ဘုရားသခင်၏အသံကို နားထောင်၍ သခင့်ကို ကြိုဆိုခြင်း

22.08.2020

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော အသက်လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားနှုတ်ကပတ်တော်တွေကနေ ထုတ်ဖော်ပြတာက၊ သခင့်ကို ကြိုဆိုရာမှာ ယုံကြည်သူတွေရဲ့ တူညီတဲ့ အကြီးဆုံးအမှားဟာ ကျမ်းစာကို အရှိအတိုင်း ယုံကြည်ပြီး၊ ကိုယ်တော် မိုးတိမ်နဲ့ ပြန်လာမှာကို စောင့်နေကြတဲ့ အဖြစ်ပဲ။ ကိုယ်တော်က ပြန်ကြွလာပြီ၊ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို ပြုနေပြီလို့ ကြားရတာတောင်၊ သူတို့က ဘုရားရဲ့အသံကို နားထောင်ဖို့၊ ရှာဖွေတာ ကြိုးစားတာ မလုပ်ကြဘူး။ သေချာ မတွေးကြည့်ကြတာပါ၊ သခင်ယေရှုက မိုးတိမ်နဲ့ ဆင်းကြွတာကို လူတွေ တကယ် မြင်ကြရပြီဆိုရင်၊ လူသားမျိုးနွယ်ကို ကယ်တင်တဲ့ ဘုရားရဲ့အမှုတော်က ပြီးစီးသွားပြီလေ။ သူတို့တွေ အံကြိတ်ပြီး၊ ငိုကြွေးနေကြရလိမ့်မယ်။ သမ္မာတရားကို မရှာဖွေဘဲ အယူအဆတွေကိုပဲ ဖက်တွယ်ထားတာက အန္တရာယ်ကြီးလွန်းတယ်။ ကိုယ့်အယူအဆတွေထဲ ပိတ်မိနေတော့၊ ကျွန်မဆို သခင့်ကို ကြိုဆိုခွင့်နဲ့ လွဲလုနီးပါးဖြစ်ခဲ့တာပါ။

ကျွန်မက အိမ်တွင်းအသင်းတော်တစ်ခုမှာ တရားဟောဆရာ လုပ်ခဲ့ဖူးတယ်။ ၁၉၉၆ လောက်မှာ၊ ကျွန်မလည်း ဝိညာဉ်ရေးရာပိုင်းမှာ ဘာမှမရှိသလို ခံစားရတာနဲ့၊ တခြားတရားဟောချက်တွေကိုပဲ နားထောင်နေမိတယ်။ နောက်တော့ ကျွန်မ ကြားမိတယ်၊ သခင်က လူ့ဇာတိခံပြီး ပြန်ကြွလာပြီ၊ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုတော်ကိုလည်း လုပ်ဆောင်နေပြီလို့ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက သက်သေခံထားတယ်။ တချို့ ညီအစ်ကိုမောင်နှမတွေလည်း အရှေ့အရပ်မှလျှပ်ပြက်ခြင်းထဲ ဝင်သွားကြပြီပေါ့လေ။ ကျွန်မ အံ့ဩသွားတယ်။ စဉ်းလည်း စဉ်းစားတယ်၊ “သခင် ပြန်လာတာလား။ အဲဒါ ဖြစ်နိုင်ပါ့မလား။ ကျမ်းစာမှာ ပြောတယ်လေ၊ ‘အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။’ (တမန်တော်ဝတ္ထု ၁:၁၁) သခင်က သူ ထမြောက်ခဲ့တဲ့ ဝိညာဉ်ခန္ဓာနဲ့ပဲ မိုးတိမ်စီးပြီး ပြန်လာလိမ့်မယ်။ အဲဒါမျိုးကို ငါတို့တွေ မမြင်ရသေးဘူးဆိုတော့၊ ကိုယ်တော် ပြန်လာပြီဆိုပြီး ဘာလို့ ပြောကြတာလဲ။ ဘုရားသခင်က လူ့ဇာတိနဲ့ တရားစီရင်ခြင်းအမှု ပြုတယ်ဆိုတဲ့ဟာက ပိုပြီးတော့ မဖြစ်နိုင်ဘူး” ပေါ့။ ဒါနဲ့ ကျွန်မက အရှေ့အရပ်မှလျှပ်ပြက်ခြင်းရဲ့ တရားတွေကို လုံးဝ နားမထောင်ခဲ့ဘူး။

