အလုပ်ထုတ်ခံရခြင်းမှ ကျွန်မ သင်ယူရရှိခဲ့သည့်အရာ
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းလက်တွေ့ကျတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနဲ့ ပြုပြင်ခြင်းတို့ကို ခံရပြီးမှသာ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို ပြောင်းလဲနိုင်ပြီး ဘုရားအပေါ် နာခံခြင်းနဲ့ သစ္စာရှိခြင်းကို ရရှိနိုင်တာ။ ကျွန်မက ကိုယ့်တာဝန်တွေကို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အမြဲတမ်း ထမ်းဆောင်လေ့ရှိခဲ့တာ။ အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး အထင်သေးဖွယ်ဖြစ်ခဲ့တယ်။ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို အမြဲတမ်း ကာကွယ်ရင်းပေါ့။ ထုတ်ခံရပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကနေ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် အမှန်တကယ် သိမြင်မှုကို ရရှိခဲ့ပါတယ်။ ကျွန်မနောင်တရပြီး ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ရွံရှာခဲ့တယ်။ ကျွန်မ တခြားတာဝန်တစ်ခုရတော့ အရင်ကထက် ပိုကောင်းအောင်လုပ်ခဲ့တယ်။
အရင်သြဂုတ်လတုန်းက အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်မအရွေးခံရတယ်။ ညီအစ်ကိုမောင်နှမတချို့နဲ့အတူ အသင်းတော်အလုပ်ကို တာဝန်ယူခဲ့ရတာ။ ကျွန်မက အဓိကအားဖြင့် ရေလောင်းပေးတဲ့အလုပ်ကို လိုက်ကြီးကြပ်ပြီး အသင်းတော်ပရောဂျက်တွေအတွက် ဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်း ပါဝင်ခဲ့တယ်။ တာဝန်တွေကို ကျွန်မတို့ ခွဲယူခဲ့တယ်။ ဒါပေမဲ့ အသင်းတော်အလုပ်က ကျယ်ပြန့်တဲ့အလုပ်တစ်ခုဖြစ်တယ်၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ဖို့အတွက် ညီအစ်ကိုမောင်နှမတွေနဲ့အတူ ပူးပေါင်းလုပ်ကိုင်ရမယ်ဆိုတာကို ကျွန်မသိခဲ့တယ်။ အစတော့ ကျွန်မက အပတ်စဉ်အစည်းအဝေးတွေမှာ တကယ်အာရုံစိုက်တယ်။ ဆွေးနွေးမှုတွေမှာ တက်တက်ကြွကြွပါဝင်ပြီး အကြံပြုချက်တွေ တင်ပြခဲ့တယ်။ နောက်တော့ အောက်တိုဘာလတွင်း တစ်ရက်မှာ အချိန်မီ ကျွန်မလိုက်မကြီးကြပ်တာကြောင့် လူသစ်တွေကို ရေလောင်းပေးဖို့ ကိစ္စက နှောင့်နှေးလုနီးပါးဖြစ်သွားရော။ အထက်ပိုင်းက ကျွန်မကို ခပ်ကြမ်းကြမ်းပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာစဉ်းစားမိတယ်။ ငါ့အလုပ်မှာ ပြဿနာတစ်ခုရှိတာကြောင့် ငါက ကိုင်တွယ်ဖြေရှင်းခံရတာပဲ။ နောက်ထပ်ပြဿနာတွေပေါ်လာရင် ခေါင်းဆောင်တွေက ငါ့အကြောင်းသိမှာ၊ လက်တွေ့အလုပ်ကို ငါမလုပ်နိုင်ဘူးလို့ပြောကြပြီး ငါထုတ်ခံရမှာပဲ။ ဒါဆိုရင် ငါ့မျက်နှာကို နောက်ထပ် ဘယ်လိုပြရမလဲ။ ဘယ်သူက ငါ့ကို အထင်ကြီးမှာလဲ။ မဖြစ်ဘူး။ ငါတာဝန်ယူရတဲ့အလုပ်မှာ ပိုပြီး အားစိုက်ရမယ်။ နောက်ထပ်အမှားလုပ်လို့ မဖြစ်ဘူးပေါ့။
အချိန်ကြာလာတော့ ကျွန်မတာဝန်ရဲ့ နယ်ပယ်က ကျယ်ပြန့်လာတယ်။ ကျွန်မက တချို့ဟာတွေမှာ မကျွမ်းကျင်ဘူး။ ဒါကြောင့် အသားကျလာအောင် အချိန်နဲ့ အင်အားတွေ အများကြီးလိုခဲ့တယ်။ ဒါပေမဲ့ အစည်းအဝေးတိုင်းမှာ ဆွေးနွေးဖို့လိုအပ်တဲ့ နည်းဗျူဟာပိုင်းဆုံးဖြတ်ချက်တွေက အများကြီးရှိပြီး ဒီအပေါ်မှာ အချိန်တွေ အများကြီးကုန်နေတယ်။ အချိန်ကြာလာရင် ဒါက ကျွန်မတာဝန်ရှိတဲ့အလုပ်အပေါ် ထိခိုက်လာနိုင်မလားဆိုတာ ကျွန်မ တွေးမိတယ်။ ကျွန်မတာဝန်ယူရတဲ့အလုပ်က ထိရောက်မှုမရှိဘဲ ပြဿနာတွေပိုဖြစ်လာရင် ကျွန်မက သေချာပေါက် ထုတ်ခံရမှာပဲ။ ဒါဆိုရင် သူများတွေက ကျွန်မကို ဘယ်လိုထင်ကြမလဲ။ တခြားလူတွေက တခြားအသင်းတော်ပရောဂျက်တွေကို လိုက်ကြီးကြပ်နေကြတာမဟုတ်ဘူးလားပေါ့။ သူတို့က သူတို့ဆွေးနွေးတာတွေကို လုပ်လို့ရတယ်၊ ဒါပေမဲ့ ကျွန်မကတော့ အလုပ်တွေအများကြီးရှိနေတယ်လို့ ကျွန်မ စဉ်းစားမိတယ်။ နောက်ပြီးတော့ သူတို့အလုပ်ကို သူတို့ပြီးတာက ကျွန်မနဲ့ဘာမှမဆိုင်ဘူး။ အဲဒါကြောင့် ကျွန်မက ဘာချီးကျူးတာမှ ခံရမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မနယ်ပယ်အတွင်းမှာရှိတဲ့ ပြဿနာတွေအတွက် ကျွန်မက တိုက်ရိုက်တာဝန်ယူရမယ်။ ဒါကြောင့် ကျွန်မရဲ့ ကိုယ်ပိုင်တာဝန်တွေကိုပဲ ဂရုစိုက်သင့်တယ်ပေါ့။ အဲဒီနောက်မှာတော့ ကျွန်မတာဝန်ယူထားရတဲ့ အဓိကအလုပ်အပေါ် အချိန်နဲ့အားကို ပိုထည့်ပြီး တခြားအလုပ်ကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို မှတ်ယူခဲ့တယ်။ ကျွန်မအလုပ်နဲ့ ပတ်သက်တဲ့ ဘယ်အရာမဆိုအပေါ် ကျွန်မအမြင်ကို ပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီနယ်ပယ်အပြင်က ကိစ္စတွေနဲ့ပတ်သက်လာရင် ကျွန်မရဲ့ ကိုယ်ပိုင်တာဝန်တွေနဲ့ပဲ လုံးပန်းနေခဲ့တယ်။ ဆွေးနွေးတာတွေကို သေချာနားမထောင်ခဲ့ဘူး။ ဒါကြောင့် ဆုံးဖြတ်ချက်အပေါ် ကျွန်မရဲ့ရပ်တည်ချက် လိုအပ်လာတဲ့အခါမှာ တခြားလူတိုင်းလိုပဲ ဖြစ်ခဲ့ပါတယ်။ အရေးကြီးတဲ့ကိစ္စတွေကို အမြန်ဆွေးနွေးဆုံးဖြတ်ဖို့လိုတဲ့အခါမှာ အဲဒါတွေက ကျွန်မတာဝန်နဲ့ မသက်ဆိုင်တာကို မြင်တာနဲ့ ကျွန်မလျစ်လျူရှုပြီး ဥပေက္ခာပြုလိုက်တယ်။
