လူသားမျိုးနွယ်ကို အဘယ်သူ ကယ်တင်ကာ ကျွန်ုပ်တို့၏ကံကြမ္မာကို ပြောင်းလဲပစ်နိုင် သနည်း

14.10.2021

ကံကြမ္မာလို့ပြောတဲ့အခါမှာ လူအများစုက ပိုက်ဆံနဲ့ ဂုဏ်ဒြပ်ရှိခြင်းနဲ့ အောင်မြင်ခြင်းတွေကို ကောင်းတဲ့ကံကြမ္မာနဲ့ တန်းတူထားကြပြီး ဆင်းရဲတဲ့သူ၊ မထင်ပေါ်သူ၊ ဘေးဒုက္ခနဲ့ဆင်းရဲ ဒုက္ခခံနေရတဲ့သူ၊ အနှိမ်ခံရတဲ့သူတွေက မကောင်းတဲ့ကံကြမ္မာရှိကြတယ်လို့ ထင်ကြတယ်။ ဒါကြောင့် သူတို့ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ အသိပညာနောက်ကို ထက်သန်စွာလိုက်ကြ တယ်၊ အဲဒါက သူတို့ကို ချမ်းသာကြွယ်ဝမှုနဲ့ဂုဏ်ဒြပ် ရရှိဖို့ အထောက်အကူပြုမယ်၊ ဒီလိုနဲ့ သူတို့ရဲ့ကံကြမ္မာ ကို ပြောင်းနိုင်မယ်လို့ မျှော်လင့်ကြတယ်။ ဘဝမှာ ပိုက်ဆံ၊ ဂုဏ်ဒြပ်နဲ့ အောင်မြင်ခြင်းတွေ ရှိတာဟာ ကောင်းတဲ့ကံကြမ္မာရှိခြင်းလို့ တကယ်ဆိုလိုတာလား။ ဘေးဒုက္ခနဲ့ကံဆိုးခြင်းတွေကို ခံစားရခြင်းဟာ တကယ်ပဲ မကောင်းတဲ့ကံကြမ္မာလို့ ဆိုလိုသလား။ လူအများစုက ဒီဟာကို ကောင်းကောင်း နားမလည်ကြသလို၊ သူတို့ရဲ့ကံကြမ္မာတွေကို ပြောင်းဖို့ အသိပညာ နောက်ကို အပြင်းအထန်လိုက်နေကြတုန်းပဲ။ ဒါပေမယ့် အသိပညာဟာ တကယ်ပဲ လူတစ်ယောက်ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ရဲ့ လား။ လူသားမျိုးနွယ်ကို ဘယ်သူက အမှန်ကတယ် ကယ်တင်ပြီး ကျွန်တော်တို့ရဲ့ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တာလဲ။ ဒီနေ့ ဒီမေးခွန်းကို သေချာအဖြေရှာကြရ အောင်။

