စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော် အယောင်ဆောင်များကို ပိုင်းခြားသိမြင်ခြင်း
ဒီနေ့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါက ဘုရားအပေါ်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
နောက်ဆုံးသောကာလမှာ သခင်ယေရှုဟာ လူ့ဇာတိကို နောက်တစ်ကြိမ် ခံယူပြီး သမ္မာတရား စကားလုံးပေါင်း သန်းနဲ့ချီကို ထုတ်ဖော်မြွက်ဆိုကာ “ဘုရားသခင်၏ အိမ်တော်မှ စတင်သော တရားစီရင်ခြင်း အမှုတော်” အဆင့်ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံအသီးသီး၊ အရပ်ရပ်က ဘုရားသခင် ပေါ်ထွန်းခြင်းကို တောင့်တတဲ့သူတွေဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီးနောက် ဒါဟာ ဘုရားသခင်ရဲ့ အသံတော်ဖြစ်တယ်ဆိုတာ အတည်ပြုကြပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပလ္လင်တော်ရှေ့ကို တဖွဲဖွဲ ပြန်လည်ရောက်ရှိလာကြပါတယ်။ သူတို့ဟာ ခရစ်တော်၏ တရားပလ္လင်ရှေ့ စီရင်ခံရခြင်းကို တွေ့ကြုံခံစားပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတချို့ သန့်စင်ခြင်း ရရှိလာကြပါတယ်။ ဒါပေမဲ့ ဘာသာရေးလောကထဲက တချို့လူတွေကတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေ ဒီလောက်များများစားစား ထုတ်ဖော်ထားတာကို တွေ့မြင်ရပေမဲ့ လက်ခံဖို့ တွန့်ဆုတ်နေကြပါတယ်။ သူတို့က ဒီလို ယူဆကြပါတယ် “သခင်ယေရှု ပြောခဲ့သည်မှာ ‘သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။’ (ရှင်ယောဟန်ခရစ်ဝင် ၃:၃၆) သခင်ယေရှုဟာ လူသားဖြစ်တယ်၊ ခရစ်တော်ဖြစ်တယ်။ သခင်ယေရှုရဲ့ လမ်းခရီးဟာ ထာဝရအသက် လမ်းခရီးဖြစ်တယ်။ သခင်ယေရှုကို ယုံကြည်ရုံနဲ့ ထာဝရအသက် ရနိုင်တယ်လို့ ငါတို့ ယုံကြည်တယ်၊ ငါတို့က ဘာဖြစ်လို့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ရမှာလဲ။ သခင်ယေရှုကို ယုံကြည်တာနဲ့ ကောင်းကင်နိုင်ငံတော်ကို မဝင်ရတော့ဘူးလား။ ဒါ မဖြစ်နိုင်ဘူး၊ သခင်က ငါတို့ကို စွန့်ပစ်မှာ မဟုတ်ဘူး။” ဒီအမြင်က မှန်ကန်ပါရဲ့လား။
“သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏” လို့ သခင်ယေရှု ပြောခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ်တော်က ဒီလိုလည်း ပြောခဲ့ပါသေးတယ်။ “သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဒီစကားနဲ့ သခင်ယေရှုက ဘာကို ဆိုလိုတာလဲ။ ဆိုလိုတာက ကျေးဇူးတော်ခေတ်က ယေရှုကို ယုံကြည်ရုံနဲ့ မလုံလောက်ဘူးဆိုတာပါပဲ။ အရေးအကြီးဆုံးက ယေရှုရဲ့ ပြန်ကြွလာခြင်းကို ယုံကြည်ဖို့၊ သခင်ယေရှုရဲ့ ဒုတိယအကြိမ် ကြွလာခြင်းကို ယုံကြည်ဖို့၊ ပြီးတော့ လူကို သမ္မာတရားအားလုံးထဲ ရောက်အောင် လမ်းပြဖို့ သမ္မာတရား ဝိညာဉ်တော် ကြွလာပြီဆိုတာကို ယုံကြည်ဖို့ပါပဲ။ အဲဒါက အခရာအကျဆုံးပါပဲ။ ဒါကြောင့် “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏” ဆိုတဲ့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို ဒီလို နားလည်နိုင်တယ်ဆိုတာ ကျွန်တော်တို့ သေချာပြောနိုင်ပါတယ်။ “သားတော်ကို ယုံကြည်ခြင်း” ဆိုတာ သခင်ယေရှုကို ယုံကြည်တာတင်မကဘဲ နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့ လူသားကို ယုံကြည်တာလည်း ပါဝင်ပါတယ်။ အဲဒါက နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးကို ယုံကြည်ဖို့ပါပဲ။ ဒီလိုမှသာ ကျွန်တော်တို့ ထာဝရအသက် ရနိုင်မှာပါ။ ကျေးဇူးတော်ခေတ်က သခင်ယေရှုရဲ့ နာမတော်ကိုပဲ ကျွန်တော်တို့ ယုံကြည်မယ်ဆိုရင် ထာဝရအသက် ရဖို့ဆိုတာ ကျွန်တော်တို့အတွက် မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ရွေးနုတ်ခြင်း အမှုကိုပဲ လုပ်ဆောင်ခဲ့လို့ပါ၊ ကိုယ်တော်က တရားစီရင်တဲ့ အလုပ်ကို မလုပ်ဆောင်ခဲ့ပါဘူး။ ဒါကြောင့် ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုကို ယုံကြည်လို့ လူတွေ ရရှိခဲ့တဲ့အရာက အကန့်အသတ် အရမ်းရှိပါတယ်။ ကျေးဇူးတော်ခေတ်ရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော် ကာလတစ်လျှောက်လုံးမှာ သခင့်ကို ယုံကြည်သူအားလုံးရဲ့ အပြစ်တွေ ခွင့်လွှတ်ခြင်း ခံခဲ့ရပေမဲ့ သူတို့ဟာ နေ့ဘက်မှာ အပြစ်လုပ်လိုက်၊ ညဘက်မှာ အပြစ်ဝန်ခံလိုက်နဲ့ အဆုံးမရှိတဲ့ သံသရာထဲမှာ အသက်ရှင်နေကြတုန်းပဲဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ သူတို့ရဲ့ ကိုယ်ကိုထိုးပြီးနှိပ်စက်ဖို့ ဘယ်လောက်ပဲ ကြိုးစားကြပါစေ၊ အပြစ်ရဲ့ ချည်နှောင်မှုကနေ သူတို့ မလွတ်မြောက်နိုင်ကြပါဘူး။ ဒါ အမှန်တရား မဟုတ်ဘူးလား။ ဘာလို့ ဒီလိုဖြစ်ရလဲဆိုတာ ဘယ်သူမှ နားမလည်နိုင်ခဲ့ကြဘူး၊ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ဒီကိစ္စကို လုံးဝ ရှင်းလင်းအောင် လုပ်ပေးခဲ့ပါတယ်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ယေရှုသည် လူသားအလယ်သို့ ရောက်လာပြီး အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်သောအလုပ်ကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ်အဖြစ် အသုံးခံခဲ့၏။ ကိုယ်တော်သည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက ဘုရားသခင်အနေဖြင့် လူသား၏ စာတန် ဖောက်ပြန်ပျက်စီးထားသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အလုပ်ကို လုပ်ဆောင်ဖို့လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီးနောက် ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်သည့်အလုပ်ကို စတင်ခဲ့သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် နယ်ပယ်တစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို ပျော်မွေ့ခံစားပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) “နောက်ဆုံးသောကာလတွင် ယေရှု ဆင်းသက် လာမည်ကိုသာ သင်သိသည်၊ သို့သော် သူ မည်သို့ အတိအကျ ဆင်းသက်လာမည်နည်း။ ရွေးနုတ်ပြီးခံရခါစ ဖြစ်ပြီး ပြောင်းလဲမှုကိုဖြစ်စေ၊ ဘုရားသခင်၏ စုံလင်စေခြင်းကိုဖြစ်စေ မကြုံတွေ့ရသေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သား မဟုတ်တော့သည်မှာ မှန်သော်လည်း ဤအရာက သင်သည် အပြစ်ဖြစ်စေ၊ မသန့်ရှင်းခြင်းဖြစ်စေ မရှိကြောင်း သက်သေမပြပေ။ သင်သည် ပြောင်းလဲခြင်းကို မကြုံရသေးပါက မည်သို့များ သန့်ရှင်းစင်ကြယ်စေခြင်း ခံရနိုင်မည်နည်း။ သင့်အထဲတွင် မစင်ကြယ်မှုများဖြင့် ပြည့်နေပြီး သင်သည် တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်ညံ့ခြင်းတို့ဖြင့် ပြည့်နှက်နေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရပြီးဖြစ်ရုံသာ ရှိသေးသော်လည်း ပြောင်းလဲခြင်းကို မကြုံရသေးပေ။ သင့်အနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်ရန်မှာ ဘုရားသခင်သည် သင့်ကို