အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်အား ချက်ချင်း မထုတ်ပယ်ခြင်းကို ဆင်ခြင်သုံးသပ်ခြင်းများ

29.04.2024

ရှန်းရန် မြန်မာနိုင်ငံ

၂၀၂၁ခုနှစ်၊ ဩဂုတ်လမှာ ကျွန်မက ရေလောင်းသင်းထောက်အဖြစ် အရွေးခံရတယ်။ အဲဒီတုန်းက ကျွန်မက လူသစ်တွေကို ရေလောင်းတာနဲ့ ဧဝံဂေလိ ဖြန့်ဝေတာ နှစ်ခုလုံးလုပ်တယ်။ ကျွန်မက ဧဝံဂေလိ အတွေ့အကြုံမရှိတော့ ဧဝံဂေလိအလုပ်မှာ အရမ်းကောင်းတဲ့ ရလဒ်တွေ မရဘူး။ တစ်ရက်ကျတော့ ဧဝံဂေလိအလုပ်ရဲ့ နောက်ဆက်တွဲအလုပ်တွေကို လုပ်ဖို့ အစ်မဂျနင်းကို ကျွန်မနဲ့တွဲလုပ်ဖို့ ခေါင်းဆောင်က စီစဉ်တယ်။ အစ်မဂျနင်းက ဧဝံဂေလိအလုပ်မှာ လူတိုင်းမှာရှိနေတဲ့ ပြဿနာတွေကို အမြန် သဘောပေါက်တယ်။ မိတ်သဟာယဖွဲ့ပြီး စစ်ဆေးဖို့အတွက် ညီအစ်ကိုမောင်နှမတွေကို အတူစုဝေးတယ်။ ပြီးတော့ အောင်မြင်တဲ့ အတွေ့အကြုံနဲ့ နည်းလမ်းတချို့ကို ဝေမျှတယ်။ တဖြည်းဖြည်းနဲ့ သူတို့တွေက ဧဝံဂေလိအလုပ်မှာ ပိုပြီး စိတ်ထက်သန်လာကြတယ်။ ပြီးတော့ အလုပ်ရဲ့ စည်းမျဉ်းတချို့ကို ကျွမ်းကျင်လာကြတယ်။ မကြာခင်မှာပဲ ကျွန်မတို့ရွာက လူ ၂၀ ကျော်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံကြတယ်။ တခြားနေရာတွေမှာလည်း လက်ခံတဲ့သူတွေ ပိုပိုများလာတယ်။ မကြာခင်မှာ အသင်းတော်အသစ်တစ်ခုကို ကျွန်မတို့ တည်ထောင်တယ်။ ကျွန်မ တွေးမိတယ်။ ဂျနင်းက ယုံကြည်တာ တော်တော်ကြာပြီ။ တော်တော်အစွမ်းအစရှိတယ်။ အလုပ်ကို လုပ်နိုင်စွမ်းရှိတယ်ပေါ့။ သူ ရောက်လာကတည်းက ဧဝံဂေလိအလုပ်က တော်တော်လေး တိုးတက်လာတယ်။ ကျွန်မ သူ့ကို တော်တော်လေးစားတယ်။ သူက အစွမ်းအစရှိတဲ့ အမှုဆောင်ဖြစ်တယ်၊ သမ္မာတရားကို လိုက်စားတယ်လို့ ကျွန်မ ခံစားမိတယ်။ သူက ကျွန်မကို တော်တော်အထင်ကြီးတယ်။ ကျွန်မက တာဝန်သိတတ်တယ်။ တာဝန်ခံယူမှုရှိတယ်ဆိုပြီး သူကပြောတယ်။ သူများတွေရှေ့မှာ ကျွန်မ အစွမ်းအစက ဘယ်လောက်ကောင်းတယ်၊ ဘယ်လောက်လုပ်နိုင်စွမ်းရှိတယ်ဆိုပြီး သေချာပြောပြတယ်။ သူက ဒီလိုပြောတာကြားရတော့ ကျွန်မ တော်တော်အံ့ဩတယ်။ တကယ်တမ်းကျတော့ သူက ကျွန်မကို တော်တော်အထင်ကြီးနေတာကိုး။ သူ့စိတ်နှလုံးထဲမှာ ကျွန်မက တော်တော်နေရာယူထားတဲ့ပုံစံရှိတယ်။ ကျွန်မ အရမ်းပျော်တာပေါ့။ နောက်ပိုင်းမှာ ကျွန်မက ခေါင်းဆောင်အဖြစ် အရွေးခံရတယ်။ ပြီးတော့ ကျွန်မက ကျွန်မတာဝန်မှာ ဂျနင်းနဲ့ တွဲလုပ်ရတုန်းပဲ။

၂၀၂၂ခုနှစ်၊ ဇွန်လမှာ ကျွန်မက တရားဟောဆရာမ ဖြစ်လာပြီး ဂျနင်းက ခေါင်းဆောင်အနေနဲ့ အရွေးခံရတယ်။ ပြီးတော့ သူ့အလုပ်ကို ကျွန်မ ကြီးကြပ်ရတယ်။ ဒါပေမဲ့ ဂျနင်းရဲ့ ဧဝံဂေလိအလုပ်က ဘာတိုးတက်မှုမှမရှိဘူး။ ကျွန်မလည်း ဘာကြောင့်မှန်းမသိဘူး။ သူက လူသစ်တွေကို ပျိုးထောင်ပေးဖို့ကို အာရုံမစိုက်ဘူး။ ဧဝံဂေလိအမှုဆောင်တွေနဲ့ မစုဝေးဘူး။ တခြားလူတွေဖြစ်နေတဲ့ အခြေအနေတွေ၊ အခက်အခဲတွေကို မိတ်သဟာယဖွဲ့တာ၊ ဖြေရှင်းတာမရှိဘူး။ ဒီပြဿနာတွေကို မြင်တော့ ကျွန်မ တော်တော်စိတ်ပူပြီး သူ့အလုပ်အကြောင်းသိရဖို့ သူ့ကို မက်ဆေ့တစ်ခုပို့လိုက်တယ်။ သူက ဖတ်ပေမဲ့ စာမပြန်ဘူး။ ကျွန်မ စဉ်းစားတယ်။ “အစ်မက ခေါင်းဆောင်ပဲ။ အသင်းတော်အလုပ်ကိုဘာလို့ အရမ်း တာဝန်မဲ့ရတာလဲ” ပေါ့။ ကျွန်မ တော်တော်စိတ်တိုမိတယ်။ သူ့ကို တကယ်ကို ကိုင်တွယ်ဖြေရှင်းပြီး သူ့ပြဿနာတွေကို ဖော်ထုတ်ချင်တယ်။ ဒါပေမဲ့ အရင်တုန်းက ကျွန်မတို့ တွဲလုပ်ခဲ့တာ ဘယ်လောက် အဆင်ပြေတာတွေ၊ သူက ကျွန်မကို အကောင်းမြင်ပြီး ကျွန်မက ခေါင်းဆောင်ကောင်းဖြစ်တယ်လို့ သူပြောခဲ့တာတွေကို တွေးမိတယ်။ ကျွန်မက သူ့ကို ကိုင်တွယ်ဖြေရှင်းရင် ကျွန်မကို သူအကောင်းမြင်နေတာက ပျောက်သွားမှာလားပေါ့။ ကျွန်မတို့ ဆက်ဆံရေးကို ကာကွယ်ဖို့ တိတ်တိတ်လေးနေလိုက်တာ အကောင်းဆုံးပဲလို့ ခံစားမိတယ်။ ဒီလိုစဉ်းစားပြီး ဘာမှမပြောဖို့ကို ရွေးလိုက်တယ်။ သူဖတ်ဖို့ ခေါင်းဆောင်နဲ့ အမှုဆောင်တွေရဲ့ တာဝန်တွေကိုပဲ ကျွန်မ သူ့ဆီ ပို့လိုက်ပြီး သူ့ကို တာဝန်သိစိတ်ရှိအောင်လို့ သူတာဝန်ရှိတဲ့ အပိုင်းနဲ့ သူလုပ်ရမဲ့ အလုပ်ကို အသိပေးလိုက်တယ်။ ကျွန်မ သူ့ကို ရှင်းပြလိုက်ပြီ၊ နောက်ထပ် ဘာလုပ်ရမယ်ဆိုတာ သူ သိလောက်ပြီ၊ သူ့ရဲ့ ဧဝံဂေလိအလုပ်က တဖြည်းဖြည်းနဲ့ တိုးတက်လာမှာပါဆိုပြီး ကျွန်မ ခံစားမိတယ်။ ဒါပေမဲ့ အချိန်နည်းနည်းကြာတော့ သူ့အလုပ်က ရလဒ်တွေ မရနေသေးဘူး။ ဒီဟာကြောင့် ကျွန်မ တော်တော် စိတ်ညစ်မိတယ်။ သူက အရင်က ဒီလိုမဟုတ်ဘူး။ ဘာလို့အခု ဒီလိုဖြစ်နေတာလဲ ပေါ့။ သူ့ကို တော်တော်ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းချင်တယ်။ သူ့တာဝန်မှာ သူ့သဘောထားကို ပြုပြင်အောင်လို့ သူက သူ့တာဝန်မှာ တာဝန်ခံယူမှုမရှိဘူး၊ တကယ့်အလုပ်ကို မလုပ်ဘူးဆိုပြီး ထောက်ပြချင်တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားတယ်။ “သူက ငါ့ကို ခေါင်းဆောင်ကောင်းတစ်ယောက်လို့ အမြဲတမ်း ထင်နေတာ။ ပြီးတော့ ငါက အသင်းတော်အလုပ်ကို ဘယ်လောက် တာဝန်ခံတယ်၊ ဘယ်လောက် စိတ်ရှည်ပြီး သနားကြင်နာတတ်တယ်ဆိုတာကို ခဏခဏ သေချာပြောပြတယ်။ ငါက သူ့ပြဿနာကို ဖော်ထုတ်လိုက်ရင် သူ ငါ့ကို အကောင်းမြင်နေတာက ပျောက်သွားမှာပဲ” ပေါ့။ ဒီလိုတွေးပြီး ကျွန်မက သူ့ကို နှစ်သိမ့်တဲ့စကားနည်းနည်းပဲ ပြောလိုက်တယ်။ ပြီးတော့ စုဝေးဖို့အတွက်၊ အသင်းတော်အလုပ်ကို နောက်ဆက်တွဲလုပ်ဖို့အတွက် အားပေးလိုက်တယ်။ ဂျနင်းက ဒါကို ကြားရတော့ သူ့တာဝန်အပေါ် သူ့သဘောထားကို ပြင်ရမယ်လို့ ပြောပြီး နောင်ကျရင် သူ ကောင်းကောင်းလုပ်ချင်တယ်ဆိုပြီး ပြောပြတယ်။ ကျွန်မ တော်တော်ပျော်သွားပြီးတော့ “ဂျနိုင်းက ဒီတစ်ခါတော့ သူ့တာဝန်ကို ကောင်းကောင်းလုပ်ဖို့ သေချာတယ်။ ဧဝံဂေလိအမှုဆောင်တွေကို သူဦးဆောင်တော့ သူတို့ရလဒ်တွေက တိုးတက်လာဖို့ သေချာတယ်” ဆိုပြီး တွေးမိတယ်။ သိပ်မကြာဘူး။ ကျွန်မရဲ့ တွဲဖက်အစ်မက