မိမိ၏တစ်ကိုယ်ကောင်းဆန်မှုအပေါ် ဆင်ခြင်သုံးသပ်ခြင်းနှင့် နားလည်ခြင်း

26.02.2026

ယန်ကျန်း၊ တရုတ်နိုင်ငံ

၂၀၂၄ ခုနှစ်၊ ဧပြီလမှာ ကျွန်မကို ခရိုင်ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တယ်။ အဲဒီတုန်းက ဖိအားအရမ်းများတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ဒီတာဝန်က တာဝန်ကြီးတယ်၊ ရင်ဆိုင်ရမယ့် အခက်အခဲတွေကလည်း အများကြီးပဲ၊ ပြီးတော့ စိတ်ပူရတာတွေ၊ အဖိုးအခ ပေးဆပ်ရတာတွေလည်း အများကြီးရှိမယ်လို့ ကျွန်မခံစားခဲ့ရတယ်။ ဒါပေမဲ့ ဒီတာဝန်က ကျွန်မကို ဘုရားသခင် ကျေးဇူးပြုတာဖြစ်ပြီး ကျွန်မရဲ့တစ်ကိုယ်ရည် ဇာတိပကတိအကျိုးစီးပွားကိုပဲ မစဉ်းစားသင့်မှန်း သဘောပေါက်ခဲ့လို့ ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့တယ်။ ကျွန်မက ဒီတာဝန်မှာ အသစ်ဖြစ်တဲ့အတွက် ကျွန်မကို ခွဲဝေပေးတဲ့အလုပ်က အတော်လေး ပေါ့ပေါ့ပါးပါးရှိပြီး စာနဲ့ပတ်သက်တဲ့အလုပ်နဲ့ အသင်းတော်အသက်တာကိုပဲ တာဝန်ယူခဲ့ရတယ်။ အားလပ်ချိန်တွေမှာဆိုရင် ကျွန်မ ဗီဒီယိုတွေကြည့်ပြီး ဓမ္မတေးတွေ နားထောင်လို့လည်း ရသေးတယ်။ ဒီလို တာဝန်ထမ်းဆောင်ရတာ တော်တော်ကောင်းတယ်လို့ ကျွန်မခံစားခဲ့ရတယ်။ မကြာခင်မှာပဲ ကျွန်မနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မတစ်ယောက်က တကယ်အလုပ်မလုပ်လို့ ဖြုတ်ချခံခဲ့ရတယ်၊ ဒါနဲ့ သူတာဝန်ယူခဲ့တဲ့ အသင်းတော်ရဲ့ ရှင်းလင်းခြင်းအလုပ်ကို ကျွန်မ လွှဲပြောင်းယူခဲ့ရတယ်။ အလုပ်လွှဲပြောင်းယူတဲ့အချိန်ကျမှ ရှင်းလင်းခြင်းအလုပ်မှာ ပြဿနာတွေ အများကြီးရှိမှန်း၊ ရှင်းလင်းရေး အချက်အလက်တွေကို စုစည်းဖို့ လူမလုံလောက်မှန်း၊ ပြီးတော့ စိစစ်ဖို့လိုတဲ့ ရှင်းလင်းရေး အချက်အလက်တွေ အများကြီး ပုံနေမှန်း ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မရဲ့အလုပ်ဝန်က သိသိသာသာ တိုးလာတယ်လို့ ခံစားရပြီး နေ့စဉ်အချိန်ဇယားကလည်း ပြည့်ကျပ်သွားတယ်။

တစ်နေ့၊ ကျွန်မ အလုပ်လုပ်နေတုန်းမှာ ကျွန်မရဲ့တွဲဖက် ညီအစ်မ ချိုယန့်က၊ “ဧဝံဂေလိအလုပ်က အခက်အခဲတွေ ကြုံနေရတယ်၊ အလုပ်ရဲ့ရလဒ်တွေကလည်း သိသိသာသာကို ကျဆင်းသွားပြီ။ ဖြေရှင်းချက်တစ်ခုကို ကျွန်မတို့အားလုံး အတူတကွ ဆွေးနွေးဖို့ လိုအပ်တယ်” လို့ ပြောလာတယ်။ သူတို့ရဲ့စကားကို နားထောင်ရင်းနဲ့ အရင်တုန်းက ကျွန်မ အသင်းတော်ခေါင်းဆောင်လုပ်တုန်းက တွေ့ခဲ့ဖူးတဲ့ ဆင်တူပြဿနာတွေကို သတိရသွားတယ်။ ညီအစ်ကိုမောင်နှမတွေ ဧဝံဂေလိတရားဟောပြောရာမှာ အခက်အခဲတွေကြုံရတဲ့အခါ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေအပေါ် မိတ်သဟာယမပြုကြဘူး၊ ဧဝံဂေလိတရားဟောပြောခြင်းနဲ့ဆိုင်တဲ့ သမ္မာတရားတွေကိုလည်း မိတ်သဟာယမပြုဘဲ အလုပ်တိုးတက်မှုအတွက်ပဲ တွန်းအားပေးခဲ့ကြတယ်။ ဒါဟာ ဧဝံဂေလိအလုပ်ရဲ့ ရလဒ်မကောင်းရတဲ့ အဓိကအကြောင်းရင်းပဲ။ ကျွန်မက ဒီပြဿနာနဲ့ပတ်သက်ပြီး ထုတ်ပြောချင်ခဲ့တယ်၊ ဒါပေမဲ့ ပြီးတော့မှ တွေးမိတယ်၊ “ငါတာဝန်ယူထားတဲ့ ရှင်းလင်းခြင်းအလုပ်မှာလည်း ပြဿနာတွေမှ အများကြီးပဲ။ ငါ့မှာ နေ့တိုင်း အလုပ်နဲ့အားတာမဟုတ်ဘူး။ ဒီတော့ ဧဝံဂေလိအလုပ်မှာ ငါပါဝင်လိုက်ရင် ဒါက ငါ့အတွက် အပိုအားစိုက်ထုတ်တာ ဖြစ်မနေဘူးလား။ ဒီအပိုအင်အားတွေ ငါက ဘယ်ကရှာမှာလဲ” လို့ပေါ့။ ဒါနဲ့ ကျွန်မ တာဝန်ယူထားတဲ့ အလုပ်ကိုပဲ အာရုံစိုက်သင့်တယ်လို့ ခံစားမိတယ်။ ဒီလိုတွေးပြီးတော့ ကျွန်မ ဘာမှမပြောဘဲ ကိုယ့်အလုပ်ကိုပဲ ဆက်လုပ်နေလိုက်တယ်။ ချိုယန့်နဲ့ လီယွဲ့က အချိန်အကြာကြီး ဆွေးနွေးခဲ့ကြပေမဲ့ ဖြေရှင်းချက်တစ်ခုကို ရှာမတွေ့နိုင်ခဲ့ဘူး၊ ဒါနဲ့ ချိုယန့်က ကျွန်မကို အကြံကောင်းတွေများ ရှိလားလို့ မေးလာတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါ့အလုပ်တွေတောင် မပြီးသေးဘူး။ အခု ဧဝံဂေလိအလုပ်ကို ဝင်ဆွေးနွေးလိုက်ရင် ငါ့လက်ထဲကအလုပ်ကို နှောင့်နှေးစေမှာ မဟုတ်ဘူးလား” လို့ပေါ့။ ဒါနဲ့ ကျွန်မက ငြင်းပြီး “အစ်မတို့နှစ်ယောက်ပဲ ဆွေးနွေးလိုက်ပါ။ ကျွန်မလက်ထဲမှာ အရေးကြီးတဲ့ အလုပ်တွေ အများကြီးရှိနေလို့ပါ” လို့ ပြောလိုက်တယ်။ လီယွဲ့က ကျွန်မရဲ့သဘောထားကိုမြင်တော့ ကျွန်မကို လေသံမာမာနဲ့ပြောတယ်၊ “ပြဿနာတွေကို ဖော်ထုတ်နိုင်စွမ်းက လူတိုင်းမှာ အကန့်အသတ်ရှိတယ်။ အလုပ်ထဲက အခက်အခဲတွေကို ဖြေရှင်းဖို့ဆိုတာ အားလုံးပါဝင်ဆွေးနွေးမှ ဖြစ်မှာ။ ဒါ အစ်မ တာဝန်မဲ့တာပဲ” တဲ့။ ညီအစ်မရဲ့ ဝေဖန်စကားကိုကြားတော့ ကျွန်မ အပြစ်ရှိတယ်လို့ ခံစားရပြီး၊ ကိုယ်လုပ်ရပ်က တကယ်ကို တစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့ တွေးမိတယ်။ အဲဒီနောက်မှာမှ ကျွန်မ လုပ်နေတာကိုရပ်ပြီး သူတို့ရဲ့ဆွေးနွေးမှုမှာ ပါဝင်လိုက်တယ်။ ကျွန်မ သတိပြုမိခဲ့တဲ့ ပြဿနာတွေကိုလည်း ပြောပြလိုက်တော့ မကြာခင်မှာပဲ ကျွန်မတို့ ဖြေရှင်းချက်တစ်ခုကို ရှာတွေ့ခဲ့ကြတယ်။