တစ်ရက်မှာ အစ်ကိုဝမ်က တခြားတရားဟောဆရာတွေကို ကျွန်မတို့အသင်းတော်ဆီ ခေါ်လာတယ်။ သူတို့ဟောတဲ့ တရားတွေက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှု ပါတယ်လို့ သူက ပြောတယ်။ ကျွန်မတို့အားလုံး တစ်ခုခုတော့ သင်ယူနိုင်မယ်ပေါ့။ ကျွန်မလည်း ဝမ်းသာအားရနဲ့၊ တခြားညီအစ်ကိုမောင်နှမတွေကိုပါ ဖိတ်လိုက်တယ်။ စည်းဝေးပွဲလည်း စရော၊ ညီအစ်မနှစ်ယောက်က ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်က ဘုရားအမှုတော်ရဲ့အဓိပ္ပာယ်ကို သမ္မာကျမ်းစာနဲ့ ကိုးကားပြပြီး မိတ်သဟာယပြုတယ်။ ကျွန်မတို့က အပြစ်လုပ်ပြီးရင် ဝန်ခံမယ်ဆိုတဲ့ အဆိုးသံသရာထဲ ရှင်သန်နေပုံတွေ၊ သခင့်ကို မမြင်နိုင်လောက်အောင် ညစ်ပတ်ယုတ်ညံ့ပုံတွေကို သူတို့က ဆွေးနွေးပြတယ်။ ပြီးတော့ နောက်ဆုံးသောကာလမှာ သခင် ပြန်လာတဲ့အခါ၊ ကျွန်မတို့ရဲ့ လွဲမှားတဲ့သဘာဝကို ဖြေရှင်းပေးဖို့၊ ကျွန်မတို့ကို တရားစီရင်ပြီး သန့်စင်ပေးမယ့်အကြောင်း ကျမ်းစာမှာလည်း ပရောဖက်ပြုထားတယ်ပေါ့။ ကျွန်မတို့က အဲဒီနည်းနဲ့ အပြစ်ကနေ လွတ်မြောက်ပြီး၊ ကောင်းကင်နိုင်ငံတော်နဲ့ ထိုက်တန်လာကြလိမ့်မယ်တဲ့။ သခင်ယေရှု ပြောခဲ့သလိုပဲ၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဒီလိုလည်း ပြောထားသေးတယ်၊ “လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) ကျွန်မ ယုံကြည်ခြင်းရှိလာတဲ့ ဆယ်နှစ်လုံးလုံး အဲဒီလိုမိတ်သဟာယမျိုး လုံးဝ မကြားခဲ့ဖူးဘူး။ ကျွန်မလည်း ထပ်ပြီး နားထောင်ချင်တာနဲ့၊ အဲဒီညီအစ်မတွေကို ကျွန်မအိမ်ကို ဖိတ်လိုက်တယ်။ တစ်ညနေတော့ ညီအစ်မတစ်ယောက်က ဘုရားနှုတ်ကပတ်တော်တွေ ရွတ်ပြတယ်၊ “ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်” သခင်ယေရှုက နောက်ဆုံးသောကာလရဲ့ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာပြီလို့ သူက ပြောတယ်။ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒီဟာကို ကြားလိုက်တော့၊ “အရှေ့အရပ်မှ အနောက်အရပ်သို့ ဖြောင့်တန်းလျက် လျှပ်ပြက်သောကြောင့် ဖြစ်သည်။” ဒါက အရှေ့အရပ်မှလျှပ်ပြက်ခြင်းပဲဆိုတာ ကျွန်မ နားလည်သွားတယ်။ ကျွန်မလည်း အံ့သြတာရော စိတ်ပျက်တာရောပေါ့။ ဘယ်လိုဖြစ်ရတာလဲ။ အဲဒီလောက် အသိဉာဏ်ဖွင့်ပေးတဲ့ တရားတွေကို မကြားခဲ့ရတာ နှစ်တွေမနည်းတော့ဘူး။ ငါတော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်ချက်ကို ရှာတွေ့ပြီ၊ အသက်စမ်းရေရဲ့အာဟာရကို ရပြီဆိုပြီး၊ ကျွန်မက ဝမ်းသာနေတာလေ။ ဒါပေမဲ့ အဲဒါက အရှေ့အရပ်မှလျှပ်ပြက်ခြင်း ဖြစ်နေတယ်။ သခင်က ဝိညာဉ်သဏ္ဌာန်နဲ့ပဲ ပြန်လာပြီး၊ ကျွန်မတို့ကို ကောင်းကင်ဆီ ယူဆောင်မယ်လို့ ကျမ်းစာမှာ ရေးထားတယ်လေ။ သခင့်ကို လူ့ဇာတိခံပြီး ပြန်ကြွလာပြီလို့ ဘာလို့ပြောတာလဲ။ ကျွန်မအတွက်တော့ ယုတ္တိမတန်ဘူး။ ကျွန်မလည်း ဘာမှကို ထပ်မကြားချင်တော့ဘူး။ သူတို့ကြောင့် လမ်းမှားသွားရင်၊ ကျွန်မ နှစ်ပေါင်းများစွာ ယုံကြည်လာတာတွေ အလကားဖြစ်သွားမယ်လို့ပဲ ထင်မိတယ်။ သူတို့ကို ပြန်ခိုင်းလိုက်ချင်စိတ်ပဲ ဖြစ်လာတယ်။ ဒါပေမဲ့ သူတို့နဲ့ တွေ့တဲ့ နှစ်ပတ်ကျော်ကျော်မှာ သူတို့က တော်တော်ကောင်းတဲ့ လူ့သဘာဝနဲ့ အသက်ရှင်နေထိုင်မှန်း ကျွန်မ မြင်နေပြီ။ အဲဒီတုန်းက ဆောင်းတွင်းကြီးဆိုတော့ တော်တော်အေးတယ်။ ညသန်းခေါင်ကျော်နေပြီပေါ့။ သူတို့ကို ပြန်ခိုင်းလိုက်ရင် တော်တော် လူမဆန်သလိုဖြစ်မယ်လို့ စဉ်းစားမိတယ်။ စိတ်ထဲမှာ ခဏလောက် ဆုံးဖြတ်ရခက်နေတယ်။ လွန်ဆွဲနေတာမျိုးပေါ့။ ဘုရားအလိုတော်ကို မသိခဲ့ဘူးလေ။ ကျွန်မလည်း အခန်းထဲဝင်တော့မယ်ဆိုပြီး ခွင့်တောင်းလိုက်တယ်။ အခန်းထဲရောက်မှ သခင့်ဆီ ဆုတောင်းတယ်၊ “ဒီညီအစ်မတွေရဲ့မိတ်သဟာယက တကယ်ကို အလင်းပါပါတယ်၊ သခင်။ ဒါပေမဲ့ လှည့်စားခံရမှာကို ကျွန်မ ကြောက်ပါတယ်။ ကျွန်မ လမ်းပျောက်နေပါပြီ။ ဘယ်လိုတုံ့ပြန်ရမှန်း မသိပါဘူး။ ကျွန်မကို လမ်းပြတော်မူပါ သခင်” ဆိုပြီး ဆုတောင်းလိုက်တယ်။ နောက်တော့ သခင်ယေရှုက လူတွေကို ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံဖို့ ဆုံးမထားတာကို ကျွန်မ ပြန်သတိရတယ်။ သူတို့ကို မောင်းထုတ်မယ်ဆိုရင် မမှန်ကန်တော့ဘူးလေ။ ကျွန်မအတွက် သခင့်အလိုတော်က သူတို့ကို ဆက်နေခွင့်ပေးဖို့ပဲ။