ပြောတယ်။ “ဂျနင်းက ခေါင်းဆောင်ဖြစ်ပြီး နောက်ဆက်တွဲအလုပ်တွေကို မလုပ်ဘူး၊ လူတွေကို မပျိုးထောင်ပေးဘူး။ သူက အမည်ခံ ခေါင်းဆောင်သက်သက်ပဲ။ တကယ့်အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး။ အယောင်ဆောင်ခေါင်းဆောင်ပဲ။ သူ့ကို ထုတ်ပြီး တခြားခေါင်းဆောင်တစ်ယောက် ရွေးဖို့ အကြံပေးချင်တယ်။ ဒါဆို အသင်းတော်အလုပ် တိုးတက်လာနိုင်တယ်” တဲ့။ တခြားအစ်မတစ်ယောက်ကလည်း ကျွန်မကို ထောက်ပြတယ်။ ဂျနင်းက တကယ့်အလုပ်ကို မလုပ်တော့ အသင်းတော်အလုပ်က နှောင့်နှေးနေပြီ၊ သူ့ကို အမြန် ထုတ်သင့်တယ် တဲ့။ ဒါပေမဲ့ ဂျနင်းက လုပ်ရည်ကိုင်ရည်ရှိတယ်၊ အစွမ်းအစကောင်းတယ်၊ သူ့မိသားစုက သူ့ကို ဖိနှိပ်နေတော့ သူက ပြဿနာတွေ တော်တော်များများ ကြုံနေရတာ သူ့အခြေအနေကို ပြောင်းလဲလိုက်ရင် ဧဝံဂေလိအလုပ်က တိုးတက်မှာပဲဆိုပြီး ကျွန်မက ထင်နေတုန်းပဲ။ အဲဒါနဲ့ ကျွန်မက သူ့ကို ထုတ်ဖို့ကို ရွှေ့ဆိုင်းထားလိုက်တယ်။ နောက်ကျတော့ ဂျနင်းရဲ့ စွမ်းဆောင်မှုက ဆက်ကျလာတယ်။ သူက အရင်ကအတိုင်းပဲလို့ သူများတွေက ဆက်တိုက်တိုင်နေကြတယ်။ ကောင်းတဲ့ဟာ တစ်ခုခုပြောတယ်၊ ဒါပေမဲ့ ဘာမှမလုပ်ဘူး တဲ့။ ညီအစ်ကိုမောင်နှမတွေရဲ့ မှတ်ချက်တွေကြောင့် ကျွန်မ တော်တော်ဝမ်းနည်းပြီး ကျွန်မ သူ့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သလို ခံစားမိတယ်။ ဘုရားကို ကျွန်မ ဆုတောင်းပြီး စဉ်းစားချင့်ချိန်နိုင်စွမ်းရှိအောင် လမ်းပြပေးဖို့ တောင်းခံခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်တယ်။ “ခေါင်းဆောင်တစ်ယောက်သည် သူ၏တာဝန်ကို ဖြည့်ဆည်းခြင်းရှိသလော၊ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်ဖြစ်သလောဆိုသည်ကို မည်သို့ အကဲဖြတ်နိုင်သနည်း။ အခြေခံအကျဆုံးအဆင့်တွင် သူသည် တကယ့်အလုပ်ကို လုပ်နိုင်စွမ်းရှိမရှိ၊ သူ့တွင် ဤအရည်အချင်းရှိမရှိကို ကြည့်ရမည်။ ထို့နောက်တွင် သူသည် တကယ့်အလုပ်ကို အမှန်တကယ်လုပ်ခြင်းရှိမရှိကို ကြည့်သင့်သည်။ ၎င်းတို့ ပြောသည့်အရာများနှင့် သမ္မာတရားအပေါ် မည်သည့်နားလည်ခြင်းမျိုး ၎င်းတို့ ရှိသည်တို့ကို လျစ်လျူရှုလော့။ ၎င်းတို့လုပ်သည့် အပေါ်ယံအလုပ်တွင် ၎င်းတို့၌ အစွမ်းအစ၊ ပါရမီနှင့် ဆုကျေးဇူးရှိမရှိ၊ သို့မဟုတ် ၎င်းတို့သည် ဤအလုပ်ကို ကောင်းစွာလုပ်ဆောင်ခြင်း ရှိမရှိတို့အပေါ် အာရုံမစိုက်နှင့်၊ ဤအရာများသည် အရေးမပါပေ။ အရေးကြီးသည့်အရာမှာ ၎င်းတို့သည် အသင်းတော်၏ အခြေခံအကျဆုံးသောအလုပ်ကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို အသုံးပြု၍ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့သည် လူများကို သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဦးဆောင်နိုင်ခြင်း ရှိမရှိတို့ဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံးနှင့် အလိုအပ်ဆုံးသောအလုပ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤစစ်မှန်သည့်အလုပ်မျိုးကို လုပ်နိုင်စွမ်းမရှိပါက ၎င်းတို့၏ အစွမ်းအစ မည်မျှကောင်းမွန်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ပါရမီရှိသည်ဖြစ်စေ၊ သို့မဟုတ် ဆင်းရဲဒုက္ခကို မည်မျှကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်နေဆဲဖြစ်သည်။ လူအချို့က၊ ‘၎င်းတို့ ယခုတွင် တကယ့်အလုပ်တစ်ခုမျှ မလုပ်ရကြသည်ကို မေ့ထားလော့။ ၎င်းတို့သည် အစွမ်းအစကောင်းရှိပြီး တတ်စွမ်းနိုင်သည်။ ၎င်းတို့ကို ခဏမျှ လေ့ကျင့်ပေးလော့။ ၎င်းတို့သည် တကယ့်အလုပ်ကို လုပ်နိုင်ဖို့ သေချာသည်။ ထို့အပြင် သူသည် မကောင်းသောအရာ၊ ဆိုးယုတ်သောအရာတစ်ခုမျှ မပြုလုပ်ခဲ့၊ သို့မဟုတ် အနှောင့်အယှက်၊ အဖျက်အဆီးတစ်ခုမျှ မဖြစ်စေခဲ့ပေ။ သူသည် အယောင်ဆောင်ခေါင်းဆောင်ဖြစ်သည်ဟု သင်မည်သို့ ဆိုနိုင်သနည်း။’ ဤအရာကို မည်သို့ ရှင်းပြနိုင်သနည်း။ သင်သည် မည်မျှ ပါရမီရှိသည်ဖြစ်စေ၊ မည်သည့်အစွမ်းအစရှိသည်ဖြစ်စေ သို့မဟုတ် သင်မည်မျှပညာတတ်သည်ဖြစ်စေ အရေးပါသည့်အရာမှာ တကယ့်အလုပ်ကို သင်လုပ်မလုပ်၊ ခေါင်းဆောင်နှင့် အမှုဆောင်တစ်ယောက်အဖြစ် တာဝန်ဝတ္တရားများကို သင်ဖြည့်ဆည်းခြင်း ရှိမရှိဖြစ်သည်။ ခေါင်းဆောင်ဖြစ်နေသည့် သင်၏ အချိန်ကာလအတွင်းတွင် သင်၏ တာဝန်ဝတ္တရားနယ်ပယ်အတွင်းတွင်ရှိသော အသေးစိတ် ပရောဂျက်တိုင်းတွင် ပါဝင်ခဲ့သလော၊ အလုပ်တွင် ပေါ်ပေါက်လာသော ပြဿနာမည်မျှကို သင် ထိရောက်စွာ ဖြေရှင်းခဲ့သနည်း၊ သင်၏ အလုပ်၊ သင်၏ ခေါင်းဆောင်မှု၊ သင်၏ လမ်းပြမှုတို့ကြောင့် လူမည်မျှသည် သမ္မာတရား၏ အခြေခံသဘောတရားများအား နားလည်လာခဲ့ကြသနည်း၊ အသင်းတော်၏ အလုပ်မည်မျှသည် ခရီးရောက်ခဲ့ပြီး ရှေ့ဆက်တိုးခဲ့သနည်း။ ဤရလဒ်များသာ အကျုံးဝင်သည်။ ဆောင်ပုဒ်မည်မျှကို သင် ရွတ်ဆိုနိုင်သည်ဖြစ်စေ၊ အယူဝါဒစကားများ၊ စကားစုများ မည်မျှကို သင်ကျွမ်းကျင်ပြီးသည်ဖြစ်စေ၊ နေ့စဉ် အလုပ်လုပ်လျက် အချိန်နာရီမည်မျှ ကုန်ဆုံးသည်ဖြစ်စေ၊ မည်မျှ မောပန်းသည်ဖြစ်စေ အရေးမကြီးပေ။ သင်မည်မျှ ခရီးသွားခဲ့သည် အသင်းတော်မည်မျှကို သင်သွားရောက်လည်ပတ်ခဲ့သည်၊ စွန့်စားမှုများကို မည်မျှအထိ သင်လုပ်ဆောင်ခဲ့သည်၊ သင်မည်မျှ ဒုက္ခခံပြီးဖြစ်သည်၊ ဤအရာတစ်ခုမျှ အရေးမပါပေ။ အရေးပါသည့်အရာမှာ သင်၏တာဝန်နယ်ပယ်အတွင်းရှိ အလုပ် မည်မျှထိရောက်ပြီးဖြစ်သည်၊ ရလဒ်တစ်ခုခုရပြီးခြင်း ရှိမရှိ၊ ဘုရားအိမ်တော်၏ အစီအစဉ်များနှင့် ပစ်မှတ်များ မည်မျှကို သင် လက်တွေ့အကောင်အထည်ဖော်ပြီးစီးခဲ့သည်၊ ထိုအရာများကို မည်မျှ ကောင်းမွန်စွာ အကောင်အထည်ဖော်ခဲ့ပြီး၊ မည်မျှ ကောင်းမွန်စွာ နောက်ဆက်တွဲလုပ်ဆောင်သည်တို့ဖြစ်သည်။ အရေးကြီးသည်မှာ သတိမထားမိခြင်းများ၊ သွေဖည်ခြင်းများ၊ သို့မဟုတ် စည်းမျဉ်းများကို ချိုးဖောက်ခြင်းများနှင့် သက်ဆိုင်သော အလုပ်တွင်ရှိသည့် ပြဿနာမည်မျှကို