ကြီးစွာသော အတိဒုက္ခများမှတစ်ဆင့် ကြီးမားသောအကျိုးကျေးဇူးများ ကျွန်မခံစားရသည်

12.09.2019

ရွန်ဂူအန်၊ ဟီနန်စီရင်စု

ဘုရားသခင် မိန့်တော်မူခဲ့သည်မှာ- “၎င်းတို့၏ မတူညီသည့် လုပ်ငန်းဆောင်တာများနှင့် သက်သေခံချက်များကို အခြေခံ၍၊ နိုင်ငံတော်အတွင်းရှိ အောင်မြင်သောသူများသည် ယဇ်ပရောဟိတ်များ၊ သို့မဟုတ် နောက်လိုက်များအဖြစ် အစေခံကြလိမ့်မည် ဖြစ်ပြီး၊ ဒုက္ခဆင်းရဲအလယ်တွင် အောင်နိုင်သောသူများသည် နိုင်ငံတော်ထဲတွင် ယဇ်ပရောဟိတ်များအဖွဲ့ ဖြစ်လာလိမ့်မည်။...ယဇ်ပရောဟိတ်များအဖွဲ့တွင် ယဇ်ပရောဟိတ်မင်းများနှင့် ယဇ်ပရောဟိတ်များ ရှိလိမ့်မည်ဖြစ်ပြီး၊ ကျန်ရှိသူများက ဘုရားသခင်၏လူများနှင့် သားများ ဖြစ်ကြလိမ့်မည်။ ဤအရာအားလုံးကို ဒုက္ခဆင်းရဲအတောအတွင်း၊ ဘုရားသခင်အတွက် ၎င်းတို့ပြုသည့် သက်သေခံချက်များအားဖြင့် အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။ ယင်းတို့သည် စိတ်ကူးတည့်ရာပေးသည့် ဂုဏ်ပုဒ်များ မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု)ဘေးဒုက္ခကာလသည် ရှည်ကြာလွန်းမည်မဟုတ်။ အမှန်စင်စစ်၊ တစ်နှစ်ပင်ကြာမည် မဟုတ်ပေ။ အကယ်၍ ယင်းသည် တစ်နှစ် ရှည်ကြာမည်ဆိုပါက၊ အမှု၏ နောက်အဆင့်ကို နှောင့်နှေးစေမည်ဖြစ်ပြီး လူတို့၏ ဝိညာဉ်အသက်တာသည် လုံလောက်လိမ့်မည်မဟုတ်။ အကယ်၍ ယင်းသည် ရှည်ကြာလွန်းမည်ဆိုပါက၊ သူတို့အနေဖြင့် ကြံ့ကြံ့ခံနိုင်လိမ့်မည် မဟုတ်ပေ။ အကယ်စင်စစ် သူတို့၏ ဝိညာဉ်အသက်တာ၌ အကန့်အသတ်များ ရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို သင်လျှောက်လှမ်းသင့်ပုံ) ဟု ဖြစ်ပါသည်။ ကျွန်မ ဤနှုတ်ကပတ်တော်များကို ဖတ်သောအခါ၊ ကျွန်မထင်သည်က “အတိဒုက္ခအတွင်း၌ လူများ အဘယ်ကဲ့သို့ သက်သေခံမည်ဆို သည့်အပေါ်၌ အခြေခံပြီး နိုင်ငံတော်တွင်ရှိမည့် အဆင့်အနေအထားကို ဆုံးဖြတ်လိမ့်မည်၊ ဤသက်သေခံ ချက်များသည် တစ်စုံတစ်ဦး၏ ကံကြမ္မာအား လွှမ်းမိုးနိုင်သည်။ အတိဒုက္ခသည် ကျွန်မအပေါ် ကျရောက်လာသောအခါ ကျွန်မ အံကိုကြိတ်ကာ လုံလောက်သောအင်အားကို ဖြည့်ပြီး၊ ကောင်းမွန်သော သက်သေခံချက်များ သေချာစွာ ဝေငှမည်။ ထိုနည်းဖြင့် ကျွန်မ ကြီးမားသောကောင်းချီးမင်္ဂလာများ ရရှိနိုင်ပြီး၊ ထို့အပြင်၊ အတိဒုက္ခသည် ကြာရှည်ခံမည် မဟုတ်ပေ၊ ထိုအရာသည် တစ်နှစ်ပင် မကြာလိုက်ဘဲနှင့် ဖြစ်လိမ့်မည်။ မည်သည့်အရာပင် ဖြစ်နေပါစေ၊ ဤခက်ခဲသော ကာလကို ကြံ့ကြံ့ ခံနိုင်မည်” ဟု ဖြစ်ပါသည်။ ကောင်းချီးမင်္ဂလာများ ရရှိသောအတွေးများ၏ လွှမ်းမိုးခြင်းအားဖြင့် အတိဒုက္ခအတွက် အဆင်သင့်ဖြစ်ဖို့ရန် ကျွန်မ စိတ်ကို ပြင်ဆင်ထားခဲ့သည်၊ ကျွန်မ၏ ကိုယ်ပိုင် “ယုံကြည်ခြင်း” နှင့် “ဆန္ဒ” အပေါ်တွင် အမှီပြုခြင်းဖြင့် အတိဒုက္ခထဲ၌ ကျော်လွှားအောင်မြင်နိုင်သူ တစ်ယောက်ဖြစ်လာမည်ဟု ကျွန်မ ထင်သည်။

သို့သော်လည်း၊ ဘုရားသခင်၏ လူများကို ကယ်တင်ခြင်း အမှုတော်သည် အလွန်ပင် အံ့သြစရာ ကောင်းပြီး အလွန်ပင် ဉာဏ်ပညာရှိသောကြောင့် ထိုအရာသည် လူများအတွက် အမှန်တကယ်ပင် နားမလည်နိုင်လောက်အောင်ဖြစ်သည်။ ၁၉၉၆ခုနှစ်တွင်၊ ကျွန်မတို့အားလုံးသည် ဘုရားသခင်၏ အစီအစဉ်အားဖြင့် ကြီးစွာသောအတိဒုက္ခထဲသို့ ဝင်ရောက်ခဲ့သည်။ သို့သော် ကျွန်မတို့ အပေါ်သို့ အတိဒုက္ခကျရောက်သောအခါ၊ မည်သူမှ ထိုအရာကို သတိမထားမိကြပေ၊ အရာအားလုံးသည် အလွန်ပင် အလိုအလျောက် ဖြစ်ခဲ့သည်၊ ကြီးစွာသော အတိဒုက္ခ၏ စုံစမ်းစစ်ဆေးမှုအတွင်း၌ ကျွန်မ၏ အချောင်သမားတစ်ယောက်အဖြစ် စစ်မှန်သော သဘောသဘာဝနှင့် ရှက်ဖွယ်ကောင်းသော အခြေအနေသည် ပေါ်ပေါက်လာခဲ့သည်။

