ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် လမ်းပြခံရလျက်၊ အမှောင်အင်အားများ၏ ဖိနှိပ်မှုကို ကျွန်ုပ် အောင်မြင်ကျော်လွှားခဲ့သည်

19.10.2019

ဝမ်လီ၊ ရှီကျန်းစီရင်စု

ကျွန်မသည် ငယ်စဉ်ကတည်းက ကျွန်မ အမေနှင့်အတူ သခင်ယေရှုကို ယုံကြည်ခဲ့ပါသည်။ သခင်ယေရှုနောက်လိုက်ခဲ့သည် ကျွန်မ၏ နေ့ရက်များတွင်၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာအားဖြင့် ကျွန်မ မကြာခဏ တို့ထိခံခဲ့ရပါသည်။ ကျွန်မတို့ကို သူ အလွန်ချစ်ခဲ့သည်မှာ ကျွန်မတို့ကို ရွေးနှုတ်ဖို့ ကားစင်အတင်ခံ ခဲ့ရပြီး သူ၏ နောက်ဆုံးသွေးစက်ကို သွန်းခဲ့ပေသည်။ ထိုအချိန်တွင်၊ ကျွန်မတို့ အသင်းတော်ထဲရှိ ညီအစ်ကို မောင်နှမများသည် အားလုံး အချင်းချင်း ချစ်ကြကာ အားပေးတတ်ကြသော်လည်း၊ ကံအကြောင်းမလှစွာပင် သခင့်၌ ကျွန်မတို့၏ ယုံကြည်ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ လက်တွင် နှိပ်စက်ညှင်းပန်းခြင်း နှင့် ဖိနှိပ်မှု တို့ကို ခံခဲ့ရသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ခရစ်ယာန်ဘာသာနှင့် ကက်သလစ်အယူဝါဒတို့ကို “အများလက်ခံ ထားသော အယူဝါဒနှင့် ကွဲလွဲဆန့်ကျင်သော အဖွဲ့အစည်း” အဖြစ် သတ်မှတ် ကြပြီး၊ အိမ်အသင်းတော်များ ပြုလုပ်သည့် ဝတ်ပြုအစည်းအဝေးများကို “တရားမဝင်စုဝေးမှုများ” အဖြစ် အမည်တပ်ကြသည်။ ကျွန်မတို့ ဝတ်ပြု အစည်းအဝေးများ မလုပ်နိုင်မီ ပထမဆုံး အစိုးရထံမှ အတည်ပြုချက် ရယူပြီး ခွင့်ပြုချက် ယူရသည်၊ သို့မဟုတ်လျှင် ကျွန်မတို့ အဖမ်းခံရပြီး ဒဏ်ငွေတပ်ခံ ရမည် သို့မဟုတ် ထောင်ထဲအပို့ခံရမည်ဟု ကျွန်မတို့ကို ပြောရင်း၊ ရဲများက မကြာခဏ ကျွန်မတို့ အစည်းအဝေးလုပ်သည့် နေရာများကို ဝင်စီးလေ့ရှိသည်။ တစ်ကြိမ်တွင်၊ ကျွန်မအမေနှင့် ညီအစ်ကို မောင်နှမ ငါးယောက် ခြောက်ယောက် အဖမ်းခံရပြီး တစ်နေ့လုံး စုံစမ်းမေးမြန်းခံခဲ့ရသည်။ နောက်ဆုံးတွင်၊ သူတို့ အားလုံးက သာမန်ခရစ်ယာန်များဖြစ်သည်ဟု ရဲများ၏ စစ်ဆေးမှုက အတည်ပြုခဲ့ပြီး၊ သူတို့ လွတ်လာခဲ့သည်။ သို့သော် ထိုအချိန်မှစ၍ အစိုးရ၏ ဝင်စီးမှုများကို ရှောင်ရှားဖို့ ကျွန်မတို့ တိတ်တဆိတ် တွေ့ဆုံခဲ့ရသည်။ ဤအရာ အားလုံး ဖြစ်သော်လည်း၊ ကျွန်မတို့၏ ယုံကြည်ခြင်း လုံးဝ အားမနည်းခဲ့ပါ။ ၁၉၉၈ နှောင်းပိုင်းတွင်၊ ကျွန်မ၏ ဆွေမျိုးတစ်ဦးက သခင်ယေရှုသည် နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံသည့် အနန္တတန်ခိုးရှင် ဘုရားသခင် အဖြစ် ပြန်ကြွလာခဲ့ပြီဟု ကျွန်မကို တရားဟောခဲ့သည်။ ကျွန်မအတွက် လုံးဝ စိတ်လှုပ်ရှားစရာကောင်းသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကိုလည်း ဤဆွေမျိုးက ဖတ်ရှုခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အသင်းတော်များ ထံသို့ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် မိန့်မြွက်ချက်များဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ကို ကျွန်မ သေချာလာခဲ့သည်။ ကျွန်မ တစ်သက်တာအတွင်း သခင်နှင့် အမှန်တကယ် ပြန်ပေါင်းစည်းနိုင်မည်ဟု တွေးခြင်းက ကျွန်မ ဖော်ပြနိုင်စွမ်း မရှိသည်အထိ ကျွန်မကို တို့ထိခဲ့ပြီး ဝမ်းမြောက်ခြင်း မျက်ရည်များ ကျွန်မ ငိုကြွေးခဲ့သည်။ ထိုအချိန်မှစ၍၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ စိတ်အားထက်သန်စွာ နေ့စဉ် အငမ်းမရဖတ်ရှုခဲ့ပြီး၊ ထိုနှုတ်ကပတ်တော်များမှ သမ္မာတရားများစွာနှင့် နက်နဲမှုများစွာကို နားလည်လာခဲ့သည်- ကျွန်မ၏ ခြောက်ကပ်သော ဝိညာဉ်မှာ ထိုသို့အားဖြင့် ရေလောင်ခြင်းနှင့် အထောက်အပံ့ တို့ကို ရရှိခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ကြီးမြတ်သော အမှုတော် အားဖြင့် ယူဆောင်လာခဲ့သည့် ဝမ်းမြောက်ပျော်ရွှင်ခြင်းနှင့် နှစ်သိမ့်ခြင်းတို့တွင် ခိုလှုံရင်း၊ ကျွန်မနှင့် ကျွန်မ၏ ယောက်ျားတို့သည် သခင်နှင့်အတူ ပေါင်းစည်းခြင်း၏ ပျော်ရွှင်ခြင်းနှင့် ဝမ်းမြောက်တို့တွင် နှစ်မြုပ်ခဲ့ကြသည်။ ဘုရားသခင်ကို ချီးမွမ်းရာတွင် ဓမ္မသီချင်းများနှင့် အကတို့ကို အခြားညီအစ်ကို မောင်နှမများနှင့်အတူ ကျွန်မတို့ မကြာခဏ သင်ယူခဲ့ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုရန် မကြာခဏ ကျွန်မတို့ အတူတကွ စည်းဝေးခဲ့ကြသည်။ ကျွန်မ၏ ဝိညာဉ်က ပြန်လည်လန်းဆန်းပြီး ခွန်အားတိုးလာခဲ့ကာ၊ မြေကြီးပေါ် နိုင်ငံတော် ထင်ရှားခြင်းနှင့် လူအားလုံးတို့ ဝမ်းမြောက်ခြင်း၏ လှပသည့် မြင်ကွင်းကို ကျွန်မ၏ မျက်စိရှေ့တွင် ကျွန်မ မြင်ရနှင့်ပြီးသည့်အလား ခံစားခဲ့ရသည်။ သို့သော် မြင့်တက်နေသည့် ယုံကြည် ခြင်းဖြင့် ကျွန်မတို့ ဘုရားသခင်နောက်လိုက်နေကြပြီး ဘဝတွင် မှန်ကန်သည့် လမ်းကို လျှောက်လှမ်းနေကြသည်နှင့်အညီ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ကျွန်မတို့ကို ရက်ရက်စက်စက် စတင် နှိပ်စက်မည်ကို ကျွန်မ ကြိုတင် မမျှော်မှန်းနိုင်ခဲ့ပါ။

၂၀၀၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင်၊ ကျွန်မနှင့် အခြား ညီအစ်မအချို့က အစည်းအဝေး လုပ်နေခဲ့ကြပါသည်။ အစည်းအဝေးအတွင်းတွင်၊ အခြား ညီအစ်မ နှင့် ကျွန်မသည် တောက်တိုမည်ရကိစ္စများလုပ်ရန် အပြင်ထွက်ခဲ့သည်၊ သို့သော် ကျွန်မတို့ သိပ်ဝေးဝေးမရောက်မီတွင်၊ ကျွန်မ၏ နောက်ဘက်တွင် သူမက၊ “ဘာလို့ ကျွန်မကို ရှင်တို့ ဖမ်းနေရတာလဲ” ဟု ပြောသည်ကို ကျွန်မ ကြားလိုက်ရသည်။ ကျွန်မ တုန့်ပြန်ဖို့ အခွင့်အရေး မရမီတွင်၊ အရပ်ဝတ် ရဲအရာရှိတစ်ဦးက ချဉ်းကပ်လာပြီး၊ “မင်း ငါနဲ့ ရဲစခန်းကို လိုက်ခဲ့ရမယ်” ဟု ပြောရင်း ကျွန်မကို ချုပ်လိုက်ပြီး ကျွန်မကို ရဲကားတစ်စီးဆီ ခေါ်သွားခဲ့သည်။ ရဲစခန်းကို ကျွန်မတို့ မောင်းပို့ခံရပြီး ကားထဲမှ ကျွန်မ ထွက်သည်နှင့် တပြိုင်နက်၊ အစည်းအဝေးတွင် ရှိခဲ့သည့် အခြားသော ညီအစ်မ ခြောက်ဦးကို လည်း ဖမ်းခေါ်လာ သည်ကို ကျွန်မ တွေ့ခဲ့ရသည်။ ကျွန်မတို့ကို အဝတ်အစား ချွတ်ကာ ခန္ဓာကိုယ်ကို အရှာခံဖို့ ရဲများက အမိန့်ပေးခဲ့သည်။ ကျွန်မထံမှ ပေဂျာနှစ်ခုကို သူတို့ တွေ့ခဲ့ပြီး၊ ထိုသို့ဖြင့် ကျွန်မကို အသင်းတော် ခေါင်းဆောင် တစ်ဦးအဖြစ် ရွေးထုတ်ရင်း၊ ဤအတိုင်း ကျွန်မကို စစ်ဆေး မေးမြန်းခြင်း အတွက် အဓိက ဦးစားပေးအဖြစ် အဆင့်သတ်မှတ်ခဲ့ကြသည်။ ရဲတစ်ဦးက၊ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဘယ်တုန်းက မင်း စယုံကြည် ခဲ့တာလဲ။ မင်းကို ဘယ်သူ တရားဟောခဲ့တာလဲ။ မင်း ဘယ်သူနဲ့ တွေ့ခဲ့တာလဲ။ အသင်းတော်ထဲမှာ မင်းရဲ့ ရာထူးက ဘာလဲ” ဟု ကျွန်မကို အော်ဟစ်ခဲ့သည်။ ရန်လိုမှုရှိစွာ သူ၏ မေးမြန်းခြင်းကို ခံရခြင်းက ကျွန်မကို အလွန်လန့်စေပြီး၊ မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို ကျွန်မ မသိခဲ့ပါ။ ဘုရားသခင်ထံ သူ့ကို သစ္စာမဖောက်ရန် ကျွန်မကို ကွယ်ကာဖို့ တောင်းလျှောက်ရင်း တိတ်တဆိတ် ဆုတောင်းရုံသာ ကျွန်မ တတ်နိုင်ခဲ့သည်။ ဆုတောင်းပြီးနောက်တွင်၊ ကျွန်မ ဣန္ဒြေဆည်လိုက်ပြီး ဆက်လက်နှုတ်ဆိတ်နေရန် ကျွန်မ ဆုံးဖြတ်ခဲ့သည်။ ကျွန်မ စကားမပြောသည်ကို သူ မြင်သည့်အခါ၊ ထိုရဲက စိတ်ဆိုးလာခဲ့ပြီး ပြင်းပြင်းထန်ထန် ကျွန်မခေါင်းပေါ် ထုရိုက်ခဲ့သည်။ ကျွန်မ ချက်ချင်း မူးနောက်ခဲ့ပြီး၊ ကျွန်မ၏ နားများ စတင် အူလာခဲ့သည်။ ထို့နောက် သူတို့က ညီအစ်မများထဲမှ တစ်ဦးကို ခေါ်လာခဲ့ပြီး အချင်းချင်း မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်ဖို့ ကျွန်မတို့ကို ပြောလေသည်။ သို့သော်၊ သူတို့ပြော သည့်အရာကို ကျွန်မတို့ လုပ်မည်မဟုတ်သည်ကို မြင်သည့်အခါ၊ သူတို့ ဒေါသထွက်လာကြပြီး ကျွန်မ၏ ချည်သားခြေနင်း ဖိနပ်များကို ချွတ်ပြီး အလွန်အေးစက်နေသည့် သံမံတလင်းပေါ်တွင် ခြေဗလာဖြင့် မတ်တပ်ရပ်ရန် အမိန့်ပေးခဲ့ကြသည်။ နံရံကို တည့်တည့်ကျောပေး၍လည်း ကျွန်မကို သူတို့ ရပ်စေခဲ့ကြပြီး ကျွန်မ၏ ကိုယ်နေဟန်ထား အနည်းငယ် ယိုင်လျှင်ပင် ကျွန်မကို သူတို့ ကန်ကျောက်ခဲ့ ကြသည်။ ထိုအချိန်သည် ဆောင်ဦးရာသီထဲ အတော် ရောက် နေပြီဖြစ်သည်။ အပူချိန်က ကျဆင်းနေခဲ့ပြီး မိုး ဖွဲဖွဲရွာနေခဲ့သည်။ ကျွန်မ အလွန်ချမ်းနေခဲ့သည်မှာ ကျွန်မ၏ တစ်ကိုယ်လုံး တုန်နေခဲ့ပြီး ကျွန်မ မရပ်မနား သွားချင်းရိုက်ကာ တုန်နေခဲ့သည်။ ရဲက ခေါက်တုန့် ခေါက်ပြန် လျှောက်ပြီး၊ ဗြန်းခနဲ မြည်အောင် စားပွဲကို ရိုက်ချရင်း၊ “မင်းနောက် ငါတို့ လိုက်နေတာ ကြာပြီ။ ဒီနေ့ မင်းကို စကားပြောခိုင်းဖို့ ငါတို့မှာ နည်းလမ်းတွေ အများကြီးရှိတယ်၊ ပြီးတော့ မင်း စကားမပြောရင် သေတဲ့အထိ မင်းကို ငါတို့ အအေးဒဏ်ခံစားစေဖို့ ထားမယ်၊ ဒါမှမဟုတ် မင်း အစာရေစာငတ်ပြတ်စေမယ်၊ ဒါမှမဟုတ် သေတဲ့အထိ ရိုက်မယ်၊ မင်း ဘယ်လောက် ကြာကြာ ခံတယ်ဆိုတာ ကြည့်ကြတာပေါ့” ဟု ကျွန်မကို ခြိမ်းခြောက်လေသည်။ ဤအရာကို သူပြောသည့်အချိန်တွင် ကျွန်မ အနည်းငယ်ကြောက်မိခဲ့သောကြောင့်၊ ကျွန်မ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အော်ခေါ်ခဲ့သည်- “အို ဘုရားသခင်။ ကျွန်မ ယုဒတစ်ယောက်ဖြစ်ပြီး ကိုယ်တော့်ကို သစ္စာမဖောက်ချင်ပါဘူး။ ကိုယ်တော့် အတွက် သက်သေရပ်တည်နိုင်ဖို့အတွက်၊ ကျွန်မ ကွယ်ကာပြီး စာတန်ကို ကျွန်မ တိုက်ပွဲဆင်နွဲဖို့ လိုအပ်တဲ့ သတ္တိနဲ့ ယုံကြည်ခြင်းကို ပေးပါ။” ဆုတောင်းပြီး နောက်တွင်၊ “သူ၏စိတ်နေသဘောထားသည် သြဇာအာဏာ၏ သင်္ကေတဖြစ်ပြီး ဖြောင့်မတ်သောအရာအားလုံး၏ သင်္ကေတဖြစ်ကာ လှပ၍ ကောင်းမွန်သည့်အရာအားလုံး၏ သင်္ကေတလည်း ဖြစ်ပေသည်။ ထိုထက်မက ထိုစိတ်နေသဘောထားသည် အမှောင်ထုနှင့် မည်သည့် ရန်သူအင်အားကမျှ အနိုင်ယူ၍မရနိုင်သောက၊ သို့မဟုတ် ထိပါး၍ မရနိုင်သော သူ၏ သင်္ကေတဖြစ်ပြီး၊ မည်သည့်ဖန်ဆင်းခံ သတ္တဝါကမျှ ပုန်ကန်ပြစ်မှား၍ မရနိုင်သော (ပုန်ကန်ပြစ်မှားခြင်းကိုလည်း သူသည်းခံမည် မဟုတ်ပေ) သူ၏ သင်္ကေတလည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏) ဟု ပြောသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့သည်။ “မှန်တယ်” ဟု ကျွန်မ တွေးမိသည်။ “ဘုရားသခင်က သြဇာအာဏာနဲ့ တန်ခိုး ပိုင်ဆိုင်ထားပြီး သူ့ရဲ့ သြဇာအာဏာနဲ့ တန်ခိုးကို ဘယ်လိုရန်သူအင်အား ဒါမှမဟုတ် အမှောင်ကမှ မပြိုလဲစေနိုင်ဘူး။ တရုတ်ကွန်မြူနစ်ပါတီရဲ့ လက်ပါးစေတွေက ဘယ်လိုပဲ ရက်စက်ပါစေ၊ သူတို့အားလုံးက ဘုရားသခင်ရဲ့ လက်တော်ထဲမှာရှိပြီး၊ ဘုရားသခင်အပေါ် ငါ မှီခိုပြီး သူနဲ့ ပူးပေါင်း လုပ်ဆောင်သရွေ့၊ သူတို့ကို ငါ မုချအောင်နိုင်မှာပဲ။” ဘုရားသခင် နှုတ်ကပတ်တော်များက ပေးသည့် ရှင်းလင်းသော လမ်းပြမှုနှင့်အတူ၊ ကျွန်မ၏ ယုံကြည်ခြင်းနှင့် သတ္တိတို့ကို ရုတ်တရက် ကျွန်မ ရှာတွေ့ခဲ့ပြီး အလွန်အေး သည်ဟု မခံစားရတော့ပါ။ ထိုနေရာတွင် ကျွန်မ သုံးနာရီကျော်ကြာ ရပ်နေခဲ့ပြီးနောက်၊ ရဲများက ကျွန်မကို ရဲကားတစ်စီးဆီ ပြန်လိုက်ပို့ခဲ့ကြပြီး ထိန်းသိမ်းရေး စခန်းတစ်ခုဆီ ကျွန်မကို ခေါ်သွားခဲ့ကြသည်။

