ဘုရားသခင်တွင် တိကျသောလိင် ရှိပါသလား၊ အနက်ပြန်ခြင်းအသစ်ကို ကျွန်တော် ရှာဖွေတွေ့ရှိသည် (အပိုင်း ၂)

14.07.2019

ဘိုအဲန်း၊ ဘရာဇီးလ်နိုင်ငံ ထံမှ

“ခမည်းတော်” နှင့် “သားတော်” ၏ နက်နဲမှုသည် နောက်ဆုံးတွင် ထုတ်ဖော်ပြခံရသည်

ဤသမ္မာတရားကို ကျွန်တော် နားလည်လာခဲ့သော်လည်း ဘုရားသခင်က နောက်ဆုံးသောကာလတွင် အဘယ်ကြောင့် အမျိုးသမီးတစ်ဦးအဖြစ် လူ့ဇာတိခံယူရသည်နှင့် ပတ်သက်၍ လုံးဝမရှင်းမလင်း ဖြစ်နေဆဲဖြစ်ပြီး၊ ထို့ကြောင့် ကျွန်တော်က “အစ်ကိုရေ၊ ရှင်မဿဲ အခန်းကြီး ၃ အပိုဒ်ငယ် ၁၇ မှာ ရေးမှတ်ထားတာက- သခင်ယေရှု ဗတ္တဇံခံယူတဲ့အချိန်မှာ ကောင်းကင်က အသံတော်တစ်ခုက ‘ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။’ လို့ ဆိုခဲ့တယ်။ ပြီးတော့လည်း သခင်ယေရှု ဆုတောင်းတဲ့အချိန်မှာ သူက ကောင်းကင်ဘုံက ဘုရားသခင်ကို သူ့ရဲ့ခမည်းတော်လို့ ခေါ်ခဲ့တယ်။ ‘ခမည်းတော်’ နဲ့ ‘သားတော်’ တွေရဲ့ လိင်အမျိုးအစားက အမျိုးသားလေ၊ ဒါကြောင့် ဒါက ဘုရားသခင်ဟာ ယောက်ျားဖြစ်တယ်ဆိုတာကို သက်သေပြတာပဲ။ ဒီတော့ ဘယ်လိုဖြစ်ပြီး သခင်ယေရှုက အမျိုးသမီးအဖြစ် ပြန်ကြွလာနိုင်မှာလဲ။ ဒီကိစ္စကို ကျွန်တော်နားမလည်ဘူး၊ ဒီတော့ ဒီအကြောင်းကို အစ်ကို ကျွန်တော်နဲ့ မိတ်သဟာယဖွဲ့ပေးနိုင်မလားလို့ စဉ်းစားနေခဲ့တာ” ဟု တောင်းဆိုခဲ့သည်။

