ဘုရားသခင်ကို ယုံကြည်ရာလမ်းပေါ်မှ တိုးတက်မှုတစ်ရပ်

25.06.2019

တင်ဆက်သူ- ဇူအန်ဘီယန်၊ ရှန်ဟိုင်းမြို့တော်

ဘုရားသခင်ကိုယုံကြည်ခဲ့ပြီး၊ ဘုရားသခင်နောက်သို့ နှစ်ပေါင်း များစွာ လိုက်ပါခဲ့သော်လည်း၊ အသက်တာ၀င်ရောက်ခြင်း နှင့်ပတ်သက်ပြီး ကျွန်တော့်မှာ တိုးတက်မှုမရှိသလောက်ဖြစ်ခဲ့ရာ ကျွန်တော် အင်မတန်မှ ကြောင့်ကြမှု ခံစားခဲ့ရသည်။ အထူးသဖြင့် အသံသွင်း တရားဟောပြောချက်များတွင် အထက်မှ ညီအစ်ကိုက ညီအကိုမောင်နှမများနှင့် ပြောဆိုခြင်းများကို ကျွန်တော်ကြားနာခဲ့စဉ်၊ “ခင်ဗျားတို့ယခု ဘုရားသခင်ကိုယုံကြည်ပြီး သမ္မာတရားနောက်ကို လိုက်လံဖွေရှာခြင်းရဲ့ ချိုမြိန်တဲ့အရသာကို မြည်းစမ်းခဲ့ကြရပြီ။ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို့ ခင်ဗျားတို့အခု စတင်၀င်ရောက်ခဲ့ပြီး ကယ်တင်ခြင်းနောက်ကို ခင်ဗျားတို့လိုက်လံဖွေရှာ ရာမှာ ယုံကြည်ခြင်းနဲ့ ပြည့်၀လျက်ရှိကြတယ်” စသောအရာမျိုး သူပြောဆိုသည်ကိုကြားနာခြင်းဖြင့် ကျွန်တော်ကြောင့်ကြမှုအပြည့် ခံစားခဲ့ရသည်။ “ဒီလူတွေဟာ ဘုရားသခင်ကို ယုံကြည်ခဲ့တာဟာ အရမ်းအကြာကြီး မဟုတ်ပေမဲ့၊ ၀င်ရောက်မှုကိုရခဲ့ကြပြီး ကယ်တင်ခံရတာ နဲ့ပတ်သက်လို့ ယုံကြည်ခြင်း အပြည့်အ၀ရှိကြတယ်။ ငါ့မှာတော့ ဘုရားသခင်ကို ယုံကြည်ခဲ့တာ ကြာပေမဲ့လည်း သမ္မာတရားကို မရရှိသေးဘဲ၊ အသက်တာမှာ စိတ်သဘောထားအပြောင်းအလဲဆိုလို့ ဘာတစ်ခုမျှ မတွေ့ကြုံခဲ့ရသေးဘူး။ ကယ်တင်ခြင်းရရှိဖို့ကို အသာထား၊ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုတောင် ငါစတင်မ၀င်ရောက် နိုင်သေး ပါလား” ဟု ကျွန်တော်စဉ်စားမိခဲ့သည်။ သမ္မာတရားက လူတို့၏ ဖောက်ပြန်ပျက်စီးမှုအားလုံးကို ဖြေရှင်းပေးနိုင်ကြောင်း အထက်မှ ညီအစ်ကိုက မိတ်သဟာရဖွဲ့ ပြောဆိုခဲ့သော်လည်း၊ ၎င်းကို ကျွန်တော်လုံး၀ တွေ့ကြုံမခံစားခဲ့ရပေ။ သမ္မာတရားက အခြားသူများ၏ အကျင့်ပျက်မှုများကို ဖြေရှင်းနိုင်သော်လည်း ကျွန်တော့်အကျင့်ပျက်မှုများ အတွက်တော့ မဟုတ်ကြောင်း ကျွန်တော်ခံစားခဲ့ရပြီး၊ ဤသို့ ကျွန်တော်ပို၍စဉ်းစားခဲ့လေ ကျွန်တော်ပို၍စိတ်ဓာတ်ကျခဲ့ရခြင်းကို ခံစား ခဲ့ရပြီး၊ ကျွန်တော့်စိတ်သဘောထား ပြောင်းလဲမှုတစ်ရပ်ကို လိုက်လံဖွေရှာ ရန် အလွန်မှပင်ခက်ခဲသည်ဟု ကျွန်တော်ခံစားခဲ့ရခြင်းကြောင့်၊ သမ္မာတရားနှင့် ကယ်တင်ခြင်းတို့ကို လိုက်လံဖွေရှာရန် ကျွန်တော့် ယုံကြည်မှု ပျက်ပြားခဲ့သည်။ ကျွန်တော်ကိုယ်ပိုင်အခြေအနေမှာ မမှန်ကန်ကြောင်း ကျွန်တော်သိရှိခဲ့သော်လည်း၊ ၎င်းမှလွတ်မြောက်ရန် နည်းလမ်းမရှိသောကြောင့်၊ အကူအညီအတွက် ဘုရားသခင်ထံတော်သို့ ကျွန်တော်ငိုကြွေးတောင်းလျှောက်ခြင်းကိုသာ ပြုလုပ်နိုင်ခဲ့သည်။