သုံးလေးရက်ကြာတော့ လီယွဲ့နဲ့ ချိုယန့်က ရေလောင်းသူတွေကို ပျိုးထောင်တဲ့ကိစ္စကို ဆွေးနွေးနေကြတယ်။ တချို့အသင်းတော်ခေါင်းဆောင်တွေက လူတွေကို ပျိုးထောင်ဖို့ အာရုံမစိုက်ကြလို့၊ အသင်းတော်မှာ ရေလောင်းသူတွေ မလုံလောက်တော့ဘူး၊ အဲဒါကြောင့် လူသစ်တွေက အချိန်မီ ရေလောင်းပေးတာကို မခံရဘဲ လူသစ်တွေကို ရေလောင်းပေးတဲ့အလုပ်ကို ဆိုးဆိုးရွားရွား နှောင့်နှေးစေတယ်လို့ ပြောကြတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အသင်းတော်ခေါင်းဆောင်တွေကို စာရေးပြီး မိတ်သဟာယပြုဖို့ လိုတယ်လို့ သူတို့က ပြောတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဆွေးနွေးရာမှာ သူတို့က ကျွန်မကို ပါဝင်ခိုင်းခဲ့တယ်၊ ဒါပေမဲ့ ကျွန်မ တွေးလိုက်တယ်၊ “ဒါက တစ်ခါတည်းနဲ့ ပြီးသွားနိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ဒီပြဿနာတွေက အချိန်လည်းပေးရမယ်၊ စိတ်လည်း ပင်ပန်းရမှာပဲ၊ ပြီးတော့ ဒီလိုဆွေးနွေးနေရင် ငါလုပ်နေတဲ့အလုပ်ကို နှောင့်နှေးစေမှာပဲ။ နောက်ပိုင်း ငါ့အလုပ်တွေ ပုံသွားရင် ဒါတွေကို ရှင်းဖို့ အချိန်ပိုပေးရဦးမှာ။ နောက်ပြီး ရေလောင်းခြင်းအလုပ်က ငါ့တာဝန်တောင် မဟုတ်ဘူး၊ ဒီတော့ ပြဿနာဖြေရှင်းပြီးသွားရင်လည်း ငါ ချီးကျုးခံရမှာမှ မဟုတ်တာ။ အချိန်ရော၊ အင်အားရော စိုက်ထုတ်ရမယ်၊ ကိုယ့်အလုပ်ကိုလည်း နှောင့်နှေးစေမယ်၊ ဘာများ အကျိုးရှိလဲ” လို့ပေါ့။ အဲဒီနောက် ကျွန်မက ဝတ်ကျေတမ်းကျေပဲ ပြန်ပြောလိုက်တယ်၊ “ဒီကိစ္စတွေကို ကျွန်မ သိပ်နားမလည်တော့ အကြံကောင်း မပေးတတ်ဘူး။ အစ်မတို့ပဲ ဆွေးနွေးပြီး စာကို အရင်ရေးလိုက်ပါ၊ အဲဒါ ရေးပြီးသွားရင်တော့ အတူတူ ပြန်သုံးသပ်လို့ ရတာပေါ့” လို့ပေါ့။ ကျွန်မ ဒီလိုပြောတာကိုကြားတော့ ညီအစ်မတွေက ဘာမှပြန်မပြောကြဘူး၊ ဒါနဲ့ သူတို့နှစ်ယောက်တည်း ဒီကိစ္စကို ဆွေးနွေးရတော့တာပေါ့။ နောက်တော့ ချိုယန့်က စာရေးပြီးသွားတော့ ကျွန်မတို့ကို အကြံပြုချက်တွေ တောင်းတယ်။ ကျွန်မက အပေါ်ယံပဲ ကြည့်လိုက်ပြီး နေရာတချို့မှာ ဖြည့်စွက်ဖို့နဲ့ ပြင်ဆင်ဖို့လိုတယ်လို့ တွေးမိတယ်၊ ဒါပေမဲ့ ပြင်ဆင်ဖို့ အားမစိုက်ထုတ်ချင်ခဲ့ဘူး၊ ဒါနဲ့ သူ့ကို ပြဿနာတချို့အကြောင်းပဲ အကြမ်းဖျင်း ပြောပြလိုက်တယ်။ ကျွန်မရဲ့ မှတ်ချက်တွေကို ကြားပြီးနောက်မှာ ချိုယန့်က ဘယ်လိုဖြည့်စွက်ရမှန်း မသိသေးဘဲ အားတောင့်အားနာနဲ့ ပြောတယ်၊ “မိတ်သဟာယဖွဲ့တဲ့စာတွေ ရေးတာကို ကျွန်မ သိပ်မကျွမ်းကျင်ဘူး၊ ပြီးတော့ ပြန်ပြင်ရတာလည်း ခက်တယ်၊ ဒါကြောင့် အစ်မပဲ ပြင်ဆင်ဖြည့်စွက်ပေးလို့ရနိုင်မလား။ အဲဒါဆိုရင် အလုပ် နှောင့်နှေးမှာ မဟုတ်ဘူး” တဲ့။ ဒါပေမဲ့ ကျွန်မက အဲဒါကို ဒုက္ခများတယ်လို့ တွေးပြီး သူ့ကိုပဲ အတင်း ဆက်ပြီးပြန်ပြင်ခိုင်းခဲ့တယ်။ ကျွန်မ ဆင်ခြေတွေ အမျိုးမျိုးပေးနေတာကို မြင်တော့ နောက်ဆုံးမှာ သူက ကျွန်မကို ဝေဖန်ပါရော၊ “မနေ့က ဒီပြဿနာကို ဆွေးနွေးတုန်းကလည်း အစ်မ မပါဝင်ခဲ့ဘူး၊ အခု စာရေးပြီးတော့ ပြန်ပြင်ပေးဖို့ကိုလည်း မကူညီပြန်ဘူး။ အသင်းတော်အလုပ်ဆိုတာ အားလုံးစုပေါင်းလုပ်ဆောင်ရတဲ့ အလုပ်ဖြစ်ပြီး လူတိုင်းမှာ တာဝန်ရှိတယ်၊ ဒါပေမဲ့ အစ်မက ကိုယ့်အလုပ်ဝန်ကိုပဲ ဂရုစိုက်တယ်။ အစ်မကတော့ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလွန်းတယ်” တဲ့။ သူ ဒီလိုပြောတာကို ကြားလိုက်ရတော့ ကျွန်မ အရမ်းကို မတရားဘူးလို့ ခံစားလိုက်ရပြီး ညီအစ်မတွေအပေါ်မှာ အပျက်သဘောဆောင်တဲ့ အမြင်တစ်ခု စပြီးပေါ်လာတယ်၊ သူတို့က ကျွန်မအခက်အခဲတွေကို နည်းနည်းလေးမှ နားမလည်ဘူးလို့ တွေးမိတယ်။ ကျွန်မ တွေးလိုက်တယ်၊ “ငါ ဒီတာဝန်ကို ထမ်းဆောင်တာ အချိန်သိပ်မကြာသေးဘူး၊ နေ့တိုင်းလုပ်ရမယ့် အလုပ်ကလည်း အများကြီးပဲ။ အခုကျတော့ အစ်မတို့ တာဝန်ယူထားတဲ့အလုပ်အတွက် အချိန်ပိုပေးစေချင်နေကြတယ်။ အစ်မတို့အလုပ်က ရလဒ်ထွက်တဲ့အခါ ချီးကျုးခံရမှာက အစ်မတို့ပဲ။ ငါက နောက်ကွယ်ကလူပဲ ဖြစ်နေမှာ၊ ပြီးတော့ ငါ့အတွက် ဘာမှရမှာ မဟုတ်ဘူး။ ကိုယ့်အလုပ်တွေလဲ ပုံလာမှာဖြစ်ပြီး အဲဒါတွေကို ရှင်းဖို့ အချိန်ပို၊ အင်အားပို သုံးရဦးမယ်။ ငါ့အတွက် လုံးဝကို မတန်ဘူး” လို့ပေါ့။ ဒါပေမဲ့ ညီအစ်မရဲ့ အကူအညီမဲ့နေတဲ့ပုံကို မြင်တော့ ကျွန်မ အင်တင်တင်နဲ့ သဘောတူပြီး စာကို ပြင်ပေးလိုက်တယ်။ ဒါပေမဲ့ စိတ်ထဲမှာ အရမ်းကို ဖိနှိပ်ခံထားရသလို ခံစားရပြီး ဒီတာဝန်က အရမ်းခက်တယ်လို့ ထင်ခဲ့တယ်။ ကိုယ့်တာဝန်တွေကို လိုက်လုပ်ရတဲ့အပြင် ညီအစ်မတွေရဲ့အလုပ်ကိုပါ ကြည့်ပေးရတော့ ဒီတာဝန်ကို ကျွန်မ လုံးဝ မထမ်းဆောင်ချင်တော့ဘူး။ အဲဒီအချိန်တွေတုန်းက ကျွန်မဟာ တွေတွေဝေဝေနဲ့ ထုံထိုင်းနေတဲ့ အခြေအနေနဲ့ တာဝန်ထမ်းဆောင်နေခဲ့တယ်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို မခံစားရဘဲ နေ့တိုင်း ကိုယ့်တာဝန်ကို စက်ရုပ်တစ်ရုပ်လိုပဲ ထမ်းဆောင်နေခဲ့တယ်။ ကျွန်မရဲ့နာကျင်မှုတွေကြားထဲကနေ ဘုရားသခင်ဆီကို ဆုတောင်းပြီး ရှာဖွေခဲ့တယ်၊ “ဘုရားသခင်၊ သမီးရဲ့တာဝန်မှာရှိတဲ့ ပြဿနာတွေကြောင့် ဖိအားအရမ်းများနေတယ်လို့ ခံစားရတယ်၊ ဒါပေမဲ့ အလုံးစုံအလုပ်မှာလည်း သမီး ပါဝင်ရဦးမယ်၊ ပြီးတော့ သမီးရဲ့ နှလုံးသားက အတိုက်အခံလုပ်နေမိတယ်။ သမီးရဲ့အခြေအနေက မှားနေမှန်း သမီးသိပါတယ်၊ ဒါပေမဲ့ သမီး လုံးဝ ကျိုးနွံနာခံလို့မရဘူး။ ဘုရားသခင်၊ သမ္မာတရားကိုရှာဖွေပြီး ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်နိုင်ဖို့ သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။

