အခက်အခဲများက ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်ထမ်းဆောင်ခြင်းအား မတားဆီးနိုင်
အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံလိုက်ရတဲ့နောက်မှာပဲ ဒီအရာ ဖြစ်ခဲ့တာ မှတ်မိတယ်။ အဲဒီကာလ အတောအတွင်းမှာ၊ စီစီပီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းသားတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးတဲ့အချီသစ် စရုံရှိသေးတယ်။ ကျွန်မ မစိုးရိမ်ဘဲ မနေနိုင်ခဲ့ဘူး— ကိစ္စတွေ ဆိုးသလောက် ဖြစ်နေတာနဲ့အမျှ နေ့တိုင်း အစည်းအဝေး နေရာအမျိုးမျိုးက စုဝေးပွဲတွေဆီ သွားရင်၊ ကျွန်မလည်း ရဲရဲ့ ဖမ်းဆီးတာ ကောင်းကောင်း ခံလိုက်ရမှာပဲ။ ကျွန်မ အဖမ်းခံရရင်၊ ညှဉ်းဆဲ နှိပ်စက်တာ သေချာပေါက် ခံရမှာပဲ။ ကျွန်မက တကယ်ကို ကြံ့ခိုင်မှု အားနည်းတဲ့ အခြေအနေ အမြဲရှိပြီး၊ ဘာဆင်းရဲဒုက္ခကိုမှ မခံခဲ့ရဖူးဘူးလေ။ ဒါကြောင့် ညှဉ်းဆဲတာကို ကျွန်မ ဘယ်လို ကြံ့ကြံ့ခံနိုင်ဖို့ ဖြစ်နိုင်မှာလဲလပေါ့။ ဒီအရာအားလုံး တွေးရင်းနဲ့ ကျွန်မ လန့်နေခဲ့ပြီး၊ တာဝန်ကို လက်မခံချင်ခဲ့ဘူး။ ဒါပေမယ့် ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို ခေါင်းဆောင်အနေနဲ့ ဘယ်လိုရွေးခဲ့ကြပြီး၊ ဒါက သူတို့ကျွန်မကို ဘယ်လောက်ယုံကြည်တယ်ဆိုတာ ပြနေတာကို တွေးမိတဲ့အခါ ကျွန်မ လန့်တာကြောင့်ပဲ စေခိုင်းချက်တာဝန် လက်မခံတာကို မှန်တယ်လို့ မခံယူနိုင်ခဲ့ဘူး။ ဒါကြောင့် ပါးပါးနပ်နပ်နဲ့- “ကျွန်မ ဒါနဲ့ တကယ်ကိုက်လို့လား။ အရင်က ခေါင်းဆောင်ရာထူး ကျွန်မ လုံးဝ မကိုင်ဖူးဘူး၊ ကျွန်မ မဖြေရှင်းနိုင်တဲ့ ပြဿနာတချို့ ကြုံရရင်၊ အသင်းတော်ရဲ့ အလုပ်ကို နှောင့်နှေးစေမှာ မဟုတ်လား”လို့ ပြန်ဖြေလိုက်တယ်။ ခေါင်းဆောင်က၊ “ကျွန်မတို့ကို ပေးထားတဲ့ တာဝန်တွေက ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ဖို့ အခွင့်အရေးတစ်ခုကို ကိုယ်စားပြုတယ်။ တတ်နိုင်သမျှ အကောင်းဆုံးသာ လုပ်ကြည့်ပါ” လို့ မိတ်သဟာယမှာ ကျွန်မကို ပြန်ဖြေခဲ့တယ်။ ခေါင်းဆောင်ရဲ့ မိတ်သဟာယကို ကြားပြီးတဲ့နောက် တာဝန်ကို ကျွန်မ လက်ခံခဲ့တယ်။ ဒါပေမယ့် အဲဒီနောက်မကြာခင်မှာ၊ တခြားအသင်းတော်က ခေါင်းဆောင် ခြောက်ယောက်နဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ အစ်မလီ၊ အစ်မဝူနဲ့ တခြားအသင်းသား အနည်းငယ် အဖမ်းခံလိုက်ရပြီဆိုပြီး အသိပေးထားသလို ကျွန်မတို့ အားလုံး နိုးနိုးကြားကြားနေပြီး သတိထားကြဖို့ တောင်းဆိုထားတဲ့ စာတိုတွေ တစ်ခုပြီးတစ်ခု ကျွန်မရဲ့ ခေါင်းဆောင်ဆီက စရောက်လာနေခဲ့တယ်။ ကျွန်မ အထိတ်တလန့် ဖြစ်သွားတယ်၊ ဘယ်လိုလုပ်ပြီး ညီအစ်ကို မောင်နှမတွေ အများကြီး အဖမ်းခံလိုက်ရတာလဲပေါ့။ အစ်မလီကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ တွေ့လိုက်ရသေးတာကို သဘောပေါက်မိတယ်၊ ရဲတွေက ကျွန်မကိုလည်း စောင့်ကြည့်နေခဲ့တာများလား။ သူတို့ ကျွန်မကို စစောင့်ကြည့်နေခဲ့ရင်၊ အချိန်တန်ရင် ကျွန်မ အဖမ်းခံလိုက်ရမှာပဲလေ။ ဘာလို့လဲဆိုတော့ နေရာတိုင်းမှာ လုံခြုံရေး ကင်မရာတွေရှိနေတယ်။ ဒီလိုပတ်ဝန်းကျင်မျိုးမှာ ကျွန်မရဲ့ တာဝန်တွေကို ဖြည့်ဆည်းတာက တကယ်အန္တရာယ်များပါတယ်...အဲဒီအကြောင်း စဉ်းစားမိတဲ့အခါတိုင်း ကျွန်မ တကယ် လန့်မိတယ်။ အလုပ်လုပ်နေတုန်း တစ်ရက်မှာ ရုတ်တရက်ပဲ အဖမ်းခံလိုက်ရမှာကို ကျွန်မ အရမ်းကြောက်ခဲ့တယ်။ အပြင်ပန်းကနေ၊ ကျွန်မတာဝန်တွေကို ဖြည့်ဆည်းနေပုံပေါ်ပေမယ့်၊ အလုပ်ကို ကျွန်မ စိတ်ပါလက်ပါ လုပ်ကို မလုပ်နိုင်ခဲ့သလို၊ ကျွန်မ တာဝန်တွေကို ဘယ်လိုအကောင်းဆုံး ဖြည့်ဆည်းရမယ်ဆိုတာနဲ့ပတ်သက်လို့ မစဉ်းစားသလောက်ပဲ။ တစ်ခါတလေ၊ ညီအစ်ကို မောင်နှမတွေက ကျွန်မဆီ ပြဿနာတွေနဲ့ လာတဲ့အခါ၊ ကူညီလိုစိတ်တောင် မရှိခဲ့ဘူး။
နောက်သိပ်မကြာခင်မှာ၊ ရဲတွေက အဖမ်းခံရတဲ့ ညီအစ်ကို မောင်နှမတွေကို ဓာတ်ပုံတွေကနေ အသင်းသားတွေကို ခွဲခြားပြခိုင်းနေပြီး၊ လမ်းဆုံတွေမှာ လမ်းအတားအဆီးတွေ ချပြီး လူတွေရဲ့ အိတ်တွေကို ရှာဖွေနေတယ်ဆိုတဲ့ နောက်ထပ် စာတိုတစ်ခုကို ကျွန်မရဲ့ ခေါင်းဆောင်ဆီကနေ ရခဲ့တယ်။ ကျွန်မတို့ ထွက်သွားခဲ့အခါတိုင်း အရမ်းကို သတိရှိကြဖို့ သူ ကျွန်မတို့ကို သတိပေးခဲ့တယ်။ ဒါကို ကြားတော့၊ ကျွန်မ ပိုလို့တောင် စိတ်ပူသွားတယ်။ ရဲတွေက ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေဆီက သတင်းအချက်အလက်တွေအများကြီး စုဆောင်းနှင့်ခဲ့ပုံပဲလေ။ အစ်မလီနဲ့တွေ့ဖို့ သွားခဲ့တဲ့ ပြီးခဲ့တဲ့ အခေါက်တုန်းက ကျွန်မတို့ ဓာတ်ပုံရိုက်ခံရသေးလားပေါ့။ အဲဒါကို ဗီဒီယိုရိုက်ခဲ့မယ်ဆိုရင်၊ ဗီဒီယိုတစ်ခုလုံးမှာ ကျွန်မကို မြင်တဲ့အခါ ကျွန်မက အသင်းတော် အလုပ်ကို ဦးဆောင်နေမှန်း ရဲတွေက သေချာပေါက် သိသွားကြမှာပဲ။ ကျွန်မ တကယ်အဖမ်းခံရရင်၊ ကျွန်မကို သူတို့ ညှဉ်းဆဲပြီး အတင်းဝန်ခံခိုင်းမှာ။ ကျွန်မရဲ့ လျှပ်စစ်ဆိုင်ကယ်လေးနဲ့ အိမ်ကို မောင်းရင်းနဲ့၊ ကျွန်မ စိတ်အိုက်နေပြီး စီးနေတဲ့ တစ်ချိန်လုံး