နောင်တမရှိဘဲ ကုန်ဆုံးခဲ့သည့် လူငယ်ဘဝ

16.09.2019

ရှောင်ဝမ်၊ ချောင်ချင်းစီရင်စု

“’ချစ်ခြင်းမေတ္တာဟု ခေါ်ဆိုသည့်အရာသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော စိတ်ခံစားမှုတစ်ခု၊ ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။ ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့၊ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အရောင်းအဝယ်မရှိသကဲ့သို့၊ မဖြူစင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ”) ဤ ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မတေးသီချင်းသည် တစ်ချိန်က ကျွန်မကို ၇ နှစ်နှင့် ၄လကြာမြင့်ခဲ့သည့် ထောင်ထဲ၌ ကြာရှည်ပြီး မပြီးဆုံးနိုင်သည့်ဘဝကို ဖြတ်သန်းရန် ကူညီပေးခဲ့သည်။ တရုတ်ကွန်မြူနစ် အစိုးရက ကျွန်မ၏ ငယ်ရွယ်ခြင်း၏ အလှပဆုံးနှစ် များကို ခံစားခွင့် မပေးပဲနှင့် ပိတ်ပင်ခဲ့သော်လည်း အနန္တတန်ခိုးရှင်ဘုရားသခင်ထံမှနေ တန်ဖိုးအရှိဆုံးနှင့် စစ်မှန်သည့် သမ္မာတရားကို လက်ခံရရှိခဲ့သည်။ ထို့ကြောင့် မကျေနပ်ချက်များ သို့မဟုတ် နောင်တများ ဟူ၍ မရှိပါ။

၁၉၉၆ ၌ နောက်ဆုံးသောကာလ၌ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခြင်းနှင့် မိတ်သဟာယပြုခြင်း၌ ရှိသည့် တွေ့ဆုံပွဲများမှနေတစ်ဆင့် ဘုရားသခင်ပြောခဲ့သည့်အရာအားလုံးသည် မှန်ကန်သည် ဟု ကျွန်မသတ်မှတ်ခဲ့ပြီး၊ ဤဆိုးယုတ်သည့်လောက၏ အသိပညာနှင့် အယူအဆများ အားလုံးနှင့် လုံးဝ ခြားနားနေပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် သည် အသက်တာအတွက် အမြင့်မားဆုံး နီတိတစ်ခုဖြစ်ပါသည်။ ကျွန်မကို ပို၍ စိတ်လှုပ်ရှားစေ သည်မှာ ညီအစ်ကို မောင်နှမများဖြင့် ရိုးရိုးရှင်းရှင်း၊ ပွင့်လင်းစွာနှင့် လွတ်လပ်စွာ မည်သည့်အရာမှ မဆိုပြောဆို နိုင်ခြင်းကြောင့်ပင် ဖြစ်ပါသည်။ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံသည့်အခါ၌ ဝေဖန်ခံရခြင်းများမှနေ၊ သို့မဟုတ် လူများ၏ လှည့်စားခံရခြင်း များမှနေ၊ မိမိကိုယ်ကိုကာကွယ်ရန် ကျွန်မ အနည်းငယ်လေးမျှမလိုအပ်ခဲ့ပါ။ ကျွန်မယခင်က တစ်ခါမှ မခံစားခဲ့ဖူးသည့် စိတ်သက်သာရာရခြင်းနှင့် ပျော်ရွှင်ခြင်းကို ခံစားခဲ့ရသည်။ ကျွန်မ ဤမိသားစုကို အလွန်ပင် ကြိုက်နှစ်သက်ခဲ့သည်။ သို့သော်လည်း မကြာခင်၌သာ ဤနိုင်ငံတွင် ဘုရားသခင်ကို လူများ ယုံကြည်ရန် ခွင့်ပြုချက် မရကြောင်း၊ ခရစ်ယာန်များသည် မကြာခဏဖမ်းဆီးညှဉ်းဆဲခြင်းခံရသည်မှာလည်း ဖြစ်လေ့ရှိကြောင်းကို ကျွန်မ ကြားလိုက်ရသည်။ ဤကိစ္စက ကျွန်မကို လုံးဝ လမ်းပျောက်သွားသကဲ့သို့ ခံစားရစေသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တော်၏ နှုတ်ကပတ်တော်များက လူများကို ဘုရားသခင်ကို ကိုးကွယ်စေပြီး ဘဝ၏ မှန်ကန်သည့်လမ်းကြောင်းကို လျှောက်လှမ်း စေသောကြောင့် ဖြစ်ပါသည့်အပြင်၊ လူများကို ရိုးသားစေသည်။ လူတိုင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခဲ့လျှင် တစ်ကမ္ဘာလုံးသည် ငြိမ်းချမ်းသွားပါလိမ့်မည်။ ကျွန်မ အမှန်တကယ်ကို နားမလည်ခဲ့ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းက အဖြောင့်မတ်ဆုံး လုပ်ဆောင်ချက်တစ်ခုသာ ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ် အစိုးရက မည်သည့် အတွက်ကြောင့် ယုံကြည်သူများကို ဖမ်းလောက်သည့်အထိ ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို ဆန့်ကျင်ပြီး လိုက်ပြီး နှောင့်ယှက်လိုရပါသနည်း။ ကျွန်မက “တရုတ်ကွန်မြူနစ်က ကျွန်မတို့ကို မည်မျှပင် နှိပ်ကွပ်ပါစေ သို့မဟုတ် ပြည်သူများ၏ ထင်မြင်ချက်က မည်မျှပင်ကြီးပါစေ၊ ဤသည်မှာ ဘဝ၏ မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ကျွန်မသည် အဆုံးအထိ ဤလမ်းကို သေချာပေါက် လျှောက်သွားမည်” ဟု တွေးခဲ့ပါသည်။

နောက်ပိုင်း၌ ကျွန်မတို့ အသင်းတော်မှ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များ ဖြန့်ဝေခြင်း၌ ကျွန်မ၏ တာဝန်ကို စတင်ထမ်းရွက်ခဲ့သည်။ ဘုရားသခင်ကိုဆန့်ကျင်သည့် ဤနိုင်ငံ၌ ဤတာဝန်ကို ထမ်းဆောင်ရန်ဆိုသည်မှာ အလွန်ပင် အန္တရာယ်ရှိပြီး ကျွန်မ အချိန်မရွေးအဖမ်းခံရနိုင်ကြောင်းကို သိခဲ့သည်။ သို့သော်လည်း ဖန်ဆင်းခြင်းတစ်ခုလုံး၏ အစိတ်အပိုင်းတစ်ခုအနေနှင့် ဘုရားသခင်အတွက် အရာရာတိုင်းကို အသုံးပြုရန်နှင့် ကျွန်မ၏ တာဝန်ကိုထမ်းဆောင်ရန်မှာ ကျွန်မ၏ အမှုတော်ဖြစ်ခဲ့သည်ကိုလည်း ကျွန်မသိခဲ့ပါသည်။ ကျွန်မ ခေါင်းရှောင်၍မရသည့် တာဝန် ဝတ္တရားတစ်ခုသာဖြစ်ပါသည်။ စက်တင်ဘာ ၂၀၀၃ခုနှစ် တစ်နေ့၌ ကျွန်မ မိမိကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် ဘုရားသခင်နှင့် လက်တွဲလုပ်ကိုင်ရန် စတင်ပြုလုပ်နေတုန်း၌ပင် ညီအစ်ကို မောင်နှမတစ်ချို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များသွားပေးရင်းနှင့် လမ်း၌ မြို့၏ နိုင်ငံတော်လုံခြုံရေး အစိုးရဌာနက လူများ၏ဖမ်းဆီးခြင်းကို ခံလိုက်ရပါသည်။