ကျွန်တော်ပြောသည်ကို နားထောင်ပြီးနောက် ညီအစ်ကိုက စိတ်ရှည်စွာဖြင့် “ငါတို့က သမ္မာကျမ်းစာထဲက ဒီကျမ်းချက်တွေအနည်းငယ်အပေါ် အခြေခံပြီး ဘုရားသခင်က ယောက်ျားဖြစ်တယ်လို့ ဆုံးဖြတ်ကြတယ်၊ ဒါပေမယ့် ဒါက ထင်ရာမြင်ရာကို အခိုင်အမာပြောတဲ့အဆိုတစ်ခု မဟုတ်ဘူးလား။ ဒီဟာက မှန်ကန်တဲ့ ကောက်ချက်ချခြင်းလား။ ဘုရားသခင်က ကျမ်းစာထဲမှာ အဲဒီလိုအရာမျိုးကို ပြောဖူးလို့လား။ သန့်ရှင်းသောဝိညာဉ်တော်က ပြောဖူးလား။ တကယ်တော့ ဒါက လူတွေအများကြီး လုံးစေ့ပတ်စေ့ နားမလည်ကြတဲ့ ကိစ္စရပ်တစ်ခုဖြစ်တယ်၊ ဒါပေမယ့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ငါတို့ ဖတ်ပြီးတဲ့အခါ ငါတို့ နားလည်ကြမှာပါ။ ဘုရားသခင်က ပြောတယ်- ‘ယေရှုသည် သူဆုတောင်းသည့်အခါ၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်၏ နာမဖြင့် ခေါ်ဆိုခဲ့ချိန်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သာမန်နှင့် ရိုးရိုးဇာတိခန္ဓာကို ယူတင်ဝတ်ဆင် ထားခဲ့ပြီး၊ ဖန်ဆင်းခံ သက်ရှိတစ်ဦး၏ အပြင်ပန်းသဏ္ဌာန် ရှိခဲ့သောကြောင့်သာ၊ ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ဤအရာကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူ၏အတွင်း၌ ရှိသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့လျှင်ပင်၊ သူ၏အပြင်ပန်း သွင်ပြင်သည် ပုံမှန်လူသား တစ်ဦး၏ သွင်ပြင်ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်၊ သူသည် ယေရှုကိုယ်တိုင် အပါအဝင်၊ လူများအားလုံး ပြောဆိုကြသော “လူသား” ဖြစ်လာခဲ့ပြီးဖြစ်သည်။ သူ့ကို လူသားဟု ခေါ်ဆိုသည်ကို ထောက်ဆလျှင်၊ သူသည် သာမန်လူတို့၏ ပုံမှန်မိသားစုထဲတွင် မွေးဖွားလာခဲ့သော လူပုဂ္ဂိုလ်တစ်ဦး (ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ၊ မည်သည့် အခြေအနေတွင်မဆို သက်ရှိလူသား၏ အပြင်ပန်း အကာနှင့်ဖြစ်သည်) ဖြစ်သည်။ ထို့ကြောင့် ယေရှုက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်ဟူသည့် နာမဖြင့် ခေါ်ဆိုခြင်းမှာ သင်တို့သည် ကနဦးတွင် သူ့အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းနှင့် တူပေသည်။ သူသည် ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ထိုသို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော)“ဘုရားသခင်က ယေရှုကို သူ၏ချစ်သောသားဟု ပွင့်လင်းစွာ ဖော်ပြခဲ့သည် မဟုတ်လော။” ဟု ဆိုကြသော သူအချို့ ရှိကြသေးသည်။ ယေရှုသည် ဘုရားသခင်၏ နှစ်သက်မြတ်နိုးရာ ချစ်သား ဖြစ်သည်- ဤအရာကို ဘုရားသခင် ကိုယ်တော်တိုင် သေချာပေါက် ပြောခဲ့ပေသည်။ ယင်းမှာ ဘုရားသခင်သည် မိမိကိုယ်ကိုယ် သက်သေခံခြင်း ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်း ဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်း ဖြစ်ပြီး၊ ကောင်းကင်ဘုံရှိ သူ၏ သားတော်မဟုတ်ပေ။ သင်နားလည်ပါ၏လော။ “ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း၊” ဟူသော ယေရှု၏ စကားများသည် ၎င်းတို့မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်သည်ကို ညွှန်းပြသည် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ခွဲခွာနေရခြင်း ဖြစ်သည် မဟုတ်လော။ လက်တွေ့အရှိတရားတွင်၊ ၎င်းတို့သည် တစ်ပါးတည်း ဖြစ်နေဆဲ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်က မိမိကိုယ်ကိုယ် သက်သေခံခြင်း သက်သက် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော)

“ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ သခင်ယေရှုက လူ့ဇာတိခံဘုရားဖြစ်လို့၊ ပြီးတော့ အပြင်ပန်းမှာ သူက သာမန်လူတစ်ဦးအတိုင်းပဲ ဖြစ်နေလို့ သခင်ယေရှုက ကောင်းကင်ဘုံက ဘုရားသခင်ကို သူ့ရဲ့ ဖခမည်းတော်လို့ ခေါ်ခဲ့တယ်ဆိုတာ ငါတို့ မြင်နိုင်တယ်၊ ဒါကြောင့် သူဟာ ဖန်ဆင်းခံလူတစ်ဦးရဲ့ ရှုထောင့်အမြင်ကနေ ဘုရားသခင်ကို သူ အမည်တပ်ခေါ်ခဲ့တာ ဖြစ်တယ်၊ ဒါက လူ့ဇာတိထဲက ဘုရားသခင်ရဲ့ နှိမ့်ချမှုနဲ့ နာခံမှုကိုလည်း သရုပ်ထင်စေတယ်။ ကောင်းကင်ဘုံက ဘုရားသခင်က သခင်ယေရှုကို ‘ချစ်သား’ လို့ ခေါ်ခဲ့တယ်၊ အဲဒါက ဝိညာဉ်တော်ရဲ့ ရှုထောင့်အမြင်ကနေ သခင်ယေရှုအပေါ် ဘုရားသခင်ရဲ့ လူ့ဇာတိခံခြင်းအဖြစ်ကို ဘုရားသခင်က သက်သေခံနေခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာလောကအတွင်း ဘုရားသခင်ရဲ့ လူ့ဇာတိထဲမှာ ပထဆုံးအကြိမ် ပေါ်ထွန်းခြင်းနဲ့ အမှုပြုခြင်းဖြစ်တာကြောင့် ဘယ်သူမှ ခရစ်တော်ကို မသိခဲ့ကြသလို သူတို့က သခင်ယေရှုကို သာမန်လူတစ်ဦးသဖွယ် ဆက်ဆံခဲ့ကြတယ်။ ဘုရားသခင်က လူတွေကို သူတို့ရဲ့ နုနယ်တဲ့ ဝိညာဉ်အသက်တာတွေအတွက် ခွင့်လွှတ်ခဲ့တယ်၊ ပြီးတော့ သခင်ယေရှုက ဘုရားသခင်ဆီက လာခဲ့တယ်ဆိုတာကို လူတွေ ရှင်းရှင်းလင်းလင်း သိစေဖို့နဲ့ သခင်ယေရှုရဲ့ ဦးဆောင်လမ်းပြမှုကို သူတို့ ပိုပြီးကောင်းကောင်းလက်ခံနိုင်စေဖို့၊ သခင်ယေရှုက သူ့ရဲ့ ချစ်သားဖြစ်တယ်ဆိုတာကို သူ သက်သေခံခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက သခင်ယေရှုဟာ ဘုရားသခင်ရဲ့ သားတော်ဖြစ်တယ်လို့ မဆိုလိုသလို ဘုရားသခင်ရဲ့ လိင်အမျိုးအစားကို ဖော်ညွှန်းတာမဟုတ်ခဲ့ပါဘူး။ ဒါကြောင့် ငါတို့က သခင်ယေရှုက သူ့ရဲ့ ဆုတောင်းချက်တွေမှာ ကောင်းကင်ဘုံက ဘုရားသခင်ကို သူ့ရဲ့ ခမည်းတော်လို့ ခေါ်ခဲ့တယ်၊ ဒါမှမဟုတ် ကောင်းကင်ဘုံက ဘုရားသခင်က သခင်ယေရှုကို သူ့ရဲ့ချစ်သားလို့ ခေါ်ခဲ့တယ်ဆိုတဲ့ အချက်တွေအပေါ် အခြေပြုပြီး ဘုရားသခင်ဟာ ယောက်ျားဖြစ်တယ်လို့ ဘောင်ခတ်လို့ မရနိုင်ပါဘူး။ ကျမ်းစာထဲမှာ ‘ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်။’ (ကမ္ဘာဦးကျမ်း ၁:၂၇) လို့ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ဘုရားသခင်က ယောက်ျားနဲ့ မိန်းမနှစ်ဦးလုံးကို သူ့ရဲ့ ပုံသဏ္ဍာန်နဲ့ ဖန်ဆင်းခဲ့တယ်၊ ဒါကြောင့် ဘုရားသခင်ကို ယောက်ျားအဖြစ် ငါတို့ ဘောင်ခတ်ရင် ဘုရားသခင်က မိန်းမကို ဘယ်လိုဖန်ဆင်းခဲ့တယ်ဆိုတာ ငါတို့ ဘယ်လိုရှင်းပြရမလဲ။ တကယ်တော့ ဘုရားသခင်က နာမ်ဝိညာဉ်ဖြစ်ပြီး၊ သူနဲ့ပတ်သက်လို့ လိင်ကွဲပြားမှုတစ်ခုခု လုံးဝမရှိခဲ့ပါဘူး။ ဘုရားသခင်ရဲ့ လူ့ဇာတိခံခြင်းဆိုတာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်က ကိုယ့်ကိုယ်ကို လူ့ဇာတိထဲမှာ ယူတင်ဝတ်ဆင်ပြီး ပုံမန်၊ သာမန်လူတစ်ဦး ဖြစ်လာခြင်ဖြစ်ပါတယ်။ သခင်ယေရှုက ယောက်ျားဖြစ်ခဲ့ပြီး ဒီအကြိမ်မှာ ဘုရားသခင်က မိန်းမအနေနဲ့ ဘုရားသခင် လူ့ဇာတိခံပြီဖြစ်တယ်။ ‘ယောက်ျား’ နဲ့ ‘မိန်းမ’ ဆိုတဲ့ စကားတွေက ဘုရားသခင် ကိုယ်တော်တိုင် ယူတင်ဝတ်ဆင်တဲ့ လူ့ဇာတိကို ရည်ညွှန်းရာမှာပဲ ပြောရတာဖြစ်ပြီး ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို ရည်ညွှန်းရာမှာ ပြောဆိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနက်နဲမှုကို ငါတို့ နားလည်ကြမယ့်အစား ငါတို့ရဲ့ ကိုယ်ပိုင် စိတ်ကူးတွေအပေါ် မှီခိုပြီး ဘုရားသခင်ကို ယောက်ျားအဖြစ် ငါတို့ အဓိပ္ပါယ်ဖွင့်ကြတယ်၊ ဒါကို လုပ်ခြင်းအားဖြင့် ငါတို့က ဘုရားသခင်ကို ပြစ်မှားစော်ကားနေကြတာပဲ မဟုတ်လား” ဟု ပြောခဲ့သည်။ ကျွန်တော် တိတ်တဆိတ် ခေါင်းညိတ်လိုက်မိပြီး မိမိဘာသာ စဉ်းစားမိခဲ့သည်- “ဒီလိုဆိုတော့ ‘ခမည်းတော်’ နဲ့ ‘သားတော်’ ဆိုတဲ့ စကားလုံးတွေက ဘုရားသခင်ရဲ့ လိင်ကို ရည်ညွှန်းတာမဟုတ်ဘဲ ဘုရားသခင်က သူ့ရဲ့ လူ့ဇာတိနဲ့ သူ့ရဲ့ဝိညာဉ်တော်ကို မတူကွဲပြားတဲ့ ရှုထောင့်အမြင်တွေကနေ အမည်တပ်ခေါ်တဲ့ နည်းလမ်းတွေဖြစ်နေတာကိုး။ ကြည့်ရတာ ငါတို့က ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို မျက်မြင်အတိုင်း အမှန်လို့လက်ခံရင်၊ အဲဒါတွေကို ငါတို့ တကယ်နားလည်နိုင်မှာ မဟုတ်တဲ့သဘောပဲ၊ ဘုရားသခင်ရဲ့ အလိုတော်ကို ငါတို့တကယ် လေးလေးနက်နက် ရှာဖွေရမယ်။”