ဖင်တကြွကြွ ဖြစ်နေခဲ့တယ်— ခေါင်းဆောင်ရဲ့ စာတွေက ကျွန်မကို အရမ်း စိတ်ဓာတ်ကျသွားစေခဲ့ပြီလေ။ အပြင်မှာ မှောင်နေပြီဖြစ်ပေမယ့်၊ ကျွန်မရဲ့ နေကာမျက်မှန်တွေကို မချွတ်ရဲခဲ့ဘူး။ လုံခြုံရေး ကင်မရာမှာ အမိခံရပြီး၊ ရဲတွေရဲ့ အချိန် မရွေးအဖမ်းခံရမယ့် အန္တရာယ်ကို ကျွန်မ စွန့်စားမှာ မဟုတ်ဘူးလေ။ အဲဒီအချိန်မှာ ကျွန်မခေါင်းထဲ အရမ်းကို တစ်ကိုယ်ကောင်းဆန်တဲ့ အတွေး ဝင်လာတယ်။ “ငါ ခေါင်းဆောင်နဲ့ ညှိကြည့်ပြီး၊ ပိုအသက်ကြီးတဲ့ အစ်မကို ငါ့အလုပ် တာဝန်ယူခိုင်းလို့ ရမယ်ထင်တယ်။ သူက ငါးဆယ်အရွယ် ရောက်နှင့်နေပြီ— သူ အဖမ်းခံရရင်တောင်၊ ရဲတွေက သူ့အပေါ် ညှဉ်းဆဲတဲ့ အကွက်တွေ မသုံးမှာ သေချာသလောက်ပဲ” လို့ ကျွန်မ တွေးမိခဲ့တယ်။ ဒါပေမယ့် ဒီစိတ်ကူးက ဘယ်လောက် တစ်ကိုယ်ကောင်းဆန်မှန်း ကျွန်မ အမြန် သဘောပေါက်လိုက်တယ်။ အဖမ်းခံရပြီး ညှဉ်းဆဲခံရမှာကြောက်ပြီး၊ အခြေအနေက အန္တရာယ်ရှိတာကို ခံစားမိလို့ အလုပ်ကို ကျွန်မရဲ့ အစ်မကြီးပေါ် ရှောင်လွှဲချင်ခဲ့တယ်။ ကျွန်မ သိပ်အကျည်းတန်၊ သိပ်အောက်တန်းကျတာပဲ။ ဒါပေမယ့် တစ်ချိန်တည်းမှာ၊ နည်းနည်း စိတ်လှုပ်ရှားပြီး မကြောက်ဘဲ မနေနိုင်ခဲ့ဘူး။ ညီအစ်ကို မောင်နှမတွေ ညှဉ်းဆဲ၊ နှိပ်စက်ခံရတဲ့ ဒီပုံရိပ်တွေက မကြာခဏ ကျွန်မ ခေါင်းထဲ ရောက်နေခဲ့တယ်။ ဒီအကြောင်း တွေးရင်းနဲ့ ကျွန်မ ပိုပိုပြီး လန့်နေခဲ့ပြီး ကိုယ့်ဘာသာ မညည်းညူဘဲ မနေနိုင်ခဲ့ဘူး။ “ဘာလို့ အဲဒီလို အန္တရာယ်များတဲ့အလုပ်တစ်ခုကို ငါ့ကို သူတို့ ယူခိုင်းတာလဲ။ တကယ်လို့ ငါ အဖမ်းခံရရင်၊ ဘာဖြစ်မလဲ။ ငါ အရမ်းငယ်သေးတယ်၊ ညှဉ်းဆဲ၊ နှိပ်စက်တာကို ရင်ဆိုင်ရပြီး ကျွန်မ အသက်ရှင်တဲ့ ကျန်တဲ့နှစ်တွေမှာ ဆင်းရဲဒုက္ခခံရဖို့ ထောင်ထဲအပိတ်ခံရမှာလား”ပေါ့။ ကျွန်မ အရမ်း စိုးရိမ်ကြောင့်ကြပြီး ကြောက်သွားတယ်၊ ဒါကြောင့် ကျွန်မရဲ့ အခြေအနေကို ပြောပြရင်းနဲ့ ဘုရားဆီဆုတောင်းခဲ့တယ်- “အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်မ အဖမ်းခံရပြီး ထောင်ကျမှာ၊ ညှဉ်းဆဲ နှိပ်စက်ခံရမှာကို အဆက်မပြတ် ကြောက်နေမိပါတယ်။ တာဝန်တွေကို ဖြည့်ဆည်းနေတုန်းမှာ ကျွန်မရဲ့ စိတ်နှလုံးကို ငြိမ်အောင်မထားနိုင်သလို ကျွန်မရဲ့ တာဝန်ကို တခြားတစ်ယောက်ပေါ်တောင် လွှဲချင်ပါတယ်။ ကျွန်မရဲ့ ကိုယ်ပိုင် ဇာတိပကတိကိုပဲ တစ်ကိုယ်ကောင်းဆန်ဆန် အမြဲ တွေးနေမိပါတယ်။ ဘဝကို အကြောက်တရား၊ မဝံ့မရဲမှုတွေနဲ့ အသက်မရှင်ချင်ပါဘူး။ စာတန်ရဲ့ လှည့်ဖြားတာ ကျွန်မ မခံချင်ဘူး။ အဖ ဘုရားသခင်၊ ကိုယ်တော် ကျွန်မကို အသိဉာဏ်ပွင့်လင်းစေပြီး ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်ခွင့်ပေးတော်မူပါ။ ဒီစမ်းသပ်ခံရတဲ့ အခြေအနေမှာ ခိုင်ခိုင်မာမာ ရပ်နိုင်ဖို့ ကျွန်မကို ခွန်အားသွတ်သွင်းပေးဖို့လည်း တောင်းလျှောက်ပါတယ်”လို့ပေါ့။
အဲဒီနောက်မှာပဲ၊ “သခင် ယေရှုကို အတုယူကြစေ” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို သတိရသွားတယ်။ “ယေရုရှလင်သို့ သွားရာလမ်း၌ ယေရှုသည် သူ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းဖြင့် မွှေနေသကဲ့သို့၊ မချိမဆံ့ သောကဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။ တန်ခိုးကြီးမားသော အင်အားတစ်ခုက သူ ကားစင်တင် ကွပ်မျက်ခံရမည့် နေရာသို့ လှမ်းချီရန် သူ့အား အစဉ်တွန်းအားပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် လက်ဝါးကားတိုင်၌ သံမှိုစွဲရိုက်ခံခဲ့ရပြီး အပြစ်ရှိသော ဇာတိပကတိ အသွင်သဏ္ဌာန်ဆောင်ခဲ့ကာ လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအမှုတော်ကို ပြီးဆုံးစေခဲ့၏။ သူသည် သေခြင်းနှင့် မရဏနိုင်ငံ၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ခဲ့သည်။ သေခြင်း၊ ငရဲနှင့် မရဏနိုင်ငံတို့သည် သူ၏ရှေ့တွင် ၎င်းတို့၏တန်ခိုး ဆုံးရှုံးခဲ့ပြီး သူ၏နှိမ်နင်းခြင်းကို ခံခဲ့ကြရသည်။ သူသည် သုံးဆယ့်သုံးနှစ်ကြာ အသက်ရှင်နေထိုင်ခဲ့သော ကာလတစ်လျှောက်လုံးတွင် သူ၏ကိုယ်ရေးအမြတ်အရှုံးကို ဘယ်သောအခါမျှ မစဉ်းစားဘဲ၊ အဖဘုရားသခင်၏ အလိုတော်ကို အစဉ်မပြတ် စိတ်ထဲတွင်ထားကာ ထိုကာလရှိ ဘုရားသခင်၏ အမှုတော်အတိုင်း ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ဘုရားသခင်ရှေ့၌ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတဖြစ်သော သူ၏အစေခံမှုကြောင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်ဟူသော ကြီးမားသော ဝန်ထုပ်ကို သူ့ပခုံးပေါ်တွင်ထားခဲ့ကာ သူ့ကို ထိုအမှုတော်ကို ပြီးမြောက်စေခဲ့ပြီး၊ သူသည် ဤအရေးကြီးသော တာဝန်ကို ပြီးမြောက်ရန် အရည်အချင်းပြည့်မီပြီး အခွင့်ရှိသောသူ ဖြစ်ခဲ့သည်။ သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်အတွက် အတိုင်းမသိ ဒုက္ခဝေဒနာကို ကြံ့ကြံ့ခံခဲ့ပြီး စာတန်၏ မရေမတွက်နိုင်သော သွေးဆောင်ဖြားယောင်းခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ရသည်။ သို့သော် သူသည် ဘယ်သောအခါမျှ စိတ်မပျက်ခဲ့ပေ။ ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချပြီး ချစ်တော်မူခဲ့သောကြောင့်၊ ထိုကဲ့သို့သော ကြီးမားသည့် အမှုတော်ကို သူ့အားပေးအပ်ခဲ့သည်။ အကယ်၍ သင်တို့သည် ယေရှုကဲ့သို့ ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပြီး သင်တို့၏ ဇာတိပကတိကို ကျောခိုင်းနိုင်ပါက၊ သင်တို့သည် ဘုရားသခင်ကို အစေခံရန် လိုအပ်သော အခြေအနေများနှင့် ပြည့်မီစေရန်အတွက် ဘုရားသခင်သည် သူ၏အရေးကြီးသော အမှုတော်များကို သင်တို့အား တာဝန်ပေးစေခိုင်းလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေများ၌သာ သင်တို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေပြီး သူ၏ တာဝန်ပေးစေခိုင်းချက်ကို အပြီးသတ်နေသည်ဟု အရဲစွန့်၍ဆိုနိုင်ပေလိမ့်မည်။ သို့မှသာလျှင် သင်တို့သည် သူ့အား စစ်မှန်စွာ အစေခံနေသည်ဟု သင်တို့ရဲဝံ့စွာ ဆိုနိုင်ပေလိမ့်မည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဒီသီချင်းကို ဆိုနေတုန်းမှာ ကျွန်မ အရမ်း တို့ထိခံခဲ့ရတယ်။ ကားစင်တင်ခံရတဲ့ နာကျင်မှုနဲ့ ဆင်းရဲဒုက္ခကို ရင်ဆိုင်ရင်းနဲ့ သခင်ယေရှုက သူ့ရဲ့ ဇာတိအားနည်းမှုရှိပေမယ့် နောင်တရတဲ့ လက္ခဏာ၊ နောက်တွန့်တဲ့လက္ခဏာ မပြခဲ့ဘူး။ အဲဒါထက်၊ အပြစ်ဖြေရာယဇ်ကို ထမ်းဆောင်ဖို့ နဲ့ လူသားမျိုးနွယ်ကို စာတန်ရဲ့လက်ခုပ်ထဲကနေ ရွေးနုတ်ဖို့ မချိမဆံ့ဝေဒနာအားလုံးကို ကြံ့ကြံ့ခံရင်းနဲ့ ကားတိုင်ဆီ တည်ကြည်ခိုင်မာစွာ လျှောက်လှမ်းသွားခဲ့တယ်၊ လူသားမျိုးနွယ်အတွက် ဘုရားရဲ့ ချစ်ခြင်း အရမ်း ကြီးမားခဲ့တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ဘုရားကို ကျွန်မ ဘယ်လို ဆက်ဆံခဲ့လဲ။ ဘုရားရဲ့ စေခိုင်းချက်ကို ဆောင်ရွက်ရာမှာ၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံဘေးကင်းမှုကိုပဲ စဉ်းစားခဲ့ပြီး၊ အဖမ်းခံရမှာ၊ ထောင်ချခံရမှာ၊ ညှဉ်းဆဲ နှိပ်စက်ခံရမှာကို အမြဲ ကြောက်ခဲ့တယ်။ မဝံ့မရဲမနဲ့ အကြောက်တရားထဲမှာ အသက်ရှင်ခဲ့ပြီး၊ တကယ့် ထိရောက်မှု တစ်ခုမှ လုံးဝ မရဘဲ၊ ကျွန်မ တာဝန်တွေထဲမှာ ဟန်ဆောင်လုပ်ပြရုံ လုပ်ပြခဲ့တယ်။ အခြေအနေ ဘယ်လောက်အန္တရာယ်ရှိမှန်း မြင်တော့၊ အစ်မကြီးတစ်ယောက်အပေါ် ကျွန်မတာဝန်တွေကို လွှဲဖို့တောင် တွေးခဲ့တယ်။ ကျွန်မ သိပ်တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာ ကောင်းလိုက်တာ။ အဲဒီစမ်းသပ်တဲ့ကာလတွေမှာ၊ ဘုရားအတွက် သက်သေခံဖို့နဲ့ စာတန်ကို အရှက်ရစေဖို့ နည်းနည်းမှ မတွေးခဲ့ဘူး။ ကိုယ့်ကိုယ်ပိုင် ဇာတိပကတိအတွက်ပဲ တွေးခဲ့တယ်။ နောက်ဆုံးမှာ ဘုရားကတိပြုထားတဲ့ အရာတွေအားလုံးနဲ့အတူ သူ့ရဲ့ ကယ်တင်ခြင်းနဲ့ ကောင်းချီးတွေ ရရှိနိုင်ဖို့ ဆင်းရဲဒုက္ခတွေ ကြုံစရာမလိုဘဲ၊ စတေးမှုတွေ လုပ်စရာမလိုဘဲ ကိုယ့်တာဝန်တွေကို ဘေးမသီရန်မခ ဘယ်လို ဖြည့်ဆည်းရမယ်ဆိုတာကိုပဲ တွေးခဲ့တယ်။ အခက်အခဲ ရင်ဆိုင်ရာမှာ၊ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘေးကင်းရေးအတွက် တာဝန်တွေကို စွန့်လွှတ်ချင်ခဲ့ပြီး၊ ဘုရားနဲ့တောင် အကျိုးသင့်အကြောင်းသင့် ပြောခဲ့သလို သူ့ကို ပုန်ကန်ခဲ့တယ်၊ ဒါပေမယ့် ဘုရားကို ယုံကြည်ရာမှာ ကျွန်မရှိထားတဲ့ ဒီစိတ်ကူးတွေက အပေးအယူသဘောသာဖြစ်ပုံကို သဘောပေါက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘာကိုမှ မပြောနိုင်ခဲ့ဘူး။ အခက်အခဲကြားမှာ ဘုရားကို လုံးဝ ကျိုးနွံနာခံခဲ့တဲ့ ပေတရုအကြောင်း တွေးမိတယ်။ သူ့ရဲ့ကိုယ်ပိုင်ကောင်းကျိုးအတွက် သူ လုံးဝ မစိုးရိမ်ခဲ့ဘူး၊ အဲဒီအစား ဘုရားရဲ့ အလိုတော်ကို ဖြည့်ဆည်းပြီး သူ့ စိတ်နှလုံးကို နှစ်သိမ့်ဖို့ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်ခဲ့တယ်။ နောက်ဆုံးမှာ၊ ဘုရားအတွက် တောက်ပတဲ့ သက်သေအနေနဲ့ ပြောင်းပြန်ကားတိုင်တစ်ခုမှာ ကားစင်တင်ခံခဲ့ရတယ်။ ကျွန်မကိုယ်တိုင်ရဲ့ လုပ်ရပ်တွေကို ပေတရုရဲ့ လုပ်ရပ်တွေနဲ့ နှိုင်းကြည့်တော့၊ ကျွန်မ ရှက်မိပြီး အပြစ်ရှိသလို ခံစားရတယ်၊ ဒါကြောင့် ဘုရားရှေ့ ကျွန်မ လာပြီး ဆုတောင်းခဲ့တယ်- “အဖ ဘုရားသခင်။ ဒီအခြေအနေက ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ အောက်တန်းကျမှုကို ဖော်ထုတ်ပေးလိုက်ပါပြီ။ ထောင်ထဲသွားရပြီး ဆင်းရဲဒုက္ခခံရမှာကို ကျွန်မ လန့်နေမိခဲ့ပြီး ကိုယ်တော့်အတွက် ကျွန်မ ဘယ်လို သက်သေခံနိုင်မလဲဆိုတာကို လုံးဝ မတွေးခဲ့ပါဘူး။ အို ဘုရားသခင်၊ ကိုယ်ရေးကိုယ်တာ အကျိုးကျေးဇူး၊ ဒါမှမဟုတ် အရှုံး အမြတ်တွေကို ကျွန်မ မစိုးရိမ်ချင်တော့ပါဘူး။ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့ပဲ ဆန္ဒရှိပါတယ်။ ကျွန်မ တကယ်အဖမ်းခံရပြီး နှိပ်စက်ခံရရင်၊ ကျိုးနွံနာခံဖို့ လိုလားလျက် ရှိပါတယ်။ ကျွန်မအနေနဲ့ ယုဒဖြစ်ပြီး ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို သစ္စာဖောက်မှာ မဟုတ်သလို၊ ကိုယ်တော့်အတွက် သက်သေခံပါ့မယ်လို့ အသက်နဲ့ရင်းပြီး ကတိပြုပါတယ်” လို့ပေါ့။ ကျွန်မရဲ့ ဆုတောင်းချက်အပြီးသတ်တဲ့နောက်၊ တကယ်ကို အေးချမ်းပြီး တည်ငြိမ်သွားခဲ့တယ်။