တစ်နေ့၊ ကျွန်တော် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို မြင်တွေ့ခဲ့သည်- “လူ၏ အသက်တာ၌ ကြီးထွားခြင်းနှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းအားဖြင့်အပြင်၊ စေ့စပ်သည့် အတွေ့အကြုံများထဲသို့ ဝင်ရောက်ခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု)သင်သည် စစ်မှန်မှုအတွင်း နက်နက်ရှိုင်းရှိုင်း မသွားဘဲ၊ လက်တွေ့ဘဝထဲသို့ ဝင်ရောက်ခြင်း မရှိဘဲ၊ သဘောတရားဆိုင်ရာ အသိပညာကိုသာ စူးစိုက်ပြီး ဘာသာရေး ပွဲလမ်းသဘင်များ ကြားတွင်သာ နေထိုင်မည်ဆိုပါက၊ သင်သည် စစ်မှန်မှုအတွင်း မည်သည့်အခါမျှ ဝင်ရောက်မည် မဟုတ်၊ သင့်ကိုယ်သင်နှင့် သမ္မာတရားကို သို့မဟုတ် ဘုရားသခင်ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ သင်သည် အစဉ်အမြဲ မျက်စိကန်းလျက် အသိပညာ ကင်းမဲ့လျက်ရှိမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးခြင်း) ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ဉာဏ်အလင်းရခြင်းဖြင့်သာလျှင် ကျွန်တော်သည် ကိုယ်တော့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း၊ ကျွန်တော့် စိတ်သဘောထား ကြီးမားစွာ ပြောင်းလဲမှု မခံစားရသေးကြောင်းကို ကျွန်တော်နားလည်သိရှိခဲ့ပြီး၊ ၎င်း၏အဓိက အကြောင်းရင်းမှာ ဘုရား သခင်၏နှုတ်ကပတ်တော်များကို ကျွန်တော်ဖတ်ရှု သောအခါ မူရင်းစာအတိုင်း တိကျစွာတူညီသည့်၊ အယူအဆနှင့်ဆိုင်သည့် အနက်အဓိပ္ပာယ်ကို နားလည်ရန်သာ ကျွန်တော်အာရုံစိုက်ခဲ့ပြီး၊ အတွေးအခေါ် နားလည်မှုသာ ရရှိခဲ့သည်။ သမ္မာတရားကို လက်တွေ့အကောင်အထည်ဖော်ရန် သို့မဟုတ် သရုပ်မှန်ထဲ ဝင်ရောက်ရန် ကျွန်တော်အာရုံစိုက်မနေခဲ့သကဲ့သို့၊ လက်တွေ့ အတွေ့အကြုံမှတစ်ဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားနေရန် အာရုံစိုက်မနေခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်ပေါ် ကျွန်တော် ယုံကြည်ခြင်းရှိခဲ့သည့် ဤနှစ်ကာလများကို ပြန်ပြောင်းတွေး ကြည့်လျှင်၊ သမ္မာတရား၏ မည်သည့် ရှုထောင့်ဖြစ်လင့်ကစား၊ မူရင်းစာအတိုင်း တိကျစွာတူညီသည့် အနက်အဓိပ္ပာယ်ရသည်နှင့် ကျွန်တော်အမြဲရပ်တန့်လေ့ရှိပြီး၊ သမ္မာတရား၏အနှစ်သာရကို ပိုမို နက်ရှိုင်းသော နားလည်မှုရရှိရန် ကျွန်တော်ဘယ်သောအခါကမျှ မရှာဖွေခဲ့ဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကြိုတင်စီစဉ်ပြီး ၎င်းထဲဝင်ရောက်ဖို့ ပို၍ပင် ဆောင်ရွက်မှု လျော့နည်းခဲ့သည်။ ထိုအစား အယူအဆနှင့်ဆိုင်သည့် အသိပညာနှင့် နားလည်မှုရှိရုံဖြင့် လုံလောက်ခဲ့ သည်ဟု ကျွန်တော်တွေးထင်ခဲ့သည်။ ဥပမာ၊ အမှန်တကယ်ဘဝတွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရဖို့ ကျွန်တော် အမြဲရုန်းကန် လှုပ်ရှားခဲ့သည်၊ ကျွန်တော့်စကားကို အခြားသူများ အမြဲတမ်း နားထောင်စေလိုခဲ့သည်။ ဖောက်ပြန်ပျက်စီးမှုများ ထုတ်ဖော်ခြင်းနောက်၊ ကျွန်တော်ခေတ္တခဏ တွေးတောခြင်းသာပြုလုပ်ခဲ့ပြီး ဘုရားသခင်ရှေ့ ဆုတောင်းခဲ့ကာ၊ ကျွန်တော့် ဖောက်ပြန်ပျက်စီးမှုအတွက် ဝန်ခံခဲ့ပြီး ၎င်းမှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်မိမိ ဖြောင့်မတ်သော သဘာဝကိုသာ ဖော်ပြချက်တရပ်ဖြစ်ခဲ့ပြီး၊ ၎င်းထက်မပိုကြောင်း သိရှိနေခဲ့သည်။ ဤပြဿနာကို ဖြေရှင်းနိုင်ရန် သက်ဆိုင်သော အမှန်တရားများကို ကျွန်တော်မရှာဖွေခဲ့ပေ။ ရလဒ်မူကား၊ ဘုရားသခင်ရှေ့တွင် ကျွန်တော် ”နောင်တကြီးစွာရရှိခံစားခြင်း သို့မဟုတ် အပြစ်များကို ဝန်ခံခြင်း” ဘယ်နှစ်ကြိမ်ရှိလင့်ကစား၊ ကျွန်တော် မပြောင်းလဲဘဲ ရှိနေသေးသည်။ ဘုရားသခင် ပြင်ဆင်ခဲ့သော ပတ်ဝန်းကျင်အနေအထား တစ်ရပ်စီတိုင်းအတွင်း၊ ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းမှတစ်ဆင့် ဘုရားသခင်က ကျွန်တော့်ဖောက်ပြန်ပျက်စီးမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ၎င်းကိုအသုံးပြုနေကြောင်း ကျွန်တော်သိရှိ လာခဲ့သည်။ ဤနားလည်မှုကို ကျွန်တော်ရလာပြီးသည့်နောက်၊ ဘုရားသခင်၏ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများအားလုံး၊ ကျွန်တော့်ကို ဘုရားသခင်၏ ရိုက်နှက်ဆုံးမခြင်းနှင့် ကျွန်တော့်ကို ပြုပြင်ခြင်းအားလုံးမှာ ကိုယ်တော်၏ကယ်တင်ခြင်း၊ ကိုယ်တော်၏ မေတ္တာတရားဖြစ်ခဲ့ပြီး၊ ဘုရားသခင်၏နှလုံးသားမှာ အစဉ်အမြဲ ကောင်းမြတ်ပေသည်ဟု၊ ပြောစရာမရှိတော့လောက်အောင် ကျွန်တော် ဝန်ကို၀န်ခံခဲ့ရသည်။ သို့သော်နောက်ပိုင်းတွင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သို့မဟုတ် ကျွန်တော့်ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းရန် ကျွန်တော် မည်သည့်အချိန်ကမျှ ဂရုပြုမဆောင်ရွက်ခဲ့ပေ။ အဆုံးသတ်မူကား၊ အခက်အခဲအချို့ ကျွန်တော်ကြုံခဲ့ရသော်လည်း၊ မည်သို့သောပြောင်းလဲမှုမျိုးကိုမျှ ကျွန်တော် မကြုံခဲ့ရပေ။ ထို့ပြင်၊ တရားဟောပြောချက်များကို ကျွန်တော် နားထောင်ပြီးတိုင်း၊ ၎င်းတို့မှာ ကျွန်တော့်အသက်တာဝင်ရောက်မှုအတွက် ကျွန်တော်လိုအပ်ခဲ့သောအရာများ အမှန်တကယ် ဖြစ်ခဲ့ကြောင်း ကျွန်တော်ခံစားခဲ့ရပြီး၊ ၎င်းတို့မှာ ကျွန်တော်ယခင်ကနားမလည်ခဲ့သော သမ္မာတရားကိုနားလည်ရန် ကျွန်တော့်ကိုအခြေအနေပေးခဲ့ကြောင်း ခံစားခဲ့ရသည်။ သို့သော် တရားဟောပြောချက်များ၏ အကြောင်းအရာ များကို ခေါင်းထဲသိမ်းဆည်းခြင်းသာ ကျွန်တော်ပြုလုပ်ခဲ့ပြီး၊ အမှန်တကယ်ဘဝတွင် ကျွန်တော်ဘယ်သောအခါမျှ မကျင့်သုံးခဲ့ခြင်း ကြောင့်၊ ကျွန်တော်ရရှိခဲ့သော အနည်းငယ်မျှသော နားလည်ခြင်းသည် ခဏတစ်ဖြုတ် အပြီးကွယ်ပျောက်ခြင်း ရလဒ်ဖြစ်ပေါ်ခဲ့သည်။

