သင့်တာဝန်သည် သင်၏သက်မွေးမှုလုပ်ငန်း မဟုတ်
ပြီးခဲ့တဲ့နှစ်က လူသစ်နှစ်ယောက်အတွက် အသင်းတော်နှစ်ခုရဲ့အလုပ်ကို ကျွန်မ တာဝန်ယူခဲ့ရတယ်လေ။ တစ်ခါတလေ တခြားမှာ တာဝန်ထမ်းဆောင်ဖို့ ကျွန်မတို့ အသင်းတော်တွေကနေ လူတွေကို ပြောင်းပေးဖို့ လိုခဲ့တယ်။ ပထမတော့ ကျွန်မက ပူးပေါင်းဖို့ လိုလားပြီး လူတွေကို ချက်ချင်း အကြံပြုပေးလိုက်တာပဲ။ ဒါပေမဲ့ ကြာလာတော့ လူကောင်းတွေကို ပြောင်းရွှေ့တဲ့အခါ ကိုယ့်အလုပ် ပြီးအောင်လုပ်ဖို့ခက်တာကို သဘောပေါက်လာတယ်။ ကျွန်မ စိတ်ပူနေခဲ့တာ၊ ကျွန်မရဲ့ လုပ်ဆောင်ချက် ထိခိုက်မှာရယ်၊ ပြီးတော့ ကျွန်မအလုပ်မှာ ရလဒ်မရှိလို့ ခေါင်းဆောင်က ကျွန်မကို ထုတ်ပစ်ပြီး ကျွန်မရဲ့ဂုဏ်အဆင့်အတန်း ထိခိုက်မှာရယ်ကိုပေါ့။ ဒါကြောင့် ကျွန်မက သိပ်အဆင်သင့်မဖြစ်သေးသလို လူတွေကို ဖြည့်ပေးဖို့လည်း မလိုလားခဲ့ဘူး။ အဲဒါပြီးသိပ်မကြာခင်မှာပဲ အစွမ်းအစကောင်းသလို၊ အားထုတ်ရာမှာ စိတ်ထက်သန်တဲ့ အစ်မရန်နာဆိုတဲ့ ယုံကြည်သူအသစ်တစ်ယောက်ကို သတိပြုမိတယ်။ သူက ဘုရားနှုတ်ကပတ်တွေဖတ်ပြီး အသင်းတော် ဗီဒီယိုတွေ ကြည့်တယ်၊ သမ္မာတရားလက်တွေ့လုပ်ဆောင်ဖို့နဲ့ သမ္မာတရားလက်တွေ့အရှိတရားထဲဝင်ရောက်ဖို့ အကြောင်း ကျွန်မကို မေးခွန်းတွေ အမြဲမေးတယ်။ ကျွန်မသိလိုက်တယ်။ ကျွန်မတို့အသင်းတော်က ရေလောင်းတဲ့အဖွဲ့ခေါင်းဆောင်တစ်ယောက် လိုနေလို့၊ သူ့ကို အဲဒီအတွက် ချက်ချင်း ပျိုးထောင်ပေးသင့်တယ်လို့။ ဒါနဲ့ သူနောက်ထပ် သမ္မာတရားတွေ နားလည်ပြီး အဲဒီတာဝန်ကို ယူနိုင်ဖို့ သူ့ကို ကျွန်မ အထောက်အပံ့ အများကြီး ပေးခဲ့တယ်။ ကျွန်မက ယုံကြည်သူအသစ်တွေကို ရေလောင်းနေရုံတင်မဟုတ်ဘဲ၊ ရလဒ်တွေပါ ရနေပုံပေါက်မယ်၊ ကျွန်မက တကယ်ကို တတ်နိုင်စွမ်းတယ်လို့ လူတွေက တွေးမယ်၊ အဲဒါက အားလုံးအဆင်ပြေမယ်လို့ ထင်ခဲ့တာ။ အဲဒီနောက် တစ်နေ့မှာ ခေါင်းဆောင်က ကျွန်မကို ပြောလာတယ်။ တခြားအသင်းတော်တစ်ခုက ရေလောင်းဖို့ လူတစ်ယောက်လိုနေပြီး အစ်မရန်နာကလည်း တိုးတက်နေပြီး စိတ်ဓာတ်တက်ကြွလို့ တခြားအသင်းတော်မှာ အဲဒီတာဝန်ကို သူ သွားယူသင့်တယ်တဲ့လေ။ ဒါကိုကြားတော့ ကျွန်မ တော်တော် စိတ်ညစ်သွားပြီး တွေးမိတယ်။ ရေလောင်းတဲ့အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ ငါ့မှာတော့ သူ့ကို ပျိုးထောင်လိုက်ရတာ၊ အဲဒီအသင်းတော်တစ်ခုတည်း လူလိုနေတာမှ မဟုတ်တာလို့ပေါ့။ ကျွန်မက အဲဒါကို တကယ်ကို အတိုက်အခံ ဖြစ်မိတယ်။ နောက်နှစ်ရက်သုံးရက်မှာ ခေါင်းဆောင်က အစ်မရန်နာကို ပြောင်းရွှေ့ဖို့ ထပ်ဆွေးနွေးလာပြန်တယ်။ သူ့မှာ အစွမ်းအစကောင်းရှိပြီး နောက်ထပ် တာဝန်တွေအတွက် လေ့ကျင့်ပေးလို့ ရနိုင်တယ်တဲ့။ ကျွန်မရဲ့အတိုက်အခံစိတ်က ပိုကြီးလာပြီး တွေးမိတယ်။ “နင်က သူ့ကို ဒီလိုပဲ ခေါ်ထုတ်သွားချင်တာပဲလား။ ငါတို့အသင်းတော် ဆက်ဒုက္ခရောက်ခဲ့ရင်၊ ငါက အထုတ်ခံရမှာ” လို့ပေါ့။ ဒါနဲ့ ကျွန်မ ပြောလိုက်တယ်။ “သူဒီမှာနေပြီး သူ့ကို ခေါင်းဆောင်ရာထူးအတွက် ပျိုးထောင်ပေးလို့ရတယ်လို့ ကျွန်မ တွေးနေတာ။” ဆိုပြီးတော့ပေါ့။ တခြားအသင်းတော်မှာ နောက်ထပ်လူသစ်တွေ ရှိပြီး သူတို့မှာ ရေလောင်းဖို့အတွက် ပိုလိုအပ်ချက်ရှိတာ ကျွန်မသိပါတယ်။ သူ့ကို လွှတ်မပေးချင်ဘူးဆိုတာကို ဗြောင်ထုတ်မပြောရဲဘူးလေ။ ဒါပေမဲ့ ကျွန်မ ဒေါသအရမ်းထွက်နေပြီး နာလိုခံခက်ဖြစ်နေခဲ့တာ၊ လုံးဝကို လက်မခံနိုင်ခဲ့ဘူး။ အဲဒါပြီးသိပ်မကြာဘူး၊ ခေါင်းဆောင်က ကျွန်မတို့ အသင်းတော်က အဖွဲ့ခေါင်းဆောင်နှစ်ယောက်ကို ပြောင်းလိုက်တယ်။ ဒါနဲ့ ကျွန်မမှာ နေရာလပ်တွေကို မပြတ်ဖြည့်ပြီး လူသစ်တွေကို ပျိုးထောင်နေရတာပေါ့။ အရေးအကြီးဆုံးက တာဝန်နဲ့သင့်တော်တဲ့သူက အရမ်းကိုရှာရခက်တာပဲ။ ကျွန်မ ရလဒ်ကောင်းတွေမရခဲ့ရင်၊ ကိုယ့်ကိုယ်ကိုယ် သူများအမြင်ကောင်းအောင် လုပ်ခွင့် လုံးဝ ရှိမှာ မဟုတ်ဘူး။ အဲဒီတာဝန်ကို ကျွန်မ လုပ်ကိုမလုပ်နိုင်ဘူးလို့ ခံစားရပြီး၊ ပိုပြီး စိတ်ဆင်းရဲလာတယ်။ ကျွန်မ မတရားခံရသလို ခံစားမိပြီး မျက်ရည်တွေ မထိန်းနိုင်ဘူး။ အဲဒါကို မြင်ပြီးတော့ ခေါင်းဆောင်က ဘုရားရဲ့အလိုတော်နဲ့ သတ်မှတ်ချက်တွေကို ကျွန်မနဲ့ မိတ်သဟာယပြုခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ဘာကိုမှ စိတ်မဝင်စားခဲ့ဘူး။ နောက်ပိုင်းမှာ အဲဒီလိုပြုမူတာက အသင်းတော်ရဲ့အလုပ်ကို