နိုင်ငံတော်လုံခြုံရေး အစိုးရဌာန၌ ကျွန်မ ထပ်ခါထပ်ခါ စစ်ဆေးမေးမြန်းခံရပြီး မည်သို့တုံ့ပြန်ရမည်ဆိုသည်ကို ကျွန်မ မသိခဲ့ပါ။ ကျွန်မ၏နှလုံးသားထဲ၌ ဘုရားသခင်ကို အရေးပေါ် ငိုယိုပြီးအော်ခေါ်ခဲ့သည်။ “အိုး အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကျွန်မကို ဉာဏ်ပညာပေးတော်မူပါရန် တောင်းလျှောက်ပါသည်။ ကိုယ်တော်ကို သစ္စာမဖောက်ရန်၊ ကျွန်မပြောသင့်သည့်စကားများကို ပေးအပ်တော်မူပါ။ ကျွန်မကို ကွန်မြူနစ်ပါတီ မည်ကဲ့သို့ နှိပ်စက်ညှဉ်းပန်းပါစေ၊ ကိုယ်တော်အတွက် သက်သေခံနိုင်ရန် ကျွန်မကို ယုံကြည်ချက်နှင့် ခွန်အားပေးတော်မူပါ” ဤအချိန်ကာလများ၌ ကျွန်မ ဘုရားသခင်ကို နေ့စဉ် ငိုယိုအော်ခေါ်ခဲ့သည်။ ကျွန်မ ဘုရားသခင်ကို မစွန့်ခွာဝံ့ခဲ့ပါ။ ကျွန်မသည် ဆိုးညစ်သည့် ရဲ နှင့်ရင်ဆိုင်နိုင်ရန်အတွက် ဉာဏ်ရည်နှင့် အသိဉာဏ်ပညာတို့ကိုသာ ကျွန်မကိုပေးရန် ဘုရားသခင်ကို တောင်းလျှောက်ခဲ့သည်။ ကျွန်မ စုံစမ်းစစ်ဆေးခြင်း ခံရသည့်အချိန်တိုင်းတွင် ကျွန်မသည် မကြာခဏ ကြို့ထိုးပြီး စကားမပြောနိုင်ပါ။ ကျွန်မကို ကြည့်ရှုစောင့်ရှောက်ပြီး ကာကွယ်သည့်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ဘုရားသခင်၏ အံ့သြဖွယ်လုပ်ဆောင်မှုကို မြင်ပြီး ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာဖြင့် ချမှတ်ခဲ့သည်။ မည်သည့်အရာကိုမျှ ဆုပ်ကိုင်မထားပါနှင့်။ ၎င်းတို့ ကျွန်မ၏ ဉီးခေါင်းကိုယူနိုင်သည်။ ကျွန်မ၏ ဘဝကို ယူနိုင်သည်။ သို့သော်လည်း ယနေ့ ကျွန်မကို ဘုရားသခင်ကို သစ္စာဖောက်စေရန်ကိုမူ လုံးဝလုပ်ဆောင်ခိုင်း၍မရပါ။ ယုဒကဲ့သို့ ဘုရားသခင်ကို သစ္စာဖောက်မည့်အစား ကျွန်မ၏ ဘဝကိုသာ စွန့်မည်ဟု ကျွန်မ စိတ်ပိုင်းဖြတ်လိုက်သည့်အခါ ဘုရားသခင်က ကျွန်မကို ဘက်ပေါင်းစုံမှနေ “ရှေ့ဆက်လုပ်ဆောင်” စေတော်မူခဲ့သည်။ ကျွန်မကို စစ်ဆေးမေးမြန်း သည့်အချိန်တိုင်း၌ ဘုရားသခင်က ကျွန်မကို ကာကွယ်ပေးပြီး ခက်ခဲကြမ်းတမ်းသည့် အတွေ့အကြုံကို ငြိမ်သက်စွာနှင့် ဖြတ်သန်းနိုင်သည့် အခွင့်ကိုပေးသည်။ ကျွန်မက မည်သည့်အရာမျှ မပြောခဲ့သည့်တိုင်အောင် တရုတ်ကွန်မြူနစ် အစိုးရက ကျွန်မကို “ဥပဒေအကောင်အထည်ဖော်ရေးကို ဖျက်ဆီးရန် အစွန်းရောက်ဝါဒ အဖွဲ့အစည်းကို အသုံးပြုခြင်း” နှင့် စွဲချက်တင်ပြီး ၉ နှစ် အကျဉ်းကျရန် အပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ တရားရုံး၏ အမိန့်ချမှတ်မှုကို ကျွန်မကြားသည့်အခါတွင် ဘုရားသခင် ကာကွယ်မှု၏ ကျေးဇူးကြောင့် ကျွန်မ ဝမ်းမနည်းခဲ့ပါသည့်အပြင် ၎င်းတို့ကိုလည်း ကျွန်မ မကြောက်ခဲ့ပါ။ ၎င်းတို့ကို အထင်သေးခဲ့သည်။ ထိုလူများက စီရင်ချက်ကိုချမှတ်နေချိန်၌ ကျွန်မ အသံခပ်တိုးတိုးနှင့် ပြောလိုက်သည်မှာ “ဒါသည် တရုတ်ကွန်မြူနစ် အစိုးရက ဘုရားသခင်ကို ဆန့်ကျင်နေတယ်ဆိုတဲ့ သက်သေအထောက်အထားပဲ” ဟု ဖြစ်ပါသည်။ နောက်ပိုင်း၌ ပြည်သူ့လုံခြုံရေးအရာရှိများက ကျွန်မ၏ သဘောထား မည်သို့ ရှိသည်ကို စောင့်ကြည့်ရန်သက်သက်နှင့် လာခဲ့သည်။ ကျွန်မ ၎င်းတို့ကို တည်ငြိမ်စွာနှင့် ပြောလိုက်သည်။ “ကိုးနှစ်ဆိုတာ ဘာလုပ်မှာလဲ။ ကျွန်မ လွတ်မယ့်အချိန်ရောက်ရင် ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အသင်းတော်ဝင်ဖြစ်နေဦးမှာပဲ။ ရှင်တို့ မယုံရင် စောင့်သာကြည့်ပေါ့။ ဒါပေမယ့် ဒီအမှုက တစ်ချိန်တုန်းက ရှင်တို့လက်ထဲမှာရှိခဲ့တယ် ဆိုတာကို သတိရဖို့လိုတယ်” ကျွန်မ၏ သဘောထားက ၎င်းတို့ကို အလွန်ပင် အံ့သြသွားစေခဲ့သည်။ ၎င်းတို့၏လက်မကိုထောင်ပြီးတော့ ထပ်ခါထပ်ခါပြောခဲ့သည်။ “ဘယ်လောက် လေးစားဖို့ ကောင်းလိုက်လဲ။ ဘယ်လောက်လေးစားဖို့ ကောင်းလိုက်လဲ။ သည်။ မင်းက အစ်မကျင်းထက်ပိုပြီး တော့တောင် အစ်မကျင်းပိုဆန်နေတာကို။ မင်းထွက်လာသည့်အခါကျရင် ငါတို့နောက်တစ်ခေါက် ဆုံကြပြီးတော့ မင်းကိုလည်း ဖိတ်မယ်” ဟု ဖြစ်ပါသည်။ ထိုအချိန်၌ ဘုရားသခင်က ဘုန်းတော်ထင်ရှားခဲ့သည်ကို ကျွန်မခံစားရပြီး ကျွန်မ၏နှလုံးသားကိုကျေနပ်စေခဲ့သည်။ ကျွန်မ ပြစ်ဒဏ်ချမှတ်ခံရသည့် နှစ်တွင် ကျွန်မသည် အသက် သုံးဆယ့်တစ်နှစ်သာ ရှိသေးသည်။

တရုတ်နိုင်ငံ၏ ထောင်များက ကမ္ဘာ၌ရှိသည့် ငရဲသာဖြစ်ပြီး ရှည်ကြာလှသည့် ထောင်တွင်းဘဝက ဘုရားသခင်၏ ရန်သူဖြစ်လာသည့် စာတန်၏ လူမဆန်မှုနှင့် ၎င်း၏ ဆိုးယုတ်သည့် အနှစ်သာရကို ကျွန်မကို သေချာစွာ မြင်စေခဲ့သည်။ တရုတ်နိုင်ငံ၏ ရဲများသည် ဥပဒေစည်းမျဉ်းကို မလိုက်နာသော်လည်း မကောင်းမှု စည်းမျဉ်းများကိုမူ လိုက်နာလိုသည်။ ထောင်၌ ရဲများသည် ထောင်သားများကို ၎င်းတို့ကိုယ်တိုင် မကိုင်တွယ်ပါ။ တခြားထောင်သားများကို စီမံခန့်ခွဲရန် အကြမ်းဖက်ရန် ထောင်သား များကို တိုက်တွန်းဖိအားပေးသည်။ ဆိုးယုတ်သည့်ရဲက လူများ၏ အတွေးများကို ကန့်သတ်ရန် နည်းလမ်းပေါင်းစုံကို အသုံးပြုသည်။ ဥပမာ၊ ဝင်လာသည့်လူတိုင်းက အထူးနံပါတ်နှင့် ထောင်ဝတ်စုံဆင်တူကို ဝင်ဆင်ရမည်။ ထောင်၏လိုအပ်ချက်အရ ၎င်းတို့၏ဆံပင်များကို ဖြတ်ပစ်ရမည်။ ထောင်မှ လက်ခံတည်ပြုသည့် ဖိနပ်ကို ၎င်းတို့ဝတ်ဆင်ရမည်။ ထောင်က ၎င်းတို့ကို ခွင့်ပြုထားသည့် လမ်းကြောင်း၌သာ ၎င်းတို့ လျှောက်ရမည်။ ထောင်မှနေ ၎င်းတို့ကိုခွင့်ပြုထားသည့် လမ်းလျှောက်နှုန်းနှင့် လျှောက်ရမည်။ နွေဦးရာသီဖြစ်စေ၊ နွေရာသီဖြစ်စေ၊ ဆောင်းဦးရာသီ သို့မဟုတ် ဆောင်းရာသီဖြစ်စေ၊ မိုးရွာသည် သို့မဟုတ် နေပူသည်ဖြစ်စေ၊ အလွန်အမင်းကို အေးသည့်နေ့ဖြစ်စေ၊ အကျဉ်းသားအားလုံးက တခြားရွေးချယ်စရာမရှိဘဲ အမိန့်ပေးသည့် အတိုင်း လုပ်ရသည်။ နေ့စဉ် ကျွန်မတို့သည် နာမည်ခေါ်ရန် အနည်းဆုံး ၁၅ ကြိမ် နှင့် တရုတ်ကွန်မြူနစ်အစိုးရကို အနည်းဆုံး ငါးကြိမ် ချီးမွမ်းသီချင်းဆိုရန် အတွက် တန်းစီရန်လိုအပ်ပါသည်။ ကျွန်မတို့ နိုင်ငံရေး အလုပ်များကိုလည်း လုပ်ရသည်။ ၎င်းတို့မှာ ၎င်းတို့က ကျွန်မတို့ကို ထောင်ဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာခိုင်းသည်။ ၆လတိုင်း၌ စာမေးပွဲတစ်ခါ ဖြေခိုင်းသည်။ ၎င်းတို့ကို လုပ်ဆောင်ခိုင်း ရခြင်း၏ ရည်ရွယ်ချက်က ကျွန်မတို့ကို အယူအဆတွေ ရိုက်သွင်းရန်သာဖြစ်ပါသည်။ ၎င်းတို့သည် စည်းမျဉ်းများနှင့် ထောင်စည်းကမ်းများနှင့် ပတ်သက်သည့် ကျွန်မတို့၏ ဗဟုသုတကို စစ်လိုသည့်အချိန်၌ စစ်သေးသည်။ ထောင်ရဲက ကျွန်မတို့ကို စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းရုံသာမကဘဲ လုံးဝလူမဆန်ခြင်းများနှင့် ရုပ်ပိုင်းဆိုင်ရာကိုပါ ဖျက်ဆီးပါသည်။ လူအားနှင့်လုပ်ရသည့်အလုပ်များကိုလုပ်ရင်း စက်ရုံကျဉ်းကျဉ်းလေးတစ်ခု၌ ရာချီနေသည့် လူများနှင့် ပြွတ်သိပ်နေရင်း တစ်ရက်ကို ဆယ်နာရီကျော် အလုပ်ကြမ်းလုပ်ခဲ့ရသည်။ နေရာကျဉ်းကျဉ်းလေး၌ လူများစွာရှိနေ ခြင်းကြောင့်၊ နေရာတိုင်း၌ စက်များ၏ ကျယ်လောင်သည့်ဆူညံသံကြောင့် လူတစ်ယောက်က မည်မျှပင် ကျန်းမာရေးကောင်းနေ ပါစေ ထိုနေရာ၌ အချိန်ကြာကြာနေပါက ၎င်းတို့၏ကိုယ်ခန္ဓာများက အလွန်ကို အားနည်းလာကြသည့် ဆင်းရဲဒုက္ခကို ခံစားရသည်။ ကျွန်မ၏နောက်၌ နဖားပေါက် ဖောက်သည့်စက်ရှိပြီး နေ့တိုင်းမရပ်မနားနှင့် နဖားပေါက်များ ဖောက်သည်။ ထိုစက်မှထွက်သည့် ကျယ်လောင်လှသည့် အသံက မခံမရပ် နိုင်လောက်အောင်ဖြစ်ပြီး နှစ်အနည်းငယ် ကြာပြီးနောက်၌ ကျွန်မ တော်တော်ကို နားလေးသွားခဲ့သည်။ ဤနေ့ထိပင် ကျွန်မ ပြန်ကောင်းမလာပါ။ လူများကို ပို၍ပင် ဘေးဖြစ်စေသည်မှာ စက်ရုံထဲက ဖုန်မှုန့်များနှင့် ညစ်ညမ်းမှုများဖြစ်ပါသည်။ စမ်းသပ်စစ်ဆေးပြီးနောက်၌ လူအများစုက အဆုတ်နာ ရောဂါနှင့် လည်ချောင်းနာရောဂါဖြစ်နေသည်ကို တွေ့ရသည်။ ထို့အပြင် လူအားနှင့် လုပ်ရသည့် အလုပ်များကို လုပ်ကိုင်ရင်း ထိုနေရာ၌ အကြာကြီးထိုင်နေရပြီး လှုပ်ရှားသွားလာရန် မဖြစ်နိုင်သောကြောင့် လူအများစုက လိပ်ခေါင်းရောဂါများရကြသည်။ တရုတ်ကွန်မြူနစ်အစိုးရသည် ထောင်သားများကို ပိုက်ဆံရရန်အတွက်သုံးသည့် စက်များကဲ့သို့ဆက်ဆံခဲ့သည်။ လူတစ်ယောက်အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ၎င်းတို့အနည်းငယ်ပင် အရေးမစိုက်ကြပါ။ လူများကို မနက်စောစောမှနေ ညမိုးချုပ်သည့်အထိ အလုပ်လုပ်ခိုင်းသည်။ ကျွန်မက ခဏခဏ မောပန်းလာပြီး ရုပ်ပိုင်းဆိုင်ရာအားဖြင့် ကျွန်မ ဆက်ပြီးမလုပ်နိုင်ခဲ့ပါ။ ဤအရာများသာ မဟုတ်သေးပါ။ ကျွန်မ၏ အပတ်စဉ် နိုင်ငံရေး အလုပ်များ၊ လူအားနှင့်လုပ်ရသည့် အလုပ်များနှင့် ပြည်သူရေးရာ တာဝန်များ စသည့်အရာများအတွက် အစီအစဉ်တကျမဟုတ်သည့် စာမေးပွဲ ပေါင်းစုံကိုလည်း ရင်ဆိုင်ရသည်။ ထို့ကြောင့် နေ့စဉ် ကျွန်မသည် အလွန်စိုးရိမ်ပူပန်သည့် စိတ်အခြေအနေတွင် ရှိနေခဲ့ပါသည်။ ကျွန်မ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အမြဲတမ်း ဆွဲဆန့်ခြင်းခံနေရသည်။ ကျွန်မ နည်းနည်းလေးမျှ မစဉ်းစားသာနေလိုက်လျှင်ပင် ကျွန်မ လိုက်၍မမှီဖြစ်လာသောကြောင့် ထောင်ရဲက ကျွန်မကို ဒဏ်ခတ်မည်ကို အရမ်းကို စိုးရိမ်ခဲ့သည်။ ဤကဲ့သို့ပတ်ဝန်းကျင်မျိုး၌ နေ့တစ်နေ့ကို ဘေးကင်းစွာနှင့် ကောင်းစွာ ဖြတ်သန်းရန်က လွယ်ကူသည့်အလုပ်မဟုတ်ပါ။

