သခင်သည် အမှန်တကယ် မိုးတိမ်စီးလျက် ပြန်လာမည်လော
ကျွန်မတို့ဟာ ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု တွေ့နေရပြီး ကပ်ရောဂါတွေကလည်း ကမ္ဘာအနှံ့ ဖြစ်ပွားနေပါတယ်။ မိုးတိမ်စီးလို့ သခင်ပြန်ကြွလာပြီး သူတို့ကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပေါ်ထွန်းတာနဲ့ သူ့ရဲ့အမှုတော်က အဓိကအားဖြင့် နှုတ်ကပတ်တော်တွေ မိန့်ကြားဖို့နဲ့ သမ္မာတရားကို ဖော်ပြဖို့ပါပဲ။ ဘာသာရေးလောကက လူအတော်များများက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအားလုံးက သမ္မာတရားနဲ့ ဘုရားသခင်ရဲ့ အသံတော် ဖြစ်တယ်ဆိုတာကို မြင်တွေ့ကြပြီး လုံးဝကို ယုံကြည်လက်ခံသွားကြတယ်၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုကြတယ်။ ဒါပေမဲ့ ဘာသာရေးလောကက သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေနဲ့ စီစီပီအစိုးရက အနန္တတန်ခိုးရှင် ဘုရားသခင်ကို သာမန်လူတစ်ယောက်သာဖြစ်ပြီး ဘုရားသခင် မဖြစ်နိုင်ဘူးဆိုပြီး ရှုတ်ချဖို့ လောလာဟာလတွေ လုပ်ကြံဖန်တီးကြတဲ့အတွက် လူတချို့က ပိုင်းခြားသိမြင်မှု မရှိဘဲ အထင်အမြင်မှားသွားကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသော ကာလရဲ့ ခရစ်တော်၊ လူ့ဇာတိခံယူထားတဲ့ လူသားဖြစ်တယ်ဆိုတာကို သူတို့ သေချာအတည်မပြုရဲကြဘူး။ ဒါဆို လူ့ဇာတိခံယူထားတဲ့ လူသားကို ကျွန်မတို့ ဘယ်လိုများ တိတိကျကျ ခွဲခြားသိမြင်နိုင်မလဲ။ ပထမဦးဆုံး သခင်ယေရှုဟာ သခင်ဖြစ်တယ်၊ ခရစ်တော် ဖြစ်တယ်ဆိုတာကို ကျွန်မတို့အားလုံး အသိအမှတ်ပြုကြတယ်။ သခင်ယေရှုဟာ သာမန်လူတစ်ယောက် မဟုတ်ခဲ့ဘူးလား။ အပြင်ပန်းမှာတော့ သခင်ယေရှုဟာ တကယ်ကို သာမန်လူတစ်ယောက်ပါပဲ။ သခင်ယေရှု ပေါ်ထွန်းပြီး အလုပ်လုပ်တဲ့အချိန်တုန်းက ယုဒဘာသာရဲ့ ယဇ်ပုရောဟိတ်အကြီးအကဲတွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေအားလုံးက သခင်ယေရှုဟာ နာဇရက်မြို့သား၊ လက်သမားရဲ့သားလို့ ပြောခဲ့ကြတယ်။ ဒါကြောင့် သခင်ယေရှုဟာ သခင်ဖြစ်တယ်၊ ခရစ်တော် ဖြစ်တယ်ဆိုတာကို သူတို့ အသိအမှတ်မပြုခဲ့တဲ့အပြင် သူ့ကို လက်ဝါးကပ်တိုင်မှာတောင် သံမှိုရိုက်ခဲ့ကြတယ်။ ဒီနေ့မှာ အနန္တတန်ခိုးရှင် ဘုရားသခင် ပေါ်ထွန်းပြီး အလုပ်လုပ်နေပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေ ဘယ်လောက်ပဲ ဖော်ပြဖော်ပြ၊ ဘာသာရေးလောကက သင်းအုပ်တွေနဲ့ အကြီးအကဲတွေကတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဝေဖန်ပြီး ပြစ်တင်ရှုတ်ချနေကြတုန်းပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သာမန်လူတစ်ယောက်ဖြစ်တယ်၊ ဘုရားသခင် မဖြစ်နိုင်ဘူးလို့ သူတို့က ပြောကြတယ်။ သူတို့က ယုဒဘာသာရဲ့ ယဇ်ပုရောဟိတ်အကြီးအကဲတွေ၊ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေ လုပ်ခဲ့တဲ့ အမှားမျိုးကိုပဲ ထပ်လုပ်နေကြတာပါ။ တကယ်တော့ ဒီနေ့ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်မတို့ရဲ့ ယုံကြည်မှုဟာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးအပေါ် အခြေခံထားတာဖြစ်ပြီး သမ္မာကျမ်းစာထဲက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေအပေါ်မှာလည်း အခြေခံထားပါတယ်။ သူပြန်ကြွလာတာက “လူသားကြွလာခြင်း” နဲ့ “လူသားကြွလာတာ” ဖြစ်မယ်လို့ သခင်ယေရှုက အကြိမ်ကြိမ် ပရောဖက်ပြုခဲ့တယ်။ ဥပမာ၊ သူပြောခဲ့တယ်၊ “လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) “လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၃၇) ဒါဆို “လူသားကြွလာတာ” ဆိုတာ ဘာကို ရည်ညွှန်းတာလဲ။ ဒါဟာ ဘုရားသခင်က သာမန်လူတစ်ယောက်အနေနဲ့ လူ့ဇာတိခံယူတာကို ရည်ညွှန်းတာပါ၊ သခင်ယေရှုလိုပါပဲ။ သူပြန်ကြွလာတဲ့အခါ ထူးကဲတဲ့ပုဂ္ဂိုလ် ဒါမှမဟုတ် ကြီးမြတ်တဲ့ပုဂ္ဂိုလ်ရဲ့ ပုံသဏ္ဌာန်နဲ့ လူတွေဆီ ပေါ်ထွန်းမယ်လို့ ဘုရားသခင် ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ဒါဆို အပြင်ပန်းမှာ သာမန်လိုပဲ ပေါ်လာတဲ့ ဒီလူသားနဲ့ တခြားလူတွေကြားက အကြီးမားဆုံး ကွာခြားချက်က ဘာလဲ။ ကွာခြားချက်ကတော့ သူက သမ္မာတရားကို ဖော်ပြနိုင်တာပါပဲ။ လူသားက အပြင်ပန်းမှာ သာမန်ဖြစ်ပြီး သူလိုကိုယ်လို ပုံမှန် လူ့သဘာဝ ရှိပေမဲ့၊ သူ့ဆီမှာ ဘုရားရဲ့သဘောသဘာဝ ရှိတယ်၊ ပြီးတော့ သူက သမ္မာတရားကို ဖော်ပြနိုင်တယ်။ ဒါပေမဲ့ လူတွေမှာတော့ သူတို့ရဲ့ လူ့သဘာဝပဲ ရှိတယ်၊ တခြားဘာမှ မရှိဘူးလေ။ လူသားမျိုးနွယ်က သမ္မာတရားကို မဖော်ပြနိုင်ဘူး၊ ပြီးတော့ ဘယ်လို ထူးကဲတဲ့ပုဂ္ဂိုလ်၊ ဘယ်လိုကြီးမြတ်တဲ့ပုဂ္ဂိုလ်ကမှ သမ္မာတရားကို မဖော်ပြနိုင်ပါဘူး။ နောက်ဆုံးသော ကာလမှာ လူ့ဇာတိခံယူထားတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေ အများကြီး ဖော်ပြခဲ့တယ်၊ ဒါက ဟိုအရင်တုန်းက သခင်ယေရှု ဖော်ပြခဲ့တာထက် အဆတစ်ရာ၊ အဆတစ်ထောင်မက ပိုများတယ်။ ဘုရားသခင်ရဲ့ အသံတော်ကို ကြားရတဲ့အခါ ကမ္ဘာတစ်ဝန်းက နိုင်ငံတွေမှာရှိတဲ့ ဘုရားသခင် ရွေးချယ်ထားသူတွေက အဲဒါဟာ သမ္မာတရားဖြစ်မှန်း သိမြင်ကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းဖြစ်တယ်ဆိုတာကို သိမြင်ကြတယ်၊ ပြီးတော့ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို စုရုံးပြီး လိုက်ကြတယ်။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံကြရတယ်၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားတွေ သန့်စင်ခံရပြီး သူတို့ကို ဘုရားသခင်က အောင်နိုင်သူတွေဖြစ်အောင် လုပ်ပေးခဲ့တယ်။ ဒီသာမန် လူသားဟာ သမ္မာတရားတွေ အများကြီး ဖော်ပြနိုင်တယ်၊ ဒီလောက် ကြီးမားတဲ့ အမှုတော်ကို လုပ်နိုင်တယ်၊ ပြီးတော့ လူတွေ အများကြီးကို သိမ်းပိုက်ပြီး ကယ်တင်နိုင်တယ်၊ ဒါဟာ ဘယ်လူသားမှ မစွမ်းဆောင်နိုင်တဲ့ အရာပါပဲ။ အပြင်ပန်းမှာတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ကို သာမန်လူတစ်ယောက်ပါပဲ၊ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးကို ရှင်တို့ ဖတ်လိုက်ပြီဆိုတာနဲ့ သူက သာမန်လူတစ်ယောက်ပါလို့ ရှင်တို့ ပြောတော့မှာ မဟုတ်ဘူး။ ရှင်တို့က ပြောမယ်၊ “သခင်ယေရှုလိုပဲ၊ သူ့မှာ လူ့သဘာဝရော၊ ဘုရားရဲ့သဘောသဘာဝပါ ရှိတယ်။ သူဟာ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင် ကိုယ်တိုင် အစစ်အမှန်ပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေ အများကြီးကို ဖော်ပြခဲ့တယ်၊ ဒါဟာ ဘယ်နိမိတ်လက္ခဏာ၊ အံ့ဖွယ်အမှုထက်မဆို အများကြီး ပိုကြီးမြတ်ပါတယ်။ သူ့ကိုယ်တွင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သာ ကိန်းဝပ်မနေဘူးဆိုရင် ဒီလောက်များတဲ့ သမ္မာတရားတွေကို သူ ဖော်ပြဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ဘာသာရေးလောကက သင်းအုပ်တွေနဲ့ အကြီးအကဲတွေက ‘အနန္တတန်ခိုးရှင် ဘုရားသခင်က သာမန်လူတစ်ယောက်ဖြစ်တယ်’ လို့ ပြောတဲ့စကားကို ကျွန်မတို့ ယုံလို့မရဘူးပေါ့” လို့ပေါ့။ ဒီလူသားကသာ သမ္မာတရားကို မဖော်ပြနိုင်ဘူးဆိုရင် သူ့ကို သာမန်လူတစ်ယောက်လို့ ရှင်တို့ ပြောရင် မမှားပါဘူး။ ဒါပေမဲ့ သူက သမ္မာတရားအားလုံးကို ဖော်ပြနိုင်တယ်၊ ပြီးတော့ တရားစီရင်တဲ့ အမှုတော် တစ်ဆင့်ကို လုပ်ဆောင်နေတယ်ဆိုတော့ သူက လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ပဲ ဖြစ်ပါတယ်။ သူ့ကို သာမန်လူတစ်ယောက်ပါပဲလို့ ရှင်တို့ ပြောရဲသေးတယ်ဆိုရင်တော့ အဲဒီအခါမှာ ရှင်တို့က ဘုရားသခင်ကို စော်ကားနေတာပဲဖြစ်တယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်က သခင်ယေရှု လူ့ဇာတိခံယူပြီး ပေါ်ထွန်းခဲ့တဲ့၊ အလုပ်လုပ်ခဲ့တဲ့ အချိန်တုန်းကလိုပါပဲ။ ကိုယ်တော်က သူ့သာသနာကို တရားဝင် မစတင်ခင်မှာတော့ သူ့ကို သာမန်လူတစ်ယောက်လို့ ရှင်တို့ ပြောခဲ့ရင် တော်တော်လေး နားလည်ပေးလို့ ရနိုင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ကိုယ်တော့်ရဲ့ အပြင်ပန်းသဏ္ဌာန်ကို ကြည့်ရုံနဲ့ ဘုရားသခင်မှန်း မသိမြင်နိုင်ကြဘူးလေ။ ဒါပေမဲ့ သခင်ယေရှုက သမ္မာတရားတွေ အများကြီးကို ဖော်ပြပြီး လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ဖို့ လက်ဝါးကပ်တိုင်မှာ သံမှိုရိုက်ခံခဲ့ရပြီးတဲ့နောက်မှာတော့ ကမ္ဘာတစ်ဝန်းက လူသန်းပေါင်း နှစ်ထောင်လောက်က သူ့ကို ကယ်တင်ရှင် ယေရှုလို့ ခေါ်ကြတယ်၊ သူ့နောက်ကို လိုက်ကြတယ်၊ သူ့ကို ယုံကြည်ကြတယ်။ သူ့ကို သာမန်လူတစ်ယောက်ပါလို့ ရှင်တို့ ပြောရဲပါဦးမလား။ သူ့ကို သာမန်လူတစ်ယောက်လို့ ရှင်တို့ ပြောနေတုန်းပဲဆိုရင် ရှင်တို့က ဘုရားသခင်ကို စော်ကားတဲ့သူ ဖြစ်သွားမှာပေါ့။ ဒါဆိုရင် တစ်ယောက်ယောက်က လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်လား၊ ဒါမှမဟုတ် သာမန်လူတစ်ယောက်လားဆိုတာကို ခွဲခြားသိမြင်ဖို့ အခြေခံက အတိအကျ ဘာများလဲ။ အခြေခံကတော့ သူ့ရဲ့ အနှစ်သာရ၊ တစ်မျိုးပြောရရင် သူ့ရဲ့ နှုတ်ကပတ်တော်တွေနဲ့ သူ့ရဲ့ အမှုတော်ပါပဲ။ သမ္မာတရားတွေ အများကြီးကို သူ ဖော်ပြနိုင်တယ်ဆိုတဲ့ အချက်က သူ့မှာ ဘုရားရဲ့သဘောသဘာဝ အနှစ်သာရရှိတယ်ဆိုတာကို သက်သေပြနေတယ်၊ အနည်းဆုံးတော့ သူ့ကိုယ်တွင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် ကိန်းဝပ်နေပါတယ်။ သူ့ရဲ့ ဘုရား သဘောသဘာဝ အနှစ်သာရကို အပြင်ပန်းကနေ ရှင်တို့ မမြင်နိုင်ပေမဲ့၊ သူ သမ္မာတရားတွေ အများကြီးကို ဖော်ပြနိုင်တယ်ဆိုတဲ့ အချက်က အကောင်းဆုံး သက်သေပါပဲ။ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သာမန်လူတစ်ယောက်လား၊ ဒါမှမဟုတ် လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်လားဆိုတာကို သူက သမ္မာတရားတွေ အများကြီး ဖော်ပြခဲ့ပြီး နောက်ဆုံးသော ကာလရဲ့ တရားစီရင်တဲ့ အမှုတော်ကို လုပ်နေတယ်ဆိုတဲ့ အချက်ကို အဓိက ကြည့်ပြီး ရှင်တို့ အပြည့်အဝ သေချာပေါက် ဆုံးဖြတ်နိုင်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသလိုပါပဲ၊ “လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ပြီး လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြချက်ကို ပိုင်ဆိုင်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့် အမှုကို မိမိနှင့်အတူ ယူဆောင်လာတော်မူ၏၊ ထို့အတူ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြကာ လူသားထံ သမ္မာတရားကို ယူဆောင်လာပေး၍ အသက်ကို အပ်နှင်းပြီး လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် သေချာပေါက် မဟုတ်ပေ။ ဤအရာနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်နှင့် မှန်သော လမ်းခရီး ဟုတ်မဟုတ် ဆိုသည်ကို သတ်မှတ်ရန် သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ သို့ဖြစ်၍ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဟူသည့် အဓိကသော့ချက်မှာ သူ၏ အပြင်ပန်းပုံသဏ္ဌာန် မဟုတ်ဘဲ သူ၏အနှစ်သာရ (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ)၌သာ တည်ရှိပေသည်။ လူတို့သည် သူ၏ အပြင်ပန်း အသွင်အပြင်ကိုသာ ဆန်းစစ်ကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို မျက်ကွယ်ပြုလိုက်ပါက ဤအရာက လူသည် မိုက်မဲ၍ အသိတရားကင်းမဲ့ကြောင်းကို ပြပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဒီနေ့ခေတ်မှာ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်ဘယ်လောက်ပဲ ကြာပြီဖြစ်ဖြစ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားတဲ့သူတွေက သမ္မာတရား အများကြီးကို နားလည်ထားကြတယ်၊ ကိုယ့်ကိုယ်ကိုယ် သိမြင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြတယ်၊ ပြီးတော့ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားတာနဲ့ပတ်သက်တဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တချို့ကို ပေးနိုင်ကြတယ်။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ရလို့၊ သမ္မာတရားတွေ အများကြီးကို နားလည်ရလို့၊ ဘဝရဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်လာပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိခဲ့တဲ့အတွက် သူတို့အားလုံးက ကံကောင်းတယ်လို့ ခံစားကြရတယ်။ ဒါဟာ ဘုရားသခင်က သူတို့ကို ပေးသနားတဲ့ ကောင်းချီးတစ်ခုပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံတဲ့ သူတွေကတော့ ငိုကြွေးရင်း အံကြိတ်ရင်း ဘေးအန္တရာယ်ထဲကို ကျရောက်သွားဖို့ပဲ ရှိနိုင်ပါတယ်။ ဒါဟာ သမ္မာတရားကို ဖော်ပြတဲ့ လူသားကို လက်မခံဘဲ သခင့်ကို ကြိုဆိုဖို့ ပျက်ကွက်တဲ့သူတွေအတွက် အဆုံးသတ်ပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျွန်မတို့ဟာ ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု တွေ့နေရပြီး ကပ်ရောဂါတွေကလည်း ကမ္ဘာအနှံ့ ဖြစ်ပွားနေပါတယ်။ မိုးတိမ်စီးလို့ သခင်ပြန်ကြွလာပြီး သူတို့ကို...
ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအကြောင်းကို ကျွန်တော်တို့ သုံးလေးခါလောက် ပြောခဲ့ပြီးပါပြီ။ ဒီတရားစီရင်ခြင်းအမှုကို ဘယ်သူက...
နောက်ဆုံးသောကာလမှာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ အမှုတော်ဆောင်ပြီး သမ္မာတရားများစွာကို ဖော်ပြဖို့အတွက် ပေါ်ထွန်းခဲ့ပါတယ်။...
ကပ်ဘေးကြီးတွေက ကျွန်တော်တို့အပေါ် ကျရောက်နေပြီဆိုတာ လူတွေက သတိပြုမိလာကြသလို သခင်မိုးတိမ်စီးပြီး ကြွလာတာကို မျှော်လင့်နေသူတွေဟာလည်း...