နှောင့်နှေးစေတယ်လို့ သူပြောခဲ့ပေမဲ့၊ အဲဒါကို ကျွန်မ လုံးဝ လက်မခံနိုင်ခဲ့ဘူး။ ကျွန်မ တွေးမိတယ်၊ “ဒါပေမဲ့ ဒါဟာလည်း ငါတို့အသင်းတော်ရဲ့အလုပ်အတွက် ထည့်တွက်လို့မဟုတ်ဘူးလား။ ငါက ဟန့်တားနေတယ်လို့ နင်ထင်တယ်ဆိုရင်၊ နင်လုပ်လို့ရတာပဲ။ ငါ့ကိုသာ အလုပ်ထုတ်လိုက်ပါလား၊ ဒါဆိုရင် ငါလည်း ဘာပြဿနာမှ မရှာတော့ဘူးပေါ့” လို့ပေါ့။ အဲဒီလိုနည်းလမ်းနဲ့ တွေးလိုက်တော့ ကျွန်မ စိတ်မကောင်းဘူး။ ဒါကြောင့် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ အခုဖြစ်နေတာတွေကို သမီး မနာခံနိုင်ဘူး။ မတရားလုပ်ခံရတယ်လို့ ခံစားရတယ်။ သမီးမှာ ရှိတဲ့ပြဿနာကို နားလည်နိုင်အောင် ကျေးဇူးပြုပြီး လမ်းပြတော်မူပါ” လို့ပေါ့။
အဲဒီအချိန်က ကျွန်မ ဆန်းစစ်ခဲ့တယ်။ ခေါင်းဆောင်က ပုံမှန်ပြောင်းလဲမှုလုပ်ဖို့ လိုအပ်ချိန်မှာ တခြားသူတွေက အဆင်ပြေပေမဲ့၊ ငါကတော့ ဘာလို့များ ပြဿနာရှိနေပါလိမ့်ပေါ့။ ကျွန်မ အဲဒါကို ခုခံတွန်းလှန်ရမယ်လေ။ ကျွန်မစိတ်ထဲမှာ အတိုက်အခံ အများကြီးလုပ်နေပြီး အဲဒီလိုနည်းလမ်းနဲ့ ကျွန်မပြုမူတာ တစ်ခေါက် နှစ်ခေါက် မကတော့ဘူး။ ကျွန်မအတွက် နာခံဖို့က ဘာလို့အရမ်းခက်ခဲနေပါလိမ့်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒီကျမ်းပိုဒ်ကို ကျွန်မ သတိရမိတယ်။ “တာဝန်တစ်ခုကို သင်စီမံသည် မဟုတ်ပေ၊ ၎င်းမှာ သင်၏သက်မွေးမှုလုပ်ငန်း သို့မဟုတ် သင်၏ကိုယ်ပိုင်အလုပ် မဟုတ်ပေ။ ယင်းအစား ၎င်းမှာ ဘုရားသခင်၏အမှု ဖြစ်သည်။ ဘုရားသခင်၏အမှုသည်၊ သင်၏ပူးပေါင်းဆောင်ရွက်မှုလိုအပ်ပေသည်၊ ယင်းက သင်၏တာဝန်ကို ဖြစ်ပေါ်စေခြင်း ဖြစ်၏။ လူသား ပူးပေါင်းဆောင်ရွက်ရမည့် ဘုရားသခင်၏ အမှု အစိတ်အပိုင်းမှာ လူသား၏တာဝန် ဖြစ်သည်။ တာဝန်မှာ ဘုရားသခင်၏ အမှု အစိတ်အပိုင်း ဖြစ်သည်- သင်၏သက်မွေးမှုလုပ်ငန်း၊ သင်၏ အိမ်တွင်းရေးကိစ္စမဟုတ်သကဲ့သို့ ဘဝထဲက သင်၏ ပုဂ္ဂိုလ်ရေး ကိစ္စမဟုတ်ပေ။ သင်၏ တာဝန်သည် အပြင်ပိုင်း အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ဖြစ်စေ အတွင်းရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ဖြစ်စေ ၎င်းမှာ ဘုရားသခင်၏ အိမ်တော်၏အလုပ် ဖြစ်သည်၊ ၎င်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး၊ သင့်ကို ဘုရားသခင် ပေးခဲ့ပြီးသော တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ ယင်းသည် သင်၏ ကိုယ်ပိုင်လုပ်ငန်းမဟုတ်ချေ။ သို့ဆိုလျှင်၊ သင်၏ တာဝန်ကို သင် မည်သို့ သဘောထား သင့်သနည်း။ ထို့ကြောင့် သင်သည် သင်၏ တာဝန်ကို သင် နှစ်သက်သည့် မည်သည့်နည်းလမ်းဖြင့်မဆို ဆောင်ရွက်၍မရပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်”) “တာဝန်ဟူသည်မှာ အဘယ်နည်း။ သင်သည် တာဝန်ပေးအပ်ခြင်းခံရသည်နှင့်တစ်ပြိုင်နက်၊ ဤတာဝန်သည် သင်၏ကိုယ်ပိုင် အလုပ်ကိစ္စဖြစ်လာသည်ဟု ပြောလျှင် မှန်နိုင်သလော။ လူအချို့က ‘ကျွန်ုပ်ကို တာဝန်ပေးအပ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းမှာ ကျွန်ုပ်၏ ကိုယ်ပိုင် အလုပ်ကိစ္စ ဖြစ်သည်မဟုတ်လော။ ကျွန်ုပ်၏တာဝန်သည် ကျွန်ုပ်၏ အလုပ်တာဝန် ဖြစ်ပြီး ကျွန်ုပ်အား အလုပ်တာဝန်ပေးအပ်ခြင်းခံရသည့်အရာသည် ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စ ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စအဖြစ် ကိုင်တွယ်ပါက၊ ကျွန်ုပ်သည် ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်မည်ဟု ဆိုလိုသည်မဟုတ်လော။ ယင်းကို ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စအဖြစ် သဘောထားမဆက်ဆံပါက၊ ယင်းကို ကျွန်ုပ် ကောင်းစွာ လုပ်ဆောင်မည်လော’ ဟု ပြောကြသည်။ ဤစကားများသည် မှန်သလော၊ မှားသလော။ ယင်းတို့မှာ မှားယွင်းပေသည်။ ယင်းတို့သည် သမ္မာတရားနှင့် ဆန့်ကျင်နေသည်။ တာဝန်သည် သင်၏ကိုယ်ပိုင် အလုပ်ကိစ္စမဟုတ်ပေ၊ ယင်းသည် ဘုရားအမှု၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ဘုရားသခင် တောင်းဆိုသည့်အတိုင်း သင်လုပ်ဆောင်ရမည်၊ ဤသို့လုပ်ဆောင်ပါက တာဝန်ကို လက်သင့်ခံနိုင်သော စံနှုန်းတစ်ခုအထိ သင်ထမ်းဆောင်လိမ့်မည် ဖြစ်သည်။ ယင်းကို သင်၏ရူပါရုံအရ၊ သင်၏တောင်းဆိုချက်များအရ၊ သင်၏အယူအဆများနှင့် စိတ်ကူးများအရ ဆောင်ရွက်ပါက၊ ယင်းသည် စံနှုန်းနှင့်ကိုက်ညီမည် မဟုတ်ပေ။ သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏စီမံခန့်ခွဲမှု နယ်ပယ်အတွင်းတွင် ရှိသည့် အလုပ် မဟုတ်သည့်အတွက်၊ ယင်းသည် ဘုရားအိမ်တော်၏အလုပ် မဟုတ်သည့်အတွက်၊ ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ခြင်း မဟုတ်ပေ။ သင်သည် သင်၏ကိုယ်ပိုင် လုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်သည်၊ သို့ဖြစ်၍ ယင်းကို ဘုရားသခင်က အောက်မေ့သတိရခြင်း မရှိပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်”) ကျွန်မ သဘောပေါက်သွားတယ်။ တာဝန်ဟာ သက်မွေးမှုလုပ်ငန်းမဟုတ်ဘူး။ အဲဒါ ကျွန်မရဲ့အလုပ်မဟုတ်ဘူး ဆိုတာကိုပေါ့။ တာဝန်က ဘုရားရဲ့တာဝန်ပေးစေခိုင်းချက်ပါ။ ဒါကြောင့် အဲဒါကို ဘုရားနဲ့သူ့အိမ်တော်ရဲ့ သတ်မှတ်ချက်တွေအတိုင်း လုပ်ဆောင်သင့်ပါတယ်။ ကျွန်မရဲ့ကိုယ်ပိုင်ဆန္ဒတွေ၊ အစီအစဉ်တွေအတိုင်း လုပ်ချင်တာ မလုပ်သင့်ဘူး။ ကျွန်မက အလုပ်တွေအများကြီး လုပ်နေပုံပေါက်ပေမဲ့၊ အဲဒါက တာဝန်တစ်ခုကို လုပ်နေတာ မဟုတ်ဘူး။ ကျွန်မက စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေပြီး ဘုရားကို ခုခံနေတာပါ။ ပြန်တွေးကြည့်လိုက်တော့၊ တစ်ယောက်ယောက်ကို ပေးဖို့ ခိုင်းခံရတဲ့အခါတိုင်း၊ အစွမ်းအစကောင်းရှိတဲ့ အသင်းသားတွေကို လက်လွှတ်လိုက်ရင် ကျွန်မတို့ အသင်းတော်က ရလဒ်ကောင်းတွေ မရသလို၊ ကျွန်မရဲ့ရာထူးကို ဆုံးရှုံးမှာကို စိုးခဲ့တယ်။ ကျွန်မရဲ့ဂုဏ်သတင်းနဲ့ ဂုဏ်အဆင့်အတန်းကို ကာကွယ်နိုင်ဖို့ လူတွေကို မဖြည့်ပေးချင်ခဲ့ဘူး။ ကျွန်မရဲ့တာဝန်ကို ဘုရားက ကျွန်မကို ပေးတာ ဖြစ်ပြီး အဲဒါက ကျွန်မရဲ့ဝတ္တရားပဲဆိုတာကို သဘောတရားအရ သိပေမဲ့၊ လက်တွေ့မှာတော့ အဲဒါကို ကိုယ့်လုပ်ငန်းလို၊ ကိုယ့်ကိုယ်ပိုင် အလုပ်လို သဘောထားခဲ့တယ်။ အဲဒီအလုပ်က ကျွန်မကို ပေးတာဖြစ်တဲ့အတွက် အဲဒါက ကျွန်မရဲ့လုပ်ငန်းဖြစ်ပြီး၊ ကျွန်မမှာ အပြီးသတ် ဆုံးဖြတ်ခွင့်ရှိတယ်လို့ တွက်ခဲ့မိတယ်။ ကျွန်မအလုပ်ကို မထိခိုက်မှသာ လူတွေကို ကူဖြည့်ပေးဖို့ လိုလားခဲ့တယ်၊ ဒါပေမဲ့ ထိခိုက်လာတာနဲ့၊ လုံးဝ ခေါင်းမာခဲ့တယ်။ ဒါကြောင့် အစ်မရန်နာကို ပြောင်းတော့မယ်ဆိုတာကို သိတဲ့အချိန်မှာ၊ ကျွန်မက စိတ်ပျက်ပြီး သူ့ကို လက်မလွှတ်ချင်ခဲ့ဘူး။ ကျွန်မက အရမ်း မတရားလုပ်တယ်လို့ ခံစားရပြီး ဒေါသတောင် ထွက်ပြချင်တယ်၊ ကျွန်မတာဝန်ကို မလုပ်ချင်ဘူး။ ဒါဟာ ဘယ်လိုလုပ်ပြီး တာဝန်ထမ်းဆောင်ခြင်း ဖြစ်မှာလဲ။ ကျွန်မက ဘုရားအိမ်တော်ရဲ့အလုပ်ကို သိသိသာသာကြီး နှောင့်ယှက်ပြီး ဟန့်တားနေတာပါ။ ဘုရားအိမ်တော်ရဲ့အကျိုးစီးပွားကို ကျွန်မ မထိန်းသိမ်းနေခဲ့ပါဘူး၊ ဘုရားကို စိတ်ကျေနပ်စေဖို့ ကြိုးစားမနေခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်အတွက်သာ ကြံစည်နေခဲ့တာ။ ကျွန်မရဲ့ဂုဏ်သတင်းနဲ့ ဂုဏ်အဆင့်အတန်းတို့အတွက် အလုပ်လုပ်ဖို့ အခွင့်အရေးတစ်ခုအဖြစ် ကိုယ့်တာဝန်ကို အသုံးချရင်းနဲ့ပေါ့။ ကျွန်မက ကိုယ်ကျိုးအတွက်သာ လုပ်နေခဲ့တာပါ။ ကျွန်မ အလုပ် ဘယ်လောက်လုပ်နိုင်ပါစေ၊ ဘုရားက အဲဒါကို ဘယ်တော့မှ အောက်မေ့မှာ မဟုတ်ဘူး။ ဘုရားက ကျွန်မကို အဲဒီတာဝန်ပေးခဲ့တယ်၊ အလုပ်က ဘုရားအိမ်တော်အတွက်ပါ။ အသင်းတော်က တစ်ယောက်ယောက်ကို လိုအပ်တိုင်း ကျွန်မက တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သင့်တယ်။ ကိုယ့်အတွက်ပဲတွေးပြီး အတ္တကြီးနေလို့မရတော့ဘူးလေ။
ခေါင်းဆောင်က နောက်နေ့ စုဝေးပွဲမှာ ထုတ်ပြောခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကို ရေလောင်းဖို့က အသင်းတော် ခေါင်းဆောင်တွေရဲ့အလုပ်ဖြစ်သလို၊ လူတိုင်းက သူတို့နဲ့သင့်တော်တဲ့တာဝန်ကို လုပ်နိုင်ဖို့ လူတွေကို ပျိုးထောင်ပေးတာလည်း သူတို့အလုပ်ပဲတဲ့။ အဲဒါကို ကြားရတာက အိပ်မက်က နိုးလာသလိုပဲ။ သူပြောတာ မှန်တယ်။ ညီအစ်ကိုမောင်နှမတွေကို ရေလောင်းပြီး သင့်တော်တဲ့တာဝန် ကူရှာပေးတာက၊ ကျွန်မတာဝန်ထဲမှာ ပါတယ်လေ။ ဒါပေမဲ့ ဘုရားအိမ်တော်က တစ်ယောက်ယောက်ကို လိုအပ်တဲ့အခါ၊ ကျွန်မက မငြင်းရဲခဲ့ပေမဲ့၊ ကျွန်မစိတ်ထဲမှာတော့ အဲဒါကို တွန်းလှန်နေတယ်၊ မလုပ်ဖို့ ဆင်ခြေမျိုးစုံပေးနေခဲ့တယ်။ အဲဒါဟာ ကိုယ့်တာဝန်ကို လုပ်တာ မဟုတ်ဘူး။ ကျွန်မက အဲဒီကဏ္ဍမှာ ကိုယ့်တာဝန်တွေကိုတောင် မဖြည့်ဆည်းနေခဲ့ဘဲ၊ အားရကျေနပ်နေခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ရမယ့်အစား အသင်းတော်အလုပ်ကိုသာ ဟန့်တားနေခဲ့တယ်။ ကျွန်မက အဲဒီအစ်မပြောသလိုပဲ အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့တာ မဟုတ်ဘူးလား။ အဲဒီတာဝန်ကို စယူတဲ့အချိန်ကို ကျွန်မ မှတ်မိတယ်။ ဘုရားအိမ်တော်ရဲ့ဧဝံဂေလိအလုပ်အတွက် ကိုယ့်အပိုင်းကို လုပ်ချင်တာပဲရှိတာ။ ဒါပေမဲ့ ကျွန်မက အဟန့်အတား၊ ခလုတ်တံသင်း ဖြစ်လာခဲ့တယ်။ ဒီအချိန်မှာ ကျွန်မ နောင်တတချို့ကို ခံစားရပြီး ဘုရားဆီမှာ နောင်တရချင်တယ်။
