သမ္မာကျမ်းစာကို စွဲကိုင်ထားခြင်းဖြင့် ကောင်းကင်နိုင်ငံတော်ကို အမှန်တကယ် ဝင်ရောက်နိုင်မည်လော။

01.04.2026

ယုံကြည်သူအတော်များများက တိမောသေဩဝါဒစာ ဒုတိယစောင်ထဲက ပေါလုရဲ့ စကားဖြစ်တဲ့ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍။” (တိမောသေဩဝါဒစာဒုတိယစောင် ၃:၁၆) ဆိုတာကို ဖတ်ကြတယ်။ ပြီးတော့ သမ္မာကျမ်းစာထဲက စကားတွေအားလုံးဟာ ဘုရားသခင်ရဲ့ မှုတ်သွင်းရာကနေဖြစ်ပြီး ကိုယ်တော့်ဆီကနေ လာတယ်လို့ ကောက်ချက်ချကြတယ်။ သမ္မာကျမ်းစာထဲက ဘယ်စကားမဆို၊ ဘယ်သူပဲ ပြောပြော အဲဒါတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပဲလို့ သူတို့ ယုံကြည်ကြတယ်။ သမ္မာကျမ်းစာက သခင့်ကို ကိုယ်စားပြုတယ်၊ ပြီးတော့ သမ္မာကျမ်းစာကို ကိုင်စွဲထားရုံနဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်နိုင်တယ်လို့တောင် သူတို့ ထင်ကြတယ်။ ဒါပေမဲ့ ဒီနားလည်မှုက မှန်ရဲ့လား။

“ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍” ဆိုတဲ့ စကားကို ပေါလု ပြောခဲ့တာပါ။ သူ ဒီစကားကို ပြောတုန်းက ဓမ္မသစ်ကျမ်း မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ ခရစ်တော်နောက်ပိုင်း နှစ်ပေါင်း ၃၀၀ ကျော်ကြာမှ အဲဒီကျမ်းတွေကို စာအုပ်တစ်အုပ်အနေနဲ့ စုစည်းခဲ့တာမို့လို့ပါ။ ဒါကြောင့် ပေါလုက ဓမ္မဟောင်းကျမ်းကို ရည်ညွှန်းနေတာ ထင်ရှားပါတယ်။ ကဲ၊ ပေါလုရဲ့ ပြောစကားက တကယ်ရော တိကျမှန်ကန်ရဲ့လား။ ကျွန်တော်တို့ သေချာ မသိရပါဘူး။ ဒါပေမဲ့ သခင်ယေရှုက ဒီလိုမျိုး ပြောတာကို ကျွန်တော်တို့ တစ်ခါမှ မမြင်ဖူးတဲ့အပြင် သန့်ရှင်းသော ဝိညာဉ်တော်က ပြောတာကိုလည်း မမြင်ဖူးပါဘူး။ ပြီးတော့ ပရောဖက် တစ်ယောက်ယောက်က အဲဒီသတင်းစကားကို ပြန်ပြောတာမျိုးလည်း သေချာပေါက် မတွေ့ဖူးပါဘူး။ ဓမ္မသစ်ကျမ်းမှာ တမန်တော်တွေ၊ ဖာရိရှဲတွေနဲ့ ယုဒရှကာရုတ် အပါအဝင် မတူညီတဲ့ လူများစွာရဲ့ စကားတွေ ပါဝင်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ အဲဒီထဲမှာ စာတန်ရဲ့ စကားတွေတောင် ပါသေးတာပဲလေ။ သူတို့ရဲ့ စကားတွေက ဘုရားသခင် မှုတ်သွင်းထားတာ သေချာပေါက် မဟုတ်ဘူးပေါ့။ ပေါလုရဲ့ ဒီစကား မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သေချာတဲ့အချက်တစ်ခုတော့ ရှိပါတယ်။ ဘုရားသခင်ကို ယုံကြည်တဲ့လူတွေက သမ္မာကျမ်းစာကိုပဲ ကိုင်စွဲထားပြီး ကျမ်းစာကို ဘုရားသခင်လိုမျိုး သဘောထားပြုမူမယ်ဆိုရင်တော့ သူတို့ လုံးဝ မှားသွားပါလိမ့်မယ်။ သခင်ယေရှုက တစ်ခါက ဒီလို မိန့်တော်မူခဲ့ဖူးပါတယ်။ “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။(ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀) သခင့်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်းရှင်းပါတယ်။ သမ္မာကျမ်းစာဆိုတာ ဘုရားသခင်ရဲ့ အတိတ်က အမှုတော်မှတ်တမ်းနဲ့ ကိုယ်တော့်အတွက် သက်သေခံချက်တစ်ခု သက်သက်ပါပဲ။ သမ္မာကျမ်းစာ ကိုယ်၌က ထာဝရအသက် မရှိပါဘူး။ ဘုရားသခင် တစ်ပါးတည်းသာ ထာဝရအသက် လမ်းခရီးကို ပိုင်ဆိုင်ပြီး ဘုရားသခင် တစ်ပါးတည်းသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက် ဖြစ်ပါတယ်။ ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်ပြီး အရာခပ်သိမ်းအတွက် အသက်ရဲ့ အရင်းအမြစ် ဖြစ်ပါတယ်။ ကိုယ်တော်ဟာ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး လူသားမျိုးနွယ်အတွက် ကိုယ်တော်ရဲ့ အသက်ထောက်ပံ့မှုဟာ အဆုံးမရှိသလို ကုန်ခန်းသွားတာမျိုးလည်း မရှိပါဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာကတော့ ဘုရားသခင်ရဲ့ အရင်တုန်းက အမှုတော်ကို မှတ်တမ်းတင်ထားတဲ့ သမိုင်းမှတ်တမ်း စာအုပ်တစ်အုပ် သက်သက်ပါပဲ။ အဲဒါကို ဘုရားသခင်နဲ့ ဘယ်လိုလုပ် တန်းတူထားလို့ ရနိုင်မှာလဲ။ ဒီအကြောင်းရင်းကြောင့် သမ္မာကျမ်းစာထဲမှာ တွေ့ရတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နည်းနည်းလေးဟာ ဘုရားသခင် ကိုယ်တော်တိုင်နဲ့ ယှဉ်လိုက်ရင် သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိပါတယ်။ လူတစ်ယောက်က သမ္မာကျမ်းစာကို ကိုင်စွဲထားရုံနဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်နိုင်တယ်လို့ ပြောဆိုတာဟာ စိတ်ကူးယဉ် သက်သက်ပါပဲ။ ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲရာမှာ အမှုတော် အဆင့်သုံးဆင့် ဆောင်ရွက်ပြီး နှုတ်ကပတ်တော်တွေကို ပိုပိုပြီး မိန့်မြွက်တော်မူပါတယ်။ ဒါဟာ အထူးသဖြင့် နောက်ဆုံးသောကာလ တရားစီရင်တဲ့ အလုပ်မှာ သိသာထင်ရှားပြီး အဲဒီကာလအတွင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သမ္မာတရား အမြောက်အမြားကို ဖော်ပြခဲ့ပါတယ်။ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ နှုတ်ကပတ်တော်တွေဆိုရင် အတွဲ ၇ တွဲအထိ ရှိနေပါပြီ။ သမ္မာကျမ်းစာထဲက နှုတ်ကပတ်တော်တွေထက် အဆပေါင်းများစွာ ပိုများပါတယ်။ ဒါက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို လုံးဝ ပြည့်စုံစေပါတယ်။ “သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့ကိုပယ်၍ ငါ့စကားကို လက်ခံရယူခြင်း မရှိခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်တွေလည်း ရှိပါသေးတယ်။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) ဒီပရောဖက်ပြုချက်တွေက လုံးဝ ရှင်းလင်းပါတယ်။ နောက်ဆုံးသောကာလမှာ သခင် ပြန်ကြွလာတဲ့အခါ အသင်းတော်တွေကို နောက်တစ်ကြိမ် မိန့်မြွက်တော်မူမယ်၊ လူသားမျိုးနွယ်ကို တရားစီရင်ဖို့ သမ္မာတရားအားလုံးကို ဖော်ပြမယ်ဆိုတာပါပဲ။ ဆိုလိုတာက လူတွေကို တရားစီရင်ဖို့နဲ့ သန့်စင်ဖို့၊ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးမှုကနေ သူတို့ကို ကယ်တင်ဖို့နဲ့ အပြစ်ရဲ့ ချည်နှောင်မှုကနေ လွတ်မြောက်စေဖို့ ကိုယ်တော်ဟာ သမ္မာတရားကို အသုံးပြုပါလိမ့်မယ်။ ဒါဟာ အရင်တုန်းက မရှိခဲ့ဖူးတဲ့ အမှုတော်အဆင့်ဖြစ်ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှုမှာ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ ဒီအချက်ကိုကြည့်ရင် ဘုရားသခင်ဟာ သမ္မာကျမ်းစာအတိုင်း ဘယ်တုန်းကမှ မမိန့်မြွက်ခဲ့ဘူးဆိုတာကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဘုရားသခင်မှာ လူသားမျိုးနွယ်ကို ပြောချင်တဲ့စကားတွေ အများကြီး ရှိပါတယ်။ သမ္မာကျမ်းစာထဲက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိတာပါ။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ပိုမြင့်မားတဲ့ သမ္မာတရားတွေ၊ ပိုများပြားတဲ့ သမ္မာတရားတွေကို ဖော်ပြပါတယ်။ အထူးသဖြင့် လူတွေကို တရားစီရင်တဲ့၊ သန့်စင်ပေးတဲ့၊ ပြီးတော့ စုံလင်အောင် ပြုလုပ်ပေးတဲ့ နှုတ်ကပတ်တော်တွေ အားလုံးကို နောက်ဆုံးသောကာလ တရားစီရင်တဲ့ အလုပ်မှာ ဘုရားသခင်က ဖော်ပြပါတယ်။ ဒီနှုတ်ကပတ်တော်တွေကိုသာ ကျေးဇူးတော်ခေတ်တုန်းက ဖော်ပြခဲ့ရင် လူတွေဟာ ခံနိုင်ကြမှာ မဟုတ်ဘူး၊ အသင့်ဖြစ်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူတွေအနေနဲ့ သမ္မာကျမ်းစာကို ကိုင်စွဲထားရုံနဲ့ ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်နိုင်မယ်လို့ ထင်နေတာဟာ စိတ်ကူးယဉ် သက်သက်ပါပဲ။ လူတွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ဆိုတာ ပကတိအခြေအနေထက် ပိုရိုးရှင်းတယ်လို့ စိတ်ကူးနေကြတယ်။ သူတို့ဟာ ညစ်ညူးမှုတွေ၊ ဖောက်ပြန်ပျက်စီးမှုတွေနဲ့ ပြည့်နေပြီး အပြစ်ထဲမှာ အသက်ရှင်နေရလို့ မလွတ်မြောက်နိုင်ကြဘူး။ ဘုရားသခင်ရဲ့ စိတ်သဘောထားကို နေနေသာသာ ဘုရားသခင်ရဲ့ အမှုတော်အကြောင်းကိုတောင် သူတို့ ဘာမှမသိကြဘူး။ သခင့်ကို ယုံကြည်တာ နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတောင် သူတို့ဟာ ခဏခဏ အပြစ်ပြုပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နေတုန်းပါပဲ။ သူတို့မှာ ဘုရားသခင်ကို ကြောက်ရွံ့တာ၊ ကျိုးနွံနာခံတာ လုံးဝမရှိဘဲနဲ့ သမ္မာကျမ်းစာနဲ့ သခင်ယေရှုရဲ့ နာမတော်ကို ကိုင်စွဲထားရုံနဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ဖို့ မျှော်လင့်နေကြတယ်။ ဒါ ဟာသ မဟုတ်ဘူးလား။ ဒီနေ့မှာ သခင်ယေရှုဟာ ပြန်ကြွလာခဲ့တာ ကြာပါပြီ။ ကိုယ်တော်ဟာ ပေါ်ထွန်းပြီး ကိုယ်တော်ရဲ့ အမှုတော်ကို ဆောင်ရွက်ဖို့ သမ္မာတရားကို ဖော်ပြနေပါတယ်။ ဘုရားသခင်ရဲ့ အသံတော်ကို ကြားတဲ့ ပညာရှိ သတို့သမီးကညာ အားလုံးဟာ ကိုယ်တော်ရဲ့ ပလ္လင်တော်ရှေ့ကို ခေါ်ဆောင်ခံရပြီးပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရားဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ မိန့်မြွက်ချက်တွေဖြစ်တယ်ဆိုတာကို သူတို့အားလုံး အသိအမှတ်ပြုကြတယ်။ သူတို့ဟာ ကောင်းကင်နိုင်ငံတော် စားပွဲတော်ကို တက်ရောက်ခဲ့ကြပြီး ဘုရားသခင်အတွက် လှပပြီး အားကောင်းတဲ့ သက်သေခံချက်ကို ပေးခဲ့ကြပါပြီ။ သူတို့ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နေ့တိုင်း စားသောက်ပြီး ကိုယ်တော့်ကို ချီးမွမ်းကြတယ်။ ကြီးမားတဲ့ ပျော်ရွှင်မှုကို ခံစားနေကြရတယ်။ ဒါဟာ လူတိုင်းမြင်နိုင်တဲ့ အချက်တစ်ခုပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောထားသလိုပါပဲ။ “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး လူသားက ဘုရားသခင်ကို သိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက ယေရှု၏ အသိအမှတ်ပြုခြင်းကို မည်သည့်အခါမျှ သင် ရရှိမည် မဟုတ်သည့်အပြင် ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းပြည့်မီမည် မဟုတ်ပေ။ အကြောင်းမှာ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သောကြောင့်တည်း။ စည်းမျဉ်းစည်းကမ်းများဖြင့်လည်းကောင်း၊ စကားလုံးများဖြင့်လည်းကောင်း၊ သမိုင်း၏ ချုပ်နှောင်မှုအားဖြင့်လည်းကောင်း ထိန်းချုပ်ခြင်းခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၌ ရှိသမျှအရာမှာ ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ ဆုပ်ကိုင်ထားသော နောက်ကျိသည့် ရေများသာ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားသည်၊ တိုးတက်မှုမရှိဘဲ ရပ်တန့်နေခြင်းနှင့် အမှုအရာများကို ယင်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းခြင်းတို့ကိုသာ ကြိုးစားသည့်အပြင် ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားသောကြောင့် သင်သည် ဘုရားသခင်ကို အမြဲရန်လိုနေမည် မဟုတ်လော။ ဘုရားသခင်၏ အမှုတော်၏ ခြေလှမ်းများသည် ရုန်းကြွနေသော လှိုင်းတံပိုးများ၊ ပဲ့တင်ထပ်နေသော မိုးခြိမ်းသံများကဲ့သို့ လွှမ်းမိုး၍ တန်ခိုးကြီးလှသည့်တိုင် သင်တို့သည် အဟောင်းကိုသာ စွဲကိုင်လျက်၊ အလိုအလျောက် ဖြစ်လာမည်ကို စောင့်မျှော်လျက် ပျက်စီးခြင်းကို မည်သည့်အရာမျှမလုပ်ဘဲ ထိုင်စောင့်နေကြ၏။ ဤနည်းဖြင့် သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ သက်သေထူနိုင်မည်နည်း။ ပြီးလျှင် သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်ခုထဲသို့ မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ ခြေလှမ်းများကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ယင်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှု ပေးနိုင်သည့် စကားလုံးများသာဖြစ်သည်၊ သင့်ကို အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ၊ သင်ဖတ်သည့် ကျမ်းချက်များ၏ စကားလုံးများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် ဉာဏ်ပညာနှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ဆင်ခြင်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် သင့်အား အတွင်း၌ ပါရှိသော နက်နဲမှုများထဲသို့ ထိုးထွင်းအမြင် မပေးသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကို ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်စွမ်း ရှိသလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့် သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်၊ နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့ ငါ အလေးအနက် တိုက်တွန်း၏။ သင် ထိုသို့မလုပ်ဆောင်ပါက သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိမည်မဟုတ်သည့်အပြင် အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အပြစ်များကို ခွင့်လွှတ်ခံရသည့်သူများသည် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီသလား

သခင့်ကို ယုံကြည်တဲ့ လူအတော်များများက တွေးကြတယ်၊ “သခင်ယေရှုက ငါတို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးခဲ့ပြီဖြစ်ပြီး ငါတို့ဟာ ယုံကြည်တော့...

ကယ်တင်ရှင် ပြန်ကြွလာသည့်အခါ၊ သူ့အား ယေရှုဟု ခေါ်ဦးမည်လော

နောက်ဆုံးသောကာလမှာ ကယ်တင်ရှင် အနန္တတန်ခိုးရှင် ဘုရားသခင်က ကမ္ဘာမြေကို ကြွလာနှင့်ပြီးပြီ။ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့...

သခင်သည် အမှန်တကယ် မိုးတိမ်စီးလျက် ပြန်လာမည်လော

ကျွန်မတို့ဟာ ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု တွေ့နေရပြီး ကပ်ရောဂါတွေကလည်း ကမ္ဘာအနှံ့ ဖြစ်ပွားနေပါတယ်။ မိုးတိမ်စီးလို့ သခင်ပြန်ကြွလာပြီး သူတို့ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။