ချီဆောင်ခံရခြင်းဆိုသည်မှာ အမှန်တကယ်တွင် မည်သည့်အရာဖြစ်သနည်း
လွန်ခဲ့တဲ့ နှစ် ၂၀ဝ၀ တုန်းက သခင်ယေရှုဟာ ကားစင်တင်ခံရပြီး သူ့ရဲ့ ရွေးနုတ်ခြင်းအမှုကို လုပ်ပြီးသွားတဲ့နောက် သူပြန်ကြွလာမယ်လို့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံးသော ကာလမှာ ပေါ်ထွန်းပြီး အမှုဆောင်နေတယ်၊ စကားလုံး သန်းဆယ်ချီအထက် ဖော်ပြနေပါတယ်။ လူအတော်များများက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ဒီနှုတ်ကပတ်တော်တွေမှာ သြဇာအာဏာနဲ့ တန်ခိုးရှိပြီး သမ္မာတရား ဖြစ်တယ်လို့ ခံစားရလို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အလုပ်ကို လက်ခံခဲ့ကြတယ်။ ကက်သလစ် ယုံကြည်သူ တချို့ကလည်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရားဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုကြတယ်။ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်ရာမှာ ကက်သလစ်ဘာသာရဲ့ ဓလေ့ထုံးတမ်းနဲ့ သမိုင်းကြောင်းကို လေးစားရမယ်၊ ပြီးတော့ သူတို့က ကက်သလစ်ဘာသာထဲ ဝင်ထားပြီးဖြစ်လို့ တခြား ဂိုဏ်းဂဏတွေကို ပြောင်းသွားလို့မရဘူးလို့ သူတို့ ယုံကြည်ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာဟာ ကက်သလစ်ဘာသာကို သစ္စာဖောက်တာ၊ ဘုရားသခင်ကို သစ္စာဖောက်တာဖြစ်ပြီး ဒါဟာ အပြစ်တစ်ခုလို့ သူတို့ တွေးကြတယ်။ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အလုပ်ကို သူတို့ လက်မခံရဲကြဘူး။ ဒါဆို အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာဟာ တကယ်တမ်း သခင်ယေရှုကို သစ္စာဖောက်တာလား။ ဒီမေးခွန်းနဲ့ပတ်သက်လာရင် ပထမဆုံး ကျွန်မတို့ နားလည်ထားရမှာက ကက်သလစ်တစ်ယောက်အနေနဲ့ ရှင်တို့ဟာ ဘုရားသခင်ကို ယုံကြည်တာလား၊ ကက်သလစ်ဘာသာကို ယုံကြည်တာလား ဆိုတာပါပဲ။ ရှင်တို့က ဘုရားသခင်ကို ယုံကြည်တယ်ဆိုရင် ကက်သလစ်ဘာသာရဲ့ ဘောင်ခတ်တာကို မခံရသင့်ဘူး။ ဒါ့အပြင် ကက်သလစ်ဘာသာရဲ့ စည်းကမ်းတွေနဲ့ အဆိုအမိန့်တွေက ဘုရားသခင် ပြဋ္ဌာန်းထားတာလား၊ လူက ပြဋ္ဌာန်းထားတာလား။ အဲဒါတွေက ဘုရားသခင်ဆီက လာတာလား၊ လူဆီက လာတာလား။ ဒီအရာတွေကို ကျွန်မတို့ ရှင်းရှင်းလင်းလင်း သိထားရမယ်။ ဘုရားသခင်ကို ယုံကြည်ရာမှာ ဘုရားသခင်ဟာ သမ္မာတရားဖြစ်တယ်ဆိုတာကို ရှင်တို့ သိထားရမယ်၊ ကက်သလစ်ဘာသာက သမ္မာတရား မဟုတ်တဲ့အပြင် အဲဒီ ကက်သလစ် ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေနဲ့ ရဟန်းတွေကလည်း သမ္မာတရား မဟုတ်ဘူး၊ ပြီးတော့ ကက်သလစ်ဘာသာက ဘုရားသခင်ကို ကိုယ်စားမပြုဘူးလေ။ ဘုရားသခင်ကို