ရွေးကောက်ပွဲတစ်ခုကို ရှုံးပြီးနောက် သုံးသပ်ဆင်ခြင်မှုများ
ယုံကြည်သူတစ်ဦးအနေနဲ့ အချိန်နှစ်အနည်းငယ်အတွင်းမှာ ခေါင်းဆောင်ရာထူးတစ်ခုအတွက် ကျွန်တော် အရွေးခံခဲ့ရတယ်။ အဲဒီလို ကြီးမြတ်တဲ့ စေခိုင်းချက်တာဝန်ကို အပေးခံရလို့ ဘုရားသခင်ကို ကျွန်တော် တကယ် ကျေးဇူတင်မိပြီး၊ အသင်းတော်အလုပ်ကို ကောင်းကောင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ တစ်နေဝင် တစ်နေထွက် စက်တစ်ခုလို ကျွန်တော် အလုပ်လုပ်ခဲ့ပြီး ဘုရားရဲ့ လမ်းပြမှုကြောင့် အသင်းတော်အလုပ်က ပိုပိုပြီး ဖွံ့ဖြိုးဝေဆာလာခဲ့တယ်။ ဘုရားအတွက် စွန့်လွှတ်တာ၊ ကိုယ့်ကိုယ်ကိုယ် အသုံးတော်ခံတာအပြင် လက်တွေ့ကျတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်တဲ့ ကျွန်တော့်ရဲ့ အစွမ်းအစကို မြင်တော့ ညီအစ်ကို မောင်နှမတွေက အတိုင်းအတာတစ်ခုထိ ကျွန်တော့်ကို လေးစားခဲ့ကြတယ်။ တစ်ကြိမ် စုဝေးပွဲအတွင်းမှာ ခေါင်းဆောင်က တာဝန်အပေါ် ကျွန်တော့်ရဲ့ နည်းလမ်းက အကျိုးဖြစ်ထွန်းတယ်လို့ ပြောတာ နားစွန်နားဖျားကြားမိပြီး ကျွန်မ အရမ်းပျော်သွားခဲ့တယ်— ဒါက ကျွန်တော့်ကို ပိုလို့တောင် စေ့ဆော်ပေးခဲ့တယ်။ လုပ်ဖော်ကိုင်ဖက် အစည်းအဝေးတွေမှာ တခြားညီအစ်ကို မောင်နှမတွေဆီ ကျွန်တော့်အလုပ် အတွေ့အကြုံကို ပွင့်ပွင့်လင်းလင်းပြောခဲ့ပြီး၊ သူတို့ရဲ့ အသိအမှတ်ပြုတဲ့ အကြည့်တွေ မြင်တော့ ကိုယ့်ကိုယ်ကိုယ် အတော်လေး ကျေနပ်မိတယ်။ အသင်းတော်ထဲမှာ ကျွန်တော်က မရှိမဖြစ်တဲ့ ပါရမီရှင်တစ်ယောက်လို့ ခံစားရတယ်။
ဧဝံဂေလိအလုပ် ကျယ်ပြန့်လာတာနဲ့အမျှ၊ အသစ်တည်ထောင်ထားတဲ့ အသင်းတော်တချို့ကို အားပေးဖို့ တောင်ပိုင်းဒေသေကို သွားဖို့ ကျွန်တော့်ကို ညီအစ်ကို မောင်နှမတွေက ထောက်ခံခဲ့ကြတယ်။ ကျွန်တော် တွေးမိတာက၊ အဲဒီမှာ တည်ထောင်ထားတဲ့ အသင်းတော်တွေက အခက်အခဲနဲ့ ပြဿနာနည်းနည်း ရှိတာ သေချာတဲ့အတွက်၊ ကျွန်တော့်ထဲ ဘုရားထားတဲ့ မျှော်လင့်ချက်ကို စိတ်မပျက်စေဖို့ လက်တွေ့ကျတဲ့ အလုပ်ကို ပိုအာရုံစိုက်ဖို့ ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်လို့ပေါ့။ ဒါ့အပြင်၊ ကျွန်တော် ကောင်းကောင်းလုပ်ရင်၊ ပိုအရေးပါတဲ့ ရာထူးတစ်ခုအတွက်တောင် စည်းရုံးခံရနိုင်တယ်လေ။ အဲဒီကို ရောက်တာနဲ့၊ ကျွန်တော့်တာဝန်မှာ ဘာသာစကား၊ ဘဝနေထိုင်မှုအပြင်၊ လမ်းပေါ် အချိန်အများကြီး နေရတာ စတာတွေလို စိန်ခေါ်မှုတွေအများပြီး ရှိခဲ့ပေမယ့်၊ ကျွန်တော် နောက်မဆုတ်ခဲ့ဘူး။ နေ့တိုင်း ဝတ်ပြုစည်းဝေးကျင်းပရင်းနဲ့၊ တာဝန်ကို ကောင်းကောင်းလုပ်ဖို့ အားထုတ်တဲ့အနေနဲ့ အသင်းတော်အလုပ်ကို စီစဉ်ရင်း၊ အစာစားလို့ “ဖြုန်းမိတဲ့” အချိန်ကိုတောင် သဘောမကျဖြစ်ရင်းနဲ့ တစ်နေ့လုံး အလုပ်များခဲ့တယ်— တစ်နေရာရာ သွားတဲ့လမ်းမှာ ဘစ်ကားပေါ် စားလို့ရတာတစ်ခုခု ကိုင်သွားတယ်။ ဒီလို တစ်နှစ်ကျော်ကြာပြီးတဲ့နောက်၊ ကျွန်တော် တာဝန်ယူထားတဲ့ အလုပ်နယ်ပယ်တွေမှာ သိသာတဲ့ တိုးတက်မှု ရှိခဲ့တယ်။ ကျွန်တော့်လို တာဝန်အတွက် တောင်ပိုင်းဒေသကို တစ်ချိန်တည်းမှာ လာခဲ့တဲ့ ညီမ ကျန်းက ကျွန်တော့်ကို လေးလေးစားစားကြည်ကြည့်ပြီး၊ “ရှင် တကယ်ကို ကောင်းတဲ့ ရလဒ်တချို့ ရနေတာပဲ။ ကျွန်မရဲ့ အလုပ်က ရှင့်အလုပ်ကို မမီနိုင်ဘူး” လို့ ပြေတယ်။ သူ့ကို ကျွန်တော် နှစ်သိမ့်ပြီး အားပေးခဲ့ပါတယ်- “ဘုရားက သူ့အလုပ်ကို စောင့်ရှောက်သူပါ။ အဲဒါကို ကျွန်တော်တို့ ရှိသမျှနဲ့အားထုတ်သရွေ့၊ ကဏ္ဍအားလုံးမှာ တိုးတက်မှု မြင်ရမှာပါ”လို့ပေါ့။ အဲဒါတွေက ကျွန်တော့် နှုတ်ဖျားက စကားတွေဖြစ်ပေမယ့်၊ ကျွန်တော် တိတ်တိတ်လေး ကျေနပ်နေခဲ့တာပါ။ ကျွန်တော့် တာဝန်တွေက တကယ့်ကို ကောင်းကောင်း အဆင်ပြေနေတဲ့အတွက်၊ ကျွန်တော့် ခေါင်းဆောင်ဖြစ်တဲ့ အစ်မ ကျင်းက တခြားလူတွေ သင်ယူလို့ရအောင် ကျွန်တော့် အလုပ်အတွေ့အကြုံကို စာနဲ့ရေးခိုင်းခဲ့တယ်။ ကျွန်တော်က ပိုရေးပါတဲ့ လုပ်ငန်းဆောင်တာအတွက်၊ လေ့ကျင့်ပေးဖို့ သင့်တော်တဲ့သူတစ်ဦး ဖြစ်လာနှင့်ပြီဖြစ်သလို အသင်းတော်ရဲ့ အရေးပါသူတွေထဲက တစ်ဦး ဖြစ်လာပြီလို့ ခံစားရင်းနဲ့ ပိုလို့တောင် ဘဝင်ခိုက်လာခဲ့တယ်။ အဲဒီနောက် မကြာခင်မှာ၊ ညီမ ကျင်းက ကျွန်တော်တို့ကို သူနဲ့အတူ အလုပ်လုပ်ဖို့ နောက်ထပ်ခေါင်းဆောင်တစ်ယောက် ရွေးခိုင်းခဲ့တယ်။ ဒေသတွင်းမှာ တစ်နှစ်ကျော် ကျွန်တော် အလုပ်လုပ်နေခဲ့ပြီးဖြစ်သလို၊ ဒီတစ်ချိန်လုံး ကောင်းကောင်း လုပ်နေခဲ့ပြီးဖြစ်တဲ့အတွက်၊ ရာထူးကို ကျွန်တော် ကျိန်းသေပေါက်ရမှာပဲလို့ တွေးရင်းနဲ့ ဒါကို ကြားတော့ ကျွန်တော် စိတ်လှုပ်ရှားသွားတယ်။
အဲဒီနောက် လဝက်အကြာ စုဝေးပွဲတစ်ခုမှာ ကျွန်တော် အံ့အားသင့်မိတာက ခေါင်းဆောင်အနေနဲ့ အရွေးခံရသူဟာ အစ်မ ဝန်ဖြစ်နေခဲ့တာပါပဲ။ သတင်းကိုကြားတော့၊ ကျွန်တော် အရမ်းစိတ်ဓာတ်ကျသလို ဖြစ်ခဲ့တယ်။ လက်မခံလိုဘဲ၊ မတရားခံရလို ခံစားခဲ့ရပြီး၊ မကျေနပ်ချက်တွေနဲ့ ပြည့်ခဲ့တယ်- ဒီခံစားချက်တွေအားလုံး ရှေ့ကိုရောက်လာတယ်။ “ဘယ်လိုဖြစ်ပြီး အစ်မ ဝန်ဖြစ်နိုင်ရတာလဲ။” ကျွန်တော် တွေးမိတယ်၊ “သူ့အလုပ်ရဲ့ ရလဒ်က ဒီလိုပဲ ဖြစ်ခဲ့တာကို။ ဘာလို့ ငါ့အစား အရွေးခံရတဲ့သူက သူ ဖြစ်ရမှာလဲ။ တကယ်ပဲ လုံလောက်တဲ့ အဖိုးအခကို ငါ မပေးရသေးဘူးလား။ ဒါမှမဟုတ် ငါ့တာဝန်မှာ လုံလောက်တဲ့ ကိုယ်စွမ်းကိုယ်စ မသုံးရခဲ့ဘူးလား။ အသင်းတော်ထဲမှာ ဖြစ်ပေါ်တဲ့ အခက်အခဲနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ နေရာအတော်များများမှာ ညနက်တဲ့အထိ ငါ အလုပ်လုပ်ခဲ့ရသလို၊ အကြိမ်ရေ မရေမတွက်နိုင်အောင် အလုပ်ပင်ပန်းတဲ့ဒဏ် ခံရပြီးပြီ။ ငါ့ရဲ့ ကိုယ်ပိုင်တာဝန်တွေကို ငါ ဂရုစိုက်ပြီးရုံသာမက၊ ခေါင်းဆောင်ရဲ့ အလုပ်ကိုလည်း ကူညီပြီးပြီလေ။ ဒါတွေအားလုံး ခံစားရပြီးတဲ့နောက်မှာ၊ ခေါင်းဆောင်အနေနဲ့ ငါ အရွေးမခံရရင်၊ ဘယ်အနာဂတ်မျိုး ငါ့မှာ ရှိတာလဲ။ ဒီလိုဖြစ်မှတော့၊ ငါ့တာဝန်ကို လုပ်ဖို့ ဘာလို့ ဆက်အပင်ပန်းခံနေမှာလဲ။ ဘာပဲဖြစ်ဖြစ်၊ အခက်အခဲ ဘယ်လောက်ခံရပါစေ၊ အဖိုးအခ ဘယ်လောက်ပေးပါစေ၊ ဘယ်သူကမှ သတိမပြုမိတာပဲလေ...” လို့ပေါ့။
