အဘယ်ကြောင့်ဘုရားသခင်၏အသံတော်ကို နားထောင်ခြင်းအားဖြင့်သာ သခင့်ကို ကျွန်ုပ်တို့ ကြိုဆိုနိုင်သနည်း

12.12.2021

အခုအချိန်မှာ ယုံကြည်သူတွေအားလုံးက သခင်ယေရှု မိုးတိမ်စီးကြွလာတာကို တောင့်တနေကြတယ်။ အကြောင်းကတော့ ဘေးဒုက္ခတွေက ပို ပြင်းထန်လာနေပြီး ကပ်ရောဂါ အမျိုးမျိုးကလည်း ပိုဆိုးလာတဲ့အပြင်၊ အစာငတ်မွတ်ခေါင်းပါးတာနဲ့ စစ်ပွဲတွေက ဝိုးတိုးဝါးတား ပေါ်လာနေလို့ပါ။ သခင်က အချိန်မရွေးပြန်လာနိုင်တယ်လို့ ယုံကြည်သူတွေက ခံစားကြရပြီး ဘယ်အခိုက်အတန့်မှာ သူက မိုးတိမ်ပေါ်က ရုတ်တရက် ကြွဆင်းလိမ့်မယ်ဆိုတာ သူတို့ မသိကြဘူး။ ဒါကြောင့် သူတို့က နေ့နေ့ညည စောင့်ကြပ် ဆုတောင်းပြီး သူကြွရောက်တာကို စောင့်မျှော်နေကြတယ်။ ဒါပေမဲ့ ဘေးဒုက္ခတွေက စပြီး ကျရောက်လာတာတောင် ဒီနေ့အထိ သူတို့မှာ သခင် မိုးတိမ်စီးကြွလာတာကို မမြင်ကြရသေးဘူး။ လူ‌တော်တော်များများက ဦးနှောက်ခြောက်နေကြတယ်။ “သခင် ဘာဖြစ်လို့ မကြွလာသေးတာလဲ။ သူက တည်ကြည်မှုမရှိဘဲ စကားပြောသလား။” လို့ပေါ့။ လုံးဝ မဟုတ်ဘူးနော်။ သခင်က သစ္စာရှိတယ်။ သခင်ရဲ့နှုတ်ကပတ်တော်တွေက အဆုံးမှာ မဖြစ်လာတာမျိုး ဘယ်တော့မှ မရှိဘူး။ ဘယ်သူမှ မထင်ထားတဲ့အချိန်မှာ သခင်က လူသားအနေနဲ့ လူ့ဇာတိခံယူပြီး တိတ်တဆိတ် ကြွဆင်းလာနှင့်ပြီ။ လူတော်တော်များများ သူ့ကို ကြိုဆိုပြီးတာ ကြာခဲ့ပြီ။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ခြေရာတွေကို အရင်က နှစ်ပေါင်းများစွာ ရှာပြီးနောက်မှာ လူသားက သမ္မာတရားအများကြီးကို စကားပြောပြီး ဖော်ပြနေတာကို တွေ့ကြရတယ်လေ။ ဒီနှုတ်ကပတ်တော်တွေကို သူတို့ပိုဖတ်လေ၊ အဲဒါက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အသံ၊ ဘုရားရဲ့အသံတော်ဆိုတာ သူတို့ ပိုခံစားရလေပဲ။ သမ္မာတရားတွေကို ဖော်ပြနေတဲ့ ဒီလူသားက ပြန်ကြွလာတဲ့ သခင်ယေရှုပဲဆိုတာကို သူတို့ နောက်ဆုံးမှာ သိလိုက်ကြတယ်။ သူက လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ။ သူတို့အားလုံး တက်တက်ကြွကြွ ဩဘာပေးကြတယ်။ “သခင်ယေရှု ပြန်ကြွလာပြီ။ သခင့်ကို နောက်ဆုံးမှာ ကြိုဆို ပြီးခဲ့ပြီ” တဲ့။ ဘုရားရွေးချယ်ထားတဲ့လူတွေက အနန္တတန်ခိုးရှင် ဘုရားသခင် သမ္မာတရား ဖော်ပြနေတာ၊ ပေါ်ထွန်းပြီး အမှုပြုနေတာကို သက်သေခံရင်း သတင်းကို ဖြန့်ဝေဖို့ လောဆော်နေကြတယ်။ သမ္မာတရားကို ချစ်ပြီး ဘုရား ပေါ်ထွန်းခြင်းကို တောင့်တတဲ့ ဂိုဏ်းဂဏအားလုံးက လူတော်တော်များများက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြီး အဲဒါဟာ ဘုရားအသံတော်မှန်း သတိပြုမိကြတယ်လေ။ ဘုရားပလ္လင်တော် ရှေ့ကို တစ်ယောက်ပြီးတစ်ယောက် လာကြပြီး သိုးသငယ်ရဲ့ မင်္ဂလာဆောင် စားတော်ပွဲကို ပါဝင်ကြတာပေါ့။ ဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုခြင်းတွေကို ပြည့်စုံစေတယ်။ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့အမှုတို့က သခင်ယေရှုရဲ့ ပရောဖက်ပြုခြင်းတွေကို လုံးလုံး ပြည့်စုံစေတယ်လေ။ “ငါသည် အလျင်အမြန်လာမည်”၊ “လူသားသည် ကြွလာတော်မူလတ္တံ့”၊ “လူသားသည် ကြွလာလိမ့်မည်”၊ နဲ့ “လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့” တို့ပေါ့။ ဒါက ဘုရားက သစ္စာစောင့်သိတယ်၊ သူ့နှုတ်ကပတ်တော်အားလုံးနဲ့ ပရောဖက်ပြုခြင်းတို့က ပြည့်ဝမယ်ဆိုတာကို သက်သေပြခဲ့တယ်။ သခင်ယေရှု ပြောခဲ့သလိုပါပဲ။ “ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၅) ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောခဲ့သလိုပဲ။ “ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း၊ ငါဆိုသော စာလုံးတစ်လုံး သို့မဟုတ် ကလောင်တံတစ်ချက်မျှ မည်သည့်အခါမျှ မတည်ဘဲရှိမည် မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၃)) ကျွန်တော်တို့ ကယ်တင်ရှင် ယေရှုက ပြန်ကြွလာနှင့်ပြီ။ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ။ သူက နောက်ဆုံးသောကာလမှာ သမ္မာတရားတွေ အများပြီး ဖော်ပြပြီး တရားစီရင်ခြင်းအမှုပြုနေတယ်။ အောင်မြင်သူတစ်စုကို စုံလင်စေခဲ့တာလည်း ကြာခဲ့ပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်က စာတန်ကို အနိုင်ယူပြီး ဘုန်းကျက်သရေတွ ရရှိခဲ့တယ်။ ပြီးတော့ အဲဒါနဲ့အတူ ဘေးဒုက္ခကြီးတွေက စနေပြီ။ ဘုရားအမှုက အားလုံး နီးနီးစပ်စပ် ချိတ်ဆက်ထားတာကို ကျွန်တော်တို့ မြင်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေ အများကြီး ဖော်ပြတယ်။ ဘာသာရေးလောကတစ်ခုလုံးနဲ့ တစ်ကမ္ဘာလုံးကိုတောင် တုန်လှုပ် သွားစေတယ်။ ဒါပေမဲ့လည်း ဘာသာရေးပုဂ္ဂိုလ်တော်တော်များများက မိုးကောင်းကင်ကိုပဲ ငေးကြည့်နေရင်း ကယ်တင်ရှင် ယေရှု မိုးတိမ်စီးကြွလာတာကို စောင့်မျှော်နေကြတုန်းပဲ။ သူတို့အားလုံး ဘေးဒုက္ခထဲ ကျရောက်ပြီး ဘာတွေဖြစ်နေလဲ မသိကြသေးဘူး။ မိုက်မဲတဲ့ သတို့သမီးတွေလို့ပဲ ပြောလို့ရတယ်။ ဘာသာရေးလောကထဲက အန္တိခရစ် အင်အားစုတွေရဲ့ လှည့်စားပြီး ထိန်းချုပ်တာကို ခံရတဲ့ မိုက်မဲပြီး မသိနားမလည်တဲ့သူတွေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတို့ကို တရားစီရင်ပြီး ရှုတ်ချနေဆဲလူတွေ တော်တော်များတယ်။ သူ့နှုတ်ကပတ်တော်တွေက သမ္မာတရားပဲဆိုတာကို သူတို့ ကောင်းကောင်း သိကြပေမဲ့၊ လက်မခံကြဘူး။ စစ်မှန်တဲ့ လမ်းခရီးကို လုံးဝ မလေ့လာဘဲ၊ သခင် မိုးတိမ်စီးကြွလာတဲ့ ကျမ်းစာရဲ့ စကားတွေကို ဖက်တွယ်ထားတုန်းပဲ။ ဘုရားအသံတော်ကို ကြားအောင် ရှာဖွေဖို့က ပြောမနေနဲ့တော့။ အကျိုးဆက်အနေနဲ့ သူတို့က ညည်းညူရင်း၊ ငိုကြွေးမြည်တမ်းပြီး အံသွားခဲကြိတ်ရင်း၊ ဘေးဒုက္ခတွေထဲ ကျရောက်တယ်။ ဒါဟာ တော်တော် ဝမ်းနည်းစရာကောင်းပါတယ်။ လူတချို့က မေးနိုင်တယ်။ “သခင့်ကို ကြိုဆိုဖို့ ဘုရားအသံတော်ကို ဘာလို့ နားထောင်ဖို့ လိုရတာလဲ။” ပေါ့။ ဒီနေ့ ဒီပြဿနာနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ နားလည်မှုလေး နည်းနည်း ဝေမျှမယ်နော်။

ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမယ့်ဟာက သခင်က ကောင်းကင်ဘုံကနေ တကယ် မိုးတိမ်စီး ပြန်ကြွလာပြီး အဲဒါကို လူတိုင်းက တွေ့နိုင်တယ်ဆိုရင် ကျွန်တော်တို့က သူ့အသံကို ကြားဖို့ လိုမှာ မဟုတ်ဘဲ၊ ကိုယ့်အမြင်အာရုံကိုပဲ အားကိုးရမှာ။ ဒါပေမဲ့ သခင်က လူသားအဖြစ် လူ့ဇာတိနဲ့ ပြန်ကြွလာလို့၊ အပြင်ပန်းမှာတော့ ဘုရားပုံသဏ္ဌာန်မရှိဘဲ သာမန်လူတစ်ယောက်လိုပဲ လုံးဝ သဘာဝလွန် မဟုတ်ပါဘူး။ လူသားတွေက သေမျိုးတွေပါ၊ ဘုရားဝိညာဉ်တော်ကို မြင်နိုင်စွမ်း မရှိကြပါဘူး။ လူသားရဲ့ ကိုယ်ခန္ဓာပုံစံကိုသာ ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ ဒါကြောင့် လူသားရဲ့အသံတော်ကို နားထောင်ရုံကလွဲပြီး လူ့ဇာတိနဲ့ လူသားကို သတိပြုမိနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ သူ့မိန့်မြွက်ချက်တွေနဲ့ပဲ သူ့ကို ဖော်ထုတ်လို့ ရနိုင်ပါတယ်။ ဒါကြောင့် သခင်ယေရှုက ပြောခဲ့တာပါ။ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ကျွန်တော်တို့ အားလုံး သိကြပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀၀၀က လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ သခင်ယေရှုအနေနဲ့ ဘုရားသခင်က လူ့ဇာတိခံယူခဲ့တယ်။ သူက သာမန်လူ့သဘာဝထဲမှာ နေထိုင်တယ်၊ သာမန်လူတွေလိုပဲ စားတယ်၊ ဝတ်တယ်၊ အိပ်တယ်၊ ခရီးသွားတယ်။ သခင်ယေရှုက လူ့ဇာတိခံ ဘုရားမှန်း ဘယ်သူမှ မသိကြဘူး။ သူ့မိသားစုတောင် မသိကြဘူး။ သခင်ယေရှုကိုယ်တော်တိုင်တောင် သူက လူ့ဇာတိခံ ဘုရားမှန်း မသိခဲ့ဘူး။ သူက ကောင်းကင်နိုင်ငံတော် ဧဝံဂေလိကို နေရာတိုင်းမှာ ဟောကြားပြီး သမ္မာတရား တော်တော်များများ ဖော်ပြခဲ့တယ်လေ။ လူတွေကို သူတို့အပြစ်တွေ ဝန်ခံခြင်း၊ နောင်တရခြင်း၊ သည်းခံစိတ်ရှည်ခြင်း အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် ခွင့်လွှတ်ခြင်း၊ ကားတိုင်ထမ်းခြင်း၊ သူ့နောက်လိုက်ခြင်းတို့နဲ့ပတ်သက်ပြီး သွန်သင်ခဲ့တာ။ ဘုရားကို သူတို့စိတ်နှလုံး အကြွင်းမဲ့ချစ်ဖို့ လူတွေကို သူများတွေကို ကိုယ်နဲ့အမျှ ချစ်ဖို့ သူပြောခဲ့တယ်။ သခင်ယေရှုက ကောင်းကင်နိုင်ငံတော် နက်နဲမှုတွေကိုလည်း ထုတ်ဖော်တယ်။ နိုင်ငံတော်ကို ဘယ်သူဝင်ရောက်နိုင်မယ် ဆိုတာတွေကို ပြောရင်းနဲ့ပေါ့။ ဒီသမ္မာတရားတွေက လူရဲ့ရွေးနုတ်ခြင်းအတွက် ဘုရားဖော်ပြတဲ့ နောင်တရခြင်း လမ်းခရီးပါပဲ။ လူသားတွေ ဘယ်တုန်းကမှ ကြားလည်း မကြားဖူးဘူး၊ မြင်လည်း မမြင်ဖူးပါဘူး။ သခင်ယေရှုနောက် လိုက်ခဲ့ကြတဲ့ လူတော်တော်များများက သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေက ဘယ်လောက် ဩဇာအာဏာရှိပြီး တန်ခိုးရှိတယ်ဆိုတာ၊ ဘယ်ဖန်ဆင်းခံမှ မဖော်ပြနိုင်တဲ့အရာတွေဆိုတာကို ကြားခဲ့လို့ သူ့နောက်ကိုလိုက်ကြတာပါ။ သူတို့က ဘုရားအသံတော်ကို သတိပြုမိပြီး သခင့်နောက်ကို လိုက်ကြတယ်။ ဒါက ဘုရားသိုးတွေက သူ့အသံတော်ကို ကြားပြီး သခင့်ကို ကြိုဆိုနေတာပဲ။ ဒါပေမဲ့ အဲဒီယဇ်ပုရောဟိတ်မင်းကြီးတွေ၊ ကျမ်းပြုဆရာတွေနဲ့ ဂျူးဖာရိရှဲတွေက သခင့်နှုတ်ကပတ်တော်တွေရဲ့ ဩဇာအာဏာနဲ့ တန်ခိုးတို့ကို သူတို့ပါ အသိအမှတ်ပြုပေမဲ့လည်း၊ သခင်ယေရှုက သာမန် ရိုးရိုး လူသား ပုံသဏ္ဌာန်ရှိသလို၊ ထင်ရှားတဲ့ မိသားစု၊ မြင့်မားတဲ့ ဂုဏ်အဆင့်အတန်းနဲ့ တန်ခိုးတို့ မရှိတာသက်သက်ကြောင့်၊ သူ့နှုတ်ကပတ်တော်တွေက ကျမ်းစာမှာ မပါသလို၊ သူ့နာမကလည်း မေရှိယ မဟုတ်ဘဲ ကျမ်းစာပရောဖက်ပြုချက်တွေနဲ့ မကိုက်ညီတာကြောင့်၊ သခင်ယေရှုကို သူတို့ ငြင်းပယ်ပြီး ပစ်ပယ်ကြတယ်၊ သူက ပြစ်မှားစော်ကားတာတွေ ပြောတယ်ဆိုပြီး သူ့ကို ရှုတ်တောင် ရှုတ်ချလိုက်သေးတယ်။ အဆုံးမှာ သူ့ကို သူတို့ ကားစင်တင်လိုက်ကြတယ်။ ပြီးတော့ ဘုရားရဲ့ အပြစ်ဒဏ်ပေးတာနဲ့ ကျိန်ဆဲတာကို ခံရတယ်လေ။ ဒါကြောင့် သခင့်ကို ကြိုဆိုဖို့ ဘုရားအသံတော်ကို နားထောင်တာဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဘုရားအသံတော်ကို နားမထောင်ဘဲ လူသားရဲ့ အပြင်ပန်းပုံစံကိုပဲ ကြည့်မယ်ဆိုရင်၊ သူက ဘုရားဆိုတာ ကျွန်တော်တို့ ဘယ်တော့မှ တွေ့မှာ မဟုတ်ဘူး။ သခင့်ကို ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေနဲ့ပဲ ရှုတ်ချပြီး ငြင်းပယ်မိမှာ။ နောက်ဆုံးသောကာလမှာ ဘုရားက ပေါ်ထွန်းပြီး အမှုပြုဖို့ လူသားအနေနဲ့ ထပ်ပြီး လူ့ဇာတိခံယူပြန်တယ်။ သခင့်ကို ကြိုဆိုချင်ရင် ဘုရားအသံတော်ကို နားထောင်တာကို အမှီပြုရမယ်။ ဒါတွေက ဘုရားနှုတ်ကပတ်တော်တွေ ဟုတ်မဟုတ်ဆိုတာ အဲဒါက သမ္မာတရား ဟုတ်မဟုတ်၊ သန့်ရှင်းသော ဝိညာဉ်တော်ဆီက ဟုတ်မဟုတ်ဆိုတာ နားထောင်ရမယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ ဆုံးဖြတ်ချက်ကို အခြေပြုရမယ်။ အဲဒီကျမှ ကျွန်တော်တို့က ဘုရားရဲ့ထင်ရှားပြသခြင်းဖြစ်တဲ့ ခရစ်တော်ကို သတိပြုမိနိုင်မယ်။ ဘုရားအသံတော်ကို ကြားမှသာ ကျွန်တော်တို့ သခင့်ကို ကြိုဆိုနိုင်မယ်။

အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောခဲ့သလိုပဲပေါ့။ “ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ ‘ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။’ ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏)လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

ယခုတစ်ကြိမ်တွင်မူ ဘုရားသခင်သည် ဝိညာဏခန္ဓာကိုယ်အားဖြင့် မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက၊ ဇာတိအသွေးအသားသို့ ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်သည်။ ယင်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အား အခြားသူတို့အနက် ပေါ်လွင်ထင်ရှားစေသည့် အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က မကြားသိခဲ့ရသည့် သမ္မာတရားများကို သူ့ထံမှ သင်ရရှိနိုင်သည်။ ဤအရေးမပါသော ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရား၏ နှုတ်ကပတ်တော်များအားလုံးကို သရုပ်ထင်စေသည့်အရာ၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာနှင့်၊ လူသားက နားလည်ရန်အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြသောအရာလည်း ဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကို မြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြမည်ဖြစ်ပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုလည်း သင့်အား သူပြောမည်ဖြစ်သည်။ သူသည် နိုင်ငံတော်အတွင်းဝင်ရောက်ရာ သင်၏ တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ ဝင်ရောက်ရာ သင်၏လမ်းပြရှင်ဖြစ်သည်။ ထိုကဲ့သို့သော သာမန်ဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် များစွာသော နက်နဲရာများကို ဆုပ်ကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များမှာ သင့်အတွက် နားမလည်နိုင်စရာ ဖြစ်နိုင်သော်လည်း၊ သူလုပ်ဆောင်သည့် အမှု၏ ပန်းတိုင်တစ်ခုလုံးမှာ သူသည် လူတို့ယုံကြည်သကဲ့သို့ ရိုးရိုးဇာတိခန္ဓာ မဟုတ်သည်ကို သင့်အား မြင်ခွင့်ပေးရန်အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏အလိုတော်နှင့် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ထံ ဘုရားသခင်ပြသသည့် ဂရုစိုက်မှုကို ကိုယ်စားပြုလေသည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပုံရသည့် သူ၏ နှုတ်ကပတ်တော်များကို မကြားနိုင်သကဲ့သို့၊ မီးလျှံတစ်ခုကဲ့သို့ သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ ထို့ပြင် သင်သည် သူ၏သံလှံတံ၏ ဆုံးမပဲ့ပြင်မှုကို မခံရနိုင်သော်ငြားလည်း၊ သင်သည် သူ၏နှုတ်ကပတ်တော်များမှနေ၍ ဘုရားသခင်သည် အမျက်ဒေါသ ထွက်သည်ကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် သနားခြင်းကရုဏာကို ပြနေကြောင်း သိနိုင်သည်။ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ၏ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင် လူသားမျိုးနွယ် တစ်ရပ်လုံး အတွက် ဘုရားသခင်၏ အရေးတယူရှိမှုကို နားလည်သဘောပေါက် နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ)