အဲဒီညီအစ်မနှစ်ယောက်နဲ့ မျက်နှာချင်းဆိုင်ရတာကို ကျွန်မက လန့်နေတာပါ။ ကိုယ့်ကိုယ်ကိုယ် ငြိမ်အောင် မထိန်းနိုင်ခဲ့ဘူး။ သူတို့ရဲ့မိတ်သဟာယက အသိဉာဏ်ပွင့်စေတယ်၊ သန့်ရှင်းသောဝိညာဉ်တော်ဆီက လာတယ်ဆိုတာကို ကျွန်မ သိတယ်။ ဒါပေမဲ့ ဘုရားသခင်က လူ့ဇာတိခံပြီး ပြန်ကြွလာပြီဆိုတဲ့ သူတို့မိတ်သဟာယက ကျွန်မရဲ့အယူအဆတွေနဲ့ ဆန့်ကျင်နေတယ်လေ။ ဒါပေမဲ့ သူတို့ကို ကျွန်မက ပြန်မေးခွန်းထုတ်နိုင်တာပဲဆိုတာ စဉ်းစားမိတယ်။ ဒါနဲ့ ကျွန်မက သူတို့ကို မေးတယ်၊ “သခင်ယေရှုက လူ့ဇာတိခံပြီး ပြန်ကြွလာပြီလို့ ရှင်တို့က သက်သေခံတယ်။ ဒါပေမဲ့ ကျွန်မက မယုံကြည်နိုင်ဘူး။ ကျမ်းစာမှာ ရေးထားတယ်လေ၊ ‘အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။’ (တမန်တော်ဝတ္ထု ၁:၁၁) ကောင်းကင်ဆီ ဆောင်ယူခံရတာက သခင့်ရဲ့ဝိညာဉ်ခန္ဓာပါ။ ဒါကြောင့် မိုးတိမ်စီးပြီး ပြန်ကြွလာရင်လည်း သူ့ရဲ့ဝိညာဉ်ခန္ဓာပဲ ဖြစ်လိမ့်မယ်။ အဲဒီတော့ ကိုယ်တော့်ကို လူ့ဇာတိခံပြီး ပြန်ကြွလာပြီလို့ ရှင်တို့က ဘာလို့ပြောတာလဲ” ပေါ့။

အဲဒီမှာ ညီမလီက ဖြေတယ်၊ “သခင် လူ့ဇာတိခံပြီး ပြန်ကြွမယ်ဆိုတဲ့ ကျမ်းစာပရောဖက်ပြုချက်တွေ အများကြီး ရှိပါတယ်။ သခင်ယေရှုက ပြောခဲ့တယ်၊ ‘လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇)ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်လုကာခရစ်ဝင် ၁၂:၄၀)ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ‘လူသား’ ဆိုတာရယ်၊ ‘လူသား ကြွလာခြင်း’ ဆိုတာရယ်ကို ဘုရားရဲ့နှုတ်ကပတ်တော်တွေက ဖော်ပြတယ်။ ‘လူသား’ ဆိုတာ လူကနေ မွေးဖွားပြီး၊ သာမန်လူ့သဘာဝ ရှိတဲ့သူတစ်ယောက်လို့ ဆိုလိုတယ်။ ဝိညာဉ်ခန္ဓာနဲ့ဆိုရင်၊ သူ့ကို ‘လူသား’ လို့ ခေါ်ဆိုမှာမဟုတ်ဘူး။ ယေဟောဝါဘုရားက ဝိညာဉ်တော်ပဲ။ သူ့ကို ‘လူသား’ လို့ ခေါ်ဆိုလို့မရခဲ့ဘူး။ ကောင်းကင်တမန်တွေလည်း ဝိညာဉ်တွေပဲ။ သူတို့ကို ‘လူသား’ လို့ ခေါ်လို့မရဘူး။ သခင်ယေရှုကျတော့ ဘုရားရဲ့ဝိညာဉ်တော်ကနေ လူ့ဇာတိခံယူတာဖြစ်သလို၊ သူ့မှာ သာမန်လူ့သဘာဝလည်း ရှိတဲ့အတွက်၊ လူသား ခရစ်တော်ဆိုပြီး ခေါ်ခဲ့တယ်” “ဒါကြောင့် သခင်ယေရှုက ‘လူသား၏ကြွလာခြင်း’ တို့၊ ‘လူသား ကြွလာလိမ့်မည်’ တို့ ပြောခဲ့တယ်ဆိုတာ၊ နောက်ဆုံးသောကာလမှာ သခင်က လူ့ဇာတိနဲ့ ပြန်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ” တဲ့။

နောက်တော့ အစ်မကျိုးကပါ ဝင်ပြောတယ်၊ “သခင်ယေရှုက သူ ပြန်လာမှာကို ပရောဖက်ပြုခဲ့တယ်။ ‘ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ ဘုရားသခင်က နောက်ဆုံးသောကာလမှာ လူသားအဖြစ် လူ့ဇာတိခံပြီး အမှုတော်ပြုတယ်။ လူတွေက သူ့ကို ခရစ်တော်အဖြစ် အသိအမှတ်မပြုကြဘူး။ သာမန်လူတစ်ယောက်အနေနဲ့ပဲ သဘောထားကြတယ်။ သမ္မာတရားကို မချစ်တဲ့သူတွေ၊ ဘုရားရဲ့အသံကို ကြားအောင် မရှာဖွေတဲ့သူတွေဆိုတာ တကယ်တော့ ခရစ်တော်ကို ခုခံငြင်းပယ်တာပဲ။ ဘာသာရေးလောကနဲ့ စာတန်ရဲ့အစိုးရကလည်း ခရစ်တော်ကို ရှုတ်ချပစ်ပယ်တယ်။ ဒါကလည်း ပရောဖက်ပြုချက်ကို ပြည့်စုံစေတာ၊ ‘ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ နောက်ဆုံးသောကာလမှာ သခင်က သူ့ဝိညာဉ်သဏ္ဌာန်နဲ့ မိုးတိမ်စီးပြီး ဂုဏ်အသရေရှိရှိ ကြွလာမယ်ဆိုရင်၊ လူတိုင်းက ကိုယ်တော့်ရှေ့မှောက် ဝပ်စင်းကုန်ကြမှာ သေချာတယ်။ အဲဒါဆို ဟောဒီ ပရောဖက်ပြုချက်က မှန်နိုင်ပါဦးမလား” တဲ့။