သင် ဖြေရှင်းခဲ့သည်၊ ပြုပြင်ခဲ့သည်၊ သို့မဟုတ် ဖာထေးလုပ်ဆောင်ခဲ့သည်၊ အမှုထမ်းများ၊ အက်မင်၊ သို့မဟုတ် အမျိုးမျိုးသော အထူးကျွမ်းကျင်မှုဆိုင်ရာ အလုပ်များနှင့် သက်ဆိုင်သော ပြဿနာမည်မျှကို သင်ကူညီဖြေရှင်းပေးခဲ့သည်၊ ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် သတ်မှတ်ချက်များနှင့်အညီ ထိုသို့ သင် လုပ်ဆောင်ခြင်းရှိမရှိတို့ဖြစ်သည်။ ဤအရာတို့သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်က သူ၏ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိ အကဲဖြတ်နိုင်သော စံနှုန်းအချို့သာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ခေါင်းဆောင်တစ်ယောက်က အရည်အချင်းရှိသလား၊ အယောင်ဆောင်ခေါင်းဆောင်ဟုတ်သလားဆိုတာကို သူတို့စကားပြောတာ ကောင်းသလားဆိုတာ နားထောင်ပြီးတော့ ဒါမှမဟုတ် သူတို့ရဲ့ အစွမ်းအစ၊ အရည်အချင်း၊ သူတို့ရဲ့ ကောင်းမှုအရေအတွက်တွေကို စစ်ဆေးပြီးတော့ အကဲဖြတ်လို့မရဘူး။ စစ်ဆေးဖို့ အဓိကအချက်တွေက တကယ့်အလုပ်ကို သူတို့ လုပ်သလား၊ တာဝန်သိစိတ်ရှိသလား၊ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နိုင်သလားဆိုတာပဲ။ ဂျနင်းက အစွမ်းအစနည်းနည်းရှိပြီး လုပ်ကိုင်နိုင်တဲ့ အမှုဆောင်တစ်ယောက်ပဲ။ ဒါပေမဲ့ ကြားကောင်းတာတွေကိုပဲ ပြောပြီး တကယ်မလုပ်ဘူး၊ ကောင်းကောင်းမလုပ်ဘူး။ ခေါင်းဆောင်တစ်ယောက် လုပ်သင့်တဲ့အလုပ်ကို မလုပ်ဘူး။ သူက မကောင်းတာ၊ ဆိုးယုတ်တာ တစ်ခုခုကို လုပ်နေတဲ့ပုံစံမရှိဘူး။ ဒါပေမဲ့ ခေါင်းဆောင်အနေနဲ့ သူက မက်ဆေ့တွေပဲ ပို့ပြီး ဆောင်ပုဒ်တွေပဲ ရွတ်ပြတယ်။ အသင်းတော်အလုပ်ကို မစစ်ဆေးဘူး၊ နောက်ဆက်တွဲမလုပ်ဘူး။ တာဝန်တွေကို အခုမှစလုပ်တဲ့ လူသစ်တွေကို ပျိုးထောင်မပေးဘူး။ တခြားလူတွေက ဧဝံဂေလိအလုပ်မှာ ပြဿနာတွေရှိတဲ့အခါ သူက မိတ်သဟာယမဖွဲ့ဘူး။ မဖြေရှင်းပေးဘူး။ သူ့တာဝန်ကို ခဏခဏ လျစ်လျူရှုတယ်။ သူ့တာဝန်အပေါ် သူ့သဘောထားကို ပြုပြင်ဖို့ ဒီကာလတစ်လျှောက်လုံးမှာ ကျွန်မ သူ့ကို ခဏခဏ သတိပေးတယ်။ သူက ပြောင်းလဲဖို့ သဘောတူပေမဲ့ အရင်အတိုင်းပဲဆက်လုပ်ပြီး ဘယ်မှာမှ သူ့ကို မတွေ့ရဘူး။ ဧဝံဂေလိအလုပ်က ရပ်သွားပြီး ပရောဂျက်မျိုးစုံက ရလဒ်တွေ မထွက်ဘူး။ သူက ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ဘူး။ ညီအစ်ကိုမောင်နှမတွေကို ဆင်ခြေတွေနဲ့ပဲ ပထုတ်ပစ်တယ်။ အလုပ်ပြီးတဲ့နောက်မှာ စုဝေးပွဲအတွက် အချိန်မရှိဘူး၊ သူ့မိသားစုက သူ့ကို ဖိအားပေးနေပြီး တာဝန်ထမ်းဆောင်ဖို့ ခက်တယ်ဆိုတာမျိုးတွေပေါ့။ သူက ဘုရားသခင် ဖွင့်ပြသလိုပဲ အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်၊ အမြန်ထုတ်သင့်တယ်ဆိုတာ သူ့တာဝန်အပေါ် သူ့သဘောထားနဲ့သူ့ရဲ့ အပြုအမူအမျိုးမျိုးကြည့်ရင် သိသာတယ်။ ဒါပေမဲ့ ကျွန်မက ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး မကြည့်ဘူး၊ လူတွေအကြောင်း သိအောင်မလုပ်ဘူး။ ဂျနင်းရဲ့ ဦးနှောက်၊ အစွမ်းအစ၊ လုပ်ကိုင်နိုင်စွမ်းတွေကိုပဲ ကျွန်မ မြင်တယ်။ သူက အလုပ်လုပ်နိုင်တယ်လို့ ကျွန်မ ခံစားမိတယ်။ ဒါပေမဲ့ တကယ်တမ်း သူက ဘာအလုပ်ကို လုပ်နေတယ်၊ ဘယ်လိုရလဒ်မျိုးတွေ ရနေတယ်ဆိုတာကို မကြည့်ခဲ့ဘူး။ ကျွန်မ မျှော်လင့်ချက်တွေကို သူ့အပေါ်မှာ ထားထားနေတုန်းပဲ။ အရင်ကလို အသင်းတော်အလုပ်ကို သူ တိုးတက်အောင်လုပ်ဖို့ ကျွန်မ မျှော်လင့်မိတယ်။ ဒါဆိုရင် သူ့ကို ပိုပြီး အခွင့်အရေးပေးလို့ရတယ် ပေါ့။ ကျွန်မက ဘယ်လောက် မသိနားမလည်တဲ့ အရူးဖြစ်ခဲ့သလဲ။ ကျွန်မရဲ့ တွဲဖက်အစ်မက ကျွန်မကို ဂျနင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးပြီး သူ့ကို ထုတ်ဖို့ အကြံပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို အခွင့်အရေးပေးပြီး ဆက်ပြီး ပံ့ပိုးပေးချင်တော့ ကျွန်မ အမြင်တွေကိုပဲ ဆုပ်ကိုင်ထားခဲ့တယ်။ အဲဒါနဲ့ သူ့ကို ချက်ချင်းမထုတ်တော့ အသင်းတော်အလုပ်က တော်တော်လေး ထိခိုက်သွားတယ်။ ကျွန်မက ကိုယ့်တာဝန်မှာ ကောင်းကောင်းမကြီးကြပ်တော့ အသင်းတော်အလုပ်ထိခိုက်သွားတာကို မြင်ရတယ်။ ဒါကလည်း အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ရဲ့ အပြုအမူပဲမဟုတ်ဘူးလား။ ဘုရားကို ကျွန်မ ဆုတောင်းပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို သိအောင်လမ်းပြဖို့ တောင်းခံခဲ့တယ်။

တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်တယ်။ “အချို့ အသင်းတော်ခေါင်းဆောင်များသည် မိမိတို့၏ တာဝန်ကို ပေါ့ဆစွာနှင့် ဝတ်ကျေတမ်းကျေ ဆောင်ရွက်နေသည့် ညီအစ်ကိုများ သို့မဟုတ် ညီအစ်မများကို ၎င်းတို့မြင်တွေ့ရလျက် ၎င်းတို့အား ပြစ်တင်မောင်းမဲခြင်း ပြုသင့်သော်ငြားလည်း မပြုကြချေ။ ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားများကို သိသိသာသာ ထိခိုက်နစ်နာစေသည့်အရာတစ်ခုကို ၎င်းတို့ မြင်သည့်အခါ၊ အခြားသူများ ယုတ်စွအဆုံး စိတ်အနှောင့်အယှက်ပင် မဖြစ်စေဖို့အလို့ငှာ၊ ၎င်းတို့သည် မသိကျိုးကျွန်ပြုကြပြီး မည်သည့် မေးမြန်းစုံစမ်းခြင်းများကိုမျှ မပြုကြချေ။ အမှန်မှာမူ ၎င်းတို့သည် လူများ၏ အားနည်းချက်များကို အမှန်တကယ် ထည့်တွက်စဉ်းစားနေခြင်း မဟုတ်ပေ။ ထိုအစား ၎င်းတို့၏ ရည်ရွယ်ချက်က လူများကို သိမ်းသွင်းစည်းရုံးဖို့ ဖြစ်ကာ၊ ယင်းကို ၎င်းတို့ ကောင်းစွာ သိရှိလေသည်။ ‘ဤအရာကို ငါ ဆက်ထိန်းထားပြီး မည်သူကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေပါက၊ ငါသည် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ထင်ကြလိမ့်မည်။ ၎င်းတို့သည် ငါနှင့်သက်ဆိုင်၍ ကောင်းမွန်၊ မြင့်မားသည့် ထင်မြင်ချက်တစ်ခု ရှိကြလိမ့်မည်။ ငါ့ကို ၎င်းတို့ အသိအမှတ်ပြုကာ နှစ်သက်ကြလိမ့်မည်။’ ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားများအား မည်မျှ ထိခိုက်နစ်နာစေသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသော လူများက ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် မည်မျှ ကြီးမားစွာ ကြန့်ကြာစေခြင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ အသင်းတော် အသက်တာသည် မည်မျှ ကြီးမားစွာ နှောင့်ယှက်ခံရသည် ဖြစ်စေ၊ ထိုသို့သော ခေါင်းဆောင်များသည် ၎င်းတို့၏ဆိုးယုတ်သော ဒဿနကို မလျှော့တမ်း ထားရှိပြီး မည်သူ့ကိုမျှ မစော်ကားကြချေ။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါတွင်မျှ မိမိကိုယ်ကိုယ် အပြစ်တင်မှု အသိစိတ်တစ်ခု မရှိကြပေ။ တစ်စုံတစ်ဦးက အနှောင့်အယှက်နှင့် အလျဉ်ပြတ်စေခြင်းတို့ကို ဖြစ်စေသည်ကို မြင်သည့်အခါ၊ အလွန်ဆုံးအနေဖြင့်၊ ၎င်းတို့သည် အလျဉ်းသင့်၍ ဤပြဿနာများကို သာမန်ကာလျှံကာ ပြောဆိုကောင်း ပြောဆိုပြီးနောက် ထိုအရာနှင့်ပတ်သက်၍ အဆုံးသတ်လိုက်ကြသည်။ ၎င်းတို့သည် ဤလူကို သမ္မာတရားအပေါ် မိတ်သဟာယမပြုသကဲ့သို့၊ ပြဿနာ၏ အနှစ်သာရကိုလည်း ၎င်းတို့ မထောက်ပြကြပေ၊ ထိုသူတို့၏ အခြေအနေကို ၎င်းတို့ ဆန်းစစ်ခြင်းမှာ သာ၍ပင် နည်းပါးသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်က မည်သည့်အရာဖြစ်သည်ကို လုံးဝ ပြောပြခြင်းမရှိပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် လူများက မည်သည့်အမှားမျိုးကို မကြာခဏ ပြုလေ့ရှိသည်ကိုဖြစ်စေ၊ လူများ မကြာခဏ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကိုဖြစ်စေ မည်သည့်အခါမျှ မဖော်ထုတ်ပေ၊ သို့မဟုတ် မဆန်းစစ်ပေ။ ၎င်းတို့သည် မည်သည့်တကယ့်ပြဿနာကိုမျှ မဖြေရှင်းဘဲ၊ ထိုအစား လူများ၏ လက်မခံနိုင်သော အပြုအမူနှင့် ဖောက်ပြန်ပျက်စီးမှု ထုတ်ပြခြင်းများကို အစဉ်သဖြင့် သည်းခံကြသည်။ ပြီးလျှင် လူများက မည်မျှ အပျက်သဘောဆောင်ပါစေ၊ အားနည်းပါစေ အယူဝါဒစကားအချို့ကို တရားဟောရုံမျှ၊ ဝတ်ကျေတမ်းကျေ တိုက်တွန်းအားပေးခြင်း အနည်းငယ် ပြုရုံမျှ၊ သဘောထားကွဲလွဲမှုကို ရှောင်ဖို့ ကြိုးစားရုံမျှဖြင့် စိုးရိမ်ကြောင့်ကြမှု မရှိမြဲသာ ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင် ရွေးချယ်ထားသောသူများသည် မိမိတို့ကိုယ်ကိုယ် ဆင်ခြင်ခြင်းနှင့် မိမိတို့ကိုယ်ကိုယ် သိဖို့ ကြိုးစားခြင်း မရှိကြချေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးမှု မျိုးစုံ ထုတ်ပြခြင်းအတွက် ဖြေရှင်းချက် မရကြဘဲ၊ အသက်ဝင်ရောက်မှု မရှိကြဘဲ၊ စကားများ၊ စကားစုများ၊ အယူအဆများနှင့် စိတ်ကူးများအလယ်တွင် အသက်ရှင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ‘ငါတို့၏ခေါင်းဆောင်သည် ငါတို့၏ အားနည်းချက်များအတွက် ဘုရားသခင်ထက်ပင် ပို၍များသော နားလည်မှုရှိသည်။ ငါတို့၏ဝိညာဉ်ရင့်ကျက်မှုသည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လျော်ညီဖို့ အလွန်သေးငယ်ကောင်း သေးငယ်လိမ့်မည်ဖြစ်သော်လည်း၊ ငါတို့၏ခေါင်းဆောင်၏ သတ်မှတ်ချက်များကို ငါတို့ ဖြည့်ဆည်းရန်သာ လိုအပ်သည်။ ငါတို့၏ခေါင်းဆောင်ကို နာခံခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်ကို နာခံခြင်း ဖြစ်သည်။ အထက်က ငါတို့ခေါင်းဆောင်ကို အစားထိုးသည့်နေ့ရက်ရောက်လာသည့်အခါ၊ ငါတို့ ကြားအောင်ဖွင့်ပြောမည်။ ငါတို့ ခေါင်းဆောင်ကို ထိန်းသိမ်းထားဖို့နှင့် အထက်က သူ့ကို အစားထိုးခြင်းမှ တားဆီးဖို့၊ ငါတို့သည် အထက်နှင့်ညှိနှိုင်းရမည်ဖြစ်ပြီး ၎င်းတို့အား ငါတို့၏ တောင်းဆိုမှုကို လက်ခံသဘောတူအောင် ဖိအားပေးရမည်။ ဤသည်မှာ ငါတို့၏ခေါင်းဆောင်ကို တရားမျှတစွာ ဆက်ဆံသည့် ပုံစံဖြစ်ပေသည်’ဟုပင် ယုံကြည်လာကြသည်။ လူများသည် ၎င်းတို့၏စိတ်နှလုံးထဲတွင် ထိုသို့သော အတွေးများရှိသည့်အခါ၊ ၎င်းတို့၌ ခေါင်း‌ဆောင်နှင့်ပတ်သက်၍ ထိုသို့သော ဆက်ဆံရေးတစ်ခုရှိပြီး ၎င်းတို့၏စိတ်နှလုံးထဲတွင် ၎င်းတို့၏ခေါင်းဆောင်အပေါ် မှီခိုမှု၊ အားကျမှု၊ ကြည်ညိုခြင်းတို့ ရှိသည့်အခါ၊ ၎င်းတို့သည် ဤခေါင်းဆောင်အပေါ် သာ၍ပင် ကြီးမားသော ယုံကြည်ခြင်း ရှိလာလိမ့်မည်။ ၎င်းတို့ ကြားလိုသည်မှာ ခေါင်းဆောင်၏ စကားများဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားကို ရှာဖွေခြင်းအား ၎င်းတို့ ရပ်တန့်လိုက်သည်။ ထိုသို့သော ခေါင်းဆောင်သည် လူများ၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်၏ နေရာကို ယူပြီးလုနီးပါး ဖြစ်လေသည်။ ခေါင်းဆောင်တစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသော လူများနှင့် ထိုသို့သော ဆက်ဆံရေးကို ထိန်းသိမ်းထားလိုပါက၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းမှ ပျော်ရွှင်မှု ခံစားချက်တစ်ခု ရရှိပါက၊ ဘုရားသခင် ရွေးချယ်ထားသောသူများသည် ၎င်းတို့ကို ဤကဲ့သို့ ဆက်ဆံသင့်သည်ဟု ယုံကြည်ပါက၊ ၎င်းတို့နှင့် ပေါလုကြားတွင် ကွာခြားချက်မရှိသကဲ့သို့၊ ၎င်းတို့သည် အန္တိခရစ်တို့၏ လမ်းကြောင်းပေါ် ခြေချမိနှင့်ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁) ဘုရားနှုတ်ကပတ်တော်က ကျွန်မတာဝန်မှာရှိတဲ့ ကျွန်မရဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်တွေကို ဖွင့်ပြတယ်။ ဂျနင်းက တကယ့်အလုပ်ကို မလုပ်ဘူးဆိုတာ ကျွန်မ မြင်ပေမဲ့ သူ့ပြဿနာကို မဖော်ထုတ်ဘူး၊ မစစ်ဆေးဘူး။ သူ့ကို ချက်ချင်း ထုတ်မပစ်ဘူး။ သူ့ကို လိုက်လျောပြီးတော့ နောင်တရဖို့ အခွင့်အရေးပဲ ပေးခဲ့တယ်။ ဒါပေမဲ့ ဒါက သူ့အားနည်းချက်ကို ကျွန်မ ထောက်ထားလို့၊ သူ့ကို ကူညီချင်လို့ မဟုတ်ဘူး။ ကျွန်မရဲ့ တကယ့် ရည်ရွယ်ချက်တွေက ကျွန်မက ခေါင်းဆောင်ကောင်းတစ်ယောက်လို့ ဂျနင်းက မြင်နေတာကို ထိန်းထားဖို့၊ သူများတွေ လေးစားတာကို ခံရဖို့ပဲ။ ကျွန်မတို့က အရင်က တာဝန်တွေမှာ အတူတွဲလုပ်ခဲ့ဖူးတယ်။ သူက ကျွန်မကို အမြဲတမ်း အကောင်းမြင်တယ်။ သူများတွေရှေ့မှာ ကျွန်မက အသင်းတော်အလုပ်အပေါ် ဘယ်လို တာဝန်သိတတ်တယ်၊ ဘယ်လိုကောင်းတဲ့ ခေါင်းဆောင်ဖြစ်တယ်ဆိုတာကို ခဏခဏ သေချာပြောပြတယ်။ ကျွန်မက သူ့ပြဿနာတွေကို ဖော်ထုတ်ပြီး ထောက်ပြပြီးတော့ သူ့ကို ကိုင်တွယ်ဖြေရှင်းရင် ကျွန်မတို့ ဆက်ဆံရေးက ပျက်စီးသွားပြီး ကျွန်မကို သူအကောင်းမြင်နေတာ ပျောက်သွားမှာပဲ။ ကျွန်မကို ခေါင်းဆောင်ကောင်းဖြစ်တယ်လို့ ဂျနင်းက မြင်နေတာကို ကာကွယ်ဖို့ သူ့ပြဿနာတွေကို ကျွန်မက မဖော်ထုတ်ခဲ့ဘူး။ သူ့ကို ကိုင်တွယ်မဖြေရှင်းခဲ့ဘူး။ ဒါမှမဟုတ် သူ့လုပ်ရပ်တွေနဲ့ အပြုအမူကို မစစ်ဆေးခဲ့ဘူး။ ဒီလိုလုပ်ခဲ့ရင် သူ့ပြဿနာတွေကို သူ သတိထားမိပြီး သူ့ပုံစံကို ချက်ချင်းပြင်ခွင့်ရသွားမှာပဲ။ ကျွန်မက သူ့ကို နှစ်သိမ့်ပြီး အကြံပေးစကားနည်းနည်းပဲ ပြောခဲ့တယ်။ စုဝေးပွဲတွေပိုတက်ပြီး အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ဖို့ အားပေးပြီးတော့ တခြားဟာတွေပဲပြောပြီး လျစ်လျူရှုလိုက်တယ်။ ကျွန်မနဲ့ တွဲလုပ်တဲ့အစ်မက ဂျနိုင်းကို စည်းမျဉ်းတွေနဲ့အညီ ထုပ်ဖို့ သုံးလေးကြိမ်တောင်းဆိုခဲ့ပေမဲ့ ဒီလိုလုပ်ရင် သူ စိတ်ဆိုးသွားမှာ၊ ကျွန်မအပေါ် အကောင်းမမြင်တော့မှာစိုးပြီး သူ့ကို ထုတ်ဖို့ကို နှောင့်နှေးနေခဲ့တယ်။ အန္တိခရစ်တွေက သူတို့ရဲ့ နာမည်နဲ့ အဆင့်အတန်းအတွက် အလုပ်လုပ်ပြီး စကားပြောတယ်၊ သူများတွေက တာဝန်မှာ စည်းမျဉ်းတွေ ချိုးဖောက်နေတာကို သူတို့မြင်တဲ့အခါ အဲဒီလူတွေကို မဝေဖန်ဘူး၊ ကိုင်တွယ်မဖြေရှင်းဘူးလို့ ဘုရားသခင်က ဖွင့်ပြတယ်။ သူတို့ရဲ့ ပန်းတိုင်က လူတွေရဲ့ စိတ်နှလုံးထဲမှာ နေရာတစ်ရာရဖို့၊ သူများတွေက လေးစားတာ ခံရဖို့၊ လူတွေကို သူတို့ရှေ့ခေါ်ဆောင်ဖို့ပဲ။ ကျွန်မအပေါ်မှာ သူများတွေထားတဲ့အမြင်ကို ကာကွယ်ဖို့ ကျွန်မက အသင်းတော်အလုပ်ကို လျစ်လျူရှုခဲ့တယ်။ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်က တကယ့်အလုပ် မလုပ်တာကို ကျွန်မ တွေ့တော့ သူ့ကို မဖော်ထုတ်ဘူး၊ ကိုင်တွယ်မဖြေရှင်းဘူး၊ လူစားမလဲဘူး။ လူတွေရဲ့ စိတ်နှလုံးထဲမှာ နေရာယူဖို့ ကျွန်မက သနားကြင်နာတယ်၊ စိတ်ရှည်တယ်၊ ခေါင်းဆောင်ကောင်းဖြစ်တယ်လို့ လူတိုင်း ထင်အောင်လုပ်ဖို့ ဒီလို လုပ်ခဲ့တာပဲ။ ကျွန်မက ကိုယ့်တာဝန်ကို ဒီလိုလုပ်တာက ညီအစ်ကိုမောင်နှမတွေကို ကူညီပေးနေတာ၊ တည်ဆောက်စရာဖြစ်စေတာမဟုတ်ဘူး။ ဒီဟာကြောင့် သူတို့က သမ္မာတရားကို နားလည်မှမဟုတ်ဘူး။ ဘုရားရှေ့ကို ခေါ်ဆောင်မှာမဟုတ်ဘူး။ ဒါတွေထက် ကျွန်မရှေ့ကိုပဲ ခေါ်ဆောင်ပြီး ကျွန်မကိုပဲ လေးစား ကိုးကွယ်ကြမှာပဲ။ ဒီနေရာမှာ ကျွန်မက လူတွေကို လှည့်စားပြီး စည်းရုံးပြီးတော့ အန္တိခရစ်လမ်းကြောင်းကို လျှောက်နေတာပဲ။ အသင်းတော်ကနေ တစ်ယောက်ချင်း နှင်ထုတ်ခံရတဲ့၊ ဖော်ထုတ်ပြီး စွန့်ပစ်ခံရတဲ့ အန္တိခရစ်တွေကို ကျွန်မ တွေးမိတယ်။ ကျွန်မက နောင်တမရဘဲ၊ မပြောင်းလဲဘဲ ဒီလိုဆက်လုပ်နေရင် သူတို့လိုပဲ နှင်ထုတ်ခံရပြီး ဖယ်ရှားခံရမှာပဲ။ ဒီလို တွေးပြီး ဘုရားကို ကျွန်မ ဆုတောင်းတယ်။ ကျွန်မရဲ့ ကျရှုံးမှုတွေရဲ့ အကြောင်းရင်းကို ဆင်ခြင်ဖို့အတွက် လမ်းပြပေးဖို့ တောင်းခံတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “တစ်စုံတစ်ခု ဖြစ်ပေါ်သောအခါ သင်သည် ဘဝအတွေးအခေါ်တစ်ခုဖြင့် ရှင်သန်ပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပေ။ အခြားလူများအား စိတ်အနှောင့်အယှက်ပေးမိမည်ကို သင် အစဉ် စိုးရွံ့သော်လည်း၊ ဘုရားသခင်အား ပုန်ကန်ပြစ်မှားမိမည်ကို သင် မကြောက်ရွံ့သကဲ့သို့ သင်၏ အပြန်အလှန်ဆက်ဆံရေးများကို ကာကွယ်ရန် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုပင် စတေးလိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ သင်၏ အပြန်အလှန် ဆက်ဆံရေးများကို အတော်အတန် ကောင်းစွာ ကာကွယ်ပြီး ဖြစ်လိမ့်မည်ဖြစ်သော်လည်း ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် သင့်အား မုန်းတီးပြီး ငြင်းပယ်လိမ့်မည်ဖြစ်ကာ သင့်အပေါ် စိတ်ဆိုးလိမ့်မည်။ ယှဉ်ကြည့်လျှင် မည်သည်က ပို၍ကောင်းသနည်း။ သင်မခွဲခြားနိုင်လျှင် သင်သည် လုံးဝ မရေမရာဖြစ်နေသည်။ သင်သည် သမ္မာတရားကို အနည်းငယ်မျှပင် နားမလည်သည်ကို သက်သေပြသည်။ သင်သည် လုံးဝ သတိမဝင်ဘဲ ဤသို့ဆက်သွားလျှင် အန္တရာယ်က အမှန်ပင် ကြီးမားသည်။ အဆုံးတွင် သမ္မာတရားကို သင်ရယူနိုင်မည်မဟုတ်ပေ။ ဆုံးရှုံးခြင်းကို ခံစားရမည့်သူမှာ သင်ဖြစ်လိမ့်မည်။ ဤကိစ္စတွင် သမ္မာတရားကို သင်မရှာဖွေဘဲ ကျရှုံးလျှင် နောင်တွင် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်လော။ မရှာဖွေနိုင်သေးလျှင် ဆုံးရှုံးခြင်းကို ခံစားရမည့် ပြဿနာဖြစ်မည်မဟုတ်တော့ဘဲ သင်သည် အဆုံး၌ ထုတ်ပယ်ခြင်းခံရလိမ့်မည်။ ‘သဘောကောင်းသော လူတစ်ဦး’ ၏ စိတ်ဓါတ်လှုံ့ဆော်မှုများနှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင်၊ အခြေအနေအားလုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အခြေခံသဘောတရာများကို လိုက်နာခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်းရှိမည် မဟုတ်ချေ၊ ပြီးလျှင် သင်သည် အစဉ် ကျရှုံးပြီး လဲကျလိမ့်မည်။ သင်သည် အသိတရားမရပါက၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေပါက သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး သမ္မာတရားနှင့် အသက်တို့ကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အရာများနှင့် ရင်ဆိုင်ရသည့်အခါ၊ ကယ်တင်ခြင်းအတွက် အသနားခံရင်း၊ ဘုရားသခင်က သင့်ကို ခွန်အားပေး၍ သင့်အား အခြေခံသဘောတရားကို လိုက်နာနိုင်စေရန်၊ သင် လုပ်သင့်သည့်အရာကို လုပ်ဆောင်နိုင်စေရန်၊ အခြေခံ သဘောတရား အတိုင်း အမှုအရာများကို ကိုင်တွယ်နိုင်စေရန်၊ သင်၏အနေအထားအတိုင်း ရပ်တည်ခွင့်ပေးရန်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ဘုရားသခင်အိမ်တော်၏ အမှုတော်ဆီသို့ အန္တရာယ် ရောက်လာခွင့် မပေးရန်အတွက် တောင်းလျှောက်ရင်း ဆုတောင်းခြင်း၌ ဘုရားသခင်ကို သင် အော်ခေါ်ရမည်။ သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ ဂုဏ်သတင်း နှင့် ‘သဘောကောင်းသော လူတစ်ဦး’ နှင့်ဆိုင်သော ရှုထောင့်တို့ကို သင် စွန့်လွှတ်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီး လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ဒဿနတို့ဖြင့် အစဉ် အသက်ရှင်ပါက၊ အခြားသူများနှင့် သင်၏ ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းပြီး သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပါက၊ အခြေခံသဘောတရားအတိုင်း မလိုက်နာရဲပါက၊ သင်သည် အခြားကိစ္စရပ်များ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်လော။ သင်၌ မည်သည့်ယုံကြည်မှု၊ မည်သည့်ခွန်အားမျှ ရှိမည် မဟုတ်။ သင်သည် မည်သည့်အခါမျှ သမ္မာတရားကို ရှာဖွေနိုင်ခြင်း၊ သို့မဟုတ် လက်ခံနိုင်ခြင်း မရှိပါက၊ ဘုရားသခင်ကို ထိုသို့ ယုံကြည်ခြင်းသည် သင့်ကို သမ္မာတရားရစေမည်လော။ (မရပါ။) ပြီးလျှင် သင်သည် သမ္မာတရားကို မရရှိနိုင်လျှင်၊ သင်သည် ကယ်တင်ခြင်း ခံရနိုင်သလော။ သင် မခံရနိုင်ပေ။ သင်သည် သမ္မာတရား၏ လက်တွေ့အရှိတရား လုံးလုံး ကင်းမဲ့ပြီး စာတန်၏ဒဿနဖြင့် အစဉ် အသက်ရှင်ပါက၊ သင် မည်သည့်အခါမျှ ကယ်တင်မခံရနိုင်ပေ။ သမ္မာတရားကို ရရှိခြင်းသည် ကယ်တင်ခြင်းအတွက် လိုအပ်သည့် သတ်မှတ်ချက်တစ်ခု ဖြစ်သည်ကို သင် ရှင်းရှင်းလင်းလင်း သိသင့်သည်။ သို့ဆိုလျှင် သင်သည် သမ္မာတရားကို မည်သို့ ကြိုးပမ်းရရှိသနည်း။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်ပြီး၊ သင်သည် သမ္မာတရားအားဖြင့် အသက်ရှင်နိုင်ကာ၊ သမ္မာတရားသည် သင့်အသက်တာ၏အခြေခံ ဖြစ်လာပါက၊ သင်သည် သမ္မာတရားကို ရရှိမည်ဖြစ်ပြီး အသက်ကို ရရှိမည်ဖြစ်သောကြောင့် သင်သည် ကယ်တင်ခြင်းခံရသည့် သူများထဲမှ တစ်ဦးဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ကျွန်မရဲ့ အဆင့်အတန်း၊ ပုံရိပ်၊ ဆက်ဆံရေးတွေကို ကျွန်မ ကာကွယ်နေပြီး အသင်းတော်အလုပ်ကို အရေးမစိုက်တဲ့ အကြောင်းရင်းက အဓိကက လူ့အကြိုက်လိုက်တဲ့၊ လောကီဆန်တဲ့ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုကို ကျွန်မ ခံရလို့ပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်။ ကျွန်မက “မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” “မကင်းနိုင်ရင် ကောင်းအောင်နေ” ဆိုတာမျိုး ဆိုးယုတ်တဲ့ လောကီအယူအဆတွေရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတာပါ။ တခြားလူတွေ ကိုယ့်ကို နှစ်သက်ပြီး လေးစားအောင်လုပ်ဖို့ ကိုယ်က နူးညံ့ပြီး ကြင်နာရမယ်၊ လူတွေကို ဘယ်တော့မှ လေသံမာမာနဲ့ မပြောသင့်ဘူး၊ သူများတွေရဲ့ ပြဿနာတွေကို မြင်တဲ့အခါ လျစ်လျူရှုလိုက်လို့ရတယ်၊ ဘယ်သူ့ကိုမှ အရမ်း မညှာမတာမလုပ်သင့်ဘူး စိတ်ဆိုးအောင်မလုပ်သင့်ဘူး၊ ဒါဆိုရင် လူတိုင်းက ကိုယ့်ကို သဘောကျမယ်လို့ ကျွန်မ တွေးခဲ့တယ်။ ကျွန်မက ဒီ လူ့အကြိုက်လိုက်တဲ့ စိတ်ကူးတွေကို လိုက်နာပြီး ဂျနင်းက တကယ့်အလုပ် မလုပ်တာကို ကျွန်မ မြင်တော့ သူ့ကို ဖော်ထုတ်တာ၊ ကိုင်တွယ်ဖြေရှင်းတာ၊ ထုတ်ပယ်တာ မလုပ်ခဲ့ဘူး။ ကျွန်မက ကိုယ့်အဆင့်အတန်းနဲ့ ပုံရိပ်ကို ကာကွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျနင်းရဲ့ ပြဿနာတွေကို ဖော်ထုတ်တာ၊ သူ့ကို ချက်ချင်း ထုတ်ပစ်တာတွေ မလုပ်တော့ ဧဝံဂေလိအလုပ်က နှောင့်နှေးသွားတယ်။ ကျွန်မက ကိုယ့်ရဲ့ ဂုဏ်၊ အဆင့်အတန်းနဲ့ ဆက်ဆံရေးကို ကိုယ့်တာဝန်အထက်မှာ ထားခဲ့တယ်။ ကျွန်မရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ အသင်းတော်အလုပ်ကို လုံးဝ မကာကွယ်ခဲ့ဘူး။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တယ်။ ဒီလူ့အကြိုက်လိုက်တဲ့ အယူအဆတွေကို လိုက်နာတော့ ကျွန်မက ပိုပိုပြီး စိတ်မချရဖြစ်လာတယ်။ မရိုးသားဘူး။ လူ့သဘာဝ ကင်းမဲ့လာတယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “အလယ်အလတ် လမ်းစဉ်လိုက်သူတို့ အားလုံးသည် အန္တရာယ် အပြုဆုံးသူတို့ဖြစ်သည်။ ထိုသူတို့သည် မည်သူ့ကိုမျှ မစော်ကားမိစေဖို့ ကြိုးစားကြသည်၊ ထိုသူတို့သည် လူမုန်းမခံချင်သူများဖြစ်သည်၊ ထိုသူတို့သည် အမှုအရာများကို လိုက်လျော၍ မည်သူမျှ ထိုသူတို့ကို မရိပ်စားမိနိုင်ပေ။ ထိုသို့သော သူသည် အသက်ရှင် နေသော စာတန်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည်) ဘုရားသခင်က လူ့အကြိုက်လိုက်သူတွေကို စက်ဆုပ်ရွံရှာတယ်။ လူ့အကြိုက်လိုက်တဲ့ အယူအဆတွေကို အားကိုးပြီး သမ္မာတရားကို ရတာ၊ ကယ်တင်ခြင်းခံရတာ ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။ ဒါကို သဘောပေါက်သွားပြီး ကျွန်မ တော်တော် ကြောက်သွားတယ်။ ကျွန်မက ဘုရားရှေ့မှာ ပြစ်မှားခဲ့ပြီ၊ ဒီအခြေအနေကို ပြုပြင်ပြီး တကယ် နောင်တမရရင် ဘုရားက စွန့်ပစ်ပြီး ဖယ်ရှားတာ ခံရမှာပဲဆိုတာ ကျွန်မ သိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုလည်း ညွှန်ပြပေးခဲ့တယ်။ ကျွန်မရဲ့ နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်ချင်တဲ့အချိန်မှာ ဘုရားကို ကျွန်မ ပိုပြီး ဆုတောင်းသင့်တယ်၊ ခွန်အားပေးဖို့ တောင်းခံသင့်တယ်၊ ပြီးရင် စည်းမျဉ်းနဲ့အညီ ပြုမူပြီး ရိုးသားတဲ့ စိတ်နှလုံးနဲ့ တာဝန်ထမ်းဆောင်ဖို့ သင်ယူသင့်တယ်ဆိုတာပဲ။ ဒါက ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိရုံမကဘူး။ အသင်းတော်အလုပ်အတွက်လည်း အကျိုးရှိတယ်။ သမ္မာတရားကို လက်တွေ့လုပ်မယ်၊ စည်းမျဉ်းနဲ့အညီ ပြုမူမယ်၊ အသင်းတော် အကျိုးကို ကာကွယ်မယ်ဆိုပြီး ဘုရားကို ကျွန်မ ဆုတောင်းတယ်။