အဲဒီနောက်မှာပဲ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို သတိရသွားတယ်။ “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) ရုတ်တရက် အားလုံးကို သဘောပေါက်သွားတယ်။ ဟုတ်တာပေါ့။ နေ့တိုင်း စုဝေးပွဲတွေတက်ပြီး ကျွန်မတာဝန်ကို လုပ်ရင်တောင်၊ ဘုရားခွင့်မပြုရင် ကျွန်မ အဖမ်းခံရမှာ မဟုတ်ဘူး။ နှိပ်စက်ခြင်းနဲ့ အခက်အခဲ သွားကြုံရမယ်လို့ ဘုရားက ကျွန်မကို စီမံထားပြီးပြီဆိုရင်၊ တစ်နေ့လုံး အထဲမှာ ပုန်းနေရင်တောင်၊ ကျွန်မ အဖမ်းခံရဦးမှာပဲ။ အရာရာက ဘုရားလက်ထဲမှာ ရှိတယ်။ ဒီတော့ ကျွန်မ ဘယ်အခြေအနေပဲ ကြုံရပါစေ လက်ခံလိုက်သင့်တယ်။ ကျွန်မတို့ရဲ့ ဘေးကင်းရေး မဟာဗျူဟာတွေကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံး လုပ်မှာပါ၊ ဒါပေမယ့် အဖမ်းခံရတာနဲ့ ပတ်သက်လာရင်၊ ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ကျွန်မ လိုလားနေပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေဆီက ကျွန်မ ရရှိခဲ့တဲ့ အသိဉာဏ်ပွင့်လင်းမှုနဲ့ အလင်းပြခြင်းက ကျွန်မကို ခွန်အားနဲ့ ယုံကြည်ခြင်း ပေးခဲ့ပြီး၊ ချက်ချင်း လွတ်မြောက်သွားသလို ခံစားရတယ်။ အဲဒီအချိန်ကစပြီး၊ စုဝေးပွဲတွေအတွက် အပြင်ထွက်တဲ့အခါမှာ၊ ကျွန်မ ပိုတည်ငြိမ်ပြီး ကြောက်တာ နည်းသွားတယ်။ တရုတ်ကွန်မြူနစ်ပါတီက သူတို့ရဲ့ ပြင်းထန်တဲ့ အဖမ်းအဆီးတိုက်ပွဲစဉ်ကို ဆက်လုပ်ခဲ့ပေမယ့်၊ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို သူတို့ရဲ့ အလုပ် ဆက်လုပ်ခွင့်ပေးရင်းနဲ့ ယုံကြည်ခြင်း ဖြစ်ပေါ်စေခဲ့ပုံကို မြင်တော့၊ ကျွန်မ တကယ်ကို ခွန်အားရခဲ့ပြီး ကျွန်မရဲ့ တာဝန်တွေကို အာရုံစိုက်နိုင်ခဲ့ပြီး စွန့်လွှတ်စတေးတာတွေ လုပ်နိုင်ခဲ့တယ်။ ဘုရားက ကျွန်မကို လမ်းပြနေတာ ကျွန်မ ရှင်းရှင်းလင်းလင်း ခံစားရသလို၊ ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေနဲ့ ကိစ္စအချို့ကိုလည်း ကျွန်မ ဖြေရှင်းပေးနိုင်ခဲ့တယ်။ အသင်းတော် အလုပ်လည်း ပုံမှန် တိုးတက်နေခဲ့တယ်။ ဒါက စာတန်အနေနဲ့ ဘယ်လောက် ရက်စက်ပြီး သောင်းကျန်းလာနေပါစေ၊ ဘုရားရဲ့ အမှုတော်ကို လုံးဝ မနှောင့်ယှက်နိုင်တာကို ပြခဲ့တယ်။ ဘုရားကို ကျွန်မရဲ့ ယုံကြည်ခြင်းက ပိုလို့တောင် အားကောင်းလာခဲ့တယ်။
အဲဒီအရာအားလုံးကို တွေ့ကြုံပြီးတဲ့နောက်၊ ဝိညာဉ်ရင့်ကျက်မှု နည်းနည်း ရခဲ့တာဖြစ်မယ်လို့ ကျွန်မ တွေးခဲ့တယ်၊ ဒါကြောင့် ကျွန်မအတွက် ဘုရားက အဖြစ်အပျက်တစ်ခု ထပ်ပြီး စီစဉ်ညွှန်ကြားခဲ့တဲ့အခါမှာ ကျွန်မ နောက်ထပ်တစ်ခါ လုံးလုံးလျားလျား ဖော်ထုတ်ခံရမယ်လို့ လုံးဝ စိတ်မကူးမိခဲ့ဘူး။
ဒီပြီးခဲ့တဲ့ ဇူလိုင်လတုန်းက၊ ကျွန်မ မကြာခဏ အဆက်အသွယ်ရှိတဲ့ အစ်မလျူဟာ ပြီးခဲ့တဲ့ နှစ်လ၊ သုံးလကြာ ရဲတွေလိုက်တာ ခံခဲ့ရတယ်လို့ ဆိုထားတဲ့ စာတစ်စောင်ကို ကျွန်မရဲ့ ခေါင်းဆာင်ဆီက ရခဲ့တယ်။ အစ်မလျူ အဆက်အသွယ်လုပ်တဲ့ ညီအစ်ကို မောင်နှမ နှစ်ဆယ်ကျော်လည်း ရဲတွေ စောင့်ကြည့်တာကို ခံနေရပြီး အဲဒီအထဲမှာ ကျွန်မလည်းပါတယ်။ ရဲတွေက အစ်မလျူ စုဝေးပွဲတွေ တက်ခဲ့တဲ့ အစည်းအဝေးနေရာတွေကို ဓာတ်ပုံရိုက်ကောင်း ရိုက်ခဲ့ပြီးနိုင်တယ်လို့လည်း သူက ပြောခဲ့တယ်။ ဒါကြောင့်၊ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေနဲ့ အဆက်အသွယ်လုပ်တာ ရှောင်ဖို့ အရေးကြီးတယ်လို့ ကျွန်မရဲ့ ခေါင်းဆောင်က အကြံပေးခဲ့တယ်။ ဒါကို ဖတ်ပြီးတဲ့နောက်၊ ကျွန်မ ဘယ်လိုမှ မတည်ငြိမ်နိုင်တော့ဘူး၊ ကျွန်မက၊ “အစ်မလျူကို ငါ မကြာခဏ တွေ့သလို၊ လတ်တလောမှာ သူနဲ့ စီရင်စုထဲကို ဆိုင်ကယ်တောင် အတူစီးပြီး သွားခဲ့တယ်။ အဲဒီလမ်းမှာ လုံခြုံရေး ကင်မရာတွေကို နေရာအနှံ့မှာ ချိတ်ဆက်ထားတာ။ ငါတို့ရဲ့ ဗီဒီယိုဖိုင်ကို သူတို့ ရသွားရင်၊ ငါတော့ ဒုက္ခရောက်တော့မှာပဲ။ တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်တွေကို အရင်ထက် ပိုပစ်ပယ်ပြီး ဖမ်းဆီး နှိပ်စက်နေတာ။ ဒီလိုအရေးကြီးတဲ့အချိန်မှာ ငါ အဖမ်းခံလိုက်ရရင်၊ ရဲတွေက ငါ့ကို ဘယ်လိုညှဉ်းဆဲမှုမျိုး ကြုံစေမလဲဆိုတာ ဘယ်သူသိမှာလဲ။ ငါ့ကို သေတဲ့ထိ ရိုက်နှက်ကြမှာလား”လို့ပေါ့။ အဲဒါကို ကျွန်မ ပိုတွေးလေလေ၊ ပိုကြောက်လေလေ ဖြစ်လာခဲ့ပြီး၊ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် မလုပ်နိုင်ခဲ့သလို၊ ဘုရားနှုတ်ကပတ်တော်တွေကို မဖတ်နိုင်ခဲ့ဘူး။ အဲဒီနောက် မကြာခင်မှာ၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို အစ်မလျူ ငှားခဲ့တဲ့ တိုက်ခန်းမှာ သိမ်းထားခဲ့မှန်း ကျွန်မ သိလိုက်ရတယ်။ အဲဒါတွေကို မြန်မြန် ဖယ်မထားရင်၊ ရဲတွေက ရှာတွေ့သွားမှာဖြစ်ပြီး ဘုရားအိမ်တော်က ထိခိုက်နစ်နာမှုတွေ ခံရမှာပါ။ ဒါပေမယ့် ကျွန်မ မတင်မကျဖြစ်နေခဲ့တယ်- တကယ်တော့ ရဲတွေက လူကိုလိုက်ဖမ်းပြီး ယုံကြည်သူတွေကို ဖမ်းဆီးနေတဲ့ ရက်စက်တဲ့ တိုက်ပွဲစဉ်တစ်ခု လုပ်နေတုန်း ဖြစ်တယ်။ စာအုပ်တွေကို သယ်ယူပို့ဆောင်နေတုန်းမှာ ရဲတွေနဲ့ တိုးမိရင်၊ သူတို့လိုတဲ့ သက်သေအထောက်အထားတွေ အားလုံး ရသွားမှာ မဟုတ်လား။ အဲဒီလိုဖြစ်ရင်၊ စစ်မေးတာက ညှဉ်းဆဲမှု မပါဖို့ဆိုတာ ဖြစ်နိုင်မှာမဟုတ်သလို၊ ကျွန်မအတွက် သေလောက်အောင်တောင် ဖြစ်သွားနိုင်တယ်ပေါ့။ ဒီအရာအားလုံးကို စဉ်းစားလိုက်တော့၊ ကျွန်မ မသွားချင်ခဲ့ဘူး။ ဒါပေမယ့်၊ တကယ်လို့ ကျွန်မ မသွားခဲ့ရင်၊ ဘုရားအိမ်တော်က ထိခိုက်နစ်နာမှုတွေ ခံရမှာဆိုတဲ့ အချက်ကို ငါ တကယ်ပဲ လျစ်လျူရှုချင်နေတာလားလို့လည်း ကျွန်မ တွေးမိခဲ့တယ်။ တစ်ခဏကြာ ဒီအတွေးတွေနဲ့ ကျွန်မ နပန်းလုံးခဲ့ပေမယ့်၊ စိတ်မပိုင်းဖြတ်နိုင်ခဲ့ဘူး။