နှစ်ရက်သုံးရက်ကြာပြီးတော့၊ ခေါင်းဆောင်က ဧဝံဂေလိအဖွဲ့ဝင် နှစ်ယောက်သုံးယောက်ကို တခြားအသင်းတော်ကို ပြောင်းဖို့ ကျွန်မကို ခိုင်းတဲ့ မက်ဆေ့ချ်ပို့လာတယ်။ အဲဒီမက်ဆေ့ချ်ကို တွေ့တဲ့အချိန်မှာ ကျွန်မက လုံးလုံး တည်ငြိမ်နေပြီး ဘုရားက ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ဆောင်အောင် အခွင့်ပေးဖို့ ဒါကို စီစဉ်နေတယ်ဆိုတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ အဖွဲ့ဝင်တွေကို ကျွန်မ အကဲဖြတ်နေတုန်းမှာ သူတို့နဲ့ခွဲဖို့ ဝန်လေးမှုတချို့ကို ခံစားရတယ်၊ အဖွဲ့ထဲက အကောင်းဆုံးအစ်မနှစ်ယောက်ကို တကယ် လွှတ်ပေးခဲ့ရင်ကောင်းမလား၊ ဒါမှမဟုတ် သိပ်မတော်တဲ့ နှစ်ယောက်ကို ပြောင်းလို့ရနိုင်မလားဆိုတာကို တွေးမိတယ်။ အဲဒီလိုတွေးချိန်မှာ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး အရင်အမှားမျိုးလုပ်နေပြန်ပြီဆိုတာ သဘောပေါက်လိုက်တယ်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ဖြစ်ခဲ့တယ်။ “လှည့်စားတတ်ပြီး ဆိုးယုတ်သည့် လူများ၏စိတ်နှလုံးများသည် ၎င်းတို့၏တစ်ကိုယ်ရေ ရည်မှန်းချက်များ၊ အစီအစဉ်များနှင့် အကြံအစည်များဖြင့် ပြည့်နှက်နေသည်။ ဤအရာများသည် ဘေးဖယ်ဖို့ လွယ်ကူသလော။ (မလွယ်ကူပါ။) ဤအရာ၏ဥပါယ်မှာ သင်သည် ယင်းတို့ကို ဘေးမဖယ်နိုင်သည့်အခါတွင်ပင် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ ယင်းမှာ စင်စစ်အားဖြင့် မခက်ခဲပေ။ သင်သည် ကွဲပြားခြားနားခြင်းကို သိနိုင်ဖို့သာ လိုအပ်သည်။ တစ်စုံတစ်ခုသည် ဘုရားသခင်၏အိမ်တော်နှင့် သက်ဆိုင်ပြီး ယင်းသည် အထူးအရေးပါပါက၊ သင်သည် ယင်းကို နေ့ရွှေ့ညရွှေ့လုပ်၍ မရပေ၊ အမှားလုပ်၍မရပေ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်၍မရပေ၊ သို့မဟုတ် ဘုရားအိမ်တော်၏အလုပ်ကို နှောင့်ယှက်၍ မရပေ။ ဤသည်မှာ သင်လိုက်နာသင့်သည့် အခြေခံသဘောတရား ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ မထိခိုက်သော်လည်း၊ သင်၏ရည်မှန်းချက်များနှင့် အလိုဆန္ဒတို့က အတော်အတန် အထိခိုက်ခံရပါက၊ ယင်းတို့အထိခိုက်ခံရသည်ကို သင်လက်ခံသင့်ပြီး ဘုရားသခင်၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မပြုသင့်ပေ၊ ယင်းမှာ လက်သင့်မခံနိုင်ဖွယ်ဖြစ်သည်။ သင်သည် သင်၏သေးနုပ်သော ရည်မှန်းချက်များနှင့် ဝင့်ဝါမှုကို ဖြည့်ဆည်းဖို့ငှာ ဘုရားအိမ်တော်၏အလုပ်ကို ကဖျက်ယဖျက်လုပ်ပါက၊ သင့်အတွက် အဆုံးသတ် အကျိုးဆက်မှာ အဘယ်အရာဖြစ်မည်နည်း။ သင်သည် အစားထိုးခံရမည်ဖြစ်ပြီး သုတ်သင်ဖယ်ရှင်းခြင်းခံရနိုင်သည်။ သင်သည် ဘုရားစိတ်သဘောထား၏ အမျက်ဒေါသကို ထိုက်ထိုက်တန်တန် ခံစားရမည် ဖြစ်ပြီး နောက်ထပ် အခွင့်အရေး တစ်ခုတလေမျှ ရကောင်းရမည် မဟုတ်ပေ။ ဘုရားသခင်က လူများကို ပေးသည့် အခွင့်အရေး အရေအတွက်၌ အကန့်အသတ်ရှိသည်။ လူများသည် ဘုရားသခင်၏ စမ်းသပ်ခြင်းခံရဖို့ အခွင့်အရေးမည်မျှ ရရှိသနည်း။ ဤအရာကို ၎င်းတို့၏အနှစ်သာရအတိုင်း ဆုံးဖြတ်လေသည်။ သင့်အား ပေးသည့်အခွင့်အရေးများကို ဖြစ်နိုင်သမျှ အကျိုးအမြတ်ရအောင် ဆောင်ရွက်ပြီး ဘုရားအိမ်တော်၏အလုပ် ပြီးဆုံးခြင်းကို သင်၏ကိုယ်ပိုင် မာနနှင့် ဝင့်ဝါမှုတို့၏ရှေ့၌ ထားနိုင်ပါက၊ သင်၌ မှန်ကန်သော စိတ်နေစိတ်ထား ရှိလေပြီ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်”) ဘုရားအိမ်တော်ရဲ့အလုပ်အတွက် လိုအပ်နေလို့ ခေါင်းဆောင်က ဒါကို စီစဉ်တာပါ။ အဲဒါကို ကျွန်မက ကိုယ့်နာမည်နဲ့ဂုဏ်အဆင့်အတန်းကို ကာကွယ်ချင်လို့ဆိုပြီး ဟန့်တားနေလို့မရဘူးလေ။ အကောင်းဆုံးအဖွဲ့ဝင်တွေက ပြောင်းခံရရင် ကျွန်မတို့အသင်းတော်အလုပ် ထိခိုက်ပြီး