ကျွန်မအပြစ်ဒဏ်ကို စပြီး ခံယူသည့်အချိန်တုန်းက ထောင်ရဲမှနေ ဖျက်ဆီး နေသည့် ဤကဲ့သို့ ရက်စက်မှုမျိုးကို ကျွန်မ မကိုင်တွယ်နိုင်ခဲ့ပါ။ လူအားနှင့်လုပ်ရသည့် ပြင်းထန်သည့်အလုပ်များနှင့် နိုင်ငံရေးဖိအားများက အသက်ရှုရန်ပင်ခက်ခဲလှသည်။ ထောင်သားများနှင့် ဆက်ဆံရေးပေါင်းစုံကြုံတွေ့ရသည်က ရှိပါသေးသည်။ ဆိုးယုတ်သည့် ထောင်ရဲ နှင့် ထောင်သားတွေ၏ ရက်စက်မှုနှင့် စော်ကားမှုများကိုလည်း ကျွန်မ တောင့်ခံခဲ့ရပါသည်။ ကျွန်မ မကြာခဏ ညှဉ်းပန်းနှိပ်စက်ခံရပြီး ခက်ခဲသည့်အခြေအနေ များနှင့် ကြုံရသည်။ ကျွန်မ မကြာခဏသာ စိတ်ပျက်အားငယ်ခြင်းများဖြစ်ရသည်။ အထူးသဖြင့် ကျွန်မ၏ ကိုးနှစ်တာ စီရင်ချက်အတွက် အချိန်ကို တွေးမိတိုင်းပင် ဖြစ်ပါသည်။ အထီးကျန်သည့် အကူအညီမဲ့ခြင်းများကို ကျွန်မခံစားရပြီး ကျွန်မ အကြိမ်ရေမည်မျှ ငိုခဲ့ရသည်ကို မသိတော့ပါ။ ကျွန်မရရှိနေသည့် နာကျင်မှုများမှနေ လွတ်မြောက်အောင် မိမိကိုယ်ကို သတ်သေရန် စဉ်းစားသည့်အထိ ငိုခဲ့ရပါသည်။ ကျွန်မ အလွန်ကိုဝမ်းနည်းပြီး မိမိကိုယ်ကို အားမတင်းနိုင်တော့သည့်အခါတိုင်း၌ ကျွန်မ ဘုရားသခင်ကို ကျွန်မအား ဉာဏ်အလင်းပေးပါရန်နှင့် လမ်းညွှန်ပါရန် အလောတကြီးနှင့် ဆုတောင်းပြီး ငိုယိုအော်ခေါ်ခဲ့သည်- “သင်သည် အသက်မသေဆုံးနိုင်သေးပေ။ သင်သည် သင်၏လက်သီးများဆုပ်ကာ ဆုံးဖြတ်ချက်ခိုင်မာစွာ ဆက်လက်၍ အသက်ရှင်ရမည်၊ သင်သည် ဘုရားသခင်အတွက်အသက်တာဖြင့် အသက်ရှင်ရမည်။ လူတို့အထဲ၌ သမ္မာတရား ရှိသည့်အခါ ၎င်းတို့၌ ဤဆုံးဖြတ်ချက် ရှိကြပြီး နောက်ထပ် မည်သည့်အခါမျှ သေဆုံးရန် အလိုမရှိကြပေ၊ သေခြင်းသည် သင့်ကို ခြိမ်းခြောက်သည့်အခါ သင်သည် ‘အို ဘုရားသခင်၊ အကျွန်ုပ် မသေလိုပါ၊ ကိုယ်တော့်ကို ကျွန်ုပ် မသိသေးပါ။ ကိုယ်တော်၏ ချစ်ခြင်းကို ကျွန်ုပ် မပေးဆပ်ရသေးပါ။ ကိုယ်တော့်ကို ကောင်းစွာ သိလာပြီးနောက်မှ ကျွန်ုပ် သေဆုံးရမည်’ ဟု ဆိုလိမ့်မည်။...သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်ဘဲ၊ သင်၏ဝေဒနာခံစားမှုအပေါ်တွင်သာ ပြန်လှန်စဉ်းစားနေပါက၊ ယင်းအကြောင်းကို သင်ပိုတွေးလေလေ၊ စိတ်သောကရောက်လေလေဖြစ်လိမ့်မည်၊ ထိုသို့ဆိုလျှင် သင်ဒုက္ခရောက်လိမ့်မည်ဖြစ်ပြီး သေခြင်းတရား၏ ညှဉ်းပန်းမှုဒဏ်ကို စတင်ခံစားရမည်ဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရားကို နားလည်ပါက၊ ‘ကျွန်ုပ် သမ္မာတရားကို မရသေးပါ။ ကျွန်ုပ်သည် ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် မှန်ကန်စွာ အသုံးတော်ခံရမည်။ ဘုရားသခင်အကြောင်း အကျွန်ုပ် ကောင်းစွာ သက်သေခံရမည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပေးဆပ်ရမည်။ ယင်းနောက်တွင် ကျွန်ုပ် မည်ကဲ့သို့သေဆုံးခြင်းမှာ အကြောင်းမဟုတ်ပါ။ ထိုအခါ ကျွန်ုပ်သည် ကျေနပ်ဖွယ်ရာ အသက်တာတစ်ခုကို အသက်ရှင်ခဲ့ပြီး ဖြစ်လိမ့်မည်။ အခြားမည်သူများ သေဆုံးသည်ဖြစ်စေ ကျွန်ုပ် ယခု မသေပေ၊ ကျွန်ုပ်သည် ကျားကုတ်ကျားခဲ ဆက်လက် အသက်ရှင်ရမည်’ ဟု ဆိုလိမ့်မည်ဖြစ်သည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ အထီးကျန်သည့် နှလုံးသားကို နှစ်သိမ့်ပေးနေသည့် ကျွန်မ အမေ၏ နူးညံ့ပျော့ပြောင်းသည့် မြင်ကွင်းကဲ့သို့ပင် ဖြစ်ပါသည်။ ကျွန်မမျက်နှာက မျက်ရည်များကို လက်နှစ်ဖက်နှင့် ညင်ညင်သာသာ နွေးနွေးထွေးထွေး သုတ်ပေးနေသည့် ကျွန်မ၏ အဖေကဲ့သို့ပင် ဖြစ်ပါသည်။ ချက်ချင်းဆိုသကဲ့သို့ နွေးထွေးသည့် စွမ်းအားစီးကြောင်းတစ်ခုက ကျွန်မ၏ နှလုံးသားကို ဖြတ်သွားသည်။ ကျွန်မသည် မှောင်မိုက်သည့် ထောင်ထဲ၌ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခခံစားနေရသော်လည်း မိမိကိုယ်ကို သတ်သေရန် ကြိုးစားခြင်းက ဘုရားသခင်၏ အလိုတော်မဟုတ်ပါ။ ကျွန်မ ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်တော့သကဲ့သို့ စာတန်၏ လှောင်ရယ်ဖွယ်ရာတစ်ခု အဖြစ်လည်း ခံရမည်ဖြစ်ပါသည်။ ကိုးနှစ်အပြီး၌ ဤစာတန်နတ်ဆိုးကဲ့သို့အကျဉ်းထောင်မှနေ အသက်ရှင်လျက် ထွက်လာနိုင်ပါက ကျွန်မသည် သက်သေခံချက်တစ်ခု ဖြစ်လာလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ က ကျွန်မဘဝကို ရှေ့ဆက်ရန် သတ္တိများကိုပေးပြီး ကျွန်မ၏ နှလုံးသားထဲ၌ စိတ်ပိုင်းဖြတ်ချက်တစ်ခု ချခဲ့သည်။ ကျွန်မရှေ့၌ မည်သို့အခက်အခဲများသာ ရှိနေပါစေ ကျွန်မ လုံ့လရှိရှိနှင့် ဆက်ပြီး အသက်ရှင်နေထိုင်သွားမည်။ ကျွန်မ သတ္တိရှိစွာ၊ စိတ်ဓါတ်ခိုင်မာစွာနှင့် ရှင်သန်ပြီး ဘုရားသခင်ကျေနပ်စေရန်အတွက် သေချာပေါက် သက်သေခံမည်။