အချက်အလက်များက ကျွန်တော့်ကို အကြောင်းမဲ့ သမ္မာတရားနောက်သို့ မလိုက်ပါခဲ့သူအဖြစ် ထုတ်ဖော်ခဲ့သည်။ ဘုရားသခင်ကို ကျွန်တော် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း သမ္မာတရား သို့မဟုတ် သရုပ်မှထဲဝင်ရောက်မှု လက်တွေ့လုပ်ဆောင်ရန် ကြိုးစားမှု လုံးဝ ဘယ်သောအခါမျှ မရှိခဲ့ခြင်းမှာ၊ သမ္မာတရားကို ကျွန်တော်ယခုထက်တိုင် မရရှိခဲ့ခြင်းနှင့်၊ ကျွန်တော့်စိတ်သဘောထားမှာလည်း မည်သည့် အပြောင်းအလဲကိုမျှ မကြုံခဲ့သည့်အတိုင်းအတာအထိ ဖြစ်လာပါတော့ သည်။ ဤအချက်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ၏ ဗျာဒိတ်တော်လုံးဝဖြစ်ကြောင်း၊ ဘုရားသခင်ပြောကြားခဲ့သည်မှာ- “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်လက်တွေ့ကျင့်သုံးရာ၌ အောင်မြင်စေရန် ၎င်းတို့အတိုင်း အသက်ရှင်ရေးရာတွင် ကြိုးပမ်းအားထုတ်ရမည်။ သင်သည် အယူဝါဒဆိုင်ရာ အသိတရားမျှသာရှိလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်း သည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ ထို့နောက် သင်သည် သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးပြီး အသက်ရှင်နေထိုင်ခြင်းလည်း ပြုမှသာ သင်၏ ယုံကြည်ခြင်းသည် စုံလင်၍ ဘုရားသခင်၏ အလိုနှင့်ညီသော ယုံကြည်ခြင်းအဖြစ် ယူဆနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်) ဘုရားသခင်သည်ဖြောင့်မတ်သည်။ ဘုရားသခင်သည် မည်သူ့ကိုမျှ ဘယ်သောအခါမျှ မတရားမဆက်ဆံခဲ့ဘဲ၊ လူကိုဘယ်သောအခါမျှ အကြောင်းမဲ့မပေးသကဲ့သို့ လူကို ပို၍ပင် ခြွင်းချက်မရှိ မပေးပေ။ သမ္မာတရားကို ကျွန်တော်လက်တွေ့မလုပ်ဆောင်ခြင်း၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ကျင့်သုံးရန် ကျွန်တော်အားထုတ်မှု တစ်စုံတစ်ရာ မလုပ်ခဲ့ခြင်းကြောင့်၊ ရလဒ်အဖြစ်နှင့်၊ ကျွန်တော်စိုက်ပျိုးခဲ့သကဲ့သို့ ကျွန်တော်ယနေ့ရိတ်သိမ်းရလိမ့်မည်။ ဤအချိန်မှာ ကျွန်တော် ပြင်းထန်သော နောင်တကြီးစွာခံစားရခြင်းကို မထိန်းချုပ်နိုင်ဘဲ၊ ခါးသီးစွာ နောင်တရသည်မှာ၊ ဘုရားသခင်ကို ကျွန်တော်နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း၊ ကျွန်တော့်ယုံကြည်ခြင်းအတွက် ပြစရာဟူ၍ ကျွန်တော့်မှာယနေ့တိုင် မည်သည့်အရာမျှ မရှိဘဲ၊ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ကိုက်ညီအောင် ကျွန်တော်အမှန်အကန် အသက်ရှင် မနေထိုင်ခဲ့ပေ။ သို့တိုင်အောင် ဤပုံစံအတိုင်း ကျွန်တော်ဆက်လက်ပြီး ယိုယွင်းဆုတ်ယုတ်ခြင်းကို ကျွန်တော်မလိုလားခဲ့ဘဲ၊ ၎င်းအစား ကျွန်တော်ပြန်လည်စတင်လိုခဲ့ပြီး၊ သမ္မာတရားကို ကျွန်တော်လက်တွေ့ လုပ်ဆောင် ကြိုးစားရန်နှင့် မိမိကိုယ်မိမိ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ အကောင်အထည်ဖော်ရန် လိုလားခဲ့သည်။