အဲဒီတော့မှ ကျွန်မလည်း စပြီး နားလည်လာတယ်၊ သခင်က နောက်ဆုံးသောကာလမှာ သူ့ဝိညာဉ်သဏ္ဌာန်နဲ့ ပေါ်ထွန်းမယ်ဆိုရင်၊ ဘယ်သူကမှ ကိုယ်တော့်ကို ဆန့်ကျင်မှာမဟုတ်ဘူး၊ သူ့ကိုပဲ နာခံကြလိမ့်မယ်။ အဲဒါဆို “ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။” ဆိုတဲ့ ဒီပရောဖက်ပြုချက်က ပြည့်စုံနိုင်မှာ မဟုတ်ဘူးလေ။ သခင်ယေရှု ပြန်ကြွလာပြီဆိုပြီး အရှေ့အရပ်မှလျှပ်ပြက်ခြင်းက သက်သေခံနေတာတွေ၊ ဘာသာရေးလောကနဲ့ စီစီပီက အဲဒါကို ရှုတ်ချနေတာတွေကို ကျွန်မ တွေးလိုက်မိတယ်။ အဲဒါတွေက ငြင်းပယ်ခြင်းခံရမယ်ဆိုတဲ့ သခင့်ပရောဖက်ပြုချက်ကို ပြည့်စုံစေတာ မဟုတ်ဘူးလား။ ဒါဆို အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်နိုင်လား။ ကျွန်မလည်း အပြည့်အဝတော့ နားမလည်သေးဘူးပေါ့။ ကျမ်းစာမှာ လူသား ကြွလာခြင်းကို တကယ်ပဲ ပရောဖက်ပြုတယ်။ ဒါပေမဲ့ သခင်ကလည်း မိန့်ခဲ့တယ်၊ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇) ကျွန်မလည်း ဝေခွဲမရဖြစ်တာပေါ့။ ဒါနဲ့ ကျွန်မ ရှုပ်ထွေးနေတဲ့အကြောင်း သူတို့ကို ပြောပြတယ်။