၁၉၉၆ခုနှစ်၏ ဇွန်လနှင့် ဇူလိုင်လထဲတွင်၊ ကျွန်မ၏တာဝန်ကို ဖြည့်ဆည်းဖို့ရန် ကျွန်မ နိုင်ငံ၏ တစ်ဖက်ခြမ်းတွင် ရှိနေခဲ့သည်။ တစ်နေ့တွင် ဒေသခံအသင်းတော်၏ ခေါင်းဆောင်များ ရောက်လာခဲ့ပြီး မကြာသေးမီက အခြေအနေသည် သိပ်မကောင်းသည့်အကြောင်းနှင့် ညီအစ်မ တစ်ယောက်သည်လည်း တရုတ်ကွန်မြူနစ် ပါတီရဲများ၏ အဖမ်းခံနေရသည်ဟု ပြောခဲ့သည်။ ကျွန်မတို့ ထိုအရာကို ကြားသောအခါ၊ ဤညီအစ်မအတွက် ကျွန်တို့ဆုတောင်းပေးလိုပြီးလျှင်၊ အခြားအကြောင်း များများစားစားမတွေးခဲ့ ပါ၊ အဘယ်ကြောင့်ဆိုသော် ထိုအရာက ဘုရားသခင်ကို ယခုကဲ့သို့ နှိပ်ကွပ်သောနိုင်ငံတစ်နိုင်ငံ ဖြစ်သည့် တရုတ်ပြည်တွင် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် လူများ ဖမ်းဆီးခံကြရသည်မှာ ဖြစ်လေ့ရှိသည့် ဖြစ်ရပ်တစ်ခုသာ ဖြစ်ကြောင်း ကျွန်မတို့ အားလုံးသိရှိထားပြီး ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ သို့သော် များမကြာ မီ ရက်များမှာပင် ညီအစ်ကို မောင်နှမအချို့ထပ်၍ အဖမ်းခံရကြောင်းကို ကျွန်မတို့ ကြားခဲ့သည်။ ရက်အတော်ကြာပြီးသည့်နောက်၊ ဒါဇင်နှင့်ချီသောသူများ အဖမ်းခံရသည်ဟု ကျွန်မတို့ကြားခဲ့ရပြီး လူသိများသောယုံကြည်သူအတော်များများနှင့်အသင်းတော် ခေါင်းဆောင်အတော်များများအား အလိုရှိ သည့် စာရင်း၌ လျို့ဝှက်စွာ မှတ်ထားကြကြောင်း ကြားရပြန်သည်။ အချို့ကိုလည်း ၎င်းတို့အားဖမ်းဆီးမှုအတွက် ဖမ်းဆီးနိုင်သူများကို ဆုချဖို့ရန် ရှိသည်။ ဒေသခံခေါင်းဆောင်များသည်လည်း တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ဖမ်းဆီးမည့် နာမည် ပျက်စာရင်းတွင် အသွင်းခံရသည်။ အရေးကိစ္စများသည် အခြေအနေမကောင်းလှဟု ကျွန်မ ခံစားခဲ့ရသည်၊ ထိုအရာမှာ တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် ယုံကြည်သူများအား တစ်ချက်တည်းနှင့် ဖျက်ဆီးဖို့ရန် ကြိုးစားနေခဲ့ သလိုပင်ဖြစ်သည်။ ပတ်ဝန်းကျင်တွင် ထိတ်လန့်ကြောက်ရွံ့ခြင်းအငွေ့အသက်တစ်မျိုးသည် ကျွန်မတို့အား လွှမ်းခြုံထားခဲ့သည်၊ ဤကဲ့သို့ အခြေအနေမျိုးထဲတွင် ဘာလုပ်ရမည်သည်ကို ကျွန်မတို့ မသိပေ၊ ကျွန်မတို့ အထက်မှ ခေါင်းဆောင်များကို ဆက်သွယ်လိုကြပြီး မည်ကဲ့သို့ ဆက်လုပ်ရမည်ကို သူတို့အား မေးလိုခဲ့သော်လည်း ကျွန်မတို့ သူတို့အား ဆက်သွယ်၍ မရခဲ့ပေ။ နောက်ပိုင်းတွင် အတိဒုက္ခသည် တစ်လစောပြီး ဖြစ်ပျက်ခဲ့သည်ကို တွေ့ရှိခဲ့သည်။ သို့သော် ထိုအချိန်တွင် ကျွန်မတို့သည် ဝိညာဉ်တွင်း၌ ခံစားချက်ပျောက်နေခဲ့ပြီး ကျွန်မတို့ ရမ်းသမ်း ခန့်မှန်းချက်များလုပ်ကာ ဘုရားသခင်၏အမှုတော်ကို အနက်မဖွင့် ရဲခဲ့ကြပေ။ ထို့ကြောင့် ဤအရာသည် ကြီးမားသည့် အတိဒုက္ခဖြစ်သည်ဆိုသည်ကို ကျွန်မတို့ မသိခဲ့ရပါ။ ကျွန်မတို့သည် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ လက်မဲကြီးနှင့် ကျွန်မတို့ကို နီးနီးကပ်ကပ်ဖိထားသည်ဟုသာ ခံစားရပြီးလျှင် အသင်းတော်၏ အမှုတော်သည် ထိုအရာကြောင့် မတိုးတက်နိုင်ခဲ့ပေ။ ထိုအကျဉ်းအကျပ်မျိုးကို ရင်ဆိုင်ရာတွင် ဘုရားသခင်သည် အမှုတော်ကို အတားအဆီးဖြစ်ခွင့် ပေးထားကြောင်း၊ ကျွန်မတို့အမှုတော်ကို ရပ်တန့်ထားစေကာ၊ မိမိကိုယ်ကို ပုန်းကွယ်ပြီး၊ ဇာတိမြေသို့ ပြန်ရန်လည်း အချိန်မဖြုန်းမိစေရန် ဦးဆောင်နေကြောင်း စသည်တို့ကို အနည်းငယ်မျှ သတိပြုမိလာပါသည်။ ထိုနည်းလမ်းအားဖြင့် ကျွန်မတို့လည်း ဘေးကင်းလုံခြုံမည် ဖြစ်ပါသည်။ထို့ကြောင့်၊ ကျွန်မတို့ကို စိတ်မပါပဲ လူစုခွဲကာ၊ သက်ဆိုင်ရာ ဇာတိမြေများသို့ ပြန်ခဲ့ရပါသည်။