ထို့နောက်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် သရုပ်မှန်ကို လက်တွေ့၀င်ရောက်ရန် ကျွန်တော် စတင် ကျင့်ကြံ ဆောင်ရွက်ခဲ့သည်။ ကျွန်တော်အလုပ်ထဲ ရာထူးအဆင့်အတန်းအတွက် အခြားသူများနှင့် သာလွန်အောင်ယှဉ်ပြိုင်ခြင်းဆိုင်ရာ ဖောက်ပြန် ပျက်စီးမှုကို ကျွန်တော်ထုတ်ဖော်ခဲ့သောအခါ၊ ကျွန်တော် ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အပြစ်၀န်ခံခြင်းကိုသာ ပြုလုပ်ခဲ့ပြီး၊ ၎င်းထက် မည်သည့်အရာမျှ ပိုမလုပ်သောအချိန်က ကျွန်တော်ဖြစ်ခဲ့သော အခြေအနေမျိုး၊ ကျွန်တော်ဖြစ်မနေတော့ပါ။ ၎င်းအစား၊ ဘုရားသခင် ၏ ဆက်စပ်မှုရှိသောနှုတ်ကပတ်တော်များကို ဖတ်ရန် ကျွန်တော် ရှာဖွေခဲ့ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို ကျွန်တော်လက်ခံခဲ့သည်၊ ကိုယ်တော့် နှုတ်ကပတ်တော်များမှ ကျွန်တော်သိရှိနားလည်ခဲ့သည်မှာ ကျော်ကြားမှု၊ အကျိုးအမြတ်ရမှုနှင့် အဆင့်အတန်းနောက် ကျွန်တော်မရရအောင် အားထုတ် လိုက်လံနေခြင်းမှာ ကျွန်တော့်စာတန်စိတ်သဘောထားက ဆောင်ရွက်နေခြင်းဖြစ်သည်။ အစအဦး၌၊ ကောင်းကင်တမန်မင်းက ကိုယ်တော့်အဆင့်နေရာအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ခဲ့ခြင်းကြောင့်၊ ၎င်းကိုအာကာသကောင်းကင်ထဲ ပစ်ချခြင်းခံခဲ့ရသည်။ စာတန်က လူသားမျိုးနွယ်ကို အကျင့်ပျက်စေခဲ့ပြီးနောက်ပိုင်းတွင် လူသားမျိုးနွယ် တွင်လည်း ဤသို့သောဖြစ်ရပ်မျိုးရှိခဲ့သည်၊ မည်သည်အုပ်စုအဖွဲ့ တွင်ဖြစ်စေ လူတို့ကခေါင်းဆောင်ဖြစ်ချင်ကြပြီး သူတို့စကားကို အခြားသူများ နားထောင်စေချင်ကြသည်။ အထူးသဖြင့်၊ နတ်ဆိုးများ၏ ဘုရင်၊ တရုတ်ကွန်မြူနစ်ပါတီသည်၊ ကမ္ဘာတစ်ဝှမ်းလုံးပေါ် ထိန်းချုပ်နိုင်ရန် ဟူသည့် အရာမရောက်သောမျှော်လင့်ချက်ဖြင့် ကမ္ဘာမြေကြီးနှင့်ကောင်းကင်တို့ကို ဆိုင်ပြိုင်လျက်ရှိသည်။ ဖန်ဆင်းခံ သတ္တဝါများဖြစ်သော လူတို့သည် မိမိတို့နေရာတွင်မနေနိုင်ဘဲ အမြဲတမ်း တစ်မူထူးခြားပြီး ထူးချွန်ချင်ကြကာ ဘုရားသခင်နှင့်တန်းတူ ဖြစ်ချင်ကြသည်၊ ၎င်းမှာ အကယ်စင်စစ် အလွန်ကောက်ကျစ်သောလုပ်ရပ် ဖြစ်သည်။ ဤအရာကို ကျွန်တော်သိရှိနားလည်ခဲ့ပြီးသည့်နောက်၊ ကျွန်တော့် ပင်ကိုသဘာ၀ကို မနှစ်မြို့မှုနှင့် စက်ဆုပ်ရွံရှာမှု အလိုအလျောက် ဖြစ်ပေါ်လာသည်။ ထို့နောက် ဘုရားသခင်ကို မြှင့်တင်ခြင်းအကြောင်း၊ ဘုရားသခင်ဖို့သက်သေခံခြင်းအကြောင်း၊ သမ္မာတရားဖြင့် မိမိကိုယ်မိမိတန်ဆာဆင်ခဲ့ပြီး၊ လက်တွေ့ဘ၀တွင် ၀င်ရောက်မှုအတွက် ကျွန်တော်ကျွမ်းကျင်အောင် ကျင့်ယူခဲ့သည်။ ဤလက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့် မာနထောင်လွှားရပ်တည်ပြီး မည်သည့်အရာက မည်သည်ဖြစ်ကြောင်း လူတို့အားပြောပြနေသော မိမိကိုယ်မိမိ၏ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ဖြစ်မှုတို့ကို ပိုမိုရှင်းလင်းစွာမြင်တွေ့ခဲ့သည်။ မိမိကိုယ်မိမိ ပိုပြီးစက်ဆုပ်ရွံရှာ ကျိန်ဆဲပြီး၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် ဇာတိပကတိကို ကျောခိုင်းပြီး သမ္မာတရားကိုလက်တွေ့လုပ်ဆောင်ရန် သန္နိဌာန် ချမှတ်ခဲ့သည်။ အချိန်အတန်ကြာ ဤနည်းလမ်းဖြင့် လေ့ကျင့်ပြီး သည့်နောက်၊ မိမိ၏မာနထောင်လွှားသော စိတ်သဘောထား ဖော်ပြချက်များ လွန်စွာလျော့နည်းသွားခဲ့ကြောင်း ကျွန်တော်ရှာဖွေတွေ့ ရှိခဲ့သည်။