နောက်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မတွေ့ခဲ့တယ်။ “အန္တိခရစ်များသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာကြသည်။ ၎င်းတို့၌ ဘုရားသခင်ကို ဆက်ကပ်ခြင်း ရှိဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းမရှိကြပေ။ ၎င်းတို့သည် ပြဿနာတစ်ခုကို ကြုံရသည့်အခါ၊ မိမိကိုယ်ကိုယ်သာ ကာကွယ်ပြီး ဘေးဆီးရန်ကာကြသည်၊ မိမိတို့အတွက်သာ စဉ်းစားကြသည်။ ၎င်းတို့အတွက်မူ၊ မိမိတို့ကိုယ်တိုင်၏ ရှင်သန်မှုနှင့် ဘေးကင်းရေးထက် မည်သည့်အရာမျှ သာ၍ အရေးမကြီးချေ။ ဘုရားအိမ်တော်၏အလုပ်အဖို့ မည်မျှ ဘေးဖြစ်စေသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ— ၎င်းတို့ အသက်ရှင်နေသေးပြီး ၎င်းတို့အပေါ် မည်သည့်အရာမျှ မဖြစ်သရွေ့၊ ယင်းသည်သာ အရေးကြီးပေသည်။ ထိုသို့သော လူများ၏ စိတ်သဘောထားသည် ရက်စက်သည်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ သို့မဟုတ် ဘုရားအိမ်တော်အတွက် မစဉ်းစားကြပေ၊ ၎င်းတို့က မိမိတို့အတွက်သာ စဉ်းစားကြသည်။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ ထို့ကြောင့် ထိုသို့သော အရာများသည် ဘုရားသခင်ကို ဆက်ကပ်သည့် သူများနှင့် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်မှုရှိသည့်သူများထံ ဖြစ်ပေါ်သည့်အခါ၊ ၎င်းတို့က ယင်းတို့ကို မည်သို့ ကိုင်တွယ်သနည်း။ (၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်ဖို့၊ ဘုရားအိမ်တော်၏ ပူဇော်သက္ကာများကို ထိခိုက်ခြင်းမှ ကာကွယ်ဖို့ မည်သည့်နည်းလမ်းကိုမဆို တွေးလိမ့်မည် ဖြစ်ပြီး၊ ဆုံးရှုံးမှုများ နည်းစေဖို့ ခေါင်းဆောင်များ၊ အမှုတော်ဆောင်များနှင့် ညီအစ်ကိုမောင်နှမများအတွက် လိုအပ်သည့် စီစဉ်မှုများကို လုပ်ဆောင်ကြပါလိမ့်မည်။ တစ်ဖက်တွင် အန္တိခရစ်များ လုပ်ဆောင်သည့် ပထမဆုံးအရာမှာ မိမိတို့ကိုယ်ကိုယ် ကာကွယ်ဖို့နှင့် ဘုရားအိမ်တော်၏ အလုပ်ကို လျစ်လျူရှုဖို့ ဖြစ်သည်။ ထို့ကြောင့် အဆင်းနီသော နဂါးကြီးက ဖမ်းဆီးခြင်းများ လုပ်ဆောင်သည့်အခါ၊ အသင်းတော်အဖို့ ထိခိုက်ပျက်စီးခြင်းများသည် အထူးသဖြင့် အလွန် ဆိုးရွားလေသည်။) အန္တိခရစ်များ လုပ်ဆောင်သည့် အရာသည် ဘုရားအိမ်တော်၏ အလုပ်နှင့် ပူဇော်သက္ကာများကို အဆင်းနီသော နဂါးကြီးထံ အပ်နှံသည့် သဘောသက်ရောက်ပေသည်။ ဤအရာကို ဖြေရှင်းဖို့ တစ်စုံတစ်ဦးကို ၎င်းတို့ မစေလွှတ်ဘဲ၊ လျစ်လျူရှုကြသည်။ ယင်းသည် အခြားသော အသွင်ဖြင့် သစ္စာဖောက်ခြင်းဖြစ်ပြီး- ၎င်းတို့က ဂရုမစိုက်ကြချေ။ ဘုရားသခင်ကို သစ္စာစောင့်သိသည့်သူများက အန္တရာယ်များ ပါရှိသည်ကို ရှင်းလင်းစွာ သိပြီး ၎င်းတို့ကိုယ်တိုင် မဆုတ်ခွာမီ နောက်ဆက်တွဲ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့နှင့် ဘုရားအိမ်တော်ကို ဆုံးရှုံးများ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းဖို့ လိုလားလျက်ရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို ဦးစားမပေးကြပေ။ သင်တို့က ဤအရာကို အဘယ်သို့ ပြောသနည်း။ လူများက မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို အနည်းငယ်မျှ ဂရုစိုက်၍ပင် မရသလော။ မိမိတို့၏ပတ်ဝန်းကျင်ရှိ အန္တရာယ်များကို မည်သူက သတိမပြုမိဘဲ နေမည်နည်း။ သို့ရာတွင် သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းဖို့အလို့ငှာ စွန့်စားရမည် ဖြစ်သည်။ ဤသည်မှာ သင်၏တာဝန် ဖြစ်သည်။ သင်သည် သင်ကိုယ်တိုင်၏ ဘေးကင်းရေးအတွက် ဦးစားမပေးသင့်ပေ။ ဘုရားအိမ်တော်၏အလုပ်နှင့် သင့်အား ဘုရားသခင် ယုံကြည်စွာပေးအပ်သည့် အရာတို့သည် အရေးအကြီးဆုံးဖြစ်ပြီး၊ ယင်းတို့က အခြားအရာအားလုံးထက် ဦးစားပေးရမည့်အရာများ ဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကိုသာ အဓိက ဦးစားပေးကြသည်။ အခြားမည်သည့်အရာမျှ ၎င်းတို့နှင့် မသက်ဆိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ အခြားသူတစ်ဦးကို တစ်စုံတစ်ခုဖြစ်သည့်အခါ၊ ထိုသူ မည်သူဖြစ်နိုင်ပါစေ ၎င်းတို့ ဂရုမစိုက်ကြချေ။ အန္တိခရစ်များ ကိုယ်တိုင် မည်သည့်ဆိုးရွားသည့်အရာမျှ မဖြစ်သရွေ့၊ ၎င်းတို့ စိတ်အေးလက်အေး ဖြစ်ကြသည်။ ၎င်းတို့၌ သစ္စာစောင့်သိခြင်း တစ်စက်မျှ မရှိပေ၊ ယင်းကို အန္တိခရစ်တစ်ဦး၏ သဘာဝနှင့်အနှစ်သာရတို့က ဆုံးဖြတ်ပေး၏။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၂)”) ဒီဘုရားနှုတ်ကပတ်တော် စာပိုဒ်က တကယ်ကို စိတ်ထိခိုက်စေတယ်။ အန္တိခရစ်ရဲ့ စိတ်သဘောထားက ဆိုးယုတ်ပြီး တကယ်တစ်ကိုယ်ကောင်းဆန်သလို စက်ဆုပ်စရာပါ။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ဘေးကင်းရေးနဲ့ ပတ်သက်လာတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့လမ်းထဲ ရောက်စေတာထက် ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးနစ်နာစေချင်ကြတယ်။ သူတို့မှာ အသိစိတ်၊ ဆင်ခြင်တုံတရား နည်းနည်းမှမရှိသလို၊ ဘုရားကိုလည်း သစ္စာစောင့်သိမှု နည်းနည်းလေးတောင် မရှိပါဘူး။ ကျွန်မကတော့၊ အန္တရာယ်ကို ကြုံရတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမယ်၊ အန္တရာယ်တွေကို ဘယ်လို ရှောင်ရှားရမယ် ဆိုတာကိုပဲ အမြဲ တွေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ တိုက်ခန်းမှာ ရှိနေတုန်းပဲဆိုတာကို သိတဲ့အချိန်မှာ၊ အဲဒါတွေကို မပြောင်းရွှေ့ခဲ့ရင်၊ ရဲတွေ သိမ်းယူတာ ခံရနိုင်သလို ဘုရားအိမ်တော်က ထိခိုက်နစ်နာမှုတွေ ခံရမယ်မှန်း ကျွန်မ ရှင်းရှင်းလင်းလင်း နားလည်ခဲ့တယ်။ ဘုရားအိမ်တော်ရဲ့အကျိုးစီးပွားကို ကျွန်မ ဦးစားပေးပြီး အဲဒီစာအုပ်တွေကို ချက်ချင်း ပြောင်းရွှ့ခဲ့သင့်တယ်။ ဒါပေမယ့် ကျွန်မက မျက်နှာပြလိုက်ရင်၊ ရဲတွေဖမ်းတာ၊ ညှဉ်းဆဲနှိပ်စက်တာတွေ ခံရမှာ ဖြစ်သလို၊ သေတောင်သေသွားနိုင်တဲ့ အန္တရာယ်ရှိမှာကို စိုးခဲ့တယ်။ ဒါကြောင့် ကျွန်မ မသွားချင်ခဲ့ဘူး။ အခြေခံအားဖြင့်၊ ကျွန်မက အဲဒီ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ရဲတွေဆီ လွှဲအပ်နေခဲ့တာ မဟုတ်လား။ ဘယ်အနေအခြေမှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင် ဘေးကင်းရေးကို ကျွန်မ ပထမဆုံး စဉ်းစားပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို သိပ်အလေးမထားခဲ့ဘူး။ ကျွန်မတာဝန်မှာ ဘေးကင်းကင်းနဲ့ လုပ်ချင်ခဲ့ပေမယ့်၊ အဲဒီလို လုပ်ရင်းနဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကျွန်မ သစ္စာဖောက်နေခဲ့တာပါ။ ကျွန်မ လူမဆန်လိုက်တာ။ အပေါ်ယံမှာ ကျွန်မက အန္တိခရစ်တစ်ယောက်လို အပြစ်နဲ့ပြည့်တဲ့ပုံ မပေါ်နိုင်ပေမယ့်၊ ကျွန်မရဲ့ စိတ်သဘောထားက အန္တိခရစ်နဲ့ ဘာမှ မကွာခြားခဲ့ဘူး။ တကိုယ်ကောင်းဆန်တယ်၊ စက်ဆုပ်စရာဖြစ်ခဲ့ပြီး၊ ကိုယ်ကျိုးကြည့်တတ်တဲ့စိတ်နဲ့ပဲ ပြုမူခဲ့တယ်။ နောင်တမရခဲ့ရင်၊ ဘုရားရဲ့ အမျက်ဒေါသနဲ့ ငြင်းပယ်မှုကို ခံရမှာ သေချာတယ်။ ဘုရားကို တကယ်ယုံကြည်ပြီး သစ္စာရှိသူတွေက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ဘေးကင်းရေးကို မစဉ်းစားကြဘူး။ အရေးကြီးတဲ့အချိန်တွေမှာ၊ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကို လျစ်လျူရှုပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ကြတယ်။ သူတို့က ဘုရားနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ကြတယ်။ အဲဒီနောက်မှာ ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို ကျွန်မ ကျောခိုင်းရမှာဖြစ်ပြီး၊ အခြေအနေက ဘယ်လိုအန္တရာယ်များပါစေ၊ ဘယ်လောက် အခက်အခဲ ကျွန်မ ရင်ဆိုင်ရပါစေ၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အရာရာကို စွန့်စားဖို့ အဆင်သင့်ဖြစ်သင့်တယ်လို့ ကျွန်မ အသေအချာ သိသွားခဲ့တယ်။ ဘုရားကို ယုံကြည်ချက်ထားပြီး၊ ဖြစ်နိုင်သမျှ ထိခိုက်နစ်နာမှုတွေ လျှော့ပါးစေဖို့ အဲဒီစာအုပ်တွေကို ပြောင်းရွှေ့ဖို့ ကျွန်မ လိုလားခဲ့တယ်။ အဲဒီနောက်မှာ၊ ကျွန်မရဲ့ ဆုတောင်းချက်တွေက ဒီပြဿနာကို ဆက်ဗဟိုပြုနေခဲ့ပြီး၊ ကျွန်မကို ယုံကြည်ခြင်းပေးပြီး မဝံ့ရဲတဲ့စိတ်နဲ့ အကြောက်တရားအားလုံးကို ဖယ်ရှားပေးဖို့လည်း ဘုရားဆီ ဆုတောင်းခဲ့တယ်။ အရင်နှစ်ရက်က ကြည့်ခဲ့ရတဲ့ သေရာပါ အမာရွတ်လို့ခေါ်တဲ့ ရုပ်ရှင်တစ်ကားကို တွေးမိတယ်။ ဇာတ်ဆောင်က ငယ်တဲ့အရွယ် အသက် ၁၃နှစ်ကစပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းတာ၊ နှိပ်စက်တာတွေကို ကြုံခဲ့ရတယ်။ ၂၈နှစ်အရွယ်မှာ၊ သုံးကြိမ် သူ အဖမ်းခံခဲ့ရပြီး နှိပ်စက်မှုမျိုးစုံကို ခံခဲ့ရတယ်။ ဒါပေမယ့် ဘယ်လိုမချိမဆံ့ခံစားရပြီး ခက်ခဲပါစေ၊ သူ့ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အချိန်မှာတောင်၊ လမ်းတစ်လျှောက်လုံးမှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ဘုရားနှုတ်ကပတ်တော်တွေအပေါ် သူ မှီခိုခဲ့ပြီး၊ နောက်ဆုံးမှာ စာတန်ကို အနိုင်ယူခဲ့သလို သက်သေရပ်တည်ခဲ့တယ်။ ပြီးတော့၊ ထောင်ကထွက်ပြီးတဲ့နောက်မှာတောင်၊ အဖန်ဆင်းခံတစ်ဦးအနေနဲ့ သူ့ရဲ့ တာဝန်ကို ဆက်ဖြည့်ဆည်းခဲ့တယ်။ အဖမ်ခံခဲ့ရပြီးတဲ့၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ညှဉ်းဆဲပြီး၊ ဦးနှောက်ကျင်းခံခဲ့ရပြီးတဲ့ ညီအစ်ကို မောင်နှမအများကြီးရဲ့ အကြောင်းနဲ့ စာတန်ရဲ့ အကျပ်ကိုင်မှုနဲ့ နှိပ်စက်မှုကို အောင်မြင်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို သူတို့ အသုံးပြုခဲ့ပုံကိုလည်း ကျွန်မ တွေးမိခဲ့တယ်။ စာတန်အနေနဲ့ ဘယ်လိုပဲ ဆိုးယုတ်ပြီး ရက်စက်နိုင်ပါစေ၊ ဘုရားအပေါ် ကျွန်မတို့ အစစ်အမှန် မှီခိုနိုင်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေ လမ်းပြတာ ခံရသရွေ့၊ စာတန်ကို အောင်မြင်ပြီး သက်သေရပ်တည်နိုင်မှန်း ကျွန်မ နားလည်သွားခဲ့တယ်။ ဒါက အရမ်းကို ခွန်အားရစရာဖြစ်ပြီး ကျွန်မရဲ့ ယုံကြည်ခြင်းကို အသစ်ဖြစ်စေခဲ့တယ်— ကျွန်မ သိပ်မကြောက်တော့ဘူး။