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဘုရားရဲ့လူ့ဇာတိခံယူခြင်းကို သတိပြုမိအောင် ဘုရားရဲ့ပေါ်ထွန်းခြင်းနဲ့ လမ်းခရီးတို့ကို ရှာဖို့နည်းလမ်းကို ပြထားတယ်။ အဲဒါဟာ လုံးဝ ရှင်းလင်းပါတယ်။ ခရစ်တော်က လမ်းခရီး၊ သမ္မာတရားနဲ့ အသက်ပါ။ ခရစ်တော်ရဲ့ ဘုရားသဘောသဘာဝကို သမ္မာတရားဖော်ပြခြင်း၊ ဘုရားအသံတော်တို့နဲ့ အဓိကအားဖြင့် ထုတ်ဖော်ပြပါတယ်။ ဒါကြောင့် ခရစ်တော်ရဲ့ ပေါ်ထွန်းမှုက ဘယ်လောက် သာမန်ဖြစ်ပြီး ရိုးရှင်းပါစေ၊ သူက သမ္မာတရား၊ ဘုရားရဲ့စိတ်သဘောထားနဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းတို့ကို ဖော်ပြနိုင်သရွေ့၊ သူဟာ ဘုရားရဲ့သရုပ်သကန်ပါပဲ။ ခရစ်တော်ရဲ့လူ့သဘာဝက ဘယ်လောက် သာမန်ဖြစ်ပြီး ရိုးရှင်းကောင်း ရိုးရှင်းပါစေ၊ သမ္မာတရားနဲ့ ဘုရားအသံတော်ကို သူဖော်ပြနိုင်သရွေ့ သူက ဘုရားသဘောသဘာဝရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ သူက လူ့ဇာတိခံ ဘုရားပါပဲ။ ဒါကို သံသယဖြစ်စရာ မရှိပါဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပေါ်ထွန်းပြီး အမှုစပြုနေပြီဖြစ်တဲ့အတွက် သမ္မာတရားကို ချစ်တဲ့ ဂိုဏ်းဂဏအားလုံးက လူတော်တော်များများက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြီးကြပြီ။ ပြီးတော့ သူ့နှုတ်ကပတ်တော်တွေ သမ္မာတရားတွေချည်းပဲဆိုတာရယ်၊ သန့်ရှင်းသော ဝိညာဉ်တော်ဆီက လုံးလုံး လာပြီး ဘုရားအသံတော် ဖြစ်တယ်ဆိုတာရယ်ကို သိပြီးပြီ။ အဲဒီလိုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘုရားရဲ့ ပေါ်ထွန်းခြင်းဆိုတာကို အတည်ပြုပြီးကြပြီ။ သူက လူ့ဇာတိခံ ဘုရားသခင်ဖြစ်တဲ့ ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ ဒါဟာ ဘုရားရွေးချယ်ထားတဲ့သူတွေအားလုံး အတည်ပြုနိုင်တဲ့ အမှန်တရားပါ။ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားတွေကြားမှာ အသက်ရှင်နေထိုင်တယ်။ တခြားသူတွေနဲ့ စားရင်း၊ နေထိုင်ရင်း၊ ထိတွေ့ဆက်ဆံရင်း၊ သမ္မာတရားကို ဖော်ပြရင်း၊ ရေလောင်းရင်း၊ အားဖြည့်ပေးပြီး ဘုရားရွေးချယ်ထားတဲ့ လူတွေကို အချိန်မရွေး၊ နေရာမရွေး ဦးဆောင်ရင်းနဲ့ပေါ့။ ဘုရားနှုတ်ကပတ်တော် အခန်းကြီးတွေ တစ်ခုပြီးတစ်ခု ဖော်ပြတာကို ကျွန်တော်တို့ မျက်မြင်တွေ့ပြီးပြီ။ အဲဒါတွေကို အခု နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတာမျိုး ဘုရားနှုတ်ကပတ်တော် စာအုပ်တွေထဲမှာ စုစည်းပြီးပြီ။ စုစုပေါင်း နှုတ်ကပတ်တော် သန်းနဲ့ချီ ပါတယ်လေ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘုရားရဲ့နှစ် ၆၀၀၀ စီမံခန့်ခွဲမှု အလုပ်ရဲ့ နက်နဲမှုအားလုံးကို ထုတ်ဖော်ပြီးပြီ။ လူသားမျိုးနွယ်ကို စီမံရာမှာ ဘုရားရဲ့ပန်းတိုင်တွေ၊ စာတန်ကို လူသားမျိုးနွယ်ကို ဘယ်လို ဖောက်ပြန်ပျက်စီးစေတာ၊ ဘုရားက သူတို့ကို ကယ်တင်ဖို့ တစ်ဆင့်ချင်း ဘယ်လို အမှုပြုတာ၊ လူ့ဇာတိခံယူခြင်းတွေရဲ့ နက်နဲမှုတွေ၊ သမ္မာကျမ်းစာရဲ့ အတွင်းကျကျ ဇာတ်ကြောင်း၊ ဘုရားရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုက လူသားမျိုးနွယ်ကို ဘယ်လို သန့်စင်ပြီး ကယ်တင်တာ၊ ဘုရားက ခေတ်တစ်ခုကို အဆုံးသတ်ဖို့၊ ကောင်းမြတ်သူတွေကို ဆုချီးမြှင့်ပြီး ဆိုးယုတ်သူတွေကို အပြစ်ပေးရင်း၊ လူတွေကို သူတို့အမျိုးအစားအတိုင်း ဘယ်လိုခွဲခြားတာ၊ ခရစ်တော်ရဲ့ နိုင်ငံတော်က ကမ္ဘာပေါ်မှာ ဘယ်လိုတကယ်တည်လာတာနဲ့ နောက်ထပ် အကြောင်းအရာတွေလိုပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ရဲ့ ဘုရားကို ဆန့်ကျင်တဲ့ အနှစ်သာရနဲ့ သူတို့ဖောက်ပြန်ပျက်စီးခြင်းရဲ့ အမှန်တရားတို့ကိုလည်း စီရင်ပြီး ထုတ်ဖော်တယ်လေ။ လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားပြီး ကယ်တင်ခြင်း ရဖို့ သူတို့အတွက် လမ်းကြောင်းကို သူ ပေးတယ်။ ဘုရားနဲ့ သင့်တော်တဲ့ ဆက်ဆံရေး ဘယ်လိုတည်ထောင်ဖို့၊ ရိုးသားတဲ့လူတစ်ယောက် ဖြစ်အောင် ဘယ်လို လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားကို ဘယ်လိုသစ္စာရှိဖို့၊ ဘုရားကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့ ဘုရားရဲ့လမ်းခရီးကို ဘယ်လိုလိုက်ဖို့၊ ဘုရားကို နာခံခြင်းနဲ့ ဘုရားအတွက် ချစ်ခြင်းကို ဘယ်လိုရရှိဖို့နဲ့ နောက်ထပ် အကြောင်းအရာတွေကိုလည်း လူတွေကို သူပြောပြတယ်။ ဒီသမ္မာတရားတွေအားလုံးက လူတွေ သူတို့ရဲ့ယုံကြည်ခြင်းမှာ အပြစ်က လွတ်မြောက်ခြင်းနဲ့ ဘုရားရဲ့ အပြည့်အဝ ကယ်တင်ခြင်းကို ရဖို့ လိုအပ်တဲ့ သမ္မာတရားတွေပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ ဒီသမ္မာတရားအားလုံးက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို လုံးလုံး ပြည့်စုံစေပါတယ်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကျွန်တော်တို့ ပိုဖတ်လေ၊ ကျွန်တော်တို့ စိတ်နှလုံးတွေ အားတက်လေပဲ။ ကျွန်တော်တို့ကို လုံးလုံး သိမ်းပိုက်လိုက်တာပါ။ ဘုရားရဲ့ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ဘုန်းအာနုဘော်နဲ့ အမျက်ဒေါသတို့က သူ့တရားစီရင်ခြင်းနှုတ်ကပတ်တော်ကတစ်ဆင့် ထုတ်ဖော်တာကို မြင်ပြီး ဘုရားရဲ့ ပုန်ကန်ပြစ်မှားလို့မရတဲ့ စိတ်သဘောထားကို တွေ့ကြုံရပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားနဲ့ ဘုရားအသံတော် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အတည်ပြုတယ်။ အဲဒါတွေက အသင်းတော်တို့ကို ပြောတဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ နှုတ်ကပတ်တော်တွေလေ။ တွေးကြည့်လိုက်ပါ။ ဘုရားကလွဲပြီး ဘယ်သူက ဘုရားအလုပ်ရဲ့ နက်နဲမှုတွေကို ထုတ်ဖော်နိုင်လဲ။ ဘုရားရဲ့စိတ်သဘောထား၊ သူ့ရဲ့အရာအားလုံးနဲ့ ဖြစ်ခြင်းတို့ကို ဘယ်သူ ဖော်ပြနိုင်လဲ။ ဘုရားကလွဲလို့ လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အနှစ်သာရကို ဘယ်သူ စီရင်ပြီး ဖော်ထုတ်နိုင်လဲ။ ဘယ်သူက လူသားမျိုးနွယ်ကို အပြစ်က ကယ်တင်နိုင်လဲ။ ဘုရားသာ သမ္မာတရားကို ဖော်ပြနိုင်တယ်ဆိုတာ ဘုရားသာ လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်နိုင်ပြီး သူတို့ကို အပြစ်နဲ့ စာတန်ရဲ့တန်ခိုးတို့က ကယ်တင်နိုင်တယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က သာမန်နဲ့ ရိုးရိုး လူသားနဲ့တူရင်တူလိမ့်မယ်။ ဒါပေမဲ့ သူ့နှုတ်ကပတ်တော်တွေနဲ့ အလုပ်တွေကနေ သူက သာမန်လူ့သဘာဝကို ပိုင်ဆိုင်ရုံသာမကဘဲ၊ ဘုရားသဘာဝ အနှစ်သာရလည်း ပိုင်တာကို တွေ့ရတယ်။ သူ့မှာ စိတ်နှလုံးထဲ ကိန်းအောင်းနေတဲ့ ဘုရားဝိညာဉ်တော် ရှိပြီး သူ့နှုတ်ကပတ်တော်တွေက ဘုရားဝိညာဉ်တော်ကနေ တိုက်ရိုက် ဖော်ပြတာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က လမ်းခရီး၊ သမ္မာတရားနဲ့ အသက်ပါပဲ။ သူက လူ့ဇာတိခံ ဘုရားဖြစ်ပြီး ပြန်ကြွလာတဲ့ သခင်ယေရှုပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ပြောတဲ့အတိုင်းပါပဲ။ “ဘုရားသခင်သည် သူ၏ စိတ်နှလုံးကို ဖွင့်ဟစဉ် တစ်ချိန်တည်းတွင် ငါတို့ အဘယ်အရာလုပ်သင့်သည်ဆိုသည်နှင့်ပတ်သက်၍ ငါတို့ကို ဆိုဆုံးမဖို့ နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုရင်း သူ၏ မိန့်မြွက်ချက်များကို ဆက်လက် မိန့်ကြားလေသည်။ သူ၏ နှုတ်ကပတ်တော်များသည် အသက် အစွမ်းတန်ခိုးကို သယ်ဆောင်သည်၊ ငါတို့ လျှောက်လှမ်းသင့်သည့် လမ်းခရီးကို ပြသပြီး၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို ငါတို့အား နားလည်နိုင်စေလေသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို စတင်ဆွဲဆောင်လာသည်၊ သူ၏ စကားပြောသည့် လေသံနှင့် ပြောဟန်တို့ကို ငါတို့ စတင်အာရုံစိုက်ကြပြီး မသိစိတ်၏ စေ့ဆော်မှုအရ သာမညောင်ည ဖြစ်သော ဤလူ၏ အတွင်းကျကျ ခံစားချက်များ၌ စတင် စိတ်ဝင်စားကြသည်။...သူမှအပ မည်သူကမျှ ငါတို့၏ အတွေးအားလုံးကို မသိနိုင်၊ သို့မဟုတ် ငါတို့၏ သဘာဝနှင့် အနှစ်သာရတို့နှင့် သက်ဆိုင်သည့် ထိုသို့သော ရှင်းလင်းကာ ပြည့်စုံသည့် သဘောပေါက်မှု မရှိနိုင်ပေ၊ သို့မဟုတ် လူသားမျိုးနွယ်၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တရားမစီရင်နိုင်ပေ၊ သို့မဟုတ် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ကိုယ်စား ငါတို့ကို စကားပြောပြီး ငါတို့၏အလယ်၌ ယခုကဲ့သို့ အလုပ်မလုပ်နိုင်ပါ။ သူမှအပ မည်သူကမျှ ဘုရားသခင်၏ ဩဇာအာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာတို့ဖြင့် အပ်နှင်းခြင်းမခံရပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် သူ့အထဲ၌ အလုံးစုံ ပေါ်ထွက်လာသည်။ သူမှအပ မည်သူကမျှ ငါတို့အား လမ်းခရီးကို မပြနိုင်သကဲ့သို့ အလင်းကို မဆောင်ကြဉ်းပေးနိုင်ပေ။ သူမှအပ မည်သူကမျှ ဖန်ဆင်းခြင်းမှ ယနေ့အထိ ဘုရားသခင်က ဖွင့်ပြခြင်း မရှိသော နက်နဲမှုများကို ငါတို့အား ထုတ်ဖော်မပြသနိုင်ပေ။ သူမှအပ မည်သူကမျှ ငါတို့ကို စာတန်၏ကျေးကျွန်ဘဝနှင့် ငါတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ မကယ်တင်နိုင်ပေ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ သူသည် ဘုရားသခင်၏ အတွင်းကျကျ နှလုံးသား၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ဖော်ပြလေသည်။ သူသည် ခေတ်သစ်တစ်ခေတ်၊ ကာလသစ်တစ်ခုကို အစပြုပြီးဖြစ်ကာ ကောင်းကင်သစ်နှင့် မြေကြီးသစ်၊ ပြီးလျှင် အမှုသစ်ကို ဖွင့်လှစ်ပြီဖြစ်သကဲ့သို့၊ မရေရာမှုတွင် ငါတို့ အသက်ရှင်နေထိုင်ခဲ့သည့် အသက်တာကို အဆုံးသတ်ပေးရင်းနှင့် ငါတို့၏ ဖြစ်တည်မှု တစ်ခုလုံးအား ကယ်တင်ခြင်းသို့ သွားရာလမ်းကြောင်းကို အပြည့်အဝ ရှင်းရှင်းလင်းလင်း မြင်နိုင်စေလျက်၊ ငါတို့ထံသို့ မျှော်လင့်ခြင်းကို ယူဆောင်ပြီးဖြစ်သည်။ သူသည် ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးကို သိမ်းပိုက်ပြီး ဖြစ်ကာ ငါတို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။ ထိုအခိုက်အတန့်မှစ၍၊ ငါတို့၏စိတ်များသည် သတိရှိလာပြီဖြစ်သကဲ့သို့၊ ငါတို့၏ စိတ်ဝိညာဉ်များသည် ပြန်လည်အသက်ဝင်လာသည်ဟု ထင်ရသည်။ ငါတို့အလယ်၌ အသက်ရှင်ပြီး၊ ငါတို့၏ ငြင်းပယ်ခြင်းကို အချိန်ကြာမြင့်စွာကတည်းက ခံခဲ့ရပြီးသူဖြစ်သည့် သာမန်ဖြစ်သည့် မထင်ရှားသော ဤလူသည်- နိုးနေသည်ဖြစ်စေ အိပ်မက်မက်နေသည်ဖြစ်စေ ငါတို့၏အတွေးများထဲ၌ အမြဲရှိပြီး၊ နေ့ရောညပါ ငါတို့တောင့်တနေသော သခင်ယေရှု ဖြစ်သည် မဟုတ်လော။ သူဖြစ်ပေသည်။ အကယ်စင်စစ် သူဖြစ်၏။ သူသည် ငါတို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၄)- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း)