သာမန်လူလူချင်းဆက်ဆံမှုများတွင်၊ ယခင်က သည်းခံခြင်း၊ စိတ်ရှည်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်၊ ဉာဏ်ပညာကိုသုံး၊ ကိုယ်ကျင့်တရား များထားရှိပြီး၊ ရိုးသားသောသူတစ်ယောက်ဖြစ် အောင်နေဖို့လိုကြောင်း ကျွန်တော်သိရှိခဲ့သည်။ သို့သော်လက်တွေ့၌ ဤကဏ္ဍငါးရပ်ထဲ ကျွန်တော်တစ်ခါမျှ မဝင်ရောက်ခဲ့ပေ။ ယခုအချိန်အခါတွင်၊ အခြားသူများက၎င်းတို့၏ဖောက်ပြန်ပျက်စီးမှု ဖော်ပြချက်များကြောင့် ကျွန်တော့်ဘက်က ကြင်နာမှုကင်းစွာ တုံ့ပြန်ခဲ့လျှင်၊ ဘုရားသခင်ထံ ကျွန်တော်ဆုတောင်းခဲ့ပြီး ဤကဏ္ဍငါးရပ် အတိုင်း လက်တွေ့လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ လမ်းညွန် မှုအောက်၊ ကျွန်တော်မျှော်လင့်ချက်မထားဘဲ သိရှိခဲ့သည်မှာ ကျွန်တော့် ညီအစ်ကိုမောင်နှမများသည် ယခုအခါ အပြောင်းအလဲကို ရှာဖွေသောဖြစ်စဉ်ထဲ ကျရောက်နေခြင်းကြောင့်၊ ဖောက်ပြန်ပျက်စီးမှု ဆိုင်ရာ ဖော်ပြချက်များ မလွဲမသွေဧကန်ဖြစ်ပေါ်ပြီး၊ သူဖော်ပြနေသော ဖောက်ပြန်ပျက်စီးမှုကို တစ်စုံတစ်ဦးက မသိဘဲရှိနေနိုင်သကဲ့သို့၊ သူ့ထိန်းချုပ်မှုမပါဘဲ သူ့ပင်ကိုသဘာဝက သူ့အပေါ်သြဇာလွှမ်းမိုးနိုင်ခဲ့ ခြင်းကြောင့် ကျွန်တော့်အပေါ် သူတမင်တကာ ဤပုံစုံပြုမူခဲ့ချင်မှ ပြုမူခဲ့ပေမည်။ ကျွန်တော့်ပုံမှန် မာန်မာနထောင်လွှားပြီး၊ ဘဝင်ကိုင်သော စိတ်သဘောထားက အခြားသူများအတွက် မနှစ်မြို့ဖွယ်ဖြစ်သော်လည်း၊ သမ္မာတရားကို ကျွန်တော် အမှန်တကယ်နားလည်ခြင်းနှင့် မိမိကိုယ်မိမိသိရှိခြင်းမဖြစ်မီက မိမိကိုယ်မိမိသတိမမူဘဲရှိနေစဉ်က အတိုင်းပဲ ဖြစ်ခဲ့ပေမည်။ ၎င်းမှာ စာတန်ကလူပေါ်ကျရောက်စေခဲ့သော ဘေးအန္တရာယ်အလုံးစုံဖြစ်သည်။ ကျွန်တော်မုန်းတီးရမှာက စာတန်ဖြစ်ပြီး၊ ကျွန်တော့်ညီအစ်ကိုမောင်နှမများအပေါ် ကျွန်တော့် ထင်မြင်ချက်များ ချမှတ်စရာမလိုပေ။ တစ်ခါတစ်ရံ ကျွန်တော့် ညီအစ်ကိုမောင်နှမများက ကျွန်တော့် အပေါ် သူတို့၏ လုပ်ရပ်များတွင် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အားဖြင့် ကန့်သတ်ချုပ်ချယ်မှုများ ရှိခဲ့မည်ဖြစ် သော်လည်း၊ သူတို့မူကား ညီအစ်ကိုမောင်နှမများအဖြစ်သာ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး-သူတို့သည်ဘုရားသခင်အပေါ် ရိုးသားစွာယုံကြည့်သူများဖြစ်ကာ၊ ကောက်ကျစ်သောသူများ သို့မဟုတ် အန္တိခရစ်များ မဟုတ်ပေ။ ဘုရားသခင်၏ဖြစ်ခြင်းကို ကျွန်တော်အတုယူရမည်ဖြစ်၍၊ ဘုရားသခင်က ကျွန်တော့်ကိုခွင့်လွှတ်သကဲ့သို့၊ အခြားသူများကို ကျွန်တော်က ထိုကဲ့သို့ခွင့်လွှတ်ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှလုံးသား နှင့် မေတ္တာတရားဖြင့် ကျွန်တော်ကလူတို့ကို ဆက်ဆံရမည်ဖြစ်သည်။ ဤသို့ကျွန်တော်တွေးခဲ့သောအခါ၊ ကျွန်တော် အတွင်းထဲဆုပ်ကိုင် ထားခဲ့သည့် ခါးသီးသောခံစားချက်နှင့် အာဃာတများ ရုတ်ခြည်း ကွယ်ပျောက်သွားခဲ့ပြီး၊ ၎င်းတို့နေရာတွင် စာတန်ကို မုန်းတီးခြင်းနှင့် ကျွန်တော့်ညီအကိုမောင်နှမများကို ကရုဏာသက်ပြီး ခွင့်လွှတ်ခြင်းတို့ အစားထိုး၀င်ရောက်ခဲ့သည်၊ သူတို့ကို ကူညီမစရန် လျော်ကန်သော အခွင့်အရေးများပင် ကျွန်တော်ရှာဖွေလို ခဲ့သည်။ သူတို့ကို စေတနာအလျောက်ကူညီရန် ကျွန်တော်ကြိုးစား ခဲ့သောအခါ၊ သူတို့နှင့်ကျွန်တော့် ဆက်ဆံရေး အလွန်တရာ ကောင်းမွန်လာခဲ့ပြီး အခြားသူများကိုကူညီခြင်းမှရရှိသော စိတ်ချမ်းမြေ့မှုအရသာကို ကျွန်တော်ရရှိခဲ့သည်။