ထိန်းသိမ်းရေး စခန်းတွင် ရောက်ရှိပြီး နောက်တစ်နေ့ နေ့လည်တွင်၊ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးဖြစ်သည့် ရဲအရာရှိနှစ်ဦး ရောက်လာကာ ကျွန်မကို မေးမြန်းခဲ့ကြသည်။ ကျွန်မ၏ ကိုယ်ပိုင်ဇာတိမြို့က လေယူ လေသိမ်းဖြင့်၊ သူတို့က ကျွန်မကို နာမည်နှင့်ခေါ်ပြီး ကျွန်မဖက်တွင် သူတို့ရှိသကဲ့သို့ ထင်ရအောင် ကြိုးစားခဲ့ကြသည်။ ထိုလူက သူကိုယ်သူ ပြည်သူ့လုံခြုံရေး ဌာန ဘာသာရေး ဌာနစိတ်၏ အကြီးအကဲအဖြစ် မိတ်ဆက်ခဲ့ပြီး၊ “ရဲစခန်းက ရဲအရာရှိတွေက မင်းတို့နဲ့ပတ်သက်တဲ့ သတင်း အချက်အလက်တွေ စုဆောင်းနှင့်ပြီးပြီ။ မင်းတို့ လုပ်ခဲ့တာက တကယ်တော့ မကြီးလေးပါဘူး၊ ပြီးတော့ ငါတို့ မင်းတို့ကို အိမ်ပြန်ခေါ်သွားဖို့ ဒီကို အထူးခရီးစဉ်တစ်ခုနဲ့လာတာ။ ငါတို့ အဲဒီကိုရောက်တဲ့အခါ အရာအားလုံးကို မင်းတို့ ပြောမယ်ဆိုရင်၊ မင်းတို့ အဆင်ပြေမယ်” ဟု ပြောလေသည်။ သူတို့မှာ မည်သည့် လှည့်ကွက်မျိုးကို လျှို့ဝှက်စီစဉ်ထားသည်ကို ကျွန်မ မသိခဲ့ပါ၊ သို့သော် ဤအရာ သူပြောသည်ကို ကျွန်မ ကြားသည့်အခါ၊ မျှော်လင့်ခြင်း ရောင်ခြည်တစ်ခုက ကျွန်မ၏နှလုံးသားထဲ ဝင်ရောက်လာခဲ့သည်။ ကျွန်မက- “ငါ လာခဲ့တဲ့နေရာက ဒေသခံတွေက လူကောင်းတွေပဲ၊ ဒီတော့ ငါ သူတို့ကို ဘာမှမပြောရင်တောင် သူတို့ကို ငါ့ကို လွတ်ပေးကောင်း လွတ်ပေးနိုင်တယ်။” ဟု မိမိဘာသာ တွေးမိခဲ့သည်။ သို့သော်၊ ကျွန်မ၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်လျက်၊ ကျွန်မတို့၏ ဇာတိမြို့ကို ကျွန်မတို့ ဦးတည်နေသည်နှင့်အမျှ၊ ရဲများသည် သူတို့၏ အမှန်တကယ် သားရဲနှင့်တူသော သဘာဝများကို ဖော်ထုတ်ပြခဲ့ကြပြီး ကျွန်မ၏ အိမ်တံခါးသော့များကို လွှဲအပ်ခိုင်းဖို့ အတင်း ကြိုးစားခဲ့ကြသည်။ သူတို့က ကျွန်မ၏ နေအိမ်ကို ရှာဖွေလိုပြီး၊ ထိုနေရာတွင် ကျွန်မရှိသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော စာအုပ်များ နှင့် ညီအစ်ကို မောင်နှမများ၏ အမည်စာရင်းများအကြောင်းကို ကျွန်မ တွေးမိခဲ့သည်။ ထို့ကြောင့်၊ ဘုရားသခင်ထံ ကျွန်မ လေးနက်သည့် ဆုတောင်းချက်တစ်ခု ဆိုခဲ့ပါသည်- “အို အနန္တတန်ခိုးရှင် ဘုရားသခင်။ စာတန်၏ လက်ထဲ မကျရောက်ဖို့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော် များနှင့်ဆိုင်သည့် စာအုပ်များနှင့် အိမ်တွင် ကျွန်မ ရှိထားသည့် စာရင်းများကို ကျေးဇူးပြုပြီး ကွယ်ကာပေးတော်မူပါ...။” ကျွန်မ၏ သော့များကို လွှဲအပ်ဖို့ ကျွန်မ ငြင်းဆန်ခဲ့သည်။ ရဲများက ကျွန်မ၏ အဆောက်အဦးဆီ မောင်းပို့ခဲ့ ကြပြီး ကျွန်မ၏ တိုက်ခန်းဆီ သူတို့ ဒေါသတကြီးသွားကြစဉ် ကျွန်မကို ကားထဲတွင် ပိတ်လှောင်ထားခဲ့ကြသည်။ ကားထဲတွင် ကျွန်မ ထိုင်နေစဉ်၊ ဘုရားသခင်ထံ ကျွန်မ အဆက်မပြတ် ဆုတောင်းခဲ့ပြီး၊ ကုန်လွန်ခဲ့သည့် စက္ကန့်တိုင်းက အလွန်အမင်း စိတ်ဆင်းရဲ စရာတစ်ခု ဖြစ်ခဲ့သည်။ အချိန်တော်တော် ကြာပြီးနောက်၊ ရဲများ ပြန်လာကြပြီး၊ “မင်းက အရမ်း အတယ်၊ သိလား။ မင်းရဲ့နေရာမှာ စာအုပ်တစ်ခုမှ မရှိဘူး၊ ဒါတောင် မင်းက အဲဒီ အသင်းတော်က လူတွေကို ကူညီဖို့ အရမ်းကြိုးစားနေတယ်” ဟု ဒေါသတကြီး ပြောလေသည်။ သူတို့ ဤအရာ ပြောသည်ကို ကျွန်မ ကြားသည့် အခါ၊ ကျွန်မ၏ ကြောင့်ကြလျက်ရှိသော စိတ်နှလုံးက နောက်ဆုံးတွင် စတင် သက်သောင့်သက်သာ ဖြစ်လာခဲ့ပြီး ဘုရားသခင်ကို သူ၏ ကွယ်ကာခြင်း အတွက် ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့သည်။ ကျွန်မ၏ အိမ်ထဲတွင် ရဲများက မည်သည့်စာအုပ်မျှ ရှာမတွေ့ခဲ့ဘဲ၊ ငွေသား ယွမ် ၄၀၀၀ ကျော်၊ လက်ကိုင်ဖုန်းတစ်လုံး နှင့် ကျွန်မနှင့် ကျွန်မ မိသားစုတို့၏ ဓါတ်ပုံများ အားလုံးကိုသာ သူတို့ ယူခဲ့ကြသည်ကို ထို့နောက်တွင်မှ ကျွန်မ သိခဲ့ရသည်။ ကံကောင်းစွာပင်၊ ထိုနေရာသို့ ရဲများရောက်လာသည့်အချိန်တွင် ကျွန်မ၏ ညီမ ရှိနေခဲ့ပြီး သူတို့ ထွက်သွားကြသည်နှင့်တပြိုင်နက်၊ သူက ထိုနေရာတွင် ကျန်ခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆိုင်သော စာအုပ်များ အားလုံးနှင့် ယုံကြည်ခြင်း စာပေများကို ဘုရားကျောင်းဆီ လွဲအပ်ဖို့ အပြေးအလွှား သွားခဲ့သည်။ နောက်တစ်နေ့တွင်၊ နေရာကို ပြန်ရှာဖို့ ရဲများ ပြန်သွားခဲ့သော်လည်း သူတို့ လက်ချည်းသက်သက်ဖြင့် နောက်တစ်ဖန် ထွက်သွားကြရသည်။

ညနေရောက်လာသည်နှင့်၊ ရဲများက ကျွန်မကို နယ်ခံရဲစခန်းဆီ ခေါ်သွားခဲ့ကြပြီး ယခင်က ကျွန်မ အမေးခံခဲ့ရသည့် မေးခွန်းများကိုပင် ကျွန်မကို ဆက်မေးခဲ့ကြသည်။ ကျွန်မ စကားမပြောသေးသည်ကို မြင်သည့် အခါ၊ ကျွန်မကို ဖျောင်းဖျရန် ကြိုးစားဖို့ ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်မှ သင်းအုပ်ဆရာမတစ်ဦးကို ခေါ်ခဲ့ကြသည်။ “ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်ထဲက ခရစ်ယာန်တစ်ဦး မဟုတ်ရင်၊ ရှင်က လမ်းမှားကို လျှောက်နေတာပဲ” ဟု သူမက ပြောလေသည်။ ကျွန်မ သူ့ကို လျစ်လျူရှုခဲ့ပြီး၊ ကျွန်မ နှလုံးသားကို ကွယ်ကာပေးဖို့ ဘုရားသခင်ကိုသာ တိတ်ဆိတ်စွာ ဆုတောင်းခဲ့သည်။ ဘုရားသခင်ကို သူမက အကြောင်းမဲ့သက်သက် စတင် အသရေဖျက်ပြီး ပြစ်မှားစော်ကားသည်အထိတိုင် သူမ စကားပိုပြောလေလေ၊ သူမ၏ ပြောဆိုချက်များက ပိုမိုလက်မခံနိုင်ဖွယ်ဖြစ်လာခဲ့သည်။ မခံမရပ်နိုင် ဖြစ်ခြင်းဖြင့် ပြည့်လျက် ကျွန်မက၊ “ဆရာမ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆရာမက ထင်ရာမြင်ရာ ရှုတ်ချပေမဲ့၊ ဗျာဒိတ်ကျမ်းက၊ ‘အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင်။ (ဗျာဒိတ်ကျမ်း ၁:၈) လို့ အရမ်းကို ရှင်းရှင်းလင်းလင်း ဖော်ပြတယ် မဟုတ်လား။ ဘုရားသခင်ကို အဲဒီလို မဆင်မခြင် ရှုတ်ချလို့ သန့်ရှင်းသော ဝိညာဉ်တော်ကို အစ်မ ပုန်ကန်ပြစ်မှားမိမှာ မကြောက်ဘူးလား။ တစ်ချိန် တုန်းက သခင်ယေရှုက၊ ‘သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသော သူ၏ အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။(ရှင်မဿဲခရစ်ဝင် ၁၂:၃၂) လို့ ပြောခဲ့တယ်။ ဆရာမ မကြောက်ဘူးလား” ဟု ကျွန်မ ပြန်ပြောခဲ့သည်။ သင်းအုပ်ဆရာမမှာ အာစေးမိသွားခဲ့ပြီး ထိုသို့ ပြစ်တင်ကြိမ်းမောင်း ပြီးနောက်တွင် ထွက်သွားရုံသာ တတ်နိုင်ခဲ့သည်။ ကျွန်မ နှလုံးသားထဲတွင်၊ ဤအတားအဆီးအပေါ် အောင်နိုင်ရန် ကျွန်မကို ဦးဆောင်ခဲ့ ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်မိခဲ့ပါသည်။ သူတို့၏ အကြံ အလုပ်မ ဖြစ်သည်ကို မြင်သည့်အခါ၊ စာရွက်တစ်ရွက်ပေါ်တွင် တစ်စုံတစ်ခုရေးချရန် ရဲများက ကျွန်မကို ခိုင်းခဲ့ကြသည်။ ဤအရာကို အဘယ်ကြောင့် သူတို့ လုပ်ခိုင်းသည်ကို ကျွန်မ သဘောမပေါက်နိုင်ခဲ့ပါ၊ ထို့ကြောင့် ဘုရားသခင်ထံ ကျွန်မ တိတ်ဆိတ်စွာ ဆုတောင်းခဲ့သည်။ ထို့နောက် ဤအရာမှာ စာတန်၏ ကောက်ကျစ်သော အကြံအစည်များထဲမှ တစ်ခုဖြစ်သည်ကို ကျွန်မ နားလည် ခဲ့ပြီး ကျွန်မ စာမရေးတတ်ဟု ဆိုရင်း တစ်လုံးလောက် ရေးသားဖို့ပင် ကျွန်မ ငြင်းခဲ့သည်။ သူတို့က ကျွန်မကို တစ်စုံတစ်ခု ရေးခိုင်းရခြင်း အကြောင်း အရင်းမှာ ကျွန်မ၏ လက်ရေးကို စစ်ဆေးနိုင်ပြီး၊ ထိုသို့ဖြင့် ကျွန်မတို့ စုဝေးရာနေရာတွင် တွေ့သည့် မှတ်စုစာအုပ်များသည် ကျွန်မ ရေးထားခြင်း ဖြစ်ကြောင်း အတည်ပြုနိုင်ပြီးနောက်၊ ဤအရာကို အသုံးပြုပြီး ကျွန်မကို စွဲချက်တင်ဖို့ဖြစ်ကြောင်း နောက်ပိုင်းတွင် ရဲအရာရှိနှစ်ဦး စကားစမြည် ပြောခြင်းမှ ကျွန်မ သိခဲ့ရသည်။ ထိုအရာရှိများသည် ယုံကြည်သူ များကို နှိပ်စက်ညှင်းပန်းဖို့ရန်အလို့ငှာ မည်သည့်အတိုင်း အတာထိ မဆို သွားပြီး သူတို့ တွေးနိုင်သည့် မည်သည့် လက်သီးပုန်းထိုးသည့် နည်းစနစ်ကိုမဆို ပါဝင် လုပ်ဆောင်နိုင်စွမ်းရှိကြသည့် တရုတ်ကွန်မြူနစ်ပါတီ အားဖြင့် လေ့ကျင့်ပေး ထားသော နောက်လိုက်ခွေးများနှင့် လက်ပါးစေ များထက် ဘာမျှမပိုကြောင်းကို ကျွန်မကို ဤအရာက ပြသခဲ့သည်။ သူတို့သည် အလွန် ကောက်ကျစ်သည်။ ဉာဏ်နီဉာဏ်နက်များသည်။ ဆိုးယုတ်ပြီး မုန်းတီးဖွယ် ဖြစ်လေသည်။ ဘုရားသခင်ကို ယုံကြည်သူတို့အား နှိပ်စက် ညှဉ်းပန်းသည့် တရုတ်ကွန်မြူနစ် ပါတီ အစိုးရ၏ နောက်လိုက်ခွေးများ၏ မသတီစရာ မျက်နှာများကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ရသည်နှင့် တစ်ပြိုင်နက်၊ ကျွန်မ တိတ်ဆိတ်စွာ သန္နိဌာန် ချမှတ်ခဲ့ပါသည်။ ကျွန်မ ဘယ်သောအခါမျှ စာတန်ကို ဒူးထာက် မည်မဟုတ်၊ သို့မဟုတ် စာတန်ကို အကြိုက်လိုက်မည်မဟုတ်ပါ။