ကျွန်မ အထုတ်ခံရမှာကို အမြဲစိုးရိမ်ခဲ့တယ်။ ဘုရားအိမ်တော်ရဲ့အကျိုးစီးပွားတွေကို ထိန်းသိမ်းပြီး ဘုရားအလိုတော်ကို ဂရုစိုက်ရင် ဘယ်သူက အလုပ်ထုတ်ခံရမှာလဲ။ ဘယ်သူမှ အထုတ်မခံရပါဘူး။ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့သူ အဖွဲ့ဝင်ကောင်းတွေကို လက်မလွှတ်ချင် ဖြစ်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်နဲ့ အကျိုးစီးပွားတွေကို ထိခိုက်စေသူကသာ အထုတ်ခံရပြီး ဖယ်ရှင်းခံရတဲ့သူဖြစ်မှာပဲ။ အဲဒီအစ်မတွေကို ကျွန်မ ဖက်တွယ်ထားရင်တောင် ကျွန်မတို့အသင်းတော်တွေက သေချာပေါက် အဆင်ပြေမယ်လို့ အဓိပ္ပာယ်မရပါဘူး။ ကျွန်မရဲ့ကြံရွယ်ချက်တွေ မှားခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ပိုင် နာမည်နဲ့ ရာထူးကို ကာကွယ်နေရင်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ရမှာ မဟုတ်ဘူး။ ဒါဆိုရင် ဘုရားရဲ့ကောင်းချီးမင်္ဂလာတွေ မရှိဘဲ ကျွန်မရဲ့တာဝန်မှာ ရလဒ်ကောင်းတွေ ဘယ်လို ရနိုင်မှာလဲ။ ဒီအတွေးတွေက ကျွန်မကို စိတ်သက်သာရာရစေပြီး စိတ်ထဲမှာ ဘုရားကို ပြောမိတယ်။ “ဘုရားသခင်၊ သမီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ကိုယ်တော့်ကို စိတ်ကျေနပ်စေချင်ပါတယ်၊ ကိုယ့်နာမည်နဲ့ ဂုဏ်အဆင့်အတန်းကို ကာကွယ်တာ ရပ်ချင်ပါတယ်” ပေါ့။ အဲဒီနောက်မှာ လုပ်ရည်ကိုင်ရည် အကောင်းဆုံး ဧဝံဂေလိအဖွဲ့ဝင်နှစ်ယောက်ကို ကျွန်မ ပေးခဲ့တယ်။ ဒါကို လက်တွေ့လုပ်ဆောင်တာနဲ့ ကျွန်မ တကယ်ကို စိတ်သက်သာရာရခဲ့တယ်။ အဲဒီလိုဖြစ်ရတာ စိတ်ချမ်းသာတယ်။
အဲဒီအတွေ့အကြုံနောက်မှာ ကျွန်မ နည်းနည်း ပြောင်းသွားတယ် ထင်ခဲ့တာ၊ ဒါပေမဲ့ ကျွန်မ အံ့ဩရတာက၊ အဲဒီနောက်သိပ်မကြာခင်မှာပဲ ကျွန်မ လုံးလုံး ထုတ်ဖော်ခံခဲ့ရတာကိုပဲ။ တစ်နေ့မှာ ခေါင်းဆောင်က နောက်ထပ် ရေလောင်း အဖွဲ့ဝင်နည်းနည်းကို ပေးစေချင်ကြောင်း ကျွန်မကို ပြောလာတယ်။ ကျွန်မတို့ အသင်းတော်မှာ ဘာသာစကားနှစ်မျိုးပြောတတ်တဲ့ လူသစ် တော်တော်များများ ရှိလို့လေ။ ကျွန်မက သူတို့ကို စိစစ်ဖို့ သွားတဲ့အခါမှာ ဘာသာစကားနှစ်မျိုးပြောပြီး အစွမ်းအစကောင်းတဲ့ လူတိုင်းလိုလိုကို ကျွန်မ စွန့်လွှတ်ရတော့မယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်မက ကိုယ့်ဂုဏ်သတင်းနဲ့ ရာထူးအတွက် ထပ်စိုးရိမ်နေပြန်ပြီ။ ဒီလူတွေသာ ထွက်သွားရင်၊ ကျွန်မတို့ အသင်းတော် ဧဝံဂေလိအလုပ်က ထိခိုက်နိုင်တယ်၊ မထိရောက်တာမျိုးတောင် ဖြစ်နိုင်တယ်ဆိုတာကို ကျွန်မ ကြောက်မိတယ်။ အဲဒီညနေခင်းမှာ ခေါင်းဆောင်က ကျွန်မဆီကို အခြေအနေကို သတင်းမေးတဲ့ မက်ဆေ့ချ်ပို့လိုက်တယ်။ ကျွန်မက အရမ်းခုခံနေတယ်။ သူတင်ပြလာတဲ့ နာမည်တိုင်းကို ကျွန်မ စကားတစ်လုံးတည်းနဲ့ပဲ အဖြေပေးခဲ့တယ်။ “ဟုတ်ကဲ့။” “ရပါတယ်။” ပေါ့။ သူက အသေးစိတ်ကို မေးလာတော့ ကျွန်မ ဘာမှ မပြောချင်ဘူး။ ကျွန်မတွေးမိတယ်။ “ဒီလူတွေကို အစကတည်းက လက်လွှတ်ချင်တာ မဟုတ်ဘူး၊ ဒါပေမဲ့ နင်က မေးခွန်းတွေပဲ ဆက်မေးနေတာ။ နင်က တာဝန်ထမ်းဆောင်နိုင်တဲ့ လူတွေအကုန်လုံး တစ်ယောက်မကျန် ယူနေတာလေ။ ငါက ကိုယ့်တာဝန်ကို ဘယ်လိုလုပ်ရမှာလဲ” လို့ပေါ့။ ကျွန်မက တကယ်ကို ခုခံပြီး မနာခံနိုင်ခဲ့ဘူး။
အဲဒါနဲ့ နောက်ပိုင်း စုဝေးပွဲတစ်ခုမှာ ဘုရားနှုတ်ကပတ်တော်တွေ ရွတ်ဖတ်ပြခြင်း ဗီဒီယိုတစ်ခုကို ကျွန်မ တွေ့ခဲ့တယ်၊ အဲဒါက ကျွန်မရဲ့ဖောက်ပြန်ပျက်စီးခြင်းကို နားလည်ဖို့ ကူညီပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်တို့၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာမှုတို့၏ အနှစ်သာရသည် ဆိုးရွားစွာ သိသာထင်ရှားပေသည်။ ဤသွင်ပြင်လက္ခဏာသည် အထူးသဖြင့် သိသာသည်။ ၎င်းတို့နှင့် သင် မိတ်သဟာယပြုသည့်အခါတွင် ၎င်းတို့၏ဂုဏ်အဆင့်အတန်း၊ ဂုဏ်သတင်းတို့နှင့် မသက်ဆိုင်သည့်အရာမှန်သမျှကို ၎င်းတို့ စိတ်မဝင်စားပေ၊ ၎င်းတို့ ဂရုမစိုက်ချေ၊ ပြီးလျှင် ယင်းက ၎င်းတို့နှင့် အဆက်အစပ်မရှိသည့်အလား ဖြစ်လေသည်။ ၎င်းတို့သည် အမှုကိစ္စများကို အရေးအကြီးဆုံးသောအရာများမှ ကြည့်ရှုပြီး ဘုရားအိမ်တော်၏ အလုပ်အကြောင်း တွေးဖို့မဆိုထားနှင့်၊ အတွင်းရှိ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်ဖို့ မည်သည့်အခါမျှ ကြိုးစားမည် မဟုတ်ချေ။ ဘုရားအိမ်တော်၏ အလုပ်နယ်ပယ်အတွင်းတွင် အလုပ်က တောင်းဆိုသည့်အတိုင်း လူအချို့ကို ပြောင်းရွှေ့ဖို့ လိုအပ်လေသည်။ ဥပမာအနေဖြင့်၊ ခေါင်းဆောင်တစ်ဦးသည် အုပ်စု၏အလုပ်နှင့်သက်ဆိုင်သည့် အကြီးအကဲဖြစ်ပြီး အုပ်စုဝင်တစ်ဦးကို ၎င်း၏တာဝန် ထမ်းဆောင်ဖို့ အခြားအုပ်စုထဲသို့ ပြောင်းရွှေ့ရန် လိုအပ်ပေသည်၊ ဤသည်ကို ဘုရားအိမ်တော်၏အလုပ်က လိုအပ်ခြင်းဖြစ်သည်။ သို့ဖြစ်၍ သာမန်လူ့အသိစိတ်အရ၊ ဤအရာကို မည်သို့ ကိုင်တွယ်သင့်သနည်း။ အခြေအနေနှင့် သင့်တော်သည့်အတိုင်း ခေါင်းဆောင်သည် လစ်လပ်မှုကို ဖြည့်ဖို့ လူစားရှာသင့်သည်။ သင့်တော်သည့် လူတစ်ဦးကို တွေ့သည်နှင့်၊ နဂိုမူလပုဂ္ဂိုလ်ကို လွှတ်ပေးသင့်ပြီး ဘုရားအိမ်တော်၏အလုပ်က ၎င်းတို့ကို လိုအပ်သည့်နေရာသို့ သွားခွင့်ပြုသင့်သည်။ ဤသည်မှာ လူများသည် တစ်ဦးတည်း သီးခြားရပ်တည်ခြင်း မဟုတ်ဘဲ ဘုရားအိမ်တော်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သောကြောင့်ပင်တည်း။ ၎င်းတို့အား အခြေခံသဘောတရားကို ချိုးဖောက်ကာ စိတ်ကူးပေါက်သလို ပြောင်းရွှေ့ခြင်း မဟုတ်ပါက၊ ဘုရားအိမ်တော်၏ မည်သည့်စီမံကိန်းက လိုအပ်သည့်နေရာကိုမဆို ၎င်းတို့ သွားသင့်သည်။ ယင်းသည် အခြေခံသဘောတရားနှင့်ညီသော ပုံမှန်ပြောင်းရွှေ့ခြင်းဖြစ်ပါက၊ မည်သည့်ခေါင်းဆောင်မျှ ယင်းကို တားပိုင်ခွင့်မရှိချေ။ ဘုရားအိမ်တော်၏ အလုပ်မဟုတ်သည့် အလုပ်တစ်ခုတစ်လေ ရှိသည်ဟု သင်တို့ပြောမည်လော။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ တိုးချဲ့ခြင်း မပါဝင်သည့် အလုပ်တစ်ခုတစ်လေ ရှိသလော။ ယင်းသည် ဘုရားအိမ်တော်၏အလုပ်ချည်းသာ ဖြစ်သည်၊ အလုပ်အသီးသီးသည် တန်းတူဖြစ်ပြီး ‘သင်၏အလုပ်’ နှင့် ‘ကျွန်ုပ်၏အလုပ်’ ဟူ၍ မရှိချေ။...ဘုရားသခင်၏အိမ်တော်သည် မိမိ၏အမှုထမ်းများကို အချက်အချာကျကျ အခြေခံသဘောတရားနှင့်အညီ ချိတ်ဆက်ညှိနှိုင်းမှုပြုသည်။ ဤအရာက မည်သည့်ခေါင်းဆောင်၊ အဖွဲ့အကြီးအကဲ၊ သို့မဟုတ် သီးခြားလူတစ်ဦးချင်းစီနှင့်မျှ မသက်ဆိုင်ပေ။ လူတိုင်းက အခြေခံသဘောတရားအတိုင်း ပြုမူဆောင်ရွက်ရမည်။ ဤသည်မှာ ဘုရားအိမ်တော်၏ စည်းမျဉ်းဖြစ်သည်။ ထို့ကြောင့် ဘုရားအိမ်တော်၏ အခြေခံသဘောတရားများကို မလိုက်နာသည့်သူများ၊ မိမိတို့၏ အကျိုးစီးပွားများနှင့် ဂုဏ်အဆင့်အတန်းတို့အတွက် အစဉ် အကွက်ချပြီး ကျိတ်ကြံသည့်သူများ၊ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည် မဟုတ်လော။ ၎င်းတို့က ညီအစ်ကိုမောင်နှမများကို အသုံးချကြသည်၊ ဤစွမ်းဆောင်နိုင်သူများကို မိမိတို့အတွက် အလုပ်လုပ်စေဖို့၊ အလုပ်အကျိုးဖြစ်မြောက်နိုင်ခြင်းကို ထိန်းသိမ်းရာတွင် ကူညီဖို့နှင့် မိမိတို့၏ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းခိုင်မြဲစေဖို့ ကောင်းကောင်း အသုံးချကြသည်။ ဤသည်မှာ ၎င်းတို့ ရည်မှန်းနေသည့်အရာ ဖြစ်သည်။ အပြင်ပန်းမှကြည့်သည့်အခါ၊ သင် သေချာမကြည့်လျှင်၊ ဤလူသည် အလွန် တာဝန်ယူပုံရသည်။ မယုံကြည်သူများက ၎င်းတို့အား ဩဇာအာဏာရှိသော လူကျော်လူမော်တစ်ဦး၊ လျှမ်းလျှမ်းတောက်တစ်ဦးဟု ခေါ်ကြမည်ဖြစ်ပြီး၊ ၎င်းတို့သည် ပါရမီရှင်များကို ထိန်းသိမ်းခြင်းနှင့်ပတ်သက်လာသည့်အခါ၊ ကြီးမားသော စွမ်းရည်နှင့် လိုသည့်အခါ ထုတ်သုံးရန် ပရိယာယ်အနည်းငယ် ရှိကြသည်ဟု ပြောကြမည် ဖြစ်သည်။ ဤသည်မှာ မယုံကြည်သူများအကြား မနာလိုမှု ရင်းမြစ်တစ်ခု ယင်းသည် လူများ ဆန္ဒပြင်းပြကြသည့်အရာတစ်ခုဖြစ်သည်၊ ယင်းကို အထူးတန်ဖိုးထားကြသည်— သို့ရာတွင် ဘုရားသခင်၏ အိမ်တော်သည် အတိအကျပင် ဆန့်ကျင်ဘက် ဖြစ်လေသည်။ ဘုရားသခင်၏ အိမ်တော်၌ ဤအရာကို ပြစ်တင်ရှုတ်ချသည်။ ဘုရားအိမ်တော်၏ ပိုမိုကျယ်ပြန့်သော အလုပ်ကို မတွေးခြင်း၊ မိမိ၏ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းကိုသာ တွေးခြင်းနှင့်— ဘုရားအိမ်တော်၏အကျိုးစီးပွားများ ဆုံးရှုံးနစ်နာခြင်းနှင့် အသင်းတော်၏အလုပ် ထိခိုက်နစ်နာမှုတို့အတွက် လိပ်ပြာမလုံခြင်း မရှိဘဲ— မိမိ၏ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းကို သေချာစေခြင်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည် မဟုတ်လော။...