သမ္မာတရားကို ကျွန်မ ဘာကြောင့် လက်တွေ့မလုပ်နိုင်တာလဲ
ကျွန်မ ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တုန်းက ကျွန်မတာဝန်ယူရတဲ့ အသင်းတော်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ယန်လီက တကယ့်အလုပ်ကို ဘာတစ်ခုမှ မလုပ်ဘူးဆိုပြီး...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လတုန်းက ကျွန်တော်က အသင်းတော်မှာ စာနဲ့ပတ်သက်တဲ့အလုပ်ကို တာဝန်ယူခဲ့တယ်။ ပုံမှန်ဆို ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ အတတ်ပညာမှာဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ် အခက်အခဲတွေကြုံလာတဲ့အခါတိုင်း ကျွန်တော်က စိတ်ရှည်ရှည်နဲ့ လမ်းညွှန်ကူညီပေးလေ့ရှိတယ်။ မိတ်သဟာယဖွဲ့ပြီးတိုင်းမှာ အားလုံးရဲ့ မျက်နှာပေါ်က အပြုံးတွေကို မြင်ရတော့ ကျွန်တော် အရမ်းပျော်ပြီး ကျေနပ်မိတယ်။ လူတိုင်းက ကျွန်တော့်ကို အသိအမှတ်ပြုကြတယ်လို့ ခံစားရတယ်။ အချိန်ကာလတစ်ခုကြာပြီးတဲ့နောက်မှာ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ညီအစ်မ ဝမ်ယင်းက သူ့တာဝန်မှာ ဝန်တာထားတဲ့စိတ်မရှိဘဲ အလုပ်ကို ပေါ့ပေါ့ဆဆ သဘောထားတာကို ကျွန်တော် သတိထားမိလာတယ်။ အလုပ်ရလဒ်တွေ မကောင်းတဲ့အခါ သူက ပြဿနာတွေကို အကျဉ်းရုံးရအောင် အားလုံးကို အလျင်ဦးအောင် ဦးဆောင်တာမျိုး မရှိဘူး။ နေ့စဉ်တာဝန်မှာဆိုရင်လည်း သူက အမိန့်ပေးပြီး တခြားသူတွေကိုပဲ အလုပ်လုပ်ဖို့ ညွှန်ကြားတယ်။ နောက်ပြီး သူက တရားဒေသနာတွေ ရွေးချယ်တဲ့နေရာမှာလည်း လုံ့လမရှိဘဲ ရိုးရှင်းတဲ့ကိစ္စတွေမှာ ခဏခဏ အမှားလုပ်တယ်။ သူနဲ့တွဲဖက်အလုပ်လုပ်တဲ့ ညီအစ်မက သူ့ပြဿနာတွေကို ထောက်ပြတဲ့အခါ သူက နှုတ်နဲ့တော့ လက်ခံတယ်၊ ဒါပေမဲ့ နောက်ပိုင်းကျတော့ ဝတ်ကျေတမ်းကျေ ဆက်လုပ်နေတုန်းပဲ။ အစပိုင်းမှာတော့ သူက ငယ်သေးတယ်၊ ဘုရားကိုယုံကြည်တာလည်း အချိန်မကြာသေးဘူးဆိုတော့ ကျွန်တော် ကူညီလမ်းညွှန်ပေးခဲ့တယ်။ ဒါပေမဲ့ အချိန်နည်းနည်းကြာတော့ သူ့မှာ သိပ်ပြောင်းလဲမှုမရှိတာကို ကျွန်တော် သတိထားမိလာတယ်။ သူ့ပြဿနာရဲ့ အရေးကြီးတဲ့အခြေအနေကို သူ သဘောပေါက်သွားအောင် ကျွန်တော် မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်ရမယ်ဆိုတာ သိလိုက်တယ်။ ဒါပေမဲ့ တကယ်တမ်း သူ့ကို ဖော်ထုတ်ရတော့မယ့်အချိန်မှာတော့ ကျွန်တော့်မှာ စိုးရိမ်စိတ်တွေ ဝင်လာတယ်။ ကျွန်တော်တွေးမိတယ်၊ “ငါက စကားပြင်းပြင်းထန်ထန် ပြောလိုက်ရင် သူက ငါ့ကို သူ့ရဲ့အားနည်းချက်ကို နားမလည်ပေးဘဲ အေးစက်ပြီး အကြင်နာတရားမရှိတဲ့လူလို့ ထင်သွားမလား။ ပြီးတော့ သူက တခြားညီအစ်ကိုမောင်နှမတွေကို ငါ့အကြောင်း ဒီလို သွားပြောလိုက်ရင် ငါ့က မေတ္တာမရှိဘူး၊ လူ့သဘာဝမကောင်းဘူးလို့ အားလုံးကထင်ကုန်ကြမှာ မဟုတ်ဘူးလား။ ဒါဆိုရင် နောင်ကျရင် ဘယ်သူက ငါ့ကို ဆက်ပြီး ထောက်ခံတော့မှာလဲ။ သူ့ကို မဖော်ထုတ်၊ မပြုပြင်တာပဲ ကောင်းပါတယ်လေ။ စိတ်ရှည်ရှည်နဲ့ပဲ ကူညီပေးလိုက်တော့မယ်” ပေါ့။ ဒါနဲ့ ကျွန်တော်လည်း ဝမ်ယင်းကို သူ့အလုပ်မှာ ဘယ်နေရာတွေ လိုအပ်နေတယ်ဆိုတာကို အကျဉ်းချုပ်ပဲပြောပြီး သူ့တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ ဝတ်ကျေတမ်းကျေလုပ်တဲ့ အပြုအမူတချို့ကို ထောက်ပြလိုက်တယ်။ ဒါကိုကြားပြီးတဲ့နောက်မှာ ဝမ်ယင်းက သူ ဝန်တာထားတဲ့စိတ်မရှိတာကိုပဲ ဝန်ခံလိုက်ပြီး၊ သူ့ရဲ့ ဝတ်ကျေတမ်းကျေ တာဝန်ထမ်းဆောင်မှုကြောင့် အလုပ်မှာဖြစ်ပေါ်ခဲ့တဲ့ ထိခိုက်ဆုံးရှုံးမှုအပေါ်မှာတော့ ဘာမှ ဆင်ခြင်သုံးသပ်တာမျိုး၊ နားလည်တာမျိုး မပြခဲ့ဘူး။ အဲဒီနောက် ချက်ချင်းပဲ သူ စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုကို စကားစပြောပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး ပြန်ပြီး ရွှင်ပျသွားရော။ သူ့ရဲ့တုံ့ပြန်ပုံကို မြင်တော့ ကျွန်တော့်မိတ်သဟာယက အရာမထင်ခဲ့ဘူးဆိုတာ သိလိုက်တယ်။ ဒါပေမဲ့ ကျွန်တော် တွေးမိပြန်တယ်၊ “ငါ သူ့ကို သတိပေးပြီးပြီပဲ၊ သူလည်း ပြောင်းလဲပါ့မယ်လို့ ပြောတယ်၊ ဒီတော့ ဆက်ပြီး စောင့်ကြည့်လေ့လာလိုက်ဦးမယ်လေ” ပေါ့။ နောက်ပိုင်းကျတော့ ဝမ်ယင်းက သူ့တာဝန်မှာ ဝန်တာထားတဲ့စိတ်မရှိသေးဘူးဆိုတာ ကျွန်တော် သိလာရတယ်။ သူ့ပြဿနာကို ကျွန်တော် ပြင်းပြင်းထန်ထန် ဖော်ထုတ်ဖို့လိုတယ်၊ မဟုတ်ရင်တော့ အလုပ်ကို တော်တော်လေး ထိခိုက်မှာပဲဆိုတာကို တွေးပြီး ကျွန်တော် အရမ်းစိုးရိမ်သွားတယ်။ တစ်ခါ သူ့အလုပ်ကို ကျွန်တော် လမ်းညွှန်ပေးနေတုန်း သူ့ကို ကျွန်တော် ခပ်ကြမ်းကြမ်း ပြုပြင်လိုက်တယ်။ သူက ခေါင်းငုံ့၊ မျက်မှောင်ကြုတ်ပြီး စိတ်မကောင်းဖြစ်နေတဲ့ပုံစံကို မြင်တော့ ငါ့မှတ်ချက်တွေက ပြင်းထန်လွန်းသွားလားလို့ ပြန်တွေးမိတယ်။ သူ ငါ့ကို “လုံးဝ ခံစားချက်မရှိဘူး။ ငါ့စကားတွေက အရမ်းနာကျင်စရာကောင်းတယ်လို့ ထင်မှာလား။ နောင်မှာ သူ့က ငါ့အပေါ် အကောင်းမြင်ပါဦးမလား” ဆိုပြီး ကျွန်တော် တွေးမိတယ်။ ဒါနဲ့ ကျွန်တော်လည်း နှစ်သိမ့်အားပေးတဲ့စကားတချို့ကို အမြန်ပြောလိုက်တယ်၊ ပြုပြင်ခြင်းခံရတာက ကောင်းတဲ့အရာဖြစ်ကြောင်း အပျက်သဘောမဆောင်သင့်ကြောင်း၊ နောင်မှာ အပြောင်းအလဲတွေသာ လုပ်သင့်ကြောင်း ပြောလိုက်တယ်။ ဒါပေမဲ့ အဲဒီနောက်မှာလည်း သူက သူ့တာဝန်မှာ ဝန်တာထားတဲ့စိတ်မရှိသေးဘဲ အလုပ်ကို ဆိုးဆိုးရွားရွား နှောင့်နှေးစေခဲ့တယ်။ နောက်ဆုံးမှာ သူ့ကို ဖြုတ်ချလိုက်ရတော့တယ်။