သူတို့က ညသန်းခေါင်ဝန်းကျင်အထိ နာရီပေါင်းများစွာ ကျွန်မကို မေးခွန်းများ မရပ်မနားမေးခဲ့ကြသော်လည်း၊ ဘာသာရေး ဋ္ဌာနစိတ်၏ အကြီးအကဲက ကျွန်မ ထံမှ ဘာမျှ မရခဲ့ပါ။ ဗြုန်းခနဲ၊ သူသည် မထိန်းနိုင် မသိမ်းနိုင် ငမ်းငမ်းတက် ဆာလောင်နေသော သားရဲတစ်ကောင်အဖြစ် ပြောင်းလဲ သွားပုံရပြီး ကျွန်မကို၊ “သေစမ်း။ ငါက ည ၁၁ နာရီမှာ အလုပ်သိမ်း ဖို့ပဲ။ မင်း ဘယ်လောက်ဒုက္ခပေးလဲဆိုရင် ငါဒီမှာ နေခဲ့ရတယ်လေ၊ ပြီးတော့ အဲဒီအတွက် မင်းကို ငါ ဒုက္ခမခံခိုင်းရင်၊ မင်းက အခြေအနေကို အပြည့်အဝ နားလည်မှာ မဟုတ်ဘူး” ဟု ဒေါသတကြီး ကျွန်မကို အော်ဟစ်လေသည်။ ဤအရာကို သူပြောသည်နှင့်အညီ၊ ကျွန်မ၏ ညာလက်ကို စားပွဲပေါ် ဆွဲတင် လိုက်ပြီး ခပ်တင်းတင်း ဖိချလိုက်သည်။ ထို့နောက် အချင်း ငါး စင်တီမီတာ ခြောက်စင်တီမီတာခန့်ရှိသည့် ထူသည့် တုတ်တစ်ချောင်းကို ကောက်ယူလိုက်ပြီး ကျွန်မ၏ လက်ကောက်ဝတ်ကို ပြင်းပြင်း ရိုက်ချလိုက်သည်။ ပထမ ရိုက်ချက် ပြီးနောက်၊ ကျွန်မ၏ လက်ကောက်ဝတ်ထဲက အဓိက သွေးပြန်ကြောများ ရောင်လာခဲ့ပြီးနောက်၊ အနီးဝန်းကျင်က ကြွက်သားများလည်း စတင် ရောင်ကိုင်းလာခဲ့သည်။ ကျွန်မ နာကျင်စွာ အော်ပြီး၊ ကျွန်မလက်ကို ပြန်ရုတ်ရန် ကြိုးစားခဲ့သော်လည်း၊ သူက တင်းကျပ်စွာ ချုပ်ထားသည်။ ကျွန်မကို ရိုက်နေစဉ် သူက၊ “ဒါက စာရေးဖို့ ငြင်းတဲ့အတွက်ပဲ။ ဒါက စကားပြောဖို့ ငြင်းတဲ့အတွက်။ နောက်ထပ် ဘယ်တော့မှ စာမရေးအောင် မင်းကို ငါ အရမ်းကို ပြင်းပြင်းလေး ရိုက်ပေးမယ်” ဟု အော်ဟစ်လေသည်။ ထိုသို့ ကျွန်မ၏ လက်ကောက်ဝတ်ကို သူက ငါး မိနစ် ခြောက်မိနစ်ကြာ ဆက်ရိုက် နေပြီး နောက်ဆုံးတွင် ရပ်လိုက်လေသည်။ ထိုအချိန်တွင်၊ ကျွန်မ၏ လက်က ရှောက်ခါးသီးကြီးလို ရောင်ကိုင်းခဲ့ပြီး သူ ကျွန်မကို လက်လွတ်လိုက်သည့်အခါ၊ ကျွန်မ၏ လက်ကို နောက်ကျောသို့ လျင်လျင်မြန်မြန် ကျွန်မ ရုတ်လိုက်သည်။ သို့သော် ဆိုးယုတ်သော ရဲက ကျွန်မ၏ နောက်သို့ သွားပြီး ကျွန်မ၏ လက်များကို ဖမ်းဆုပ်ကာ လေထဲတွင် ဆွဲသည်နှင့်အညီ နှစ်ဖက်လုံးကို သူတို့ ကသုတ်ကရက် ရိုက်နှက်နေကြစဉ်၊ “မင်းက မင်းရဲ့ ဘုရားအတွက် ကိစ္စတွေ ကိုလုပ်ဖို့ ဒီလက်တွေကို သုံးတယ်၊ ဟုတ်တယ်နော်။ ငါ ဒါတွေကို ချိုးမယ်၊ မသန်မစွမ်းဖြစ်အောင်လုပ်မယ်၊ ပြီးတော့ အဲဒီနောက် ဘယ်အရာကိုမဆို မင်း ဘယ်လိုလုပ်တယ်ဆိုတာ ကြည့်ရအောင်။ အဲဒီနောက် မင်းကို အဲဒီ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေက မင်းကို နောက်ထပ်လိုချင် သေးလားဆိုတာ ငါတို့ မြင်ရမှာပါ” ဟု ပြောလေသည်။ ဤအရာ သူပြောသည်ကို ကြားရခြင်းက ကျွန်မကို ဤဆိုးယုတ်သော ရဲအဖွဲ့အတွက် မုန်းတီးမှုဖြင့် ပြည့်ကျန်ရစ်စေခဲ့သည်။ သူတို့ အလွန်မလျော်ကန်စွာ ပြုမူကြပြီး ကောင်းကင်ဘုံကို ဆန့်ကျင်လျက် လုပ်ဆောင်ကြလေသည်။ သူတို့က တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ကျွန်များဖြစ်ဖို့နှင့် ၎င်းအတွက် အလွန် ကြိုးစားအလုပ်လုပ်ကြဖို့သာ လူတို့ကို ခွင့်ပြုကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ဖို့ သို့မဟုတ် ဖန်ဆင်းရှင်ကို ကိုးကွယ်ဖို့ လူတို့ကို ခွင့်မပြုကြချေ။ ကျွန်မကို ဘုရားသခင်ကို အတင်းအကျပ် သစ္စာဖောက်ခိုင်းဖို့ ကြိုးစားရာတွင်၊ ထိုရဲသည် ရက်စက်သော ညှင်းပန်းမှုဖြင့် ကျွန်မကို ညှင်းဆဲခြင်းနှင့် ပတ်သက်ပြီး ထိုအချိန်က မည်သို့မျှ ဒွိဟဖြစ်ခြင်းများ မရှိခဲ့ပါ။ ၎င်းတို့သည် လူ့အသွင်ဖြင့် သားရဲများနှင့် မကောင်းဆိုးဝါးတစ်အုပ် ဖြစ်ပြီး အလွန်ဆိုးယုတ် ကာ ဖောက်ပြန်ရေးဝါဒီဖြစ်လေသည်။ ထိုသို့သော နည်းလမ်းဖြင့် ရဲများက ကျွန်မကို သုံးကြိမ်ရိုက်နှက်ခဲ့သည်။ ကျွန်မ၏ လက်များနှင့် လက်မောင်း များက အညိုအမဲ စွဲအောင် ရိုက်နက်ခံခဲ့ရပြီး၊ ကျွန်မ၏ လက်ကောက်ဝတ် များနှင့် ကျွန်မ၏ လက်ဖမိုးများမှာ အလွန်ရောင်ကိုင်းသည်မှာ ပေါက်ထွက် တော့ မည်ပုံရလေသည်- နာကျင်မှုက မခံနိုင်အောင် ဖြစ်ခဲ့သည်။ အလွန်အမင်း နာကျင်မှုတွင် ကျွန်မ အားအင်လျော့လာနေသည်နှင့်အမျှ၊ ဘုရား နှုတ်ကပတ်တော်များ၏ ဓမ္မသီချင်းမှ စာကြောင်းအနည်းငယ် ကျွန်မ စိတ်ထဲ ပေါ်လာခဲ့သည်- “ထို့ကြောင့် နောက်ဆုံးသော ကာလတွင် သင် တို့ သည် သက်သေခံရမည်။ သက်သေခံရမည်။ ဘယ်လောက်များ သင်ဝေဒနာခံစားရပါစေ၊ သင် သင်အသက်ရှင်နေသရွေ့ ဘုရားအပေါ် ဆက်လက်သစ္စာရှိလျက် ခစားပါ။ ဒါဟာ ဘုရားကိုအမှန်ချစ်ခြင်း၊ ခိုင်မာ သောသက်သေဖြစ်တယ်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “သင်၏ ဒုက္ခမည်မျှပင်ကြီးပါစေ၊ ဘုရားကို ကြိုးစားချစ်ပါ”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်နှလုံးကို လှုံ့ဆော်ခဲ့ပြီး၊ “အဲဒါမှန်တယ်။ ဘုရားသခင်က ငါတို့ကို ကယ်တင်ဖို့ နေ့နေ့ ညည မပင်မပန်း အလုပ်လုပ်တယ်။ သူ ငါတို့ကို စောင့်ရှောက်ပြီး ငါတို့နဲ့ အမြဲနေတယ်၊ ပြီးတော့ အကန့်အသတ်မဲ့ ချစ်ခြင်းမေတ္တာနဲ့ ကရုဏာတော် တွေကို ငါတို့ကို သူ ပြတယ်။ အခု၊ စာတန်က ဘုရားသခင်ကို သစ္စာဖောက်ဖို့ နဲ့ ငါ့ညီအစ်ကိုမောင်နှမတွေကို ဖော်ကောင်လုပ်ဖို့ တို့ကို ငါ့ကို အတင်းအကျပ် ခိုင်းဖို့ ကြိုးစားနေတဲ့အချိန်မှာ၊ သူ့အတွက် သစ္စာရှိပြီး ထူးကဲတဲ့သက်သေကို ငါခံမယ်လို့ ဘုရားသခင်က ထက်သန်စွာ မျှော်လင့်နေတယ်။ ငါ ဘာလို့ သူ့ကို စိတ်ပျက်စေနိုင်မှာလဲ ဒါမှမဟုတ် ဘာလို့ သူ့ကို နာကျင်စေနိုင်မှာလဲ” ဟု ကျွန်မ တွေးမိသည်။ ဤအရာကို စဉ်းစား ရင်းဖြင့်၊ ကျွန်မ၏ မျက်ရည်များကို ကျွန်မ ပြန်ထိန်းလိုက်ပြီး ကြံ့ကြံ့ခံရန်နှင့် မကြောက်ရန် သို့မဟုတ် သူရဲဘော မကြောင်ရန် မိမိကိုယ်ကိုယ် ပြောခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက အလွန်ရက်စက်စွာ ကျွန်မကို နှိပ်စက်ကာ ထိခိုက်စေသည်မှာ ကျွန်မကို ပုဂ္ဂိုလ်ရေးအရ မုန်းတီးသောကြောင့် မဟုတ်ဘဲ၊ ယင်း၏ ဘုရားသခင်ကို အာခံသော၊ ဘုရားသခင်ကို မုန်းတီးသော အနှစ်သာရ ကြောင့် ဖြစ်ပါသည်။ ထိုသို့သော နည်းလမ်းဖြင့် ကျွန်မကို ဆက်ဆံရာတွင် သူ၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်ကာ ငြင်းပယ်စေဖို့ ဖြစ်ပြီး၊ ယင်း၏ ထိန်းချုပ်မှုနှင့် ကျွန်မကို ကျွန်ပြုခြင်းအား ထာဝရ လက်ခံစေဖို့ဖြစ်သည်။ သို့သော်၊ ကျွန်မ ဘယ်သောအခါမျှ အလျှော့မပေး နိုင်ဘဲ၊ ဘုရားသခင် ဘက်တွင် ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်ပြီး စာတန်ကို အရှက်ရစေရမည်ကို ကျွန်မ သိခဲ့သည်။ ထိုဓမ္မသီချင်းကို ကျွန်မစိတ်ထဲတွင် ထပ်ခါ ထပ်ခါ သီဆိုခဲ့ပြီး၊ ကျွန်မ၏ ဝိညာဉ် တဖြည်းဖြည်း ပို၍ ခွန်အား တိုးပွားလာသည်ကို ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မကို ရိုက်နှက်ပြီးနောက်၊ ထိုဆိုးယုတ်သော ရဲသည် ကျွန်မကို စောင့်ကြပ်ဖို့ ရဲအချို့ကို အမိန့်ပေးခဲ့ပြီး ကျွန်မကို တစ်ညလုံး မအိပ်စေဘဲ ထိန်းထားခြင်းဖြင့် သူတို့ အဆုံးသတ်ခဲ့သည်။ ကျွန်မ၏ မျက်လုံးများ စတင်မှိတ်သည်ကို သူတို့ မြင်လျှင်ပင်၊ ကျွန်မကို သူတို့ အော်ဟစ်ခဲ့ကြသည်၊ သို့မဟုတ် ကျွန်မကို ကန်ကျောက်ခဲ့သည်။ သို့သော် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် ကျွန်မ တို့ထိခံရသည့် အားလျော်စွာ၊ သူ့တို့ကို ကျွန်မ အရှုံးမပေးခဲ့ပါ။