ဘုရားသခင်နှုတ်ကပတ်တော်များကို ကျွန်တော် လက်တွေ့ လုပ်ဆောင်ကျင့်သုံးသောအခါ လက်တွေ့ကျသော အသက်တာထဲ ၀င်ရောက်မှုကို ကျွန်တော် နားလည်ခဲ့ပြီး၊ သမ္မာတရား၏အမျိုးမျိုးသော ကဏ္ဍများထဲ ၀င်ရောက်ကာ လက်တွေ့ကျသောအတွေ့အကြုံအချို့ ကိုရရှိခဲ့ရုံသာမက၊ ဘုရားသခင်၏နှုတ်ကပတ်တော်များအတိုင်း ကျွန်တော်တာ၀န်ကိုဆောင်ရွက်နိုင်ပြီး၊ ကိစ္စအ၀၀ကို ကိုယ်ကျင့်တရား များဖြင့် ကိုင်တွယ် နိုင်ခဲ့သည်သာမက၊ စာတန်ကြောင့် အကျင့်ပျက်နေခဲ့ခြင်းမှစတင်ကာ၊ စာတန်၏သဘာ၀က တစ်စုံတစ်ဦးကို ဘယ်သို့ချည်နှောင်ထားပြီး၊ စာတန်ကြောင့်လူတို့ ဘယ်မျှအတိုင်းအတာ ဖောက်ပြန်ပျက်ဆီးခြင်း ခံနေခဲ့ရသည်အထိ အခြေအနေအမျိုးမျိုး၏ စစ်မှန်သောအသိတရားအချို့ကိုလည်း ကျွန်တော်ရရှိခဲ့လေသည်။ ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှုကို ကျွန်တော်ခံစားခဲ့ရပြီး သမ္မာတရားကိုလက်တွေ့လုပ်ဆောင်ခြင်းမှ ကျွန်တော်နှလုံးသားကို ဆောင်ကျဉ်းပေးခဲ့သောသေချာမှု၊ ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုအရသာကို မြည်းစမ်းခဲ့ရသည်။ ကျွန်တော့်ဘ၀ ချမ်းသာကြွယ်၀ခဲ့ပြီး၊ နေ့စဉ်နှင့်အမျှ သင်ကြားတတ်မြောက်ရန် သင်ခန်းစာတစ်ရပ်ရှိခဲ့ကြောင်း ကျွန်တော် ခံစားခဲ့ရပြီး၊ သမ္မာတရားကိုဖွေရှာခြင်းက အဓိပ္ပာယ်အလွန်မှရှိပြီး၊ သမ္မာတရားက လူတို့ကိုအကယ်စင်စစ်ပင် ကယ်တင်ပြီး ပြောင်းလဲနိုင်ကြောင်း ခံစားနေရပါသည်။