ပြောင်းလဲဖို့နှင့် သန့်စင်ဖို့ ကိုယ်တိုင်ကိုယ်ကျ အမှုပြုရမည်ဖြစ်သည်။ သို့တည်းမဟုတ်ပါက သင်သည် ရွေးနုတ်ခံခဲ့ရခြင်းသာ ဖြစ်ပြီး အမှန်တကယ် သန့်ရှင်းစင်ကြယ်ခံရခြင်း မဖြစ်လာနိုင်ပေ။ ထိုအခြေအနေတွင် သင်သည် ဘုရားသခင်နှင့်အတူ ကောင်းမွန်သော ကောင်းချီးများကို ပျော်မွေ့ခံစားရန် အရည်အချင်းမပြည့်မီပေ။ အကြောင်းမှာ လူတို့ကို ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း အဓိကအဆင့်ဖြစ်သည့် လူကို စီမံခန့်ခွဲသော ဘုရားသခင်၏ အလုပ်တွင် သင်သည် ခြေတစ်လှမ်းနောက်ကျကျန်ခဲ့သောကြောင့်ဖြစ်၏။ ထို့ကြောင့် ရွေးနုတ်ခံရပြီးခါစဖြစ်သော အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက်လက်ခံရရှိနိုင်စွမ်း မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်းရှင်းပါတယ်။ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်း အမှုကိုပဲ လက်ခံတဲ့လူတွေဟာ သူတို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခြင်း ခံရရုံပဲ ရှိပါသေးတယ်။ သူတို့ဟာ အပြစ်ကနေ စင်ကြယ်အောင် သန့်စင်မခံရသေးသလို သန့်ရှင်းစင်ကြယ်ခြင်းလည်း မရှိသေးပါဘူး။ သူတို့ဟာ ဘုရားသခင်ရဲ့ အသိအမှတ်ပြုမှုကို မရနိုင်သလို ထာဝရအသက် ရဖို့လည်း သေချာပေါက် အရည်အချင်း မပြည့်မီပါဘူး။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းမှာ ထာဝရအသက် ရဖို့ဆိုရင် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်တဲ့ အလုပ်ကို လက်ခံရပါမယ်။ အပြစ်ကနေ စင်ကြယ်အောင် သန့်စင်ခံရမှ၊ သမ္မာတရားတွေကို ပိုနားလည်မှ၊ ပြီးတော့ ပိုမြင့်မားတဲ့ သမ္မာတရားတွေကို ရရှိမှသာ ကျွန်တော်တို့ အလင်းထဲမှာ အသက်ရှင်နိုင်ပြီး ဘုရားသခင်ရဲ့ ကတိတော်တွေကို အမွေခံဖို့ အရည်အချင်း ပြည့်မီနိုင်မှာပါ။ ဒါကြောင့် လူတွေဟာ သခင်ယေရှုကို ယုံကြည်ရုံသက်သက်နဲ့ ထာဝရအသက် မရနိုင်ပါဘူး။ သခင်ယေရှုရဲ့ ပြန်ကြွလာခြင်းကို သူတို့ ကြိုဆိုရမယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးကို လက်ခံရမယ်၊ သူတို့ရဲ့ အပြစ်ရှိတဲ့ သဘာဝကို ဖြေရှင်းရမယ်၊ ပြီးတော့ စိတ်သဘောထား ပြောင်းလဲမှု ရရှိဖို့ အပြစ်ကနေ စင်ကြယ်အောင် သန့်စင်ခံရပါမယ်။ အဲဒီအခါကျမှသာ သူတို့ ထာဝရအသက် ရနိုင်မှာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေ အများကြီး ဖော်ပြထားတာကို မြင်ရက်နဲ့ လက်ခံဖို့ ငြင်းဆန်တဲ့သူ ဘယ်သူမဆိုဟာ သမ္မာတရားကို အရမ်းကို မနှစ်မြို့တဲ့အပြင် သမ္မာတရားကို မုန်းတီးတဲ့သူ သေချာပေါက် ဖြစ်ပါတယ်။ ဒီလူတွေဟာ ဘုရားသခင်ရဲ့ စွန့်ပစ်တာ၊ ဖယ်ရှားရှင်းလင်းတာကို ခံရမှာဖြစ်ပြီး ဘေးအန္တရာယ်တွေထဲ ကျရောက်မှာပါ။ ဒါကြောင့်ပဲ အနန္တတန်ခိုးရှင် ဘုရားသခင်က ဒီလို ပြောထားပါတယ်။ “ဤအရာကို သင်တို့အား ငါ ပြော၏။ သမ္မာတရားကို လက်ခံခြင်း မရှိသော်လည်း၊ ယေရှု ဖြူသောမိုးတိမ်စီးကာ ကြွရောက်ခြင်းကို ကြောင်းကျိုးမမြင်ဘဲ စောင့်ဆိုင်းသည့် လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဧကန်မုချ ပြစ်မှားစော်ကားသည့်သူများ ဖြစ်ပြီး ၎င်းတို့သည် သေချာပေါက် ဖျက်ဆီးခံရမည့် အမျိုးအစားဖြစ်ပေသည်။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုမျှ အလိုရှိပြီး၊ ကောင်းကင်ဘုံ၏ အတိသုခပြည့်စုံသော နယ်ပယ်ကိုမျှ မွေ့လျော်ချင်သော်လည်း၊ ယေရှုပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်တို့သည် မည်သည့်အခါတွင်မျှ မနာခံဖူးသကဲ့သို့၊ သူ ပြန်လည် လူ့ဇာတိခံယူချိန်တွင် ယေရှု ဖော်ပြသည့် သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်ခံဖူးခြင်း မရှိပေ။ ယေရှု ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာသည်ဟူသည့် အချက်အတွက် အပြန်အလှန်အနေဖြင့် သင်တို့ မည်သည့်အရာကို ပေးကြမည်နည်း။ အပြစ်များကို သင်တို့ ထပ်တလဲလဲ ကျူးလွန်ပြီးနောက် သင်တို့၏ ဝန်ချမှုကို ပြောဆိုသည့် ရိုးသားစစ်မှန်မှုကိုလော။ ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာသည့် ယေရှုကို သင်တို့ မည်သည့်အရာ ဆက်ကပ် ပူဇော်ကြလိမ့်မည်နည်း။ ယင်းမှာ သင်တို့ မိမိတို့ကိုယ်ကို ချီးမြှောက်သည့် နှစ်ပေါင်းများစွာကြာသော အလုပ်၏ အရင်းအနှီးဖြစ်သလော။ ပြန်ကြွလာသည့် ယေရှုက သင်တို့ကို ယုံကြည်စိတ်ချစေရန် မည်သည့်အရာကို သင်တို့ ပြကြလိမ့်မည်နည်း။ မည်သည့်သမ္မာတရားကိုမျှ ကျိုးနွံနာခံခြင်းမရှိသည့် သင်တို့၏ မာနထောင်လွှားသော သဘာဝကိုလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး လူသားက ဘုရားသခင်ကို သိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက ယေရှု၏ အသိအမှတ်ပြုခြင်းကို မည်သည့်အခါမျှ သင် ရရှိမည် မဟုတ်သည့်အပြင် ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းပြည့်မီမည် မဟုတ်ပေ။ အကြောင်းမှာ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သောကြောင့်တည်း။ စည်းမျဉ်းစည်းကမ်းများဖြင့်လည်းကောင်း၊ စကားလုံးများဖြင့်လည်းကောင်း၊ သမိုင်း၏ ချုပ်နှောင်မှုအားဖြင့်လည်းကောင်း ထိန်းချုပ်ခြင်းခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၌ ရှိသမျှအရာမှာ ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ ဆုပ်ကိုင်ထားသော နောက်ကျိသည့် ရေများသာ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားသည်၊ တိုးတက်မှုမရှိဘဲ ရပ်တန့်နေခြင်းနှင့် အမှုအရာများကို ယင်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းခြင်းတို့ကိုသာ ကြိုးစားသည့်အပြင် ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားသောကြောင့် သင်သည် ဘုရားသခင်ကို အမြဲရန်လိုနေမည် မဟုတ်လော။...ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်၊ နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့ ငါ အလေးအနက် တိုက်တွန်း၏။ သင် ထိုသို့မလုပ်ဆောင်ပါက သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိမည်မဟုတ်သည့်အပြင် အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဒီနေ့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါက ဘုရားအပေါ်...
ကပ်ဘေးတွေက ပိုပြီး ဖြစ်လာနေပါတယ်၊ ယုံကြည်သူတွေအားလုံးကလည်း ကယ်တင်ရှင်ကြွလာတာကို စိတ်ထက်ထက်သန်သန်နဲ့ စောင့်မျှော်နေကြတယ်။ သခင်နဲ့...
ကျွန်မတို့ဟာ ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု တွေ့နေရပြီး ကပ်ရောဂါတွေကလည်း ကမ္ဘာအနှံ့ ဖြစ်ပွားနေပါတယ်။ မိုးတိမ်စီးလို့ သခင်ပြန်ကြွလာပြီး သူတို့ကို...
ကံကြမ္မာလို့ပြောတဲ့အခါမှာ လူအများစုက ပိုက်ဆံနဲ့ ဂုဏ်ဒြပ်ရှိခြင်းနဲ့ အောင်မြင်ခြင်းတွေကို ကောင်းတဲ့ကံကြမ္မာနဲ့ တန်းတူထားကြပြီး ဆင်းရဲတဲ့သူ၊...