နောက်တစ်နေ့တွင်၊ ဘာသာရေး ဋ္ဌာနစိတ်၏ အကြီးအကဲက ကျွန်မကို မေးမြန်းရန် တစ်ဖန်ပြန်လာခဲ့သည်။ ကျွန်မ စကားမပြောသေးသည်ကို မြင်သည့်အခါ၊ တုတ်တစ်ချောင်းကို သူ ဖမ်းကိုင်လိုက်ပြီး ကျွန်မ၏ ပေါင်များကို ပြင်းထန်စွာ ဖြတ်ရိုက်ခဲ့သည်။ ရိုက်ချက်အချို့ပြီးသည့်နောက်၊ ကျွန်မ၏ ခြေထောက်များ စတင်ရောင်ကိုင်းလာခဲ့သည်မှာ ကျွန်မ၏ ဘောင်းဘီက ရောင်ကိုင်းသည့် ကျွန်မ၏ ခြေထောက်ဝန်းကျင်တွင် စတင် တင်းကျပ်လာ ခဲ့သည်ကို ကျွန်မ ခံစားရလေသည်။ အခြားသော ဆိုးယုတ်သည့် ရဲတစ်ဦးက “မင်း ယုံကြည်တဲ့ ဘုရားသခင်က အရမ်းကြီးမြတ်တယ်ဆိုရင်၊ မင်းကို ငါတို့ နှိပ်စက်နေတာ အခု သူက ဘာလို့ လာပြီး မင်းကို မကူညီတာလဲ” ဟု ကျွန်မကို မခံချင်အောင် ထိကပါးရိကပါးပြောရင်း အခြားတစ်ဖက်တွင် ရပ်နေခဲ့သည်။ ဘုရားသခင်ကို အသရေဖျက်ကာ ပြစ်မှားစော်ကားသည့် အခြားအရာများစွာကိုလည်း သူပြောခဲ့သည်။ ကျွန်မ နာကျင်ထိခိုက်ကာ ဒေါသထွက်ခဲ့ပြီး ကျွန်မ၏ စိတ်နှလုံးထဲတွင်၊ “မင်းတို့ နတ်ဆိုးအုပ်စု၊ မင်းတို့ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေအတိုင်း ဘုရားသခင်က မင်းတို့အပေါ် အတိအကျ ဒဏ်ခတ်လိမ့်မယ်။ အခုက မင်းတို့ကို ဘုရားသခင် ဖော်ထုတ်ပြီး မင်းတို့ရဲ့ ဆိုးယုတ်တဲ့ လုပ်ရပ်တွေရဲ့ အချက်အလက်တွေကို စုစည်းတဲ့အချိန်ပဲ” ဟူသော အတွေးဖြင့် သူ၏ ပြစ်မှားစော်ကားမှုများကို ကျွန်မ တုန့်ပြန်ခဲ့သည်။ ထို့နောက် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့သည်- “နှစ်ထောင်ပေါင်းများစွာကြာသည့် အမုန်းတရားကို နှလုံးသားထဲတွင် စုစည်းထားသည်၊ ထောင်ချီနှစ်ကာလကြာ အပြစ်ရှိခြင်းကို နှလုံးသားထက်တွင် ရေးထွင်းထားသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ ဘုရားသခင်၏ရန်သူကို လုံးဝ ဇီဝိန်ချုပ်စေလျက် ၎င်းအား နောက်ထပ် သောင်းကျန်းခွင့်မပြုတော့သကဲ့သို့၊ ၎င်းဆန္ဒရှိသလောက် ပြဿနာများ နောက်ထပ် ဖန်တီးခွင့် မပေးတော့ဘဲ ဘုရားသခင်အတွက် လက်စားချေကြလော့။ ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဘုရားသခင်၏ နှုတ်ကပတ်တော် များမှ၊ ကိုယ်တော်၏ အဆောတလျင်ရှိသော အလိုတော်နှင့် ဇောသန်သော တောင်းဆိုချက်ကို ကျွန်မ သတိပြုမိခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ဘုရားသခင်အားဖြင့် ဖျက်ဆီးခံရကိန်းဆိုက်သည်ကို ကျွန်မ နားလည်ခဲ့သည်။ ထိုအချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ရက်စက်သော နှိပ်စက်မှုကို ကျွန်မ ခံခဲ့ရသော်လည်း၊ ဘုရားသခင်၏ ဉာဏ်ပညာသည် စာတန်၏ ကောက်ကျစ်သော အကြံအစည်များပေါ် အခြေပြုကာ ကျင့်သုံးပြီး ၎င်း၏ ဘီလူးသရဲစီးသော အနှစ်သာရကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ အလို့ငှာနှင့် အဆိုးမှ အကောင်းကို ကျွန်မ ခွဲခြားသိမြင်နိုင်ဖို့အလို့ငှာ ကျွန်မကို ဖြစ်ပျက်နေသည့်အရာကို ဘုရားသခင်က အသုံးပြုနေပါသည်။ ထိုသို့ဖြင့်၊ စစ်မှန်သော ချစ်ခြင်းနှင့် စစ်မှန်သော မုန်းတီးခြင်းတို့ ကျွန်မ အတွင်းတွင် ပေါ်ထွက်လာနိုင်ခဲ့သည်။ ထို့နောက် တရုတ်ကွန်မြူနစ်ပါတီ အစိုးရကို ကျွန်မ အပြီးအပြတ် စွန့်လွှတ်ကာ ငြင်းပယ်နိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်အတွက် သက်သေခံပြီး စာတန်ကို အရှက်ရစေနိုင်ဖို့ ဘုရားသခင်ထံ ကျွန်မ၏ နှလုံးသားကို ကျွန်မ လှည့်နိုင်ခဲ့သည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ နားလည်သည်နှင့်တပြိုင်နက်၊ ခွန်အားနှင့်ဆိုင်သည့် ကြီးမားသည့် ခံစားချက် တစ်ခု ကျွန်မအတွင်းတွင် ပေါ်ထွက်လာခဲ့ပြီး ဘုရားသခင်ကို သစ္စာရှိဖို့နှင့် စာတန်ကို စွန့်လွတ်ဖို့ရန် သစ္စာဆိုဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့သည်။ ရက်စက်သော ညှင်းဆဲမှုကို ကျွန်မ အဆက်မပြတ် ခံစားခဲ့ရသော်လည်း၊ ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံးက အားအင် ဆုတ်ယုတ်ပြီး ကျွန်မ၏ ခြေထောက်များက မခံမရပ်နိုင်အောင် နာကျင်သော်လည်း၊ ဘုရားသခင် ကျွန်မကို ပေးသည့် ခွန်အားပေါ် အမှီပြုခြင်းဖြင့်၊ ကျွန်မ မည်သည့်အရာမျှ မပြောဘဲ နေနိုင်ခဲ့သေး၏။ (ကျွန်မ၏ ခြေထောက်များ အညိုအမဲ စွဲအောင် အရိုက်ခံရပြီး ယခုပင်လျှင် ကျွန်မ၏ ညာဖက်ခြေထောက်ရှိ ကြွက်သားများထဲမှ တစ်ခုက ဆက်လက်ချည့်နဲ့နေသညကို ကျွန်မ နောက်မှ သိခဲ့ရသည်။) နောက်ဆုံးတွင်၊ ဘာသာရေး ဋ္ဌာနစိတ်၏ အကြီးအကဲသည် ဘာမျှမတတ်နိုင်ဘဲ စိတ်တိုလျက် ဒေါသတကြီးထွက်သွားခဲ့သည်။

တတိယနေ့တွင်၊ ရဲဆိုးများက ကျွန်မကို တစ်ဖန် စစ်မေးကာ ရိုက်နက်ခဲ့ ကြပြန်ပြီး ကျွန်မကို လုံလောက်သည့် အကြိမ်များစွာ ဆဲဆိုကာ ရိုက်နက်ခြင်းမှ မောပန်းသွားကြချိန်တွင်သာ ရပ်တန့်ခဲ့ကြသည်။ နောက်ပိုင်းတွင်၊ အမျိုးသမီး ရဲတစ်ဦးက ကျွန်မကို ချဉ်းကပ်ပြီး ပူပန်ဟန်ဆောင်လျက်၊ “အရင်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တဲ့သူ တစ်ယောက်ကို ငါတို့ ခေါ်လာခဲ့ ဖူးတယ်။ သူ ငါတို့ကို ဘာတစ်ခုမှ မပြောခဲ့ပဲ၊ ထောင် ဆယ်နှစ် အကျခံခဲ့ ရတယ်။ နှုတ်ဆိတ်နေတာက မင်းကို လုံးဝ ဘယ်လိုအကျိုးပြုလို့လဲ။ ဒီနေရာမှာ မင်း ဆယ်နှစ် အချိန်ဖြုန်းတီးနိုင်တယ်၊ ပြီးတဲ့နောက် မင်း ထွက်လာတဲ့အခါ မင်းရဲ့ ဘုရားသခင်က မင်းကို ဘယ်လိုဘဲဖြစ်ဖြစ် နောက်ထပ် လိုချင်တော့ မှာမဟုတ်သလို၊ နောင်တရဖို့ အရမ်းနောက်ကျသွားလိမ့်မယ်...” ဟု ပြောလေ သည်။ ကျွန်မက စကားပြောလာအောင် သွေးဆောင်ဖို့ ကြိုးစားရန် အခြားအရာ များစွာကို ပြောခဲ့သော်လည်း၊ စာတန်၏ ကောက်ကျစ်သော အကြံအစည် များထဲ သားကောင်အဖြစ် ကျရောက်မသွားစေဖို့ ကျွန်မ၏ စိတ်နှလုံးကို ကွယ်ကာပေးရန် ဘုရားသခင်ကို တောင်းလျှောက်ရင်း ကျွန်မ တိတ်ဆိတ်စွာ ဆက်လက်ဆုတောင်းရုံ ဆုတောင်းနေခဲ့သည်။ ဆုတောင်းပြီးနောက်တွင်၊ ဓမ္မသီချင်းတစ်ပုဒ်က ကျွန်မ၏ စိတ်ထဲ ထင်ဟပ်လာခဲ့သည်။ “ကျွန်တော်ကိုယ်တိုင် ဘုရားသခင်ကို မီအောင်လိုက်ဖို့၊ ကိုယ်တော့်နောက်ကို လိုက်ဖို့ဆန္ဒရှိတယ်။ အခု ဘုရားသခင်က ကျွန်တော့်ကို စွန့်လွှတ်ချင်တယ်။ ဒါပေမဲ့ ကိုယ်တော့်နောက်ကို ကျွန်တော်လိုက်ချင်နေတုန်းပါပဲ။ ကိုယ်တော် ကျွန်တော့်ကို လိုချင်သည် ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ ကိုယ်တော့်ကို ကျွန်တော် ချစ်တုန်းပါပဲ။ အဆုံးမှာ ကိုယ်တော့်ကို ကျွန်တော် ရရှိမှဖြစ်မယ်။ ကျွန်တော့်ရဲ့ နှလုံးသားကို ဘုရားသခင်ကို ပေးအပ်ပါတယ်။ ကိုယ်တော်ဘာပဲလုပ်လုပ် ကျွန်တော့်ဘဝတစ်ခုလုံး ကိုယ်တော့်နောက်ကို လိုက်ပါမယ်။ ဘာပဲဖြစ်နေပါစေ ကျွန်တော် ဘုရားသခင်ကို ချစ်ပြီး ကိုယ်တော့်ကို ရရှိရမယ်။ ကိုယ်တော့်ကို မရမချင်း ကျွန်တော်မနားပါဘူး။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ကိုယ်တော်ကို ချစ်ရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်ပြီ”) “ဟုတ်တယ်” ဟု ကျွန်မ တွေးမိသည်။ “ဒါက ငါ လုပ်ချင်တဲ့အရာ ဖြစ်လို့ အခု ငါက ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်တာဖြစ်တယ်။ ဘုရားသခင်က ငါ့ကို လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ ကိစ္စ မရှိဘူး၊ တကယ့် အဆုံးထိ ဘုရားသခင်နောက်ကို ငါ လိုက်ဦးမှာပဲ။” ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်ကို ရှင်းလင်း ပြတ်သားမှု ယူဆောင်ခဲ့ပြီး ကျွန်မ စိတ်ဓာတ်ကျလာဖို့၊ ဘုရားသခင်ကို ငြင်းပယ်ပြီး နောက်ဆုံးမှာ ယုဒတစ်ဦးကဲ့သို့ ဘုရားသခင်ကို သစ္စာဖောက်ဖို့အလို့ငှာ ကျွန်မနှင့် ဘုရားသခင်ကြား သဘောထား ကွဲလွဲမှုကို ပျိုးပေးဖို့ စာတန်က သူတတ်နိုင်သမျှ လုပ်ဆောင်နေသည်ကို ကျွန်မ နားလည်ခဲ့သည်။ ထို့နောက်တွင်ပင်၊ စာတန်ကို အနိုင်ယူပြီး စာတန်အပေါ် ဘုရားသခင်၏ အောင်နိုင်ခြင်းအဖို့ သက်သေခံချက်တစ်ခု ကျွန်မ ဖြစ်လာနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ သူ့ကို ယုံကြည်ချက် ဆက်ထားဖို့နှင့် သစ္စာရှိမြဲရှိဖို့ ဖြစ်လေသည်။ “ငါထောင် အချခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ၊ ပြီးတော့ ငါ့ရဲ့ အဆုံးသတ် ဘာပဲဖြစ်ဖြစ် အားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်”ဟု ကျွန်မ မိမိဘာသာ စဉ်းစားမိခဲ့သည်။ “ဘုရားသခင်က ငါ့ဘဝကို စီစဉ်ဖို့နဲ့ စီစဉ်ညွှန်ကြားဖို့ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ၊ ငါ့မှာ ဆုံးဖြတ်ခွင့် မရှိဘူး၊ ပြီးတော့ ဘုရားသခင် လုပ်သမျှတိုင်းက ငါ့ကို ကယ်တင်ဖို့ လုပ်ခဲ့တယ်ဆိုတာ ငါ နက်နက်ရှိုင်းရှိုင်း ယုံကြည်တယ်။ ထောင်ထဲမှာ ငါ့ရဲ့ ခန္ဓာကိုယ် သက်သောင့်သက်သာမရှိဘဲ ငါ နေကောင်း နေရနိုင် ပေမဲ့၊ ငါ ရမဲ့အရာက ဝိညာဉ်ရေးရာ အားရကျေနပ်ခြင်းပဲ ဖြစ်တယ်။ ဒါ့အပြင်၊ ဘုရားသခင်ကိုယ်စား ထောင်ကို သွားရတာက ငါ့ရဲ့ ဂုဏ်ဖြစ်မှာပဲ၊ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာရှိခြင်းတွေအတွက် ငါ့ရဲ့တပ်မက်ခြင်းအဖို့ ဘုရားသခင်ကို ငါ သစ္စာဖောက်ရင်တော့၊ သမာဓိနဲ့ သိက္ခာအားလုံးကို ငါ ဆုံးရှုံးမှာဖြစ်ပြီး ငါ့ရဲ့ အသိစိတ်က ငြိမ်သက်ခြင်းကို ဘယ်တော့မှ ပြန်သိရတော့မှာမဟုတ်ဘူး။” ထို့ကြောင့် တိတ်ဆိတ်စွာ သန္နိဌာန် ချမှတ်ခဲ့သည်။ ငါ ထောင်ကျခဲ့ရင်တောင်၊ အဆုံးထိ ဘုရားသခင်ကို ဆက်သစ္စာရှိမယ်။ စာတန်က အပြီးအပြတ် အရှက်ရပြီး ရှုံးနှိမ့်ဖို့ ဘုရားသခင်ကို ငါ့ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ငါ ဆက်ကပ်တယ်။ ဆိုးယုတ်သော ရဲသည် ကျွန်မအပေါ် ရဲကောင်းနှင့် ရဲဆိုး လုပ်ရိုးလုပ်စဉ် နှစ်ခုလုံးကိုကြိုးစားခဲ့ပြီး၊ ကျွန်မကို သုံးရက်နှင့် သုံးည ရက်စက်သော ညှဉ်းပန်းမှုများကို ခံစေခဲ့သော်လည်း၊ ကျွန်မထံမှ သဲလွန်စုများကို မရရှိခဲ့ကြပါ။ ရွေးချယ်စရာကုန်သွားလျက်၊ သူတို့ လုပ်နိုင်သမျှမှာ ဖွတ်ဖွတ်ကြေကာ ပွန်းပဲ့ဒဏ်ရာရလျက်ရှိသည့် ကျွန်မကို ခေါ်သွားပြီး ထိန်းသိမ်းရေး စခန်းတွင် သော့ခတ်ပိတ်ထားရုံသာ သူတို့ တတ်နိုင်ခဲ့ကြသည်။ သူတို့ ကျွန်မကို ပိတ်ထားစဉ်၊ ရဲများထဲမှ တစ်ဦးက၊ “ငါတို့ မင်းကို ခဏအမောဖြေခွင့်ပေးလိုက်ဦးမယ်၊ ပြီးတဲ့နောက် မင်းကို ပြန်ပြီး စစ်မေးမယ်” ဟု မလိုမုန်းထားစွာ ပြောလေသည်။