ကျွန်မအိမ်ကိုပြန်ရောက်သည်မှာ တစ်ပတ်လောက်ပဲရှိသေး ကျွန်မ၏ညီအစ်မလာပြီး ကျွန်မကို စာတစ်စောင် ပေးရင်းဖြင့် ကျွန်မတို့၏ အသင်းတော်မှ ညီအစ်ကိုတစ်ယောက် အဖမ်းခံရကြောင်းနှင့် ကျွန်မ အိမ်မှ ချက်ချင်း ထွက်ဖို့ရန် လိုအပ်ကြောင်း တို့ကို ပြောလာခဲ့ပါသည်။ ဤအချိန်တွင် ကျွန်မ အံ့သြကြောက်ရွံ့ပြီး ဘာမှ မလုပ်တတ် မကိုင်တတ်ဖြစ်နေခဲ့သည်၊ ကျွန်မထံတွင် မည်သည့်ယုံကြည်ခြင်းမှ မရှိဘဲ ကျွန်မ၏ နှလုံးသားထဲ၌ “မြန်မြန်ပုန်းပြီး ရဲတွေကျွန်မကို မဖမ်းမိစေရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ကွန်မြူနစ်ပါတီက အရမ်းကို မနှစ်မြို့စရာကောင်းပြီး ရက်စက်တယ်၊ ပြီးတော့ ယုံကြည်သူတွေကို ဖျက်ဆီးဖို့ သူတို့သုံးတဲ့ ကြောက်စရာကောင်းတဲ့ နည်းလမ်းတွေက နှိုင်းယှဉ်လို့မရအောင်ကို ရက်စက်ကြမ်းကြုတ်တယ်။ တကယ်လို့ ဒီမကောင်းဆိုးဝါးရဲ့ လက်တွေထဲကို ကျွန်မကျသွားရင်၊ အကျိုးဆက်တွေကတော့ မတွေးရဲစရာတွေပဲဖြစ်လိမ့်မယ်” ဆိုသည့်အတွေးတစ်ခုသာ ရှိခဲ့ပါသည်။ ထို့နောက်တွင်၊ ညီအစ်မတစ်ယောက်မှ ကျွန်မကို တောင်များ၌ သတ္တုတွင်းအလုပ်သမားများအတွက် ချက်ပြုတ်ပေးဖို့ရန် မိတ်ဆက် ပေးသည်။ ကျွန်မ ထိုနေရာ၌ ညီအစ်မနှစ်ယောက်နှင့်အတူရှိနေခဲ့ပြီး ကျွန်မတို့အနားတွင် မည်သူမှမရှသည့် အချိန်များကို အသုံးချကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတရှုခြင်း၊ သမ္မာတရားအကြောင်း မိဿဟာယဖွဲ့ခြင်းနှင့် ဘုရားသခင်အား ချီးမွမ်း ရန် ဓမ္မသီချင်းများ ဆိုခြင်းတို့ကို ပြုလုပ်ကြပါသည်။ ကျွန်မတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ထောက်ပံပေးမှုရှိသောကြောင့် နေ့ရက်တိုင်းသည် အလွန်ပင် ကြွယ်ဝချမ်းသာခဲ့သည်။ သို့သော်လည်း တစ်လပင်မကြာလိုက်ပဲနှင့်၊ တရုတ်ကွန်မြူနစ်ပါတီ ရဲများက ကျွန်မတို့ကို စစ်ဆေးဖို့လာခဲ့ ကြပြီးလျှင် ကျွန်မမှာလည်းရွေးချယ်စရာမရှိဘဲ အမြန်ထွက်ခဲ့ရသည်။ ထို့နောက် အလုပ်လုပ်ဖို့ရန် စားသောက်ဆိုင်တစ်ခုကို လာရောက်ခဲ့ သည်။ ကျွန်မနှင့် အဆက်အသွယ်ရှိလာသောသူတိုင်းသည် မယုံကြည်သူဖြစ်ပြီး သူတို့နှင့် သာမန်စကား ဘာမှပြောစရာမရှိခဲ့ပေ၊ ထိုထက်ပိုသည်က ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် ကျွန်မ၌ ဘုရားသခင်၏နှုတ်ကပတ်တော်သာမက တရားဟောချက်လည်း မရှိခဲ့ပေ၊ သင့်တော်သော ဆုတောင်းချက် ကမ်းလှမ်းပေးဖို့ရန်ပင် ခက်ခဲသည်အထိဖြစ်ခဲ့သည်။ ကျွန်မအထီးကျန်ပြီး အပေါင်းအသင်းကင်းမဲ့သည်ဟု ခံစားခဲ့ရသည့်အပြင် ကျွန်မ၏ နှလုံးသားသည် စတင်၍ မညည်းညူပဲမနေနိုင်ခဲ့ပါ။ ကျွန်မ ဘုရားသခင်ကို သစ္စာဖောက်ရန်ဆန္ဒပင် ရှိစပြုလာခဲ့ပြီး ကျွန်မဘာသာ “ဘုရားသခင်ကို ယုံကြည်တာက တကယ်ကို မလွယ်ဘူး၊ ပြီးတော့ ကျွန်မတစ်နေ့လုံး စိုးရိမ်နေခဲ့တယ်၊ ကျွန်မ တရားမျှတမှုကင်းမဲ့တဲ့ လောကထဲမှာ လှည့်လည်နေခဲ့တယ်၊ ဒီနေ့ရက်တွေ ဘယ်တော့မှ ကျော်လွန်မှာလဲ။ တကယ်လို့ ကျွန်မဘုရားသခင်ကို မယုံကြည်ခဲ့ရင် မယုံကြည်သူတွေလို လွယ်ကူပြီး တည်ငြိမ်တဲ့ ဘဝနေထိုင်ပုံမှာ နေထိုင်နေရမှာပဲ၊ ဝမ်းမြောက်စရာ ကောင်းတယ်မဟုတ်လား” ဟု မိမိဘာသာ စဉ်းစားခဲ့မိပါသည်။ ကျွန်မ၏ နှလုံးသားသည် ဤကဲ့သို့တွေးနေခဲ့သော်လည်း၊ ကျွန်မ ဘုရားသခင်အား မစွန့်ပစ်ရဲပေ၊ ကျွန်မ ဘုရားသခင်အား မစွန့်ပစ်နိုင်ဟုလည်း ခံစားခဲ့ရပြီး ဘုရားသခင်အား စွန့်ပစ်သည့်အတွေးသည် ကျွန်မကို နာကျင်စေခဲ့သည်။ ယခင်က ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတ်ခြင်းကို မနှစ်သက်ခဲ့ သောကြောင့် ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်အများစုအား မမှတ်မိခဲ့ပေ၊ ထို့ကြောင့်၊ ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်ကျမ်းများအား ဖယ်ထားလိုက်သည့်တခဏမှာ ကျွန်မ ထိုအထဲမှ စာကြောင်း တစ်ကြောင်းကိုပင် မမှတ်မိနိုင်ခဲ့ပေ။ အသက်တာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သာ ကျွန်မကို ထောက်ပံ့ခြင်းမရှိလျှင်၊ ကျွန်မ လူနုံလူအ တစ်ယောက်ကဲ့သို့ပင် ဖြစ်နေမည်ဖြစ်သည်။ ကျွန်မ မိမိကိုယ်ကို မည်သည့်အရာကို လုပ်ရမည် မသိ ဘာကို ရှာဖွေရမည်ကို မသိခဲ့ပေ။ နေ့ရက်တစ်ရက်ချင်းစီကို ဖြတ်ကျော်ဖို့ကိုသာ ကျွန်မ မိမိကိုယ်ကို တွန်းအားပေးခဲ့သည်။ ဘုရားသခင်၏ အလိုတော်သည် အဘယ်နည်း။ သူ ဤအရာအား အဘယ်ကြောင့် ကျွန်မအတွက် စီစဉ်ခဲ့သနည်း။ ကျွန်မ ဘုရားသခင်ကျေနပ်စေရန် လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ကျွန်မ၌ ဤအရာကို ချင့်ချိန်တွေးဆဖို့ရန် လိုအင်ဆန္ဒမရှိခဲ့ပေ။ ပိုဆိုးသည်မှာ ကျွန်မသည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာ၊ ဘုရားသခင်၏ တစ်ကမ္ဘာလုံးကို လွှမ်းမိုးမှုစသည်တို့အပေါ် ယုံကြည်ခြင်းသည် ပျောက်ဆုံးခဲ့ပြီး ကျွန်မ၏ အခက်အခဲများအကြောင်းကိုသာ စဉ်းစားဖြစ်ခဲ့သည်။ ဤသို့ဖြင့်ပင် ကျွန်မ၏ညီအစ်မတစ်ယောက်မှ အချို့ညီအစ်ကိုမောင်နှမများဆီသို့သွားလည်ဖို့ရန် မေးလာသောအခါ ကျွန်မ သတ္တိနည်းပြီး ဖမ်းဆီးခံ ရမည်ကို ကြောက်သောကြောင့် ကျွန်မ ငြင်းဆိုလိုက်သည်အထိ ဖြစ်ခဲ့သည်။ ကျွန်မ၏ စိတ်နှင့် အတွေးများအပေါ်၌ အမှီပြုပြီး ဤအခြေအနေသည် မည်မျှ ပို၍ကောင်းလာမည် မဟုတ်ဟု ကျွန်မ တွေးခဲ့သည်။ ဤအချိန်ကာလအတွင်း၌ တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် ဘုရားသခင်အား စိတ်ရော ကိုယ်ပါ ယုံကြည်သောလူတိုင်းကို ကသုတ်ကရက် ဖိနှိပ်ပြီး ဖမ်းဆီးမည်သာ ဖြစ်ပါသည်။ ကျွန်မ မိမိ ကိုယ်ကို ကောင်းကောင်းကာကွယ်ရမည်။ ကျွန်မစားသောက်ဆိုင်တွင် အလုပ်လုပ်ခဲ့သည့် နှစ်လခွဲအတွင်းတွင် ကျွန်မ၏နှလုံးသားသည် ဘုရားသခင်ထံမှ ပို၍ ဝေးကွာလာခဲ့ပြီး ဘုရားသခင်၏ နာမတော်အား အသိအမှတ်ပြုဖော်ရုံနီးပါးသာ ဖြစ်ခဲ့သည်၊ သို့သော် ကျွန်မ၏ နှလုံးသားထဲ၌ ဘုရားသခင်မရှိခဲ့ပေ။ ကျွန်မ၏နှလုံးသားသည် ကာမဂုဏ်အာရုံ သာယာမှုများ၏ စွဲဆောင်မှုကို မကြာခဏခံခဲ့ရသည်၊ ကျွန်မ ဘုရားသခင်၏ လက်တော်မှ ထွက်ပြေးချင်ခဲ့ပြီး မယုံကြည်သူများ၏ အသက်တာဖြင့် အသက်ရှင်သန်လိုခဲ့သည်။ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုမူ ကျွန်မမသိရှိခဲ့ပေ၊ သို့သော် လာမည့်ရက်အနည်းငယ်အတွင်း ကျွန်မသည် အထူးသဖြင့် ဘုရားသခင်နှင့် ညီအစ်ကို မောင်နှမများအား လွမ်းဆွတ်ခဲ့ပြီး၊ ကျွန်မ၏ ယခင်က အသင်းတော်အသက်တာကိုလည်း လွမ်းဆွတ်ခဲ့ပါသည်။ ကျွန်မတစ်ဦးတည်း ရှိနေစဉ်၊ ကျွန်မသည် အမြဲတမ်း မငိုပဲမနေနိုင်ခဲ့ပါ။ ကျွန်မ၏ နှလုံးသားသည် ပူဆွေးနေခဲ့ပြီး၊ “အို ဘုရားသခင်၊ ကျွန်မမှာ တစ်နေ့လုံး မယုံကြည်သူတွေနဲ့ နေရတယ်၊ အကယ်၍ကျွန်မမှာ အလုပ်လုပ်နေတာမဟုတ်ရင်လည်း၊ ကျွန်မမှာ အစားစားရင်စား ဒါမှမဟုတ် ပျင်းစရာကောင်းတဲ့ စကားစမြည်ပြောတာပဲ ရှိပါတယ်။ ကျွန်မ ကိုယ်တော်နဲ့ ဝေးနေတယ်လို့ ခံစားရတယ်။ ကိုယ်တော်တစ်ပါးသာလျှင် ကျွန်မနှလုံးသားထဲက လစ်ဟာမှုနဲ့ နာကျင်မှုကို သိပါတယ်။ အို ဘုရားသခင်၊ ဒီရှည်လျားလှတဲ့ည ဘယ်တော့ ကျော်လွန်ပါ့မလဲ။ ကိုယ်တော်ကို ယုံကြည်ဖို့၊ အတူတကွ တွေ့ဆုံဖို့၊ ကျွန်မတို့ရဲ့ တာဝန်တွေကို လုပ်ဆောင်ဖို့နဲ့ ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တွေကို ပုံမှန်ဖတ်ဖို့ ကျွန်မတို့ ဘယ်တော့ လွတ်မြောက်မလဲ။” ထိုအချိန်၌၊ ကျွန်မ၏ နှလုံးသားသည် ပေါင်းပင်များ၏ စီးနင်းခြင်းကို ခံနေရသကဲ့သို့ အကြီးအကျယ်ဒုက္ခရောက်နေပြီး ကျွန်မ ရှေ့ဆက် မနေနိုင်တော့ပေ။ နွေဦးပွဲတော် နီးကပ်လာသောအခါ၊ ကျွန်မ၏အလုပ်မှထွက်ဖို့ရန် အခွင့်အရေးကို ကောင်းစွာအသုံးချပြီး ကျွန်မ၏ ညီအစ်ကို မောင်နှမများဆီသို့ အမြန် ပြန်သွားခဲ့သည်။ ထို့နောက် ဤကဲ့သို့ အတွေးများရှိနေသည်မှာ ကျွန်မတစ်ယောက်တည်း မဟုတ် ကြောင်း နှင့် တရုတ်ကွန်မြူနစ်အစိုးရ၏ ဖမ်းဆီးခံရမည့်အရေးမှ ရှောင်တိမ်းကာ အခြားဒေသများသို့ ထွက်ပြေးကြသည့် ညီအစ်ကိုမောင်နှမများစွာသည်လည်း ထိုကဲ့သို့ပင် တွေ့ကြုံခံစားနေရကြောင်း စသည်တို့ကို ကျွန်မတွေ့ရှိခဲ့သည်။ သူတို့အားလုံးသည်လည်း ထိုအတိုင်းပင် တွေးတောနေကြသောကြောင့်၊ အားလုံး အိမ်သို့ပြန်ခဲ့ကြသည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် ၏အံ့သြလောက်သည့် လမ်းပြမှုတစ်ခုပင်ဖြစ်ခဲ့ပါသည်။

