မိမိတာဝန်ထမ်းဆောင်ရာတွင် တာဝန်ယူဖို့ ကြောက်ရွံ့ခြင်းသည် တစ်ကိုယ်ကောင်းဆန်ရာကျသည်

15.04.2026

ပိုင်ဟေ့၊ တရုတ်ပြည်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ကျွန်မ ခရိုင်ခေါင်းဆောင်အနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်နေခဲ့တယ်။ တစ်နေ့ကျတော့ အထက်ခေါင်းဆောင်ဆီက စာတစ်စောင် ရတယ်။ ရှင်းချန်အသင်းတော်က စီစီပီရဲ့ နှိပ်ကွပ်မှုကို ရင်ဆိုင်နေရတယ်၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ သိမ်းဆည်းထားတဲ့ နေအိမ်အတော်များများက စာအုပ်တွေကို ရဲတွေ သိမ်းသွားပြီတဲ့။ စာအုပ်တွေ သိမ်းထားတဲ့ တခြားအိမ်နှစ်အိမ်ကလည်း အန္တရာယ်ရှိနေလို့ စာအုပ်တွေကို အရေးတကြီး ရွှေ့ဖို့လိုတယ်၊ ဒါကြောင့် လုံခြုံတဲ့အိမ်သစ်တွေကို မြန်မြန်ရှာဖို့ ကျွန်မတို့ကို ပြောလာတယ်။ ဒါနဲ့ ကျွန်မ ကြီးကြပ်ရတဲ့ အသင်းတော်တွေကို လုံခြုံတဲ့အိမ်တွေ ပေးဖို့ မေတ္တာရပ်ခံစာ မြန်မြန်ရေးလိုက်တယ်။ စာပို့ပြီးတဲ့နောက် ရုတ်တရက် ကျွန်မ တွေးမိတယ်။ “ငါ့အစီအစဉ်တွေ မှားပြီး စာအုပ်တွေ ရွှေ့နေတုန်း ညီအစ်ကိုမောင်နှမတွေ ဖမ်းခံထိရင် အဲဒီအတွက် ငါ တာဝန်ယူရမှာ မဟုတ်ဘူးလား။ ဒီဘုရားနှုတ်ကပတ်တော် စာအုပ်တွေက ဘုရားသခင်ရဲ့ ယဇ်တွေကို သုံးပြီး ရိုက်နှိပ်ထားတာ။ ရွှေ့နေတုန်း စာအုပ်တွေကို ရဲက သိမ်းသွားရင် အကျိုးဆက်တွေက ဆိုးရွားမှာ။ အဲဒီအတွက် ငါ ဖြုတ်ချတောင် ခံရနိုင်တယ်” လို့ပေါ့။ မာရှောင်က ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဆင့်အတန်းရဲ့ အကျိုးခံစားမှုတွေကို ဘယ်လို မွေ့လျော်ခံစားခဲ့တယ်ဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ သူက အရာရာကို သူလုပ်ချင်သလို အမြဲလုပ်ခဲ့ပြီး ဆုံးဖြတ်ချက်ကို သူပဲ အမြဲတမ်း ချချင်ခဲ့တော့ ပူဇော်သက္ကာတွေ အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်။ ဒီနောက်မှာ သူက တာဝန်ကိုတောင် ခေါင်းရှောင်ခဲ့ပြီး လုံးဝ နောင်တမရခဲ့ဘူး။ နောက်ဆုံးမှာ သူ နှင်ထုတ်ခံလိုက်ရတယ်။ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ထိန်းသိမ်းစောင့်ရှောက်တာက ကိစ္စကြီးတစ်ခုပါ။ ကျွန်မပတ်ဝန်းကျင်က ညီအစ်ကိုမောင်နှမ အများစုကလည်း အန္တရာယ်ရှိနေတော့ လုံခြုံတဲ့အိမ်တစ်လုံး ရှာဖို့က ခက်ခဲလိမ့်မယ်။ ကျွန်မ တွေးမိတယ်။ “တစ်ခုခု ဖြစ်သွားရင်ကော။ ငါလည်း မာရှောင်လိုပဲ ဖယ်ရှားရှင်းလင်းခံရမှာလား။ ဒါပေမဲ့ စာက ပို့ပြီးသွားပြီ၊ အခု ငါ ဘာလုပ်သင့်သလဲ။ လုံခြုံတဲ့အိမ်တွေ မရှိဘူးလို့ ခေါင်းဆောင်ကို ငါ ပြောလိုက်ရင် ပြီးသွားမယ့်ကိစ္စ။ ထားပါတော့လေ၊ ငါ စာရေးပြီးပြီဆိုတော့ ဖြစ်လာသမျှ ကြုံရတာပေါ့” လို့ပေါ့။ သုံးလေးရက်ကြာတော့ အသင်းတော်ခေါင်းဆောင်တွေက သင့်တော်တဲ့ နေအိမ်တွေ မတွေ့ဘူးလို့ စာပြန်ကြတယ်။ ဒါပေမဲ့ အမှန်တရားကတော့ အခြေအနေ သိပ်မဆိုးရွားတဲ့ အသင်းတော်သုံးခုကို ကျွန်မ သိထားခဲ့တယ်။ ကျွန်မတို့ သတိထားသရွေ့ စာအုပ်တွေကို ယာယီ ထားဖို့ နေအိမ်တချို့ကို ရှာနိုင်မှာပါ။ ဒါပေမဲ့ ဒီကိစ္စအတွက် ကျွန်မ တာဝန်မယူချင်ခဲ့ဘူး။ ဒါနဲ့ အထက်ခေါင်းဆောင်ဆီ ကျွန်မ စာရေးလိုက်တယ်။ “ဒီမှာ အခြေအနေ မကောင်းဘူး၊ နေအိမ်အတော်များများကလည်း မလုံခြုံဘူး။ လုံခြုံတဲ့အိမ်တွေ ရှာဖို့ တခြားအသင်းတော်တွေကို သွားတာ အကောင်းဆုံးပဲ” လို့ပေါ့။

သုံးလေးရက်ကြာတော့ အထက်ခေါင်းဆောင်ဆီက စာတစ်စောင် ရောက်လာတယ်။ ဒီလို အရေးကြီးတဲ့အချိန်မှာ ကျွန်မတို့က ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို မကာကွယ်ပေးဘူးတဲ့။ တခြားအသင်းတော်တွေမှာလည်း လုံခြုံတဲ့အိမ်တွေ ရှာဖို့ အခက်အခဲတွေ ရှိခဲ့ပေမဲ့ သူတို့က ဘုရားသခင်ကို ဆုတောင်းတယ်၊ စစ်မှန်တဲ့နည်းလမ်းနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တချို့ကို ရှာတွေ့ခဲ့တယ်။ သူတို့က ဘုရားသခင်ရဲ့ လမ်းပြမှုကို မြင်တွေ့ခဲ့ရတယ်တဲ့။ စာကို ဖတ်ပြီးတဲ့နောက် ကျွန်မ ရှက်လည်းရှက်၊ အပြစ်ရှိသလိုလည်း ခံစားလိုက်ရတယ်။ “ငါတို့က ထမ်းဆောင်နေတဲ့ တာဝန်က အတူတူပဲ၊ ဒါပေမဲ့ သူများတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့က အလုပ်ကို ကိုင်တွယ်ဖို့ ဘုရားသခင်ကို အားကိုးနိုင်ကြတယ်။ ငါကတော့ အခက်အခဲတွေ ကြုံရတဲ့အခါ ထွက်ပြေးပြီး လိပ်က ခေါင်းကို အခွံထဲ ဝှက်ထားသလိုမျိုး လုပ်တယ်။ ငါ သူတို့ကို တကယ် မယှဉ်နိုင်ပါလား” လို့ တွေးမိတယ်။ ဒါနဲ့ ကျွန်မ ဘုရားသခင် ရှေ့မှောက်ကို လာပြီး ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကိုယ်တော့်နှုတ်ကပတ်တော် စာအုပ်တွေ ရွှေ့ပြောင်းတဲ့ ဒီအရေးကြီးကိစ္စမှာ သမီးက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို လုံးဝ အလေးမထားခဲ့ပါဘူး။ လုံခြုံတဲ့အိမ်တွေ ရှာဖို့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်တာလည်း မရှိပါဘူး။ သမီးက ပြဿနာတက်တဲ့အခါမှာ ဒုက္ခခံပြီး ကူညီတာမျိုး မရှိတဲ့ လူစားမျိုးပါ။ ခေါင်းဆောင်သာ သမီးကို ပြုပြင်တာမျိုး၊ သတိပေးတာမျိုး မရှိခဲ့ရင် သမီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိမှာ မဟုတ်ပါဘူး။ သမီး အရမ်း ထုံထိုင်းနေခဲ့ပါတယ်” လို့ပေါ့။