ဒီအချိန်မှာ သခင့်ကို ကြိုဆိုဖို့ ဘုရားအသံတော်ကို ကျွန်တော်တို့ ဘာလို့ နားထောင်ဖို့လိုတယ်ဆိုတာကို ပိုရှင်းသင့်ပါပြီ။ တကယ်တော့ ဘုရားအသံတော်ကို နားထောင်တာက မခက်ခဲပါဘူး။ ဘုရားသိုးတွေက ဘုရားအသံတော်ကို ကြားရတယ်။ ဒါကို ဘုရားက စီမံတာပဲ။ လူတွေရဲ့ ပညာရေးအဆင့်က အရေးမကြီးပါဘူး။ သူတို့ရဲ့ကျမ်းစာအသိပညာနဲ့ အတွေ့အကြုံနက်ရှိုင်းမှုတို့ကလည်း အရေးမကြီးပါဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တွေကို ဖတ်တဲ့ စိတ်နှလုံးရှိတဲ့သူ ဘယ်သူမဆိုဟာ ဘုရားနှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်မှန်း ဩဇာအာဏာနဲ့ တန်ခိုးရှိမှန်း၊ ဘုရားအသံတော်မှန်း သိကြတယ်။ သူတို့က လူသားမျိုးနွယ်အတွက် ဘုရားရဲ့မေတ္တာကိုရော၊ ဘယ်လူရဲ့ပုန်ကန်ပြစ်မှားတာကိုမှ သည်းမခံမယ့် ဘုရားရဲ့ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်ရှိတဲ့ စိတ်သဘောထားတို့ကိုပါ ခံစားလို့ရတယ်။ ဒါက ဝိညာဉ်ရေးရာ ခံစားချက်နဲ့ ဝမ်းတွင်းအသိတို့ရဲ့ လုပ်ဆောင်ချက်ပဲ။ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကို ကျွန်တော်တို့ ဖတ်တဲ့အခါ ခံစားရတဲ့ ခံစားချက်အတိုင်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ သခင်ယေရှုတို့ရဲ့ နှုတ်ကပတ်တော်တွေက တစ်ပါးတည်းသော ဝိညာဉ်တော်ရဲ့ ဖော်ပြချက်မို့လို့ပါ။ အရင်းအမြစ်တူကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ သခင်ယေရှုတို့က တစ်ပါးတည်းသော ဘုရားသခင်ပါ။ နောက်ထပ် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ် နည်းနည်း ဖတ်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရစေသည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်၊ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး မစောင့်နေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ တန်ခိုးကြီးမားသည့် သူ့ကို မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား ငါ မျက်နှာချင်းဆိုင်မည် ဖြစ်ပြီး ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားမည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ လူသားအားလုံးသည် နို့စို့ကလေးငယ်တစ်ဦး ခုလေးတင် မွေးဖွားပြီးသည့်အလား၊ ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ပျော်ရွှင်ကြလေသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏ ‘သံလွင်တောင်’ ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမျှော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေဖို့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ်ပြုစေဖို့၊ လူသားတိုင်း ငါ့ကို ယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံဖို့အလို့ငှာ၊ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်)

ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်)

ငါသည် ပြောကြားရန် စကြဝဠာဆီသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့်အမှုအားလုံးကို မြင်လေသည်။ ငါ၏အလိုကို ဆန့်ကျင်သောသူတို့သည်၊ ဆိုလိုသည်မှာ ငါ့ကို လူသား၏လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှု ခံရလိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိ မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုလုပ်မည် ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့်လသည်လည်း အသစ်ပြုလုပ်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံသွားကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားပြီး အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခု ဖြစ်လာကာ၊ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရ၍ မတည်ရှိတော့စေရန်၊ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူသားများတွင် မာရ်နတ်နှင့် ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး၊ စာတန်ကို ဝတ်ပြုကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးဖြင့် ချိုးနှိမ်ခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းချောင်း အတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည်။ ငါနှင့်ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ စွမ်းဆောင်ခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး၊ ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူသားမျိုးနွယ်အားလုံး သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြစေရန်အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါကိုယ်တော်တိုင်၏အသံနှင့် အသံပြုမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆))

အနန္တတန်ခိုးရှင် ဘုရားသခင်ဆီက နှုတ်ကပတ်တော်တိုင်းက တန်ခိုးနဲ့ ဩဇာအာဏာရှိပြီး လူတို့ရဲ့စိတ်နှလုံးတွေကို တုန်လှုပ်စေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဖန်ဆင်းရှင်အနေနဲ့ လူသားမျိုးနွယ်တစ်ရပ်လုံးကို စကားပြောတာလေ။ ဘုရားဩဇာအာဏာနဲ့ ကိုယ်ပိုင်လက္ခဏာတို့က သူ့နှုတ်ကပတ်တော်တွေနဲ့ သူ့လေသံ၊ သူရပ်တည်တဲ့ အနေအထား၊ ဖော်ပြထားတဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းတို့ကတစ်ဆင့် ထင်ထင်ရှားရှားပြတယ်။ အဲဒါတွေက ဘုရားရဲ့တစ်မူထူးတဲ့ စရိုက် လက္ခဏာတွေပဲ။ ဘယ်ကောင်းကင်တမန်၊ ဘယ်ဖန်ဆင်းခံ၊ ဘယ်ဆိုးယုတ်တဲ့ နတ်ဆိုးတွေကမှ ဒါတွေအားလုံးကို လုံးဝ မပိုင်နိုင်ဘူး၊ မရနိုင်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ဘုရားရဲ့တစ်မူထူးခြားတဲ့ ဩဇာအာဏာကို အပြည့်အဝ ဖော်ပြတယ်။ ဘုရားရဲ့ဖြောင့်မတ်ခြင်းနဲ့ စော်ကားလို့မရတဲ့ စိတ်သဘောထားတို့ကို ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဘုရားရဲ့ ဖော်ပြချက်တွေနဲ့ အသံတော်ပဲဆိုတာ အားလုံးမြင်ပြီးပါပြီ။

ဒီနေ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရွတ်ပြခြင်း ဗီဒီယိုတော်တော်များများကို အွန်လိုင်းမှာ ရှာလို့ရတယ်။ ပြီးတော့ နိုင်ငံတွေ၊ ဂိုဏ်းဂဏတွေအားလုံးက လူတွေက ပိုပိုပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လေ့လာစုံစမ်းပြီး လက်ခံလာနေကြပါတယ်။ ဒါပေမဲ့ကျမ်းစာစာလုံးတွေကို ဖက်တွယ်ထားတဲ့၊ သခင်မိုးတိမ်စီး ဆင်းကြွလာမယ်ဆိုတဲ့ အယူအဆကို ဖက်တွယ်ထားတဲ့ လူတွေ တော်တော်များများ ဘာသာတရားထဲမှာ ရှိနေတုန်းပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေအများကြီး ‌ဖော်ပြတာကို သူတို့မြင်ကြပေမဲ့၊ သူတို့က ဘုရားအသံတော်ကို မရှာဖွေဘူး၊ မစုံစမ်းဘူး၊ နားမထောင်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို တရားစီရင်၊ အသရေဖျက်ပြီး ရှုတ်ချရင်း၊ ဘာသာရေးလောကရဲ့ အန္တိခရစ်အင်အားစုတွေနဲ့တောင် ပေါင်းနိုင်တယ်။ သူတို့စိတ်နှလုံးတွေက လှည့်စားခံရသလိုပဲ။ သူတို့က ကြားပေမဲ့ မသိဘူး။ မြင်ပေမဲ့ နားမလည်ဘူး။ အဲဒီလိုလူတွေက ဘုရားအသံတော်ကို ကြားနိုင်စွမ်းမရှိလို့ သူတို့က ဘုရားရဲ့သိုးတွေ မဟုတ်တာကို ပြနေတယ်။ သူတို့က ဘုရားရဲ့နောက်ဆုံးသောကာလ အမှုရဲ့ ထုတ်ဖော်တာကို ခံရတဲ့ တောပင်တွေ၊ မိုက်မဲတဲ့ သတို့သမီးတွေပေါ့။ သူတို့က ဘုရားရဲ့ စွန့်ပစ်ပြီး သုတ်သင်ဖယ်ရှင်းတာကို အခုခံရပြီး ဘေးဒုက္ခတွေထဲ ကျကြပြီ။ သူတို့ သေမလား၊ ရှင်မလားဆိုတာပြောဖို့ ခက်တယ်။ သူတို့ရှင်နိုင်တယ်ဆိုရင်လည်း၊ သခင်ယေရှု မိုးတိမ်စီးကြွလာပြီး ဘေးဒုက္ခအပြီး လူပုံအလယ်ပေါ်ထွန်းတာကို စောင့်ဖို့ပဲ တတ်ကြတယ်။ ဒါပေမဲ့ အဲဒီအချိန်ကျရင် သူတို့ ရှုတ်ချပြီး အာခံခဲ့တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တာကို သူတို့မြင်တဲ့အခါ၊ သူတို့က အံ့ဩမှင်တက်ပေမဲ့ နောင်တရဖို့တော့ အရမ်းနောက်ကျနေလိမ့်မယ်။ ငိုကြွေးပြီး အံသွားခဲကြိတ်ပြီး ကျန်ရစ်လိမ့်မယ်။ ဒါက ဗျာဒိတ်ကျမ်းရဲ့ ပရောဖက်ပြုချက်ကို လုံးလုံး ပြည့်စုံစေတယ်လေ။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇)