ကျွန်မအိမ်ပြန်ခဲ့ပြီး ရက်အနည်းငယ်ခန့်တွင်၊ ညီအစ်မတစ်ယောက်က အသင်းတော် တွေ့ဆုံပွဲတစ်ခုအကြောင်း ကျွန်မကို အကြောင်းကြားဖို့ရန် လာခဲ့သည်။ ထိုညီအစ်မပြောသည့် ဆင်းရဲဒုက္ခမှ လွန်မြောက်ခဲ့ပြီးလျှင်၊ အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်ရောက်လာခဲ့ကာ ကျွန်မ၏ ယခင်က တာဝန်များအား ပြန်ဖြည့်ဆည်းဖို့ရန် သွားနိုင်ပြီဖြစ်ကြောင်းကို ကျွန်မကြားသောအခါ၊ ကျွန်မသဘောမပေါက်မီ တခဏလောက်ကြာခဲ့ပြီး “ဘယ်လို၊ အတိဒုက္ခက လွန်မြောက်ပြီ၊ ဒါက အတိဒုက္ခဖြစ်တယ်၊ အတိဒုက္ခက ဘယ်လို ပြီးဆုံးနိုင်ခဲ့တာလဲ၊ ကျွန်မမျှော်လင့်ခဲ့တာ ဒါမဟုတ်ဘူး၊ ကျွန်မတို့တလျောက်လုံးတွေ့ကြုံခဲ့ရတဲ့ အရာတွေက အတိဒုက္ခတွေဖြစ်ခဲ့ပြီး အခု ကျွန်မ ဘဝတော့သွားပါပြီ။ အတိဒုက္ခအတွင်းမှာ ကျွန်မတို့ ဘာတွေ သိသာထင်ရှားခဲ့လဲ။ သတ္တိနည်းနေတာနဲ့ ကြောက်နေတာတွေအပြင်၊ ကျွန်မညည်းညူခဲ့တယ်၊ ကိုယ်လွတ်ရုန်းပြေးတယ်၊ ပြီးတော့ သစ္စာဖောက်ခဲ့တယ်။ ကျွန်မဆီမှာ သစ္စာရှိခြင်းနဲ့ ချစ်ခြင်းမေတ္တာမပြောနဲ့ ယုံကြည်ခြင်းရဲ့ အစိတ်အပိုင်းတွေ တစ်ခုမှမရှိခဲ့ဘူး။ ဒီတစ်ကြိမ် ကျွန်မရဲ့ အလုပ်ကို ဘုရားသခင် စစ်ဆေးခဲ့ပြီး ကျွန်မ အပြည့်အဝကို ကျရှုံးခဲ့တယ်” ကျွန်မ၏ နှလုံးသားထဲ၌ ခံစားချက်အမျိုးမျိုးနှင့်စိတ်ပျက်လက်ပျက်ဖြစ်ကာ ခေါင်းငိုက်စိုက်ကျခဲ့ပါသည်။ အတိဒုက္ခမစမီ ဘုရားသခင်ပြောခဲ့သည်ကို ကျွန်မ ဤတစ်ကြိမ်တွင် နားလည်နိုင်ခဲ့သည်။ “ငါကိုယ်တိုင်၏အမှု ပြီးဆုံးသွားသည့်နောက်၊ နောက်တစ်ဆင့်သည် လူတို့အနေဖြင့် မိမိတို့ လျှောက်သင့်သည့် လမ်းကြောင်းကို လျှောက်လှမ်းဖို့ ဖြစ်လိမ့်မည်။ အယောက်တိုင်းသည် မိမိမည်သည့်လမ်းကြောင်း လျှောက်သင့်သည်ကို သိနားလည်ရမည်- ယင်းသည် ဒုက္ခဆင်းရဲနှင့်ဆိုင်သော လမ်းကြောင်းနှင့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဘုရားသခင်ကို ချစ်ရန် သင်၏လိုအင်ဆန္ဒကို စစ်ဆေးခြင်းနှင့်ဆိုင်သည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။ မည်သည့် သမ္မာတရားထဲသို့ သင်ဝင်ရောက်သင့်သည်၊ မည်သည့် သမ္မာတရားများကို သင်ထပ်ဖြည့်သင့်သည်၊ မည်ကဲ့သို့ သင်တွေ့ကြုံခံစားသင့်သည်၊ ပြီးလျှင် မည်သည့်ရှုထောင့်မှ သင်ဝင်ရောက်သင့်သည်- ဤအရာအားလုံးကို သင်နားလည် ရမည်ဖြစ်၏။ သင့်အနေဖြင့် ယခုအချိန်တွင် မိမိကိုယ်ကိုယ် ပြင်ဆင်ရမည်ဖြစ်သည်။ အကယ်၍ သင့်အပေါ် ဘေးဒုက္ခရောက်လာသည်အထိ စောင့်မည် ဆိုပါက၊ နောက်ကျလွန်းသွားပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို သင်လျှောက်လှမ်းသင့်ပုံ) ကျွန်မ မိမိကိုယ်မိမိ အလွန်ပင် မုန်းတီးသည်၊ ဘုရားသခင်သည် ဤအကြောင်းအရာများအား ကျွန်မတို့ကို စိတ်ရှည်စွာဖြင့် ပြောကြားခဲ့ပြီးဖြစ်သည်ကို အဘယ့်ကြောင့် အကျွန်ုပ်သည် မယုံကြည်သနည်း၊ အဘယ့်ကြောင့် လေးနက်စွာ မခံယူခဲ့သနည်း။ နောက်ကြောင်းပြန်လှည့်ရန် မရှိ၊ ရှေ့လျှောက်လမ်းခရီး အပေါ် သမ္မာတရားအား လုံ့လဝီရိယ ရှိစွာ လိုက်လျှောက်ရန်မှ အပ အခြားရွေးခြယ်စရာ မရှိပေ။