နောက်တော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် နားလည်မှုတချို့ နောက်ဆုံးမှာ ရရှိဖို့ ကူညီပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် တာဝန်ခံယူရမည်ကို ကြောက်ရွံ့ကြသည်။ အသင်းတော်က ၎င်းတို့ကို အလုပ်တစ်ခုလုပ်ရန် ပေးသောအခါ ၎င်းတို့သည် ထိုအလုပ်အတွက် ၎င်းတို့ တာဝန်ခံဖို့ လိုအပ်ခြင်းရှိမရှိကို ရှေးဦးစွာ ထည့်စဉ်းစားကြသည်။ တာဝန်ခံဖို့ လိုအပ်လျှင် ၎င်းတို့က အလုပ်ကို လက်ခံမည်မဟုတ်ပေ။ တာဝန်တစ်ခုကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ သတ်မှတ်ချက်များမှာ ပထမအနေဖြင့် အေးဆေးသက်သာသော အလုပ်ဖြစ်ရမည်။ ဒုတိယအနေဖြင့် အလုပ်ရှုပ်ခြင်း၊ သို့မဟုတ် ပင်ပန်းခြင်းမရှိရပေ။ တတိယအနေဖြင့် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့အနေဖြင့် မည်သည့်တာဝန်ကိုမျှ ခံယူခြင်းမရှိရပေ။ ဤသည်မှာ ၎င်းတို့တာဝန်ယူဆောင်ရွက်မည့် တစ်ခုတည်းသော တာဝန်အမျိုးအစားဖြစ်သည်။ ဤသည်မှာ မည်သို့သော လူစားမျိုးဖြစ်သနည်း။ စဉ်းလဲသော၊ လှည့်ဖြားတတ်သောသူ မဟုတ်သလော။ ထိုသူသည် အနည်းဆုံးသော တာဝန် ပမာဏကိုပင် တာဝန်မခံလိုပေ။ သစ်ရွက်များက သစ်ပင်ပေါ်မှ ကြွေကျလာသောအခါ သူ့ခေါင်းကွဲသွားမည်ကိုပင် သူကြောက်နေသည်။ ဤသို့သောသူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သနည်း။ ဘုရားအိမ်တော်တွင် သူ့အား အဘယ်သို့ အသုံးချ၍ ရနိုင်မည်နည်း။ ဘုရားအိမ်တော်၏ အလုပ်သည် စာတန်အား ရင်ဆိုင်တိုက်ခိုက်ခြင်းအမှုအပြင် နိုင်ငံတော် ဧဝံဂေလိတရားဖြန့်ဝေခြင်းနှင့်လည်း သက်ဆိုင်သည်။ မည်သည့်တာဝန်က တာဝန်ခံယူခြင်း မလိုအပ်သနည်း။ ခေါင်းဆောင်ဖြစ်ခြင်းသည် တာဝန်ခံရသည်ဟု သင်တို့ ဆိုမည်လော။ ၎င်းတို့၏ တာဝန်များသည် ပို၍ပင် မကြီးသလော။ ၎င်းတို့သည် ပို၍ပင် တာဝန်မခံယူရသလော။ သင်သည် ဧဝံဂေလိတရားဟောခြင်း၊ သက်သေခံခြင်း၊ ဗီဒီယိုများ ပြုလုပ်ခြင်းတို့ကဲ့သို့သော အရာများကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အလုပ်ကို သင်လုပ်ဆောင်သည်ဖြစ်စေ ထိုအလုပ်က သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်နေသရွေ့ ထိုအလုပ်တွင် တာဝန်ဝတ္တရားများ တွဲပါနေသည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းက စည်းမျဉ်းနှင့်မညီလျှင် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်မည်။ သင်သည် တာဝန်ခံယူရန် ကြောက်ရွံ့လျှင် မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်၍မရပေ။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်း၌ တာဝန်ယူရန် ကြောက်ရွံ့သော လူစားမျိုးသည် သတ္တိနည်းသောသူဖြစ်သလော၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသလော။ ကွာခြားချက်ကို သင် ပြောနိုင်ရမည်။ အမှန်စင်စစ် ဤသည်မှာ သတ္တိကြောင်ခြင်း ကိစ္စမဟုတ်ပေ။ ၎င်းတို့သည် ချမ်းသာကြွယ်ဝရန် ကြိုးပမ်းခြင်းနှင့် ပတ်သက်လာသောအခါ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါ အဘယ်ကြောင့် ဤမျှ ရဲတင်းနေကြသနည်း။ ဤအရာများအတွက်မူ မည်သည့် စွန့်စားမှုမျိုးကိုမဆို ၎င်းတို့ ရင်ဆိုင်ဝံ့ကြသည်။ သို့သော် အသင်းတော်အတွက်၊ ဘုရားအိမ်တော်အတွက် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ လုံးဝ စွန့်စားမှုများမပြုလုပ်ပေ။ ဤသို့သော လူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ အားလုံးထဲတွင် ကောက်ကျစ်အစဉ်းလဲဆုံး ဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်းတွင် တာဝန်မခံယူသူ မည်သူမဆိုသည် ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့်ပတ်သက်၍ မပြောနှင့်၊ ဘုရားသခင်ကို အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်းမရှိ။ မည်သို့သော သူမျိုးသည် တာဝန်ခံယူရဲသနည်း။ မည်သို့သော ပုဂ္ဂိုလ်မျိုးသည် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းဆောင်ရန် သတ္တိရှိသနည်း။ အရေးအကြီးဆုံးနှင့် အတိမ်းအစောင်းမခံဆုံးဖြစ်သော အလုပ်ကို ၎င်းတို့ မြင်သောအခါ ဘုရားသခင်၏ အိမ်တော်အလုပ်တွင် အရေးကြီးဆုံး အခိုက်အတန့်၌ ဦးဆောင်ဦးရွက်ပြု၍ ရဲဝံ့စွာ ရှေ့သို့ထွက်ကာ ဝန်ထုပ်ဝန်ပိုးကြီးကို ရဲဝံ့စွာ ထမ်းဆောင်ပြီး အခက်အခဲများနှင့် အန္တရာယ်များကို ကြံ့ကြံ့ခံရန် မကြောက်ရွံ့သောသူမျိုး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာစောင့်သိသူတစ်ယောက်၊ ခရစ်တော်၏ စစ်သားကောင်းတစ်ယောက် ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ယူရန် ကြောက်သောသူတိုင်းက ထိုသို့ဖြစ်ခြင်းသည် သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သည်မှာ မှန်ပါသလား။ မမှန်ပါ။ ၎င်းတို့၏ လူ့သဘာဝတွင် ပြဿနာရှိ၏။ ၎င်းတို့တွင် တရားမျှတစိတ်၊ သို့မဟုတ် တာဝန်ခံယူမှုအသိစိတ် မရှိပေ။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်၍ စက်ဆုပ်ဖွယ်ကောင်းသော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်သူများ မဟုတ်ကြသည့်အပြင် သမ္မာတရားကို စိုးစဉ်းမျှပင် လက်မခံကြပေ။ ဤအကြောင်းပြချက်ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ ဘုရားသခင်ကို ယုံကြည်သူများသည် သမ္မာတရားကို ရရှိရန် ကြီးစွာသော အဖိုးအခကို ပေးဆပ်ရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အတားအဆီးများစွာကို ကြုံတွေ့ရမည်။ အမှုအရာများကို စွန့်လွှတ်ရမည်။ ၎င်းတို့၏ ဇာတိပကတိ အကျိုးစီးပွားများကို စွန့်လွှတ်ရမည်။ ဆင်းရဲဒုက္ခအချို့ကို သည်းခံရမည်။ ထိုအခါမှသာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်။ ဤသို့ဆိုလျှင် တာဝန်ယူရန် ကြောက်သော ဤလူစားမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ သမ္မာတရားကို ရရှိဖို့မဆိုထားနှင့်၊ သမ္မာတရားကို ၎င်းတို့ သေချာပေါက် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ ၎င်းတို့၏ အကျိုးစီးပွား ဆုံးရှုံးခြင်းကို ခံရရန် ကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အရှက်ခွဲခံရခြင်း၊ အသရေဖျက်ခံရခြင်းနှင့် ဝေဖန်ကဲ့ရဲ့ခံရခြင်းကို ကြောက်ရွံ့ကြသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရဲပေ။ အကျိုးဆက်အနေဖြင့် သမ္မာတရားကို ၎င်းတို့ မရရှိနိုင်ဘဲ ဘုရားသခင်ကို နှစ်မည်မျှ ယုံကြည်သည်ဖြစ်စေ သူ၏ ကယ်တင်ခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်နိုင်သော သူတို့သည် အသင်းတော်၏ အလုပ်နှင့်ပတ်သက်လာပါက ဝန်တာထားစိတ်ရှိသောလူများ၊ တာဝန်ခံယူသောလူများ၊ သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းနိုင်သောလူများ၊ ဒုက္ခခံနိုင်ပြီး အဖိုးအခ ပေးဆပ်နိုင်သောလူများဖြစ်ရမည်။ ဤနယ်ပယ်များတွင် အားနည်းလျှင် ထိုသူသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ ပြီးလျှင် တာဝန်ထမ်းဆောင်ခြင်းအတွက် သတ်မှတ်ချက်များနှင့် မကိုက်ညီပေ။ တာဝန်ထမ်းဆောင်ရာတွင် တာဝန်ယူရန် ကြောက်သောသူများစွာ ရှိသည်။ ၎င်းတို့၏ ကြောက်ရွံ့မှုသည် အဓိကနည်းလမ်းသုံးခုဖြင့် ထင်ရှားသည်။ ပထမတစ်ခုမှာ တာဝန်ခံယူဖို့မလိုသည့် တာဝန်များကိုသာ ၎င်းတို့က ရွေးချယ်ကြသည်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်သည် ၎င်းတို့အတွက် တာဝန်ထမ်းဆောင်ရန် စီစဉ်ပေးပါက ၎င်းတို့က ဤအတွက် တာဝန်ယူရခြင်းရှိမရှိကို ဦးစွာ မေးတတ်သည်။ တာဝန်ယူရမည်ဆိုလျှင် လက်မခံကြပေ။ တာဝန်ယူရန်၊ တာဝန်ခံရန် မလိုအပ်လျှင် ၎င်းတို့က တွန့်ဆုတ်စွာဖြင့် လက်ခံသည်။ သို့သော် အလုပ်သည် ပင်ပန်းခြင်း ရှိမရှိ သို့မဟုတ် စိုးရိမ်ပူပန်စရာ ပါဝင်ခြင်း ရှိမရှိကိုမူ စဉ်းစားနေကြဆဲဖြစ်၏။ ၎င်းတို့သည် အင်တင်တင်ဖြင့် လက်ခံသည့်အခါ၌ပင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ယင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန် မဟုတ်ဘဲ ‘အပန်းဖြေခြင်း၊ အပင်ပန်းမခံခြင်းနှင့် ကာယဒုက္ခ မရှိခြင်း’ ကို မိမိတို့၏ စည်းမျဉ်းအဖြစ် မှတ်ယူလျက် ဝတ်ကျေတမ်းကျေသာ လုပ်လိုကြသေးသည်။ ဒုတိယအချက်မှာ အခက်အခဲတစ်ခု ကျရောက်လာသောအခါ သို့မဟုတ် ပြဿနာတစ်ခု ကြုံတွေ့သောအခါ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုသည် မိမိတို့ကိုယ်ကို အပူအပင်ကင်းမဲ့စေရန် ကြိုးပမ်းသည့်အနေဖြင့် ခေါင်းဆောင်တစ်ဦးထံ သတင်းပို့ပြီး ထိုခေါင်းဆောင်အား ကိုင်တွယ်ကာ ဖြေရှင်းစေခြင်း ဖြစ်သည်။ ခေါင်းဆောင်က ထိုကိစ္စကို မည်မျှ ကောင်းမွန်စွာ ကိုင်တွယ်သည်ကို ၎င်းတို့ ဂရုမစိုက်ကြဘဲ ဤအရာကို အရေးမထားကြပေ။ မိမိတို့ကိုယ်တိုင် တာဝန်မယူရသရွေ့ ၎င်းတို့အတွက် အရာအားလုံး အဆင်ပြေနေသည်။ ဤနည်းဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိနေကြခြင်း ဖြစ်သလော။ ဤသည်ကို တာဝန်လွှဲချခြင်း၊ တာဝန်ပျက်ကွက်ခြင်းနှင့် ဉာဏ်များခြင်းဟု ခေါ်သည်။ အပြောသက်သက်သာဖြစ်ပြီး အမှန်တကယ် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ၎င်းတို့က ‘ဤအရာကို ငါဖြေရှင်းရမည်ဆိုလျှင်၊ အမှားလုပ်မိသွားလျှင် မည်သို့ ပြုလုပ်ရမည်နည်း။ မည်သူ့အား အပြစ်တင်ရမည်ကို ၎င်းတို့ စူးစမ်းစစ်ဆေး ကြည့်သောအခါတွင် ငါ့ကို ၎င်းတို့ ကိုင်တွယ်မည်မဟုတ်လော။ ဤအတွက် တာဝန်က ငါ့အပေါ် အရင်ဆုံး ကျရောက်မည် မဟုတ်လော’ ဟူ၍ မိမိတို့ကိုယ်ကို ပြောကြသည်။ ဤသည်မှာ ၎င်းတို့ စိတ်ပူသည့်အရာဖြစ်သည်။ သို့သော် ဘုရားသခင်က အရာအားလုံးကို စိစစ်သည်ကို ယုံကြည်သလော။ လူတိုင်းက အမှားလုပ်ကြသည်။ ရည်ရွယ်ချက်မှန်ကန်သော သူတစ်ယောက်သည် အတွေ့အကြုံကင်းမဲ့ပြီး ယခင်က အမှုကိစ္စအမျိုးအစားအချို့ကို