နေ့စဉ်ဘဝမှာ အသိပညာရရှိတဲ့ လူအများအပြားဟာ ငွေနဲ့ဂုဏ်ဒြပ်လည်း ရရှိကြတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရ တယ်။ သူတို့ဟာ ဘဝမှာ ကြွယ်ဝချမ်းသာပြီး ကျော်ကြားလာတာ ဒါမှမဟုတ် ချီးမြှောက်ခံရ တာတွေတောင် ဖြစ်လာတယ်။ အောင်မြင်ပြီး လူသိများတဲ့အတွက် ကောင်းတဲ့ကံကြမ္မာ ရရှိထားပုံပေါ်ကြတယ်။ ဒါပေမယ့် အဲဒါ တကယ်ပဲလား။ သူတို့ တကယ်ပျော်ရွှင်ကြရဲ့လား။ သူတို့ဟာ အာဏာနဲ့လွှမ်းမိုးမှုရှိပြီး ကျော်ကြားပုံပေါ်ပေမယ့် သူတို့ဟာ အနှစ်မဲ့ပြီး စိတ်ဆင်းရဲမှုကို ခံစားကြရဆဲဖြစ်သလို၊ ဘဝအတွက် သူတို့ရဲ့ စိတ်အားထက်သန်မှု ဆုံးရှုံးနေကြဆဲဖြစ် တယ်။ တချို့ကဆိုရင် မူးယစ်ဆေးဝါး သုံးစွဲကြတယ်၊ ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေကြတယ်။ တချို့ဆိုရင် သူတို့ရဲ့အာဏာနဲ့လွှမ်းမိုးမှုတွေကို အလွဲသုံးစားလုပ်ပြီး သူတို့လုပ်ချင်တာ လုပ်ကြတယ်၊ ဆိုးယုတ်တာလုပ်ပြီး၊ ရာဇဝတ်မှုတွေ ကျူးလွန်တယ်၊ နောက်ဆုံးတော့ ထောင်ကျပြီး လုံးဝဂုဏ်သရေပျက်သွားကြတယ်။ ဒီလူအများစုဟာ ပညာတတ်တွေ မဟုတ်လား။ အရမ်းအသိတရားရှိပြီး ဥပဒေကို နားလည်ပုံ ပေါ်တဲ့လူတွေဟာ ဘာဖြစ်လို့ အဲဒီလိုဆိုးရွား တဲ့အရာတွေကို လုပ်ကြသလဲ။ သူတို့က ဘာဖြစ်လို့ အဲဒီလို အဓိပ္ပာယ်မရှိတဲ့ အရာတွေကို လုပ်ကြသလဲ။ ဘာဖြစ်လို့ ဒီလိုဖြစ်သွားကြရတာလဲ။ ဒီခေတ်မှာ လူတိုင်းက ပညာရေးတစ်ခု လိုချင် ကြတယ်၊ လူတိုင်း အသိပညာနောက်ကို လိုက်ကြတယ်၊ ပြီးတော့ နိုင်ငံတိုင်းမှာ အုပ်ချုပ်တဲ့ လူတန်းစား၊ လူအားလုံးဟာ ပညာတတ် တွေဖြစ်တယ်။ သူတို့ဟာ အာဏာစွဲကိုင်ထားသူတွေ ဖြစ်ကြပြီး၊ ကမ္ဘာအနှံ့က အရည်အသွေးနဲ့ အလျောက် မြှောက်စားခံရတဲ့သူတွေဖြစ်တယ်။ ပညာရှင်တွေက ကြီးကြပ်ကွပ်ကဲတာနဲ့အမျှ၊ ကမ္ဘာကြီးက ပိုယဉ်ကျေးသထက် ယဉ်ကျေး လာပြီး နှစ်သက်စရာဖြစ်လာသင့်တယ်ဆိုတာ နားလည်လို့ရတယ်။ ဒါပေမယ့် ကမ္ဘာမှာ တကယ် ဘာတွေဖြစ်နေ သလဲ။ လူတွေဟာ အချင်းချင်းလိမ်လည်တာ၊ ရန်ဖြစ်တာအပြင် သတ်ဖြတ်တာတွေနဲ့အတူ ဝရုန်းသုန်းကားနဲ့ ဗရမ်းဗတာအခြေအနေထဲကို ကျဆင်းနေ တယ်။ သူတို့အားလုံးက ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်တယ်၊ သမ္မာတရားကို မုန်းပြီး၊ နောင်တရဖို့ ဆန္ဒမရှိဘဲ ဆိုးယုတ်မှုကို မြှင့်တင်ပြီး ဘုရားသခင်ရဲ့ အမျက်ဒေါသနဲ့ လူသားရဲ့နာကျင်မှုကို နှိုးဆွ တယ်။ ဘေးဒုက္ခတွေ တစ်ခုပြီးတစ်ခု ဖြစ်လာသလို ကမ္ဘာကြီးက စစ်ကြီးဖြစ်တော့မယ့်ဆဲဆဲ အခြေအနေမှာ အမြဲရှိနေတယ်။ သိသာနေတာက ပညာတတ်တွေက အာဏာရထားတာ၊ အရည်အသွေးနဲ့အလျောက် မြှောက်စားတာ တွေဟာ ငြိမ်းချမ်းပြီး ပျော်ရွှင်တဲ့ လူ့အဖွဲ့အစည်းကို မဆောင်ကြဉ်းဘဲ၊ ဘေးဒုက္ခနဲ့ဆင်းရဲဒုက္ခတွေကို ကျွန်တော်တို့ဆီ ပိုပိုပြီးသယ်ဆောင်လာတယ်ဆိုတာပါပဲ။ ရောဂါတွေ တိုးလာနေတယ်၊ စစ်တွေကလည်း မရပ်မနားဖြစ်ပွားနေသလို မြေငလျင်တွေနဲ့ငတ်မွတ်ခြင်းဘေးကြီးတွေက နောက်ကလိုက်လာကြတယ်။ ကမ္ဘာကြီး အဆုံးသတ်တော့မလို လူတွေက ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေတယ်။ ဒီအတွက် တကယ့်အကြောင်းရင်းက ဘာလဲ။ လူတွေဟာ အသိပညာ၊ အာဏာနဲ့ ဂုဏ်ဒြပ်ရရှိ တဲ့အခါမှာ ဘာဖြစ်လို့ ဆိုးရွားတဲ့အရာတွေ အများကြီးလုပ်ကြသလဲ။ ပညာတတ်တွေရှိခြင်းနဲ့ အရည်အသွေး အလျောက် မြှောက်စားခြင်းဟာ ဘာဖြစ်လို့ နိုင်ငံနဲ့လူတွေအပေါ် ဘေးဒုက္ခ အများကြီးယူဆောင်လာသလဲ။ ဒါဟာ အရမ်းထည့်သွင်းစဉ်းစားထိုက်တဲ့ အရာပဲ။ အသိပညာရရှိခြင်းဟာ လူကို ပိုကောင်းလာ စေပြီး အပြစ်က ကင်းလွတ်စေပါသလား။ အသိပညာရရှိခြင်းဟာ လူတွေကို ယဉ်ကျေး လာစေပြီး မကောင်းတာတွေ လုပ်တာကို ရပ်တန့်စေပါသလား။ အသိပညာဟာ လူတွေကို အပြစ်ကနေ ကယ်တင်ပြီး စာတန်ရဲ့အင်အားစုတွေဆီကနေ ကယ်တင်နိုင်ပါသလား။ လူတစ်ယောက်ရဲ့ကံကြမ္မာကို အသိပညာက ပြောင်းလဲပေးနိုင်စွမ်းကို ကျွန်တော် ပိုပိုပြီးသံသယရှိလာတယ်။ အသိပညာနဲ့ဂုဏ်ဒြပ်ကို ရရှိပြီးတဲ့နောက် လူအများစုဟာ ဘာဖြစ်လို့ မာနထောင်လွှားသထက် ထောင်လွှားလာပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ် လို့ ထင်လာကြတာလဲ။ ဘာဖြစ်လို့ သူတို့ ပိုပြီးသိလာလေ၊ ကိုယ့်ဘာသာ ကြီးကျယ်လာကြတာလဲ။ အာဏာရပြီးတာနဲ့ သူတို့ဟာ အမူအကျင့် ပျက်ပြားလာပြီး ထင်တိုင်းကြဲလာသလို၊ ကသောင်းကနင်းဖြစ်အောင်လုပ်ပြီး ဘေးဒုက္ခ သယ်ဆောင်လာတယ်။ ပိုကောင်းတဲ့ပညာရေး၊ ပိုတိုးတက်တဲ့သိပ္ပံ ပညာနဲ့အတူ နိုင်ငံတစ်နိုင်ငံဟာ ပိုကောင်းကောင်းမွန်မွန် အုပ်ချုပ်ခံရသင့်ပြီး လူတွေက ပိုယဉ်ကျေး ပျော်ရွှင်၊ ကျန်းမာသင့် တယ်လို့ ထင်ရတယ်။ ဒါပေမယ့် အဲဒီလိုနိုင်ငံမျိုးရော တကယ်ရှိရဲ့ လား။ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဒါဟာ လူတွေကို အပြင်းအထန် စဉ်းစားစရာ ဖြစ်စေတယ်။ ကျွန်တော် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ထဲမှာ ဒါဖတ်လိုက်ရတယ်- “လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင်၊ လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သာ၍သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲနှင့်၊ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံများနှင့် လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့၊ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။...ဘုရားသခင်က ယနေ့ သူ၏ အမှုကို မည်သည့်နေရာတွင် လုပ်ဆောင်သည်ကို ရှာဖွေရန် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ တာဝန်ယူပြီး စီစဉ်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ ခံယူထားကြသည်။ ဤနည်းဖြင့် လူသားက မသိလိုက်ဘဲ၊ လူမှုအဖွဲ့အစည်းတိုးတက်မှုသည် လူသား၏ လိုအင်ဆန္ဒများကို လိုက်နာနိုင်မှု နည်းသည်ထက် နည်းလာခဲ့ပြီး၊ ထိုသို့သောလောကတွင် အသက်ရှင်ရလျက်၊ ကွယ်လွန်ပြီးနှင့် သူများထက် ၎င်းတို့က ပျော်ရွှင်မှု သာ၍ လျော့နည်းသည်ဟု ခံစားရသည့် လူများစွာပင် ရှိလေသည်။ ယဉ်ကျေးမှု အဆင့်အတန်းတိုးတက်မှု မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုသို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆို ကြလေသည်။ အကြောင်းမှာ ဘုရားသခင်၏လမ်းပြမှုမရှိဘဲနှင့်၊ အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် လူမှုအဖွဲ့အစည်းတိုးတက်မှုကို ထိန်းသိမ်းရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ၊ အချည်းနှီး ဖြစ်ပေသည်။ မည်သူမျှ လူသား၏အသက် မဖြစ်နိုင်သကဲ့သို့၊ လူသားကို သူ ဖိစီးနှိပ်စက်ခံရသည့် လစ်ဟာမှုမှ မည်သည့် လူမှုသဘောတရားကမျှ မလွတ်မြောက်စေနိုင်သည့်အတွက်၊ လူသား၏ နှလုံးသားထဲရှိ အနှစ်မဲ့မှုကို မည်သူမျှ မဖြည့်ဆည်းပေးနိုင်ပေ။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ ကိုယ်စိတ်ချမ်းသာမှု- ဤအရာများက လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်ဆဲ ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းညူကြဆဲဖြစ်သည်။ ဤအရာများက လူသား၏ တောင့်တမှုနှင့် စူးစမ်းလေ့လာလိုစိတ်ကို မချုပ်ထိန်းနိုင်ပေ။...အဆုံးတွင်တော့ လူသားသည် လူသားသာ ဖြစ်ပြီး၊ ဘုရားသခင်၏ နေရာနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ်သည် အယောက်တိုင်း ကောင်းကောင်းမွန်မွန် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လိုအပ်သည်မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏ အသက်ထောက်ပံ့မှုနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိသောအခါမှသာ၊ လူသား၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန် စိတ်ဆန္ဒနှင့် ဝိညာဉ်ရေးရာ အနှစ်မဲ့မှုတို့သည် ပြေလည်သွားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို မခံယူနိုင်ပါက၊ ထိုနိုင်ငံ သို့မဟုတ် လူမျိုးသည် အမှောင်ထုဆီသို့ ကျဆုံးခြင်း လမ်းကို နင်းလျှောက် ရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကို ခံရပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်)