ဝတ်ပြုခြင်းလုပ်နေတုန်းမှာ ကျွန်မရဲ့ နှလုံးသားထဲက အထုံးအဖွဲ့ကို ချက်ချင်း ဖြေလျော့ပေးလိုက်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်လျှင် နေ့စဉ် ဖြစ်ပျက်သောအရာများသည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ကျပန်း ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်းကို သင် ယုံကြည်ရပေမည်။ ယင်းသည် တစ်စုံတစ်ဦးက သင့်ကို တမင်သက်သက် ခက်ခဲအောင် လုပ်နေခြင်း သို့မဟုတ် ပစ်မှတ်ထားနေခြင်း မဟုတ်ပေ။ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ပြီး စီစဉ်ညွှန်ကြားခြင်း ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိရန် အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ခန်းစာယူရမည်) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မရဲ့ နေ့စဉ်အသက်တာမှာ ပေါ်လာတဲ့ လူ၊ ဖြစ်ရပ်တွေနဲ့ အမှုအရာတွေက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ခန့်ခွဲမှုတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်၊ ပြီးတော့ သင်ခန်းစာတွေ သင်ယူဖို့နဲ့ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိဖို့အတွက် ဘုရားသခင်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ငြိမ်သက်စေခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ ညီအစ်မတွေက ကျွန်မကို အလုံးစုံအလုပ်မှာ ပါဝင်ဖို့ တောင်းဆိုတဲ့အခါ၊ သူတို့က ကျွန်မရဲ့အခက်အခဲတွေကို နားမလည်ဘူးလို့ ကျွန်မခံစားခဲ့ရတယ်။ ကျွန်မက လူတွေနဲ့ အမှုအရာတွေအပေါ်မှာပဲ စွဲလမ်းနေတဲ့ အခြေအနေတစ်ခုမှာ အသက်ရှင်နေခဲ့ပြီး လုံးဝ ကျိုးနွံနာခံမှု မရှိခဲ့ဘူး။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားပြီး ဘုရားသခင်ရှေ့မှာ သမ္မာတရားကို ရှာဖွေခဲ့ရတယ်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့ရတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ပြီး ကိုယ့်ပြဿနာအပေါ် နားလည်မှုတချို့ ရရှိခဲ့တယ်။ ဘုရားသခင်က ပြောသည် “၎င်းတို့မည်သည့်အလုပ်ကို တာဝန်ယူဆောင်ရွက်ပါစေ၊ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများ ထိခိုက်ခြင်း ရှိမည် မရှိမည်ကိုသာ ၎င်းတို့ ဆင်ခြင်တွေးတောသည်၊ ၎င်းတို့ကို အကျိုးပြုသည့် ၎င်းတို့ရှေ့တွင်ရှိသော အလုပ်အနည်းငယ်ကိုသာ စဉ်းစားသည်။ ၎င်းတို့အတွက် အသင်းတော်၏ အဓိကအလုပ်သည် ၎င်းတို့အချိန်ပိုတွင် လုပ်သောအရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် လုံးဝ အလေးအနက်မထားပေ။ ၎င်းတို့သည် လုပ်ဆောင်ရန် တိုက်တွန်းခြင်း ခံရသောအခါမှသာ လှုပ်ရှားသည်။ ၎င်းတို့ လုပ်လိုသည့်အရာကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အာဏာကို ထိန်းသိမ်းဖို့အတွက် ဖြစ်သည့်အလုပ်ကိုသာ လုပ်ကြသည်။ ၎င်းတို့၏ အမြင်တွင်၊ ဘုရားအိမ်တော်မှ စီစဉ်သည့် မည်သည့်အလုပ်မဆို၊ ဧဝံဂေလိဖြန့်ဝေသည့် အလုပ်နှင့် ဘုရားသခင်ရွေးချယ်သော လူတို့၏ အသက်ဝင်ရောက်မှုတို့သည် အရေးမကြီးပေ။ အခြားလူများသည် မိမိတို့၏အလုပ်၌ မည်သည့်အခက်အခဲများ ရှိပါစေ၊ ၎င်းတို့ မည်သည့်ပြဿနာများကို ဖော်ထုတ်ပြီးဖြစ်ကာ ယင်းတို့ကို တိုင်ကြားပြီးဖြစ်ပါစေ၊ ၎င်းတို့၏စကားများ မည်မျှ ရိုးသားစစ်မှန်ပါစေ အန္တိခရစ်တို့သည် အရေးမထားကြပေ၊ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိပေ၊ ဤအရာက ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင် ဖြစ်သည်။ အသင်းတော်အလုပ်တွင် ဖြစ်ပေါ်သော ပြဿနာများက မည်မျှကြီးမားပါစေ ၎င်းတို့သည် လုံးလုံး စိတ်မဝင်စားပေ။ ပြဿနာတစ်ခုက ၎င်းတို့၏ ရှေ့တည့်တည့်တွင် ရှိလျှင်ပင် ၎င်းတို့က ယင်းကို ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်လေသည်။ အထက်က တိုက်ရိုက်ပြုပြင်ခြင်းကို ခံရပြီး ပြဿနာကို ဖြေရှင်းဖို့ အမိန့်ပေးခံရသည့်အခါမှသာလျှင် ၎င်းတို့က တကယ့်အလုပ်အနည်းငယ်ကို ဆောင့်ကြီးအောင့်ကြီးလုပ်မည် ဖြစ်ပြီး အထက်ကမြင်ဖို့အတွက် တစ်ခုခုကို ပေးလိမ့်မည်။ မကြာမီတွင် ၎င်းတို့က မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ပတ်သက်လာပါက၊ ပို၍ကျယ်ပြန့်သော အခြေအနေ၏ အရေးပါသော အရာများနှင့်ပတ်သက်လာပါက ၎င်းတို့သည် ဤအရာများကို စိတ်မဝင်စားဘဲ လျစ်လျူရှုကြသည်။ ၎င်းတို့ ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုပင် လျစ်လျူရှုကြသည်။ ပြီးလျှင် ပြဿနာများအကြောင်းကို မေးသောအခါတွင် ဝတ်ကျေတမ်းကျေ အဖြေများကိုပေးကြသည်၊ သို့မဟုတ် တောင်စဉ်ရေမရ ပြောကြသည်။ အလွန်အမင်း တွန့်ဆုတ်စွာဖြင့်သာ ထိုပြဿနာများကို ကိုင်တွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁))တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ၏နှုတ်ကပတ်တော်များကို နားထောင်လိုက်လျှောက်ခြင်း မရှိပါက၊ သမ္မာတရားကို လက်မခံပါက၊ သို့မဟုတ် သူ၏အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံခြင်း မရှိပါက၊ ၎င်းတို့သည် ကောင်းမွန်သည့် အပြုအမူအချို့ကိုသာ ပြသသော်လည်း ဇာတိပကတိကို မပုန်ကန်နိုင်ပါက၊ ၎င်းတို့၏ သိက္ခာ၊ သို့မဟုတ် အကျိုးစီးပွားများနှင့်သက်ဆိုင်၍ မည်သည့်အရာကိုမျှ မစွန့်ပစ်နိုင်ပါက၊ အပြင်ပန်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေကြသော်လည်း ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများအားဖြင့် အသက်ရှင်ကြဆဲဖြစ်ပြီး၊ ၎င်းတို့၏ ဆိုးယုတ်သော ဒဿနအမြင်များနှင့် ဖြစ်တည်ခြင်း နည်းလမ်းများကို အနည်းငယ်မျှ မစွန့်လွှတ်သေး သို့မဟုတ် မပြောင်းလဲကြသေးပါက ၎င်းတို့ ဘုရားသခင်ကို ယုံကြည်သည်မှာ အဘယ်သို့ဖြစ်နိုင်မည်နည်း။ ယင်းမှာ ဘာသာတရား၌ ယုံကြည်ခြင်းဖြစ်သည်။ ထိုသို့သော လူတို့သည် အမှုအရာများကို စွန့်လွှတ်ပြီး၊ မိမိတို့ကိုယ်ကို အပေါ်ယံအားဖြင့် အသုံးခံကြသော်လည်း၊ ၎င်းတို့လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် ၎င်းတို့လုပ်ဆောင်သမျှတိုင်း၏ အကြောင်းရင်းနှင့် အစကနဦးတို့ကိုကြည့်လျှင် ၎င်းတို့သည် ထိုအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားအပေါ် အခြေမခံကြပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ၊ ၎င်းတို့၏ ဓမ္မဓိဋ္ဌာန်မကျသော ယူဆချက်များ၊ ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများအတိုင်း ဆက်လက်ပြုမူလုပ်ဆောင်ကြသည်။ စာတန်၏ ဒဿနအမြင်များနှင့် စိတ်သဘောထားများက ၎င်းတို့၏ ဖြစ်တည်ခြင်းနှင့် လုပ်ရပ်များ၏ အခြေခံအကြောင်းရင်းအဖြစ် အသုံးကျနေဆဲဖြစ်သည်။ သမ္မာတရားကို ၎င်းတို့နားမလည်သည့် ကိစ္စရပ်များတွင် ယင်းကို ၎င်းတို့ မရှာဖွေကြချေ။ သမ္မာတရားကို ၎င်းတို့နားလည်သည့် ကိစ္စရပ်များတွင် ယင်းကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်ကြ၊ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်မပြုကြချေ၊ သို့မဟုတ် သမ္မာတရားကို တန်ဖိုးမထားကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို အမည်ခံအားဖြင့်နှင့် နှုတ်အားဖြင့် ယုံကြည်ပြီး ဝန်ခံသော်လည်း၊ တာဝန်တစ်ရပ်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက်သို့ လိုက်နိုင်ပုံပေါ်သော်လည်း ၎င်းတို့သည် ၎င်းတို့ပြောသမျှနှင့် လုပ်သမျှတွင် ၎င်းတို့၏ ဆိုးယုတ်သောစိတ်ထားဖြင့် အသက်ရှင်နေကြသည်။ ၎င်းတို့ပြောသမျှနှင့် လုပ်ဆောင်သမျှ အရာများက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်ပြခြင်းသာဖြစ်၏။ ၎င်းတို့သည် အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်း၏ သရုပ်သကန်မဆိုနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ လက်တွေ့ကျင့်သုံးနေကြောင်း သို့မဟုတ် တွေ့ကြုံခံစားနေကြောင်းပင် သင်တွေ့ရမည်မဟုတ်ပေ။ ၎င်းတို့၏ လုပ်ဆောင်ချက်များ၌ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို ဦးစွာ ထည့်တကွက်စဉ်းစားပြီး ၎င်းတို့၏ တစ်ကိုယ်ရေ ဆန္ဒများနှင့် ရည်ရွယ်ချက်များကို ဦးစွာ ဖြည့်ဆည်းကြသည်။ ဤလူတို့သည် ဘုရားသခင်၏နောက်သို့ လိုက်သောသူများလော။ (မဟုတ်ပါ။)...၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှများစွာ ယုံကြည်ခဲ့ကြစေကာမူ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို မထူထောင်ခဲ့ကြပေ။ ၎င်းတို့သည် မည်သည့်အရာကို လုပ်သည်ဖြစ်စေ၊ ၎င်းတို့တွင် မည်သို့ဖြစ်ပျက်ပါစေ ၎င်းတို့ ပထမဆုံးစဉ်းစားသည်မှာ ‘ကျွန်ုပ် ဘာလုပ်ချင်သနည်း။ ကျွန်ုပ်၏ အကျိုးစီးပွားက မည်သည့်အရာဖြစ်ပြီး မည်သည့်အရာ မဖြစ်သနည်း။ ကျွန်ုပ် ဤသို့ထိုသို့ ပြုလုပ်လျှင် ဘာဖြစ်နိုင်မည်နည်း’ ဟူ၍ဖြစ်ပြီး ဤသည်တို့မှာ ၎င်းတို့ဦးစွာ ထည့်တွက်သည့် အရာများဖြစ်သည်။ ၎င်းတို့သည် မည်သည့်ကျင့်သုံးမှုမျိုးက ဘုရားသခင်ကို ဘုန်းတော်ထင်ရှားစေပြီး သူ့အား သက်သေခံမည်၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပြည့်စုံစေမည်ကို ထည့်သွင်းစဉ်းစားခြင်း မပြုသည်သာမက ဘုရားသခင်၏ တောင်းဆိုချက်များက မည်သည့်အရာဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များက မည်သည့်အရာပြောသည်ကို ရှာဖွေရန် ဆုတောင်းခြင်းလည်း မပြုကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များ သို့မဟုတ် တောင်းဆိုချက်များကိုသာမက ဘုရားသခင်ကို ကျေနပ်စေရန်အတွက် လူတို့ မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မည်သည့်အခါမျှ အရေးမစိုက်ပေ။ ၎င်းတို့သည် တစ်ခါတစ်ရံ ဘုရားသခင်ရှေ့တွင် ဆုတောင်းပြီး ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ကောင်းဖွဲ့နိုင်သော်လည်း ၎င်းတို့သည် သမ္မာတရားကို စိတ်ရင်းမှန်ဖြင့် ရှာဖွေခြင်းမဟုတ်ဘဲ မိမိတို့ကိုယ်ကို စကားပြောရုံမျှသာ ပြောခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါ ၎င်းတို့သည် လက်တွေ့ဘဝတွင် တွေ့ကြုံရသည့် ကိစ္စရပ်များနှင့် မဆက်စပ်ပေ။ ထို့ကြောင့် ဘုရားသခင်စီစဉ်ပေးသည့် ပတ်ဝန်းကျင်တွင် ၎င်းတို့သည် သူ၏ အချုပ်အခြာအာဏာ၊ အစီအစဉ်များနှင့် ကြိုးကိုင်မှုတို့ကို မည်သို့ သဘောထားပြုမူကြသနည်း။ မိမိတို့၏ အလိုဆန္ဒများကို မဖြည့်ဆည်းပေးသော အရာများနှင့် ရင်ဆိုင်ရသောအခါ ယင်းတို့ကို ရှောင်ရှားကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် တွန်းလှန်ကြသည်။ မိမိတို့၏အကျိုးစီးပွားကို ဆုံးရှုံးစေသော သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွား၏ ပြည့်ဝစေခြင်းကို တားဆီးပေးသော အရာများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် နည်းလမ်းပေါင်းစုံဖြင့် ထွက်ပေါက်ရှာကာ မိမိတို့၏ အကျိုးအမြတ်ကို အမြင့်ဆုံးရရှိအောင် ကြိုးပမ်းပြီး ဆုံးရှုံးမှုမှန်သမျှကို ရှောင်ရှားရန် ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်မရှာဖွေဘဲ ၎င်းတို့၏ကိုယ်ပိုင် ဆန္ဒများကိုသာရှာသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ ထိုသို့သောလူများသည် ဘုရားသခင်နှင့် ဆက်ဆံရေးရှိပါသလော။ မရှိကြချေ။ ၎င်းတို့သည် ယုတ်ညံ့သော၊ ညစ်ပေသော၊ ခေါင်းမာသော၊ အရုပ်ဆိုးသောပုံစံဖြင့် နေထိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ဆက်ဆံရေးမရှိရုံသာမက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကိုလည်း နေရာတိုင်းအချိန်တိုင်းတွင် ဆန့်ကျင်ဘက်ပြုကြသည်။ ၎င်းတို့က ‘ဘုရားသခင်သည် ကျွန်ုပ်ဘဝ၌ အရာအားလုံးကို အချုပ်အခြာအာဏာကိုင်စွဲပြီး စိုးစံပါစေသော။ ဘုရားသခင်သည် ရာဇပလ္လင်ကို သိမ်းယူ၍ ကျွန်ုပ်စိတ်နှလုံးထဲ၌ အုပ်စိုးခြင်းငှာ ကျွန်ုပ်အလိုရှိ၏၊ ဘုရားသခင်၏ အစီအစဉ်များနှင့် ကြိုးကိုင်မှုများကို ကျိုးနွံနာခံလိုစိတ်ရှိ၏။’ ဟု မကြာခဏ ဆိုကြ၏။ သို့သော်လည်း ၎င်းတို့ကြုံတွေ့ရသော အရာများက မိမိတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေသောအခါ ကျိုးနွံနာခံခြင်း မရှိနိုင်ပေ။ ဘုရားသခင် စီစဉ်ပေးသည့် ပတ်ဝန်းကျင်ထဲတွင် သမ္မာတရားကို ရှာဖွေမည့်အစား ထိုပတ်ဝန်းကျင်မှ လှည့်ထွက်ရန်နှင့် လွတ်မြောက်ရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်များနှင့် ကြိုးကိုင်မှုများကို ကျိုးနွံနာခံခြင်း မပြုလိုကြသော်လည်း ၎င်းတို့၏ အကျိုးစီးပွားများကို မထိခိုက်စေသရွေ့ မိမိတို့၏ အလိုဆန္ဒအတိုင်းသာ လုပ်ဆောင်လိုကြသည်။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွား၊ ၎င်းတို့၏ကိုယ်ပိုင် အခြေအနေများနှင့် ၎င်းတို့၏ကိုယ်ပိုင် စိတ်နေစိတ်ထားများနှင့် ခံစားချက်များကိုသာ အရေးစိုက်ကာ ဘုရားသခင်၏ရည်ရွယ်ချက်များကို လုံးဝ လျစ်လျူရှုကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်နေခြင်းလော။ (မဟုတ်ပါ။)” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အကြင်သူသည် ဘာသာတရားကို ယုံကြည်ခြင်း၊ သို့မဟုတ် ဘာသာရေး ထုံးတမ်းဓလေ့များကို ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ကယ်တင်ခြင်းမခံရနိုင်ပေ)

ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းလင်းပါတယ်။ ဘုရားသခင်ကို တကယ်ယုံကြည်တဲ့သူတစ်ယောက်က သူတို့ရဲ့ အယူအဆတွေနဲ့ မကိုက်ညီတဲ့အရာတွေနဲ့ ကြုံရတဲ့အခါ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်တယ်။ သူ့အယူအဆတွေနဲ့ မကိုက်ညီတဲ့အရာတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ လူတစ်ယောက်က သမ္မာတရားကို လုံးဝမရှာဖွေဘဲ ကိုယ့်အကျိုးစီးပွားကိုပဲ စဉ်းစားပြီး ကိုယ့်အတွက် ထွက်ပေါက်ရှာနေမယ်ဆိုရင် သူဟာ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သူတစ်ယောက် မဟုတ်ဘူး၊ ပြီးတော့ ဘုရားသခင်က သူ့ကို အသိအမှတ်မပြုဘူး။ အန္တိခရစ်တွေဟာ ဒီလိုလူစားမျိုး အတိအကျပဲ။ သူတို့ဟာ တာဝန်ထမ်းဆောင်တဲ့အခါ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ဘယ်တော့မှ မစဉ်းစားဘဲ ကျော်ကြားမှု၊ အကျိုးအမြတ် ဒါမှမဟုတ် အဆင့်အတန်းနဲ့ပတ်သက်ပြီး သူတို့ကို အကျိုးပြုမယ့်အရာကိုပဲ လုပ်ကြတယ်။ သူတို့ကို အကျိုးမပြုတဲ့ကိစ္စဆိုရင် ပြဿနာတစ်ခုကို သတိပြုမိရင်တောင်၊ ဒါမှမဟုတ် တခြားသူတွေက အကူအညီတောင်းလာရင်တောင် အန္တိခရစ်တွေက မသိကျိုးကျွန်ပြုပြီး နားပိတ်ထားကြတယ်။ သူတို့ဟာ လုံးဝကို အကြင်နာတရားခေါင်းပါးတယ်၊ ရက်စက်တယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ စက်ဆုပ်ဖွယ်ကောင်းတယ်၊ ပြီးတော့ လူ့သဘာဝကင်းမဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကို ရင်ဆိုင်ရတော့ ကျွန်မ ရှက်ရွံ့ပြီး မျက်နှာပူမိတယ်။ ကျွန်မရဲ့ မကျေနပ်မှုတွေ၊ အတိုက်အခံလုပ်တာတွေနဲ့ မနာခံမှုတွေအားလုံးဟာ လုံးဝကို အကျိုးအကြောင်းမသင့်လျော်ခဲ့ဘူး။ ကျွန်မ ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့တာကို တွေးမိတယ်။ ကျွန်မက ကိုယ့်မိသားစုနဲ့ အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ခဲ့ပြီး ဘုရားသခင်ကို တကယ်ယုံကြည်ပုံရပေမဲ့၊ ကျွန်မရဲ့ တာဝန်တွေမှာ ကျွန်မရဲ့ အတွေးအခေါ်တွေနဲ့ စဉ်းစားမှုအားလုံးက ကိုယ့်အကျိုးအတွက်ပဲ ဖြစ်ခဲ့ပြီး၊ အသင်းတော်အလုပ်ကို လုံးဝမကာကွယ်ခဲ့ဘူး။ ကျွန်မက ဘယ်လိုလုပ် ဘုရားအိမ်တော်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့လို့လဲ။ ကျွန်မရဲ့ ညီအစ်မတွေက ဧဝံဂေလိအလုပ်မှာရှိတဲ့ ပြဿနာတွေကို ဆွေးနွေးပြီး ဖြေရှင်းချက်တွေကို အတူတကွ ဆွေးနွေးချင်တဲ့အခါ၊ ကျွန်မက အသေးစိတ်ပြဿနာ တချို့ကို နားလည်နေပေမဲ့ ထုတ်ပြောလိုက်ရင် ဆွေးနွေးမှုမှာ ပါဝင်ရပြီး ကိုယ့်အလုပ်ကို နှောင့်နှေးစေမှာစိုးလို့ အလုပ်များတယ်ဆိုတဲ့ဆင်ခြေကို သုံးပြီးပါဝင်ဖို့ငြင်းခဲ့တယ်။ အသင်းတော်မှာ ရေလောင်းသူတွေ နည်းပါးနေပြီး လူတွေကို ပျိုးထောင်ခြင်းရဲ့ အရေးပါမှုအကြောင်း မိတ်သဟာယဖွဲ့တဲ့ အရေးကြီးတဲ့စာတစ်စောင်ကို ခေါင်းဆောင်တွေဆီ ပို့ဖို့ လိုအပ်တဲ့အခါ၊ ကျွန်မအလုပ်ဝန်ပိုမှာကို စိုးရိမ်ခဲ့တယ်၊ ပြီးတော့ ကောင်းကောင်းလုပ်ခဲ့ရင်တောင် ချီးကျုးခံရမှာ မဟုတ်ဘူးလို့တွေးပြီး ဝတ်ကျေတမ်းကျေပဲ တုံ့ပြန်ခဲ့ပြီး မပါဝင်ချင်ခဲ့ဘူး။ ညီအစ်မက စာရေးပြီး ကျွန်မကို စစ်ခိုင်းတဲ့အခါမှာလည်း ပြဿနာတွေ သတိထားမိပေမဲ့ အချိန်ကုန်ခံပြီး မပြင်ပေးချင်ခဲ့ဘူး။ ဒီအလုပ်တွေမှာ ပြဿနာတွေကို ကျွန်မ မမြင်နိုင်လို့၊ ဒါမှမဟုတ် ဘယ်လိုဖြေရှင်းရမှန်းမသိလို့ မဟုတ်ဘူး၊ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းနေခဲ့တာပါ၊ ပြီးတော့ ကိုယ့်အကျိုးစီးပွားကိုပဲ အလေးထားခဲ့တယ်၊ ကိုယ့်နာမည်ဂုဏ်သတင်း ဒါမှမဟုတ် အဆင့်အတန်းကို အကျိုးမပြုတဲ့ကိစ္စဆိုရင် မလုပ်ချင်ခဲ့ဘူး။ ဘယ်လိုများ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာရှိခဲ့လို့လဲ။ ဒီလိုအပြုအမူမျိုးနဲ့ ကျွန်မညီအစ်မက ကျွန်မကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလို့ ပြုပြင်တဲ့အခါ ကျွန်မက မတရားဘူးလို့တောင် ခံစားခဲ့ရတယ်၊ ပြီးတော့ ဒီတာဝန်ကို ရှောင်ဖယ်ပြီး စွန့်ပစ်ချင်ခဲ့တယ်။ ကျွန်မက တကယ်ကို အကျိုးသင့်အကြောင်းသင့်မရှိခဲ့တာပဲ။ အထူးသဖြင့် ဒီဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်တဲ့အခါ၊ “၎င်းတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်မရှာဖွေဘဲ ၎င်းတို့၏ကိုယ်ပိုင် ဆန္ဒများကိုသာရှာသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ ထိုသို့သောလူများသည် ဘုရားသခင်နှင့် ဆက်ဆံရေးရှိပါသလော။ မရှိကြချေ။” ကျွန်မစိတ်ထဲမှာ နည်းနည်း တို့ထိခံစားရတယ်။ ကျွန်မ နှစ်တွေအများကြီး ဘုရားသခင်ကို ယုံကြည်လာခဲ့တာ။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေ အများကြီးကို စားသောက်ခဲ့ပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေနဲ့ ကောင်းချီးမင်္ဂလာတွေ အများကြီးကို ခံစားခဲ့ရတယ်၊ ဒါပေမဲ့ ဧဝံဂေလိအလုပ်နဲ့ ရေလောင်းခြင်းအလုပ်လို အဓိကကျတဲ့နေရာတွေမှာ ပြဿနာတွေပေါ်လာတာကို မြင်တဲ့အခါ ကျွန်မ လုံးဝ လျစ်လျူရှုခဲ့တယ်။ ကျွန်မကိုယ်ကျွန်မ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်လို့ ဘယ်လိုလုပ် ခေါ်နိုင်မှာလဲ။ ကျွန်မက ကိုယ့်အလုပ်မှာတောင် စိတ်ရောကိုယ်ပါ မမြှုပ်နှံခဲ့ဘူး။ ဒီအရာတွေကို သဘောပေါက်ပြီးနောက်မှာမှ ကျွန်မရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ဘယ်လောက်ဆိုးရွားလဲဆိုတာကို ကျွန်မ မြင်ခဲ့ပြီး နည်းနည်းကြောက်သွားတယ်။ ဒါနဲ့ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးရဲ့အခြေအနေက တကယ်ကို အန္တရာယ်များနေမှန်း သမီးမြင်ပါပြီ။ သမီးက လုံးဝကို တစ်ကိုယ်ကောင်းဆန်ပြီး ပုန်ကန်ခဲ့ပါတယ်။ သမီးရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အမှန်တကယ် သိနိုင်ဖို့အတွက် သမီးကို ဉာဏ်ပွင့်စေပြီး လမ်းပြတော်မူပါ” လို့ပေါ့။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ပြီး ကိုယ့်ရဲ့သဘာဝအနှစ်သာရအပေါ် နားလည်မှုနည်းနည်း ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တစ်စုံတစ်ဦးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက် မိမိတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားသည်။ ၎င်းတို့၏ စိတ်နှလုံးသည် စာတန်၏ လုံးဝ အထင်အမြင်မှားစေခြင်းခံရပြီး ၎င်းတို့သည် စာတန်ထံမှလာသည့် များစွာသော အတွေးများနှင့် ရှုထောင့်များအပြင် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများမှဖြစ်သည့် အချို့သော ဆိုရိုးစကားများနှင့် ထင်မြင်ချက်များကိုလည်း လက်ခံကြသည်။ အမှုအရာများက ဤအခြေအနေသို့ ရောက်သောအခါ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် လုံးဝ ဖောက်ပြန်ပျက်စီးပြီး ပျက်စီးယိုယွင်းသွားသည်။ ဤအချိန်တွင် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ လုံးဝ ဆုံးရှုံးသွားသည်ဟု ဆိုနိုင်ပေမည်။ ထုတ်ဖော်ပြခံရသည့်အရာမှာ ၎င်းတို့၏ အကျင့်စရိုက်က အလွန်ညံ့ဖျင်းပြီး ဆိုးယုတ်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို မလက်ခံမီတွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ စာတန်ထံမှဖြစ်သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အရာများစွာကို လက်ခံနှင့်ပြီးဖြစ်နေသည်။ ဤအရာများက ၎င်းတို့၏ လူ့သဘာဝကို ပြင်းထန်စွာ ဖောက်ပြန်ပျက်စီးစေပြီးဖြစ်ကာ ၎င်းတို့၏ လူ့သဘာဝ အလွန်ညံ့ဖျင်းသွားသည့် အကျိုးဆက်ကို ဖြစ်စေသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ဟု ဖော်ပြသည့် လောကမှ စာတန်ဆန်သော အတွေးနှင့် ရှုထောင့်ကို လက်ခံပြီးနောက်တွင် ၎င်းတို့၏ အသိစိတ်သည် တိုးတက်လိမ့်မည်လော သို့မဟုတ် အလားတူပင် ရှိနေလိမ့်မည်လော၊ သို့မဟုတ် ပို၍ ဆိုးရွားလာလိမ့်မည်လော။ (ယင်းသည် ပို၍ ဆိုးရွားလာလိမ့်မည် ဖြစ်ပါသည်။) ဤသို့ ပိုဆိုးရွားလာခြင်း၏ တိကျသော သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ (၎င်းတို့သည် မိမိတို့လုပ်ဆောင်သည့် အရာတိုင်းတွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားများကိုသာ ထည့်သွင်းစဉ်းစားကြပါသည်။) မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်နှင့် အကျိုးစီးပွားများအတွက် ၎င်းတို့သည် အဘယ်အတွက်ကြောင့်မျှ ရပ်တန့်ခြင်းမရှိကြပေ။ ၎င်းတို့သည် အခြားသူများကို လိမ်လည်လှည့်စားနိုင်ပြီး ထိခိုက်နစ်နာစေနိုင်သည့်အပြင် ကိုယ်ကျင့်တရားနှင့် အသိစိတ်ကို ဆန့်ကျင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ ၎င်းတို့ ပို၍လုပ်ဆောင်လေ ၎င်းတို့၏ လုပ်ရပ်များက ပို၍ ရက်စက်လာလေ၊ ၎င်းတို့၏ စိတ်နှလုံးက ပို၍ ပျက်ယွင်းလာလေ၊ ၎င်းတို့ အသိစိတ် ခံစားမှုက ပို၍ လျော့နည်းလာလေဖြစ်ပြီး လူ့သဘာဝလည်း ၎င်းတို့ ပို၍ လျေားနည်းလာလေဖြစ်သည်။ မိမိတို့၏ ကိုယ်ကျိုးစီးပွားများအတွက်...မည်သူ့ကိုမဆို လိမ်လည်လှည့်စားပြီး လှည့်ဖြားကြလိမ့်မည်။...၎င်းတို့ မည်သူ့ကိုမဆို လှည့်ဖြားနိုင်သည့် အကြောင်းရင်းမှာ အဘယ်နည်း။ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် စာတန်၏ အတွေးများနှင့် ရှုထောင့်များကို လက်ခံပြီးဖြစ်သောကြောင့်ဖြစ်ပြီး စာတန်၏ အတွေးများနှင့် ရှုထောင့်များ၏ စိုးမိုးမှုအောက်တွင် ပြုမူကြသောကြောင့် ဖြစ်သည်။ နောက်ဆုံးတွင်၊ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် အလုပ်မလုပ်တော့ပေ။ ဆိုလိုသည်မှာ လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အခြေခံကျသောအရာများသည် လုံးဝ အလုပ်မလုပ်တော့ပေ။ ယင်းတို့သည် စာတန်၏ ဆိုးယုတ်သော အတွေးများ၏ လုံးဝ တိုက်စားခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံကြရသည်။ တိုက်စားခြင်းနှင့် ထိန်းချုပ်ခြင်း ဖြစ်စဉ်မှာ ၎င်းတို့က ဤအတွေးများနှင့် ရှုထောင့်များကို လက်ခံသည့် ဖြစ်စဉ်ဖြစ်ပြီး ယင်းမှာ ၎င်းတို့ ဖောက်ပြန်ပျက်စီးခြင်းခံရသည့် ဖြစ်စဉ်လည်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၀)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မ အလုံးစုံအလုပ်မှာ ပါဝင်လိုစိတ်မရှိခြင်းရဲ့ အရင်းခံပြဿနာက စာတန်ရဲ့ အဆိပ်အတောက်တွေရဲ့ လွှမ်းမိုးမှုကို ခံနေရလို့ဖြစ်တယ်ဆိုတာကို ဖော်ထုတ်ခဲ့တယ်။ ကျွန်မက “ကိုယ့်ခြံ ကိုယ်ရှင်း” နဲ့ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ စာတန်ဆန်တဲ့ လောကဆက်ဆံရေး အတွေးအခေါ်တွေနဲ့ အသက်ရှင်နေခဲ့တယ်။ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်လာတယ်၊ ကိုယ်ကျိုးရှာပြီး လူ့သဘာဝ ကင်းမဲ့လာခဲ့တယ်၊ လုပ်သမျှအရာတိုင်းကို ကိုယ့်အတွက် အကျိုးရှိမရှိနဲ့ပဲ တိုင်းတာခဲ့တယ်။ ကိုယ့်နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အကျိုးပြုတဲ့အရာတွေကိုတော့ အားစိုက်ထုတ်လုပ်ခဲ့ပေမဲ့ ကိုယ့်ကို အကျိုးမပြုတဲ့အရာမှန်သမျှကိုတော့ လျစ်လျူရှုခဲ့တယ်။ တခြားသူတွေက ကျွန်မအကူအညီကို တောင်းတာ၊ ဒါမှမဟုတ် သတိပေးတာတောင်မှ ကျွန်မက ဒီကိစ္စတွေကို မကြည့်ခဲ့ဘူး၊ ပြီးတော့ ကိုယ့်တာဝန်မဟုတ်တဲ့ကိစ္စဆိုရင် ပြဿနာရှိနေရင်တောင်မှ ကိုယ်နဲ့မဆိုင်ဘူး၊ ဒါကို လျစ်လျူရှုဖို့ အကြောင်းခိုင်လုံတယ်လို့တောင် သာမန်ကိစ္စတစ်ခုလို တွေးခဲ့တယ်။ ဒီလို အတွေးအခေါ်တွေနဲ့ အမြင်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ၊ ကျွန်မက ဧဝံဂေလိအလုပ်ကို လျစ်လျူရှုခဲ့ပြီး ပြီးတော့ ညီအစ်မတွေက အကူအညီ တောင်းတဲ့အခါ ကျွန်မ နားပိတ်ထားတုန်းပဲ။ ဧဝံဂေလိအလုပ်က နှောင့်နှေးနေတာတောင်မှ ကျွန်မမှာ ဖြေရှင်းဖို့ နည်းလမ်းတချို့ရှိပေမဲ့ ပါဝင်ချင်စိတ် မရှိခဲ့ဘူး။ အသင်းတော်မှာ ရေလောင်းသူတွေ မလုံလောက်တာက ရေလောင်းခြင်းအလုပ်ကို ထိခိုက်လာတဲ့အထိဖြစ်နေချိန်မှာ ကိုယ့်အလုပ်နှောင့်နှေးမှာစိုးလို့ ပြဿနာကို ဖြေရှင်းဖို့ အစ်မတွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်စိတ် မရှိခဲ့ဘူး၊ ပြီးတော့ ဒါက ရေလောင်းတဲ့အလုပ်ကို နှောင့်နှေးစေတာတောင်မှ ကျွန်မမှာ အပြစ်ရှိသလို လုံးဝ မခံစားခဲ့ရဘူး။ ညီအစ်မက ကျွန်မရဲ့တစ်ကိုယ်ကောင်းဆန်မှုကို ထောက်ပြတဲ့အခါမှာလည်း ကျွန်မက လက်မခံဘဲ ပြန်ပြောပြီး အတိုက်အခံလုပ်ခဲ့တယ်၊ ပြီးတော့ ကိုယ့်တစ်ကိုယ်ကောင်းဆန်မှုနဲ့ စက်ဆုပ်စရာကောင်းမှုကြောင့် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို မထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် နည်းနည်းလေးမှ ရှက်စိတ်မရှိခဲ့ဘူး။ ကျွန်မက စာတန်ရဲ့အဆိပ်အတောက်တွေနဲ့ အသက်ရှင်ခဲ့ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို လုံးဝမကာကွယ်ခဲ့ဘူး။ ကျွန်မရဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားက ထုံထိုင်းသွားခဲ့တယ်။ အပိုစိတ်ပူပန်မှုတွေနဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ရှောင်ရှားဖို့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ အသင်းတော်ရဲ့အကျိုးစီးပွားတွေကို လုံးဝဂရုမစိုက်ခဲ့ဘူး။ ကျွန်မ ကိုယ့်တာဝန်ကို သဘောထားပုံက တကယ်တော့ အဲဒါကို ငြင်းပယ်နေတာပဲ၊ ဘုရားသခင်ကို သစ္စာဖောက်နေတာပဲ။ ဒီအရာတွေကို သဘောပေါက်လိုက်တော့ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နောက်ဆုံးမှာ မုန်းတီးသွားတယ်။