အချိန်နည်းနည်းကြာတော့ တချို့ကိစ္စတွေက သေချာကြည့်ပေးတာ မခံရဘဲ ညီအစ်ကိုမောင်နှမတွေက ခေါင်းဆောင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းတာခံရတယ်လို့ သူတို့ဆီကနေ ဆက်တိုက်ကြားလာရတယ်။ ပြီးတော့ အမှုထမ်းစီစဉ်မှုတွေကလည်း စည်းမျဉ်းတွေနဲ့ မကိုက်ညီဘဲ ဘုရားအိမ်တော်ရဲ့အလုပ်အတွက် ဆုံးရှုံးမှုတွေ ဖြစ်တယ်တဲ့။ တချို့ကိစ္စတွေမှာ လူတိုင်းက ဆုံးဖြတ်ပြီး အဆုံးသတ်ပေးဖို့လိုတယ်။ အဲဒါတွေကို ကောင်းကောင်းမွန်မွန် မကိုင်တွယ်ထားတော့ နောက်ဆုံးမှာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေခဲ့တယ်။ ပြီးတော့လည်း အသင်းတော်အတွက် ပစ္စည်းတွေဝယ်တာကို သေချာမကိုင်တွယ်တာကြောင့် ရလဒ်အနေနဲ့ လှူဖွယ်ဝတ္ထုတွေ ဆုံးရှုံးရတယ်။ ဒီလိုမျိုးတွေက ဆက်ဖြစ်နေတာ။ ကျွန်မက ကျွန်မအလုပ်မှာ ပြဿနာအကြီးစားတွေမရှိတာ ကောင်းတယ်လို့ တွက်မိတယ်။ စုံစမ်းစစ်ဆေးခံရရင် ကျွန်မခေါင်းပေါ်ကျလာမှာမဟုတ်ဘူးလေ။ ဒါကတော့ အချိန်အတော်ကြာ ကျွန်မတာဝန်အပေါ်မှာ ကျွန်မထားခဲ့တဲ့ တာဝန်မယူတဲ့ သဘောထားမျိုးပါပဲ။ ပြီးတော့ ဒီအပေါ်မှာ ဘာအမှားမှ ကျွန်မ မမြင်ခဲ့ဘူး။ တစ်နေ့မှာတော့ ကျွန်မနဲ့အတူလုပ်ခဲ့တဲ့ အစ်မတစ်ယောက်က ကျွန်မကို လာတွေ့ပြီးတော့ ပြောတယ်။ ကျွန်မက ကျွန်မတာဝန်မှာ ဝန်တာမထားဘူး၊ အမြင်ဖြန့်ပြီး မကြည့်ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်အလုပ်ကိုပဲ အာရုံစိုက်နေပြီး ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အားတက်သရော ပါဝင်တာမျိုး မရှိဘူးတဲ့။ ဒါက အန္တရာယ်ရှိပြီး ဒါကို မပြောင်းလဲပစ်ရင် အနှေးနဲ့အမြန် ကျွန်မဖယ်ရှားခံရမှာပဲလို့ ပြောတယ်။ ကျွန်မက ကိုယ့်တာဝန်အပေါ် သဘောထားကို နှံ့နှံ့စပ်စပ် ဆင်ခြင်သုံးသပ်သင့်တယ်လို့ သူကပြောတယ်။ သူမိတ်သဟာယဖွဲ့ပြီးနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်သေးဘူး။ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် အကြောင်းပြချက်ပေးလိုက်တယ်။ “ကျွန်မဒုက္ခခံနေတာတွေအားလုံးကို အစ်မ မမြင်ဘူးလား။ ဒီအလုပ်ကို ကောင်းကောင်းလုပ်ဖို့ သိပ်ကြိုးစားရတာ။ ကျွန်မတာဝန်ရှိတဲ့အလုပ်မှာ ပြဿနာတွေတက်ရင် ကျွန်မပဲ ခေါင်းခံရမှာ။ ဒါဆိုရင် သူများတွေက ကျွန်မကို ဘယ်လိုထင်မလဲ။ ကျွန်မက မလုပ်မကိုင်တတ်ဘူး၊ လက်တွေ့အလုပ်ကို မလုပ်နိုင်ဘူးလို့ ထင်ကြမှာပေါ့။ နောက်ပြီးတော့ အဲဒီတခြားအလုပ်တွေအတွက် ဘယ်သူကမှ တာဝန်မရှိဘူးလား။ ဒီဆုံးဖြတ်ချက်တွေမှာ ကျွန်မပါဝင်တာက ဘာမှသက်ရောက်မှုမရှိပါဘူး” ဆိုပြီးတော့လေ။ ဒါပေမဲ့ အသင်းတော်ရဲ့အလုပ်အားလုံးအပေါ် ကျွန်မရဲ့ ဂရုမစိုက်မှုနဲ့ တာဝန်မယူမှုကြောင့်၊ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ်မဆင်ခြင်တာကြောင့် ဘုရားသခင်ရဲ့ အမျက်ဒေါသက မကြာခင်မှာ ကျွန်မအပေါ် ကျရောက်လာရော။ အခုနှစ် ဇန်နဝါရီလမှာ ခေါင်းဆောင်တစ်ယောက်က ကျွန်မဆီရောက်လာပြီး ပြောတယ်။ “ညီအစ်ကို မောင်နှမတွေကပြောတယ်။ အစ်မက အစ်မတာဝန်မှာ ဝန်မထမ်းဘူးတဲ့။ ဆွေးနွေးမှုတွေ၊ ဆုံးဖြတ်ချက်တွေမှာ အစ်မက အစ်မအမြင်ကို ဖော်ပြတာရှားတယ်၊ အခြေအမြစ်ရှိတဲ့ အကြံပြုချက်တွေကို မတင်ပြဘူး၊ အသင်းတော်အလုပ်အပေါ် တာဝန်ယူမှုတစ်စက်မှ မရှိဘူးတဲ့။ ဆွေးနွေးပြီးတဲ့နောက်မှာ အစ်မကို ထုတ်သင့်တယ်လို့ လူတိုင်းက ဆုံးဖြတ်ကြတယ်” တဲ့။ ခေါင်းဆောင်ပြောတာ နားထောင်ရင်းနဲ့ ကျွန်မဖြင့် လဲကျသွားလုမတတ် လုံးဝ မူးဝေသွားတာ။ ကျွန်မ စဉ်းစားမိတယ်။ “ငါ့ကို ဘယ်လိုလုပ်ပြီး ဒီလိုထုတ်ပစ်နိုင်ရတာလဲ။ အသင်းတော်ရဲ့အလုပ်အားလုံးမှာ ငါသိပ်မပါဝင်ပေမဲ့ ငါ့ရဲ့ ကိုယ်ပိုင်တာဝန်တွေနဲ့ နေ့တိုင်း လုံးဝမအားမလပ်နဲ့ အများကြီး ဒုက္ခခံခဲ့တာပဲ။ ငါဝန်မထမ်းဘူးလို့ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ။ ငါ့အလုပ်ကို ပြဿနာမရှိဘဲ ပြီးအောင်လုပ်နေတာနဲ့တင် မလုံလောက်ဘူးလား” ပေါ့။ နည်းနည်းကြာတဲ့အထိ ဒီရလဒ်ကို ကျွန်မလက်မခံနိုင်ဘူး။ ဒါပေမဲ့လည်း ဘုရားသခင်လုပ်သမျှက ကောင်းမွန်ပြီး ကျွန်မကသာ သဘောမပေါက်တာပါလို့ ယုံကြည်နေတုန်းပါပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး သိဖို့အတွက် ဘုရားကို ဆုတောင်းပြီး သူ့ရဲ့လမ်းပြမှုကို ရှာဖွေခဲ့တယ်။
တစ်ခါတော့ ကျွန်မကို သိပ်တို့ထိတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ “အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးတို့သည် လူတစ်ဦး၏ လူ့သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သင့်သည်။ ယင်းတို့နှစ်ခုလုံးသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ ဖြစ်သည်၊ ညံ့ဖျင်းသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ဤအရာကို သေချာစွာ စိစစ်ကြစို့။ ဤလူသည် လူ့သဘာဝ မရှိဟု လူတို့ပြောဆိုသည်အထိ ဤလူသည် မည်သည့် ပျောက်ဆုံးသော လူ့သဘာဝကို ပြသနေသနည်း။ ထိုသို့သော လူများသည် မည်သည့် ထူးခြားသော လက္ခဏာရပ်များ ပိုင်ဆိုင်ကြသနည်း။ ၎င်းတို့သည် မည်သည့် သရုပ်သကန်များ အတိအကျကို ပြကြသနည်း။ ထိုသို့သော လူတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကိုလည်း အရေးထားခြင်း မပြကြပေ။ ဘုရားသခင်အတွက် သက်သေခံခြင်း သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။...၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ရာတွင် ပြဿနာကို သိမြင်သောအခါ ဆိတ်ဆိတ်နေသော သူတို့ပင် ရှိကြသည်။ ၎င်းတို့သည် အခြားသောသူတို့က နှောင့်ယှက်ခြင်းများနှင့် အတားအဆီးများ ဖြစ်စေလျက်ရှိကြသည်ကို တွေ့မြင်သော်လည်း၊ ထိုသူတို့ကို တားဆီးရန် မည်သည့်အရာမျှ မလုပ်ဆောင်ကြချေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးတို့ကို အနည်းဆုံး ထည့်သွင်းစဉ်းစားခြင်း မရှိသည်သာမက ၎င်းတို့ကိုယ်တိုင်၏ ဝတ္တရားများနှင့် တာဝန်များနှင့် ပတ်သက်၍လည်း မစဉ်းစားကြချေ။ ၎င်းတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဝင့်ဝါမှု၊ သိက္ခာ၊ ရာထူး၊ အကျိုးများနှင့် ဂုဏ်သရေတို့အတွက်သာ ပြောဆို၊ လုပ်ဆောင်၊ ထင်ပေါ်၊ အားထုတ်ကြိုးပမ်းကာ အားအင်ကို အသုံးပြုကြသည်။ ထိုသို့သော လူတစ်ဦး၏ လုပ်ရပ်များနှင့် အကြံများသည် အယောက်တိုင်းဖို့ သိသာ ထင်ရှားပေသည်- ၎င်းတို့သည် ဂုဏ်အတွက် သို့မဟုတ် ကောင်းချီးမင်္ဂလာအချို့ မွေ့လျော်ခံစားဖို့ အခွင့်အရေးတစ်ခု ရှိသည့်အခါတိုင်း ထွက်ပေါ်လာကြလေသည်။ သို့သော်၊ ဂုဏ်အတွက် အခွင့်အရေး မရှိသည့်အခါ သို့မဟုတ် ဆင်းရဲဒုက္ခ အချိန်ကာလတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက်၊ လိပ်တစ်ကောင်က မိမိခေါင်းကို ပြန်သွင်းသကဲ့သို့၊ မြင်ကွင်းမှ ကွယ်ပျောက်သွားကြလေသည်။ ဤလူစားမျိုးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိပါသလော။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော ဤသို့ ပြုမူသည့် လူတစ်ဦးသည် မိမိကိုယ်ကိုယ် အပြစ်တင်မှု ခံစားရသလော။ ဤလူစားမျိုး၏ အသိစိတ်သည် မည်သည့်ရည်ရွယ်ချက်ကိုမျှ မဖြည့်ဆည်းပေးသကဲ့သို့၊ မိမိကိုယ်ကိုယ် ပြစ်တင်မှုအား လုံးဝ မခံစားကြဖူးပေ။ သို့ဆိုလျှင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြစ်တင်မှု သို့မဟုတ် ဆုံးမပဲ့ပြင်မှုကို ၎င်းတို့ ခံစားနိုင်သလော။ မခံစားနိုင်ပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ကျွန်မဖတ်လေလေ၊ ပိုပြီး စိတ်ကြေကွဲရလေလေပဲ။ ကျွန်မက ဘုရားဖော်ပြတဲ့အတိုင်း အတိအကျဖြစ်နေတာ။ ကိုယ့်တာဝန်အပေါ် ကျွန်မအာရုံမစိုက်ဘူး၊ အဖက်မလုပ်ဘူး။ ကျွန်မတာဝန်ပြင်ပက ဘယ်အရာကိုမှ အာရုံမစိုက်တာ။ ကျွန်မရဲ့ ကိုယ်ပိုင်အလုပ်ကိုပဲ အာရုံစိုက်ခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုရချင်တဲ့ ကျွန်မရဲ့ ဆန္ဒပြည့်မပြည့်ကိုပဲ ထည့်စဉ်းစားခဲ့တယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ကို လုံးဝ မကာကွယ်ပေးခဲ့ဘူး။ အဲဒီအချိန်ကို ပြန်စဉ်းစားကြည့်တော့ လူတိုင်းက ဆုံးဖြတ်ချက်ချဖို့ ဆွေးနွေးနေကြတုန်းမှာ ကျွန်မရဲ့ ကိုယ်ပိုင်တာဝန်ပြင်ပက အောင်မြင်မှုတိုင်းက ကျွန်မအမြင်ကောင်းအောင် ကူညီပေးမှာမဟုတ်ဘူး၊ အဲဒါကို ကောင်းကောင်းမကိုင်တွယ်မိခဲ့ရင် အပြစ်က ကျွန်မအပေါ် ကျလာမှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ အဲဒါကြောင့် ကျွန်မက ရှောင်လို့ရတယ်ဆိုရင် ဝင်မပါခဲ့ဘူး။ ကျွန်မက လူတိုင်းနဲ့အတူလိုက်လုပ်လိုက်ပြီး အပေါ်ယံပဲလုပ်ခဲ့တယ်။ ဒါက ဂရုမစိုက်တာ၊ တာဝန်ယူမှုမရှိတာပါ။ ကိုယ့်တာဝန်နယ်ပယ်အတွင်းက အလုပ်မှာတော့ သိပ်လုံ့လရှိပြီး အလုပ်ကြိုးစားခဲ့တယ်။ ပြဿနာတစ်ခုရှိရင် ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရမှာကို၊ ထုတ်ပယ်ခံရပြီး လုံးဝ သိက္ခာချခံရမှာကို ကြောက်လို့ပေါ့။ ကျွန်မရဲ့ ကိုယ်ပိုင်အလုပ်ကို ကောင်းကောင်းဂရုစိုက်ပြီး သူများအပေါ် ကျွန်မရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် ဆုံးဖြတ်ချက်ချတာကို ကရိကထတစ်ခုလို၊ အချိန်ဖြုန်းတာလို မှတ်ယူပြီး ကျွန်မရဲ့ ကိုယ်ပိုင်အလုပ်ကို မပြီးအောင်တားနေတယ်လို့ မှတ်ယူခဲ့တယ်။ ကျွန်မအပြုအမူကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မတာဝန်ထမ်းတဲ့နောက်ကွယ်က ရည်ရွယ်ချက်ဟာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်စေဖို့ဖြစ်ပြီး ကျွန်မဒုက္ခခံတာတွေအားလုံးက ကိုယ့်အတွက်ပဲဆိုတာ ကျွန်မမြင်ခဲ့တယ်။ အလုပ်အားလုံးကို၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ဘယ်ဝန်တာကိုမှ၊ ဘယ်တာဝန်သိတတ်စိတ်ကိုမှ ကျွန်မ မယူခဲ့ဘူး။ ကျွန်မက လူ့သဘာဝကင်းမဲ့ပြီး ဒီလိုအရေးကြီးတဲ့ စေခိုင်းချက်နဲ့ လုံးဝ မထိုက်တန်တာပါ။ ကျွန်မအထုတ်ခံရတာကို အဲဒီအချိန်မှာပဲ ကျွန်မ အပြည့်အဝ လက်ခံလိုက်တယ်။ ကျွန်မရဲ့ လုပ်ရပ်တွေက ဘုရားအလိုတော်နဲ့ မညီဘူးဆိုတာ ကျွန်မသတိပြုမိပေမဲ့ ကိုယ့်သဘာဝကို ကျွန်မနားမလည်သေးသလို ဘယ်အရာအတိအကျကြောင့် ကိုယ့်တာဝန်အတွက် ဝန်တာမထားဘဲ ဖြစ်နေရသလဲဆိုတာ ကျွန်မ မသိခဲ့ဘူး။ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို စွဲလန်းနေပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို လုံးဝ လျစ်လျူရှုခဲ့တာပါ။ အဲဒီနောက်တော့ ဒီပြဿနာကို ဘုရားရှေ့ယူလာပြီး ဆုတောင်းလိုက်တယ်။ ကျွန်မရဲ့ စိတ်နှလုံးအတွင်းထဲကနေ ကိုယ့်ကိုယ်ကိုယ် မုန်းတီးနိုင်ဖို့အတွက် ကျွန်မပြဿနာရဲ့ အရင်းအမြစ်နဲ့ အဖြစ်အနေကို သိဖို့၊ ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို သိဖို့အတွက် ဦးဆောင်ပေးပါဆိုပြီး ဘုရားသခင်ကို တောင်းလျှောက်ခဲ့တယ်။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရွတ်ပြတဲ့ ဗီဒီယိုတစ်ခုကို ကျွန်မ တွေ့ခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အရှက်မရှိခြင်းထက်သာလွန်သည့်— အန္တိခရစ်တစ်ဦး၏ လူ့သဘာဝဆိုင်ရာ နောက်ထပ် ဝိသေသလက္ခဏာတစ်ခုမှာ— ထူးထူးခြားခြား တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း ဖြစ်ပေသည်။ ၎င်းတို့သည် မည်မျှ တစ်ကိုယ်ကောင်းဆန်သနည်း။ ပြီးလျှင် ဤတစ်ကိုယ်ကောင်းဆန်ခြင်း၏ တိုက်ရိုက် အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ အဘယ်နည်း။ ၎င်းတို့၏အကျိုးစီးပွားနှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို ၎င်းတို့၏အာရုံစိုက်ခြင်းကို အပြည့်အဝ ရလေသည်။ ၎င်းတို့သည် ယင်းအတွက် ဒုက္ခခံလိမ့်မည်၊ အဖိုးအခပေးဆပ်လိမ့်မည်၊ ယင်း၌ အာရုံနစ်မွန်းနေလိမ့်မည်၊ ယင်း၌ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံထားလိမ့်မည်။ ယင်းတို့နှင့်မသက်ဆိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့က လျစ်လျူရှုပြီး သတိပြုမိမည် မဟုတ်ချေ။ အခြားသူများက မိမိတို့သဘောရှိ လုပ်ဆောင်နိုင်သည်— တစ်စုံတစ်ဦးက သဘောထားကွဲစေခြင်း၊ သို့မဟုတ် အနှောင့်အယှက် ဖြစ်စေခြင်းကို ၎င်းတို့ ဂရုမစိုက်ကြပေ။ ပါးနပ်စွာဆိုရလျှင်၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ကိစ္စကိုသာ စိတ်ဝင်စားသည်။ သို့ရာတွင် ဤလူစားမျိုးသည် ယုတ်မာသည်၊ ရွံစရာကောင်းပြီး စိတ်ပျက်စရာကောင်းသည်ဟုဆိုလျှင် သာ၍ မှန်ကန်တိကျပေသည်။ ၎င်းတို့ကို ‘တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်’ ဟု ငါတို့ သတ်မှတ်ကြသည်။ အန္တိခရစ်တို့ လူ့သဘာဝ၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့က မည်သို့ သူ့ဘာသာ ပေါ်လွင်သနည်း။ တစ်စုံတစ်ခုသည် ၎င်းတို့၏ဂုဏ်အဆင့်အတန်း၊ သို့မဟုတ် နာမည်ဂုဏ်သတင်းတို့နှင့် ပတ်သက်ပါက မည်သို့လုပ်ဆောင်ရမည်၊ သို့မဟုတ် မည်သို့ပြောဆိုရမည်ကို ၎င်းတို့ ဦးနှောက်ခြောက်ခံ စဉ်းစားသည်၊ ဟိုသည် ပြေးလွှား အလုပ်ရှုပ်နေခြင်းကို မရပ်တန့်ဘဲ၊ ဆင်းရဲဒုက္ခကို ဝမ်းမြောက်စွာ ခံယူလေသည်။ သို့ရာတွင် ဘုရားအိမ်တော်၏ အလုပ်နှင့် အခြေခံသဘောတရားတို့နှင့် ဆက်နွှယ်ပါက— ဆိုးယုတ်သော လူများက နှောင့်ယှက်ပြီး ဝင်ရောက်စွက်ဖက်ကာ၊ မကောင်းမှုမျိုးစုံကို ကျူးလွန်ပြီး အသင်းတော်၏အလုပ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေလျှင်ပင်— ၎င်းတို့က မတုန်မလှုပ်နှင့် အရေးမစိုက်ဘဲ ရှိမြဲရှိသည်မှာ ယင်းက ၎င်းတို့နှင့် မည်သည့်အရာမျှ မသက်ဆိုင်သည့်အလားပင် ဖြစ်လေသည်။ ပြီးလျှင် တစ်စုံတစ်ဦးက ဤအရာကို သိရှိသွားပြီး ယင်းကို ဖော်ထုတ်ပါက မည်သည့်အရာကိုမျှ မမြင်ခဲ့မိကြောင်း ၎င်းတို့ပြောဆိုကာ မသိနားမလည်ယောင် ဆောင်လေသည်။ လူများက ၎င်းတို့ကို တိုင်ကြားပြီး ၎င်းတို့မည်သူဖြစ်သည်ကို ဖော်ထုတ်သည့်အခါ ၎င်းတို့က ထောင်းခနဲ ဒေါသထွက်ကြသည်။ တုံ့ပြန်ဖို့ နည်းလမ်းကို ဆွေးနွေးရန် အစည်းအဝေးများကို ကမန်းကတန်း ပြုလုပ်ကျင်းပသည်၊ ၎င်းတို့၏ နောက်ကွယ်တွင် မည်သူက လျှို့ဝှက်ကြံစည်ကြောင်း၊ ဂိုဏ်းခေါင်းဆောင်မှာ မည်သူဖြစ်ကြောင်း၊ ပါဝင်ပတ်သက်သည့်သူမှာ မည်သူဖြစ်ကြောင်း စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်သည်။ ၎င်းတို့သည် ယင်း၏အကြောင်းရင်းကို မသိရမချင်း၊ ထိုကိစ္စကို လုံးလုံးလျားလျား မဖြေရှင်းပြီးမချင်း အိပ်မည် မဟုတ်ချေ၊ သို့မဟုတ် စားမည် မဟုတ်ချေ။ တစ်ခါတစ်ရံတွင် ၎င်းတို့ကို စွပ်စွဲသူ၏ အပေါင်းပါများအားလုံးကိုပါ ဖြိုဖျက်ပြီးသည့်အခါမှသာ ၎င်းတို့ ဝမ်းမြောက်နိုင်သည့် အခြေအနေမျိုးပင် ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန်ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော် အလုပ်ကို လုပ်ဆောင်နေခြင်း ဖြစ်သလော။ ၎င်းတို့သည် မိမိတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့အတွက် ပြုမူနေခြင်းသက်သက်သာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့မည်သည့်အလုပ်ကို တာဝန်ယူဆောင်ရွက်ပါစေ၊ အန္တိခရစ်တစ်ဦးဖြစ်သည့် လူစားမျိုးသည် ဘုရားအိမ်တော်၏အကျိုးစီးပွားကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများ ထိခိုက်ခြင်း ရှိမည် မရှိမည်ကိုသာ ၎င်းတို့ ဆင်ခြင်တွေးတောသည်၊ ၎င်းတို့ရှေ့တည့်တည့်တွင် ရှိသည့် လုပ်ငန်းဆောင်တာများကိုသာ တွေးသည်။ ဘုရားအိမ်တော်၏အလုပ်နှင့် အသင်းတော်အလုပ်သည် ၎င်းတို့၏အချိန်ပိုတွင် ၎င်းတို့ လုပ်ဆောင်သည့် အရာတစ်ခုသာ ဖြစ်ပြီး လုပ်ဆောင်သမျှ အရာတိုင်းအတွက် ၎င်းတို့ကို နှိုးဆော်ပေးဖို့ လိုအပ်သည်။ ၎င်းတို့ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ခြင်းသည် ၎င်းတို့၏ တကယ့် မွေးရာပါတာဝန် ဖြစ်သည်၊ ၎င်းတို့လုပ်ဆောင်လိုသည့်အရာများသည် တကယ့်စီးပွားရေးလုပ်ငန်းဖြစ်၏။ ၎င်းတို့အမြင်တွင် ဘုရားအိမ်တော်က