နောက်ဆုံးအနေနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခု ဖတ်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်းသည် သမ္မာတရားဖော်ပြခြင်းခံရသောနေရာ၊ ဘုရားသခင်၏အသံ ရှိမည်ဖြစ်သောနေရာ ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်လိမ့်မည် ဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မျက်မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။ သင်၏ အယူအဆများကို စွန့်လွှတ်လော့။ မိမိကိုယ်ကို ငြိမ်သက်စေကာ ဤနှုတ်ကပတ်တော်များကို သေသေချာချာ ဖတ်လော့။ သင့်အနေဖြင့် သမ္မာတရားကို တောင့်တလျှင် ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်း ပေးလိမ့်မည်ဖြစ်ပြီး သူ၏အလိုနှင့် သူ၏ နှုတ်ကပတ်တော်များကို သင်နားလည်လိမ့်မည်။ ‘မဖြစ်နိုင်’ ဟူသည့် သင်တို့၏ အမြင်များကို စွန့်လွှတ်လော့။ လူများအနေဖြင့် တစ်စုံတစ်ခုကို မဖြစ်နိုင်ဟု ယုံကြည်လေလေ၊ ယင်းမှာ ဖြစ်နိုင်ခြေ များလေလေဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဉာဏ်ပညာသည် ကောင်းကင်ထက် မားမားစွင့်စွင့် မြင့်မားပေ၏၊ ဘုရားသခင်၏ အကြံအစည်များသည်လည်း လူ၏ အကြံအစည်များထက် သာ၍မြင့်မားကာ ဘုရားသခင်၏ အလုပ်သည် လူ့အတွေးအခေါ်နှင့် အယူအဆတို့၏ အကန့်အသတ်များကို သာလွန်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် မဖြစ်နိုင်ဟု ထင်ရလေလေ၊ ယင်း၌ ရှာဖွေနိုင်သည့် သမ္မာတရား သာ၍များလေလေ ဖြစ်သည်။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးတို့်ကို ကျော်လွန်ကာ တည်ရှိလေလေ၊ ယင်း၌ ဘုရားသခင်၏ အလိုတော် သာ၍ပါလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နေရာ၌ ဘုရားသခင်က သူ့ကိုယ်သူ ထုတ်ဖော်သည်ဖြစ်စေ ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်။ ထို့ပြင် ဘုရားသခင် ပေါ်ထွန်းသည့် နည်းဟန် သို့မဟုတ် တည်နေရာကြောင့် သူ၏အနှစ်သာရမှာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ပေ။...ထို့ကြောင့် ဘုရားသခင်၏ အလိုကို ငါတို့ ရှာဖွေကြပါစို့။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သူ၏မိန့်မြွက်ခြင်းများထဲတွင် ရှာဖွေကြပါစို့။ ထို့ပြင် သူ၏ခြေလှမ်းများကို အမီလိုက်ကြပါစို့။ ဘုရားသခင်သည် လမ်းခရီးဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်သည်၊ အသက်လည်း ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏ပေါ်ထွန်းခြင်းတို့သည် တစ်ပြိုင်တည်း တည်ရှိကြသည်၊ သူ၏ စိတ်သဘောထားနှင့် ခြေရာများသည်လည်း လူသားများအဖို့ အစဉ် လမ်းဖွင့်ပေးထားသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သမ္မာကျမ်းထဲတွင် ဘုရားသခင်၏ အမှုတော်နှင့်နှုတ်ကပတ်တော် များအားလုံး ရှိသည် ဆိုသည်မှာ မှန်ပါသလား

ကယ်တင်ရှင်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ဟာ နောက်ဆုံးသောကာလမှာ ပေါ်ထွန်းလာပြီး အမှုပြုနေတဲ့အပြင် သန်းနဲ့ချီတဲ့နှုတ်ကပတ်တော် တွေကို...

သုံးပါးတစ်ဆူနှင့်ဆိုင်သော စိတ်ကူးသည် ယုတ္တိရှိပါသလား

လူ့ဇာတိခံ သခင်ယေရှုက ကျေးဇူးတော်ခေတ်ရဲ့ အမှုကို နှစ် ၂၀၀၀ကြာ ပြုခဲ့ပြီးကတည်းက၊ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ကို ခရစ်ယာန်အားလုံးက...

အဘယ်သူသည် တစ်ပါးတည်းသော စစ်မှန်သော ဘုရားသခင် ဖြစ်သနည်း

ဒီရက်အတွင်းမှာ၊ လူအများစုက ယုံကြည်ခြင်းရှိကြပြီး ဘုရားတစ်ပါးရှိတယ်လို့ ယုံကြတယ်။ သူတို့ စိတ်နှလုံးထဲက ဘုရားကို သူတို့ ယုံကြတယ်။ ဒီတော့...

စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော် အယောင်ဆောင်များကို ပိုင်းခြားသိမြင်ခြင်း

ဒီနေ့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော် အယောင်ဆောင်တွေကို ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒါက ဘုရားအပေါ်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။