အဲဒီမှာ ညီမလီက မိတ်သဟာယပြုပေးတယ်။ “သခင်က သစ္စာနဲ့ပြည့်စုံပါတယ်။ ဒါကြောင့် သူ့ပြောစကားတွေတိုင်းက ပြည့်စုံလိမ့်မယ်။ အချိန်တန်ရင် ဖြစ်လာမှာပဲ။ ကိုယ်တော် ပြန်လာခြင်းအကြောင်း ပရောဖက်ပြုချက်တွေက အများကြီးရှိတယ်။ ကိုယ်တော်က မိုးတိမ်နဲ့ ဆင်းလာမယ်ဆိုတာအပြင်၊ လူ့ဇာတိခံပြီး တိတ်တဆိတ် ကြွလာမယ်ဆိုတဲ့ ပရောဖက်ပြုချက်တွေလည်း ရှိတယ်။ ဥပမာ သခင်က ပြောခဲ့တယ်၊ ‘ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆)သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိ တော်မူ၏။(ရှင်မဿဲခရစ်ဝင် ၂၄:၃၆) သခင် ပြောခဲ့တဲ့ ‘သူခိုးကဲ့သို့’၊ ‘သန်းခေါင်ယံ၌...ကြွေးကြော်လျှင်’၊ ‘အဘယ်သူမျှမသိ’ ဆိုတာတွေက ကိုယ်တော် တိတ်တဆိတ် ပြန်ကြွလာမယ့်အကြောင်းကို ပြောနေတာပဲ။ နောက်ဆုံးသောကာလမှာ သခင်က မတူညီတဲ့ နည်းလမ်းနှစ်မျိုးနဲ့ ပြန်ကြွတယ်။ ကိုယ်တော်က လူသားအဖြစ် လျှို့ဝှက်ပြီး လူ့ဇာတိခံယူသလို၊ မိုးတိမ်နဲ့အတူ ပေါ်ပေါ်တင်တင်လည်း ကြွလာလိမ့်မယ်။ ဆိုလိုတာက ကိုယ်တော်ဟာ ကျွန်မတို့ဆီကို တိတ်တဆိတ် လူ့ဇာတိခံပြီး ဦးဆုံး ကြွလာတယ်။ လူသားမျိုးနွယ်ကို သမ္မာတရားနဲ့ တရားစီရင်ဖို့၊ ကပ်ဘေးတွေမတိုင်ခင်မှာ အောင်မြင်သူတွေအဖွဲ့တစ်ခုကို ပြုလုပ်ဖို့ပေါ့။ ကိုယ်တော်က လူသားမျိုးနွယ်ကို တိတ်တဆိတ် ကယ်တင်ခြင်း ပြီးစီးတဲ့အခါ၊ ကပ်ဘေးတွေ ကျလာလိမ့်မယ်။ ကောင်းသူကို ဆုလာဘ်ပေးပြီး၊ ဆိုးသူကို အပြစ်ဒဏ်ပေးလိမ့်မယ်။ အဲဒီတော့မှ ဘုရားသခင်ကိုယ်တော်တိုင် တိုင်းနိုင်ငံတွေနဲ့ လူမျိုးအားလုံးဆီကို ပေါ်ထွက်လာလိမ့်မယ်။ အဲဒါကမှ သခင် ပေါ်ပေါ်တင်တင် ပြန်လာမယ်ဆိုတဲ့ ပရောဖက်ပြုချက် ပြည့်စုံမယ့်အချိန်ပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံပြီး၊ ဖောက်ပြန်ပျက်စီးမှုကနေ သန့်စင်ခံရသူအားလုံးက ဘုရားရဲ့ကွယ်ကာခြင်းကို ခံရမယ်၊ ကယ်တင်ခံကြရမယ်။ ပြီးတော့ ဘုရားရဲ့နိုင်ငံတော်ထဲ ဝင်ရောက်ရလိမ့်မယ် တဲ့။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ပစ်ပယ်တဲ့၊ ဆန့်ကျင်ရှုတ်ချတဲ့သူတွေကတော့ အံကြိတ်ပြီး ငိုကြွေးနေကြရလိမ့်မယ်၊ အပြစ်ဒဏ်ပေးခံရလိမ့်မယ်။ ပြီးတော့ ဒီပရောဖက်ပြုချက်ကို ပြည့်စုံစေလိမ့်မယ်၊ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇)” အဲဒီနောက်မှာ သူက အနန္တတန်ခိုးရှင်ဘုရားရဲ့ ဒီ နှုတ်ကပတ်တော်တွေကို ဖတ်ပြတယ်၊ “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ကျွန်မလည်း ရုတ်တရက် မျက်စိပွင့်သွားတယ်။ သခင် ကြွလာခြင်းဆိုတာ အဆင့်တွေနဲ့ ဖြစ်ပေါ်တာပဲ။ ပထမဆုံး ကိုယ်တော်က လူ့ဇာတိခံပြီး ပြောဆိုတယ်၊ လျှို့ဝှက်ပြီး အမှုတော်ပြုတယ်။ နောက်တော့မှ လူတိုင်း မြင်ကြရအောင် မိုးတိမ်နဲ့ ကြွလာမယ်။ ကျွန်မက ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေကြောင့်၊ သခင် ပြန်လာခြင်းကို နောက်ဆုံးနည်းလမ်းမှာပဲ ကန့်သတ်မိနေခဲ့တာကိုး။ ကျွန်မ မှားခဲ့တာပါ။ ကိုယ့်အယူအဆတွေကို ဆက်ပြီး မဖက်တွယ်ရဲတော့ဘူး။ သခင့်ပြောစကားတွေကိုလည်း စဉ်းစားမိခဲ့တယ်။ “တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။(ရှင်မဿဲခရစ်ဝင် ၇:၈) သခင် ပြန်လာခြင်းနဲ့ ကြုံရပြီဆိုတော့၊ ကျွန်မလည်း ဘုရားကို ကြောက်ရွံ့တဲ့စိတ်နှလုံး ထားပြီး၊ လေးလေးနက်နက် ရှာဖွေခဲ့ရတယ်။ ဒါက ဘုရားရဲ့အလိုတော်ပဲလေ။ အဲဒီလိုမနေရင် သခင်က ကျွန်မကို ဖယ်ရှားပစ်မှာပေါ့။ နောက်တော့ သူတို့ကို ကျွန်မ မေးမိတယ်၊ “သခင်က လျှို့ဝှက်ပြီး အမှုတော်ပြုဖို့၊ လူ့ဇာတိကို ဦးဆုံးခံယူတယ်ဆိုရင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်က လူ့ဇာတိခံယူတဲ့ ဘုရား၊ နောက်ဆုံးသောကာလရဲ့ခရစ်တော် ဖြစ်တယ်ဆိုတာ သေချာနိုင်ပါ့မလား” ပေါ့။