အဲဒီ စုဝေးပွဲပြီးတဲ့နောက် ကျွန်တော် တော်တော် စိတ်ပျက်သွားပုံရတာကို အစ်မကျင်းက သတိထားမိခဲ့ပြီး၊ ကျွန်တော် တွေးတဲ့အရာကို မေးခဲ့တယ်။ သူ့ကို ကျွန်တော့် အခြေအနေ ပြောပြလိုက်တယ်။ အစ်မကျင်းက အရမ်းကို စိတ်ရှည်ရှည်နဲ့ ကျွန်တော့်ကို ပြောခဲ့တယ်၊ “အင်း၊ အမှန်က ရှင့်တာဝန်ကို ရှင်စိတ်နစ်ပြီးလုပ်တာ လူတိုင်း မြင်ရပါတယ်၊ ဒါပေမယ့် ရှင်က အသက်ဝင်ရောက်မှုအပေါ် အာရုံမစိုက်သလို၊ တစ်ခုခု ဖြစ်လာတဲ့အခါ၊ ရှင် တစ်ခါမှ မဆင်ခြင်သလို၊ သင်ခန်းစာ ယူဖို့လည်း ကိုယ့်ကိုယ်ကိုယ် မသိဘူးလို့ ညီအစ်ကို မောင်နှမ အများစုက သုံးသပ်မိတယ်။ အဲဒီအစား၊ ရှင်က ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါတယ်— ဒါက ရှင့်ရဲ့ အကြီးဆုံး ပြဿနာပဲ။ ဘုရားရဲ့ အိမ်တော်မှာ သမ္မာတရားနဲ့ တရားမျှတမှုက လွှမ်းမိုးတယ်။ ညီအစ်ကို မောင်နှမတွေ ကျွန်မတို့ကို မရွေးတဲ့အခါ၊ အဲဒါ ဘုရားရဲ့ဖြောင့်မတ်ခြင်းဖြစ်ပြီး၊ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်သင့်တယ်။ ကျွန်မတို့ ဘယ်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို နာခံရမယ်၊ ဘုရားသခင် ပြင်ဆင်ထားတဲ့ ပတ်ဝန်းကျင်အတွင်းမှာ သမ္မာတရားရှာဖွေတာကို ကျွန်မတို့ အာရုံစိုက်ရမယ်၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သုံးသပ်ရမယ်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ရှာပြီး တာဝန်ကို ကောင်းကောင်း လုပ်ရမယ်။ ဒါကသာ ဘုရားရဲ့အလိုတော်နဲ့ ညီတယ်”တဲ့။ အစ်မ ကျင်းက ကျွန်တော့်ရဲ့ ပြဿနာကို တိုက်ရိုက်ဖြေရှင်းခဲ့ပေမယ့်၊ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ လုံးဝ ကင်းမဲ့နေခဲ့တယ်။ ဘာတစ်ခုမှ မပြောပေမယ့်၊ တိတ်တဆိတ် ကျွဲမြီးတိုနေခဲ့တယ်။ ကျွန်တော်က အသက်ဝင်ရောက်မှု ကင်းမဲ့နေခဲ့ပြီး အရေးကြီးတဲ့ ကိုယ့်ကိုယ်ကိုယ် အသိစိတ် မရှိခဲ့တာကို သိခဲ့ပေမယ့်၊ သူတို့ရဲ့ သိနားလည်မှုအကြောင်းကိုပဲ ပြောပြီး သူတို့တာဝန်ကို စိတ်နစ်ကိုယ်နစ် မလုပ်ကြတဲ့သူတွေထက် အများကြီး ကျွန်တော် ပိုကောင်းတယ်လို့ ထင်ခဲ့တယ်။ သူတို့ ကျွန်တော့်ကို အထင်သေးသလို ခံစားရတယ်။ ဒါကြောင့် ကျွန်တော့်တာဝန်မှာ ဘယ်လိုပဲ ကြိုးစားလုပ်သည်ဖြစ်စေ၊ ဘာအသုံးဝင်မှာလဲပေါ့။ အဲဒီကစပြီး ဒီလိုဆန့်ကျင်ဘက် စိတ်နေသဘောထားမျိုး သိုထားခဲ့ပြီး၊ တစ်ခုခုနဲ့ပတ်သက်လို့ ကူညီဖို့ အစ်မကျင်းက ကျွန်တော့်ကို ခိုင်းတဲ့အခါတိုင်း၊ ပိုလွယ်တဲ့ အလုပ်တွေကိုပဲ လုပ်ဖို့ ရွေးယူခဲ့ပြီး၊ ပြီးစီးဖို့ ပိုခက်တဲ့အရာ၊ အဖိုးအခပေးဖို့ လိုတဲ့အရာ ဘယ်အရာကိုမဆို နှပ်ချခဲ့တယ်။ အဲဒီလို အခက်အခဲကို တာဝန်ယူဖို့ ကျွန်တော် မလိုလားတော့ဘူး။ အစ်မကျင်းက သူ့အလုပ်မှာ အခက်အခဲတွေ ကြုံနေရတာကို သတိပြုမိတော့ ကျွန်တော် အားရခဲ့တယ်၊ “ခုတော့ ငါ့ရဲ့ တန်ဖိုးကို မင်းမြင်နိုင်ပြီပေါ့”လို့ တွေးရင်းပေါ့။ အသစ်ရွေးခံရတဲ့ ခေါင်းဆောင် အစ်မ ဝန်က ကျွန်တော်တို့နဲ့ အစည်းအဝေးကျင်းပဖို့ လာတဲ့အချိန်မှာ အဲဒီတန်ဖိုးတစ်ခုမှ ကျွန်တော် ရှိမနေခဲ့ဘူးလေ။ ကိုယ့်ကိုယ်ကိုယ်တောင်၊ “မင်းက ငါ့ထက် နည်းနည်းပိုအသက်ကြီးတာ မဟုတ်လား။ သမ္မာတရားအပေါ် မိတ်သဟာယကနေ အသင်းတော် အခက်အခဲနဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့ထိ ဘယ်အရာမှာမှ ခင်ဗျားက ကျွန်တော့်ကို မမီသေးဘူး”လို့ တွေးမိခဲ့တယ်။ အဆင့်အတန်းအတွက် ကျွန်တော့် ဆန္ဒမပြည့်တာနဲ့၊ ခေါင်းဆောင်အပေါ် မလိုမုန်းထားမှု၊ မကျေနပ်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ကျွန်တော့်တာဝန်မှာ ဟန်ဆောင်လုပ်ပြနေခဲ့တယ်၊ အပျက်သဘောဆောင်ပြီး အာခံနေခဲ့တယ်။
အဲဒီတုန်းက ကျွန်တော် တကယ်ကို နုံအပြီး ကျွန်တော့် စိတ်နှလုံးက မာကြောနေခဲ့တယ်။ ပြီးတော့ ခေါင်းဆောင်က ကျွန်တော့်ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းပေမယ့်၊ သတိပေးပြီး အကူအညီပေးပေမယ့်၊ ကိုယ့်ကိုယ်ကိုယ် လုံးဝ မဆင်ခြင်ခဲ့ဘူး။ ကျွန်တော့် စိတ်ဝိညာဉ်မှာ အမှောင် တိုးသထက်တိုးတာနဲ့အမျှ အဲဒီ အပျက်သဘောဆောင်တဲ့ အခြေအနေကို သုံးလလောက် ကျွန်တော် သယ်ဆောင်ခဲ့တယ်။ စုဝေးပွဲတိုင်းမှာ ကျွန်တော့် မိတ်သဟာယက ပျင်းစရာကောင်းပြီး ခြောက်ကပ်နေခဲ့တယ်။ အခြားသူတွေရဲ့ ပြဿနာတွေထဲကို ထိုးထွင်းသိခြင်မှု တစ်ခုမှ ကျွန်တော် မရှိသလို ကူမဖြေရှင်းပေးနိုင်ခဲ့ဘူး။ အဲဒါက တကယ်ကို အနေခက်ပြီး စုဝေးပွဲ အသီးသီးက တော်တော်နဲ့ ပြီးမလာနိုင်ဘူး။ သူတို့ ကြုံရတဲ့ ပြဿနာတွေနဲ့ ဧဝံဂေလိလုပ်နေတဲ့ လူတွေကိုလည်း မကူညီနိုင်ခဲ့ဘူး၊ အဲဒါက ကျွန်တော်တို့ ဧဝံဂေလိအလုပ်ထဲ တိုးတက်မှု နှေးကွေးတဲ့ သဘောပါ။ မကြာခင်မှာ ကျန်းမာရေးမကောင်းတဲ့ ပဲ့ပြင်ဆုံးမမှုကို ရင်ဆိုင်ခဲ့ရတယ်။ တစ်နေ့မှာ ကျွန်တော် ရုတ်တရက် အားနည်းပြီး ခန္ဓာကိုယ်အနှံ့ ပျော့ခွေသွားသလို၊ အသက်တစ်ချက် မရှူနိုင်ခဲ့ဘူး၊ ကျွန်တော် မူးဝေသွားခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက ဆေးကုဖို့ ဆေးရုံကို ပို့လိုက်ကြတယ်။ ဒါပေမယ့် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး နောင်တရဖို့ ခေါင်းမာမာ ငြင်းတုန်းပဲ၊ ပြီးတော့ နောက်ဆုံးမှာ ဘာလက်တွေ့အလုပ်မှ မလုပ်လို့ တာဝန်ကနေ ကျွန်တော် ဖယ်ရှားခံခဲ့ရတယ်။ ခေါင်းဆောင်က ဝတ်ပြုဆက်ကပ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ဖို့ ဇာတိမြို့ကို ပြန်ဖို့ ကျွန်တော့်အတွက် စီစဉ်ပေးခဲ့တယ်။ သတင်းကြားတော့ ကျွန်တော် ခါးခါးသီးသီး ငိုကြွေးခဲ့တယ်— သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် ဆုံးရှုံးလိုက်ရပြီဖြစ်သလို၊ တာဝန်ကို ဆုံးရှုံးတာက ကျွန်တော့်အပေါ် ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထား ရောက်လာတာမှန်း စိတ်နှလုံးမှာ သိခဲ့တယ်၊ ဒါပေမယ့် ကျွန်တော် အိမ်ပြန်အလွှတ်ခံရတုန်းမှာ ကျွန်တော်နဲ့အတူ တောင်ပိုင်းကို လာခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံး အရေးပါတဲ့ ရာထူးတွေ ရှိခဲ့ကြပုံကို တွေးလိုက်တော့ ကျွန်တော် အရှက်ရမိခဲ့တယ်။
အစောပိုင်း နှစ်အနည်းငယ်က ကျွန်တော် အဖမ်းခံခဲ့ရပြီး မှတ်တမ်းရှိထားတော့၊ ဇာတိမြို့ကို ပြန်သွားဖို့ ကျွန်တော့်အတွက် မလုံခြုံဘူးလေ၊ ဒါကြောင့် ဝေးလံပြီး တောင်ထူထပ်တဲ့ ဒေသမှာ နေတဲ့ ညီအစ်ကို တစ်ယောက်အိမ်ကို ခေါင်းဆောင်က ကျွန်တော့်ကို ပို့ခဲ့တယ်။ ညမှာ အကြမ်းထည်သစ်သား အိပ်ရာပေါ် လဲလျောင်းရတယ်၊ ဆုံးဖြတ်ချက် အပြည့်နဲ့ ကျွန်တော့် တာဝန်ကို ထမ်းဆောင်ပြီး၊ အသင်းတော် အလုပ်ကို ကောင်းကောင်းလုပ်ဖို့ တောင်ဘက်ကို ခရီးသွားပြီး အရေးပါတဲ့ အခန်းကဏ္ဍကို ဖြည့်ဆည်းဖို့ ရာထူးတိုးခံရတဲ့အချိန်ကို ပြန်စဉ်းစားနေခဲ့တယ်။ ဒါပေမယ့် အဲဒီအစား အသင်းတော် အလုပ်ကို နှောင့်ယှက်တဲ့အတွက် တာဝန်ကနေ ကျွန်တော် ဖယ်ရှားခံခဲ့ရတယ်။ ကျွန်တော့် ဇာတိမြို့က ညီအစ်ကို မောင်နှမတွေ သိရင် သူတို့ ဘာတွေးကြမလဲ။ ကျွန်တော့်တာဝန်မှာ တမင်ပျက်ကွက်ပြီး လက်တွေကျတဲ့ အလုပ်မလုပ်နိုင်လို့ ဖယ်ရှားခံခဲ့ရတယ်လို့ ပြောကြမလား။ ရာထူး ဆုံးရှုံးလို့ တခြားလူတွေရဲ့ အထင်သေးတာခံရမယ့် အတွေးက ကျွန်တော့်ကို ကယောက်ကယက် ဖြစ်စေခဲ့ပြီး၊ အဲဒါကို တွေးလေလေ ပိုစိတ်မချမ်းမြေ့လေ ဖြစ်လာခဲ့တယ်။ သေဖို့ အတွေးတောင် ဝင်လာခဲ့တယ်။ ကျွန်တော် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်တော် တကယ်ကို ဆင်းရဲဒုက္ခခံနေရပါတယ်။ ခေါင်းဆောင်တစ်ယောက်လို ရာထူးကို ဆုံးရှုံးရတာဟာ ကျွန်တော့်ဆီက တကယ့်အသက် သိမ်းယူခံလိုက်ရသလိုပါပဲ။ အဆင့်အတန်းကို မလိုက်စားသင့်မှန်း သိပေမယ့်၊ အဲဒါနဲ့ အချည်အနှောင်တွေကို ကျွန်တော် မလွတ်နိုင်ပါဘူး။ အို ဘုရားသခင်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သိပြီး ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်ဖို့ လမ်းပြတော်မူပါ”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့လမ်းကြောင်းကို သင်တို့လျှောက်လှမ်းကြသည်နှင့်အမျှ အသင့်တော်ဆုံးသော လိုက်စားမှုမျိုးမှာ အဘယ်နည်း။ သင်၏လိုက်စားမှု၌ သင့်ကိုယ်သင် မည်သို့သောလူစားမျိုးအဖြစ် မြင်သင့်သနည်း။ စမ်းသပ်မှုများ ဖြစ်စေ၊ အခက်အခဲများဖြစ်စေ၊ သို့မဟုတ် ရက်စက်သော ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းတို့ဖြစ်စေ သင့်အပေါ် ယနေ့ကျရောက်သည့် အရာအားလုံးအပေါ် ချဉ်းကပ်ပုံချဉ်းကပ်နည်းကို သင်သိသင့်၏။ ထိုအရာအားလုံးနှင့် ရင်ဆိုင်ရသည့်အခါ ကိစ္စရပ်တိုင်း၌ ၎င်းတို့ကို သေချာသုံးသပ်သင့်၏။...သင်သည် သင်၏ ပတ်ဝန်းကျင်နှင့် မည်ကဲ့သို့အလိုက်သင့်နေရမည်ကို မသိသကဲ့သို့၊ ထိုသို့နေရန် သာ၍ပင် မလိုလားပေ၊ အကြောင်းမှာ ထပ်တလဲလဲဖြစ်သော ဤပြစ်တင်ဆုံးမမှု၊ သင့်အဖို့ ရက်စက်သည့် ဤပြစ်တင်ဆုံးမမှုမှ သင့်အနေဖြင့် မည်သည့်အရာကိုမျှ မရရှိလိုသည့်အတွက် ဖြစ်သည်။ သင်သည် ရှာဖွေရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် စူးစမ်းစစ်ဆေးရန် ကြိုးပမ်းခြင်းတို့ မပြုဘဲ သင်၏ကံကြမ္မာကိုသာ ကြိတ်မှိတ်လက်ခံထားကာ၊ ကံစေညွှန်ရာသို့ သွားသည်။ သင့်အဖို့ ရက်စက်ကြမ်းကြုတ်သော ပြစ်တင်ဆုံးမခြင်း လုပ်ရပ်များဟု ထင်ရနိုင်သည့် အရာသည် သင်၏စိတ်နှလုံးကို မပြောင်းလဲစေသကဲ့သို့၊ သင်၏စိတ်နှလုံးကို သိမ်းလည်း မသိမ်းပိုက်ထားပေ။ ယင်းအစား၊ ထိုလုပ်ရပ်တို့က သင့်နှလုံးသားကို ထိုးသွင်းကြသည်။ ဤဘဝ၌ သင်သည် ဤ ‘ရက်စက်သော ပြစ်တင်ဆုံးမခြင်း’ ကို သင်၏ရန်သူအဖြစ်သာ မြင်၏၊ ထို့ကြောင့် ဘာကိုမျှ သင်မရရှိထားပေ။ သင်သည် မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု အလွန်မှတ်ယူသည်တကား။ သင်သည် အလွန်စက်ဆုပ်ဖွယ် ဖြစ်သောကြောင့် ထိုသို့သော စမ်းသပ်မှုများကို ခံရသည်ဟု သင်ယုံကြည်ခဲလှ၏။ ယင်းအစား၊ သင်သည် မိမိကိုယ်ကို အလွန်ကံခေသည်ဟု မှတ်ယူပြီး၊ ငါသည် သင့်ကို အမြဲအပြစ်ရှာနေသည်ဟု သင်ပြော၏။ ယခုတွင် အမှုအရာတို့သည် ဤအခြေအနေထိ ဆိုက်ရောက်လာပြီးဖြစ်ရငြား၊ ငါပြောဆို လုပ်ဆောင်သည့်အရာကို သင်သည် အမှန်တကယ်မည်မျှသိသနည်း။ သင်သည် ကောင်းကင်ထက် အနည်းငယ်မျှသာ နိမ့်ကျသော်လည်း ကမ္ဘာမြေထက် အဆုံးမရှိ မြင့်မားသော မွေးရာပါ ပါရမီရှင်တစ်ဦးဖြစ်သည်ဟု မထင်လေနှင့်။ သင်သည် အခြားမည်သူမဆိုထက် တော်နေရန်ဝေးစွ၊ ငါ၏လုပ်ရပ်များကို အသေးစိတ်အကျဆုံးကအစ ရိပ်စားနိုင်ပုံရနေဘိသည့်အလား မိမိကိုယ်ကိုယ် အလွန်အထင်ကြီးကာ သိမ်ငယ်စိတ် လုံးဝမရှိဖူးသည့်အတွက် သင်သည် ကမ္ဘာမြေပေါ်မှ ဆင်ခြင်တုံတရား ရှိသည့် မည်သူမဆိုထက် သာ၍မိုက်မဲနေပုံမှာ ချစ်စဖွယ်ပင် ကောင်းနေသေးတော့သည်ဟု ဆိုနိုင်ပေသည်။ အမှန်တွင်၊ သင်သည် ငါလုပ်ဆောင်ရန် ကြံရွယ်ထားသောအရာကို မသိသကဲ့သို့၊ ယခု ငါလုပ်ဆောင်နေသည့်အရာကို သာ၍ပင် သတိမမူမိသည့်အတွက် အခြေခံအားဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့နေသူတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် လူ့ဘဝအပေါ် သိမြင်နားလည်ခြင်း ရေးရေးမျှပင် မရှိသော်လည်း၊ မြေကို ထွန်ယက်စိုက်ပျိုးစဉ် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများအပေါ် လုံးဝမှီခိုအားထားသော လယ်သမားဖြစ်သည့် မြေပေါ်၌ ပင်ပင်ပန်းပန်းအလုပ်လုပ်နေသည့် လယ်သမားအိုတစ်ဦးနှင့်ပင် သင်သည် တန်းတူမဟုတ်ဟု ငါဆို၏။ သင်သည် မိမိ၏အသက်တာအဖို့ နှစ်ခါမတွေး၊ ကျော်ကြားမှုနှင့်ပတ်သက်၍ သင့်အနေဖြင့် ဘာမျှ မသိသကဲ့သို့၊ သင်၌ မိမိကိုယ်ကိုယ် သိသောအသိ သာ၍မရှိချေ။ သင်သည် အလွန် ‘မြင့်မြတ်’ ပါသည်တကား။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော) “သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။...သင်တို့၏ တက်လမ်းများနှင့် ကံကြမ္မာကို ဘေးဖယ်ထားဖို့ သင်တို့အတွက် ခက်ပေသည်။ ယခုတွင် သင်တို့သည် နောက်လိုက်များ ဖြစ်ကြပြီး အမှု၏ ဤအဆင့်ကို သိနားလည်မှုအချို့ ရရှိကြပြီးဖြစ်သည်။ သို့သော်၊ အဆင့်အတန်းအတွက် သင်တို့၏ တပ်မက်မှုကို သင်တို့ ဘေးမဖယ်ထားကြသေး။ သင်တို့၏ အဆင့်အတန်း မြင့်မားသည့်အခါ သင်တို့ ကောင်းစွာ ကြိုးစားကြသော်လည်း၊ သင်တို့၏ အဆင့်အတန်း နိမ့်သည့်အခါ သင်တို့ မကြိုးစား ကြတော့ပေ။ အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီး မင်္ဂလာများမှာ သင်တို့၏ စိတ်ထဲ၌ အမြဲရှိနေသည်။ လူအများစုသည် အပျက်သဘောဆောင်ခြင်းမှ အဘယ်ကြောင့် မိမိတို့ကိုယ်ကိုယ် မဖယ်ရှားနိုင်ကြပါသနည်း။ အဖြေမှာ စိတ်ပျက်ဖွယ်ရာ တက်လမ်းများကြောင့် အမြဲတစေ ဖြစ်သည် မဟုတ်လော။...ဤနည်းလမ်းဖြင့် သင်ရှာဖွေလေလေ ရိတ်သိမ်းမှု နည်းလေလေ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် လူတစ်ဦး၏ အလိုဆန္ဒ ကြီးမားလေလေ၊ ၎င်းတို့အား ပို၍ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုလေလေ ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော စစ်ဆေးခြင်းကို ကြုံရလေလေဖြစ်သည်။ ထိုသို့သော လူတို့သည် အသုံးမကျသောသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအရာများကို လုံးလုံးလျားလျား လက်လွှတ်ရန်အလို့ငှာ ၎င်းတို့အား လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းပြီး တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤနည်းဖြင့် အဆုံးတိုင်အောင် လိုက်စားပါက၊ မည်သည့် အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများသည် ပြောင်းလဲခြင်း မခံရနိုင်သကဲ့သို့၊ သမ္မာတရားကို ဆာငတ်ခြင်းမရှိသော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ သင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲခြင်းနှင့် ဝင်ရောက်ခြင်းကို လိုက်စားခြင်းအား အာရုံမစိုက်ဘဲ၊ ယင်းအစား လွန်ကဲသော တပ်မက်မှုများနှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်ခြင်းကို တားဆီးသော အရာများအပေါ် သင် အမြဲတစေ အာရုံစိုက်၏။ ထိုအရာများသည် သင့်အား ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ဘုရားရဲ့ တရားစီရင်ခြင်း နှုတ်ကပတ်တော်တွေက ကျွန်တော့်အတွက် စစ်မှန်ပြီး ကျွန်တော့် ကိုယ်ပိုင် အခြေအနေကို ဖော်ထုတ်ခဲ့တယ်။ ခေါင်းဆောင်ရာထူးအတွက် အရွေးခံခဲ့ရပြီး အလုပ်မှာ အောင်မြင်မှုတချို့ ရှိခဲ့တဲ့နောက် ကျွန်တော်ဟာ တစ်ခုခု ထူးခြားပြီး အသင်းတော်ရဲ့ အုတ်မြစ်တွေထဲက တစ်ခုဖြစ်တယ်လို့ ထင်မှတ်ခဲ့ပုံကို ပြန်တွေးမိခဲ့တယ်။ အဆင့်အတန်းမြှင့်တင်ဖို့၊ ပိုလို့တောင် များတဲ့ အသင်းတော်တွေကို ဦးဆောင်ပြီး ပိုများတဲ့ ညီအစ်ကို မောင်နှမတွေရဲ့ လေးစားတာ ခံရဖို့ အခွင့်အရေးရမယ့်နေ့ကို စဉ်ဆက်မပြတ် စောင့်နေခဲ့တယ်။ ကျွန်တော်လိုချင်တဲ့ နာမည်နဲ့ ရာထူးမရတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ဘဲ ကျွန်တော့် အားထုတ်မှုတွေအားလုံး အချည်းနှီးဖြစ်သွားသလို ခံစားရင်းနဲ့ မကျေနပ်မှုနဲ့ မွှန်ထူသွားခဲ့တယ်၊ ဒေါသထွက်ခဲ့တယ်၊ ကျွန်တော်ဟာ မကျန်းမာမှုကို ခံရတဲ့အချိန်နဲ့ ဆုံးမပဲ့ပြင်ခံခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော် စာနာစိတ်မရှိသလို မာကြောမြဲမာကြောနေခဲ့ပြီး ဘုရားဆီ မလှည့်ခဲ့ဘူး။ တာဝန်ကနေ အထုတ်ခံခဲ့ရတဲ့နောက်မှာတောင် တနုံ့နုံ့စဉ်းစားနေတုန်းပဲ။ ကျွန်တော်က ရည်မှန်းချက်နဲ့၊အဆင့်အတန်းအတွက် ကျွန်တော့် အလိုဆန္ဒနဲ့ပဲ မူးနှောက်နေခဲ့တာပါ— အဲဒါက အသိစိတ်ကို စွန်းထင်းစေခဲ့ပြီး၊ သင့်လျော်တဲ့ ဆင်ခြင်တုံတရားနဲ့ လူ့သဘာဝအားလုံး ပျောက်ဆုံးသွားခဲ့တယ်။ မြေကို ထွန်ယက်စိုက်ပျိုးတာနဲ့အမျှ ကောင်းကင်ဘုံကို အမှီပြုတဲ့ လယ်သမားတွေဟာ ကံကြမ္မာက ပြုသမျှနုရမယ့်သူတွေဖြစ်မှန်း သိပြီး ကောင်းကင်ဘုံရဲ့ အလိုကို ကျိုးနွံနာခံကြတယ်၊ ဒါပေမယ့် ကျွန်တော့်က ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ လုံးဝ ကင်းမဲ့နေပြီး၊ ကိုယ့်နေရာကို နာခံစွာနဲ့ပဲ မယူနိုင်ခဲ့သလို တာဝန်ကို မလုပ်ဆောင်နိုင်ခဲ့ဘူး။ အဲဒီအစား၊ ဘုရားသခင်က ကျွန်တော့်အတွက် ရေးဆွဲထားတဲ့ နယ်ပယ်တွေရဲ့အပြင်ကို အမြဲ ခြေလှမ်းလှမ်းချင်ခဲ့ပြီး၊ ကြီးမြတ်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ပိုကြီးမားတဲ့ အဆင့်အတန်းကို လိုက်စားချင်ခဲ့ပြီး၊ တခြားလူတွေရဲ့ လေးစားမှုကို ရဖို့ ကျွန်တော့် ရည်မှန်းချက်နဲ့ ဆန္ဒတွေကို ဖြည့်ဆည်းချင်ခဲ့တယ်။ အဲဒါက ကောင်းကင်တမန်မင်းရဲ့ သဘာဝ အတိအကျ မဟုတ်လား။ သခင်ယေရှုက အမှုပြုဖို့ ကမ္ဘာမြေကို ကြွလာခဲ့ချိန်မှာ၊ နှိမ့်ချပြီး ကွယ်ဝှက်ခဲ့သလို၊ သူ ပိုင်ဆိုင်နိုင်တဲ့ အဆင့်အတန်းကို လုံးဝ မတောင်းဆိုခဲ့ဘူး။ အပြစ်သားတွေနဲ့ အတူ ညစာစားပြီး၊ တပည့်တော်တွေရဲ့ ခြေကို ကုန်းဆေးခဲ့တယ်။ ပြီးတော့ ဒီနေ့မှာ ဘုရားက လူ့ဇာတိ ပြန်ခံလာပြီး အမှုပြုဖို့ ကမ္ဘာမြေပေါ် ကြွလာပြီးပြီဖြစ်ပေမယ့်၊ သူ့ကိုယ်သူ ဘုရားလို့ မခေါ်ခဲ့ဘူး၊ ဒါမှမဟုတ် သူ့ကို ကိုးကွယ်ဖို့ လူတွေကို မတောင်းဆိုဘူး။ အဲဒီအစား၊ အရမ်းကို တိတ်တဆိတ်နဲ့ မပေါ်မထင် သမ္မာတရားကို ဖော်ပြပြီး လူတို့ဘဝတွေအတွက် အာဟာရ ထောက်ပံ့ပေးတယ်။ ဒါပေမယ့် ကျွန်တော့်မှာတော့၊ ကျွန်တော့် အလုပ်နည်းနည်း ပြီးမြောက်တာကြောင့်ပဲ လူတိုင်း လေးစားခံရဖို့ကို သေမလောက်လိုချင်နေခဲ့တယ်။ အခြားသူတွေရဲ့ အထက်မှာ ခေါင်းတစ်လုံးသာသင့်ပြီး၊ ခေါင်းဆောင် ရာထူးက ကျွန်တော့်အတွက် ကျိန်းသေသင့်တယ်လို့တောင် ပြောင်ပြောင်တင်းတင်း ယုံကြည်မိခဲ့တယ်။ အရွေးခံရတာ ကျွန်တော် မဟုတ်တော့ လုံးဝ မကျေမချမ်းဖြစ်ခဲ့တယ်။ အပျက်သဘောဆောင်ပြီး ခေါင်းမာလာခဲ့တယ်။ ဆင်ခြင်တုံတရားအားလုံး မာနထောင်လွှားစွာ ဆုံးရှုံးခဲ့တယ်— အရမ်း အရှက်မဲ့ခဲ့တာပါ။ ကျွန်တော့် အပြုအမူက တခြားလူသားတွေကို ကိုယ်တိုင် ဖက်ပြိုင်အံတုတာမဟုတ်ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်နေတာပါ။ ကျွန်တော်က ဘုရားသခင်ကို တိုက်ရိုက် ခုခံနေခဲ့တာဖြစ်ပြီး၊ သူ့ရဲ့ စိတ်သဘောထားကို ဟိုးအချိန်ကတည်းက ပုန်ကန်ပြစ်မှားခဲ့တာပါ။ ထုတ်ပယ်ခံရတာက ကျွန်တော့်အပေါ် ဘုရားရဲ့ ဖြောင့်မတ်တဲ့ တရားစီရင်ခြင်း ဖြစ်ခဲ့ပြီး၊ ကျွန်တော့်ရဲ့ အဆင့်အတန်း မက်မောမှု ဒါမှမဟုတ် ကျွန်တော့်ရဲ့ စာနာစိတ်မရှိတဲ့ နှလုံးသား နိုးထမလာအောင် ကိုင်တွယ်ဖြေရှင်းဖို့ ဖြစ်ခဲ့တယ်။
အဲဒီနောက် နောက်ထပ် ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “ငါ၏ အမျက်ဒေါသကို ဆွခဲ့သူ အားလုံးကို ငါ၏အပြစ်ဒဏ် ခံစားစေမည်၊ တစ်ချိန်က ငါ၏ တန်းတူရည်တူများအဖြစ် ငါ့အပေါ်တွင် ရပ်တည်လိုသော ဆန္ဒရှိသော်လည်း၊ ငါ့ကိုကိုးကွယ်ခြင်းနှင့် နာခံခြင်းမရှိခဲ့သော ထိုသားရဲများအပေါ် ငါ၏အမျက်ဒေါသ အကုန်အစင် သွန်းမည်၊ တစ်ချိန်က ငါ၏ပြုစုစောင့်ရှောက်မှု၊ ငါပြောကြားခဲ့သည့် နက်နဲမှုများကို မွေ့လျော်ခဲ့သူများနှင့် ငါ့ထံမှ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများကို ရယူရန် ကြိုးပမ်းခဲ့သော ထိုတိရစ္ဆာန်များအပေါ် လူသားကို ရိုက်နှက်သော ငါ၏လှံတံသည် ကျရောက်လိမ့်မည်။ ငါ့နေရာကို ယူရန် ကြိုးပမ်းသည့် မည်သူကိုမျှ ငါခွင့်လွှတ်မည် မဟုတ်ပေ။ ငါ့ထံမှ အစားအစာနှင့် အဝတ်အထည်များကို ဆွဲလုရန် အားထုတ်ကြိုးပမ်းသူများကို ငါချမ်းသာပေးမည် မဟုတ်ပေ။ ယခုတွင် သင်တို့သည် ဘေးအန္တရာယ်မှ လွတ်မြောက်လျက်ရှိနေပြီး သင်တို့ ငါ့အား တောင်းဆိုမှုများကို ရှိထားသည့်အခွင့်ထက်ပိုပြီး ဆက်လက်ပြုလုပ်နေသည်။ ဒေါသနေ့ရက် ကျရောက်လာသောအခါ၊ သင်တို့သည် ငါ့ကို နောက်ထပ် တောင်းဆိုမှုတစ်ခုတစ်လေ ပြုတော့မည် မဟုတ်ပေ။ ထိုအချိန်တွင် သင်တို့၏ စိတ်နှလုံးကျေနပ်သည့်အထိ သင်တို့ကိုယ်သင်တို့ ‘ပျော်ရွှင်ကြည်နူး’ ခွင့်ကို ငါ ပေးမည်၊ သင်တို့ မည်သည့်အခါမျှ ပြန်မထလာနိုင်အောင် သင်တို့မျက်နှာကို မြေကြီးထဲသို့ အတင်းဖိသွင်းမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) “အသင်းတော်အနည်းငယ်ကို ဦးဆောင်ပြီးသည့်နောက်၊ လူအချို့က တိုး၍ မာနထောင်လွှားကြကာ၊ ဘုရားအိမ်တော်သည် ၎င်းတို့မရှိဘဲ မဖြစ်နိုင်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ထံမှ အထူးဆက်ဆံမှုကို ခံစားရသင့်ကြောင်း တွေးကြသည်။ အမှန်တွင်၊ ၎င်းတို့၏ ဂုဏ်အဆင့်အတန်း မြင့်မားလာလေ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ တောင်းဆိုမှုများ မြင့်မားလေ ဖြစ်သည်။ အယူဝါဒများကို ၎င်းတို့ ပို၍ နားလည်လေ၊ ၎င်းတို့၏ တောင်းဆိုမှုများသည် သာ၍ ပုန်းလျှိုးကွယ်လျှိုးဖြစ်ကာ ခိုးကြောင်ခိုးဝှက်ဖြစ်လာလေလေ ဖြစ်သည်။ ၎င်းတို့၏ နှုတ်များမှ မပြောကြသော်လည်း၊ ယင်းကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်ထားပြီး သိမြင်ဖို့ မလွယ်ကူပေ။ ဖြစ်နိုင်ချေရှိသမျှမှာ ၎င်းတို့၏ မကျေနပ်ချက်များနှင့် ခုခံမှုတို့ ပေါ်ပေါက်လာသည့် အချိန်တစ်ခု ရှိလိမ့်မည် ဖြစ်ပြီး၊ ယင်းက သာ၍ပင် ဒုက္ခပေးလေသည်။ လူများက ဘာသာရေး ခေါင်းဆောင်များနှင့် ထင်ရှားသူများ သာ၍ဖြစ်လေ၊ ၎င်းတို့သည် အန္တရာယ်ရှိသော အန္တိခရစ်များ သာ၍ ဖြစ်သည်မှာ အဘယ်ကြောင့်နည်း။ လူများ၏ ရာထူးဂုဏ်ဒြပ် ကြီးလေလေ၊ ၎င်းတို့၏ရည်မှန်းချက် ပို၍ ကြီးလေလေ ဖြစ်သောကြောင့် ဖြစ်သည်။ အယူဝါဒများကို ၎င်းတို့ ပို၍နားလည်လေလေ၊ ၎င်းတို့၏ စိတ်သဘောထားများမှာ ပို၍မောက်မာလေလေ ဖြစ်လာသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို ရှာဖွေရမည့်အစား ရာထူးဂုဏ်ဒြပ်ကို ရှာဖွေပါက သင်၌ အန္တရာယ်ရှိနေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်”) ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေ ဖတ်ရတာက ကျွန်တော့်ကို ကြောက်ရွံ့မှုနဲ့ တုန်လှုပ်စေပြီး အဆင့်အတန်းကို လိုက်စားခြင်းရဲ့ အနှစ်သာရနဲ့ အကျိုးဆက်တွေကို ပြခဲ့တယ်။ ကျွန်တော့်တာဝန်မှာ တစ်ခုခု စွမ်းဆောင်ရရှိပြီး အသင်းတော် အနည်းငယ်ရဲ့ အလုပ်ကို ကြီးကြပ်ရတဲ့အခါ၊ ကျွန်တော့်နေရာကို မေ့သွားခဲ့တယ်။ ပိုကြီးတဲ့ သိက္ခာကို မက်မောရင်းနဲ့၊ ပိုများတဲ့ လူတွေကို စီမံပြီး ကျွန်တော့်ကို လေးစားပြီး ကျွန်တော့်နောက်လိုက်စေဖို့ မျှော်လင့်ရင်းနဲ့ပေါ့။ အနှစ်သာရအနေနဲ့ အဲဒါက ဘုရားရွေးချယ်ထားသူတွေကို သူ့ဆီကနေ လုယူဖို့ ကြိုးစားနေတာဖြစ်ပြီး သူ့ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနေတာပါ။ ဒါက ကောရနဲ့ ဒါသန်အဖွဲ့က မောရှေရဲ့ ခေါင်းဆောင်မှုကို ဆန့်ကျင်ပြီး သူ့ရာထူးကို ယူဖို့ ကြိုးစားခဲ့တဲ့အချိန် ကျေးဇူးတော်ခေတ်ကို အမှတ်ရစေခဲ့တယ်။ ဘုရားက မြေကြီးကို နှစ်ခြမ်းခွဲပြီး သူတို့ လုံးဝ ဝါးမျိုခံခဲ့ကြရတယ်။ ပြီးတော့ ယုဒ ဖာရိရှဲတွေ၊ ယဇ်ပရောဟိတ် အကြီးအကဲတွေနဲ့ ကျမ်းတတ်ပုဂ္ဂိုလ်တွေက သက်ဝင်သူတစ်ဦး ရဖို့ ကုန်းနဲ့ရေ အနှံ့ ခရီးနှင်ခဲ့ကြပေမယ့် သခင်ယေရှုက ရွေးနှုတ်ခြင်းအမှု လုပ်ဆောင်ဖို့ ကြွလာချိန်မှာ သခင်ယေရှုကို ခုခံရင်းနဲ့ ရှုတ်ချရင်း၊ သူတို့ရဲ့ ကိုယ်ပိုင်ရာထူးတွေကို သူတို့ အစွမ်းရှိသမျှနဲ့ ကာကွယ်ခဲ့ကြတဲ့ အချိန်ဖြစ်တဲ့ ကျေးဇူးတော်ခေတ် ရှိတယ်။ နောက်ဆုံးမှာ ကားတိုင်းမှာ သူ့ကို သံမှိုရိုက်နှက်စေပြီး ဘုရားရဲ့ ဖျက်ဆီးခြင်းကို ခံစားခဲ့ကြရတယ်။ ဒီအရာတွေကို အစအဆုံး စဉ်းစားလိုက်တော့ အဆင့်အတန်းကို လိုက်စားတာက ဘုရားကို တိုက်ရိုက် ဆန့်ကျင်တဲ့လမ်းကို လျှောက်ခြင်းပဲဆိုတာ ပြတယ်— ငရဲနဲ့ ပျက်သုဉ်းခြင်းကို ဦးတည်နေတဲ့ လမ်းပဲ။ အဲဒီအချိန်မှာ မြေပေါ် ကျွန်တော် ဒူးထောက်ပြီး ဆုတောင်းရင်း ခါးခါးသီးသီး ငိုကြွေးမိတယ်၊ “အို ဘုရားသခင်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကိုယ်တော်ရဲ့ ရန်သူ မဖြစ်စေချင်တော့ပါဘူး၊ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး နောင်တရနိုင်ဖို့ပဲ ဆန္ဒရှိပါတယ်။ ကျွန်တော့်အတွက် ကိုယ်တော် ဘယ်ပတ်ဝန်းကျင်မျိုးကို စီစဉ်ပါစေ၊ ကျွန်တော်လိုချင်သမျှက အဖန်ဆင်းခံတစ်ဦးရဲ့ နေရာကိုယူပြီး ကိုယ်တော့်ကို ကျိုးနွံနာခံဖို့ပါ။”
အဲဒီနောက် ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံး စလုပ်ခဲ့တယ်။ ကျွန်တော့်ကို ကမကထပြုတဲ့ အစ်ကိုကြီးက ဧဝံဂေလိဝေမျှဖို့ သူ့ရဲ့ တချို့အမျိုးဆီ ကျွန်တော့်ကို ခေါ်သွားတယ်။ သူတို့နဲ့ အချိန်ယူတဲ့ တစ်လျှောက်လုံး မေးခွန်းတွေ အများကြီး မေးကြတယ်၊ ဒါပေမယ့် ဆီလျော်တဲ့ သမ္မာတရားတွေကို ကျွန်တော် ကောင်းကောင်း နားမလည်ခဲ့ဘူး။ ကျွန်တော် ဘယ်လောက် ချို့တဲ့ကြောင်းကို မြင်ရတာက တကယ်ကို ကသိကအောက်ဖြစ်စရာပါ။ အရင်က အလုပ်အချို့ ပြီးစီးပြီး အောင်မြင်မှုတချို့ ရှိခဲ့တော့၊ ပိုအရေးပါတဲ့ ရာထူးအတွက် ကျွန်တော် လေ့ကျင့်ရမှာပဲလို့ တွေးရင်းနဲ့ လူတိုင်းကို စအထင်သေးလာခဲ့တယ်။ ဒါပေမယ့် နောက်တော့ ကိုယ့်ကိုယ်ကိုယ် လုံးဝ ရှင်းရှင်း မမြင်နိုင်ခဲ့မှန်း နားလည်သွားတယ်။ ခေါင်းဆောင်တစ်ယောက် ပိုင်ဆိုင်ရမယ့် အရေးကြီးဆုံး လက္ခဏာက သမ္မာတရားကို နားလည်တာပဲ။ ခေါင်းဆောင်တွေအနေနဲ့ ပြဿနာ ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရမယ်လေ။ ဒါပေမယ့် ဧဝံဂေလိ ဖြန့်ဝေဖို့အတွက် အခြေခံအကျဆုံး သမ္မာတရား ရှုထောင့်တွေကိုတောင် ကျွန်တော် ရှင်းရှင်းလင်းလင်း မိတ်သဟာယ မပြုနိုင်ခဲ့ဘူး။ ဒါတောင် ခေါင်းဆောင်ရာထူးအတွက် ကျွန်တော် စဉ်ဆက်မပြတ် တိုက်ခိုက်နေခဲ့တယ်— ဘယ်လောက် အဓိပ္ပာယ်မဲ့လိုက်လဲ။ ညီအစ်ကို မောင်နှမတွေရဲ့ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ သီအိုရီ မြင့်မြင့်တွေပဲ ပြောဖို့သုံးပြီး သူတို့ကို နည်းနည်း အားပေးလိုက်တယ်၊ ဒါပေမယ့် သူတို့ရဲ့ အသက်ဝင်ရောက်မှုထဲက လက်တွေစိန်ခေါ်မှုတွေကို လုံးဝ ကူမရှင်းပေးခဲ့ဘူး။ တစ်ယောက်ယောက်က သမ္မာတရားကို မပိုင်ဆိုင်ရင်၊ ဘယ်လောက်မြင့်တဲ့ အဆင့်ကို တက်ပါစေ၊ လက်တွေ့ကျတဲ့အလုပ် လုပ်နိုင်မှာမဟုတ်မှန်း ကျွန်တော် နားလည်သွားတယ်။ အသင်းတော်ရဲ့ အလုပ်ကို နှောင့်ယှက်ပြီး ညီအစ်ကို မောင်နှမတွေရဲ့ အသက်တာတွေကို ထိခိုက်စေတာနဲ့ပဲ အဆုံးသတ်မှာပဲ။ ကျွန်တော့်အနေနဲ့ သမ္မာတရားနဲ့ ပိုကောင်းကောင်း ပြင်ဆင်လာနိုင်အောင် ဘုရားသခင်က ဧဝံဂေလိ ဝေမျှဖို့နဲ့ လူသစ်တွေကို လမ်းပြဖို့ အဲဒီနေရာမှာ ထားခဲ့မှန်းလည်း ခံစားခဲ့ရတယ်။ ဒါက ကျွန်တော့်ချို့တဲ့မှုတွေကို ထေမိဖို့ နည်းလမ်းတစ်ခု ဖြစ်ခဲ့တာပါ။ ဘုရားရဲ့ အလိုတော်ကို နားလည်တာနဲ့၊ အဲဒီပတ်ဝန်းကျင်ထဲမှာ ကျိုးနွံနာခံပြီး တာဝန်ကို လုပ်ဆောင်ဖို့နဲ့ သမ္မာတရားထဲ ဝင်ရောက်တာကို လက်တွေ့လုပ်ဆောင်ဖို့ ပျော်လာခဲ့တယ်။ ကြိုးစားအလုပ်လုပ်တဲ့ကာလနောက်မှာ၊ ရူပါရုံ ရှုထောင့်ထဲက သမ္မာရားမျိုးစုံနဲ့ ကျွန်တော် ပြင်ဆင်လာခဲ့ပြီး၊ ဒေသတွင်း ဧဝံဂေလိအလုပ်က တဖြည်းဖြည်း ပိုပိုပြီး အားသွန်ခွန်စိုက်ဖြစ်လာခဲ့တယ်။ ကျွန်တော် နေ့တိုင်း ယုံကြည်သူသစ်တွေနဲ့ ဘုရားနှုတ်ကပတ်တော်တွေ စားသောက်ပြီး ဘုရားကိုချီးမွမ်းတဲ့ ဓမ္မသီချင်းတွေ သီဆိုနေခဲ့တယ်။ ကျွန်တော် တကယ် စိတ်ကျေနပ်ပြီး ဘုရားကို သူ့ရဲ့ ကျေးဇူးတော်နဲ့ ကရုဏာတော်အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိခဲ့တယ်။