တစ်နှစ်ပြီးတစ်နှစ် များပြားလှသည့်အလုပ်များက ကျွန်မ၏ ကိုယ်ခန္ဓာကို တဖြည်းဖြည်းနှင့် အားနည်းလာစေသည်။ စက်ရုံထဲ၌ အချိန်အကြာကြီး ထိုင်ရပြီးနောက်၌ ကျွန်မ ချွေးများ အရမ်းထွက်လာပြီး ကျွန်မ၏ လိပ်ခေါင်းရောဂါက ပြင်းထန်လာ သည့်အခါ၌ သွေးထွက်လာပါသည်။ ကျွန်မ၏ သွေးအားနည်းရောဂါကြောင့် ကျွန်မ မကြာခဏသာ ခေါင်းမူးခဲ့သည်။ သို့သော်လည်း ထောင်၌ ဆရာဝန်နှင့်တွေ့ရန်က လွယ်ကူသည့်အလုပ်မဟုတ်ပါ။ ထောင်ရဲများက ပျော်နေပါက ကျွန်မကို ဈေးပေါစွာဖြင့် ဆေးတစ်ချို့ကိုပေးသည်။ ၎င်းတို့က ပျော်ရွှင်မနေပါက ကျွန်မသည် အလုပ်မလုပ်ရအောင် နေမကောင်းချင်ယောင်ဆောင်ခြင်း ဖြစ်သည်ဟု ပြောတတ်သည်။ ဤဖျားနာခြင်း၏ ညှဉ်းပန်းမှုကို ကျွန်မတောင့်ခံပြီး မျက်ရည်များကို မျိုသိပ်ခဲ့ရပါသည်။ တစ်နေ့လုံး အလုပ်လုပ်အပြီး၌ ကျွန်မ လုံးဝ အားအင်ကုန်ဆုံးသွားပါသည်။ ကျွန်မ၏ မောပန်းနေသည့် ကိုယ်ခန္ဓာကို ထောင်အခန်းဆီသို့ တရွတ်တိုက်လျှောက်လာပြီး အနားယူလိုသော်လည်း နှစ်ခြိုက်စွာ အိပ်မောကျရန် ကျွန်မ၌ အခွင့်မရှိပါ။ ထောင်ရဲက တစ်ခုခုခိုင်းရန် ညသန်းခေါင်ကြီး၌ ကျွန်မကို ခေါ်သည်ဖြစ်စေ၊ ဒါမှမဟုတ် ထောင်ရဲများပြုလုပ်သည့် ကျယ်လောင်လှသည့် ဆူညံသံကြောင့်ဖြစ်စေ ကျွန်မ နှိုးထလာတတ်သည်။ ကျွန်မသည် ၎င်းတို့၏ဆော့ကစားခြင်းကို မကြာခဏခံရပြီး ပြောပြ၍မရလောက်အောင် ဒုက္ခခံစားရ ပါသည်။ ထို့အပြင် ထောင်ရဲ၏ လူမဆန်သည့် ဆက်ဆံမှုများကို တောင့်ခံရပါသည်။ ကျွန်မက ကြမ်းပြင်ပေါ်၌ ဒါမှမဟုတ် စင်္ကြန်လမ်းပေါ်၌ ဒါမှမဟုတ် အိမ်သာဘေး၌ပင် အိပ်နေသည့် ဒုက္ခသည်ကဲ့သို့ပင် ဖြစ်ခဲ့ပါသည်။ ကျွန်မ လျှော်ဖွပ်သည့် အဝတ်များက မခြောက်သည့်အပြင်၊ အခြားထောင်သားများနှင့် ကျဉ်းကျပ်စွာနေခြင်းဖြင့်သာ အဝတ်များ ခြောက်စေခဲ့ရပါသည်။ ဆောင်းရာသီ၌ အဝတ်လျှော်ရသည်က အလွန်ပင် စိတ်ညစ်စရာကောင်းသည်။ နောက်ပြီး အဝတ်စိုများကို အကြာကြီးဝတ်ကြရသည်ကြောင့် လူများစွာတို့ အဆစ်ရောင် ရောဂါများဖြစ်ကြသည်။ ထောင်ထဲ၌ဆိုပါက ကျန်းမာနေသည့်လူများအနေဖြင့် ထုံထိုင်း နှေးကွေးလာရန်၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်း သို့မဟုတ် ရောဂါများဖြစ်လာရန် အချိန်သိပ်မကြာပါ။ ရာသီစာမဟုတ်သည့် အချိန်ကြာပြီး ခြောက်သွေ့နေသည့် ဟင်းရွက်များကို ကျွန်မတို့ မကြာခဏစားခဲ့ရသည်။ သင့်အနေဖြင့် ပိုကောင်းသည့်အရာကို စားလိုပါက ထောင်မှနေ ဈေးကြီးသည့် အစားအစာများကို ဝယ်ရပါသည်။ ထောင်၌ လူများကို ဥပဒေလေ့လာခိုင်းသော်လည်း ဤနေရာ၌ ဥပဒေမရှိပါ။ ထောင်ရဲက ဥပဒေဖြစ်ပြီး တစ်စုံတစ်ယောက်က ၎င်းတို့ကို စိတ်ဆိုးအောင်လုပ်မိပါက၊ ၎င်းတို့က သင့်ကို အပြစ်ပေးရန် အကြောင်းပြချက်တစ်ခုကို ရှာနိုင်ပါသည်။ မည်သည့်အကြောင်းပြချက်မှ မရှိဘဲနှင့်ပင် ၎င်းတို့က သင့်ကို အပြစ်ဒဏ်ပေး နိုင်သည့်အထိပင် ဖြစ်ပါသည်။ ပို၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်မှာ ၎င်းတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူများကို နိုင်ငံရေးရာဇဝတ်သားအနေ နှင့် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန်မတို့၏ ပြစ်မှုများက လူသတ်မှုနှင့် မီးရှို့မှုထက်ပင် ပြင်းထန်သည်ဟုပြောကြသည်။ ထို့ကြောင့် အထူးသဖြင့် ကျွန်မကို ၎င်းတို့ မုန်းတီးပြီး တင်းကြပ်စွာ ထိန်းချုပ်ကြခဲ့သည့်အပြင် ကျွန်မကို အပြင်းထန်ဆုံး ညှဉ်းပန်းနှိပ်စက်ခဲ့ ကြသည်။ ဤကဲ့သို့ဆိုးယုတ်သည့်အပြုအမူသည် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ကောက်ကျစ်သည့် အပြုအမူဖြစ်ကြောင်း ခိုင်မာသည့် သက်သေဖြစ်ပြီး ကောင်းကင်ဘုံကို ဆန့်ကျင်ပြီးလျှင် ဘုရားသခင်ကို ရန်ပြုခြင်းသာဖြစ်ပါသည်။ ထောင်၏ ရက်စက်သည့် နှိပ်စက်မှုကို ခံယူရင်း ကျွန်မ၏နှလုံးသားသည် မကြာခဏဆိုသကဲ့သို့ပင် ဖြောင့်မတ်သည့် နာကြည်းချက်များ ပြည့်နေပါသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းက မည်သည့် ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ပါသနည်း။ ဘုရားသခင် နောက်ကိုလိုက်ပြီး အသက်တာ၏ မှန်ကန်သည့်လမ်းကြောင်းကို လျှောက်လှမ်းခြင်းက မည်သည့် ပြစ်မှုဖြစ်ပါသနည်း။ လူများသည် ဘုရားသခင်၏လက်အားဖြင့် ဖန်ဆင်းခြင်း ခံရပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးတို့၏ နိယာမဥပဒေဖြစ်သည်။ တရုတ်ကွန်မြူနစ် အစိုးရက ၎င်းကို ကြမ်းတမ်းစွာ ပိတ်ပင်တားဆီးပြီး နှောင့်ယှက်ခြင်းက မည်သည့်ကြောင်းပြချက် ရှိသနည်း။ ဤသည်မှာ ၎င်း၏ ဖောက်ပြန်သည့် အပြုအမှုဖြစ်ပြီး ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းသာဖြစ်သည်မှာ ရှင်းလှပါသည်။။ ဘက်ပေါင်းစုံမှ ဘုရားသခင်ကို ဆန့်ကျင်သည့် အနေအထားမျိုးတွင် ၎င်းကို၎င်း ထားရှိသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ယုံကြည်သူများကို ဖောက်ပြန်ရေးဝါဒတံဆိပ်တပ်ပြီး ကျွန်မတို့ကို ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်ပြီးလျှင်၊ ဖျက်ဆီးပစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ယုံကြည်သူအားလုံးကို တစ်ချက်တည်းနှင့် နှိမ်နင်းပစ်ရန် ကြိုးစားသည်။ ဤသည်မှာ အနက်ကို အဖြူအဖြစ်ပြောင်းပြီး သေသေချာချာကို ဖောက်ပြန်ရေးဝါဒ ကျင့်သုံးနေခြင်း မဟုတ်ပါလား။ ကောင်းကင်ဘုံကို ထိတ်ထိတ်ပျာပျာနှင့် ဆန့်ကျင်ပြီး ဘုရားသခင်ကို ရန်လိုနေသည်။ နောက်ဆုံး၌ ဘုရားသခင်၏ ဖြောင့်မတ်သည့် အပြစ်ဒဏ်ခတ်ခြင်းကို ခံစားရမည်။ ဖောက်ပြန်ပျက်စီးမှု ရှိသည့်နေရာတိုင်း၌ တရားစီရင်မှုရှိရမည်။ အပြစ်ရှိသည့်နေရာတိုင်း၌ ပြစ်ဒဏ်ခတ်ခြင်းရှိရမည်။ ၎င်းသည် ဘုရားသခင်၏ ကြိုတင်သတ်မှတ်ပြီးဖြစ်သည့် ကောင်းကင်ဘုံ၏တရားတော်ဖြစ်ပြီး မည်သူမှ ၎င်းကို မလွတ်မြောက်နိုင်ပါ။ တရုတ်ကွန်မြူနစ် အစိုးရ၏ ဆိုးယုတ်သည့်ပြစ်မှုများက မိုးအထိတက်သွားပြီးလျှင် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ၎င်းတို့ခံစားရမည်။ ဘုရားသခင်မိန့်တော်မူခဲ့သည့်အတိုင်း “ဘုရားသခင်သည် ကြာမြင့်စွာကတည်းက ဤအမှောင် လူမှုအဖွဲ့အစည်းကို သူ၏ အရိုးများထိတိုင် စက်ဆုပ်ရွံရှာပြီး ဖြစ်သည်။ ဘုရားသခင်သည် အံသွားခဲကြိတ်သည်၊ ဤဆိုးယုတ်သည့် အလွန်ယုတ်မာသော မြွေအိုအနေဖြင့် တစ်ဖန် လုံးဝ မထကြွဖို့ရန်နှင့် လူသားကို တစ်ဖန် လုံးဝ မနှိပ်စက်ရန်အလို့ငှာ၊ ယင်းအပေါ် သူ၏ ခြေများကိုချဖို့ စိတ်ထက်သန်လေသည်။ ဘုရားသခင်သည် ယင်း၏ အတိတ်က လုပ်ရပ်များကို ခွင့်လွှတ်မည်မဟုတ်၊ လူသားအား ၎င်း၏ လှည့်ဖြားမှုကို သည်းခံလိမ့်မည် မဟုတ်သကဲ့သို့၊ ခေတ်ကာလများ တစ်လျှောက် ၎င်း၏ အပြစ် တစ်ခုစီတိုင်းအတွက် ဆပ်ပေးစေလိမ့်မည်။ ဘုရားသခင်သည် ဆိုးညစ်မှုအားလုံး၏ ဤခေါင်သူကြီးအား စိုးစဉ်းမျှ အသက်ရှူချောင်ခွင့် ပေးလိမ့်မည်မဟုတ်၊ သူသည် ၎င်းကို လုံးလုံးလျားလျား ဖျက်ဆီးလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈))

