတ်ကွန်မြူနစ်ပါတီ လုပ်ဆောင်ခဲ့သည့် ဆိုးယုတ်သော အရာများမှာ အမှန်တကယ် စာရင်းပြုစုရန် အလွန်များပြားလှပြီး လူနှင့် ဘုရားသခင် နှစ်ဦးလုံးတို့၏ အမျက်ဒေါသ သင့်စေပြီဖြစ်သည်။ ထိုမကောင်းဆိုးဝါးများက ဖြစ်စေသည့် ဆင်းရဲဒုက္ခကို ကြုံရပြီးနောက်၊ ကောင်းကင်ဘုံ၏ အလိုတော်နှင့် ဆန့်ကျင်သည့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဘုရားသခင်ကို ဆန့်ကျင်ပြီး ဖောက်ပြန်ရေးဝါဒီဖြစ်သော အနှစ်သာရကို လုံးဝ ရှင်းလင်းပြတ်သားမှုဖြင့် တွေ့မြင်လာခဲ့ရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုတို့ကို ကျွန်မ အမှန်တကယ် အသိအမှတ်ပြုလာခဲ့သည်။ ဘုရားသခင်၏ အနှစ်သာရမှာ အလှတရားနှင့် ကောင်းမြတ်မှုဖြစ်သည်ကို ကျွန်မ မြင်ခဲ့သည်။ ကျွန်မ အနာကျင်ဆုံး ခံစားခဲ့ရသည့်အချိန်တိုင်း သို့မဟုတ် သည်းခံဖို့ အခက်အခဲဆုံး ဆင်းရဲဒုက္ခကို တွေ့ရသည့်အချိန်တိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လမ်းပြကာ ဉာဏ်အလင်းပေးရင်း၊ ကျွန်မကို ခွန်အားနှင့် ယုံကြည်ခြင်း ပေးရင်း၊ ကျွန်မအတွင်းတွင် ရှိခဲ့ပြီး၊ စာတန်၏ ကောက်ကျစ်သော အကြံများကို ထွင်းဖောက်မြင်နိုင်စေပြီး ခိုင်မာသော ရပ်တည်ချက်တစ်ခုကို ယူစေနိုင်ခဲ့သည်။ ဘုရားသခင်၏ မျက်မှောက်တော်နှင့် လမ်းပြမှုတို့ကို ကျွန်မ အမှန်တကယ် ခံစားခဲ့ရပြီး ထို့နောက်တွင်မှ အခက်အခဲတိုင်းကို ကျွန်မ ကျော်လွှားအောင်မြင်နိုင်ခဲ့ကာ ကျွန်မ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့သည်။ဘုရားသခင်၏ချစ်ခြင်းမေတ္တာမှာ အလွန်ကြီးမြတ်ပါသည်။ ဤနေ့မှစ၍၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်မ၏ အရာအားလုံးကို ဆက်ကပ်အပ်နှံမည်ဖြစ်ပြီး သမ္မာတရားကို ရရှိဖို့ ကျွန်မ ကြိုးစားကာ အဓိပ္ပါယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ပါမည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘဝ၏ အံ့သြဖွယ် ဖြစ်ရပ်များ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို...

ရက်စက်သော ညှဉ်းပန်းနှိပ်စက်ခြင်း ကို ဖြတ်၍ အသက်ရှင်ခြင်းက ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းကို အားကောင်းစေပြီ

ကျောက်ယူရီ၊ ရှန်းစီစီရင်စု ကျွန်မ အမည်မှာ ကျောက်ယူရီဖြစ်ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၁၉၉၃ ခုနှစ်တွင် ကျွန်မ တစ်မိသားစုလုံး...

သေမင်းတံခါးဝ၌ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်တော့်ကို အထောက်အကူ ပေးခဲ့သည်

ဝမ်ချန်း၊ ဟေဘေးစီရင်စု သခင်ယေရှုခရစ်တော်၌ ယုံကြည်သူတစ်ယောက်အဖြစ် ကျွန်တော်၏ အချိန် ကာလအတွင်း၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ညှဉ်းပန်း...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။