နောက်ဆုံးသောကာလမှာ ဘုရားသခင်က ဘာကြောင့် လူ့ဇာတိထပ်မံခံယူပြီး ပေါ်ထွန်းရတာလဲ၊ အမှုတော်လုပ်ရတာလဲ

03.04.2026

သခင်ယေရှု လက်ဝါးကပ်တိုင်မှာ သံမှိုရိုက်ခံရပြီး သေခြင်းကနေ ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာ သူက ဘုန်းကြီးတဲ့ ဝိညာဉ်ခန္ဓာ ဖြစ်သွားပြီး ကောင်းကင်ကို တက်သွားတယ်လို့ လူတော်တော်များများက ထင်ကြတယ်။ ဒါကြောင့် သခင် ပြန်ကြွလာတဲ့အခါ၊ သူ ရှင်ပြန်ထမြောက်ထားတဲ့ ဝိညာဉ်ခန္ဓာနဲ့ပဲ ပေါ်ထွန်းပြီး အလုပ်လုပ်သင့်တယ်ပေါ့။ ဒါကြောင့် သူတို့က မေးကြတယ်၊ “ဘာဖြစ်လို့ ဘုရားသခင်က နောက်ဆုံးသော ကာလမှာ တရားစီရင်တဲ့ အမှုတော်ကို လုပ်ဖို့ လူသားအနေနဲ့ နောက်တစ်ခါ လူ့ဇာတိခံယူရတာလဲ” တဲ့။ ကျေးဇူးတော်ခေတ်တုန်းက လူတွေနဲ့ ဆက်ဆံဖို့၊ သခင်ယေရှုက လူသားအနေနဲ့ လူ့ဇာတိခံယူလာပြီး သူတို့နဲ့အတူ နေထိုင်ဖို့နဲ့ သူတို့ကို ဦးဆောင်ဖို့ သမ္မာတရားကို ဖော်ပြဖို့အတွက် ပေါ်ထွန်းအလုပ်လုပ်ခဲ့တယ်ဆိုတာကို ကျွန်မတို့အားလုံး သိကြပါတယ်။ နောက်ဆုံးမှာတော့ သူက လူသားတွေအတွက် အပြစ်ဖြေရာယဇ်အနေနဲ့ လူသားမျိုးနွယ်ရဲ့ အပြစ်တရားတွေကို ထမ်းပိုးဖို့ လက်ဝါးကပ်တိုင်မှာ သံမှိုရိုက်ခံခဲ့ရတယ်။ ဘုရားသခင် ပေါ်ထွန်းဖို့၊ ရွေးနုတ်ခြင်း အမှုကို လုပ်ဆောင်ဖို့နဲ့ အပြစ်ဖြေရာယဇ်အနေနဲ့ ဆောင်ရွက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ လူ့ဇာတိခံယူခြင်းပါပဲ။ ဒါကစာတန်ကို အရှက်ကွဲစေရုံသာမက၊ ဘုရားသခင်ကိုလည်း ဘုန်းတော်ထင်ရှားစေခဲ့တယ်။ လူ့ဇာတိခံယူဖို့ ဘုရားသခင် ရွေးချယ်ခဲ့တာဟာ အလုပ်ရဲ့ လိုအပ်ချက်တွေအပေါ် လုံးလုံးလျားလျား အခြေခံထားတာ ရှင်းနေတာပဲလေ၊ လူ့အယူအဆတွေနဲ့ စိတ်ကူးတွေအတိုင်း သူ့ရဲ့ ပေါ်ထွန်းမယ့် ပုံစံကို သူ မသတ်မှတ်ခဲ့ပါဘူး။ ဒါဆို နောက်ဆုံးသော ကာလမှာ တရားစီရင်တဲ့ အလုပ်ကို လုပ်ဖို့ ဘာဖြစ်လို့ ဘုရားသခင်က နောက်တစ်ခါ လူ့ဇာတိခံယူရတာလဲ။ ဒါကလည်း ဖောက်ပြန်ပျက်စီးနေတဲ့ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေအပေါ် အခြေခံတာပါပဲ။ ဖောက်ပြန်ပျက်စီးနေတဲ့ လူသားမျိုးနွယ်က လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လိုအပ်တယ်။ လူတွေကို ကယ်တင်တဲ့ ဘုရားသခင်ရဲ့ အလုပ်က လူတွေ စိတ်ကူးသလောက် မရိုးရှင်းပါဘူး၊ သူက သမ္မာတရားကို အပြည့်အဝ ဖော်ပြလိုက်ရုံနဲ့ ပြီးသွားတာ မဟုတ်ဘူး၊ ပြီးတော့ လူတွေက ဘုရားနှုတ်ကပတ်တော်တွေကို သူတို့ဘာသာဖတ်၊ စုဝေးပြီး မိတ်သဟာယဖွဲ့၊ အဲဒါတွေကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရုံနဲ့ မရပါဘူး။ အဲဒီလိုဆိုရင် ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ဘူး။ ဘုရားသခင် အမှုတော်ရဲ့ အဆင့်တိုင်းမှာ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တစ်ခု ရှိပြီး အသေးစိတ်တွေ အများကြီး ပါဝင်ပါတယ်။ အထူးသဖြင့် နောက်ဆုံးသော ကာလမှာ လူတွေကို သန့်စင်ဖို့ တရားစီရင်တဲ့ ဘုရားသခင်ရဲ့ အမှုတော်က လူတွေနဲ့ ရေရှည် ဆက်ဆံဖို့ လိုအပ်ပါတယ်။ ဒီအထဲမှာ လူတွေကို တရားစီရင်ပြီး ဖော်ထုတ်ဖို့ လူတွေ ထုတ်ဖော်တဲ့ အမျိုးစုံတဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ အခြေအနေတွေ၊ ပုန်ကန်တာနဲ့ အတိုက်အခံလုပ်တာတွေအပေါ် မူတည်ပြီး သူက သမ္မာတရားကို ပစ်မှတ်ထားပြီး ဖော်ပြပါတယ်။ ပြီးတော့ လူတွေကို ထုတ်ဖော်ပေးမယ့် မျိုးစုံတဲ့ စမ်းသပ်မှုတွေနဲ့ စစ်ဆေးမှုတွေကို လူတွေ တွေ့ကြုံဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ဘုရားသခင်က လူ့ဇာတိခံယူပြီး သူ့အမှုတော်ကို လုပ်ဖို့ လူတွေကြားမှာ နေထိုင်ဖို့ လိုအပ်တာပေါ့။ ဒါကြောင့် လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်မှာ ပုံမှန် လူ့သဘာဝ ရှိရပါမယ်။ ဒါက သူ့အတွက် လူတွေနဲ့ ဆက်ဆံဖို့ အဆင်ပြေစေတယ်လေ၊ ပြီးတော့ လူတွေက ဘုရားသခင်ရှေ့မှာ ဘာချုပ်ထိန်းမှုမှ မရှိဘဲ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ပြီး တခြားလူတွေနဲ့ ဆက်ဆံတဲ့အခါလိုမျိုးပဲ လွတ်လွတ်လပ်လပ် စကားပြောပြီး သဘာဝကျကျ ပြုမူနိုင်ကြတယ်။ ဒါက ဘုရားသခင်အတွက် လူတွေကို သန့်စင်ဖို့နဲ့ ကယ်တင်ဖို့ သမ္မာတရား ဖော်ပြရာမှာ အဆင်ပြေစေပါတယ်။ သူသာ ဝိညာဉ်ခန္ဓာအနေနဲ့ ပေါ်ထွန်းခဲ့မယ်ဆိုရင် လူတွေနဲ့ ဆက်ဆံဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ဘုရားသခင်ရဲ့ ဝိညာဉ်ခန္ဓာကသာ လူတွေရှေ့မှာ ရုတ်တရက် ပေါ်လာမယ်ဆိုရင် သူတို့ ဘယ်လို ခံစားရမလဲ။ သူတို့ အရမ်းကို ကြောက်လန့်ပြီး တုန်လှုပ်သွားကြမှာပေါ့။ ဘုရားသခင်ရဲ့ ဝိညာဉ်တော်နဲ့ တစ်ကြိမ်၊ နှစ်ကြိမ်လောက် ဆက်ဆံလိုက်ရုံနဲ့တင် လူတွေက အမြဲတမ်း ကြောက်ရွံ့သွားကြမှာ၊ ဘုရားသခင် ဘယ်အချိန် လာမလဲဆိုတာကို မသိလို့ သူတို့ ကြောက်လန့်နေကြမှာဖြစ်ပြီး ဘုရားသခင်ကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို သိကြမှာ မဟုတ်ဘူး။ ဒါဆို ပြောပါဦး၊ ဘုရားသခင်ကသာ လူတွေကို ကယ်တင်တဲ့အလုပ် လုပ်ဖို့ ဝိညာဉ်ခန္ဓာအနေနဲ့ လာမယ်ဆိုရင် ရလဒ်တွေ ထွက်လာနိုင်ပါ့မလား။ မထွက်လာနိုင်ပါဘူး။ လူတွေရဲ့ စိတ်နှလုံးက ကြောက်လန့်လို့ တုန်ယင်နေပြီး၊ ကြောက်ရွံ့မှု၊ ကာကွယ်မှုနဲ့ ရှောင်လွှဲမှုတွေ အပြည့်ဖြစ်နေရင် ဘုရားသခင်ဆီကို သူတို့ရဲ့ စိတ်နှလုံးကို ဖွင့်ပြနိုင်ကြမှာ မဟုတ်ဘူးလေ။ အဲဒီလိုဆိုရင် လူတွေကို ကယ်တင်ဖို့ ဘုရားသခင်က သမ္မာတရားကို ဘယ်လိုများ ဖော်ပြနိုင်မှာလဲ။ နောက်ပြီး သူ့ရဲ့ ဝိညာဉ်ခန္ဓာရှေ့မှာ လူတွေက ဘာအယူအဆမှ ရှိကြမှာ မဟုတ်ဘူး၊ သူတို့က ကြောက်လန့်ပြီး တုန်ယင်နေကြရုံပဲရှိမှာ၊ ပုန်ကန်တာ ဒါမှမဟုတ် အတိုက်အခံလုပ်တာ နည်းနည်းလေးတောင် ပြရဲကြမှာ မဟုတ်ဘူး။ သူတို့ရဲ့ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူဖို့ဆိုတာ ပိုတောင် ဝေးသေးတယ်။ အဲဒီလိုဆိုရင် လူတွေရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားတွေက ပုန်းကွယ်နေမှာဖြစ်ပြီး သန့်စင်ခံရနိုင်မှာ မဟုတ်ဘူး။ ဒါက ဝိညာဉ်ခန္ဓာအနေနဲ့ ဘုရားသခင် အလုပ်လုပ်တာက လူတွေကို ကယ်တင်ဖို့ အထောက်အကူမဖြစ်ဘူးဆိုတာ သက်သေပြနေတာပါပဲ။ ဒါပေမဲ့ ဘုရားသခင်က သာမန်လူတစ်ယောက်အနေနဲ့ လူ့ဇာတိခံယူလိုက်တဲ့အခါ သူ့အမှုတော်ကို လုပ်ဖို့ ပိုလွယ်ကူသွားတယ်။ ခရစ်တော်ဟာ သာမန်လူတစ်ယောက်ဖြစ်မှန်း လူတွေ မြင်တဲ့အခါ ဘုရားသခင်ဆီ တိုးဝင်ချဉ်းကပ်ဖို့နဲ့ သူတို့ရဲ့ စိတ်နှလုံးကို သူ့ဆီ ဖွင့်ပြဖို့ လွယ်ကူသွားပါတယ်။ ပြီးတော့ လူတွေကို ဖော်ထုတ်ဖို့ ဘုရားသခင်က နှုတ်ကပတ်တော်တွေ ဖော်ပြတဲ့အခါ၊ သူတို့ လက်ခံဖို့လည်း လွယ်ကူသွားတယ်။ ဒါဆို ဘုရားသခင်ကသာ ထူးကဲတဲ့ပုဂ္ဂိုလ် ဒါမှမဟုတ် နာမည်ကြီးတဲ့သူတစ်ယောက်အနေနဲ့ လူ့ဇာတိခံယူခဲ့မယ်ဆိုရင် ဒီရလဒ်မျိုး ရနိုင်ပါ့မလား။ ဘုရားသခင်က သူတို့လက်လှမ်းမမီနိုင်တဲ့သူလို့ လူတွေ ခံစားရမှာဖြစ်ပြီး သူတို့နဲ့ ဘုရားသခင်ကြားမှာ အကွာအဝေးတစ်ခု ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ ဘုရားသခင်က သာမန်လူတစ်ယောက်အနေနဲ့ လူ့ဇာတိခံယူမယ်ဆိုရင်၊ လူတွေက ဘုရားသခင်ဆီ တိုးဝင်ချဉ်းကပ်နိုင်တယ်၊ သူတို့ရဲ့ စိတ်နှလုံးထဲကစကားတွေကို ပြောနိုင်တယ်၊ ပြီးတော့ သူတို့ဆီမှာ ဘယ်လို ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားတွေပဲရှိရှိ ထုတ်ဖော်ခံရနိုင်တယ်။ သူတို့မှာရှိတဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေအားလုံးကို ဖော်ထုတ်ခံရဖို့လည်း လွယ်ကူစေပါတယ်။ ဒီနည်းနဲ့ လူတွေကို ဖော်ထုတ်ဖို့နဲ့ တရားစီရင်ဖို့ ဘုရားသခင်အတွက် အဆင်ပြေပြီး လွယ်ကူပါတယ်။ ဒါကြောင့် ဘုရားသခင်က နောက်ဆုံးသော ကာလ သူ့အမှုတော်မှာ၊ သာမန်လူတစ်ယောက်အနေနဲ့ လူ့ဇာတိခံယူရပါမယ်။ ဒီဇာတိပကတိရဲ့ ပုံသဏ္ဌာန်က အရမ်းကြီး ထူးကဲနေလို့ မရပါဘူး။ ဒီလိုမှပဲ သာမန်လူတစ်ယောက်နဲ့ ဆက်ဆံသလိုမျိုးပဲ ဘုရားသခင်နဲ့ ဆက်ဆံဖို့ လူတွေ ဆန္ဒရှိကြမှာပါ။ သူတို့ ပြောတာဆိုတာ၊ လုပ်တာကိုင်တာတွေမှာ လွတ်လပ်ပြီး အချုပ်အချယ်ကင်းမှာဖြစ်သလို ဘုရားသခင်ဆီကို သူတို့ရဲ့ စိတ်နှလုံးထဲကနေ ရိုးရိုးရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောနိုင်ကြမှာပါ။ နောက်ပြီး လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ရှေ့မှာ လူတွေရဲ့ ပုန်ကန်မှုနဲ့ ဖောက်ပြန်ပျက်စီးမှုကလည်း သဘာဝကျကျ ထုတ်ဖော်ခံရနိုင်ပါတယ်။ ဘုရားသခင်ရဲ့ တရားစီရင်မှု၊ ဖော်ထုတ်မှုနဲ့ ပြုပြင်ခြင်းတွေကနေတစ်ဆင့် လူတွေက ဘုရားသခင်ရှေ့မှာ နောင်တရဖို့၊ သူ့ဆီမှာ သူတို့ရဲ့ စိတ်ပိုင်းဖြတ်မှုကို ဖော်ပြဖို့နဲ့ လက်တွေ့ကျတဲ့ ဘုရားသခင်ဆီကို သူတို့ရဲ့ စိတ်နှလုံး ပေးအပ်ဖို့ ဆန္ဒရှိလာကြမှာပါ။ လူတွေက သမ္မာတရားကို အပြည့်အဝ နားလည်သွားပြီဆိုတာနဲ့၊ သူတို့ရဲ့ စိတ်နှလုံးထဲမှာ လက်တွေ့ကျတဲ့ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လာပြီး လက်တွေ့ကျတဲ့ ဘုရားသခင်ကို ကိုးကွယ်နိုင်ကြမှာပါ။ သမ္မာတရားကို ရရှိတဲ့သူတွေက လက်တွေ့ကျတဲ့ ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နိုင်မှာဖြစ်သလို ဘုရားသခင်ကို အဆုံးစွန်ထိ ချစ်ပြီး သေတဲ့အထိ ကျိုးနွံနာခံနိုင်ကြမှာပါ။ ဒီနည်းနဲ့ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်က လူတစ်စုကို စုံလင်အောင်ပြုလုပ်ပြီး သူတို့ကို ရရှိနိုင်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသလိုပါပဲ၊ “ဘုရားသခင်သည် လူ့ဇာတိ၌ အမှုပြုနေချိန်တွင်၊ သူသည် လူ့ဇာတိ၌ စာတန်နှင့် အမှန်တကယ် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ လူ့ဇာတိ၌ သူ အမှုပြုချိန်တွင်၊ သူသည် ဝိညာဉ်ရေးရာနယ်ပယ်၏ သူ၏အမှုကို လုပ်ဆောင်နေပြီး၊ ဝိညာဉ်ရေးရာနယ်ပယ်ရှိ သူ၏အမှုတစ်ခုလုံးကို ကမ္ဘာမြေပေါ်တွင် အမှန်ဖြစ်စေသည်။ သိမ်းပိုက်ခြင်းခံရသောသူသည် လူသား၊ သူ့ကို ပုန်ကန်သော လူသားဖြစ်ပြီး၊ အနိုင်ယူခြင်းခံရသူသည် သူနှင့် ရန်ဘက်ဖြစ်သော စာတန်၏ပြယုဂ် (ဟုတ်ပေ၏၊ ဤသည်မှာလည်း လူသားဖြစ်၏) ဖြစ်ကာ၊ နောက်ဆုံးတွင် ကယ်တင်ခံရသည့်သူမှာလည်း လူသားဖြစ်ပေသည်။ ဤနည်းဖြင့် ဘုရားသခင်သည် စာတန်နှင့် အမှန်တကယ်ဖြစ်သော တိုက်ပွဲကို တိုက်နိုင်ဖို့၊ သူ့ကို ပုန်ကန်သည့်အပြင် သူကဲ့သို့ အပြင်ပန်းအကာကို ပိုင်ဆိုင်ထားသော လူသားအား သိမ်းပိုက်ဖို့နှင့် သူ့ကဲ့သို့ အပြင်ပန်းအကာရှိပြီး စာတန်၏ အန္တရာယ်ပြုမှုကို ခံရပြီးဖြစ်သည့် လူသားကို