အဲဒီတောင်တန်းဒေသမှာနေတဲ့ သုံးနှစ်က မျက်စိတစ်မှိတ်အတွင်း ကုန်သွားတယ်။ နောက်တော့ တစ်နေ့မှာ၊ စုဝေးပွဲတစ်ခုကနေ ကျွန်တော် အိမ်ပြန်လာတဲ့လမ်းမှာ မိုးဒလဟော စရွာခဲ့တယ်— မိုးက တဖွဲဖွဲရွာနေတယ်၊ လေပြင်းကလည်းတိုက်နေပြီး၊ ကျွန်တော့် စက်ဘိန်းကိုတောင် အနိုင်နိုင် တွန်းနေရတယ်။ ချိုင့်ပေါတဲ့ တောင်တက်လမ်း တစ်လျှောက် လျှောက်ရင်းနဲ့၊ ကျွန်တော့် မျက်လုံးတွေတောင် မဖွင့်နိုင်အောင် မိုးက အရမ်းရွာနေခဲ့ပြီး၊ တောင်တန်းတွေမှာ ဧဝံဂေလိ ဝေမျှရတာက တကယ် ခက်တယ်ဆိုတဲ့ အတွေးဝင်လာတယ်။ ကျွန်တော် အဲဒီမှာ သုံးနှစ်နီးပါး တာဝန်ကို ထမ်းဆောင်ခဲ့ပြီးပြီဖြစ်သလို သင်ခန်းစာတချို့လည်း သင်ယူပြီးပါပြီ။ ဒီတော့ ဘာလို့ကျွန်တော့်ကို မရွေ့ပြောင်းသေးတာလဲ။ တခြား ညီအစ်ကို မောင်နှမတွေက တာဝန်ကနေ အထုတ်ခံရတဲ့အခါ၊ သူတို့ ဆင်ခြင်မိပြီး သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိလာသလို နောင်တရပြီး ပြောင်းလဲမှုတချို့ လုပ်လိုက်တာနဲ့ ခေါင်းဆောင် ရာထူးတွေ ပြန်ပေးခံရတယ်။ ကျွန်တော်က တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိနေခဲ့ပြီးပြီဖြစ်ပေမယ့်၊ အဖွဲ့ငယ်လေးကိုတောင် ဦးဆောင်ခွင့်မရခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ်နဲ့ပတ်သက်လို့ နားလည်မှုတချို့ ရခဲ့ပြီး၊ တာဝန်အပေါ် ကျွန်တော့် သဘောထား၊ ပြီးတော့ ကျွန်တော် ပြင်ဆင်ခဲ့တဲ့ သမ္မာတရားနဲ့၊ အနည်းဆုံး အသင်းတော်တစ်ပါးကို ဦးဆောင်နိုင်တယ်လို့ ထင်ခဲ့တယ်။ ဒီတော့ ဘာလို့ ကျွန်တော် ပြောင်းရွေ့မခံရသေးတာလဲ။ တောင်တန်းတွေမှာပဲ ဆက်ပြီး ဧဝံဂေလိ အမြဲ ဟောနေရတော့မှာလားလို့ပေါ့။ ဒီအတွေက ကျွန်တော့်အတွက် အတော်အတန် စိတ်ဓာတ်ကျစရာ ဖြစ်ခဲ့တယ်။ အိမ်ရောက်တော့၊ ပြီးခဲ့တဲ့ တစ်လျှောက်လုံး ကျွန်တော်က ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်နဲ့ အထင်လွဲမှုတွေ ပြသနေခဲ့ပြီး၊ ထပ်ပြီး ကျွန်တော့် စိတ်နှလုံးထဲမှာ ဂုဏ်သိက္ခာကို မြတ်နိုးနေခဲ့မှန်း နားလည်ခဲ့ရတယ်။ ကိုယ့်ကိုယ်ကို ဘုရားရှေ့ ငြိမ်သက်စေနိုင်အောင် ကျွန်တော့်စိတ်နှလုံးကို ကွယ်ကာဖို့ ဘုရားဆီ ကျွန်တော် တောင်းလျှောက်ခဲ့ပါတယ်။
အဲဒီနောက် သိပ်မကြာခင်မှာပဲ၊ ဒီဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ “လူသားနှင့်ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ သူသည် သူ၏ကံကြမ္မာနှင့် အလားအလာများကိုသာ တွေးပြီး ဤအရာများကို မြတ်နိုးကိုးကွယ်ခြင်း ဖြစ်သည်။ လူသားသည် သူ၏ကံကြမ္မာနှင့် အလားအလာအတွက် ဘုရားသခင်ကို လိုက်လံရှာဖွေသည်။ ဘုရားသခင်ကို သူချစ်သောကြောင့် ကိုးကွယ်နေခြင်း မဟုတ်ပေ။ ထို့ကြောင့်၊ လူသားကို သိမ်းပိုက်ရာတွင်၊ လူသား၏ တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘနှင့် ဘုရားသခင်ကို သူ၏ကိုးကွယ်မှုအား အတားဆီးဆုံးသောအရာများအားလုံးကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဖယ်ရှားရမည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ လူသားကို သိမ်းပိုက်ခြင်း အကျိုးတရားများကို ရရှိပေလိမ့်မည်။ အကျိုးဆက်အနေဖြင့်၊ လူသားကိုသိမ်းပိုက်ခြင်း၏ ပထမအဆင့်များတွင် လူသား၏ အထိန်းအကွပ်မဲ့သော ရည်မှန်းချက်များနှင့် အဆိုးရွားဆုံးသော အားနည်းချက်များကို သန့်စင်ပစ်ဖို့ လိုအပ်ပြီး၊ ဤအရာမှတစ်ဆင့် ဘုရားသခင်အပေါ် လူသား၏ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြဖို့နှင့် လူ့ဘဝနှင့်ဆိုင်သော သူ၏ အသိ၊ ဘုရားသခင်အပေါ် သူ၏အမြင်နှင့် သူ၏ဖြစ်တည်မှု အဓိပ္ပာယ်တို့ကို ပြောင်းလဲရန် လိုအပ်ပေသည်။ ဤနည်းဖြင့်၊ ဘုရားသခင်အပေါ် လူသား၏ ချစ်ခြင်းမေတ္တာသည် သန့်စင်သွား၏၊ ဆိုလိုသည်မှာ၊ လူသား၏ စိတ်နှလုံးသည် သိမ်းပိုက် ခံရပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) “ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သေလိုပြီး သင်၏အကြံအစည်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်လိုသည့် အနေအထားအထိရောက်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံမည်ဖြစ်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ချုပ်နှောင်မှုကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ သင်သည် စာတန်၏ ချုပ်နှောင်ခြင်းကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ သင်၏လိုအင်များ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို သင်သည် ယင်းကဏ္ဍများတွင် ဒုက္ခဆင်းရဲခံသင့်သည်။ ဒုက္ခဆင်းရဲထဲ၌သာ သင်ခန်းစာများကို သင်ယူနိုင်ပြီး၊ ယင်းမှာ သမ္မာတရားကို ရနိုင်စွမ်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စမ်းသပ်မှုများအလယ်၌ ဘုရားသခင်ကို ကျေနပ်စေသင့်သည့် နည်းလမ်း”) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခြင်းအားဖြင့်၊ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာ ခံရတဲ့နောက်၊ အယောက်တိုင်းက သူ့ရဲ့ အဆိပ်တွေနဲ့၊ “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏”၊ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏”၊ “သစ်ပင်တစ်ပင်က သစ်ခေါက်လိုအပ်သလို လူက မျက်နာလိုသည်”၊ “လူသည် အားမာန်နှင့် ဆုံးဖြတ်ချက်ဖြင့် ရဲရဲဝံ့ဝံ့ အသက်ရှင်ရမည်” အစရှိတဲ့ အရာတွေနဲ့ အသက်ရှင်ကြမှန်း တွေ့ရတယ်။ နာမည်နဲ့ အဆင့်အတန်းနောက်လိုက်ရင်း၊ အဲဒီ ဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ ကျွန်တော် အသက်ရှင်နေခဲ့တာပါ။ ညီအစ်ကို မောင်နှမတွေရဲ့ လေးစားမှုကို ရခဲ့ချိန်မှာ၊ အလုပ်လုပ်ဖို့ စိတ်ပါဝင်စားမှု အပြည့်ရှိခဲ့တယ်။ ဒါပေမယ့် တစ်ယောက်ယောက် ကျွန်တော့်ထက် သာတာ မြင်ရတဲ့အခါ၊ ကျွန်တော့် အဆင့်အတန်း ထိခိုက်တဲ့အခါ၊ မနာလိုဖြစ်ပြီး ပေတေလာခဲ့တယ်။ ကျွန်တော့်ရာထူး ဆုံးရှုံးသွားတော့၊ အပျက်သဘောဆောင်ပြီး ဆန့်ကျင်ခဲ့သလို တာဝန်ထမ်းဆောင်တာတောင် ရပ်လိုက်တယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထပ်မတွေးခဲ့ဘူး။ အဲဒါက ဘယ်လိုလုပ် အသိစိတ်၊ ဆင်ခြင်တုံတရား တစ်ခုတစ်လေ ရှိတာ ဖြစ်ခဲ့မှာလဲ။ အဲဒါက စာတန်ရဲ့ အဆိပ် ကျွန်တော့်ထဲမှာ နက်နက် နေရာယူထားတာပါ။ ဘုရားက လူတွေကို တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ စမ်းသပ်ခြင်းနဲ့ စစ်ဆေးခြင်းတွေကတစ်ဆင့် ကယ်တင်တယ်။ ဒီလိုနဲ့ သူတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို ပြောင်းလဲရင်းနဲ့၊ လူတွေရဲ့ မှားတဲ့ အတွေးတွေ၊ ရှုထောင့်အမြင်တွေနဲ့ လိုက်စားတဲ့အရာတွေ ပြောင်းလဲနိုင်တယ်။ အဲဒီနောက် စာတန်ရဲ့ အဆိပ်တွေနဲ့ သူတို့ အသက်မရှင်ကြတော့သလို၊ ဘုရားကို ချစ်နိုင်ပြီး နာခံလာနိုင်တယ်၊ ပြီးတော့ ဘုရားရဲ့ ရယူတာ ခံရနိုင်တယ်။ ဒါက လူသားမျိုးနွယ်ထဲက ဘုရားအမှုရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ ဘုရားက ကျွန်တော့်ရဲ့ အတွင်း ရည်မှန်းချက်ကြီးတာကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော်ကိုယ်တိုင်အတွက် နာမည်တစ်ခု ဖန်တီးဖို့ အခွင့်အရေးမရှိတဲ့ ကြမ်းတမ်းတဲ့ တောင်တန်းမြေမှာ ကျွန်တော့်ကို ထားခဲ့ပြီးပြီ။ ကျွန်တော့်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို သန့်စင်ပြီး လူသားသဏ္ဍာန် အသက်ရှင်နေထိုင် နိုင်စွမ်းရှိစေဖို့ ဖြစ်တယ်၊ ဒါမှ အဖန်းဆင်းခံ တစ်ဦးရဲ့ တာဝန်ကို စွဲစွဲမြဲမြဲ ကျွန်တော် လုပ်နိုင်မှာ၊ ဘုရားကို တကယ်ကိုးကွယ်ပြီး၊ ကျိုးနွံနာခံနိုင်မှာလေ။ ဒီသဘောပေါက်မိခြင်းက ဘုရားအပေါ် ကျေးဇူးတင်ရှိခြင်းနဲ့ ပြည့်စေခဲ့ပြီး၊ သမ္မာတရားကို ကောင်းကောင်း လိုက်စားပြီး လုံးဝ တန်ဖိုးမဲ့တဲ့ အရာတွေဖြစ်တဲ့၊ နာမည်နဲ့ အကျိုးအမြတ်နောက် လုံးဝ ထပ်မလိုက်ဖို့ ဘုရားရှေ့မှာ ဆုံးဖြတ်ခဲ့တယ်။