မိန်းမအသွင်ဖြင့် သခင့်ပြန်ကြွလာခြင်း၏ အဓိပ္ပါယ်ကို သိနားလည်သည်တွင် ကျွန်တော် များစွာအပြစ်ရှိသလို ခံစားရသည်

ထို့နောက် ညီအစ်ကိုရှောင်က ဆက်လက်ပြီး “ဘုရားသခင်က အထွတ်အထိပ်ဖြစ်တယ်၊ သူက ကြီးမြတ်တယ်၊ ပြီးတော့ သူက အံ့သြဖွယ်ဖြစ်ပြီး နားလည်လို့မရနိုင်ဘူး။ ငါတို့က ဘုရားသခင်ကို ဘောင်ခတ်ဖို့ ငါတို့ရဲ့ ကိုယ်ပိုင်အယူအဆတွေနဲ့ စိတ်ကူးတွေအပေါ် မှီခိုတဲ့အခါ ဘုရားသခင်ကို ငါတို့ ပုန်ကန်ပြီး အာခံကြတာပဲ။ နောက်ဆုံးသောကာလမှာ သူ့ရဲ့ လူ့ဇာတိခံယူခြင်းအဖြစ် အမျိုးသမီးအသွင်ကို ယူခြင်းအားဖြင့် ဘုရားသခင်က ငါတို့ရဲ့ သဘောထားခံယူချက်တွေကို ဆန့်ကျင်ပြီးကြီးမားတဲ့ တန်ပြန်တိုက်ခိုက်မှုတစ်ခုကို အစပျိုးလိုက်တာပဲ၊ အဲဒီနည်းနဲ့ လူ့ဇာတိခံဘုရားသခင်ရဲ့ လိင်အမျိုးအစားနဲ့ပတ်သက်ပြီး ငါတို့ရဲ့ အမှားပေါ်အခြေခံတဲ့ သိနားလည်မှုကို ကုသပေးခဲ့တယ်။ ဘုရားသခင့် နှုတ်ကပတ်တော်ရဲ့ တခြားကျမ်းပိုဒ်တစ်ခုကို ငါတို့ဖတ်ပြီးတဲ့နောက် ဒါကို ပိုပြီးကောင်းကောင်း နားလည်သွားမှာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က မိန့်တော်မူတယ်- ‘ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်၊ ယခုတစ်ကြိမ် ဘုရားသခင်ကြွလာသောအခါမူ သူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးကို သူ၏အမှုအတွက် ဖန်ဆင်းခဲ့သည်ဆိုခြင်းကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့ထံတွင် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် သူနှစ်သက်သည့် မည်သည့်ဇာတိခန္ဓာကိုမဆို ခံယူနိုင်ပြီး သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ခံယူနိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့၊ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ အမှု၏ ယခုလက်ရှိအဆင့်ကို အမျိုးသားက ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည်ဖြစ်သည်။ အဆင့်အသီးသီးတွင် လုပ်ဆောင်ခဲ့သော အမှုသည် ညီတူညီမျှပင် အရေးပါသည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။...ဘုရားသခင်အတွက်မူ ကျားမကွဲပြားခြင်း မရှိပေ။ သူသည် သူ၏စိတ်ဆန္ဒရှိသည့်အတိုင်း သူ၏အမှုကို လုပ်ဆောင်သည်၊ ထို့ပြင် သူ၏အမှုကို လုပ်ဆောင်ရာတွင် သူသည် မည်သည့်ချုပ်နှောင်ကန့်သတ်မှုကိုမျှ မခံရဘဲ အထူးသဖြင့် လွတ်လပ်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ အမှု၏အဆင့်တိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ဘုရားသခင်သည် နှစ်ကြိမ်နှစ်ခါ လူ့ဇာတိခံယူခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူ၏လူ့ဇာတိခံယူခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်သည်မှာ ပြောစရာပင် မလိုပေ။ သူသည် သူ၏ဆောင်ရွက်ချက်များကို ထုတ်ဖော်ရန် ကြွလာခဲ့သည်။ အကယ်၍ ဤအဆင့်တွင် သူသည် လူသားတို့ မျက်မြင်တွေ့ရန်အလို့ငှာ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန်အတွက် လူ့ဇာတိကို မခံယူခဲ့လျှင် လူသားတို့သည် သူတို့၏ အယူအဆများအတိုင်း ဘုရားသခင်သည် လူယောက်ျားသာဖြစ်သည်၊ လူမိန်းမ မဟုတ်ဟူသော အယူအဆကို ထာဝစဉ် လက်ကိုင်ထားမည်သာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်)

“ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အလွန်ရှင်းလင်းပါတယ်။ ဘုရားသခင်က နာမ်ဝိညာဉ်ဖြစ်ပြီး သူ့မှာ လိင်ကွဲပြားမှုဆိုတာ မရှိပါဘူး။ သူ့ရဲ့ လူ့ဇာတိခံယူခြင်းနှစ်ခုမှာ ဘုရားသခင်က မတူညီတဲ့လိင်အမျိုးအစားတွေကို ယူခဲ့တဲ့အကြောင်းရင်းက သူ့အမှုရဲ့ လိုအပ်ချက်တွေအပေါ် အခြေပြုပါတယ်၊ ပြီးတော့ အဲဒါက လူသားမျိုးနွယ်ကို ပိုပြီးကောင်းစွာ ကယ်တင်ဖို့အတွက် ပြုလုပ်ခဲ့တာပါ။ ဒါပေမယ့် ဘုရားသခင်က ယောက်ျားအဖြစ် လူ့ဇာတိခံသည်ဖြစ်စေ၊ မိန်းမအဖြစ် လူ့ဇာတိခံသည်ဖြစ်စေ အဲဒါက အမြဲ ဘုရားဝိညာဉ်တော်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အမှန်တကယ်ဖြစ်ပေါ်ခြင်း ဖြစ်တယ်၊ အဲဒါက ခရစ်တော်ဖြစ်တယ်၊ ပြီးတော့ သူပြုတဲ့ အမှုက အမြဲ ဘုရားသခင်ရဲ့ အမှုဖြစ်တယ်။ ဥပမာအနေနဲ့ သခင်ယေရှုက လောကထဲမှာ ယောက်ျားအသွင်နဲ့ လာရောက်ပေါ်ထွန်းပြီး အမှုပြုခဲ့တဲ့အချိန်မှာ ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့ပြီး ကျေးဇူးတော်ခေတ်ကို စတင်ခဲ့တယ်၊ သူဟာ လူသားမျိုးနွယ်ရဲ့ ရွေးနုတ်ခြင်းနဲ့ဆိုင်တဲ့ သမ္မာတရားကို ဖော်ပြခဲ့ပြီး၊ ကရုဏာနဲ့ သနားကြင်နာခြင်းတို့နဲ့ဆိုင်တဲ့ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြခဲ့တယ်။ သခင်ယေရှုက လူငါးထောင်ကို မုန့်ငါးလုံး ငါးနှစ်ကောင်နဲ့ ကျွေးမွေးတာ၊ စကားတစ်ခွန်းနဲ့ လေနဲ့ ပင်လယ်ကို ငြိမ်သက်စေတာ၊ ပြီးတော့ လူသေကို ပြန်ရှင်စေတာတွေလို အံ့သြဖွယ်လက္ခဏာအများကြီးကိုလည်း ပြုလုပ်ခဲ့တယ်၊ နောက်ဆုံးမှာ သခင်ယေရှုဟာ ကားတိုင်မှာ အသေသတ်ခြင်းခံခဲ့ရပြီး ဒီလိုနဲ့ လူသားမျိုးနွယ်ကို စာတန်ရဲ့ လက်ခုပ်တွင်းကနေ ရွေးနုတ်ခဲ့တယ်။ သခင်ယေရှု လုပ်ဆောင်ခဲ့တဲ့ အရာအားလုံးဟာ လုံးဝ ဘုရားအလုပ်ဖြစ်ခဲ့ပြီး သူဟာ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ခဲ့တယ်ဆိုတာ ငါတို့မြင်နိုင်တယ်။ အလားတူပဲ၊ နောက်ဆုံးသောကာလရဲ့ ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင် ဟာ သူ့အမှုကို ပြုဖို့ အမျိုးသမီးအသွင်နဲ့ ပေါ်ထွန်းလာတာပါ။ အပြင်ပန်းကနေ ဘုရားသခင်ရဲ့ လူ့ဇာတိခံခြင်းက သာမန်နဲ့ ပုံမှန်ဖြစ်ပုံပေါ်ပေမယ့် အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး နိုင်ငံတော်ခေတ်ကို စတင်လိုက်တာပါ၊ ပြီးတော့ သူ့နှုတ်ကပတ်တော်တွေကို ဖော်ပြပြီး လူ့ဇာတိခံဘုရားက သူ့အမှုကိုပြုဖို့ရာပေါ်ထွန်းလာခြင်းနဲ့ဆိုင်တဲ့ နက်နဲမှု၊ ဘုရားသခင့်အမှုရဲ့ အဆင့်သုံးဆင့်နဲ့ဆိုင်တဲ့ နက်နဲမှု၊ ဘုရားသခင်ရဲ့ နာမတော်နဲ့ဆိုင်တဲ့ နက်နဲမှု၊ သမ္မာကျမ်းစာနဲ့ဆိုင်တဲ့ အတွင်းပိုင်းဇာတ်ကြောင်းနဲ့ တကယ့်အမှန်တရား၊ ပြီးတော့ လူသားမျိုးနွယ်အတွက် အဆုံးသတ်နဲ့ ခရီးဆုံးပန်းတိုင် စတဲ့ သမ္မာတရားတွေနဲ့ နက်နဲမှုတွေအားလုံးကို သူ ဖွင့်ပြလိုက်ပြီဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဖြောင့်မတ်ခြင်းနဲ့ ဘုန်းအာနုဘော်တို့နဲ့ဆိုင်တဲ့ သူ့ရဲ့ စိတ်သဘောထားကိုလည်း ဖော်ပြပါတယ်၊ ပြီးတော့ သူဟာ ငါတို့ရဲ့အပြစ်တွေကို စီရင်ဖို့၊ ငါတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ တရားမျှတမှုမရှိခြင်းတို့ကို ဖော်ထုတ်ဖို့၊ ကယ်တင်ခြင်းကို ရရှိပြီး သန့်စင်ခံရဖို့အတွက် ငါတို့ကို လမ်းကြောင်းပြဖို့နဲ့ နောက်ဆုံးမှာ ငါတို့ရဲ့ လှပတဲ့ခရီးဆုံးပန်းတိုင်ဆီ ငါတို့ကို ခေါ်ဆောင်သွားဖို့ သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုတယ်။ ဒီအမှုကို လူ့ဇာတိခံဘုရားသခင်ကပဲ ပြုနိုင်တယ်၊ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ထဲက တစ်ယောက်ကမှ အဲဒါကို မလုပ်နိုင်ဘူး၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ပြုတဲ့ အမှုကနေ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ အမှန်တကယ် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်တယ်ဆိုတာ ငါတို့ လုံးဝ သေချာနိုင်ပါတယ်။