ကယ်တင်နိုင်ရန်အလို့ငှာ၊ ဖန်ဆင်းခံတစ်ဦး၏ အပြင်ပန်းအကာရှိသည့် လူသားတစ်ဦး ဖြစ်လာရန် ဘုရားသခင်အတွက် သာ၍ပင် လိုအပ်လေသည်။ သူ၏ရန်သူမှာ လူသားဖြစ်သည်၊ သူ၏ သိမ်းပိုက်ခြင်းခံရမည့်အရာမှာ လူသားဖြစ်ပြီး၊ သူ၏ကယ်တင်ခြင်းကို ခံရမည့်အရာမှာ သူဖန်ဆင်းခဲ့သော လူသားဖြစ်သည်။ ထို့ကြောင့် သူသည် လူသားဖြစ်လာရမည် ဖြစ်ပြီး ဤနည်းဖြင့် သူ၏အမှုသည် များစွာသာ၍ လွယ်ကူလာသည်။ သူသည် စာတန်ကို အနိုင်ယူနိုင်ပြီး၊ လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်သည်၊ ထိုထက်ပို၍ လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို များစွာသာ၍ လိုအပ်သည်)ဖောက်ပြန်ပျက်စီးသော လူများအတွက် တိကျမှန်ကန်သော စကားလုံးများနှင့် လိုက်စားရန် ရှင်းလင်းသော ပန်းတိုင်တို့ကို ပေးသည့် အမှု၊ မြင်ရပြီး ထိတွေ့ကိုင်တွယ်နိုင်သော အမှုသည် တန်ဖိုးအရှိဆုံးသော အမှုဖြစ်သည်။ လက်တွေ့ကျသောအမှုနှင့် အချိန်မီလမ်းပြမှုတို့သည်သာ လူသား၏အကြိုက်များနှင့် ကိုက်ပြီး လက်တွေ့ကျသော အမှုသည်သာ လူကို သူ၏ ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ စွမ်းဆောင် ရရှိနိုင်ပေသည်။ လူ့ဇာတိခံ ဘုရားသခင်သာလျှင် လူသားကို ၎င်း၏ ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားအဟောင်းမှ ကယ်တင်နိုင်သည်။ ဝိညာဉ်တော်သည် ဘုရားသခင်၏ ရှိရင်းစွဲ အနှစ်သာရ ဖြစ်သော်လည်း ဤသို့သောအမှုကို သူ၏လူ့ဇာတိဖြင့်သာ လုပ်ဆောင်နိုင်ပေသည်။ အကယ်၍ ဝိညာဉ်တော်သည် တစ်ဦးတည်း အလုပ်လုပ်မည်ဆိုပါက၊ သူ၏အမှုသည် အကျိုးသက်ရောက်မှုရှိရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ ရှင်းလင်းသော အမှန်တရား ဖြစ်သည်။ လူအများစုသည် ဤလူ့ဇာတိကြောင့် ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီး ဖြစ်သည်။ သို့ရာတွင် ဤလူ့ဇာတိသည် သူ၏အမှုကို အဆုံးသတ်သောအခါ၊ သူ၏အလိုကို ဆန့်ကျင်သောသူများသည် သူ၏ရန်သူဖြစ်ခြင်းမှ ရပ်တန့်လိမ့်မည် ဖြစ်သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ သက်သေခံသူများ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီးဖြစ်သည့် သက်သေများ၊ သူနှင့်သဟဇာတ ဖြစ်ပြီး သူနှင့်ခွဲ၍မရသော သက်သေခံသူများ ဖြစ်လာကြလိမ့်မည်။ သူသည် လူသားအဖို့ လူ့ဇာတိနှင့်သက်ဆိုင်သော ထိုအမှု၏ အရေးကြီးခြင်းကို လူသားအား သိရှိစေမည် ဖြစ်ပြီး လူသားသည် လူ၏တည်ရှိမှု အဓိပ္ပာယ်အဖို့ ဤလူ့ဇာတိ၏ အရေးပါမှုကို သိရှိလိမ့်မည်၊ လူ့အသက်တာ ကြီးထွားမှုနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ လက်တွေ့ကျသောတန်ဖိုးကို သိရှိလိမ့်မည် ဖြစ်ပြီး ထိုထက်ပို၍ပင် ဤလူ့ဇာတိသည် လူသားက ခွဲခွာ၍မရသည့် အသက်စမ်းရေ မမျှော်လင့်ဘဲ ဖြစ်လာလိမ့်မည်ကို သိရှိပေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို များစွာသာ၍ လိုအပ်သည်)ထို့ကြောင့် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍များစွာလိုအပ်ပြီး လူ့ဇာတိခံ ဘုရားသခင်၏ တိုက်ရိုက်အမှုကို ပို၍များစွာလိုအပ်သည်။ လူသားမျိုးနွယ်သည် ၎င်းကို ထိန်းကျောင်းပေးရန်၊ ပံ့ပိုးရန်၊ ရေလောင်းပေးရန်၊ ကျွေးမွေးရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် လူ့ဇာတိခံ ဘုရားသခင်ကို လိုအပ်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်ထံမှ ပို၍များသော ကျေးဇူးတော်နှင့် ပို၍ကြီးမားသော ရွေးနုတ်ခြင်းတို့ကို လိုအပ်လေသည်။ လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်သာ လူသား၏ ရင်ဖွင့်တိုင်ပင်ဖော်၊ လူသား၏သိုးထိန်း၊ လူသား၏ အမြဲရှိနေသော အထောက်အမ ဖြစ်နိုင်ပြီး၊ ဤအရာအားလုံးသည် ယနေ့ရော အတိတ်ကာလများတွင်ပါ လူ့ဇာတိခံယူခြင်း၏ လိုအပ်မှုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို များစွာသာ၍ လိုအပ်သည်)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူသားမျိုးနွယ်ကို အဘယ်သူ ကယ်တင်ကာ ကျွန်ုပ်တို့၏ကံကြမ္မာကို ပြောင်းလဲပစ်နိုင် သနည်း

ကံကြမ္မာလို့ပြောတဲ့အခါမှာ လူအများစုက ပိုက်ဆံနဲ့ ဂုဏ်ဒြပ်ရှိခြင်းနဲ့ အောင်မြင်ခြင်းတွေကို ကောင်းတဲ့ကံကြမ္မာနဲ့ တန်းတူထားကြပြီး ဆင်းရဲတဲ့သူ၊...

သမ္မာကျမ်းစာကို စွဲကိုင်ထားခြင်းဖြင့် ကောင်းကင်နိုင်ငံတော်ကို အမှန်တကယ် ဝင်ရောက်နိုင်မည်လော။

ယုံကြည်သူအတော်များများက တိမောသေဩဝါဒစာ ဒုတိယစောင်ထဲက ပေါလုရဲ့ စကားဖြစ်တဲ့ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော...

ဘာသာရေးလောကက ပြစ်တင်ရှုတ်ချတယ်ဆိုရင်၊ အဲဒါဟာ မှန်သောလမ်းခရီး မဟုတ်တော့ဘူးလား။

နောက်ဆုံးသော ကာလမှာ လူသားတွေကို ကယ်တင်ဖို့ သမ္မာတရားအားလုံးကို အနန္တတန်ခိုးရှင် ဘုရားသခင်က ဖော်ပြထားပါတယ်။ ဒါတွေကို လူတိုင်း ရှာဖွေပြီး...

လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် အမှုတော် အဆင့်သုံးဆင့် လိုအပ်သနည်း

လွန်ခဲ့တဲ့ အနှစ် ၂၀၀၀တုန်းက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သခင်ယေရှု ပေါ်ထွန်းခဲ့ပြီး ယုဒပြည်မှာ အမှုပြုခဲ့သလို၊ “နောင်တရကြလော့။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။