အဲဒီနောက် ကိစ္စတွေ ပေါ်လာတဲ့အခါ၊ နာမည်နဲ့ အကျိူးအမြတ်တွေကို စဉ်းစားနေတာ ကိုယ့်ကိုယ်ကိုယ် တွေ့ရတုန်းပဲ။ ဒါပေမယ့် သမ္မာတရားကို ကျွန်တော် ရှာဖွေနိုင်ခဲ့ပြီး ကိုယ့်အခြေအနေကို ပြောင်းလဲနိုင်ခဲ့တယ်။ တစ်ကြိမ်မှာ၊ အသင်းတော်က ဧဝံဂေလိ ဗီဒီယို ရိုက်ရာမှာ ပါဝင်ဖို့ ကျွန်တော့်ကို တာဝန်ပေးတာ မှတ်မိတယ်။ ရုပ်ရှင်ရိုက်ရာမှာ ပါဝင်ဖို့နဲ့ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်အတွက် သက်သေအနေနဲ့ အစေခံဖို့ အခွင့်အရေးရတာ ကျွန်တော် တကယ် စိတ်လှုပ်ရှားပြီး ဂုဏ်ယူခဲ့ရတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ၊ လူအုပ်ကနေ ထင်ပေါ်ဖို့ ကျွန်တော့်ရဲ့ မက်မောမှုက စထကြွလာနေတယ်။ အဲဒီဧဝံဂေလိ ဗီဒီယိုမှာ သရုပ်ဆောင်နေတာ မြင်ရင် တခြားညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို အထင်ကြီးလေးစားကြမှာပဲလို့ တွေးနေခဲ့တယ်။ ဒါပေမယ့် ရိုက်ကွင်းနေရာကို သွားတော့၊ ကျွန်တော် အံ့ဩသွားရတာက၊ ခေါင်းဆောင်က၊ “ခုချိန်မှာ ကိစ္စတွေက တကယ်ကို ကသီကလင်နိုင်လွန်းတယ်။ အစားအစာ ပြင်တဲ့ တာဝန်ကို ကမကထလုပ်နေတဲ့ ညီအစ်ကိုနဲ့ အလုပ်လုပ်လိုက်၊ ပြီးတော့ သန့်ရှင်းရေးကိုလည်း တာဝန်ယူလိုက်ဦး” လို့ ပြောခဲ့တယ်။ ဒါကို ကျွန်တော် တကယ် မလုပ်ချင်ခဲ့ဘူး။ တာဝန်ကို ကမကထလုပ်တာက အသင်းတော်ထဲက တခြား ဘယ်ညီအစ်ကို မောင်နှမမဆို လုပ်နိုင်တဲ့အရာတစ်ခုလို့ တွေးခဲ့တာလေ— ဘာလို့ ကျွန်တော်မှ ဖြစ်ရတာလဲပေါ့။ ဒါ့အပြင်၊ မြောက်နဲ့ တောင်ပိုင်းနှစ်ခုလုံးမှာ ခေါင်းဆောင်အနေနဲ့ ကျွန်တော် အစေခံခဲ့ပြီးပြီ။ ဘယ်ခေါင်းဆောင်ရာထူးမျိုးကိုမှ ကျွန်တော် လက်မခံနိုင်ဘူး၊ ဒါပေမယ့် သင့်တော်တဲ့ တာဝန်တစ်ခု အပေးခံရသင့်တယ်မလားပေါ့။ အဲဒီတောက်တိုမယ်ရ အလုပ်မျိုးတွေလုပ်စေရအောင် တခြားလူတွေက အံ့ဩရလောက်အောင် ကျွန်တော့်အကြောင်း ဘာမှမစဉ်းစားသလိုကို ခံစားခဲ့ရတယ်။ အဲဒါ ကျွန်တော် လုပ်နိုင်တာကို ဖြုန်းတီးတာ မဟုတ်လား။ ဒါက ကျွန်တော့်အတွက် တကယ် စိတ်ပျက်စရာပါ၊ ဒါပေမယ့် အရင်က ကျွန်တော့် အတွေ့အကြုံအရ၊ ကျွန်တော် ကျိုးနွံနာခံသင့်မှန်း သိခဲ့ပါတယ်။ တာဝန်ကို လက်ခံဖို့ ကိုယ့်ကိုယ်ကိုယ် အတင်းလုပ်ခဲ့ရတယ်။ တခြားညီအစ်ကို မောင်နှမတွေက ရုပ်ရှင်ရိုက်ဖို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီး၊ ကျွန်တော့် ဇာတိမြို့က အတော်များများ သရုပ်ဆောင်ကြတာကို မြင်ခဲ့ရတယ်၊ ဒါပေမယ့် ကျွန်တော်က အစားအစာ ချက်ရင်းနဲ့ ကြမ်းတိုက်ရင်း ရှေ့ဖုံးခါးစည်း ဝတ်နေရတယ်။ အရှက်ကွဲသလို ခံစားခဲ့ရတယ်။ ကရုဏာသက်စရာ အခိုက်အတန့်တစ်ခုမှာ၊ ညီငယ်တစ်ယောက်က ကျွန်တော့်ကို မြင်ပြီး နွေးနွေးထွေးထွေးနဲ့ “အစ်ကို ခေါင်းဆောင်ဖြစ်တုန်းက ကျွန်တော်တို့ အသင်းတော်ကို ကြီးကြပ်ခဲ့တယ်။ အဲဒီအချိန်က ဘာတစ်ခုမှ နားမလည်ခဲ့ပေမယ့် စည်းဝေးပွဲတွေကိုပဲ ကျွန်တော် သွားချင်ခဲ့တယ်။ အစ်ကို စီစဉ်တဲ့ စုဝေးပွဲတွေက ကျွန်တော့်အတွက် အရမ်း အထောက်အကူ ဖြစ်ခဲ့တယ်” လို့ ပြောခဲ့ပါတယ်။ သူ့ဆီက လုံးဝ သာမန်ကာလျှံကာဖြစ်တဲ့ ဒီမှတ်ချက်က၊ ကျွန်တော့်နားမှာ အရမ်းမခံသာအောင် ဖြစ်ခဲ့တယ်— သူ ကျွန်တော့်ကို လှောင်နေသလို ခံစားခဲ့ရတယ်။ ကျွန်တော့်မျက်နှာ စရဲလာပြီး၊ တွားသွားဝင်လို့ရမယ့် အပေါက်တစ်ခုကိုပဲ တွေ့ချင်မိတော့တယ်။ နောက်တစခါ ညီအစ်ကို မောင်နှမတွေ ရုပ်ရှင်ရိုက်တာကို လက်စသတ်တာ အရမ်းနောက်ကျခဲ့ပြီး ခေါင်းဆောင်က နောက်နေ့မနက်စောစော ရုပ်ရှင်ရိုက်တာ ပြန်စမယ်လို့ ပြောခဲ့တယ်။ သူက အခန်းကို သန့်ရှင်းဖို့ ကျွန်တော့်ကို အချိန်ပိုဆင်းဖို့ ပြောခဲ့တယ်။ ဒါကို ကြားရတာ ကျွန်တော့်ကို တကယ် ကသိကအောက်ဖြစ်စေပြီး၊ ကျွန်တော်က၊ “မင်းတို့အားလုံး မောပြီး အနားယူကြတော့မယ်၊ ဒါပေမယ့် ငါကတော့ အစေခံလိုမျိုး သန်းခေါင်ယံမှာ သန်ရှင်းရေးလုပ်နေရဦးမယ်” လို့ တွေးမိခဲ့တယ်။ တခြားလူတွေက တစ်နေ့တာ အလုပ်ကြိုးစားပြီးတဲ့နောက် အေးဆေးဖြစ်သွားပြီး အိပ်နှင့်နေတုန်းမှာ ကိုယ်က ရှင်းလင်းနေရတာ မြင်တော့ တကယ် မတရားခံရသလို ခံစားခဲ့ရတယ်။ မကျွမ်းကျင်တဲ့ အလုပ်သမားလိုမျိုး တကယ်ကို ကျွန်တော် စိတ်ထိခိုက်ခဲ့တယ်။ သိက္ခာတစ်စက်မှ မရှိသလို တောင်တန်းတွေမှာ ဧဝံဂေလိ ဝေမျှတာ ပိုကောင်းတယ်လို့ ခံစားခဲ့ရတယ်၊ အဲဒီမှာဆိုရင် အနည်းဆုံးတော့ ကျွန်တော့် မိတ်သဟာယက ယုံကြည်သူသစ်တွေက မွေ့လျော်ပြီး ဂုဏ်ယူရတဲ့ ခံစားချက် ပြည့်နိုင်တယ်လေ။ အဲဒါကို ဒီမှာ ကျွန်တော် လုံးဝ မရဘူးလေ။ အဲဒီနောက်၊ ကျွန်တော် မှန်ကန်တဲ့ အခြေအနေမှာ မရှိတဲ့အတွက်၊ အစားအစာကို တွေဝေပြီး လုပ်ပေးနေသလို အစားအစာတွေက ခါးပြီး ငန်လွန်းတာမဟုတ်ရင် အနံ့အရသာ ပေါ့ပြီး မရှိတာမျိုး ဖြစ်လာတယ်။ ဒါပေမယ့် ဘယ်သူမှ ဘာတစ်ခုမှ မပြောကြဘူး— ဒီအတိုင်း စားလိုက်ကြတာပါပဲ။ ကျွန်တော် တကယ် အပြစ်ရှိသလို ခံစားရတယ်— ဘယ်လိုဖြစ်ပြီး အစားအစာကို အဲဒီလို လုပ်နိုင်ရတာလဲ။ သူတို့ ဘယ်လို စားနိုင်မှာလဲပေါ့။ အဲဒီနောက်မှာပဲ ရှင်းလင်းတဲ့ အတွေးတစ်ခု ပေါ်လာခဲ့တယ်- အဆင့်အတန်းအတွက် ကျွန်တော့် ဆန္ဒမပြည့်လို့ စိတ်မပါတာကြောင့် အိုးနင်းခွက်နင်း လုပ်နေမိတာ မဟုတ်လား။ ဒါကို ကျွန်တော် တွေးဆပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်တယ်။ အဲဒါပါပဲလို့ မြင်ခဲ့တယ်— ကျွန်တော် အနှိမ်ခံရပြီး ဘာသိက္ခာမှမရှိသလို ခံစားရလို့ ကျွန်တော် အတိုက်အခံလုပ်ပြီး မကျေမနပ်ဖြစ်ခဲ့တာလို့ ခံစားရတယ်။ အဆင့်အတန်းကို ကျွန်တော် ကိုးကွယ်နေတုန်းပါပဲ။