ဘုရားရဲ့နှုတ်ကပတ်တော်တွေက သိပ်မှန်သ လို၊ အကြောင်းအရာရဲ့ အမှန်တရားကို တကယ် ထုတ်ဖော်ပြတယ်။ အသိပညာက တကယ် ဘယ်လိုဖြစ်ပေါ်တာ လဲ။ ကျိန်းသေတာက သမိုင်းတလျှောက် မြှောက်စားခံရတဲ့ ကျော်ကြားပြီး ကြီးမြတ်တဲ့လူတွေဆီက လာတာဖြစ်တယ်။ ကွန်ဖြူးရှပ်ဝါဒ၊ ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ် သီအိုရီ မာတ်စ်ရဲ့ ကွန်မြူနစ်ကြေညာစာတမ်းနဲ့ ကွန်မြူနစ်ဝါဒရဲ့သီအိုရီရှိတယ်။ ဘုရားမဲ့ဝါဒ၊ ရုပ်ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီ အားလုံးဟာ အဲဒီကျော်ကြားတဲ့သူတွေက စာအုပ်တွေအဖြစ် ရေးသားခဲ့ကြတဲ့ အတွေးတွေနဲ့ သီအိုရီတွေဆီ က လာတာဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့ ခေတ်မီလူ့အဖွဲ့အစည်းထဲက သိပ္ပံနဲ့သီအိုရီအတွက် အခြေခံတွေ ဖြစ်ကြ တယ်။ ဒီအယူဝါဒတွေနဲ့သီအိုရီတွေကို ခေတ်ကာလ တလျှောက် အုပ်ချုပ်ခဲ့တဲ့လူတန်းစားတွေက မြှင့်တင်ခဲ့တာဖြစ်တယ်။ အဲဒါတွေကို ကျောင်းသုံးဖတ်စာအုပ်တွေအနေ နဲ့ ထုတ်ပြီး စာသင်ခန်းတွေထဲမှာ ပို့ချသလို လူသားတွေအတွက် နီတိတွေဖြစ်လာတယ်။ သူတို့ဟာ မျိုးဆက်တစ်ခုပြီးတစ်ခုကို ပညာပေးခဲ့ကြတယ်။ ပျက်စီးယိုယွင်းစေသလို၊ ထုံထိုင်းစေခဲ့တယ်၊ လူသားမျိုးနွယ်ကို လှည့်စားပြီး ဖောက်ပြန် ပျက်စီးအောင်ပြုလုပ်ဖို့ အုပ်ချုပ်တဲ့လူတန်း စားတွေအတွက် တန်ဆာပလာတွေဖြစ်လာ တယ်။ အသိပညာနဲ့သိပ္ပံရဲ့ ပညာရေးနဲ့ လွှမ်းမိုးမှုအောက်မှာ လူသားမျိုး နွယ်အားလုံးဟာ ပိုပြီးဖောက်ပြန်ပျက်စီးလာ တာကြောင့် ဘုရားသခင်ကိုရော လူကိုပါ ဒေါသထွက်လာ စေတဲ့အထိ လူ့အဖွဲ့အစည်းကလည်း ပိုမှောင်မိုက်လာပြီး ဖရိုဖရဲဖြစ်လာတယ်။ အခုအချိန်မှာ ဘေးဒုက္ခတွေက ပိုပြီးမကြာ မကြာ ဖြစ်လာသလို၊ ကပ်ဘေးတွေကလည်း လုံးဝမရပ်မနား ဖြစ်လာတယ်။ စစ်ကြီးတွေကလည်း အချိန်မရွေး ဖြစ်ပွားနိုင် တယ်။ ကမ္ဘာကြီးရဲ့နောက်ဆုံးအချိန်ကို ရင်ဆိုင်နေရ သလိုမျိုး လူတွေက ကြောက်ရွံ့မှုနဲ့ နေထိုင် နေကြရတယ်။ ဒါက သိပ္ပံနဲ့အသိပညာဟာ သမ္မာတရား တကယ်ဟုတ်၊မဟုတ် ကျွန်တော် တို့ကို စဉ်းစားစေတယ်။ လူတွေက အဲဒါတွေနောက်ကို ပိုလိုက်ကြပြီး ပိုပိုပြီးလက်ခံကြပေမယ့် အပြစ်ကို ရှောင်ရှားလို့မရသလို ပျော်ရွှင်မှုကို လည်း မရရှိနိုင်ကြဘဲ ပိုပြီးဖောက်ပြန်ပျက်စီးလာသလို ဆိုးယုတ်လာ ကြတယ်၊ သူတို့ မလွတ်မြောက်နိုင်တဲ့အပြစ်နဲ့ နာကျင်မှု တွေထဲကို ကျဆင်းသွားကြတယ်။ လူတိုင်းကိုးကွယ်နေတဲ့ အဲဒီကျော်ကြားပြီး ကြီးမြတ်တဲ့သူတွေရဲ့ အနှစ်သာရအမှန်ကို ကျွန်တော်တို့ ကြည့်ကြရအောင်။ သူတို့အားလုံးဟာ ဘုရားသခင်ကို လက်မခံဘဲ ငြင်းပယ်တဲ့ ဘုရားမဲ့တွေနဲ့ ဆင့်ကဲဖြစ်စဉ် သီအိုရီကို လက်ခံတဲ့သူတွေ ဖြစ်ကြတယ်။ ဘုရားသခင်ရဲ့တည်ရှိခြင်းနဲ့ သူက အားလုံး အပေါ် အုပ်စိုးတယ်ဆိုတာကို သူတို့က မယုံကြ ဘူး။ အထူးသဖြင့် သူတို့က ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေကို လက်မခံကြဘူး။ သူတို့ပြောတဲ့စကားအားလုံးထဲမှာ လူ့အဖွဲ့အစည်းရဲ့မှောင်မိုက်မှုကို ဖော်ထုတ်တဲ့ စကားတစ်လုံးမှ မပြောဘူး၊ စကားတစ်ခွန်းတစ်လေကမှ စာတန်ကြောင့် ဖြစ်တဲ့ လူသားရဲ့ဖောက်ပြန်ပျက်စီးမှုရဲ့ အနှစ်သာရနဲ့အမှန်တရားကို မဖော်ထုတ်ဘူး။ စကားတစ်ခွန်းကမှ အုပ်ချုပ်တဲ့လူတန်းစား ရဲ့သဘာဝနဲ့ ဆိုးယုတ်တဲ့အနှစ်သာရကို မဖော်ထုတ်ဘူး၊ ဘုရားသခင်ရဲ့တည်ရှိခြင်းနဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို သက်သေမခံဘူး၊ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေနဲ့ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို သက်သေမခံ ဘူး၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲမှာရှိတဲ့ သမ္မာတရားနဲ့ မကိုက်ညီပါဘူး။ သူတို့ရဲ့ စကားအားလုံးဟာ ဘုရားသခင်ကို ငြင်းပယ်ပြီးဆန့်ကျင်တဲ့ မိစ္ဆာဒိဋ္ဌိစကား တွေနဲ့အတွေးမှားတွေဖြစ်တယ်။ အားလုံးကို ခြုံပြီးပြောရရင် သူတို့ရဲ့ပြောဟောချက်ဟာ အုပ်ချုပ်တဲ့လူတန်း စားရဲ့အကျိုးအမြတ်ကို ထိန်းသိမ်းဖို့၊ လူသားကို လှည့်စား၊ ဖောက်ပြန်ပျက်စီးစေပြီး ထိခိုက်စေဖို့ သက်သက်ဖြစ်တယ်၊ ရလဒ်အနေနဲ့ သူတို့ဟာ လူသားတွေကို မှောင်မည်းပြီးဆိုးယုတ်တဲ့လမ်းတစ်ခုပေါ်ကို ခေါ်ဆောင်သွားပြီး၊ လူသားမျိုးနွယ်ဟာ ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်တဲ့ စာတန်လိုလူမျိုး တွေ ဖြစ်လာတယ်။ အုပ်ချုပ်တဲ့လူတန်းစားထဲမှာ ဘယ်လိုလူမျိုး တွေ ရှိသလဲ။ သူတို့ဟာ မွန်မြတ်ပြီး အမြော်အမြင်ရှိပါ သလား။ လုံးဝမဟုတ်ဘူး။ မွန်မြတ်ပြီး အမြော်အမြင်ရှိတဲ့လူတစ်ယောက် မှ မရှိသေးဘူး။ သူတို့အဆိုအရ မွန်မြတ်တာနဲ့အမြော်အမြင်ရှိ တာဟာ ဘာလဲဆိုတာကို တွေ့ရှိခဲ့ရပြီးပြီဖြစ်သလို နောက်ကွယ်မှာ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေလည်း ပေါ်ထွက်လာပြီဖြစ် တယ်။ သိသာထင်ရှားတာက လူသားမျိုးနွယ်အပေါ် စာတန်ရဲ့ ဖောက်ပြန် ပျက်စီးစေခြင်း သမိုင်းတလျှောက်လုံးမှာ မွန်မြတ်ပြီးအမြော်အမြင်ရှိတဲ့ အုပ်စိုးသူ တစ်ယောက်မှ မရှိခဲ့သလို အာဏာရှိတဲ့လူအားလုံးဟာ စာတန်နဲ့နတ်ဆိုး တွေရဲ့ပြယုဂ်တွေ ဖြစ်ခဲ့ကြတယ်။ သူတို့ရဲ့ ဘယ်အတွေးအခေါ်တွေနဲ့သီအိုရီတွေ က လူသားမျိုးနွယ်ကို အနက်ရှိုင်းဆုံး ဖောက်ပြန်ပျက်စီးစေခဲ့သလဲ။ ဘုရားမဲ့ဝါဒ၊ ရုပ်ဝါဒ၊ ဆင့်ကဲဖြစ်စဉ်သီအိုရီနဲ့ ကွန်မြူနစ်ဝါဒတွေပဲ။ သူတို့ဟာ မရေတွက်နိုင်တဲ့ မိစ္ဆာဒိဋ္ဌိ စကားတွေနဲ့အတွေးမှားတွေအများကြီး ဖြန့်ဝေခဲ့ပြီး အဲဒီအထဲမှာ “တကယ်တော့ ဘုရားသခင်ဆိုတာ လုံးဝမရှိ ဘူး”၊ “ကယ်တင်ရှင် မည်သည့်အခါကမျှ မရှိခဲ့ပေ”၊ “လူတစ်ဦး၏ကံကြမ္မာသည် ထိုသူ၏လက်ထဲ တွင် ရှိ၏” ဆိုတာနဲ့ “အသိပညာသည် သင်၏ကံ ကြမ္မာကို ပြောင်းလဲနိုင်၏” ဆိုတာတွေ ပါဝင်တယ်။ ဒါတွေက လူတွေရဲ့နှလုံးသားတွေထဲမှာ ငယ်စဉ်အရွယ်ကစပြီး အမြစ်တွယ်ခဲ့သလို၊ တဖြည်းဖြည်းကြီးထွားလာတယ်။ အကျိုးဆက်တွေက ဘာတွေလဲ။ ဘုရားသခင်နဲ့ သူ့ဆီကလာတဲ့အရာအားလုံး အပြင်၊ ကောင်းကင်၊ မြေကြီးနဲ့ အရာအားလုံးကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး အားလုံးအပေါ်ကို အုပ်စိုးတယ်ဆိုတာကို တောင် လူတွေက စပြီးငြင်းပယ်လာကြတယ်။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ပေမယ့် ဒီဖြစ်ရပ်မှန်ကို သူတို့က ငြင်းပယ်ကြပြီး လူက တိရိစ္ဆာန်တွေနဲ့ အမျိုးအစားတူသလို မျိုး လူဟာ မျောက်တွေကနေ ဆင်းသက်လာ တယ်လို့ ပြောရင်းနဲ့ အမှန်တရားကို လှည့်ကြတယ်။ ဒီအတွေးမှားတွေနဲ့ အဓိပ္ပာယ်မရှိတဲ့ အသိဉာဏ်ဆိုင်ရာသီအိုရီတွေဟာ လူတွေရဲ့ စိတ်တွေကို သိမ်းပိုက်လိုက်ပြီး သူတို့ရဲ့နှလုံးသားတွေထဲကို ဝင်ရောက်ကိန်း အောင်းရင်း သူတို့ရဲ့သဘာဝ အစိတ်အပိုင်း တစ်ခုဖြစ်သွားတာကြောင့် သူတို့အားလုံးဟာ ဘုရားသခင်ကို ငြင်းပယ် ပြီး သူတို့ကိုယ်သူတို့ ဘုရားနဲ့ကင်းကွာစေကြ သလို၊ သူတို့အတွက် သမ္မာတရားကို လက်ခံဖို့ ပိုပြီး ခက်ခဲလာတယ်။ သူတို့ဟာ ပိုမာနထောင်လွှား၊ ဆိုးယုတ်လာပြီး တစ်ချိန်လုံးဖောက်ပြန်ပျက်စီးလာကြတယ်။ သူတို့ဟာ အသိစိတ်နဲ့ဆင်ခြင်တုံတရားအကုန် ဆုံးရှုံးသွားသလို သူတို့ရဲ့လူ့သဘာဝကို လုံးဝဆုံးရှုံးသွားပြီး နောက်ဆုံးမှာ ကယ်တင်လို့ မရတော့ဘူး။ ဒါဟာ စာတန်ကြောင့် လူသားမျိုးနွယ်က နတ်ဆိုးတွေဖြစ်လာတဲ့အထိ ဖောက်ပြန်ပျက် စီးခဲ့တဲ့ပုံ ဖြစ်တယ်။ ဒါက အသိပညာနောက်ကိုလိုက်ပြီး သူတို့ရဲ့ ကံကြမ္မာတွေကို ပြောင်းလဲဖို့ အသုံးပြုသူတွေ ရဲ့ ဆိုးရွားတဲ့ရလဒ်ပဲဖြစ်တယ်။ ဖြစ်ရပ်မှန်တွေက ဘာကိုပြလဲဆိုရင် သိပ္ပံနဲ့အသိပညာဟာ သမ္မာတရားမဟုတ်သ လို၊ ကျွန်တော်တို့ရဲ့ဘဝတွေ ဖြစ်မလာနိုင်ဘဲ၊ အဲဒါတွေဟာ သမ္မာတရားနဲ့ ဆန့်ကျင်ပြီး သမ္မာတရားနဲ့ သဟဇာတမဖြစ်ဘူးဆိုတာပါပဲ။ သူတို့လုပ်နိုင်သမျှက လူသားမျိုးနွယ်ကို အကျင့်ပျက်စေတာ၊ နာကျင်စေပြီးဖျက်စီးတာ ပါပဲ။