ငါးရက်ကြာပြီးသည့်နောက်၊ ဆိုးယုတ်သော ရဲများက ကျွန်မကို မေးခွန်းမေးဖို့ နောက်တစ်ဖန် လာခဲ့ကြသည်၊ ဤတစ်ကြိမ်တွင်မှ ကျွန်မကို အားပျော့သွားစေအောင် အလှည့်ကျ ဆောင်ရွက်ကြလေသည်။ အလွန်အေးစက် နေသည့် သတ္တုကုလားထိုင်တစ်ခုပေါ်တွင် ထိုင်ဖို့ ကျွန်မကို သူတို့ အမိန့်ပေး ခဲ့ပြီးနောက်၊ ထိုကုလားထိုင်ဖြင့် ကျွန်မ၏ ညာလက်ကို လက်ထိပ်ခတ် ခဲ့ကြသည်။ ကျွန်မကို လှုပ်ရှားမှုကို တားဆီးဖို့ မြေပြင်အထက်တွင် ကျွန်မ၏ ခြေထောက်များ တွဲလောင်းဆွဲလျက်သား ကျွန်မ၏ ရင်ဘတ်ရှေ့တွင် သတ္တုချောင်းတစ်ခု တပ်ထားခဲ့သည်။ ကျွန်မ တစ်စက်မျှ မလှုပ်ရှားနိုင်စေဖို့ ထိုသို့ သူတို့ လုပ်ခဲ့ကြခြင်းဖြစ်ပြီး မကြာမီ၊ ကျွန်မ၏ လက်နှင့် ခြေများနှစ်ခုလုံး ထုံသွားခဲ့သည်။ ဆိုးယုတ်သော ရဲက ကျွန်မကို၊ “ဒီကုလားထိုင်မှာ သံကြိုးနဲ့ အချည်ခံခဲ့ရဖူးတဲ့လူတိုင်း သူတို့ သိသမျှ ငါတို့ကို ပြောပြရတာနဲ့ အဆုံးသတ်ရ တာချည်းပဲ။ တစ်ရက်နဲ့ မင်းမပြောရင်၊ ဒီမှာ နှစ်ရက် မင်း သံကြိုးနဲ့ အချည်ခံရမယ်။ နှစ်ရက်နဲ့ မင်း စကားစမပြောရင်၊ အဲဒါက သုံးရက်ဖြစ် သွားမယ်။ မင်းဆီက ငါ အများကြီး မလိုချင်ပါဘူး။ မင်းရဲ့ အသင်းတော်ထဲမှာ ဘယ်သူတွေက ခေါင်းဆောင်လဲဆိုတာကိုပဲ ငါ့ကို မင်း ပြောစေချင်တယ်” ဟု ပြောလေသည်။ ကျွန်မကို ခွန်အားပေးခြင်းအတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်၊ တစ်လျှောက်လုံး အတွေးတစ်ခုသာ ကျွန်မ ဖက်တွယ်ခဲ့သည်- ကျွန်မ မည်သူ့ကိုမျှ သစ္စာဖောက်မည် မဟုတ်ပါ။ ကျွန်မကို ထပ်တလဲလဲ သူတို့ မေးမြန်းခဲ့ကြသည်၊ ကျွန်မကို စားဖို့ ဘာမျှ သူတို့ မပေးကြသလို၊ သောက်ဖို့ပင် ဘာတစ်ခုမျှ မပေးကြပါ၊ ပြီးလျှင် သန့်စင်ခန်းကို ကျွန်မကို အသုံးပြုခွင့် မပေးခဲ့ကြပါ။ ထိုညနေတွင်၊ ကျွန်မ အိပ်မောကျရာမှ တားဆီးဖို့ရန်၊ သူတို့က ကျွန်မကို လက်တစ်ဖက်ကို ကုလားထိုင်ဆီ ဆက်လက် လက်ထိပ်ခတ်ထားသော်လည်း သူတို့ ဆက်လက် မေးမြန်းကြစဉ် ကုလားထိုင် ဘေးတွင် ကျွန်မကို ရပ်စေခဲ့သည်။ ကျွန်မ ခြေကုန်လက်ပန်းကျသလို ဆာလည်းဆာလောင်ခဲ့ပြီး ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံသွားခဲ့သည်။ ကျွန်မ မိမိဘာသာ လုံးဝ မရပ်နိုင်ခဲ့သလို၊ ကုလားထိုင်ကို မှီထားခြင်းဖြင့်သာ ကျွန်မ လုံးဝ ဆက်ရပ်နေနိုင်ခဲ့သည်။ သို့သော် ကုလားထိုင်ကို ကျွန်မ မှီလိုက်သည့် တစ်ခဏ သို့မဟုတ် အိပ်မောကျဖို့ စဉ်းစားလိုသည့် တစ်ခဏတွင်ပင်၊ ရဲတစ်ဦးက ကျွန်မ မျက်နှာရှေ့တွင် ကြိမ်လုံးရှည်တစ်ခုကို ဝှေ့ယမ်းပြပြီး ထိုကြိမ်လုံးနှင့် ကျွန်မကို ရိုက်လေသည်၊ ပြီးလျှင် တစ်ညလုံး ကျွန်မ၏ မျက်လုံးများကို တစ်ချက်ပင် မှိတ်ခွင့်မပေးခဲ့ကြပါ။ ဤအရာက နှစ်ရက်ဆက်ကြာသွားခဲ့ပြီး၊ ကျွန်မ အလွန်အားနည်းလာခဲ့သည်မှာ ကျွန်မ၏ တစ်ကိုယ်လုံး ခွေယိုင်ကာ ချည့်နဲ့လာခဲ့သည်။ သူတို့ ကျွန်မကို မည်မျှကြာကြာ ဆင်းရဲပင်ပန်းမှုဒဏ် ခံစားစေမည်ကို ကျွန်မ မသိခဲ့ပါ။ ထိုအရာကို ကျွန်မ မခံနိုင်မည်ကို၊ ဘုရားသခင်ကို သစ္စာဖောက်ပြီး ယုဒတစ်ဦး ဖြစ်လာမည်ကို ကျွန်မ စိုးရိမ်မိခဲ့သည်၊ ထို့ကြောင့် ဘုရားသခင်ကို အဖန်ဖန် ကျွန်မ အော်ခေါ်မိခဲ့ပါသည်။ “အို ဘုရားသခင်။ ကျွန်မရဲ့ ခန္ဓာက အရမ်းအားနည်းပြီး ကျွန်မရဲ့ ဝိညာဉ်အသက်တာက နုနယ်လွန်းပါတယ်။ ကျေးဇူးပြုပြီး ယုဒတစ်ဦး ဖြစ်လာခြင်းကနေ ကျွန်မကို ထိန်းသိမ်းတော်မူပါ။” ဘုရားသခင်ကို ကျွန်မ အရေးတကြီး ကျွန်မ ခေါ်သည်နှင့်အမျှပင်၊ ဆိုးယုတ်သော ရဲများထဲမှ တစ်ဦးက ဘုရားနှုတ်ကပတ်တော်များ စာအုပ်တစ်အုပ်ကို ထုတ်လိုက်ပြီး ဖတ်လိုက်သည်- “သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည် မဟုတ်ကြောင်းနှင့် ငါ့အပေါ်သစ္စာရှိနေခဲ့သောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) အလင်းရောင် က ကျွန်မ နှလုံးသားထဲတွင် ပြည့်သွားသည်။- ဘုရားသခင်က ကျွန်မကို လမ်းပြနေသည် မဟုတ်ပါလား။ ဘုရားသခင်သည် ကျွန်မအတွက် အမှန်တကယ် မျှော်လင့်ခြင်းနှင့် ပူပန်မှုများဖြင့် ပြည့်သည်ကို ကျွန်မတွေ့ခဲ့ရပြီး၊ ကျွန်မကို ဆက်လက် ကြံ့ကြံ့ခံနိုင်စေဖို့၊ မကောင်းဆိုးဝါး များ၏ ဤအသိုက် ထဲက ဤနေရာတွင် ရှိသည့် ဤဆိုးယုတ်သော ရဲကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မအား ဖတ်ပြဖို့ ဘုရားသခင်က အသုံးပြုခဲ့ပါသည်။ ဤအရာမှတဆင့်၊ ဘုရားသခင်က အခက်အခဲမှတဆင့် သူ့ကို သစ္စာရှိမြဲရှိကြသူတို့ကို သူ ချစ်ကာ ကောင်းချီးပေးပြီး၊ သူ့ကို သစ္စာဖောက် ရလောက်အောင် အားနည်းသူတို့ကို သူ မုန်းကာ ငြင်းပယ်သည်ကို ကျွန်မကို ရှင်းရှင်းလင်းလင်း ပြောနေခဲ့ပေသည်။ သူ၏ ချစ်ခြင်းမေတ္တာနှင့် သနား ကရုဏာ တို့ကို ရင်ဆိုင်ရလျက် ဘုရားသခင်၏ မျှော်လင့်ချက်များနှင့် လျော်ညီ အောင်နေဖို့ ကျွန်မ အဘယ်သို့ ပျက်ကွက်နိုင်မည်နည်း။ ဆိုးယုတ်သော ရဲက ဖတ်ရှုပြီးသည့်အခါ၊ ကျွန်မကို၊ “ဒါက မင်းကို မင်းရဲ့ဘုရားက လုပ်ခိုင်းတဲ့ အရာလား။ အဲဒါက၊ နှုတ်ဆိတ်နေပါပေါ့ ဟုတ်လား” ဟု မေးလေသည်။ ကျွန်မ မဖြေခဲ့ပါ၊ အံ့အားသင့်ဖွယ်ရာပင်၊ ရဲက ကျွန်မ မကြားလိုက်ဟု ထင်ခဲ့သည်၊ ထို့ကြောင့် စာပိုဒ်ကို တစ်ဖန် အကြိမ်များစွာ သူ ဖတ်ခဲ့ပြီး၊ ထိုမေးခွန်းကိုပင် အဖန်ဖန် ကျွန်မကို မေးခဲ့သည်။ ဘုရားသခင်က မည်မျှ အမြော်အမြင်ရှိပြီး တန်ခိုးကြီးမားသည်ကို ကျွန်မ မြင်ခဲ့ရသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆိုးယုတ်သော ရဲက ဖတ်လေလေ၊ နှုတ်ကပတ်တော် တစ်ခုစီက ကျွန်မ၏ စိတ်နှလုံးထဲတွင် ပုံဖော်လာ လေလေ ဖြစ်ပြီး၊ အလားတူ၊ ကျွန်မ၏ ယုံကြည်ခြင်းလည်း တိုး၍ အားကောင်းလာ ခဲ့သည်။ ကျွန်မထံမှ ခံဝန်ချက်တစ်ခု နှိုက်ယူဖို့ရန် ထိုနတ်ဆိုးများက မည်သို့ဘဲ ကြိုးစာနိုင်ပါစေ၊ ကျွန်မ ယုဒတစ်ဦး ဘယ်သောအခါမျှ ဖြစ်လာလိမ့်မည် မဟုတ်ဟု ကျွန်မ သန္နိဌာန်ချခဲ့သည်။