ကျွန်မတို့ တွေ့ဆုံပြီး သော အချိန် တွင်၊ တရုတ်ကွန်မြူနစ်ပါတီ ၏ အတွင်းရေး သတင်းအချို့အား ညီအစ်မတစ်ဦး ထုတ်ဖေါ်သည်ကို ကျွန်မကြားခဲ့သည်- အစိုးရသည် တက်ကြွထက်သန်စွာဖြင့် ယုံကြည်သူများအား ဖမ်းဆီးနေဆဲ ဖြစ်ကြောင်းနှင့် ထိုသို့ဖမ်းဆီးမှုသည် ပို၍ပင် ပြင်းထန်လာနေသည်။ ဤအရာကို ကျွန်မ ကြားသော အချိန်တွင်၊ ကျွန်မ၏ ယုံကြည်ခြင်း နည်းပါးသည့် နှလုံးသားသည် တဖန် တီးတိုး ရေရွတ်လိုက်သည်- “ပတ်ဝန်းကျင်က ဒီလောက် ဖိစီးတင်းမာနေပြီး၊ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ တာဝန်တွေ ကို ဖြည့်စွမ်းနေကြတယ်။ အဲဒီလိုတာဝန်ထမ်းဆောင် နေကြတာက အဆင်ပြေပါရဲ့လား” သို့သော်လည်းထိုအချက်အားဖြင့် ကျွန်မကို သိမြင်ခွင့်ရခဲ့သည်မှာအခြေအနေသည် ဖိစီးတင်းမာ နေသော်လည်း၊ ကျွန်မတို့သည် အတိဒုက္ခခံစားရခြင်း အတောအတွင်းကကဲ့သို့ ကြောက်ရွံ့ခြင်း မရှိ၊ ကျွန်မတို့ တာဝန်များကို ပြီးမြောက်သော အချိန်တွင်၊ မိမိတို့၏ နှလုံးသားများမှာ အထူးသဖြင့် တည်ကြည်ခိုင်မာပြီး ငြိမ်သက်နေသည်မှာ ကျွန်မတို့အား ညီအစ်မပြောသော သတင်း အပိုင်းအစကို လူတိုင်း မေ့ပျောက်သွား သကဲ့သို့ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း အသင်းတော်အတွင်း၌ ကြီးမားသော လုပ်ဆောင်မှုကို ဆောင်ရွက်နေသည်၊ သတင်းကောင်းသည် နယ်မြေအားလုံးသို့ ဖြန့်ကျက်လာသည့်အချိန်တွင် ကြီးကျယ်ခမ်းနားသော အခါသမယ ဖြစ်ပွားဖို့အတွက် ကြာမြင့်တော့လိမ့်မည် မဟုတ်ပေ။ ညီအစ်ကိုမောင်နှမများ အားလုံးသည် သူတို့၏ သက်ဆိုင်ရာနေရာများ၌ တာဝန်များအား သူတို့၏ အကောင်းဆုံး ကြိုးစားအားထုတ်မှုများဖြင့် ထမ်းရွက်နေကြပြီး၊ အလုပ်အမျိုးအစား အားလုံးသည် ချောမွေ့စွာ ရှေ့ဆက်နေကြသည်။ ထိုအဖြစ်အပျက်သည် တရုတ်ကွန်မြူနစ် ပါတီအစိုးရ၏ နှာခေါင်းအောက်တွင်ပင် အရှိန်အဟုန်အပြည့်ဖြင့် လုပ်ငန်းအခြေအနေ တိုးတက်နေ သော်လည်း ဤကဲ့သို့ လုပ်ဆောင်မှု သည် အားနှင့်မာန်နှင့် ကျယ်ပြန့်လာသည့်တိုင် ကြီးစွာသောအတိဒုက္ခအတွင်း၌ ကဲ့သို့ ဖမ်းဆီးခြင်းများ မရှိပေ။ ဤအချက်အလက်များ သည် ကျွန်မကို အမှန်တရားအား ရှင်းလင်းစွာ မြင်နိုင်ရန်အခွင့်ပေးသည်- တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ဘုရားသခင်အား ခုခံရန် အစဉ်အမြဲ လုပ်ဆောင်နေသည်၊ ဘုရားသခင်အား နှိပ်စက်ညှဉ်းပန်း ပြီး ဘုရားသခင် ရွေးချယ်ထား သော လူများကို ဖိနှိပ်ချုပ်ချယ်ကာ၊ ၎င်းမှာ မည်သည့်အခါမှ ရပ်တန့်သွား ခဲ့ခြင်း မရှိဘဲ ဘုရားသခင်နှင့် သူ၏ ရွေးချယ်ထား သော သူများအား လုပ်ကြံသတ်ဖြတ်လိုသည်။ တခါတရံ ၎င်း၏လက်တွင်းမှ သားသတ်ဓါးသည် ကျွန်မတို့အပေါ်မကျရောက်ဘဲ၊ ထိုအရာသည် ဘုရားသခင် ကျွန်မတို့အား စောင့်ကြည့်ကွယ်ကာ နေခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ကျွန်မတို့သည် ၎င်း၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက် ကို သတိမူမိခြင်း ပင်မရှိဘဲ၊ ဘုရားသခင်သည် သူ၏ ကြီးစွာသော တန်ခိုး ဖြင့် ကျွန်မတို့အား ကွယ်ကာ ထားကာ၊ ၎င်းမှာ တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် သူ၏ သားသတ်ဓါးအား ချထားကာ ၎င်း၏ နှိပ်စက်ညှင်းပန်းမှုကို ရပ်နားထားခဲ့ခြင်းမဟုတ်ပေ။ တစ်ခါတစ်ရံတွင် သားသတ်သမားလက်ထဲမှ သားသတ်ဓါးသည် ကျွန်မတို့အပေါ်သို့ မကျရောက်ခဲ့သည့်အပြင်၊ ထိုသို့မကျရောက်ခြင်းသည် ဘုရားသခင်က ကျွန်မတို့ကို စောင့်ကြည့်ကာကွယ်နေသောကြောင့် ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ကျွန်မတို့သည် ၎င်း၏ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ကို လေ့လာသုံးသပ်မိခြင်းပင် မရှိသည့်အပြင်၊ ဘုရားသခင်သည် ကျွန်မတို့ကို အုပ်မိုးပေးထားရန် သူ၏ ကြီးမြတ်သော တန်ခိုးတော်ကို အသုံးပြုနေကြောင်း၊ တရုတ်ကွန်မြူနစ်အစိုးရသည် ၎င်း၏ သားသတ်သမားဓါးကို ချကာ၊ ညှင်းပန်းနှိပ်စက်ခြင်းများကို ရပ်တန့်ခဲ့ခြင်း မဟုတ်ကြောင်း စသည်တို့ကိုလည်း သုံးသပ်မိခြင်း မရှိပါ။ တရုတ်ကွန်မြူနစ်အစိုးရသည် မည်သည့်အခါမှ ၎င်း၏ သားသတ်သမားဓါးကို ချထားလိမ့်မည် မဟုတ်၊ ၎င်းသည် မည်သည့်အခါမျှ ချမည်မဟုတ်။ ၎င်းသည် ဘုရားသခင်အား အဆုံးစွန်ထိ ခုခံလိုပြီး အဆုံးသတ်ကို ပို၍ နီးကပ်လာလေ၊ ၎င်းသည် ပို၍အရူးအမူး ဖြစ်လာ လေဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် တရုတ်ကွန်မြူနစ်ပါတီသည် စာတန်မာနတ်၊ ညစ်ညမ်းသော ဝိညာဉ်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ ကယ်တင်ခြင်းအမှု ပြီးဆုံးသည့် မွန်မြတ်သောနေ့မှာ ၎င်း၏ နောက်ဆုံးနေ့ဖြစ်ကြောင်းကို ၎င်းသိရှိသည်။ ထို့ကြောင့် သေခြင်းသည် နီးလာသည် နှင့် အမျှ ၎င်းသည် ပိုမို ရုန်းကန်လှုပ်ရှားလေပင်ဖြစ်သည်။ သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမှု၊ တရုတ်ကွန်မြူနစ်ပါတီသည် အစဉ်အမြဲ ဘုရားသခင်၏ အမှုတော် ကို ဖျက်လိုဖျက်ဆီးလုပ်မည့် နေရာ မှ အသုံးခံမည် ဖြစ်ကာ၊ ၎င်းသည် ဘုရားသခင်၏ လက်များအတွင်းမှ အစေခံနေသော အရာဝတ္တု ဖြစ်ပြီး၊ ဘုရားသခင်၏ ရွေးချယ်ထား သော လူများအား စမ်းသပ်သည့် ကိရိယာ တန်ဆာပလာ ပင်ဖြစ်သည်။ ၎င်း၏ ရက်စက်ကြမ်းကြုတ်ခြင်း သည် ဘုရားသခင်၏ အမှုတော်ကို ပိတ်ပင်တားဆီးနိုင်ခြင်းမရှသည့်အပြင် ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ၊ ဘုရားသခင်၏ ရွေးချယ်ထားသော သူတို့ အပေါ်တွင် ၎င်းသည်တန်ခိုး အာဏာမရှိပေ။ ဘုရားသခင်သည် ၎င်းအား အမဲလိုက်ဖို့ရန် ခွင့်မပြု သော အချိန်တွင်၊ ဘုရားသခင်၏ လူများ သည် ၎င်း၏ နှာခေါင်းအောက်တွင် ရှိ နေပြီး၊ ၎င်းသည် သူတို့အား ဖမ်းဆီးခြင်းငှာ တတ်နိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏သနားခြင်း ဂရုဏာ၌တည်နေခြင်းမှလွဲ၍ ၎င်း၌အခြားရွေးချယ်စရာမရှိပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်မှ ပြောခဲ့သလိုပင်- “ငါသည် ငါ၏အမှုကို တရားဝင်စတင်သည့်အခါ လူတို့အားလုံးသည် ငါလှုပ်ရှားသည်အတိုင်း လှုပ်ရှားသဖြင့်၊ စကြဝဠာတစ်လျှောက်လုံးရှိ လူတို့သည် ငါနှင့်ထပ်တူ ခြေလှမ်းလှမ်းရာ၌ အချိန်ကုန်လွန်ကြသည်အထိ ဖြစ်၏၊ စကြဝဠာ တစ်လျှောက်လုံး၌ ‘ကြီးစွာဝမ်းမြောက်ခြင်း’ ရှိကာ၊ လူသားသည် ရှေ့သို့တက်လှမ်းရန် ငါ၏ စေ့ဆော်ခြင်းကို ခံရ၏။ အကျိုးသက်ရောက်မှု အနေဖြင့်၊ အဆင်းနီသောနဂါးကြီး ကိုယ်တိုင်သည် ငါ့အားဖြင့် သွေးရူးသွေးတန်း ဖြစ်ကာ စိတ်မွှန်ထူသွား၍၊ ၎င်းသည် ငါ၏အမှုကို အစေခံကာ၊ ဆန္ဒမရှိလင့်ကစား၊ ၎င်း၏ ကိုယ်ပိုင်ဆန္ဒများ နောက်သို့ မလိုက်နိုင်ဘဲ၊ ငါ၏ထိန်းချုပ်မှုကို နာခံရန်မှလွဲ၍ အခြားရွေးချယ်စရာ ဘာမျှမရှိတော့ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၉)) ဤအတိဒုက္ခကြီးစွာ ခံရခြင်းသည် ဘုရားသခင်၏ ခွင့်ပြုချက်ဖြင့် သာ ကျွန်မတို့အပေါ် သို့ ကျရောက်လာခြင်း ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် တရုတ်ကွန်မြူနစ်ပါတီ၏ နှိပ်စက်ညှင်းပန်းခြင်း ကို အသုံးပြုပြီး သူ၏ ရွေးချယ်ထား သောသူတို့ အဖို့ အကျိုးအမြတ် နှင့် စုံလင်ခြင်း ဖြစ်စေခြင်းကြောင့်ဖြစ်ပြီးလျှင်၊ သို့မှသာ ကျွန်မတို့သည်လည်း တရုတ်ကွန်မြူနစ်ပါတီ ဘုရားသခင်အပေါ် ဆန့်ကျင် ခုခံ နေခြင်း အနှစ်သာရ ကို ရှင်းလင်းစွာ မြင်နိုင် စေရန်ဖြစ်သည်။ အကယ်၍ ကျွန်မတို့ သည် အနည်းငယ်မျှသော နှိပ်စက်ညှင်းပမ်းခြင်းကိုမျှပင် မခံစားခဲ့ရလျှင်၊ ကျွန်မတို့သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖောက်ပြန်သော အနှစ်သာရ အကြောင်းကို ထုတ်ဖေါ်ထား သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို မှန်ကန်စွာ ယုံကြည်လိမ့်မည် မဟုတ်။ ၎င်း၏ လှည့်စားမှုနှင့် အရူးလုပ်ခြင်းကို ခံစား နေရဦးလိမ့်မည် ဖြစ်ကာ၊ ၎င်းသည် “ဘာသာရေးလွပ်လပ်ခွင့်” နှင့် “တိုင်းသူပြည်သားများ ၏ တရားဝင် အခွင့်အရေးများ နှင့်အကျိုးစီးပွားများ” တို့ကို ပြောသည့် အချိန်တွင် ယုံကြည်နေဦးလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ သစ္စာရှိခြင်း ကို သတိမူမိခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ယနေ့တွင်၊ ကျွန်မသည် ကိုယ်တိုင်ကိုယ်ကျ တရုတ်ကွန်မြူနစ်ပါတီ၏ နှိပ်စက်ညှင်းပန်းခြင်း နှင့် လိုက်လံဖမ်းဆီးခြင်းတို့ကို တွေ့ကြုံ ခံစားခဲ့ရကာ၊ ဘုရားသခင် ရွေးချယ်ထားသည့် လူများကို ဘေးဒုက္ခပေးနေသည့် တရုတ်ကွန်မြူနစ်ပါတီ၏ ရက်စက်ယုတ်မာသော မျက်နှာထားကို ကျွန်မကိုယ်တိုင် မျက်စိဖြင့်တပ်အပ် မြင်တွေ့ခဲ့ရပါသည်။ ထို့အပြင် ၎င်းကြွေးကြော်ထား သော လွပ်လပ်ရေးနှင့် ဒီမိုကရေစီ တို့မှာ လူတို့အား လှည့်စားရန် နှင့် လိမ်လည်ရန် ပရိယာယ် မာယာ အားလုံးသာဖြစ်ကြောင်း ယခုကျွန်မ သိရှိလာပါသည်။ ယခုတွင် ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ ၏ ဆိုးညစ်ခြင်း နှင့် မနှစ်မြို့ဖွယ် မကောင်းဆိုးဝါး အနှစ်သာရ အား ရှင်းလင်းစွာ မြင်တွေ့ရကာ- ၎င်းသည် အမှန်တကယ်ပင် ဘုရားသခင်၏ ရန်သူဖြစ်ကာ၊ ၎င်းသည် လူတို့အား ဘေးဒုက္ခပေးပြီး လူသားတို့၏ ဝိညာဉ်များကို ဖျက်ဆီးဝါးမျိုသည့် ညစ်ညမ်းသော မကောင်းဆိုးဝါး ဖြစ်သည်။ ကျွန်မ၏ နှလုံးသား သည် ၎င်းအား အမှန်တကယ်ပင် စက်ဆုပ်ရွံ့ရှာသည်၊ကျွန်မသည် ၎င်းအား သစ္စာဖောက်ရန် နှင့် ဘုရားသခင် နောက်သို့အဆုံးတိုင် လိုက်လျှောက်ရန် စိတ်ဆုံးဖြတ်ချက် ချခဲ့ပြီး ဖြစ်သည်။