မကိုင်တွယ်ခဲ့ဖူးသော်လည်း ၎င်းတို့ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့လျှင် ယင်းကို ဘုရားသခင်က မြင်ရသည်။ ဘုရားသခင်သည် အရာခပ်သိမ်းနှင့် လူသား၏ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတော်မူသည်ကို သင်တို့ ယုံကြည်ရမည်။ အကြင်သူသည် ဤသည်ကိုပင် မယုံကြည်လျှင် မယုံကြည်သူဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) ဘုရားသခင်က ကျွန်မရဲ့ အခြေအနေကို အတိအကျ ဖော်ထုတ်ခဲ့တယ်။ ကျွန်မ တကယ် စိတ်ဆင်းရဲခဲ့ရပြီး နှလုံးသားကို ထိုးဖောက်ခံလိုက်ရသလို ခံစားခဲ့ရတယ်။ ရှင်းချန်အသင်းတော်က စီစီပီရဲ့ ဖမ်းဆီးမှုတွေကို ရင်ဆိုင်နေရပြီး လုံခြုံတဲ့အိမ်နှစ်လုံး ရှာဖို့ အရေးတကြီး လိုအပ်နေခဲ့တယ်။ အသိစိတ်ရှိတဲ့ ဘယ်သူမဆို ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို အလေးထားခဲ့မှာပါ၊ အခက်အခဲတွေ ရှိရင်တောင်မှ သူတို့က ဘုရားသခင်ကို အားကိုးမယ်၊ ပြီးတော့ စာအုပ်တွေကို လုံခြုံတဲ့နေရာဆီ အချိန်မီ ရွှေ့ပြောင်းဖို့ အစွမ်းကုန် ကြိုးစားကြမှာပါ။ ဒါပေမဲ့ ကျွန်မက ကိုယ့်အကျိုးစီးပွားတွေကို ဦးစားပေး စဉ်းစားခဲ့တယ်။ စာအုပ် ရွှေ့ပြောင်းနေတုန်း တစ်ခုခု လွဲချော်သွားမှာကို ကျွန်မ အမြဲ စိုးရိမ်ခဲ့တယ်။ အဲဒီအခါကျရင် ကျွန်မ တာဝန်ယူရပြီး အဆုံးမှာ ပြစ်မှားမိသူ ဖြစ်သွားမှာ၊ ပြီးတော့ ကျွန်မရဲ့ ပြစ်မှားခြင်းတွေသာ ပွားများလာရင် ကယ်တင်ခံရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာကို စိုးရိမ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကျွန်မက ထွက်ပေါက်တစ်ခု ချန်ထားဖို့ အမြဲ ကြိုးစားခဲ့တယ်၊ ပြီးတော့ ကိုယ့်တာဝန်ကို ဖယ်ရှောင်ဖို့ ဆင်ခြေတွေ ပေးခဲ့တယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော်က ဖော်ထုတ်တဲ့ စဉ်းလဲပြီး လှည့်ဖြားတတ်တဲ့လူ အတိအကျ ဖြစ်နေခဲ့တာပါ။ ဘာတာဝန်ကိုမှ ကျွန်မ လုံးဝ မယူချင်ခဲ့ပါဘူး၊ ကျွန်မမှာ အသိစိတ်၊ ဆင်ခြင်တုံတရား ကင်းမဲ့နေခဲ့တာပါ။ ဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေက ရဲတွေ သိမ်းသွားနိုင်တဲ့ အန္တရာယ်ကို အမြဲ ရင်ဆိုင်နေရပေမဲ့ ကျွန်မက ဒါကို အလေးမထားဘဲ ကိုယ့်အကျိုးစီးပွားကိုပဲ တွေးခဲ့တယ်။ ကျွန်မမှာ ဘယ်လိုနည်းနဲ့များ လူ့သဘာဝရှိခဲ့ပါလိမ့်။ ကျွန်မ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။

နောက်ပိုင်းမှာ ကျွန်မ စပြီး ဆင်ခြင်သုံးသပ်မိတယ်။ “ငါ ဘာလို့ တာဝန်ယူရမှာကို အမြဲ ကြောက်နေတာလဲ။ ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမျိုးက ဒါကို ဖြစ်စေတာလဲ” လို့ပေါ့။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်တယ်။ “လူတို့သည် ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံမီနှင့် သမ္မာတရားကို နားမလည်မီတွင် ၎င်းတို့၏ အတွင်းမှ ချုပ်ထိန်းပြီး လွှမ်းမိုးထားသည်မှာ စာတန်၏ သဘာဝ ဖြစ်သည်။ ထိုသဘာဝတွင် အတိအကျအားဖြင့် မည်သည့်အရာ ပါဝင်သနည်း။ ဥပမာအားဖြင့် အဘယ်ကြောင့် သင်သည် တစ်ကိုယ်ကောင်းဆန်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ကိုယ်ပိုင်အဆင့်အတန်းကို ကာကွယ်ရသနည်း။ အဘယ်ကြောင့် သင်သည် သင်၏ ခံစားချက်များ၏ လွှမ်းမိုးခြင်းကို ဤမျှလောက် ခံရသနည်း။ အဘယ်ကြောင့် သင်သည် ထိုမဖြောင့်မတ်သောအရာများနှင့် ထိုဆိုးယုတ်သောအရာများကို ကြိုက်နှစ်သက်ရသနည်း။ ထိုသို့သောအရာများကို သင် ကြိုက်နှစ်သက်ခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်အရာဖြစ်သနည်း။ ဤအရာများသည် အဘယ်မှ လာသနည်း။ အဘယ်ကြောင့် သင်သည် ၎င်းတို့ကို ကြိုက်နှစ်သက်ပြီး လက်ခံရသနည်း။ ယခုအချိန်တွင် သင်တို့အားလုံး နားလည်လာကြပြီး ဖြစ်သည်၊ အဓိကအကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်များသည် လူ၏ အတွင်း၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်။ ကိစ္စတွေ ကြုံရတဲ့အခါ ကျွန်မ တာဝန်ယူရမှာကို အမြဲ ကြောက်ပြီး ကိုယ့်အကျိုးစီးပွားကို ဦးစားပေး စဉ်းစားခဲ့တာဟာ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်အပေါ် အခြေခံပြီး ကျွန်မ အသက်ရှင်နေထိုင်ခဲ့လို့ပါ။ ပြီးတော့ ဒီအရာတွေက ကျွန်မရဲ့ သဘာဝ ဖြစ်လာခဲ့တယ်။ အတိတ်တုန်းက တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ၊ ဒါမှမဟုတ် ကိစ္စတွေကို ကိုင်တွယ်တဲ့အခါ တစ်ခုခုက ကိုယ့်အတွက် အကျိုးရှိမလား၊ ဒါမှမဟုတ် ကိုယ် တာဝန်ယူဖို့ လိုမလား ဆိုတာကို အရင် စဉ်းစားတယ်။ ကျွန်မတာဝန်မှာတောင်မှ ကျွန်မက အတူတူပါပဲ။ ခေါင်းဆောင်က စာအုပ်တွေ ရွှေ့ရအောင် နေရာရှာဖို့ တာဝန်ပေးတဲ့အခါ ကျွန်မမှာ စိုးရိမ်ပူပန်မှုတွေ ပြည့်နေပြီး အခါခါ ပြန်တွေးနေခဲ့တယ်။ နေရာရှာတွေ့ပြီးရင်တောင်မှ ရွှေ့ပြောင်းနေတုန်း တစ်ခုခု မှားယွင်းသွားရင်၊ ဒါမှမဟုတ် စာအုပ်တွေကို ရဲက သိမ်းသွားရင် ကိုယ်တာဝန်ယူရမှာကို