တတိယနေ့တွင်၊ ဆိုးယုတ်သော ရဲများက ကျွန်မ၏ ကျန်ရှိသည့် အင်အားများအားလုံးကို ကုန်ခမ်းစေဖို့ရန်အလို့ငှာ စစ်မေးခန်း အခန်းတစ်ခုမှ နောက်တစ်ခုသို့ သွားရင်း ကျွန်မကို လှေကားများ အတက် အဆင်း လျှောက်စေ ခဲ့သည်။ ဤညဉ်းဆဲမှုက ကျွန်မ၏ ခန္ဓာကိုယ်က လုံးဝ အားကုန်သွားပြီး ကျွန်မ၏ ခြေထောက်များ ချည့်နဲ့သွားကာ လှေကားများကို တက်ဖို့ ခြေထောက် များကို မရန် အလွန်အမင်း ခက်ခဲလာသည်အထိ ဆက်ဖြစ်ခဲ့သည်။ သို့သော်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ပေးခဲ့သည့် ယုံကြည်ခြင်းနှင့် ခွန်အားတို့ကြောင့်၊ ကျွန်မ၏ နှုတ်ကို ဖွင့်ရန် ကျွန်မ ငြင်းဆန်ဆဲ ဖြစ်သည်။ ညရောက်သည်အထိ သူတို့က ကျွန်မကို မေးခွန်းမေးခဲ့ကြသော်လည်း၊ ယင်းအတွက် ဘာမျှပြစရာ မရှိဆဲဖြစ်ပြီး၊ ထို့ကြောင့် သူတို့က၊ “မင်း စကား တစ်ခွန်းမှ မပြောရင်တောင်၊ ငါတို့ မင်းကို စီရင်ချက်ချလို့ရသေးတယ်။ မင်းကို ငါတို့ အမှုဆင်မှာ”ဟု ဆိုရင်း ခြိမ်းခြောက်ခဲ့သည်။ ဤအရာ သူတို့ပြောသည်ကို ကြားရခြင်းက ကျွန်မအထဲတွင် ကြောက်စိတ်အချို့ဖြစ်စေခဲ့ပြီး ကျွန်မ မိမိဘာသာ တွေးမိခဲ့သည်- “တခြား ဘယ်လို သူတို့ ငါ့ကို ညှဉ်းဆဲနိုင်သလဲ။ ငါ လုံးဝ ခြေပစ်လက်ပစ်ဖြစ်ပြီး သိပ်ကြာကြာ မခံနိုင်တော့ဘူး...။” ထို့နောက် ကျွန်မက၊ “အို ဘုရားသခင်။ ကျေးဇူးပြုပြီး ကျွန်မကို ကူမတော်မူပါ။ ကျွန်မ နောက်ထပ် ကြာကြာ မခံနိုင်မှာကို တကယ် စိုးရိမ်မိပါတယ်။ ကိုယ်တော်နဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်ရမယ်ဆိုတာ သိဖို့ ကျွန်မကို ကွယ်ကာပြီး လမ်းပြတော်မူပါ” ဟု ဆိုရင်း ဘုရားသခင်ကို ခေါ်ခဲ့သည်။ ဤဆုတောင်းချက် ပြီးသည့်နောက်တွင်၊ ကျွန်မ၏ အတွင်းထဲတွင် ခွန်အား ထွက်ပေါ်လာသည်ကို ကျွန်မ ခံစားရပြီး နာကျင်မှုများစွာ ကျွန်မ မခံစားရတော့ပါ။ ထို့ကြောင့်၊ ကျွန်မ၏ အနာကျင်ဆုံးနှင့် အခက်ခဲဆုံး အခိုက်အတန့်တွင်၊ အဆက်မပြတ် သော ဆုတောင်းခြင်းမှတဆင့်၊ ဆက်သွားဖို့ရန် ဘုရားသခင်က ကျွန်မကို ယုံကြည်ခြင်းနှင့် ခွန်အား ပေးခဲ့ပါသည်။

စတုတ္ထနေ့ နံနက်စောစောတွင်၊ သုံးရက်ဆက် စစ်မေးခြင်းက မည်သည့်ရလဒ်မျှ မဖြစ်ထွန်းခဲ့သည်ကို မြင်ရင်း၊ ဆိုးယုတ်သော ရဲများက ကျွန်မ၏ လက်ထိပ်များကို ဒေါသတကြီး ဖြုတ်လိုက်ပြီး ကျွန်မကို ကြမ်းပြင်ဆီ တွန်းထုတ်လိုက်သည်။ ထို့နောက် ကျွန်မကို ဒူးထောက်ပြီး မထဖို့ သူတို့ အမိန့်ပေး ခဲ့ကြသည်။ ကျွန်မ ဒူးထောက်နှင့်နေပြီဖြစ်သည့် အချက်ကို ကောင်းကောင်းအသုံးချလျက်၊ ဘုရားသခင်ဆီ တိတ်ဆိတ်သော ဆုတောင်းချက် တစ်ခုကို ကျွန်မ အစပြုခဲ့သည်- “အို ဘုရားသခင်။ ကိုယ်တော်ရဲ့ ကွယ်ကာမှုက ပြီးခဲ့တဲ့ ညှဉ်းဆဲမှု၊ ခံဝန်ချက်တစ်ခု နှိုက်ယူဖို့ စစ်မေးခြင်းနဲ့ ကြိုးစားအားထုတ်မှုတွေ ခံခဲ့ရတဲ့ ရက်အနည်းငယ်ကို အောင်မြင်ကျော်လွှားဖို့ ကျွန်မကို ခွင့်ပြုခဲ့တာ ကျွန်မသိပါတယ်၊ ပြီးတော့ ကိုယ်တော်ရဲ့ ချစ်မေတ္တာနဲ့ သနား ကရုဏာတော်အတွက် ကျွန်မမှာ ကျေးဇူးတင်စရာ စကားမရှိပါဘူး။ အို ဘုရားသခင်။ ဆိုးယုတ်တဲ့ ရဲက ကျွန်မကို နောက်ထပ် ဘယ်လို ညှဉ်းဆဲမယ်ဆိုတာ ကျွန်မ မသိပေမဲ့၊ ဘာပဲဖြစ်ပါစေ ကိုယ်တော့်ကိုရော ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကိုပါ ကျွန်မ ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ပါဘူး။ ကိုယ်တော် ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အား ဆက်လက်ပေးပြီး၊ ကျွန်မကို ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်စေပါလို့ ကျွန်မ တောင်းလျှောက်ပါတယ်။” ကျွန်မ၏ ဆုတောင်းချက် ပြီးဆုံးသွားသည့်အခိုက်တွင်၊ ကျွန်မအတွင်းတွင် ကြီးမားသည့် ခွန်အား တလိပ်လိပ်တက်လာခြင်းကို ခံစားခဲ့ရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ထဲတွင် ကျွန်မ ထိန်းချုပ်ခံထားရသည်ကို ကျွန်မ အထူးတလည် သတိထား မိလာခဲ့သည်။ ထိုနတ်ဆိုးများက ကျွန်မကို မည်သို့ညှဉ်းဆဲနိုင်ပါစေ၊ ထိုအရာ အားလုံးကို ကျော်လွှားအောင်မြင်ဖို့ ဘုရားသခင်က ကျွန်မကို လမ်းပြလိမ့် မည်ကို ကျွန်မ သိခဲ့သည်။ အချိန်တစ်ချို့ကြာပြီးနောက်၊ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းသည်ကို ယုတ်မာသော ရဲက မှန်းဆမိခဲ့ပုံရပြီး၊ ဒေါသဖြင့် ဗလုံးဗထွေးပြောလျက်၊ သူတို့ ကျွန်မကို အော်ဟစ်ကာ ဆဲဆိုခဲ့ကြသည်။ သူတို့ထဲမှ တစ်ဦးက သတင်းစာတစ်စောင်ကို ယူလိုက်ပြီး၊ တင်းပုတ်တစ်ခု လိုမျိုး လိပ်လိုက်ကာ ကျွန်မ၏ နားထင်ကို လူမဆန်စွာ ပစ်ဆောင့်ခဲ့သည်။ အရာအရာ မှောင်အတိကျသွားခဲ့ပြီး သတိမေ့လျက်သား ကြမ်းပြင်ပေါ် ကျွန်မ လဲကျသွားခဲ့သည်။ ကျွန်မကို နိုးဖို့ အလွန် အေးစက်နေသည့် ရေကို ကျွန်မအပေါ် သူတို့ ပက်လိုက်ပြီး၊ မသဲမကွဲဖြစ်နေသည့် စိတ်ဖြင့်၊ ဆိုးယုတ်သော ရဲများထဲမှ တစ်ဦးက ကျွန်မကို ခြိမ်းခြောက်နေခဲ့သည်ကို ကျွန်မ ကြားခဲ့ရသည်။ “မင်းသိသမျှ ငါတို့ကို မင်းမပြောရင်၊ မင်း သေတဲ့အထိဖြစ်ဖြစ် မသန်မစွမ်းဖြစ်တဲ့အထိ ဖြစ်ဖြစ် မင်းကို ငါ ရိုက်မှာ။ မင်းကို ငါ သေအောင် ရိုက်မယ်ဆိုရင်လည်း ဘာပဲဖြစ်ဖြစ် ဘယ်သူမှ သိမှာမဟုတ်ဘူး၊ ပြီးတော့ မင်းရဲ့ ညီအစ်ကို မောင်နှမတွေထဲက တစ်ယောက်မှ ဒီကို လာရဲမှာမဟုတ်ဘူးကွ။” သူတို့ထဲမှ အခြားတစ်ယောက်က၊ “ထားလိုက်စမ်းပါကွာ။ အဲဒီလို သူ့ကို မင်းဆက်ရိုက်နေရင် သူ တကယ်သေသွားလိမ့်မယ်။ သူက သုံးမရတဲ့ဟာမပဲ။ သူ့ဆီကနေ ဘာမှ ငါတို့ ရမှာမဟုတ်ဘူး။” ဟု ပြောသည်ကိုလည်း ကျွန်မ ကြားခဲ့ရသည်။ ယင်းကို ကျွန်မ ကြားရသည့်အခါ၊ ယင်းမှာ ဘုရားသခင်က ကျွန်မ၏ အားနည်းချက်ကို နားလည်ခြင်းအား ပြသနေခြင်းဖြစ်ပြီး၊ ကျွန်မအတွက် ထွက်ပေါက်တစ်ခုကို သူက တစ်ဖန်ဖွင့်ပေးခဲ့သည်ကို ကျွန်မ သိသည့်အတွက် စိတ်သက်သာရာရခြင်းဖြင့် ကျွန်မ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပါ။ သို့သော် ဆိုးယုတ်သော ရဲများက ရှုံးနိမ့်မှုကို ဝန်မခံလိုသေးပါ၊ ထို့ကြောင့် ကျွန်မကို စကားပြောစေရန် ကြိုးစားဖို့ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်ကို ယုံကြည်သူများ မဟုတ်သည့် ကျွန်မ၏ ညီမနှင့် ကျွန်မ သားတို့ကို သူတို့ ခေါ်သွင်းလာကြလေသည်။ ကျွန်မ၏ အညိုအမဲစွဲyနေသော မျက်လုံးများနှင့် ကျွန်မ၏ ရောင်ကိုင်းကာ ပွန်းပဲ့ဒဏ်ရာရနေသည့် လက်များ ကို မြင်သည့်အခါ၊ ကျွန်မ၏ ညီမက ရဲများလိုချင်သည့်အတိုင်း ကျွန်မကို စကားပြောစေဖို့ မကြိုးစားခဲ့သည်သာမက၊ သူက ငိုယိုပြီး၊ “လီရေ၊ အစ်မက ဆိုးတဲ့အရာတစ်ခုခု လုပ်နိုင်စွမ်းမရှိတာ ညီမ ယုံတယ် အားတင်းထားနော်” ဟု ပြောခဲ့သည်။ ကျွန်မ၏ ညီမက ကျွန်မကို ခွန်အားပေးနေသည်ကို မြင်သည့်အခါ၊ ရဲက ကျွန်မ သားဘက်လှည့်ပြီး၊ “မင်းအမေကို မင်းစကား ပြောပြီး သူ့ကို ငါတို့နဲ့ ပူးပေါင်းခိုင်းရင် ပိုကောင်းမယ်၊ အဲဒါဆိုရင် သူ အိမ်ပြန်လို့ရပြီး မင်းကို စောင့်ရှောက်လို့ရမယ်” ဟု ပြောလေသည်။ ကျွန်မသားက ကျွန်မကို ကြည့်ပြီး အရာရှိကို ဘာမျှ ပြန်မဖြေခဲ့ပါ။ သူ ထွက်သွားတော့မည့်အချိန်တွင်၊ သူက ကျွန်မဆီ လမ်းလျှောက်လာပြီးနောက် ရုတ်တရက်၊ “အမေ၊ သားအတွက် ဘာမှမစိုးရိမ်နဲ့နော်။ အမေ ကိုယ့်ကိုယ်ကိုယ် ပဲ ဂရုစိုက်၊ ပြီးတော့ သား ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ်” ဟု ပြောလေသည်။ ကျွန်မ၏ သား မည်မျှ ရင့်ကျက်ပြီး သိတတ်သည်ကို ကျွန်မ မြင်ရသည့်အခါ၊ စကားလုံးများဖြင့် ဖော်ပြ၍မရနိုငလောက်အောင် ကျွန်မ တို့ထိခံခဲ့ရ သော်လည်း၊ အားတက်သရော ကျွန်မခေါင်း ညိတ်ရုံခေါင်းညိတ်ခဲ့ပြီး သူ့နှင့် ကျွန်မ၏ ညီမတို့ကို အခန်းထဲမှ သူတို့ ခေါ်သွားစဉ် ကျွန်မ ငိုကြွေးမိခဲ့သည်။ ဤအဖြစ်အပျက်က ကျွန်မအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို နောက်တစ်ကြိမ် တွေ့ကြုံခံစားခွင့် ပေးခဲ့သည်။ ပြီးခဲ့သည့် ဤရက်အနည်းငယ်တစ်လျှောက်၊ ကျွန်မ အစိုးရိမ်မိဆုံးသူတစ်ဦးမှာ ကျွန်မ၏ သားဖြစ်ခဲ့သည်နှင့်အညီ၊ ဘုရားသခင်က ကျွန်မ၏ အားနည်းချက်အတွက် နားလည်မှု ပြသနေခဲ့ပေသည်။ ထိုနေရာတွင် ကျွန်မ မရှိဘဲနှင့် သူ ကိုယ့်ဘာသာ နိုင်နိုင်နင်းနင်း မရှိမည်ကို ကျွန်မ စိုးရိမ်ခဲ့သည်။ ကျွန်မကို ပို၍ စိတ်ပူစေခဲ့သည်မှာ ငယ်ရွယ်လွန်းသည်နှင့်အမျှ၊ ကျွန်မကို တွေ့ဖို့ ရဲစခန်းကို သူလာသည့်အချိန်တွင်၊ ဘုရားသခင်ကို ယုံကြည်သည့်အတွက် ကျွန်မကို မုန်းမိခြင်းအဖြစ်သို့ ဦးနှောက်ကျင်းခံရမည်ကို ဖြစ်သည်။ သို့သော်၊ အံ့အားသင့်ဖွယ်ရာပင်၊ ဆိုးယုတ်သော ရဲများ၏ အသရေဖျက်ပြီး အဆိပ်ရှိသော ပြောဆိုမှုကို သူ မမှတ်ယူခဲ့ရုံသာမက၊ ဆန့်ကျင်ဘက်အနေဖြင့် ယင်းအစား ကျွန်မကို တကယ်နှစ်သိမ့်ခဲ့သည်။ ထို့နောက် အနန္တတန်ခိုးရှင်ဘုရားသခင် အမှန်တကယ် မည်မျှ အံ့ဖွယ်ဖြစ်ပြီး တန်ခိုးကြီးမားသည်ကို ကျွန်မ မြင်ခဲ့ရသည်။ လူ၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့ကို ဘုရားသခင်က အမှန်ပင် စီစဉ်ညွှန်ကြားပေသည်။ ကျွန်မ၏ သားနှင့် ကျွန်မညီမ ထွက်သွား ပြီးနောက်တွင်၊ ဆိုးယုတ်သော ရဲများက၊ “မင်း စကားမပြောသေးဘူးဆိုရင်၊ ယုံချင်ယုံ မယုံချင်နေ ရက်နည်းနည်းထပ်ပြီး မင်းကို ငါတို့ ညဉ်းဆဲမယ်။ ပြီးတော့ မင်း စကားမပြောသေးဘူးဆိုရင်တောင်၊ မင်းကို ငါတို့ ထောင်ထဲမှာ သုံးနှစ်ကနေ ငါးနှစ် ပြစ်ဒဏ်ချနိုင်သေးတယ်...” ဟု ပြောရင်း ကျွန်မကို တစ်ဖန်ခြိမ်းခြောက်ခဲ့ကြသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များစွာကို တွေ့ကြုံရလျက်၊ ကျွန်မသည် ဘုရားသခင်၌ ယုံကြည်ခြင်း ပြည့်ခဲ့သောကြောင့်၊ “အဆိုးဆုံးဖြစ်နိုင်တာက ရှင့်လက်ထဲမှာ ကျွန်မ သေတာပဲ။ ကျွန်မရဲ့ ခန္ဓာကိုယ်ကို ရှင်တို့ ညဉ်းဆဲနိုင်ပေမယ့် ကျွန်မရဲ့ စိတ်နှလုံးကိုတော့ ရှင်တို့ လုံးဝ မတိမ်းညွှတ် စေနိုင်ဘူး။ ကျွန်မရဲ့ ခန္ဓာကိုယ် သေသွားရင်တောင်၊ ဘုရားသခင်က ငါ့ရဲ့ ဝိညာဉ်ကို ရဦးမှာပဲ” ဟု ပြတ်သားမှုနှင့် စိတ်ပိုင်းဖြတ်မှု ဖြင့် ကျွန်မပြောလိုက်သည်။ ကျွန်မ ဆက်လက်ပြီးတွင်တွင်ငြင်းနေသည်ကို မြင်သည့်အခါ၊ ယုတ်မာသော ရဲများသည် သူတို့၏ စစ်မေးမှုကို အဆုံးသတ်ပြီး ကျွန်မ၏ အကျဉ်းခန်းဆီ ကျွန်မကို ပြန်ခေါ်သွားရုံမှလွဲ၍ ဘာမျှမလုပ်နိုင် ခဲ့ကြပါ။ သူ၏ လုံးလုံး ရှုံးနှိမ့်မှုထဲတွင် စာတန်၏ ဝမ်းနည်းသည့် ပုံရိပ်ကို မျက်မြင်တွေ့ကြုံခြင်းက ကျွန်မကို တုနှိုင်းမဲ့သော ဝမ်းမြောက်မှုကို ယူဆောင်ခဲ့ပြီး ဘုရားသခင်သည်သာ အရာခပ်သိမ်း၏ အချုပ်အခြာဖြစ် သည်ဆိုသည်နှင့် ကျွန်မတို့၏ အသက်များနှင့် သေခြင်းတို့က သူ့လက်ထဲတွင် လုံးဝရှိသည်ကို ကျွန်မ အမှန်တကယ် နားလည်ခဲ့သည်။ ရက်များစွာ မည်သည့် အစားအစာ သို့မဟုတ် ရေကိုမျှ ကျွန်မကို မပေးဘဲ ကျွန်မ၏ ခန္ဓာကိုယ်က ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သော်လည်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်မနှင့်အတူ အမြဲရှိခဲ့သည်။ ရဲများက ကျွန်မကို အားလျော့သွားစေဖို့ အလှည့်ကျလုပ်ဆောင်ပြီး ကျွန်မထံမှ ခံဝနံချက်တစ်ခုကို နှိုက်ယူဖို့ရန် စာတန်၏ ကြိုးပမ်းမှုများကို ကျွန်မအား ကျားကုတ်ကျားခဲ အနိုင်ယူနိုင် စေရင်းဖြင့်၊ သူ၏ နှုတ်ကပတ်တော်များသည် ယုံကြည်ခြင်းနှင့် ခွန်အားတို့၏ စဉ်ဆက်မပြတ် အရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။ ဤအရာက ဘုရားသခင်၏ အသက်စွမ်းအား မည်မျှ သာလွန်ပြီး ကြီးမြတ်သည်ကို အမှန်တကယ် အသိအမှတ်ပြုဖို့ ကျွန်မကို အခွင့်ပေးခဲ့သည်။ ကျွန်မတို့ကို ဘုရားသခင် ပေးသည့် ခွန်အားက မကုန်ခမ်းနိုင်သလို၊ ဇာတိပကတိ၏ ချုပ်နှောင်မှုများကို မခံရပါ။