အဲဒီနောက်တော့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်။ “မသင့်လျော်သောလူများကို အလုပ်ခန့်အပ်ခြင်းကြောင့်ဖြစ်သော ဆုံးရှုံးမှုများကို ရှောင်ကြဉ်ရန်၊ သို့မဟုတ် လျော့ပါးစေရန်နှင့် အလုပ်ထိရောက်မှုနှင့် ချောမွေ့စွာ တိုးတက်မှုကို သေချာစေနိုင်ရန်အတွက် မတူညီသောအလုပ်များမှ ကြီးကြပ်ရေးမှူးများနှင့် အမျိုးမျိုးသော အရေးကြီးအလုပ်များအတွက် တာဝန်ရှိသော အမှုထမ်းများ၏ အခြေအနေများကို မပြတ်စောင့်ကြည့်လော့၊ ပြီးလျှင် ၎င်းတို့ကို လိုအပ်သလို ချက်ချင်း အခြားတာဝန်ခွဲခန့်သတ်မှတ်ပေးလော့၊ သို့မဟုတ် လူစားထိုးလော့။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ)ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ ဝတ္တရားတစ်စိတ်တစ်ဒေသမှာ ပရောဂျက်အမျိုးမျိုးကို ကြီးကြပ်သူများနှင့် အရေးပါသည့် အလုပ်အတွက် တာဝန်ရှိသော သူများနှင့်ပတ်သက်၍ မည်သည့်အရာများဖြစ်နေသည်ကို သိရှိခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအမှုထမ်းများသည် အဘယ်သူများနည်း။ အခြေခံအကျဆုံးမှာ အသင်းတော် ခေါင်းဆောင်များ ဖြစ်ပြီး ၎င်းတို့နောက်၌ အဖွဲ့ကြီးကြပ်သူများနှင့် အဖွဲ့ခေါင်းဆောင်များဖြစ်ကြသည်။ ပရောဂျက်အမျိုးမျိုးကို ကြီးကြပ်သူများနှင့် အရေးပါသည့်အလုပ်ကို တာဝန်ယူထားသောသူများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းရှိမရှိ၊ ၎င်းတို့၏ လုပ်ရပ်များတွင် စည်းမျဉ်းရှိပြီး၊ အသင်းတော်အလုပ်ကို၊ ကောင်းစွာ လုပ်နိုင်ခြင်းရှိမရှိတို့ကို နားလည်ပြီး သေချာအောင် လေ့လာစိစစ်ရန်မှာ အလွန်အရေးပါ အလွန် အရေးကြီးသည်မဟုတ်လော။ အမျိုးမျိုးသော ပရောဂျက်များကို ဦးဆောင်သော အဓိက ကြီးကြပ်သူများ၏ အခြေအနေကို ခေါင်းဆောင်များနှင့် အမှုဆောင်များက အတိအကျ နားလည်ပြီး သင့်တော်သော ချိန်ညှိမှုများ ပြုလုပ်လျှင် ယင်းသည် အလုပ်အစီအစဉ်တစ်ခုကို ကာကွယ်နေခြင်းဖြစ်သည်။ ယင်းသည် ၎င်းတို့၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းခြင်းနှင့် ညီမျှသည်။ ဤအမှုထမ်းများကို မှန်ကန်စွာ မစီစဉ်ထားဘဲ ပြဿနာတစ်ခု ပေါ်ပေါက်လျှင် အသင်းတော်၏အလုပ်သည် အလွန်ပင် ထိခိုက်လိမ့်မည်။ ဤအမှုထမ်းများသည် လူ့သဘာဝကောင်းရှိလျှင်၊ ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ်တစ်ခုကို ပိုင်ဆိုင်လျှင်၊ ကိစ္စများကို ကိုင်တွယ်ရာ၌ တာဝန်သိတတ်လျှင်၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လျှင် ၎င်းတို့ကို အလုပ်ကို ဦးဆောင်စေခြင်းသည် ပြဿနာ အလွန်နည်းလိမ့်မည်။ အရေးကြီးသည့်အရာမှာ အလုပ်သည် ချောမွေ့စွာ ရှေ့ဆက်နိုင်ဖို့ဖြစ်သည်။ သို့သော် အဖွဲ့များ၏ ကြီးကြပ်သူများက အားကိုး၍ မရလျှင်၊ လူ့သဘာဝညံ့ဖျင်းပြီး ကောင်းမွန်စွာ ပြုမူခြင်းမရှိလျှင်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင်၊ ထို့အပြင် အနှောင့်အယှက်များဖြစ်ပေါ်စေနိုင်ခြေရှိလျှင် ယင်းသည် ၎င်းတို့တာဝန်ရှိသည့်အလုပ်အပေါ်နှင့် ၎င်းတို့ဦးဆောင်သည့် ညီအစ်ကိုမောင်နှမတို့၏ အသက်ဝင်ရောက်မှုအပေါ် အပျက်သဘောဆောင်သောသက်ရောက်မှုတစ်ခု ရှိလိမ့်မည်။ ထိုသက်ရောက်မှုက ကြီးခြင်း၊ ငယ်ခြင်းရှိနိုင်မည်မှာ မှန်သည်။ ကြီးကြပ်သူများသည် ၎င်းတို့၏ တာဝန်များနှင့်ပတ်သက်ပြီး အလေးအနက်မထားရုံမျှ၊ သို့မဟုတ် လျစ်လျူရှုရုံမျှ ဖြစ်ပါက ဤအရာက အလုပ်၌ နှောင့်နှေးမှုများ ဖြစ်စေနိုင်သည်။ တိုးတက်မှုသည်လည်း အတော်အတန် နှေးကွေးလိမ့်မည်ဖြစ်ပြီး အလုပ်သည်လည်း ခရီးရောက်မှု အတော်အတန် နည်းလိမ့်မည်။ သို့ရာတွင် ၎င်းတို့သည် အန္တိခရစ်များဖြစ်ပါက ပြဿနာက ကြီးလေး၏။ ဤသည်မှာ အလုပ်က အနည်းငယ် ခရီးရောက်မှုမရှိခြင်းနှင့် ထိရောက်မှု မရှိခြင်း ပြဿနာမဟုတ်ပေ— ၎င်းတို့သည် ၎င်းတို့တာဝန်ယူရသည့် အလုပ်အားလုံးကို နှောင့်ယှက်ပြီး ထိခိုက်လိမ့်မည်။ ထို့ကြောင့် ပရောဂျက် အမျိုးမျိုးကို ကြီးကြပ်သူများနှင့် အရေးပါသည့်အလုပ်ကို တာဝန်ယူထားသူများ၏ အခြေအနေကို သိထားခြင်း၊ တစ်စုံတစ်ဦးက လက်တွေ့ကျသည့် အလုပ်လုပ်မနေသည်ကို ၎င်းတို့ တွေ့သည့်အခါ အချိန်မီချိန်ညှိခြင်းများ၊ ထုတ်ပယ်ခြင်းများပြုလုပ်ခြင်းသည် ခေါင်းဆောင်နှင့် အမှုဆောင်များ ရှောင်နိုင်သည့် တာဝန်ဝတ္တရားတစ်ခုမဟုတ်ပေ။ ယင်းသည် အလွန်လေးနက်ပြီး အလွန်အရေးကြီးသော အလုပ်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် ပရောဂျက်အမျိုးမျိုးကို ကြီးကြပ်သူများနှင့် အရေးပါသည့်အလုပ်ကို တာဝန်ယူထားသူများ၏ ပင်ကိုစရိုက်နှင့် ၎င်းတို့ တာဝန်နှင့် သမ္မာတရားအပေါ် သဘောထားအပြင် အချိန်ကာလအသီးသီးအတွင်းနှင့် အဆင့်တစ်ခုစီတိုင်းရှိ ထိုသူတို့၏အခြေအနေနှင့် သရုပ်သကန်တို့ကို အစဉ်သိနေဖို့ ကြိုးစားနိုင်ပြီး အခြေအနေများအရ ထိုလူစများကို မဆိုင်းမတွ ညှိနှိုင်းနိုင်ပါက၊ သို့မဟုတ် ကိုင်တွယ်နိုင်ပါက အလုပ်သည် တည်ငြိမ်စွာ ရှေ့ဆက်နိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ထိုလူများသည် အသင်းတော်များတွင် စည်းလွတ်ဘောင်လွတ် သောင်းကျန်းပြီး တကယ့်အလုပ်ကို မလုပ်ပါဘဲ ခေါင်းဆောင်များ နှင့် အမှုဆောင်များကလည်း ဤအရာကို ဖော်ထုတ်ခြင်းနှင့် စေ့စပ်ညှိနှိုင်းမှုများလုပ်ခြင်း၌ မဆိုင်းမတွ လုပ်ဆောင်ခြင်း မရဘဲ အရေးကြီးသောပြဿနာမျိုးစုံကို မကိုင်တွယ်မီ၊ သာမန်ကာလျှံကာဖြင့် ၎င်းတို့ကို ကိုင်တွယ်ရန်၊ ညှိနှိုင်းမှုများ ပြလုပ်ရန် မကြိုးစားမီတွင်၊ အခြေအနေကို ပြုပြင်ပြီး အဖတ်မဆည်မီတွင် ထိုပြဿနာမျိုးစုံပေါ်လာသည်အထိ စောင့်ဆိုင်းကာ ဘုရားအိမ်တော်၏ အလုပ်အပေါ် ကြီးမားသော ဆုံးရှုံးမှုများကျရောက်စေလျှင် ထိုခေါင်းဆောင်၊ အမှုဆောင်များသည် အလကားလူများဖြစ်သည်။ ၎င်းတို့သည် လူစားထိုးပြီး ထုတ်ပယ်ရမည့် တကယ့်အယောင်ဆောင်ခေါင်းဆောင်များပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်။ ခေါင်းဆောင်တစ်ယောက်က အသင်းတော်ရဲ့ ပရောဂျက်တွေ အောင်မြင်စွာ ဖွံဖြိုးတိုးတက်ဖို့ကို သေချာစေဖို့အတွက် ပရောဂျက်တိုင်းရဲ့ ကြီးကြပ်ရေးမှူးနဲ့ တခြား အရေးကြီးတဲ့ အမှုထမ်းတွေရဲ့ အခြေအနေကို ချက်ချင်းစစ်ကြည့်ဖို့၊ သူရှာတွေ့နိုင်တဲ့ မသင့်တော်တဲ့ ဘယ်သူကိုမဆို ချက်ချင်းထုတ်ဖို့၊ တာဝန်ပြောင်းပေးဖို့ ဝတ္တရားရှိပါတယ်။ ကြီးကြပ်ရေးမှူး၊ ခေါင်းဆောင်၊ ဒါမှမဟုတ် အမှုဆောင်တစ်ယောက်က တကယ့်အလုပ်ကို မလုပ်ဘဲ အသင်းတော်အလုပ် ထိခိုက်ပြီး နှောင့်နှေးနေတာကို တွေ့ရင် ခေါင်းဆောင်က သူတို့နဲ့ ချက်ချင်း မိတ်သဟာယဖွဲ့ဖို့ လိုတယ်။ သူတို့က မပြောင်းလဲရင်၊ အစေခံဖို့အတွက်တောင် မထိုက်တန်ရင် သူတို့ကို ချက်ချင်း တာဝန်ပြောင်းပေးဖို့၊ ဒါမှမဟုတ် ထုတ်ဖို့ လိုတယ်။ ဒါဟာ အသင်းတော်အလုပ်ကို အကျိုးဖြစ်စေတယ်။ အသုံးပြုဖို့အတွက် သင့်တော်သူတွေကို ထားပြီး မသင့်တော်သူတွေကို ထုတ်ရမယ်။ လိုအပ်သူတွေကို မိတ်သဟာယဖွဲ့ပြီး ကူညီရမယ်။ ကိုင်တွယ်ဖြေရှင်းခံရမယ့်သူတွေကို ကိုင်တွယ်ဖြေရှင်းပြီး သမ္မာတရားကို လိုက်စားသူတွေကို ပျိုးထောင်ပေးရမယ်။ ဂျနင်းက သူ့တာဝန်မှာ တစ်လျှောက်လုံး ဝတ်ကျေတမ်းကျေလုပ်တယ်။ တာဝန်ခံမှုမရှိဘူး။ တာဝန်မသိတတ်ဘူး။ ခေါင်းဆောင်တွေက သူ့ကို ခဏခဏ မိတ်သဟာယဖွဲ့တယ်။ ဒါပေမဲ့ သူက လုံးဝ မပြောင်းလဲဘူး။ ဒီဟာကြောင့် အသင်းတော်အလုပ်ကို တော်တော်ထိခိုက်နေတယ်။ သူက တကယ်ပဲ လက်တွေ့အလုပ်မလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်ဖြစ်ပြီး ချက်ချင်း ထုတ်ပစ်ဖို့လိုတယ်။ လူ့သဘာဝကောင်းရှိတဲ့ တာဝန်သိတတ်သူကိုတော့ ပျိုးထောင်ပေးဖို့ လိုပါတယ်။ ဒါဆိုရင် အသင်းတော်အလုပ်အတွက် အကျိုးရှိပြီး ဧဝံဂေလိအလုပ်က ချောချောမွေ့မွေ့နဲ့ တိုးတက်မှာပဲ။ ဒီလိုတွေးမိပြီး ကျွန်မ စိတ်နှလုံးက လုံးဝ ရှင်းလင်း တောက်ပသွားတယ်။ ဘုရားကို ကျွန်မ ကတိတစ်ခုပေးခဲ့တယ်။ “ဒီပြဿနာမျိုးကို သမီး ထပ်ကြုံတွေ့တဲ့အခါ စည်းမျဉ်းတွေနဲ့အညီ လက်တွေ့လုပ်ပြီး သမီးတာဝန်တွေကို ဖြည့်ဆည်းပါမယ်” ဆိုပြီးတော့။ သမ္မာတရားကို လက်တွေ့လုပ်တဲ့နေရာမှာလည်း လမ်းပြပေးဖို့ ဆုတောင်းခဲ့တယ်။

နောက်ကျတော့ ဂျနင်းကို သူ့ပြဿနာတစ်ခုချင်းစီကို ထုတ်ပြောပြတယ်။ တကယ့်အလုပ်ကို မလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်အနေနဲ့ သူကို ဖော်ထုတ်တယ်။ သူက အရမ်းစိတ်တိုသွားတာကို ကျွန်မ မြင်ပြီး ဘာမှ ဆက်မပြောရဲတော့ဘူး။ ကျွန်မ စဉ်းစားတယ်။ “ငါ နောက်ထပ် သူ့ပြဿနာတွေကို ဖော်ထုတ်ရင် ငါတို့ ဆက်ဆံရေးက ရှေ့ဆက်လို့မရတဲ့ အခြေအနေဖြစ်သွားပြီး သူ ငါ့ကို အကောင်းမြင်နေတာက ပျက်စီးသွားမှာပဲ” ပေါ့။ နောက်တော့ ကျွန်မက ကျွန်မရဲ့ အရင်ပုံစံအတိုင်း ပြန်လုပ်နေတယ်ဆိုတာ သတိထားမိလိုက်တယ်။ အဲဒါနဲ့ ဘုရားကိုဆုတောင်းလိုက်တယ်။ “ဘုရားသခင် သမီး သမ္မာတရားကို လက်တွေ့လုပ်ချင်ပါတယ်။ တာဝန် ထမ်းဆောင်ချင်ပါတယ်။ မိတ်သဟာယဖွဲ့သင့်တာကို ဖွဲ့ပြီး သမီးအပေါ် သူများတွေရဲ့ အမြင်ကို ဂရုမစိုက်ချင်တော့ပါဘူး။ သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ချုပ်ကိုင်မှုကို ကျော်လွှားဖို့ ခွန်အားပေးတော်မူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတော့ ကျွန်မက ဂျနင်းနဲ့ ဆက်ပြီး မိတ်သဟာယဖွဲ့တယ်။ သူ့ပြဿနာတွေကို တစ်ခုချင်းစီ ထုတ်ပြောပြီး သူ လက်တွေ့အလုပ်မလုပ်တာကို ဖော်ထုတ်တယ်။ သူက အဲဒီအချိန်မှာတော့ မကျေနပ်ပေမဲ့ နောက်ဆုံးကျတော့ ကျွန်မက ဖော်ထုတ်ပြီး ဝေဖန်တာမလုပ်ရင် သူ့ပြဿနာတွေကို သူမြင်မှာမဟုတ်ဘူးဆိုပြီး ပြောတယ်။ သူ့ဖောက်ပြန်ပျက်စီးမှုရဲ့ လေးနက်မှုကို သူဝန်ခံပြီး သူ ပြောင်းလဲချင်တယ်၊ အသင်းတော်က သူ့ကို ဘယ်လိုကိုင်တွယ်ချင်သည်ဖြစ်စေ လက်ခံမယ်ဆိုပြီး ပြောတယ်။ သူဒီလိုပြောတာကို ကြားရတော့ ကျွန်မ ဘုရားကို ကျေးဇူးတင်မိတယ်။ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်တော့ ကျွန်မ ဆက်ဆံရေးတွေက ကျွန်မ မျှော်လင့်သလို ပြိုလဲမသွားဘူး။ ပြီးတော့ တော်တော်ငြိမ်းချမ်းပြီး စိတ်အေးသွားတယ်။ ဂျနင်းကို ထုတ်ပြီးသွားတော့ ဧဝံဂေလိအလုပ်ကို ကြီးကြပ်ဖို့ တစ်ခြားအစ်ကိုတစ်ယောက်ကို ကျွန်မတို့ ရွေးကြတယ်။ သူက သူ့တာဝန်ကို တကယ်ထမ်းရွက်ပြီး ဧဝံဂေလိဖြန့်ဝေတဲ့နေရာမှာ သူများတွေကို ဦးဆောင်တယ်။ အချိန်နည်းနည်းကြာတော့ ဧဝံဂေလိအလုပ်က စပြီး တိုးတက်လာတယ်။

ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့အတွက် ဆိုးယုတ်တဲ့ စိတ်သဘောထားကို အမှီပြုတာက ကိုယ့်ကိုယ်ကိုယ် ထိခိုက်ရုံတင်မကဘူး။ အသင်းတော်အလုပ်လည်း ထိခိုက်တယ်ဆိုတာ ဒီအတွေ့အကြုံကြောင့် ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ တာဝန်ထမ်းဆောင်မှပဲ ဘုရားအလိုတော်နဲ့ ညီပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ စိတ်နှလုံးတော်က အယူအဆလွဲများကို ပယ်ရှင်းနိုင်သည်ကို သိနားလည်ခြင်း

ချင်ဂန်၊ ဟေဘေးစီရင်စု ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊...

မိမိတာဝန်ကို ထမ်းဆောင်ခြင်းက မည်သည့်အရာကို ဆိုလိုသည်ကို နောက်ဆုံးတော့ ကျွန်မ သိပြီ

ရွှန်းကျိယူ တောင်ကိုးရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့်...

တာဝန်တစ်ခုကို အယောင်ပြသက်သက်ထမ်းဆောင်ခြင်း၏ အကျိုးဆက်များ

ရှောင်မော့ စပိန်နိုင်ငံ ၂၀၂၁ ခုနှစ်မှာ အသင်းတော်သုံးလေးခုရဲ့ အလုပ်တွေကို ကျွန်မ ဦးဆောင်ရတယ်။ ဒီအသင်းတော်တွေက တည်ထောင်တာ မကြာသေးဘူး။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။