ဒါတွေဟာ အမှန်တရားမဟုတ်ဘူးလို့ ဘာဖြစ်လို့ပြောရသလဲ။ ဘာကြောင့်လဲဆိုတော့ အသိပညာက ဘုရားသခင်ဆီက လာတာမဟုတ်ဘဲ စာတန်ရဲ့ လူသားကို အကျင့်ပျက်အောင်လုပ် ခြင်းကနေ လာတာကြောင့်ပါပဲ။ အကျင့်ပျက်နေတဲ့လူသားမျိုးနွယ်က လေးစား မြတ်နိုးတဲ့ ကြီးမြတ်ပြီး၊ ကျော်ကြားတဲ့လူတွေ ဆီကနေ လာတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အသေအချာ ပြောနိုင်တာက အသိပညာဟာ သမ္မာတရား မဟုတ်ဘူးဆိုတာပါပဲ။ ပထမဦးဆုံးအနေနဲ့၊ အသိပညာဟာ လူသားတွေကို သူတို့ရဲ့အကျင့်ပျက်နေတဲ့ အနှစ်သာရကို သိအောင် ကူညီမပေးနိုင်သလို သူတို့ကိုယ်သူတို့ သိအောင်လည်း လုပ်မပေး နိုင်ဘူး။ ဒုတိယအနေနဲ့၊ လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို အသိပညာက ဆေးကြောမပေးနိုင်ဘဲ၊ လူတွေကို ပိုပြီး မာန ထောင်လွှားလာအောင်ပဲ လုပ်တယ်။ တတိယအနေနဲ့၊ အသိပညာဟာ လူသားမျိုး နွယ်ကို အပြစ်ကနေ ကယ်တင်ပြီးသန့်စင် အောင် မလုပ်ပေးနိုင်ဘူး။ စတုတ္ထအနေနဲ့၊ အသိပညာဟာ လူတွေကို သမ္မာတရားကို သင်ယူနိုင်အောင်နဲ့ ဘုရားသခင်ကို သိသွားပြီး ကျိုးနွံနာခံအောင် ကူညီမပေးနိုင်ဘူး။ ပဉ္စမအနေနဲ့၊ အသိပညာဟာ လူတွေကို စစ်မှန်တဲ့ပျော်ရွှင်မှုရအောင် ကူညီမပေးနိုင်သ လို အလင်းယူဆောင်မပေးနိုင်တဲ့အပြင်၊ အထူးသဖြင့် သူတို့ကို လှပတဲ့ခရီးပန်းတိုင် တစ်ခု မဖြည့်ဆည်းပေးနိုင်ဘူး။ ဒါကြောင့် အသိပညာဟာ သမ္မာတရားမဟုတ်သလို လူသားမျိုးနွယ်ကို အပြစ် ဒါမှမဟုတ် စာတန်ရဲ့အင်အားစုတွေကနေ ကယ်တင်မပေး နိုင်ဘူး။ ဒါကြောင့် အသိပညာဟာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲမပေးနိုင်ဘူးဆိုတာ ယုံကြည်စိတ်ချလို့ရတယ်။ ဘုရားသခင်ဆီကလာတဲ့အရာကသာ သမ္မာ တရား ဖြစ်တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ် တော်တွေကသာ သမ္မာတရားဖြစ်တယ်။ သမ္မာတရားတစ်ခုတည်းကသာ လူတွေရဲ့ အသက်ဖြစ်နိုင်တဲ့အပြင် သူတို့ရဲ့ဖောက်ပြန် ပျက်စီးခြင်းကို ဆေးကြောနိုင်သလို အပြစ်က လွတ်မြောက်ပြီး သန့်ရှင်းစေခွင့် ပေးနိုင်တာ ဖြစ်တယ်။ သမ္မာတရားတစ်ခုတည်းကသာ လူတွေကို သူတို့ရဲ့အသိစိတ်နဲ့ ဆင်ခြင်တုံတရား ပြန်ရရှိ ခွင့်ပေးပြီး စစ်မှန်တဲ့ လူပုံသဏ္ဌာန်တစ်ခုကို အသက်ရှင် နေထိုင်ခွင့်ပေးတာဖြစ်တယ်။ သမ္မာတရားတစ်ခုတည်းကသာ ဘဝမှာ လူတွေကို စစ်မှန်တဲ့ဦးတည်ချက်နဲ့ ရည်မှန်း ချက်ကို ပေးနိုင်ပြီး၊ သမ္မာတရားကသာ လူတွေကို ဘုရားသခင်ကို သိအောင်၊ သူ့ရဲ့ကောင်းချီးမင်္ဂလာရရှိအောင်နဲ့ လှပတဲ့ ခရီးပန်းတိုင်တစ်ခုရရှိနိုင်အောင် ကူညီပေးနိုင်တာဖြစ်တယ်။ အဲဒါကြောင့် ဘုရားသခင်က လူ့ဇာတိနဲ့ဖော်ပြ တဲ့ သမ္မာတရားကသာ စာတန်ရဲ့အင်အားစုတွေဆီကနေ လူသားမျိုးနွယ်ကို ကယ်တင်နိုင်ပြီး၊ သူတို့ကို ဘုရားသခင်ဘက် အပြည့်အဝလှည့်ခွင့်ပေး တာ ဖြစ်တယ်။ ကယ်တင်ရှင်ကသာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်ပြီး လူသားမျိုးနွယ်ရဲ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်သလို နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရီးပန်းတိုင် တစ်ခု ကျွန်တော်တို့ကို ပေးနိုင်တာပါ။ ဒါဆိုရင် အသိပညာဟာ ဘာဖြစ်လို့ လူကို မကယ်တင်နိုင်တာလဲ။ ဘာကြောင့်လဲဆိုတော့ လူဟာ စာတန်ရဲ့ နက်နက်ရှိုင်းရှိုင်းဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရသလို၊ ဆိုးယုတ်တဲ့သဘာဝတွေရှိပြီး ဆိုးယုတ်တဲ့စိတ် သဘောထားတွေနဲ့ ရှင်သန်ရင်း အပြစ်တွေနဲ့ဆိုးယုတ်မှုတွေ အမြဲလုပ်နေတာ ကြောင့် ဖြစ်တယ်။ သူတို့ဟာ အခွင့်အရေးရတဲ့အခါမျိုးတွေမှာ ဘယ်လိုဆိုးယုတ်မှုမျိုးမဆိုကို လုပ်နိုင်စွမ်းရှိ ကြပြီး သူတို့ အာဏာရလိုက်တာနဲ့ သူတို့ရဲ့စရိုက်မှန် ကိုပြကြပြီး သောင်းကျန်းတော့တာပဲ။ ပြီးတော့ အသိပညာဟာ ဖောက်ပြန်ပျက်စီးတဲ့ လူ့သဘာဝနဲ့ စာတန်တို့ဆီကနေ လာတာ ကြောင့် အသိပညာဟာ သမ္မာတရားမဟုတ်ဘူး။ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်က ဘယ်လောက်ပဲသင်ယူပါစေ၊ သူတို့အနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်ဖောက်ပြန် ပျက်စီးခြင်းရဲ့ အနှစ်သာရနဲ့အမှန်တရားကို မသိနိုင်သလို သူတို့အနေနဲ့ တကယ်နောင်တရပြီး ဘုရားသခင်ဆီကို မလှည့်နိုင်ကြပါဘူး။ အသိပညာ ဘယ်လောက်ပဲရှိရှိ လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားကို ပြောင်းလဲပေးနိုင်ဖို့ မပြောနဲ့၊ လူတစ်ယောက်ရဲ့ အပြစ်နဲ့ပြည့်တဲ့သဘာဝကို တောင် ဖြေရှင်းမပေးနိုင်ပါဘူး။ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်က ဘယ်လောက်ပဲသိသိ သူတို့အနေနဲ့ အပြစ် ဒါမှမဟုတ် စာတန်ရဲ့ အင်အားစုတွေကနေ လွတ်မြောက်ပြီး သန့်ရှင်း မှုကို မရနိုင်ကြပါဘူး။ သမ္မာတရားကို လက်မခံဘဲ သူတို့အနေနဲ့ ဘုရားသခင်ကို ကျိုးနွံနာခံမှု မရှိနိုင်သလို၊ သူတို့ရဲ့အပြစ်နဲ့ပြည့်တဲ့သဘာဝရဲ့ ပြဿနာကို လည်း ဘယ်တော့မှ မဖြေရှင်းနိုင်ဘူး။ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ အသိပညာ ပိုပြီးမြင့်လာလေ သမ္မာတရားကို လက်ခံဖို့ ပိုခက်လာလေဖြစ်ပြီး ဘုရားသခင်ကို ငြင်းပယ်ဖို့နဲ့ဆန့်ကျင်ဖို့ အလားအလာ ပိုများလာလေဖြစ်တယ်။ လူတွေအနေနဲ့ ပိုများတဲ့အသိပညာနောက်ကို လိုက်တဲ့အခါ ပိုပြီးမာနာထောင်လွှားလာပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူဆလာကြ သလို ပိုပြီးလည်း ရည်ရွယ်ချက်ကြီးလာတယ်။ သူတို့အနေနဲ့ အပြစ်လုပ်တဲ့လမ်းကြောင်းပေါ် ခြေမချဘဲ မနေနိုင်ဘူး။ အဲဒါကြောင့် အသိပညာဟာ လူတွေကို ဖောက်ပြန်ပျက်စီး စေပြီး ထိခိုက်စေသလို၊ ပျက်စီးစေရုံပဲ တတ်နိုင်တယ်။ လူအများအပြားဟာ အသိပညာရဲ့ စစ်မှန်တဲ့ အနှစ်သာရကို မမြင်နိုင်ဘူး၊ ဒါမှမဟုတ် တကယ် ဘာအတွက်ကောင်းတယ်ဆိုတာ မသိနိုင်ဘူး။ သူတို့ဟာ အသိပညာရဲ့ဇာစ်မြစ်နဲ့ပင်ရင်းကို မမြင်နိုင်ကြဘဲ၊ သမ္မာတရားနောက်ကို လိုက်မယ့်အစား အဲဒါကိုပဲ ကျိုးကြောင်းမမြင်ဘဲ ကိုးကွယ်ပြီး လိုက်စားကြတယ်။ ဘာဖြစ်လို့ ဒီကျော်ကြားတဲ့လူတွေအားလုံးဟာ အာဏာရတဲ့နောက် ဆိုးယုတ်တာအများကြီး လုပ်ကြသလို၊ လူတွေကို ဒုက္ခပေးပြီး တိုင်းပြည်ကို ထိခိုက်အောင်ပြုလုပ်ကြသလဲ၊ ကပ်ဘေးတွေမျိုးစုံ ဖြစ်စေပြီး ပြန်အဖတ်ဆယ်လို့မရတဲ့ ဆိုးရွားတဲ့အမှား တွေကို လုပ်ကြသလဲ။ ဒါတွေဟာ အသိပညာကို ကိုးကွယ်ပြီး လိုက်စားတဲ့ အကျိုးဆက်တွေပဲ ဖြစ်တယ်။ ဒါက ဘာပြလဲဆိုရင် အသိပညာဟာ လူတစ်ယောက်ရဲ့ကံကြမ္မာကို ပြောင်းလဲမပေးနိုင်သလို လူတစ်ယောက်ရဲ့အသိပညာဟာ ဘယ်လောက် ပဲမြင့်ပါစေ သူတို့ဟာ ယုံကြည်ခြင်းမရှိသလို သမ္မာတရား ကို လက်မခံရင် ဘုရားသခင်ရဲ့ကယ်တင်ခြင်း ကို မရနိုင်ဘူးဆိုတာပါပဲ။ ဘုရာသခင်က သူတို့ကို ကောင်းချီးပေးမှာ မဟုတ်သလို သူတို့ရဲ့အသိပညာ ဘယ်လောက်ပဲမြင့်ပါစေ ကောင်းတဲ့ကံကြမ္မာ တစ်ခု ရရှိမှာမဟုတ်ဘဲ သူတို့သေတဲ့အခါ ငရဲကို သွားမှာဖြစ်တယ်။ ဘုရားသခင်ဟာ ဖြောင့်မတ်ပြီး လူသားမျိုးနွယ်ရဲ့ကံကြမ္မာတွေကို အုပ်စိုးတာ ကြောင့် သူ့ရဲ့အသိအမှတ်ပြုမှု ဒါမှမဟုတ် ကောင်းချီး မင်္ဂလာကို မရရှိတဲ့သူတိုင်းဟာ ကောင်းတဲ့ ကံကြမ္မာတစ်ခု ရှိမှာမဟုတ်ဘဲ ပျက်စီးခြင်း၊ ထာဝရပြစ်ဒဏ်ခံရခြင်းနဲ့ ငရဲကျ ခြင်းတို့ကို ခံရတာဖြစ်တယ်။