ယုံကြည်ရင် ကက်သလစ်ဘာသာရဲ့ ဘောင်ခတ်တာကို မခံရသင့်ဘူး၊ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေနဲ့ ရဟန်းတွေရဲ့ ဘောင်ခတ်တာကို ခံရဖို့ဆိုတာ ဝေလာဝေးပဲ။ သူတို့ရဲ့ ဘောင်ခတ်တာကို ရှင်တို့ အမြဲတမ်း ခံနေရရင် ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ရမှာ မဟုတ်ဘူး။ အထူးသဖြင့် သခင် ကြွလာတာကို ကြိုဆိုတဲ့ကိစ္စမှာ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေနဲ့ ရဟန်းတွေရဲ့ ဘောင်ခတ်တာကို အမြဲခံနေရရင် ဘုရားသခင်ကို ကြိုဆိုနိုင်ပါဦးမလား။ ကျွန်မတို့ဟာ ဖန်ဆင်းခံတွေ ဖြစ်လို့ ဖန်ဆင်းရှင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မတို့ လိုက်နာတာက မှန်ကန်ပါတယ်။ လူရဲ့ စကားတွေနဲ့ ဂိုဏ်းဂဏ စည်းကမ်းတွေကို အမြဲ လိုက်နာနေတာဟာ မိုက်မဲတာ မဟုတ်ဘူးလား။ ဒီအရာတွေနဲ့ပတ်သက်ပြီး ရှင်တို့မှာ ပိုင်းခြားသိမြင်တာမျိုး ရှိရမယ်။ ဒါက ဘုရားသခင်ရဲ့ အမိန့်ဆိုရင် ကျွန်မတို့ လိုက်နာရမယ်။ ဒါပေမဲ့ အဲဒါက ကက်သလစ် စည်းကမ်းတစ်ခုဆိုရင်တော့ ကျွန်မတို့ လိုက်နာစရာ မလိုဘူး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လိုက်နာရုံနဲ့ လုံလောက်ပါတယ်။ လူတွေဟာ ကက်သလစ် စည်းကမ်းတွေကို လိုက်နာရမယ်၊ မလိုက်နာရင် အပြစ်ဖြစ်တယ်လို့ ရှင်တို့ တွေးကြတယ်။ ဒါက ဘာကို အခြေခံထားတာလဲ။ ဘုရားသခင်က ဒီလိုစကားမျိုး ဘယ်တုန်းကများ ပြောခဲ့ဖူးလို့လဲ။ ဘယ်တော့မှ မပြောခဲ့ဘူး။ ဒီစည်းကမ်းတွေဟာ ဘုရားသခင်ဆီက လာတာမဟုတ်ဘဲ ကက်သလစ်ဘာသာရဲ့ အဲဒီ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေနဲ့ ရဟန်းတွေက လုပ်ထားတာဖြစ်တယ်ဆိုတာကို ဒါက သက်သေပြနေတယ်။ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေနဲ့ ရဟန်းတွေက ဘုရားသခင်ကို ကိုယ်စားမပြုတဲ့အတွက် သူတို့ ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အဆိုအမိန့်တွေကလည်း ဘုရားသခင်ကို ကိုယ်စားမပြုပါဘူး။ အဲဒီလိုဆိုရင် အဲဒီစည်းမျဉ်းစည်းကမ်းတွေကို ကျွန်မတို့ လိုက်နာဖို့ လိုအပ်သေးလို့လား။ လူလုပ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတော့ ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို ရှင်တို့ ရနိုင်ပါ့မလား။ ဒါ့အပြင် ရှင်တို့ ပိုင်းခြားသိမြင်ရမှာက အဲဒီ ကက်သလစ် ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေနဲ့ ရဟန်းတွေဟာ ဘုရားသခင် ချစ်တဲ့သူတွေ ဟုတ်ရဲ့လား ဆိုတာပါပဲ။ သူတို့က ဘုရားသခင် ရွေးချယ်ထားသူတွေလား။ သူတို့က ဘုရားသခင် သက်သေခံတဲ့သူတွေလား။ လုံးဝ မဟုတ်ပါဘူး။ သူတို့ထဲက တော်တော်များများဟာ မကောင်းမှုတွေ အများကြီးတောင် ကျူးလွန်ခဲ့ကြတယ်၊ ဒါကို ကက်သလစ်ဘာသာဝင်တွေက ကောင်းကောင်း သိကြပါတယ်။ ကက်သလစ်ဘာသာမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် မရှိတော့တာ ကြာပါပြီ။ ဒီအရာတွေကို ရှင်တို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးဘူးလား။ ဒီအရာတွေကို တကယ် ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးဆိုရင်တော့ ရှင်တို့ အရမ်းကို နားဝေတိမ်တောင် ဖြစ်နေပြီပေါ့။ ရှင်တို့မှာ ပိုင်းခြားသိမြင်မှု လုံးဝ မရှိဘူး။
အရင်တုန်းက သခင်ယေရှု ပေါ်ထွန်းပြီး အမှုဆောင်ခဲ့ချိန်မှာ ဘာသာရေးလောကရဲ့ ယဇ်ပုရောဟိတ်အကြီးအကဲတွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေအပြင် အာဏာရှိတဲ့သူတွေ အားလုံးက သခင်ယေရှုကို အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချခဲ့ကြတယ်။ သခင်ယေရှုဟာ သာမန်လူတစ်ယောက်သာဖြစ်ပြီး ဘုရားသခင် မဟုတ်ဘူးလို့ ပြောဆိုရင်း အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကိုလည်း ဖြန့်ဝေခဲ့ကြတယ်။ ဘာသာရေးသမား အတော်များများက အထင်အမြင်မှားအောင် လုပ်ခံခဲ့ရတယ်။ သူတို့က သခင်ယေရှုရဲ့ အလုပ်ကို မစုံစမ်းရဲခဲ့ကြဘူး၊ ရလဒ်အနေနဲ့ သခင့်ရဲ့ ကယ်တင်ခြင်းကို သူတို့ မရရှိခဲ့ကြဘူး။ အခု ကျွန်မတို့ဟာ နောက်ဆုံးသော ကာလမှာ ရောက်နေပြီ။ ကျွန်မတို့က ဘုရားသခင်ကို ယုံကြည်ပေမဲ့ ကိုယ်တော့်ကို မကြိုဆိုနိုင်ရင် အကျိုးဆက်တွေက ဘာဖြစ်လာမလဲ။ ကျွန်မတို့ဟာ ဘေးအန္တရာယ်တွေထဲ ကျရောက်မယ်၊ အပြစ်ဒဏ်ပေးခံရပြီး သေဆုံးရလိမ့်မယ်။ ဒါကြောင့် ဘုရားသခင်ကို ယုံကြည်ရာမှာ ကျွန်မတို့ လိုက်နာသင့်တဲ့ စည်းမျဉ်းကတော့ လူရဲ့ စကားတွေကို နားမထောင်ဘဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုပဲ နားထောင်ဖို့ ဖြစ်တယ်။ ဘယ်လူရဲ့ စကားမှ သမ္မာတရား မဟုတ်ဘူး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေသာလျှင် သမ္မာတရား ဖြစ်တယ်။ လူတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျိုးနွံနာခံတာမျိုး မရှိရင် သူတို့ဟာ ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်နေကြတာပဲ။ ကက်သလစ် စည်းမျဉ်းစည်းကမ်းတွေကိုပဲ အမြဲ ဖက်တွယ်ထားပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နားမထောင်ဘူးဆိုရင် ရှင်တို့အတွက် ဘယ်လို အကျိုးဆက်တွေ ယူဆောင်လာမလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်တို့ ရှင်းရှင်းလင်းလင်း