ဤကိုယ်ရေးကိုယ်တာအတွေ့အကြုံနှင့် နားလည်မှုအနည်းငယ် ကျွန်တော်ရရှိခဲ့ပြီးသည်နှင့်၊ ဘုရားသခင်ကိုယုံကြည်ရာ ကျွန်တော့် ကိုယ်ပိုင်လမ်းပေါ် တိုးတက်မှုတစ်ရပ်ရရှိခဲ့ပြီး၊ ကယ်တင်ခြင်းမှာ လက်လှမ်းမမီနိုင်သောအရာအဖြစ်ခံစားမှု ဘယ်တော့မှ မဟုတ်တော့ ကြောင်း ကျွန်တော်ခံစားခဲ့ရသည်။ ဘုရားသခင်နှင့် ကျွန်တော်အတူ ဆောင်ရွက်လုပ်ကိုင်၊ မိမိကိုယ်မိမိ သမ္မာတရားဖြင့် အဆက်မပြတ် တန်ဆာဆင်ပြီး သမ္မာတရားကိုလက်တွေ့လုပ်ဆောင်ပြီး ၎င်းထဲ၀င်ရောက်ခြင်းရှိနေသမျှ၊ ကျွန်တော့်အကျင့်ပျက် စိတ်သဘောထားတွင် အပြောင်းအလဲတစ်ရပ် သေချာပေါက်ရောက်ရှိ လိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါ သည်။ ဘုရားသခင်၏အလုပ်က လူကိုကယ်တင်နိုင်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များက လူကိုပြောင်း လဲနိုင်ကြောင်း ကျွန်တော်ယုံကြည်သည်- ဤယုံကြည်ချက် ကျွန်တော်ရှိရခြင်းမှာ ၎င်းကိုကျွန်တော်မြည်းစမ်း ခဲ့ပြီးခြင်းကြောင့် ဖြစ်သည်။ ဤနေ့မှစတင်ပြီး၊ ခိုင်မြဲသောငြိမ်သက်ခြင်းနှင့် တည်ငြိမ်မှုဖြင့် သမ္မာတရား နောက်ဖွေရှာပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်တွေ့အသက်တာထဲ လက်တွေ့လုပ်ဆောင်ရန်နှင့်၀င်ရောက်ရန် အလိုဆန္ဒရှိခြင်းကြောင့်၊ ကျွန်တော့်စိတ်သဘောထားပြောင်းလဲမှုတစ်ရပ် မကြာမီရရှိပြီး၊ စစ်မှန်သောသူတစ်ယောက်၏ ပုံစံအတိုင်းအသက်ရှင်ခြင်း ဖြင့် ဘုရားသခင်အတွက် သက်သေခံခြင်း၊ ကျွန်တော့်ကိုကယ်တင်နိုင်သော ဘုရားသခင်၏အမှုအကြောင်း သက်သေခံခြင်း၊ လူကိုကယ်တင်နိုင်သော ဘုရားသခင်၏ တန်ခိုးအကြောင်း သက်သေခံခြင်းနှင့်၊ ဘုရားသခင်၏ အံ့ဩဖွယ်ရာ ဆောင်ရွက်ချက်များ အကြောင်း သက်သေခံနိုင်မည်ဖြစ်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်တော့်ခံစားချက်တွေက ကျွန်တော့်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဖုံးအုပ်သွားခဲ့တယ်

