သူများတွေကို သင်ပေးတဲ့အခါ ဘာကြောင့် ကျွန်မက ဆရာစားချန်တာလဲ
ဆုတုန်း အီတလီနိုင်ငံ ၂၀၂၁ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မက အသင်းတော်မှာ ဗီဒီယိုထုတ်လုပ်ရေးလုပ်တယ်။ ဒါ တကယ် အရေးကြီးတဲ့တာဝန်ဆိုတာ ကျွန်မသိတော့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်တော်နဲ့ ယန်ချန်က ယင်ကွမ်းအသင်းတော်မှာ စာနဲ့ပတ်သက်တဲ့အလုပ်ကို ကြီးကြပ်ပေးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလလယ်လောက်မှာ ချန်ရှင်းအသင်းတော်က ညီအစ်မကျောက်ရွှယ်ဟာ စာနဲ့ပတ်သက်တဲ့အလုပ်အတွက် ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်ခံရခါစဘဲ ရှိသေးလို့ သူက အလုပ်ရဲ့ ကဏ္ဍအသီးသီးနဲ့ တရားဒေသနာတွေကို ပြန်လည်သုံးသပ်တဲ့ စည်းမျဉ်းတွေကို ရင်းနှီးကျွမ်းဝင်မှု မရှိသေးဘူးလို့ ပြောထားတဲ့စာကို ခေါင်းဆောင်တွေက ပို့လာပါတယ်။ ဒါကြောင့် သူ့ကို ကူညီလမ်းညွှန်ပေးဖို့ ကျွန်တော်တို့ အချိန်နည်းနည်းပေးနိုင်မလားလို့ မေးလာပြီး သူ့ကို မြန်မြန် ပျိုးထောင်ပေးနိုင်မယ်ဆိုရင် အသင်းတော်ရဲ့အလုပ်အတွက် အကျိုးရှိမယ်လို့ ပြောလာပါတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါတို့ရဲ့ အဓိကအလုပ်နဲ့တင် တော်တော် အလုပ်များနေပြီ။ အဲဒီအပြင် ကျောက်ရွှယ်ကို လမ်းညွှန်ကူညီပေးရမယ်ဆိုရင် ငါတို့အချိန်တွေ ပိုကုန်သွားမှာ မဟုတ်ဘူးလား။ ငါတို့အလုပ်ရဲ့ ထိရောက်မှု ကျသွားရင် ခေါင်းဆောင်တွေက ငါတို့တာဝန်ကို ကောင်းကောင်းမဖြည့်ဆည်းဘူးလို့ ပြောကြမှာ မဟုတ်ဘူးလား။ နောက်ပြီးတော့ သူ့ကို လမ်းညွှန်ပေးရတာက ငါ့ရဲ့ အဓိကအလုပ်မှ မဟုတ်တာ။ သူ့အလုပ်က ထိရောက်သွားရင်တောင် အထက်ခေါင်းဆောင်တွေက ငါတို့ကို ချီးကျူးမှာလည်း မဟုတ်ဘူး” လို့ပေါ့။ ဒါက ကျေးဇူးမတင်ခံရတဲ့အလုပ်တစ်ခုလို ခံစားရလို့ ကျွန်တော် လက်မခံချင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်ငြင်းလိုက်ရင် ခေါင်းဆောင်တွေက ကျွန်တော့်ကို ကရုဏာမရှိဘူးလို့ ပြောကြမှာ မဟုတ်ဘူးလား။ အရာရာကို စဉ်းစားပြီးတဲ့နောက်မှာ ကျွန်တော် သဘောတူခဲ့တယ်။
အစပိုင်းမှာတော့ ကျောက်ရွှယ်က အကြံဉာဏ်တောင်းတဲ့ စာပို့တဲ့အခါ ကျွန်တော်တို့ တတ်နိုင်သလောက် မြန်မြန် ပြန်စာပို့ပေးခဲ့ကြတယ်။ စက်တင်ဘာ ၂၅ ရက်နေ့မှာ ကျောက်ရွှယ်က ပြန်သုံးသပ်ဖို့ တရားဒေသနာတစ်ခု ပို့လာတယ်။ ကျွန်တော်နဲ့ ယန်ချန် ပြန်သုံးသပ်ပြီးတဲ့နောက်မှာ ဒီတရားဒေသနာမှာ ပြဿနာတွေ အများကြီးတွေ့လို့၊ တိုးတက်မှုတစ်ခုခုရဖို့ အချိန်အကြာကြီး ဆွေးနွေးခဲ့ရတယ်။ ပြဿနာတွေကို ကျွန်တော် ပြန်ဖြေပြီးတဲ့နောက်မှာတောင် မသေချာသေးတဲ့ နေရာတချို့ရှိနေသေးတယ်။ ကျွန်တော့်ရဲ့ လမ်းညွှန်မှုမှာ လမ်းလွဲမှုတွေ ရှိသွားမှာကို စိုးရိမ်လို့၊ တရားဒေသနာကို တခြားညီအစ်ကိုမောင်နှမတွေဆီ ကြည့်ရှုဖို့ ပို့ပေးခဲ့ပြီး သူတို့ကလည်း အကြံဉာဏ်တချို့ ပေးခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျောက်ရွှယ်ကို လမ်းညွှန်ပေးရတာ အချိန်အရမ်းကုန်တယ်လို့ ကျွန်တော် ခံစားမိတယ်။ ဒါက ကျွန်တော်တို့ကို ကြန့်ကြာစေရုံတင်မကဘူး၊ တစ်ခါတလေဆို တခြားအဖွဲ့သားတွေရဲ့ အချိန်ကိုပါ ယူသွားတယ်။ တရားဒေသနာတွေကို စိစစ်တဲ့အလုပ်ကိုက ကြီးမားတဲ့ တာဝန်တစ်ခုဖြစ်နေပြီးသား၊ ဒီလိုသာ ဆက်ဖြစ်နေရင် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အလုပ်ကို ထိခိုက်လာမှာ မဟုတ်ဘူးလား။ အဲဒီနောက်မှာ ကျောက်ရွှယ်က တရားဒေသနာတွေကို ဆက်တိုက်ပို့လာပြီး ပြဿနာအမျိုးမျိုးအတွက် အဖြေတွေကို ရှာဖွေခဲ့တယ်။ ပြဿနာတချို့က ကျွန်တော်တို့ ထိုးထွင်းနားလည်ဖို့ ခက်ခဲတဲ့အတွက် စဉ်းစားသုံးသပ်ပြီး ဆွေးနွေးဖို့ အချိန်ယူခဲ့ရတယ်၊ ဒါကြောင့် ကျွန်တော်တို့အသင်းတော်က တရားဒေသနာအလုပ်တွေကို လိုက်ကြည့်ဖို့ ကျွန်တော့်မှာ အချိန်နည်းသွားပြီး ကိစ္စတချို့က ကြန့်ကြာသွားရတယ်။ အောက်တိုဘာ ၂၀ ရက်နေ့မှာ ခေါင်းဆောင်တွေက စာတစ်စောင်ပို့ပြီး ကျွန်တော်တို့ကို မေးလာတယ်။ “လွန်ခဲ့တဲ့ သုံးလေးရက်က ခိုင်းထားတဲ့ စာနဲ့ပတ်သက်တဲ့ အမှုဆောင်တချို့အကြောင်း အကြံပြုချက်ကို ဘာလို့ ခုထိ ပြန်မပို့သေးတာလဲ” တဲ့။ အဲဒီတော့မှ ကျွန်တော်ပြန်ဖြေဖို့ မေ့သွားမှန်း သဘောပေါက်သွားတယ်။ ကျွန်တော်တွေးမိတယ်၊ “ခေါင်းဆောင်တွေက ငါ့ကို အချိန်ဆွဲနေပြီး ဝန်တာထားတဲ့စိတ်နဲ့ တာဝန်မထမ်းဆောင်ဘူးလို့ ထင်နေကြမှာပဲ။ ငါတို့အလုပ်ရဲ့ ရလဒ်တွေ ကျသွားရင် ခေါင်းဆောင်တွေက ငါ့ကို တာဝန်ကောင်းကောင်းမထမ်းဆောင်ဘူးလို့ ပြောကြမှာ သေချာတယ်” ပေါ့။ သုံးလေးရက်နေတော့ ကျောက်ရွှယ်ဆီက အကူအညီတောင်းတဲ့ စာတစ်စောင် ထပ်ရခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် မကျေမနပ်ဖြစ်သွားတယ်၊ သူ့ကို လမ်းညွှန်ပေးရတာက ကျွန်တော့်ရဲ့ အဓိကအလုပ်ကို ထိခိုက်စေတာနဲ့ မကာမိဘူး၊ ပြီးတော့ ဒါက ကရိကထများတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်တော့်ရဲ့ စိတ်နေစိတ်ထား မမှန်တော့ဘူးဆိုတာ သဘောပေါက်လိုက်လို့ ကျွန်တော့်စိတ်နေစိတ်ထားကို ညှိပေးဖို့ လမ်းပြပေးပါလို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “သမ္မာတရားကို ချစ်ပြီး သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သော သူတို့သည်သာ ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော သူတို့က လိုအပ်သောအခါ ရှေ့ထွက်လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည်သာ ဘုရားသခင် ရွေးချယ်ထားသောသူတို့ကို လမ်းကြောင်း အမှန်ပေါ်သို့ ခေါ်ဆောင်ပေးကာ ဘုရားသခင်၏ အလုပ်အပေါ် ကျိုးနွံနာခံမှုရှိစေရန် ၎င်းတို့အား ထောက်ကူပေးလျက် ဘုရားသခင်ကို သက်သေခံပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် ရဲရင့်စွာဖြင့် ထရပ်ကာ ရှိထားသောတာဝန်ကို မဖြစ်မနေ လုပ်ဆောင်နိုင်သည်။ ဤသည်သာ တာဝန်သိသည့် သဘောထားဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းပြသည့် သရုပ်သကန် ဖြစ်သည်။ သင်တို့သည် ဤသဘောထားအား မပိုင်ဆိုင်ကြလျှင် သင်တို့ကိုင်တွယ်သည့် အကြောင်းအရာများ၌ ပေါ့ပေါ့ဆဆ ကိုင်တွယ်ခြင်းမှလွဲ၍ သင်တို့၌ဘာမျှမရှိကြ။ ထို့နောက် ‘ငါသည် ငါ၏တာဝန် အတိုင်းအတာအတွင်းသာ ငါလုပ်မည်။ အခြားအရာအားလုံးအား ငါဂရုမစိုက်။ အကယ်၍ ငါ့အား သင်တစ်စုံတစ်ခုတောင်းဆိုပါက ငါ့စိတ်ကြည်လင်သည့်အချိန်တွင် သင့်ကိုငါအဖြေပေးမည်။ သို့မဟုတ်လျှင် ငါအဖြေပေးမည်မဟုတ်။ ဤသည်မှာ ငါ၏ သဘောထားဖြစ်သည်’ ဟူ၍ သင် တွေးလျှင် ဤအရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခု ဖြစ်သည်မဟုတ်လော။ မိမိ၏ ကိုယ်ပိုင်အဆင့်အတန်း၊ ကျော်ဇောမှုနှင့် ဂုဏ်တို့ကိုသာ ကာကွယ်ခြင်းဖြစ်ပြီး မိမိ၏ ကိုယ်ပိုင်အကျိုးနှင့်သက်ဆိုင်သည့် ကိစ္စများကိုသာ ကာကွယ်ခြင်းသည် တရားမျှတသော အကြောင်းတရားကို ကာကွယ်နေခြင်း ဖြစ်သလော။ ယင်းမှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နေခြင်း ဖြစ်သလော။ ဤ သေးသိမ်ခြင်း၊ အတ္တကြီးသော ကြံရွယ်ချက်တို့၏ နောက်ကွယ်တွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထား ရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်တော်မြင်တွေ့ခဲ့ရတာက ဘုရားသခင်ကို ရိုးရိုးသားသား ယုံကြည်ပြီး သမ္မာတရားကို ချစ်မြတ်နိုးတဲ့လူတွေက သူတို့ရဲ့ တာဝန်တွေအပေါ်မှာ ဝန်တာထားတဲ့စိတ်နဲ့ တာဝန်ယူစိတ် ရှိကြတယ်။ အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေပဲဖြစ်ဖြစ်၊ ညီအစ်ကိုမောင်နှမတွေ အကူအညီလိုတာပဲဖြစ်ဖြစ် သူတို့က သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းနိုင်ကြတယ်။ တစ်ယောက်ယောက်က ကိုယ့်အလုပ်ကိုပဲ ကိုယ်ဂရုစိုက်ပြီး တခြားလူတွေ အခက်အခဲရှိလို့ အကူအညီလိုတဲ့အခါ ကူညီပေးဖို့ စိတ်မပါဘူးဆိုရင် ဒါက တစ်ကိုယ်ကောင်းဆန်ပြီး၊ ယုတ်ညံ့တဲ့၊ သမ္မာတရားကို စက်ဆုပ်ရွံရှာတဲ့ စိတ်သဘောထားပဲ။ ကျောက်ရွှယ် ကြီးကြပ်ရေးမှူးအနေနဲ့ အခုမှ ရွေးချယ်ခံရပုံအကြောင်း ကျွန်တော် စဉ်းစားမိတယ်။ သူက အလုပ်နဲ့လည်း ရင်းနှီးကျွမ်းဝင်မှု မရှိသေးဘူး၊ စည်းမျဉ်းတွေကိုလည်း ကောင်းကောင်း မသဘောပေါက်သေးဘူး။ သူက ကျွန်တော်တို့ကို မေးခွန်းတွေ မေးနေတဲ့အတွက် အလုပ်မှာ အခက်အခဲတွေ ကြုံတွေ့နေရမှာပဲ၊ ပြီးတော့ ကျွန်တော်က သူ့ကို လမ်းညွှန်ပြီး ကူညီပေးဖို့ အစွမ်းကုန် ကြိုးစားသင့်တယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်အလုပ်ကိုပဲ ကိုယ်ဂရုစိုက်ချင်ခဲ့တာ။ ကျောက်ရွှယ်ကို လမ်းညွှန်ပေးတဲ့နေရာမှာ အချိန်ကုန်ခံပြီး အဖိုးအခပေးဆပ်ဖို့ စိတ်မပါခဲ့ဘူး၊ အဲဒါက ကျွန်တော့်အလုပ်ရလဒ်တွေကို ထိခိုက်စေမယ်လို့ ခံစားခဲ့ရလို့ပဲ။ ကျွန်တော်က တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့နေတာ မဟုတ်ဘူးလား။ ဒီအချက်ကို သဘောပေါက်သွားတော့ လူတွေကို ပျိုးထောင်ပေးတဲ့အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ စိတ်နေစိတ်ထားက နည်းနည်း ပြောင်းလဲသွားတယ်။ ကျောက်ရွှယ်က မေးခွန်းတချို့နဲ့ ထပ်စာရေးလာတဲ့အခါမှာတော့ ကျွန်တော်က အစွမ်းကုန် အားထုတ်ပြီး စိတ်လိုလက်ရ ပြန်ဖြေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့တဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ သဘာဝအကြောင်း ကျွန်တော့်မှာ သိနားလည်မှု သိပ်မရှိသေးဘူး၊ ဒါကြောင့် ကိစ္စရပ်တွေကို ရင်ဆိုင်ရတဲ့အခါမှာတော့ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို မထုတ်ဖော်ဘဲ မနေနိုင်ဘူး။
အောက်တိုဘာလကုန်မှာ ကျောက်ရွှယ်က နောက်ထပ်တရားဒေသနာတစ်ခုကို ပို့လာပြီး၊ အဲဒီထဲမှာ ပြဿနာတစ်ခုခု ရှိမရှိ စစ်ဆေးပေးဖို့ တောင်းဆိုခဲ့တယ်။ ဒီတရားဒေသနာကို သူတို့ အလျင်လိုနေမှန်း ကျွန်တော်သိပေမဲ့၊ တရားဒေသနာက အရမ်းရှည်တာကို တွေ့လိုက်ရတယ်။ အဲဒါကို အကုန်ဖတ်ပြီး စာပြန်ပို့ဖို့ဆိုရင် အချိန်အများကြီး ယူရမှာပဲ။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးလိုက်တယ်၊ “ဒီတရားဒေသနာက ငါတို့တာဝန်ယူထားတဲ့ အပိုင်းထဲမှာ မပါဘူး။ ငါတို့ တည်းဖြတ်ပေးရင်တောင် ငါတို့ ဘာနာမည်ကောင်းမှ ရမှာမဟုတ်ဘူး။ ဒါက တကယ်ပဲ ကျေးဇူးမတင်ခံရတဲ့ အလုပ်တစ်ခု ဖြစ်မှာပဲ” ပေါ့။ ဒါနဲ့ ကျွန်တော် ချက်ချင်း စာမပြန်ခဲ့ဘူး။ နောက်နေ့ နေ့လယ်ပိုင်းမှာ ကျွန်တော့်မှာ လုပ်စရာအလုပ်သိပ်မရှိတော့၊ ယန်ချန်က အဲဒါကို စစ်ဆေးဖို့ သတိပေးမှပဲ ကျွန်တော် ထုတ်ပြီး ပြန်သုံးသပ်ခဲ့တယ်။ အဲဒီထဲမှာ ပြဿနာတွေ အများကြီးရှိတာကို တွေ့လိုက်ရတယ်။ ယန်ချန်နဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ ကျွန်တော် ကျောက်ရွှယ်ဆီ စာရေးပြီး သူ့နဲ့ဆက်သွယ်ပြောဆိုခဲ့တော့ အချိန်တော်တော် ကုန်သွားတယ်။ အဲဒီနောက်မှာ တရားဒေသနာကို စာပြန်ပို့ရတာက ကျွန်တော့်အချိန်တွေ အရမ်းကုန်တယ်၊ ဒီအချိန်အင်အား၊ လူအင်အားကို ကိုယ်တာဝန်ယူထားတဲ့ အပိုင်းက အလုပ်တွေကို နောက်ဆက်တွဲဆောင်ရွက်တဲ့နေရာမှာ သုံးလိုက်ရင် အလုပ်ရဲ့ရလဒ်တွေ တိုးတက်လာရုံတင်မကဘူး၊ ခေါင်းဆောင်တွေရဲ့ အထင်ကြီးမှုကိုလည်း ခံရနိုင်တယ် လို့ တွေးမိတယ်။ အခုတော့ ကျွန်တော့်အချိန်နဲ့ စွမ်းအင်ကို တခြားလူတွေရဲ့အလုပ်ကို လမ်းပြတဲ့နေရာမှာ သုံးနေရတယ်။ အဲဒီအလုပ်က ရလဒ်တွေ ထွက်လာရင်တောင် ငါတို့ရဲ့ရလဒ်လို့ သတ်မှတ်ခံရမှာ မဟုတ်ဘူး။ ဒါကြောင့် ကျောက်ရွှယ်ကို လမ်းညွှန်ပေးစရာ မလိုတော့ရင် သိပ်ကောင်းမှာပဲလို့ ကျွန်တော် တွေးမိတယ်။ ဒါပေမဲ့ ကျောက်ရွှယ်က အလုပ်ကို သူ့ဘာသာသူ သီးခြားမလုပ်နိုင်သေးတော့ တွန်းထုတ်ပစ်ဖို့လည်း လွယ်တဲ့နည်းလမ်း မရှိဘူး။ ကျွန်တော် ကျောက်ရွှယ်ကို ဆက်ပြီး လမ်းပြပေးနေရဦးမယ်ဆိုတာ သိပေမဲ့၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမြဲ စိတ်မပါဖြစ်နေပြီး ဒီအဖိုးအခကို ပေးဆပ်ချင်စိတ် မရှိခဲ့ဘူး။
နောက်ပိုင်းမှာ အန္တိခရစ်တွေရဲ့ စရိုက်ကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော်ဖတ်ခဲ့ပြီး၊ ကျွန်တော့်ပြဿနာတွေအကြောင်း ပိုပြီး နားလည်လာခဲ့တယ်။ ဘုရားသခင်က ပြောသည် “အန္တိခရစ်များသည် အသိစိတ်၊ ဆင်ခြင်တုံတရား၊ သို့မဟုတ် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် အရှက်တရားကင်းမဲ့ရုံမျှ မကဘဲ အခြားလက္ခဏာတစ်ခုလည်းရှိသည်။ ၎င်းတို့သည် သာမန်ထက်ပို၍ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့၏ ‘တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း’၏ တိုက်ရိုက်အဓိပ္ပာယ်သည် နားလည်သဘောပေါက်ရန် မခက်ပေ။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ၎င်းတို့၏အကျိုးစီးပွားနှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို ၎င်းတို့၏အာရုံစိုက်ခြင်းကို အပြည့်အဝ ရလေသည်။ ၎င်းတို့သည် ယင်းအတွက် ဒုက္ခခံလိမ့်မည်၊ အဖိုးအခပေးဆပ်လိမ့်မည်၊ ယင်း၌ အာရုံနစ်မွန်းနေလိမ့်မည်၊ ပြီးလျှင် ယင်း၌ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံထားလိမ့်မည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားတို့နှင့်မသက်ဆိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့က လျစ်လျူရှုပြီး အရေးလုပ်မည် မဟုတ်ချေ။ အခြားသူများက မိမိတို့သဘောရှိ လုပ်ဆောင်နိုင်သည်။ တစ်စုံတစ်ဦးက အနှောင့်အယှက်လုပ်ခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း ဖြစ်စေခြင်းကို အန္တိခရစ်တို့က ဂရုမစိုက်ကြဘဲ ၎င်းတို့အဖို့မူ ဤအရာသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ပါးနပ်စွာဆိုရလျှင်၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ကိစ္စကိုသာ စိတ်ဝင်စားသည်။ သို့ရာတွင် ဤလူစားမျိုးသည် ယုတ်မာသည်၊ ယုတ်ညံ့ပြီး ရွံစရာကောင်းသည်ဟုဆိုလျှင် သာ၍ မှန်ကန်တိကျပေသည်။ ၎င်းတို့ကို ‘တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်’ဟု ငါတို့ သတ်မှတ်ကြသည်။...၎င်းတို့မည်သည့်အလုပ်ကို တာဝန်ယူဆောင်ရွက်ပါစေ၊ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများ ထိခိုက်ခြင်း ရှိမည် မရှိမည်ကိုသာ ၎င်းတို့ ဆင်ခြင်တွေးတောသည်၊ ၎င်းတို့ကို အကျိုးပြုသည့် ၎င်းတို့ရှေ့တွင်ရှိသော အလုပ်အနည်းငယ်ကိုသာ စဉ်းစားသည်။ ၎င်းတို့အတွက် အသင်းတော်၏ အဓိကအလုပ်သည် ၎င်းတို့အချိန်ပိုတွင် လုပ်သောအရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် လုံးဝ အလေးအနက်မထားပေ။ ၎င်းတို့သည် လုပ်ဆောင်ရန် တိုက်တွန်းခြင်း ခံရသောအခါမှသာ လှုပ်ရှားသည်။ ၎င်းတို့ လုပ်လိုသည့်အရာကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အာဏာကို ထိန်းသိမ်းဖို့အတွက် ဖြစ်သည့်အလုပ်ကိုသာ လုပ်ကြသည်။ ၎င်းတို့၏ အမြင်တွင်၊ ဘုရားအိမ်တော်မှ စီစဉ်သည့် မည်သည့်အလုပ်မဆို၊ ဧဝံဂေလိဖြန့်ဝေသည့် အလုပ်နှင့် ဘုရားသခင်ရွေးချယ်သော လူတို့၏ အသက်ဝင်ရောက်မှုတို့သည် အရေးမကြီးပေ။ အခြားလူများသည် မိမိတို့၏အလုပ်၌ မည်သည့်အခက်အခဲများ ရှိပါစေ၊ ၎င်းတို့ မည်သည့်ပြဿနာများကို ဖော်ထုတ်ပြီးဖြစ်ကာ ယင်းတို့ကို တိုင်ကြားပြီးဖြစ်ပါစေ၊ ၎င်းတို့၏စကားများ မည်မျှ ရိုးသားစစ်မှန်ပါစေ အန္တိခရစ်တို့သည် အရေးမထားကြပေ၊ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိပေ၊ ဤအရာက ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင် ဖြစ်သည်။ အသင်းတော်အလုပ်တွင် ဖြစ်ပေါ်သော ပြဿနာများက မည်မျှကြီးမားပါစေ ၎င်းတို့သည် လုံးလုံး စိတ်မဝင်စားပေ။ ပြဿနာတစ်ခုက ၎င်းတို့၏ ရှေ့တည့်တည့်တွင် ရှိလျှင်ပင် ၎င်းတို့က ယင်းကို ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်လေသည်။ အထက်က တိုက်ရိုက်ပြုပြင်ခြင်းကို ခံရပြီး ပြဿနာကို ဖြေရှင်းဖို့ အမိန့်ပေးခံရသည့်အခါမှသာလျှင် ၎င်းတို့က တကယ့်အလုပ်အနည်းငယ်ကို ဆောင့်ကြီးအောင့်ကြီးလုပ်မည် ဖြစ်ပြီး အထက်ကမြင်ဖို့အတွက် တစ်ခုခုကို ပေးလိမ့်မည်။ မကြာမီတွင် ၎င်းတို့က မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ပတ်သက်လာပါက၊ ပို၍ကျယ်ပြန့်သော အခြေအနေ၏ အရေးပါသော အရာများနှင့်ပတ်သက်လာပါက ၎င်းတို့သည် ဤအရာများကို စိတ်မဝင်စားဘဲ လျစ်လျူရှုကြသည်။ ၎င်းတို့ ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုပင် လျစ်လျူရှုကြသည်။ ပြီးလျှင် ပြဿနာများအကြောင်းကို မေးသောအခါတွင် ဝတ်ကျေတမ်းကျေ အဖြေများကိုပေးကြသည်၊ သို့မဟုတ် တောင်စဉ်ရေမရ ပြောကြသည်။ အလွန်အမင်း တွန့်ဆုတ်စွာဖြင့်သာ ထိုပြဿနာများကို ကိုင်တွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ထို့အပြင် အန္တိခရစ်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ ၎င်းတို့တွေးနိုင်သည့်အရာမှာ ထိုတာဝန်က ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ဖြစ်သည်။ ယင်းက ၎င်းတို့၏ နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သရွေ့ ၎င်းတို့က ယင်းကို လုပ်ဆောင်သည့်နည်းအား သင်ယူဖို့၊ ယင်းကို ဆောင်ရွက်ဖို့ နည်းလမ်းကို အကြံထုတ်ရာတွင် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ယင်းက ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ၎င်းတို့ ဂရုစိုက်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ သို့မဟုတ် တွေးတောပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ အရေးစိုက်ကြသည်။ ၎င်းတို့က မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ မည်သူက မြင့်မားသည်၊ သို့မဟုတ် နိမ့်ကျသည်၊ မည်သူကနိုင်ပြီး၊ မည်သူက ရှုံးသည်၊ မည်သူ၌ ပို၍ ကြီးမားသော နာမည်ဂုဏ်သတင်း ရှိသည်တို့နှင့်ပတ်သက်၍သာ ယှဉ်ပြိုင်ကြသည်။ လူမည်မျှက ၎င်းတို့ကို ကိုးကွယ်ပြီး အထင်ကြီးသည်၊ လူမည်မျှက ၎င်းတို့ကို နာခံသည်၊ ပြီးလျှင် ၎င်းတို့၌ နောက်လိုက်မည်မျှရှိသည်တို့ကိုသာ ၎င်းတို့ ဂရုစိုက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမပြုပေ၊ သို့မဟုတ် တကယ့်ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှုကိစ္စများကို စည်းမျဉ်းနှင့်အညီ မည်သို့လုပ်ဆောင်ရမည်ကို မည်သည့်အခါမျှ ဆင်ခြင်စဉ်းစားခြင်းမရှိသကဲ့သို့ ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆင်ခြင်စဉ်းစားရန် မဆိုထားနှင့်၊ ၎င်းတို့ သစ္စာစောင့်သိနေခဲ့ခြင်း ရှိမရှိ၊ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ ၎င်းတို့၏ အလုပ်တွင် လမ်းလွဲနေခဲ့ခြင်းများ သို့မဟုတ် သတိမမူမိနေခဲ့ခြင်းများ ရှိမရှိ သို့မဟုတ် ပြဿနာတစ်ခုတလေ တည်ရှိခြင်း ရှိမရှိဟူသည်ကို ပြန်လည်သုံးသပ်ခြင်း မရှိကြ။ ဤအရာများအားလုံးကို ၎င်းတို့ တစ်စက်မျှ အာရုံမစိုက်ပေ။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၊ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့တို့အတွက်သာ ၎င်းတို့သည် ကြိုးစားအားထုတ်ပြီး အမှုကိစ္စများကို လုပ်ဆောင်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများသည် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ယုတ္တိမရှိသော တောင်းဆိုမှုများဖြင့် ပြည့်လျှံနေပုံကို အပြည့်အဝ ဖော်ထုတ်လေသည်။ ၎င်းတို့ လုပ်ဆောင်သမျှကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် အုပ်စိုးထားသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အရင်းခံအကြောင်းနှင့် အရင်းအမြစ်တို့မှာ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ယုတ္တိမရှိသော တောင်းဆိုမှုများသာ ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ စံပြုလောက်သော သရုပ်သကန်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်တော်မြင်တွေ့ခဲ့ရတာက အန္တိခရစ်တွေဟာ အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ကြတယ်၊ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အကျိုးပြုတဲ့အရာတွေကိုပဲ လုပ်ကြတယ်။ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အကျိုးမပြုတဲ့အရာတွေကိုတော့ အရံအလုပ်တွေ သာသာ သဘောထားပြီး၊ အဲဒီအတွက် ဒုက္ခခံဖို့ ဒါမှမဟုတ် အဖိုးအခပေးဆပ်ဖို့ စိတ်မပါကြဘူး၊ လျစ်လျူရှုပြီး ဂရုမစိုက်ဘဲတောင် နေကြတယ်။ အသင်းတော်ရဲ့အလုပ်က ဆုံးရှုံးမှုတွေ ခံစားရရင်တောင် သူတို့က ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ရမှာပဲ။ သူတို့လျှောက်တဲ့လမ်းကြောင်းက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းပဲ။ ဒါက ကျွန်တော် ကျောက်ရွှယ်ကို လမ်းပြပေးတဲ့အခါ ပြုမူခဲ့တဲ့ပုံစံ အတိအကျပဲ။ ဒါက ကျွန်တော့်တာဝန်ရဲ့ ဘောင်ထဲမှာ မပါဘူးလို့ ကျွန်တော်ခံစားခဲ့ရတယ်၊ ပြီးတော့ သူ့ကို ကောင်းကောင်းလမ်းညွှန်ပေးရရင် အချိန်အင်အား၊ လူအင်အား အများကြီးကုန်မယ်၊ သူ့အလုပ်က ရလဒ်တွေထွက်လာရင်တောင် ကျွန်တော်နာမည်ကောင်း ရမှာ မဟုတ်ဘူး၊ ကျွန်တော်က တခြားလူတွေဆီက ချီးကျူးမှုကိုလည်း ရမှာမဟုတ်ဘူးဆိုတာကို သိခဲ့လို့ ဒီအဖိုးအခကို ပေးဆပ်ဖို့ ကျွန်တော် စိတ်မပါခဲ့ဘူး။ သူ့ကို လမ်းပြပေးမဲ့အစား ကိုယ်တာဝန်ယူထားတဲ့ ဘောင်ထဲကအလုပ်တွေကို နောက်ဆက်တွဲလိုက်ကြည့်ဖို့ အချိန်ပိုသုံးတာက ပိုကောင်းမယ်လို့ ကျွန်တော်တွေးခဲ့တယ်။ ဒီလိုဆိုရင် အလုပ်ရလဒ်တွေ တိုးတက်လာရုံတင်မကဘူး၊ ခေါင်းဆောင်တွေရဲ့ အထင်ကြီးမှုကိုလည်း ခံရမှာပဲ။ ဒါကြောင့် ကျောက်ရွှယ်ကို လမ်းပြပေးတဲ့အခါ ကျွန်တော် စိတ်မပါလက်မပါ ဖြစ်ခဲ့တယ်။ သူ့မေးခွန်းတွေကို ကျွန်တော် ပြန်ဖြေတဲ့အခါမှာတောင် အချိန်ဆွဲခဲ့တယ်။ ကျောက်ရွှယ်က ကြီးကြပ်ရေးမှူးအဖြစ် အခုမှစလုပ်ရုံပဲ ရှိသေးတယ်၊ အလုပ်နဲ့လည်း သိပ်မရင်းနှီးသေးဘူး၊ စည်းမျဉ်းတွေကိုလည်း ကောင်းကောင်း သဘောမပေါက်သေးဘူးဆိုတာ ကျွန်တော် ကောင်းကောင်းသိပေမဲ့၊ သူ့ကို ကူညီပြီး ထောက်ပံ့ပေးဖို့ အဖိုးအခပေးဆပ်ချင်စိတ် မရှိခဲ့ဘူး။ ကျွန်တော် တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့လိုက်တာ။ ကျွန်တော်က “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်” “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ စာတန်ရဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်နေခဲ့တာ။ ဘာပဲလုပ်လုပ် ကိုယ့်အတွက် အကျိုးရှိမရှိကို ကျွန်တော် စဉ်းစားတယ်၊ ကိုယ့်အတွက် ရစရာတစ်ခုခုရှိမှပဲ အဲဒါကိုလုပ်ဖို့ အချိန်ကုန်ခံပြီး အဖိုးအခပေးဆပ်ဖို့ စိတ်ပါခဲ့တယ်။ ကျွန်တော်က ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ အမှန်တကယ် ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းနေတာမဟုတ်ဘဲ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် လုပ်ဆောင်နေတာကို ကျွန်တော်မြင်ခဲ့တယ်။ ဘုရားသခင်ရဲ့ အမြင်မှာ ကျွန်တော်က ကိုယ့်တာဝန်ကို အမှန်တကယ် ထမ်းဆောင်နေတာမဟုတ်ဘဲ ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်နေတာ၊ ကျွန်တော်က အန္တိခရစ်တစ်ယောက်ရဲ့လမ်းကြောင်းကို လျှောက်နေခဲ့တာပဲ။ အဆုံးမှာတော့ ကျွန်တော် ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရမှာမဟုတ်ရုံတင်မကဘူး၊ ကိုယ်တော်ရဲ့ စက်ဆုပ်ရွံရှာပြီး ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲ။ ဒီအချက်ကို သဘောပေါက်သွားတော့ ကျွန်တော် ဘုရားသခင်ဆီ အမြန်နောင်တရချင်ခဲ့ပြီး ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့တဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားအတိုင်း အသက်မရှင်ချင်တော့ဘူး။
တစ်နေ့ ကျွန်တော် ဝတ်ပြုနေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ရပြီး အဲဒါက တာဝန်တွေကို ဘယ်လိုကောင်းကောင်းထမ်းဆောင်ရမလဲဆိုတာ နားလည်အောင်ရှင်းလင်းပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ငါ့ကို ပြောလော့၊ ကောင်းမှုများကို ပြင်ဆင်ခြင်းဟု မှတ်ယူခံရရန်အလို့ငှာ လူတို့သည် တရားသောအမှုများကို မည်သို့ လုပ်ဆောင်သင့်သနည်း၊ ပြီးလျှင် ၎င်းတို့သည် ဤအရာကို မည်သည့်အခြေအနေနှင့် အနေအထားတွင် လုပ်ဆောင်ရမည်နည်း။ အနည်းဆုံးအားဖြင့်၊ ၎င်းတို့တွင် အပြုသဘောဆောင်ပြီး တက်ကြွသော သဘောထားတစ်ခု ရှိရမည်ဖြစ်ကာ၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သစ္စာစောင့်သိရမည်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်နိုင်ရမည်ဖြစ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရမည်။ အပြုသဘောဆောင်ပြီး တက်ကြွခြင်းသည် အဓိကသော့ချက် ဖြစ်သည်။ သင်သည် အစဉ်သဖြင့် မထုံတက်သေးဖြစ်နေပါက၊ ဤသည်မှာ ပြဿနာရှိသည်။ ယင်းမှာ သင်သည် ဘုရားအိမ်တော်သားတစ်ဦး မဟုတ်သည့်အပြင်၊ သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်သည့်အလား ဖြစ်နေပြီး၊ ထိုအစား အလုပ်ရှင်က သင့်အား လုပ်ဆောင်ရန် တောင်းဆိုသောကြောင့် လစာရရန်အလို့ငှာ ထိုအလုပ်ကို လုပ်ဆောင်ရန်မှတစ်ပါး သင့်တွင် အခြားရွေးချယ်စရာ မရှိသည့်အလား ဖြစ်နေပေသည်။ သင်သည် ယင်းကို ဆန္ဒအလျောက် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ အလွန်ပင် မလုပ်ချင်လုပ်ချင်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။ သင်၏ အကျိုးစီးပွားများအတွက် မဟုတ်ခဲ့လျှင် သင်သည် ယင်းကို လုံးဝ လုပ်ဆောင်မည်မဟုတ်ပေ။ သို့မဟုတ် မည်သူကမျှ လုပ်ဆောင်ရန် သင့်အား မတောင်းဆိုခဲ့လျှင် သင်သည် ယင်းကို လုံးဝ လုပ်ဆောင်မည်မဟုတ်ပေ။ သို့ဖြစ်၍ ဤလုပ်နည်းကိုင်နည်းဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းသည် ကောင်းမှုများကို လုပ်ဆောင်ခြင်း မဟုတ်ပေ။ သို့ဖြစ်၍ ဤကဲ့သို့သော လူတို့သည် အလွန်မိုက်မဲကြသည်။ ၎င်းတို့ လုပ်ဆောင်သမျှ အရာတိုင်းတွင် မထုံတက်သေးဖြစ်ကြသည်။ ၎င်းတို့ လုပ်ဆောင်ရန် စဉ်းစားနိုင်သည့်အရာကို ၎င်းတို့ မလုပ်ဆောင်ကြသည့်အပြင်၊ အချိန်နှင့် အားအင်ဖြင့် ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည့်အရာကိုလည်း ၎င်းတို့ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် စောင့်ဆိုင်းပြီး စောင့်ကြည့်နေရုံသာ ဖြစ်သည်။ ဤသည်မှာ ပြဿနာဖြစ်စေတတ်ပြီး အလွန်သနားစရာကောင်းသည်။ အဘယ်ကြောင့် အလွန်သနားစရာကောင်းသည်ဟု ငါပြောရသနည်း။ ပထမဦးစွာ၊ သင်၏ အစွမ်းအစက မလုံလောက်သောကြောင့် မဟုတ်ပေ။ ဒုတိယအချက်အနေဖြင့်၊ သင်၏ အတွေ့အကြုံက မလုံလောက်သောကြောင့် မဟုတ်ပေ။ တတိယအနေဖြင့်၊ ယင်းကို လုပ်ဆောင်ရန် သင့်တွင် သင့်တော်သော အခြေအနေများ မရှိသောကြောင့် မဟုတ်ပေ။ သင်သည် ဤအလုပ်ကို လုပ်ဆောင်ရန် အစွမ်းအစကို ပိုင်ဆိုင်ပြီး အကယ်၍ သင်သည် အချိန်နှင့် အားအင်ကို အသုံးပြုမည်ဆိုလျှင် ယင်းကို သင်လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သော်လည်း သင်မလုပ်ဆောင်ပေ။ သင်သည် ကောင်းမှုများကို ပြင်ဆင်ရန် ပျက်ကွက်လေသည်။ ဤသည်မှာ အလွန်ဝမ်းနည်းဖွယ်ရာကောင်းသည်။ အဘယ်ကြောင့် ဝမ်းနည်းဖွယ်ရာကောင်းသည်ဟု ငါပြောရသနည်း။ အကြောင်းမှာ နှစ်ပေါင်းများစွာ ကြာပြီးနောက် သင်သည် ဤအရာကို ပြန်ပြောင်းကြည့်မည်ဆိုလျှင် သင်နောင်တရလိမ့်မည်ဖြစ်ပြီး၊ ထိုအလုပ်ကို လုပ်ဆောင်ရန် ထိုနှစ်၊ ထိုလနှင့် ထိုနေ့သို့ သင်ပြန်သွားလိုလျှင် အမှုအရာများက ပြောင်းလဲသွားပြီးဖြစ်ကာ ထိုအချိန်သည်လည်း ကျော်လွန်သွားပြီးဖြစ်လိမ့်မည်။ သင်သည် ထိုအခွင့်အရေးကဲ့သို့ ဒုတိယအခွင့်အရေးတစ်ခုကို ရရှိလိမ့်မည်မဟုတ်ပေ။ ထိုအခွင့်အရေး လွန်သွားသည့်အခါ လွန်သွားပြီဖြစ်သည်၊ ယင်းကို ဆုံးရှုံးသွားသည့်အခါ ဆုံးရှုံးသွားပြီဖြစ်သည်။ အကယ်၍ သင်သည် ကောင်းမွန်သော အစားအစာကို စားသုံးခြင်း သို့မဟုတ် ကောင်းမွန်သော အဝတ်အစားများကို ဝတ်ဆင်ခြင်းကဲ့သို့သော ဇာတိပကတိဆိုင်ရာ သာယာမှုများကို ဆုံးရှုံးရလျှင်၊ ဤသည်မှာ အရေးမကြီးလှပေ။ အကြောင်းမှာ ဤအရာများသည် အနှစ်သာရမရှိသည့်အပြင်၊ သင်၏ အသက်ဝင်ရောက်မှု သို့မဟုတ် သင်၏ ကောင်းမှုများ ပြင်ဆင်ခြင်းအပေါ် သို့မဟုတ် သင်၏ ပန်းတိုင်အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိသောကြောင့် ဖြစ်သည်။ သို့သော်လည်း၊ အကယ်၍ တစ်စုံတစ်ခုသည် သင့်အပေါ်ထားသော ဘုရားသခင်၏ သဘောထားနှင့်လည်းကောင်း၊ အကဲဖြတ်ချက်နှင့်လည်းကောင်း ဆက်စပ်မှုရှိလျှင် သို့မဟုတ် သင်လျှောက်လှမ်းသော လမ်းကြောင်းနှင့်လည်းကောင်း၊ သင်၏ ပန်းတိုင်နှင့်လည်းကောင်း ဆက်စပ်မှုရှိလျှင်၊ ယင်းကို လုပ်ဆောင်ရန် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် အလွန်ဝမ်းနည်းဖွယ်ရာကောင်းသည်။ အကြောင်းမှာ ယင်းသည် သင်၏ အနာဂတ် ဖြစ်တည်မှုလမ်းကြောင်းပေါ်တွင် အစွန်းအထင်းတစ်ခုကို ချန်ထားခဲ့မည်ဖြစ်ပြီး နောင်တများကို ဖြစ်ပေါ်စေမည်ဖြစ်ကာ၊ သင်၏ ဘဝတစ်ခုလုံးတွင် ယင်းအတွက် ပြန်လည်ပေးဆပ်ရန် နောက်ထပ်အခွင့်အရေးတစ်ခုကို သင်ဘယ်တော့မျှ ရရှိလိမ့်မည်မဟုတ်သောကြောင့် ဖြစ်သည်။...ဆန့်ကျင်ဘက်အားဖြင့်၊ သင်သည် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး သမ္မာတရားကို နားလည်ကာ ပြဿနာများကို ဖြေရှင်းလျှင်၊ သင်၏ စိတ်နှလုံးထဲတွင် တည်ငြိမ်ပြီး စိတ်ချခိုင်မာသည်ဟု ခံစားရလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို သင်စိတ်ပျက်စေခဲ့မည် မဟုတ်ပေ။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် ယုံကြည်ခြင်းရှိလိမ့်မည်ဖြစ်ပြီး ခေါင်းမော့ရင်ကော့၍ ကျင့်ကြံပြုမူနိုင်လိမ့်မည်။ သင်သည် သင်၏တာဝန်ကို မဖြည့်ဆည်းခဲ့သည့်အပြင်၊ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေလုပ်နေပါက၊ မည်သည့်ဆုံးရှုံးမှုကိုမျှ မဖြစ်စေခဲ့လျှင်ပင်၊ ဤပြစ်မှားခြင်းသည် သင်၏ စိတ်နှလုံးထဲတွင် တစ်သက်တာ နောင်တကို ချန်ထားခဲ့လိမ့်မည်။ ဤပြစ်မှားခြင်းသည် အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်လိမ့်မည်။ ယင်းကို စဉ်းစားမိသည့်အခါတိုင်း၊ သင်သည် နာကျင်မှုနှင့် မသက်မသာဖြစ်မှုကို ခံစားရမည်ဖြစ်ပြီး၊ နှလုံးသားကို စူးရှနာကျင်စေသည့် ပြင်းထန်သောဝေဒနာကို ခံစားရလိမ့်မည်။ သင်သည် ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း လုံးဝ ရှိလိမ့်မည်မဟုတ်သည်သာမက၊ ဆန့်ကျင်ဘက်အားဖြင့်၊ နောင်တနှင့် စိတ်ဆင်းရဲခြင်း၏ နာကျင်မှုသည် သင်၏ တစ်သက်တာလုံးအတွက် သင့်နှင့်အတူ ပါရှိနေမည်ဖြစ်ပြီး မည်သည့်အခါမျှ ဖျောက်ဖျက်၍မရနိုင်ပေ။ ဤသည်မှာ ထာဝရ နောင်တတစ်ခုမဟုတ်လော။ ဘုရားသခင်၏ ရှုထောင့်အမြင်မှ ကြည့်လျှင်ကော အဘယ်သို့နည်း။ ဘုရားသခင်သည် ဤကိစ္စရပ်၏ သဘောသဘာဝကို အဆုံးအဖြတ်ပေးရန် သမ္မာတရား စည်းမျဉ်းများကို အသုံးပြုသောကြောင့် ယင်း၏ သဘောသဘာဝသည် သင်ခံစားရသည်ထက် များစွာ ပို၍ပြင်းထန်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် သဘောပေါက်ခဲ့တာက ကိုယ့်တာဝန်ကို အပြုသဘောဆောင်ပြီး တက်တက်ကြွကြွ လုပ်ဆောင်တာ၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားတာ၊ အသင်းတော်အလုပ်ကို ထိန်းသိမ်းတာဆိုတဲ့ ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေကို လိုက်နာမှသာ လူတစ်ယောက်က ကိုယ့်တာဝန်ကို အမှန်တကယ် ထမ်းဆောင်ပြီး ကောင်းမှုတွေကို ပြင်ဆင်နိုင်မှာပဲ။ ကျွန်တော် စဉ်းစားနိုင်တာကို တက်တက်ကြွကြွ မလုပ်ခဲ့ရင်၊ ဒါမှမဟုတ် လုပ်ခဲ့ရင်တောင်မှ အပျက်သဘောဆောင်ပြီး၊ စိတ်မပါဘဲ သံသယတွေနဲ့ လုပ်ခဲ့ရင် ဒါက ကျွန်တော့်ရဲ့ တာဝန်မှာ သစ္စာစောင့်သိမှု ကင်းမဲ့တာကို ပြပြီး ဘုရားသခင်ရဲ့ မုန်းတီးခြင်းနဲ့ ရွံရှာခြင်းကို ခံရမှာပါပဲ။ ကျွန်တော်ဟာ အချိန်အကြာကြီး ကြီးကြပ်ရေးမှူးအနေနဲ့ လေ့ကျင့်ခဲ့ရပြီး စည်းမျဉ်းတွေကို နားလည်မှု နည်းနည်းရလာခဲ့တဲ့အတွက် ကျောက်ရွှယ် ပို့ပေးတဲ့ တရားဒေသနာတွေမှာ ပြဿနာတချို့ကို တွေ့မြင်နိုင်ခဲ့တယ်ဆိုတာကို ကျွန်တော် စဉ်းစားမိတယ်။ ပြဿနာတချို့က ပိုရှုပ်ထွေးပြီး အချိန်ပိုလိုပေမဲ့ ဆွေးနွေးပြီးရင်တော့ ရှင်းရှင်းလင်းလင်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရတာက ကျွန်တော့်အချိန်တွေ အများကြီးကုန်တယ်၊ ဒါက ကိုယ်တာဝန်ယူထားတဲ့အပိုင်းက နောက်ဆက်တွဲအလုပ်တွေကို နှောင့်နှေးစေခဲ့တယ်ဆိုတာကို ကျွန်တော် သဘောပေါက်ခဲ့တယ်။ ဒါက ကျွန်တော်တို့အသင်းတော်ရဲ့ အလုပ်တိုးတက်မှုကို နှေးကွေးစေခဲ့တယ်။ အဲဒီအခါမှာ ဒီလိုသာ ဆက်ဖြစ်နေရင် ကျွန်တော်တို့အလုပ်ရဲ့ ထိရောက်မှု ကျဆင်းသွားမှာဖြစ်ပြီး ဒါက ကျွန်တော့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိခိုက်စေမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် ကျောက်ရွှယ်ကို ဆက်ပြီး လမ်းပြပေးချင်စိတ် မရှိခဲ့ဘူး။ ကိုယ့်တာဝန်မှာ ကျွန်တော်က ကိုယ့်မာနနဲ့ အဆင့်အတန်းကိုပဲ စဉ်းစားနေတယ်၊ တခြားသူတွေကို ပျိုးထောင်ပေးရတဲ့ အလုပ်အတွက် ဝန်တာထားစိတ်မရှိဘဲ အမြဲတမ်း ကိုယ့်အကျိုးစီးပွားအတွက် တွက်ချက်နေပြီး အသင်းတော်ရဲ့ အဘက်ဘက်ကအလုပ်ကို မစဉ်းစားသလို ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကိုလည်း အလေးမထားဘူးဆိုတာကို ကျွန်တော် တွေ့မြင်ခဲ့ရတယ်။ ကျွန်တော် လုပ်နေခဲ့တာက မယုံကြည်သူတွေ လုပ်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ကျွန်တော် ဘုရားသခင်ကို တကယ်ပဲ စိတ်ပျက်စေခဲ့တာပါပဲ။