အခုဆိုရင် အမြော်အမြင်ရှိတဲ့လူတွေက အသိပညာကို မမြှောက်စားတော့ဘဲ ကယ်တင်ရှင် ပြန်ဆင်းလာပြီး လူသားမျိုးနွယ် ကို ကယ်တင်ဖို့အတွက် သန့်ရှင်းသောသူ လာမှာကို တောင့်တနေကြတယ်။ ဘယ်ကျော်ကြားပြီး ကြီးမြတ်တဲ့သူကမှ လူသားမျိုးနွယ်ကို ကယ်တင်မယ်လို့ ဘယ်သူကမှ မျှော်လင့်မနေတော့ဘူး။ သူတို့ကိုယ်သူတို့တောင် မကယ်တင်နိုင်လို့ လူသားမျိုးနွယ်ကို ဘယ်လိုလုပ်ပြီး ကယ်တင် နိုင်မှာလဲ။ ဖြစ်ရပ်မှန်တွေက ဘာပြလဲဆိုရင် အသိပညာဟာ ကောင်းတဲ့ကံကြမ္မာတစ်ခုရဖို့ အာမမခံနိုင်သလို သိပ္ပံနဲ့ပညာရေးကတစ်ဆင့် တိုးတက်မှုရဖို့ အယူအဆဟာ အဓိပ္ပာယ်မရှိ ဘူးဆိုတာပါပဲ။ ကယ်တင်ရှင်တစ်ယောက်တည်းပဲ အပြစ်နဲ့ စာတန်ရဲ့အင်အားစုတွေဆီကနေ လူသားမျိုးနွယ်ကို ကယ်တင်နိုင်သလို၊ သမ္မာတရားကို ဖော်ပြနေတဲ့ ကယ်တင်ရှင် တစ်ယောက်တည်းကပဲ အလင်းလမ်းကြောင်း ကို ဦးဆောင်နိုင်တယ်။ ကျွန်တော်တို့ကို ဘုရားသခင်က အပြည့်အဝ ကယ်တင်ခံရနိုင်ပြီး သူ့ရဲ့လက်ခံမှုနဲ့ကောင်းချီးမင်္ဂလာတွေကို ရရှိနိုင်ဖို့ စာတန်ရဲ့ဖောက်ပြန်ပျက်စီးခြင်းက နေ ကယ်တင်ရှင်ဖော်ပြတဲ့ သမ္မာတရားအားလုံး ကို လက်ခံခြင်းကပဲ ကျွန်တော်တို့ကို လွတ်မြောက်စေနိုင်တာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ကံကြမ္မာကို လုံးဝပြောင်းလဲဖို့ တစ်ခုတည်းသောနည်းလမ်း ဖြစ်တယ်။ ကယ်တင်ရှင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို လက်ခံခြင်း၊ နောက်ဆုံးသော ကာလမှာ ကယ်တင်ရှင် ဖော်ပြတဲ့ သမ္မာတရား အားလုံးကို လက်ခံခြင်း နဲ့ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ တရားစီရင်မှုကို လက်ခံခြင်းကတစ်ဆင့် သန့်စင်ခံရခြင်းအားဖြင့်သာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တာ သိသာပါတယ်။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် လူတစ်ယောက်ရဲ့ကံကြမ္မာကို တကယ်ပြောင်း လဲပစ်ဖို့ တစ်ခုတည်းသောနည်းလမ်းက သမ္မာတရားကို လက်ခံခြင်းဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် ဤကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး၊ ဤလူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့၏၊ ထို့အပြင် သူသည် ရှေးခေတ် ဂရိယဉ်ကျေးမှုနှင့် လူသားတို့၏ လူမှုအဖွဲ့အစည်းတိုးတက်မှု၏ ဗိသုကာ ဖြစ်ခဲ့သည်။ ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နှစ်သိမ့်မှု ပေးပြီး ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နေ့ရောညပါ စောင့်ရှောက်သည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲထုတ်၍မရနိုင်သကဲ့သို့၊ လူသားမျိုးနွယ်၏ သမိုင်းနှင့် အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်များမှ ခွဲခြား၍မရနိုင်ပေ။ အကယ်၍ သင်သည် စစ်မှန်သော ခရစ်ယာန်တစ်ဦးဖြစ်ပါက၊ မည်သည့်တိုင်းနိုင်ငံ သို့မဟုတ် မည်သည့် လူမျိုးမဆို၏ ပေါ်ထွန်းခြင်းနှင့် ကျဆုံးခြင်းတို့သည် ဘုရားသခင်၏ အကြံအစည်များအတိုင်း ဖြစ်ပေါ်သည်ကို သင် ဧကန်မုချ ယုံကြည်ပေလိမ့်မည်။ ဘုရားသခင် တစ်ပါးတည်းသာ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို သိပြီး ဘုရားသခင် တစ်ပါးတည်းသာ ဤလူသားမျိုးနွယ်၏ လမ်းကြောင်းကို ထိန်းချုပ်သည်။ အကယ်၍ လူသားမျိုးနွယ်သည် ကောင်းမွန်သော ကံကြမ္မာတစ်ခု ရှိလိုပါက၊ နိုင်ငံတစ်ခုသည် ကံကြမ္မာကောင်းတစ်ခု ရှိလိုပါက၊ လူသားသည် ဘုရားသခင်ထံ ပျပ်ဝပ်ကိုးကွယ်ရမည်၊ နောင်တရပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ဝန်ချရမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသား၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်သည် ရှောင်လွှဲမရသော ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်)