ကြောက်နေခဲ့တာ။ ဒါက ကြီးကြီးမားမား ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ရင် ကျွန်မ ဖြုတ်ချတောင် ခံရနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ထိခိုက်နစ်နာမှု မရှိအောင် ရှောင်ဖို့အတွက် သင့်တော်တဲ့နေရာ ဘယ်မှာမှ မရှာတွေ့နိုင်ဘူးဆိုပြီး ဆင်ခြေပေးတဲ့အပြင် ဒီတာဝန်ကို ဖယ်ရှောင်ခဲ့တယ်။ ရှင်းချန်အသင်းတော်မှာ ယုဒတွေက သူတို့ကို သစ္စာဖောက်လိုက်လို့ အခြေအနေ ဆိုးရွားနေတယ်ဆိုတာ၊ စာအုပ်တွေ ထိန်းသိမ်းထားတဲ့ နေအိမ်တွေကို ရဲတွေ အချိန်မရွေး ဝင်စီးနိုင်တယ်ဆိုတာကို ကျွန်မ ကောင်းကောင်း သိထားခဲ့တယ်။ ဒီလို အရေးကြီးတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ကာကွယ်ဖို့က ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ တာဝန်ဖြစ်တယ်၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ကျွန်မ တတ်နိုင်သမျှ လုပ်သင့်တယ်ဆိုတာကိုလည်း သိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်အကျိုးစီးပွားကိုပဲ စဉ်းစားတယ်၊ တာဝန်ယူရမှာ ကြောက်ပြီး ကိုယ့်တာဝန်ကို ခေါင်းရှောင်ခဲ့တယ်။ ကျွန်မ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး လူ့သဘာဝ ကင်းမဲ့ခဲ့တာပဲ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ အကြွေးတင်သလို အကြီးအကျယ် ခံစားရပြီး ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ်တောင် ပေါက်သွားတယ်။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နောက်ထပ်နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “လူအချို့သည် ဘုရားအိမ်တော်က လူများကို မျှတစွာ ဆက်ဆံနိုင်ကြောင်းကို မယုံကြည်ကြပေ။ သူ၏အိမ်တော်တွင် ဘုရားသခင် အုပ်ချုပ်ကြောင်းနှင့် ထိုနေရာတွင် သမ္မာတရားအုပ်စိုးကြောင်းကို ၎င်းတို့ မယုံကြည်ကြပေ။ လူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ပြဿနာတစ်ခုတက်လာလျှင် ဘုရားအိမ်တော်သည် ထိုလူကို ချက်ချင်း ကိုင်တွယ်လိမ့်မည်ဖြစ်ကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ဖို့ သူ၏အခွင့်အရေးကို ဖြုတ်ချကာ သူ့ကို အခြားသို့ပို့လိမ့်မည် သို့မဟုတ် အသင်းတော်မှပင် သူ့ကို ရှင်းထုတ်ပစ်နိုင်ကြောင်းတို့ကို ၎င်းတို့က ယုံကြည်ကြသည်။ ထိုသည်က အမှန်တကယ် ကိစ္စများ အလုပ်လုပ်သည့်ပုံလော။ ကျိန်းသေမဟုတ်ပေ။ ဘုရားအိမ်တော်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူတိုင်းကို ဆက်ဆံသည်။ ဘုရားသခင်သည် လူတိုင်းအပေါ် ဆက်ဆံရာတွင် ဖြောင့်မတ်သည်။ ဘုရားသည် ဖြစ်ရပ်တစ်ခုတွင် လူတစ်ယောက်၏ ပြုမူပုံပြုမူနည်း တစ်ခုတည်းကိုသာ မကြည့်ပေ။ လူတစ်ဦး၏သဘာဝအနှစ်သာရ၊ ထိုသူ၏ရည်ရွယ်ချက်များ၊ ထိုသူ၏သဘောထားတို့ကို သူကြည့်သည်။ ပြီးလျှင် သူသည် လူတစ်ဦး အမှားလုပ်မိသောအခါ သူ့ကိုယ်သူ ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ခြင်းရှိမရှိ၊ နောင်တရရှိခြင်းရှိမရှိနှင့် ထိုလူသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ပြဿနာ၏ အနှစ်သာရကို ထိုးဖောက်သိမြင်နိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို နားလည်လာနိုင်ခြင်းရှိမရှိ၊ မိမိကိုယ်ကို မုန်းတီးခြင်း ရှိမရှိနှင့် အစစ်အမှန် နောင်တရခြင်းရှိမရှိတို့ကို အထူးသဖြင့် သူကြည့်သည်။ အကယ်၍ လူတစ်ဦးသည် ဤမှန်ကန်သော သဘောထားမရှိဘဲ ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်များနှင့် လုံးဝ ရောထွေးနေပါက၊ စဉ်းလဲသောအကြံအစည်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းများဖြင့် ပြည့်နေပြီး ပြဿနာများ တက်လာသောအခါ ဟန်ဆောင်ခြင်း၊ တစ်ပတ်ရိုက်ခြင်း၊ ပြီးလျှင် ကိုယ့်ကိုယ်ကိုယ် ကျိုးကြောင်းပြပြောဆိုခြင်းနှင့် မိမိ၏လုပ်ရပ်များကို ဝန်ခံပြုဖို့ ခေါင်းမာစွာ ငြင်းဆန်ခြင်းတို့ကို ကျင့်သုံးပါက ထိုကဲ့သို့သောလူတစ်ယောက်ကို ကယ်တင်ဖို့ မဖြစ်နိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြဘဲ လုံးလုံး ထုတ်ဖော်ခံလိုက်ရသည်။ မမှန်ကန်သောလူများနှင့် သမ္မာတရားကို စိုးစဉ်းမျှ လက်မခံသော သူတို့သည် အနှစ်သာရအားဖြင့် မယုံကြည်သူများဖြစ်ကြပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရဖို့သာဖြစ်နိုင်တော့သည်။...