အဲဒီမှာ ညီမလီက တော်တော် ဝမ်းသာအားရနဲ့ ပြန်ဖြေတယ်၊ “ဘုရားသခင်ရဲ့လူ့ဇာတိခံယူခြင်းဆိုတာ ဘာကိုဆိုလိုတယ်ဆိုတဲ့ ဒီနက်နဲမှုအကြောင်းကို၊ နှစ်ပေါင်းထောင်ချီလာတဲ့အထိ ဘယ်သူမှ နားမလည်သေးပါဘူး။ အခုတော့ အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်မတို့ကို ဒီနက်နဲမှုအကြောင်း ဖွင့်ဟလိုက်ပြီ” တဲ့။ ပြီးတော့ သူက ဟောဒီ ကျမ်းပိုဒ်တွေကို ဖတ်ပြတယ်။ “‘လူ့ဇာတိခံယူခြင်း’ သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ သူ၏ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိပကတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။” “လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ တစ်ခု ဖြစ်လာခြင်းကို ဆိုလိုသည်၊ ယင်းသည် ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာခြင်း ဖြစ်သည်၊ ဇာတိပကတိပြုသော အလုပ်မှာ ဇာတိပကတိ၌ ပြည့်မြောက်သော၊ ဇာတိပကတိအားဖြင့် ဖော်ပြသော ဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဇာတိပကတိမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်ကို ဖြည့်စွမ်းနိုင်ခြင်း မရှိပေ၊ ဆိုလိုသည်မှာ အခြားမည်သူတစ်ဦးမျှ မဟုတ်ဘဲ၊ ဘုရားသခင် ခံယူထားသော လူ့ဇာတိတစ်ခုတည်းသာ၊ ဤသာမန် လူ့သဘာဝ တစ်ခုတည်းသာ ဘုရားသဘောသဘာဝ၏ အလုပ်ကို ဖော်ပြနိုင်သည်။” “လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည် အသွေးအသားရှိသည့် မည်သည့် လူနှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားနှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်၏။ သူသည် ပုံမှန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူကမျှ မပိုင်ဆိုင်ပေ။ သူ၏ဘုရားသဘောသဘာဝက ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို ဆောင်ရွက်နေစဉ်တွင်၊ သူ၏ ပုံမှန်လူ့သဘာဝက ဇာတိခန္ဓာထဲက သူ၏ ပုံမှန် လှုပ်ရှားမှု အားလုံးကို အားဖြည့်ပေးလေသည်။” “လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ညီမလီက ဆက်ပြောပြသေးတယ်၊ “ခရစ်တော်ဆိုတာ တကယ်တော့ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ပဲ။ လူ့ဇာတိနဲ့ခြုံလွှမ်းထားတဲ့ ဘုရားရဲ့ဝိညာဉ်တော်ပဲ။ သူက လူတွေကြားမှာ အမှုတော်ပြုရင်း၊ နှုတ်ကပတ်တော်တွေ မိန့်ကြားရင်းနဲ့ သာမန်လူတစ်ယောက် ဖြစ်လာခဲ့တာပဲ။ လူ့ဇာတိခံ ဘုရားဆိုတာ သာမန်လူတစ်ယောက် ပုံစံမျိုးပဲ။ ဟိတ်ဟန်ကြီးတာ၊ တန်ခိုးဣဒ္ဓိပါဒ် ရှိတာမျိုး မဟုတ်ဘူး။ သူ့မှာ သာမန်လူတစ်ယောက်ရဲ့ အသိစိတ်တွေ ခံစားမှုတွေ အားလုံးရှိတယ်။ လူတွေနဲ့လည်း အပြန်အလှန်ဆက်ဆံတယ်။ ခြားနားချက်ကတော့ သူ့မှာ သာမန်လူ့သဘာဝအပြင်၊ ဘုရားဖြစ်ခြင်း အနှစ်သာရကိုပါ ပိုင်ဆိုင်တာပဲ။ ခရစ်တော်ဆိုတာ ဘုရားကိုယ်တော်တိုင်ရဲ့အမှုကို လုပ်ဆောင်နိုင်တယ်။ ခေတ်ဟောင်းကို အဆုံးသတ်ပြီး၊ ခေတ်သစ်ကို စပေးနိုင်တယ်။ သူ့အနှစ်သာရက သမ္မာတရားဖြစ်တယ်၊ လမ်းခရီးဖြစ်တယ်၊ အသက်လည်း ဖြစ်တယ်။ သူက သမ္မာတရားကို အချိန်မရွေး ဖော်ပြနိုင်တယ်။ လူတွေကို အားဖြည့်ပေးပြီး၊ သူတို့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်။ လက်တွေ့လုပ်ဆောင်ဖို့လမ်းတစ်ခုကိုလည်း ပေးနိုင်တယ်။ ခရစ်တော်ဆိုတာ နက်နဲမှုတွေကို ထုတ်ဖော်ပြနိုင်တယ်၊ ဘုရားသခင်ရဲ့စိတ်သဘောထား၊ ဉာဏ်ပညာနဲ့ အနန္တတန်ခိုးကိုလည်း ပြသနိုင်တယ်။ ခရစ်တော်ရဲ့နှုတ်ကပတ်တော်တွေက အားလုံးကို ပြီးမြောက်နိုင်တယ်။ ဘယ်လူသားကမှ ဒါကို မလုပ်နိုင်ဘူး တဲ့။ သခင်ယေရှုဆိုရင် သာမန်လူတစ်ယောက်ပုံစံမျိုးပဲ ရှိခဲ့တယ်။ ဒါပေမဲ့ သူ့မှာ ဘုရားဖြစ်ခြင်း အနှစ်သာရရှိတယ်။ ကိုယ်တော်ရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်က ကျေးဇူးတော်ခေတ်ကို စတင်ပေးပြီး၊ ပညတ်တော်ခေတ်ကို အဆုံးသတ်ပေးခဲ့တယ်။ သူက နောင်တရရာလမ်းကို ပေးပြီး၊ ကျွန်မတို့အပြစ်တွေကို ခွင့်လွှတ်ပေးခဲ့တယ်။ အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် ခွင့်လွှတ်တတ်ဖို့ သွန်သင်ပေးခဲ့တယ်။ ဘုရားသခင်ရဲ့ သနားကရုဏာနဲ့ပြည့်စုံတဲ့ စိတ်သဘောထားကို ပြသခဲ့တယ်။ ကိုယ်တော်က အမှုတော်ပြုရင်းနဲ့၊ အံ့ဖွယ်သောအမှုတွေကိုလည်း ပြသခဲ့တယ်၊ မသန်စွမ်းသူကို လမ်းပြန်လျှောက်စေတာ၊ မျက်ကန်းနေသူကို ပြန်မြင်စေတာ၊ ပင်လယ်တွေကို စကားတစ်ခွန်းတည်းနဲ့ ငြိမ်သက်စေတာ၊ သေသူကို ပြန်ရှင်စေတာ၊ ငါးနှစ်ကောင်၊ မုန့်ငါးလုံးတည်းနဲ့ လူတွေကို ထောင်ချီပြီး ကျွေးပြခဲ့တာ စသဖြင့်ပေါ့။ ဒါက ဘုရားသခင်ရဲ့ သြဇာအာဏာကို အပြည့်အဝ ထုတ်ဖော်ပြခဲ့တာပါ။ သခင်ယေရှုရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေ၊ သူ ဖော်ပြခဲ့တဲ့ စိတ်သဘောထားတွေက သူဟာ တကယ်ကို လူ့ဇာတိခံတဲ့ ဘုရားသခင် ဖြစ်မှန်း လုံလောက်တဲ့ သက်သေပါပဲ။ ဘုရားသခင်ကသာ သမ္မာတရားကို ဖော်ပြနိုင်တယ်၊ ခေတ်ဟောင်းကို အဆုံးသတ်ပေးပြီး၊ ခေတ်သစ်တစ်ခုကို စတင်ပေးနိုင်တယ်၊ ဘုရားရဲ့စိတ်သဘောထားနဲ့ ဉာဏ်ပညာကိုလည်း ဖော်ပြနိုင်တယ်။ ဘုရားသခင်က လွဲရင်၊ ဘယ်သူကမှ သမ္မာတရားကို ဖော်ပြတာမျိုး၊ ဘုရားရဲ့ဖြစ်ခြင်းကို ဖော်ပြတာမျိုး၊ သူ့အမှုတော်ကို လုပ်ဆောင်တာမျိုး မလုပ်နိုင်ဘူး။ ဒါက ကိုယ်တော်ဟာ တကယ်ပဲ လူ့ဇာတိခံတဲ့ ဘုရားသခင်၊ နောက်ဆုံးသောကာလရဲ့ခရစ်တော် ဟုတ်မဟုတ်ကို ကျွန်မတို့ ဆုံးဖြတ်တဲ့ပုံစံပဲ။ ပိုပြီးအရေးကြီးတာက ခရစ်တော်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို စစ်ဆေးကြည့်ဖို့ပဲ။ သူက သမ္မာတရားနဲ့ ဘုရားရဲ့စိတ်သဘောထားကို ဖော်ပြတယ်၊ ဘုရားရဲ့အမှုတော်ကို လုပ်ဆောင်တယ်ဆိုရင်၊ သူဟာ လူ့ဇာတိခံတဲ့ ဘုရားသခင်ပဲ။ သူဟာ ခရစ်တော်ပါပဲ။”