ကျွန်မ ဝတ်ပြုနေတုန်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်လိုက်ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ကျွန်မ ရှာတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တာဝန်ထမ်းဆောင်သောသူ အားလုံးအတွက် ၎င်းတို့၏ သမ္မာတရားကို နားလည်မှုသည် မည်မျှ နက်နဲသည်ဖြစ်စေ၊ အပေါ်ယံဆန်သည်ဖြစ်စေ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အရိုးရှင်းဆုံးသော လက်တွေ့လုပ်ဆောင်မှုမှာ အရာရာတိုင်း၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားရန်၊ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ ဂုဏ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးခြင်း ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့ အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ တာဝန်ထမ်းဆောင်သောသူတစ်ဦးသည် ဤမျှလောက်ကိုပင် မလုပ်ဆောင်နိုင်ပါက ၎င်းသည် မိမိ၏ တာဝန်ကို ထမ်းဆောင်နေသည်ဟု မည်သို့ ဆိုနိုင်မည်နည်း။ ယင်းမှာ လူတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း မဟုတ်ပေ။ သင်သည် ဦးစွာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး အသင်းတော်၏ အလုပ်ကို ထည့်သွင်းစဉ်းစားသင့်သည်။ ဤအရာများကို ဦးစားပေး ထားရှိပါ၊ ထို့နောက်မှသာ သင်သည် သင်၏ အဆင့်အတန်း တည်ငြိမ်မှု သို့မဟုတ် အခြားသူများ သင့်ကို မည်သို့ သဘောထားသည်ကို စဉ်းစားနိုင်သည်။ ယင်းကို အဆင့်နှစ်ဆင့်ခွဲ၍ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့်နည်းလမ်းကို ရှာဖွေလိုက်ပါ၊ ဤအရာက အမှုအရာများကို အနည်းငယ် ပိုမိုလွယ်ကူစေသည်ဟု သင်တို့ မခံစားရသလော။ သင်သည် ဤသို့ ခဏတာ လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းသည် ခက်ခဲသောအရာမဟုတ်ကြောင်း သင် ခံစားလာရလိမ့်မည်။ ထို့အပြင် သင်သည် သင်၏ တာဝန်ယူမှုများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ပြီး သင်၏ ဝတ္တရားများနှင့် တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည့်အပြင် သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထား၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏ အလုပ်နှင့် သင် ထမ်းဆောင်သင့်သည့် တာဝန်ကို ဦးစားပေးနိုင်လျှင် ဤသို့ ခဏတာ တွေ့ကြုံခံစားပြီးနောက် ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူခြင်းသည် ကောင်းကြောင်း၊ လူတို့သည် ရိုးသားပြီး ပွင့်လင်းသောပုံစံဖြင့် အသက်ရှင်သင့်ကြောင်း၊ ၎င်းတို့သည် စိတ်ဓာတ်ပျော့ညံ့ပြီး အောက်တန်းကျကာ ယုတ်ညံ့သော တည်ရှိမှုဖြင့် အသက်မရှင်သင့်ဘဲ ထိုအစား ၎င်းတို့သည် တော်ဖြောင့်ပြီး တရားမျှတသင့်ကြောင်း သင် ခံစားရလိမ့်မည်။ ဤသည်မှာ လူတစ်ဦး အသက်ရှင်နေထိုင်သင့်သည့် ပုံသဏ္ဌာန်ဖြစ်သည်ဟု သင် ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဖြည့်ဆည်းလိုသော သင်၏ လိုအင်ဆန္ဒသည် လျော့နည်းသွားလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ကျွန်မရဲ့တာဝန်နဲ့ ကိုယ်ရေးကိုယ်တာအကျိုးစီးပွားတွေ ထိပ်တိုက်တွေ့တဲ့အခါ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို အမြဲတမ်း ဦးစားပေးသင့်တယ်ဆိုတာကို ကျွန်မနားလည်ခဲ့တယ်။ ဒါဟာ ကိုယ့်တာဝန်ကို သစ္စာစောင့်သိတဲ့သူတစ်ယောက်မှာ ရှိသင့်တဲ့သဘောထားပဲ။ ကျွန်မတို့ရဲ့ တာဝန်တွေကို ခွဲဝေထားပေမဲ့ ညီအစ်မတွေရဲ့ အလုပ်မှာ ပြဿနာတွေ ရှိတဲ့အခါ အသင်းတော်ရဲ့ အလုံးစုံအလုပ်ကို ကျွန်မ ဦးစားပေးခဲ့သင့်တယ်။ ဧဝံဂေလိတရားဟောပြောတာ၊ လူသစ်တွေကို ရေလောင်းတာ၊ အသင်းတော်ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေကို ရွေးချယ်တာလိုမျိုး ကိစ္စတွေဟာ အရေးကြီးတဲ့ အသင်းတော်အလုပ်တွေဖြစ်ပြီး ပြဿနာတွေပေါ်လာလို့ အချိန်မီမဖြေရှင်းရင် အလုပ်ကို နှောင့်နှေးစေမှာပဲ။ ကျွန်မလက်ထဲမှာ အလုပ်တွေအများကြီးရှိနေပေမဲ့ အရေးကြီးတာနဲ့ သိပ်မအရေးကြီးတာကို ခွဲခြားသိမြင်ရမယ်။ ကိုယ့်အချိန်ကို ပိုကောင်းကောင်းအသုံးချလိုက်ရင် ကိုယ့်အလုပ်က သိပ်နှောင့်နှေးမှာမဟုတ်ဘူး။ တစ်ခါတလေ အလုံးစုံအလုပ်အတွက် ဆွေးနွေးမှုတွေနဲ့ ဆုံးဖြတ်ချက်ချတာတွေမှာ ပါဝင်ရတာက အချိန်နဲ့ အားစိုက်ထုတ်မှု ပိုလိုအပ်ပေမဲ့၊ တကယ်တမ်း ရှာဖွေဆွေးနွေးရင်းနဲ့ မသိလိုက်မသိဘာသာနဲ့ စည်းမျဉ်းတချို့ကို တဖြည်းဖြည်း နားလည်လာခဲ့တယ်။ ဒါက ကျွန်မအတွက် ကိုယ့်ကိုယ်ကိုယ် တိုးတက်စေတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ခဲ့တယ်။ ဒါက တကယ်တော့ ဒုက္ခခံရတဲ့ကိစ္စမဟုတ်ဘဲ၊ ကိုယ့်အတွက် တကယ်ကို အကျိုးရှိတဲ့အရာဖြစ်တယ်။ ကျွန်မရဲ့အမြင်ရှုထောင့်က မှားနေခဲ့လို့ အရင်က ပင်ပန်းတယ်လို့ ခံစားခဲ့ရတာ၊ ဒါပေမဲ့ ကျွန်မရဲ့အမြင်ရှုထောင့် ပြောင်းလဲသွားတဲ့အခါမှာတော့ ကျွန်မ ဒုက္ခခံနေရတယ်လို့ မခံစားရတော့ဘူး။