အခုအချိန်မှာ ကျွန်တော်တို့ ရှင်းရှင်းလင်း လင်း မြင်လို့ရတာက ပညာတတ်တွေဟာ သူတို့ကိုယ်သူတို့တောင် မကယ်တင်နိုင်လို့ လူသားမျိုးနွယ်ကို ဘယ်လိုကယ်တင်နိုင်မှာလဲဆိုတာပဲ။ ကယ်တင်ရှင်တစ်ပါးတည်းကသာ လူသားမျိုးနွယ်ကို အပြစ်ကနေ ကယ်တင်နိုင် ပြီး၊ လူသားမျိုးနွယ်ကို အလင်း၊ ပျော်ရွှင်မှုနဲ့ လှပတဲ့ခရီးပန်းတိုင်တစ်ခု ဖော်ဆောင်ပေး နိုင်တာဖြစ်တယ်။ အဲဒါဆိုရင် ကယ်တင်ရှင်က ဘယ်သူလဲ။ သံသယဖြစ်စရာမလိုတာက သူဟာ လူပုံသဏ္ဌာန်နဲ့ လူ့ဇာတိခံ ဘုရားသခင် ဖြစ်ပြီး ကယ်တင်ခြင်းအမှုအတွက် လူသားမျိုးနွယ်တွေအကြား ရောက်ရှိလာတာ ဖြစ်တယ်။ သူဟာ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ဖြစ် တယ်။ ကယ်တင်ရှင်ဟာ ဘုရားသခင်ရဲ့ပြယုဂ်ဖြစ် တယ်လို့ ပြောလို့ရပြီး သူဟာ လူ့ခန္ဓာကို ယူတင်ဝတ်ဆင်ထားတဲ့ ဘုရားသခင်ဖြစ် တယ်။ လူ့ဇာတိခံခြင်းဆိုတာ အဲဒါပဲဖြစ်တယ်။ ဒါကြောင့် လူ့ဇာတိခံဘုရားသခင်ဟာ ကျွန်တော်တို့ကြားမှာ ကြွဆင်းလာတဲ့ ကယ်တင်ရှင်ပဲဖြစ်တယ်။ ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးကတည်းက လူသားတွေကို ကယ်တင်ဖို့ နှစ်ကြိမ်တိုင်တိုင် လူ့ဇာတိခံပြီး ပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ က သူဟာ သခင်ယေရှုအနေနဲ့ လူ့ဇာတိခံပြီး တရားဟောတဲ့အခါ ပြောတာက “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။(ရှင်မဿဲခရစ်ဝင် ၄:၁၇) သူဟာ သမ္မာတရားအများအပြားကို ဖော်ပြပေးခဲ့ပြီး နောက်ဆုံးတော့ လူသားမျိုးနွယ်အတွက် အပြစ်ဖြေယဇ်တစ်ခုအနေနဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လက်ဝါးကပ်တိုင်မှာ အသတ်ခံခဲ့ရ တယ်။ ဒါဟာ လူသားအတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ရှင်းရှင်းလင်းလင်း ပြသတာပဲဖြစ်တယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေဟာ သခင်ယေရှု ကို သူတို့ရဲ့ကယ်တင်ရှင်အနေနဲ့ လက်ခံခဲ့ကြ ပြီး ဘုရားသခင်ကို အပြစ်ဝန်ခံရင်း နောင်တရခဲ့ ကြပြီး သူတို့ရဲ့အပြစ်တွေ ခွင့်လွှတ်ခံရတယ်။ သူတို့ဟာ ဘုရားရဲ့ကျေးဇူးတော်အများအပြား နဲ့အတူ ဘုရားသခင်အပ်နှင်းတဲ့ ငြိမ်သက်ခြင်း နဲ့ ပျော်ရွှင်မှုကို ခံစားခဲ့ကြတယ်။ သခင်ယေရှုက သူ့ရဲ့ရွေးနုတ်ခြင်းအမှုတော် ပြီးဆုံးတဲ့အခါမှာ သူဟာ “ငါသည် အလျင်အမြန်လာမည်” ဆိုတာနဲ့ “လူသားသည် ကြွလာတော် မူလတံ့” ဆိုပြီး အကြိမ်ပေါင်းများစွာ ဟောကိန်းထုတ်ခဲ့တယ်။ “အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၄၄) ဒါကြောင့် သခင်ယေရှုကို သူတို့ရဲ့ကယ်တင်ရှင် အနေနဲ့ လက်ခံတဲ့လူတိုင်းဟာ နောက်ဆုံးသောကာလမှာ သူပြန်လာဖို့အ တွက်၊ သူတို့ကို ကယ်တင်ဖို့ ကယ်တင်ရှင် ပြန်လာပြီး၊ ကောင်းကင်နိုင်ငံတော်ဆီကို သူတို့ကို ခေါ်ဆောင်သွားဖို့အတွက် စောင့်ဆိုင်း နေကြတာဖြစ်တယ်။ သခင်ယေရှုက ဟောကိန်းထုတ်ခဲ့တယ်၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇) သူ့ရဲ့ဟောကိန်းတွေအရ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ လူသားအနေနဲ့ လူ့ဇာတိခံပြီး လူသားမျိုးနွယ်ကို အပြည့်အဝသန့်စင်ပေးပြီး ကယ်တင်ဖို့၊ လူသားတွေကို လှပတဲ့ ခရီးပန်းတိုင်တစ်ခုဆီ ခေါ်ဆောင်သွားဖို့ သမ္မာတရားတွေကို ဖော်ပြမှာဖြစ်တယ်။ ဒါကြောင့် နောက်ဆုံးသောကာလမှာ လူ့ဇာတိခံတဲ့ ဘုရားသခင်ဟာ လူသားမျိုးနွယ် ဆီ ပေါ်ထွန်းတဲ့ ကယ်တင်ရှင်ဖြစ်တယ်။ ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ ကယ်တင်ရှင်ကို ဘယ်လိုကြိုဆိုသင့်လဲ။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) သခင်ကို ကြိုဆိုဖို့အတွက် အဓိကကျတာက နောက်ဆုံးသောကာလမှာ သူပြန်လာတဲ့အခါ ဘုရားသခင်ရဲ့အသံကို နားထောင်ပြီး ဘုရားသခင်ဖော်ပြတဲ့ သမ္မာတရားတွကို လက်ခံဖို့ပဲဖြစ်တယ်လို့ သခင်ယေရှုက ကျွန်တော်တို့ကို ထပ်တလဲလဲ သတိပေးခဲ့တယ်။ အခုအချိန်မှာ ဘေးဒုက္ခတွေက ကျွန်တော်တို့ မျက်စိရှေ့မှာ ဖြစ်နေကြပြီ။ တစ်ကမ္ဘာလုံးအနှံ့မှာ ကျွန်တော်တို့ တွေ့နိုင်တာက လူသားမျိုးနွယ်ကို ကယ်တင် တဲ့ သမ္မာတရားအားလုံးကို အနန္တတန်ခိုးရှင် ဘုရားသခင်ကသာ ဖော်ပြခဲ့တာဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကလွဲလို့ ဘယ်သူကမှ သမ္မာတရားတွေကို မိန့်မြွက်တာ မရှိခဲ့ဘူး။ အဲဒါက ဘာကိုသက်သေပြလဲဆိုရင် အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာ တဲ့ သခင်ယေရှုဖြစ်ပြီး သူဟာ နောက်ဆုံးသောကာလမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ရောက်ရှိလာ တဲ့ ကယ်တင်ရှင်ဖြစ်တယ်ဆိုတာပဲ။ ဒါဟာ ကြီးမားတဲ့သတင်းကောင်းတစ်ခုပဲ။ ကျွန်တော်တို့ရဲ့ကံကြမ္မာတွေကို ပြောင်းလဲနိုင် ဖို့ တစ်ခုတည်းသောနည်းလမ်းက ကယ်တင်ရှင်ရဲ့ ကယ်တင်ခြင်းကို လက်ခံပြီး ဘုရားသခင်ဖော်ပြတဲ့ သမ္မာတရားတွေကို လက်ခံဖို့ဖြစ်တယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ​ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