ညီမလီရဲ့မိတ်သဟာယကနေ ကျွန်မလည်း နားလည်သွားတယ်။ လူ့ဇာတိခံ ဘုရားသခင်ဆိုတာ သမ္မာတရားကို ဖော်ပြနိုင်တယ်၊ ဘုရားရဲ့အမှုတော်ကို ပြုနိုင်တယ်ပေါ့။ အဲဒါက အမှန်တကယ်ပါပဲ။

အစ်မကျိုးကလည်း ထပ်ပြောတယ်၊ “အနန္တတန်ခိုးရှင်ဘုရားသခင်က လူ့ဇာတိခံတဲ့ဘုရား ဟုတ်မဟုတ်ကို သူ့အပြင်ပန်းတွေကို ကြည့်ရုံနဲ့ မသိနိုင်ဘူး။ သူ့နှုတ်ကပတ်တော်တွေ၊ သူ့အမှုတော်နဲ့ စိတ်သဘောထားတွေကနေ သေချာအောင် စူးစမ်းရမယ်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုကို အခြေခံပြီးတော့၊ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေတာပါ။ ကိုယ်တော်က ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပေးပြီး၊ နိုင်ငံတော်ခေတ်ကို အစပျိုးခဲ့ပါပြီ။ အနန္တတန်ခိုးရှင်ဘုရားဟာ နှုတ်ကပတ်တော်တွေကို သန်းနဲ့ချီပြီး မိန့်ဆိုထားတယ်။ ပြီးတော့ ဘုရားရဲ့ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်၊ ဘုရားရဲ့လူ့ဇာတိခံယူခြင်းနဲ့ သမ္မာကျမ်းရဲ့ နက်နဲမှုတွေကိုလည်း ဖွင့်ဟပြထားတယ်။ စာတန်က လူသားမျိုးနွယ်ကို ဘယ်လိုပျက်စီးစေတယ်၊ ဘုရားက လူသားမျိုးနွယ်ကို ဘယ်လိုကယ်တင်တယ်၊ နောက်ဆုံးသောကာလမှာ ဘုရားက လူတွေကို ဘယ်လို တရားစီရင်ပြီး သန့်စင်ပေးတယ်၊ လူတွေကို သူတို့ရဲ့အမျိုးအစားအလိုက် ရွေးထုတ်ပြီး၊ သူတို့ရဲ့အဆုံးသတ်နဲ့ ပန်းတိုင်ကို ဘယ်လိုဆုံးဖြတ်ပေးတယ်ဆိုတာတွေကို ကိုယ်တော်က ထုတ်ဖော်ပြထားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ဘုရားကို ဆန့်ကျင်တတ်တဲ့ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ အကျင့်ပျက် စိတ်သဘောထားတွေကို တရားစီရင် ဖော်ထုတ်ပြရင်းနဲ့၊ ဖြောင့်မတ်ခြင်း အဓိကဖြစ်တဲ့ သူ့စိတ်သဘောထားကို ဖော်ပြပါတယ်။ မကောင်းမှုကို စွန့်ပစ်ပြီး သန့်စင်ခံရမယ့်လမ်းကိုလည်း ကိုယ်တော်က ပြပေးတယ်” ပေါ့။ အစ်မကျိုးက တရားစီရင်ခံရတဲ့ သူ့အတွေ့အကြုံကိုလည်း ပြောပြတယ်။ သူ ပြောပြတာက၊ “ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် တရားစီရင်ပြီး စစ်ဆေးတာ၊ ပြုပြင်တာ၊ ပြစ်တင်ဆုံးမပြီး ကိုင်တွယ်ဖြေရှင်းတာတွေကို မကြုံရသေးခင်အထိ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ဖောက်ပြန်ပျက်စီးမှန်း မမြင်ခဲ့ဘူး။ ကျွန်မက အနန္တတန်ခိုးရှင်ဘုရားကို ယုံကြည်ခဲ့တယ်ဆိုပေမဲ့၊ ကိုယ့်ရဲ့အကျင့်ပျက် ဆိုးယုတ်တဲ့ သဘာဝကြောင့် ကိုယ်တော့်ကို ခုခံမိနေတုန်းပဲ။ ဟန်ထုတ်ပြတာတွေ၊ ကိုယ့်ကို လူအထင်ကြီးတာတွေကို ကြိုက်တာမျိုးပေါ့။ သူများတွေကို အပြစ်တင်ပြီး၊ သူတို့ကို ကိုယ် ပြောတဲ့အတိုင်းပဲ လိုက်လုပ်ခိုင်းတတ်တယ်။ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့ အမြဲလိုလို လိမ်ညာနေခဲ့တယ်၊ စသဖြင့်ပေါ့။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုကတစ်ဆင့် ကျွန်မက ကိုယ်တော့်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို မြင်ပြီး၊ စိတ်နှလုံးထဲမှာ ကိုယ်တော့်ကို ကြောက်ရွံ့မိလာတာပါ။ ဆိုးယုတ်တဲ့ ကိုယ့်သဘာဝကို ဖြေရှင်းဖို့အတွက်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ကိုလည်း စပြီး အာရုံစိုက်လာတယ်။ ကျွန်မရဲ့စိတ်သဘောထားမှာ အပြောင်းအလဲတချို့လည်း ဖြစ်သွားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က လူ့ဇာတိခံယူတဲ့ ဘုရားသခင် ဖြစ်တယ်၊ နောက်ဆုံးသောကာလရဲ့ခရစ်တော် ဖြစ်တယ်ဆိုတာကို သူ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ရဲ့ရလဒ်တွေက သက်သေပြမနေဘူးလား” တဲ့။