တစ်နေ့မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နေရင်း ဘယ်လိုလက်တွေ့လုပ်ဆောင်ရမလဲဆိုတာကို ပိုရှင်းလင်းတဲ့ နားလည်မှု ရရှိခဲ့တယ်။ ဘုရားသခင်က ပြောသည် “ဘုရားအိမ်တော်တွင် လူတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့်ပုံစံသည် ဘာသာတရားမရှိသူများကြားတွင် အမှုကိစ္စများကို လုပ်ဆောင်သည့်ပုံစံနှင့် လုံးဝ ကွဲပြားခြားနားသည်။ ကွာခြားချက်သည် အဘယ်နည်း။ ညီအစ်ကိုမောင်နှမများသည် ဘုရားနှုတ်ကပတ်တော်ကို အတူတကွဖတ်ရှုပြီး ဝိညာဉ်ချင်း ဆက်သွယ်မှုရှိကြသည်။ ၎င်းတို့သည် တစ်ယောက်နှင့် တစ်ယောက် သဟဇာတဖြစ်စွာ နေထိုင်နိုင်ကြပြီး ၎င်းတို့၏ စိတ်ထဲတွင် အမှန်တကယ် ရှိသည့်အရာကို တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနိုင်ကြသည်။ ၎င်းတို့သည် တစ်ယောက်နှင့် တစ်ယောက် သမ္မာတရားကို ရိုးရှင်းစွာ၊ ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နိုင်သည်။ ဘုရားနှုတ်ကပတ်တော်ကို နှစ်သက်ခံစားနိုင်သည်။ အချင်းချင်းကူညီနိုင်သည်။ မည်သူက အခက်အခဲရှိသည်ဖြစ်စေ အမှုကိစ္စကို ဖြေရှင်းရန်အတွက် သမ္မာတရားကို အတူတကွ ရှာဖွေကြသည်။ ဝိညာဉ်ချင်း ပေါင်းစည်းခြင်းကို ရရှိနိုင်သည်။ သမ္မာတရားရှေ့၊ ဘုရားသခင်ရှေ့တွင် ကျိုးနွံနာခံနိုင်ကြသည်။ ဘာသာတရားမရှိသူများက ဤသို့မဟုတ်ပေ။ ၎င်းတို့အားလုံးသည် ကိုယ်ပိုင်လျှို့ဝှက်ချက်များရှိကြသည်။ ပွင့်လင်းစွာ ပြောဆိုဆက်ဆံခြင်းမရှိကြပေ။ တစ်ယောက်နှင့် တစ်ယောက် သတိထားကာကွယ်ကြသည်။ တစ်ယောက်နှင့် တစ်ယောက် ကြံစည်ခြင်း၊ ယှဉ်ပြိုင်ခြင်းပင် ပြုကြသည်။ အဆုံးတွင် ၎င်းတို့သည် ဆက်ဆံရေးအဆင်မပြေဘဲ လမ်းခွဲကြပြီး ကိုယ့်လမ်းကြောင်းကိုယ် လျှောက်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ဘုရားအိမ်တော်မှာ ကျွန်မတို့ရဲ့တာဝန်တွေမှာ ရလဒ်ကောင်းတွေရဖို့အတွက် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာကို ကျွန်မ နားလည်လာခဲ့တယ်။ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့လိုအင်ဆန္ဒတွေကို ဘေးဖယ်ထားပြီး အသင်းတော်အလုပ်ကို ဦးစားပေးသင့်တယ်၊ ပြီးတော့ ဘယ်သူ့အလုပ်မှာပဲ ပြဿနာကြုံကြုံ၊ ကျွန်မတို့ အတူတူ ဖြေရှင်းချက်တွေကို ရှာဖွေသင့်တယ်၊ အဲဒါဆိုရင် ကျွန်မတို့က သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ပိုလွယ်လွယ်ကူကူ ရရှိနိုင်ပြီး ကျွန်မတို့တာဝန်တွေရဲ့ ထိရောက်မှုကို တိုးမြှင့်နိုင်မှာ ဖြစ်တယ်။ သခင်ယေရှုပြောခဲ့သလိုပဲ၊ “တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၁၈:၁၉) လူတိုင်းမှာ အားနည်းချက်တွေ ရှိပြီး အချို့ကိစ္စတွေမှာ နားလည်မှု၊ စွမ်းရည် ဒါမှမဟုတ် ရှင်းလင်းမှု ကင်းမဲ့ကြတယ်၊ ပြီးတော့ ဘယ်အလုပ်မှ လူတစ်ယောက်တည်းနဲ့ ပြီးမြောက်အောင်မြင်နိုင်မှာ မမဟုတ်ဘူး။ ကျွန်မတို့ဟာ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ပြီး လူတစ်ယောက်ချင်းစီရဲ့ အားသာချက်တွေနဲ့ ကျွမ်းကျင်မှုတွေကို ထုတ်ဖော်ပြသဖို့ လိုတယ်။ ဒီနည်းနဲ့ပဲ ကျွန်မတို့ တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နိုင်မှာပါ။ အသင်းတော်အလုပ်ဆိုတာ စုပေါင်းလုပ်ဆောင်ရတဲ့ အလုပ်ဖြစ်ပြီး ဘယ်အလုပ်မှာပဲ ပြဿနာကြုံရပါစေ၊ အားလုံးက ပူးပေါင်းဖြေရှင်းဖို့ လိုအပ်တယ်။ ဒါကို နားလည်ပြီးတဲ့နောက်မှာ ကျွန်မ အလုံးစုံအလုပ်မှာ ပါဝင်ရတာကို အတိုက်အခံ မလုပ်တော့ဘူး။ နောက်ပိုင်းမှာ တာဝန်ထမ်းဆောင်တဲ့အခါ ကျွန်မတို့အားလုံးက သဟဇာတဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို အာရုံစိုက်ကြတယ်၊ ပြီးတော့ အလုပ်ထဲမှာ ရှင်းရှင်းလင်းလင်းမသိတဲ့၊ ဒါမှမဟုတ် နားမလည်တဲ့ကိစ္စတွေ ကြုံလာတဲ့အခါမှာလည်း ဆွေးနွေးပြောဆိုဖို့ တက်တက်ကြွကြွ တင်ပြကြတယ်။ ဒီလို အမှန်တကယ် ပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် ကျွန်မတို့ဟာ ပြဿနာတွေအပေါ် ပိုပြီး ပြည့်စုံတဲ့အမြင် ရလာခဲ့တယ်။ ကျွန်မရဲ့တာဝန်မှာ ဖိအားတွေလည်း အများကြီးလျော့သွားတယ်လို့ ခံစားရပြီး ပြဿနာတွေကိုလဲ ပိုပြီးမြန်မြန် ဖြေရှင်းနိုင်ခဲ့တယ်။