ဘုရားသခင်က လူတွေအပေါ် ဝန်ထုပ်တွေ ချပေးရာမှာ အပင်ပန်းခံတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နောက်ပိုင်းမှာ နားလည်လာခဲ့တယ်။ ဘုရားသခင်က ပြောသည် “သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားလေလေ၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေဖြစ်ပြီး၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေ သင်၏အတွေ့အကြုံ ကြွယ်ဝလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အလေးထားသည့်အခါတွင်၊ ဘုရားသခင်သည် သင့်အပေါ် ဝန်ထုပ်တစ်ခု ချပေးလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင့်ကို သူ ပေးအပ်ထားသည့် အလုပ်တာဝန်များနှင့်ပတ်သက်၍ သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ ဘုရားသခင်သည် သင့်ကို ဤဝန်ထုပ်ပေးသည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် ဆက်နွှယ်မှုရှိသည့် သမ္မာတရားများအားလုံးကို သင် အာရုံစိုက်လိမ့်မည်ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှမများ၏ အသက်တာများ၏ အခြေအနေနှင့်ဆက်နွှယ်သည့် ဝန်ထုပ်တစ်ခု သင်၌ရှိပါက၊ ဤသည်မှာ ဘုရားသခင်က သင့်ကို အပ်နှံထားသော ဝန်ထုပ်ဖြစ်ပြီး၊ သင်သည် ဤဝန်ထုပ်ကို သင်၏ နေ့စဉ်ဆုတောင်းချက်များတွင် သင်နှင့်အတူ အမြဲ သယ်ဆောင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို သင့်အပေါ် တနင့်တပိုး တင်ထားပြီးဖြစ်ကာ၊ ဘုရားသခင် လုပ်ဆောင်လိုသောအရာကို လုပ်ဆောင်ရန် သင် လိုလားလျက်ရှိ၏။ ဤသည်မှာ ဘုရားသခင်၏ဝန်ထုပ်ကို သင့်ကိုယ်ပိုင်ဝန်ထုပ်အဖြစ် တာဝန်ယူခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤအခြေအနေတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်ခြင်းတွင်၊ သင်သည် ဤကဲ့သို့သော ကိစ္စများကို အလေးထားပြီး၊ ဤပြဿနာများကို ကျွန်ုပ် မည်သို့ ဖြေရှင်းမည်နည်းဟု သင် စဉ်းစားလိမ့်မည်။ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများအား လွတ်မြောက်မှုကို ရရှိပြီး ဝိညာဉ်ရေးရာ မွေ့ပျော်မှုကို ရှာတွေ့စေရန် ကျွန်ုပ် မည်သို့ထောက်ကူနိုင်မည်နည်း။ သင်သည် မိတ်ဿဟာယဖွဲ့နေစဉ်တွင် ဤပြဿနာများ ဖြေရှင်းခြင်းကိုလည်း အာရုံစိုက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေချိန်တွင်၊ ဤကိစ္စများနှင့် ဆက်နွှယ်သော သူ၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သင်အာရုံစိုက် ပါလိမ့်မည်။ သူ၏နှုတ်ကပတ်တော်များကို စားသောက်စဉ်တွင်လည်း သင်သည် ဝန်ထုပ်ဝန်ပိုးတစ်ခုကိုလည်း သယ်ဆောင်ပါမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် နားလည်ပြီးသည်နှင့်တစ်ပြိုင်နက်၊ မည်သည့် လမ်းကြောင်း လျှောက်ရမည် ဆိုသည်နှင့်ပတ်သက်၍ သာ၍ ရှင်းလင်းသော စိတ်ကူးတစ်ခုကို သင် ရရှိလိမ့်မည်။ ဤသည်မှာ သင့်ဝန်ထုပ်က ယူဆောင်လာသော သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းဖြစ်ပြီး ဤသည်မှာ သင့်အပေါ် နှင်းအပ်ထားပြီးဖြစ်သည့် ဘုရားသခင်၏ လမ်းပြမှုလည်း ဖြစ်သည်။ ငါသည် ဤအရာကို အဘယ်ကြောင့် ပြောဆိုသနည်း။ သင်၌ ဝန်ထုပ်ဝန်ပိုး မရှိပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် အာရုံစိုက်လိမ့်မည်မဟုတ်။ ဝန်ထုပ်ကို သယ်ဆောင်နေစဉ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်စားသောက်သည့်အခါ၊ ထိုနှုတ်ကပတ်တော်များ၏ အနှစ်သာရကို သင် သဘောပေါက်နိုင်သည်၊ မိမိလမ်းခရီးကို ရှာတွေ့နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ပေသည်။ ထို့ကြောင့်၊ သင်၏ ရှေ့တွင်၊ သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ပိုမိုရရှိနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းသည် သာ၍ ကြီးမားသော အကျိုးတစ်ခု ရှိဖို့အလို့ငှာ၊ သင်သည် သူ၏နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သဘောပေါက်၍ ကြီးထွားဖို့အလို့ငှာနှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သင် သာ၍ ခံရနိုင်စွမ်းရှိလာဖို့အလို့ငှာ၊ ဘုရားသခင်သည် သာ၍များသော ဝန်ထုပ်များကို သင့်အပေါ် ထားရှိဖို့နှင့် သာ၍ပင် ကြီးမားသော အလုပ်တာဝန်များကို သင့်ထံ အပ်နှံဖို့ ဆုတောင်းသင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားလော့) ဝန်တာတွေဟာ ဘုရားသခင်ဆီကလာတဲ့ ကောင်းချီးမင်္ဂလာတွေပဲဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော်သဘောပေါက်ခဲ့တယ်။ ဘုရားသခင်ပေးတဲ့ ဝန်တာတွေကနေတစ်ဆင့် ကျွန်တော်တို့က သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေဖို့အတွက် ဘုရားသခင်ရှေ့မှောက်ကို လာဖို့ တိုက်တွန်းခံရတယ်၊ ဘုရားသခင်ရဲ့ ဉာဏ်ပွင့်စေခြင်းနဲ့ လမ်းပြခြင်းကို ရရှိပြီး သမ္မာတရားတွေကို ပိုပြီးနားလည်လာတယ်။ ဒီနည်းနဲ့ ကျွန်တော်တို့က အသက်တာမှာ ပိုမြန်မြန် ကြီးထွားရင့်ကျက်နိုင်တယ်။ ခေါင်းဆောင်တွေက ကျွန်တော်တို့ကို အသင်းတော်ရဲ့ အဘက်ဘက်ကအလုပ်ကို ထိန်းသိမ်းရာမှာ ကျောက်ရွှယ်ကို လမ်းပြပေးဖို့ စီစဉ်ခဲ့တယ်၊ ဒါက ကျွန်တော်တို့ကို ပိုပြီးလေ့ကျင့်ခွင့်လည်း ပေးခဲ့တယ်။ တကယ့်အခက်အခဲတွေနဲ့ ပြဿနာတွေက သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေဖို့ ကျွန်တော့်ကို တွန်းအားပေးခဲ့ပြီး ပိုပြီးရရှိနိုင်အောင် လုပ်ပေးခဲ့တယ်။ တကယ်တော့ ကျောက်ရွှယ်မေးတဲ့ မေးခွန်းတချို့ကို ကျွန်တော် ရှင်းရှင်းလင်းလင်း မဖြေပြနိုင်ခဲ့ဘူး၊ ဒါက ဒီအပိုင်းတွေက သမ္မာတရားကို ကျွန်တော်လည်း အပြည့်အဝ နားမလည်သေးဘူးဆိုတာကို ပြနေတယ်။ ဒီဝန်တာထားတဲ့စိတ်နဲ့ ဘုရားသခင်ဆီ ရှာဖွေပြီး ဆုတောင်းတဲ့အခါ၊ သမ္မာတရားစည်းမျဉ်းတချို့ကို ဖတ်ပြီးတဲ့နောက်မှာတော့ ပြဿနာတွေကို ပိုပြီးရှင်းရှင်းလင်းလင်း နားလည်နိုင်ခဲ့တယ်။ ကျောက်ရွှယ်ကို လမ်းပြကူညီပေးတဲ့ကိစ္စမှာ ကျွန်တော် အချိန်နဲ့စွမ်းအင်တချို့ သုံးခဲ့ရပေမဲ့ ဒီဖြစ်စဉ်အတွင်းမှာ ကျွန်တော် ဘုရားသခင်ဆီ ပိုပြီးဆုတောင်းခဲ့တယ်၊ သမ္မာတရားစည်းမျဉ်းတွေကို ခဏခဏပိုပြီးရှာဖွေခဲ့တယ်၊ ပြီးတော့ မသိလိုက်မသိဘာသာနဲ့ ကျွန်တော် အကျိုးကျေးဇူးတချို့ ရရှိခဲ့ပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင်ချို့ယွင်းချက်တွေကိုလည်း ပြုပြင်နိုင်ခဲ့တယ်။ ဝန်တာတွေဟာ တကယ်ပဲ ဘုရားသခင်ဆီကလာတဲ့ ကောင်းချီးမင်္ဂလာတွေဆိုတာကို ကျွန်တော် အမှန်တကယ် တွေ့ကြုံခံစားခဲ့ရပြီး တခြားလူတွေကို ပျိုးထောင်ပေးရတာကို စိတ်အနှောင့်အယှက်ဖြစ်စရာအနေနဲ့ မသတ်မှတ်သင့်တော့ဘူးဆိုတာကို သဘောပေါက်ခဲ့တယ်။ ကျောက်ရွှယ်က တာဝန်ယူထားတဲ့အပိုင်းက ကြီးမားတယ်၊ သူသာ အမှီအခိုကင်းကင်းနဲ့ အလုပ်လုပ်နိုင်ရင် ဒါက အသင်းတော်အလုပ်အတွက် အကျိုးရှိမှာပဲ၊ ဒါကြောင့် ကျွန်တော်က ကိုယ်ကျိုးစီးပွားကို ဘေးဖယ်ထားပြီး တရားဒေသနာအလုပ်ကို ကောင်းကောင်းလုပ်နိုင်ဖို့ ကျောက်ရွှယ်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။
နောက်ပိုင်းမှာတော့ ကျွန်တော် ကိုယ်ကျိုးစီးပွားကို သတိရှိရှိ ဘေးဖယ်ထားတယ်၊ တရားဒေသနာတွေထဲက ပြဿနာတွေကို ဆင်ခြင်သုံးသပ်ဖို့ စိတ်ကိုငြိမ်သက်စေပြီး အဲဒီထဲမှာရှိတဲ့ ပြဿနာတွေကို ကျောက်ရွှယ်နဲ့ ဆွေးနွေးခဲ့တယ်။ တဖြည်းဖြည်းနဲ့ တရားဒေသနာတွေထဲက ပြဿနာတွေကို စဉ်းစားသုံးသပ်ပြီး ပြန်ဖြေပေးရင်းနဲ့ တရားဒေသနာတွေကို အကဲဖြတ်တဲ့ စည်းမျဉ်းတွေအပေါ်မှာ ကျွန်တော် ပိုပြီးရှင်းလင်းလာခဲ့တယ်၊ သူများတွေရဲ့ တရားဒေသနာတွေက ကျွန်တော့်ကို ထိုးထွင်အမြင်အသစ်တချို့ ပေးခဲ့တယ်။ ဒါက တကယ်ပဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။ အဲဒီနောက်မှာ လတ်တလော တရားဒေသနာတွေမှာ ရှိတဲ့ ပြဿနာတွေကို ကျောက်ရွှယ်အတွက် အကျဉ်းချုပ်ပေးသင့်သလားလို့ ကျွန်တော် တွေးမိတယ်။ ဒီလိုဆိုရင် သူက နောက်တစ်ခါ အဲဒါတွေကို ရှောင်နိုင်မှာပေါ့။ ဒါက တရားဒေသနာတွေရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ ပိုပြီးအကျိုးရှိမှာပဲ။ ဒါပေမဲ့ အဲဒီနောက်မှာ ကျွန်တော် တွေးမိတယ်၊ “ငါ သူ့နဲ့ တရားဒေသနာအကြောင်းကို အချိန်အများကြီးပေးပြီး ဆွေးနွေးပြီးသွားပြီ၊ ပြီးတော့ ပြဿနာတွေကို အကျဉ်းချုပ်ပြီး အသေးစိတ်ကို ဆက်သွယ်ပြောဆိုရင် အချိန်ပိုကုန်သွားလိမ့်မယ်။ ဒါက ငါ့ရဲ့ အလုပ်ကို နှောင့်နှေးစေမှာ မဟုတ်ဘူးလား။ ဒါဆို တော်လောက်ပါပြီ” ပေါ့။ ကျွန်တော် တစ်ကိုယ်ကောင်းဆန်၊ ယုတ်ညံ့နေပြီး လွယ်ကူတဲ့ လမ်းကို လိုက်ဖို့ ကြိုးစားနေတာကို ကျွန်တော် သဘောပေါက်ခဲ့တယ်။ ကျွန်တော် ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် ပုန်ကန်ခဲ့တယ်၊ ပြီးတော့ ကျွန်တော်တို့ တွေ့ရှိခဲ့တဲ့ ပြဿနာတွေနဲ့ လမ်းလွဲမှုတွေကို ကျောက်ရွှယ်ကို ထောက်ပြခဲ့တယ်။ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်ရင်းနဲ့ ကျွန်တော့်ရဲ့ စိတ်နှလုံးထဲမှာ တော်တော်လေး ငြိမ်သက်တယ်လို့ ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ ကျောက်ရွှယ်ကို လမ်းပြပေးနေရင်းနဲ့ ကျွန်တော်တာဝန်ယူထားတဲ့ တရားဒေသနာအလုပ်တွေကို လိုက်လံကြည့်ရှုဖို့လည်း အချိန်ယူခဲ့တယ်။ နိုဝင်ဘာလမှာ ကျွန်တော်တို့အသင်းတော်က တင်သွင်းတဲ့ တရားဒေသနာအရေအတွက်က အောက်တိုဘာလထက်တောင် ပိုများခဲ့ပြီး ကျောက်ရွှယ်ကို ကူညီပေးခဲ့တာက အလုပ်ရဲ့ထိရောက်မှုကို ကျဆင်းမသွားစေခဲ့ဘူး။ ဘုရားသခင်ရဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဆုတုန်း အီတလီနိုင်ငံ ၂၀၂၁ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မက အသင်းတော်မှာ ဗီဒီယိုထုတ်လုပ်ရေးလုပ်တယ်။ ဒါ တကယ် အရေးကြီးတဲ့တာဝန်ဆိုတာ ကျွန်မသိတော့...
လီယင်း တရုတ်နိုင်ငံ၂၀၁၅ခုနှစ် ဩဂုတ်လမှာ၊ မိသားစုနဲ့ ကျွန်မက စင်းကျန်းကို ပြောင်းခဲ့တယ်။ ကွန်မြူနစ်ပါတီက ဝေးဂေါ်လူနည်းစုတွေရဲ့...
ကျိုးချိန် တရုတ်နိုင်ငံ ကျွန်တော် အသက် ၄၇ နှစ်ရောက်တော့၊ မျက်စိမှုန်တာ မြန်လာတယ်။ ကိုယ့်မျက်လုံးတွေကို ဂရုမစိုက်ရင်၊ တဖြည်းဖြည်း အမြင်အာရုံ...
ပန်လီ၊ တရုတ်ပြည်၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလက တစ်နေ့မှာပေါ့၊ အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကျောက်ကျွင်းကို ရဲတွေက ဖမ်းသွားတယ်လို့...