အဲဒီညီအစ်မတွေရဲ့မိတ်သဟာယကြောင့် ကျွန်မရင်ထဲမှာ ကြည်လင်သွားတယ်။ ကိုယ်တော်ဟာ လူ့ဇာတိခံယူတဲ့ခရစ်တော်၊ လူသား ဟုတ်မဟုတ်ကို အတည်ပြုဖို့ အဓိကအချက်က သူဟာ ဘုရားရဲ့နှုတ်ကပတ်တော်တွေနဲ့ စိတ်သဘောထားကို ဖော်ပြနိုင်သလား၊ ပြီးတော့ သူက ခေတ်ဟောင်းကို အဆုံးသတ်ပြီး ခေတ်သစ်ကို စတင်နိုင်သလားဆိုတာကို ကြည့်ဖို့ပါပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားတွေ များစွာကို ဖော်ပြထားတယ်။ လူသားမျိုးနွယ်ကို တရားစီရင် သန့်စင်ဖို့ အမှုတော်ပြုနေတယ်။ သူက ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပေးပြီး၊ နိုင်ငံတော်ခေတ်ကို အစပြုထားပြီ။ အဲဒီတော့ သူဟာ သခင် ပြန်လာခြင်းပဲ၊ ခရစ်တော်ပဲဆိုတာ သေချာပြီပေါ့။ ကျွန်မက သမ္မာတရားကို ဒီလိုမျိုး နားမလည်ခဲ့ဖူးဘူး။ သခင် မိုးတိမ်နဲ့ ပြန်ကြွမှာကိုပဲ ရမ်းသန်းပြီး စောင့်နေခဲ့တာ။ ကိုယ်တော် ပြန်ကြွလာပြီလို့ ကြားတော့လည်း၊ မရှာဖွေခဲ့မိဘူး။ ကိုယ်တော်နဲ့ ပြန်ဆုံရဖို့အခွင့်ကို လွဲလုနီးပါးဖြစ်ခဲ့တာပါ။ ကျွန်မက တကယ်ကို အရူးဖြစ်ခဲ့တာပဲ။

အဲဒီနောက်မှာ ကျွန်မလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အငမ်းမရ ဖတ်တယ်။ ကိုယ့်ယုံကြည်ခြင်းမှာ ဟိုအရင် လုံးဝ နားမလည်ခဲ့တဲ့ သမ္မာတရားတွေ အများကြီးကို သိလာတယ်။ အနန္တတန်ခိုးရှင်ဘုရားဆိုတာ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်မှန်းလည်း သေချာသွားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မရဲ့အသိအကျွမ်းတွေထဲက ညီအစ်ကိုမောင်နှမ တစ်ရာကျော်ကို မျှဝေပေးခဲ့တယ်။ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို သူတို့တွေ ဖတ်တဲ့အခါ၊ ကိုယ်တော့်အသံကို ကြားကြတယ်။ ရင်ထဲမှာ လှုပ်ရှားလွန်းလို့ ငိုကြတယ်။ သူတို့တွေလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ဆီ ဦးလှည့်ကုန်တယ်။ ကိုယ်တော့်အမှုတော်ကို လက်ခံသွားကြတယ်။ သိုးသငယ်ရဲ့စားသောက်ပွဲကိုလည်း တက်ရောက်သွားကြပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဖြူသောပလ္လင်ကြီးရဲ့တရားစီရင်မှု စတင်လိုက်ပြီ

ကျွန်မက ယုံကြည်ခြင်းရပြီးတဲ့နောက်မှာ၊ ဆုတောင်းနည်းတွေ ကျမ်းစာဖတ်ပုံတွေကို စပြီးသင်ယူတယ်။ နေ့စဉ်ဘဝမှာ သခင့်နှုတ်ကပတ်တော်တွေကို လိုက်နာဖို့...

အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

YouTube မှ အသိပေးချက်များက ကျွန်မကို သခင်နှင့် ပြန်လည်ဆုံစည်းစေခဲ့သည်

လီလန်၊ တောင်ကိုးရီးယားနိုင်ငံဘဝတွင်၊ တစ်ခါတစ်ရံ အခွင့်အရေးပေါ်ပေါက်လာခြင်းများသည် ကြိုတင်မခန့်မှန်းနိုင်သော အကျိုးဆက်များ ရှိနိုင်သည်။...

သခင့်ကို ကြိုဆိုရန် အယူအဆများကို ထိုးဖောက်ထွက်ခြင်း

လီဟွမ်း တရုတ်နိုင်ငံ ဒါနဲ့ ညီမက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ဘယ်အချိန်မှာ စပြီး ကြားဖူးခဲ့တာလဲ။ ၂၀၀၅ ခုနှစ်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။