နှစ်ပတ်သုံးပတ်လောက်ကြာတော့ ဧဝံဂေလိအလုပ်ရဲ့ ရလဒ်တွေက မကောင်းသေးဘူး၊ ဒါနဲ့ ကျွန်မတို့က မိတ်သဟာယပြုပြီး သုံးသပ်ဖို့ အတူတူစုဝေးချင်ခဲ့ကြတယ်။ ကျွန်မ တွေးမိတယ်၊ “ဧဝံဂေလိအလုပ်က ပြဿနာတွေက ခဏလေးနဲ့ ဖြေရှင်းလို့ရမှာ မမဟုတ်ဘူး။ အသင်းတော်တစ်ခုချင်းစီရဲ့ အလုပ်အစီရင်ခံစာတွေကို ပြန်ကြည့်ရမယ်၊ ပြီးမှ ညီအစ်ကိုမောင်နှမတွေ ဧဝံဂေလိတရားဟောပြောရာမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို နားလည်အောင်လုပ်ပြီးမှ ဖြေရှင်းနိုင်မှာ။ အချိန်အများကြီးကုန်မှာပဲ။ ဒါပေမဲ့ ငါ့မှာ ပြန်စာရေးရမယ့် စာတချို့ရှိသေးတယ်၊ ဧဝံဂေလိအလုပ်ကို ဆွေးနွေးနေရင် ကိုယ့်အလုပ်တွေကို နှောင့်နှေးစေမှာပဲ” လို့ပေါ့။ ဒီအရာအားလုံးကို တွေးပြီး ကျွန်မ ပါဝင်ဖို့ နည်းနည်း အင်တင်တင်ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ကျွန်မက တစ်ကိုယ်ကောင်းဆန်မှုကို ထပ်ပြီး ထုတ်ဖော်နေမှန်း သဘောပေါက်လိုက်တယ်။ ဒါကြောင့် ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေဘက်ကို လှည့်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တာဝန်က မည်မျှကြီးသည်၊ ငယ်သည်ဖြစ်စေ၊ မည်သူက သင့်အား ထိုတာဝန်ကို ချပေးသည်ဖြစ်စေ၊ ဘုရားအိမ်တော်က သင့်ကို ပေးအပ်သည်ဖြစ်စေ၊ အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်က သင့်ကို တာဝန်ချပေးသည်ဖြစ်စေ သင်၏ သဘောထားက ‘ငါ့ကို ဒီတာဝန် ချပေးတဲ့အတွက် အဲဒါဟာ ဘုရားရဲ့ ချီးမြှောက်ခြင်း၊ ကျေးဇူးတော်ပဲ။ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ကောင်းကောင်းလုပ်သင့်တယ်။ ငါက သာမန်အစွမ်းအစ ရှိပေမဲ့ ဒီတာဝန်ကို ယူပြီး ကောင်းကောင်းလုပ်ဖို့ အစွမ်းကုန်လုပ်ချင်စိတ်ရှိတယ်။ ငါလုပ်တာ မကောင်းရင် တာဝန်ခံသင့်တယ်။ ငါလုပ်တာကောင်းရင် ဒါဟာ ငါ့အတွက် နာမည်ကောင်း ရဖို့ မဟုတ်ဘူး။ ဒါ ငါလုပ်သင့်တဲ့အရာပဲ’ ဟူ၍ ဖြစ်သင့်သည်။ မိမိတာဝန်အပေါ် သဘောထားသည့်ပုံစံသည် စည်းမျဉ်းနှင့်ဆိုင်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ သင်သည် အမှန်တကယ်ပင် တာဝန်သိစိတ်ရှိပြီး တာဝန်သိတတ်သောသူဖြစ်လျှင် အသင်းတော်အလုပ်ကို တာဝန်ယူနိုင်မည်ဖြစ်ပြီး သင်ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်နိုင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် စံနှုန်းပြည့်တဲ့ ခေါင်းဆောင်တစ်ယောက်က အရင်ဦးဆုံး တာဝန်ယူစိတ် ရှိရမယ်၊ ပြီးတော့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ဦးစားပေးရမယ်ဆိုတာကို ကျွန်မ နားလည်လာခဲ့တယ်။ ဒီအလုပ်က အဓိကအားဖြင့် ကျွန်မရဲ့တွဲဖက်ရဲ့ တာဝန်ဖြစ်ပေမဲ့ ဒါဟာ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ် ချောချောမွေ့မွေ့ တိုးတက်နိုင်မှု ရှိမရှိနဲ့ သက်ဆိုင်နေတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မမှာ ဒီအတွက် တစိတ်တပိုင်း တာဝန်ရှိတယ်၊ ပြီးတော့ ကိုယ့်အကျိုးစီးပွားကိုပဲ စဉ်းစားလို့ မရဘူး၊ အဲဒါက လူ့သဘာဝ လုံးဝ ကင်းမဲ့တာပဲ။ ကျွန်မ အရေးကြီးတာကို ဦးစားပေးပြီး ကိုယ့်အကျိုးစီးပွားကို ဘေးဖယ်ထားရမယ်။ ကိုယ့်တာဝန်တွေကို တကယ်တော့ ရွှေ့ဆိုင်းလို့ရမှန်း ကျွန်မ သဘောပေါက်ခဲ့တယ်၊ ဒါနဲ့ ကျွန်မက တက်တက်ကြွကြွနဲ့ပဲ ဒီသုံးသပ်ဆွေးနွေးမှုမှာ ပါဝင်ခဲ့တယ်။ ဆွေးနွေးမှုမှာ တခြားညီအစ်မတွေ ရှင်းရှင်းလင်းလင်း မိတ်သဟာယမပြုနိုင်ခဲ့တဲ့ နေရာတချို့ကိုလည်း ကျွန်မက တက်တက်ကြွကြွ ဖြည့်စွက်ပြောဆိုပေးခဲ့တယ်၊ ပြီးတော့ ဒီလို ပူးပေါင်းဆောင်ရွက်ရင်းနဲ့ပဲ ဘုရားသခင်ရဲ့ လမ်းပြမှုကို ကျွန်မ မြင်ခဲ့ရတယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေနဲ့ လမ်းကြောင်းတချို့ကိုလည်း ကျွန်မ ရှာတွေ့ခဲ့တယ်၊ ကျွန်မစိတ်နှလုံးထဲမှာ အရမ်းကို လွတ်လပ်ပေါ့ပါးသွားတယ်။