ငါ့ကို ပြောလော့။ လူတစ်ဦးသည် အမှားတစ်ခု လုပ်ထားကာ အမှန်တကယ် နားလည်နိုင်စွမ်းရှိပြီး နောင်တရလိုစိတ်ရှိလျှင် ဘုရားအိမ်တော်က ထိုသူကို အခွင့်အရေးတစ်ခု မပေးဘဲ နေမည်လော။ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသို့ ရောက်လာနေပြီ ဖြစ်သည်နှင့်အညီ ထမ်းဆောင်ရန်လိုသည့် တာဝန်များစွာရှိသည်။ သို့သော် သင်သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသကဲ့သို့ မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်လျှင်၊ တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်း ရသော်လည်း တန်ဖိုးထားရမှန်း မသိလျှင်၊ အကောင်းဆုံးအချိန်ကို လွန်သွားစေလျက် သမ္မာတရားကို အနည်းငယ်မျှပင် မလိုက်စားလျှင် သင်သည် ထုတ်ဖော်ခြင်းခံရလိမ့်မည်။ သင်သည် တာဝန်ထမ်းဆောင်ရာတွင် အဆက်မပြတ် ဝတ်ကျေတမ်းကျေပြုလျှင်၊ ပြုပြင်ခံရခြင်းကို ရင်ဆိုင်ရသောအခါ၌ လုံးဝ နာခံခြင်းမရှိလျှင် ဘုရားအိမ်တော်က တာဝန်ထမ်းဆောင်ရန် သင့်ကို အသုံးပြုဦးမည်လော။ ဘုရားအိမ်တော်တွင် အုပ်စိုးသည်မှာ သမ္မာတရားဖြစ်သည်။ စာတန်မဟုတ်ပေ။ ဘုရားသခင်သည် အရာရာအပေါ် အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ လူသားကို ကယ်တင်ခြင်းအမှုကို ပြုနေသည်မှာ သူဖြစ်သည်။ အရာရာအပေါ် အချုပ်အခြာအာဏာ ကိုင်စိုးသူမှာ သူ ဖြစ်သည်။ မည်သည့်အရာက မှန်သည်၊ မှားသည်ဟူ၍ သင့်အနေဖြင့် စိစစ်ရန် မလိုအပ်ပေ။ သင်သည် ကြားနာပြီး ကျိုးနွံနာခံရန်သာ လိုအပ်သည်။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် သမ္မာတရားကို သင်လက်ခံရမည်၊ သင်၏ အမှားများကို ပြုပြင်နိုင်ရမည်။ ဤသို့ သင်လုပ်ဆောင်လျှင် ဘုရားအိမ်တော်သည် သင်၏ တာဝန်ထမ်းဆောင်ခွင့်ကို ဖယ်ရှားမည်မဟုတ်ပေ။ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကို အစဉ် ကြောက်ရွံ့နေလျှင်၊ ဆင်ခြေများ အစဉ်ပေးလျှင်၊ သင့်ကိုယ်သင် အစဉ် ရှင်းချက်ထုတ်ပြလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှပင် သင်လက်မခံကြောင်းနှင့် သင်သည် ကျိုးကြောင်းဆင်ခြင်မှု မရှိကြောင်းကို အခြားသူတို့အား တွေ့မြင်ခွင့်ပေးလျှင်၊ သင်ဒုက္ခရောက်ပြီဖြစ်သည်။ အသင်းတော်သည် သင့်ကို မဖြစ်မနေ ကိုင်တွယ်ရလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လုံးဝ လက်မခံဘဲ ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းကို အစဉ်ကြောက်ရွံ့နေလျှင် သင်၏ ဤအကြောက်တရားသည် လူ့ရည်ရွယ်ချက်နှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြင့် စွန်းထင်းနေသည်။ သံသယ၊ သတိထားကာကွယ်မှုနှင့် မှားယွင်းသော အယူအဆတို့ဖြင့် စွန်းထင်းနေသည်။ ဤအရာများထဲမှ မည်သည့်အရာကမျှ လူတစ်ယောက်၌ ရှိသင့်သည့် သဘောထားများမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကနေ ကျွန်မ မြင်ခဲ့ရတယ်။ တချို့လူတွေက ဘုရားအိမ်တော်ဟာ လူတွေကို မျှမျှတတ ဆက်ဆံနိုင်တယ်လို့ မယုံကြည်ကြဘူး။ ဘုရားအိမ်တော်မှာ ဘုရားသခင် အုပ်စိုးတယ်၊ သမ္မာတရား အုပ်စိုးတယ်ဆိုတာကို သူတို့ မယုံကြည်ကြဘူး။ လူတစ်ယောက်က သူ့တာဝန်မှာ အမှားလုပ်မိရင် ဘုရားအိမ်တော်က သူ့ကို အပြစ်ဒဏ်ပေးမယ်၊ တာဝန်ထမ်းဆောင်ခွင့် ရုပ်သိမ်းမယ်၊ ပြီးတော့ ရှင်းလင်းပစ်မယ်၊ ဒါမှမဟုတ် နှင်ထုတ်မယ်လို့ သူတို့ ထင်ကြတယ်။ တကယ်တော့ ဘုရားအိမ်တော်က လူတိုင်းကို စည်းမျဉ်းတွေနဲ့အညီ ကိုင်တွယ်ပါတယ်။ အခြေအနေ အကြောင်းအရာအပေါ် မူတည်ပြီးတော့၊ ပြီးတော့ ကိစ္စတွေ လုပ်ဆောင်ရာမှာ လူတစ်ယောက်ရဲ့ ရည်ရွယ်ချက်နဲ့ သူ့တာဝန်အပေါ်ထားတဲ့ သဘောထားအပေါ် မူတည်ပြီးတော့ပေါ့။ လူတစ်ယောက်က သူ့တာဝန်ကို ဝတ်ကျေတမ်းကျေ အမြဲ လုပ်နေရင်၊ ကိစ္စတွေမှာ စည်းမျဉ်းတွေကို မရှာဖွေရင်၊ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အားကိုးပြီး တာဝန်ကို အမြဲ ထမ်းဆောင်ရင်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို မရိုမသေနဲ့ တာဝန်မဲ့ပြီး သဘောထားပြုမူတဲ့အပြင် ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးမှုတွေ ဖြစ်စေရင် အဲဒီလိုလူမျိုးတွေကို ပြုပြင်ရုံသာမကဘဲ အရေးယူဆောင်ရွက်ရပါမယ်။ သူတို့က ဒါကို လက်မခံဘဲ ဆက်ပြီး ပြန်ငြင်းခုံမယ်၊ အတိုက်အခံလုပ်မယ်၊ လုံးဝ နောင်တမရဘူးဆိုရင် ဘုရားအိမ်တော်က သူတို့ကို ထိုက်တန်သလို ကိုင်တွယ်ပါလိမ့်မယ်။ ဖြုတ်ချတာ၊ ဒါမှမဟုတ် ရှင်းလင်းပစ်တာမျိုး လုပ်ပါလိမ့်မယ်။ ဒါပေမဲ့ တချို့လူတွေကျတော့ တာဝန်မှာ ပြဿနာတွေ ကြုံရတဲ့အခါ သမ္မာတရားကို ရှာဖွေနိုင်ကြတယ်။ သူတို့ နားမလည်တဲ့အရာ ရှိတဲ့အခါ တခြားသူတွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပြီး ကိစ္စတွေကို ကောင်းကောင်းလုပ်ဖို့ ကြိုးစားကြတယ်။ သူတို့ ပူးပေါင်းဆောင်ရွက်နေစဉ်မှာ ပြဿနာတွေ၊ လမ်းလွဲမှုတွေ ပေါ်ပေါက်နိုင်ပေမဲ့၊ အသင်းတော်အလုပ်ကိုလည်း ဆုံးရှုံးမှုတချို့ ဖြစ်စေခဲ့ရင်တောင်မှ နောက်ပိုင်းမှာ သူတို့ နောင်တရပြီး အပြစ်ရှိသလို ခံစားရတယ်၊ စစ်မှန်တဲ့ နောင်တမျိုး ရရှိကြတယ်။ အဲဒီလိုလူမျိုးတွေကို ဘုရားအိမ်တော်က သူတို့တာဝန်တွေ ထမ်းဆောင်ဖို့ အခွင့်အရေး ပေးနေဦးမှာဖြစ်ပြီး အလွယ်တကူ ဖယ်ရှားရှင်းလင်းမခံရပါဘူး။ ဘုရားအိမ်တော်က လူတိုင်းကို သမ္မာတရား စည်းမျဉ်းတွေအပေါ် အခြေခံပြီး ကိုင်တွယ်ပါတယ်။ မာရှောင်လိုပဲပေါ့၊ သူ ခေါင်းဆောင်ဖြစ်ခဲ့စဉ်တုန်းက အဆင့်အတန်းရဲ့ အကျိုးခံစားမှုတွေကို မွေ့လျော်ခံစားခဲ့တယ်၊ တာဝန်ကို သူလုပ်ချင်သလို အမြဲလုပ်ခဲ့တယ်၊ သမ္မာတရားကို မရှာဖွေခဲ့ဘူး၊ ပြီးတော့ ပူဇော်သက္ကာတွေကို ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ထပ်ခါတလဲလဲ သတိပေးချက်တွေကို သူ လက်မခံခဲ့ဘူး၊ တာဝန်ကို ခေါင်းရှောင်ခဲ့ပြီး အန္တိခရစ် လမ်းကြောင်းအတိုင်း ခေါင်းမာမာ လျှောက်လှမ်းခဲ့တယ်။ ဘုရားအိမ်တော်က စည်းမျဉ်းတွေနဲ့အညီ သူ့ကို အသင်းတော်ကနေ နှင်ထုတ်ခဲ့တယ်။ ဒါက လုံးဝ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းပါပဲ၊ သူ့အတွက် မတရားတာ လုံးဝ မရှိပါဘူး။ အသင်းတော်က သူ့ကို နှင်ထုတ်ခဲ့တာ တစ်ကြိမ်တစ်ခါ ပြစ်မှားခြင်းကြောင့် မဟုတ်ဘဲ သူ့ရဲ့ တစ်သမတ်တည်း လုပ်ဆောင်မှုအပေါ် အခြေခံထားတာပါ။ ကျွန်မလည်း အတိတ်တုန်းက ပြစ်မှားမှုတွေ လုပ်ခဲ့ဖူးပါတယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မ ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် သိမြင်လာတယ်၊ နောင်တရဖို့ စိတ်ဆန္ဒရှိခဲ့တယ်၊ ဒါကြောင့် ဘုရားအိမ်တော်က ကျွန်မကို ကိုယ့်တာဝန်တွေ ထမ်းဆောင်ဖို့ အခွင့်အရေး ပေးခဲ့ပါသေးတယ်။ ဘုရားအိမ်တော်က စည်းမျဉ်းတွေနဲ့အညီ အမြဲ လုပ်ဆောင်တယ်ဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မက သတိထားမှုနဲ့ အထင်လွဲမှုတွေ ရှိတဲ့ အခြေအနေတစ်ခုထဲမှာ အသက်ရှင်နေခဲ့တယ်၊ ဘုရားအိမ်တော်မှာ ဘုရားသခင် အုပ်စိုးတယ်၊ သမ္မာတရား အုပ်စိုးတယ်ဆိုတာကို မယုံကြည်ခဲ့ဘူး။ ကျွန်မတာဝန်တွေမှာ အမှားတစ်ခု လုပ်မိရင် ဖြုတ်ချခံရမယ်၊ ဒါမှမဟုတ် ဖယ်ရှားရှင်းလင်းခံရမယ်လို့ ထင်ခဲ့တယ်။ ဘုရားသခင်က လူတွေကို ဖယ်ရှားရှင်းလင်းချင်လို့ပဲ ထုတ်ဖော်သလိုမျိုးပေါ့။ ဒါက ဘုရားသခင်ကို ပြစ်မှားစော်ကားတာ မဟုတ်ဘူးလား။ ကျွန်မရဲ့ ဒီအခြေအနေကိုသာ မပြုပြင်ရင် အနှေးနဲ့အမြန်ဆိုသလို ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းတာကို ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပါ။

နောက်ပိုင်းမှာ ကျွန်မရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ခဲ့တယ်။ “တာဝန်ထမ်းဆောင်သောသူ အားလုံးအတွက် ၎င်းတို့၏ သမ္မာတရားကို နားလည်မှုသည် မည်မျှ နက်နဲသည်ဖြစ်စေ၊ အပေါ်ယံဆန်သည်ဖြစ်စေ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အရိုးရှင်းဆုံးသော လက်တွေ့လုပ်ဆောင်မှုမှာ အရာရာတိုင်း၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားရန်၊ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ ဂုဏ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးခြင်း ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့ အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ တာဝန်ထမ်းဆောင်သောသူတစ်ဦးသည် ဤမျှလောက်ကိုပင် မလုပ်ဆောင်နိုင်ပါက ၎င်းသည် မိမိ၏ တာဝန်ကို ထမ်းဆောင်နေသည်ဟု မည်သို့ ဆိုနိုင်မည်နည်း။ ယင်းမှာ လူတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း မဟုတ်ပေ။ သင်သည် ဦးစွာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး အသင်းတော်၏ အလုပ်ကို ထည့်သွင်းစဉ်းစားသင့်သည်။ ဤအရာများကို ဦးစားပေး ထားရှိပါ၊ ထို့နောက်မှသာ သင်သည် သင်၏ အဆင့်အတန်း တည်ငြိမ်မှု သို့မဟုတ် အခြားသူများ သင့်ကို မည်သို့ သဘောထားသည်ကို စဉ်းစားနိုင်သည်။ ယင်းကို အဆင့်နှစ်ဆင့်ခွဲ၍ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့်နည်းလမ်းကို ရှာဖွေလိုက်ပါ၊ ဤအရာက အမှုအရာများကို အနည်းငယ် ပိုမိုလွယ်ကူစေသည်ဟု သင်တို့ မခံစားရသလော။ သင်သည် ဤသို့ ခဏတာ လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းသည် ခက်ခဲသောအရာမဟုတ်ကြောင်း သင် ခံစားလာရလိမ့်မည်။ ထို့အပြင် သင်သည် သင်၏ တာဝန်ယူမှုများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ပြီး သင်၏ ဝတ္တရားများနှင့် တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည့်အပြင် သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထား၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏ အလုပ်နှင့် သင် ထမ်းဆောင်သင့်သည့် တာဝန်ကို ဦးစားပေးနိုင်လျှင် ဤသို့ ခဏတာ တွေ့ကြုံခံစားပြီးနောက် ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူခြင်းသည် ကောင်းကြောင်း၊ လူတို့သည် ရိုးသားပြီး ပွင့်လင်းသောပုံစံဖြင့် အသက်ရှင်သင့်ကြောင်း၊ ၎င်းတို့သည် စိတ်ဓာတ်ပျော့ညံ့ပြီး အောက်တန်းကျကာ ယုတ်ညံ့သော တည်ရှိမှုဖြင့် အသက်မရှင်သင့်ဘဲ ထိုအစား ၎င်းတို့သည် တော်ဖြောင့်ပြီး တရားမျှတသင့်ကြောင်း သင် ခံစားရလိမ့်မည်။ ဤသည်မှာ လူတစ်ဦး အသက်ရှင်နေထိုင်သင့်သည့် ပုံသဏ္ဌာန်ဖြစ်သည်ဟု သင် ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဖြည့်ဆည်းလိုသော သင်၏ လိုအင်ဆန္ဒသည် လျော့နည်းသွားလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက အရမ်း ရှင်းလင်းပါတယ်။ ကျွန်မတာဝန်မှာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားရမယ်၊ ကိုယ့်ရဲ့ ကိုယ်ကျိုးဆန္ဒတွေနဲ့ အကျိုးစီးပွားတွေကို ဘေးဖယ်ထားရမယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေနဲ့ ကျွန်မရဲ့ အကျိုးစီးပွား ပဋိပက္ခဖြစ်လာတဲ့အခါ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို အရင် ကာကွယ်ရမယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သန္နိဋ္ဌာန်ချလိုက်တယ်။ “နောက်နောင် ဘုရားအိမ်တော်ရဲ့ အလုပ်နဲ့ပတ်သက်တဲ့ ဘယ်ကိစ္စမှာမဆို ဘယ်လောက်ပဲ ခက်ခဲပါစေ ကျွန်မ ဘုရားသခင်ကို အားကိုးမယ်၊ ဒီအလုပ်ကို တက်တက်ကြွကြွ ကိုင်တွယ်မယ်၊ ပြီးတော့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အကောင်းဆုံး လုပ်ဆောင်မယ်” လို့ပေါ့။

တစ်လကြာတော့ အထက်ခေါင်းဆောင်ဆီက နောက်ထပ်စာတစ်စောင် ရောက်လာတယ်။ ညီအစ်ကိုလေးယောက် နေဖို့ လုံခြုံတဲ့အိမ်နှစ်လုံး ရှာပေးဖို့ပေါ့။ ညီအစ်ကိုနှစ်ယောက်က အန္တရာယ်ရှိနေပြီး နောက်ထပ်ညီအစ်ကိုတစ်ယောက်က ဖမ်းဆီးခံရဖူးတဲ့ မှတ်တမ်းရှိပြီး ဝရမ်းပြေး ဖြစ်နေတယ်။ လုံခြုံတဲ့အိမ်တွေ ပိုရှာရမယ်ဆိုတဲ့ အတွေးက ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြန်ပေါ်လာစေတယ်။ “ငါ ကြီးကြပ်နေတဲ့ အသင်းတော်တွေရဲ့ အခြေအနေတွေက မကောင်းဘူး၊ လုံခြုံတဲ့အိမ် ရှာဖို့က မလွယ်ဘူး။ ငါတို့ရှာတဲ့အိမ်က မလုံခြုံဘဲ ညီအစ်ကိုတွေ ငါတို့ဆီ ရောက်နေတုန်း ဖမ်းခံရရင် ခေါင်းဆောင်က ငါ့ကို တာဝန်ယူခိုင်းမှာ မဟုတ်ဘူးလား။ ဒီမှာ ဘယ်နေရာမှ မရှာနိုင်ဘူး၊ တခြားအသင်းတော်တွေမှာပဲ ရှာခိုင်းပါလားလို့ သူ့ကို ပြောလိုက်သင့်လား” ပေါ့။ ဒီလိုတွေးမိတော့ ကိုယ့်အကျိုးစီးပွားကိုပဲ ပြန်စဉ်းစားနေမိမှန်း သတိပြုမိလိုက်တယ်။ ဒါနဲ့ ဘုရားသခင်ဆီ မြန်မြန် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ အခြေအနေက ဆိုးရွားပြီး အခက်အခဲတွေ အများကြီး ရှိပေမဲ့ သမီးရဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေကို လက်လွှတ်ပြီး လုံခြုံတဲ့အိမ်တွေ ရှာဖို့ စိတ်ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး သမီးကို လမ်းပြပေးပါ” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရသွားတယ်။ “သင်သည် ဦးစွာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး အသင်းတော်၏ အလုပ်ကို ထည့်သွင်းစဉ်းစားသင့်သည်။ ဤအရာများကို ဦးစားပေး ထားရှိပါ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ကျွန်မရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေကို လွှတ်ချပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ဦးစားပေးရမယ်ဆိုတာကိုပေါ့။ ညီအစ်ကိုတွေ နေနေတဲ့ နေရာတွေက အရမ်း အန္တရာယ်များပြီး အချိန်မရွေး ဖမ်းဆီးခံရနိုင်တယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ တာဝန်ယူရမှာ ကြောက်လို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး ဒီညီအစ်ကိုတွေ လုံခြုံအောင် ထားဖို့အတွက် လုံခြုံတဲ့အိမ်တွေကို အချိန်မီ ရှာဖွေဖို့ မကြိုးစားရင် ကျွန်မက လူ့သဘာဝ လုံးဝ ကင်းမဲ့နေမှာပါ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကိုယ့်အကျိုးစီးပွားကိုပဲ အမြဲ စိုးရိမ်ပြီး တာဝန်ယူရမှာ ကြောက်ခဲ့လို့ နောင်တတွေ ရခဲ့တာကိုလည်း ကျွန်မ ပြန်သတိရတယ်။ ဒီတစ်ခါတော့ ဒီအမှားမျိုး ထပ်မလုပ်တော့ပါဘူး။ တကယ်တမ်း ပူးပေါင်းဆောင်ရွက်လိုက်တော့ လုံခြုံတဲ့အိမ်နှစ်လုံး မြန်မြန် ရှာတွေ့ခဲ့ပြီး ညီအစ်ကိုတွေကို ခေါ်လာခဲ့တယ်။

ဒီဖော်ထုတ်မှုကနေတစ်ဆင့် ကျွန်မ ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တယ်၊ လူ့သဘာဝ ကင်းမဲ့ခဲ့တယ်ဆိုတာကို နောက်ဆုံးမှာ မြင်တွေ့ခဲ့ရတယ်။ ကျွန်မမှာ လူ့သဘာဝကောင်း ရှိပြီး အသင်းတော်အလုပ်ကို ကာကွယ်နိုင်တယ်လို့ ထင်ခဲ့ပေမဲ့ ဒီအခြေအနေကတစ်ဆင့် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခံလိုက်ရတယ်။ ဒါကြောင့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် နားလည်ပြီး အပြောင်းအလဲတချို့ လုပ်ခဲ့တာပါ။ ဒါက ကျွန်မအတွက် ဘုရားသခင်ရဲ့ ကြီးမားတဲ့ ကယ်တင်ခြင်းပါပဲ၊ သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာဆိုရင် ကျွန်မ သဘောပေါက်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်၏ တာဝန်က ကျွန်ုပ်၏ တစ်ကိုယ်ကောင်းဆန်မှုကို ဖော်ထုတ်သည်

ကျွန်မ ဗီဒီယိုအလုပ် ကြီးကြပ်ရေးမှူး လုပ်လာတာ နှစ်နှစ်ကျော်ရှိသွားပြီ။ ဟိုတစ်လောကတော့ အလုပ်လိုအပ်ချက်တွေအရ ကျွန်မတို့အဖွဲ့ကို...

ဖျောက်ဖျက်မရတဲ့ နောင်တ

ပန်လီ၊ တရုတ်ပြည်၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလက တစ်နေ့မှာပေါ့၊ အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကျောက်ကျွင်းကို ရဲတွေက ဖမ်းသွားတယ်လို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။