အဲဒီတုန်းက ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ် ဖတ်ခဲ့ရတယ်။ “အတိတ်တွင် ပေတရုသည် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရသည်။ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံသတ္တဝါတစ်ဦးသည် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထို့ကြောင့် သူ ဆန္ဒရှိသည်အတိုင်း သင့်ကို နေရာချဖို့ရန်အတွက်၊ သင်သည် အချိန်ဆွဲမနေဘဲ သင့်ကိုယ်သင် ဘုရားသခင်ထံ မြန်မြန် ပေးအပ်သင့်သည်။ ယင်းက ဘုရားသခင်အား ပျော်ရွှင်စေပြီး ကျေနပ်စေသရွေ့၊ သင်နှင့်ပတ်သက်၍ သူ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်ပါလေ့စေ။ လူသားများသည် စောဒကတက်သည့် စကားများ ပြောဆိုရန် မည်သည့်အခွင့်ရှိသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၄၁)) “ထို့ကြောင့် ယနေ့ သင်တို့ကို ထိုသို့ ငါ တရားစီရင်သည်နှင့်အမျှ၊ အဆုံးတွင် သင်တို့ မည်သည့် အတိုင်းအတာအထိ နားလည်မှု ရှိလိမ့်မည်နည်း။ သင်တို့၏ အဆင့်အတန်း မမြင့်သော်လည်း ဘုရားသခင်၏ မြှင့်တင်ခြင်းကို ခံစားခဲ့ရသည်ဟု သင်တို့ဆိုကြလိမ့်မည်။ သင်တို့သည် နိမ့်ကျစွာ မွေးဖွား လာခဲ့သောကြောင့် သင်တို့၌ အဆင့်အတန်း မရှိပေ၊ သို့သော် ဘုရားသခင်သည် သင့်ကို မြှင့်တင်သောကြောင့် သင် အဆင့်အတန်း ရရှိပေသည်- ယင်းမှာ ဘုရားသခင် သင်တို့အား ပေးသနားသောအရာဖြစ်သည်။...သင်တို့သည်- ‘အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့် အကြောင်းနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ် လုပ်ဆောင်သင့်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ နာခံဖို့ဖြစ်ကြောင်းကို ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဖန်ဆင်းခြင်းကိုခံခဲ့ရသော ဘာမျှ မပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် ဘာမျှမပိုပါ၊ အဖန်ဆင်းခံ လူသားအားလုံးထဲမှ တစ်ဦးသာ ဖြစ်ပါ၏။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ အလိုရှိသည့် အတိုင်း ပြုရန် ကိုယ်တော်၏ လက်တော်ထဲ၌ တစ်ဖန် ထားတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော် စီမံပြီးဖြစ်သည့် အရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် လိုလားပါ၏။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။’ ဟု ဆုတောင်းသင့်သည်။ ရာထူးအဆင့်အတန်း အပေါ် သင်အာရုံ မပြုတော့မည့်အချိန် ရောက်လာသည့်အခါ၊ သင်သည် ထိုအရာမှ လွတ်မြောက်လိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် ယုံကြည်ရဲရင့်စွာ ကြိုးစားနိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်၏ စိတ်နှလုံးသည် မည်သည့် ချုပ်နှောင်မှုမဆိုထံမှ လွတ်မြောက်လာနိုင်ပေမည်။ လူတို့သည် ဤအရာများမှ ကယ်ထုတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၌ စိုးရိမ်ပူပန်စရာများ ရှိတော့မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ဘုရားနှုတ်ကပတ်တော်တွေကို အချိန်ယူစဉ်းစားတာနဲ့အမျှ၊ စိတ်ထဲ အသိတစ်ခု ဝင်လာတယ်။ ပေတရုရဲ့ လိုက်စားမှုက အဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို လုပ်ဆောင်ဖို့ပဲ။ ဘုရားကို ချစ်ပြီး စိတ်ကျေနပ်စေဖို့ သူ ကြိုးစားခဲ့တယ်။ ဘုရားအပေါ် သူ့ရဲ့ နာခံမှုက အကြွင်းမဲ့ဖြစ်ပြီး ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုတွေကို သူလိုက်နာခဲ့တယ်။ နောက်ဆုံးမှာ၊ ဘုရားအတွက် ထူးကဲတဲ့ သက်သေအနေနဲ့ အစေခံရင်း ကားစင်တင်ပြီးတောင် အသတ်ခံခဲ့ရတယ်။ ကျွန်တော့်အတွက်တော့၊ ဘုရားက ကျွန်တော့်ထဲမှာ အလုပ်အများကြီး လုပ်နေခဲ့ပြီး၊ သူ့ရဲ့ အလိုတော်က ကျွန်တော့်နေရာမှာ ကျွန်တော့်ကို နေစေဖို့နဲ့ နာခံတဲ့ အဖန်ဆင်းခံတစ်ဦးဖြစ်ဖို့၊ သမ္မာတရား လိုက်စားဖို့၊ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ဖို့၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စွန့်ပစ်ပြီး ဘုရားကို တကယ် ကျိုးနွံနာခံဖို့ ဖြစ်တယ်။ ဒါက အဖန်ဆင်းခံတစ်ဦး လိုက်စားသင့်တဲ့အရာပါ။
လုပ်ဖို့ လိုအပ်တဲ့အရာဖြစ်လို့ ခေါင်းဆောင်က တောက်တိုမယ်ရ အလုပ်တွေကို တာဝန်ယူဖို့ ကျွန်တော့်အတွက် စီစဉ်ပေးခဲ့တာပါ။ ဒါကြောင့် အဲဒါက ကျွန်တော် လုပ်သင့်တဲ့အရာပါပဲ။ အဲဒါက မိသားစုထဲမှာ အစားအစာပြင်ပြီး သန့်ရှင်းရေးလုပ်တဲ့ သားသမီးတွေ ရှိတာနဲ့ တူတယ်— အဲဒါတွေအားလုံးက အိမ်မှုကိစ္စတွေဖြစ်ပြီး အဆင့်အတန်း မြင့်တာ နှိမ့်တာ မရှိဘူး။ ဒါပေမယ့် အဆင့်လျှော့ခံရပြီး ကျွန်တော့် ဂုဏ်နဲ့ သိက္ခာတွေ ထိခိုက်သွားလို ခံစားရင်းနဲ့ အဲဒီတာဝန်ကို ကျွန်တော် အထင်သေးမိခဲ့တယ်။ ကျွန်တော်က လုံးဝ နာခံမှုမဲ့၊ မကျေမချမ်းဖြစ်ပြီး မကျေနပ်ချက်တွေနဲ့ပြည့်ခဲ့တယ်။ အသိစိတ်နဲ့ ဆင်ခြင်တုံတရား အရမ်းကင်းမဲ့ခဲ့တာပါ။ ဒီအတွေးတွေက ကိုယ့်ကိုယ်ကိုယ်အတွက် နောင်တနဲ့ စက်ဆုပ်မှု ပြည့်စေခဲ့တယ်။ ကျိုးနွံနာခံပြီး တာဝန်ကို ကောင်းကောင်းလုပ်ဖို့ လိုလားရင်းနဲ့ ကျွန်တော် ဘုရားဆီ ဆုတောင်းပြီး ဝန်ခံခဲ့ပါတယ်။ အဲဒီနောက် ချက်ပြုတ်နေရင်း၊ အလုပ်လုပ်နေတုန်း ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ မီဖိုချောင် သွားပြီး ဟင်းသီးဟင်းရွက်တွေကို ခုတ်ပိုင်း၊ ပန်းကန်တွေဆေးဖို့ စပြီးလုပ်ခဲ့တယ်။ ကျွန်တော့် စိတ်ဝိညာဉ်မှာ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်မှုကို ခံစားခဲ့ရတယ်။ ပြီးတော့ သန့်ရှင်းရေး လုပ်နေချိန်မှာ၊ ကျွန်တော် စိတ်မထိခိုက်တော့ဘူး၊ ဒါပေမယ့် ဘုရားနဲ့ ပိုလို့တောင်နီးသလို ခံစားရတယ်။ ညီအစ်ကို မောင်နှမတွေနဲ့ ပွင့်လင်းပြီး ရိုးသားနိုင်ခဲ့သလို၊ တာဝန်ကနေ သင်ယူခဲ့တဲ့အရာကို သူတို့နဲ့ မျှဝေနိုင်ခဲ့တယ်။ အဲဒါက လူသားသဏ္ဍာန် အနည်းငယ်နဲ့ အသက်ရှင်ဖို့ တစ်ခုထဲသော နည်းလမ်းလို့ စိတ်ထဲကနေ ခံစားခဲ့ရတယ်။
ဒါတွေအားလုံးကို ကြုံရတာက ကျွန်တော့်အပေါ် ဘုရားရဲ့တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုတွေဟာ သူ့ရဲ့ ကယ်တင်ခြင်းဖြစ်တယ်- ချစ်ခြင်းမေတ္တာပဲဖြစ်တယ်ဆိုတာကို တကယ့် နက်ရှိုင်းတဲ့အဆင့်နဲ့ သင်ပေးခဲ့တယ်။ ကျွန်တော့်ရဲ့ မှားတဲ့ လိုက်စားမှုနဲ့ ရှုထောင့်တွေကို ပြောင်းလဲပေးပြီး၊ ကျွန်တော့်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို အတော်အတန် သန့်စင်သွားစေခွင့်ပေးခဲ့တာက ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုတွေပါ။ ဘုရားရဲ့ အိမ်တော်မှာ ဒီနေ့ ကျွန်တော့်တာဝန်ကို စွဲစွဲမြဲမြဲ လုပ်နိုင်တဲ့ အချက်က၊ လုံးဝ ကျွန်တော့်အပေါ် ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုကြောင့် ဖြစ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။