အဲဒီနောက် ကိုယ့်ကိုယ်ကိုယ်နဲ့ပတ်သက်လို့လည်း ကျွန်မ သုံးသပ်ခဲ့တယ်- ဒီလိုအန္တရာယ်များတဲ့တာဝန်ကို ကျွန်မ သိပ်လက်မခံချင်ရတဲ့အကြောင်းရင်းက ရဲတွေရဲ့ ညှဉ်းဆဲတာခံမှာကို ကျွန်မ ကြောက်ခဲ့လို့ဖြစ်ပါတယ်။ သေဖို့မပြောနဲ့ ဆင်းရဲဒုက္ခတောင် ကျွန်မ မခံချင်ခဲ့ပါဘူး။ အဲဒီနောက်မှာပဲ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ သတိရသွားခဲ့တယ်- “ငါတို့ကို ဘုရားသခင် တောက်လျှောက် လမ်းပြခဲ့သည့် လမ်းကြောင်းသည် မဖြောင့်သန်းဘဲ ချိုင့်များပြည့်သည့် ကောက်ကွေ့သော လမ်းတစ်ခု ဖြစ်သည်။ ထို့အပြင် လမ်းကြောင်းက ကြမ်းတမ်းလေလေ၊ ငါတို့၏ ချစ်သော နှလုံးသားများကို ထုတ်ဖော်ပြနိုင်လေလေ ဖြစ်သည်ဟု ဘုရားသခင်က ပြောလေသည်။ သို့တိုင် ထိုသို့သော လမ်းကြောင်းတစ်ခုကို ငါတို့ထဲမှ မည်သူမျှ မဖွင့်နိုင်ကြ။ ငါ၏ အတွေ့အကြုံတွင်၊ ငါသည် ကျောက်ဆောင်ကျောက်တုံး အတိပြီးသော၊ စိတ်မချရသည့် လမ်းကြောင်းများကို လျှောက်ပြီးဖြစ်ကာ ကြီးမားသည့် ဆင်းရဲဒုက္ခကို ငါ အောင့်ခံပြီးဖြစ်၏။ တစ်ခါတစ်ရံ ငါသည် အလွန် လုံးဝ သောကရောက်သည်မှာ အော်ဟစ်လိုက်ချင်ခဲ့၏၊ သို့သော် ငါသည် ဤလမ်းကြောင်းကို ယနေ့ထိ လျှောက်ခဲ့လေပြီ။ ဤသည်မှာ ဘုရားသခင် ဦးဆောင်သော လမ်းကြောင်းဖြစ်သည်ဟု ငါ ယုံကြည်၏၊ ထို့ကြောင့် ဆင်းရဲဒုက္ခအလုံးစုံ၏ ညှဉ်းဆဲမှုကို ငါ သည်းခံခဲ့ပြီး ဆက်လက် ရှေ့ဆက်ခဲ့သည်။ အကြောင်းမူကား ဤသည်မှာ ဘုရားသခင် စီမံထားသည့်အရာ သောကြောင့်ဖြစ်၏၊ ထို့ကြောင့် ယင်းထံမှ အဘယ်သူ လွတ်မြောက်နိုင်သနည်း။ ငါသည် မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ ရရှိဖို့ရန် မတောင်းဆို။ ငါ တောင်းဆိုသမျှမှာ ဘုရားသခင်၏ အလိုတော်နှင့်အညီ ငါ လျှောက်သင့်သည့် လမ်းကြောင့်ကို ငါ လျှောက်နိုင်ဖို့ ဖြစ်သည်။ အခြားသူများ လျှောက်သည့် လမ်းကြောင်းကို လျှောက်လှမ်းရင်း၊ ၎င်းတို့ကို ငါ အတုခိုးဖို့ မကြိုးစားပေ။ ငါ ကြိုးစားသမျှမှာ ငါ၏ သတ်မှတ်ထားသော လမ်းကြောင်းကို အဆုံးထိ လျှောက်ဖို့ရန် ငါ၏ ဆက်ကပ်မှုကို ပြည့်စုံစေနိုင်ဖို့ ဖြစ်သည်။...ဤသည်မှာ လူတစ်ဦး ဒုက္ခခံရမည့် ပမာဏနှင့် ၎င်း၏ လမ်းကြောင်းအပေါ် ၎င်း လျှောက်လှမ်းရမည့် အကွာအဝေးကို ဘုရားသခင်က စီမံထားပြီး မည်သူမျှ အခြားတစ်ဦးတစ်ယောက်ကို တကယ် မကူညီနိုင်ဟု ငါ အမြဲ ယုံကြည်ထားသောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၆)) ဘုရားနှုတ်ကပတ်တော်က ဒီလိုပြောခဲ့ပုံကိုလည်း ကျွန်မ တွေးမိခဲ့တယ်- “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၅) အဲဒီနောက် ကျွန်မ သဘောပေါက်လိုက်တာက၊ ကိုယ့်ရဲ့ သေရေး၊ ရှင်ရေးလိုပဲ၊ လူတိုင်းရဲ့ ကံကြမ္မာက ဘုရားလက်ထဲမှာရှိတယ်ဆိုတာကိုပါပဲ။ ကျွန်မအနေနဲ့ အဖမ်းခံရပြီး ထောင်ထဲ အထည့်ခံရ၊ ညှဉ်းဆဲ၊ နှိပ်စက်ခံရသည်ဖြစ်စေ၊ အားလုံးက ဘုရားသဘောအတိုင်းပါပဲ။ ကျွန်မ လုံးဝ ကျိုးနွံနာခံသင့်တယ်။ ယောဘအပေါ် စာတန်ရဲ့ စုံစမ်းနှောင့်ယှက်ခြင်း ဖြစ်စဉ်ထဲကလိုပါပဲ။ ယောဘရဲ့ ပစ္စည်းဥစ္စာ သိမ်းခံခဲ့ရတယ်၊ သူ့ရဲ့ သားသမီးတွေ အသတ်ခံခဲ့ရပြီး ခန္ဓာကိုယ်တစ်ခုလုံးက အနာစိမ်းတွေနဲ့ ဖုံးခဲ့တယ်။ ဘုရားက စာတန်ကို ယောဘရဲ့ အသက်ကို ယူခွင့်မပေးခဲ့လို့၊ စာတန်က ဘုရားကို အာမခံဝံ့ခဲ့ဘူး။ ဒါကဘုရားရဲ့ ဩဇာအာဏာ ဖြစ်တယ်။ ဘုရားရဲ့ အချုပ်အခြာအာဏာကို ယောဘက သိခဲ့တယ်၊ ဒါကြောင့် အဆုံးစွန် ဆင်းရဲဒုက္ခရဲ့ ဖမ်းဆုပ်မှုထဲ ရှိနေတုန်းမှာတောင်၊ ဘုရားကို သူအပြစ်မတင်ခဲ့သလို၊ ဒီလိုတောင် ပြောခဲ့တယ်- “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘဝတ္တု ၁:၂၁) နောက်ဆုံးမှာ၊ စာတန်ကို ယောဘက လုံးလုံးလျားလျား အရှက်ရစေခဲ့ပြီး ဘုရားဆီက ကောင်းချီးနှစ်ဆ ရခဲ့တယ်။ ဘုရားက သူ့အမှုတော်ကို စကတည်းက၊ ကိုယ့်ယုံကြည်ခြင်းအတွက် ဘယ်သူသေမယ်၊ ဘယ်သူ ထောင်ချခံရပြီး တစ်ဦးချင်းစီက ဘယ်ဆင်းရဲဒုက္ခမျိုး ကြုံရမယ်ဆိုတာတွေကို စီမံပြီး စီစဉ်ထားပြီးသားဖြစ်သလို၊ ကိစ္စရပ်တိုင်းမှာ၊ ဘုရားရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ ကျေးဇူးတော်ခေတ်မှာ၊ သခင်ယေရှုရဲ့ ဧဝံဂေလိ ဖြန့်နေတုန်းမှာ သန့်ရှင်းသူတွေ အများကြီး သေဆုံးခဲ့ကြတယ်။ ဥပမာအနေနဲ့ ပေတရုကို ကြည့်- သူက ကားစင်တင်ခံခဲ့ရတဲ့ပုံပေါ်ခဲ့ပေမယ့်၊ သူ့ဝိညာဉ်က ကောင်းကင်နိုင်ငံတော်ထဲမှာ နိုးထခဲ့ပြီး ဘုရားရဲ့ ထာဝရ ထောက်ခံချက်နဲ့ ကောင်းချီးကို ရရှိခဲ့တယ်လေ။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးဖြစ်တဲ့ ကျွန်မတို့ရဲ့ ညီအစ်ကို မောင်နှမ အများကြီးက တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးတာခံရပြီး ရက်စက်တဲ့ ညှဉ်းဆဲ၊ စော်ကားမှုမျိုးစုံကို ခံရပြီးပြီဖြစ်ပေမယ့်၊ စာတန်ကို အရှုံးမပေးခဲ့ကြဘူး။ ထောင်ကထွက်ပြီးတဲ့နောက်၊ ဘုရားကို ချီးကျူးလောက်စရာ၊ တောက်ပတဲ့ သက်သေတွေ အများကြီး ပေးရင်းနဲ့ သမ္မာတရားကို ဆက်အားထုတ်ခဲ့ကြပြီး၊ သူတို့ရဲ့ တာဝန်တွေကို ဖြည့်ဆည်းဖို့ အန္တရာယ်ကို ရင်ဆိုင်ခဲ့ကြတယ်။ သူတို့အားလုံးက ဘုရားရဲ့ စုံလင်စေခြင်း ခံရပြီးဖြစ်တဲ့ အောင်မြင်သူတွေ ဖြစ်တယ်၊ သူတို့ရဲ့ ခန္ဓာက ဆင်းရဲဒုက္ခခခံရကောင်း ခံရနိုင်ပေမယ့်၊ သမ္မာတရားကို သူတို့ ရယူပြီးဖြစ်သလို ဘုရားရဲ့ထောက်ခံချက်နဲ့ ကောင်းချီးကို ရရှိပြီးဖြစ်တယ်။ ဒါပေမယ့်၊ အဖမ်းခံရပြီးတဲ့နောက်၊ ညှဉ်းဆဲ နှိပ်စက်ခံရမှာကြောက်တာကြောင့်၊ ဘုရားသခင်နဲ့ သူတို့ ညီအစ်ကို မောင်နှမတွေကို သစ္စာဖောက်ခဲ့ကြပြီး ယုဒလို အရှက်ရ စွန့်ပစ်ခံခဲ့ရတဲ့ သူတွေလည်း ရှိတယ်။ သူတို့က ဘုရားရဲ့ စိတ်သဘောထားကို ဆိုးဆိုးရွားရွား ပုန်ကန်ပြစ်မှားမိခဲ့ကြပြီး၊ ဘုရားရဲ့ ကယ်တင်ခြင်းကို အမြဲ ဆုံးရှုံးသွားခဲ့ကြတယ်။ လူတချို့က ထောင်ချခံရမှာကိုလည်း ကြောက်ကြတယ်၊ ဒါကြောင့် မဝံ့မရဲနဲ့ အကြောက်တရားထဲမှာ အသက်ရှင်ကြပြီး ကိုယ့်တာဝန်တွေကို မဖြည့်ဆည်းဝံ့ကြဘူး။ ဘုရားနဲ့ တိုးပြီး ဝေးသွားကြသလို ဘုရားကို သစ္စာဖောက်ကြပြီး တောပင်တွေနဲ့ မယုံကြည်သူတွေ ဖြစ်လာကြတယ်။ အမှန်က၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးမှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုက တစ်ယောက်စီကို အမျိုးအစားအလိုက် ခွဲခြားရင်းနဲ့ ဘယ်သူတွေက စစ်မှန်တဲ့ ယုံကြည်သူတွေဖြစ်ပြီး ဘယ်သူတွေက အယောင်ဆောင် ယုံကြည်သူတွေ ဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြလိုက်ပါပြီ။ ဒီအရာကနေ၊ ဘုရားက ဘယ်လောက် အမြော်အမြင်ရှိပြီး ဖြောင့်မတ်တယ်ဆိုတာကို မြင်နိုင်တယ်။ အဲဒီနောက် ဘုရားအိမ်တော်ရဲ့ စာအုပ်တွေကို ပြောင်းရွှေ့တာက ဘုရားကို ကျွန်မ သစ္စာစောင့်သိခြင်း ရှိမရှိဆိုတာနဲ့ သူ့အတွက် ကျွန်မ သက်သေရပ်တည်ခြင်း ရှိမရှိဆိုတာကို သိရဖို့ ကျွန်မအပေါ် ဘုရားရဲ့ စမ်းသပ်နည်းဖြစ်မှန်း နားလည်ခဲ့ရတယ်။ ဒါကို နားလည်ပြီးတဲ့နောက်၊ ကျွန်မရဲ့ တာဝန်ကို အကောင်းဆုံး ဖြည့်ဆည်းဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မ တကယ် အဖမ်းခံခဲ့ရရင်၊ ဘုရားသခင်အတွက် သက်သေရပ်တည်ဖို့ ကိုယ့်အသက်အပါအဝင် အရာရာကို စွန့်စားမှာဖြစ်ပြီး၊ သေရမယ်ဆိုရင်တောင် စာတန်ကို အရှုံးပေးမှာ မဟုတ်ဘူး။ ကျွန်မ အရမ်းကို အေးချမ်းပြီး တည်ငြိမ်သွားခဲ့တယ်။ ပြီးတော့ ဘုရားကို သူ့ရဲ့ ကယ်တင်ခြင်း၊ အသိဉာဏ်ပွင့်လင်းစေခြင်းနဲ့လမ်းပြခြင်းအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ အဲဒါက ဒီအခက်အခဲတွေကနေတစ်ဆင့် သမ္မာတရားတချို့ကို နားလည်ဖို့ ကျွန်မကို အခွင့်ပေးခဲ့ပြီး၊ ပိုလက်တွေ့ကျတဲ့ သင်ခန်းစာကို သင်ပေးခဲ့တာပါ။ နောက်နေ့မနက် ပထဆုံး လုပ်တာက၊ ကျွန်မ ထပြီး ဘုရားဆီ ဆုတောင်းတယ်၊ ကျွန်မကို ယုံကြည်ခြင်းနဲ့ သတ္တိပေးဖို့ တောင်းလျှောက်ပြီး၊ သူ့ရဲ့ လမ်းပြမှုကို ကျိုးနွံနာခံဖို့ လိုလားနေကြောင်းကို သူ့ကို ပြောပြတယ်။ ဖြစ်ချင်တော့ အဲဒီနေ့မှာ မိုးရွာနေခဲ့တယ်၊ ဘယ်သူမှ အပြင်မထွက်ကြဘူး၊ ဒါကြောင့် တိုက်ခန်းထဲကို လစ်ဝင်ဖို့ အခွင့်အရေးကို အသုံးချလိုက်ပြီး၊ ဘုရားနှုတ်ကပတ်တော် စာအုပ်အားလုံးကို အထဲကနေ ပြောင်းရွှေ့လိုက်တယ်။
အဲဒီအတွေ့အကြုံပြီးတဲ့နောက်၊ ကျွန်မ အရမ်းပျော်ပြီး စိတ်ငြိမ်သွားခဲ့တယ်။ အဲဒီအရာအားလုံးကို ဖြတ်သန်းရတာက ကျွန်မကို ထုတ်ဖော်ပြပြီး စုံလင်စေခဲ့ပါတယ်။ ကျွန်မ ဘယ်လောက် တစ်ကိုယ်ကောင်းဆန်ပြီး လူ့သဘာဝ မရှိဘူးဆိုတာကို ထုတ်ဖော်ပြခဲ့သလို၊ ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံမှုကို စုံလင်စေခဲ့တယ်။ ဘုရားရဲ့ အနန္တတန်ခိုး၊ အချုပ်အခြာအာဏာ၊ ဉာဏ်ပညာတို့နဲ့ဆိုင်တဲ့ သိနားလည်မှု အသစ်ပေးခဲ့ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခွင့်ပေးခဲ့တာက ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုပါ။ ရှေ့မှာ ဖြစ်နိုင်ခြေ ဘာရှိတယ်ဆိုတာ ကျွန်မ မသိနိုင်ပေမယ့်၊ ကျွန်မ အရမ်း တွန့်ဆုတ်ပြီး မကြောက်လန့်တော့ဘူး။ ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကျွန်မရဲ့ တာဝန်တွေနဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ ကျွန်မ လိုလားလျက် ရှိပါတယ်။ ကျွန်မကို ကယ်တင်တဲ့အတွက် ဘုရားကို ကျေးဇူးတင်မိပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။