အတိဒုက္ခသည် ဘုရားသခင်ထံမှ လာပြီး၊ ၎င်း၏ ပြီးဆုံးချိန် သည် သေချာစွာ ပင် ဘုရားသခင်၏ လက်များ အတွင်း ၌ ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်သည် ရလဒ်များ ထွက်ပေါ် လာသော အချိန်တွင်၊ ဘုရားသခင်သည် သေချာစွာပင် အချိနဆွဲ မည် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော် ပြောခဲ့သလိုပင်- “ဘေးဒုက္ခကာလသည် ရှည်ကြာလွန်းမည်မဟုတ်။ အမှန်စင်စစ်၊ တစ်နှစ်ပင်ကြာမည် မဟုတ်ပေ။ အကယ်၍ ယင်းသည် တစ်နှစ် ရှည်ကြာမည်ဆိုပါက၊ အမှု၏ နောက်အဆင့်ကို နှောင့်နှေးစေမည်ဖြစ်ပြီး လူတို့၏ ဝိညာဉ်အသက်တာသည် လုံလောက်လိမ့်မည်မဟုတ်။ အကယ်၍ ယင်းသည် ရှည်ကြာလွန်းမည်ဆိုပါက၊ သူတို့အနေဖြင့် ကြံ့ကြံ့ခံနိုင်လိမ့်မည် မဟုတ်ပေ။ အကယ်စင်စစ် သူတို့၏ ဝိညာဉ်အသက်တာ၌ အကန့်အသတ်များ ရှိပေသည်။” ဘုရားသခင်သည် ကျွန်မတို့အား စေ့စပ်သေချာစွာ နားလည်မှုရှိသည်၊ သူသည် ကျွန်မတို့၏ ဝိညာဉ်ရေးရာ ကြီးထွားရင့်ကျက်မှုကို သိသည်၊ သူသည် ကျွန်ုပ်တို့၏ အခြေအနေအများ ကို သိပြီးလျှင် သူသည် ကျွန်မတို့၏ အသက်တာများ ကို ဆုံးရှုံးစေရန် ခွင့်ပြုလိုခြင်းမရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် တစ်စက္ကန့်မျှပင် အချိန်ဆွဲလိမ့်မည် မဟုတ်ဘဲ ကျွန်မတို့သည် ၎င်းအား ကြံ့ကြံ့ခံသည်းခံဖို့ရန် တတ်စွမ်းနိုင်သည်။ ဘုရားသခင်သည် သူ၏ အမှုတော်၌ ကျွန်မတို့အတွက် တိကျသော အစီအစဉ်များ ပြုခဲ့ပြီးဖြစ်ကာ၊ သူသည် ကျွန်မတို့၏ အသက်တာများ နှင့် ပတ်သက်ပြီး နည်းလမ်းပေါင်းစုံမှ တွေးတောစဉ်းစားခဲ့ပြီး ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမှု၊ ကျွန်မ၏ အတိဒုက္ခထဲ၌၊ ကျွန်မတွေးတောခဲ့သောအရာအားလုံးမှာ မိမိ၏ ကိုယ်ပိုင် လုံခြုံရေးနှင့် ကျွန်မ၏ ခန္ဓာအသွေးအသား ပင်ဖြစ်ကာ၊ ဘုရားသခင်၏ နှလုံးသား မည်ကဲ့သို့ ခံစားရမည်ကို ကျွန်မသည် တွေးတောခဲ့ခြင်းမရှိပေ။ ကျွန်မသည် အမှန်တကယ်ပင် တစ်ကိုယ်ကောင်းဆန်ခဲ့ပြီး မနှစ်မြို့ဖွယ်ရာ ဖြစ်ခဲ့သည်၊ ကျွန်မ ၌အသိတရား နှင့် ဆင်ခြင်တုံတရား မရှိခဲ့ဘဲ၊ ဘုရားသခင်၏ ရှေ့တော်မှောက် တွင် နေထိုင်ဖို့ရန် မထိုက်တန်ခဲ့ပေ။ ကျွန်မ၏ အတိဒုက္ခထဲ၌၊ ဘုရားသခင်သည် ကျွန်မ၏ အမှန်တကယ် ဝိညာဉ်ရေးရာ ကြီးထွားရင့်ကျက်မှုကို ထုတ်ဖေါ်ခဲ့သည်၊ ထိုသို့ထုတ်ဖော်ခဲ့ခြင်းကြောင့် မိမိကိုယ်ကိုယ် လက်တွေ့ကျကျ နားလည်သဘောပေါက်ခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ ကျွန်မသည် မည်မျှ အားနည်းပြီး၊ သနားဖွယ်ကောင်းသည့်အပြင်၊ မျက်စိကန်းနေခဲ့သည်ကို လည်းကောင်း၊ ကျွန်မသည် သမ္မာတရားကို နားမလည်၊ ကျွန်မထံ ၌ ဘုရားသခင်အတွက် ယုံကြည်ခြင်း နှင့် ချစ်ခြင်းမေတ္တာ မရှိခဲ့သည်ကိုလည်းကောင်း ဘုရားသခင်ကို ပုန်ကန်သည်မှာ အချိန်မရွေး၊ နေရာမရွေးပင် ဘုရားသခင်ကို သစ္စာဖောက်သည်အထိ ဖြစ်သည်ကိုလည်းကောင်း စသည်တို့ကို သိမြင်ခဲ့ပါသည်။ ထိုမှသာ ကျွန်မသည် မိမိ၏ အန္တရာယ်ကို သတိမူမိခဲ့သည်။ ကျွန်မသည် သမ္မာတရား အား ယူတင်ဝတ်ဆင် ရန် အရေး ကြီး ကြောင်း ကို မြင် စေသည်။ ထိုအချိန်တွင်၊ လူသား၏ ဖောက်ပြန်တတ်သော သဘာဝကို ထုတ်ဖော်ထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ တစ်ဖန် ဖတ်ရှုသည့် အချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖေါ်ပြသော အရာအားလုံး သည် အရာများ ၏ စစ်မှန်သော အခြေအနေပင် ဖြစ်ကြောင်း ခံစားခဲ့ရသည်။ ဘုရားသခင်၏ နူတ်ကပတ်တော် သည် ကျွန်မအတွင်း ၌ အသွားနှစ်ဖက်ပါသော ဓါးသွား ကဲ့သို့ မိမိ၏ အဆစ်များ နှင့် ရိုးတွင်း ခြင်ဆီ အတွင်းအသက် ဝင်လာကာ၊ ကျွန်မ၏ နှလုံးသား အနက်ရှိုင်းဆုံးသော နေရာများ တွင်ရှိသော ညစ်ညမ်းမှု နှင့် မမှန်ကန်ခြင်းတို့ကို ထုတ်ဖေါ်ခဲ့သည်။ ၎င်းက ကျွန်မသည် မနှစ်မြို့ဖွယ်ရာနှင့် ရုပ်ဆိုးအကျည်းတန်ကြောင်းအပြင် ကျွန်မသည် စာတန်၏ နက်ရှိုင်းစွာ နှောင့်ယှက်ဖျက်ဆီး ခြင်းကိုခံထား ရကြောင်းကိုလည်း မြင်စေပါသည်။ ကျွန်မသည် မိမိကိုယ်ကို စက်ဆုပ်ရွံ့ရှာစပြုလာပြီး မိမိကိုယ်ကို ပြောင်းလဲဖို့ရန် ဆန္ဒရှိကာ- စစ်မှန်သော သူကဲ့သို့ အသက်ရှင်ရန် ကျွန်မသည် ဆာလောင်မွတ်သိပ်လာသည်။ ဘုရားသခင်၏ တရားစီရင်မှု နှင့် ပြစ်တင်ဆုံးမခြင်း အမှုတော် သည် လူတို့အား အမှန်တကယ် သန့်ရှင်းစေသည်ကို ခံစားရပြီး သမ္မာတရားအား ကျွန်မရိုးသားစွာ လိုက်လျှောက်နေသမျှ၊ သန့်စင်ခြင်း နှင့် ကယ်တင်ခြင်းကို ခံရမည်ကို ကျွန်မသည် သေချာသည်။ ပထမဦးဆုံးအကြိမ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အဖိုးတန်ခြင်း နှင့် သမ္မာတရား ၏ အရေးပါပုံကို ခံစားရသော အခါ၊ ကျွန်မ၏ နှလုံးသား သည် အတွင်းကျိတ် ဝမ်းသာ လာခဲ့ကာ၊ ကျွန်မ နောက်ဆုံး ကျွန်မ၏ ဘုရားသခင်၌ ယုံကြည်ခြင်း အတွင်းသို့ ဝင်ရောက်လာခဲ့ကာ၊ ကျွန်မသည် အသစ်တစ်ဖန်စတင်ခြင်း သို့ ခြေလှမ်း လာကာ၊ ကယ်တင်ခြင်း ကိုရသော မျှော်လင့် ချက်ကို မြင်နိုင်လာသည်။ သို့ဖြစ်၍ ကျွန်မသည် ဆုံးဖြတ်ချက် ချကာ- ကျွန်မ၏ ရှေ့တွင်ရှိသော ခရီးလမ်းသည် မည်မျှ ပင် ကြမ်းတမ်း သည် ဖြစ်စေ၊ ကျွန်မသည် အစဉ်အမြဲ ဘုရားသခင် အား နောက်လိုက်ရာ ၌ မဖောက်ပြန် ဘဲ မဆုတ်မနစ် လိုက်လျှောက်ပြီး၊ အသက်တာ၏ မှန်ကန်သော လမ်းခရီး ထဲ၌ လျှောက်လမ်း လိမ့်မည် ဖြစ်သည်။