“ဒါ့အပြင်၊ ဘုရားသခင်ရဲ့ လိင်အမျိုးအစားနဲ့ဆိုင်တဲ့ ကျွန်တော်တို့ရဲ့ ဘက်လိုက်တဲ့သိနားလည်မှုကို ပပျောက်စေဖို့နဲ့ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းက ယောက်ျားနဲ့ မိန်းမ နှစ်ခုလုံးဖြစ်နိုင်တယ်ဆိုတာ ငါတို့ သတိပြုမိလာစေဖို့ နောက်ဆုံးသောကာလမှာ ဘုရားသခင်က မိန်းမအဖြစ် လူ့ဇာတိခံယူခဲ့တာပါ။ ဘုရားသခင်ဟာ ယောက်ျားတွေရဲ့ ဘုရားပဲမဟုတ်ဘူး၊ မိန်းမတွေရဲ့ ဘုရားလည်း ဟုတ်တယ်၊ ယောက်ျားတွေကိုပဲ ဘုရားသခင် ကယ်တင်တာမဟုတ်ဘဲ၊ မိန်းမတွေကိုလည်း ကယ်တင်ပါတယ်။ ဒါကို သိနားလည်ခြင်းအားဖြင့် ငါတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေအပေါ် မှီခိုခြင်းအားဖြင့် ဘုရားသခင်ကို ငါတို့ ဘောင်ခတ်တော့မှာ မဟုတ်ဘူး။ ဒီအရာကနေ ဘုရားသခင်က နောက်ဆုံးသောကာလမှာ မိန်းမတစ်ဦးအနေနဲ့ လူ့ဇာတိခံယူခဲ့တာဟာ တကယ့်ကို အလွန်အဓိပ္ပါယ်ရှိတယ်ဆိုတာ ငါတို့ အမှန်တကယ် မြင်နိုင်သားပဲ” ဟု ပြောခဲ့သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညီအစ်ကိုရှောင်ဖွဲ့ပေးသော မိတ်သဟာယတို့ကို နားထောင်ခြင်းအားဖြင့် ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်ပြီး သူ၌ လိင်သိသာကွဲပြားမှုမရှိကြောင်းကို ကျွန်တော် နားလည်လာခဲ့သည်။ သူ့အမှုတော်၏ လိုအပ်ချက်များကြောင့်သာ သူသည် သူ၏အမှုကိုပြုဖို့ မိမိကိုယ်ကို လူ့ဇာတိကို ယူတင်ဝတ်ဆင်လေသည်။ သို့သော် ဘုရားသခင်က ယောက်ျားအဖြစ် လူ့ဇာတိခံယူသည်ဖြစ်စေ၊ မိန်းမအဖြစ် လူ့ဇာတိခံယူသည်ဖြစ်စေ အနှစ်သာရအားဖြင့် ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုကိုပြုနေသည်မှာ အမြဲတစေ ဘုရားသခင်၏ဝိညာဉ်တော် ဖြစ်ပါသည်။ ခရစ်တော်ကို ကျွန်တော် မသိခဲ့ပုံနှင့် ကျွန်တော်၏ ကိုယ်ပိုင်စိတ်ကူးများအပေါ် မှီခိုခြင်းဖြင့် ဘုရားသခင်ကို ကျွန်တော်ဘောင်ခတ်မိခဲ့ပုံတို့ကို ကျွန်တော် စဉ်းစားမိခဲ့သည်။ သခင်ယေရှု ပြန်ကြွလာခဲ့ပြီးပြီဖြစ်ပြီး မိန်းမအသွင်ဖြင့် သူ၏အမှုကိုပြုဖို့ ပေါ်ထွန်းခဲ့ပြီးပြီကို ကျွန်တော် ကြားခဲ့ချိန်တွင် ကျွန်တော့်စိတ်နှလုံးထဲ၌ သဘောထားခံယူချက်များ ပေါ်ထွက်လာခဲ့ပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကိုရှာဖွေဖို့ သို့မဟုတ် လေ့လာဆန်းစစ်ဖို့ ကျွန်တော်ငြင်းဆန်ခဲ့သည်- ကျွန်တော် တကယ်ပင် မျက်ကန်းခဲ့ချေပြီတကား။ ထို့ကြောင့် ဘုရားသခင်ရှေ့ကို ကျွန်တော်လာပြီး “အို ဘုရားရှင်၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အယူအဆတွေနဲ့ စိတ်ကူးတွေအပေါ် မှီခိုခြင်းအားဖြင့် ကိုယ်တော့်ကို ကျွန်တော်ဘောင်ခတ်မိခဲ့ပြီး ဆန့်ကျင်မိခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော့်ကို ညီအစ်ကိုမောင်နှမတွေက ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြခြင်းနဲ့ ကျွန်တော့်ကို စိတ်ရှည်ရှည် မိတ်သဟာယဖွဲ့ပေးခြင်းတို့အားဖြင့်၊ ကိုယ်တော် ကျွန်တော့်ကို သမ္မာတရားကို နားလည်စေနိုင်ခဲ့ပြီး ကျွန်တော့်ရဲ့ သဘောထားခံယူချက်တွေကို စွန့်လွှတ်စေနိုင်ခဲ့ပါတယ်၊ ပြီးတော့ ကိုယ်တော့်ရဲ့ မျက်မှောက်တော်ထဲကို ကျွန်တော့်ကို ပြန်လည်လမ်းပြပို့ဆောင်ခဲ့ပါတယ်။ အို ဘုရားရှင်၊ ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်” ဟု ဆုတောင်းခဲ့ပါသည်။