စီစဉ်ပေးသည့် မည်သည့်အရာမဆို၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသူများ၏ အသက်ဝင်ရောက်မှုနှင့်ဆက်နွှယ်သည့် မည်သည့်အရာမဆိုသည် အရေးမပါပေ။ အခြားလူများသည် မိမိတို့၏အလုပ်၌ မည်သည့်အခက်အခဲများ ရှိပါစေ၊ ၎င်းတို့ မည်သည့်ပြဿနာများကို ဖော်ထုတ်ပါစေ၊ ၎င်းတို့၏စကားများ မည်မျှ ရိုးသားစစ်မှန်ပါစေ၊ အန္တိခရစ်တို့သည် အရေးမထားကြပေ၊ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိပေ၊ ဤအရာက ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင် ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ကိစ္စများကို လုံးလုံး စိတ်မဝင်စားပေ၊ ဤအရေးကိစ္စများ မည်မျှအဓိကကျပါစေ စိတ်မဝင်စားပေ။ ပြဿနာက ၎င်းတို့၏ရှေ့တည့်တည့်တွင် ရှိလျှင်ပင်၊ ၎င်းတို့က ယင်းကို အင်တင်တင်နှင့် ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်လေသည်။ အထက်က တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရပြီး ပြဿနာကို ဖြေရှင်းဖို့ အမိန့်ပေးခံရသည့်အခါမှသာလျှင် ၎င်းတို့က တကယ့်အလုပ်အနည်းငယ်ကို ဆောင်ကြီးအောင့်ကြီး လုပ်မည် ဖြစ်ပြီး အထက်ကမြင်ဖို့အတွက် တစ်ခုခုကို ပေးလိမ့်မည်။ မကြာမီတွင် ၎င်းတို့က မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြလိမ့်မည်။ အသင်းတော်၏အလုပ်အပေါ်၊ ပို၍ကျယ်ပြန့်သော အခြေအနေ၏ အရေးပါသော အရာများအပေါ် ၎င်းတို့ စိတ်မဝင်စားဘဲ သတိမမူမိကြပေ။ ၎င်းတို့ရှာတွေ့သည့် ပြဿနာများကိုပင် ၎င်းတို့ လျစ်လျူရှုကြသည်၊ မေးခံရသည့်အခါ ကွေ့လည်ကြောင်ပတ် လုပ်ကာ၊ အလွန် မလိုလားမှုဖြင့်သာ ကိုင်တွယ်လေသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)”) ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ခြင်းကို ရင်ဆိုင်ရတာဟာ စိတ်ထိခိုက်စရာနဲ့ စိတ်မကောင်းစရာပါ။ အန္တိခရစ်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်နာမည်နဲ့ ဂုဏ်အဆင့်အတန်းအတွက်ပဲ အလုပ်လုပ်ကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေပါဝင်တဲ့အရာမှန်သမျှမှာ လုံ့လရှိကြတယ်။ အဲဒီအတွက် ဒုက္ခခံနိုင်ကြပြီး သူတို့ရဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှကို သုံးစွဲကြတယ်။ သူတို့အတွက် အကျိုးမရှိတာမှန်သမျှကို လျစ်လျူရှုကြတယ်။ ဒါက အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်သဘာဝတစ်ခုပဲ။ ကျွန်မ အပြုအမူက အန္တိခရစ်တစ်ယောက်နဲ့ အတူတူပဲဆိုတာ၊ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး လျှို့ဝှက်ကြံစည်တဲ့နည်းနဲ့ ကိုယ်ပိုင်ဂုဏ်သတင်းအတွက်ပဲ အလုပ်လုပ်နေတယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ “ပုဂ္ဂိုလ်ရေးအရ မထိခိုက်ပါက အကြောင်းကိစ္စများကို လက်လွှတ်လိုက်ပါ၊” “ပြဿနာနည်းလေ ပိုကောင်းလေ” ဆိုတဲ့ စာတန်အတွေးအခေါ်တွေနဲ့ ကျွန်မရှင်သန်ခဲ့တာ။ ကျွန်မတာဝန်ရှိတဲ့အလုပ်၊ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သက်ရောက်မှုရှိမဲ့အလုပ်ကိုပဲ အာရုံစိုက်နေခဲ့ပြီး ကျွန်မတာဝန်ယူထားတဲ့ နယ်ပယ်ထဲမှာ မရှိတဲ့အလုပ်ကို လျစ်လျူရှုပြီး ဥပေက္ခာပြုနေခဲ့တယ်။ ဒါကြောင့် ဘုရားအိမ်တော်ရဲ့အလုပ်နဲ့ ဘုရားသခင်အတွက် လှူဖွယ်ပစ္စည်းတွေ အများကြီးဆုံးရှုံးခဲ့ရတယ်။ ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်တဲ့၊ ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်ဝင်စားတဲ့၊ စက်ဆုပ်ဖွယ် အကျင့်ပျက်တဲ့သူဖြစ်ပြီး မယုံကြည်ထိုက်ဘူး၊ ယုံကြည်မှုနဲ့မထိုက်တန်ဘူးဆိုတာ သိခဲ့တယ်။ အဲဒီအချိန်ကို ပြန်တွေးကြည့်ရရင် အသင်းတော်အလုပ်မှာ ပြဿနာတွေ တစ်သီကြီး ဘွားခနဲ ပေါ်လာတာ။ ခေါင်းဆောင်တွေက တခြားညီအစ်ကိုမောင်နှမတွေကို အလုပ်ကောင်းကောင်းမလုပ်တဲ့အတွက် ပြောဆိုပြစ်တင်ကြတယ်။ ကျွန်မက တိုက်ရိုက်အဝေဖန်မခံရပေမဲ့ ကျွန်မကလည်း အသင်းတော်ခေါင်းဆောင်ဖြစ်နေတော့ ခေါင်းရှောင်လို့မရတဲ့ တာဝန်ရှိတယ်။ ကျွန်မကသာ အလုပ်ဆွေးနွေးမှုတွေမှာ လုံ့လရှိရှိနဲ့ အာရုံစိုက်ပြီး ပါဝင်ခဲ့ရင် ပြဿနာတချို့ကို ကျွန်မတွေ့ကောင်းတွေ့နိုင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မက အဆင့်အတန်းနဲ့ မျက်နှာရဖို့ပဲ လိုချင်ခဲ့ပြီး ကိုယ်ပိုင်တာဝန်လေးကိုပဲ ကိုင်တွယ်ချင်ခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်အားလုံးကို၊ အကျိုးစီးပွားကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်မတာဝန်ထဲက ပြစ်မှားမှုအမျိုးမျိုးနဲ့ ဘုရားအိမ်တော်ရဲ့အလုပ်မှာ ကျွန်မကြောင့် ဖြစ်သွားတဲ့ ပြုပြင်လို့မရနိုင်တဲ့ ဆုံးရှုံးမှုတွေကို မြင်ရပြီး ကျွန်မ နောင်တရမဆုံး၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံးပဲ။ ဘုရားသခင်က ဒီလိုအရေးကြီးတဲ့ တာဝန်တစ်ခုနဲ့ ကျွန်မကို မြှင့်တင်ပေးခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ထက်မြက်အောင်လုပ်ဖို့ အခွင့်အရေးပေးခဲ့တယ်။ သမ္မာတရားကို ပိုပြီးအမြန်သင်ယူနိုင်ဖို့အတွက်ပေါ့။ ဘုရားသခင်က ကျွန်မကို ကယ်တင်ဖို့အတွက် အစွမ်းကုန်လုပ်ခဲ့တာ။ ကျွန်မအတွက် အများကြီး သုံးစွဲခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေလောင်းပေးတာနဲ့ အာဟာရကို ကျွန်မ နှစ်ပေါင်းများစွာ ခံစားခဲ့ရတယ်။ ဒါတောင်မှ ကျွန်မက ဒါကို ကျေးဇူးမသိတတ်မှုနဲ့ ပြန်ပေးဆပ်ခဲ့ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းမလုပ်ချင်ဘူး။ ဘုရားရဲ့အချစ်ကို ပြန်မပေးဆပ်ချင်ဘူး။ ကိုင်တွယ်ဖြေရှင်းတာမခံရဖို့အတွက် ကိုယ်ပိုင်သိက္ခာ၊ အဆင့်အတန်းနဲ့ ကိုယ့်ပိုင်နက်လေးကို ဘယ်လိုကာကွယ်ရမလဲဆိုတာပဲ တွေးနေမိခဲ့တယ်။ ဒီအရေးကြီးတဲ့အလုပ်အပေါ် ကျွန်မဂရုမစိုက်ခဲ့ဘူး၊ တာဝန်မသိတတ်ခဲ့ဘူး။ ဘုရားအိမ်တော်ရဲ့အကျိုးစီးပွားတွေ နစ်နာပြီး အသင်းတော်အလုပ်က ထိခိုက်နေတုန်းမှာ ဒီတိုင်း ထိုင်ကြည့်နေခဲ့တယ်။ ကျွန်မက စိတ်ဝင်စားမှုမရှိဘဲ ဘာအသိတရားမှ မရှိခဲ့ပါဘူး။ ကျွန်မကို လူလို့တောင် ဘယ်လိုသတ်မှတ်လို့ရမလဲ။ မိသားစုတစ်စုက ခွေးကို အစာကျွေးရင် ခွေးက မပျက်မကွက်သစ္စာရှိလိမ့်မယ်။ ကျွန်မက တကယ်ကို တိရစ္ဆာန်တစ်ကောင်ထက် ပိုဆိုးတာပဲ။ ကျွန်မ စဉ်းစားကြည့်လေလေ၊ လူမဆန်သလို ခံစားရလေလေပဲ။ ဘုရားရဲ့ ကျေးဇူးတော်ကို ခံစားဖို့ ကျွန်မက တကယ်ကို မထိုက်တန်ဘူးလို့ ခံစားရလေလေပဲ။ အဲဒီအချိန်မှာ ကျွန်မ ဘုရားရှေ့တိုးဝင်ပြီး ဆုတောင်းလိုက်တယ်။ “အို၊ ဘုရားသခင်၊ သမီးမှားခဲ့ပါတယ်။ သမီးဟာ ဘုရားအိမ်တော်ရဲ့အလုပ်ကို လုံးဝ မကာကွယ်ဘဲ ကိုယ့်တာဝန်မှာ သမီးရဲ့ ကိုယ်ပိုင်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ထည့်စဉ်းစားခဲ့တယ်။ သမီးက လူ့သဘာဝကင်းမဲ့ပါတယ်။ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်ဝင်စားတယ်။ ဒီနေ့ ထုတ်ပယ်ခံရတာဟာ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းဖြစ်ပြီး ဒီထက်တောင်ပိုတဲ့ သမီးအပေါ် ကိုယ်တော်ရဲ့ချစ်ခြင်းနဲ့ ကယ်တင်ခြင်းဖြစ်ပါတယ်။ ကိုယ်တော့်ထံ နောင်တရဖို့ သမီးအသင့်ဖြစ်ပါပြီ” ဆိုပြီးတော့လေ။
အဲဒီနောက်မှာ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်” ထဲက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “လူတစ်ဦး၏အကျင့်များကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ၎င်းမှာ သင်သည် သင်၏အတွေးများ၊ ဖော်ပြချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိပါက၊ သင်သည် အဓမ္မပြုသူတစ်ဦးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မြင်သနည်း။ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက ဘုရားသခင်အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထို့အစား ဘုရားသခင်ကို သူတို့ အရှက်ရစေပြီး၊ ဘုရားသခင်ကို အရှက်ရစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ ဘုရားသခင်အဘို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပါပေ၊ ထို့အစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ ‘သင့်ကိုယ်ပိုင်အကျိုးအတွက်’ ဟူသည့် ညွှန်းဆိုချက်မှာ အဘယ်နည်း။ စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် ကောင်းမှုများကို သင် မပြုလုပ်သေးဘဲ၊ တကယ်တမ်းတွင် သင့်အမူအကျင့်မှာ ဆိုးယုတ်မှုသို့ ပြောင်းသွားပြီဖြစ်သည်။ ဘုရားသခင်၏ လက်ခံနိုင်ဖွယ်ဖြစ်ရမည့်အစား၊ သင်သည် စီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်၌ ထိုသို့သော ယုံကြည်မှု ရှိသည့်သူတစ်ဦးသည် အဘယ်အရာကို ရရှိဖို့ ကြိုးစားသနည်း။ ထိုသို့သော ယုံကြည်မှုသည် အဆုံး၌ အချည်းနှီးဖြစ်မည် မဟုတ်လော။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) ဘုရားရဲ့ စိတ်သဘောထားဟာ ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှားလို့မရနိုင်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မတွေ့ခဲ့ပါတယ်။ ဘုရားသခင်က လူတွေရဲ့ စိတ်နှလုံးအတွင်းထဲထိ မြင်တယ်။ လူတွေက ဘုရားကို ကျေနပ်စေဖို့ မဟုတ်တဲ့ ရည်ရွယ်ချက်တွေနဲ့ သူတို့တာဝန်တွေကို ဆောင်ရွက်ရင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တဲ့ သက်သေခံချက်မရှိဘဲ ကဏ္ဍတိုင်းမှာ သူတို့ကိုယ်သူတို့ ကျေနပ်စေပြီး သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေနောက်လိုက်ရင် ဒါကို ဘုရားက မချီးကျူးပါဘူး။ ဒီကိစ္စမှာ လူတစ်ယောက်က ဘယ်လောက်ပဲ ဒုက္ခခံပါစေ ဘုရားသခင်က ဒါကို မအောက်မေ့ဘူး။ ကောက်ကျစ်တဲ့လူအဖြစ် ဘုရားရဲ့ ရှုတ်ချခြင်းကို ခံရတယ်။ ကျွန်မတာဝန်အပေါ် ကျွန်မရဲ့ ရည်ရွယ်ချက်တွေက မှားခဲ့တယ်။ ဘုရားသခင်ကို ကျေနပ်စေဖို့မဟုတ်ဘဲ ကျွန်မက ကိုယ်ပိုင်လုပ်ငန်းလုပ်နေခဲ့တာပဲ။ ကျွန်မက ကျွန်မတာဝန်ရှိတဲ့အလုပ်အတွက် ဒုက္ခခံပြီး အသုံးခံဖို့ လိုလားနေခဲ့ပေမဲ့ အဲဒါက သူများတွေအမြင်မှာရှိတဲ့ ကျွန်မရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်ကို ကာကွယ်ဖို့ပါ။ ဒုက္ခခံပြီး အလုပ်ကြိုးစားပုံပေါ်လို့ လေးစားကြတာကို ကျွန်မလိုချင်ခဲ့တယ်။ လူတွေရဲ့ ချီးမွမ်းတာခံရပြီး သူတို့စိတ်နှလုံးထဲမှာ နေရာတစ်နေရာ ရချင်ခဲ့တယ်။ ဒါက အထူးသဖြင့် လူတွေကို ပိတ်လှောင်ဖို့၊ ဘုရားကို ယှဉ်ပြိုင်ဖို့ပဲ။ ဒါဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို အကြီးအကျယ် ပုန်ကန်ပြစ်မှားတာပဲ။ ကျွန်မက နောင်တမရ၊ မပြောင်းလဲရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ဘေးဖယ်ပြီး ဖယ်ရှားပစ်တာကို ခံရမှာ။ ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်ဆိုတာ ဘုရားသခင်က ကျွန်မ ကိုယ့်ကိုယ်ကိုယ် ထက်မြက်အောင်လုပ်ဖို့အတွက် အခွင့်အရေးတစ်ခုပေးနေတာပါ။ ခေါင်းဆောင်တွေက အသင်းတော်ရဲ့ အလုပ်အားလုံးအတွက် တာဝန်ရှိတယ်။ ဖြေရှင်းဖို့လိုတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊ ကိစ္စတွေ အများကြီးရှိတယ်။ သမ္မာတရားနဲ့ စည်းမျဉ်းတွေကို အများကြီး ရှာဖွေဖို့လိုတယ်။ ကျွန်မက အလုပ်မှာ အမှားတွေလုပ်နိုင်တယ်။ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရနိုင်တယ်။ ဒါပေမဲ့ အဆက်မပြတ် ပြန်လည်ဆန်းစစ်မှု၊ ပြုပြင်မှု၊ ဆင်ခြင်မှုကတစ်ဆင့် ကျွန်မ အများကြီးရရှိမှာပါ။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအကြောင်းပဲဖြစ်ဖြစ်၊ ကျွန်မကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားပဲဖြစ်ဖြစ် အားလုံးက လက်တွေ့ကျတဲ့ အသိပညာတွေပဲ။ ဒါပေမဲ့ ကျွန်မက ကျေးဇူးမတင်ခဲ့ဘူး။ ဒီအခွင့်အလမ်းကို မချစ်မြတ်နိုးခဲ့ဘူး။ အဲဒီအစား ကရိကထတစ်ခုအဖြစ် မြင်ခဲ့ပြီး ဘုရားသခင်ရဲ့ စုံလင်စေခြင်းခံရမဲ့ ဒီအခွင့်အရေးကို ဖြုန်းတီးခဲ့တယ်။ ဒီလို အရေးကြီးတဲ့တာဝန်တစ်ခုမှာ တာဝန်မခံယူတော့၊ သူများတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာမရှိတော့၊ ဆုံးဖြတ်တာ၊ ကြီးကြပ်တာ၊ ဂိတ်စောင့်တာတွေမှာ ဝင်မပါတော့ ကျွန်မက ဘယ်လိုလုပ်ပြီး တာဝန်ကို တကယ်လုပ်နေတာဖြစ်မှာလဲ။ ကျွန်မက ဘုရားသခင်ကို အရူးလုပ်ပြီး လိမ်ညာနေတာပါ။ မကောင်းမှုတွေလုပ်နေခဲ့တာ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲက တစ်ပိုဒ်ကို ဖတ်ခဲ့ပါတယ်။ “သို့ရာတွင် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ တစ်ဦးချင်းစီ၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့- ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ မိမိ၏ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင်၊ မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ဤသည်မှာ လူတစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဘုရားသခင့် အိမ်တော်၏ အကျိုးများကို သင် ပထမဦးဆုံး စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ကိုယ်ပိုင်အကျိုးများ နှင့် သူ၏ အမှုတော်တို့ကို စဉ်းစားသင့်ပြီး၊ ဤအရာများကို ဦးစွာပထမ ထည့်သွင်းစဉ်းစားသင့်၏။ ထို့နောက်တွင်မှ၊ သင့်အဆင့်အတန်း၏ တည်ငြိမ်မှု သို့မဟုတ် အခြားသူများက သင့်ကို မည်သို့ မြင်သည်တို့နှင့်ပတ်သက်၍ သင် စဉ်းစားနိုင်သည်။ ယင်းကို ဤအဆင့်များအဖြစ်သို့ ပိုင်းခြားလိုက်ပြီး အပေးအယူအချို့ ပြုလုပ်သည့်အခါ၊ အနည်းငယ် ပိုမို လွယ်ကူသွားသည်ဟု သင် မခံစားရသလော။ ခဏတာ ဤအရာကို သင် လုပ်ဆောင်လျှင်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းမှာ ခက်ခဲခြင်းမရှိဟု သင် ခံစားလာရလိမ့်မည်။ ထို့အပြင်၊ သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်သင့်သည်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်သင့်သည်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်သင့်သည်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားနိုင်သင့်သည်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားသခင်နှင့် သူ၏အိမ်တော်တို့၏ အကျိုးများကို ဦးစားပေးနိုင်သင့်သည်။ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင်၊ ဤသည်မှာ အသက်ရှင်ရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စိတ်သဘောထားကျဉ်းမြောင်းခြင်း သို့မဟုတ် ခက်ထန်ခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ စိတ်နှလုံးအတွင်းရှိ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆာင်ဖို့ လမ်းကြောင်း ပေးတယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို အရင်ဦးစားပေးရမှာပါ။ ဘုရားသခင်ရဲ့ စိစစ်မှုကို ကျွန်မတို့ လက်ခံပြီး သမ္မာတရားရှာဖွေခြင်းကို အာရုံစိုက်ရမယ်။ ကျွန်မတို့ရဲ့ သိက္ခာ၊ အဆင့်အတန်းနဲ့ တစ်ကိုယ်ရေအကျိုးစီးပွားတွေကို ဘေးချထားရမယ်။ ကဏ္ဍတိုင်းမှာ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်ရမယ်။ ဒါဟာ ဘုရားအလိုတော်နဲ့ညီအောင်လုပ်ဖို့၊ ပွင့်လင်းစွာ၊ ဂုဏ်ရှိစွာနေထိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းပါ။ အသင်းတော်အလုပ်အတွက် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်တာက ကျွန်မရဲ့ ကိုယ်ပိုင်အလုပ်ကို နှောင့်နှေးစေမယ်လို့ ကျွန်မ အမြဲတမ်း ထင်ခဲ့တယ်။ ဒါပေမဲ့ ဒါက အဓိပ္ပာယ်မရှိတဲ့ စိတ်ကူးပါ။ တကယ်တော့ သမ္မာတရားနဲ့ စည်းမျဉ်းတွေကို ရှာဖွေခြင်းမှာ အာရုံစိုက်သရွေ့၊ ဦးစားပေးဖို့ အသိစိတ်ကို ထိန်းသိမ်းထားပြီး အရေးပါတဲ့တာဝန်တွေကို ဂရုစိုက်သရွေ့ အလုပ်က မနှောင့်နှေးပါဘူး။ ပြီးတော့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်ခြင်းအားဖြင့် စည်းမျဉ်းတွေကို ပိုပြီး နားလည်လာမယ်။ ကိုယ့်တာဝန်နဲ့ ကိုယ့်ကိုယ်ကိုယ်အတွက် အကျိုးရှိလာမယ်။ လူတစ်ယောက်ချင်းစီက ဖြည့်စွက်၊ ကြီးကြပ်နိုင်ပြီး အချင်းချင်းစစ်ဆေးနိုင်ဖို့အတွက် ဘုရားအိမ်တော်က အသင်းတော်တစ်ခုစီတိုင်းကို အသင်းတော်အလုပ်အတွက် ပူးတွဲတာဝန်ယူဖို့ ခေါင်းဆောင်တချို့ကို တင်မြှောက်စေပါတယ်။ အထူးသဖြင့် ဆုံးဖြတ်ချက်ချသူတွေအဖြစ် သူတို့လုပ်ရတဲ့ တချို့ ရှုပ်ထွေးတဲ့ကိစ္စတွေမှာ ဒါက ထင်ရာမြင်ရာ ဆုံးဖြတ်ချက်ချပြီး သိမြင်မှုကင်းမဲ့ခြင်းရဲ့ ရလဒ်အနေနဲ့ ဘုရားအိမ်တော်ရဲ့အလုပ် ဆုံးရှုံးတာတွေကို ရှောင်ကြဉ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မက ဒီလိုအရေးကြီးတဲ့တာဝန်တစ်ခုမှာ ဂရုမစိုက်၊ ပေါ့ဆခဲ့တယ်။ ကျွန်မဟာ တကယ်ကို ယုံကြည်မှုရှိဖို့ မထိုက်တန်ဘဲ ထုတ်ပယ်ပြီး ဖယ်ရှားခံရဖို့ ထိုက်တန်ပါတယ်။ ကျွန်မဒါကို အဖြေရှာလို့ရပြီးတဲ့အခါမှာ စိတ်ပိုင်းဖြတ်ခဲ့တယ်။ အနာဂတ်မှာ တစ်ခုခုက ကျွန်မရဲ့ အဓိကအလုပ်တာဝန်ဟုတ်သည်ဖြစ်စေ၊ ဘုရားအိမ်တော်ရဲ့အလုပ်၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားဖြစ်စေ၊ အဲဒါက ကျွန်မရဲ့ တာဝန်ဝတ္တရားဖြစ်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို ကာကွယ်ပေးဖို့အတွက် ကျွန်မ အကောင်းဆုံးကြိုးစားသင့်တယ် ဆိုပြီးတော့ပေါ့။ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်တာ၊ ကျွန်မရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကိုပဲ အရေးစိုက်တာကို ရပ်တန့်မယ်ပေါ့။
နောက်ပိုင်းမှာ ကျွန်မက တခြားအသင်းတော်တစ်ခုအတွက် ခေါင်းဆောင်အဖြစ် ထပ်ရွေးချယ်ခံရတယ်။ ဒါက ကျွန်မကို ဘုရားသခင်က မြှင့်တင်ပေးနေတယ်ဆိုတာ ကျွန်မသိခဲ့တယ်။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်ခဲ့ပေမဲ့ ဘုရားအိမ်တော်က ကျွန်မကို ဒီလိုအရေးကြီးတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ ခွင့်ပြုဆဲပဲ။ ကျွန်မကောင်းကောင်းမွန်မွန်လုပ်မယ်၊ တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ ကျွန်မရဲ့ ကိုယ်ပိုင်အလုပ်ကိုပဲ ထည့်စဉ်းစားတာမျိုး မလုပ်တော့ဘူးလို့ ကျိန်ဆိုခဲ့ပါတယ်။ ကျွန်မက အဲဒီအသင်းတော်မှာ ခေါင်းဆောင်သုံးယောက်ထဲက တစ်ယောက်ပါ။ တစ်ယောက်ကို အလုပ်တစ်ပိုင်းစီ တာဝန်ယူရတယ်။ အစ်မတစ်ယောက်က အသင်းတော်ပရောဂျက်တွေနဲ့ပတ်သက်ပြီး ကျွန်မနဲ့ မိတ်သဟာယပြုတဲ့အခါမှာ ကျွန်မနားမလည်တာတွေ၊ သင်ယူဖို့ အချိန်နဲ့အင်အားလိုတာတွေ အများကြီးရှိမှန်း ကျွန်မတွေ့ခဲ့ရတယ်။ နေ့တိုင်း ကျွန်မမှာ အချိန်ပြည့်လုပ်ငန်းစဉ်တွေရှိနေပြီး တစ်ခါတလေ အချိန်မလောက်ဘူးလို့ ခံစားရတယ်။ တစ်နေ့မှာ ကျွန်မနဲ့အတူလုပ်တဲ့ အဲဒီအစ်မက ကျွန်မဆီရောက်လာပြီး တချို့ပြဿနာတွေမှာ သူများတွေကို မိတ်သဟာယမျှဝေဖို့ သူ့ကို ကူညီပေးစေချင်တယ်လို့ ပြောတယ်။ ကျွန်မစဉ်းစားလိုက်တယ်။ “အရင် သုံးလေးရက်တုန်းက အထက်ပိုင်းခေါင်းဆောင်တစ်ယောက်က ငါ့အလုပ်ကို ပြန်စစ်ဆေးပြီး ငါကောင်းကောင်းမလုပ်ထားတာတွေ အများကြီးရှိတယ်လို့ ပြောခဲ့တယ်။ ငါ့အချိန်က သိပ်တန်ဖိုးရှိတယ်။ သူ့ကို ငါသွားကူညီလို့ ငါ့အလုပ်နှောင့်နှေးသွားရင်၊ ဒါကြောင့်မို့ ငါက ရလဒ်တွေမရရင် ခေါင်းဆောင်က ငါ့ကို ဘယ်လိုထင်မလဲ။ ငါက အရည်အချင်းမရှိ၊ လက်တွေ့အလုပ်ကို မလုပ်နိုင်ဘူးလို့ သူပြောမှာလား။ ငါ နောက်ထပ် ထုတ်ခံရဦးမှာလား” ဆိုပြီးတော့လေ။ အဲဒီလိုစဉ်းစားမိတဲ့အခါ ကျွန်မက သိက္ခာနဲ့ အဆင့်အတန်းအတွက် ထပ်စဉ်းစားနေတယ်ဆိုတာ၊ အသင်းတော်အလုပ်က တစ်ခုလုံးဖြစ်ပြီး ခွဲလို့မရဘူးဆိုတာ ကျွန်မသဘောပေါက်လိုက်တယ်။ ကျွန်မက ကျွန်မရဲ့ ကိုယ်ပိုင်တာဝန်တွေကိုပဲ အရေးစိုက်ပြီး တခြားအရာရာကို လျစ်လျူရှုခဲ့ရင် အဲဒါက တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာကောင်းပြီး ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်နေတာမဟုတ်ဘူးလား။ ဒီလိုလုပ်လို့ မဖြစ်ဘူး။ အသင်းတော်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်မရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကို ဘေးချထားပြီး ဒီအစ်မနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ပေါ့။ အဲဒါနဲ့ မိတ်သဟာယမှာ ကူညီပေးဖို့ သူနဲ့အတူ စုဝေးပွဲကိုသွားဖို့ ကျွန်မ သဘောတူလိုက်တယ်။ ကျွန်မ ဒီလိုလုပ်လိုက်တော့ ငြိမ်းချမ်းသွားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကနေလာတဲ့ လွတ်လပ်မှုကို ခံစားခဲ့ရတယ်။ ကျွန်မတာဝန်ကနေ ထုတ်ပယ်ခံရတာက ကျွန်မအတွက် သိပ်နာကျင်ရပေမဲ့ တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုကိုလည်း ကျွန်မကို ပေးခဲ့တယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှားလို့မရနိုင်တဲ့ စိတ်သဘောထားအပေါ် လက်တွေ့သိမြင်မှုကို ပေးခဲ့တယ်။ ကျွန်မတာဝန်အပေါ် ကျွန်မရဲ့ လွဲမှားနေတဲ့ အမြင်တွေနဲ့ ဂရုမစိုက်တဲ့ သဘောထားကိုလည်း ပြုပြင်ခဲ့တယ်။ ကျွန်မကို ကယ်တင်တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။