သိထားသင့်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အားလုံးဟာ သမ္မာတရားဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ ဘုရားသခင် ဖြစ်တယ်ဆိုတာကို ရှင်တို့ သိကြပေမဲ့ ကက်သလစ် စည်းမျဉ်းတွေကို ချိုးဖောက်မိမှာ ကြောက်လို့ ကိုယ်တော့်ကို လက်မခံရဲဘူးဆိုရင် ရှင်တို့ဟာ မိုက်မဲတဲ့ သတို့သမီး ဖြစ်သွားပြီ၊ ပြီးတော့ ဘေးအန္တရာယ်တွေထဲ ကျရောက်ပြီး ငိုကြွေးလို့ အံသွားခဲကြိတ်ရုံပဲ ရှိတော့မယ်။ ကက်သလစ်ဘာသာဟာ နောက်ဆုံးသော ကာလရဲ့ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချတယ်၊ ဒါကြောင့် ရှင်တို့ဟာ ကက်သလစ်ဘာသာကို စွန့်ပယ်သင့်တယ်၊ အဲဒီကနေ ခွဲထွက်လာသင့်ပြီး အဲဒီဘာသာရဲ့ ချုပ်နှောင်တာကို မခံရတော့သင့်ပါဘူး။ ဒါမှသာ ရှင်တို့ဟာ ပညာရှိတဲ့ သတို့သမီး ဖြစ်ပြီး ဘုရားသခင်ကို ကြိုဆိုနိုင်ကာ ကောင်းကင်နိုင်ငံတော်ရဲ့ စားတော်ပွဲကို တက်ရောက်နိုင်မှာပါ။ ကက်သလစ်ဘာသာကို ပြစ်မှားမိမှာ ကြောက်ပြီး ကက်သလစ်ဘာသာကနေ နှင်ထုတ်ခံရမှာကို အမြဲ ကြောက်နေတယ်ဆိုရင် ဒါဟာ ရှင်တို့က ကက်သလစ်ဘာသာကိုပဲ ယုံကြည်ပြီး ဘုရားသခင်ကို မယုံကြည်ဘူးဆိုတာကို သက်သေပြနေတယ်။ ကက်သလစ်ဘာသာက ရှင်တို့ကို ဘုရားသခင်ကို ကြိုဆိုနိုင်အောင် လမ်းပြပေးနိုင်သလား။ ရှင်တို့ကို ကယ်တင်ပြီး ကောင်းကင်နိုင်ငံတော်ထဲ ခေါ်ဆောင်သွားနိုင်သလား။ ရှင်တို့ကို သမ္မာတရားနဲ့ အသက်ကို ပေးသနားနိုင်သလား။ ရှင်တို့ကို ထာဝရအသက် ရရှိစေနိုင်သလား။ ကက်သလစ်ဘာသာက ဒီအရာတွေထဲက ဘာတစ်ခုမှ မလုပ်ပေးနိုင်တဲ့အပြင် ရှင်တို့ကို ဘာမှလည်း မပေးသနားနိုင်ပါဘူး။ အဲဒီ ကက်သလစ် စည်းကမ်းတွေက ရှင်တို့ကို အထင်အမြင်မှားစေပြီး ဒုက္ခပေးရုံပဲ တတ်နိုင်တယ်၊ ဒီတော့ ရှင်တို့က အဲဒါတွေကို လိုက်နာနေတုန်းပဲဆိုရင် ဘာအကျိုးရှိမှာလဲ။ ကက်သလစ် စည်းမျဉ်းစည်းကမ်းတွေကို ရှင်တို့ မရမက လိုက်နာနေရင် ရှင်တို့ဟာ မိုက်မဲတဲ့ သတို့သမီးပါပဲ။
ဘုရားသခင်ဟာ လူသားတွေကို ကယ်တင်ဖို့ ပေါ်ထွန်းပြီး အမှုဆောင်နေပါတယ်။ လူတွေအနေနဲ့ ဘုရားသခင်ကိုပဲ လက်ခံဖို့၊ ဘုရားသခင်ရဲ့ အသံကိုပဲ နားထောင်ဖို့နဲ့ ဘာသာရေးရဲ့ ဘောင်ခတ်တာကို မခံရဖို့ ဘုရားသခင်က တောင်းဆိုထားပါတယ်။ ရှင်တို့ ဘယ်ဂိုဏ်းဂဏမှာပဲ ရှိနေပါစေ ဘုရားသခင်ရဲ့ အသံကို ကြားပြီး သခင့်ကို ကြိုဆိုသရွေ့ ဘာသာရေးထဲကနေ ချက်ချင်း ထွက်လာသင့်ပါတယ်။ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့အရာ ဖြစ်တယ်။ ဘာပဲလုပ်လုပ် နောက်ပြန်မလှည့်ပါနဲ့၊ ဒါမှမဟုတ်ရင် ရှင်တို့ဟာ လောတရဲ့ မိန်းမလို ဆားတိုင် ဖြစ်သွားပါလိမ့်မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းတစ်လှမ်းချင်းစီကို