ကျွန်တော်၏ သဘောထားခံယူချက်များ ပပျောက်ပြီး သိုးသငယ်၏ ခြေလှမ်းများကို ကျွန်တော်အမီလိုက်သည်

နောက်ပိုင်းတွင် ညီအစ်ကိုရှောင်က ဘုရားသခင့်အမှု အဆင့်သုံးဆင့်၏ အတွင်းဇာတ်ကြောင်းနှင့် ရည်ရွယ်ချက်များ၊ ဘုရားနာမတော်၏ နက်နဲမှု၊ သူ၏အမှုကိုပြုဖို့ရန် ပေါ်ထွန်းလာသော ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော နက်နဲမှု အစရှိသည့် ထိုကဲ့သို့သော သမ္မာတရားများအပေါ် ကျွန်တော့်ကို မိတ်သဟာယဖွဲ့ပေးခဲ့သည်။ သူ၏ မိတ်သဟာယကို နားထောင်ပြီးနောက်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်းနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်သည် အမှန်ပင်ပြန်ကြွလာသော သခင်ယေရှုဖြစ်ကြောင်းကို ကျွန်တော် ပို၍ပင် သေချာလာခဲ့လေပြီ။ တစ်ချိန်တည်းမှာပင် နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်အပေါ် ကျွန်တော်၏သဘောထားကို ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ကျွန်တော်သည် ဖာရိရှဲများနှင့် ခြားနားမှုမရှိခဲ့သည်ကို ကျွန်တော် အမှန်တကယ် မြင်လာခဲ့သည်။ ကျွန်တော်၏ အယူအဆများနှင့် စိတ်ကူးများကို ကြောင်းကျိုးမမြင်ဘဲ ကျွန်တော် ဖက်တွယ်ခဲ့သည်၊ ဘုရားသခင်ဖော်ပြသော သမ္မာတရားများကို ကျွန်တော် လက်မခံခဲ့သလို ရှာလည်းမရှာဖွေခဲ့ပါ၊ ထို့ပြင် ဘုရားသခင်ကို ကျွန်တော် ဆန့်ကျင်ပုန်ကန်ခဲ့ပြီး ဖီဆန်ခဲ့ပေပြီ။ ကျွန်တော် အပြစ်ရှိသလို လွန်စွာခံစားရပြီး နောင်တရခဲ့ပါသည်။