ဤဆိုးဝါးသည့် ထောင်ထဲ၌ ဤဆိုးယုတ်သည့်ရဲများ၏ မျက်လုံးထဲ၌ ကျွန်မက ခွေးလေခွေးလွင့်ထက် နှိမ့်ကျခဲ့သည်။ ၎င်းတို့က ကျွန်မကို ရိုက်ရုံ၊ ဆူပူကြိမ်းမောင်း ရုံမျှသာမက မကြာခဏ ရုတ်တရက်ဝင်လာပြီး ကျွန်မ၏ အိပ်ယာနှင့် ကိုယ်ပိုင်ပစ္စည်းများကို ရှုပ်ပွအောင် လျှောက်လွှင့်ပစ်သည်။ ထို့အပြင် အပြင်လောက၌ ဆူပူအုံကြွမှုများ ဖြစ်တိုင်း ထောင်ထဲမှ နိုင်ငံရေးကိစ္စများနှင့် ပတ်သက်သည့် အကြီးအကဲဖြစ်သူများက ကျွန်မကိုရှာပြီး ဤဖြစ်ရပ်များအပေါ် ကျွန်မ၏ အမြင်များကို တရစပ်မေးခွန်းထုတ်ကာ အဖြေကို သဘောမကျပါက ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းပေါ်ကို ကျွန်မ လျှောက်ခဲ့ရခြင်းအကြောင်းအရင်းနှင့် ပတ်သက်ပြီး ကျွန်မကို အမြဲတမ်း တိုက်ခိုက်ခဲ့ပါသည်။ ဤကဲ့သို့မေးခွန်းမေးခြင်းများနှင့် ကျွန်မ ရင်ဆိုင်ရချိန်တိုင်း၌ ကျွန်မသည် ကြောက်ရွံ့မှုကြောင့် လည်ပင်းတွင်ဆို့နင့်လာခဲ့သည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်မအတွက် ၎င်းတို့စိတ်ထဲ၌ မည်သို့သော ဆိုးဝါးသည့် အကြံအစည်များရှိကြောင်းကို ကျွန်မ မသိသောကြောင့် ဖြစ်ပါသည်။ ကျွန်မ၏ နှလုံးသားသည် ဘုရားသခင်ကို အမြဲတမ်း အရေးပေါ် ဆုတောင်းပြီး ဤဘေးဒုက္ခကို ကျော်ဖြတ်ရန် အကူအညီနှင့် လမ်းညွှန်ပြသမှုအတွက် ငိုယိုတောင်းဆိုခဲ့သည်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်၊ အကြမ်းဖက်နှိပ်စက်မှု၊ အမြတ်ထုတ်မှုနှင့် ဖိနှိပ်မှုများက ကျွန်မကို ပြောပြ၍မရနိုင်သည့် ခံစားမှုများနှင့် နှိပ်စက်ညှဉ်းပန်းခဲ့သည်။ နေ့စဉ် ကျွန်မသည် လူအားနှင့် လုပ်ရသည့်အလုပ်များနှင့် ပျင်းစရာကောင်းပြီး ရှည်လျားသည့် နိုင်ငံရေးဆိုင်ရာ ဝတ္တရားများနှင့် ပြည့်နေပြီး ကျွန်မ၏ နေမကောင်းသည့်ဒဏ်၏ နှိပ်စက်ခြင်းကိုလည်းခံရသည်။ အဆိုးဆုံးအခြေအနေမှာ ကျွန်မ စိတ်ကျရောဂါ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းသည် ကျွန်မကို လုံးဝ မခံနိုင်တော့သည့်အပြင် တစ်ဖက်စွန်းကို ရောက်ရှိစေခဲ့ပါသည်။ အထူးသဖြင့် လူလတ်ပိုင်း အရွယ် အမျိုးသမီး အကျဉ်းသူတစ်ယောက်သည် ဆိုးယုတ်သည့် ရဲများ၏ လူမဆန်သည့် နှိပ်စက်မှုကို မခံနိုင်ခြင်းကြောင့် ညသန်းခေါင်ယံအချိန်၌ သူ့ကိုယ်သူ ဆွဲကြိုးချ သေသွားခြင်းကို ပြတင်းပေါက်မှတစ်ဆင့် ကျွန်မ မြင်ရသည့်အချိန်နှင့်၊ နောက်ထပ် အသက်ပိုကြီးသည့် အမျိုးသမီးတစ်ယောက်က ၎င်း၏ဖျားနာခြင်းကို ကုသမှု နှောင့်နှေး သည့် အတွက်ကြောင့် သေဆုံးသွားခြင်းကို မြင်ရသည့်အချိန်တို့၌ ကြောက်မက်ဖွယ် ကောင်းသည့် အသက်ရှု၍မရသည့် ရေလက်ကြားထဲကို ကျွန်မ နောက်တစ်ခါ ထပ်နှစ်မြုပ်သွားပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရန် စတင် စဉ်းစားခဲ့ပါသည်။ သေခြင်းက အကောင်းဆုံး သက်သာစေခြင်းသာဟု ကျွန်မ ခံစားခဲ့ရသည်။ သို့သော်လည်း ဤကဲ့သို့ပြုလုပ်ခြင်းက ဘုရားသခင်ကို သစ္စာဖောက်ခြင်းသာဖြစ်ကြောင်းကို သိပြီး ကျွန်မ မလုပ်နိုင်ခဲ့ပါ။ ကျွန်မ၌ အခြားရွေးချယ်ရန်မရှိတော့ပဲ နာကျင်မှုအားလုံးကို တောင့်ခံပြီး ဘုရားသခင်၏ အစီအစဉ်အပေါ်၌သာ အပ်နှံခဲ့သည်။ သို့သော်လည်း ကျွန်မ၏ ရှည်လျားသည့် အပြစ်စီရင်ချက်ကို တွေးမိလိုက်တာနှင့်၊ လွတ်လပ်ရေးရရန် ကျွန်မ မည်မျှဝေးသည်ကို တွေးလိုက်သည်နှင့် ကျွန်မ၏ နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုကို မည်သည့်စကားလုံးနှင့် မျှ နှိုင်းယှဉ်ဖော်ပြနိုင်ခြင်း မရှိဟု ခံစားခဲ့ရပါသည်။ ကျွန်မ ၎င်းကို တောင့်ခံရင်းနှင့် ဆက်မသွားနိုင်တော့ပါ၊ ကျွန်မ မည်မျှထိဆက်ပြီး နေနိုင်မလဲဆိုသည်ကို ကျွန်မ မသိပါဟု ခံစားခဲ့ရသည်။ ကျွန်မ၏ စိတ်ထဲ၌ရှိသည့် နာကျင်မှုများအကြောင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်ကိုပြောရင်းနှင့် ညအမှောင်ထဲ၌ ကျွန်မ၏ အဝတ်စောင်ဖြင့် မိမိကိုယ့်ကို ခြုံထားရင်း ငိုယိုခြင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆုတောင်းခြင်း၊ အသနားခံခြင်းတို့ကို ကျွန်မ မည်မျှလုပ်နိုင်မည်နည်း။ ကျွန်မ အနာကျင်ဆုံးနှင့် အကူအညီမဲ့အဖြစ်ဆုံး အချိန်၌ ကျွန်မ က ဘုရားသခင်၏နှုတ်ကပတော်ကို သတိရခဲ့သည်။ “သင်တို့အားလုံးသည် နှိပ်စက်ညှဉ်းပန်းခြင်းကို အထူးသဖြင့် ခံစားခဲ့ပြီဖြစ်ပြီး အိမ်ပြန်ရာ၌ အခက်အခဲကို တွေ့ကြုံခဲ့ပြီဖြစ်သည်၊ သင်သည် ဒုက္ခကြုံတွေ့ကာ သေခြင်းနှင့် အသက်မရှင်လိုခြင်း အတွေးများလည်း ရှိသည်။ ဤအရာများမှာ ဇာတိပကတိ၏ အားနည်းချက် ဖြစ်သည်။...ဘုရားသခင်သည် ယနေ့ မည်သည့်အမှုကို ပြုနေကြောင်းကို သင်မသိပေ။ ဘုရားသခင်သည် သင်တို့၏ စိတ်သဘောထားကို ပြောင်းလဲရန်အတွက် သင်တို့၏ ဇာတိပကတိကို ဒုက္ခဆင်းရဲခံစေရသည်။ သင်တို့၏ ဇာတိပကတိ ဒုက္ခဆင်းရဲရောက်သော်လည်း သင်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ရှိသည်။ အကယ်၍ သင်သေလိုလျှင်လည်း မသေနိုင်ရာ- သင်သေပါက ဘုရားသခင်ကိုမသိခြင်းနှင့် သမ္မာတရားအားမရရှိခြင်းကို သင်ကြိတ်မှိတ်၍ လက်ခံနိုင်သလော။ ယခုတွင် အဓိကအားဖြင့် လူတို့သည် သမ္မာတရားကို မရရှိသေးဘဲ၊ အသက်လည်း မရှိခြင်းသာဖြစ်သည်။ လူတို့သည် ယခုအချိန်တွင် ကယ်တင်ခြင်းကို ရှာဖွေနေသည့် လုပ်ငန်းစဉ်၏အလယ်တွင် ရှိနေကြသည့်အတွက်၊ ဤအချိန်ကာလအတွင်း သူတို့သည် ဝေဒနာအချို့ကို ခံစားရပေမည်။ ယနေ့တွင် ကမ္ဘာပေါ်ရှိ လူအယောက်စီတိုင်းသည် စစ်သပ်ခြင်းကိုခံနေရ၏၊ ဘုရားသခင်သည် ဝေဒနာခံစားနေရဆဲဖြစ်သည်၊ သင်တို့ ဝေဒနာမခံစားရခြင်းမှာ တရားနည်းလမ်းကျသလော။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ ဝမ်းနည်းသော နှလုံးသားကို နှစ်သိမ့်ခဲ့ပြီး၊ ဆင်းရဲဒုက္ခခံစားခြင်း၏ အဓိပ္ပာယ်ကို ကျွန်မအား နားလည်စေခဲ့သည်။ ဘုရားသခင်သည် ယခု လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်းနှင့် ပတ်သက်သည့် အမှုကို ပြုနေသည်။ ကျွန်မသည် ဖောက်ပြန်ပျက်စီးနေဆဲ ဖြစ်ပြီး၊ ကျွန်မ အထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေဆဲဖြစ်သောကြောင့် ကျွန်မသည် ဆင်းရဲဒုက္ခ မခံစားဘဲ၊ ပြောင်းလဲမှု နှင့် သန့်စင်ခြင်းတို့ကို မည်သို့ ရရှိနိုင်မည်နည်း။ ဒီအခက်အခဲတွေက ငါ ခံစားသင့်တဲ့အရာတွေ၊ ငါ ခံစားရမယ့်အရာတွေဖြစ်တယ်။” ဟု တွေးမိခဲ့ပါသည်။ကျွန်မ ၎င်းကို တွေးမိသည်နှင့် တပြိုက်နက် ကျွန်မ ခါးသီးမှုကို မခံစားရတော့ပါ။ ထိုသို့ ခံစားရမည့်အစား ဘုရားသခင်အပေါ် ကျွန်မ၏ယုံကြည်မှုကြောင့် ထောင်ကျခံရခြင်း၊ ကယ်တင်ခြင်းကို ရှာဖွေရန် ဆင်းရဲဒုက္ခခံစားရခြင်းသည် အကြီးမြတ်ဆုံး တန်ဖိုးနှင့် အဓိပ္ပါယ်သာဖြစ်သည်ဟု ကျွန်မခံစားခဲ့ရပါသည်။ ဤ ဒုက္ခခံစားခြင်းသည် အလွန်ကို တန်ဖိုးကြီးပါသည်။ သတိမမူလိုက်ဘဲ ကျွန်မနှလုံးသား၏ ဖိစီးမှုက ဝမ်းမြောက်ခြင်းကိုပြောင်းလဲသွားပြီး ကျွန်မ၏ စိတ်ခံစားချက်များကို မထိန်းနိုင်ခဲ့ပါ။ ကျွန်မ ခံစားနေခဲ့ရသည့် ဤနာကျင်မှုသည် အလွန်ပင်အကျိုးရှိပါသည်။ ယင်းကို သတိမပြုပဲနှင့်၊ ကျွန်မနှလုံးသားသည် ပူဆွေးသောကရောက်မှ ပြောင်းလဲပြီး၊ ဝမ်းမြောက်လာခဲ့ပါသည်၊ ပြီးလျှင် ကျွန်မသည် မိမိနှလုံးသားထဲတွင် “ဘုရားသခင်၏ကြွလာခြင်းနှင့် ကြုံဆုံရသည်မှာ ကျွန်ုပ်တို့ ကံကောင်းလှပေ၏” ဟု ခေါ်သည့် ဓမ္မသီချင်းကို ရွတ်ဆိုလိုသည့် မတွန်းလှန်နိုင်သော ပြင်းပြင်းပြပြဆန္ဒတစ်ခုကို ခံစားခဲ့ရပါသည်၊ “ဘုရားသခင်၏ကြွလာခြင်းနှင့် ကြုံဆုံရသည်မှာ ကျွန်ုပ်တို့ ကံကောင်းလှပေ၏၊ သူ၏အသံကို ကျွန်ုပ်တို့ ကြားရသည်။ ဘုရားသခင်၏ ကြွလာခြင်းနှင့် ကြုံဆုံရသည်မှာ ကျွန်ုပ်တို့ ကံကောင်းလှပေ၏၊ သိုးသူငယ်၏ စားပွဲတော်သို့ ကျွန်ုပ်တို့ တက်ရောက်ကြသည်။ ကျွန်ုပ်တို့သည် လူ့ဇာတိခံအနန္တတန်ခိုးရှင်ဘုရားသခင်ကိုသိပါ၏၊ သူ၏ အံ့ဖွယ်လုပ်ဆောင်ချက်တို့ကို ကျွန်ုပ်တို့မြင်ရသည်။ လူ့ဘဝ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ကျွန်ုပ်တို့နားလည်ပါ၏၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အဖိုးထိုက်တန်ဆုံး ဖြစ်ပေသည်။...မည်သူ ပို၍ ကံကောင်းနိုင်ပါမည်နည်း။ မည်သူ ပို၍ ကောင်းကြီးမင်္ဂလာ ခံစားရနိုင်မည်နည်း။ ဘုရားသခင်သည် သမ္မာတရားနှင့် အသက်ကို ကျွန်ုပ်တို့ထံ အပ်နှင်းပေးသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြရမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြရမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြရမည်။ ကျွန်ုပ်တို့သည် သမ္မာတရားကို ရရှိပြီး ဘုရားသခင်၏ မေတ္တာကို ပြန်လည်ပေးဆပ်ရန် ဘုရားသခင်ကို သက်သေခံကြသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားသခင်၏ကြွလာခြင်းနှင့် ကြုံဆုံရသည်မှာ ကျွန်ုပ်တို့ ကံကောင်းလှပေ၏ာ”) ကျွန်မနှလုံးသားထဲ၌ ထိုဓမ္မသီချင်းကို ထပ်ခါထပ်ခါဆိုပြီး ကျွန်မနှလုံးသားထဲ၌ သီဆိုလေ၊ ကျွန်မ ပို၍ သတ္တိရှိလာလေသာဖြစ်ပါသည်။ ကျွန်မ သီဆိုလေ၊ ကျွန်မ၌ စွမ်းအားနှင့် ပျော်ရွှင်မှုရှိသည်ဟု ပို၍ခံစားရလေသာဖြစ်ပါသည်။ ကျွန်မ မနေနိုင်တော့ဘဲ ဘုရားသခင်၏ရှေ့မှောက်တော်၌ ကတိသစ္စာပြုမိသည်။ “အိုး အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကျွန်မကို နောက်တစ်ဖန် ယုံကြည်ခြင်းကို ရရှိစေပြီး ဆက်လက် အသက်ရှင်နေထိုင်ဖို့အတွက် သတ္တိကိုဖြစ်စေခဲ့တဲ့ ကိုယ်တော်ရဲ့ နှစ်သိမ့်မှုနဲ့ အားပေးမှုကိုအတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ဟာ တကယ်ပဲ ကျွန်မဘဝရဲ့ အရှင်သခင်ဖြစ်တယ်၊ ပြီးတော့ ကျွန်မဘဝရဲ့ စွမ်းအားဖြစ်တယ် ဆိုတာတွေကို ခံစားစေဖို့ ကျွန်မကို အခွင့်ပေး ခဲ့တယ်။ ဒီငရဲကျင်းမှာ ကျွန်မ အကျဉ်းကျနေပေမဲ့ ကျွန်မဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကိုယ်တော်က ဒီမှောင်မိုက်တဲ့နေ့ရက်တွေမှာ ကျွန်မနဲ့ အမြဲတမ်းရှိနေတဲ့အတွက်ပါ။ ကိုယ်တော်ဟာ ကျွန်မကို ယုံကြည်ခြင်းကို ထပ်ခါထပ်ခါ ပေးအပ်ခဲ့ပြီး ရှေ့ဆက်ဖို့ တွန်းအားကို ကျွန်မကို ပေးခဲ့ပါတယ်။ အိုး ဘုရားသခင် တစ်ရက်မှာ ကျွန်မ ဒီကနေထွက်နိုင်ပြီး လွတ်လပ်စွာ အသက်ရှင်ခွင့်ရရင် ကျွန်မရဲ့ တာဝန်တွေကို ထမ်းရွက်မှာဖြစ်ပြီး ကိုယ်တော်ရဲ့နှလုံးသားကို ဒဏ်ရာရစေမှာ မဟုတ်တော့သလို ကိုယ့်အတွက်သာ အစီအစဉ်တွေကိုလည်း မဆွဲတော့ပါဘူး။ အိုး ဘုရားသခင် ရှေ့မှာရှိတဲ့ နေ့ရက်တွေဟာ ဘယ်လောက်ပဲ မာကျောပါစေ သို့မဟုတ် ခက်ခဲပါစေ အားအင်နဲ့ ရှေ့ဆက် အသက်ရှင်နေထိုင်ဖို့အတွက် ကိုယ်တော်ကို အမှီပြုဖို့ ကျွန်မ လိုလားပါတယ်။”