နီးကပ်စွာ လိုက်လျှောက်ရမည်။ သူသည် ‘သိုးသူငယ်သွားလေရာရာ အရပ်သို့ လိုက်’ သင့်သည်။ ဤအရာကို လုပ်ဆောင်သည့် လူများသည်သာ မှန်သော လမ်းခရီးကို အမှန်တကယ် ရှာဖွေသည့် လူများဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများ ဖြစ်ကြလေသည်။ စကားလုံးများနှင့် အယူဝါဒများကို မျက်စိစုံမှိတ် လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလအသီးသီးတွင်၊ ဘုရားသခင်သည် အမှုသစ်ကို စတင်လိမ့်မည် ဖြစ်ပြီး၊ အချိန်ကာလ အသီးသီးတွင်၊ လူသားအလယ် အသစ်သော စတင်မှု တစ်ခု ရှိလိမ့်မည်။ ခေတ်တစ်ခုချင်းစီနှင့်သာ အသီးသီး သက်ဆိုင်သည့် ‘ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်’ နှင့် ‘ယေရှုသည် ခရစ်တော်ဖြစ်သည်’ ဟူသည့် သမ္မာတရားများကိုသာ လူသားက လိုက်နာပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်လိမ့်မည် မဟုတ်သည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ အမှုပြုသည်ဖြစ်စေ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး နီးကပ်စွာ လိုက်လျှောက်လျှင် လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားရှင်းလင်းခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ကို လူသားက သေချာပြီး၊ မည်သည့်သံသယမျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြင့် ပူးပေါင်းဆောင်ရွက်ကာ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင် ကြိုးစားသရွေ့ သူသည် အဘယ်သို့ အပြစ်ဒဏ်ပေး ခံရနိုင်မည်နည်း။ ဘုရားသခင်၏ အမှုသည် ဘယ်သောအခါမျှ ရပ်တန့်သွားခြင်းမရှိ၊ သူ၏ ခြေလှမ်းများသည် ဘယ်သောအခါမျှ ရပ်နားခြင်း မရှိသည့်အပြင် သူ၏ စီမံခန့်ခွဲခြင်း အမှု ပြီးပြည့်စုံခြင်း မတိုင်မီတွင်၊ သူသည် အစဉ်သဖြင့် အလုပ်များကာ မည်သည့်အခါမျှ မရပ်တန့်ချေ။ သို့သော် လူသားက ကွဲပြား၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အနည်းငယ်သော အလုပ်ကိုသာ ရရှိပြီးဖြစ်လျက်၊ သူသည် ယင်းကို ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်သည့်အလား သဘောထားလေသည်။ သိကျွမ်းမှု အနည်းငယ် ရရှိပြီးသည်နှင့် သူသည် ဘုရားသခင်၏ ပို၍အသစ်ဖြစ်သော အမှုတော်ကို ‘ခြေရာခံရန်’ ရှေ့မဆက်တော့ချေ။ ဘုရားသခင်၏ အမှုတော်မှ အနည်းငယ်မျှကိုသာ မြင်တွေ့ပြီးသည်နှင့် သူသည် ဘုရားသခင်ကို တိကျသော သစ်သားရုပ်တု တစ်ခုအဖြစ် ချက်ချင်း ဘောင်ခတ်သတ်မှတ်လိုက်ပြီး ကိုယ်တော်သည် သူမြင်ရသော ဤပုံသဏ္ဌာန်အတိုင်း အတိတ်က ဖြစ်ခဲ့သကဲ့သို့ အနာဂတ်တွင်လည်း ဤသို့ အစဉ်အမြဲ ထိန်းသိမ်းထားမည်ဟု ယုံကြည်၏။ အပေါ်ယံ သိကျွမ်းမှု အနည်းအကျဉ်းမျှကိုသာ ရရှိထားသည်နှင့် လူသည် အလွန် မာနထောင်လွှားသည်မှာ သူ့ကိုယ်သူ မေ့လျော့ပြီး တကယ်ကို မတည်ရှိသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းတို့ကို လက်လွတ်စပယ် စတင် ကြေညာလေသည်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အဆင့်တစ်ခုနှင့်ပတ်သက်၍ သေချာသွားပြီးနောက် ဘုရားသခင်၏ အမှုသစ်ကို ကြေညာသည်မှာ မည်သည့်လူစားမျိုးဖြစ်စေ၊ လူသည် ယင်းကို လက်မခံပေ။ ဤကဲ့သို့သော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို လက်မခံနိုင်ကြချေ။ ၎င်းတို့သည် အလွန် ရှေးရိုးစွဲကြပြီး၊ အသစ်သော အရာများကို လက်ခံနိုင်စွမ်း မရှိကြချေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း ငြင်းပယ်ကြသူများလည်း ဖြစ်သည်။ ဣသရေလလူမျိုးတို့သည် ‘ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို မယုံကြည်ကြ’ သည်မှာ မှားယွင်းခဲ့ကြသည်ဟု လူတို့က ယုံကြည်ကြသည်၊ သို့သော် လူအများစုသည် ‘ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို ငြင်းပယ်’ သကဲ့သို့၊ ‘မေရှိယ၏ ပြန်ကြွလာခြင်းကို တောင့်တသော်လည်း၊ ယေရှုဟုခေါ်သည့် မေရှိယကို ဆန့်ကျင်သည့်’ အခန်းကဏ္ဍကို ဆောင်ရွက်နေကြလေသည်။ ထိုအခါ ထိုလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တစ်ဆင့်တစ်ခုကို လက်ခံပြီးသည့်နောက်၊ စာတန်၏ အာဏာအောက်တွင် အသက်ရှင်ကြဆဲ ဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မရရှိကြသေးသည်မှာ မထူးဆန်းပေ။ ဤသည်ကား လူသား၏ ပုန်ကန်မှု ရလဒ် ဖြစ်သည် မဟုတ်ပေလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု)
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
လွန်ခဲ့တဲ့ နှစ် ၂၀ဝ၀ တုန်းက သခင်ယေရှုဟာ ကားစင်တင်ခံရပြီး သူ့ရဲ့ ရွေးနုတ်ခြင်းအမှုကို လုပ်ပြီးသွားတဲ့နောက် သူပြန်ကြွလာမယ်လို့...
မင်္ဂလာပါ၊ ညီအစ်ကိုမောင်နှမတို့၊ ကျွန်မတို့ အတူတကွ စုဝေးရတာ အရမ်းကံကောင်းပါတယ်။ ကျေးဇူးတော်ပါပဲ။ ကျွန်မတို့အားလုံးက ဘုရားနှုတ်ကပတ်တော်ကို...
လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက ကျွန်တော်တို့ရဲ့ ကယ်တင်ရှင် သခင်ယေရှုဟာ ရွေးနုတ်ခြင်းအမှုကို ပြုဖို့အတွက် ကြွလာခဲ့ပြီး ဂျူးဘာသာရဲ့...
နောက်ဆုံးသော ကာလမှာ လူသားတွေကို ကယ်တင်ဖို့ သမ္မာတရားအားလုံးကို အနန္တတန်ခိုးရှင် ဘုရားသခင်က ဖော်ပြထားပါတယ်။ ဒါတွေကို လူတိုင်း ရှာဖွေပြီး...