ကျိုးမင် တရုတ်နိုင်ငံ နေကောင်းရဲ့လား။ ဟီကျွမ် ငါ မင်းစာကို ရတယ်။ ငါတို့ကလေးတွေက အသင်းတော်ကနေ ရှင်းလင်းပစ်ခံရတယ်လို့ မင်းစာထဲမှာ ပြောထားတယ်။...

သမ္မာတရားအပေါ် သစ္စာရှိပါ။ စိတ်ခံစားချက်အပေါ် သစ္စာမရှိပါနှင့်

ကျားဟောင် တရုတ်နိုင်ငံ ဇူလိုင်၊ ၂၀၁၇ခုနှစ်မှာ ခေါင်းဆောင်တစ်ယောက်ဆီကနေ ကျွန်မ စာစောင်ရတယ်။ အသင်းတော်က မယုံကြည်သူတွေကို...

အန္တိခရစ်တစ်ယောက်ကြောင့် လမ်းလွှဲခြင်းခံရမှုအပေါ် ဆင်ခြင်ခြင်း

ဆူးဆန်း ဂျပန်နိုင်ငံ တစ်ခါတော့ လျူပိန်းလို့ခေါ်တဲ့ အထက်ပိုင်းခေါင်းဆောင်တစ်ယောက်က ကျွန်မတို့အသင်းတော်က ကိစ္စတွေကို စစ်ဆေးဖို့လာတယ်။...

ထင်ရာမြင်ရာ ပြုမူခြင်းက ကျွန်မကို ထိခိုက်ခဲ့တယ်

ကျိုးရွမ် တရုတ်နိုင်ငံ ၂၀၁၂ အကုန်မှာ ကျွန်မ အသင်းတော်ခေါင်းဆောင်အဖြစ် စပြီး အစေခံတယ်။ အသင်းတော်က ပရောဂျက်တွေအားလုံးက တိုးတက်တာ နှေးနေပြီး...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။