ရက်အချို့ကြာပြီးနောက်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ပြည်သူ့ ငြိမ်ဝပ်ပိပြားမှု နှောင့်ယှက်ခြင်း စွဲချက်ကို လုပ်ဇာတ်ခင်းခဲ့ပြီး ကျွန်မကို အလုပ်ကြမ်းမှတဆင့် ပညာပေးသည့် ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ်ချမှတ်ပြီး သည့်နောက်တွင်၊ ရဲများက ကျွန်မကို အလုပ်ကြမ်းစခန်းတစ်ခုဆီ လိုက်ပို့ခဲ့ ကြသည်။ ထိုနေရာတွင် အရုဏ်ဦးမှ နေဝင်သည်အထိ မရပ်မနား အလုပ်လုပ်ရင်း၊ လူမဆန်သော ဖြစ်တည်မှုတစ်ခုကို ကျွန်မ အသက်ရှင်ခဲ့ ရသည်။ ကျွန်မ၏ လက်များက ထိုရိုက်နက်မှုများအားလုံးကြောင့် သေရာပါ ဒဏ်ရာရခဲ့သောကြောင့်၊ ကျွန်မ၏ လက်ဖမိုးများရှိ ကြွက်သားများ ကျွန်မ ပြစ်ဒဏ်၏ ပထမခြောက်လတာတွင် အလွန်တင်းကျပ်စွာ တင်းမာခဲ့သည်မှာ ကျွန်မ၏ အဝတ်အစားများကို လျှော်ဖို့ ခွန်အားပင် မရှိခဲ့ပေ။ မိုးရွာသည့် အချိန်တိုင်းတွင်၊ သွေးကြောများက ကျွန်မ၏ သွေးများကို ကောင်းကောင်း မလည်ပတ်စေနိုင်သောကြောင့် ကျွန်မ၏ လက်မောင်းများ နာကျင်ပြီး ရောင်ကိုင်းနေခဲ့သည်။ ဤသို့ဖြစ်သော်လည်း၊ ထောင်စောင့်များက ကျွန်မ၏ နေ့စဉ် ခွဲတမ်းကို ကျော်လုပ်ဖို့ နေ့တိုင်း အတင်းခိုင်းခဲ့သည်၊ သို့မဟုတ်လျှင် ကျွန်မ၏ ပြစ်ဒဏ်တိုးလိမ့်မည်ဖြစ်သည်။ ထို့အပြင်၊ ဘုရားသခင်ကို ယုံကြည်သည့် ကျွန်မတို့ကို သူတို့က အလွန် တင်းကျပ်စွာ စောင့်ကြည့်ရှိခဲ့သည်။ ကျွန်မတို့ အစာစားချိန်၊ အဝတ်လျှော် ချိန်နှင့် ရေအိမ် သွားချိန်တွင်ပင် ကျွန်မတို့ကို စောင့်ကြည့်နေသည့် လူတစ်ယောက် အမြဲရှိလေသည်။ အလုပ်ကို မနိုင်ဝန်ထမ်းရလျက်၊ ကျွန်မ ခန္ဓာကိုယ်ရှိ နာကျင်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ညဉ်းဆဲမှုအားလုံးက ကျွန်မကို ဖော်မပြနိုင်အောင် ဒုက္ခခံစားစေခဲ့သည်။ ထိုနေရာတွင် သုံးနှစ်ရှိခြင်းက ကျွန်မ အတွက် သည်းမခံနိုင်လောက်အောင် ဖြစ်ပြီး၊ ကျွန်မ ရှေ့ဆက်ဖို့မဖြစ်နိုင်ဟု ခံစားခဲ့ရသည်။ မကြာခဏဆိုသကဲ့သို့ မိမိကိုယ်ကိုယ် သတ်သေခြင်းအား ကျွန်မ၏ ဆင်းရဲဒုက္ခကို အဆုံးသတ်ဖို့ နည်းလမ်းတစ်ခုအဖြစ် ကျွန်မ တွေးခဲ့သည်။ အလွန်အမင်း နာကျင်မှုတွင်၊ ဘုရားသခင်ထံ ဆုတောင်းချက် တစ်ခု ကျွန်မ ဆိုခဲ့သည်- “အို ဘုရားသခင်၊ ကျွန်မရဲ့ ခန္ဓာ ဘယ်လောက် အားနည်းတယ်ဆိုတာ ကိုယ်တော် သိပါတယ်။ ခုချိန်မှာပဲ ကျွန်မ အရမ်း ဆင်းရဲဒုက္ခခံနေရပါတယ်၊ ပြီးတော့ နောက်ထပ် အဲဒါကို တကယ် ကျွန်မ မခံနိုင်တော့ပါဘူး။ ကျွန်မ သေတောင်သေချင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ၊ စိတ်ခွန်အားကို ကျွန်မကို ပေးပြီး ကျွန်မ ရှေ့ဆက်သွားဖို့ လိုအပ်တဲ့ ယုံကြည်ခြင်းကို ကျွန်မကို ပေးတော် မူပါ...” ထို့နောက်တွင် ဘုရားသခင်က ကျွန်မကို ဘုရားနှုတ်ကပတ်တော်များ၏ ဓမ္မသီချင်းတစ်ပုဒ်ကို တွေးမိစေသည်နှင့်အမျှ ကျွန်မကို ကြင်နာမှုပြခဲ့သည်- “ဘုရားသခင်သည် ယခုအချိန်တွင် ယင်းကဲ့သို့သော အလုပ်ကို လုပ်ဆောင်ရန်၊ ယခုတိုင် ပြီးစီးရန် လိုသေးသည့် သူ၏အလုပ်ကို နိဂုံးချုပ်ရန်၊ ဤခေတ်အား အဆုံးသတ်ရန်၊ ဤခေတ်ကို တရားစီရင်ရန်၊ နက်ရှိုင်းစွာ အပြစ်နှင့်ပြည့်နေသူများကို ဒုက္ခပင်လယ်ဝေနေသည့် လောကကြီးမှ ကယ်တင် ကာ ၎င်းတို့အား လုံးဝဥဿုံ အသွင်ပြောင်းလဲရန် လူ့ဇာတိကို ခံယူခဲ့လေပြီ။ လူသား၏အလုပ်အတွက် ဘုရားသခင် အောင့်ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ သူသည် သူ၏နေ့ရက်များကို လူသားနှင့်အတူ ကျော်လွန်ရန် လူသားနေထိုင်သော အသက်ရှင်လျက် ငရဲရောက်နေသကဲ့သို့ ခံစားရသည့်အရပ်သို့ ဆင်းသက်လာခဲ့ကာ လူသားအကြားယုတ်ညံ့မှုကို မည်သည့်အခါမျှ ညည်းညူခဲ့ဖူးခြင်းမရှိ၊ လူသားအား ၎င်း၏နာခံမှုမရှိခြင်းအတွက် အပြစ်တင်ခဲ့ဖူးခြင်း မရှိခဲ့ဘဲ သူ၏အမှုကို သူကိုယ်တိုင်ထမ်းဆောင်ရင်း အကြီးမားဆုံးသော အရှက်ကွဲခြင်းကို အောင့်ခံ၏။...လူသားမျိုးနွယ်တစ်ရပ်လုံးသည် သာ၍ဆောလျင်စွာ သက်သာခြင်းသို့ရောက်ရန် သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် ကမ္ဘာမြေကြီးသို့လာရန် အရှက်ကွဲခြင်းကို အောင့်ခံခဲ့ကာ တရားမျှတမှုမရှိခြင်းကို ခံခဲ့သည့်အပြင် လူသားကိုကယ်တင်ရန် သူကိုယ်တိုင် ‘ငရဲ’ နှင့် ‘မရဏနိုင်ငံ’ အတွင်း၊ ကျားအောင်းဂူအတွင်း ဝင်ရောက်ခဲ့၏။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဘုရားအမှု၏ အဆင့်တိုင်းသည် လူ့ဘဝအတွက်ဖြစ်၏ကျူး”) ဤနှုတ်ကပတ်တော်များကို ကျွန်မ ချင့်ချိန်စဉ်းစားသည်နှင့်အမျှ၊ ကျွန်မ၏ နှလုံးသားက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအားဖြင့် လှုံ့ဆော်ခံ ရကာ ပြုပြင်ခံရလေသည်။ အလွန်နက်နဲစွာ ဖောက်ပြန်ပျက်စီးသည့် လူသား မျိုးနွယ်ကို ကယ်တင်ရန်အလို့ငှာ၊ ဘုရားသခင်က သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ ဤနတ်ဆိုး၏ သားရဲတွင်းဖြစ်သည့် တရုတ်ပြည်ကို ကြွလာဖို့ရန် ကြီးမားသည့် အန္တရာယ်ကို စွန့်စားရင်း၊ မည်သို့ လူ့ဇာတိခံကာ အမြင့်ဆုံးသော အရပ်များမှ အနိမ့်ဆုံးသော အရပ်များဆီသို့ ဆင်းသက်ခဲ့သည့်အကြောင်းကို ကျွန်မ တွေးမိခဲ့သည်။ ကြီးမားသည့် အရှက်ရခြင်း နှင့် နာကျင်မှု၊ နှိပ်စက် ညှဉ်းပန်းခြင်းနှင့် အခက်အခဲတို့ကို သူ ခံစားခဲ့သော်လည်း၊ ဘုရားသခင်သည် ညည်းညူခြင်းနှင့် နောင်တမရှိဘဲ လူသားမျိုးနွယ်အတွက် မိမိကိုယ်ကိုယ် အမြဲ အသုံးတော်ခံနေသည်။ ဘုရားသခင်သည် သူ၏ အလိုတော်ကို အရေးထား နိုင်သည့်၊ တရားမျှတမှုကို ရှေ့ရှူပြီးမည်သည့်အခါတွင်မျှ အလျှော့မပေးသလို မည်သည့်အခါတွင်မျှ အရှုံးမပေးသည့် လူအုပ်စုတစ်စုကို ရရှိနိုင်ဖို့အလို့ငှာ ဤအမှုအားလုံးကို ဆောင်ရွက်သည်။ ဘုရားသခင်က ကျွန်မ၏ အလိုဆန္ဒကို ဖေးမဖို့နှင့် ကျွန်မ၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကျွန်မ၏ နာခံမှုတို့ကို စုံလင်စေဖို့ ထိုအရာကို အသုံးပြုချင်ခဲ့သောကြောင့် ကျွန်မသည် မိမိကိုယ်ကိုယ် ထိုအခြေအနေထဲတွင် တွေ့ရှိခဲ့ရသည်။ ကျွန်မကို သမ္မာတရား နားလည်စေဖို့နှင့် သမ္မာတရားထဲသို့ ဝင်ရောက်စေဖို့ ဤအခြေအနေကို ကျွန်မအပေါ် ကျရောက်ရန် သူက အခွင့်ပေးခဲ့လေသည်။ ကျွန်မ ကြုံနေခဲ့ရသည့် သေးငယ်သော ဆင်းရဲဒုက္ခ ပမာဏက ဘုရားသခင် ဒုက္ခခံခဲ့ရသည့် နာကျင်မှုနှင့် အရှက်ရခြင်းတို့ဘေးတွင် ဖော်ပြခံရဖို့ပင် မထိုက်ခဲ့ပါ။ ထောင်ထဲတွင် ထိုသို့သော သေးငယ်သည့် ဆင်းရဲဒုက္ခပမာဏကိုပင် ကျွန်မ မခံရပ်နိုင်လျှင်၊ ကျွန်မအဖို့ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အပင်ပန်းခံသော အားထုတ်မှုများနှင့် မထိုက်တန်သည်ကို ကျွန်မ မိမိကိုယ်ကိုယ် သက်သေပြ နေခြင်း ဖြစ်လိမ့်မည် မဟုတ်ပါလား။ ထို့အပြင်၊ ဘုရားသခင်၏ လမ်းပြမှုက ကျွန်မ ပထမဆုံး အဖမ်းခံခဲ့ရချိန်က ဆိုးယုတ်သော ရဲများက ကျွန်မကို ပေးခဲ့သည့် ရက်စက်သော ညှဉ်းဆဲမှုဒဏ်အားလုံးကို အောင်မြင်ကျော်လွှား နိုင်စေခဲ့ပေသည်။ ဘုရားသခင်သည် သူ၏ သက်ဝင်လှုပ်ရှားနေသည့် အံ့ဖွယ်လုပ်ရပ်များကို မြင်ဖို့ရန် ကျွန်မကို အချိန်ကြာကြီးကတည်းက ခွင့်ပြုခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ကျွန်မသည် မြဲမြံစွာ အားကိုးထိုက်သော ယုံကြည်ခြင်းတစ်ခုပင် ရှိပြီး သူ့အတွက် လှပသော သက်သေကို ဆက်လက်ခံ သင့်သည် မဟုတ်ပါလား။ ဤအရာကို စဉ်းစားရင်း၊ ကျွန်မ၏ ခွန်အား ပြန်ရလာခဲ့ပြီး ခရစ်တော်ကို အတုယူရန် ကျွန်မစိတ်ဆုံးဖြတ်ခဲ့သည်။ အမှုအရာ များက မည်မျှ နာကျင်စရာကောင်းပါစေ၊ သို့မဟုတ် မည်မျှခက်ခဲပါစေ၊ ကျွန်မ အလျှော့မပေးဘဲ ဆက်လက် အသက်ရှင်သွားမည်။ ထို့နောက်တွင်၊ အလုပ်ကြမ်းစခန်း၌ ကျွန်မ၏ ဘဝက ကျွန်မအတွက် သည်းမခံနိုင် လောက်အောင်ဖြစ်သည်ဟု ခံစားရသည့် အချိန်တိုင်းတွင်၊ ထိုဓမ္မသီချင်းကို ကျွန်မ သီဆိုခဲ့ပြီး၊ ကျွန်မ သီဆိုသည့်အခါတိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မကုန်မခမ်းနိုင်သော ယုံကြည်ခြင်းနှင့် ခွန်အားတို့ကို ပေးခဲ့ကာ ကျွန်မကို ရှေ့ဆက်ဖို့ လှုံ့ဆော်ခဲ့သည်။ ထိုအချိန်တွင်၊ အသင်းတော်မှ အခြားညီအစ်ကို မောင်နှမများစွာလည်း အလုပ်ကြမ်းစခန်းတွင် အချုပ်ခံရ လေသည်။ ကျွန်မတို့ကို ဘုရားသခင် ပေးသည့် ဉာဏ်ပညာကို မှီခိုခြင်းအားဖြင့်၊ ကျွန်မတို့ အခွင့်အရေးရသည့်အခါတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော် များကို ကျွန်မတို့ မှတ်စုများပေါ် ရေးသားပြီး အချင်းချင်း လှမ်းပေးကြသည် သို့မဟုတ် အခွင့်သာသည့်အခါ နှုတ်ကပတ်တော် အနည်းငယ်ကို အချင်းချင်း မိတ်သဟာယပြုကြလေသည်- ကျွန်မတို့ အချင်းချင်း ထောက်ပံ့ကြပြီး အားပေးခဲ့ကြသည်။ အမှန်မှာမူ ကျွန်မတို့အားလုံး တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ သားရဲတွင်းထဲတွင် အချုပ်ခံကြရ သော်လည်း၊ ထိုမြင့်မားသည့် နံရံများအတွင်းတွင် လှောင်ပိတ်ခံရပြီး အပြင်လောကနှင့် လုံးဝ အဆက်ဖြတ်ခံရသော်လည်း၊ ဘုရားနှုတ်ကပတ်တော် တိုင်းကို ကျွန်မတို့ သာ၍ ချစ်မြတ်နိုးပြီး ကျွန်မတို့အသီးသီးကို ဘုရားသခင် ပေးသည့် လှုံ့ဆော်မှုကို သာ၍ပင် တန်ဖိုးထားလာခဲ့ကြသည်မှာ ဤအရာကြောင့် ဖြစ်ပြီး၊ ကျွန်မတို့၏ နှလုံးသားများ အရင်ကအတိုင်း နီးနီးကပ်ကပ် စွဲမြဲကြသည်မှာ ဤအရာကြောင့် ဖြစ်လေသည်။