ထောင်ထဲ၌ ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့် အတူရှိသည့် နေရက်များကို ပြန်သတိရမိသည်။ မည်မျှ လှပကောင်းမွန်လိုက်သည့် အချိန်များဖြစ်သနည်း။ လူတိုင်းက ရွှင်လန်းပြီး ရယ်မောနေကြသည်။ ကျွန်မတို့မှာ အငြင်းပွားဖွယ်ရာ များလည်းရှိခဲ့သော်လည်း ၎င်းတို့အားလုံးက နှစ်လိုဖွယ်ကောင်းသည့် အမှတ်တရများဖြစ်လာခဲ့သည်။ သို့သော်လည်း ကျွန်မ၏ အရင်တုန်းက တာဝန်များကို ပေါ့ပေါ့ဆဆ ထမ်းဆောင်ခဲ့သည့် အချိန်များကို ကျွန်မပြန်လည်စဉ်းစားမိတိုင်း ကျွန်မ အင်မတန်ပင် အပြစ်ရှိသလိုခံစားရပြီး အကြွေးတင်သလိုခံစားခဲ့ရသည်။ ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ညီအစ်ကိုမောင်နှမများနှင့် ဖြစ်ခဲ့သည့် အငြင်းပွားမှုများအကြောင်းကို တွေးမိသည်။ ကျွန်မအင်မတန်ကို စိတ်မသက်မသာဖြစ်ပြီး နောင်တကြီးစွာဖြစ်ပေါ်ခံစားခဲ့ရသည်။ ဤကဲ့သို့ဖြစ်သည့်အခါတိုင်း၌ ကျွန်မ မျက်ရည်များကျပြီး ကျွန်မနှလုံးသားထဲ၌ ရင်းနှီးသည့် ဓမ္မသီချင်းကို တိတ်တဆိတ်သီဆိုပါသည်။ “ဘုရားသခင်ကို ကျွန်ုပ် နှစ်များစွာ ယုံကြည်ခဲ့သော်လည်း ကျွန်ုပ်၏ တာဝန်ကို ကောင်းမွန်စွာ ကျွန်ုပ် မလုပ်ဆောင်ခဲ့၊ ကျွန်ုပ် စိတ်နှလုံးထဲတွင် နက်ရှိုင်းသော နောင်တကို ခံစားရသည်။ ဘုရားသခင်၏ မြောက်များစွာသော ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ခံစားခဲ့သည်၊ သို့သော် မည်သည့်အခါကမျ တစ်စုံတစ်ရာ ပြန်မပေးခဲ့ပါ။ လက်တွေ့လုပ်ဆောင်ရန် အခွင့်အရေးများစွာ ဘုရားသခင် ကျွန်ုပ်ကို ပေးခဲ့၏၊ သို့သော် ယင်းတို့အားလုံးကို ပေါ့ပေါ့ဆဆ ပုံစံဖြင့် ချဉ်းကပ်ခဲ့သည်၊ ယင်းအစား အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အခွင့်အလမ်းတို့ကို ကျွန်ုပ် တစ်စိုက်မတ်မတ် ရှာဖွေခဲ့ပြီး ကျွန်ုပ်၏ အနာဂတ် ကံကြမ္မာအတွက် အစီအစဉ်များ လုပ်ခဲ့သည်။ ကျွန်ုပ်သည် အလွန် ပုန်ကန်တတ်ပြီး အရှက်ကင်းမဲ့သည်၊ အချိန်ကောင်းများစွာ ကျွန်ုပ် ဖြုန်းတီးမိခဲ့သည်။...ကျွန်ုပ် အလွန်နောင်တရသည်။ ဘုရားသခင်၏ စိတ်သဘောထား ဖြောင့်မတ်သည်ကို ကျွန်ုပ် အဘယ်ကြောင့် သတိမပြုမိခဲ့ပါသနည်း။ ကျွန်ုပ်၏ နောင်တ အလွန်အရောက်နောက်ကျသည် မကျသည်ကို ကျွန်ုပ် မသိပါ၊ ကျွန်ုပ် အလွန် နောင်ရမိပါသည်။ ဘုရားသခင်က ကျွန်ုပ်ကို နောက်ထပ် အခွင့်အရေး ပေး၊ မပေး ကျွန်ုပ် မသိပါ၊ ကျွန်ုပ် အလွန်နောင်တရမိပါသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ကျွန်ုပ် အလွန်နောင်တရမိသည်”) ကျွန်မ၏ နာကျင်မှုနှင့် မိမိကိုယ်ကိုအပြစ်တင်မှုများနှင့် ကျွန်မ၏ နှလုံးသား၌ ဘုရားသခင်ကို မကြာခဏ ဆုတောင်းခဲ့သည်။ “အိုး ဘုရားသခင် ကျွန်မဟာ ကိုယ်တော်ကို အများကြီး အကြွေးတင်ခဲ့ပါတယ်။ ကိုယ်တော် ခွင့်ပြုမယ်ဆိုရင် ကိုယ်တော်ကို ချစ်ဖို့အတွက် အားထုတ်ရှာဖွေဖို့ လိုလားပါတယ်။ ကျွန်မ ထောင်က ထွက်ပြီးတဲ့အခါမှာ ကျွန်မရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ ဆန္ဒရှိနေဦးမှာဖြစ်ပြီး ပြန်လည်စတင်ဖို့ လိုလားပါတယ်။ ကျွန်မရဲ့ အရင်က လိုအပ်မှုတွေအတွက် ကျွန်မ ပြန်လည်ပေးဆပ်ပါမယ်။” ထောင်ထဲ၌ ကျွန်မရှိနေတုန်း၌ နေ့ရောညရော ထိတွေ့ဆက်သွယ်ခဲ့သည့် ညီအစ်ကို မောင်နှမများကို ကျွန်မ အလွန်သတိရမိသည်။ ကျွန်မ ၎င်းတို့ကို တော်တော်ကို တွေ့ချင်ခဲ့သော်လည်း ကျွန်မ အကျဉ်းချခံထားရသည့် ဤဆိုးဝါးလှသည့် ထောင်၌ ဤဆန္ဒက မဖြစ်နိုင်သည့် တောင်းဆိုမှုသာဖြစ်ပါသည်။ သို့သော်လည်း ကျွန်မ၏ အိပ်မက်ထဲ၌ ဤ ညီအစ်ကို မောင်နှမများကို မကြာခဏ တွေ့တတ်ပါသည်။ ကျွန်မတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အတူဖတ်နေကြပြီး သမ္မာတရားကို အတူတူ ဆွေးနွေးနေကြသည်ဟု အိပ်မက်မက်ခဲ့ပါသည်။ ကျွန်မတို့သည် ပျော်ရွှင်ပြီး ရွှင်လန်းနေခဲ့ ကြပါသည်။