သူ့ကို ဖြုတ်ချပြီးနောက်မှာ အထက်ခေါင်းဆောင်က ကျွန်တော့်ကို မေးတယ်၊ “မင်းက ဝမ်ယင်းရဲ့ပြဿနာတွေကို အရင်ကတည်းက သတိထားမိခဲ့တာပဲ။ ဘာလို့ သူ့ကို မပြုပြင်၊ မဖော်ထုတ်ခဲ့တာလဲ။ ဒီလိုသာဆို သူက အစောကြီးကတည်းက ပြောင်းလဲနိုင်ခဲ့မှာပေါ့၊ ပြီးတော့ သူ နောင်တမရဘူးဆိုတာကိုသာ မင်းတွေ့ခဲ့ရင် သူ့ကို စောစောစီးစီး ဖြုတ်ချနိုင်ခဲ့မှာပဲ။ သူ ဝတ်ကျေတမ်းကျေ လုပ်တဲ့ သဘောထားက ဆက်ရှိနေတော့ အလုပ်တွေအများကြီး နှောင့်နှေးသွားတာပေါ့” တဲ့ ခေါင်းဆောင်ရဲ့စကားကို ကြားပြီးတဲ့နောက်မှာ ကျွန်တော် စပြီး ဆင်ခြင်သုံးသပ်မိတယ်၊ “ဝမ်ယင်းရဲ့ပြဿနာတွေကို ငါ အစောကြီးကတည်းက သတိထားမိခဲ့ပြီး အကြိမ်ကြိမ်လည်း သတိပေးခဲ့တယ်။ ဒါပေမဲ့ သူ့ပြဿနာတွေရဲ့ သဘောသဘာဝကို လုံးဝ မစိစစ်ခဲ့ဘူး။ သေချာမကိုင်တွယ်ဘဲ အပေါ်ယံပဲ လုပ်ခဲ့တယ်။ ငါ့မှာ အရင်က ဒီလိုအပြုအမူမျိုး ရှိခဲ့ဖူးတယ်။ ဘာလို့ ငါက သူများရဲ့ပြဿနာတွေကို တွေ့တဲ့အခါ မထောက်ပြ၊ မဖော်ထုတ်နိုင်ရတာလဲ။ ခပ်ကြမ်းကြမ်း ပြောလိုက်ရင် သူများတွေ ငါ့အပေါ် အမြင်မကောင်းတော့မှာကို ဘာလို့ အမြဲ ကြောက်နေရတာလဲ။ ဒီနေရာမှာ ရှိနေတဲ့ တကယ့်ပြဿနာက ဘာလဲ” ပေါ့။ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုယ့်ပြဿနာတွေကို ကိုယ်တိုင် သိမြင်နိုင်ဖို့ ဉာဏ်အလင်းပေးဖို့ တောင်းလျှောက်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်လိုက်ရတယ်။ “အသင်းတော်ခေါင်းဆောင်အချို့သည် ညီအစ်ကိုများ သို့မဟုတ် ညီအစ်မများက မိမိတို့၏ တာဝန်များအား ဝတ်ကျေတမ်းကျေ ဆောင်ရွက်နေသည်ကို ၎င်းတို့မြင်တွေ့ရသောအခါ ၎င်းတို့အား ပြစ်တင်မောင်းမဲခြင်း ပြုသင့်သော်ငြားလည်း မပြုကြချေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွား ထိခိုက်နစ်နာစေသည်ကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မြင်သည့်အခါ ၎င်းတို့သည် စိတ်ဝင်စားခြင်းမရှိ သို့မဟုတ် မည်သည့် မေးမြန်းစုံစမ်းခြင်းကိုမျှ မပြုသည့်အပြင် အခြားသူများအား စိတ်အနှောင့်အယှက် တစ်စက်မျှပင် မဖြစ်စေကြပေ။ အမှန်မှာမူ ၎င်းတို့သည် လူများ၏ အားနည်းချက်များကို အမှန်တကယ် ထည့်တွက်စဉ်းစားနေခြင်း မဟုတ်ပေ။ ထိုအစား ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်က လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ ဖြစ်သည်။ ၎င်းတို့သည် ‘ဤအရာကို ငါ ပြုလုပ်ပြီး မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေသရွေ့ ငါသည် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ထင်ကြလိမ့်မည်။ ၎င်းတို့သည် ငါနှင့်သက်ဆိုင်၍ ကောင်းမွန်၊ မြင့်မားသည့် ထင်မြင်ချက်တစ်ခု ရှိကြလိမ့်မည်။ ငါ့ကို ၎င်းတို့ သဘောကျကာ နှစ်သက်ကြလိမ့်မည်’ ဟူ၍ ကောင်းစွာ သိရှိကြလေသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားအား မည်မျှ ထိခိုက်နစ်နာစေသည်ဖြစ်စေ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကို မည်မျှကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပျက်သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ အသင်းတော်အသက်တာသည် မည်မျှကြီးမားစွာ နှောင့်ယှက်ခံရသည်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်ချေ။ ၎င်းတို့သည် ၎င်းတို့၏ စာတန်ဆန်သော အတွေးအခေါ်ကိုပင် မလျှော့တမ်း ထားရှိပြီး မည်သူ့ကိုမျှ မစော်ကားကြချေ။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါတွင်မျှ မိမိကိုယ်ကို အပြစ်တင်မှု တစ်ခုမျှ မရှိကြပေ။ တစ်စုံတစ်ဦးက နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသည်ကို ၎င်းတို့မြင်သည့်အခါ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ ထိုသူ့ကို စကားအနည်းငယ်မျှ ပြောကောင်းပြောမည်ဖြစ်ပြီး ထိုပြဿနာကို ဖော့ပြောလိုက်ပြီး အဆုံးသတ်လိုက်သည်။ ၎င်းတို့သည် ထိုလူကို သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်း သို့မဟုတ် ထိုပြဿနာ၏ အနှစ်သာရကို ထောက်ပြခြင်း ရှိမည်မဟုတ်ပေ။ ထိုသူ၏ အခြေအနေအား စိတ်ဖြာလေ့လာဆွေးနွေးခြင်းကို သာ၍ပင် လုပ်မည် မဟုတ်သည့်အပြင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို မိတ်သဟာယပြုခြင်း လုံးဝ ရှိမည် မဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့ မကြာခဏ ပြုလုပ်သည့် အမှားများ သို့မဟုတ် လူများ မကြာခဏ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အခါမျှ ဖော်ထုတ်ခြင်း သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိပေ။ ၎င်းတို့သည် မည်သည့် တကယ့်ပြဿနာကိုမျှ မဖြေရှင်းဘဲ၊ ထိုအစား လူများ၏ မှားယွင်းသော