စကားလုံးသန်းနဲ့ချီပြုစုထားတဲ့ နှုတ်ကပတ် တော်သည် လူ့ဇာတိ၌ ပေါ်လာ၏လိုမျိုး ဘုရားနှုတ်ကပတ်တော်စာအုပ်တွေထဲမှာ စုစည်းထားတဲ့ သမ္မာတရားတွေအများကြီးကို အနန္တတန်ခိုးရှင် ဘုရားသခင်က ဖော်ပြပြီးပါပြီ။ နောက်ဆုံးသောကာလမှာ သူ့ရဲ့ တရားစီရင် ခြင်းအမှုတော်အတွက် ဘုရားသခင်က ဒီသမ္မာတရားတွေအားလုံးကို ဖော်ပြထား တာဖြစ်ပြီး ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်ဖော်ပြခဲ့တဲ့ သမ္မာတရားတွေထက် ပမာဏအများကြီးပိုပါတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ့ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်ရဲ့နက်နဲမှုတွေအားလုံးကို အနန္တတန်ခိုးရှင် ဘုရားသခင်က ထုတ်ဖော်ပြပြီးပြီ၊ လူတွေ လုံးဝနားမလည်ခဲ့တဲ့ သမ္မာကျမ်းစာ ရဲ့နက်နဲမှုတွေအားလုံးကိုလည်း သူက ထုတ်ဖော်ပြပြီးပြီဖြစ်သလို၊ စာတန်နဲ့ ကျွန်တော်တို့ရဲ့ ဆိုးယုတ်တဲ့၊ ဘုရားသခင်ကိုဆန့်ကျင်တဲ့သဘာဝကြောင့် လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို သူက ထုတ်ဖော်ပြပြီးပါပြီ။ ဒါက ကျွန်တော်တို့ရဲ့ အပြစ်ကျူးလွန်နေမှုရဲ့ ဇာစ်မြစ်နဲ့ ကျွန်တော်တို့ရဲ့ဖောက်ပြန်ပျက်စီး ခြင်းအမှန်တရားကို သတိပြုမိစေတယ်။ ဖြစ်ရပ်မှန်တွေကို ရင်ဆိုင်ရတဲ့အခါ လူတိုင်း အပြည့်အဝလက်ခံယုံကြည်သွားပြီး သူတို့ကိုယ်သူတို့ စပြီးမုန်းတီးလာသလို ဝမ်းနည်းပြီး တကယ်နောင်တရကြတယ်။ သူ့ရဲ့နှုတ်ကပတ်တော်တွေအတိုင်း ကျွန်တော် တို့ အသက်ရှင်နိုင်ပြီး စစ်မှန်တဲ့လူသား အသွင်၊ သမ္မာတရားအသွင်တွေနဲ့ အသက်ရှင်နေထိုင်သွားနိုင်ဖို့ လူတွေ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ဖို့လိုအပ်တဲ့ သမ္မာတရားအားလုံးကို လည်း ဘုရားသခင်က ဖော်ပြတယ်။ အဲဒါဟာ ဘုရားသခင်ရဲ့ ကတိတွေနဲ့ ကောင်းချီးမင်္ဂလာတွေကို ရရှိဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရား တွေအများကြီး ဖော်ပြပေးခဲ့ပြီး အဲဒါတွေအားလုံးက ဘုရားဆီ ကျွန်တော်တို့ လှည့်ပြီး ဘုရားကိုသိကျွမ်းနိုင်ဖို့ လူသားမျိုး နွယ်ရဲ့ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်စေဖို့ နဲ့ စာတန်ရဲ့အင်အားစုတွေဆီကနေ ကျွန်တော်တို့ ကို ကယ်တင်ဖို့ အတွက်ဖြစ်ပါတယ်။ ဒီသမ္မာတရားတွေဟာ ဘဝအတွက် တစ်ခုတည်းသော စစ်မှန်တဲ့နီတိတွေဖြစ်သလို ကယ်တင်ခြင်းရရှိဖို့အတွက် သွန်သင်မှုတွေ ဖြစ်တယ်၊ ပြီးတော့ လူတစ်ယောက်ရဲ့ကံကြမ္မာကို အကြီးအကျယ်ပြောင်းလဲပစ်ဖို့ လုံလောက်ပြီး လှပတဲ့ခရီးပန်းတိုင်တစ်ခုဖြစ်တဲ့ ဘုရားသခင် ရဲ့နိုင်ငံတော်ကို ဝင်ခွင့်ရရှိစေတာဖြစ်တယ်။ ကြီးမားတဲ့ဘေးဒုက္ခတွေက စတင်နှင့်နေပါပြီ။ သူတို့ရဲ့ကောင်းမွန်တဲ့မျှော်လင့်ချက် တကယ် ဖြစ်လာစေဖို့ တစ်ခုတည်းသောနည်းလမ်းက ကယ်တင်ရှင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို လက်ခံဖို့ပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးကို လက်ခံခြင်းဟာ ဘုရားသခင်ရဲ့လက်ခံမှုကို ရရှိဖို့၊ ကြီးမားတဲ့ဘေးဒုက္ခတွေတလျှောက် ဘုရားသခင်ရဲ့ အကာအကွယ်နဲ့ကောင်းချီး မင်္ဂလာတွေကို ရရှိဖို့နဲ့ အဲဒါတွေကို ကျော်လွှား ပြီး ဘုရားသခင်က သူ့ရဲ့နိုင်ငံတော်ဆီကို ခေါ်ဆောင်သွားတာကိုခံရဖို့ တစ်ခုတည်း သော နည်းလမ်းဖြစ်တယ်။ ကယ်တင်ရှင် ဖော်ပြတဲ့ သမ္မာတရား အားလုံးကို လူတွေက လက်မခံဘဲ သူတို့ရဲ့စိတ်ကူးထဲက အယောင်ဆောင်ဘုရား ကို စောင့်နေတာ ဒါမှမဟုတ် ဘေးဒုက္ခကနေ သူတို့ကို ကယ်တင်ဖို့ နတ်ဆိုးတစ်ခုလာဖို့ စောင့်နေတာတွေဟာ စိတ်ရဲ့လှည့်စားမှုတစ်ခုသာ ဖြစ်တယ်။ သူတို့ဟာ လက်ဗလာနဲ့ အဆုံးသတ်ရမှာဖြစ် ပြီး၊ သူတို့ရဲ့အားထုတ်မှုတွေကနေ ဘာမှရကြ မှာ မဟုတ်ဘူး။ အယောင်ဆောင်ဘုရားတွေနဲ့နတ်ဆိုးတွေက လူတွေကို မကယ်တင်နိုင်ဘူး။ လူ့ဇာတိခံ ဘုရားသခင်ဖြစ်တဲ့ ကယ်တင်ရှင် ကသာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်ပြီး၊ အဲဒါဟာ ကောင်းတဲ့ကံကြမ္မာနဲ့ ခရီးပန်းတိုင် တစ်ခု ရရှိဖို့ တစ်ခုတည်းသောနည်းလမ်း ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလအတွင်းတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိဘဲနှင့် အသက်၏ထောက်ပံ့မှုကို လက်ခံနိုင်စွမ်းမရှိဘဲ၊ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင် စဉ်းစား၍မရပေ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံးသည် အသက်ဖြင့် ထောက်ပံ့ခံရဖို့အလို့ငှာ၊ ခရစ်တော်သည် နောက်ဆုံးသောကာလအတွင်း ကြွလာခြင်း ဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် ဖြစ်ပြီး၊ သူ၏ အမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိဘဲ၊ ယင်းအစား သူ့ကို ပြစ်တင်ရှုတ်ချပါက၊ ပြစ်မှားစော်ကားပါက၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက၊ သင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေး စေခိုင်းထားသူ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့ ခံရမည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အဘယ်သူသည် တစ်ပါးတည်းသော စစ်မှန်သော ဘုရားသခင် ဖြစ်သနည်း