ဘုရားသခင်၏ အံ့သြဖွယ်ရာ စီစဉ်မှုများ သည် ကျွန်မတို့အား အမှတ်တမဲ့ အတိဒုက္ခအတွင်းသို့ ဝင်ရောက်စေပြီးလျှင် အမှတ်တမဲ့ အတိဒုက္ခထဲမှ ထမြောက်ဖို့ရန် အခွင့်ပေးသည်။ ဤအရာမှ ကျွန်မတို့ ရိတ်သိမ်းသော အကျိုးတို့ သည် မြင်နိုင်ရန် ရှင်းလင်းပြီး လွယ်ကူသည်။ အတိဒုက္ခ မှတဆင့်၊ ကျွန်မသည် ဘုရားသခင်မှာ အနန္တတန်ခိုးနှင့် ပြည့်စုံပြီး ဉာဏ်ပညာရှိကြောင်းနှင့်၊ တရုတ်ကွန်မြူနစ်ပါတီ သည် အစွမ်းအစမရှိသည့်အပြင် မိုက်မဲကြောင်းကို ကျွန်မသည် မြင်နိုင်သည်။ ၎င်းသည် မထိန်းမသိမ်းနိုင် လောက်အောင် ပြင်းထန်ပြီး ရိုင်းစိုင်းကြမ်းကြုတ်သော်လည်း၊ ၎င်းသည် ဘုရားသခင်၏ လက်များ အတွင်း အမြဲတမ်း ရှုံးနိမ့်လိမ့် မည်ဖြစ်ကာ၊ ၎င်းသည် ဘုရားသခင် အားဖြင့်သာ အသုံးပြုခြင်း ခံရမည် ဖြစ်ပြီး ဘုရားသခင်၏ အမှုတော် ကို အစေခံဖို့ရန် ပေးဆပ်သော၊ ဘုရားသခင်၏ အမှုတော်ကို ဖျက်လိုဖျက်ဆီး အပြုအမူ သာလုပ်ဆောင်နိုင်သော အရာ တစ်စုံတစ်ခု၊ သာဖြစ်နိုင်လိမ့်မည် ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် ဘုရားသခင်၏ ရွေးချယ်ထားသော သူများကို ရက်စက်ကြမ်းကြုတ်သော နှိပ်စက်ညှင်းပန်းခြင်းမှုအားဖြင့် အချည်နှီး မောက်မာစွာ ခြောက်လှန့်ဖို့ရန် ကြံစည်အားထုတ်ပြီး ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ပြီး ဖြိုဖျက်သည်။ ၎င်းသည် ဘုရားသခင်က ကျွန်မတို့အား ပြည့်စုံစေရန် ဤအရာကို အသုံးပြုနေခြင်း ဖြစ်ကြောင်း တွေးတောခဲ့ခြင်းမရှိပေ။ အပြင်ပန်းအားဖြင့် တရုတ်ကွန်မြူနစ်ပါတီ၏ နှိပ်စက်ညှင်းပန်းမှုများသည် ကျွန်မတို့အပေါ်တို့ ကျရောက်လာသည်ဟု ထင်မြင်ရသော်လည်း၊ အမှန်တကယ်တွင်၊ ထိုအရာအားလုံးသည်ဘုရားသခင် စီမံခန့်ခွဲထား ခဲ့ခြင်းဖြစ်သည်။ သူသည် လူတို့အား ပြန့်ကျဲစေသည်၊ လူတို့အား စုဝေးစေသည်၊ သူသည် လူတို့အား အတိဒုက္ခ အတွင်းသို့ ဦးဆောင်သွားသည်၊ သူသည်လူတို့အား အတိဒုက္ခထဲမှ ကယ်နှုတ်သည်၊ ဘုရားသခင်သည် လူသားတို့အား သူ၏ စင်ကြယ်သော အကျင့်သီလ တန်ခိုး ဖြင့် အစဉ်အမြဲ ပံ့ပိုးပေးခဲ့ကာ၊ လူတို့အား လက်ဆွဲကိုင်ဦးဆောင်ပြီး လူတို့အား ထွက်ခွာသွားနိုင်စွမ်း မရှိခြင်းကို ဖြစ်ပွားစေသည်။ ဤကဲ့သို့ အံ့သြဖွယ်ရာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အကြား၊ ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ၏ မျက်နှာအစစ်အမှန်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့ပြီး ၎င်းအား ကျွန်မ၏ နှလုံးသား အနက်ရှိုင်းဆုံးမှ အမှန်တကယ်ပင် ရွံ့ရှာမုန်းတီး စေသည်။ ကျွန်မသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ အနန္တတန်ခိုး နှင့် ဉာဏ်ပညာ ကိုလည်း တွေ့ကြုံ ခံစား နိုင်သည်။ ကျွန်မသည် ဘုရားသခင်နောက်လိုက်လျှောက်ရာ ၌ ပိုမို တည်ကြည်ခိုင်မာ ပြီး မသွေမဖည်ဘဲ၊ မိမိ၏ ဝိညာဉ်ရေးရာ ကြီးထွားရင့်ကျက်မှု နှင့် မပြည့်ဝခြင်း များ ကို အမှန်မြင်နိုင်ကာ၊ ကျွန်မ၏ နှလုံးသားသည် ဘုရားသခင်နှင့် သမ္မာတရား အတွက် ပိုမို ဆာလောင်မှုရှိလာသည်။ ဘုရားသခင်၏ အတိဒုက္ခကြီးစွာခံစားခြင်းကို ဖြစ်ပေါ်စေရာ၌ များစွာသော အဓိပ္ပါယ်ရှိသည်၊ ဘုရားသခင်၏ အမှုတော်၌ များစွာသော ဉာဏ်ပညာရှိသည်။ ၎င်းအား အဘယ်သူမှ နားလည်သဘောပေါက်နိုင်ခြင်း မရှိ။ ကျွန်မသည် ဘုရားသခင် စီစဉ်ခဲ့သော ကြီးစွာသော ဆင်းရဲ ဒုက္ခကို တွေ့ကြုံခံစား နိုင်ခဲ့ကာ- ၎င်းသည် အမှန်တကယ်ပင် ဘုရားသခင်၏ ချီးမြှောက်ခြင်း ဖြစ်ပြီး များပြားသော ချစ်ခြင်းမေတ္တာ နှင့် ဤအသက်တာ ၌ မိမိ၏ ဂုဏ်ယူဖွယ်ရာပင်ဖြစ်သည်။ ၎င်းအကြောင်းအရာကို ကျွန်မ ပြန်လည်စဉ်းစားဆင်ခြင်သည့် အချိန်တိုင်း ကျွန်မသည် စိတ်ခံစားချက် နှင့်လွမ်းခြုံခြင်းခံရမည်ဖြစ် ပြီး၊ ကျွန်မ၏ နှလုံးသားအပြည့် အားပါးတရ ဘုရားသခင်ကို ကျေးဇူးတင်ပြီး၊ ဘုရားသခင်ကို ချီးမွမ်းပါသည်။ အကယ်၍ ဤ အတိဒုက္ခကို ကျွန်မ မခံစားခဲ့ရလျှင်၊ ကျွန်မသည် မျက်စိကန်းစွာ လိုက်လျှောက်နေလိမ့်မည် ဖြစ်ပြီး၊ အဆုံး၌ သမ္မာတရားအားမရရှိခြင်းနှင့် ကျွန်မ၏ ဖောက်ပြန်တတ်သော စိတ်နေသဘောထား ပြောင်းလဲခြင်း မရှိသောကြောင့် ကျွန်မသည် ပြိုလဲပျက်စီးမည်ဖြစ်သည်၊ အကယ်၍ အတိဒုက္ခ ကို မခံစားခဲ့ရလျှင်၊ ဘုရားသခင် ၌ စစ်မှန်သော ယုံကြည်ခြင်း ကျွန်မထံတွင် ရှိလိမ့်မည် မဟုတ်ဘဲ ဘုရားသခင်၏ အမှုတော်၏ ခက်ခဲမှုကို နားမလည်နိုင်သည့်အပြင်၊ လူမျာကို ကယ်တင်ခြင်းသည် မလွယ်ကူကြောင်းကိုလည်း သဘောပေါက်လိမ့်မည် မဟုတ်ပါ။ အကယ်၍ အတိဒုက္ခ ကို မခံစားခဲ့ရလျှင်၊ တရုတ်ကွန်မြူနစ်ပါတီ ၏ မျက်နှာ အစစ်အမှန်ကို ကျွန်မသည် မြင်နိုင်လိမ့်မည် မဟုတ်ဘဲ၊ ဤ မှောင်မိုက်သော လူ့အဖွဲ့အစည်း နှင့်ပတ်သက်၍ လှည့်စားခြင်း များ ရှိနေလိမ့်ဦးမည် ဖြစ်ကာ၊ ကျွန်မသည် ဤလောက အတွက် တွယ်တာခြင်း ရှိလိမ့်ဦးမည် ဖြစ်ပြီး ကျွန်မ၏ နှလုံးသား အား ဘုရားသခင်နောက်လိုက်ခြင်း အပေါ် ဆုံးချက်ချက်ချနိုင်ဦးလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ကျွန်မအား သိမ်းပိုက်စိုးမိုးသော ဘုရားသခင်၏ အံ့သြဖွယ် ရာ နှင့် ဉာဏ်ပညာရှိသော လုပ်ဆောင် မှု ဖြစ်သည်၊ ၎င်းမှာ ကျွန်မ ယနေ့ရောက်ရှိနေသော နေရာသို့ ဦးဆောင် သည့် ဘုရားသခင် ၏ အနန္တတန်ခိုးရှင် နှင့် ကြီးစွာသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ယခုမှစ၍ မည်ကဲ့သို့သော စုံစမ်းခြင်း များနှင့် အတိဒုက္ခ များ ကို ကျွန်မ ရင်ဆိုင်ရသည်မဆို၊ ကျွန်မသည် ဘုရားသခင်၏ နှလုံးသားကို နှစ်သိမ့်စေရန်နှင့် ဘုရားသခင် အတွက် သက်သေခံရန် ကျွန်မ၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာပေါ်တွင် အမှီပြုဖို့ရန် အလိုရှိသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ခုနှစ်နှစ် စမ်းသပ်ခြင်းများက ကျွန်တော့်၏ စရိုက်မှန်များကို ထုတ်ဖော်ပြသည်

ချင်ဟွေး၊ ဟေလုံကျန်းစီရင်စု ၁၉၉၄ ခုနှစ်တွင်၊ ကျွန်တော့် အမေနှင့်အတူ နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပါသည်။...

အသက်တာ ဝင်ရောက်ခြင်းက မည်သည့်အရာဖြစ်သည်ကို ယခုမှသာ ကျွန်မ နားလည်သည်

ယုလု၊ ပေါ်တူဂီ ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင်၊ ကျွန်မသည် အသင်းတော်ထဲက ခေါင်းဆောင်မှု တာဝန်တစ်ခုကို ဖြည့်ဆည်းနေခဲ့သည်။ အချိန်ကာလတစ်ခုကြာ...

တွဲဖက်သည် ပြိုင်ဖက်မဟုတ်

အိုဇန်း မြန်မာနိုင်ငံ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံပြီး သိပ်မကြာဘူး၊ လူသစ်တွေ ရေလောင်းတာ စလုပ်ခဲ့တယ်။ ကျွန်မက...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။