၂၀၀၅ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တွင်၊ ကျွန်မ၏ ပြစ်ဒဏ် စေ့သွားခဲ့ပြီး နောက်ဆုံးတွင် ကျွန်မ လွတ်လာခဲ့သည်။ ထောင်မှ လွတ်လာခဲ့ သော်လည်း၊ ကျွန်မ၏ လွတ်လပ်မှုကို ကျွန်မ ပြန်မရရှိနိုင်ခဲ့သေးပေ။ ရဲများက ကျွန်မ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် လူတို့ကို အမြဲစေလွှတ်ခဲ့ကြပြီး၊ လစဉ်လတိုင်း ရဲစခန်းဆီ ကိုယ်တိုင်ကိုယ်ကျ သတင်းပို့ရန် ကျွန်မကို အမိန့်ပေးခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင်အိမ်တွင် ကျွန်မ ရှိခဲ့သော်လည်း၊ မမြင်ရသော ထောင်တစ်ခုထဲတွင် ကျွန်မ အထိန်းချုပ်ခံထားရသကဲ့သို့ ခံစားခဲ့ ရပြီး၊ တရုတ်ကွန်မြူနစ်ပါတီ သတင်းပေး များကို ကျွန်မ စဉ်ဆက်မပြတ် သတိထားနေခဲ့ရသည်။ ကျွန်မ အိမ်တွင် ရှိသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်သည့်အခါ အလွန်အမင်း ဂရုစိုက်ရဆဲ ဖြစ်ပြီး၊ အချိန်မရွေး ရဲများ ဗြုန်းခနဲ ဝင်ရောက်လာမည်ကို ကြောက်ရလေ သည်။ ထို့အပြင်၊ အလွန်နီးကပ်စွာ ကျွန်မ စောင့်ကြည့်ခံရသောကြောင့်၊ ကျွန်မ၏ ညီအစ်ကို မောင်နှမများကို တွေ့ဖို့ သို့မဟုတ် အသင်းတော် အသက်တာကို အသက်ရှင်ဖို့ နည်းလမ်း ကျွန်မတွင် မရှိခဲ့ပါ။ ဤသည်မှာ ကျွန်မအတွက် ဒုက္ခကြီးသလို၊ နေ့ရက်တိုင်းက တစ်နှစ်ကဲ့သို့ ခံစားခဲ့ရသည်။ အဆုံးသတ်တွင်၊ အသင်းတော်နှင့် ကျွန်မ၏ ညီအစ်ကို မောင်နှမများကို စွန့်ခွာလျက်၊ စောင့်ကြည့်ခံရပြီး ဖိနှိပ်ခံရသည့် ဘဝကို ကျွန်မ ခံနိုင်တော့ သောကြောင့်၊ ကျွန်မ၏ ဇာတိမြို့ကို ကျွန်မ စွန့်ကာ အခြားနေရာတွင် အလုပ်တစ်ခု ရှာခဲ့သည်။ နောက်ဆုံးတွင် အသင်းတော်နှင့် ကျွန်မ အဆက်အသွယ်လုပ်နိုင်ခဲ့ပြီး နောက်တစ်ဖန် အသင်းတော်အသက်တာကို ကျွန်မ စတင် အသက်ရှင်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ လက်တွင် နှိပ်စက်ညှဉ်းပန်းခြင်းကို တွေ့ကြုံရရင်းဖြင့်၊ မိမိကိုယ်ကိုယ်အတွက် အမွှမ်းတင်မှုများရရှိဖို့ရန် ပြည်သူကို လှည့်ဖြားသည့် ယင်း၏ သူတော်ကောင်းယောင်ဆောင်ပြီး ဘီလူးသရဲစီးသော အနှစ်သာရကို ကျွန်မ နှံ့နှံ့စပ်စပ်နှင့် ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီး ယင်းသည် ကောင်းကင်ဘုံကို ပြစ်မှားစော်ကားပြီး ဘုရားသခင်ကို မိမိဘာသာ ဆန့်ကျင်သည့် မကောင်းဆိုးဝါးအုပ်စုတစ်စုထက်ပို၍ ဘာမျှမဟုတ်သည်ကို ကျွန်မ သေချာလာခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် အမှန်ပင် စာတန်၏ ပြယုဂ်၊ နတ်ဆိုးကိုယ်တိုင်၏ လူ့ဇာတိခံခြင်း ဖြစ်သည်။ ၎င်းအတွက် ကျွန်မ၏ မုန်းတီးမှုက ပြင်းထန်ပြီး ယင်း၏ အသေအကြေတိုက်ခိုက်မည့် ရန်သူအဖြစ် ဆက်ရှိဖို့ ကျွန်မ သစ္စာဝတ်ပြုပါသည်။ ဤအခက်အခဲ တစ်လျှောက်တွင်၊ ဘုရားသခင်၏ အနန္တတန်ခိုး၊ အချုပ်အခြာအာဏပိုင်စိုးမှုနှင့် သူ၏ အံ့သြဖွယ်ရာ လုပ်ဆောင်ချက်များကိုလည်း အမှန်တကယ် အသိအမှတ် ပြုလာခဲ့ရသည်၊ ဘုရားနှုတ်ကပတ်တော်များ၏ သြဇာအာဏာနှင့် ကြီးမားသောခွန်အား တို့ကို ကျွန်မ တွေ့ကြုံခဲ့ရကာ၊ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာနှင့် ကြီးမြတ်သော ကယ်တင်ခြင်းကို အမှန်တကယ် ခံစားခဲ့ရပါသည်။ အန္တရာယ်ထဲတွင် ကျွန်မ ရှိခဲ့ချိန်တွင်၊ သူ၏ နှုတ်ကပတ်တော်များမှတဆင့် ကျွန်မကို ဉာဏ်အလင်းပေးကာ အလင်းပြရင်း၊ ယုံကြည်ခြင်းနှင့် ခွန်အားတို့ကို ပေးရင်း၊ ရက်စက်သော ညှဉ်းဆဲမှုများကို တစ်ခုပြီး နောက်တစ်ခု အောင်မြင် ကျော်လွှားနိုင်အောင် ကျွန်မကို လမ်းပြရင်းနှင့် ကျွန်ခံရာတွင် ရှည်လျား မှောင်မိုက်သည့် သုံးနှစ်တာကို အောင်မြင်စေရင်း...၊ ကျွန်မ နံဘေးတွင် အမြဲရှိခဲ့သူမှာ ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်၏ ကြီးမားသော ကယ်တင်ခြင်းနှင့် ရင်ဆိုင်ရလျက်၊ ကျေးဇူတင်ရှိခြင်းဖြင့် ကျွန်မ ဖုံးလွှမ်းသွားသည်၊ ကျွန်မ၏ ယုံကြည်ခြင်း ဆတက်ထမ်းပိုးတိုးခဲ့ပြီး ကျွန်မ စိတ်ဆုံးဖြတ်ခဲ့ပါသည်- အနာဂတ်တွင် မည်မျှကြီးမားသည့် အခက်အခဲများကို ကျွန်မ ကြုံရပါစေ၊ အမှောင်၏ လွှမ်းမိုးမှုများအားလုံးကို ဖယ်ရှားဖို့ ဘုရား နှုတ်ကပတ်တော်များ၏ လမ်းပြမှုနှင့် ဦးဆောင်မှုတို့အပေါ် ကျွန်မ အမြဲအားကိုးမည်ဖြစ်ပြီး၊ အဆုံးထိ တည်ကြည်ခိုင်မာစွာ ဘုရားသခင်နောက် ကျွန်မ လိုက်ပါမည်။

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “အနိုင်ယူခြင်း မခံရနိုင်သော သင်္ကေတ”။

ခ။ မူရင်းစာသားတွင် “ပုန်ကန်ပြစ်မှားခြင်းကို မခံရနိုင်သော (ထို့ပြင် ပုန်ကန်ပြစ်မှားခံရခြင်းကို သည်းမခံသော) သင်္ကေတ”။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရက်စက်သော ညှဉ်းပန်းနှိပ်စက်ခြင်း ကို ဖြတ်၍ အသက်ရှင်ခြင်းက ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းကို အားကောင်းစေပြီ

ကျောက်ယူရီ၊ ရှန်းစီစီရင်စု ကျွန်မ အမည်မှာ ကျောက်ယူရီဖြစ်ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၁၉၉၃ ခုနှစ်တွင် ကျွန်မ တစ်မိသားစုလုံး...

အမေ ထောင်ကျစဉ်က

ကျိုးကျယ် တရုတ်နိုင်ငံ ကျွန်မအမေနဲ့ ကျွန်မတို့ အိမ်ကနေ ထွက်ပြေးတုန်းက ကျွန်မက ၁၅နှစ်ရှိပြီ။ ၂၀ဝ၂ခုနှစ် တစ်ညမှာ ကျွန်မတို့ နောက်ကျပြီး...

ညှဉ်းပမ်းနှိပ်စက်ခံရခြင်းနှင့် အခက်အခဲများက ကျွန်မကို ကြီးထွားတိုးတက်စေသည်

ဘိုင်ကျူ၊ ဒီဇောင် မြို့၊ ရှန်ဒေါင်စီရင်စု ယခင်ကဆိုလျှင် ဘုရားသခင်၏ ဉာဏ်ပညာမှာ စာတန်၏ လှည့်ကွက်များကို အခြေခံ၍ ကျင့်သုံးကြောင်း၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။