ဒီရက်အတွင်းမှာ၊ လူအများစုက ယုံကြည်ခြင်းရှိကြပြီး ဘုရားတစ်ပါးရှိတယ်လို့ ယုံကြတယ်။ သူတို့ စိတ်နှလုံးထဲက ဘုရားကို သူတို့ ယုံကြတယ်။ ဒီတော့...

ကယ်တင်ရှင် ပြန်ကြွလာသည့်အခါ၊ သူ့အား ယေရှုဟု ခေါ်ဦးမည်လော

နောက်ဆုံးသောကာလမှာ ကယ်တင်ရှင် အနန္တတန်ခိုးရှင် ဘုရားသခင်က ကမ္ဘာမြေကို ကြွလာနှင့်ပြီးပြီ။ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့...

လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် အမှုတော် အဆင့်သုံးဆင့် လိုအပ်သနည်း

လွန်ခဲ့တဲ့ အနှစ် ၂၀၀၀တုန်းက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သခင်ယေရှု ပေါ်ထွန်းခဲ့ပြီး ယုဒပြည်မှာ အမှုပြုခဲ့သလို၊ “နောင်တရကြလော့။...

သမ္မာကျမ်းထဲတွင် ဘုရားသခင်၏ အမှုတော်နှင့်နှုတ်ကပတ်တော် များအားလုံး ရှိသည် ဆိုသည်မှာ မှန်ပါသလား

ကယ်တင်ရှင်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ဟာ နောက်ဆုံးသောကာလမှာ ပေါ်ထွန်းလာပြီး အမှုပြုနေတဲ့အပြင် သန်းနဲ့ချီတဲ့နှုတ်ကပတ်တော် တွေကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။