ထိုသို့သော အခြေအနေတစ်ခုဖြင့် ရင်ဆိုင်ရသည့်အခါ ယုတ်စွအဆုံး သင်၏အသိစိတ်ဖြင့် ‘ဤလူများအားလုံးသည် ဘုရားသခင်၏ အိမ်တော်နှင့်သက်ဆိုင်သည်၊ ၎င်းတို့သည် ငါ၏ကိုယ်ပိုင် ပိုင်ဆိုင်မှု မဟုတ်။ ငါသည်လည်း ဘုရားသခင်၏အိမ်တော်ဝင် တစ်ဦးဖြစ်ပေသည်။ ဘုရားအိမ်တော်က လူများ ပြောင်းရွှေ့ခြင်းကို တားဆီးဖို့ ငါ၌ အဘယ်အခွင့်ရှိသနည်း။ ငါ့ကိုယ်ပိုင် အုပ်စု၏အလုပ်ကိုသာ အာရုံစိုက်နေမည့်အစား ဘုရားအိမ်တော်၏ အကျိုးစီးပွားအလုံးစုံကို ငါဆင်ခြင်တွေးတောသင့်သည်’ ဟု သင်တွေးရမည်။ ယင်းတို့မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ပိုင်ဆိုင်သည့် လူများ၌ တွေ့သင့်သည့် အတွေးများဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သည့်သူများ ပိုင်ဆိုင်သင့်သည့် အသိတရားဖြစ်သည်။ သို့မှသာ ဘုရားအိမ်တော်၏ အစီအစဉ်များကို နာခံဖို့ ဖြစ်နိုင်ပေသည်။ ဆိုးယုတ်သူက အာဏာကိုင်စွဲသည့်အခါ ထိုသူသည် ထိုကဲ့သို့ အသိစိတ်နှင့် အသိတရားတို့ကို မပိုင်ဆိုင်သည့်အပြင် ဘုရားအိမ်တော်၏ အစီအစဉ်များကို လုံးဝ နာခံမည် မဟုတ်ချေ။ ဤသည်မှာ အဘယ် ‘အမှုအရာ’ မျိုး ဖြစ်သနည်း။ ဘုရားသခင်၏အိမ်တော်၌ ၎င်းတို့သည် အဟန့်အတားဖြစ်စေဖို့ပင် လုံလုံလောက်လောက် ရဲတင်းပြီး တစ်စုံတစ်ခု လုပ်ဆောင်ဖို့ပင် ငြင်းဆန်ရဲကြသည်။ ဤလူများသည် လူ့သဘာဝ မရှိဆုံးသော လူများဖြစ်သည်၊ ၎င်းတို့သည် ဆိုးယုတ်သော လူများဖြစ်ကြ၏။ အန္တိခရစ်များက ထိုလူစားမျိုးများဖြစ်ပေသည်။ ၎င်းတို့က ဘုရားအိမ်တော်၏ အလုပ်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများကိုလည်းကောင်း၊ ပြီးလျှင် ဘုရားအိမ်တော်၏ တန်ဖိုးရှိသောအရာများကိုပင်လည်းကောင်း— မိမိတို့၏ ဩဇာအာဏာအောက်ရှိ အရာအားလုံးကို— မိမိတို့၏ ကိုယ်ပိုင် ပုဂ္ဂလိက ပိုင်ဆိုင်မှုအဖြစ် သဘောထားဆက်ဆံကြသည်။ ဤအရာများ မည်သို့ ဖြန့်ဝေသည်၊ ပြောင်းရွှေ့သည်၊ ပြီးလျှင် အသုံးချသည်တို့မှာ ၎င်းတို့ပေါ်တွင် မူတည်လေသည်။ ယင်းတို့က ၎င်းတို့၏လက်ထဲသို့ ရောက်သည်နှင့်၊ ယင်းတို့ကို စာတန် ပိုင်ဆိုင်ထားသည့်အလားဖြစ်ကာ ယင်းတို့ကို ဘုရားသခင်၏ အိမ်တော်က ဝင်ရောက်စွက်ဖက်ခွင့်မရှိ၊ မည်သူ တစ်ဦးတစ်ယောက်ကမျှ ထိခွင့်မရှိပေ။ ၎င်းတို့၏ပိုင်နက်ထဲတွင် ၎င်းတို့သည် အရေးပါသောပုဂ္ဂိုလ်၊ ခေါင်းဆောင်အကြီးအကဲဖြစ်ပြီး၊ ထိုနေရာသို့ သွားသည့်သူ မည်သူမဆိုသည် ၎င်းတို့၏အမိန့်များနှင့် စီစဉ်မှုများကို နာခံရမည် ဖြစ်ကာ၊ ၎င်းတို့ထံမှ အကြံပေးချက်များကို ယူရမည်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ ဝိသေသလက္ခဏာ အတွင်းရှိ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန်ဖြစ်လေသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မ အခြေအနေကို ထုတ်ဖော်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ ထိန်းချုပ်မှုအောက်မှာ ထားချင်ပြီး ဘုရားအိမ်တော်ကို လက်မလွှဲပေးချင်တာက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖို့ကောင်းတာပဲ၊ ပြီးတော့ ကျွန်မက အန္တိခရစ်ရဲ့ စိတ်သဘောထားကို ပြနေတာ။ ခေါင်းဆောင်က ကျွန်မတို့ အသင်းတော်တွေက တစ်ယောက်ယောက်ကို ပြောင်းချင်တိုင်း ကျွန်မက တကယ်ကို ခုခံပြီး မလိုလားဘူး။ ကျွန်မက ဒေါသကြောင့် ပြုမူပြီး မတရားအလုပ်ခံရတယ်လို့ ခံစားခဲ့ရတယ်။ ခေါင်းဆောင်က ကျွန်မအတွေးအခေါ်တွေကို ကူပြောင်းပေးပြီး ကျွန်မကို နားဝင်ချိုတာတွေ မပြောမချင်း အဲဒါကို ကျွန်မ သဘောမတူခဲ့ဘူး။ ကျွန်မက ဘုရား ချပြတဲ့ ခေါင်းဆောင်တစ်ယောက်လိုပဲ၊ ကျွန်မတာဝန်ယူထားတဲ့ အသင်းတော်တွေကနေ ပြောင်းရွှေ့တာကို ပြောပိုင်ခွင့်ရချင်တယ်။ လူတွေကို လိုအပ်တဲ့အခါမှာ၊ ကျွန်မပြောရင် သူတို့သွားလို့ရမယ်၊ မပြောရင် သွားလို့မရဘူး။ ကျွန်မ အခွင့်မပေးဘဲ ဘယ်သူမှ သွားလို့မရဘူး။ ကျွန်မက အသင်းတော်တွေကို ကျွန်မရဲ့ ထိန်းချုပ်မှုအောက်မှာပဲ သေချာ ထားပြီး၊ အားလုံးကို ကျွန်မကွပ်ကဲမှုအောက်မှာ ထားထားတယ်။ ခရစ်တော်က အသင်းတော်တွေရဲ့ ကြီးကြပ်သူ မဟုတ်ဘဲ၊ ကျွန်မက ကြီးကြပ်သူ ဖြစ်နေခဲ့တယ်။ တဖြည်းဖြည်း လေ့ကျင့်ပျိုးထောင်ထားတဲ့ လူသစ်တွေက ကျွန်မနဲ့ပဲ သက်ဆိုင်သလိုလိုပေါ့။ သူတို့တာဝန်တွေမှာ သူတို့ အောင်မြင်လာတာကို ကျွန်မရဲ့ရာထူး ခိုင်မြဲဖို့ အသုံးချချင်ခဲ့တယ်။ အဲဒါက အရှက်မရှိတာပဲ။ ဒါတွေက ဘုရားရဲ့အသင်းတော်တွေပါ၊ ပြီးတော့ အဲဒါက ဘုရားအိမ်တော်ရဲ့အလုပ်ပါ။ ဒါပေမဲ့ ကျွန်မကတော့ ဘုရင်ကြီးလို ပြုမူပြီး၊ ကိုယ့်နိုင်ငံတော် ကိုယ်တည်ထောင်နေတယ်။ ကျွန်မက ဘုရားကို ဆန့်ကျင်တဲ့ အန္တိခရစ်ရဲ့ လမ်းကြောင်းမှာ ရှိနေခဲ့တာ မဟုတ်လား။ ဘာသာရေးလောကက ဘုန်းတော်ကြီး တွေကိုလည်း တွေးမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သခင် ပြန်ကြွလာပြီ၊ သမ္မာတရားတွေ အများကြီး ဖော်ပြပြီးပြီလို့ သက်သေခံတာကို သူတို့သိတယ်။ ဒါပေမဲ့ သူတို့ရဲ့အသင်းသားတွေက ဒီသမ္မာတရားတွေကို တွေ့တာနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်မှာ သူတို့ ဂုဏ်အဆင့်အတန်း၊ ဂုဏ်သတင်းနဲ့ ဘဝနေထိုင်မှုတို့ ဆုံးရှုံးမှာကို သူတို့ စိုးရိမ်ကြတယ်လေ။ ဒီတော့ အသင်းသားတွေ စစ်မှန်တဲ့လမ်းခရီး ရှာမတွေ့အောင် သူတို့က မျိုးစုံ ကြိုးစားတာပေါ့။ သိုးက သူတို့သိုးပါ၊ အဲဒီသိုးတွေကို ဘုရားအသံတော် ကြားခွင့်ပေးမှာမဟုတ်သလို၊ သူ့နောက်လည်း လိုက်ခွင့်မပေးဘူးလို့ သူတို့က ပေါ်တင် ပြောကြတယ်။ သူတို့က ယုံကြည်သူတွေကို သူတို့ ပိုင်ဆိုင်မှုလိုပဲ ဆက်ဆံကြတာ။ ယုံကြည်သူတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ပြီး အဲဒီလူတွေအတွက် ဘုရားကို တိုက်ခိုက်ကြတယ်။ သူတို့က ဆိုးယုတ်တဲ့ အစေခံတွေပဲ၊ နောက်ဆုံးသောကာလမှာ ဖော်ထုတ်ခံရတဲ့ အန္တိခရစ်တွေလေ။ ကျွန်မရဲ့လုပ်ရပ်တွေကရော အဲဒီသင်းအုပ်တွေ၊ အကြီးအကဲတွေရဲ့လုပ်ရပ်တွေနဲ့ အနှစ်သာရပိုင်းမှာ ဘယ်လိုများကွာခြားသွားလဲ။ ကျွန်မက ကိုယ့်ဂုဏ်သတင်းနဲ့ ရာထူးကို ကာကွယ်ဖို့ သူများတွေကို ထိန်းချုပ်နေခဲ့တယ်။ ကျွန်မ နောင်တမရခဲ့ရင်၊ အန္တိခရစ်တွေနဲ့အတူ ဘုရားရဲ့ အပြစ်စီရင်ပြီး အပြစ်ဒဏ်ပေးတာကို ခံရတာနဲ့ပဲ အဆုံးသတ်မယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဘုရားရွေးချယ်ထားတဲ့သူတွေက ဘုရားနဲ့သက်ဆိုင်တယ်၊ ဘယ်လူနဲ့မှ မသက်ဆိုင်ဘူးလေ။ ဘုရားအိမ်တော်မှာ တာဝန်တစ်ခုအတွက် လိုအပ်တဲ့သူမှန်သမျှ လိုအပ်သလို ပြောင်းရွှေ့ခံရနိုင်တယ်။ ကျွန်မ စီမံနေတဲ့ အသင်းတော်တွေက ဘယ်သူကိုမှ ကျွန်မ သိမ်းထားခွင့်မရှိပါဘူး။ ဘုရားအိမ်တော်ရဲ့အလုပ်အတွက် လူတွေကို ပျိုးထောင်တာက ကျွန်မရဲ့တာဝန်ဖြစ်သလို၊ ခေါင်းဆောင်တွေက လူတွေကို ပြောင်းရွှေ့တာကလည်း တကယ်ကို ပုံမှန်ပါပဲ။ ကျွန်မရဲ့အမြင်ကိုမေးတယ်ဆိုတာက လေးစားသမှုနဲ့ မေးခဲ့တာ၊ ပူးပေါင်းဆောင်ရွက်မှု ပိုချောမွေ့ဖို့လေ။ ကျွန်မသဘောမပါဘဲ တစ်ယောက်ယောက်ကို တိုက်ရိုက်ပြောင်းရွှေ့ရင်တောင် ကိစ္စရှိမှာ မဟုတ်ဘူး။ လူတွေကို ကျွန်မရဲ့ထိန်းချုပ်မှုအောက်မှာထားဖို့ ကျွန်မမှာ ဘာအခွင့်အရေးမှ၊ ဘာတောင်းဆိုခွင့်မှ မရှိဘူး။ ကျွန်မ အရမ်း အတ္တကြီးကြီးနဲ့ ဆက်နေလို့မရဘူးဆိုတာ၊ အဲဒီအခိုက်အတန့်မှာ ဘုရားက ကျွန်မဇီဝအသက်ကို ကျွန်မကို ပေးခဲ့တယ်ဆိုတာကို ကျွန်မ သိခဲ့တယ်၊ ဒါဆို ကျွန်မက ဘာအတွက် ဆက်ကြိုးစားနေရတာလဲ။ ဘုရားအိမ်တော်အတွက် ကျွန်မက ကြီးမားတဲ့ ဖြည့်ဆည်းမှုကြီး မပေးနိုင်ပေမဲ့၊ ကျွန်မ အနည်းဆုံးအနေနဲ့ ဝင်တော့မစွက်ဖက်သင့်ဘူး။ ဘုရားအိမ်တော်ရဲ့အလုပ်ကို ပိုအကျိုးပြုဖို့ ကျွန်မ ပိုလုပ်ရမယ်။
အဲဒီနောက်မှာ လိုအပ်တဲ့အခါတိုင်း၊ ပြောင်းရွှေ့မှုတွေကို ကျွန်မ လိုလိုလားလား ကူညီခဲ့ပြီး ကိုယ့်အကျိုးစီးပွားအတွက် တွေးတာကို ရပ်ခဲ့တယ်။ တစ်ချိန်မှာ တခြားအသင်းတော်ကို ကျွန်မပြောင်းပေးလိုက်တဲ့ အစ်မတစ်ယောက်က ကျွန်မကို မက်ဆေ့ချ်ပို့လာတယ်။ အဲဒီက သူတို့ရဲ့ဧဝံဂေလိအလုပ်မှာ အများကြီး သင်ယူရတယ်ဆိုပဲ။ ကျွန်မက ပျော်သလို ရှက်လည်း ရှက်မိပါရဲ့။ သူတို့ကြီးထွားတိုးတက်လာတာ သိရလို့ ကျွန်မ ပျော်မိတယ်။ နိုင်ငံတော် ဧဝံဂေလိ ဖြန့်ဝေရာမှာ သူတို့ကဏ္ဍကို သူတို့ပါဝင်နိုင်လို့ပေါ့။ ကျွန်မ ရှက်လည်း ရှက်မိတယ်၊ ကျွန်မသာ မဟန့်တားဘဲ လူတွေကို လိုလိုလားလား ဖြည့်ပေးခဲ့ရင်၊ သူတို့က စောစောစီးစီး လေ့ကျင့်နိုင်ပြီး ကောင်းမှုတွေ ပြင်ဆင်နိုင်မှာလေ။ ဘုရားမှာ ဆုတောင်းလိုက်တယ်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ထပ်အသက်မရှင်ချင်တော့ဘဲ၊ တာဝန်နဲ့သင့်တော်တဲ့သူတွေကို ဖြည့်ပေးချင်ဖို့၊ ဧဝံဂေလိအလုပ်မှာ ကိုယ့်ကဏ္ဍကို ကိုယ်လုပ်ဖို့နဲ့ ကိုယ့်တာဝန်ကို လုပ်ဖို့ပေါ့။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။