ဒီလိုထုတ်ဖော်မှုကို ကြုံတွေ့ခဲ့ရတဲ့အတွက် ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို ထိုးထွင်းသိမြင်မှုတချို့ ရရှိခဲ့တယ်။ အရင်တုန်းက တစ်ကိုယ်ကောင်းဆန်တာကို ပြင်းထန်တဲ့ပြဿနာတစ်ခုလို့ ကျွန်မ မထင်ခဲ့ဘူး၊ ဒါပေမဲ့ အခု ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့် ကျွန်မ ရှင်းရှင်းလင်းလင်း မြင်လာခဲ့တယ်၊ လူတွေဟာ သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်တဲ့အခါ သူတို့ဟာ ပိိုပုပြီး လူ့သဘာဝပိုကင်းမဲ့လာတယ်၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့လာတယ်။ ပြီးတော့ တာဝန်တွေမှာလည်း ရလဒ်ကောင်းတွေ ရရှိမှာမဟုတ်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း အသက်ရှင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းတွေအတိုင်း ပြုမူမှပဲ လူသားပုံသဏ္ဌာန်နဲ့ အသက်ရှင်နိုင်မှာပါ။ အဲဒီအခါမှသာ စိတ်နှလုံးထဲမှာ တကယ့်ငြိမ်သက်ခြင်းနဲ့ လွတ်လပ်ပေါ့ပါးမှုကို ရရှိနိုင်မှာပါ။ ဒီလိုနားလည်မှုတွေနဲ့ ရရှိမှုတွေကို ရရှိခွင့်ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရှောင်လွှဲမရသည့် ဝေဒနာ

ကျိုးချိန် တရုတ်နိုင်ငံ ကျွန်တော် အသက် ၄၇ နှစ်ရောက်တော့၊ မျက်စိမှုန်တာ မြန်လာတယ်။ ကိုယ့်မျက်လုံးတွေကို ဂရုမစိုက်ရင်၊ တဖြည်းဖြည်း အမြင်အာရုံ...

လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါ

မြောင်ရှောင် တရုတ်နိုင်ငံကျွန်မက မိမိတာဝန်ကို ထမ်းဆောင်ခြင်း၊ ညီအစ်ကို မောင်နှမများနှင့် အဆင်ပြေခြင်း၊ သိသာသည့် အပြစ်များကို...

အမှုထမ်းများကို ချိန်ညှိခြင်းအား ရင်ဆိုင်ရခြင်းက ကျွန်မကို ဖော်ထုတ်ခဲ့သည်

ကျိုးကျင့် တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ မတ်လမှာ ကျွန်မက အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကို ဦးဆောင်ရတယ်။ ကျွန်မက ကျွန်မတာဝန်နယ်ပယ်က ကြီးပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။