၂၀၀၈ ၏ ကြီးမားသည့် ဝန်ချန် ငလျင်ဖြစ်သည့် အချိန်ကာလ၌ ကျွန်မတို့ကို လှောင်ပိတ်ထားသည့် ထောင်သည်လည်း တုန်ခါလျက်ရှိနေခဲ့သည့်အပြင်၊ ကျွန်မသည် ထိုအချိန်က ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခြင်း ခံရသည့်အထဲတွင် နောက်ဆုံး လူ ဖြစ်ပါသည်။ ထိုအချိန်များ၌ ငလျင်လှုပ်ပြီးနောက်ဆက်တွဲ လာသည့် ငလျင်ငယ်များ ဆက်တိုက်ဖြစ်ခဲ့ပါသည်။ ထောင်သားများနှင့် ရဲများသည် အလွန်ကိုသတိထားပြီး စိုးရိမ်နေကြကာ ၎င်းတို့ ရှေ့မဆက်နိုင်ကြတော့ပါ။ သို့သော်လည်း ကျွန်မ၏ နှလုံးသားသည် မတုန်လှုပ်ဘဲ ခိုင်မာလျက်ရှိခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပြည့်စုံစေသည်ဆိုသည်ကို ကျွန်မသိခြင်း ကြောင့်ပင် ဖြစ်ပါသည်။ ၎င်းသည် ဘုရားသခင်၏ ပြင်းထန်သည့် ဒေါသ ကျရောက်ခြင်းသာ ဖြစ်ပါသည်။ ဤ နှစ်တစ်ရာ၌ တစ်ခါလောက်သာဖြစ်တတ်သည့် ငလျင်လှုပ်စဉ် အချိန်ကာလအတွင်း၌ ဘုရားသခင်၏နှုတ်ကပတ်တော်က ကျွန်မ၏ နှလုံးသားကို အမြဲတမ်း ကာကွယ်ပေး ခဲ့ပါသည်။ လူသား၏ သေခြင်းနှင့်ရှင်ခြင်းသည် ဘုရားသခင်၏ လက်ထဲ၌ရှိသည်ဟု ကျွန်မ ယုံကြည်ပါသည်။ ဘုရားသခင်က မည်သို့ လုပ်ဆောင်သည်ဖြစ်စေ ကျွန်မသည် ဘုရားသခင်၏ အစီအစဉ်အပေါ်ကို အပ်နှံထားရန် လိုလားပါသည်။ သို့သော်လည်း ကျွန်မကို ဝမ်းနည်းစေသည့် တစ်ခုတည်းသောအရာမှာ ကျွန်မ သေသွားခဲ့ပါက၊ ဖန်ဆင်းခြင်းတို့၏ အရှင်သခင်အပေါ် ကျွန်မ၏ တာဝန်များကို ဖြည့်ဆည်းရန် အခွင့်အရေးကို ရရှိမည် မဟုတ်သောကြောင့် ဖြစ်ပါသည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် အခွင့်အရေးရှိ၌မဟုတ်တော့ပါ။ ကျွန်မ၏ ညီအစ်ကို မောင်နှမတွေကို တွေ့နိုင်မည် မဟုတ်တော့ပါ။ သို့သော်လည်း ကျွန်မ၏ ပူပန်မှုက လိုသည်ထက်ပိုနေပါသည်။ ဘုရားသခင်က ကျွန်မနှင့် အမြဲတမ်း အတူရှိနေခဲ့ပြီးလျှင် ငလျင်ကို ကျော်ဖြတ်နိုင်ပြီး ထိုအချိန်ကာလအတွင်း၌ ငြိမ်သက်စွာ နေထိုင်သည့် အခွင့်ဖြစ်သော အကောင်းဆုံးသော ကာကွယ်မှုကို ပေးခဲ့သည်။