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို ကျွန်တော်လက်ခံခဲ့ပြီးနောက်တွင် စုဝေးပွဲများကို ကျွန်တော် တက်တက်ကြွကြွ စတင်တက်ရောက်ခဲ့ပြီး ကျွန်တော့် ညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန်ပြောဆိုဆက်ဆံခြင်းမှတဆင့် အခြားသူများနှင့် ဆက်ဆံရာတွင် သူတို့မှာ အလွန်နွေးထွေးပြီး ချစ်ခင်တတ်ကြကြောင်းနှင့် ထိုသို့အလင်းပေးသည့် နည်းလမ်းဖြင့် သမ္မာတရားကို သူတို့ မိတ်သဟာယပြုကြကြောင်းကို ကျွန်တော်မြင်ခဲ့ရသည်၊ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်သည် ကြီးမား၊ နွေးထွေးသော မိသားစုကြီးတစ်ခုလို ဖြစ်ခဲ့ပါသည်တကား။ နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ကယ်တင်ခြင်းကို ကျွန်တော် လက်ခံရရှိနိုင်ခြင်းအဖြစ်သည် ကျွန်တော့်အတွက် ဘုရားသခင်၏ ကြီးမြတ်သော ချစ်ခြင်းမေတ္တာကြောင့်သာလျှင် ဖြစ်သည်ကို ကျွန်တော် လေးလေးနက်နက် အသိအမှတ်ပြုလာခဲ့ရသည်။ သခင်ယေရှုက “ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၇) ဟု ဆိုခဲ့ပြီး ဤနှုတ်ကပတ်တော်များ၏ အဓိပ္ပါယ်အစစ်အမှန်ကို ကျွန်တော်နားလည်လာခဲ့သည်- သခင်၏ ကြွလာခြင်းကို ကြိုဆိုခြင်းနှင့်ဆိုင်သည့် အရေးပါသောအချိန်တွင် သမ္မာတရားကို ဆာငတ်ပြီး ရှာဖွေတတ်သည့် နှလုံးသားတစ်ခုရှိရန်မှာ အလွန်အရေးကြီးပါသည်။

ဤနိုင်ငံရပ်ခြားတိုင်းပြည်တွင် နောက်ဆုံးသောကာလရှိ သူ၏ကယ်တင်ခြင်းကိုရရှိရန် ကျွန်တော့်အား အခွင့်ပေးခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်၊ ဤသည်မှာ ကျွန်တော်၏ ကောင်းချီးမင်္ဂလာပင်တည်း။ ခုချိန်မှစ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော်ပိုဖတ်မည်၊ ကျွန်တော့် ညီအစ်ကိုမောင်နှမများနှင့်အတူ ပိုမို မိတ်သဟာယဖွဲ့မည်၊ သမ္မာတရားနှင့် မိမိကိုယ်ကို ပိုမိုအသင့်ပြင်ဆင်ပြီးလျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပေးဆပ်ရန် ကျွန်တော် ကောင်းစွာ တာဝန်ထမ်းဆောင်ပါမည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

Myanmar Gospel Movie | လူ့ဇာတိ၌ ရှိသော ခရစ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ (အသားပေးပြသချက်များ)

ဇာတ်လမ်းတို (၆) သခင်ယေရှုဟာ ဘုရားသခင်ရဲ့သားတော်လား၊ ဘုရားသခင်ကိုယ်တော်တိုင်လား သခင်ယေရှုဟာ ခရစ်တော်ဖြစ်တယ်၊ သူဟာ ဘုရားသခင်ရဲ့သားတော်...

Myanmar Gospel Movie | လူ့ဇာတိခံ ဘုရားသခင်ကို ဘယ်လိုနားလည်ကြမလဲ (အသားပေးပြသချက်များ)

နောက်ဆုံးသောကာလမှာ၊ ဘုရားသခင်ဟာ လူတွေကို ကယ်တင်ဖို့အတွက် အမှုတော်ပြုဖို့ လူ့ဇာတိခံယူလိုက်ပါပြီ။ ဒါပေမဲ့ ကျွန်ုပ်တို့က...

YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။