လက်တွေ့လုပ်ဆောင်မှုများနှင့် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများကို အစဉ်သဖြင့် အလိုလိုက်ကြသည်။ ပြီးလျှင် လူတို့သည် မည်မျှ အပျက်သဘောဆောင်ပါစေ၊ အားနည်းပါစေ ၎င်းတို့သည် ဤအရာကို အလေးအနက် မထားကြချေ။ ၎င်းတို့သည် အချို့သော စကားလုံးများနှင့် အယူဝါဒများကို ဟောပြောရုံမျှ ဟောပြောပြီး ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် တိုက်တွန်းအားပေးခြင်း စကားအနည်းငယ် ပြောရုံမျှပြောလျက် သဟဇာတဖြစ်ခြင်းကို ထိန်းသိမ်းဖို့ ကြိုးစားလေသည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူများသည် မိမိတို့ကိုယ်ကို မည်သို့ ဆင်ခြင်သုံးသပ်ရမည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်ကို မည်သို့ သိနားလည်ရမည်ကိုလည်းကောင်း မသိကြချေ။ ၎င်းတို့သည် မိမိတို့ထုတ်ဖော်သည့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွက်ကိုမျှ ဖြေရှင်းချက် မရှိသည့်အပြင် ၎င်းတို့သည် အသက်ဝင်ရောက်မှု တစ်စုံတစ်ရာမရှိဘဲ စကားလုံးများနှင့် အယူဝါဒများ၊ အယူအဆများနှင့် စိတ်ကူးများအလယ်တွင် အသက်ရှင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ‘ငါတို့၏ခေါင်းဆောင်သည် ငါတို့၏ အားနည်းချက်များအတွက် ဘုရားသခင်ထက်ပင် ပို၍များသော နားလည်မှုရှိသည်။ ငါတို့၏ဝိညာဉ်ရင့်ကျက်မှုသည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အသက်ရှင်ဖို့အတွက် အလွန်သေးငယ်သည်။ ငါတို့သည် ငါတို့ခေါင်းဆောင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းရန်သာ လိုအပ်သည်။ ငါတို့၏ခေါင်းဆောင်ကို ကျိုးနွံနာခံခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနေခြင်း ဖြစ်သည်။ အထက်က ငါတို့၏ခေါင်းဆောင်ကို ရာထူးမှဖြုတ်ချသည့် နေ့ရက်ရောက်လာပါက ငါတို့၏ သဘောထားကို သိအောင်ထုတ်ပြောမည်။ ငါတို့ ခေါင်းဆောင်ကို ဆက်ထားရှိဖို့နှင့် သူ့ကို ဖြုတ်ချခြင်းမှ တားဆီးဖို့ ငါတို့သည် အထက်နှင့်ညှိနှိုင်းရမည်ဖြစ်ပြီး ၎င်းတို့အား ငါတို့၏ တောင်းဆိုမှုကို လက်ခံသဘောတူအောင် ဖိအားပေးရမည်။ ဤသည်မှာ ငါတို့၏ခေါင်းဆောင်ကို ကျေးဇူးသိတတ်သည့် ပုံစံဖြစ်ပေသည်’ ဟုပင် ထင်မြင်ယူဆကြသည်။ လူများသည် ၎င်းတို့၏စိတ်နှလုံးထဲတွင် ထိုသို့သော အတွေးများရှိသည့်အခါ၊ ၎င်းတို့၌ ခေါင်းဆောင်နှင့် ထိုသို့သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားပြီး ၎င်းတို့၏ခေါင်းဆောင်အပေါ် ဤသို့သော မှီခိုမှု၊ အားကျမှု၊ ကိုးကွယ်ခြင်းတို့ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပေါ်ထွက်လာပြီးသည့်အခါ ၎င်းတို့သည် ဤခေါင်းဆောင်အပေါ် သာ၍ပင် ကြီးမားသော ယုံကြည်ခြင်း ရှိလာကြလေသည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားကို ရှာဖွေခြင်းထက် ထိုခေါင်းဆောင်၏ စကားများကို အမြဲတမ်း နားထောင်လိုကြသည်။ ထိုသို့သော ခေါင်းဆောင်သည် လူများ၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်၏ နေရာကို ယူပြီးလုနီးပါး ဖြစ်လေသည်။ ခေါင်းဆောင်တစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသော လူများနှင့် ထိုသို့သော ဆက်ဆံရေးကို ထိန်းသိမ်းထားလိုပါက၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာမှ ပျော်ရွှင်မှု ခံစားချက်တစ်ခု ရရှိပါက၊ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ၎င်းတို့ကို ဤကဲ့သို့ ဆက်ဆံသင့်သည်ဟု ယုံကြည်ပါက၊ ဤခေါင်းဆောင်နှင့် ပေါလုကြားတွင် ကွာခြားချက်မရှိသည့်အပြင် ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ် ခြေချမိနှင့်ပြီးဖြစ်သည်။ ထို့ပြင် ဘုရားသခင် ရွေးကောက်ထားသော လူတို့သည် ဤအန္တိခရစ်၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရပြီးသားဖြစ်ကာ ပိုင်းခြားသိမြင်နိုင်စွမ်း လုံးဝ ကင်းမဲ့ကြသည်။ အမှန်တွင်မူ ထိုခေါင်းဆောင်၌ သမ္မာတရား လက်တွေ့ကျမှု မရှိသည့်အပြင် ဘုရားသခင် ရွေးကောက်ထားသော လူတို့၏ အသက်ဝင်ရောက်မှုနှင့် ပတ်သက်၍ လုံးဝ ဝန်တာမထားကြပေ။ သူသည် စကားများနှင့် အယူဝါဒများကိုသာ ဟောပြောနိုင်ပြီး အခြားသူတို့နှင့် သူ၏ ပေါင်းသင်းဆက်ဆံရေးများကိုသာ ထိန်းထားနိုင်ကြသည်။ သူသည် သူတော်ကောင်းယောင်ဆောင်သော နည်းလမ်းများကို အသုံးပြုလျက် ကြွားဝါရာ၌ ကျွမ်းကျင်သည်။ သူ၏ စကားပြောခြင်းနှင့် လုပ်ဆောင်ချက်များသည် လူတို့၏ အယူအဆများနှင့် လျော်ညီပြီး၊ ထိုသို့ဖြင့် လူတို့ကို အထင်အမြင်မှားစေကြသည်။ သူသည် သမ္မာတရားနှင့်ပတ်သက်၍ မည်ကဲ့သို့ မိတ်သဟာယပြုရမည်ကို မသိသကဲ့သို့ မိမိကိုယ်ကိုမိမိ မသိသည့်အပြင် ဤအရာက သူ့အနေဖြင့် အခြားသူများအား သမ္မာတရားလက်တွေ့ကျမှုထဲသို့ ခေါ်ဆောင်သွားဖို့ မဖြစ်နိုင်အောင် ဖြစ်သွားစေသည်။ သူသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက်သာ အလုပ်လုပ်ပြီး လူတို့ကို ကျော့ကွင်းမိစေရန် သာယာနာပျော်ဖွယ်ကောင်းသော စကားများကိုသာ ပြောဆိုရာ ယင်းက လူတို့အား သူ့ကို ကိုးကွယ်၍ ကြည်ညိုမော်ဖူးလာစေပြီး အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက် ဝင်ရောက်မှုကို ပြင်းထန်စွာ ထိခိုက်စေကာ နှောင့်နှေးစေ၏။ ဤကဲ့သို့သော လူတစ်ဦးသည် အန္တိခရစ်တစ်ဦး မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁- လူတို့၏စိတ်နှလုံးများ စည်းရုံးသိမ်းသွင်းရန် ၎င်းတို့ကြိုးစားကြသည်) ညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်တွေမှာ ပြဿနာတွေတွေ့ပေမဲ့ မဖော်ထုတ်၊ မပြုပြင်တဲ့ အယောင်ဆောင်ခေါင်းဆောင်တွေက အလုပ် ဘယ်လောက် နှောင့်နှေးသွားလဲ၊ ဒီပြဿနာတွေရဲ့သဘောသဘာဝက ဘယ်လောက် ပြင်းထန်လဲဆိုတာကို ဂရုမစိုက်ဘူးဆိုတာကို ဘုရားသခင်က ဖော်ထုတ်ပါတယ်။ သူတို့က အပေါ်ယံပဲ ပြောပြီး ပြဿနာကိုဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယမဖွဲ့ဘူး။ နောက်ပြီးတော့ သူတို့က အမြဲတမ်း လိုက်လျောပြီး သည်းခံနေတတ်တယ်။ အဲဒီလိုနဲ့ သူတို့က တကယ်ကို ချစ်ခင်တတ်တယ်လို့ သူများတွေက ထင်သွားတာပေါ့။ ဒါက သူတို့ကို သူများတွေ အသိအမှတ်ပြုပြီး ပံ့ပိုးအောင် ကြိုးစားတာပေါ့။ ဒါဟာ လူတွေရဲ့စိတ်နှလုံးကို သိမ်းသွင်းဖို့နဲ့ အထင်အမြင်မှားစေဖို့ လုပ်တာဖြစ်ပြီး အန္တိခရစ်တွေရဲ့ အလေ့အထပဲ။ တကယ်တော့ ကျွန်တော်က အဲဒီလိုလူစားမျိုးပဲ။ ဝမ်ယင်းက သူ့တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်ပြီး တကယ့်အလုပ်ကို မလုပ်တာကို မြင်တော့၊ သူ ဒီလိုတာဝန်ထမ်းဆောင်ပုံမျိုးက အလုပ်ကို ဆိုးဆိုးရွားရွား နှောင့်နှေးစေပြီး နောင်တမရရင် သူ့ကို ဖြုတ်ချရုံကလွဲပြီး တခြားနည်းလမ်းမရှိဘူးဆိုတာ ကျွန်တော် သိခဲ့တယ်။ ဒါပေမဲ့ သူ့ပြဿနာတွေကို ကျွန်တော် ထောက်ပြချင်တဲ့အခါ၊ ကျွန်တော်က သူ့အားနည်းချက်ကို စာနာမှုမရှိဘူး၊ အေးစက်ပြီး အကြင်နာတရားကင်းမဲ့တယ်၊ မေတ္တာနဲ့ လူ့သဘာဝမရှိဘူးလို့ သူပြောမှာကို ကျွန်တော်ကြောက်တယ်။ သူ့အမြင်မှာ ကိုယ့်အပေါ် အကောင်းမြင်တာကို ထိန်းသိမ်းထားဖို့အတွက် ကျွန်တော် သူ့ကို ပြုပြင်ပြီး ဖော်ထုတ်ဖို့ ပြောမထွက်ခဲ့ဘူး။ အဲဒီအစား သူ့တာဝန်တွေအပေါ်မှာ ပိုပြီးစိတ်နှစ်ဖို့ အပေါ်ယံပဲ သတိပေးခဲ့တယ်၊ သူ့လုပ်ရပ်တွေရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို မဖော်ထုတ်ခဲ့ဘူး။ နောက်ပိုင်း ဝမ်ယင်းက သူ့တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်နေတုန်းပဲဆိုတာ ကျွန်တော်မြင်တော့ ကျွန်တော် ခပ်ကြမ်းကြမ်း စကားနည်းနည်းပဲ ပြောခဲ့တယ်။ ဒါပေမဲ့ သူ ခေါင်းငုံ့ပြီး စိတ်ညစ်နေတဲ့ပုံစံကို မြင်လိုက်ရတော့ သူ ငါ့ကို ဘယ်လိုထင်သွားမလဲဆိုပြီး စပြီး စိုးရိမ်လာရော၊ ဒါနဲ့ နှစ်သိမ့်အားပေးတဲ့စကားတချို့ကို အမြန်ပြောလိုက်တယ်။ အကျိုးဆက်အနေနဲ့ ဝမ်ယင်းက သူ့ပြဿနာတွေ မပြင်းထန်ဘူးလို့ ခံစားရပြီး နောင်တရတာ၊ ပြောင်းလဲတာ လုံးဝမရှိဘဲ နောက်ဆုံးမှာ ဖြုတ်ချခံလိုက်ရတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါ ကျွန်တော်က ပြဿနာဖြေရှင်းဖို့ သမ္မာတရားကို ဘယ်လိုမိတ်သဟာယဖွဲ့ရမလဲဆိုတာကို လုံးဝ မစဉ်းစားခဲ့ဘူး။ သူတို့အမြင်မှာ ကြင်နာပြီး မေတ္တာရှိတဲ့ ကိုယ့်ပုံရိပ်ကို ထိန်းသိမ်းဖို့ကိုပဲ ကျွန်တော်အာရုံစိုက်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ဟန်ဆောင်နေခဲ့တယ်။ အခုတော့မှ ဒီလိုမေတ္တာဆိုတာက အတုအယောင်ဖြစ်မှန်း ကျွန်တော် နောက်ဆုံးတော့ မြင်လာတယ်။ ကျွန်တော်က ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိန်းသိမ်းနေခဲ့တာ၊ သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ရဖို့ ကြိုးစားနေခဲ့တာပဲ။ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ကျွန်တော့်တာဝန်တွေက ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းရအောင် သမ္မာတရားကို မိတ်သဟာယဖွဲ့ပေးဖို့၊ သူတို့တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နိုင်အောင် ကူညီပေးဖို့၊ ပြီးတော့ အသင်းတော်အလုပ်ကို ကာကွယ်ပေးဖို့ပါ။ ဒါပေမဲ့ ကျွန်တော်က သူတို့စိတ်ထဲက ကိုယ့်နေရာကိုပဲ ကာကွယ်ဖို့ ကြိုးစားခဲ့ပြီး မေတ္တာရှိတဲ့လူတစ်ယောက်လို အမြဲ ဟန်ဆောင်နေရင်းနဲ့ ကိုယ့်တာဝန်တွေကို နည်းနည်းလေးမှ ကောင်းကောင်းမွန်မွန် မဖြည့်ဆည်းခဲ့ဘူး။ ဒီလိုလုပ်တော့ ကျွန်တော်က လူတွေကို အထင်အမြင်မှားစေပြီး ထောင်ချောက်ဆင်နေခဲ့တာ၊ အန္တိခရစ်ရဲ့လမ်းစဉ်ကို လျှောက်နေခဲ့တာပဲ။ ကျွန်တော် ဒီလိုအလုပ်လုပ်တဲ့ပုံစံက ညီအစ်ကိုမောင်နှမတွေကို တကယ်ကို နစ်နာစေခဲ့တယ်။ ဒီလိုလုပ်တော့ ကျွန်တော်က အသင်းတော်အလုပ်ကို နှောင့်ယှက်နေခဲ့တာ၊ မကောင်းမှုပြုနေခဲ့တာပဲ။ ဒီအကြောင်းကို ဆင်ခြင်သုံးသပ်မိတော့ ကျွန်တော် အရမ်းကို စိတ်သောကရောက်ပြီး အပြစ်ရှိသလို ခံစားရတယ်၊ နောင်တရချင်စိတ်လည်း ရှိခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်တော် စဉ်းစားမိတယ်၊ “လူ့သဘာဝကောင်းတယ်ဆိုတာက နားလည်ပေးတတ်တာ၊ စာနာပေးတတ်တာ၊ သည်းခံတတ်တာလို့ ငါထင်ခဲ့တယ်။ သူများရဲ့ပြဿနာတွေကို ပြုပြင်တာ၊ ဖော်ထုတ်တာကတော့ အေးစက်တယ်၊ အကြင်နာတရားမရှိဘူး၊ မေတ္တာနဲ့ လူ့သဘာဝမရှိဘူးလို့ ထင်ခဲ့တယ်။ ငါ့ရဲ့ ဒီအမြင်က မှန်ရဲ့လား။ တကယ်ကောင်းမွန်တဲ့ လူ့သဘာဝ အတိအကျဆိုတာ ဘာလဲ” ပေါ့။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတော့ ကျွန်တော့်စိတ်နှလုံးက ပိုလင်းလက်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် အလယ်အလတ်လမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို သင့်အား အကောင်းပြောစေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ဘုရားသခင်နှင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း ဖြစ်သည်။ ယင်းမှာ မိမိတို့၏ တာဝန်နှင့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် မည်သို့ချဉ်းကပ်သည်နှင့် စပ်လျဉ်းရာတွင် စည်းမျဉ်းရှိခြင်းနှင့် တာဝန်ယူခြင်းတို့ဖြစ်သည်။ ဤသည်မှာ အားလုံးမြင်နိုင်လောက်အောင် ရိုးရှင်းပေသည်။ လူတိုင်းက မိမိတို့၏စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းကြသည်။ ထို့အပြင် ဘုရားသခင်က လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးများကို စိစစ်ပြီး ၎င်းတို့၏ အမှန်တကယ်ဖြစ်သော အခြေအနေကို သိသည်။ ၎င်းတို့ မည်သူဖြစ်ပါစေ၊ မည်သူမျှ ဘုရားသခင်ကို မလှည့်စားနိုင်ပေ။ အချို့သောသူတို့သည် မိမိတို့၌ လူ့သဘာဝကောင်းရှိသည်ဟု အစဉ် ကြွားဝါတတ်ကြ၏။ သူတို့သည် သူတစ်ပါးအပေါ် မကောင်းပြောခြင်း၊ သူတစ်ပါး၏ အကျိုးစီးပွားကို ထိခိုက်စေခြင်းနှင့် သူတစ်ပါး၏ ပစ္စည်းကို တပ်မက်ခြင်းတို့ကို မည်သည့်အခါမျှ မပြုလုပ်ဘဲ အကျိုးစီးပွားနှင့်ပတ်သက်၍ အငြင်းပွားမှုရှိသောအခါ၌ပင် သူတစ်ပါးထံမှ အမြတ်ထုတ်မည့်အစား အရှုံးခံလိုက်သည်ကို ပို၍နှစ်သက်ကြ၏။ အခြားသူအားလုံးကလည်း သူတို့ကို လူကောင်းများဟု ထင်မှတ်ကြ၏။ သို့သော်လည်း ဘုရားသခင်၏ အိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ၌မူ သူတို့သည် မိမိတို့အတွက်သာ အစဉ် ကြံစည်လျက် ကလိမ်ကကျစ်ကျ၍ လည်ကြ၏၊ ဘုရားသခင်၏ အိမ်တော်၏ အကျိုးစီးပွားကို အလေးထားခြင်း တစ်စက်မျှမရှိသကဲ့သို့ ဘုရားသခင်၏ အရေးတကြီးဖြစ်မှုကို ဝေမျှခံစားခြင်းနှင့် ဘုရားသခင် တွေးတောသည့်အရာကို တွေးတောခြင်းလည်း မရှိသည့်အပြင် မိမိတို့၏ တာဝန်များအတွက် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို ဘေးဖယ်ထားနိုင်ခြင်းလည်း မရှိပေ။ ၎င်းတို့၏ အကျိုးစီးပွားများကို ၎င်းတို့ လုံးဝ မစွန့်လွှတ်ကြချေ။ ဆိုးယုတ်သောလူများက မကောင်းမှု ကျူးလွန်နေကြသည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင်၊ ထိုသူတို့ကို မဖော်ထုတ်ကြချေ။ ၎င်းတို့သည် မည်သည့်စည်းမျဉ်းများ တစ်ခုတလေမျှ မရှိကြပေ။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုးဖြစ်သနည်း။ ကောင်းသောလူ့သဘာဝမဟုတ်ပေ။ ထိုသို့သောလူများ ပြောသည့်အရာကို အာရုံမစိုက်လေနှင့်။ သူအသက်ရှင် နေထိုင်သည့်အရာ၊ သူ ထုတ်ဖော်ပြသည့်အရာနှင့် သူ၏ တာဝန်များကို ဆောင်ရွက်ချိန်တွင် သူ၏သဘောထား မည်သည့်အရာ ဖြစ်သည် ဆိုသည့်အပြင် သူ၏ အတွင်းပိုင်းအခြေအနေ မည်သည့်အရာ ဖြစ်ပြီး သူ မည်သည့်အရာ ချစ်သည်ကို သင် မြင်ရမည်။ ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ချစ်ခြင်းသည် ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းထက် ပိုလွန်ပါက၊ ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ချစ်ခြင်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများထက် သာလွန်ပါက၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အကျိုးအမြတ်များကို ချစ်ခြင်းသည် ဘုရားသခင်ကို ၎င်းတို့ပြသည့် အရေးထားမှုထက် သာလွန်ပါက၊ ထိုသို့သောလူများသည် လူ့သဘာဝကို ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် လူ့သဘာဝရှိသည့်သူများ မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်သည်) လူ့သဘာဝကောင်းတယ်ဆိုတာက လူတစ်ယောက်က ကြင်ကြင်နာနာ၊ နူးနူးညံ့ညံ့ ပြောသလား ဒါမှမဟုတ် ပြင်းပြင်းထန်ထန်နဲ့ တဲ့တိုးပြောသလားဆိုတဲ့အပေါ်မှာ မသတ်မှတ်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် မြင်ခဲ့ရတယ်။ အဲဒီအစား လူတစ်ယောက်က ဘုရားသခင်နဲ့ သမ္မာတရားကို ကျိုးနွံနာခံသလား၊ သူ့တာဝန်တွေကို တာဝန်သိသိနဲ့ ထမ်းဆောင်သလားဆိုတဲ့အပေါ်မှာပဲ အခြေခံတယ်။ တချို့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေလိုပဲ ညီအစ်ကိုမောင်နှမတွေကို သူတို့တာဝန်တွေမှာ တာဝန်မသိတတ်တဲ့အတွက် ပြုပြင်ပေးနိုင်ကြတယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ဒီညီအစ်ကိုမောင်နှမတွေရဲ့လုပ်ရပ်တွေရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို ဖော်ထုတ်နိုင်ကြတယ်။ ဒီစကားတွေကို ကြားရတဲ့အခါ သူတို့ စိတ်မကောင်းဖြစ်နိုင်ပေမဲ့၊ သမ္မာတရားကို လိုက်စားတဲ့သူတွေကတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိကျွမ်းဖို့ ဒီအခွင့်အရေးကို အသုံးချနိုင်တယ်၊ ဒါက သူတို့ရဲ့ အသက်ဝင်ရောက်မှုရော၊ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းတဲ့နေရာမှာပါ အကျိုးရှိစေတယ်။ လူတချို့က ကြင်နာတတ်တဲ့ပုံစံ ရှိနိုင်တယ်။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေက စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး အလုပ်ကို ထိခိုက်အောင်လုပ်နေတာ၊ မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်ဖို့ လိုအပ်နေတာကို မြင်တဲ့အခါမှာတော့ သူတို့က ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ပြီး၊ တခြားသူတွေကို ဝတ်ကျေတမ်းကျေ ဆက်ဆံဖို့ သာယာနာပျော်ဖွယ်စကားတွေပဲ ပြောကြတယ်။ တခြားသူတွေကို ဘယ်လို စိတ်ရင်းခံနဲ့ ကူညီရမလဲ ဒါမှမဟုတ် အသင်းတော်ရဲ့အကျိုးစီးပွားတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို လုံးဝ မစဉ်းစားကြဘူး။ သူတို့က တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး ကောက်ကျစ်တယ်၊ ဒီလိုလူတွေက လူ့သဘာဝကောင်းတဲ့သူတွေ မဟုတ်ဘူး။ ကျွန်တော်လည်း ဒီလိုပဲ ကျင့်ကြံခဲ့တယ်၊ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ကာကွယ်ဖို့ တွေးခဲ့ပြီး၊ သူများတွေ လမ်းမှားလျှောက်နေတာကို မြင်တဲ့အခါ ကူညီဖေးမဖို့တောင် လက်မကမ်းခဲ့ဘူး။ ကျွန်တော်က ကိုယ့်မှာ လူ့သဘာဝကောင်းတယ်လို့ ထင်ခဲ့ပေမဲ့၊ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုနဲ့ အဖြစ်မှန်တွေရဲ့ ထုတ်ဖော်မှုကတစ်ဆင့် ကျွန်တော်ဟာ လူ့သဘာဝကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ အလှမ်းဝေးနေသေးမှန်း မြင်ခဲ့ရတယ်။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်တော် အရမ်းကို စိတ်သောကရောက်ပြီး ရှက်မိတယ်၊ မျက်ရည်တွေက ကျွန်တော့်မျက်နှာပေါ်မှာ စီးကျလာတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲ၊ အသည်းထဲကနေ ရွံမုန်းသွားပြီး ဒီလိုမျိုး ဆက်မကျင့်ကြံချင်တော့ဘူး။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုကို တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသောအခါ ပထမဦးစွာ သူတို့အား သင်၏ စစ်မှန်သော စိတ်နှလုံးနှင့် ရိုးသားမှန်ကန်မှုကို သတိပြုမိစေရမည်။ စကားပြောဆိုခြင်း၊ အတူတကွ အလုပ်လုပ်ဆောင်ခြင်းနှင့် အခြားသူတို့နှင့် ထိတွေ့ဆက်ဆံခြင်းတို့၌ တစ်စုံတစ်ယောက်၏ စကားများသည် ဝတ်ကျေတမ်းကျေနိုင်ခြင်း၊ ပုံသေနည်းဆန်ခြင်း၊ နားထောင်ကောင်းရုံဖြစ်ခြင်း၊ မြှောက်ပင့်ပြောဆိုခြင်း၊ တာဝန်မဲ့ခြင်းနှင့် စိတ်ကူးများကို အခြေခံခြင်းတို့ ဖြစ်နေပါက သို့တည်းမဟုတ် သူသည် အခြားသူတို့၏ မျက်နှာသာကို ရရှိရန်သက်သက် ပြောဆိုပါက ထိုသူ၏ စကားများ၌ အစစ်အမှန် တစ်စုံတစ်ရာမျှ မပါဝင်သည့်အပြင် သူသည် အနည်းငယ်မျှပင် ရိုးသားဖြောင့်မတ်ခြင်း မရှိချေ။ ဤသည်မှာ အခြားသူများက မည်သူပင်ဖြစ်စေ၊ ထိုအခြားသူများနှင့် သူတို့၏ ပေါင်းသင်းဆက်ဆံသည့် နည်းလမ်းဖြစ်သည်။ ဤသို့သောသူတွင် ရိုးသားသောစိတ်နှလုံးမရှိပေ။ ဤသည်မှာ ရိုးသားသောလူ မဟုတ်ပေ။ လူတစ်ဦးသည် အပျက်သဘောဆောင်သော အခြေအနေတစ်ခု၌ ရှိနေပြီး သူက သင့်အား ‘ကျွန်ုပ် လွန်စွာ အပျက်သဘောဆောင်နေသည်မှာ အတိအကျ အဘယ်အတွက်ကြောင့် ဖြစ်ရသည်ကို ကျွန်ုပ်အား ပြောပါ။ ယင်းကို ကျွန်ုပ် လုံးဝ သဘောမပေါက်နိုင်ပါ’ ဟု ရိုးသားမှန်ကန်စွာ ပြောသည်ဆိုပါစို့။ ထို့အပြင် အမှန်မှာ သင်၏ စိတ်နှလုံးထဲတွင် သူ့ပြဿနာကို တကယ်နားလည်သော်လည်း သူ့ကို ပြောပြမည့်အစား ‘ဘာမျှမဟုတ်ပါ။ သင်သည် အပျက်သဘောဆောင်နေခြင်းမရှိပါ။ ကျွန်ုပ်လည်း ထိုသို့ ဖြစ်တတ်သည်’ ဟု ပြောသည်ဆိုပါစို့။ ဤစကားများမှာ ထိုသူအတွက် ကြီးမားသော နှစ်သိမ့်မှုတစ်ခု ဖြစ်သော်လည်း သင့်စိတ်ထားက ရိုးသားမှန်ကန်ခြင်း မရှိပေ။ သင်သည် ထိုသူ့အပေါ် ဝတ်ကျေတမ်းကျေ ဖြစ်နေသည်။ သူ့ကို ပို၍ စိတ်ချမ်းသာစေပြီး ဖြေသိမ့်ဖို့ရန်အတွက် သင်သည် သူ့အား ရိုးသားစွာ စကားပြောခြင်းကို ရှောင်ကြဉ်ခဲ့ပြီဖြစ်သည်။ သူ့အနေဖြင့် သူ၏ အပျက်သဘောဆောင်ခြင်းကို စွန့်ပစ်နိုင်ရန်အလို့ငှာ သင်သည် သူ့ကို အလေးအနက် ကူညီနေခြင်းမရှိသည့်အပြင် သူ၏ပြဿနာကို ထင်ထင်ရှားရှား ပြသခြင်းမရှိပေ။ သင်သည် ရိုးသားသော လူတစ်ဦး ပြုလုပ်သင့်သည့်အရာကို မပြုလုပ်ခဲ့သေးပေ။ သူ့အား နှစ်သိမ့်ရန်နှင့် သင်တို့အကြား ခပ်တန်းတန်းဖြစ်ခြင်း သို့မဟုတ် သဘောထားကွဲလွဲခြင်း မရှိအောင် သေချာစေဖို့ ကြိုးစားရန်အလို့ငှာ သင်သည် သူ့အပေါ် ဝတ်ကျေတမ်းကျေ ဖြစ်နေလျက်ရှိကာ ဤသည်မှာ ရိုးသားသော လူတစ်ဦးဖြစ်နေခြင်း မဟုတ်ချေ။ သို့ဆိုလျှင် ရိုးသားသော လူတစ်ဦးဖြစ်ရန်အတွက် ဤအခြေအနေမျိုးကို ကြုံတွေ့သောအခါ မည်သည့်အရာကို လုပ်သင့်သနည်း။ သင်သည် သူ့အား သင် မြင်တွေ့ခဲ့ပြီး ခွဲခြားသိမြင်ခဲ့ပြီးသောအရာကို ပြောပြရန်လိုသည်။ ‘ကျွန်ုပ်တွေ့ရှိခဲ့သည့်အရာနှင့် တွေ့ကြုံခဲ့သည့်အရာကို သင့်အား ပြောပြမည်။ ကျွန်ုပ်ပြောသည့်အရာ မှန်သည်၊ မှားသည်ကို သင်ဆုံးဖြတ်ပါ။ မှားလျှင် သင် လက်ခံစရာ မလိုပါ။ မှန်လျှင် သင် လက်ခံမည်ဟု မျှော်လင့်သည်။ သင့်အနေဖြင့် နားထောင်ရခက်ပြီး သင့်အား စိတ်ဆင်းရဲစေသည့်အရာတစ်ခုကို ကျွန်ုပ်ပြောပြပါက ယင်းကို ဘုရားသခင်ထံမှ သင် ခံယူနိုင်မည်ဟု ကျွန်ုပ်မျှော်လင့်သည်။ ကျွန်ုပ်၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်မှာ သင့်ကို ကူညီရန်ဖြစ်သည်။ ဤအရေးကိစ္စကို ကျွန်ုပ် ရှင်းလင်းစွာ သိမြင်သည်။ သင်သည် အရှက်ခွဲခံရပြီဖြစ်ကာ သင့်ကို မည်သူမျှ ချီးပင့်မြှောက်စားမနေကြဟု သင်ခံစားရပြီး သင့်ကို အခြားလူတိုင်းက အထင်သေးသည်၊ သင်သည် တိုက်ခိုက်ခံနေရသည်ဟု ယူဆခြင်းနှင့် ဤမျှလောက် မတရားပြုခံရခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးဟု ခံစားရခြင်းတို့ကြောင့် ယင်းကို သင် လက်မခံနိုင်သည့်အပြင် အပျက်သဘောဆောင်လာခြင်းဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာ ဟုတ်သလော၊ သင် မည်သို့ထင်သနည်း’ ဟူ၍ဖြစ်သည်။ ထိုအခါ ဤအရာကို ကြားရပြီးနောက် သူက ယင်းမှာ အမှန်တကယ်ဖြစ်သည့် အခြေအနေဖြစ်မှန်း ခံစားရလေသည်။ ဤသည်မှာ သင်၏ စိတ်နှလုံးထဲ၌ အမှန်တကယ်ရှိသည့် အရာပင်ဖြစ်သော်လည်း သင်သည် ရိုးသားသော လူတစ်ဦး မဟုတ်ပါက ယင်းကို သင် ပြောမည်မဟုတ်ပေ။ သင်က ‘ကျွန်ုပ်လည်း မကြာခဏ အပျက်သဘောဆောင်တတ်သည်’ ဟု ပြောကာ တစ်ဖက်လူက လူတိုင်း အပျက်သဘောဆောင်တတ်သည်ဟု ကြားရသောအခါ သူ့အနေဖြင့် အပျက်သဘောဆောင်သည်မှာ ပုံမှန်ဖြစ်သည်ဟု ထင်မှတ်ပြီး အဆုံးတွင် သူ၏ အပျက်သဘောဆောင်ခြင်းကို မစွန့်ပစ်တော့ချေ။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ပြီး သူ့ကို ရိုးသားသော စိတ်ထားနှင့် ရိုးသားသော စိတ်နှလုံးဖြင့် ကူညီလျှင် သူ့အား သမ္မာတရားကို နားလည်ရန်နှင့် သူ၏ အပျက်သဘောဆောင်ခြင်းကို စွန့်ပစ်ရန်အတွက် ကူညီနိုင်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးဖြစ်ခြင်းကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်) ကျွန်တော်တို့ဟာ ညီအစ်ကိုမောင်နှမတွေကို ရိုးသားတဲ့စိတ်နှလုံးနဲ့ ဆက်ဆံသင့်ပြီး သူတို့မှာ ပြဿနာတွေရှိတာကို တွေ့ရှိတဲ့အခါ စိတ်ရင်းမှန်နဲ့ ကူညီဖေးမသင့်တယ်လို့ ဘုရားနှုတ်ကပတ်တော်တွေက ပြောထားတယ်။ ဒီအကူအညီက ပုံစံ ဒါမှမဟုတ် စည်းမျဉ်းတွေနဲ့ ချည်နှောင်ထားတာမျိုး မဟုတ်ဘူး။ မိတ်သဟာယဖွဲ့တာ၊ သတိပေးတာလိုမျိုးအရာတွေက ထိရောက်နိုင်တယ်ဆိုရင် အဲဒါတွေကို သုံးသင့်တယ်၊ ဒါပေမဲ့ သူတို့ပြဿနာတွေရဲ့ သဘောသဘာဝက ဆိုးရွားတယ်ဆိုရင်တော့ ပြုပြင်တာ၊ ဖော်ထုတ်တာနဲ့ စိတ်ဖြာလေ့လာဆွေးနွေးတာတွေက လိုအပ်တယ်။ ပြဿနာတွေကို ဖြေရှင်းနိုင်တာ၊ ရလဒ်တွေ ရနိုင်တာက ဘယ်လိုမိတ်သဟာယဖွဲ့တဲ့နည်းလမ်းပဲဖြစ်စေ အဲဒီနည်းလမ်းကို အသုံးပြုသင့်တယ်။ ကိုယ့်မာနနဲ့ ပုံရိပ်ကိုပဲ စဉ်းစားပြီး ပြဿနာတွေရဲ့ အနှစ်သာရကို ဖော်ထုတ်တာကို မလုပ်ဘဲ လူတွေကို ဝတ်ကျေတမ်းကျေ ဆက်ဆံဖို့အတွက် အပေါ်ယံစကားလုံးအပျော့စားတွေပဲ ပြောနေမယ်ဆိုရင် ဒါဟာ လူတွေကို ကူညီနေတာမဟုတ်ဘဲ ဒုက္ခပေးနေတာပဲ။ ဝမ်ယင်းက သူ့တာဝန်တွေမှာ ဝတ်ကျေတမ်းကျေလုပ်နေတာကို ကျွန်တော် တွေ့ခဲ့တုန်းကလိုပေါ့။ ကျွန်တော် သူ့ကို သတိပေးပြီး ကူညီဖို့ ကြိုးစားခဲ့ပေမဲ့ သူက ကျွန်တော်ပြောတာကို အလေးမထားခဲ့ဘူး။ ဒီ အခြေအနေမှာ သူ့ပြဿနာတွေရဲ့ ဆိုးရွားမှုကို သူသဘောပေါက်နိုင်ဖို့အတွက် သူ့ကို ပြုပြင်ပြီး သူ့ရဲ့ ဝတ်ကျေတမ်းကျေ အပြုအမူရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို ဘုရားနှုတ်ကပတ်တော်နဲ့ ယှဉ်ပြီး စိစစ်ဖို့လိုပါတယ်။ ဒါက သူ့ရဲ့ဝင်ရောက်မှုအတွက် အကျိုးရှိစေမှာပါ။ ဒီအချက်တွေကို နားလည်ပြီးနောက်မှာ သူတစ်ပါးကို ကူညီဖို့အတွက် လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတစ်ခု ကျွန်တော့်မှာ ရှိလာပြီး အဲဒီအတိုင်း စပြီး လက်တွေ့လုပ်ဆောင်ခဲ့တယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ညီအစ်မ ကျိုးရှင်းက သူ့တာဝန်တွေမှာ တာဝန်မသိတတ်တာကို ကျွန်တော် သတိထားမိတယ်။ သူက စာနဲ့ပတ်သက်တဲ့အလုပ်ကို လုပ်လာတာ သုံးလေးနှစ်ရှိပြီ၊ တခြားညီအစ်ကိုမောင်နှမတွေကတော့ အခုမှ စလုပ်နေကြတုန်းပဲ။ ဒါပေမဲ့ သူက သူ့ရဲ့ကိုယ်ပိုင်အလုပ်တွေကိုပဲ အာရုံစိုက်ပြီး ဘက်ပေါင်းစုံကအလုပ်အတွက်တော့ ဝန်တာထားတဲ့စိတ် တစ်စက်မှ မပြဘူး။ ဒီပြဿနာနဲ့ပတ်သက်ပြီး ကျွန်တော် သူနဲ့ အရင်က မိတ်သဟာယဖွဲ့ဖူးပေမဲ့ သူ့မှာ ဘာဝင်ရောက်မှုမှ မရှိခဲ့ဘူး။ သူ ပြောင်းလဲလာနိုင်အောင် သူ့လုပ်ရပ်တွေရဲ့ သဘောသဘာဝကို စိတ်ဖြာလေ့လာဆွေးနွေးဖို့ ကျွန်တော် စဉ်းစားလိုက်တယ်။ ဒါပေမဲ့ သူ့ပြဿနာတွေကို ထောက်ပြဖို့ စဉ်းစားလိုက်တဲ့အခါ ကျွန်တော့်မှာ စိုးရိမ်စိတ်တချို့ ဝင်လာတယ်၊ “ကျိုးရှင်းက တစ်လောတုန်းက အခြေအနေမကောင်းခဲ့ဘူး၊ ဒီတော့ ငါသာ သူ့ပြဿနာတွေကို ထောက်ပြပြီး ဖော်ထုတ်လိုက်ရင် သူက ငါ့ကို စာနာစိတ်မရှိတဲ့၊ လူ့သဘာဝကင်းမဲ့တဲ့လူလို့ ထင်သွားမလား။ ဒီလိုသာဖြစ်သွားရင် သူ ငါ့အပေါ်မှာ အကောင်းမမြင်တော့မှာ သေချာတယ်” ဆိုပြီးတော့။ ဒီအတွေးတွေ ဝင်လာတဲ့အခါ သူ့ကို ဖော်ထုတ်ပြုပြင်တာကို ရှောင်သင့်သလားလို့ တွေးရင်း ကျွန်တော် တွေဝေသွားတယ်။ ဒီလိုတွေးနေတုန်းမှာပဲ ဝမ်ယင်းနဲ့တုန်းက ကျွန်တော် ဘယ်လိုရှုံးနိမ့်ခဲ့တယ်ဆိုတာကို ရုတ်တရက် သတိရလိုက်တယ်၊ ပြီးတော့ အရင်က ကျွန်တော်ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ပြန်အမှတ်ရလိုက်တယ်။ “သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ပြီး သူ့ကို ရိုးသားသော စိတ်ထားနှင့် ရိုးသားသော စိတ်နှလုံးဖြင့် ကူညီလျှင် သူ့အား သမ္မာတရားကို နားလည်ရန်နှင့် သူ၏ အပျက်သဘောဆောင်ခြင်းကို စွန့်ပစ်ရန်အတွက် ကူညီနိုင်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးဖြစ်ခြင်းကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်) ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မမေးဘဲမနေနိုင်ခဲ့ဘူး၊ “ငါက ကျိုးရှင်းရဲ့ပြဿနာတွေကို မဖော်ထုတ်ဘဲနေတာက သူ့အတွက် ကောင်းဖို့လား” ပေါ့။ တကယ်တော့ သူ့အတွက်မဟုတ်ခဲ့ဘူး။ ကျိုးရှင်းက ကျွန်တော့်ကို သိပ်ကြမ်းတယ်၊ သူ့အားနည်းချက်တွေအပေါ် စာနာစိတ်မရှိဘူးလို့ ထင်မှာကို ကျွန်တော် ကြောက်နေခဲ့တာ။ ဒါကြောင့် ကျွန်တော့်ရဲ့တုံ့ဆိုင်းမှုက သူ့မျက်စိထဲမှာ အမြင်ကောင်းတစ်ခုကို ထိန်းသိမ်းထားချင်တဲ့ လိုအင်ဆန္ဒကနေ အရင်းခံတာပဲ။ အဲဒီညီအစ်မက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ အသက်ရှင်နေတာ၊ သူ့တာဝန်တွေမှာ တာဝန်မဲ့နေတာ၊ အလုပ်ကိုလည်း နှောင့်နှေးစေပြီးသားဖြစ်နေတာတွေကိုလည်း ကျွန်တော်တွေးမိတယ်။ ဒီပြဿနာကို သူ့ဆီ ဖော်ထုတ်ပြပြီး သူ့ပြဿနာတွေရဲ့ ဆိုးရွားမှုကို သူ သဘောပေါက်အောင်လုပ်မှသာ သူ ပြောင်းလဲဖို့ အခွင့်အရေးရှိမှာ။ သူ့နှလုံးသားကို ဓားနဲ့ထိုးခံရသလို ခံစားရနိုင်ပြီး ခဏတော့ လက်ခံဖို့ ခက်ခဲနိုင်ရင်တောင်မှ ဒါဟာ ကျွန်တော် သူ့ကို စိတ်ရင်းခံနဲ့ ကူညီဖို့ ကြိုးစားနေတာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံမှာပဲ။ နောက်ပိုင်း စုဝေးပွဲတစ်ခုမှာ သူက ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ပြီး ဘက်ပေါင်းစုံကအလုပ်တွေကို လျစ်လျူရှုခြင်းရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို ဖော်ထုတ်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော်အသုံးပြုခဲ့တယ်။ သူ တော်တော်လေး စိတ်ဆင်းရဲနေတာကို ကျွန်တော်တွေ့တယ်၊ ဒါပေမဲ့ မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာတော့ သူက သူ့ပြဿနာတွေကို နည်းနည်း သတိထားမိပေမဲ့ အလေးမထားခဲ့ကြောင်း၊ ဒီလို စိတ်ဖြာလေ့လာဆွေးနွေးမှုကနေတစ်ဆင့် သူ့ပြဿနာတွေက ဘယ်လောက်တောင် ဆိုးရွားသလဲဆိုတာကို နောက်ဆုံးမှာ မြင်လာခဲ့ကြောင်း ပြောတယ်။ အလုပ်တွေ ရပ်တန့်နေတာကို သူ စိုးရိမ်ပူပန်မှုမရှိခဲ့ကြောင်း၊ ဒီပြဿနာတွေရှိမှန်း သိပေမဲ့လည်း ဖြေရှင်းဖို့ အာရုံမစိုက်ခဲ့ကြောင်း သူ သဘောပေါက်သွားတယ်။ သူက အရေးမကြီးသလို၊ စိတ်မဝင်စားသလို နေခဲ့တာက အလုပ်ကို နှောင့်နှေးစေခဲ့ပြီး၊ သူက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့အတွက် အလေးအနက် ဆင်ခြင်သုံးသပ်ပြီး ပြောင်းလဲဖို့ လိုအပ်ကြောင်းလည်း သဘောပေါက်သွားတယ်။ ဒီညီအစ်မက ဒီလိုနားလည်မှုမျိုး ရလာတာကို မြင်တော့ ကျွန်တော် တော်တော်လေး ကျေနပ်သွားတယ်။ ပြီးတော့ နောက်ဆုံးတော့ သူတစ်ပါးကို တစ်ကြိမ်လောက် ကူညီနိုင်ခဲ့ပြီလို့ ခံစားလိုက်ရတယ်။
ဒီအတွေ့အကြုံကနေတစ်ဆင့် လူ့သဘာဝကောင်းခြင်းကို တိုင်းတာတဲ့ စည်းမျဉ်းတချို့ကို ကျွန်တော် နားလည်လာခဲ့တယ်၊ ပြီးတော့ ကျွန်တော်က သူတစ်ပါးကို စိတ်ရင်းမှန်နဲ့ မကူညီနိုင်တာ၊ ပြဿနာတွေကို ထောက်ပြဖို့ တွေဝေနေတာ၊ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ပြီး အသင်းတော်အလုပ်ကို မထိန်းသိမ်းတာတွေဟာ လူ့သဘာဝမကောင်းခြင်းရဲ့ သရုပ်သကန်တစ်ခုပဲဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မြင်လာတယ်။ တစ်ချိန်တည်းမှာပဲ မေတ္တာနဲ့ သူတစ်ပါးကို ကူညီတယ်ဆိုတာ တကယ်တော့ ဘာကိုဆိုလိုသလဲဆိုတာကိုလည်း ကျွန်တော် သိလာခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျွန်မ ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တုန်းက ကျွန်မတာဝန်ယူရတဲ့ အသင်းတော်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ယန်လီက တကယ့်အလုပ်ကို ဘာတစ်ခုမှ မလုပ်ဘူးဆိုပြီး...
တရုတ်ပြည်မှ ဝူရှင်း၂၀၂၁ ခုနှစ်၊ အသင်းတော်က ဖယ်ရှားတဲ့အလုပ် လုပ်နေချိန်မှာ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်ကန်တယ်လို့ ယူမှတ်တာ၊...
လီဖေး စပိန်နိုင်ငံလူ့အကြိုက်လိုက်သူများအကြောင်း ပြောသည့်အခါ၊ ဘုရားသခင်ကို ကျွန်မ မယုံကြည်မီတွင် သူတို့က ကြီးမြတ်သည်ဟု ကျွန်မ ထင်ခဲ့သည်။...
ရှန်းရန် မြန်မာနိုင်ငံ ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှာ ကျွန်မက ရေလောင်းသင်းထောက်အဖြစ် အရွေးခံရတယ်။ အဲဒီတုန်းက ကျွန်မက လူသစ်တွေကို ရေလောင်းတာနဲ့...