ဇန်နဝါရီ ၂၀၁၁၌ ကျွန်မ စောစောလွတ်လာခဲ့ပြီး ထောင်ထဲ၌ ကျွန်မ၏ ကျွန်ဘဝကို နောက်ဆုံး၌ အဆုံးသတ်ခဲ့ပါသည်။ ကျွန်မ၏ လွတ်လပ်မှုကို ရရှိခဲ့သည့်အခါ၌ ကျွန်မ၏ နှလုံးသားက ထူးထူးခြားခြားကို စိတ်လှုပ်ရှားနေပါသည်။ ကျွန်မ အသင်းတော်ဆီကို ပြန်နိုင်ပြီ။ ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့် အတူရှိနေနိုင်ပြီ။ ကျွန်မ၏ စိတ်ခံစားချက်ပိုင်းဆိုင်ရာ အကန့်အသတ်ကို စကားလုံးများနှင့်ဖော်ပြ၍မရနိုင်ပါ။ ကျွန်မ မျှော်လင့်မထားသည့်အရာကတော့ အိမ်ပြန်လာပြီးနောက်၌ ကျွန်မ၏ သမီးက ကျွန်မကို မသိခြင်းပင် ဖြစ်ပါသည်။ ကျွန်မ၏ဆွေမျိုးများနှင့် သူငယ်ချင်းများက ဆန်းကြယ်သည့် အကြည့်များနှင့် ကြည့်နေကြသည်။ ၎င်းတို့အားလုံးက ကျွန်မနှင့်ခပ်ရှောင်ရှောင် နေကြကာ ကျွန်မကို ပြောဆိုဆက်ဆံခြင်း မရှိကြပါ။ ကျွန်မဘေး၌ရှိသည့်လူများက ကျွန်မကို နားမလည်ပါ သို့မဟုတ် မခေါ်ကြပါ။ ဤအချိန်၌ ကျွန်မက ထောင်၌ရှိနေပြီး နှိပ်စက်ညှဉ်းပန်းခံနေရခြင်း မဟုတ်သော်ငြားလည်း၊ အေးစက်စက်အကြည့်များ၊ လှောင်ပြောင်သည့်အပြုံးများ၊ စွန့်ပစ်ခြင်းများကို ခံနိုင်ရန် ခက်ခဲနေခဲ့ပါသည်။ ကျွန်မ အားနည်းသွားပြီး အဖျက်သဘောဆောင်လာခဲ့သည်။ ကျွန်မ မနေနိုင်ဘဲ အတိတ်က နေ့ရက်များကို ပြန်စဉ်းစားလိုက်မိသည်။ ထိုဖြစ်ရပ် ဖြစ်သည့်အချိန်က ကျွန်မသည် သုံးဆယ့်တစ်နှစ်သာရှိသည်။ ကျွန်မ ထောင်မှနေထွက်သည့်အချိန်၌ သုံးဆယ့်ကိုးနှစ်ရှိခဲ့ကာ ဆောင်းရာသီရှစ်ခုနှင့် နွေရာသီ ခုနှစ်ခု ကုန်ဆုံးသွားခဲ့ပြီ။ ကျွန်မ၏ အထီးကျန်ခြင်း၊ အကူအညီမဲ့ခြင်းများ၌ ဘုရားသခင်က ကျွန်မကို ကူညီရန် လူများ၊ အကြောင်းအရာများ၊ ကိစ္စရပ်များကို အကြိမ်ရေမည်မျှ စီစဉ်ခဲ့ရသနည်း။ ကျွန်မ၏ နာကျင်ခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းများ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို အကြိမ်ရေမည်မျှ နှစ်သိမ့်ခဲ့ရသနည်း။ ကျွန်မ သေလိုခဲ့သည့်အချိန်များ၌ ဘုရားသခင်က ကျွန်မ အသက်ဆက်ရှင်သန်ရန် သတ္တိများကို အကြိမ်ရေမည်မျှ ပေးခဲ့ရသနည်း။ ဤ အချိန်ကြာပြီး နာကျင်ခဲ့သည့် နှစ်များ၌ ဇွဲကြီးကြီးနှင့် အသက်ဆက်ရှင်သန်ရန် သေခြင်းအရိပ်လွှမ်းမိုးသော ချိုင့်ထဲ၌ တစ်လှမ်းချင်း ကျွန်မကို ခေါ်ဆောင်ခဲ့တာက ဘုရားသခင်သာဖြစ်ပါသည်။ ယခု ဤအခက်အခဲကို ကျွန်မကြုံရသည့်အခါတွင် ကျွန်မသည် အဖျက်သဘောဆန်လာသည်။ အားနည်းလာပြီး ဘုရားသခင်ကို စိတ်ပျက် ဝမ်းနည်းစေသည်။ ကျွန်မသည် မိမိကို ကျွေးသည့်လက်ကို ပြန်ကိုက်သည့် သူရဲဘောကြောင်သော အစွမ်းအစမရှိသည့်လူတစ်ယောက်သာဖြစ်ပါသည်။ ဤသည်ကို တွေးမိလျှင် ကျွန်မ၏ နှလုံးသားသည် အလွန်ကို ကြိတ်မှိတ်ခံစားခဲ့ရပါသည်။ ကျွန်မ ထောင်ထဲ၌ရှိနေစဉ်က ဘုရားသခင်နှင့် ကျွန်မပြုလုပ်ခဲ့သည့် သစ္စာဝတ်ကို ကျွန်မ ပြန်မတွေးဘဲ မနေနိုင်ခဲ့ပါ။ “ကျွန်မဟာ တစ်နေ့မှာ ဒီနေရာကနေ ထွက်ခွာနိုင်ပြီး လွတ်လပ်စွာ အသက်ရှင်သန်ခဲ့ရရင် ကျွန်မရဲ့ တာဝန်တွေကို ထမ်းဆောင်ဦးမှာပါ။ ဘုရားသခင်ရဲ့ နှလုံးသားကို ကျွန်မ နောက်တစ်ခါ ဒဏ်ရာရစေဖို့ မလိုလားပါဘူး။ ကိုယ့်အတွက် အစီအစဉ်တွေ မရေးဆွဲတော့ပါဘူး” ဤ ကတိသစ္စာကို ဆင်ခြင်တွေးတောပြီး ကျွန်မ ဘုရားသခင်ကို ကတိသစ္စာပြုခဲ့စဉ်က ကျွန်မရှိနေခဲ့သည့် အခြေအနေကို ပြန်ပြီးမြင်ယောင်လိုက်သည်။ မျက်ရည်များက ကျွန်မ၏ အမြင်ကို ဝေဝါးသွားစေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မတေးသီချင်းတစ်ပုဒ်ကို ကျွန်မ ဖြည်းဖြည်းချင်း သီဆိုလိုက်ပါသည်။ “ကျွန်တော်ကိုယ်တိုင် ဘုရားသခင်ကို မီအောင်လိုက်ဖို့၊ ကိုယ်တော့်နောက်ကို လိုက်ဖို့ဆန္ဒရှိတယ်။ အခု ဘုရားသခင်က ကျွန်တော့်ကို စွန့်လွှတ်ချင်တယ်။ ဒါပေမဲ့ ကိုယ်တော့်နောက်ကို ကျွန်တော်လိုက်ချင်နေတုန်းပါပဲ။ ကိုယ်တော် ကျွန်တော့်ကို လိုချင်သည် ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ ကိုယ်တော့်ကို ကျွန်တော် ချစ်တုန်းပါပဲ။ အဆုံးမှာ ကိုယ်တော့်ကို ကျွန်တော် ရရှိမှဖြစ်မယ်။ ကျွန်တော့်ရဲ့ နှလုံးသားကို ဘုရားသခင်ကို ပေးအပ်ပါတယ်။ ကိုယ်တော်ဘာပဲလုပ်လုပ် ကျွန်တော့်ဘဝတစ်ခုလုံး ကိုယ်တော့်နောက်ကို လိုက်ပါမယ်။ ဘာပဲဖြစ်နေပါစေ ကျွန်တော် ဘုရားသခင်ကို ချစ်ပြီး ကိုယ်တော့်ကို ရရှိရမယ်။ ကိုယ်တော့်ကို မရမချင်း ကျွန်တော်မနားပါဘူး(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ကိုယ်တော်ကို ချစ်ရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်ပြီ”)

အချိန်အနည်းငယ်ခန့် ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်ခြင်း နှင့် ညှိနှိုင်းမှုများ ပြုလုပ်အပြီးတွင် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းအောက်၌ ကျွန်မ၏ အဖျက်သဘော ဆောင်ခြင်းမှနေ အမြန်ထွက်နိုင်ခဲ့ပြီး ကျွန်မတာဝန်များကို ထမ်းဆောင်ရန် မိမိကိုယ်ကို ပြန်လည်နှစ်မြှုပ်လိုက်ပါသည်။

ကျွန်မ၏ ငယ်ရွယ်သည့် အကောင်းဆုံးနှစ်များကို ထောင်ထဲ၌သာ ကုန်ဆုံးခဲ့ သော်ငြားလည်း၊ ဘုရားသခင်အပေါ် ကျွန်မ၏ ယုံကြည်မှုကြောင့် ဤ ခုနှစ်နှစ်နှင့် လေးလ အချိန်ကာလအတွင်း၌ ဆင်းရဲဒုက္ခများကို ခံစားခဲ့ရသည်။ သမ္မာတရားတစ်ချို့ကို ကျွန်မ နားလည်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်မ ကြုံတွေ့ခဲ့ရသောကြောင့် ကျွန်မ အပြစ်တင်ညည်းညူခြင်းနှင့် နောင်တရခြင်းများမရှိခဲ့ပါ။ ကျွန်မ၏ ဆင်းရဲဒုက္ခ ခံစားရခြင်း၌ အဓိပ္ပါယ်နှင့် တန်ဖိုးရှိသည်ဟု ကျွန်မ ခံစားရသည်။ ဤသည်မှာ ကျွန်မအတွက် ခြွင်းချက်အနေနှင့် ဘုရားသခင်ပြုလုပ်ပေးသည့် ချီးမြှောက်ခြင်းနှင့် ကျေးဇူးတော်သာ ဖြစ်သည်။ ဤသည်မှာ ကျွန်မအနေဖြင့် ဘုရားသခင်ထံမှ မျက်နှာသာတော် ရခြင်း ဖြစ်ပါသည်။ကျွန်မ၏ ဆွေမျိုးများနှင့် သူငယ်ချင်းမိတ်ဆွေများက ကျွန်မကို နားမလည်လျှင်ပင်၊ ကျွန်မ၏ သမီးက ကျွန်မကို မသိလျှင်ပင်၊ မည်သည့်လူ၊ မည်သည့်အရာဝတ္ထု၊ သို့မဟုတ် မည်သည့်အကြောင်းအရာကမှ ဘုရားသခင်နှင့် ကျွန်မ၏ ဆက်ဆံရေးကို မခွဲခြားနိုင်ပါ။ ကျွန်မ သေသွားခဲ့လျှင်ပင်မှ ဘုရားသခင်ကို မစွန့်ခွာနိုင်ပါ။

“အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ” က ထောင်ထဲ၌ သီဆိုရန် ကျွန်မအကြိုက်ဆုံး ဓမ္မတေးသီချင်းပါ။ ယခု ဘုရားသခင်ကို အသန့်စင်ဆုံးချစ်ခြင်းအား ပေးအပ်ရန်အတွက် ကျွန်မ၏ တကယ့်လှုပ်ရှားမှုကို အသုံးပြုလိုပါသည်။

အောက်ခြေမှတ်စု(များ)-

၁။ “ဆိုးညစ်မှုအားလုံး၏ ခေါင်သူကြီး” သည် နတ်ဆိုးအိုကို ရည်ညွှန်းသည်။ ဤစကားစုသည် အလွန်အမင်း မနှစ်သက်ခြင်းကို ဖော်ပြသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

စာတန်၏စုံစမ်းသွေးဆောင်ခြင်းမှတစ်ဆင့် အောင်ပွဲခံခြင်း

ချန်းလူ တရုတ်နိုင်ငံ ထိုအချိန်သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ဖြစ်ပါသည်။ တံခါးကို အသံပြင်းပြင်းဖြင့် ခေါက်ပြီး အော်ဟစ်သံများကို...

တရုတ်ကွန်မြူနစ်ပါတီ၏ ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်ခြင်းက ဘုရားသခင်အတွက် ကျွန်မ၏ ချစ်ခြင်းမေတ္တာကိုသာ အားကောင်းစေသည်

လီကျီ၊ လောင်နင်စီရင်စု၂၀၀၀ ခုနှစ်တွင် ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားကို ကြားဖို့ အခွင့်ကောင်းရခဲ့သည်။ ဘုရား...

ထောင်ထဲမှာ နှစ်ကာလများစွာ

အန်းနင် တရုတ်နိုင်ငံ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ရက်တစ်ရက်မှာ၊ ကျွန်မ ယုံကြည်သူတစ်ယောက်ဖြစ်တာ တစ်နှစ်လောက်ရှိပြီဖြစ်သလို၊ ညီမငယ်တစ်ယောက်နဲ့...

စာတန်၏စုံစမ်းသွေးဆောင်ခြင်းမှတစ်ဆင့် အောင်ပွဲခံခြင်း

ချန်းလူ တရုတ်နိုင်ငံ ထိုအချိန်သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ဖြစ်ပါသည်။ တံခါးကို အသံပြင်းပြင်းဖြင့် ခေါက်ပြီး အော်ဟစ်သံများကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။